True Love 💭 (Completed)

By KaKyoePhyu85

844K 17K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 52 (U)

8.5K 213 2
By KaKyoePhyu85

(Unicode)
True Love 💭❤ အပိုင်း - ၅၂

"လွန်းငယ်ညကျရင်လာမယ်မလား "

"လာမှာပေါ့ရွှေကူရဲ့"

"တော်သေးတာပေါ့"

တစ်ဖက်ကရွှေကူ့အသံကိုပြတ်သားစွာကြားရသည်မို့ လွန်းငယ်စိတ်ပူတာလေးလျှော့သွားရသည်။

"ရွှေကူအဆင်ပြေရဲ့လား "

"ပြေပါတယ်လွန်းရဲ့ ရွှေကူအလုပ်မှာရောက်နေပြီ လွန်းပျင်းရင်လာလည်လေ "

"ဦးအားရင်လာခဲ့မယ်နော် အခုဦးကအစည်းဝေးလုပ်နေလို့"

"အွန်းအွန်း.. လွန်း "

ဖုန်းလေးချလိုက်တော့ အနားတွင်ထိုင်နေသည့်အကိုလေးက ရွှေကူ့ကိုပြုံး၍ကြည့်နေလေသည်။

"ဘာဖြစ်လို့လဲ ရွှေကူ့မျက်နှာမှာတစ်ခုခုရှိလို့လား"

"မဟုတ်ပါဘူး အာပူကြူးလေးကိုကြည့်မဝလို့"

"အာ ..အကိုလေး "

ရှက်သွားသည့်ချစ်မဝလေးက လက်ဖျားလေးနှင့်လှမ်း၍ရိုက်လာသည့်အခါ ကွန့်မြူးရှောင်မနေပဲ ရင်ဘက်ကြီးထိုးခံပေးလိုက်သည်။
အချစ်တွေနဲ့ရိုက်တာပဲ ရှောင်စရာလားကွာ ပြေးပြေးပြီးကိုတွေ့အုံးမှာ။

"ရွှေကူသွားတော့မယ်နော် "

"ဟာ အလုပ်ကိုလာခိုင်းတာက အလုပ်လုပ်ဖို့မဟုတ်ဘူးလေကွာ "

"နောက်များနေတာလားအကိုလေး "

မျက်နှာလေးကပြုံးလျှက်မေးလာသည့်အခါ ကွန့်မြူးကောင်မလေးလက်ကိုဆွဲ၍ ထိုင်နေသည့်ကွန့်မြူးပေါင်ပေါ်ထိုင်ခိုင်းလိုက်တော့သည်။

"နားနားနေနေ နေပါကွ ဘာအလုပ်မှမလုပ်သေးနဲ့အုံး ကိုယ့်အနားမှာပဲနေပြီးထိုင်နေဟုတ်ပြီလား"

"ရွှေကူအဆင်ပြေပါတယ်ဆို "

"အဆင်ပြေလဲနားနေပါအုံးဆိုကွာ အလုပ်မရှိရင်ကိုယ့်ကိုကြည့်နေ "

"ဟွန်.."

"ကိုယ့်ရဲ့ဟော့ဒီကချောမောတဲ့မျက်နှာကိုတစ်ခုချင်းစီလိုက်ကြည့် "

အကိုလေးကသူ့ကိုယ်သူမေးဖျားကိုလက်နှင့်ပွတ်ပြ၍ သူချောမောကြောင်းပြောလေသည်။

"ပြီးရင်ကိုယ့်ရဲ့ဒီတောင့်တင်းတဲ့ body ကြီးကို ထပ် show အဲ့ကျရင်အချစ်တွေတစ်ဖြေးဖြေးတိုးလာမယ် ကိုယ့်အနားမှာပဲနေချင်လာမယ် ဟော ..အဆင်မပြေဘူးလား"

သူ့ကိုယ်သူညွှန်းနေပုံများ မျက်နှာကြီးပြုံး၍အမြင်ကပ်စရာကောင်းပါဘိ။

"ဟွန်း.. ဖယ် စိတ်ညစ်တယ်ဘာတွေပြောမှန်းမသိဘူး "

ရွှေကူထမည်လုပ်တော့ ခါးမှအတင်းဖက်၍ထမရအောင်ချုပ်ထားပြန်လေသည်။

"ဟား အမှန်တွေပြောတာလေ ကိုယ့်လိုလူကိုထိုင်ကြည့်ရင်ကောင်မလေးဗိုက်ပြည့်မှာကွ ကိုယ့်မျက်နှာလေးရဲ့ကြည်လင်တောက်ရှင်းမှုရဲ့အားသာချက်ပေါ့နော် "

"ခစ်ခစ် ..အကိုလေးကိုမနိုင်တော့ဘူး "

ရွှေကူသဘောကျ၍ အကိုလေးပခုံးကိုမှီ၍ရယ်လိုက်သည့်အခါ ရွှေကူ့ပါးလေးကိုငုံ့၍နမ်းသွားလေသည့်အကိုလေးကြောင့်ပြန်၍ရုပ်တည်သွားရတော့သည်။

"အကိုလေးနော် အခုတလောအရမ်းရဲလာတယ် လူကိုအတင်းဖက်လိုက်နမ်းလိုက်နဲ့ ဟွန့်.."

"ဟား အရင်ထဲကဒီလိုပဲဖက်တယ်နမ်းတယ် ပုံမှန်ပဲလေ"

"မဟုတ်ပါဘူးနော် အရင်က နမ်းရင်တောင်တစ်ပတ်လောက်ခြားသေးတယ် ခုကကြည့်အုံးခဏတိုင်းနမ်းနေတာ လူကိုသူ့ပေါင်ပေါ်လဲအတင်းထိုင်ခိုင်းထားသေးတယ် အဲ့တာရဲလာတာပေါ့ အရင်ကအဲ့လိုလုပ်လို့လားပြောပါအုံး"

"အရင်ကကိုယ်မအားလို့ပေါ့ အခုကအားပြီ အဲ့တော့အားတိုင်းနမ်းမယ် အားတိုင်းဖက်မယ် ဘာဖြစ်လဲ "

"ရွှေကူစိတ်ဆိုးတယ်နော် ရွှေကူ့ကိုကူညီထားလို့သာလွှတ်ထားရတာ ဟွန်း "

"ဒါကထည့်မတွက်ရဘူးလေ ဆုချမယ်ဆိုတာကကျန်သေးလေကွာ "

"ကျန်တော့ဘူးလို့ အခွင့်ရေးယူတာများလို့မပေးတော့ဘူး "

"ဟားကွာ "

"Coffee သောက်မှာမလား သွားဖျော်ပေးမယ်"

ရှောင်ထွက်သွားသူလေးကိုဆွဲမထားတော့ပဲ ကွန့်မြူးလွှတ်ပေးလိုက်တော့သည်။

အိမ်ရှိအဝတ်ဘီရိုကြီးရှေ့တွင် မေမေက အင်္ကျီရွေးနေသည်ကို ရွှေကူကြည့်၍ပြုံးနေမိသည်။

"သမီးပြီးပြီလား"

"ဟုတ်မေမေပြီးပြီ"

"ဒါလေးဝတ်သွားသမီး"

မေမေက ဂါဝန်ပန်းရောင်လေးထုတ်ပေးလေသည်။ အကိုလေးဝယ်ပေးထားသည့် အင်္ကျီလေးတွေထဲမှ တစ်ထည်အပါဝင်လေးပေါ့။

"သမီးခေါင်းတွေလျှော်လာတာလား"

"ဟုတ်မေမေ ခေါင်းနဲနဲလေးနေလို့"

"လာမေမေ Dryer မှုတ်ပေးမယ် "

ရွှေကူ့ကိုခုံပေါ်ထိုင်လိုက်သည့်အခါ မေမေကသေချာလေး Dryer ဖြင့်မှုတ်ပေးလေသည်။ ရွှေကူ့မှာ မှန်ထဲမှမေမေ့ကိုကြည့်၍ ရင်ထဲတွင်ပျော်နေရတော့သည်။ သမီးမိန်းခလေးတွေအတွက် ကမ္ဘာမှာအလှဆုံးအမျိုးသမီးက သူ့မိခင်ပဲဆိုသည့်စကားကိုသိပ်ကိုမှန်မှန်း ရွှေကူယခုတော့သိပြီဖြစ်သည်။ မေမေကလှလိုက်တာလေ။ ရွှေကူ့မှာမေမေ့ကိုကြည့်၍ မေမေ့အလှကို မငြီးငွေ့နိုင်အောင်ကိုဖြစ်နေရသည်။

သမီးရဲ့ဆံနွယ်အိအိလေးတွေကို မြိုင်သေချာဖြီးပေးနေခိုက် ပီတိလေးဖြစ်မိသည်။ သမီးလေးကိုသေချာမပြုစုခဲ့ရပေမယ့် သမီးလေးကမိန်းမကောင်းလေးအဖြစ်သမီးလိမ္မာလေးအဖြစ်ရှိနေသည့်အခါ ဂုဏ်ယူရသည်။ သမီးလေးကိုနောက်ဆို ကလောကိုအတူခေါ်သွားပြီး မိသားစုတွေစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်လေးနေကြမည်။ သမီးလေးကိုပျော်အောင်ထားမည်။ သမီးလေးနဲ့ တရင်းတနှီးနေပြီး သမီးလေးရှေ့ရေးတွေအတွက်အစီစဉ်တွေချပေးရမည်။ သမီးလေးကိုကျောင်းပြီးအောင်ထားပြီး ဘွဲ့ယူခိုင်းရမည်။ သမီးလေးသိမ်မငယ်ရအောင် မြိုင်အကောင်းဆုံးစီစဉ်ပေးမည်ဖြစ်သည်။

"အားပါးပါး အာပူကြူးလေးကလှလိုက်တာကွာ "

အိမ်ထဲမှာတုန်းကဘာမှမပြောပဲ ကားပေါ်ရောက်မှထပြောပြီးပါးတွေလာဖိနေသည့် အကိုလေးကြောင့် ရွှေကူတောင်လန့်သွားရတော့သည်။

"ဒီဂါဂန်လေးအရမ်းလှတယ်ကွာ မျက်နှာလေးရော ပန်းရောင်လေးသန်းလို့လှလိုက်တာမှ အသက်ရူဖို့တောင်မေ့တယ်ကွာ "

"ဒါမေမေလိမ်းပေးတာ လှလား"

"လှတာပေါ့ကွ"

ပါးလေးကိုင်၍လှလားမေးလာသူလေးကို ကွန့်မြူးမှာအူတွေယားလာရသည်။ အခုမှ မိခင်နှင့်အတူပျော်နေသူလေးက ခလေးလေးလိုကိုဖြစ်နေတော့သည်။

ကိုဥဿာ၏ Hotel တွင်အကုန်လုံးတွေ့ဖို့စီစဉ်ထားသည်ဖြစ်ပြီး စားပွဲသောက်ပွဲအတွက်လဲမပူရ ရေမီးစုံရလေသည်။ ဒီတစ်ညပါ ဒီမှာပဲအကုန်နားကြမည်ဖြစ်ပြီး အခန်းကိုယ်စီကိုလဲ ကိုဥဿာကပြင်ဆင်ပေးထားလေတော့သည်။ ကွန့်မြူးနှင့်ကောင်မလေးက အခန်းကပ်ရပ်မို့ အိမ်မှပါလာသည့်အင်္ကျီတစ်ချို့ကို ထိုအခန်းထဲဝင်ထားကာ Dinner စားမည့်ဘက်သို့နှစ်ယောက်သားလာလိုက်ကြသည်။

"လှတယ်နော်အကိုလေး "

"အွန်း.. ကိုဥဿာပိုက်ဆံအတော်သုံးထားတာနေမှာ "

ပြောလို့ပြောသည်မဟုတ်။ ရွှေကူတို့ရောက်နေသည့် Hall ခန်းကြီးက အကျယ်ကြီးနှင့်အရမ်းခမ်းနားနေလေသည်။ မီးဆိုင်းကြီးကြီးတွေ၏အလှက အို ပြောမနေပါနှင့်ရင်သက်ရူမောဖွယ်ကိုဖြစ်ရသည်။ ပြင်ထားသည့်အပြင်ဆင် ခုံတွေမှာလဲ အထက်တန်းကျစွာရှိလေသည်။

"ရွှေကူရေ လာပြီလား"

ရွှေကူ့ကိုမြင်တော့ လွန်းငယ်ကပြေးလာလေတော့သည်။

"လွန်းငယ်ကပျင်းနေတာ ဟိုအဖွဲ့တွေကမရောက်သေးဘူးရွှေကူရဲ့"

"အတူစောင့်ကြတာပေါ့ လာတော့လာမှာပါနော်"

"မပူနဲ့ငါ့ညီမ အကုန်လာကြမှာ လမ်းမှာရာက်နေပြီတော့ပြောတယ်"

ကိုဥဿာကဝင်ပြောလာလေသည်။

"လာ မုန့်တွေဟိုဘက်မှာပြင်ထားတယ် သွားကြည့်ရအောင်လို့ "

"အွန်းအွန်း "

ကောင်မလေးကိုလွန်းငယ်ကဆွဲခေါ်သွားသည့်အခါ ကွန့်မြူးနှင့်ကိုဥဿာ ကိုအေးချမ်းထိုသုံးယောက်သာ ကျန်နေခဲ့ကြတော့သည်။သုံးယောက်သားလဲလူရင်းတွေဖြစ်နေပြီမို့ အတူစကားပြောရင်းစောင့်နေကြသည့်အခါ မကြာပါတစ်ဖွဲ့လုံးရှေ့ဆင့်နောက်ဆင့်ရောက်လာကြတော့သည်။

"မင်းတို့တွေဘယ်လိုဖြစ်လို့ဒီလိုပုံစံလေးတွေကြည့်ရွေးထားတာလဲကွ ကြည့်တစ်ပုံစံထဲ"

"ဟ ..ရွေးထားတယ်လို့ရှိမလားဟတေဇရ "

ငယ်ရယ် လွန်းငယ်ရယ် ရွှေကူရယ်မုန့်တွေသွားရွေးနေသည်ကို နောက်ကကြည့်၍မေးနေသည့်တေဇဆိုသည့်ကောင်ကို ခွန်း ဘောက်ဆက်ဆက်သာဖြေလိုက်တော့သည်။

"ဟုတ်သားပဲကွာ ကြည့်နောက်ကကြည့်တော့ အရပ်ရော ပုံစံရောအကုန်ခပ်ဆင်ဆင်တွေဟ"

ထိုအပြောကို ခွန်းစေရာ ဥဿာ ကွန့်မြူးဝေကမျက်ခုံးကြီးတွေတွန့်၍ ခေါင်လွင်မိုးကိုကြည့်လာလေတော့သည်။

"ဟေ့ကောင်မိုးခေါင် ငါ့ခလေးကဘယ်သူနဲ့မှမတူဘူးကွ မင်းဟာကလဲသေချာကြည့်ပါဟ"

"ဟုတ်တာပဲဗျာ ကျုပ်ရဲ့ငယ်ကလဲဘယ်သူနဲ့မှမတူဘူးကြည့် ရင့်ကျက်တဲ့ပုံစံလေးနဲ့သိပ်ကျက်သရေရှိတာ"

"ဟား အဲ့လိုကြေးလားဗျ ကျွန့်တော့အာပူကြူးလေးလဲဘယ်သူနဲ့မှကိုမတူတာ ကြည့်ချစ်စရာလေးဂါဝန်လေးနဲ့"

"မင်းတို့ကလဲ တော်ရုံကြူးကြပါဟ ငါတို့လဲအားနာအုံး "

ဘုန်းသစ်ကထပြောတော့ ခွန်းကျိတ်၍ရယ်လိုက်သည်။

"အေးကွာ လူမှုရေးကိုမသိကြဘူး fa တွေတပုံတခေါင်းကြီးရှေ့လာပြောနေကြတာ အမြင်ကပ်လာပြီ "

"မင်းတို့အရင်ပြောတာလေကွာ ကိုယ်တိုင်ကမစွံကြပဲ ငါတို့ကောင်မလေးတွေကိုတူတယ်လေးဘာလေးလာပြောနေပြီးတော့အံပါ့ "

"တူလို့တူတယ်ပြောတာပေါ့ကွ ကြည့် အရပ်ကလဲအတူတူပဲ ခန္ဓာကိုယ် ဝတ်ထားတဲ့အဝတ်စာကလဲဂါဝန်တွေကြည့်ပဲ မသိရင်အမွှာတွေကျလို့ "

"မင်း .."

ခေါင်လွင်ရယ် ဥဿာရယ်မှာဘေးချင်းကပ်ထိုင်နေကြပြီး နှစ်ယောက်သားရန်ဖြစ်တော့မည့်အလားမို့ ဇေလင်းသာဝင်၍တားနေရတော့သည်။ ပြီးရင်ဘာမှလဲဟုတ်ကြတာမဟုတ်ဘူး ဒီယောက်ဖနှစ်ယောက်က။

"လှတယ်ကွာ "

အားလုံးဟိုအကိုနှစ်​ယောက်ကိုထိန်းနေရင်းမှ ကွန့်မြူးဆိုသည့်ကောင်က ရွှေကူ့ကိုလှမ်းကြည့်၍ မျက်နှာကြီးပြုံးပြီးပြောလာလေတော့ သော်ကတို့သူငယ်ချင်းသုံးယောက် ကွန့်မြူးဆိုသည့်ကောင်ကိုဂျိူကြည့်ကြည့်လိုက်၏။

"အော်ဒီကောင်ကလဲ ကန်လိုက်ရ"

"ဟ.. ငါ့အာပူကြူးလေးကိုလှလို့လှတယ်ပြောတာလေကွာ "

"ဘယ်လိုဘယ်လို.. ဘယ်လိုခေါ်လိုက်တယ်ဟေ့ကောင်"

သော်က နားမရှင်း၍မေးလိုက်တော့သည်။

"အာပူကြူးလေလေ ဘာဖြစ်လို့လဲဟ"

"ဟားဟား မင်းဟာကလဲတော်ရုံပဲလုပ်ပါကွာ"

အာပူကြူးလေးလို့ခေါ်တာကိုများ ဝိုင်းရယ်နေကြတာ ကြားမကောင်းအောင်ထိပါဗျာ။ ဒီလူတွေအကုန်ရိုက်သ-တ်ရရင်လဲ ပြောမကောင်းရှိတော့မှာပဲ။

"ကွန့်မြူးရာ မင်းလဲမိန်းမမတွေ့ဘူးတာကျလို့ကွာ "

"မတူဘူးကွ မိန်းမတိုင်းနဲ့ထိတွေ့ဘူးလို့အချစ်မရူးရဘူးလို့ဘယ်သူပြောလဲကွ ငါကအခုမှအချစ်နဲ့တွေ့ဖူးတဲ့အချစ်ရူးစစ်စစ်လေး ရေမရောဘူး အရင်ကလဲမချစ်ဖူးတဲ့ပူပူနွေးနွေးအချစ်ရူးလေးဟ ဘာဖြစ်လဲရူးတော့ "

"ဟားကွာ "

"ဟုတ်တယ်ငါ့ညီတို့ရ အကို့တုန်းကအဲ့လိုပဲ"

ကိုခွန်းစေရာကဝင်ပြောလိုက်သည့်အခါ ကွန့်မြူးသူငယ်ချင်းသုံးယောက်က ငြိမ်သွားလေတော့သည်။

"အကိုလဲမိန်းမရှုပ်တာပဲ ဒါပေမယ့်အချစ်စစ်နဲ့တွေ့တော့ အဲ့ကောင်ထက်တောင်ရူးသေး အကိုကသူ့လိုနာမည်တင်ချစ်စနိုးခေါ်တာမဟုတ်ဘူးနော် မျက်စိအောက်ကကိုအပျောက်မခံတာ အတူထိုင်နေလို့ဟိုဘက်လေးလှည့်နေရင်တောင်လွမ်းနေတာကွ"

"အပျော်ကစားခဲ့တာနဲ့ တဂယ်ချစ်တာနဲ့မတူဘူးငါ့ညီတို့ရ မင်းတို့ကိုလဲကြိုပြောထားမယ်နော် ယောကျာ်းလေးပဲ အဲ့လိုကိစ္စမကင်းဘူးဆိုတာအကုန်သိတာပဲမင်းတို့လဲခေတ်လူငယ်ပဲ ကြည့်တော့စားပေါ့ကွာ ကိုယ်တဂယ်ချစ်တဲ့မိန်းခလေးကျမှ အဲ့အရာကြီးလက်မခံနိုင်ရင်မင်းတို့ပဲဒုက္ခရောက်မှာကွ "

ခွန်းစေရာအပြောကိုခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံနေသူက ခွန်းသူငယ်ချင်းသုံးယောက်သာဖြစ်သည်။

ဘုန်းသစ်တစ်ယောက်သိပ်တော့မပြုံးနိုင်ပေ။ ဖြူငယ့်ကိုက ယနေ့ထိကိုယ်တိုင်လဲချစ်နေရသေးသည်မဟုတ်လား။ မဖြစ်နိုင်လို့ဖွင့်မပြော တိတ်တိတ်လေးငြိမ်နေခဲ့ပေမယ့် ချစ်တဲ့အချစ်ကတော့ ယနေ့ထိနှလုံးသားထဲခိုအောင်းနေဆဲမဟုတ်လား။ ဒီလိုချစ်စရာအမျိုးသမီးလေးကို ဘယ်သူကရောမချစ်ပဲနေမလဲဗျာ။ ဘယ်လိုနေနေ ဖြူငယ်လေးက ချစ်စရာလေးမဟုတ်လား။ ဘုန်းသစ်ဘဝကြီးကိုတော့ လူပျိုကြီးအဖြစ်နှင့်သာကုန်ဆုံးရန်စီစဉ်ထားပါသည်။ ပထမဆုံးအချစ်ကိုမပိုင်ဆိုင်ရမယ့်အတူတူတော့ တစ်သက်လုံးပဲ နှလုံးသားထဲသည်းဆည်းပြီး တစ်ဘဝလုံးအဖော်ပြုပေးတော့မည်။ ဖြူငယ်ရယ် ညီမကိုအကိုက အဲ့လောက်ထိချစ်တာကွ။ ခွန်းစေရာနည်းတူ အသက်ပေးရလောက်တဲ့ထိချစ်တာကွ။

"အကိုတို့လဲအဲ့တာကြောင့် ဆင်ခြင်နေတာကွ မင်းတို့လဲသိတာပဲ အကိုတို့ကအရင်ကနာမည်ကြီးတွေလေ အခုတော့အသက်လေးလဲရလာတော့ဆင်ခြင်နေရတာ"

တေဇက ဝင်ပြောလေသည်။

"တဂယ်ချစ်တဲ့လူကိုတွေ့ရင်တော့ မင်းတို့လဲသိလာမှာပါ အကိုတော့အဲအချိန်ကနောင်တတွေရခဲ့တာ မင်းတို့လဲအဲ့လိုဖြစ်မှာဆိုးလို့သတိပေးတာ "

"ဟုတ်တယ်ဗျ ကျွန်တော်လဲနောင်တရတယ် အာပူကြူးလက်မခံနိုင်မှာလဲကြောက်တယ် သိသွားမှာလဲကြောက်တယ် သိသွား​တော့လဲ ပြဿနာတတ်သေးတယ် မလွယ်ဘူးဗျာ ကမ္ဘာကြီးပျက်မလိုပဲ "

"အဲ့တာပြောတာပေါ့ ငါတို့လိုကောင်တွေကလဲ ချစ်မယ့်ချစ်မိတော့လဲ အဖြူထည်ရိုးရိုးအေးအေးကောင်မလေးတွေကြည့်ပဲ ဘယ်လိုကြည့်ကြည့်ငါတို့နဲ့တန်ကိုမတန်တာ ချစ်လို့သာအရယူထားရတာ တစ်ခါတစ်လေအားတောင်နာတယ်ကွ သူတို့ကကြည့် ခလေးလေးတွေကျလို့ ဖြူစင်လိုက်ပုံများ "

ကွန့်မြူးသဘောတွေကျ၍ ခေါင်းတွေငြိမ့်နေမိသည်။ ဟုတ်နေတာပဲလေ။ ချစ်ရတဲ့အမျိုးသမီးလေးကလဲ ဖြူဖြူစင်စင်လေးမဟုတ်လား။ အမလေးဗျာ စကားပြောရင်းချစ်ရလွန်းလို့ပြေးတောင်နမ်းချင်လာပြီကွာ။

ထိုအပြောတွေနှင့်မသက်ဆိုင်ပဲ တစ်သီးတစ်သန့်ရှိနေသည်က ဥဿာတို့သူငယ်ချင်းသုံးယောက်သာဖြစ်သည်။ ဥဿာကိုယ်တိုင်ကလဲ မိန်းမဆိုလို့ ခလေးတစ်​ယောက်ထဲသာထိတွေ့ချစ်ခဲ့ဖူးသလို ဇေလင်းနှင့် ခေါင်လွင်မိုးကလဲ ထိုနည်းတူ သူတို့လဲကင်းရှင်းကြလေသည်။

"မမ သူတို့ဘာတွေပြောနေတာလဲမသိဘူးနော် "

"ဟုတ်ပါ့လွန်းငယ်တို့ဘက်ကိုကြည့်ကြည့်ပြီးပြောနေတာ မရိုးလောက်ဘူး"

"ကြည့်မနေနဲ့သူတို့ကို လာစားစရာရှိတာပဲစားမယ် "

"ဟုတ်"

ဖြူငယ်တို့က တစ်ဝိုင်းဖွဲ့၍ ကိုကြီးတို့ဝိုင်းဆီမသွားပဲမုန့်ပဲထိုင်စားနေကြတော့သည်။ ကိုကြီးတို့က သောက်သောက်စားစားလူ့မင်းသားတွေလုပ်နေကြတာလေ။

"မမ လွန်းငယ်လဲသောက်ချင်တယ်"

"ဟယ် လွန်း သောက်မလို့လား"

"အွန်း ဝိုင်တွေကမမူးဘူးဆို သောက်ကြည့်ချင်လို့"

"ဟီး မမကသောက်ဖူးတယ် မူးတော့မူးတယ်လွန်းရဲ့"

"ကောင်းလားမမ"

"အွန်းကောင်းတယ်လွန်းရဲ့ မမတော့ကြိုက်တယ် တစ်ခါတစ်လေတော့သောက်တယ်"

"အဲ့တာဆိုသောက်မယ်လေ ဦးဆီမှာဝိုင်တွေအများကြီးရှိတယ် "

"အွန်း သောက်ကြတာပေါ့ ဒါနဲ့လွန်းငယ်ဦးကခွင့်ပြုပါ့မလား"

"အာ ပူစရာမလိုဘူး ဦးကိုလွန်းငယ်ပိုင်တယ်"

လွန်းငယ်ကလက်မတွေထောင်၍ပြောလာလေသည်။

"ရွှေကူရောသောက်မယ်မလား"

"ဟင့်အင်း ရွှေကူမသောက်ရဲဘူး "

"သောက်ပါရွှေကူရဲ့ ဘာမှမဖြစ်ဘူး ဒီနေ့ကအပျော်လေ သောက်ပြီးရင်သီချင်းဆိုကြမယ် ဟုတ်ပြီလား ခဏလေးဦးကိုသွားပြောလိုက်အုံးမယ် "

ဦးတို့အဖွဲ့ကြီးက မျက်လုံးကြိမ်းလောက်စရာကောင်းအောင် အကုန်ချောနေတော့ လွန်းငယ်မှာ ငေးနေရတော့သည်။ အဝေးကနေတုန်းက ဦးကိုတွေ့လိုက်ပေမယ့် ယခုတော့ ဦးကိုရှာမတွေ့တော့ပေ။ ဦးပျောက်နေ၍ လွန်းငယ်မှာ ခုံကြီးတစ်ပင်ပြည့်အောင် လူစေ့လိုက်ကြည့်နေရတော့သည်။ ဟီး တန်ပါတယ်လေ အကုန်လုံးကချောကြတာကိုး။

အော် ..ဒီခလေးပေါက်စနဲ့တော့ဟုတ်နေပြီ။

ဥဿာကိုကျော်ပြီး တစ်ပက်ပြည့်အောင်ပက်လိုက်လို့မကျေနပ်သေးပဲ အံမယ် နောက်တစ်ပက်ထပ်ပက်အုံးမလို့သူလေးက။

"အဲ့တာဘယ်လဲ"

"ဟဲဟဲ ဦး.. ဦးကိုရှာနေတာခုမှတွေ့တယ် "

"ခင်ဗျားလေး ကျွန်တော်မျိုးကြီးကိုကျော်ပြီး ရှိသမျှလူလိုက်ကြည့်နေတာ ဟွန်း မပြောချင်ဘူးနော်ခလေး"

"ဦးကလဲ လာအုံးပြောစရာရှိသေးလို့"

လွန်းငယ်ချော်လဲရောထိုင်လုပ်၍ဦးကိုဆွဲခေါ်ခဲ့လိုက်သည်။

"မရဘူးခလေး သောက်လို့မရဘူး"

"ဦးကလဲ "

ဦးခါးကိုဖက်၍ ဦးကိုမော့ကြည့်၍ချွဲလိုက်သည်။

"ကိုယ်ခွင့်မပြုဘူးခလေး"

"ဒီတစ်ခါပဲလေဦးကလဲ လူစုံတုန်းလေးလေ ဒီလိုလူစုံပြီးပျော်စရာကောင်းတာဘယ်မှာရှိလို့လဲလို့ လုပ်ပါနော်ဦးနော် "

"မချွဲနဲ့ကွာ ခလေးအဲ့လိုချွဲနေရင်ကိုယ်သည်းမခံနိုင်လောက်ဘူး"

"ဟင့် ဦးပြောတော့ဟော့ဒီ့ကခလေးစကားတစ်ခွန်းပဲဆို အခုတော့ကြည့် တစ်ခွန်းမကဘူးပြောနေရပြီ "

"မတူဘူးလေကွာ ခလေးကိုမသောက်စေချင်ဘူးကိုယ်က "

"တစ်ခါပါပဲဆို ဦးကိုမချစ်တော့ဘူး ဟွန့်.. ယောက်ျားတွေများ ရလဲရပြီးရော စကားကိုနားမထောင်တော့ဘူး "

ရင်ခွင်ထဲကထွက်ကာ ဟိုဘက်လှည့်သွားလေသည့်ခလေးကြောင့် ခက်ရသည်။

"မသောက်ခိုင်းလဲနေ ကြည့်နေအဲ့အဖွဲ့ထဲသွားထိုင်နေမှာ "

"ဟာ ဟေ့.. အဲ့လိုမလုပ်ရဘူးလေ"

"လွှတ်မဖက်နဲ့ ဒီညဦးနဲ့လဲအတူမအိပ်ဘူး အခန်းခွဲအိပ်မှာ "

"ဟား ဘယ်ရမလဲကွ"

"မသောက်ခိုင်းပဲနဲ့လာမပြောနဲ့ ဦးနဲ့မပြာဘူး ဖယ်.. အဲ့လူတွေထဲသွားထိုင်မလို့ "

"ခလေးကကွာ သောက်ခိုင်းမယ်ဟုတ်ပြီလား အဲ့လိုတော့မဆိုးရဘူးလေ"

"တဂယ်လား"

"တဂယ်တဂယ် သောက်ခိုင်းမယ်"

"ဟီး အဲ့လိုလုပ်ပါဦးကလဲ ချစ်တာများကြီး လာပါအုံးအာဘွားပေးမလို့ "

ဒီခလေးလေးကတော့လေ။ တစ်နေ့တစ်ခြားဆိုးလာတာပဲကွာ။ လိုချင်တာကိုမရရအောင်ကိုချွဲပြီးတောင်းတတ်နေပြီပဲကွ။ ဥဿာမှာလဲ ဒီခလေးလေးကိုချစ်မဝတွေဖြစ်ရ၍ ပါးကြီးရှေ့တိုးပေးလိုက်တော့ ခလေးလေးကနမ်းလိုက်လေတော့သည်။

"အားလုံးကိုကျေးဇူးတင်ပါတယ်နော် မေမေ့ကိုရွှေကူ့အစားရှာပေးလို့ပင်လဲပင်ပန်းသွားကြပြီ ရွှေကူတဂယ်ကျေးဇူးတင်ပါတယ် "

"မလိုပါဘူးငါ့ညီမရာ အကိုတို့ကမိသားစုတွေပဲလေဟုတ်တယ်မလား"

"ဟုတ်တာပေါ့ကွ အားလုံးကမိသားစုတွေပဲ တစ်ယောက်နဲ့တစ်ယောက်ကူညီရမှာပေါ့ အဓိကငါ့ညီမပျော်သွားဖို့ပဲ အကိုတို့အားလုံးကအဲ့တာဆိုကူညီရကျိုးနပ်ပြီ "

ရွှေကူမျက်ရည်တွေဝဲလာရသည်။ ဒီလောက်လူအများကြီးကရွှေကူ့အတွက် အလုပ်တွေပစ်ပြီး ကူညီကြတာလေ။ ကိုယ်စီလုပ်ငန်းတွေနဲ့အချိန်လုနေရတဲ့ ဒီလူတွေက ရွှေကူ့အတွက်ကူညီခဲ့ကြတော့ ပျော်ရသလို ဝမ်းလဲနည်းရသည်။

"ရွှေကူရယ် ပျော်ရွှင်ရမယ့်အချိန်ကိုမငိုရဘူးလေ "

"ရွှေကူကပျော်လို့ပါမမရယ် "

"ဦးပြောသလိုမိသားစုတွေလို့ပဲတွေးရွှေကူရဲ့ အဲ့တာဆိုရွှေကူ့စိတ်ထဲသက်သာမှာ "

"အင်း.."

"မငိုရဘူးလေ အလှတွေပျက်ကုန်မှာပေါ့ကွ "

"ဟုတ် မငိုတော့ဘူး"

အကိုလေးကမျက်ရည်တွေသုတ်ပေးသည်ကြောင့် ရွှေကူပြုံးလိုက်တော့သည်။ မကြာပါ လူစေ့ထရပ်ကာ အားလုံးအရက်ခွက်တွေကိုင်ထားကြတော့သည်။ ရွှေကူတို့မိန်းခလေးအဖွဲ့လေးကတော့ ဝိုင်ခွက်တွေပေါ့။

"ကမ်ပေ့ .."

"ကမ်ပေ့.."

အားလုံးကမော့သောက်ကြသည့်အခါ ရွှေကူလဲတစ်ငုံသောက်လိုက်၏။ ချိုတာလိုလိုခါးတာလိုလိုနှင့် အရသာလေးကမဆိုးလှပေ။ သောက်လို့လဲကောင်းသည်မို့ ရွှေကူသဘောတော့တွေ့ရသည်။

"အရမ်းကြီးမသောက်ရဘူးလေခလေး"

"ဦးကလဲ တစ်ခွက်ထဲကို "

"ဒါနဲ့ဆိုသုံးခွက်ရှိပြီနော်ခလေး"

"ဟီး သောက်ချင်သေးတယ်ဆို နော်နော် ထည့်ပေးအုံးနော် နော်လို့.."

"ဟုတ်ပြီ ဟုတ်ပြီထည့်ပေးမယ် "

တားမရဂျီတိုက်နေ၍ ဥဿာထည့်ပေးလိုက်တော့ ဟီးခနဲရယ်ပြလေသည်။ သေချာသည်ခလေးနဲနဲ​တော့မူးနေပြီဖြစ်သည်။

"ငယ် လျှော့သောက်နော် "

"အင်းပါကိုကြီးရဲ့ နဲနဲပဲသောက်မှာ "

ငယ့်နဲနဲကို ခွန်းလန့်လှသည်။ ပြီးလျှင်ငယ်ကမူးရင်မေးသမျှအကုန်ပြောပြတာလေ။

"အာပူကြူး သောက်ကောင်းလား"

"အွန်း ကောင်းတယ် "

မျက်လုံးလေးမှိတ်၍ ခုံပေါ်လက်ထောက်ပြီမေးလေးတင်ထားကာ ဖြေလာလေသည်။ တစ်ခွက်နဲနဲကျော်လေးနဲ့မူးနေပြီလားကွာ။

"မူးနေပြီလား"

"မူးပါဘူးအကိုလေးရဲ့ "

"လုပ်ပြီကွာ အဲ့တာအေးချမ်းကြီးအာပူကြူးရ"

လှည့်ပြောလိုက်သည့်အပြောက ကွန့်မြူးဘက်မဟုတ်ပဲ ဘေးမှအေးချမ်းဘက်မို့ အေးချမ်းကရယ်နေလေသည်။

"ဟီး.. ဘေးချင်းလွဲသွားတာ "

"ဟားဟား အဲ့တာဖြူငယ့်အကွက်ကြီးမလား "

"ဒီကိုတေဇတို့လဲနော် အဲ့အဖြစ်လေးပဲမှတ်ထားတယ်ဟွန်း "

ဖြူငယ်စိတ်ဆိုးသယောင်လေးပြောလိုက်သည်။ ဟုတ်တယ်လေ သူတို့ကဒါပဲစနေကြတာကို။

"တစ်ခါကလေဗျာ အရက်တစ်ခွက်လေးသောက်ပြီး ကျွန်တော်တို့သုံးယောက်နဲ့ခွန်းနဲ့ပက်လွဲတာလေး ဟားဟား သတိရတာအဲတာပဲ"

"ဟုတ်လားဗျ ဖြူငယ့်ညီမတွေဆိုတော့လဲ တူမှာပေါ့ ကြည့်အုံးအခုလဲလွဲနေတာ"

အာပူကြူးကတော့ဘာမှမသိ သူဘာသူထပ်၍သောက်နေလေသည်။ Ok ကွာ မတားတော့ဘူး သောက်ပါစေတော့။

"သီချင်းဆိုမယ် "

"ခလေးကလား"

"အွန်းသီချင်းဆိုမလို့ ဖွင့်ပေးအုံးဦး"

ဟိုတစ်နေ့က ဧည့်သည်တွေ Dinner လုပ်ရင်း သီချင်းဆိုကြတာကို ခဏတိုင်းသွားကြည့်ထားသည့်ခလေးက ပြန်လာထဲကအဲ့မှာဆိုချင်တယ်ကြည့်လုပ်နေလေသည်။ ယခုလဲကြည့်မူးတာတောင် သီချင်းဆိုမည်လုပ်နေတုန်ဗျာ။

မိုက်ကြီးကိုင်ကာ သူဖွင့်ခိုင်းသည့်သီချင်းမဟုတ်သေးလို့ ခါးထောက်၍ဥဿာကိုကြည့်နေလေသည်။

အမလေးဗျာ အခုမှ တဂယ်ကြောက်နေရတာ။

"ဦးရေ ဦးသီးချင်းကမရသေးဘူးလား "

"ဒီမှာညောင်းနေပြီလို့ဦးရေ.."

"ဦးဦးရေ ဦးဦးရေ အိမ်မှာကောင်းကောင်းနေ ဧည့်သည်လာရင်ဖျာခင်းပေး ဦးဦးနှာဘူးလေးရေး.. မှားလို့ ဦးဦးနှာဘူးကြီး ဟေးးဟေး.."

မူးကြောင်မူးကြောင်နှင့် မိုက်ကြီးကိုင်ကာ သီချင်းမလာသေးပဲထဆိုနေသည်မို့ ဘုန်းသစ်တို့အဖွဲ့အူတတ်အောင်ရယ်နေရတော့သည်။

ထို့နောက်လဲ သီချင်းတွေကိုရတစ်ဝက် မရတစ်ဝက်နှင့်လျှောက်ဆိုနေသည့်အခါ တစ်ဖွဲ့လုံးပွဲကျ၍ရယ်နေရတော့သည်။

"ခလေးလေးပြန်မယ်လာ မူးနေပြီကွာ "

"ဦးလေးကြီးကလဲ မမူးပါဘူးဆို "

"အာပူကြူး ဘာလုပ်မလို့လဲ"

"သီချင်းဆိုမလို့ပေါ့ "

"ဆိုတတ်လို့လား"

"ဆိုတတ်တယ်လေ ကိုကိုသီချင်းဆိုမလို့ လာသွားမယ် "

တစ်ယောက်ကထိန်း၍မရသေး နောက်တစ်ယောက်က မိုက်နောက်တစ်လုံးဆွဲယူလိုက်သည့်အခါ ပွဲကြည့်ပရိတ်သက်အပေါင်းစိတ်ဝင်တစားကြည့်နေကြတော့သည်။

"အာပူကြူးဘာသီချင်းဆိုမှာလဲ"

"ရူးတိုးတိုးလေး လာပြောပြမယ် "

ကွန့်မြူးနားနားတိုးလာကာ ပြောပြလေသည်။

"သွေးကြောထဲကစွမ်းအင်များ ကိုကိုဖန်ဆင်းပေးထားလား အဲ့သီချင်း.."

လေတွေအများကြီးနားထဲဝင်နေ၍ ကွန့်မြူးကြက်သီးတွေတောင်ထရတော့သည်။ ဒီချစ်မဝကတော့ကွာ။ အူယားအောင်လုပ်နေတော့တာပဲ။

"မရဘူး အဲ့တာဆိုဆိုလို့မရဘူး မူးနေပြီကွ လာအိပ်တော့ အခန်းပြန်မယ် "

"ဟင့်အင်းဆိုမှာဆို "

တစ်ခြားလူတွေရောနားထောင်မည်ဆိုး၍သဝန်တိုကာမဆိုခိုင်းပေမယ့် အာပူကြူးကမိုက်ကိုမပေး အတင်းဆွဲထားလေသည်။ ကွန့်မြူးလဲကြံရာမရာ ပွေ့၍ ကိုဥဿာပေးထားသည့် အခန်းသို့ကောင်မလေးကိုခေါ်ခဲ့လိုက်တော့သည်။ အိပ်ခိုင်းမှဖြစ်တော့မည်။ မူးနေပြီလေ။

Words 4474
2.12.2023 5:35pm
ဆက်လက်ကြိုးစားသွားပါမည်။

Continue Reading

You'll Also Like

114K 13.7K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
175K 3.9K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
4.5M 354K 87
(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်း...
699K 37.7K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...