(Unicode)
True Love 💭❤ အပိုင်း - ၄၉
အကိုလေးဆီသို့ Coffee ခွက်လေးယူလာပေးကာ အကိုလေးရှေ့ကခုံလေးတွင်ရွှေကူထိုင်လိုက်တော့သည်။
"အကိုလေး "
"ဗျ .."
"ရွှေကူညနေ မမဖြူငယ်တို့ဆီသွားချင်လို့"
"သွားလေ ကိုယ်လိုက်ပို့ခိုင်းလိုက်မယ်"
"မမေးတော့ဘူးလားဘာလုပ်မှာလဲလို့"
"ကောင်မလေးကိုယုံပြီးသား မဟုတ်တာမလုပ်မှန်းလဲကိုယ်သိတယ် ပြီးတော့ဖြူငယ်တို့ဆီဆိုတော့ ကိုယ်ပိုစိတ်ချတာပေါ့"
အကိုလေးစကားလေးကြောင့် ရွှေကူကြည်နူးရပြန်သည်။
"ဘယ်အချိန်လဲကိုယ့်ကိုပြော ကိုယ်စီစဉ်ပေးမယ် "
"ရုံးဆင်းမှပဲလေ အကိုလေးကဒီနေ့လဲနောက်ကျမှာမလား"
"ဒီတစ်ပတ်တော့ကိုယ်နောက်ကျအုံးမယ်ကွာ နောက်တစ်ပတ်လောက်ဆိုပုံမှန်အတူပြန်ကြမယ်နော် ဟုတ်ပြီလား"
"ဂတိပေးမှာလား"
"ပေးမှာပေါ့ဗျာ"
"လာဂတိ"
မျက်မှန်လေးပင့်ကာ လက်မလေးနှင့်လက်သန်းလေးကိုထုတ်၍ ဂတိလေးတောင်းနေသည့်ကောင်မလေးကြောင့် ကွန့်မြူးဂတိလေးပေးလိုက်တော့သည်။ ဒီတစ်ပတ်ထဲမှာ ရှာတွေ့ဖို့တော့မျှော်လင့်ရတာပဲကောင်မလေးရယ်။
"မမ "
"ဝေ့"
"မမကိုမေးကြည့်မလို့ မနက်ကလူတွေစုံနေတာ ဘာပြောနေကြတာတဲ့လဲမမ"
"မမလဲမသိဘူးရွှေကူရယ် ကိုကြီးကအလုပ်ကိစ္စပဲတော့ပြောတာပဲကျန်တာလဲမပြောဘူး"
"တူတူပဲမမ ဦးကလဲလွန်းငယ်ဘယ်လိုမေးမေးအလုပ်ပဲပြောတာ "
"ရွှေကူလဲမေးကြည့်တယ် ဘာမှမပြောဘူးအကိုလေးက "
"မဖြစ်နိုင်ဘူးနော်မမ အလုပ်က နယ်ပယ်တွေလဲမတူကြဘူးလေ ဦးက Hotel line ကိုကြီးခွန်စေရာက Center line ဖေကြီးမွေးစားသားဆိုဆရာဝန်လေ ကြည့်ကျန်တဲ့လူတွေလဲသူ့နယ်ပယ်နဲ့သူမတူကြဘူးလေ "
"ဟုတ်တယ်မမရဲ့ အလုပ်ကိစ္စတော့မဟုတ်တာသေချာတယ် ဘာတွေတိုင်ပင်ပြီးဆွေးနွေးနေကြတာလဲမသိဘူး မရိုးလောက်ဘူးမမ"
ဖြူငယ်တို့အိမ်၏ ခြံဝန်းထဲကျောက်စားပွဲဝိုင်းလေးတွင်ထိုင်၍ သုံးယောက်သားမေးထောက်ကာ မနက်ကလူအုပ်ကြီးအကြောင်းတွေး၍ပြောနေကြခြင်းဖြစ်သည်။
"အကိုလေး "
"ဗျာ့ .."
"ထမင်းစားပြီးရင်အိပ်တော့လေနော်"
"အင်းပါကိုယ်အိပ်လိုက်မယ်"
"အကိုလေးကပြီးရင်ဘာမှလဲမအိပ်ဘူး အလုပ်ကြီးပဲလုပ်နေတာကို"
"တဂယ်အိပ်မယ်ဒီနေ့"
"ပြီးရော"
အကိုလေးက ဘာတွေလုပ်နေမှန်းမသိ ညညဆိုအခန်းမီးကြီးလင်းပြီး တော်တော်နှင့်မအိပ်သည်ကို ရွှေကူသတိထားမိပါသည်။ ဒါ့ကြောင့်ပြောနေရတာဖြစ်သလို မျက်နှာလေးချောင်ကျသွားသည်ကြောင့် ရွှေကူ့မှာစိတ်ပူနေရခြင်းဖြစ်သည်။
"မေမေကြီး "
"ဝေ့ "
"အကိုလေးကိုပြောပါအုံး ညဆိုနောက်ကျနေတာတအားပဲ"
"သမီးကိုကိုက ပြောလဲမရဘူးသမီးရဲ့ "
မေမေကြီးကပါမရဘူးဆိုတော့ ရွှေကူ့မှာစိတ်လျော့လိုက်ရတော့သည်။
"ဒယ်ဒီရာလုပ်ပါဗျာ"
"ဟာ မင်းဘာသာသွားပါလားကွ ငါ့မိန်းမနဲ့မခွဲနိုင်ဘူးမသွားဘူး"
"ဟားဗျာ ဒီအသက်ရွယ်ပဲရောက်နေပြီ မခွဲနိုင်သေးဘူးလားဗျ"
"အချစ်မှာအသက်အရွယ်တွေမလိုဘူးသားရဲ့ မင်းဒယ်ဒီကမင်းမာမီဟိုဘက်လှည့်အိပ်နေရင်တောင်လွမ်းနေတဲ့ကောင်ကွ ဒယ်ဒီဒီမှာတာဝန်ယူလိုက်မယ် မင်းအဲ့ကိုတတ်သွားလိုက်"
"မရဘူးဒယ်ဒီရ ဒီမှာလဲပန်းမြိုင်တွေကအများကြီး အဲ့တာသွားရှာရအုံးမှာ ဖိုးကိုကူပေးရုံပဲကို ဒယ်ဒီကဗျာ သွားပေးပါဆိုဗျာ "
သားတော်မောင်က အလုပ်မသွားသေးပဲ မနက်အစောဦးမိုးမြင့်ထပြေးနေသည်ကို နောက်မှလိုက်လာ၍ဂျီတိုက်နေခြင်းဖြစ်သည်။
"မာမီကို့ပြောလိုက်ရမလား ဒယ်ဒီကကောင်မလေးကိုမကူပေးဘူး ရှာပေးဖို့လဲမတွေးဘူးလို့ပြောလိုက်ရမလားဒယ်ဒီ"
"မကူတာမဟုတ်ဘူးကွ အဲ့မင့်ဖိုးဆီမသွားချင်တာ ရှေ့တစ်ခေါက်ကတောင် မင်းကိုမိန်းမပေးစားဖို့ငါ့ကိုစီစဉ်ခိုင်းနေတာနားအူမတတ်ပဲ"
"ဟုတ်လား"
"ဟုတ်ဆို မိန်းခလေးတွေရဲ့ပုံတွေပါပြပြီးအတင်းရွေးခိုင်းနေတာငါ့သားရ ဒီတစ်ခေါက်လဲအဲ့ဓာတ်ပြားဟောင်းကြီးဖွင့်မှာကျိန်းသေတယ် "
"အဲ့ကိစ္စဒယ်ဒီ့သားကြည့်ပြောလိုက်မယ် ဒယ်ဒီသာဒီမနက်ထွက်ဖို့ပြင်တော့"
"ဒီမနက်"
"ကျွန်တော်အကုန်စီစဉ်ပြီးပြီ ပြန်မယ်လာဒယ်ဒီ "
ဦးမိုးမြင့် လမ်းဆုံးအောင်တောင် လမ်းမလျှောက်ရသားဖြစ်သူ၏ အားကြီးနှင့်ဆွဲခေါ်သည်ကို ခံလိုက်ရတော့သည်။ အိမ်ပြန်ရောက်သည်နှင့် ထမင်းစားကာ တောင်ကြီးသို့တတ်ရတော့သည်။
နေ့လည်စာထမင်းစားပြီးသည်နှင့် ထုံးစံအတိုင်း Coffee လေးဖျော်လာပေးသည့်ကောင်မလေးက မျက်မှန်လေးမတပ်ထားတော့ပေ။
"ဟော ဟော .."
"ဟီး အမှိုက်ပုံးအစောကဒီနားထားထားတာမေ့သွားတာ"
အမှိုက်ပုံးကြီးကိုဝင်တိုက်နေသည့်ကောင်မလေးက ကွန့်မြူးကိုပြုံး၍လှမ်းပြောလေသည်။ သေချာသည် ကွန့်မြူး၏မျက်နှာကိုလဲ သေချာမမြင်ရပဲ ရမ်းသမ်းပြုံးပြနေသည်ဖြစ်မည်။ Coffee တွေမှောက်မသွားလို့ တော်သေးသည်ပဲပြောရမည်။
"ဝေဖြိုးသေချာပို့ခဲ့နော် လမ်းမှာလဲဂရုစိုက်"
"ဟုတ်ကဲ့ဥက္ကဌလေး "
နေ့တိုင်းပို့နေကျကို သေချာကြီးထပ်မှာနေသည့်ဥက္ကဌလေးအလိုကျ ငြိမ်၍သာနားထောင်ပေးလိုက်ရသည်။
"ကောင်မလေးအိမ်ထဲဝင်သွားပြီးမှ ပြန်လှည့်လာခဲ့နော် "
"ဟုတ်ကဲ့ "
"သွားသွားရပြီ အပြင်မှာစောင့်နေပြီထင်တယ်"
"ဟုတ်ကဲ့"
ဝေဖြိုးလှည့်အထွက် ရွှေကူကဝင်လာလေတော့သည်။ ဒါ့ကြောင့်အပြင်ကပဲစောင့်နေဖို့အတွေးရ၍ ဝေဖြိုးအပြင်သို့သာထွက်ခဲ့တော့သည်။
"အကိုလေး "
"ဗျာ့ .."
"အစောပြန်လာခဲ့နော်"
"ဒီနားလာပါအုံး"
အကိုလေးကခေါ်သည်မို့ အနားသွားလိုက်တော့ ရွှေကူ့ခါးမှသိုင်း၍ဖက်လာလေတော့သည်။
"အကိုလေး"
"ဘာလဲ ကိုယ့်ရည်းစားကိုတောင်မဖက်ရတော့ဘူးလားကွ"
"ဟီး.. အရင်ရက်ကမဖက်တာကြာတော့ မနေတတ်တော့လို့"
"ဟော"
အလုပ်မအားတာနဲ့ ကောင်မလေးအနားလဲ သိပ်မကပ်အားသလို မနမ်းဖြစ်တာလဲကြာပြီဖြစ်သည်။
အကိုလေး၏ရင်ဘက်ဆီရွှေကူလက်လေးအပ်နှင်း၍ ငြိမ်နေလိုက်သည်။ အကိုလေးရဲ့ကိုယ်သင်းရနံ့လေးကမွှေးနေ၍ ရွှေကူ့စိတ်လေးကြည်နူးရသည်။
"ပြန်တော့မယ်လေအကိုလေးရဲ့ မေမေကြီးတစ်ယောက်ထဲအိမ်မှာ ရွှေကူ့ကိုမျှော်နေလိမ့်မယ်"
"အွန်း.. မပြန်ခင်လေးတော့နမ်းသွားအုံး"
"နမ်းရအုံးမှာလား"
"ဒါပေါ့ကွ နမ်းရအုံးမှာပေါ့"
ရွှေကူခေါင်းလေးမော့၍ အကိုလေး၏နှုတ်ခမ်းအောက်မှ မှည့်နက်လေးကိုကြည့်လိုက်ကာ မျက်နှာချောချောကြီးကိုထပ်ကြည့်လိုက်သည်။
အရပ်ရှည်ရှည်ကြီးရယ် မျက်နှာချောချောကြီးရယ်က ရွှေကူ့လိုသေချာကြည့်မှအကိုလေးပိန်သွားမှန်းသိနိုင်ပါမည်။ မဟုတ်လျှင်ချောမောနေဆဲမျက်နှာလေးကြောင့် အားလုံးကပုံမှန်အတိုင်းရှိနေသည်ဟုထင်နိုင်ပါသည်။
"လာ .."
အကိုလေးရဲ့ငုံ့ကျလာမှုနှင့်အတူ ရွှေကူခြေဖျားလေးထောက်၍ အကိုလေးရဲ့နှုတ်ခမ်းလေးသို့ ဖိကပ်နမ်းလိုက်တော့သည်။ အကိုလေးလိုမနမ်းတတ်ပေမယ့် ရွှေကူအတော်ကြာလေးထိနမ်းပြီးမှ အခန်းထဲမှပြေးထွက်လာခဲ့တော့သည်။
ရှက်ပြီးပိုးတုံးလုံးလေးလို ပြေးထွက်သွားပုံလေးကို ကွန့်မြူးကြည့်၍ ရင်ခုန်နေမိသည်။ ပါးကို မဟုတ်ပဲနှုတ်ခမ်းကိုနမ်းသွားတာကြောင့် ပို၍ရင်ခုန်မိပါသည်။
"Hello သော်က "
"ငါတို့တွေ့ပြီထင်တယ်ကွန့်မြူး"
"ဘာ... တွေ့ပြီဟုတ်လား"
"အေး မင်းကလောကိုတတ်လာမှဖြစ်မယ်ထင်တယ် ဖြစ်နိုင်ရင် ဟိုလက်သည်အန်တီ့ကိုပါခေါ်လိုက်ကွာ"
"ကလောကတွေ့တာလားသော်က"
"အေး ငါတို့ကမန္တလေးဘက်ကိုရှာတာ မင်းဒယ်ဒီလှမ်းပြောလို့ငါတို့အတူသွားလိုက်တာကွာ သေချာသလောက်တော့ရှိတယ် ကိုယ်တိုင်တော့ဝင်မတွေ့ရသေးဘူး မင်းလာမှငါတို့အတူသွားကြတာပေါ့"
"ငါအခုလာခဲ့မယ် "
"ဟေ့ကောင်အခုလာမလို့လားကွ ကွန့်မြူး ..ကွန့်မြူးဟေ့ကောင်"
ဖုန်းချသွားသည်ကြောင့် သော်ကတားဖို့အခွင့်ရေးမရလိုက်တော့ပေ။
"ဘာတဲ့လဲကွ "
"အခုလာမလို့တဲ့ဟ "
"ဟာ ၁၁ နာရီကျော်ပြီလေ ညကြီးဒီကောင်ဘယ်လိုလာမှာလဲ"
"အေးမသိဘူးဖုန်းချသွားပြီကွ တားမရဘူး"
"ဒီကောင်ကလဲကွာ လောလိုက်တာ"
"ဖုန်းထပ်ဆက်ကြည့်အုံး "
"အေးဆက်ကြည့်လိုက်မယ်"
ဖုန်းထပ်ထိုးလိုက်ပေမယ့် ဖုန်းမကိုင်တော့သည်မို့ လက်လျှော့ကာ သော်ကတို့အဖွဲ့ဒီအတိုင်းထားလိုက်ရသည်။
အကိုလေးအခန်းက ဝုန်းခနဲအသံကြားသည်မို့ ရွှေကူချက်ချင်းထကြည့်မိတော့သည်။
သို့ပေမယ့်အကိုလေးရဲ့အခန်းကပွင့်နေကာ လူကမရှိတော့ပြီမို့ အောက်သို့ရွှေကူဆင်းလာလိုက်ရာ အိမ်တံခါးကိုဖွင့်နေသည့်အကိုလေးနှင့်တိုးလေတော့သည်။
"အကိုလေး ဘယ်သွားမလို့လဲ"
"ကိုယ်အပြင်သွားစရာရှိလို့ကောင်မလေးအရေးကြီးလို့ "
"ဘယ်ကိုလဲ"
"ကလောကို"
"ရှင် အကိုလေးနောက်နေတာလား"
"ကိုယ်တစ်ဂယ်အရေးကြီးလို့ ပြန်အိပ်တော့နော်ကောင်မလေး ကိုယ့်ကိုစိတ်မပူနဲ "
"ရမလားအကိုလေးရဲ့ ညကြီးလေ "
"ကိုယ်ဂရုစိုက်မောင်းလိုက်မယ်"
"မရဘူးလို့ အကိုလေးဘယ်လိုဖြစ်နေတာလဲ အဲ့အလုပ်ကအရမ်းအရေးပါနေလို့လား မသွားရဘူး"
ရွှေကူ့စကားကိုအရေးမလုပ် ကားဆီအတင်းသွားနေသည့်အကိုလေးရဲ့လက်ကိုရွှေကူ့မှာလိုက်ဆွဲထားရတော့သည်။
"အကိုလေး .."
"အရေးကြီးတယ်ကောင်မလေးရဲ့ ကိုယ့်အသက်ထက်အရေးကြီးတယ်အဲ့အလုပ်က ကိုယ်အခုသွားမှရမှာ "
လက်ကိုခါထုတ်ကာပြာလာလေသည့်အကိုလေးက အရင်လိုမဟုတ်ပေ။
"အကိုလေးအသက်ထက်တောင်အရေးကြီးတယ်ပေါ့ အဲ့အလုပ်က အကိုလေးအသက်ထက်တောင်အရေးကြီးတယ်လို့ပြောလိုက်တာလားအကိုလေး..."
ကားပေါ်တတ်ခါနီး ပုံမှန်မဟုတ်သည့်အသံလေးကြောင့် ကွန့်မြူးတွန့်သွားမိတော့သည်။ နောက်သို့လှည့်ကြည့်မိတော့ ညအိပ်အင်္ကျီလေးနှင့်ကောင်မလေးက ငိုနေသည်ထင်သည်။
"ကိုယ်.. ကိုယ်အပြောမတတ်ဘူးဖြစ်သွားတယ် "
"အကိုလေးသွားမှာမလား သွား.. ရွှေကူလဲလိုက်ခဲ့ပေးမယ် ရွှေကူ့ကိုမခေါ်ရင် ဆိုင်ကယ်နဲ့လိုက်ခဲ့မယ် သွားလေ .."
"ကောင်မလေး "
"အသက်ထက်အရေးကြီးတယ်ဆို သွားလေ ရွှေကူ့ကိုဘာလို့ဂရုစိုက်နေတာလဲ"
"အဲ့လိုမဟုတ်ဘူးလေကွာ ကိုယ်လောသွားတာ ကိုယ်စိတ်လောသွားလို့ပြောမိလိုက်တာ"
"လူညစ်ကြီး ဘာမှလဲမပြောပြဘူး စိတ်ပူအောင်လဲလုပ်သေးတယ် ဟင့် ...ဘာဖြစ်နေတာလဲလို့ ရွှေကူ့ကိုရူးသွားစေချင်လို့လား အီး .."
ကွန့်မြူး၏ရင်ဘက်ကိုထုရိုက်ကာ ငိုနေသည့်ကောင်မလေးက မွန်းကြပ်သွား၍ထင်သည်။ ကွန့်မြူးကိုယ်တိုင်ကဖုံးကွယ်ထားတာတွေများပြီး ဘာမှမဖြစ်ဘူးဟုသာမုသားတွေသုံးခဲ့သည်မှာလဲ များပြီဖြစ်၍ ကောင်မလေးကိုလဲသနားမိသည်။ ပြောပြလို့မဖြစ်သေးလို့ပါကောင်မလေးရယ် ကောင်မလေးရဲ့ပျော်ရွှင်မှုက ကိုယ့်ရဲ့အသက်ထက်အရေးကြီးတာမှန်ပေမယ့် ကောင်မလေးငိုတော့ကိုယ်နာကျင်ရတယ်ကွာ။
"ကိုယ်မသွားတော့ဘူးနော် ကိုယ်မနက်မှသွားလိုက်မယ် မငိုပါနဲ့ကွာ "
"အကိုလေးဘာဖြစ်နေတာလဲလို့ အလုပ်ပဲအရမ်းလုပ်နေတာ ရွှေကူ့ကိုလဲမချစ်တော့ဘူး ကိုယ့်ကိုလဲဂရုမစိုက်တော့ဘူး လူညစ်ကြီး ..အကျင့်မကောင်းတဲ့လူကြီး သူများကိုနှိပ်စက်နေတာ သွား.. အဲ့ကလောကိုအခုသွား.. ရွှေကူ့ကိုလဲမခေါ်နဲ့ သွား.."
"မသွားတော့ပါဘူးကွာ ကိုယ့်ချစ်သူလောက်ဘာမှအရေးမကြီးဘူး ကိုယ်မသွားတော့ဘူးနော် မငိုပါနဲ့ကွာ ကောင်မလေးငိုရင်ကိုယ့်ရင်တွေနာလို့ပါ"
"ခံပေါ့ ရွှေကူ့ရင်လဲနာနေတာကြာလှပြီ ဘာမှမပြောပဲတစ်ယောက်ထဲအလုပ်တွေလုပ်နေထဲက ရင်နာနေရတာ အကိုလေးကအခုမှရင်နာတာ ခံပေါ့လို့ အီး... လူယုတ်မာကြီး မချစ်တော့ဘူး သွား ထွက်သွား.. "
သွားလို့သာပြောပြီး ဖက်ထားတာကို လွှတ်မပေးသေးသည့်ကောင်မလေးက အရမ်းကို ငိုနေလေသည်။
ရင်ထဲနင့်နေသည်ကို ရွှေကူသည်းမခံတော့ပဲငိုချလိုက်ခြင်းဖြစ်သည်။ အကိုလေးဘာဖြစ်နေမှန်းလဲမသိရ တစ်ခါတစ်လေ အရူကြီးလိုအလုပ်အရေးကြီးတယ်ဆိုပြီး အိမ်ကိုမကပ် ညဆိုလဲတော်တော်နှင့်မအိပ်သည့်အကိုလေးကို ဘေးမှကြည့်ရတာရင်မောရသည်။ ဒီနေ့ညတော့ အပြင်ကိုလွှတ်၍မဖြစ်တော့ တော်ကြာညကြီးကားမောင်းလို့ တစ်ခုခုဖြစ်သွားရင်ရွှေကူသေမှာလေ။
"မောသွားပြီလား "
"မောတာပေါ့ "
ငိုလို့မောသွားသည့်ကောင်မလေးကိုရေတိုက်၍ ကွန့်မြူးမှာချော့ရသည်။
"သွားလေ မတားဘူး သွားတော့.. အင်္ကျီထည့်ပေးရအုံးမလား "
"မကျေနပ်သေးဘူးလားကွာ"
"ကျေနပ်ပါတယ် အော်.. အင်္ကျီထည့်ပေးတာစောင့်နေတာလား ခဏလေး သွားထည့်ပေးမယ် "
ရွှဲ့နေသည့်ကောင်မလေးက တဂယ်ကြီးထပြီးသွားထည့်မယ်လုပ်နေ၍ ကွန့်မြူးမှာတားကပြန်သည်။
"ကိုယ်မှားပါတယ်ကွာ ကိုယ်မစဉ်းစားပဲလုပ်လိုက်မိတာ "
"ဘာပြောလို့လဲ မစဉ်းစားပဲလုပ်လုပ် စဉ်းစားပြီးပဲလုပ်လုပ်ရွှေကူနဲ့ဘာဆိုင်လို့လဲ ဖယ် အင်္ကျီသွားထည့်ပေးမလို့"
ငိုတာပြီးသွားတော့ လေအေးလေးနှင့်တိုက်ပြီး လူကိုစစိမ်းကားနေသည့်ကောင်မလေးက တဂယ်ချစ်စရာလေးကွာ။ သူ့မှာစိုးရိမ်လိုက်တာလဲလွန်ရော ညကြီးသွားမှာကြောက်လို့ လေသံမာပြီးပြောလိုက်ငိုပြီးပြောလိုက်နှင့်ကို ချစ်စရာကောင်းအောင်တားယူနေရှာတာ ဒီချစ်မဝလေးကတော့လေ။
"ကိုယ့်ကောက်စိန်လေးက စိတ်ကြီးလိုက်တာကွာ ကိုယ်တောင်ကြောက်လာပြီ"
ရွှေကူ့ကိုဖက်လာသည့်အကိုလေးကို ရင်ဘက်ချင်းမထိမိအောင် လက်လေးခံထားရသည်။
"ကြောက်ရင်မဖက်နဲ့ပေါ့ "
"ဖက်ချင်လို့မဟုတ်ပါဘူး ကိုယ်စောင့်နတ်က နှိုးဆော်နေလို့"
"ဘယ်လိုနှိုးဆော်နေတာလဲပြော"
"ရှေ့ကကောင်မလေးကိုဖတ်လိုက်မှ အားတွေရှိမှာတဲ့ အားဆေးလေးမလို့ဖတ်လိုက်တော့ဆိုပြီးနှိုးဆော်နေတာ "
"အနာပေးလိုက်ဆေးပေးလိုက်နဲ့ဟုတ်နေတာပဲ သွား.. အဲ့ကလောကကောင်မလေးနဲ့ပဲယူလိုက်တော့ ရွှေကူ့ကိုမချစ်နဲ့တော့"
"ဟားဟား ..ကောင်မလေးကကွာ"
"အကိုလေး "
ရွှေကူတားချိန်မရ ဖက်နေရင်းမှ အကိုလေးရဲ့လက်က ရွှေကူ့ကျောပြင်ဆီရောက်ရှိသွားပြီဖြစ်သည်။
"ကောင်မလေး Bra မဝတ်ထားဘူးလား "
"အွန်း.."
မီးဖျော့ဖျော့လေးထဲ ခေါင်းလေးငုံ့၍ဖြေလာသူလေးကြောင့် ကွန့်မြူးရင်တွေတုန်သွားရတော့သည်။ ကျောပြင်လေးပွတ်မိတော့ ညဝတ်အင်္ကျီလေးပဲသိသာစွာထိတွေ့ရသည်မို့ မေးမိတော့ဟုတ်နေတာပဲဗျာ။ ဒါကြောင့် ရင်ဘက်ချင်းမထိအောင် လက်လေးခံပြီးနေနေတာပေါ့လေ။
"အကိုလေး မသွားတော့ဘူးမလား"
"ဘယ်မှမသွားတော့ဘူး"
"အိပ်တော့မယ်အဲ့တာဆို"
ကွန့်မြူးဆီမှရုန်း၍ နောက်တောင်လှည့်မကြည့် အိမ်ပေါ်ပြေးတတ်သွားသည့်ကောင်မလေးကို ကြည့်၍ စိတ်မလုံစွာကျန်နေခဲ့တော့သည်။ တောက် ..ဒီချစ်မဝလေးကို သွားပစ်မှားလိုက်သေးတယ်ကွန့်မြူးရာ။ မင်းတော့သေတော့မှာပဲငါ့လက်နဲ့။ မထိရက်မကိုင်ရက်နဲ့ချစ်ရသူလေးပါဆိုမှ ခဏတာစိတ်ကပစ်မှားလိုက်သေးသည်ကြောင့် ဒေါသထွက်၍ အိမ်အောက်တွင်ကျန်နေခဲ့လေတော့သည်။
ရွှေကူက ညအိပ်ရင် တစ်ခါတစ်လေ Bra ချွတ်ပြီးအိပ်တတ်သည်မို့ ဒီနေ့လဲမေ့သွားကာ စိုးရိမ်လွန်သွားပြီး အကိုလေးဆီပြေးသွားမိခြင်းဖြစ်သည်။ အမလေးရှက်လိုက်တာမှလွန်ရော။
အကိုလေးကလဲ သိဖြစ်အောင်တောင်သိသွားလိုက်သေး မျက်နှာပူလိုက်တာနော်။
"မာမီ့သမီးရော "
"အပြင်မှာသား ပန်းသွားခူးနေတယ် "
မနက်အစော ကွန့်မြူးအကုန်ပြင်ဆင်ပြီး၍ အောက်ဆင်းလာတော့ကောင်မလေးက ခြံထဲမှာဟုမာမီကပြောလာလေသည်။
"ဟေ့ .."
"အယ်အကိုလေး "
ခေါ်လိုက်မှ ပန်ရုံကြီးကြားပြေးဝင်သွားလေသည့်ကောင်မလေးကြောင့် ကျိတ်၍ရယ်နေရတော့သည်။
"ကိုယ်ညကဘာမှမမြင်လိုက်ရပါဘူးကွ "
"အကိုလေးဘယ်လိုဖြစ်နေတာလဲ"
"တဂယ်ပြောတာ ဘာဆိုဘာမှမမြင်လိုက်ရဘူး ကောင်မလေးကပြေးတတ်သွားတာလေကွာ"
ရှက်ပါတယ်ဆိုမှအကိုလေးကတော့လေ။
"ထွက်မလာတော့ဘူးလားကိုယ်ကသွားတော့မှာနော် ကလောကိုခဏနေပဲသွားရတော့မှာ အဲ့လိုကြီးပုန်းပဲနေတော့မှာလားကွ"
နှင်ဆီပန်းအနီလေးတွေကိုင်၍ ထွက်လာသူလေးက ကွန့်မြူးရှေ့လာရပ်လေသည်။ ဂါဝန်အနီလေးရယ် နှင်းဆီပန်းအနီလေးရယ်နှင့် လိုက်ဖက်စွာရှိနေသည့်မျက်နှာရဲရဲလေးက မဝံ့မရဲကြည့်လာလေသည်။
"ရော့ ဒီပန်းလေးယူသွား ကားထဲမှာမွှေးအောင်လို့"
အစုလိုက်လေးလှမ်းပေးသည့်နှင်းဆီပန်းလေးကို ကွန့်မြူးယူလိုက်သည်။
"ကိုယ်မကြာဘူးနော် ချက်ချင်းပြန်လာခဲ့မယ် ပြန်လာရင်ကိုယ်သတင်းကောင်းလေးယူလာခဲ့မယ်ကောင်မလေးကိုယ့်ကိုစောင့်ပေးနော်"
"ဟုတ် လမ်းမှာဂရုစိုက်နော် အကုန်လုံးအဆင်ပြေပါစေလို့ရွှေကူဆုတောင်းပေးမယ် "
"လိမ္မာလိုက်တာကွာ "
ခေါင်းလေးလာပုတ်တော့ ရွှေကူသဘောကျမိသည်။ ရွှေကူအရင်ဘဝက ခွေးများဖြစ်ခဲ့သလားမသိ အဲ့လိုခေါင်းလေးပုတ်ရင်သဘောကျနေတာများ ပြောမနေပါနှင့်တော့လေ။
ကွန််မြူးလဲရန်ကုန်ကထွက်လာသလို အရီးမြတို့လဲ စလေကထွက်လာပြီဖြစ်သည်။ အေးချမ်းကိုအကူညီတောင်းကာ အရီးမြကိုလိုက်ပို့ခိုင်းထားသည်ကြောင့် ကလောတွင်လူစုံစုမည်ဖြစ်သည်။ သေချာသည်ဆိုမှ ပြဿနာတွေအကုန်ရှင်း၍ ကောင်မလေးဆီသို့ခေါ်သွားဖို့ပြင်ထားကြတော့သည်။
"မေမေကြီး "
"ဝေ့"
"ဘဘကြီးတို့ကမနက်ပြန်လာမှာဆို"
"ဟုတ်တယ်သမီးရဲ့"
"အကိုလေးရောပါမှာလားမေမေကြီး"
"ပါမှာသမီး အကုန်ပြန်လာကြမှာ"
"ဟီး ဟုတ် "
သမီးကအိမ်မှာလူနည်းသွားတော့မနေတတ်ဘူးဟုပြောလာသလို သူ့ကိုကိုကိုလဲလွမ်းနေသည်မို့ မှိုင်နေသေးသည်။ ဒါတောင်သားသွားတာနှစ်ရက်ပဲရှိသေးသည်မဟုတ်လား။ ခင်ပွန်းဖြစ်သူပြောပြထား၍ သမီးရဲ့မိခင်ကိုတွေ့ပြီဖြစ်ပြီး အကြောင်းစုံလဲရှင်းပြ၍ မနက်တစ်ခါထဲပါလာမည်ဆိုတာ ဒေါ်မာကြိုသိထားပေမယ့် သမီးလေးကိုတော့မပြောဖြစ်ပေ။
အကိုလေးကမနက်ပြန်လာမည်မို့ ရွှေကူညအိပ်မရပေ။ ဘာလို့မှန်းမသိ ရင်ထဲလေးကာ နေလို့မကောင်းသည်မို့ တစ်ညလုံးဟိုလှိမ့်ဒီလှိမ့်နှင့်ရှိနေရတော့သည်။
"သမီးရယ် သားတို့ကလမ်းမှာပဲရှိသေးတာလေ ရောက်ဖို့ဆို တစ်နာရီလောက်လိုသေးတယ်သမီးရဲ့ "
သမီးဖြစ်သူက အိမ်ရှေ့ထွက်လိုက်ဝင်လိုက်နှင့်ရှိနေသည်ကြောင့် ဒေါ်မာမှာသတိပေးနေရခြင်းဖြစ်သည်။
အရင်က လနှင့်ချီသွားတုန်းကဒီလောက်စိတ်မလှုပ်ရှား ယခုအခေါက်မှာတော့ နှလုံးခုန်နှုန်းတွေမြန်၍စိတ်လောနေမိသည့်ရွှေကူမှာ ကိုယ်တိုင်လဲဘာဖြစ်နေမှန်းမသိပေ။
"အယ်မေမေကြီး ကားသံကြားပြီ"
သမီးကခြံသော့ယူကာ ပြေးသွားသည်မို့ ဒေါ်မာမှာနောက်မှလိုက်ရတော့သည်။
ခြံတံခါးဖွင့်ပြီးသည်နှင့် ဘဘကြီးကားကအရင်ဝင်လာလေသည်။ ထို့နောက်အကိုလေးရဲ့ကားဖြစ်ပြီး နောက်တွင်တော့ ကားနှစ်စီးထပ်၍ပါသေးသည်ကိုရွှေကူသတိထားမိပေမယ့် အကိုလေးကားဆီရွှေကူလှမ်းလာလိုက်သည်။
"အကိုလေး "
"ကောင်မလေး လာအိမ်ထဲဝင်အုံး "
"ဟင်.. "
လက်ကဆွဲ၍ခေါ်လာသည့်အကိုလေးနောက် ရွှေကူတစ်ယောက်ထဲသာပါလာပြီး မေမေကြီးတို့ကအပြင်မှာသာကျန်ခဲ့လေတော့သည်။
"အကိုလေးဘာဖြစ်လို့လဲ"
ဆိုဖာပေါ်ထိုင်ခိုင်းကာ ပခုံးကိုကိုင်ထားသည့်အကိုလေးရဲ့မျက်ဝန်းတို့သည်တစ်ခုခုကိုစိုးရိမ်နေပုံရသည်။
"ကိုယ်အခုပြောမယ့်စကားတွေရယ် ကောင်မလေးအခုမြင်ရကြားရမယ့်စကားတွေအဖြစ်ပျက်တွေကို စိတ်အေးအေးထားပြီးနားထောင်ရမယ်နော်ကောင်မလေး"
"ဘာဖြစ်လို့လဲ"
"ကောင်မလေးဘေးမှာကိုယ်ရှိတယ် ကောင်မလေးကိုသိပ်ချစ်တဲ့ကိုယ်ရှိတယ်နော် အဲ့တာတွေးထားပေးဟုတ်ပြီလား "
"အကိုလေး"
"စိတ်ကိုခိုင်ခိုင်ထားမယ်လို့ကိုယ့်ကိုဂတိပေး"
မျက်နှာပျက်စွာပြောနေသည့်အကိုလေးကို ရွှေကူနားမလည်ပေ။
"ကိုယ့်ကိုဂတိပေးပါကွာ နော်.. စိတ်ကိုခိုင်ခိုင်ထားရမယ်နော် "
"ဟုတ် "
ရွှေကူဘာမှန်းမသိ အကိုလေးစကားကိုနားထောင်မိသည်။
ကောင်မလေးသတိလစ်သွားမှာဆိုးလို့ကိုယ်ကြိုပြီး စိတ်မာခိုင်းရတာပါကွာ။ ကောင်မလေးမေ့လဲသွားမှာဆိုးလို့ပါ။ ကိုယ်အခုလိုပြောတာလေးက ခဏနေရင်အသုံးဝင်ပါ့မလားစိုးရိမ်မိတယ်ကွာ။ ကောင်မလေးထပ်ပြီးသတိလစ်သွားမှာကိုယ်ကြောက်မိတယ်ကောင်မလေးရယ်။
Words 3784
23.11.2023 6:53pm
ဆက်လက်ကြိုးစားသွားပါမည်။