မနက်ခင်းပိုင်းရန်နိုးလာတဲ့အချိန်ဟာ 9 နာရီဖြစ်ပြီး ရန်ဘေးမှာ အိပ်နေကျဖြစ်သော မောင်ကတော့မရှိချေ၊၊ မနေ့ကထဲက ဒီနေ့ ကုမ္ပဏီ ကို အရေးကြီးအစည်းအဝေးရှိတာမလို့ အစောကြီးထသွားမယ်ဆိုတာ ရန်ကိုတော့ ကြိုပြောပြထား၏၊၊ထို့ကြောင့် ဒီမနက် မောင်ကရန်ဘေးမှာမရှိတော့တာ၊ ကုမ္ပဏီ သွားတာလည်းရန်ကိုနိုးပြီးပြောသွားခြင်းလည်းမရှိ၊ အရင်နေ့တွေကတော့ ရန်အိပ်နေရင်တောင် ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာကအစ နိုးပြီးပြောတတ်တာကို အခုတော့ ထူးထူးဆန်းဆန်း နိုးပြီးတောင်မပြောသွား၊၊
ရေပူစပ်ပေးနေကျမောင်ကလည်း မရှိတော့နိုးလာထဲက ရန် ရေမချိုး ဖြစ်ပေ၊၊ မနက်စာ စားပြီးသာ ဧည့်ခန်းထဲ၌ ထိုင်ပြီး ရန် TV ထိုင်ကြည့်နေသည်မှာ နေ့လယ် 12 ပင်ရောက်လာခဲ့သည်၊၊ မောင်ကတော့ အခုထက်ထိရောက်မလာသေး၊၊ တစ်ယောက်ထဲထိုင်ပြီး TV ကြည့်တာ ကြာလာတော့ ပျင်းလာလေသည်၊၊ ပျင်းလွန်းလို့ လူကအရည်ပါပျော်ကျတော့မည်၊၊
ဆက်ပြီးဧည့်ခန်းထဲ၌ထိုင်ကာ TV မကြည့်ချင်တော့တာကြောင့် TV ကို ပိတ်ပြီး အညောင်းပြေအညာပြေ လေ့ကျင့်ခန်းနည်းနည်းလုပ်ပြီးရန် ဧည့်ခန်းထဲက ထွက်လာခဲ့သည်၊၊
"ဟေး ကောင်လေး"
အပေါ်ထပ်သို့တတ်မည်ရန်၏ ခြေလှမ်းတွေက အနောက်က မိန်းကလေးတစ်ယောက်၏ ခေါ်သံကြောင့် ရပ်တန့် သွားရသည်၊၊ ရန် အနောက်ဘက်သို့ လှည့်ကြည့်လိုက်တော့ ခပ်ချောချောမိန်းကလေးတစ်ယောက်ပင်ဖြစ်သည်၊၊ သူမ၏ ဝတ်စားပုံက ခေတ်နဲ့အညီ တအားဖော်ချွတ်ထားသည်မျိုးလည်းမဟုတ်ပေမဲ့ လုံလုံခြုံခြုံ ဝတ်စားထားသည်မျိုးလည်းမဟုတ်ပေ၊၊ ဒူးအပေါ်ထိရောက်သော ကိုယ်ကျပ်ဂါဝန်အနက်ရောင်ကို ဝတ်ဆင်ထားပြီ ဆံနွယ်တွေကိုတော့ ဆံထုံး စုထုံးထားသည်၊၊ အရပ်အနေအမောင်းနဲ့ ရှပ်ရည်ကအစ ဒီမိန်းကလေးက ပြစ်ချက်ပြောစရာမရှိ၊၊
"ဒီအိမ်မှာ အချစ် ရှိလား"
"အမ် "
"အပေါ်ထပ်မှာ အချစ် ရှိလားလို့မေးတာ၊ဘာတွေအူတူတူလေးလုပ်နေတာတုန်း အသဲယားအောင်"
"ဗျာ"
ဟန်နီရှေ့က ကောင်လေးကိုကြည့်ပြီး ကိုက်စားပြစ်ချင်လာသည်၊၊ တီရှပ် အင်္ကျီ အကြီးတစ်ထည်နဲ့ ဒူးဖုံး ဘောင်းဘီအနက်လေးသာဝတ်ထားတဲ့ကောင်လေးက ပါးလေးတွေလည်းပြည့်ပြည့်လေးနဲ့ဖြစ်ပြီးဆွဲပွေ့ဖတ်၍ မွေ့ ရမ်းပြစ်ချင်စရာအတိ၊၊ ဟန်နီ ဒီအိမ်မှာ လာနေတုန်းက ဒီကောင်လေးကိုမတွေ့၊ အခုလမှရောက်လာတဲ့ အလုပ်သမားများလား
"တို့ပြောတဲ့အချစ်ဆိုတာက မာ.."
"ရန်လေး"
မိန်းကလေးလေး၏ စကားမဆုံးခင်မှာပင် မေနှောင်းက အိမ်ထဲသို့ဝင်လာကာ ရန်နာမည်ကိုခေါ်လာလေသည်၊၊ မေနှောင်း၏ မျက်နှာက ထိုမိန်းကလေးကိုမြင်တော့ အလိုမကျမှုတွေအတိုင်းသား၊
"မေနှောင်း မောင်ရော ဘာလို့အခုထိပြန်မလာသေးတာလဲ"
"ရန်လေးအတွက် KFC ဝင်ဝယ်နေတယ်၊ မေနှောင်းက အရင်ပြန်လာတာ၊ ရော့ အဲ့တာ သားရစ် ထည့်ပေးလိုက်တာ နို့ရေခဲမုန့် စားထားနှင့်တဲ့"
ရန်လေး လက်ထဲသို့ထည့်ပေးလိုက်ပြီး ထမင်းစားခန်းဘက်သို့သွားခိုင်းလိုက်သည်၊၊ ထို့နောက် နှောင်းရစ် ဟန်နီလင်းဆိုသော မိန်းကလေး ဘက်သို့လှည့်လိုက်ပြီး
"ခဏစကားပြောရအောင် "
"သဘောပါ"
ဧည့်ခန်းထဲသို့ နှစ်ယောက်သား ဝင်လာခဲ့ပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်၊၊
"မပြောဘူးဆိုပြီးလုပ်ထားပေမဲ့ အမြင်မတော်လာလို့ ဟန်နီလင်းကို အဒေါ် ပြောရအုံးမယ်"
"ဟန်နီကို လိုရင်းသာပြောပါ အဒေါ်"
" မာဗာရစ်ရော ဟန်နီလင်းရောက အိမ်ထောင်သည်နော် ၊ကိုယ်ပါတနာတွေကို အားနာတတ်ရင် အခေါ်အဝေါ် လေးတော့ ပြောင်းသင့်နေပြီ၊၊ ဟန်နီလင်း လူလွတ်ဖြစ်နေတုန်းအချိန်က အဒေါ်ဘာမှမပြောခဲ့ဘူး အခုလိုခေါ်ပြောရတာလဲ မာဗာရစ်ရဲ့ အမျိုးသား ခွန်းညီလွန်းရန် က အခေါ်အဝေါ် ကြောင့် အထင်လွဲမှုဖြစ်မှာစိုးလို့ ကြိုတင် သတိပေးရတာ၊၊ ဟန်နီလင်းဘက်က နားလည်မယ်လို့အဒေါ် ထင်ပါတယ်"
"ဟန်နီဘက်ကလည်း အဒေါ်သိအောင်ရှင်းရှင်းလင်းလင်းပြောပါ့မယ်၊၊ ရစ်ကို သူငယ်ချင်းတစ်ယောက်ထက်ပိုပြီး ခံစားချက်မရှိပါဘူး၊၊ နောက်ပြီး ဟန်နီတစ်ယောက်ထဲ အချစ်ဆိုတဲ့ နာမ်စားကိုသုံးတာမဟုတ်ပါဘူး၊ဟန်နီအမျိုးသား ရိုင်းစက်မာန်ကလည်း အဲ့လိုမျိုးသုံးနှုန်းလေ့ရှိပါတယ််နော်၊၊ အထင်လွဲစေခဲ့မှန်း ဟန်နီတကယ်မသိခဲ့တာပါ၊၊ နှုတ်ကျိုးနေလိုသာ အဲ့လိုဘဲ အမြဲခေါ်ဖြစ်ခဲ့တာပါ ၊၊ဒါကြောင့်အဒေါ်ဘက်ကအခု စိတ်ရှင်းလောက်ပြီလို့ထင်ပါတယ်"
နှောင်းရစ်အခုလို ဟန်နီလင်းကိုခေါ်ပြောရသည်ကလည်း သားသမီးချင်းကိုယ်ချင်းမစာလိုမဟုတ်၊၊ သားရစ်နဲ့ ရန်လေးအကြား ဘာဆူးငြောင့်ခလုတ်မှ မရှိစေချင်တော့လို့ဖြစ်သည်၊၊ တစ်ယောက်နဲ့တစ်ယောက်အထင်လွဲမှုတွေဖြစ်မလာခင် နှောင်းရစ်က ပြောသင့်တာတော့ ပြောထားရမှာဘဲ၊၊ အချိန်လွန်သွားမှ သွားပြောလည်း ဘာမှ အရာမဝင်တော့
"အရင်ချိန်က ရစ်ကို ကပ်နေတဲ့အတွက် အဒေါ်နားလည်မှုလွဲတာကို နားလည်ပါတယ်၊၊ဒါပေမဲ့ ဟန်နီက ရစ်ကိုသဘောကျလို့ကပ်နေတာမဟုတ်ပါဘူး၊ ဟန်နီက အဒေါ်ကို သဘောကျခဲ့လို့ ရစ်ကိုအပူကပ်ပြီးအောင်သွယ်ခိုင်းနေတာပါ၊၊အခုတော့ ဟန်နီ အမျိုးသား ရိုင်းစက်မာန်ဆီမှာဘဲ စိတ်တွေကိုနှစ်ထားတာမလို့ အဒေါ်ကစိတ်ပူစရာမလိုတော့ ပါဘူး"
ဟန်နီလင်းက စကားအဆုံး ထိုင်နေရာမှ ထရပ်လျက် နှောင်းရစ်ကို ဦးညွတ်အရိုအသေပြုပြီးထွက်သွားတော့သည်၊၊ နှောင်းရစ်ကတော့ သားရစ်ကိုသဘောကျနေတယ်ထင်လို့ အဲ့အချိန်တွေတုန်းက သားရစ်ကို အမြဲ သတိပေးပြီးဆူဟောက်နေခဲ့တာ၊၊ နောက်ပြီး သားရစ်ကလည်း ဘာမှပြောပြခြင်းမရှိတော့ နှောင်းရစ် တစ်မျိုးထင်မိခဲ့သည်၊၊ အခုတော့ တရားခံက နှောင်းရစ်ဘဲ ဖြစ်နေသလိုလို
ဟန်နီလင်းထွက်သွားပြီးသိပ်မကြာခင်မှာပင် သားရစ်၏ ကားက အိမ်ရှေ့စင်ဝင်အောက်၌ ဆိုက်ရပ်လာသည်၊၊ ကားပေါ်ကနေ ဆင်းပြီး အိမ်ထဲဝင်လာတဲ့သားရစ်၏ လက်ထဲ၌ KFC ထုတ်ကို ကိုင်လာ၏၊၊ အရင်လို ကုမ္ပဏီ ကိုတစ်နေ့လုံး မသွားတော့ဘဲ မနက်တစ်ပိုင်းသာ ကုမ္ပဏီ ကိုသွားပြီနေ့လည်ဘက်ကိုတော့ အိမ်မှာဘဲအလုပ် လုပ်ကာ ရန်လေးအနားကို သားရစ်က ကပ်နေတတ်သည်၊၊
"မာမီ လွန်းရန်ရော"
"ထမင်းစားခန်းထဲမှာ"
ဗာရစ် ခြေလှမ်းတွေက ထမင်းစားခန်းဘက်သို့ ဦးတည်ကာဖြင့် ခပ်သွက်သွက်လျှောက်လာခဲ့သည်၊၊ ထမင်းစားခန်းထဲရောက်တော့ ရေခဲမုန့် စားနေသော လွန်းရန်ကိုတွေ့သည်၊၊ ဗာရစ်ဝင်လာတဲ့ဘက်ကို ကျောပေးပြီးထိုင်စားနေသည်ကြောင့် ဗာရစ်ရောက်လာသည်ကိုလွန်းရန်က မသိသေး၊၊ ရေခဲမုန့်၌သာ အာရုံရှိနေပုံရပြီ ဗာရစ်အနားသို့တဖြည်းဖြည်းတိုးကပ်လာတာတောင်သတိမူမိပုံမပေါ်
"ဟိတ် လွန်းရန်!"
"အား ခွေးမသား!!"
ပခုံးကိုပုတ်ပြီး အသံမြင့်လျက်ဗာရစ်ခေါ်လိုက်တော့ လွန်း ရန်က ယောင်ပြီးထဆဲလာလေသည်၊၊ ထို့ပြင် လက်ကပါ လွဲရိုက်လာတာမို့ ဗာရစ် ကြက်ကြော်အထုတ်ကိုပြစ်ချပြီး လွန်းရန်လက်ကိုလှမ်းဖမ်းလိုက်ရသည်၊၊ ယောင်ရင် ဆဲလည်းဆဲ ရိုက်လည်းရိုက်ဘဲ ငါအမျိုးသားက
"လန့်သွားတာလား၊၊sorry မောင်က ဒီတိုင်းဘဲစလိုက်တာ"
"မောင် ကလူကို တမင်သက်သက် လန့်အောင်လုပ်နေတာ"
"မဟုတ်ပါဘူးကွာ၊ မောင် ဒီတိုင်းဘဲစလိုက်တာ"
လွန်းရန်ဘေးက ထိုင်ခုံမှာ ဗာရစ်ဝင်ထိုင် လိုက်သည်၊၊ထို့နောက် လွန်းရန်ဘက်သို့လှည့်ပြီး
"စိတ်မဆိုးနဲ့တော့ မောင်မင်းအတွက်မုန့်တွေအများကြီးဝယ်လာတယ်"
"မေနှောင်းပြောတော့ KFC ဝင်ဝယ်နေတယ်ဆို အခုဘယ်မှာလည်း KFCက"
ကြက်ကြော်ထုတ်ကိုပြောမှ အစောနက အောက်သို့ဗာရစ်ပြစ်ချလိုက်မိမှန်း သတိရတော့သည်၊၊ ထို့တော့မှ အောက်၌ ကျနေသော KFC အထုတ်ကို ဗာရစ် ထကောက်လိုက်၏၊၊ ပြီးနောက် ပန်းကန် တစ်ချက်ယူပြီး ကြက်ကြာ်ကိုထည့်လိုက်ပြီး လွန်းရန်ရှေ့ကိုချပေးလိုက်သည်၊၊
"နေ့လယ် စာ ထမင်းမစားချင်ဘူးမလား၊၊ဒီတစ်နေ့ တော့ ကြက်ကြော်စား၊နောက်နေ့တွေတော့ ထမင်းဘဲစားရမယ်"
"ဟုတ်ကဲ့မောင်"
"စားထားနှင့်နော် မောင် ရေသွားချိုးအုံးမယ်ပြီးမှပြန်ဆင်းလာမယ်"
ကြက်ကြော်စ စားနေပြီဖြစ်တဲ့လွန်းရန်က ခေါင်းသာ အသာညိတ်ပြသည်၊၊ ခေါင်းလုံးလုံး လေး ကို ဗာရစ်ဆွဲဖွလိုက်ပြီး အစာဝါးလိုက်တိုင်းဖောင်းတတ်လာသော ပါးနုနုကို နှာခေါင်းနစ်ဝင်သည့်အထိဖိကပ်နမ်းလိုက်ကာ ထမင်းစားခန်းထဲမှထွက်လာ၍ အိမ်အပေါ်ထပ်သို့တတ်လာခဲ့တော့သည်၊၊
ဗာရစ် အခန်းထဲသို့ရောက်သည်နှင့် အပေါ်ကုတ်နဲ့ နက်ခ်တိုင်ကို ဆွဲချွတ်ပြီး တစ်ဖတ်သို့ပြစ်ထုတ်လိုက်သည်၊၊ ပြီးနောက် ကုတင်ပေါ်သို့ပြစ်လှဲလိုက်ပြီး ညစ်နွမ်းနေသောစိတ်တို့ကို ခဏအနားပေးလိုက်၏၊၊ စိတ်ရောလူရောပင်ပန်းနေပေမဲ့ လွန်းရန်ရှေ့မှမလို့သာဘာမှမဖြစ်သလို ဗာရစ်ဟန်ဆောင်နေခဲ့တာ၊၊တကယ်တော့ လူက ပြစ်လဲကျချင်နေပြီ
တစ်ပတ်တစ်ခါ လုပ်တဲ့မဟာမိတ်အစည်းအဝေးပွဲက တော်တော်စိတ်ပန်းရသည်၊၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားချက်တွေနဲ့အတွေးအခေါ်ခံယူချက်တွေမတူတာမို့ တစ်ပြေးညီထဲဖြစ်ဖို့ကတော်တော်လေး ခက်ခဲသောအရာပင်၊၊ ထို့ပြင် ခွန်းအိမ်တော်၏ ရှေ့နေ့ဟောင်းမှ လွန်းရန်မိဘတွေထားခဲ့သော ပိုင်ဆိုင်မှုတွေကို လွန်းရန်အစားထိန်းသိမ်းရန် ဗာရစ်ဆီလာရောက်ပြီး စာချုပ်စာတန်းတွေအကုန်ပေးသွား၏၊၊ မင်းသန့်ရှိနေတုန်းက အုပ်ချုပ်ပေးခဲ့သောလုပ်ငန်းစုအနည်းငယ်က အခုတော့ အုပ်ချုပ်ကြီးကြပ်သူမရှိသည်မို့ ရှေ့နေဟောင်းက လာပေးသွားခြင်းဖြစ်သည်၊၊ ကိုယ်ပိုင်လုပ်ငန်းတွေနဲ့တောင် ပတ်ရှုပ်နေတဲ့ ဗာရစ်မှာ လွန်းရန်၏ လုပ်ငန်းတွေပါ ပါလာတော့ အလုပ်က အရင်ထက်ပိုပြီးရှုပ်လာသည်၊၊ ခွန်းကမ္ဘာရန်က လွန်းရန်၏ အမွေရထားသော လုပ်ငန်းတွေအကြောင်းမသိသေးဘူးထင်၏၊ မဟုတ်ရင်တော့ လုပ်ငန်းအနည်းငယ်က ခွန်းကမ္ဘာရန်နိုင်လက်ထဲရောက်တာကြာလောက်ပြီ၊၊ ဒီလုပ်ငန်းတွေက မင်းသန့် သပ်သပ်လျို့ဝှက်ပြီး အုပ်ချုပ်စီမံပေးနေတဲ့ လုပ်ငန်းတွေဖြစ်လိမ့်မည်၊၊
ဝန်ခံလိုက်ပါ့ မင်းချစ်တယ်ဆိုလဲ ~~~( phone ringing )
ဘောင်းဘီအိတ်ကပ်ထဲမှလာနေသော ဖုန်းသံကြောင့် ဗာရစ်ပြုံးမိပြန်သည်၊၊ ထို ဖုန်းသီချင်းသံက ရွာမှာ လွန်းရန် ဆိုထားသော သီချင်းပင်ဖြစ်သည်၊၊ ထိုညတုန်းက ဘာရယ်မဟုတ်ဘဲ အသံသွင်းထားမိခဲ့သည်၊၊ အခုတော့ ဖုန်း ringtone အသံအဖြစ် ထည့်သွင်းထား၏၊၊ ဖုန်းလာတိုင်း ကြားနေရတဲ့ အသံလေးက ဗာရစ်မပြုံးဘဲမနေနိုင်ပေ၊၊ တကယ်ကို အများကြီးသဘာကျနေမိတာ
ဖုန်းခေါ်ဆိုမှု က ပထမတစ်ခါကျသွားပြီးနောက် သိပ်မကြာခင်မှာဘဲ နောက်တစ်ကြိမ်ထပ်ဝင်လာသည်၊၊ ဒီလို မကိုင်မခြင်းခေါ်နေတာက တစ်ခြားသူတော့မဟုတ် စကားများလွန်းတဲ့ ရိုင်းစက်မာန်ပင်ဖြစ်သည်၊၊ အခုလေးတင် မဟာမိတ်အစည်းအဝေးပွဲမှာ တွေ့ပြီးစကားပြောလာတာကို အခုဖုန်းထပ်ဆက်ပြီးဘာပြောအုံးမည်မသိ၊၊ မကိုင်မခြင်းခေါ်နေမဲ့ ရိုင်းစက်မာန်အကြောင်း ဗာရစ်သိတာမို့ ဖုန်းသာ ကိုင်လိုက်ရတော့သည်၊၊
"ပြော"
"မင်းဘာလုပ်နေလို့ ဖုန်းကိုင်တာအဲ့လောက်ကြာနေတာလဲ"
"လိုရင်းဘဲပြော"
"ငါမိန်းမ မင်းတို့အိမ်ပြန်လာပြီထဲက ထူးဆန်းနေတယ်၊၊ မျက်နှာလည်းမကောင်းဘူး၊ပြီးတော့ငါလာနမ်းပြီး ဒီနေ့ကစပြီး ရိုင်းကိုဘဲ ချစ်ဖို့ကြိုးစားတော့မယ်ဆိုပြီးပြောတယ်၊အခုလည်း ငါစားဖို့တဲ့ တစ်ခါမှမလုပ်ဖူးတဲ့ ဟင်းတွေဝင်ချက်နေသတဲ့"
"အဲ့တာဘာဖြစ်"
"ငါ ကြက်သီးထ နေတယ်၊ ဟန်နီလင်း မဟုတ်တာတွေလုပ်နေတော့ လွတ်နေပြီးတောင်ထင်နေတာ"
"မင်းဘဲသူချစ်တာလိုချင်တာမလား အခုသူအချစ်ရတော့မယ်လေ အခု ဘာဖြစ်နေ "
"လန့်လို့ပါကွာ"
"စောက်အာရုံလာမစားနဲ့တော့ "
"ခဏနေအုံးဖုန်းမချနဲ့အုံး!!"
ဗာရစ်ဖုန်းချမယ်လုပ်တော့ တစ်ဖက်မှ ရိုင်းစက်မာန်က ဖုန်းမချဖို့အော်ပြောလာ၏၊၊ အသံက ကျယ်ကျယ်လွန်းလို့ ဖုန်းနဲ့နားတောင် ခဏခွာထားလိုက်ရသည်၊၊
"မင်းကို ငါအစ်ကိုက သူသားကိုစောင့်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့ RUSSIA က ရေနံ ကုမ္ပဏီ ရဲ့ ရှယ်ယာ 20% ကို မင်းကိုပေးထားတယ်၊၊အဲ့တာ စာချုပ်တွေ ပို့ခိုင်းလိုက်မယ်"
"ငါဘယ်သူသားကိုမှမစောင့်ရှောက်ဘူး မင်းလူမှားနေတာလား"
"မသိဘူး၊ သူပြောတာဘဲ ရစ်အိမ်တော်က ကူပြီးစောင့်ရှောက်ပေးထားတာတဲ့၊ ငါအစ်ကိုကလေး နာမည်က ဘာမှိုင်းဆိုလည်းဘဲ ငါတူနာမည် ငါမေ့နေတယ်"
"စောခါးမှိုင်းလား"
"အေဟုတ်တယ်၊ စာချုပ်တွေရောက်မှကြည့်လိုက်တော့ အခု မီးဖိုချောင် ကနေ မိန်းမလှမ်းခေါ်နေပြီ ဒါဘဲ"
ကျသွားသော ဖုန်းကိုကြည့်ပြီး ဗာရစ်အနည်းငယ်အံ့သြနေမိသည်၊၊ ရိုင်းစက်မာန်၏ အစ်ကိုက RUSSIA မှာဘဲ နေပြီးအဲ့ဒီမှာဘဲကြီးပြင်းလာတာဖြစ်သည်၊၊ သွေးနှောပေမဲ့ RUSSIA သားစစ်လို့တောင်ပြောယူလို့ရသည်၊၊ ပုံထဲမှာဘဲမြင်ဖူးပေမဲ့ အမြင်မှာတော့ ဗာရစ်မတွေ့ဘူးပေ၊၊ စောခါးမှိုင်းက ရိုင်းစက်မာန်တူလေးဆိုတာ လုံးဝတောင်မထင်ထား၊၊ မျိုးရိုးမြင့်ထဲက ကလေးဖြစ်ပါရဲ့နဲ့ဘယ်လိုလုပ်ပြီး ရွာမှာ စွန့်ပြစ်ခံခဲ့ရတာလည်း၊၊ သူတို့အကြောင်းနဲ့သူတို့ပေမဲ့ ထိုကိစ္စတွေက ရှုပ်ထွေးပွေလီ နေမှာတော့သေချာသည်၊၊
နေရတာ မသက်မသာဖြစ်လာပြီး ခန္ဓာကိုယ်ကလည်းချွေးတွေကြီးဘဲမို့ ရေချိုးရန်အတွက် ဗာရစ် ကုတင်ပေါ်မှထလျက် ရေချိုးခန်းထဲ ဝင်လာခဲ့သည်၊၊ ရေပူစပ်မနေတော့ဘဲ ဒီတိုင်းသာ ရေအေးနဲ့ပင် ရေစိမ်နေလိုက်သည်၊၊ ရေ၏ အေးမြမှုက စိတ်ရှုပ်ထွေးနေခြင်းကိုအနည်းငယ်တော့လျော့၏၊၊ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့အေးစက်လာပြီး နေရတာလည်း သက်တောင့်သက်သာရှိလာသည်၊၊
ဒုန်းးဒုန်းး!!
ရေချိုးကန်ထဲရေစိမ်နေရင်း မှေးအိပ်မလို့ပြင်လိုက်ပေမဲ့ ရေချိုးခန်းတံခါးထုသံကျယ်ကျယ်က ထွက်လာလေသည်၊၊ လွန်းရန်လာတာဆိုလည်း ဒီလိုမျိုးကျယ်ကျယ်ထုမည်မဟုတ်၊၊ တစ်ခြားသူဆိုလဲ ဗာရစ် မပြီးမခြင်းအခန်းတံခါးအပြင်ဘက်မှာ ရပ်စောင့်နေမှာဖြစ်သည်၊၊အခု ဘယ်သူက ရေချိုးခန်းတံခါးကို အသည်းအသန် လာထုနေတာလဲ၊၊ ရေချိုးခန်းထဲက ဗာရစ်မထွက်လာမခြင်း ဆက်ပြီး တံခါးထုနေပုံရတာမို့ ခါးအောက်ပိုင်းကို သဘတ် အဖြူဖြင့် ဆွဲပတ်လိုက်ပြီး ရေချိုးခန်းတံခါးဘက်သို့ လျှောက်လာခဲ့တော့သည်၊၊
ရေချိုးခန်းတံခါးဆွဲဖွင့်ပြီး အော်မယ်ပြင်လိုက်တော့ ရေချိုးခန်းတံခါးရှေ့ရပ်နေတဲ့သူကမာမီဖြစ်နေလေသည်၊၊
"မာမီ ဘာဖြစ်လို့ဇွတ်ထုနေတာလဲ"
"ရန်လေး မူးလဲလို့ အခုအောက်ထပ်ကအခန်းမှာ နေရာချထားတယ် ဆရာဝန်လည်းခေါ်...."
နှောင်းရစ်စကားတောင်မဆုံးလိုက်ခင်မှာဘဲ သားရစ်က အဝတ်အစားတောင်မလဲ ဒီတိုင်းကြီး အခန်းပြင်ဘက်ထွက်သွားတော့သည်၊၊ ခါးအောက်ပိုင်းကို သဘတ်သာ ပတ်ထားပြီး အပေါ်ပိုင်းဗလာနဲ့ထွက်သွားတဲ့သားရစ်က ခေါင်းမှရေစိုနေသော ဆံပင်တွေကိုလည်း မသုတ်သွားချေ၊၊ရေစလက်နဲ့ ဒီတိုင်းကြီးကိုထွက်သွားတာ
လှေကားထစ်တွေအတိုင်း ခပ်မြန်မြန်နဲ့ဆင်းလာသည်မှာ ဗာရစ် အိမ်အောက်ထပ်ပင်ရောက်လာခဲ့သည်၊၊ စိုးရိမ်နေသောစိတ်ကြောင့် အပေါ်ထပ်နဲ့အောက်ထပ်ကို ဆင်းရာမှာ ခဏလေးအတွင်းပင်၊၊ အိမ်အောက်ထပ်က လူအဝင်အထွက်ရှုပ်နေသော အခန်းထဲသို့ဗာရစ်ဝင်သွားလိုက်တော့ မီးခိုးရောင်ကုတင်ထက်၌ ငြိမ်သက်စွာလဲလျောင်းနေသော လွန်းရန်ကိုတွေ့သည်၊၊ ဒီလိုအိပ်ယာထဲ လဲလျောင်းနေသော ပုံရိပ်ကို ဗာရစ်လချီပြီးမြင်ခဲ့ဖူးသည်၊၊ ထို့သို့မြင်ရတဲ့နေ့ရက်တိုင်းကလည်း တစ်ရက်မှ ရင်ထဲမပူလောင်သောရက်ဆိုတာမရှိခဲ့၊၊
"ဘယ်လိုဖြစ်တာလဲ၊ အစောနကတင် အကောင်းကြီးရှိနေတာမဟုတ်လား"
ကုတင်ဘေးနား၌ ရပ်နေသော ဒါလီယာကို ဗာရစ်မေးလိုက်တော့
"ထမင်းစားခန်းအဝင်အဝမှာ မေ့လဲနေတာ ၊၊ ကြည့်ရတာတော့ အစားစုံလို့နေမယ်၊၊ ခွန်းညီလွန်းရန် ဒီရက်တွေမှာ အစားစုံစားနေတာမလား၊အခုက ဓာတ်မတည့်တာ တစ်ခုခုပါလို့ မူးလဲတာနေမှာပေါ့"
သရေစာတွေ စိတ်ကြိုက်ဝယ်ကျွေးမိတာတောင် ဗာရစ် နောင်တရလာသည်၊၊ လွန်းရန်က စားချင်တယ်လို့ပူဆာတော့လည်း မဝယ်ကျွေးဘဲမနေနိုင်ပေ၊၊ အခုတော့ အလိုလိုက်ခဲ့သည့် ဗာရစ်၏ အပြစ်တွေသာ၊၊ အစထဲကသာ လွန်းရန် အကြိုက်မလိုက်ခဲ့ရင် အခုလိုမျိုးဖြစ်လိမ့်မည်တောင်မထင်
"ရစ် ခဏဖယ်အုံး ငါစစ်ကြည့်အုံးမယ်"
ရန်လေးလက်ကို ကိုင်ပြီး ငူငူကြီးရပ်နေတဲ့ ရစ်၏ ပခုံးကို လက်ခတ်ပုတ်လိုက်ပြီးပြောတော့မှ ယောင်နနနဲ့ ရန်လေးလက်ကိုလွှတ်ပေးပြီး တစ်ခြားဘက်သို့သွားရပ်သည်၊၊ စိတ်နဲ့လူနဲ့မကပ်ဖြစ်ပုံရပြီး လက်ခတ်ဒီအခန်းထဲသို့ဝင်လာတာတောင် ရစ်က သတိထာမိပုံမရ၊၊ လက်ခတ်သာ ပခုံးပုတ်မခေါ်ဘဲ ဒီတိုင်းရပ်ကြည့်နေမယ်ဆိုရင် ရစ်ဘယ်အချိန်မှ အသိစိတ်ပြန်ကပ်လိမ့်မလဲ၊၊ထို့ပြင် အပေါ်ပိုင်းဗလာနဲ့ဖြစ်ပြီး ခေါင်းမှရေတွေကလည်းမခြောက်သေး၊၊ဒီလိုပုံစံကြည့်ရတာတော့ ရေချိုးခန်းထဲမှတန်းထွက်လာပုံပင်
ရန်လေးကို သွေးခုန်နှုန်းနှင့် သွေးပေါင်အတတ်အကျစသည့်ဖြင့် လိုအပ်သော စစ်ဆေးမှုတွေကိုပြုပြီးနောက် လက်ခတ် နည်းနည်း ဇဝေဇဝါ ဖြစ်နေ၏၊၊ ကိုယ်အထင်ကဘဲ မှားတာလား ဒါမှမဟုတ်တကယ်ဘဲလားဆိုတာ မသေချာ၊၊ မသေ ချာဘဲနဲ့လည်း ရမ်းသန်း ပြီးတော့ မပြောလိုက်ချင်၊၊ လက်ခတ်က ဆရာဝန် ဆိုပေမဲ့ သားဖွားမီးယပ်ဌာနက မဟုတ်တာမို့ အခု ကိစ္စ ကို သချောတော့ အတိအကျမပြောနိုင်၊၊ ထို့ကြောင့် အသိသားဖွားဆရာမကို လက်ခတ် ဖုန်းဆက်လှမ်းခေါ်လိုက်သည်၊၊
"သားလက်ခတ် ဘာဖြစ်လို့လဲ"
"ခဏလေးစောင့် အန်တီနှောင်း ကျွန်တော်သူငယ်ချင်းမကိုလှမ်းခေါ်ထားတယ်၊ နောက်ပြီး ရစ်ကို အင်္ကျီ ဝတ်ဖို့ပြောလိုက်အုံး"
"ဘာဖြစ်လို့လဲ သားမဖြေရှင်းနိုင်တဲ့ ရောဂါများ ရန်လေးဆီမှာ ရှိနေလို့လား"
"မဟုတ်ဘူးအန်တီနှောင်း၊ ရောဂါမဟုတ်ဘူး၊စိတ်မပူနဲ့ စိုးရိမ်ရတဲ့ဟာမဟုတ်ပါဘူး"
သားလက်ခတ်ကမစိုးရိမ်ရဘူးဆိုတော့မှနှောင်းရစ်သက်ပြင်းအသာချနိုင်တော့သည်၊၊ထို့နောက် သားရစ်အတွက် အဝတ်အစားကို အိမ်ကူကောင်မလေးအား ယူခိုင်းလိုက်ပြီး သားရစ်ကိုအဝတ်အစားဝတ်ခိုင်းလိုက်သည်၊၊ခေါင်းမှရေတွေကိုလည်း သဘတ်တစ်ထည်ယူ၍ နှောင်းရစ်ကိုယ်တိုင်သာသုတ်ပေးလိုက်တော့သည်၊၊ သားရစ်ကတော့ နှောင်းရစ်ဘာလုပ်လုပ် လှုပ်ရှားခြင်းမရှိဘဲ အကြည့်တွေက ရန်လေးဆီ၌သာ ဇောက်ချ နေ၏၊၊
အချိန်တစ်ခုကြာသည်အထိ အခန်းထဲတိတ်ဆိတ်နေပြီး ဘယ်သူမှစကားမစကြ၊၊ ဖုန်းဆက်ပြီးလှမ်းခေါ်ထားတဲ့ သူငယ်ချင်းဖြစ်သူကလည်းမလာသေးတာမို့ လက်ခတ်အခန်းထဲ ဟိုလျှောက်ဒီလျှောက်နဲ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်၊၊ သတိမေ့နေတဲ့ ရန်ကလည်း အခုထက်ထိနိုးမလာသေး၊၊ ရစ် မျက်နှာကို လှမ်းကြည့်တော့လဲ တော်တော်လေးကို မျက်နှာပျက်နေလေပြီ၊၊
ဒေါက်ဒေါက်!
"ဝင်ခဲ့ပါ "
"Sorry လက်ခတ် ငါနည်းနည်းနောက်ကျသွားတယ်"
ဂျူတီကုတ်အဖြူရောင်လေးနဲ့ ဆံပင်ရှည်တွေကို ချထားသော မိန်းကလေးတစ်ယောက်က အခန်းထဲသို့လျှောက်ဝင်လာပြီး သားလတ်ခတ်ကို ခပ်ပြုံးပြုံးလေးနဲ့ပင် စကားစသည်၊၊ ဆရာဝန်မလေးက တာဝန်ချိန်ကြီး နဲ့ ဒီကိုတန်းလာခဲ့တာဖြစ်မည်၊၊ သားလက်ခတ်နဲ့လည်းတော်တော်သိကျွမ်းရင်းနှီးပုံရ၏၊၊
ဆရာဝန်မလေးက ရန်လေးကိုဆေးစစစ်တဲ့အချိန်ကစပြီးအခန်းထဲ၌ တိတ်ဆိတ်နေသည်၊၊ အခန်းထဲရှိလူတိုင်းက ဆေးစစ်နေတဲ့ ဆရာဝန်မလေးအပေါ်ကိုသာအာရုံစိုက်ထားကြပြီးသူပြောလာမည့်စကားကို စောင့်ဆိုင်းနေကြသည်၊၊
"ဒီကောင်လေးရဲ့သက်ဆိုင်သူက ဘယ်သူပါလဲရှင့်"
"ဟိုမှာ တောင့်တောင့်ကြီးရပ်နေတဲ့တစ်ယောက်"
မလှုပ်မယှက်နဲ့ တောင့်တောင့်ကြီးငြိမ်ပြီးရပ်နေသော ရစ်ကို လက်ညိုးထိုးပြီး လက်ခတ်ပြောလိုက်တော့ အန်တီနှောင်းနဲ့ ဒါလီယာကရယ်လာသည်၊၊ ရစ်ကတော့ ကုတင်ဘေးနားသို့လျှောက်လာ၏၊၊
"congratulationsပါ ဒီကောင်လေးမှာ ကိုယ်ဝတ်တစ်လကျော် ရှိနေပါပြီ"
"ဘာ ကိုယ်ဝန်ရှိနေတာ!"
"ဟုတ်ပါတယ်ရှင့် ၊၊ သောက်ရမဲ့ဆေးတွေနဲ့ ရှောင်ရမဲ့အစားအစာတွေကို ကျွန်မချရေးပေးထားခဲ့ပါ့မယ်၊၊ ယောကျ်ား လေး ကိုယ်ဝန်ဆောင်က သဘာဝကိုလွန်ဆန်ထားတာမလို့ မိန်းကလေး ကိုယ်ဝန်ဆောင်တွေ ထက်ပိုပြီး ဂရုစိုက်မှုလိုအပ်ပါတယ် ၊၊ တစ်ခုခုလွဲချော်သွားတာနဲ့ ကလေးရော လူကြီးမှာပါ ထိခိုက်မှုတွေရှိနိုင်ပါတယ်ရှင့်၊ ဒါကြောင့်အသေးစိတ်ကစပြီး သေချာလေးဂရုစိုက်ပါနော်"
"ဆရာဝန်မလေးကို အန်တီတို့က ကျေးဇူးတင်ပါတယ်"
ကြောင်စီစီ ဖြစ်နေတဲ့သားရစ်က ဆရာဝန်မလေး၏ စကားတွေကိုတောင် သေချာကြားလိုက်ရဲ့လားမသိ၊၊ လှုပ်ရှား မှုမရှိဘဲ ရန်လေးကိုသာစိုက်ကြည့်နေပြန်သည့်သားရစ်က ဘေးပတ်ဝန်းကျင်ကလူတွေ၏ စကားတွေကို ဂရုစိုက်နားထောင်နေပုံလည်းမရ၊၊ကြည့်ရတာတော့ တော်တော်ကြီးရှော့ရသွားမှာ
"အန်တီနှောင်း ကျွန်တော် သူငယ်ချင်းကိုသွားပို့လိုက်အုံးမယ် ၊ နောက်မှ ပြန်လာမယ်နော်"
"ဂရုစိုက်သွားကြ"
သားလက်ခတ်နဲ့ ဆရာဝန်မလေးက နှောင်းရစ်ကို ခေါင်းငုံ့အရိုအသေပြုကာပင် ထွက်သွားကြတော့သည်၊၊ထို့တော့မှ နှောင်းရစ် သားရစ်လက်မောင်းကိုပုတ်လိုက်ပြီး
"သားရစ် ကိုယ်ဝန်တဲ့နော် ကလေး ကလေး ရှိနေတာ "
"အားးမာမီ ကျုပ် အဖေနေရာရောက်တော့မယ်!!"
နှောင်းရစ်ကို ပွေ့ဖတ်၍ ခန္ဓာကိုယ်ကိုတစ်ပတ်လည်အောင်ဆွဲမွှေ့ကာပင် သားရစ်ကအော်ပြောလာတော့သည်၊၊ ဘယ်လောက်ထိပျော်နေလဲဆိုရင် သွားစွယ်ဖွေးဖွေးတို့ထင်ထင်ရှားရှားပေါ်လွင်နေသည့်အပြင် မျက်ဝန်းတို့ကလည်း မမြင်ရတဲ့အထိမှေးမှိတ်ကာပင်ပြုံးရယ်နေ၏၊၊
"မာမီ ဆရာဝန်မလေးပြောတဲ့အတိုင်းလိုအပ်တဲ့ဟာတွေ သွားဝယ်အုံးမယ် "
ဒါလီယာကိုခေါ်ပြီးနှောင်းရစ် ထိုအခန်းထဲမှထွက်လာခဲ့သည်၊၊ ရန်လေးနိုးလာရင် နှစ်ယောက်ထဲ စကားအေးဆေးပြောလို့ရအောင် နှောင်းရစ် တမင်ရှောင်ပေးခြင်းလည်းဖြစ်သည်၊၊
မာမီနဲ့ဒါလီယာ အခန်းထဲမှ ထွက်သွားပြီးနောက် ဗာရစ် လွန်းရန်ကုတင်ဘေးတစ်ဖက်စွန်း၌ ဝင်ထိုင်လိုက်သည်၊၊ ကိုယ်ဝန်ကတစ်လကျော်တောင်ရှိနေတာကို ဘယ်သူမှသတိမထားခဲ့ကြ၊၊ အဆိုးဆုံးကတော့ ကိုယ်ဝန်ရှိလို့ပူတတ်လာတဲ့ဗိုက်ကလေးကို ဗိုက်ခေါက်ဆိုပြီးဗာရစ် ကိုက်ခဲ့တာပါဘဲ၊၊ မလိုတောင်မစီလျောလိုက်သလဲ
လွန်းရန်မနိုးမခြင်း ဗာရစ် ထိုင်နေတဲ့အတိုင်းသာ ဆက်ထိုင်နေပြီး ပြည့်ဖောင်းနေသော မျက်နှာလေးကိုငေးကြည့်နေမိသည်၊၊ တကယ်ကံကောင်းမှုအစစ်အမှန်လေးကို ဗာရစ် ကောက်ရခဲ့တာ၊၊ ဘယ်တော့မှ ပထမဆုံးတွေ့ဆုံမှုကို နောင်တရမည်မဟုတ်၊၊ တွေ့ဆုံမှုအစက မကောင်းခဲ့သော်လည်း အမှတ်တရတော့ ဖြစ်နေခဲ့သည်၊၊ တစ်ယောက်တစ်ချက်စီ ထိုးခဲ့ပြီးမှ ဒီလိုအခြအနေမျိုးကို ရောက်လာခဲ့တာ၊၊
နှစ်နာရီလောက်ကြာပြီးနောက်မှာတော့ လွန်းရန်က သတိပြန်လည်လာခဲ့သည်၊၊ မျက်မှောင်လေကုတ်ပြီးမျက်နှာမကြည်မသာနဲ့ နိုးလာတဲ့ လွန်းရန်က ဗာရစ် ကုတင်စွန်းမှာထိုင်နေတာကိုမြင်တော့ သွားလေးစိကာ ရယ်ပြလာသည်၊၊ စိတ်မကြည်ဖြစ်နေတာတောင် ဗာရစ်ကိုမြင်တော့ အဆိုးလေးက ရယ်ပြသေး၏၊၊ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေမှုကြီးလဲ
"ခေါင်းမူးနေသေးလား အဆင်ပြေရဲ့လား မောင်ဘာလုပ်ပေးရမလဲ"
"အဆင်ပြေပါတယ် ဒါပေမဲ့ ငါမှတ်ဥာဏ်အပိုင်းအစတွေပြန်ရလာသလိုဘဲ အကုန်တော့မသိဘူး နည်းနည်းလောက်ဘဲ"
"အရမ်းကြီးလည်း ဖိအားပေးပြီးအရင်ကြောင်းတွေပြန်မစဥ်းစားနဲ့ တဖြည်းဖြည်းနဲ့ သူဟာသူ မှတ်မိလာလိမ့်မယ်"
ခေါင်းကိုဖွဖွပုတ်ပြီး မောင်ကပြောလာလေတော့လည်း ရယ်ပြပြီးသာ ဟုတ်လို့ ဆိုရသည်၊၊ အရင်ကထက် မျက်နှာလန်းနေပုံရတဲ့ မောင်က မျက်ဝန်းထဲ၌လည်း ပျော်ရွှင်ရိပ်တို့သန်းနေသလို၊၊ အလုပ်မှာ အတော်လေးအဆင်ပြေလာလို့ဖြစ်လိမ့်မည် ဒီနေ့ မောင်က ရွှင် ရွှင်လန်းလန်းကိုရှိနေသည်၊၊
"မောင် ဘာလို့ စိုက်ကြည့်နေတာလဲ ငါတို့ အခန်းပြင်ထွက်ရအောင်လေ"
"မောင် မင်းကိုပြောစရာရှိတယ်"
"အင်းပြောလေ"
"မင်းမှာကိုယ်ဝန်ရှိနေပြီလွန်းရန် ၊ မောင်တို့ နှစ်ယောက်ရဲ့ သွေးသားလေးရှိနေပြီ"
"မောင်ငါကိုလာမနှောက်စမ်းပါနဲ့ ငါက ယောကျ်ား လေး ဘယ်လို လုပ် ကလေးမွေးနိုင်မှာလဲ"
မယုံသလိုကြည့်လာတဲ့လွန်းရန်က ဗာရစ်ကို စနှောက်နေတယ်လို ထင်နေပုံ၊၊
"တကယ်ပါဆိုကွာ မောင်က မင်းကို လိမ်စရာလား၊၊မယုံရင် မင်းဗိုက်လှန်ကြည့်လိုက် "
ကြောင်တောင်တောင် လေးနဲ့ အင်္ကျီ အောက်ဖျားစကိုမ၍ လွန်းရန်က ကိုယ်ဗိုက်ကိုယ်ပြန်လှန်ကြည့်သည်၊၊ ခပ်ဖောင်းဖောင်းလေးဖြစ်နေတဲ့ ဗိုက်ကိုမြင်တော့လက်ညိုးနဲ့တောင်ထိုးကြည့်လိုက်သေးသည်၊၊ ကိုယ် လူ မလို့ မြှောက်ပင့်ပြောဆိုတာမဟုတ် တကယ်ကို လွန်းရန်က ချစ်စရာကောင်းတာ
"အဲ့ဖောင်းနေတဲ့ ဗိုက်က ဗိုက်ခေါက်မဟုတ်ဘဲ ကလေးရှိနေတာ တဲ့ဗျာ "
"မောင် တကယ် တကယ်ကြီး ငါ ကိုယ်ဝန်ဆောင်နိုင်တာလား"
"တကယ်ပေါ့ လွန်းရန်ရ ၊ နောက်ဆိုရင်လေ မောင်တို့နှစ်ယောက်ထဲမဟုတ်တော့ဘူး မောင်တို့ကလေးပါ ရှိလာပြီ ၊ရှေ့ဆက်ပြီး ပျော်စရာတွေဘဲကောင်းတော့မှာ"
တောင့်တောင့်လေးဖြစ်နေသော ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းလို့ shampoo နံ့ခပ်သင်းသင်းရနေပါသော ခေါင်းလုံးလုံးထံ နှာခေါင်းတို့ကိုနှစ်ဝင်စေ၏၊၊ နွေးထွေးမှုက ခန္ဓာကိုယ်အနှံ့ဖြတ်ပြေးနေသလို၊၊ ဘယ်ဘက်ရင်အုံမှ နှလုံးသည်လည်း ပုံမှန်ထက်ပို၍ ကဆုန်ပေါက်နေခဲ့သည်၊၊
တောတောင်ရေမြေသဘာဝကို ငေးကြည့်ရခြင်း ထက် အကြင်လူကို ငေးကြည့်ရခြင်းကပို၍ အေးချမ်းမှုကို ရစေသည်၊၊ မွှေးပျံ့လွန်းတဲ့ အကောင်းစားရေမွှေးတွေထက်ပို၍ အကြင်လူ၏ ခန္ဓာကိုယ်မှ ခပ်သင်းသင်းရနေလေ့ရှိသော ကိုယ်သင်းနံ့ကိုသာ သဘောကျ ၏၊၊ ပျော်ရွှင်ရသည်ကလဲ ဤအကြင်လူကြောင့်ဖြစ်၍ ချစ်ခြင်း မေတ္တာ ဓာတ်လေးကိုနားလည်ပြီးခံစားသိရှိခဲ့တာကလည်း ဤ အကြင်လူသားကြောင့်သာဖြစ်၏၊၊
°°°°°°°°°°°°°°°°°°°°°°
နှစ်လကြာပြီးတဲ့နောက်
ဒီနေ့မှ ရစ်အိမ်တော်၌ လူဝင်လူထွက်များနေသလို အရင်ကထက်လည်း စကားသံတွေအပြည့်နဲ့ဆူညံ့နေသည်၊၊ ခြံဝင်းကျယ်ထဲ၌လည်း ဟိုဟို ဒီဒီကူးလူးသွားလာနေသော လူများက ရှုပ်ယှက်ခတ် နေ၏၊၊ အလုပ် လုပ်ကိုင်နေကြသော လူတိုင်း၏ မျက်နှာထက်၌တော့ အပြုံးပန်းတွေဝေဆာနေကြသည်၊၊ ပင်ပန်းနေသော ပုံစံတွေ ညစ်ညူနေသော ပုံရိပ်တွေမရှိဘဲ အကုန်လုံးက လန်းဆန်းတတ်ကြွစွာနဲ့သာ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်၊၊
"မောင့်ဗိုက်ကလေးရေ .."
"ရားးမာဗာရစ် နာမည်မဖျက်နဲ့လို့ပြောထားတယ်လေ ခွေးကောင်ရဲ့"
ဘုန်း!!
ပြစ်ပါက်လာသော ခေါင်းအုံးအကြီးကို ဗာရစ်ရှောင်လိုက်တော့ တစ်ဖက်က တံခါးကိုထိပြီး ဘုန်းဆိုသောအသံကျယ်ကျယ်ကထွက်လာသည်၊၊ဒီနှစ်လအတွင်း လွန်းရန်က အရင်မှတ်ဥာဏ်တွေကိုပြန်သတိရခဲ့ပြီး အတိတ်မေ့နေတုန်းက ဗာရစ် အသားယူခဲ့သည်များကို သတိရတိုင်း ထုရိုက်ကာ စိတ်ဆိုးလေ့ရှိသည်၊၊ ကိုယ်ဝန်ကြောင့် စိတ်အခြေအနေ မငြိမ်ဘဲ အပြောင်းအလဲ မြန်နေတဲ့လွန်းရန်က တစ်ခါတစ်ခါ အနားတောင်ကပ်လို့မရသည်ထိ ဆက်ဆက်ထိမခံကိုစွာလွန်း၏၊၊
ကုတင်ခေါင်းရင်းကို မှီထိုင်နေတဲ့ လွန်းရန်အနားသို့ ဗာရစ်လျှောက်သွားလိုက်တော့ ဖုန်းကြည့်နေတဲ့လွန်းရန်က ဝေးဝေးသွားဆိုသာ သဘောဖြင့် ဗာရစ်ကို လက်ဟန်အမူအရာနဲ့လုပ်ပြလာသည်၊၊ ဘယ်မှမသွားဘဲဗာရစ် ဒီတိုင်းကုတင်ဘေးရပ်နေလိုက်တော့
"မာဗာရစ် မင်း ဝေးဝေးသွားကွာ အားနေ လူဘဲလိုက်ကပ်နေရအောင် မင်းဖားပျံလား"
"ကိုယ် ယောကျ်ား နား ကပ်တာဘဲ ဘာဖြစ်လဲ လွန်းရန်"
ရစ်က စကားဆုံးသည်နှင့် ကုတင်ပေါ်သို့တတ်လာပြီး ရန်ခါးအောက်ပိုင်းကိုခြုံထားသော စောင်ပုံထဲသို့တိုးဝင်လာသည်၊၊ ထို့နောက် ရစ်လည်း ရန်ပုံစံအတိုင်း ကုတင်ခေါင်းရင်းကိုမှီထိုင်လိုက်ပြီး ရန်ကို သူရင်ခွင်ထဲသို့ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ဖတ်၏၊၊ တစ်နေ့လုံးမှာ ရစ် ရန်အနားကနေခွာတဲ့အချိန်က ရေချိုး အိမ်သာတတ်တဲ့အချိန်သာရှိမည် ကျန်တဲ့အချိန်က ရန်အနားဘဲ တဝဲလည်လည်လုပ်နေတတ်သည်၊၊ ရစ်အလုပ်လုပ်နေတဲ့အချိန်ဆိုရင်တောင် ပေါင်ပေါ်ခေါ်တင်ထားတတ်ပြီးတစ်ခါတစ်လေ ရစ်ထိုင်နေသော အလုပ်ခုံဘေး၌ ထိုင်စေကာ အလုပ်မပြီးမခြင်း ရန်ကို ထိုင်စောင့်ခိုင်းသည်၊၊ အရင်ကထက်ပိုပြီးလူကပ်လာတဲ့ ရစ်က မနည်းခွာထုတ်နေရသည်၊၊ ငါအနားမလာနဲ့လို့ပြောလိုက်ရင်လည်း လူကြားကောင်းအောင် ယောကျ်ား က မောင်းထုတ်နေပါတယ်ဆိုပြီး အော်အုံးမည်၊၊
"ရစ် "
"ဘာလဲ မောင်ကို ထပ်မောင်းထုတ်အုံးမလို့လား"
"မပြောတော့ဘူး လုပ်ချင်သလိုလုပ်နေချင်သလိုနေတော့"
ရွှတ်ရွှတ် ပြွတ်စ်!!
ဖုန်းထဲမှဇာတ်ကားကို ပြန်ကြည့်မယ်လုပ်တုန်း ရန်မျက်နှာကိုဆွဲယူပြီး မျက်နှာအနှံ့ကို ရစ်က လိုက်နမ်းလာသည်၊၊ ရစ်၏ ရင်ဘက်ကို ထုရိုက်ပြီး အနည်းငယ်တွန်းကန်ထားလိုက်တော့မှ ရန်ကိုသူလက်ကနေ လွတ်ပေးသည်၊၊
"ရားးး မင်းကို မနမ်းခိုင်းဘူးလေ"
"လွန်းရန်ဘဲ လုပ်ချင်သလိုလုပ်ဆို"
"ရစ် မင်းကလေးလည်းမဟုတ်ဘဲနဲ့ ပြောရဆိုရလက်ပေါက်မကပ်နဲ့ "
"မောင်ကိုဆူပြန်ပြီ"
မျက်နှာဆူပုတ်ပုတ်နဲ့ ရစ်က ရန်လည်ပင်းကြားသို့ မျက်နှာအပ်လာပြန်သည်၊၊ ဒီလောက်ပြောနေတာတောင် အသားကမရရအောင် ယူသေးသည်၊၊ ရန်ကလည်း တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နေချင် ရစ်ကလည်း ဖားပျံလိုလူ လိုက်ကပ်တော့ နေ့တိုင်း စကားများ ရန်ဖြစ်ရသည်၊၊ ရန်ဖြစ်တယ်ဆိုတာကလည်း ကြီးကြီးကျယ်ကျယ်တော့မဟုတ် ရန်ဘဲ ဆူဟောက်ပြီး အမြဲပြီးသွားနေကျ၊၊ ချောနည်းတော့မသင်ထားဘဲ ရန်စိတ်ဆိုးတော့မယ်ဆိုတာနဲ့ ရစ်က သူအရင်ဦးအောင် စိတ်းဆိုးစိတ်ကောက်သွားလေ့ရှိသည်၊၊ထို့ကြာင့် ဆူဟောက်ပြောပြီး စိတ်ဆိုးတာလဲရန် ဖြစ်သလို ရစ်ကို လိုက်လိုက်ချော့ရတာလဲ ရန်ဘဲဖြစ်သည်၊၊ရန် စိတ်ဆိုးစိတ်ကောက်ရင် ကိုယ်ဘာသာ သာ ပြန်ဖြေလျော့ရသည်၊၊ရစ် လိုက်ချော့တဲ့အချိန်က အတော်ကိုရှား၏၊၊
ဒေါက်ဒေါက်!!
"ဝင်ခဲ့"
တံခါးဖွင့်သံနဲ့အတူ မာမီက ဗာရစ်တို့ အခန်းထဲကိုဝင်လာသည်၊၊ ထို့နောက် ဗာရစ်နဲ့ လွန်းရန်ကိုကြည့်ပြီး ခေါင်းတခါခါလုပ်သည်၊၊ပြီးနောက် မာမီက ကုတင်ဘေးနားသို့ လျှောက်လာပြီး
"သားရစ် အောက်မှာ ရိုင်းစက်မာန်ရောက်နေတယ် အရေးကြီးပြောစရာရှိတယ်တဲ့"
"ကျစ် အဲ့ဒီကောင် သာသနာဖျက်ဘဲ"
ဆောင့်အောင့်ပြီး ကုတင်ပေါ်ကဆင်းကာသားရစ်က အခန်းပြင်သို့ ခြေလှမ်းကျဲ တွေနဲ့ လျှောက်ထွက်သွားတော့သည်၊၊ ကုတင်ပေါ်၌ထိုင်လျက်ကျန်ခဲ့သော ရန်လေးကတော့ သားရစ်ထွက်သွားတဲ့ဘက်ကို ကြည့်ပြီး ပြုံးရယ်ကာနေ၏၊၊ တစ်နေ့တစ်နေ့ ပူးကပ်နေတဲ့ နှစ်ယောက်က မျက်နှာချင်းဆိုင်တိုင်းလည်းတည့်ကျသည်မဟုတ်၊၊ သို့ပေမဲ့ အမြဲ တပူးပူးတတွဲတွဲတွေ့ရတတ်သည်၊၊
"သားရန်လေး နားနားနေနေ နေနော် မာမီ လုပ်စရာရှိတာ သွားလုပ်လိုက်အုံးမယ်"
"ဟုတ်ကဲ့ပါဗျ"
နှောင်းရစ်လည်း သားရန်လေးအခန်းကနေ ထွက်လာပြီ အိမ်အောက်ပြန်ဆင်းလာခဲ့တော့သည်၊၊အိမ်အောက်ရောက်သည်နှင့် ရှုပ်ယှက်ခတ် နေသော လူများကိုတွေ့ရပြီ စကားသံတို့ကလည်းညံ့နေခဲ့သည်၊၊ ဒီနေ့ည အိမ်တော်၌ ညစာ စားပွဲရှိသည်မို့ အခုမနက်ထဲက ဒီလိုရှုပ်ယှက်ခတ်နေခြင်းဖြစ်သည်၊၊ နောက်လာမဲ့ ဆက်ခံသူအသစ်ကလေးအတွက် ကြိုဆိုပွဲလည်းဖြစ်သည်၊၊ အစကတော့ မလုပ်ဘူးလို့သားရစ်ကပြောထားပေမဲ့ နှောင်းရစ်ကလုပ်သင့်တယ်ထင်တာကြောင့် ဒီပွဲကိုစီစဥ်ခြင်းဖြစ်သည်၊၊
"အန်တီ"
"ငယ်ဘာဖြစ်လို့လဲ"
"မောလို့ အာဘွားပေးအုံး"
"လူမြင်ကွင်းကြီးမှာ ကလေးမဟုတ်ဘဲ အာဘွားလာတောင်းနေတာလား"
နှောင်းရစ်ခါးကို ဖတ်လာတဲ့ ငယ်၏ လက်ကို အသာပုတ်ပြီးပြောတော့ ငယ်၏မျက်နှာက ကလေးတစ်ယောက်လိုဆူပုတ်ပုတ်၊၊
"ငယ်ကအန်တီရဲ့ကလေးဘဲလေ ဘာလဲ အာဘွားမပေးချင်တာလား"
"ညမှပေးမယ် အဲ့ကျမှယူ"
ငယ်နဲ့ ဧည့်ခန်းဝ၌မတ်တတ်ရပ်ပြီးစကားပြောနေတုန်း သားရစ်နဲ့ ရိုင်းစက်မာန်က ဧည့်ခန်းထဲကနေထွက်လာကြသည်၊၊ကြည့်ရတာ စကားပြောလို့ပြီးသွားကြတာဖြစ်မည်၊၊ ရိုင်းစက်မာန်ကတော့ နှောင်းရစ်ကို ခေါင်းငုံ့အရိုအသေပြုပြီးတာနဲ့အပြက်ဘက်ကို ထွက်သွားတော့သည်၊၊
"မာမီ မနက်ဖြန် ကုမ္ပဏီ ငွေစစ် စာချုပ်ကို ကျုပ် email ကနေလှမ်းပို့လိုက်မယ်"
"ဟုတ်ပြီ မာမီမနက်ဖြန်မှ စစ်လိုက်မယ်"
သားရစ်လည်း နှောင်းရစ်ကို ခေါင်းငုံ့အရိုအသေပေးကာပင် အိမ်ပေါ်ထပ်သို့ပြန်တတ်သွားတော့သည်၊၊ ထို့ကြောင့် နှောင်းရစ်လည်းငယ်ကိုခေါ်၍ အလုပ်သမားတွကိုဝိုင်းလုပ်ပေးရန် မီးဖိုချောင် ထဲသို့သာဝင်လာခဲ့တော့သည်၊၊
နေ့လယ်ချိန်ရောက်လာတော့ မီးဖိုချောင်ထဲမှာသာ လူကျပြီးရှုပ်ယှက်ခတ်နေသည်ကြောင့် အိမ်ရှေ့နဲ့ ဧည့်ခန်း၌လူမရှိတော့ဘဲရှင်းလင်းနေ၏၊၊ ထို့ကြောင့် အိမ်ပေါ်ထပ်ကနေ တဖြည်းဖြည်းဆင်းလာနေသော အဖြူရောင်ဝတ်စုံနဲ့ ကောင်ငယ်လေးကိုဘယ်သူမှမမြင်ကြ၊၊ ထိုကောင်ငယ်လေးသည် တဖြည်းဖြည်းနဲ့ အိမ်ထဲမှနေ ခြံဝန်းကျယ်ထဲကိုရောက်လာခဲ့သည်၊၊ ကိုယ်အလုပ်သာကိုယ်အာရုံစိုက်ပြီးလုပ်နေကြတဲ့ ခြံထဲမှ အလုပ်သမားတစ်ချို့ကတော့ ထိုကောင်ငယ်လေးကို သတိမမူမိကြပေ၊၊
အဖြူရောင်ဝမ်းဆက်ဝတ်စုံနဲ့ကောင်ငယ်လေး၏ မျက်ဝန်းတွေကရဲတတ်ကာ ငိုကြွေးထားသလိုရှိသော်လည်း နှုတ်ခမ်းပါးတွေကတော့ ပြုံးယောင် သမ်း နေ၏၊၊ ထိုကောင်ငယ်လေးသည် တရွေ့ရွေ့နဲ့ပင် အိမ်ခြံ ကျယ်ထဲကနေ အိမ်အပြင်ဘက်သို့ထွက်လာခဲ့သည်၊၊ ထိုကောင်ငယ် လေး ခြံအပြင်သို့ရောက်သွားသည်တိုင်မည်သူမှ သတိမထားမိလိုက်ကြပေ၊၊ ခြံပြင်ရောက်သွားသော ကောင်ငယ်လေး၏ နှုတ်ဖျားမှစကားလုံးအနည်းငယ်ကိုရေရွတ်နေသေး သည်၊၊ထိုသည်က
" ငါမင်းကို မရရအောင် လိုက်ရှာမယ် မင်းခွန်းသန့် "
°°°°°°°°°°°°°°°°