True Love 💭 (Completed)

By KaKyoePhyu85

844K 17K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 51 (U)

7.9K 202 0
By KaKyoePhyu85

(Unicode)
True Love 💭❤ အပိုင်း - ၅၁

ကွန့်မြူးနိုးလာခဲ့တော့ပခုံးပေါ်တွင်စောင်လေးရောက်နေပြီဖြစ်သည်။ ကောင်မလေးရဲ့ကုတင်ထက်တွင်လဲ ကောင်မလေးကမရှိတော့၍ စိတ်တော့ပူသွားရသည်။ သို့ပေမယ့် ရေချိုးခန်းမှရေကျသံကြားလိုက်ရသည့်အခါ စိတ်လေးပြန်ငြိမ်သက်၍ ကွန့်မြူးအခန်းဆီပြန်ခဲ့လိုက်၏။

ရွှေကူအခန်းထဲမှအပြင်သို့မထွက်တော့ပဲ အခန်းထဲတွင်သာ နေနေလိုက်သည်။ စိတ်ကိုအကောင်းဆုံးပြင်ဆင်နေသည်ဆိုပိုမှန်လောက်ပါသည်။ ရွှေကူ့အတွက် အိမ်မက်ဆန်သည့်အဖြစ်ကြီးကို လက်တွေ့ခံစားခဲ့ရသည်မို့ ရွှေကူဖြေးဖြေးနှင့်မှန်မှန်လေး ပြန်တွေး၍ လက်ခံနိုင်အောင်ကြိုးစားမှဖြစ်မည်။

"ကောင်မလေး"

"အကိုလေးဝင်ခဲ့လေ"

ရွှေကူပြူတင်းပေါက်ဘက်လှည့်၍ရပ်နေရင်းမှ အကိုလေးဆီကြည့်မိတော့ ရွှေကူစားဖို့ထင်ပါသည် ထမင်းနှင့်ဟင်းများကို ဗန်းတစ်ခုထဲထည့်၍ယူလာလေတော့သည်။

"ဗိုက်ဆာပြီလား"

"သိပ်တော့မဆာဘူးအကိုလေး"

"လာစားလိုက်အုံး "

ပခုံးမှတွဲ၍ခေါ်သွားသည်အခါ ရွှေကူလိုက်သွားလိုက်တော့သည်။

"အကိုလေးအလုပ်မသွားဘူးလား"

"အင်း ကိုယ်နောက်ရက်မှသွားမလို့"

"မနက်ဖြန်အလုပ်ပြန်တတ်ကြမယ်လေ ရွှေကူပျင်းလို့"

ရွှေကူ့ဆီအကြည့်စူးစူးက မယုံနိုင်စွာကျရောက်လာပေမယ့်ရွှေကူဂရုမစိုက်ပဲ ထမင်းလေးသာစားလိုက်သည်။

"တဂယ်လား"

"အွန်း "

"ဟုတ်ပြီ မနက်ဖြန်အလုပ်ပြန်တတ်ကြမယ်နော် "

အဖျားခံလေးနဲနဲရှိသေးပေမယ့် အလုပ်မှာလဲနားခိုင်း၍ရသည်မို့ ကွန့်မြူးလက်ခံလိုက်သည်။ ကောင်မလေးကို လူတွေနဲ့ပုန်းပြီးနေနေမှာကို ကိုယ်မလိုလားဘူးကောင်မလေး ဒါကြောင့်မနက်ဖြန်ပြန်ပြီးအလုပ်တတ်ကြမယ်နော်။

"ကိုယ့်ကိုဂတိတစ်ခုပေးမလား ကောင်မလေးမေမေနဲ့စကားပြောပါ့မယ်လို့"

"အကိုလေး "

"ကိုယ့်ကိုချစ်ရင် ကောင်မလေးအဲ့ဂတိလေးတော့ပေးပါနော် ကိုယ်တောင်းဆိုပါတယ်ကွာ"

ရွှေကူ့ဘေးထိုင်ပြီးပြောနေသည့်အကိုလေးကို ရွှေကူငဲ့ကြည့်မိတော့ လက်အုပ်တွေပါချီထားတာဖြစ်သည်။

"ရွှေကူအဆင်သင့်ဖြစ်ရင်စကားပြောပါ့မယ် အခုတော့စိတ်ကမရသေးဘူးအကိုလေး ရွှေကူအချိန်ယူချင်သေးတယ်"

"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်အတင်းမတိုက်တွန်းတော့ဘူးနော် "

"အွန်း.."

ရွှေကူ့အတွက် အချိန်အများကြီးလိုမည်ဟုထင်ထားခဲ့ပေမယ့် မေမေဆိုသည့်အသိလေးကြောင့် ကြာကြာပုန်း၍မနေနိုင်ခဲ့ပေ။ မယုံကြည်နိုင်သေးဘူးဆိုပေမယ့်လဲ လွမ်းလှသည်။ ဖေဖေ့အကြောင်းတွေလဲကြားချင်လှသည်။ မေမေအခုချိန်ဘယ်လိုနေနေလဲဆိုတာလေးလဲသိချင်လှသည်။ ရွှေကူ့ကိုစွန့်ပြစ်ခဲ့သည့်ဘွားဆိုတာရော ခုချိန်ပျော်နေရဲ့လားဆိုတာလဲသိချင်လှသည်။ ရွှေကူ့အတွက် မိသားစုအစစ်မှန်ဆိုတာကိုတွေ့ပြီမလို့ ရွှေကူထိုမိသားစုလေးအကြောင်း စုံနေအောင်သိချင်လှသည်မို့ ရွှေကူမေမေ့ဆီသို့သွားလိုက်တော့သည်။

"သမီး ..သမီးလေး "

မြိုင်တို့စကားပြောနေစဉ် အနားလာရပ်သည့်သမီးလေးမျက်နှာကို မြိုင်မြင်မိတော့ ဝမ်းသာအားရစိတ်ထဲပျော်ရွှင်မိသည်။

သိပ်ပြီးအသုံးမပြုသည့် ခြံထောင့်မှခုံလေးနှင့်စားပွဲဝိုင်းလေးတွင်မေမေနှင့်အတူထိုင်၍ ရွှေကူသိချင်တာလေးတွေမေးမိ၏။

"သမီးဖေဖေကမေမေ့ကိုသိပ်ချစ်တာပေါ့သမီးရဲ့ ပန်းမြိုင်ဆိုတာ သမီးဖေဖေပေးခဲ့တဲ့နာမည်လေးလေ မေမေ့နာမည်အရင်းကမြိုင်တစ်လုံးထဲ သမီးဖေဖေက ပန်းမြိုင်ဆိုတာလေးက သူ့အတွက်ပိုလှပါတယ်ဆိုပြီးပေးခဲ့တာပေါ့ "

ရွှေကူ့လက်လေးကိုင်၍ပြောပြနေသည့်မေ​မေ့ကို ရွှေကူမျက်တောင်မခက်တမ်းကြည့်နေမိသည်။ ဖေဖေ့နာမည်က ဦးကျော်စိုးမိုး မေမေ့နာမည်က ပန်းမြိုင်ဆိုသည့်နာမည်လေးတွေကို ရွှေကူနှလုံးသားထဲထိသည်းဆည်းလိုက်သည်။

"သမီးဖေဖေကရိုးသားတယ် ကြိုးစားတယ် အမြဲလဲသည်းခံတတ်တယ် အဲ့အကျင့်လေးတွေကသမီးနဲ့တူတာပေါ့ "

သမီးအတွက်အဲ့အကျင့်ကြီးကကောင်းတာလားဆိုးတာလားသေချာမသိတော့ဘူးမေမေရယ် အဲ့ကျင့်တွေကြောင့် ဟိုအိမ်မှာအကြာကြီးနေခဲ့ရတာမလား။

"သမီးဖေဖေကအိမ်ကအလုပ်သမားဆိုတော့ သမီးဘွားကသဘောမတူဘူးလေ မေမေကသမီးဖေဖေနဲ့ခိုးရာလိုက်သွားတော့ သမီးဘွားကစိတ်လျှော့ပြီးအိမ်မှာပဲအတူနေခိုင်းတာ မေမေတို့နှစ်​ယောက်လဲ ရုံးတတ်လက်မှတ်ထိုးတာလောက်ပဲလုပ်ခဲ့ရတာသမီးရဲ့"

"ဒါလေးကသမီးရဲ့ဖေဖေပုံလေးပေါ့"

ရွှေကူ့ဆီပေးလာသည့် မေမေရဲ့ အိတ်လှလှလေးထဲမှပုံလေးကိုရွှေကူယူကြည့်မိသည်။
အဖြူအမဲ colour လေးနှင့်ရိုးရှင်းစွာပင်လက်လေးတွဲ၍ အတူရိုက်ထားသည့်ဓာတ်ပုံလေးကို ရွှေကူသေချာကြည့်မိပါသည်။ အရပ်ရှည်သည့်ဖေဖေဟာ ဆံပင်ဘေးခွဲလေးနှင့် သိပ်ကိုခန့်ပါသည်။ မေမေ့နှင့်အတူရပ်နေပြီး အရိုးသားဆုံးအပျော်ရွှင်ဆုံးကိုရှိနေသည့်ဖေဖေ့ရဲ့မျက်နှာလေးကို ရွှေကူကြည့်၍ မျက်ရည်တွေဝဲလာရသည်။

"ဖေဖေက ဒီလိုပုံလေးနဲ့ရှိနေခဲ့တာပေါ့ "

"ဖေဖေများအကယ်၍ရှိခဲ့ရင် ငါ့သမီးကိုအနိုင်ကျင့်တဲ့ကောင်ဘယ်သူလဲကွဆိုပြီး ကာကွယ်ပေးမှာ "

ရင်ထဲစို့နစ်လာသည့်ခံစားချက်ကို ထိန်းချုပ်မနေတော့ပဲ ရွှေကူငိုချလိုက်၏။

"ဖေဖေများအကယ်၍ရှိခဲ့ရင် သမီးအားငယ်ရတိုင်း ငါ့သမီးနားဖေဖေရှိပါတယ်ကွဆိုပြီးအားပေးအုံးမှာ ​"
"ဖေဖေများအကယ်၍ရှိခဲ့ရင် ငါ့သမီးကိုဖေဖေကသိပ်ချစ်တာကွ ငါ့သမီးကဖေဖေရဲ့နတ်သမီးလေးကွပြောအုံးမှာ"
"ဖေဖေများအကယ်၍ရှိခဲ့ရင် သမီးအတွက် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးပြီးကာကွယ်ပေးအုံးမှာ "
"သမီးအတွက်တဂယ်လိုအပ်ခဲ့တာမေမေရဲ့ သမီးဖေဖေ့ကိုလေ တဂယ်လိုအပ်ခဲ့တာ ဟင့်.."

"သမီးရယ်... "

သမီးရဲ့မျက်ရည်တွေကို မြိုင်တစ်ယောက်ကူသုတ်ပေးရင်း မြိုင်ကိုယ်တိုင်လဲငိုနေမိတော့သည်။ အကိုကလဲသမီးလေးမျက်နှာကိုမြင်ခွင့်မရခဲ့သလို သမီးလေးကလဲအကို့မျက်နှာကို မြင်ခွင့်မရခဲ့သည့်အဖြစ်ကိုတွေးမိတိုင်း မြိုင်တစ်ယောက်ရင်ထုမနာဖြစ်ရသည်။ မြိုင်တောင်မှသမီးလေးကိုအသက်ရှင်နေမှန်းမသိခဲ့ရဘူးမလားကွယ်။ အော် မေမေရယ် မေမေအတ္တတွေက ကြောက်စရာကောင်းလိုက်တာမေမေရယ်။

ရွှေကူအတော်ကြာငိုပြီးသည်နှင့် စိတ်ကိုပြန်ထိန်းလိုက်လိုက်သည်။

"ဖေဖေကဘယ်လိုဆုံးသွားတာလဲမေမေ သမီးသိချင်တယ် "

မြိုင်မျက်ရည်တွေသုတ်၍ သမီးသိချင်သည်ကိုပြောပြရသည်။ သမီးလေးလဲသိချင်ရှာမှာပေါ့လေ ။

"သမီးဖေဖေက သမီးကိုယ်ဝန်နေ့စေ့လစေ့ကြီး အလုပ်နဲ့စလေကိုသွားတာသမီးရဲ့ "

ရွှေကူငြိမ်၍နားထောင်နေလိုက်သည်။

"အဲ့မှာ ညကြီးပေါ့သမီးရယ် အလုပ်ကပြန်အလာ သမီးဖေဖေကိုမြွေပေါက်လို့အသက်ကိုမကယ်နိုင်လိုက်ဘူးတဲ့လေ "

မေမေကငိုကာရှင်းပြလေသည်။

"မေမေလဲသမီးဖေဖေပိုးထိတယ်ဆိုတော့ ချက်ချင်းစလေကိုလိုက်သွားတာပေါ့ အဲ့မှာသမီးဘွားရောပါတယ် "

မေမေကမျက်ရည်တွေလဏခဏသုတ်၍ ပြောရှာလေသည်။

"ဟိုရောက်တော့ သမီးဖေဖေရဲ့နာရေးကိုမေမေမမှီလိုက်ဘူးသမီးရယ် သမီးဖေဖေကိုမြေချလိုက်ပြီတဲ့လေ မေမေမှာရင်ကွဲပက်လက်နဲ့ အိပ်ယာထဲဘုန်းဘုန်းလဲခဲ့ရသေးတယ် "

"မအိပ်နိုင်မစားနိုင်နဲ့မေမေသေလူလိုဖြစ်သွားခဲ့တာ နောက်ဆုံးသမီးလေးကိုမွေးတော့လဲမေမေမှာမမွေးနိုင်နဲ့ သမီးလေးကိုချောချောချူချူမမွေးနိုင်ခဲ့ဘူးလေ"

ရွှေကူလဲမျက်ရည်ကျမိသည်။ မေမေလဲခက်ခဲခဲ့တာပဲပေါ့။ မေမေလဲ အရမ်းပင်ပန်းခဲ့တာပေါ့။

"မေမေပျော့ညံ့ခဲ့လို့ မေမေတန်ဖိုးအထားရဆုံးလူနှစ်​ယောက်ကိုဆုံးရှုံးခဲ့တာရတာပေါ့သမီးရယ် မေမေသာအဲ့တုန်းကသန်မာခဲ့ရင် သမီးလေးကိုလေမေမေကာကွယ်နိုင်ခဲ့မှာ မေမေကြောင့်သမီးလေး ဟင့်... "

ရွှေကူမေမေ့ကိုဖက်လိုက်၏။ ယခုချိန်ရွှေကူတို့နှစ်​ယောက်လုံးဒဏ်ရာကိုယ်စီနှင့်မို့ ရွှေကူမေမေ့ကို နှစ်သိမ့်ပေး၍ ရွှေကူကိုယ်တိုင်လဲထိုဒဏ်ရာကြီးကိုမေ့ပစ်လိုက်ချင်တော့၏။

"မေမေကြောင့်သမီးလေးပင်ပန်းခဲ့ပြီကွယ် ဟင့် ..မေမေကြောင့်ပါသမီးရယ်"

"မေမေရယ် မဟုတ်တာ မေမေလဲပင်ပန်းခဲ့တာပဲလေ မေမေ့အပြစ်မဟုတ်ပါဘူး "

"မေမေတာဝန်မကျေခဲ့ဘူးသမီးရယ် "

"မေမေတာဝန်ကျေခဲ့ပါတယ် သမီးကိုမွေးပေးခဲ့လို့မေမေတာဝန့ကျေခဲ့ပါတယ်မေမေရယ် "

"မေမေမငိုနဲ့နော် သမီးလဲမငိုတော့ဘူး သမီးတို့ပြန်တွေ့နေပြီပဲ ပျော်ပျော်နေကြမယ်နော် အဲ့တာတွေမတွေးနဲ့နော်မေမေ"

"အင်းပါကွယ် မေမေမငိုတော့ဘူးသမီးလဲမငိုနဲ့နော်.."

ရွှေကူပြုံးလျှက်မေမေ့ကိုမျက်ရည်တွေသုတ်ပေးမိသလို မေမေကလဲထိုနည်းတူပြုမူလေသည်။ ထို့နောက်သားမိနှစ်ယောက်ထရယ်၍ အချင်းချင်းဖက်လိုက်ကြ၏။ နားလည်မှုအပြည့်ရှိသည့်မျက်ဝန်းလေးတွေဟာ ပြုံးတစ်ဝက်ငိုတစ်ဝက်နှင့် ရှိနေကြကုန်၏။

ဖတ်၍ငိုနေသည့်သားမိနှစ်ယောက်ကို ကွန့်မြူးတို့အိမ်ဝရံတာမှလူလေး​ယောက်ခန့်လှမ်း၍ကြည့်နေကြတော့သည်။ ရင်ထဲတွင်လဲပီတိကိုယ်စီနှင့်ပေါ့။ အခုလိုလေးအဆင်ပြေနေတော့ ပျော်ရတယ်ကောင်မလေးရဲ့ ကိုယ့်ရဲ့ကူလေးပျော်ဖို့ကအရေးကြီးတာလေ။ ရင့်ကျက်လာပြီဖြစ်သည့်ကောင်မလေးကိုကြည့်၍ ကွန့်မြူးအတွေးတွေက လက်ထပ်ခွင့်တောင်းဖို့ဆီအာရုံရမိသည်။ ကိုယ်တို့ အခုအရာတွေအားလုံးပြီးသွားခဲ့ရင် လက်ထပ်ကြရအောင်လားကောင်မလေးရယ်။

"အဲ့တာဆိုအခုမေမေ့မှာသားလေးတစ်ယောက်ရှိတာပေါ့နော် "

ရွှေကူ့ရင်ထဲမကောင်းပေမယ့်မေမေ့ကို ပြုံး၍သာကြည့်၍မေးလိုက်သည်။

"မေမေတောင်းပန်ပါတယ်သမီးရယ် မေမေနောက်အိမ်ထောင်ပြုမိလိုက်တယ် "

"ရပါတယ် သမီးနားလည်ပါတယ် "

ရွှေကူ့ရင်ထဲတော့မကောင်းလှပေ။ မေမေ့ကိုတွေ့တော့ အပိုင်ရပြီဟုထင်မိလိုက်သည်။ သို့ပေမယ့် မေမေကပိုင်ရှင်ရှိနေပြန်သည်တဲ့လား။

"အဲ့မောင်လေးကအခုဘယ်နှနှစ်လဲမေမေ "

"၁၇ နှစ်သမီး"

"အော်.."

ရွှေကူက ၂၁ ထဲဝင်ပြီဆိုတော့ အဲ့ကောင်လေးနဲ့က ၄ နှစ်ပဲကွာတာပေါ့လေ။ မေမေတို့များ မြန်သားနော် နောက်အိမ်ထောင်ပြုတာလဲ သမီးရယ်ဖေဖေရယ်ထွက်သွားပြီး သိပ်မကြာပါလားမေမေရယ်။

"မေမေတို့အခုဘယ်မှာ​နေတာလဲမေမေ"

"ကလောမှာသမီး သားရဲ့ဖအေရယ်မေမေရယ်အတူနေကြတာ"

"အော်.."

ရွှေကူငိုချင်လာရပြန်သည်။ မေမေကအခု မိသားစုအသစ်နဲ့ပျော်နေပြီပဲလေ။

"ဘွားကရောမေမေ အဲ့မောင်လေးကိုချစ်ရဲ့လား"

"ချစ်တယ်သမီး သမီးမောင်လေးကိုငယ်ငယ်ကဆိုလက်ကကိုမချဘူး"

မြိုင်ပြောပြီးမှ သမီးလေးမျက်နှာပျက်သွားသည်ကိုသတိထားမိတော့သည်။

"မေမေပြောတာအဲ့လိုမဟုတ်ဘူးသမီး"

"သမီးနားလည်ပါတယ် မေမေပျော်ရင်ရပါပြီ ကျန်တာသမီးအတွက်မလိုတော့ဘူး"

နားမလည်ဘူးပြောလိုက်ရင် မေမေသမီးကိုမချစ်တော့မှာဆိုးရတယ်မေမေရယ်။

"သမီး .."

"သမီးတဂယ်ပြောတာ သမီးအစားမေမေ့အနားမှာရှိပေးတဲ့အဲ့မောင်လေးကိုသမီးကကျေးဇူးတင်နေတာ မေမေပျော်နေရင်သမီးကျေနပ်ပါပြီ "

မျက်ရည်တွေလည်လာသလို ရွှေကူအံကျိတ်၍ မငိုမိအောက်ထိန်းထားလိုက်သည်။ မောင်ဆိုတော့လဲ သဝန်ရခက်သားနော်။

"မေမေကသမီးလေးကိုလွမ်းလို့နောက်ခလေးယူဖို့သဘောတူလိုက်တာပါသမီးရယ် သမီးလေးကိုလွမ်းလို့မေမေနောက်ခလေးယူလိုက်မိတာပါ"

"သမီးလက်ခံပါတယ် သမီးကအဲ့အချိန်ကသေလူပဲလေ မေမေ့အတွက်နောက်ခလေးကယူသင့်ပါတယ်"

မေမေလဲ ရက်စက်တာပဲနော်။ ရွှေကူ့အစားနောက်မောင်လေးမွေးပြီးရွှေကူ့ကိုမေ့ပစ်ခဲ့တာပေါ့လေ။ သို့ပေမယ့်သမီးမေမေ့ကိုမမုန်းပါဘူးမေမေရယ်။ ချစ်လို့တောင်မဝသေးတာ မမုန်းရက်ပါဘူးမေမေရယ်။

"သမီးရယ် .."

"အိမ်ထဲဝင်ရအောင်မေမေ အပြင်ကလေတိုက်လာပြီ"

ရွှေကူမေမေ့ကိုတွဲ၍မခေါ်တော့ ဖေဖေ့ဓာတ်ပုံလေးကိုင်၍ ရှေ့မှဝင်လာခဲ့တော့သည်။

မြိုင်ငို၍သာကျန်နေခဲ့တော့သည်။ သမီးလေးစိတ်ထိခိုက်သွားရှာပြီ။ သမီးလေးတော့ မြိုင့်ကိုအပြစ်တင်နေတော့မှာပဲကွယ်။ မြိုင်ကိုယ်တိုင်ကလဲမှားခဲ့သည်မဟုတ်လား။ အကိုဆုံးပြီး နှစ်နှစ်နေတော့မြိုင်နောက်အိမ်ထောင်ပြုခဲ့သလို သားလေးကိုလဲမြိုင်သမီးအစားချစ်ပေးဖို့ မွေးခဲ့သည်မဟုတ်လား။ မြိုင်ကိုယ်တိုင်ကနောက်တော့သမီးလေးကို မေ့ပြီး သားလေးကိုသာအချစ်ပိုခဲ့တာမဟုတ်လား။ ဒါတွေသာသမီးလေးသိရင် မြိုင့်ကိုမုန်းနေတော့မှာပဲသမီးရယ်။ အကိုရယ် မြိုင်ကဇနီးတာဝန်ရော မိခင်တာဝန်ရောမကျေပွန်ခဲ့ဘူးအကိုရယ်။

"မေမေ့မှာသားနဲ့ယောက်ျားရှိတော့ရောဘာဖြစ်လဲ ..
ရွှေကူစိတ်ထိန်းစမ်းပါ နင့်ကိုမေမေကချစ်တယ်လေ မေမေကနင့်ကိုအရမ်းချစ်တာတဲ့လေ ဘာလို့ငိုရမှာလဲ မငိုဘူး.. "

ရေချိုးခန်းထဲဝင်၍ မှန်ကြီးကြည့်ကာတစ်ယောက်ထဲစကားတွေပြောနေမိ၏။ ရွှေကူလဲအရူးပါပဲလေ ဥစ္စာရူးပေါ့ မေမေ့ကိုသူများကိုမပေးချင်ပဲရွှေကူတစ်ယောက်ထဲအပိုင်လိုချင်နေတဲ့ ဥစ္စာရူးမပေါ့။

"ဘွားကလဲအဲ့မောင်လေးကိုချစ်တယ်တဲ့ အခုဆိုနင့်ကိုလဲချစ်မှာရွှေကူရဲ့ ဘာလို့ဝမ်းနည်းရမှာလဲ "

ပြောနေရင်းမှ ပါးထက်ကမျက်ရည်တွေက စကားလုံးတွေနှင့်ဆန့်ကျင်စွာစီးဆင်းလာပြန်တော့သည်။

"မေမေ့မိသားစုအသစ်နဲ့အဆင်ပြေရင်ရပြီလေ နင်ကဘာတွေလိုချင်နေသေးတာလဲ ဒီလောက်ဆိုလုံလောက်ပြီလေ မဟုတ်ဘူးလား"

"ဟုတ်တယ် မေမေနဲ့ပြန်တွေ့တာပဲကျေးဇူးတင်သင့်နေပြီလေ ဘာလို့လောဘတတ်နေသေးတာလဲရွှေကူရယ် နင့်မှာပြစရာမိဘတွေရှိပြီလေ ဘာလို့ငိုနေရမှာလဲ"

ရယ်၍ မှန်ထဲမှကိုယ့်ကိုပြန်ကြည့်မိပြန်တော့ ငိုနေရက်နှင့်ရယ်နေပုံမှာကြောက်စရာကောင်းနေပြန်သည်။ အော်.. ရွှေကူရယ် ဟန်ဆောင်ရတာလဲကြောက်စရာကောင်းသားနော်။

အင်္ကျီမချွတ်နိုင်တော့ပဲ ရေပန်းကြီးဖွင့်၍ရွှေကူထိုအောက်သို့ဝင်နေလိုက်တော့သည်။

"ဒါကငိုနေတာမှမဟုတ်တာ ရေတွေလေ ရေတွေပဲစီးကျနေတာ ဟားဟား ...ရေတွေဒါက "

"ဟားဟား ရယ်ရသားနော် ရွှေကူကဘေးလူကြီးတဲ့ ဟားဟား.."

အပ်ကွဲသံတွေထပ်၍ ရေပန်းကြီးအောက်ထိုင်၍ အရူးပမာအော်ဟစ်နေသည့်မိန်းခလေးဟာ မျက်ရည်တွေတသွင်သွင်စီးကျ၍ဖြစ်သည်။ မငိုပါဘူးဟု လေသံမာမုသားသုံးကာ သည်းကြီးမဲကြီးငိုနေသည့်ထိုမိန်းခလေး၏အဖြစ်ပျက်ကို မည်သူတစ်ဦးတစ်ယောက်မှမသိခဲ့ကြသလို ထိုမိန်းခလေးဟာလဲ သူ့ကိုယ်သူမငိုပါဘူးဟုပြော၍နေလေတော့သည်။ သနားစရာကောင်းသလို ခေါင်းလဲမာလေသည်။ ရေတွေနည်းတူ မျက်ရည်တွေဟာ အစီးဆင်းမပျက်ငိုကြွေး၍ မှန်ကြီးကိုထပ်ကြည့်ကာ ထိုမိန်းခလေးထပ်ပြောလိုက်သည်က "မေမေကသူ့ကို့သိပ်ချစ်တာပါတဲ့ "ထို့နောက်တဟားဟားနှင့်ထပ်မံရယ်၍ ရေချိုးခန်းထဲမှရေတွေစိုချွဲ၍ထွက်သွားလေတော့သည်။

ခြံထဲမှပြန်လာသည့်မြိုင့်ကိုမြင်တော့ မြရီ အနားသို့သွားလိုက်တော့သည်။

"အဆင်ပြေခဲ့လားမြိုင် "

"ဟုတ်အစ်မမြရီ ပြေပါတယ် "

"တော်သေးတာပေါ့ စိတ်တွေပူနေရတာ ခုတော့စိတ်အေးသွားပြီပေါ့"

မြရီရင်ဘက်လေးဖိ၍သက်ပြင်းလေးချမိ၏။ ဒီသားမိ အခုတော့ပြန်ပေါင်းထုတ်နိုင်ပြီမို့ ကျေနပ်ပါပြီလေ။ သမီးလေးပျော်ရင်မြရီကျေနပ်ပါပြီ။

"သမီးစားလေ မေမေထည့်ပေးမယ်"

"ဟုတ်.."

ရွှေကူ့ပန်းကန်ထဲ ဟင်းတွေခပ်ထည့်ပေးသည့်မေမေရဲ့အပြုမူကို သဘောကျရသည်။ မေမေရဲ့ယခုလိုဂရုစိုက်မှုလေးကို ရွှေကူလိုချင်ခဲ့တာမဟုတ်လား။ မိသားစုတွေအတူပျော်၍ ထမင်းလက်စုံစားချင်သည့်ရွှေကူ့ဆန္ဒလေး ပြည့်သွားသလိုခံစားရပါသည်။ မေမေရယ် ဒေါ်လေးရယ် မေမေကြီးရယ် ဘဘကြီးရယ် ရွှေကူသိပ်ချစ်သည့်အကိုလေးရယ် ရွှေကူ့အတွက်အဖိုးတန်ဆုံးလူတွေစုံစွာထမင်းစားရသည်မို့ ယနေ့ထမင်းဝိုင်းလေးကအမြိန်ဆုံးဖြစ်လေတော့သည်။

အချိန်အားဖြင့် ည၁၁ နာရီထိုးပြီဖြစ်သလို လူကြီးများကအကုန်အိပ်နေကြီဖြစ်သည်။ ရွှေကူနှင့်အကိုလေးသာ ​ဝရံတာထွက်၍ တံခါးပိတ်ကာ အတူထိုင်၍စကားတွေပြောနေခြင်းဖြစ်သည်။ ယခုလဲအကိုလေးရင်ခွင်ထဲမှနေ၍ ရွှေကူတွေးမိတာလေးတစ်ခုရှိသည်။

"အကိုလေး"

"ဗျာ့ .."

"မနက်ဖြန်ညကျရင်အားလားဟင် "

"အားတာပေါ့"

"အဲ့တာဆိုတစ်ခုကူညီပါလား"

"ပြောစေဗျာ ဘာလေးအလိုရှိလဲကိုယ်ကအကုန်ဖြည့်ဆည်းပေးမယ် ဒီအသဲတုံးလေးအတွက် "

"ခစ်ခစ် လူကိုဘယ်လိုတွေလာခေါ်နေတာလဲလို့"

"ဟား ချစ်လို့ခေါ်တာလေကွာ ကိုယ့်ရည်းစားလေးမို့ချစ်လို့ချစ်စနိုးလေးနဲ့အသဲတုံးလေးလို့ခေါ်တာပေါ့ "

"ခစ်ခစ်.. အူယားလို့ပါဆို မခေါ်နဲ့အဲ့လိုကြီး "

သူမလေးက သဘောတွေကျကာ လှုပ်လိလှုပ်ယဲလေးနှင့်ပြောလာသည့်အခါ ခန္ဓာကိုယ်သေးသေးလေးကိုပိုတိုး၍ ချစ်အားပိုစွာဖတ်ထားမိတော့သည်။

အကိုလေးရဲ့ရင်ခွင်ကြီးထဲတွင် အသက်ရူတောင်ကြပ်ရသည်အထိရွှေကူ့မှာရယ်၍ မောသွားရတော့သည်။ ပြောဖို့စကားတောင်မေ့မလိုဖြစ်သွားရသည်မို့ ပြန်တွေးယူ၍ရွှေကူ့မှာ အစီစဉ်ပြန်စရတော့သည်။

"အကောင်းပြောမလို့ မနက်ဖြန်ပွဲသေးသေးလေးလုပ်ချင်လို့"

"ဘယ်လိုမျိုးလေးလဲ"

"အကိုလေးတို့အဖွဲ့ကရွှေကူ့အတွက်အများကြီးပင်ပန်းခံပြီးမေမေ့ကိုရှာပေးထားတာမလား"

"ကိုယ်ကပိုပင်ပန်းတာပေါ့ကွ"

"အွန်းပါ ရွှေကူသိပါတယ် နေပါအုံးအကိုလေးကိုကပြီးမှဆုပေးမယ် ဒီမှာပြောစရာတောင်မေ့တယ် ဖြတ်မ​ပြောပါနဲ့ဆို"

စကားဖြတ်ပြောလို့တဲ့ဗျာ ရင်ဘက်ကိုတစ်ချက်ရိုက်သွားလေသည့်ကောင်မလေးက ကွန့်မြူးကိုမော့ကြည့်၍ နှုတ်ခမ်းလေးပါစူနေလိုက်သေးသည်။ အေးပါ ဒါမျိုးတွေတအားလုပ်နေ မေ့လဲတဲ့ထိနမ်းပစ်မှဗျ ကြည့်လှနေမှာ။

"ပြောမလို့"

"အွန်းအွန်းပြောပြော"

"အဲ့တာအကုန်လုံးကိုသေချာလေးကျေးဇူးတင်ချင်တာ အကိုလေးစီစဉ်ပေးပါလားရွှေကူအဲ့အပိုင်းမကျွမ်းလို့"

"ရတာပေါ့ "

"ဟီး ..အကုန်လုံးနော် လွန်းငယ်တို့ရောနော် "

"ရတယ်ဗျာ ကိုယ်စီစဉ်လိုက်မယ် မနက်ဖြန်ညအတွက်ကောင်မလေးလိုချင်တဲ့ပုံစံလေးဖြစ်စေရမယ် "

"ဟီး .."

ချွဲတတ်နေပြီဖြစ်သည့်ကောင်မလေးက ကွန့်မြူးခါးကိုပြန်၍ဖက်တွယ်ကာရင်ဘက်ဆီခေါင်းလေးမှီ၍ အင်္ကျီလက်မောင်းကိုလဲဆော့နေပြန်သေးသည်။ကောင်မလေးကတော့လေ ချစ်လွန်ပြီးရူးအောင်များလုပ်နေသလားပဲကွာ။

"ကောင်မလေး"

"ဝွန်း .."

"နောက်ဆိုကောင်မလေးလို့မခေါ်တော့ဘူးကိုယ်က"

"ဟင်.. ဘယ်လိုခေါ်မလို့လဲ "

"ချစ်တုံးလေးလို့ခေါ်မလို့ပေါ့ကွ "

"အမလေး အဲ့လိုကြီးမခေါ်နဲ့လေ ရှက်စရာကြီး"

"ဟားဟား ဘာရှက်စရာရှိလဲကွာ အဲ့လိုမှမဟုတ်ရင်တစ်ခြားဟာပြောင်းခေါ်ပေးရမလား"

"အွန်းပြောကြည့်"

"ကူလေး ကူကူလေး သဲတုံးလေး ချစ်တုံးလေး ပူတူတူးလေး ခလေးလေး အသဲနှလုံးလေး အာပူကြူးလေး "

ရွှေကူဘာမှမပြောနိုင် ရွှေကူ့ကိုငုံ့ကြည့်၍သေချာကြီးကြည့်ကာ အသဲယားစရာနာမည်တွေကို တစ်ခုချင်းရွတ်ပြနေသည့်အကိုလေးကို မတားနိုင်ဆွံ့အနေမိတော့သည်။

"တော်ပြီလေနော် အမလေးလန့်စရာတွေကြည့်ပဲ နောက်ဆုံးနာမည်ကြီးပိုလန့်တယ် ရီး.."

ပြောရင်း ကြက်သီးလေးတွေထလာရသည်မို့ အကိုလေးရင်ခွင်ထဲမှထွက်၍ ရွှေကူပခုံးလေးတွန့်လိုက်တော့သည်။

"ကျန်သေးတယ်ကွ "

"တစ်ခုမှအဆင်မပြေဘူးအကိုလေးရဲ့ ဒီအတိုင်းလေးပဲခေါ်လေနော် ကောင်မလေးလို့ပဲခေါ်နော် "

"မရဘူး ကိုယ်တို့ကရည်းစားတွေလေ ချစ်စနိုးနာမည်လေးတွေတော့ရှိသင့်တာပေါ့ကွ "

"အကိုလေးကလဲ အဲ့လိုတွေခေါ်ရင်မနေတတ်ပါဘူးဆိုမှပဲ "

ဟိုဘက်လေးလှည့်သွားပြီး လက်လေးတွေလိမ်နေသည့်ကောင်မလေးက စိတ်ဆိုးသွားသည်ပေါ့လေ။ ဒီအလည်လေးကတော့လေ နာမည်လေးပဲဟာကိုရှက်နေလိုက်ပုံများကွာ။

"ကူလေးခေါ်မယ်လေကွာနော် "

"အား ..မခေါ်ပါနဲ့ဆိုမှ "

"ဘယ်လိုခေါ်စေချင်လဲကိုယ့်ကိုပြော"

ရွှေကူ့နောက်မှာအကိုလေးကဖက်လိုက်ပြီး လက်လေးတွေကိုလာကိုင်ထား၍ ရွှေကူပခုံးပေါ်မေးတင်ကာမေးလာလေသည့်အခါပို၍အနေခက်ရသည်။

"အကိုလေး"

"ပြောပါအုံးဘယ်လိုခေါ်ရမလဲလို့"

"ကောင်မလေးလို့ပဲခေါ် မဟုတ်ရင်လဲရွှေကူလို့ပဲခေါ်"

"မရဘူး "

"အကိုလေးကလဲခလေးလား လူကိုလာဆိုးနေတယ် တဂယ်ပဲ"

"အချစ်မှာတော့ကိုယ်ကခလေးပဲ တစ်ခါမှမချစ်ဘူးတဲ့အချစ်ခလေးလေး "

"ခစ်ခစ် ပေါက်ကရလုပ်ပြီ"

"ဟော.. အတည်ကွ "

"အွန်း ရွှေကူလို့ပဲခေါ်နော် အဲ့အတိုင်းလေးပဲကောင်းတယ် "

"ဟုတ်ပြီသဲတုန်းလေး"

"အမလေး.."

ရွှေကူအသဲယားရပြန်တော့သည်။

"ကိုယ့်ကိုလဲကိုကိုလို့ခေါ်"

"ဗုဒ္ဓေါ .."

"ကောင်မလေးပြောတော့ဆုချမယ်ဆိုကိုယ့်အတွက်အဲ့ဆုကို ဒါလေးပေးလို့မရဘူးလား "

"မရဘူးလေ ရှက်စရာကြီးမခေါ်ချင်ပါဘူး အကိုလေးပဲခေါ်မှာဘာမှမခေါ်ဘူး "

"ဟားကွာ .."

"အိပ်ကြရအောင်လေနော် ရွှေကူအိပ်ချင်ပြီအကိုလေးရဲ့"

"ဟုတ်ပြီ လာသွားအိပ်ကြမယ် ပြီးမှတော့ထွက်မပြေးနဲ့နော် ကိုယ်ကမလွှတ်ပေးဘူး "

ထရပ်ပြီး ရွှေကူ့လက်ကိုဆွဲလာသည့်အခါ ရွှေကူ့မှာပြန်၍ဆွဲထားရတော့သည်။

"ဟင် ..ကိုယ့်အခန်းကိုယ်ပြန်အိပ်မယ်ပြောတာလေ အကိုလေးဘာတွေပြောနေတာလဲ"

"ကိုယ်ကအတူအိပ်မယ်ထင်တာ ဟားကွာ အထင်မှားလက်စနဲ့ရှုပ်တယ် အတူပဲအိပ်ကြရအောင် လာ သွားမယ်.."

"ဟင် ..မလိုက်ဘူးလေ အကိုလေးအဲ့လိုမရပါဘူးဆို"

"အကိုလေး အော်လိုက်မှာနော်"

လက်ကဆွဲလိုက်တော့ ခိုစီးရင်းလျှောစီးကာပါလာသည့်ချစ်မဝလေးဟာ ရုန်း၍အနည်းငယ်အသံလေးကျယ်၍အော်လာလေတော့သည်။

"အမေ့ .."

ရွှေကူ့ကိုဆွဲထူ၍ ခုံပေါ်ပြန်ထိုင်ခိုင်းသည့်အကိုလေးက ရွှေကူ့ပခုံးမှဖိ၍ထမရအောင်ချုပ်ထားပြန်လေတော့သည်။

"အော်မယ်ဆို အော်လေ.."

"ဟင့်အင်း နောက်တာမအော်တော့ဘူးနော်"

"အော်ပါ အော်ရင်ကိုယ်ကတစ်ခါထဲတန်းယုတ်မာမှာ"

"အမေ့ ..မလုပ်ကောင်းဘူးလေ "

"လုပ်ကောင်းပါတယ်"

"အကိုလေးနော် "

ရှက်သွားပြန်သည့်ချစ်မဝလေးက ခေါင်းလေးငုံ့သွားပြန်လေသည်။

"အော် ကိုယ်ဆိုလိုတာကိုတွေးလိုက်တာပဲကွ"

"ဟင်.. ရွှေကူကအဲ့လို အင့်.."

စကားကိုဆုံးအောင်ပြောခွင့်မပေးတော့ပဲ ခွန်းကောင်မလေးကိုနမ်းလိုက်တော့သည်။ မနမ်းတာကြာပြီဖြစ်၍လားမသိ ကောင်မလေးရဲ့နှုတ်ခမ်းအိအိလေးက ရူးသွပ်လောက်ပါသည်။ ဆွဲမက်ဖို့ကောင်းသည့် ကိုယ်သင်းရနံ့လေးနှင့် သိပ်ကိုအိထွေးသည့်နှုတ်ခမ်းဖူးဖူးလေးက ကွန့်မြူးအတွက်ပင်လယ်ရေပမာဖြစ်နေ၏။

ပင်လယ်ရေဆိုတာ သောက်လေသောက်လေ ငတ်မပြေတဲ့ မြတ်နိုးလွန်း၍နမ်းမိတော့လဲထိုအနမ်းက မလွှတ်ချင်တဲ့ဗျာ..

ကဲကောင်းရော အခုတော့ပင်လယ်ရေမဟုတ်သလို အငန်ဓာတ်လဲမရသည့် ခပ်အိအိချိုချိုနှုတ်ခမ်းလေးကို ရူးရူးမူးမူးစွဲမက်၍ နမ်းရှိုက်မိသည်မှာလဲအချိန်တော်ကြာပြီဖြစ်သည်။ သို့ပေမယ့်လဲဘယ်တတ်နိုင်မလဲဗျာ သိပ်ချစ်ပြီးစွဲမက်လွန်းတော့လဲ ခဏလွှတ်ပေးပြီး ပြန်နမ်းရတာပေါ့ဗျာ။

အကျိုုးဆက်ကတော့ ဗိုက်ကြောလိမ်ဆွဲတာခံရသလို စိတ်တွေပါဆိုပြီး ခြေလေးစောင့်အနားကစိတ်ဆိုးမာန်ဆိုးလေးထွက်သွာတာ ခံရတာပေါ့ဗျာ။ ဒါပေမယ့်လဲ တန်တယ်မဟုတ်လား ဟားဟား...။

Words 4389
29.11.2023 6:15pm
ဆက်လက်ကြိုးစားသွားပါမည်။

Continue Reading

You'll Also Like

175K 3.9K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
71.1K 2.7K 65
တချိန်ကမင်းကိုယ်တိုင်နင်းချေခဲ့တဲ့သူကို အခုမှချစ်တယ်လို့ပြောလာတာကို ငါကဘယ်လိုယုံကြည်မူ့မျိုးနဲ့ပြန်ချစ်ရမှာလဲ ငါအမှောင်ကိုကြောက်တယ် တခ်ိန္ကမင္းကိုယ္တ...
14.7K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
235K 31.2K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...