အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

234K 44.5K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
274
275
276
277
278
279 - End
Hello~~

273

2K 377 52
By Melinoe_Megami

Unicode

ရှဲ့ချင်းလန်သည် ကမ္ဘာမြေ(earth) သို့မသွားခင် သေချာလေ့လာထားသဖြင့် နည်းပညာအဆင့်မြင့်သော ဤလူ့အဖွဲ့အစည်းအကြောင်း သိနေပြီးဖြစ်၏။

ထို့ကြောင့် ‘အသက်တံခါး’ထဲ ဝင်လိုက်သည်နှင့် ကားအတွင်းပိုင်း ခရီးသည်ထိုင်ခုံပေါ် တန်းရောက်သွားပါသော်လည်း အံ့ဩဟန်မပြပေ။ ထိုအစား ခေတ်ကာလနှင့် လိုက်ဖက်ညီအောင် အဝတ်အစားအပြင်အဆင် ပြောင်းလဲလိုက်သေးသည်။

ခြူးမုယွင်က စတီယာရင်ကိုထိန်းရင်း သူ့ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့်ပင် ဆက်ကြည့်ချင်စိတ် ထိန်းမရအောင် ဖြစ်သွားရ၏။ လှရက်လွန်းသော ထိုမြင်ကွင်းကြောင့် ကားမတော်တဆ ထပ်ဖြစ်လျှင်ပင် တန်သည်။

ရှဲ့ချင်းလန်သည် <<နတ်ဆိုးတိုင်းပြည်>> ကမ္ဘာတွင် အနီရောင်ဝတ်ရုံရှည်ကိုသာ အမြဲဝတ်ဆင်တတ်ပြီး ကလူ၏သို့မြူ၏သို့ ပုံစံလေးကြောင့် ညှို့ယူဖမ်းစားတတ်သော နတ်ဆိုးတစ်ကောင်နှယ်။

သို့သော် ကမ္ဘာမြေသို့ ရောက်သောအခါ လိုက်လျောညီထွေ ပြောင်းလဲဝတ်ဆင်ခဲ့သည်။ အညိုရင့်ရင့်ရှပ်အင်္ကျီကို အညိုရောင် vest ဖြင့် တွဲဝတ်ထားပြီး အညိုဖျော့ဖျော့ကုတ်အင်္ကျီကို အပေါ်မှထပ်ထားသည်။ အရောင်အတွဲအစပ်က အတွင်းပိုင်းမှ အပြင်ဘက်သို့ ဖြည်းဖြည်းချင်း အရောင်နုသွားသဖြင့် အလှအိတ်တစ်လုံးနှယ်၊ ထိုဝတ်စုံအောက်တွင် မည်မျှ sexy ကျသော ခန္ဓာကိုယ်အချိုးအစားမျိုး ရှိနေလိမ့်မလဲဟူ၍ တစ်လွှာချင်း ဖွင့်ကြည့်ချင်လာအောင် မြင်ရသူတိုင်းကို ညှို့ယူစေစားနေတော့သည်။

ရှဲ့ချင်းလန်သည် ခြူးမုယွင်၏အကြည့်ကို သတိထားမိသဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ထို့နောက် ရွှေရောင်နှင်းဆီကလစ်ကို နက်ကတိုင်ပေါ်တွင် တပ်လိုက်သည်။

ခြူးမုယွင်က အကြည့်မလွှဲဘဲ ပြောသည်။ : “ပျံတံတံနန့်တန့်တန့်နဲ့..”

ရှဲ့ချင်းလန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး.. : “မင်းဝတ်ထားတဲ့ပုံစံအတိုင်း ပြောင်းလိုက်တာလေ..”

ခြူးမုယွင်မှာ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်မိရင်း.. : “……….”

ရှဲ့ချင်းလန်က ပြုံးလိုက်ပြီး နောက်ထပ်အကွက်တစ်ခု ထပ်ထုတ်လာပြန်သည်။ သူက ဘယ်ဘက်နားရွက်ပေါ်တွင် နှင်းဆီသဏ္ဌာန် ရွှေနားကပ်ကို ဝတ်ဆင်လိုက်ပြီး.. : “ကြည့်လို့ကောင်းလား..?”

ခြူးမုယွင်၏ စတီယာရင်ကိုင်ထားသည့်လက်က အနည်းငယ် တင်းကျပ်သွား၏။ ကားရပ်၍ ထိုအမျိုးသား၏ အင်္ကျီကိုချွတ်၊ နားသန်သီးလေးအား လျက်ပစ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားလိုက်ရသည်။

ခြူးမုယွင်က ဘာမှမပြောသော်လည်း နောက်မှာထိုင်နေသည့် Zero လေးက ချီးမွမ်းခန်းဖွင့်လာသည်။ : “ချောလိုက်တာ..!”

ရှဲ့ချင်းလန်က Zero လေး အမြင်ရှိကြောင်း ပြောတော့မည်အလုပ် Zero လေးက ထပ်ပြောသည်။ : “ရုပ်ရှင်မင်းသမီးထက်တောင် ပိုလှသေးတယ်..!”

ရှဲ့ချင်းလန် : “………..”

ခြူးမုယွင်၏ နှုတ်ခမ်းထောင့်က မသိမသာ ကော့တက်သွားပြီး ကလေးလိမ္မာလေး Zero ကို စိတ်ထဲမှ ကြိတ်ကာ ချီးမွမ်းလိုက်သည်။

သို့သော် Zero လေးက ဆက်ပြောလာပြန်သည်။ : “ဒါပေမဲ့ အားယွင်ရဲ့အလှကိုတော့ ဘယ်သူမှ မယှဉ်နိုင်ဘူး..!”

လေအေးများတိုက်ခတ်နေသည့် လမ်းဘေးတစ်နေရာဝယ် မိဘနှစ်ပါး၏ စွန့်ပစ်ခံလိုက်ရသော Zero လေးခမျာ စကားပြောမှား၍ နှစ်ယောက်တစ်ကမ္ဘာမှ ကန်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဘယ်သောအခါမှ နားလည်ရှာမည်မဟုတ်ပေ။

Zero : QAQ!

ခြူးမုယွင်သည် အချက်မပေးဘာမပေးဖြင့် ကားကို အရှိန်တင်ကာ မောင်းထွက်သွားပြီး ချောင်ကျသည့် တစ်နေရာအရောက် ဘရိတ်ဆောင့်နင်းလိုက်သည်။

ပုံမှန်အားဖြင့် ဤမျှအရှိန်ပြင်းလျှင် ရင်ဘတ်မှာသိုင်းပတ်ထားသည့် ထိုင်ခုံခါးပတ်ကြောင့် ရင်ဘတ် နာသွားနိုင်သည်။ သို့သော် သူတို့က လူသားများမဟုတ်သဖြင့် ဘာပြဿနာမှမရှိ။

ခြူးမုယွင်က ထိုင်ခုံခါးပတ်ကို ချွတ်လိုက်၏။ ပြီးနောက် တစ်ဖက်လှည့်ကာ ရှဲ့ချင်းလန်၏ နက်ကတိုင်ကို ဆောင့်ဆွဲပြီး နမ်းတော့သည်။

ရှဲ့ချင်းလန်ကလည်း အားကျမခံ၊ မန္တန်တစ်ခုရွတ်၍ ထိုင်ခုံကို နောက်လျှောအောင် လုပ်လိုက်သည်။ ပြီးနောက် သူ၏ ခြေတံရှည်များဖြင့် ခြူးမုယွင်၏ ခြေထောက်နှစ်ဖက်ကြား နေရာဝင်ယူလိုက်သည်။

ခြူးမုယွင်က ရှဲ့ချင်းလန်၏ နားရွက်ကို တစ်ချက်ကိုက်လိုက်ပြီး ရှဲ့ချင်းလန်က အပြုံးလေးဖြင့် မေးသည်။ : “ကိုယ့်ကို စားချင်လို့လား..?”

ခြူးမုယွင်က ရွှတ်နောက်နောက်လေး ပြန်ဖြေသည်။ : “စားချင်တာပေါ့..”

ရှဲ့ချင်းလန်က ခြူးမုယွင်၏ ခြေထောက်နှစ်ဖက်ကို ခွဲပြီး တိုးဝင်တော့မည့်အချိန်…

“တောင်..!” ဖုန်းမှ အသံတစ်ချက်ထွက်လာသည်။ မက်ဆေ့ဝင်တာ ဖြစ်နိုင်သည်။

ယခုလိုအချိန်မျိုးတွင် မည်သူကများ မက်ဆေ့ဝင်သည်ကို ဂရုစိုက်နိုင်ဦးမည်နည်း။ ခြူးမုယွင်က ဖုန်းသံကို လျစ်လျူရှုကာ.. “ဝင်တော့..”

ရှဲ့ချင်းလန်က ဆက်တိုးမည်အလုပ် ဖုန်းက နောက်တစ်ကြိမ် အသံမြည်လာပြန်သည်။

ပြီးနောက် နောက်ထပ် စာဝင်သံတစ်ခု။

နောက်ထပ်..

နောက်ထပ်..

ဆက်တိုက် အသံမြည်နေသဖြင့် လျစ်လျူရှုမရတော့ပေ။

ခြူးမုယွင်သည် ထိုင်ခုံပေါ်တွင် ဖိကပ်ခံထားရသဖြင့် ဖုန်းကို လှမ်းမယူနိုင်ပေ။

ရှဲ့ချင်းလန်က လှမ်းယူလိုက်သည်။ Screen ကို တစ်ချက်ကြည့်ပြီးနောက် မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားတော့သည်။

ခြူးမုယွင်မှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက မှတ်ဉာဏ်များကို ပြန်စဉ်းစားကြည့်ရင်း ရုတ်တရက် သတိပြန်ရသွားချိန် အသံတိတ် အော်လိုက်မိသည်။

သေပြီ..!

ခြူးမုယွင်လည်း ဖုန်းကို အမြန်လုလိုက်၏။ သို့သော် ရှဲ့ချင်းလန်က အေးစက်စက်မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်နေချေပြီ။

ခြူးမုယွင်ခမျာ သက်ပြင်းရှိုက်လိုက်မိသည်။

ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားဘူး..!

“ချင်းလန်..” ညောင်နာနာအသံလေးဖြင့် ရှဲ့ချင်းလန်ကို ခေါ်လိုက်သည်။

ရှဲ့ချင်းလန်က အသံနိမ့်နိမ့်ဖြင့် ဖတ်ပြလာသည်။ : “အစ်ကိုခြူး.. ကျွန်တော့်ရဲ့သူငယ်ချင်းလည်း လာချင်တယ်တဲ့.. အတူပျော်လို့ရလား..?”

“သူက အသန့်လေးနော်.. ဒီနှစ်မှ ဘွဲ့ရထားတာ.. ဓာတ်ပုံပို့ပေးလိုက်မယ်..”

ထို့နောက် ဓာတ်ပုံတစ်ပုံ ပို့ထားသည်။

ဤတစ်ကြိမ်တော့ ရှဲ့ချင်းလန်က စာမဖတ်ဘဲ တိုက်ရိုက်ပြလာသည်။

ချစ်စရာကောင်းသည့် ဖြူဖြူသွယ်သွယ် ကောင်လေးနှစ်ယောက်၏ ပုံက Screen အပြည့် နေရာယူသွားပြီး ခါးသွယ်သွယ်လေးများဖြင့် ပင့်ထားသည့် တင်ပါးမှ ရေစက်လက်ကျနေလေသည်။

ခြူးမုယွင်မှာ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။ အရာအားလုံး ရှင်းလင်းနေပြီဖြစ်၍ လုံးဝငြင်းမရတော့ပေ။

ရှဲ့ချင်းလန်က ခရီးသည်ထိုင်ခုံဆီ ပြန်သွားသည်။ ပြီးနောက် ဖုန်းကိုကိုင်ထားပြီး မျက်နှာသေဖြင့် ပြောလာသည်။ : “အိမ်ပြန်မယ်..”

ခြူးမုယွင်လည်း သက်ပြင်းရှိုက်ကာ ကားကို နောက်ပြန်လှည့်ပြီး သူ၏တိုက်ခန်းရှိရာသို့ မောင်းရတော့သည်။

ရှဲ့ချင်းလန်က တစ်လမ်းလုံး တိတ်ဆိတ်နေလေပြီး ဖုန်းကိုသာ အတွင်းအပြင်မကျန် ကြည့်နေခဲ့သည်။

ထိုအခိုက် ခြူးမုယွင်၏ ထိပ်တန်းမှတ်ဉာဏ်ကြီးက ပြန်လည်အသက်ဝင်လာသည်။ ဤဖုန်းသည် သူ၏ အသက်ပင်ဖြစ်၏။ အမ်း.. ကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့စဉ်က သူလုပ်ခဲ့သမျှ အရှုပ်အထွေးအားလုံးကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်။

ခြူးမုယွင်သည် ချစ်သူရှိလာလိမ့်မည်ဟု မထင်ထားသောကြောင့် ထိုကိစ္စများကို သိပ်ဂရုမစိုက်ပေ။ ဘယ်သူမြင်မြင် ဂရုမစိုက်သောကြောင့်လည်း ဖုန်းကို တစ်ခါမျှ မရှင်းလင်းဖူးပေ။

သို့သော် ယခုတော့ ရှဲ့ချင်းလန်က…

ခြူးမုယွင် ခေါင်းကိုက်လာသည်။ ဤကံဆိုးမှုကြီးကြောင့် သေသွားနိုင်မှန်း သူ သိနေပါသော်လည်း…

ဘယ်သူထင်ထားခဲ့မှာလဲလို့… အာ…

ကမ္ဘာမြေပေါ် အလည်လာသည့် ချိုမြိန်သော အချစ်ခရီးလေးလည်း ဆန့်ကျင်ဘက်ဖြစ်သွားချေပြီ။ မြေအောက်ကားပါကင်တွင် ကားရပ်လိုက်သည်နှင့် ရှဲ့ချင်းလန်သည် ကားပေါ်မှ အရင်ဆင်းပြီး လုံးဝပြန်မလှည့်ကြည့်ဘဲ ဓာတ်လှေကားသို့ လျှောက်သွားသည်။

ခြူးမုယွင်လည်း အနောက်မှ အမြန်လိုက်သွားသဖြင့် ဓာတ်လှေကားတစ်စီးတည်း စီးလိုက်နိုင်သည်။

ဓာတ်လှေကားထဲတွင် လူနှစ်ယောက်သာရှိပြီး တစ်ယောက်အသက်ရှူသံကိုပင် ကျန်တစ်ယောက်က ကြားနိုင်သည်။ သို့သော် ရှဲ့ချင်းလန်က စကားမပြောသဖြင့် ခြူးမုယွင်မှာ ငုံးပေါက်လေးလို ငြိမ်ကုပ်နေရသည်။

အပေါ်ရောက်ပြီးနောက် ရှဲ့ချင်းလန်က ခြူးမုယွင်ကို မစောင့်ဘဲ တိုက်ခန်းတံခါးကိုဖွင့်ကာ တန်းဝင်သွားသည်။

တိုက်ခန်းထဲတွင် နေရောင်ခြည်ဖြာကျနေသဖြင့် ဆောင်းဦးကာလဖြစ်သလို အပူပေးစက်မဖွင့်ထားသော်ငြား နည်းနည်းလေးမျှ မအေးချေ။

ရှဲ့ချင်းလန်က အပေါ်ထပ်ချွတ်ပြီး တင်းကျပ်နေသည့် နက်ကတိုင်ကို လျော့လိုက်သည်။ ပြီးနောက် ဖိနပ်လဲစီးကာ ဆိုဖာပေါ် ဝင်ထိုင်လိုက်သည်။

ခြူးမုယွင်က အသံတိုးတိုးလေးဖြင့်.. : “ရေသောက်မလား..”

ရှဲ့ချင်းလန်၏အသံက အက်ရှနေသည်။ : “ဒီနားလာ..”

ခြူးမုယွင် လျှောက်သွားသည်။

ရှဲ့ချင်းလန်က မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရန် မေးဆက်ပြလာသည်။

ခြူးမုယွင်မှာ IQ အလွန်မြင့်သော်ငြား လက်ရှိအခြေအနေမှာတော့ မည်သည့်နည်းလမ်းကောင်းမျှ မစဉ်းစားနိုင်တော့ပေ။ သို့သော် သူ့အမှားဖြစ်၍ အရင်ဆုံး တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ်..”

ရှဲ့ချင်းလန်၏ မျက်နှာက အပြောင်းအလဲမရှိ။ သူက ဖုန်းကိုင်ပြီး ရေခဲရုပ်ထုသဖွယ် တုတ်တုတ်မလှုပ် ထိုင်နေသည်။

ခြူးမုယွင်က သက်ပြင်းဖွဖွချကာ ဆက်ပြောသည်။ : “ကမ္ဘာမြေမှာနေတုန်းက အတိတ်အကြောင်းတွေ မမှတ်မိသေးလို့ပါ.. အဲတာကြောင့်…….”

သူပြောလို့မဆုံးခင်မှာပင် ရှဲ့ချင်းလန်က ဖြတ်ပြောသည်။ : “နတ်ဆိုးတိုင်းပြည်မှာတုန်းက ကိုယ်လည်း မင်းကို မမှတ်မိခဲ့ပါဘူး..”

ခြူးမုယွင်မှာ အနည်းငယ် ကျောမတ်သွားသည်။

ရှဲ့ချင်းလန်က ဆက်ပြောလာသည်။ : “ဒါပေမဲ့ တခြားဘယ်သူ့ကိုမှ မထိခဲ့ဘူး..”

ခြူးမုယွင်၏ မျက်ဝန်းအိမ်ထဲတွင် အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားလေ၏။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..? နှစ်တစ်သောင်းနီးပါးတောင် သူတို့…

သူ၏မျက်ဝန်းထဲမှ အံ့ဩရိပ်ကို မြင်လိုက်ရသောအခါ ရှဲ့ချင်းလန်မှာ ခေါင်းမယမ်းဘဲ မနေနိုင်တော့ပေ။

ခြူးမုယွင်လည်း ရင်ထဲမကောင်းဖြစ်လာသည်။

ရှဲ့ချင်းလန်က သူ့ကို ဆောင့်ဆွဲကာ ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားပြီး မသဲမကွဲ ရေရွတ်သည်။

“မင်း…. ကွာ…”

ထိုစကားလုံးလေးနှစ်လုံးကြောင့် ခြူးမုယွင်၏ရင်ထဲ နာကျင်လွန်း၍ ထုံထိုင်းသွားရသည်အထိ။

‘တောင်းပန်ပါတယ်’ ဟူသည့်စကားလုံးကို သူ၏နှုတ်မှ ထပ်မပြောဝံ့အောင်ပင်။ တစ်ဘဝလုံး ပြန်ပေးဆပ်ပါမည်ဟု ပြောခဲ့သော်ငြား လုံလုံလောက်လောက် ပြန်ပေးဆပ်နိုင်ပါ့မလား တကယ့်ကို မသိတော့ချေ။

နွေးထွေးလင်းထင်းနေသည့် အခန်းထဲဝယ် နှစ်ယောက်သား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့သည်။

အဆုံးမှာတော့ ခြူးမုယွင်သည် ပါးစပ်ပွင့်လာပြီး အရေးကြီးဆုံး စကားတစ်ခွန်းကို ပြောခဲ့သည်။

“ငါ မင်းကို ချစ်တယ်..”

…………………………………

TN : ဒီနေ့ကစပြီး ဇာတ်သိမ်းထိ တစ်ရက်တစ်ပိုင်း ပုံမှန်တင်ပေးသွားပါမယ်။

…………………………………

Zawgyi

ရွဲ႕ခ်င္းလန္သည္ ကမာၻေျမ(earth) သို႔မသြားခင္ ေသခ်ာေလ့လာထားသျဖင့္ နည္းပညာအဆင့္ျမင့္ေသာ ဤလူ႔အဖြဲ႕အစည္းအေၾကာင္း သိေနၿပီးျဖစ္၏။

ထို႔ေၾကာင့္ ‘အသက္တံခါး’ထဲ ဝင္လိုက္သည္ႏွင့္ ကားအတြင္းပိုင္း ခရီးသည္ထိုင္ခုံေပၚ တန္းေရာက္သြားပါေသာ္လည္း အံ့ဩဟန္မျပေပ။ ထိုအစား ေခတ္ကာလႏွင့္ လိုက္ဖက္ညီေအာင္ အဝတ္အစားအျပင္အဆင္ ေျပာင္းလဲလိုက္ေသးသည္။

ျခဴးမုယြင္က စတီယာရင္ကိုထိန္းရင္း သူ႔ကို တစ္ခ်က္ငဲ့ၾကည့္လိုက္သည္။ အၾကည့္တစ္ခ်က္ျဖင့္ပင္ ဆက္ၾကည့္ခ်င္စိတ္ ထိန္းမရေအာင္ ျဖစ္သြားရ၏။ လွရက္လြန္းေသာ ထိုျမင္ကြင္းေၾကာင့္ ကားမေတာ္တဆ ထပ္ျဖစ္လွ်င္ပင္ တန္သည္။

ရွဲ႕ခ်င္းလန္သည္ <<နတ္ဆိုးတိုင္းျပည္>> ကမာၻတြင္ အနီေရာင္ဝတ္႐ုံရွည္ကိုသာ အၿမဲဝတ္ဆင္တတ္ၿပီး ကလူ၏သို႔ျမဴ၏သို႔ ပုံစံေလးေၾကာင့္ ညႇိဳ႕ယူဖမ္းစားတတ္ေသာ နတ္ဆိုးတစ္ေကာင္ႏွယ္။

သို႔ေသာ္ ကမာၻေျမသို႔ ေရာက္ေသာအခါ လိုက္ေလ်ာညီေထြ ေျပာင္းလဲဝတ္ဆင္ခဲ့သည္။ အညိဳရင့္ရင့္ရွပ္အက်ႌကို အညိဳေရာင္ vest ျဖင့္ တြဲဝတ္ထားၿပီး အညိဳေဖ်ာ့ေဖ်ာ့ကုတ္အက်ႌကို အေပၚမွထပ္ထားသည္။ အေရာင္အတြဲအစပ္က အတြင္းပိုင္းမွ အျပင္ဘက္သို႔ ျဖည္းျဖည္းခ်င္း အေရာင္ႏုသြားသျဖင့္ အလွအိတ္တစ္လုံးႏွယ္၊ ထိုဝတ္စုံေအာက္တြင္ မည္မွ် sexy က်ေသာ ခႏၶာကိုယ္အခ်ိဳးအစားမ်ိဳး ရွိေနလိမ့္မလဲဟူ၍ တစ္လႊာခ်င္း ဖြင့္ၾကည့္ခ်င္လာေအာင္ ျမင္ရသူတိုင္းကို ညႇိဳ႕ယူေစစားေနေတာ့သည္။

ရွဲ႕ခ်င္းလန္သည္ ျခဴးမုယြင္၏အၾကည့္ကို သတိထားမိသျဖင့္ အနည္းငယ္ စိတ္လႈပ္ရွားသြားသည္။ ထို႔ေနာက္ ေ႐ႊေရာင္ႏွင္းဆီကလစ္ကို နက္ကတိုင္ေပၚတြင္ တပ္လိုက္သည္။

ျခဴးမုယြင္က အၾကည့္မလႊဲဘဲ ေျပာသည္။ : “ပ်ံတံတံနန႔္တန႔္တန႔္နဲ႔..”

ရွဲ႕ခ်င္းလန္က အဓိပၸါယ္ပါပါ ၿပဳံးလိုက္ၿပီး.. : “မင္းဝတ္ထားတဲ့ပုံစံအတိုင္း ေျပာင္းလိုက္တာေလ..”

ျခဴးမုယြင္မွာ သူ႔ကိုယ္သူ ျပန္ငုံ႔ၾကည့္မိရင္း.. : “……….”

ရွဲ႕ခ်င္းလန္က ၿပဳံးလိုက္ၿပီး ေနာက္ထပ္အကြက္တစ္ခု ထပ္ထုတ္လာျပန္သည္။ သူက ဘယ္ဘက္နား႐ြက္ေပၚတြင္ ႏွင္းဆီသဏၭာန္ ေ႐ႊနားကပ္ကို ဝတ္ဆင္လိုက္ၿပီး.. : “ၾကည့္လို႔ေကာင္းလား..?”

ျခဴးမုယြင္၏ စတီယာရင္ကိုင္ထားသည့္လက္က အနည္းငယ္ တင္းက်ပ္သြား၏။ ကားရပ္၍ ထိုအမ်ိဳးသား၏ အက်ႌကိုခြၽတ္၊ နားသန္သီးေလးအား လ်က္ပစ္ခ်င္စိတ္ကို မနည္းထိန္းခ်ဳပ္ထားလိုက္ရသည္။

ျခဴးမုယြင္က ဘာမွမေျပာေသာ္လည္း ေနာက္မွာထိုင္ေနသည့္ Zero ေလးက ခ်ီးမြမ္းခန္းဖြင့္လာသည္။ : “ေခ်ာလိုက္တာ..!”

ရွဲ႕ခ်င္းလန္က Zero ေလး အျမင္ရွိေၾကာင္း ေျပာေတာ့မည္အလုပ္ Zero ေလးက ထပ္ေျပာသည္။ : “႐ုပ္ရွင္မင္းသမီးထက္ေတာင္ ပိုလွေသးတယ္..!”

ရွဲ႕ခ်င္းလန္ : “………..”

ျခဴးမုယြင္၏ ႏႈတ္ခမ္းေထာင့္က မသိမသာ ေကာ့တက္သြားၿပီး ကေလးလိမၼာေလး Zero ကို စိတ္ထဲမွ ႀကိတ္ကာ ခ်ီးမြမ္းလိုက္သည္။

သို႔ေသာ္ Zero ေလးက ဆက္ေျပာလာျပန္သည္။ : “ဒါေပမဲ့ အားယြင္ရဲ႕အလွကိုေတာ့ ဘယ္သူမွ မယွဥ္ႏိုင္ဘူး..!”

ေလေအးမ်ားတိုက္ခတ္ေနသည့္ လမ္းေဘးတစ္ေနရာဝယ္ မိဘႏွစ္ပါး၏ စြန႔္ပစ္ခံလိုက္ရေသာ Zero ေလးခမ်ာ စကားေျပာမွား၍ ႏွစ္ေယာက္တစ္ကမာၻမွ ကန္ထုတ္ခံလိုက္ရျခင္းျဖစ္ေၾကာင္း ဘယ္ေသာအခါမွ နားလည္ရွာမည္မဟုတ္ေပ။

Zero : QAQ!

ျခဴးမုယြင္သည္ အခ်က္မေပးဘာမေပးျဖင့္ ကားကို အရွိန္တင္ကာ ေမာင္းထြက္သြားၿပီး ေခ်ာင္က်သည့္ တစ္ေနရာအေရာက္ ဘရိတ္ေဆာင့္နင္းလိုက္သည္။

ပုံမွန္အားျဖင့္ ဤမွ်အရွိန္ျပင္းလွ်င္ ရင္ဘတ္မွာသိုင္းပတ္ထားသည့္ ထိုင္ခုံခါးပတ္ေၾကာင့္ ရင္ဘတ္ နာသြားႏိုင္သည္။ သို႔ေသာ္ သူတို႔က လူသားမ်ားမဟုတ္သျဖင့္ ဘာျပႆနာမွမရွိ။

ျခဴးမုယြင္က ထိုင္ခုံခါးပတ္ကို ခြၽတ္လိုက္၏။ ၿပီးေနာက္ တစ္ဖက္လွည့္ကာ ရွဲ႕ခ်င္းလန္၏ နက္ကတိုင္ကို ေဆာင့္ဆြဲၿပီး နမ္းေတာ့သည္။

ရွဲ႕ခ်င္းလန္ကလည္း အားက်မခံ၊ မႏၲန္တစ္ခု႐ြတ္၍ ထိုင္ခုံကို ေနာက္ေလွ်ာေအာင္ လုပ္လိုက္သည္။ ၿပီးေနာက္ သူ၏ ေျခတံရွည္မ်ားျဖင့္ ျခဴးမုယြင္၏ ေျခေထာက္ႏွစ္ဖက္ၾကား ေနရာဝင္ယူလိုက္သည္။

ျခဴးမုယြင္က ရွဲ႕ခ်င္းလန္၏ နား႐ြက္ကို တစ္ခ်က္ကိုက္လိုက္ၿပီး ရွဲ႕ခ်င္းလန္က အၿပဳံးေလးျဖင့္ ေမးသည္။ : “ကိုယ့္ကို စားခ်င္လို႔လား..?”

ျခဴးမုယြင္က ႐ႊတ္ေနာက္ေနာက္ေလး ျပန္ေျဖသည္။ : “စားခ်င္တာေပါ့..”

ရွဲ႕ခ်င္းလန္က ျခဴးမုယြင္၏ ေျခေထာက္ႏွစ္ဖက္ကို ခြဲၿပီး တိုးဝင္ေတာ့မည့္အခ်ိန္…

“ေတာင္..!” ဖုန္းမွ အသံတစ္ခ်က္ထြက္လာသည္။ မက္ေဆ့ဝင္တာ ျဖစ္ႏိုင္သည္။

ယခုလိုအခ်ိန္မ်ိဳးတြင္ မည္သူကမ်ား မက္ေဆ့ဝင္သည္ကို ဂ႐ုစိုက္ႏိုင္ဦးမည္နည္း။ ျခဴးမုယြင္က ဖုန္းသံကို လ်စ္လ်ဴရႈကာ.. “ဝင္ေတာ့..”

ရွဲ႕ခ်င္းလန္က ဆက္တိုးမည္အလုပ္ ဖုန္းက ေနာက္တစ္ႀကိမ္ အသံျမည္လာျပန္သည္။

ၿပီးေနာက္ ေနာက္ထပ္ စာဝင္သံတစ္ခု။

ေနာက္ထပ္..

ေနာက္ထပ္..

ဆက္တိုက္ အသံျမည္ေနသျဖင့္ လ်စ္လ်ဴရႈမရေတာ့ေပ။

ျခဴးမုယြင္သည္ ထိုင္ခုံေပၚတြင္ ဖိကပ္ခံထားရသျဖင့္ ဖုန္းကို လွမ္းမယူႏိုင္ေပ။

ရွဲ႕ခ်င္းလန္က လွမ္းယူလိုက္သည္။ Screen ကို တစ္ခ်က္ၾကည့္ၿပီးေနာက္ မ်က္ႏွာတစ္ျပင္လုံး မည္းေမွာင္သြားေတာ့သည္။

ျခဴးမုယြင္မွာ လြန္ခဲ့ေသာ ႏွစ္ေထာင္ေပါင္းမ်ားစြာက မွတ္ဉာဏ္မ်ားကို ျပန္စဥ္းစားၾကည့္ရင္း ႐ုတ္တရက္ သတိျပန္ရသြားခ်ိန္ အသံတိတ္ ေအာ္လိုက္မိသည္။

ေသၿပီ..!

ျခဴးမုယြင္လည္း ဖုန္းကို အျမန္လုလိုက္၏။ သို႔ေသာ္ ရွဲ႕ခ်င္းလန္က ေအးစက္စက္မ်က္ႏွာထားျဖင့္ သူ႔ကို စိုက္ၾကည့္ေနေခ်ၿပီ။

ျခဴးမုယြင္ခမ်ာ သက္ျပင္းရႈိက္လိုက္မိသည္။

ဒီလိုေန႔မ်ိဳးေရာက္လာလိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ထားဘူး..!

“ခ်င္းလန္..” ေညာင္နာနာအသံေလးျဖင့္ ရွဲ႕ခ်င္းလန္ကို ေခၚလိုက္သည္။

ရွဲ႕ခ်င္းလန္က အသံနိမ့္နိမ့္ျဖင့္ ဖတ္ျပလာသည္။ : “အစ္ကိုျခဴး.. ကြၽန္ေတာ့္ရဲ႕သူငယ္ခ်င္းလည္း လာခ်င္တယ္တဲ့.. အတူေပ်ာ္လို႔ရလား..?”

“သူက အသန႔္ေလးေနာ္.. ဒီႏွစ္မွ ဘြဲ႕ရထားတာ.. ဓာတ္ပုံပို႔ေပးလိုက္မယ္..”

ထို႔ေနာက္ ဓာတ္ပုံတစ္ပုံ ပို႔ထားသည္။

ဤတစ္ႀကိမ္ေတာ့ ရွဲ႕ခ်င္းလန္က စာမဖတ္ဘဲ တိုက္႐ိုက္ျပလာသည္။

ခ်စ္စရာေကာင္းသည့္ ျဖဴျဖဴသြယ္သြယ္ ေကာင္ေလးႏွစ္ေယာက္၏ ပုံက Screen အျပည့္ ေနရာယူသြားၿပီး ခါးသြယ္သြယ္ေလးမ်ားျဖင့္ ပင့္ထားသည့္ တင္ပါးမွ ေရစက္လက္က်ေနေလသည္။

ျခဴးမုယြင္မွာ ရင္ထဲ ဒိန္းခနဲ ျဖစ္သြားရသည္။ အရာအားလုံး ရွင္းလင္းေနၿပီျဖစ္၍ လုံးဝျငင္းမရေတာ့ေပ။

ရွဲ႕ခ်င္းလန္က ခရီးသည္ထိုင္ခုံဆီ ျပန္သြားသည္။ ၿပီးေနာက္ ဖုန္းကိုကိုင္ထားၿပီး မ်က္ႏွာေသျဖင့္ ေျပာလာသည္။ : “အိမ္ျပန္မယ္..”

ျခဴးမုယြင္လည္း သက္ျပင္းရႈိက္ကာ ကားကို ေနာက္ျပန္လွည့္ၿပီး သူ၏တိုက္ခန္းရွိရာသို႔ ေမာင္းရေတာ့သည္။

ရွဲ႕ခ်င္းလန္က တစ္လမ္းလုံး တိတ္ဆိတ္ေနေလၿပီး ဖုန္းကိုသာ အတြင္းအျပင္မက်န္ ၾကည့္ေနခဲ့သည္။

ထိုအခိုက္ ျခဴးမုယြင္၏ ထိပ္တန္းမွတ္ဉာဏ္ႀကီးက ျပန္လည္အသက္ဝင္လာသည္။ ဤဖုန္းသည္ သူ၏ အသက္ပင္ျဖစ္၏။ အမ္း.. ကမာၻေျမေပၚတြင္ ေနထိုင္ခဲ့စဥ္က သူလုပ္ခဲ့သမွ် အရႈပ္အေထြးအားလုံးကို ျပည့္ျပည့္စုံစုံ မွတ္တမ္းတင္ထားသည္။

ျခဴးမုယြင္သည္ ခ်စ္သူရွိလာလိမ့္မည္ဟု မထင္ထားေသာေၾကာင့္ ထိုကိစၥမ်ားကို သိပ္ဂ႐ုမစိုက္ေပ။ ဘယ္သူျမင္ျမင္ ဂ႐ုမစိုက္ေသာေၾကာင့္လည္း ဖုန္းကို တစ္ခါမွ် မရွင္းလင္းဖူးေပ။

သို႔ေသာ္ ယခုေတာ့ ရွဲ႕ခ်င္းလန္က…

ျခဴးမုယြင္ ေခါင္းကိုက္လာသည္။ ဤကံဆိုးမႈႀကီးေၾကာင့္ ေသသြားႏိုင္မွန္း သူ သိေနပါေသာ္လည္း…

ဘယ္သူထင္ထားခဲ့မွာလဲလို႔… အာ…

ကမာၻေျမေပၚ အလည္လာသည့္ ခ်ိဳၿမိန္ေသာ အခ်စ္ခရီးေလးလည္း ဆန႔္က်င္ဘက္ျဖစ္သြားေခ်ၿပီ။ ေျမေအာက္ကားပါကင္တြင္ ကားရပ္လိုက္သည္ႏွင့္ ရွဲ႕ခ်င္းလန္သည္ ကားေပၚမွ အရင္ဆင္းၿပီး လုံးဝျပန္မလွည့္ၾကည့္ဘဲ ဓာတ္ေလွကားသို႔ ေလွ်ာက္သြားသည္။

ျခဴးမုယြင္လည္း အေနာက္မွ အျမန္လိုက္သြားသျဖင့္ ဓာတ္ေလွကားတစ္စီးတည္း စီးလိုက္ႏိုင္သည္။

ဓာတ္ေလွကားထဲတြင္ လူႏွစ္ေယာက္သာရွိၿပီး တစ္ေယာက္အသက္ရႉသံကိုပင္ က်န္တစ္ေယာက္က ၾကားႏိုင္သည္။ သို႔ေသာ္ ရွဲ႕ခ်င္းလန္က စကားမေျပာသျဖင့္ ျခဴးမုယြင္မွာ ငုံးေပါက္ေလးလို ၿငိမ္ကုပ္ေနရသည္။

အေပၚေရာက္ၿပီးေနာက္ ရွဲ႕ခ်င္းလန္က ျခဴးမုယြင္ကို မေစာင့္ဘဲ တိုက္ခန္းတံခါးကိုဖြင့္ကာ တန္းဝင္သြားသည္။

တိုက္ခန္းထဲတြင္ ေနေရာင္ျခည္ျဖာက်ေနသျဖင့္ ေဆာင္းဦးကာလျဖစ္သလို အပူေပးစက္မဖြင့္ထားေသာ္ျငား နည္းနည္းေလးမွ် မေအးေခ်။

ရွဲ႕ခ်င္းလန္က အေပၚထပ္ခြၽတ္ၿပီး တင္းက်ပ္ေနသည့္ နက္ကတိုင္ကို ေလ်ာ့လိုက္သည္။ ၿပီးေနာက္ ဖိနပ္လဲစီးကာ ဆိုဖာေပၚ ဝင္ထိုင္လိုက္သည္။

ျခဴးမုယြင္က အသံတိုးတိုးေလးျဖင့္.. : “ေရေသာက္မလား..”

ရွဲ႕ခ်င္းလန္၏အသံက အက္ရွေနသည္။ : “ဒီနားလာ..”

ျခဴးမုယြင္ ေလွ်ာက္သြားသည္။

ရွဲ႕ခ်င္းလန္က မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္ရန္ ေမးဆက္ျပလာသည္။

ျခဴးမုယြင္မွာ IQ အလြန္ျမင့္ေသာ္ျငား လက္ရွိအေျခအေနမွာေတာ့ မည္သည့္နည္းလမ္းေကာင္းမွ် မစဥ္းစားႏိုင္ေတာ့ေပ။ သို႔ေသာ္ သူ႔အမွားျဖစ္၍ အရင္ဆုံး ေတာင္းပန္လိုက္သည္။

“ေတာင္းပန္ပါတယ္..”

ရွဲ႕ခ်င္းလန္၏ မ်က္ႏွာက အေျပာင္းအလဲမရွိ။ သူက ဖုန္းကိုင္ၿပီး ေရခဲ႐ုပ္ထုသဖြယ္ တုတ္တုတ္မလႈပ္ ထိုင္ေနသည္။

ျခဴးမုယြင္က သက္ျပင္းဖြဖြခ်ကာ ဆက္ေျပာသည္။ : “ကမာၻေျမမွာေနတုန္းက အတိတ္အေၾကာင္းေတြ မမွတ္မိေသးလို႔ပါ.. အဲတာေၾကာင့္…….”

သူေျပာလို႔မဆုံးခင္မွာပင္ ရွဲ႕ခ်င္းလန္က ျဖတ္ေျပာသည္။ : “နတ္ဆိုးတိုင္းျပည္မွာတုန္းက ကိုယ္လည္း မင္းကို မမွတ္မိခဲ့ပါဘူး..”

ျခဴးမုယြင္မွာ အနည္းငယ္ ေက်ာမတ္သြားသည္။

ရွဲ႕ခ်င္းလန္က ဆက္ေျပာလာသည္။ : “ဒါေပမဲ့ တျခားဘယ္သူ႔ကိုမွ မထိခဲ့ဘူး..”

ျခဴးမုယြင္၏ မ်က္ဝန္းအိမ္ထဲတြင္ အံ့ဩရိပ္တစ္ခု ျဖတ္ေျပးသြားေလ၏။

ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ..? ႏွစ္တစ္ေသာင္းနီးပါးေတာင္ သူတို႔…

သူ၏မ်က္ဝန္းထဲမွ အံ့ဩရိပ္ကို ျမင္လိုက္ရေသာအခါ ရွဲ႕ခ်င္းလန္မွာ ေခါင္းမယမ္းဘဲ မေနႏိုင္ေတာ့ေပ။

ျခဴးမုယြင္လည္း ရင္ထဲမေကာင္းျဖစ္လာသည္။

ရွဲ႕ခ်င္းလန္က သူ႔ကို ေဆာင့္ဆြဲကာ ရင္ခြင္ထဲတြင္ တင္းတင္းက်ပ္က်ပ္ ေထြးေပြ႕ထားၿပီး မသဲမကြဲ ေရ႐ြတ္သည္။

“မင္း…. ကြာ…”

ထိုစကားလုံးေလးႏွစ္လုံးေၾကာင့္ ျခဴးမုယြင္၏ရင္ထဲ နာက်င္လြန္း၍ ထုံထိုင္းသြားရသည္အထိ။

‘ေတာင္းပန္ပါတယ္’ ဟူသည့္စကားလုံးကို သူ၏ႏႈတ္မွ ထပ္မေျပာဝံ့ေအာင္ပင္။ တစ္ဘဝလုံး ျပန္ေပးဆပ္ပါမည္ဟု ေျပာခဲ့ေသာ္ျငား လုံလုံေလာက္ေလာက္ ျပန္ေပးဆပ္ႏိုင္ပါ့မလား တကယ့္ကို မသိေတာ့ေခ်။

ေႏြးေထြးလင္းထင္းေနသည့္ အခန္းထဲဝယ္ ႏွစ္ေယာက္သား တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားရင္း အေတာ္ၾကာသည္အထိ တိတ္ဆိတ္သြားခဲ့သည္။

အဆုံးမွာေတာ့ ျခဴးမုယြင္သည္ ပါးစပ္ပြင့္လာၿပီး အေရးႀကီးဆုံး စကားတစ္ခြန္းကို ေျပာခဲ့သည္။

“ငါ မင္းကို ခ်စ္တယ္..”

…………………………………

TN : ဒီေန႔ကစၿပီး ဇာတ္သိမ္းထိ တစ္ရက္တစ္ပိုင္း ပုံမွန္တင္ေပးသြားပါမယ္။

…………………………………

Continue Reading

You'll Also Like

232K 41.2K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel
2.1M 241K 187
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
544K 74.3K 103
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...