အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

212K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
273
274
275
276
277
278
279 - End
Hello~~

272

1.8K 326 67
By Melinoe_Megami

Unicode

ကျင့်ကြံဆင့် အလွန်မြင့်မားတာလည်း တစ်မျိုးကောင်းပေ၏။ ပင်ကိုဗီဇ၊ ရုပ်ရည်နှင့် အဝတ်အစားအပြင်အဆင်ကို စက္ကန့်ပိုင်းအတွင်း ပြောင်းလဲပစ်နိုင်သည်။

သို့သော် မြင်ယောင်ကြည့်ကြပါစို့။ ဥပမာ ရှန်ရွှိန်ယန်းနှင့် မော့ကျိုးရှောင်၏ အလှရသပိုင်းဆိုင်ရာခံစားချက်က လုံးဝဆန့်ကျင်ဘက်ပင်။ တစ်ယောက်က တောက်ပထည်ဝါစွာ ဝတ်စားနေထိုင်တတ်ပြီး တစ်ယောက်က ပေါ့ပါးကြော့ရှင်းစွာ ဝတ်စားနေထိုင်သည်။ ခြူးမုယွင်၏ရင်ထဲ တစ်ချက်လှုပ်ရှားသွားပြီး ရှန်ရွှိန်ယန်း၏ ဝတ်ပုံစားပုံနဲ့ မော့ကျိုးရှောင်၏ မျက်နှာကို တွဲဖက်မြင်ယောင်ကြည့်လိုက်သောအခါ…

မရတော့ဘူး.. ရယ်ချင်လာပြီ..!

ခြူးမုယွင်က ချောင်းဟန့်ကာ သူ၏အရှေ့မှ အနက်ရောင်ဝတ်အမျိုးသားကို မော့ကြည့်လိုက်သည်။

မော့ကျိုးရှောင်သည် အရောင်ဖျော့ဖျော့အဝတ်အစားများသာ ဝတ်ဆင်တတ်၏။ သို့သော် ရန်ချန်းကတော့ အနက်ရောင်ထင်းထင်း ဝတ်ဆင်ပြီး အသားအရေ ဖြူဖျော့သည်။ ခရမ်းရောင်မျက်ဝန်းများကလည်း အလွန်လှပသည်။ ထိုသို့ ဖြူဖျော့လှပသော အသွင်အပြင်နှင့် ဆန့်ကျင်လျက် နက်မှောင်‌သော အဝတ်အစားကြောင့် သူ၏ပုံစံက အေးတိအေးစက်ဖြင့် ချဉ်းကပ်ရခက်ဟန် ထင်ရသည်။ အထူးသဖြင့် နှုတ်ခမ်းပါးများ မသိမသာ ကော့တက်သွားချိန် ထိုအပြုံးထဲတွင် သွေးအေးရက်စက်မှုတချို့ ထင်ဟပ်နေတော့သည်။

ခြူးမုယွင်က သူ့ကို မကြောက်ပေ။ ထိုအစား စိတ်မကောင်းဖြစ်မိသည်။

မော့ကျိုးရှောင်၏ လုပ်ရပ်ကြောင့် ရန်ချန်းသည် ပထမဦးဆုံး အေးစက်စိမ်းကားစွာ ဆက်ဆံခံခဲ့ရ၏။ လူတစ်ယောက်ကို နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရသဖြင့် သူ၏ အတွင်းစိတ်ခံစားချက်တွင် စိတ်မချမှုများ၊ ယုံမှားသံသယများ ဖြစ်တည်လာရသည်။ မသိစိတ်ထဲတွင် မော့ကျိုးရှောင်၏ မှတ်ဉာဏ်များ စွဲထင်နေသဖြင့် ခြူးမုယွင်ဟူသည် ကြင်နာနွေးထွေးတတ်သူဖြစ်ကြောင်း ခပ်ရေးရေးလေး ခံစားသိနေသည်။ သို့ဖြစ်ရာ သူ့အလှည့်ကျမှ အဘယ်ကြောင့် ဤသို့ဆက်ဆံခံနေရသနည်း။

သူက ခြူးမုယွင် မျှော်လင့်ထားသလောက် မလိမ္မာ၍လော။ ကြိုးကြိုးစားစား မကျင့်ကြံ၍လော။ သို့နှင့် ပြင်းပြင်းထန်ထန် ကျင့်ကြံကြိုးစားခဲ့သည်။ ဤကား ခြူးမုယွင် သူ့ကို ပစ်ပယ်ထားခြင်းက သူ့အပြစ်မဟုတ်မှန်း သဘောပေါက်လာသည်အထိ။ သူ မည်မျှကြိုးစားနေပါစေ၊ ခြူးမုယွင်၏ရင်ထဲတွင် တစ်စုံတစ်ယောက် ရှိနေပြီးဖြစ်၍ သူ့အား လှည့်ကြည့်မည်မဟုတ်ပေ။

ထို့ကြောင့် စိုးရိမ်ပူပန်မှုများသည် ပြစ်မှုတစ်ပါးဖြစ်သော မနာလိုခြင်းအဖြစ်သို့ ပြောင်းလဲသွားရသည်။

ခြူးမုယွင်က သက်ပြင်းဖွဖွချလိုက်သည်။

ရန်ချန်းသည် ခြူးမုယွင် အတိတ်အကြောင်း ပြန်တွေးနေမှန်းသိ၍ နှုတ်ခမ်းမဲ့လိုက်ပြီး ညစ်ကျယ်ကျယ် ပြောလာသည်။ : “အမှားလုပ်ခဲ့တဲ့လူက မော့ကျိုးရှောင်လေ.. အပြစ်ပေးခံရတော့ ကျုပ်တဲ့လား..?”

သူသာ ထိုအကြောင်းဆက်ပြောနေလျှင် လက်ရှိဘဝမှ ဖြစ်ရပ်များကိုလည်း ဖြေရှင်းနိုင်တော့မည်မဟုတ်ပေ။ သို့သော် ခြူးမုယွင်ခမျာ ပြဿနာအရင်းအမြစ်က သူ ဖြစ်နေ၍ ဘာမှပြန်မပြောနိုင်ခဲ့ပေ။

အိုက်ယား.. ဘဝက ခက်ခဲလိုက်တာ..!

ခြူးမုယွင်က တစ်ခဏတွေးပြီးနောက် ပြောလိုက်သည်။ : “အားချန်း.. မင်းက အဲ့လိုထင်နေပေမယ့် မင်းဆိုပြီး စတင်ဖြစ်တည်လာကတည်းက ငါ နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ရတာပါ..”

ရန်ချန်းက မျက်ခုံးအသာပင့်လိုက်သည်။ ထိုစကားက အတန်ငယ် အသုံးဝင်မှန်း သိသာလှသည်။

ခြူးမုယွင်က ဆက်ပြောသည်။ : “ငါ မင်းကို လာမတွေ့ရဲခဲ့ဘူး.. မင်း အရင်လိုအမှားမျိုး ထပ်လုပ်မှာကို ငါ ကြောက်ခဲ့တယ်.. ဒီအတိုင်း ရှောင်ပုန်းနေတာ မဟုတ်ပါဘူး.. ထပ်ပြီး ချစ်မိသွားမှာ ကြောက်ခဲ့တာ.. မင်းနဲ့ နီးစပ်သွားရင် မခွဲနိုင်မခွာရက်အောင် ချစ်မိသွားမှာ ကြောက်ခဲ့တာ..”

ရန်ချန်း၏ မျက်နှာအမူအရာက အနည်းငယ် ကြည်လင်လာသော်ငြား ရုတ်ချည်းဆိုသလို ပြန်လည်မည်းမှောင်သွားပြန်သည်။

ခြူးမုယွင်မှာ အသံတိတ် ရေရွတ်လိုက်မိ၏။ ‘မကောင်းတော့ဘူး..!’

ထင်သည့်အတိုင်းပင် ရန်ချန်းက အေးစက်စက်မျက်နှာထားဖြင့် မေးလာသည်။ : “အဲ့အချိန်တုန်းက ကျုပ်အသက်က ခုနစ်နှစ်၊ ရှစ်နှစ်ပဲ ရှိသေးတာလေ.. အဲ့တာကို ခင်ဗျားက နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတယ်..?”

ရန်ချန်းက အေးတိအေးစက် နှာမှုတ်ကာ လှည့်ထွက်သွားသည်။ ထို့နောက် ဘေးအခန်းတွင် သွားနေတော့သည်။

ဖြစ်လာမယ့်ဘေးကို ရှောင်လွှဲလို့မရနိုင်ဘူးပဲ..!

ဆရာခြူးခမျာ အတော်လေး စိတ်ဓာတ်ကျသွားရသည်။ သူ့တွင် ချစ်သူတစ်ဦးတည်းရှိတာ သေချာပါသည်။ သို့သော် ထိုတစ်ဦးသောလေးက အိမ်မှာ ဗိုလ်ကျပြီး အပြင်မှာ အလံရောင်စုံလွှင့်တတ်သည့် အလံနီငါးဆားနူကောင်များနှင့် အဘယ်ကြောင့် တူနေရသနည်း။

Zero လေးလည်း ကိုယ်ပိုင်ခန္ဓာကိုယ် ရှိသွားပြီဖြစ်၍ သူ့အတွက် ရင်ဖွင့်တိုင်တန်းနိုင်သူ မရှိတော့သည်မှာ စိတ်မကောင်းစရာပင်။

ခြူးမုယွင်သည် တစ်ခဏမျှ တွေးကြည့်ပြီးနောက် ဝှက်ဖဲထုတ်သုံးရန် သတိရသွားသည်။

ရန်ချန်းတွင် သူကိုယ်တိုင်တောင်မသိသည့် အကျင့်တစ်ခု ရှိနေသည်။ သူက အအေးကြောက်သော်ငြား ခြူးမုယွင်ကြောင့် တစ်နှစ်ပတ်လုံး နှင်းများဖုံးလွှမ်းရာ တောင်ပေါ်တွင် နေထိုင်ခဲ့သည်။ တောက်ပဝင့်ကြွားနေသည့် ဇီးပန်းပွင့်များကို မြင်တွေ့ချင်သော်လည်း အအေးဓာတ်ကိုတော့ မုန်းတီးခဲ့သည်။ သူ၏ စိတ်နေစိတ်ထားကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ချစ်ခြင်းမေတ္တာကို တောင့်တမိသော်လည်း နှလုံးသားထဲ စိုးတထိတ်ထိတ်ဖြစ်နေသောကြောင့် ချဉ်းကပ်လာသမျှကို ငြင်းဆန်၍ ဖျက်ဆီးပစ်ရန်ပင် ဆန္ဒရှိခဲ့သည်။

တစ်ချိန်က ရေခဲဝိဉာဉ်သားရဲလေးသည် ရန်ချန်းအနားကို ချဉ်းကပ်နိုင်ခဲ့၏။ ဤသည်မှာ ရေခဲဝိဉာဉ်သားရဲတို့၏ ရိုးရှင်းတက်ကြွသော အကျင့်စရိုက်တစ်ခုတည်းကြောင့်မဟုတ်၊ တခြားအကြောင်းပြချက်လည်း ရှိနေသေးသည်။ ယင်းမှာ ရေခဲဝိဉာဉ်သားရဲလေးသည် အမွေးဖွားဖွားဖြင့် ညဘက် ဖက်အိပ်လျှင် အလွန်နွေးထွေးသောကြောင့် ဖြစ်သည်။

အအေးကြောက်သူတိုင်း အမွေးဖွားဖွားကို သဘောကျတတ်သည်။ ထို့ကြောင့် ခြူးမုယွင်လည်း ကိုယ့်ကိုယ်ကို စိတ်ပြင်ဆင်ကာ သားမွေးလုံးလေးအဖြစ် ပြောင်းလဲလိုက်တော့သည်။

ခြေထောက်လေးချောင်းဖြင့် လမ်းမလျှောက်ရသည်မှာ အတော်ကြာခဲ့ပြီဖြစ်၍ သားမွေးလုံးလေးခြူးမှာ အသားမကျနိုင်အောင် ဖြစ်နေတော့သည်။ သို့သော် ခြူးမုယွင်ဟူသည် သင်ယူလေ့လာမှုအားကောင်းသူ မဟုတ်ပါလား။ ထို့ကြောင့် အနည်းငယ် လမ်းပတ်လျှောက်လိုက်ရုံဖြင့် ကျွမ်းကျင်ပိုင်နိုင်လာသည်။

ခြူးမုယွင်သည် ဘေးအခန်းတံခါးကို ဦးခေါင်းဖြင့် တွန်းဖွင့်လိုက်ပြီး မိုးပြာရောင်မျက်လုံးလေးများကို ဖော်ပြလိုက်သည်။ ဤနည်းဖြင့် ရန်ချန်း အံ့အားသင့်သွားပုံကို အောင်အောင်မြင်မြင် မြင်တွေ့နိုင်ခဲ့သည်။

မမြင်ဖူးမတွေ့ဖူးတာမရှိသည့် ခြူးမုယွင်အတွက် ရှက်ရွံ့နေစရာ အကြောင်းမရှိတော့ပေ။ သို့ဖြစ်ရာ တစ်ဖက်လူ စိတ်ပျော်စေရန်အတွက် အစွမ်းကုန် ကြိုးစားတော့သည်။

တစ်ချက်ခုန်လိုက်ရုံဖြင့် သားမွေးလုံးလေးခြူးသည် ရန်ချန်း၏ ရင်ဘတ်ပေါ်သို့ လှလှပပ ရောက်ရှိသွားတော့သည်။ ပြီးနောက် ရန်ချန်း၏အင်္ကျီကို လက်သည်းလေးများဖြင့် ကုတ်တွယ်ကာ ခေါင်းမော့လိုက်ပြီး အရည်လဲ့နေသော မျက်ဝန်းဝိုင်းကြီးများဖြင့် နူးနူးညံ့ညံ့လေး အော်လိုက်သည်

“အာ..ဝူး..”

ထိုအခိုက်အတန့် ရန်ချန်း၏ နှလုံးသားလည်း အရည်ပျော်ကျသွားတော့သည်။

ဘာကိုဒေါသထွက်တာလဲ..? ဘာကို သဝန်တိုရမှာလဲ..? ဘာကို မနာလိုဖြစ်ရမှာလဲ..?

ဘာမဟုတ်တဲ့ ကိစ္စလေးတွေပဲလေ..! သူ့လို ဘယ်သူ အချော့ခံဖူးလဲ..? အားယွင်ရဲ့ ဒီလောက်ချစ်စရာကောင်းတဲ့ ပုံစံလေးကို သူကလွဲပြီး ဘယ်သူမြင်ဖူးမှာလဲ..? အမ်.. သူတစ်ယောက်တည်း အကုန်မြင်ဖူးတာပဲ..!

သို့နှင့် ရန်ချန်းလည်း စိတ်ကောက်မနေတော့ပေ။ သူ၏ရင်ခွင်ထဲတွင် အမွေးလုံးလေး ရှိနေသည်ဖြစ်ရာ ကောင်းကောင်း မပွတ်သပ်ရလျှင် အားယွင်၏ ချစ်မြတ်နိုးပေးမှုကို ဖြုန်းတီးရာကျလိမ့်မည်။

ခြူမုယွင်လည်း ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။ ကြည့်ရသည်မှာ အနာနှင့်ဆေး ဓာတ်တည့်သွားပုံပင်။

အမွေးလုံးလေးခြူးသည် အလွန်အလုပ်ကြိုးစား၏။ အိမ်အပြင်ဘက်တွင် ဇီးပန်းပင်ကြီးတစ်ပင် စိုက်ပေးပြီး ရန်ချန်းကို အခန်းပြင်ချင်လာအောင် သွေးဆောင်ခဲ့သဖြင့် နောက်ဆုံးတော့ ထိုအမျိုးသား၏ နှုတ်ခမ်းထက်မှ အပြုံးစစ်ကို မြင်တွေ့နိုင်ခဲ့သည်။

ထိုအပြုံးလေးသည် သွေးအေးရက်စက်တတ်သည့် ညစ်ကျယ်ကျယ်အပြုံးမျိုး မဟုတ်တော့ဘဲ မျက်စိကျိန်းစပ်လောက်အောင် ဖြူစင်လွန်းခဲ့သည်။

ခြူးမုယွင်မှာ မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်အထိ။

ရန်ချန်းက ခြူးမုယွင်၏နဖူးကို ထိပြီး မန္တန်ဖြေပေးလိုက်သောအခါ အမွေးလုံးလေးသည် ခန့်ညားချောမောသည့် အမျိုးသားအဖြစ် ပြောင်းလဲသွားတော့သည်။

ရန်ချန်းက လက်မြှောက်ကာ ခြူးမုယွင်၏လည်ပင်းကို လက်ဖျားလေးဖြင့် အသာတို့ထိရင်း နူးညံ့စွာ ဆိုသည်။ : “အားယွင်.. ကိုယ့်မှာ ဆန္ဒတစ်ခုရှိတယ်..”

ခြူးမုယွင်မှာ ထိုအမျိုးသားကြောင့် မိန်းမောနေသည်ဖြစ်၍ ဆန္ဒတစ်ခုတည်းမဟုတ်၊ ထောင်ပေါင်းများစွာ ပြောလာလျှင်ပင် ဖြည့်ဆည်းပေးမိလိမ့်မည်။ : “ပြောသာပြောလိုက်.. မင်း ဆန္ဒရှိတဲ့အတိုင်း ဖြစ်စေရမယ်..”

“ဒါပေါ့ အားယွင် ဖြည့်ဆည်းပေးနိုင်ပါတယ်..” ရန်ချန်းက ခြူးမုယွင်၏ အဝတ်အစားများကို ကျင်လည်စွာ ဖယ်ရှားပစ်လိုက်သည်။ ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်လေး ပေါ်လာသောအခါ သူ၏ ခရမ်းရောင်မျက်ဝန်းများ အရောင်တောက်ပလာပြီး.. : “ဇီးပန်းပင်တွေကြားမှာ ခင်ဗျားကို လုပ်ချင်တယ်..”

ဤကား နှစ်ဘဝလုံး စိတ်စွဲလမ်းခဲ့ရသည့် ဆန္ဒတစ်ခုဖြစ်ပြီး ယနေ့တော့ အကောင်အထည် ဖော်နိုင်ခဲ့ချေပြီ။

သို့နှင့် ဆရာခြူး၏ တစ်ကိုယ်လုံး ဇီးပန်းပွင့်များဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

တစ်ကြိမ်ပြီးနောက် ခြူးမုယွင်မှာ အတန်ငယ် မောဟိုက်နေပြီး ပြီးမြောက်ထားသဖြင့် အနည်းငယ် မိန်းမောနေ‌လေသည်။ သို့သော် ရန်ချန်းက နောက်တစ်ချီ ဆက်လာခဲ့သည်။

သနားငဲ့ညှာပေးရန် ခြူးမုယွင် စတင်တောင်းဆိုလာချိန်မှာတော့ ရန်ချန်းက အပြုံးလေးဖြင့် ထွေးပွေ့နမ်းရှိုက်ရင်း အက်ရှစွာ ပြောလာသည်။ : “နတ်ဆိုးတိုင်းပြည်မှာတုန်းက ခင်ဗျား ရှန်ရွှိန်ယန်းနဲ့ 697 ကြိမ်၊ ရှဲ့ချင်းလန်နဲ့ 3455 ကြိမ်၊ ပြီးတော့ လင်းရွှမ်နဲ့…”

ခြူးမုယွင်မှာ ခေါင်းကျိန်းလာပြီး ရန်ချန်းကို ကပျာကယာ နမ်းရင်း ပါးစပ်ပိတ်လိုက်ရသည်။

ရန်ချန်းက သူ၏အနမ်းကို ပြန်လည်တုံ့ပြန်ခဲ့သည်။ ပြီးနောက် ခြူးမုယွင်ခမျာ အကြွေးတင်ခဲ့သမျှ ပြန်လည်ပေးဆပ်ရတော့သည်။

သတိမေ့သည်အထိ အလုပ်ခံလိုက်ရသည်မှာ အံ့ဩဖွယ်မရှိ။

သူ သတိမလစ်ခင် ရန်ချန်း၏ စာရင်းတွက်နေသံကို ဝိုးတဝါးလေး ကြားလိုက်ရသေး၏။ အနည်းငယ် ဝေဝါးနေသော်ငြား ရန်ချန်း ပြောသွားခဲ့သည်မှာ..

“ဘယ်နှစ်ခေါက်အကြွေးတင်တင် ကိစ္စမရှိပါဘူး.. တစ်ဘဝလုံး ပြန်ပေးဆပ်မှာမလား.. အချိန်တွေအများကြီး ရှိသေးတာပဲ..”

ခြူးမုယွင်မှာ ထိုစကားမျိုးပြောခဲ့မိသည့်အတွက် အနည်းငယ် နောင်တရလာတော့သည်။

ရက်အနည်းငယ်ခန့် အနားယူပြီးနောက် ခြူးမုယွင် အိပ်ရာနိုးလာသောအခါ ထင်သည့်အတိုင်း နောက်တစ်ယောက် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

အနီရောင်ဝတ်ဆင်ထားသော ရှဲ့ချင်းလန်သည် ဇီးပန်းပင်များကြားတွင် နတ်သားတစ်ပါးနှယ် တင့်တယ်ကြော့ရှင်းစွာ ထိုင်နေလေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ခြူးမုယွင်လည်း ဤ‘ဘိုးလေး’လေးအပေါ် မည်သည့်အကြွေးမျိုး တင်နေမလဲဟု အသည်းအသန် စဉ်းစားတော့သည်။

ရှဲ့ချင်းလန်က ပေါင်ကိုပုတ်ပြကာ.. : “ဒီကိုလာခဲ့..”

ခြူးမုယွင် : “……….”

ရှဲ့ချင်းလန် : “ရန်ချန်း မှားပြောသွားတာ.. တိတိကျကျရေတွက်ရင် မင်းနဲ့ လင်းရွှမ်က ငါးသောင်း ကိုးထောင် ခြောက်ရာ သုံးဆယ့်….”

သူ့စကားမဆုံးခင်မှာပင် ခြူးမုယွင်က ပေါင်ပေါ် တက်ထိုင်လိုက်သည်။

ရှဲ့ချင်းလန်က သူ့ကို ထွေးပွေ့ကာ ရင်ဘတ်ကို ခပ်ကြမ်းကြမ်းလေး ကိုက်လိုက်သည်။

“ကိုယ် မင်းအပေါ် အမှားလုပ်မိတယ်လို့ အမြဲတမ်း ထင်နေခဲ့တာ.. ဒါပေမဲ့ လက်စသတ်တော့ မင်းကမှ နှလုံးသားမရှိတဲ့လူပဲ..”

ခြူးမုယွင် : ကောင်းရော.. ပြန်မချေပနိုင်တော့ဘူး..!

ထို့နောက် ရှဲ့ချင်းလန်သည် ခြူးမုယွင်၏ ခန္ဓာကိုယ်ကို ဝိုင်တစ်ခွက်နှယ် နူးညံ့ကြင်နာစွာ အသုံးပြုတော့သည်။

နှစ်ယောက်သား ခြံဝင်းထဲ လုံးထွေးနေချိန် အိမ်အလည်လာသော Zero လေးနှင့် ဝင်တိုးမိလေသည်။

Zero လေးက အသံပြဲကြီးနှင့် ထအော်သည်။ : “အာရုံငါးပါးပိတ်..!”

ခြူးမုယွင် : “………..”

ရှဲ့ချင်းလန်က သူ၏ အပေါ်ဝတ်ကိုချွတ်ကာ ခြူးမုယွင်၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဖုံးကွယ်လိုက်သည်။

ခြူးမုယွင်က ချစ်စရာကောင်းသည့် ငတုံးလေးကို လှမ်းပြောသည်။ : “Zero.. မျက်လုံးမှိတ်ပြီး နားကို လက်နဲ့အုပ်ထားရမှာလေ..”

မင်းက System မဟုတ်တော့ဘူးလေ.. ဘယ်လိုလုပ် အာရုံငါးပါးပိတ်လို့ရဦးမှာလဲ..? ဒါနဲ့ ဘာလို့ ဒီကလေးက သူ့ကိုယ်သူ ‘System’ တစ်ခုလို့ ထင်နေရတာလဲ..?

Zero လေးက ကပျာကယာ မှတ်လုံးမှိတ်ပြီး သူ၏ လက်သေးသေးလေးဖြင့် နားနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်သည်။

ရှဲ့ချင်းလန်မှာ ပြောစရာစကားမရှိအောင် ဆွံ့အသွားရပြီး ခြူးမုယွင်အား ငုံ့ကြည့်ကာ ဆိုသည်။ : “အပြင်ပြန်ထွက်ပြီး ကိုယ်တို့နှစ်ယောက်အတွက် ခဏလောက် ရှောင်ပေးသင့်တယ်လို့ရော မထင်ဘူးလား..? ဒီနေရာမှာ မျက်လုံးမှိတ် နားပိတ်ပြီး ထင်းရှူးပင်ကြီးလို ရပ်ခိုင်းထားတာ ဘာလုပ်မလို့လဲ..?”

ခြူးမုယွင် : “……….”

ရှဲ့ချင်းလန် : “ကံကောင်းလို့ ကိုယ်တို့မှာ ကလေးမရှိလို့ပေါ့.. မဟုတ်ရင်…”

ခြူးမုယွင်မှာ ရှဲ့ချင်းလန်၏စကားကြောင့် စိတ်မကောင်းဖြစ်သွား၏။ သူ ဘယ်သောအခါမှ ကလေးထပ်မွေးစားတော့မည်မဟုတ်၊ တကယ့်ကို အန္တရာယ်များလှသည်။

ရှဲ့ချင်းလန်က Zero လေးကို အပြင်ထွက်စောင့်ခိုင်းပြီး ခြူးမုယွင်အား ရေချိုးခန်းထဲ သယ်သွားကာ သေရည်များကို ဆေးကြောပေးပြီး အင်္ကျီဝတ်ပေးလေသည်။

ခြူးမုယွင်က ခြေထောက်တုန်နေသဖြင့် ရှဲ့ချင်းလန်က သူ့ကို တွဲထားပေးရသည်။ ပြီးနောက် ပြောလာသေးသည်။ : “ညကျမှ ထပ်ဆက်မယ်..”

ခြူးမုယွင် : “ဟီးဟီး..”

ရှဲ့ချင်းလန်က မျက်ခုံးပင့်ကာ.. : “ငါးသောင်း ကိုးထောင်…..”

ခြူးမုယွင် : “ဟုတ်ပြီ.. ဟုတ်ပြီ..!”

ရှဲ့ချင်းလန်က သူ့ကို ပြုံးပြလာသည်။

ခြူးမုယွင်ခမျာ လှေနံသုံးလေးဖက်နင်းသူများက တကယ့်ကို သတ္တိကောင်းပြီး ရဲရင့်လွန်းပေစွဟု တွေးနေမိတော့သည်။

Zero လေးသည် အခန်းထဲဝင်လာပြီး စပ်စပ်စုစု လိုက်ကြည့်နေလေ၏။ ခြူးမုယွင်က ချောင်းဟန်ကာ မေးသည်။ : “ပြောတော့ ‘မဟူရာည’နဲ့ သွားဆော့မလို့ဆို.. ဘယ်လို့ ပြန်လာတာလဲ..?”

ရန်ချန်းသည် မူလခန္ဓာကိုယ်ထဲ ပြန်ရောက်လာပြီးနောက် ‘မဟူရာည’ကို လွတ်လပ်ခွင့်ပေးလိုက်သော်လည်း ‘မဟူရာည’က အတော်လေး အားနည်းနေခဲ့၏။ သိပ်မကြာခင်က မော့ကျိုးရှောင်သည် ခြူမုယွင်အား ‘မဟူရာည’ကို ကမ္ဘာအဟောင်းသို့ ပို့ထားရန် အကြံပေးခဲ့သည်။ ဤသို့ဆိုလျှင် ပထမအချက်အနေဖြင့် ‘မဟူရာည’၏ စွမ်းအားများ ပြန်လည်ရရှိနိုင်သည်။ ဒုတိယအချက်အနေဖြင့် ကမ္ဘာအဟောင်းလည်း တကယ့်စွမ်းအားအစစ်အမှန်ကို နားလည်သွားပေလိမ့်မည်။

Zero လေးက ‘မဟူရာည’နှင့် သွားဆော့ဦးမည်ဟု ပြောသွားသော်လည်း သိပ်မကြာလိုက်။ ယခုလို ပြန်ရောက်လာခဲ့သည်။

ခြူးမုယွင် မေးလိုက်သောအခါ Zero လေးမှာ ဇဝေဇဝါဖြစ်နေခဲ့သည်။

ထိုအမူအရာကိုကြည့်ပြီး ဤကလေးက အရမ်းဖြူစင်လွန်း၍ အောက်ကမ္ဘာ၏ အရှုပ်အထွေးများကို နားမလည်ခြင်းဖြစ်ကြောင်း ခြူးမုယွင် သဘောပေါက်လိုက်သည်။

ရှဲ့ချင်းလန်က ရုတ်တရက် အကြံပြုလာသည်။ : “ကမ္ဘာမြေ(earth) မှာ ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်..”

“ဟမ်..?” ခြူးမုယွင်သည် အနည်းငယ် လန့်ဖြန့်သွားသည်။

ရှဲ့ချင်းလန် : “ဒီနေရာမှာ မီးခိုးတွေချည်းပဲ.. သုညလေး ကြိုက်မှာမဟုတ်ဘူး.. ကမ္ဘာမြေသွားပြီး ဘာတွေဖြစ်နေလဲ သွားကြည့်ကြတာပေါ့.. ကိုယ်မှတ်မိသလောက် အဲ့နေရာက အေးချမ်းတယ်မလား..?”

Zero လေးက ချက်ချင်းဆိုသလို တက်တက်ကြွကြွ ပြန်ဖြေသည်။ : “ဟုတ်တယ်.. ဟုတ်တယ်.. ကမ္ဘာမြေကို သွားကြရအောင်..”

ခြူးမုယွင် အတွေးနက်သွားသည်။ အတော်ကြာမှ Zero လေး အိမ်မှာရှိနေလျှင် မဟုတ်ကဟုတ်က မလုပ်ရမှာစိုးပြီး ရှဲ့ချင်းလန်က ဤကလေးကို Summer Camp သဘောမျိုး ပို့ချင်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

သို့သော် ထိုအကြံက သိပ်မဆိုးလှ။ ‘အသက်တံခါး’ဖြင့်ဆိုလျှင် ကမ္ဘာမြေသို့ အလည်သွားရန် သိပ်မခက်ခဲပေ။ ကမ္ဘာ့စည်းမျဉ်းများကို မချိုးဖောက်သရွေ့ သူတို့ကို မည်သည့်အရာကမျှ တားဆီးမည်မဟုတ်ပေ။

ခြူးမုယွင်က ပြန်ဖြေလိုက်သည်။ : “ပြီးရော.. ကမ္ဘာမြေကို အတူတူ ခရီးထွက်ကြတာပေါ့..”

Zero လေးမှာ ပျော်မြူးတက်ကြွနေပြီး.. : “အထုပ်အပိုးတွေ သွားသိမ်းတော့မယ်..”

ခြူးမုယွင် : “…………..” ဘာအထုပ်အပိုးလဲ ငါ့သားရေ..ကမ္ဘာမြေပေါ်မှာ မနေခဲ့ဖူးလို့လား..?

ရှဲ့ချင်းလန်က သက်ပြင်းချကာ.. : “စဉ်းစားချင့်ချိန်တတ်တဲ့ ကလေးပဲ..”

ခြူးမုယွင် : “………”

သို့နှင့် မိသားစုသုံးယောက် (မမှားဘူးဟုတ်) အသက်တံခါးကို ဖြတ်၍ ကမ္ဘာမြေပေါ်သို့ ရောက်သွားတော့သည်။

ခြူးမုယွင် အံ့ဩသွားရသည်ကား..

သူ တကယ်ကြီး သူ့ကားပေါ်ကို ကားမောင်းလက်စပုံစံနဲ့ ပြန်ရောက်သွားတာလား..? ကြည့်ရတာ ကားမတော်တဆဖြစ်ပြီး မသေခင်ထင်တယ်..?

ဒါနဲ့ ဘယ်ကို မောင်းနေတာပါလိမ့်..?

ခြူးမုယွင်သည် အလွန်ဉာဏ်ကောင်းသော်လည်း နှစ်ထောင်ချီကြာမြင့်ခဲ့ပြီဖြစ်၍ သူဘယ်သွားနေမှန်း တကယ်ကို မေ့လျော့သွားသည်။

တစ်ခုခု သွားစားမလို့ထင်တယ်..?

ကောင်းသားပဲ.. ရှဲ့ချင်းလန်ကိုခေါ်ပြီး သွားဒိတ်တာပေါ့..!

…………………………………….

TN : တို့သားလေးတွေ စင်ပေါ်ရောက်နေတော့..

Meli : "ဟီး..ဟီး..'

…………………………………….

Zawgyi

က်င့္ႀကံဆင့္ အလြန္ျမင့္မားတာလည္း တစ္မ်ိဳးေကာင္းေပ၏။ ပင္ကိုဗီဇ၊ ႐ုပ္ရည္ႏွင့္ အဝတ္အစားအျပင္အဆင္ကို စကၠန႔္ပိုင္းအတြင္း ေျပာင္းလဲပစ္ႏိုင္သည္။

သို႔ေသာ္ ျမင္ေယာင္ၾကည့္ၾကပါစို႔။ ဥပမာ ရွန္႐ႊိန္ယန္းႏွင့္ ေမာ့က်ိဳးေရွာင္၏ အလွရသပိုင္းဆိုင္ရာခံစားခ်က္က လုံးဝဆန႔္က်င္ဘက္ပင္။ တစ္ေယာက္က ေတာက္ပထည္ဝါစြာ ဝတ္စားေနထိုင္တတ္ၿပီး တစ္ေယာက္က ေပါ့ပါးေၾကာ့ရွင္းစြာ ဝတ္စားေနထိုင္သည္။ ျခဴးမုယြင္၏ရင္ထဲ တစ္ခ်က္လႈပ္ရွားသြားၿပီး ရွန္႐ႊိန္ယန္း၏ ဝတ္ပုံစားပုံနဲ႔ ေမာ့က်ိဳးေရွာင္၏ မ်က္ႏွာကို တြဲဖက္ျမင္ေယာင္ၾကည့္လိုက္ေသာအခါ…

မရေတာ့ဘူး.. ရယ္ခ်င္လာၿပီ..!

ျခဴးမုယြင္က ေခ်ာင္းဟန႔္ကာ သူ၏အေရွ႕မွ အနက္ေရာင္ဝတ္အမ်ိဳးသားကို ေမာ့ၾကည့္လိုက္သည္။

ေမာ့က်ိဳးေရွာင္သည္ အေရာင္ေဖ်ာ့ေဖ်ာ့အဝတ္အစားမ်ားသာ ဝတ္ဆင္တတ္၏။ သို႔ေသာ္ ရန္ခ်န္းကေတာ့ အနက္ေရာင္ထင္းထင္း ဝတ္ဆင္ၿပီး အသားအေရ ျဖဴေဖ်ာ့သည္။ ခရမ္းေရာင္မ်က္ဝန္းမ်ားကလည္း အလြန္လွပသည္။ ထိုသို႔ ျဖဴေဖ်ာ့လွပေသာ အသြင္အျပင္ႏွင့္ ဆန႔္က်င္လ်က္ နက္ေမွာင္‌ေသာ အဝတ္အစားေၾကာင့္ သူ၏ပုံစံက ေအးတိေအးစက္ျဖင့္ ခ်ဥ္းကပ္ရခက္ဟန္ ထင္ရသည္။ အထူးသျဖင့္ ႏႈတ္ခမ္းပါးမ်ား မသိမသာ ေကာ့တက္သြားခ်ိန္ ထိုအၿပဳံးထဲတြင္ ေသြးေအးရက္စက္မႈတခ်ိဳ႕ ထင္ဟပ္ေနေတာ့သည္။

ျခဴးမုယြင္က သူ႔ကို မေၾကာက္ေပ။ ထိုအစား စိတ္မေကာင္းျဖစ္မိသည္။

ေမာ့က်ိဳးေရွာင္၏ လုပ္ရပ္ေၾကာင့္ ရန္ခ်န္းသည္ ပထမဦးဆုံး ေအးစက္စိမ္းကားစြာ ဆက္ဆံခံခဲ့ရ၏။ လူတစ္ေယာက္ကို ႏွစ္ေပါင္းမ်ားစြာ ေမွ်ာ္လင့္ေစာင့္စားခဲ့ရသျဖင့္ သူ၏ အတြင္းစိတ္ခံစားခ်က္တြင္ စိတ္မခ်မႈမ်ား၊ ယုံမွားသံသယမ်ား ျဖစ္တည္လာရသည္။ မသိစိတ္ထဲတြင္ ေမာ့က်ိဳးေရွာင္၏ မွတ္ဉာဏ္မ်ား စြဲထင္ေနသျဖင့္ ျခဴးမုယြင္ဟူသည္ ၾကင္နာေႏြးေထြးတတ္သူျဖစ္ေၾကာင္း ခပ္ေရးေရးေလး ခံစားသိေနသည္။ သို႔ျဖစ္ရာ သူ႔အလွည့္က်မွ အဘယ္ေၾကာင့္ ဤသို႔ဆက္ဆံခံေနရသနည္း။

သူက ျခဴးမုယြင္ ေမွ်ာ္လင့္ထားသေလာက္ မလိမၼာ၍ေလာ။ ႀကိဳးႀကိဳးစားစား မက်င့္ႀကံ၍ေလာ။ သို႔ႏွင့္ ျပင္းျပင္းထန္ထန္ က်င့္ႀကံႀကိဳးစားခဲ့သည္။ ဤကား ျခဴးမုယြင္ သူ႔ကို ပစ္ပယ္ထားျခင္းက သူ႔အျပစ္မဟုတ္မွန္း သေဘာေပါက္လာသည္အထိ။ သူ မည္မွ်ႀကိဳးစားေနပါေစ၊ ျခဴးမုယြင္၏ရင္ထဲတြင္ တစ္စုံတစ္ေယာက္ ရွိေနၿပီးျဖစ္၍ သူ႔အား လွည့္ၾကည့္မည္မဟုတ္ေပ။

ထို႔ေၾကာင့္ စိုးရိမ္ပူပန္မႈမ်ားသည္ ျပစ္မႈတစ္ပါးျဖစ္ေသာ မနာလိုျခင္းအျဖစ္သို႔ ေျပာင္းလဲသြားရသည္။

ျခဴးမုယြင္က သက္ျပင္းဖြဖြခ်လိုက္သည္။

ရန္ခ်န္းသည္ ျခဴးမုယြင္ အတိတ္အေၾကာင္း ျပန္ေတြးေနမွန္းသိ၍ ႏႈတ္ခမ္းမဲ့လိုက္ၿပီး ညစ္က်ယ္က်ယ္ ေျပာလာသည္။ : “အမွားလုပ္ခဲ့တဲ့လူက ေမာ့က်ိဳးေရွာင္ေလ.. အျပစ္ေပးခံရေတာ့ က်ဳပ္တဲ့လား..?”

သူသာ ထိုအေၾကာင္းဆက္ေျပာေနလွ်င္ လက္ရွိဘဝမွ ျဖစ္ရပ္မ်ားကိုလည္း ေျဖရွင္းႏိုင္ေတာ့မည္မဟုတ္ေပ။ သို႔ေသာ္ ျခဴးမုယြင္ခမ်ာ ျပႆနာအရင္းအျမစ္က သူ ျဖစ္ေန၍ ဘာမွျပန္မေျပာႏိုင္ခဲ့ေပ။

အိုက္ယား.. ဘဝက ခက္ခဲလိုက္တာ..!

ျခဴးမုယြင္က တစ္ခဏေတြးၿပီးေနာက္ ေျပာလိုက္သည္။ : “အားခ်န္း.. မင္းက အဲ့လိုထင္ေနေပမယ့္ မင္းဆိုၿပီး စတင္ျဖစ္တည္လာကတည္းက ငါ နက္နက္ရႈိင္းရႈိင္း ခ်စ္ခဲ့ရတာပါ..”

ရန္ခ်န္းက မ်က္ခုံးအသာပင့္လိုက္သည္။ ထိုစကားက အတန္ငယ္ အသုံးဝင္မွန္း သိသာလွသည္။

ျခဴးမုယြင္က ဆက္ေျပာသည္။ : “ငါ မင္းကို လာမေတြ႕ရဲခဲ့ဘူး.. မင္း အရင္လိုအမွားမ်ိဳး ထပ္လုပ္မွာကို ငါ ေၾကာက္ခဲ့တယ္.. ဒီအတိုင္း ေရွာင္ပုန္းေနတာ မဟုတ္ပါဘူး.. ထပ္ၿပီး ခ်စ္မိသြားမွာ ေၾကာက္ခဲ့တာ.. မင္းနဲ႔ နီးစပ္သြားရင္ မခြဲႏိုင္မခြာရက္ေအာင္ ခ်စ္မိသြားမွာ ေၾကာက္ခဲ့တာ..”

ရန္ခ်န္း၏ မ်က္ႏွာအမူအရာက အနည္းငယ္ ၾကည္လင္လာေသာ္ျငား ႐ုတ္ခ်ည္းဆိုသလို ျပန္လည္မည္းေမွာင္သြားျပန္သည္။

ျခဴးမုယြင္မွာ အသံတိတ္ ေရ႐ြတ္လိုက္မိ၏။ ‘မေကာင္းေတာ့ဘူး..!’

ထင္သည့္အတိုင္းပင္ ရန္ခ်န္းက ေအးစက္စက္မ်က္ႏွာထားျဖင့္ ေမးလာသည္။ : “အဲ့အခ်ိန္တုန္းက က်ဳပ္အသက္က ခုနစ္ႏွစ္၊ ရွစ္ႏွစ္ပဲ ရွိေသးတာေလ.. အဲ့တာကို ခင္ဗ်ားက နက္နက္ရႈိင္းရႈိင္း ခ်စ္မိသြားတယ္..?”

ရန္ခ်န္းက ေအးတိေအးစက္ ႏွာမႈတ္ကာ လွည့္ထြက္သြားသည္။ ထို႔ေနာက္ ေဘးအခန္းတြင္ သြားေနေတာ့သည္။

ျဖစ္လာမယ့္ေဘးကို ေရွာင္လႊဲလို႔မရႏိုင္ဘူးပဲ..!

ဆရာျခဴးခမ်ာ အေတာ္ေလး စိတ္ဓာတ္က်သြားရသည္။ သူ႔တြင္ ခ်စ္သူတစ္ဦးတည္းရွိတာ ေသခ်ာပါသည္။ သို႔ေသာ္ ထိုတစ္ဦးေသာေလးက အိမ္မွာ ဗိုလ္က်ၿပီး အျပင္မွာ အလံေရာင္စုံလႊင့္တတ္သည့္ အလံနီငါးဆားႏူေကာင္မ်ားႏွင့္ အဘယ္ေၾကာင့္ တူေနရသနည္း။

Zero ေလးလည္း ကိုယ္ပိုင္ခႏၶာကိုယ္ ရွိသြားၿပီျဖစ္၍ သူ႔အတြက္ ရင္ဖြင့္တိုင္တန္းႏိုင္သူ မရွိေတာ့သည္မွာ စိတ္မေကာင္းစရာပင္။

ျခဴးမုယြင္သည္ တစ္ခဏမွ် ေတြးၾကည့္ၿပီးေနာက္ ဝွက္ဖဲထုတ္သုံးရန္ သတိရသြားသည္။

ရန္ခ်န္းတြင္ သူကိုယ္တိုင္ေတာင္မသိသည့္ အက်င့္တစ္ခု ရွိေနသည္။ သူက အေအးေၾကာက္ေသာ္ျငား ျခဴးမုယြင္ေၾကာင့္ တစ္ႏွစ္ပတ္လုံး ႏွင္းမ်ားဖုံးလႊမ္းရာ ေတာင္ေပၚတြင္ ေနထိုင္ခဲ့သည္။ ေတာက္ပဝင့္ႂကြားေနသည့္ ဇီးပန္းပြင့္မ်ားကို ျမင္ေတြ႕ခ်င္ေသာ္လည္း အေအးဓာတ္ကိုေတာ့ မုန္းတီးခဲ့သည္။ သူ၏ စိတ္ေနစိတ္ထားေၾကာင့္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ခ်စ္ျခင္းေမတၱာကို ေတာင့္တမိေသာ္လည္း ႏွလုံးသားထဲ စိုးတထိတ္ထိတ္ျဖစ္ေနေသာေၾကာင့္ ခ်ဥ္းကပ္လာသမွ်ကို ျငင္းဆန္၍ ဖ်က္ဆီးပစ္ရန္ပင္ ဆႏၵရွိခဲ့သည္။

တစ္ခ်ိန္က ေရခဲဝိဉာဥ္သားရဲေလးသည္ ရန္ခ်န္းအနားကို ခ်ဥ္းကပ္ႏိုင္ခဲ့၏။ ဤသည္မွာ ေရခဲဝိဉာဥ္သားရဲတို႔၏ ႐ိုးရွင္းတက္ႂကြေသာ အက်င့္စ႐ိုက္တစ္ခုတည္းေၾကာင့္မဟုတ္၊ တျခားအေၾကာင္းျပခ်က္လည္း ရွိေနေသးသည္။ ယင္းမွာ ေရခဲဝိဉာဥ္သားရဲေလးသည္ အေမြးဖြားဖြားျဖင့္ ညဘက္ ဖက္အိပ္လွ်င္ အလြန္ေႏြးေထြးေသာေၾကာင့္ ျဖစ္သည္။

အေအးေၾကာက္သူတိုင္း အေမြးဖြားဖြားကို သေဘာက်တတ္သည္။ ထို႔ေၾကာင့္ ျခဴးမုယြင္လည္း ကိုယ့္ကိုယ္ကို စိတ္ျပင္ဆင္ကာ သားေမြးလုံးေလးအျဖစ္ ေျပာင္းလဲလိုက္ေတာ့သည္။

ေျခေထာက္ေလးေခ်ာင္းျဖင့္ လမ္းမေလွ်ာက္ရသည္မွာ အေတာ္ၾကာခဲ့ၿပီျဖစ္၍ သားေမြးလုံးေလးျခဴးမွာ အသားမက်ႏိုင္ေအာင္ ျဖစ္ေနေတာ့သည္။ သို႔ေသာ္ ျခဴးမုယြင္ဟူသည္ သင္ယူေလ့လာမႈအားေကာင္းသူ မဟုတ္ပါလား။ ထို႔ေၾကာင့္ အနည္းငယ္ လမ္းပတ္ေလွ်ာက္လိုက္႐ုံျဖင့္ ကြၽမ္းက်င္ပိုင္ႏိုင္လာသည္။

ျခဴးမုယြင္သည္ ေဘးအခန္းတံခါးကို ဦးေခါင္းျဖင့္ တြန္းဖြင့္လိုက္ၿပီး မိုးျပာေရာင္မ်က္လုံးေလးမ်ားကို ေဖာ္ျပလိုက္သည္။ ဤနည္းျဖင့္ ရန္ခ်န္း အံ့အားသင့္သြားပုံကို ေအာင္ေအာင္ျမင္ျမင္ ျမင္ေတြ႕ႏိုင္ခဲ့သည္။

မျမင္ဖူးမေတြ႕ဖူးတာမရွိသည့္ ျခဴးမုယြင္အတြက္ ရွက္႐ြံ႕ေနစရာ အေၾကာင္းမရွိေတာ့ေပ။ သို႔ျဖစ္ရာ တစ္ဖက္လူ စိတ္ေပ်ာ္ေစရန္အတြက္ အစြမ္းကုန္ ႀကိဳးစားေတာ့သည္။

တစ္ခ်က္ခုန္လိုက္႐ုံျဖင့္ သားေမြးလုံးေလးျခဴးသည္ ရန္ခ်န္း၏ ရင္ဘတ္ေပၚသို႔ လွလွပပ ေရာက္ရွိသြားေတာ့သည္။ ၿပီးေနာက္ ရန္ခ်န္း၏အက်ႌကို လက္သည္းေလးမ်ားျဖင့္ ကုတ္တြယ္ကာ ေခါင္းေမာ့လိုက္ၿပီး အရည္လဲ့ေနေသာ မ်က္ဝန္းဝိုင္းႀကီးမ်ားျဖင့္ ႏူးႏူးညံ့ညံ့ေလး ေအာ္လိုက္သည္

“အာ..ဝူး..”

ထိုအခိုက္အတန႔္ ရန္ခ်န္း၏ ႏွလုံးသားလည္း အရည္ေပ်ာ္က်သြားေတာ့သည္။

ဘာကိုေဒါသထြက္တာလဲ..? ဘာကို သဝန္တိုရမွာလဲ..? ဘာကို မနာလိုျဖစ္ရမွာလဲ..?

ဘာမဟုတ္တဲ့ ကိစၥေလးေတြပဲေလ..! သူ႔လို ဘယ္သူ အေခ်ာ့ခံဖူးလဲ..? အားယြင္ရဲ႕ ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ပုံစံေလးကို သူကလြဲၿပီး ဘယ္သူျမင္ဖူးမွာလဲ..? အမ္.. သူတစ္ေယာက္တည္း အကုန္ျမင္ဖူးတာပဲ..!

သို႔ႏွင့္ ရန္ခ်န္းလည္း စိတ္ေကာက္မေနေတာ့ေပ။ သူ၏ရင္ခြင္ထဲတြင္ အေမြးလုံးေလး ရွိေနသည္ျဖစ္ရာ ေကာင္းေကာင္း မပြတ္သပ္ရလွ်င္ အားယြင္၏ ခ်စ္ျမတ္ႏိုးေပးမႈကို ျဖဳန္းတီးရာက်လိမ့္မည္။

ျခဴမုယြင္လည္း ထိုအခါမွ သက္ျပင္းခ်ႏိုင္ေတာ့သည္။ ၾကည့္ရသည္မွာ အနာႏွင့္ေဆး ဓာတ္တည့္သြားပုံပင္။

အေမြးလုံးေလးျခဴးသည္ အလြန္အလုပ္ႀကိဳးစား၏။ အိမ္အျပင္ဘက္တြင္ ဇီးပန္းပင္ႀကီးတစ္ပင္ စိုက္ေပးၿပီး ရန္ခ်န္းကို အခန္းျပင္ခ်င္လာေအာင္ ေသြးေဆာင္ခဲ့သျဖင့္ ေနာက္ဆုံးေတာ့ ထိုအမ်ိဳးသား၏ ႏႈတ္ခမ္းထက္မွ အၿပဳံးစစ္ကို ျမင္ေတြ႕ႏိုင္ခဲ့သည္။

ထိုအၿပဳံးေလးသည္ ေသြးေအးရက္စက္တတ္သည့္ ညစ္က်ယ္က်ယ္အၿပဳံးမ်ိဳး မဟုတ္ေတာ့ဘဲ မ်က္စိက်ိန္းစပ္ေလာက္ေအာင္ ျဖဴစင္လြန္းခဲ့သည္။

ျခဴးမုယြင္မွာ မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနမိသည္အထိ။

ရန္ခ်န္းက ျခဴးမုယြင္၏နဖူးကို ထိၿပီး မႏၲန္ေျဖေပးလိုက္ေသာအခါ အေမြးလုံးေလးသည္ ခန႔္ညားေခ်ာေမာသည့္ အမ်ိဳးသားအျဖစ္ ေျပာင္းလဲသြားေတာ့သည္။

ရန္ခ်န္းက လက္ေျမႇာက္ကာ ျခဴးမုယြင္၏လည္ပင္းကို လက္ဖ်ားေလးျဖင့္ အသာတို႔ထိရင္း ႏူးညံ့စြာ ဆိုသည္။ : “အားယြင္.. ကိုယ့္မွာ ဆႏၵတစ္ခုရွိတယ္..”

ျခဴးမုယြင္မွာ ထိုအမ်ိဳးသားေၾကာင့္ မိန္းေမာေနသည္ျဖစ္၍ ဆႏၵတစ္ခုတည္းမဟုတ္၊ ေထာင္ေပါင္းမ်ားစြာ ေျပာလာလွ်င္ပင္ ျဖည့္ဆည္းေပးမိလိမ့္မည္။ : “ေျပာသာေျပာလိုက္.. မင္း ဆႏၵရွိတဲ့အတိုင္း ျဖစ္ေစရမယ္..”

“ဒါေပါ့ အားယြင္ ျဖည့္ဆည္းေပးႏိုင္ပါတယ္..” ရန္ခ်န္းက ျခဴးမုယြင္၏ အဝတ္အစားမ်ားကို က်င္လည္စြာ ဖယ္ရွားပစ္လိုက္သည္။ ျပစ္မ်ိဳးမွဲ႔မထင္ ခႏၶာကိုယ္ေလး ေပၚလာေသာအခါ သူ၏ ခရမ္းေရာင္မ်က္ဝန္းမ်ား အေရာင္ေတာက္ပလာၿပီး.. : “ဇီးပန္းပင္ေတြၾကားမွာ ခင္ဗ်ားကို လုပ္ခ်င္တယ္..”

ဤကား ႏွစ္ဘဝလုံး စိတ္စြဲလမ္းခဲ့ရသည့္ ဆႏၵတစ္ခုျဖစ္ၿပီး ယေန႔ေတာ့ အေကာင္အထည္ ေဖာ္ႏိုင္ခဲ့ေခ်ၿပီ။

သို႔ႏွင့္ ဆရာျခဴး၏ တစ္ကိုယ္လုံး ဇီးပန္းပြင့္မ်ားျဖင့္ ဖုံးလႊမ္းခံလိုက္ရသည္။

တစ္ႀကိမ္ၿပီးေနာက္ ျခဴးမုယြင္မွာ အတန္ငယ္ ေမာဟိုက္ေနၿပီး ၿပီးေျမာက္ထားသျဖင့္ အနည္းငယ္ မိန္းေမာေန‌ေလသည္။ သို႔ေသာ္ ရန္ခ်န္းက ေနာက္တစ္ခ်ီ ဆက္လာခဲ့သည္။

သနားငဲ့ညႇာေပးရန္ ျခဴးမုယြင္ စတင္ေတာင္းဆိုလာခ်ိန္မွာေတာ့ ရန္ခ်န္းက အၿပဳံးေလးျဖင့္ ေထြးေပြ႕နမ္းရႈိက္ရင္း အက္ရွစြာ ေျပာလာသည္။ : “နတ္ဆိုးတိုင္းျပည္မွာတုန္းက ခင္ဗ်ား ရွန္႐ႊိန္ယန္းနဲ႔ 697 ႀကိမ္၊ ရွဲ႕ခ်င္းလန္နဲ႔ 3455 ႀကိမ္၊ ၿပီးေတာ့ လင္း႐ႊမ္နဲ႔…”

ျခဴးမုယြင္မွာ ေခါင္းက်ိန္းလာၿပီး ရန္ခ်န္းကို ကပ်ာကယာ နမ္းရင္း ပါးစပ္ပိတ္လိုက္ရသည္။

ရန္ခ်န္းက သူ၏အနမ္းကို ျပန္လည္တုံ႔ျပန္ခဲ့သည္။ ၿပီးေနာက္ ျခဴးမုယြင္ခမ်ာ အေႂကြးတင္ခဲ့သမွ် ျပန္လည္ေပးဆပ္ရေတာ့သည္။

သတိေမ့သည္အထိ အလုပ္ခံလိုက္ရသည္မွာ အံ့ဩဖြယ္မရွိ။

သူ သတိမလစ္ခင္ ရန္ခ်န္း၏ စာရင္းတြက္ေနသံကို ဝိုးတဝါးေလး ၾကားလိုက္ရေသး၏။ အနည္းငယ္ ေဝဝါးေနေသာ္ျငား ရန္ခ်န္း ေျပာသြားခဲ့သည္မွာ..

“ဘယ္ႏွစ္ေခါက္အေႂကြးတင္တင္ ကိစၥမရွိပါဘူး.. တစ္ဘဝလုံး ျပန္ေပးဆပ္မွာမလား.. အခ်ိန္ေတြအမ်ားႀကီး ရွိေသးတာပဲ..”

ျခဴးမုယြင္မွာ ထိုစကားမ်ိဳးေျပာခဲ့မိသည့္အတြက္ အနည္းငယ္ ေနာင္တရလာေတာ့သည္။

ရက္အနည္းငယ္ခန႔္ အနားယူၿပီးေနာက္ ျခဴးမုယြင္ အိပ္ရာႏိုးလာေသာအခါ ထင္သည့္အတိုင္း ေနာက္တစ္ေယာက္ ေျပာင္းလဲသြားသည္ကို ေတြ႕လိုက္ရသည္။

အနီေရာင္ဝတ္ဆင္ထားေသာ ရွဲ႕ခ်င္းလန္သည္ ဇီးပန္းပင္မ်ားၾကားတြင္ နတ္သားတစ္ပါးႏွယ္ တင့္တယ္ေၾကာ့ရွင္းစြာ ထိုင္ေနေလသည္။

ထိုျမင္ကြင္းကိုၾကည့္ၿပီး ျခဴးမုယြင္လည္း ဤ‘ဘိုးေလး’ေလးအေပၚ မည္သည့္အေႂကြးမ်ိဳး တင္ေနမလဲဟု အသည္းအသန္ စဥ္းစားေတာ့သည္။

ရွဲ႕ခ်င္းလန္က ေပါင္ကိုပုတ္ျပကာ.. : “ဒီကိုလာခဲ့..”

ျခဴးမုယြင္ : “……….”

ရွဲ႕ခ်င္းလန္ : “ရန္ခ်န္း မွားေျပာသြားတာ.. တိတိက်က်ေရတြက္ရင္ မင္းနဲ႔ လင္း႐ႊမ္က ငါးေသာင္း ကိုးေထာင္ ေျခာက္ရာ သုံးဆယ့္….”

သူ႔စကားမဆုံးခင္မွာပင္ ျခဴးမုယြင္က ေပါင္ေပၚ တက္ထိုင္လိုက္သည္။

ရွဲ႕ခ်င္းလန္က သူ႔ကို ေထြးေပြ႕ကာ ရင္ဘတ္ကို ခပ္ၾကမ္းၾကမ္းေလး ကိုက္လိုက္သည္။

“ကိုယ္ မင္းအေပၚ အမွားလုပ္မိတယ္လို႔ အၿမဲတမ္း ထင္ေနခဲ့တာ.. ဒါေပမဲ့ လက္စသတ္ေတာ့ မင္းကမွ ႏွလုံးသားမရွိတဲ့လူပဲ..”

ျခဴးမုယြင္ : ေကာင္းေရာ.. ျပန္မေခ်ပႏိုင္ေတာ့ဘူး..!

ထို႔ေနာက္ ရွဲ႕ခ်င္းလန္သည္ ျခဴးမုယြင္၏ ခႏၶာကိုယ္ကို ဝိုင္တစ္ခြက္ႏွယ္ ႏူးညံ့ၾကင္နာစြာ အသုံးျပဳေတာ့သည္။

ႏွစ္ေယာက္သား ၿခံဝင္းထဲ လုံးေထြးေနခ်ိန္ အိမ္အလည္လာေသာ Zero ေလးႏွင့္ ဝင္တိုးမိေလသည္။

Zero ေလးက အသံၿပဲႀကီးႏွင့္ ထေအာ္သည္။ : “အာ႐ုံငါးပါးပိတ္..!”

ျခဴးမုယြင္ : “………..”

ရွဲ႕ခ်င္းလန္က သူ၏ အေပၚဝတ္ကိုခြၽတ္ကာ ျခဴးမုယြင္၏ ခႏၶာကိုယ္ကို တင္းတင္းက်ပ္က်ပ္ ဖုံးကြယ္လိုက္သည္။

ျခဴးမုယြင္က ခ်စ္စရာေကာင္းသည့္ ငတုံးေလးကို လွမ္းေျပာသည္။ : “Zero.. မ်က္လုံးမွိတ္ၿပီး နားကို လက္နဲ႔အုပ္ထားရမွာေလ..”

မင္းက System မဟုတ္ေတာ့ဘူးေလ.. ဘယ္လိုလုပ္ အာ႐ုံငါးပါးပိတ္လို႔ရဦးမွာလဲ..? ဒါနဲ႔ ဘာလို႔ ဒီကေလးက သူ႔ကိုယ္သူ ‘System’ တစ္ခုလို႔ ထင္ေနရတာလဲ..?

Zero ေလးက ကပ်ာကယာ မွတ္လုံးမွိတ္ၿပီး သူ၏ လက္ေသးေသးေလးျဖင့္ နားႏွစ္ဖက္ကို တင္းတင္းက်ပ္က်ပ္ ပိတ္ထားလိုက္သည္။

ရွဲ႕ခ်င္းလန္မွာ ေျပာစရာစကားမရွိေအာင္ ဆြံ႕အသြားရၿပီး ျခဴးမုယြင္အား ငုံ႔ၾကည့္ကာ ဆိုသည္။ : “အျပင္ျပန္ထြက္ၿပီး ကိုယ္တို႔ႏွစ္ေယာက္အတြက္ ခဏေလာက္ ေရွာင္ေပးသင့္တယ္လို႔ေရာ မထင္ဘူးလား..? ဒီေနရာမွာ မ်က္လုံးမွိတ္ နားပိတ္ၿပီး ထင္းရႉးပင္ႀကီးလို ရပ္ခိုင္းထားတာ ဘာလုပ္မလို႔လဲ..?”

ျခဴးမုယြင္ : “……….”

ရွဲ႕ခ်င္းလန္ : “ကံေကာင္းလို႔ ကိုယ္တို႔မွာ ကေလးမရွိလို႔ေပါ့.. မဟုတ္ရင္…”

ျခဴးမုယြင္မွာ ရွဲ႕ခ်င္းလန္၏စကားေၾကာင့္ စိတ္မေကာင္းျဖစ္သြား၏။ သူ ဘယ္ေသာအခါမွ ကေလးထပ္ေမြးစားေတာ့မည္မဟုတ္၊ တကယ့္ကို အႏၲရာယ္မ်ားလွသည္။

ရွဲ႕ခ်င္းလန္က Zero ေလးကို အျပင္ထြက္ေစာင့္ခိုင္းၿပီး ျခဴးမုယြင္အား ေရခ်ိဳးခန္းထဲ သယ္သြားကာ ေသရည္မ်ားကို ေဆးေၾကာေပးၿပီး အက်ႌဝတ္ေပးေလသည္။

ျခဴးမုယြင္က ေျခေထာက္တုန္ေနသျဖင့္ ရွဲ႕ခ်င္းလန္က သူ႔ကို တြဲထားေပးရသည္။ ၿပီးေနာက္ ေျပာလာေသးသည္။ : “ညက်မွ ထပ္ဆက္မယ္..”

ျခဴးမုယြင္ : “ဟီးဟီး..”

ရွဲ႕ခ်င္းလန္က မ်က္ခုံးပင့္ကာ.. : “ငါးေသာင္း ကိုးေထာင္…..”

ျခဴးမုယြင္ : “ဟုတ္ၿပီ.. ဟုတ္ၿပီ..!”

ရွဲ႕ခ်င္းလန္က သူ႔ကို ၿပဳံးျပလာသည္။

ျခဴးမုယြင္ခမ်ာ ေလွနံသုံးေလးဖက္နင္းသူမ်ားက တကယ့္ကို သတၱိေကာင္းၿပီး ရဲရင့္လြန္းေပစြဟု ေတြးေနမိေတာ့သည္။

Zero ေလးသည္ အခန္းထဲဝင္လာၿပီး စပ္စပ္စုစု လိုက္ၾကည့္ေနေလ၏။ ျခဴးမုယြင္က ေခ်ာင္းဟန္ကာ ေမးသည္။ : “ေျပာေတာ့ ‘မဟူရာည’နဲ႔ သြားေဆာ့မလို႔ဆို.. ဘယ္လို႔ ျပန္လာတာလဲ..?”

ရန္ခ်န္းသည္ မူလခႏၶာကိုယ္ထဲ ျပန္ေရာက္လာၿပီးေနာက္ ‘မဟူရာည’ကို လြတ္လပ္ခြင့္ေပးလိုက္ေသာ္လည္း ‘မဟူရာည’က အေတာ္ေလး အားနည္းေနခဲ့၏။ သိပ္မၾကာခင္က ေမာ့က်ိဳးေရွာင္သည္ ျခဴမုယြင္အား ‘မဟူရာည’ကို ကမာၻအေဟာင္းသို႔ ပို႔ထားရန္ အႀကံေပးခဲ့သည္။ ဤသို႔ဆိုလွ်င္ ပထမအခ်က္အေနျဖင့္ ‘မဟူရာည’၏ စြမ္းအားမ်ား ျပန္လည္ရရွိႏိုင္သည္။ ဒုတိယအခ်က္အေနျဖင့္ ကမာၻအေဟာင္းလည္း တကယ့္စြမ္းအားအစစ္အမွန္ကို နားလည္သြားေပလိမ့္မည္။

Zero ေလးက ‘မဟူရာည’ႏွင့္ သြားေဆာ့ဦးမည္ဟု ေျပာသြားေသာ္လည္း သိပ္မၾကာလိုက္။ ယခုလို ျပန္ေရာက္လာခဲ့သည္။

ျခဴးမုယြင္ ေမးလိုက္ေသာအခါ Zero ေလးမွာ ဇေဝဇဝါျဖစ္ေနခဲ့သည္။

ထိုအမူအရာကိုၾကည့္ၿပီး ဤကေလးက အရမ္းျဖဴစင္လြန္း၍ ေအာက္ကမာၻ၏ အရႈပ္အေထြးမ်ားကို နားမလည္ျခင္းျဖစ္ေၾကာင္း ျခဴးမုယြင္ သေဘာေပါက္လိုက္သည္။

ရွဲ႕ခ်င္းလန္က ႐ုတ္တရက္ အႀကံျပဳလာသည္။ : “ကမာၻေျမ(earth) မွာ ဘာေတြျဖစ္ေနလဲ သြားၾကည့္ရေအာင္..”

“ဟမ္..?” ျခဴးမုယြင္သည္ အနည္းငယ္ လန႔္ျဖန႔္သြားသည္။

ရွဲ႕ခ်င္းလန္ : “ဒီေနရာမွာ မီးခိုးေတြခ်ည္းပဲ.. သုညေလး ႀကိဳက္မွာမဟုတ္ဘူး.. ကမာၻေျမသြားၿပီး ဘာေတြျဖစ္ေနလဲ သြားၾကည့္ၾကတာေပါ့.. ကိုယ္မွတ္မိသေလာက္ အဲ့ေနရာက ေအးခ်မ္းတယ္မလား..?”

Zero ေလးက ခ်က္ခ်င္းဆိုသလို တက္တက္ႂကြႂကြ ျပန္ေျဖသည္။ : “ဟုတ္တယ္.. ဟုတ္တယ္.. ကမာၻေျမကို သြားၾကရေအာင္..”

ျခဴးမုယြင္ အေတြးနက္သြားသည္။ အေတာ္ၾကာမွ Zero ေလး အိမ္မွာရွိေနလွ်င္ မဟုတ္ကဟုတ္က မလုပ္ရမွာစိုးၿပီး ရွဲ႕ခ်င္းလန္က ဤကေလးကို Summer Camp သေဘာမ်ိဳး ပို႔ခ်င္ေနျခင္းျဖစ္ေၾကာင္း သေဘာေပါက္သြားသည္။

သို႔ေသာ္ ထိုအႀကံက သိပ္မဆိုးလွ။ ‘အသက္တံခါး’ျဖင့္ဆိုလွ်င္ ကမာၻေျမသို႔ အလည္သြားရန္ သိပ္မခက္ခဲေပ။ ကမာၻ႔စည္းမ်ဥ္းမ်ားကို မခ်ိဳးေဖာက္သေ႐ြ႕ သူတို႔ကို မည္သည့္အရာကမွ် တားဆီးမည္မဟုတ္ေပ။

ျခဴးမုယြင္က ျပန္ေျဖလိုက္သည္။ : “ၿပီးေရာ.. ကမာၻေျမကို အတူတူ ခရီးထြက္ၾကတာေပါ့..”

Zero ေလးမွာ ေပ်ာ္ျမဴးတက္ႂကြေနၿပီး.. : “အထုပ္အပိုးေတြ သြားသိမ္းေတာ့မယ္..”

ျခဴးမုယြင္ : “…………..” ဘာအထုပ္အပိုးလဲ ငါ့သားေရ..ကမာၻေျမေပၚမွာ မေနခဲ့ဖူးလို႔လား..?

ရွဲ႕ခ်င္းလန္က သက္ျပင္းခ်ကာ.. : “စဥ္းစားခ်င့္ခ်ိန္တတ္တဲ့ ကေလးပဲ..”

ျခဴးမုယြင္ : “………”

သို႔ႏွင့္ မိသားစုသုံးေယာက္ (မမွားဘူးဟုတ္) အသက္တံခါးကို ျဖတ္၍ ကမာၻေျမေပၚသို႔ ေရာက္သြားေတာ့သည္။

ျခဴးမုယြင္ အံ့ဩသြားရသည္ကား..

သူ တကယ္ႀကီး သူ႔ကားေပၚကို ကားေမာင္းလက္စပုံစံနဲ႔ ျပန္ေရာက္သြားတာလား..? ၾကည့္ရတာ ကားမေတာ္တဆျဖစ္ၿပီး မေသခင္ထင္တယ္..?

ဒါနဲ႔ ဘယ္ကို ေမာင္းေနတာပါလိမ့္..?

ျခဴးမုယြင္သည္ အလြန္ဉာဏ္ေကာင္းေသာ္လည္း ႏွစ္ေထာင္ခ်ီၾကာျမင့္ခဲ့ၿပီျဖစ္၍ သူဘယ္သြားေနမွန္း တကယ္ကို ေမ့ေလ်ာ့သြားသည္။

တစ္ခုခု သြားစားမလို႔ထင္တယ္..?

ေကာင္းသားပဲ.. ရွဲ႕ခ်င္းလန္ကိုေခၚၿပီး သြားဒိတ္တာေပါ့..!

…………………………………….

TN : တို႔သားေလးေတြ စင္ေပၚေရာက္ေနေတာ့..

Meli : "ဟီး..ဟီး..'

…………………………………….

Continue Reading

You'll Also Like

52.7K 9.3K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...
204K 37.4K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel
286K 22.7K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
578K 100K 147
eng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိ...