မနက်ခင်းသည် နှင်းမှုန်တို့ဖြင့် စိုထိုင်းနေ၏။ ပတ်ဝန်းကျင်သည် နှင်းငွေ့များ ဝေ့ပျံလျက် မှုန်ရီဆိုင်း၍ မှိုင်းနေသည်။ ရေခဲငွေ့ပါသောလေကလည်း အရိုးကွဲမတတ် အေးစိမ့်အောင် အရပ်လေးမျက်နှာမှ တိုက်ခတ်နေသည်။ ကျွန်တော် ဟားခနဲ ပါးစပ်ဟ လိုက်သောအခါ အဖြူရောင် အခိုးအငွေ့များ ပါးစပ်ထဲမှ အလိပ်လိုက် ထ,ပျံသွားကြသည်။ ခြေလှမ်းတို့ကို ခပ်သွက်သွက် လျှောက်လှမ်းလာရင်းမှ ဦးလေးအောင်တို့ အိမ်ရှေ့သို့ ရောက်သောအခါ တုန့်ခနဲ ရပ်ပစ်လိုက်ပြီး ခြံတံခါးမှ လူခေါ်ခေါင်းလောင်းကို လှုပ်ယမ်းလျက် အသံပေးလိုက်သည်။
ခဏအကြာ၌ အိမ်ထဲမှ မမ ပြေးထွက်လာပြီး ကျွန်တော့်ကို တံခါးဖွင့်ပေးသည်။
"ဟယ်... မော်ကွန်း၊ အစောကြီးပါလား"
"ဟုတ်တယ် မမ၊ လမ်းလျှောက်ရင်း လှည့်လာတာ... မမတို့အိမ်မရောက်တာ ကြာလို့"
မမက ခြံတံခါးကို အဆုံးထိ ဆွဲဖွင့်ပေးလိုက်တော့ ကျွန်တော် အိမ်ထဲသို့ ခပ်မြန်မြန် ဝင်လိုက်ရင်း အေးလွန်းသောကြောင့် တစ်ချက် ညဥ်းလိုက်မိသည်။
"ဖေဖေ မနိုးသေးဘူး"
"ဪ ... ကောင်းတာပေါ့၊ ကျွန်တော် မမကို မေးစရာရှိတာနဲ့ အတော်ပဲ"
ခြံတံခါးလေး၏ ဘယ်ဘက်ရှိ ခုံတန်းလေးနံဘေးတွင် ကျွန်တော် အမျိုးအမည် မသိသော ပန်းများ လှပစွာ ဖူးဝေလျက် တချို့လည်း နှင်းငွေ့ရိုက်၍ စိုထိုင်းနေသည်။ မမက ခုံတန်းလေးတွင် ဝင်ထိုင်လိုက်သောအခါ ကျွန်တော်လည်း အိမ်ထဲသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး မမဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် မမကို ကျွန်တော် သိချင်သည်ကိုပင် ချက်ချင်း တန်းမေးလိုက်၏။
"ဟိုတနေ့က ရန်ဖြစ်ကြတယ်ဆို မမ၊ ဘာဖြစ်တာလဲ"
မမက ကျွန်တော့်ကို မကြည့်ဘဲ မျက်လွှာချလျက် သက်ပြင်းလေးတစ်ချက် ခပ်လေးလေးချကာ "ဟုတ်တယ်"ဟု မှိန်ဖျော့ဖျော့ ဖြေလေသည်။
"ဘာဖြစ်ကြတာလဲ"
"ဖေဖေနဲ့ မေမေနဲ့ စကားများကြတာပါ၊ သိပ်မထူးဆန်းပါဘူး၊ ခုနောက်ပိုင်း ဖြစ်နေကြပဲလေ"
ခပ်ဖျော့ဖျော့လေး ပြုံးထားသော်လည်း မမ၏ မျက်လုံးများက နွမ်းနေသဖြင့် ကျွန်တော် အနည်းငယ် စိတ်ပူလာသည်။ ကျွန်တော် မလာဖြစ်သည့် အတောအတွင်း ဘာပြဿနာတွေများ ရှိခဲ့လို့လဲ။ မမ၏ ယခုလို အားပျော့နေသယောင် ထိုင်းမှိုင်းနေသည့်ပုံစံကို ပထမဆုံးအကြိမ် မြင်ရခြင်း ဖြစ်သည်။ အိမ်မိသားစု ပြဿနာဆိုတော့လည်း ကျွန်တော် ဆက်မေး၍ မကောင်းပေ။
"နင်ရော ... နေရတာ အဆင်ပြေရဲ့လား"
"ပြေပါ့ ... ယောက်ဖလောင်းလေးက ဂရုစိုက်တယ်လေ"
ကျွန်တော် မမကို ခပ်တည်တည် မျက်နှာထားဖြင့် စ,နောက်လိုက်သောအခါ မမက ဟိုကြည့်သည်ကြည့်ဖြင့် အောက်နှုတ်ခမ်းကို အသာဖိကိုက်လျက် ကျွန်တော့နားရွက်ကို ဆွဲလိမ်သည်။
"အား... လွှတ်လွှတ်၊ နာတယ်ဗျ"
ထိုအခါ မမက မျက်စောင်းလှလှလေးတစ်ချက် ထိုးလျက် မထိတထိလေး ပြုံးသည်။
"ကိုကိုလေးနဲ့ မမနဲ့ ဘယ်အခြေအနေရောက်ပြီလဲ"
"အဲ့တာ နင့်အစ်ကိုကို မေးပေါ့"
"ဟင်... သူက မမကို မေးဆိုလို့"
"အဲ့ဒါဆို... မသိရတော့ဘူးလို့ မှတ်လိုက်တော့"
"ဟာ... လုပ်ပါ"
ကျွန်တော် နှတ်ခမ်းကို ဂငယ်ပုံကွေးလျက် ခပ်ချွဲချွဲလေး ပြောတော့ မမက လက်လျှော့လိုက်ပြီး ကျွန်တော့်ကို ပြောပြသည်။
"ငါ သူ့ကို အဖြေပေးပြီးတာ မနက်ဖြန်ဆိုရင် တစ်လပြည့်ပြီ"
"ဟောဗျ... မြန်လိုက်တာ"
"ဒါပေမဲ့ သူနဲ့ ငါနဲ့က တစ်ပတ်မှာ တစ်ရက်တောင် ကောင်းကောင်း မတွေ့ရပါဘူးဟယ်၊ ကျောင်းမှာလည်း သူစိမ်းတွေလို နေကြတာ"
"ဪ... "
"စာမေးပွဲကြီးပြီးလို့ ကျောင်းပိတ်ရက် ရောက်ရင်တော့ စွန့်စွန့်စားစား အပြင်မှာ သွားတွေ့ရမှာပဲ"
"မမ ကိုကိုလေးကို တကယ် ချစ်လား"
တကယ်ဆို ထိုမေးခွန်းသည် ကျွန်တော်နဲ့ ဘာသက်ဆိုင်သလဲ။ လွှတ်ခနဲ ထွက်သွားမိသည်ကို ပြန်လည် ထိးန်ချုပ်၍ မရတော့ဘဲ မမကိုသာ ငေးမောနေမိလိုက်သည်။
"အင်း... "
ဘာကြောင့်ရယ်မှန်းမသိ မမ၏ အင်းဆိုသော စကားလုံးလေးကြောင့် ကျွန်တော့်ရင်ထဲ နာကျင်မှု တစ်ပိုင်းတစ်စ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ကျွန်တော် ကိုယ့်ကိုယ်ကို ကြိုးစားဆောက်တတည်ကာ ပြုံးလိုက်ရင်း...
"ဦးလေးအောင် နိုးပြီထင်တယ်၊ ကျွန်တော် အပေါ်တက်သွားကြည့်လိုက်မယ်"
မမက ခပ်သွက်သွက် ခေါင်းညိတ်ပြသောအခါ ကျွန်တော်လည်း အနည်းငယ်ပွင့်ဟနေသော အင်္ကျီဇစ်ကို လည်ပင်းအထိရောက်အောင် ဆွဲတင်လျက် အိမ်ထဲသို့ ပြေးဝင်လာခဲ့သည်။ မမက ကျွန်တော့်နောက်မှ လိုက်မလာဘဲ နေရာတွင်သာ ခပ်တွေတွေလေး ထိုင်နေခဲ့လေသည်။
"ဦးလေးအောင်... "
အထဲမှ လှုပ်ရှားသံများ ကြားရသဖြင့် ဦးလေးအောင် နိုးနေပြီဟု ယူဆကာ တံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည်။ ချက်ချင်းပင် တံခါးချပ် ကျွီခနဲ ပွင့်သွားပြီး ဦးလေးအောင်က ကျွန်တော့်ကို ပြုံးရယ်လျက် ဆီးကြိုသည်။
"ဘာစိတ်ကူးပေါက်ပြီး ရောက်လာတာတုံး မော်ကွန်းရ"
ကျွန်တော် ရယ်ကျဲကျဲဖြင့် ကုတင်ပေါ် တက်ထိုင်လိုက်သည်။
"ဦးလေးအောင်... နေကောင်းရဲ့လား"
"ကောင်းပါ့ဗျာ... "
ဦးလေးအောင်က သူ့စားပွဲခုံမှ ဖိုင်တွဲတချို့ကို ဖွင့်ကြည့်နေရင်း...
"မင်းထင်အိမ်မှာ နေရတာ အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့၊ ဆရာကြီးက ဂရုစိုက်ပါတယ်"
"အင်း... ကောင်းတာပေါ့"
ကျွန်တော် ဦးလေးအောင်ကို မေမေ့အမှုကိစ္စနှင့် ပတ်သက်၍ တစ်ခုခု မေးလိုက်ရမလား။ ကျွန်တော် ကိုယ့်ဟာကိုယ် တွန့်ဆုတ်နေ၏။ ပေါ်နှစ်ဖက်ပေါ်တွင် တင်ထားသော လက်သီးကို ခပ်တင်းတင်း ဆုပ်ကာ ဦးလေးအောင်ကို တည့်တည့် ကြည့်နေမိလိုက်သည်။ ဦးလေးအောင်က တစ်ခုခု ပြောစရာရှိလို့လား ဟူသည့် ပုံစံမျိုးဖြင့် မေးဆတ်ပြမှ ကျွန်တော်လည်း အားတင်းကာ မေးချလိုက်သည်။
"မေမေ့ကိစ္စက ဘယ်လိုရှိလဲ ဦးလေးအောင်"
ဦးလေးအောင်က ခပ်ဖွဖွ ပြုံး၏။
"အခုအချိန်မှာ အဲ့တာကို သားစိတ်ထဲထည့်မထားနဲ့ဦး၊ စာမေးပွဲ နီးနေပြီမလား၊ စာကိုပဲ အာရုံစိုက်ထား"
ကျွန်တော် ခေါင်းကို ခပ်ဆတ်ဆတ် ညိတ်ပြလိုက်သောအခါ ဦးလေးအောင်က ကျွန်တော့်ခေါင်းကို လက်ဖြင့် ပွတ်သပ်ရင်း...
"ဒါပေမဲ့... အမှန်တရားကို ရင်ဆိုင်နိုင်အောင်တော့ စိတ်ကို ကြိုတင်ပြင်ဆင်ထားပါ"
"ဟုတ်ကဲ့"
ကျွန်တော် ဦးလေးအောင်တို့အိမ်မှ ပြန်ထွက်လာသောအခါ မနက် ရှစ်နာရီ ထိုးနေပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင် နှင်းမြူများ လွင့်ပြယ်စ,အချိန်ဖြစ်ပြီး အရှေ့အရပ်ဆီမှ နေရောင်နွေးနွေးလေး ခပ်စောင်းစောင်း ကျနေချိန်ဖြစ်သည်။
လမ်းမကြီးပေါ်တွင် ဆိုင်ကယ်များ၊ ကားများ ခပ်ကျဲကျဲ သွားလာနေကြပြီး ဟွန်းသံမျိုးစုံဖြင့် မနက်ခင်းသည် အသက်ဝင်လာသလို စိုပြည်နေသည်။ အင်္ကျီဘေးအိတ်တွေထဲသို့ လက်နှိုက်ကာ အပြေးတပိုင်းနှင့် လမ်းလျှောက်လာရင်းမှ 'လုံပန်'စျေးသို့ ရောက်သောအခါ စျေးထဲသို့ ဝင်လျက် မုန့်ဟင်းခါးတစ်ပွဲ ဝယ်စားကာ ဗိုက်ဖြည့်လိုက်သည်။ အိမ်သို့ ပြန်ရောက်သောအခါ ၈ နာရီ ခွဲနေပြီဖြစ်၏။
ကျွန်တော် ခြံတံခါးကို အသံမမြည်အောင် ညင်သာစွာ တွန်းဖွင့်လိုက်ရင်း အိမ်ထဲသို့ ဝင်လာခဲ့သည်။ ဆရာကြီးက ကျွန်တော့်ကိုတွေ့တော့ အံ့သြဝမ်းသာသွားပြီး... "မိန်းမရေ... မော်ကွန်း ပြန်လာပြီဟေ့၊ စိတ်မပူနဲ့တော့" ဟု ကျယ်ကျယ်လောင်လောင် အော်ပြောလေသည်။ ကျွန်တော်လည်း အပေါ်ထပ်သို့ တက်ရန်ဟန်ပြင်နေသော ခြေလှမ်းများကို ရပ်ပြီး ကြောင်အမ်းအမ်းဖြင့် ငေးနေမိသည်။
"ဟယ်... တော်သေးတာပေါ့ သားရယ်"
ဆရာကြီး၏ မိန်းမ အန်တီရဝေနွယ်ကလည်း အမောတပမ်း ပြောလိုက်တော့ ကျွန်တော် ယောင်နနဖြင့် လှေကားတစ်ထစ် ပြန်ဆင်းပြီး ကြောင်တောင်တောင် ငေးနေမိသည်။
"ဟို... ဘာဖြစ်လို့လဲ၊ သားက ဘာဖြစ်လို့လဲ"
"သားကို အိမ်က ထွက်သွားပြီ ထင်နေတာ၊ မနက်ကတည်းက မပြောမဆိုနဲ့ ထွက်သွားတော့... "
"ဟောဗျ... မဟုတ်ပါဘူး"
"တစ်အိမ်လုံး သားကို ရှာနေ့ကြတာ တစ်မနက်လုံးပဲ၊ ကိုကိုလေးဆို အခုထိတောင် ပြန်မရောက်သေးဘူး"
"ကိုလေးက ဘယ်သွားတာလဲ"
"သားကို လိုက်ရှာဖို့ဆိုပြီး ထွက်သွားတာ သူ နိုးကတည်းကပဲ၊ မျက်နှာတောင် သစ်မသွားဘူး"
"ဟောဗျာ... "
ကျွန်တော့်ကို ကိုကိုလေး ဘယ်လောက်အထိ စိတ်ပူသွားလောက်မလဲ။ ကျွန်တော် အသိမပေးဘဲ ရုတ်တရက် ထွက်သွားမိလိုက်သည့် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။ တစ်ဆက်တည်းမှာပင် ကိုကိုလေးကို ပထမဆုံးအကြိမ် သနားသည့် စိတ်များလည်း ဝင်လာ၏။
ကျွန်တော် ရုတ်တရက် အိမ်အပြင်သို့ ပြေးထွက်သွားလိုက်ပြီး ခြံတံခါးကို ခပ်မြန်မြန် ဆွဲဖွင့်ပစ်လိုက်သည်။ ခြံတံခါးက ကျွီခနဲ ပွင့်သွားပြီး တံခါးတစ်ဘက်တွင် ရပ်နေသောသူကို ရုတ်တရက် တွေ့လိုက်ရ၏။
"ကိုကိုလေး... "
ကိုကိုလေးက ကျွန်တော့်ရှေ့သို့ လှစ်ခနဲ ရောက်လာပြီး ကျွန်တော့်ကို အားဖြင့် တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ မြဲမြံလှသော လက်များကြားတွင် ကျွန်တော် အသက်ပြင်းပြင်း ရှုလျက် တောင့်တောင့်ကြီး ရပ်နေမိသည်။ ကိုကိုလေးက ကျွန်တော့်ကို လွတ်ထွက်သွားမည်ကို စိုးရိမ်သည့်အလား တင်းသထက် တင်းအောင် ဖက်ထားသည်။
"မင်းကို... မင်းကို ထွက်သွားပြီ ထင်နေတာ၊ အိမ်မှာ မနေချင်တော့လို့ ထွက်ပြေးသွားပြီ ထင်နေတာ"
ကိုကိုလေး၏ အသံ၌ စိုးရိမ်ပူပန်မှုတို့ ရောယှက်လျက် အဖျားတွင် မသိမသာ တုန်ခါသွားသည်။
"ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် နောက်ဆိုရင် အဲ့လိုမျိုး မပြောမဆိုနဲ့ ထွက်မသွားတော့ဘူးနော်"
ကိုကိုလေး၏ ကျောပြင်ကို ပြန်လည် ပွေ့ဖက်လျက် ပြောမိ၏။
"မင်းသိလား၊ မင်း ငါ့အနား မရှိတော့ရင် ငါ ဘာဖြစ်သွားမလဲ မသိဘူး၊ မင်းသာ ထွက်သွားရင် ငါ ငါ ရူးသွားလောက်တယ်၊ မင်းကို ဘယ်လောက်ချစ်မိနေလဲ ကိုယ့်ဟာကို သိလိုက်တယ်၊ ကျေးဇူးပြုပြီး ငါ့အနားက ဘယ်တော့မှ ထွက်မသွားပါနဲ့နော်"
ကျွန်တော် မျက်ရည်များ စိမ့်အိုင်ပြည့်လျှံလာပြီး မငိုမိအောင် ထိန်းထားရသည်။
ကိုကိုလေးက ကျွန်တော့်ကို ချစ်သည်တဲ့... ။
ဒါပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့လဲ။ သူ့ရဲ့ မွေးစားညီလေးတစ်ယောက်အနေနဲ့လား။ ဒါမှမဟုတ် ကျွန်တော် မျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့လား။
ကျွန်တော် မေးမည် ဟန်ပြင်ပြီးမှ နှုတ်ဆိတ် နေလိုက်ရသည်။
ကိုကိုလေးကို ချစ်မိခြင်းက ကျွန်တော့်အတွက်တော့ အဆိုးဝါးဆုံး ပြစ်မှုတစ်ခုကို ကျူးလွန်နေသော အပြစ်သားတစ်ယောက်လိုပဲ ... ။
အစ်မရဲ့ ချစ်ရသူ...။
ကျွန်တော့်ရဲ့ မွေးစားအစ်ကို...။
ကံကြမ္မာက ကြိုတင်စီစဥ်ထားသော မချစ်သင့်သူစာရင်းတွင် မင်းသဒ္ဓိမောင် ဟူသည့် ကိုကိုလေး၏ နာမည်က ထိပ်ဆုံးက ပါပေလိမ့်မည်။
***
ဆောင်း၏ အအေးဒဏ်ကြောင့် သစ်ပင်တို့တွင် အရိုးတံပြိုင်းပြိုင်းဖြင့် ခြောက်သွေ့နေသည်။ ကျောင်းတော်ကြီးသည် အမိရင်ခွင်တွင် အိပ်စက်နေသည့် ကလေးတစ်ယောက်အလား တိတ်ဆိတ်ငြိမ်သက်နေ၏။
ကျွန်တော် ဆရာမ သယ်ခိုင်းသော စာအုပ်အပုံကြီးကို မနိုင်မနင်းသယ်လျက် ရာမညဆောင်ဘက်သို့ လျှောက်လာခဲ့သည်။ ကျောင်းရှေ့ကွင်းပြင်၌ ထုပ်စီးတိုးနေကျ ကလေးတစ်သိုက်မရှိ။ စာမေးပွဲကြီးနီးနေပြီဖြစ်သောကြောင့် ကလေးများပင် ဆော့ကစားရန် အချိန်မရှိတော့ပါ။ စာအုပ်ကိုယ်စီကိုင်လျက် အတန်းရှေ့ရှိ ခုံတန်းလျားလေးများတွင် တန်းစီထိုင်ကာ တတွတ်တွတ်နှင့် စာကျက်နေကြလေသည်။
ရာမညဆောင်ဘက်သို့ ရောက်သောအခါ အရှေ့ဘက်ဆုံးကျသည့် ကိုးတန်း(အေ)အဆောင်သို့ တန်း၍ သွားလိုက်သည်။ အတန်းရှေ့သို့ရောက်သောအခါ အတန်းဝင်နေသောဆရာကို ခွင့်တောင်း၍ ကျွန်တော် အတန်းထဲသို့ ဝင်လိုက်သည်။
"ဆရာမက ဒါလေးတွေ ပို့ခိုင်းလိုက်လို့ဗျ"
"အေးကွယ်၊ စားပွဲပေါ်ထားခဲ့"
ကျွန်တော် ဒုတိယခုံသို့ ဝေ့ခနဲ လှမ်းကြည့်မိသောအခါ မျက်စံနက်နှစ်ခုကို အလယ်သို့ကပ်၍ လျှာတစ်လစ်ထုတ်ကာ ကျွန်တော့်ကို ပြောင်ပြနေသော ကိုကိုလေးကို တွေ့လိုက်ရသည်။ ကျွန်တော် တစ်ချက် ပြုံးရယ်မိပြီးမှ မျက်နှာပြန်တည်ကာ လှည့်ထွက်လာခဲ့သည်။ ကိုကိုလေးထံသို့ လှည့်ကြည့် လှည့်ကြည့်ဖြင့် လမ်းလျှောက်လာသော ကျွန်တော်သည် တံခါးအပေါက်ဝ,သို့ ရောက်တော့ တစ်စုံတစ်ယောက်နှင့် ပခုံးချင်း ဝင်တိုက်မိ၏။ ကျွန်တော် ကမန်းကတမ်း တောင်းပန်မည်ပြုကာ ကြည့်လိုက်တော့...
"ဪ... ပန်းနု"
စိတ်ထဲတွင်တော့ ဂြိုဟ်ဆိုးမလေး၊ မကောင်းဆိုးဝါးမလေးဟု တွေးနေမိသည်။ သူ့ကြောင့် ကျွန်တော် ရန်တစ်ပွဲ နွဲထားရတာကို ကျွန်တော် မေ့မလား။ ထိုစဥ်က ကိုကိုလေး ရောက်လာလို့သာ ကျွန်တော် သက်သာခြင်းဖြစ်သည်။
"ဟယ်... အစ်ကိုမော်ကွန်း"
"အေး... ဝင်တိုက်မိလို့ ဆောရီး၊ ငါ သွားတော့မယ်"
"နေပါဦး အစ်ကိုရဲ့"
ကျွန်တော် စုတ်တစ်ချက် သပ်ကာ စိတ်ထဲတွင် ခပ်တိုးတိုး ဆဲရေးမိလိုက်သည်။ ဒီဟာမလေး ဘာတွေ အရစ်ရှည်ဦးမလို့လဲ။
"ဘာလို့လဲ"
"ပြောစရာရှိလို့"
"ငါ့မှာ မရှိဘူး"
ကျွန်တော် ခပ်ပြတ်ပြတ်ပြောကာ လှည့်ထွက်လိုက်တော့ ကလေးမက ကျွန်တော့်လက်ကို ဖျတ်ခနဲ လှမ်းဆွဲလေသည်။
"ဟေ့... ငါ မင့်ကောင်လေးနဲ့ စကားမများချင်ဘူး၊ ငါနဲ့ ဝေးဝေးနေ"
"ဟင်... ဘယ်ကကောင်လေးလဲ၊ ပန်းနုမှာ ကောင်လေး မရှိပါဘူး"
"မင်းကောင်လေးဖြစ်ဖြစ်၊ မင်းကို ကြိုက်တဲ့ ကောင်လေးဖြစ်ဖြစ် ငါ ထပ်ပြီး ပြဿနာ မတက်ချင်ဘူး"
ကျွန်တော် သူမ လှမ်းဆွဲထားသော လက်ကို ဖြုတ်ချလျှက် သွားရန်ဟန်ပြင်တော့ သူမက သူမလက်ထဲက အော်တိုစာအုပ်ကို ကမန်းကတမ်း ထိုးထည့်ပေးရင်း...
"ဒါလေးတော့ ရေးပေးပါ အစ်ကိုရယ်၊ ညီမ အစောကတည်းက အစ်ကို့ကို ရေးခိုင်းဖို့ ရည်ရွယ်ထားတာမို့"
"ကောင်းပြီ"
ကျွန်တော် သူမလက်ထဲမှ စာအုပ်ကို ခပ်ဆောင့်ဆောင့် ဆွဲယူလျက် ထွက်လာခဲ့၏။
အတန်းသို့ ပြန်ရောက်တော့ "ကောက်ရိုးပုံစောင့် ခွေးတစ်သိုက်"က ကျွန်တော့်ကို ခပ်ပေပေ ကြည့်လျက် အခန်းဝတွင် ရပ်နေတာကို တွေ့လိုက်ရသည်။ ကျွန်တော် ဘောင်းဘီဘေးအိတ်တွေထဲသို့ လက်ထိုးထည့်၍ ခါးကို မတ်ကာ မြောက်ကြွသော ခြေလှမ်းများဖြင့် အတန်းထဲသို့ ဝင်ရန် ဟန်ပြင်လိုက်သည်။ ထိုစဥ်မှာပင် ငနဲတစ်ကောင်က ကျွန်တော့်ရှေ့မှ ပိတ်ရပ်ပစ်လိုက်၏။ ကျွန်တော် စုတ်တစ်ချက်သပ်ကာ ခေါင်းကိုမော့လိုက်သည်။ အဟင်း... တစ်ပွဲတစ်လမ်းတော့ နွှဲရပေဦးမည်။
***
မနက္ခင္းသည္ ႏွင္းမႈန္တို႔ျဖင့္ စိုထိုင္းေန၏။ ပတ္ဝန္းက်င္သည္ ႏွင္းေငြ႕မ်ား ေဝ့ပ်ံလ်က္ မႈန္ရီဆိုင္း၍ မႈိင္းေနသည္။ ေရခဲေငြ႕ပါေသာေလကလည္း အ႐ိုးကြဲမတတ္ ေအးစိမ့္ေအာင္ အရပ္ေလးမ်က္ႏွာမွ တိုက္ခတ္ေနသည္။ ကြၽန္ေတာ္ ဟားခနဲ ပါးစပ္ဟ လိုက္ေသာအခါ အျဖဴေရာင္ အခိုးအေငြ႕မ်ား ပါးစပ္ထဲမွ အလိပ္လိုက္ ထ,ပ်ံသြားၾကသည္။ ေျခလွမ္းတို႔ကို ခပ္သြက္သြက္ ေလွ်ာက္လွမ္းလာရင္းမွ ဦးေလးေအာင္တို႔ အိမ္ေရွ႕သို႔ ေရာက္ေသာအခါ တုန္႔ခနဲ ရပ္ပစ္လိုက္ၿပီး ၿခံတံခါးမွ လူေခၚေခါင္းေလာင္းကို လႈပ္ယမ္းလ်က္ အသံေပးလိုက္သည္။
ခဏအၾကာ၌ အိမ္ထဲမွ မမ ေျပးထြက္လာၿပီး ကြၽန္ေတာ့္ကို တံခါးဖြင့္ေပးသည္။
"ဟယ္... ေမာ္ကြန္း၊ အေစာႀကီးပါလား"
"ဟုတ္တယ္ မမ၊ လမ္းေလွ်ာက္ရင္း လွည့္လာတာ... မမတို႔အိမ္မေရာက္တာ ၾကာလို႔"
မမက ၿခံတံခါးကို အဆုံးထိ ဆြဲဖြင့္ေပးလိုက္ေတာ့ ကြၽန္ေတာ္ အိမ္ထဲသို႔ ခပ္ျမန္ျမန္ ဝင္လိုက္ရင္း ေအးလြန္းေသာေၾကာင့္ တစ္ခ်က္ ညဥ္းလိုက္မိသည္။
"ေဖေဖ မႏိုးေသးဘူး"
"ဪ ... ေကာင္းတာေပါ့၊ ကြၽန္ေတာ္ မမကို ေမးစရာရွိတာနဲ႔ အေတာ္ပဲ"
ၿခံတံခါးေလး၏ ဘယ္ဘက္ရွိ ခုံတန္းေလးနံေဘးတြင္ ကြၽန္ေတာ္ အမ်ိဳးအမည္ မသိေသာ ပန္းမ်ား လွပစြာ ဖူးေဝလ်က္ တခ်ိဳ႕လည္း ႏွင္းေငြ႕႐ိုက္၍ စိုထိုင္းေနသည္။ မမက ခုံတန္းေလးတြင္ ဝင္ထိုင္လိုက္ေသာအခါ ကြၽန္ေတာ္လည္း အိမ္ထဲသို႔ တစ္ခ်က္ လွမ္းၾကည့္လိုက္ၿပီး မမေဘးတြင္ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ မမကို ကြၽန္ေတာ္ သိခ်င္သည္ကိုပင္ ခ်က္ခ်င္း တန္းေမးလိုက္၏။
"ဟိုတေန႔က ရန္ျဖစ္ၾကတယ္ဆို မမ၊ ဘာျဖစ္တာလဲ"
မမက ကြၽန္ေတာ့္ကို မၾကည့္ဘဲ မ်က္လႊာခ်လ်က္ သက္ျပင္းေလးတစ္ခ်က္ ခပ္ေလးေလးခ်ကာ "ဟုတ္တယ္"ဟု မွိန္ေဖ်ာ့ေဖ်ာ့ ေျဖေလသည္။
"ဘာျဖစ္ၾကတာလဲ"
"ေဖေဖနဲ႔ ေမေမနဲ႔ စကားမ်ားၾကတာပါ၊ သိပ္မထူးဆန္းပါဘူး၊ ခုေနာက္ပိုင္း ျဖစ္ေနၾကပဲေလ"
ခပ္ေဖ်ာ့ေဖ်ာ့ေလး ၿပဳံးထားေသာ္လည္း မမ၏ မ်က္လုံးမ်ားက ႏြမ္းေနသျဖင့္ ကြၽန္ေတာ္ အနည္းငယ္ စိတ္ပူလာသည္။ ကြၽန္ေတာ္ မလာျဖစ္သည့္ အေတာအတြင္း ဘာျပႆနာေတြမ်ား ရွိခဲ့လို႔လဲ။ မမ၏ ယခုလို အားေပ်ာ့ေနသေယာင္ ထိုင္းမႈိင္းေနသည့္ပုံစံကို ပထမဆုံးအႀကိမ္ ျမင္ရျခင္း ျဖစ္သည္။ အိမ္မိသားစု ျပႆနာဆိုေတာ့လည္း ကြၽန္ေတာ္ ဆက္ေမး၍ မေကာင္းေပ။
"နင္ေရာ ... ေနရတာ အဆင္ေျပရဲ႕လား"
"ေျပပါ့ ... ေယာက္ဖေလာင္းေလးက ဂ႐ုစိုက္တယ္ေလ"
ကြၽန္ေတာ္ မမကို ခပ္တည္တည္ မ်က္ႏွာထားျဖင့္ စ,ေနာက္လိုက္ေသာအခါ မမက ဟိုၾကည့္သည္ၾကည့္ျဖင့္ ေအာက္ႏႈတ္ခမ္းကို အသာဖိကိုက္လ်က္ ကြၽန္ေတာ့နား႐ြက္ကို ဆြဲလိမ္သည္။
"အား... လႊတ္လႊတ္၊ နာတယ္ဗ်"
ထိုအခါ မမက မ်က္ေစာင္းလွလွေလးတစ္ခ်က္ ထိုးလ်က္ မထိတထိေလး ၿပဳံးသည္။
"ကိုကိုေလးနဲ႔ မမနဲ႔ ဘယ္အေျခအေနေရာက္ၿပီလဲ"
"အဲ့တာ နင့္အစ္ကိုကို ေမးေပါ့"
"ဟင္... သူက မမကို ေမးဆိုလို႔"
"အဲ့ဒါဆို... မသိရေတာ့ဘူးလို႔ မွတ္လိုက္ေတာ့"
"ဟာ... လုပ္ပါ"
ကြၽန္ေတာ္ ႏွတ္ခမ္းကို ဂငယ္ပုံေကြးလ်က္ ခပ္ခြၽဲခြၽဲေလး ေျပာေတာ့ မမက လက္ေလွ်ာ့လိုက္ၿပီး ကြၽန္ေတာ့္ကို ေျပာျပသည္။
"ငါ သူ႔ကို အေျဖေပးၿပီးတာ မနက္ျဖန္ဆိုရင္ တစ္လျပည့္ၿပီ"
"ေဟာဗ်... ျမန္လိုက္တာ"
"ဒါေပမဲ့ သူနဲ႔ ငါနဲ႔က တစ္ပတ္မွာ တစ္ရက္ေတာင္ ေကာင္းေကာင္း မေတြ႕ရပါဘူးဟယ္၊ ေက်ာင္းမွာလည္း သူစိမ္းေတြလို ေနၾကတာ"
"ဪ... "
"စာေမးပြဲႀကီးၿပီးလို႔ ေက်ာင္းပိတ္ရက္ ေရာက္ရင္ေတာ့ စြန္႔စြန္႔စားစား အျပင္မွာ သြားေတြ႕ရမွာပဲ"
"မမ ကိုကိုေလးကို တကယ္ ခ်စ္လား"
တကယ္ဆို ထိုေမးခြန္းသည္ ကြၽန္ေတာ္နဲ႔ ဘာသက္ဆိုင္သလဲ။ လႊတ္ခနဲ ထြက္သြားမိသည္ကို ျပန္လည္ ထိးန္ခ်ဳပ္၍ မရေတာ့ဘဲ မမကိုသာ ေငးေမာေနမိလိုက္သည္။
"အင္း... "
ဘာေၾကာင့္ရယ္မွန္းမသိ မမ၏ အင္းဆိုေသာ စကားလုံးေလးေၾကာင့္ ကြၽန္ေတာ့္ရင္ထဲ နာက်င္မႈ တစ္ပိုင္းတစ္စ ရိပ္ခနဲ ျဖတ္ေျပးသြားသည္။ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကို ႀကိဳးစားေဆာက္တတည္ကာ ၿပဳံးလိုက္ရင္း...
"ဦးေလးေအာင္ ႏိုးၿပီထင္တယ္၊ ကြၽန္ေတာ္ အေပၚတက္သြားၾကည့္လိုက္မယ္"
မမက ခပ္သြက္သြက္ ေခါင္းညိတ္ျပေသာအခါ ကြၽန္ေတာ္လည္း အနည္းငယ္ပြင့္ဟေနေသာ အက်ႌဇစ္ကို လည္ပင္းအထိေရာက္ေအာင္ ဆြဲတင္လ်က္ အိမ္ထဲသို႔ ေျပးဝင္လာခဲ့သည္။ မမက ကြၽန္ေတာ့္ေနာက္မွ လိုက္မလာဘဲ ေနရာတြင္သာ ခပ္ေတြေတြေလး ထိုင္ေနခဲ့ေလသည္။
"ဦးေလးေအာင္... "
အထဲမွ လႈပ္ရွားသံမ်ား ၾကားရသျဖင့္ ဦးေလးေအာင္ ႏိုးေနၿပီဟု ယူဆကာ တံခါးကို ခပ္ဖြဖြ ေခါက္လိုက္သည္။ ခ်က္ခ်င္းပင္ တံခါးခ်ပ္ ကြၽီခနဲ ပြင့္သြားၿပီး ဦးေလးေအာင္က ကြၽန္ေတာ့္ကို ၿပဳံးရယ္လ်က္ ဆီးႀကိဳသည္။
"ဘာစိတ္ကူးေပါက္ၿပီး ေရာက္လာတာတုံး ေမာ္ကြန္းရ"
ကြၽန္ေတာ္ ရယ္က်ဲက်ဲျဖင့္ ကုတင္ေပၚ တက္ထိုင္လိုက္သည္။
"ဦးေလးေအာင္... ေနေကာင္းရဲ႕လား"
"ေကာင္းပါ့ဗ်ာ... "
ဦးေလးေအာင္က သူ႔စားပြဲခုံမွ ဖိုင္တြဲတခ်ိဳ႕ကို ဖြင့္ၾကည့္ေနရင္း...
"မင္းထင္အိမ္မွာ ေနရတာ အဆင္ေျပရဲ႕လား"
"ဟုတ္ကဲ့၊ ဆရာႀကီးက ဂ႐ုစိုက္ပါတယ္"
"အင္း... ေကာင္းတာေပါ့"
ကြၽန္ေတာ္ ဦးေလးေအာင္ကို ေမေမ့အမႈကိစၥႏွင့္ ပတ္သက္၍ တစ္ခုခု ေမးလိုက္ရမလား။ ကြၽန္ေတာ္ ကိုယ့္ဟာကိုယ္ တြန္႔ဆုတ္ေန၏။ ေပၚႏွစ္ဖက္ေပၚတြင္ တင္ထားေသာ လက္သီးကို ခပ္တင္းတင္း ဆုပ္ကာ ဦးေလးေအာင္ကို တည့္တည့္ ၾကည့္ေနမိလိုက္သည္။ ဦးေလးေအာင္က တစ္ခုခု ေျပာစရာရွိလို႔လား ဟူသည့္ ပုံစံမ်ိဳးျဖင့္ ေမးဆတ္ျပမွ ကြၽန္ေတာ္လည္း အားတင္းကာ ေမးခ်လိုက္သည္။
"ေမေမ့ကိစၥက ဘယ္လိုရွိလဲ ဦးေလးေအာင္"
ဦးေလးေအာင္က ခပ္ဖြဖြ ၿပဳံး၏။
"အခုအခ်ိန္မွာ အဲ့တာကို သားစိတ္ထဲထည့္မထားနဲ႔ဦး၊ စာေမးပြဲ နီးေနၿပီမလား၊ စာကိုပဲ အာ႐ုံစိုက္ထား"
ကြၽန္ေတာ္ ေခါင္းကို ခပ္ဆတ္ဆတ္ ညိတ္ျပလိုက္ေသာအခါ ဦးေလးေအာင္က ကြၽန္ေတာ့္ေခါင္းကို လက္ျဖင့္ ပြတ္သပ္ရင္း...
"ဒါေပမဲ့... အမွန္တရားကို ရင္ဆိုင္ႏိုင္ေအာင္ေတာ့ စိတ္ကို ႀကိဳတင္ျပင္ဆင္ထားပါ"
"ဟုတ္ကဲ့"
ကြၽန္ေတာ္ ဦးေလးေအာင္တို႔အိမ္မွ ျပန္ထြက္လာေသာအခါ မနက္ ရွစ္နာရီ ထိုးေနၿပီျဖစ္သည္။ ပတ္ဝန္းက်င္တြင္ ႏွင္းျမဴမ်ား လြင့္ျပယ္စ,အခ်ိန္ျဖစ္ၿပီး အေရွ႕အရပ္ဆီမွ ေနေရာင္ေႏြးေႏြးေလး ခပ္ေစာင္းေစာင္း က်ေနခ်ိန္ျဖစ္သည္။
လမ္းမႀကီးေပၚတြင္ ဆိုင္ကယ္မ်ား၊ ကားမ်ား ခပ္က်ဲက်ဲ သြားလာေနၾကၿပီး ဟြန္းသံမ်ိဳးစုံျဖင့္ မနက္ခင္းသည္ အသက္ဝင္လာသလို စိုျပည္ေနသည္။ အက်ႌေဘးအိတ္ေတြထဲသို႔ လက္ႏႈိက္ကာ အေျပးတပိုင္းႏွင့္ လမ္းေလွ်ာက္လာရင္းမွ 'လုံပန္'ေစ်းသို႔ ေရာက္ေသာအခါ ေစ်းထဲသို႔ ဝင္လ်က္ မုန္႔ဟင္းခါးတစ္ပြဲ ဝယ္စားကာ ဗိုက္ျဖည့္လိုက္သည္။ အိမ္သို႔ ျပန္ေရာက္ေသာအခါ ၈ နာရီ ခြဲေနၿပီျဖစ္၏။
ကြၽန္ေတာ္ ၿခံတံခါးကို အသံမျမည္ေအာင္ ညင္သာစြာ တြန္းဖြင့္လိုက္ရင္း အိမ္ထဲသို႔ ဝင္လာခဲ့သည္။ ဆရာႀကီးက ကြၽန္ေတာ့္ကိုေတြ႕ေတာ့ အံ့ၾသဝမ္းသာသြားၿပီး... "မိန္းမေရ... ေမာ္ကြန္း ျပန္လာၿပီေဟ့၊ စိတ္မပူနဲ႔ေတာ့" ဟု က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ေျပာေလသည္။ ကြၽန္ေတာ္လည္း အေပၚထပ္သို႔ တက္ရန္ဟန္ျပင္ေနေသာ ေျခလွမ္းမ်ားကို ရပ္ၿပီး ေၾကာင္အမ္းအမ္းျဖင့္ ေငးေနမိသည္။
"ဟယ္... ေတာ္ေသးတာေပါ့ သားရယ္"
ဆရာႀကီး၏ မိန္းမ အန္တီရေဝႏြယ္ကလည္း အေမာတပမ္း ေျပာလိုက္ေတာ့ ကြၽန္ေတာ္ ေယာင္နနျဖင့္ ေလွကားတစ္ထစ္ ျပန္ဆင္းၿပီး ေၾကာင္ေတာင္ေတာင္ ေငးေနမိသည္။
"ဟို... ဘာျဖစ္လို႔လဲ၊ သားက ဘာျဖစ္လို႔လဲ"
"သားကို အိမ္က ထြက္သြားၿပီ ထင္ေနတာ၊ မနက္ကတည္းက မေျပာမဆိုနဲ႔ ထြက္သြားေတာ့... "
"ေဟာဗ်... မဟုတ္ပါဘူး"
"တစ္အိမ္လုံး သားကို ရွာေန႔ၾကတာ တစ္မနက္လုံးပဲ၊ ကိုကိုေလးဆို အခုထိေတာင္ ျပန္မေရာက္ေသးဘူး"
"ကိုေလးက ဘယ္သြားတာလဲ"
"သားကို လိုက္ရွာဖို႔ဆိုၿပီး ထြက္သြားတာ သူ ႏိုးကတည္းကပဲ၊ မ်က္ႏွာေတာင္ သစ္မသြားဘူး"
"ေဟာဗ်ာ... "
ကြၽန္ေတာ့္ကို ကိုကိုေလး ဘယ္ေလာက္အထိ စိတ္ပူသြားေလာက္မလဲ။ ကြၽန္ေတာ္ အသိမေပးဘဲ ႐ုတ္တရက္ ထြက္သြားမိလိုက္သည့္ ကိုယ့္ကိုယ္ကို အျပစ္တင္မိသည္။ တစ္ဆက္တည္းမွာပင္ ကိုကိုေလးကို ပထမဆုံးအႀကိမ္ သနားသည့္ စိတ္မ်ားလည္း ဝင္လာ၏။
ကြၽန္ေတာ္ ႐ုတ္တရက္ အိမ္အျပင္သို႔ ေျပးထြက္သြားလိုက္ၿပီး ၿခံတံခါးကို ခပ္ျမန္ျမန္ ဆြဲဖြင့္ပစ္လိုက္သည္။ ၿခံတံခါးက ကြၽီခနဲ ပြင့္သြားၿပီး တံခါးတစ္ဘက္တြင္ ရပ္ေနေသာသူကို ႐ုတ္တရက္ ေတြ႕လိုက္ရ၏။
"ကိုကိုေလး... "
ကိုကိုေလးက ကြၽန္ေတာ့္ေရွ႕သို႔ လွစ္ခနဲ ေရာက္လာၿပီး ကြၽန္ေတာ့္ကို အားျဖင့္ တင္းက်ပ္စြာ ေပြ႕ဖက္လိုက္သည္။ ၿမဲၿမံလွေသာ လက္မ်ားၾကားတြင္ ကြၽန္ေတာ္ အသက္ျပင္းျပင္း ရႈလ်က္ ေတာင့္ေတာင့္ႀကီး ရပ္ေနမိသည္။ ကိုကိုေလးက ကြၽန္ေတာ့္ကို လြတ္ထြက္သြားမည္ကို စိုးရိမ္သည့္အလား တင္းသထက္ တင္းေအာင္ ဖက္ထားသည္။
"မင္းကို... မင္းကို ထြက္သြားၿပီ ထင္ေနတာ၊ အိမ္မွာ မေနခ်င္ေတာ့လို႔ ထြက္ေျပးသြားၿပီ ထင္ေနတာ"
ကိုကိုေလး၏ အသံ၌ စိုးရိမ္ပူပန္မႈတို႔ ေရာယွက္လ်က္ အဖ်ားတြင္ မသိမသာ တုန္ခါသြားသည္။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ ေနာက္ဆိုရင္ အဲ့လိုမ်ိဳး မေျပာမဆိုနဲ႔ ထြက္မသြားေတာ့ဘူးေနာ္"
ကိုကိုေလး၏ ေက်ာျပင္ကို ျပန္လည္ ေပြ႕ဖက္လ်က္ ေျပာမိ၏။
"မင္းသိလား၊ မင္း ငါ့အနား မရွိေတာ့ရင္ ငါ ဘာျဖစ္သြားမလဲ မသိဘူး၊ မင္းသာ ထြက္သြားရင္ ငါ ငါ ႐ူးသြားေလာက္တယ္၊ မင္းကို ဘယ္ေလာက္ခ်စ္မိေနလဲ ကိုယ့္ဟာကို သိလိုက္တယ္၊ ေက်းဇူးျပဳၿပီး ငါ့အနားက ဘယ္ေတာ့မွ ထြက္မသြားပါနဲ႔ေနာ္"
ကြၽန္ေတာ္ မ်က္ရည္မ်ား စိမ့္အိုင္ျပည့္လွ်ံလာၿပီး မငိုမိေအာင္ ထိန္းထားရသည္။
ကိုကိုေလးက ကြၽန္ေတာ့္ကို ခ်စ္သည္တဲ့... ။
ဒါေပမဲ့ ဘယ္လိုပုံစံမ်ိဳးနဲ႔လဲ။ သူ႔ရဲ႕ ေမြးစားညီေလးတစ္ေယာက္အေနနဲ႔လား။ ဒါမွမဟုတ္ ကြၽန္ေတာ္ ေမွ်ာ္လင့္ထားတဲ့ ပုံစံမ်ိဳးနဲ႔လား။
ကြၽန္ေတာ္ ေမးမည္ ဟန္ျပင္ၿပီးမွ ႏႈတ္ဆိတ္ ေနလိုက္ရသည္။
ကိုကိုေလးကို ခ်စ္မိျခင္းက ကြၽန္ေတာ့္အတြက္ေတာ့ အဆိုးဝါးဆုံး ျပစ္မႈတစ္ခုကို က်ဴးလြန္ေနေသာ အျပစ္သားတစ္ေယာက္လိုပဲ ... ။
အစ္မရဲ႕ ခ်စ္ရသူ...။
ကြၽန္ေတာ့္ရဲ႕ ေမြးစားအစ္ကို...။
ကံၾကမၼာက ႀကိဳတင္စီစဥ္ထားေသာ မခ်စ္သင့္သူစာရင္းတြင္ မင္းသဒၶိေမာင္ ဟူသည့္ ကိုကိုးေလး၏ နာမည္က ထိပ္ဆုံးက ပါေပလိမ့္မည္။
***
ေဆာင္း၏ အေအးဒဏ္ေၾကာင့္ သစ္ပင္တို႔တြင္ အ႐ိုးတံၿပိဳင္းၿပိဳင္းျဖင့္ ေျခာက္ေသြ႕ေနသည္။ ေက်ာင္းေတာ္ႀကီးသည္ အမိရင္ခြင္တြင္ အိပ္စက္ေနသည့္ ကေလးတစ္ေယာက္အလား တိတ္ဆိတ္ၿငိမ္သက္ေန၏။
ကြၽန္ေတာ္ ဆရာမ သယ္ခိုင္းေသာ စာအုပ္အပုံႀကီးကို မႏိုင္မနင္းသယ္လ်က္ ရာမညေဆာင္ဘက္သို႔ ေလွ်ာက္လာခဲ့သည္။ ေက်ာင္းေရွ႕ကြင္းျပင္၌ ထုပ္စီးတိုးေနက် ကေလးတစ္သိုက္မရွိ။ စာေမးပြဲႀကီးနီးေနၿပီျဖစ္ေသာေၾကာင့္ ကေလးမ်ားပင္ ေဆာ့ကစားရန္ အခ်ိန္မရွိေတာ့ပါ။ စာအုပ္ကိုယ္စီကိုင္လ်က္ အတန္းေရွ႕ရွိ ခုံတန္းလ်ားေလးမ်ားတြင္ တန္းစီထိုင္ကာ တတြတ္တြတ္ႏွင့္ စာက်က္ေနၾကေလသည္။
ရာမညေဆာင္ဘက္သို႔ ေရာက္ေသာအခါ အေရွ႕ဘက္ဆုံးက်သည့္ ကိုးတန္း(ေအ)အေဆာင္သို႔ တန္း၍ သြားလိုက္သည္။ အတန္းေရွ႕သို႔ေရာက္ေသာအခါ အတန္းဝင္ေနေသာဆရာကို ခြင့္ေတာင္း၍ ကြၽန္ေတာ္ အတန္းထဲသို႔ ဝင္လိုက္သည္။
"ဆရာမက ဒါေလးေတြ ပို႔ခိုင္းလိုက္လို႔ဗ်"
"ေအးကြယ္၊ စားပြဲေပၚထားခဲ့"
ကြၽန္ေတာ္ ဒုတိယခုံသို႔ ေဝ့ခနဲ လွမ္းၾကည့္မိေသာအခါ မ်က္စံနက္ႏွစ္ခုကို အလယ္သို႔ကပ္၍ လွ်ာတစ္လစ္ထုတ္ကာ ကြၽန္ေတာ့္ကို ေျပာင္ျပေနေသာ ကိုကိုေလးကို ေတြ႕လိုက္ရသည္။ ကြၽန္ေတာ္ တစ္ခ်က္ ၿပဳံးရယ္မိၿပီးမွ မ်က္ႏွာျပန္တည္ကာ လွည့္ထြက္လာခဲ့သည္။ ကိုကိုေလးထံသို႔ လွည့္ၾကည့္ လွည့္ၾကည့္ျဖင့္ လမ္းေလွ်ာက္လာေသာ ကြၽန္ေတာ္သည္ တံခါးအေပါက္ဝ,သို႔ ေရာက္ေတာ့ တစ္စုံတစ္ေယာက္ႏွင့္ ပခုံးခ်င္း ဝင္တိုက္မိ၏။ ကြၽန္ေတာ္ ကမန္းကတမ္း ေတာင္းပန္မည္ျပဳကာ ၾကည့္လိုက္ေတာ့...
"ဪ... ပန္းႏု"
စိတ္ထဲတြင္ေတာ့ ၿဂိဳဟ္ဆိုးမေလး၊ မေကာင္းဆိုးဝါးမေလးဟု ေတြးေနမိသည္။ သူ႔ေၾကာင့္ ကြၽန္ေတာ္ ရန္တစ္ပြဲ ႏြဲထားရတာကို ကြၽန္ေတာ္ ေမ့မလား။ ထိုစဥ္က ကိုကိုေလး ေရာက္လာလို႔သာ ကြၽန္ေတာ္ သက္သာျခင္းျဖစ္သည္။
"ဟယ္... အစ္ကိုေမာ္ကြန္း"
"ေအး... ဝင္တိုက္မိလို႔ ေဆာရီး၊ ငါ သြားေတာ့မယ္"
"ေနပါဦး အစ္ကိုရဲ႕"
ကြၽန္ေတာ္ စုတ္တစ္ခ်က္ သပ္ကာ စိတ္ထဲတြင္ ခပ္တိုးတိုး ဆဲေရးမိလိုက္သည္။ ဒီဟာမေလး ဘာေတြ အရစ္ရွည္ဦးမလို႔လဲ။
"ဘာလို႔လဲ"
"ေျပာစရာရွိလို႔"
"ငါ့မွာ မရွိဘူး"
ကြၽန္ေတာ္ ခပ္ျပတ္ျပတ္ေျပာကာ လွည့္ထြက္လိုက္ေတာ့ ကေလးမက ကြၽန္ေတာ့္လက္ကို ဖ်တ္ခနဲ လွမ္းဆြဲေလသည္။
"ေဟ့... ငါ မင့္ေကာင္ေလးနဲ႔ စကားမမ်ားခ်င္ဘူး၊ ငါနဲ႔ ေဝးေဝးေန"
"ဟင္... ဘယ္ကေကာင္ေလးလဲ၊ ပန္းႏုမွာ ေကာင္ေလး မရွိပါဘူး"
"မင္းေကာင္ေလးျဖစ္ျဖစ္၊ မင္းကို ႀကိဳက္တဲ့ ေကာင္ေလးျဖစ္ျဖစ္ ငါ ထပ္ၿပီး ျပႆနာ မတက္ခ်င္ဘူး"
ကြၽန္ေတာ္ သူမ လွမ္းဆြဲထားေသာ လက္ကို ျဖဳတ္ခ်လွ်က္ သြားရန္ဟန္ျပင္ေတာ့ သူမက သူမလက္ထဲက ေအာ္တိုစာအုပ္ကို ကမန္းကတမ္း ထိုးထည့္ေပးရင္း...
"ဒါေလးေတာ့ ေရးေပးပါ အစ္ကိုရယ္၊ ညီမ အေစာကတည္းက အစ္ကို႔ကို ေရးခိုင္းဖို႔ ရည္႐ြယ္ထားတာမို႔"
"ေကာင္းၿပီ"
ကြၽန္ေတာ္ သူမလက္ထဲမွ စာအုပ္ကို ခပ္ေဆာင့္ေဆာင့္ ဆြဲယူလ်က္ ထြက္လာခဲ့၏။
အတန္းသို႔ ျပန္ေရာက္ေတာ့ "ေကာက္႐ိုးပုံေစာင့္ ေခြးတစ္သိုက္"က ကြၽန္ေတာ့္ကို ခပ္ေပေပ ၾကည့္လ်က္ အခန္းဝတြင္ ရပ္ေနတာကို ေတြ႕လိုက္ရသည္။ ကြၽန္ေတာ္ ေဘာင္းဘီေဘးအိတ္ေတြထဲသို႔ လက္ထိုးထည့္၍ ခါးကို မတ္ကာ ေျမာက္ႂကြေသာ ေျခလွမ္းမ်ားျဖင့္ အတန္းထဲသို႔ ဝင္ရန္ ဟန္ျပင္လိုက္သည္။ ထိုစဥ္မွာပင္ ငနဲတစ္ေကာင္က ကြၽန္ေတာ့္ေရွ႕မွ ပိတ္ရပ္ပစ္လိုက္၏။ ကြၽန္ေတာ္ စုတ္တစ္ခ်က္သပ္ကာ ေခါင္းကိုေမာ့လိုက္သည္။ အဟင္း... တစ္ပြဲတစ္လမ္းေတာ့ ႏႊဲရေပဦးမည္။
***