ရစ် အိမ်တော်၏ အပေါ်ဆုံးထပ်က စာကြည့်ခန်းထဲ၌ မျက်နှာချင်းဆိုင်ထိုင်နေကြသော လူသုံးယောက်၊၊ ထိုလူတို့၏ မျက်နှာပေါ်၌ စိတ်ရှုပ်နေသော ဟန်ပန်အမူအရာက ပြည့်နှက်နေ၏၊၊ အခန်းအတွင်းလည်း ဘယ်သူတစ်ဦးတစ်ယောက်မှ စကားပြောနေခြင်းမရှိတာကြောင့် တိတ်ဆိတ်နေသည်၊၊
" ခွန်းကမ္ဘာရန်နိုင်ပျောက်နေတာက မသင်္ကာ စရာဘဲ၊ အစအနတောင်ရှာမရတာဆိုတော့ တစ်ခုခုကြံစည်နေတာဖြစ်မယ်"
ငြိမ်သက်နေရာမှ ထပြောလာသော ဒါလီယာ၏ စကားကို ထိုင်နေကြသော ရစ်ကြီးနဲ့ အန်တီကလည်း ခေါင်းညိတ်ကာပင် ထောက်ခံလာကြသည်၊၊ ပျောက်ချက်သားကောင်းနေတဲ့လူက တစ်နှစ်တောင်ပြည့်တော့မည် အခုထိ ဘာသတင်းမှမရ၊၊ ပြည်ပထွက်ခွင့်လည်းအပိတ်ခံထားရတာမို့ ခွန်းကမ္ဘာရန်နိုင်က သေချာပေါက် ပြည်တွင်းထဲမှာဘဲရှိလိမ့်မည်၊၊ သို့ပေမဲ့ ဘယ်နေရာမှာ မှ အစအနမတွေ့ရ၊၊
"အခုက ဆက်ရှာမှာလား ရှာနေတာကိုရပ်လိုက်မှာလား သားရစ် ၊ မင်းဘယ်လိုဆက်လုပ်မှာလဲ"
"ဆက်ရှာမယ် မာမီ၊ အဲကောင်လုပ်ထားတဲ့အပြစ်က သေးသေးလေးမဟုတ်ဘူး"
အစပိုင်း လင်းဥာဏ်ဆိုတဲ့ကောင်က လွန်းရန်ကိုပါ တရားခံအဖြစ် ဒီကိစ္စတွေထဲဆွဲသွင်းတုန်းက ဗာရစ် အထင်လွဲမိတော့မလိုတောင်ဖြစ်ခဲ့ရသည်၊၊ တရားရုံး၌ လင်းဥာဏ်အားစစ်ဆေးမေးမြန်းတော့လည်း လွန်းရန်က အမှုကိစ္စတွေနဲ့မလွတ်ကြောင်း အလိမ်အညာများဖြင့် ဖြေ၏၊၊ သို့ပေမဲ့ ခွန်းအိမ်တော်ရဲ့ အိမ်တော်ထိန်းဟောင်းမှ သက်သေခိုင်လုံစွာနဲ့ လွန်းရန်က ခွန်းကမ္ဘာရန်နိုင်၏ ကျူးလွန် ထားသော အပြစ်တွေနဲ့မသက်ဆိုင်ကြောင်း တရားရုံးကို ပြန်လည်တင်ပြခဲ့တာကြောင့် ဒီအမှုမှာ လွန်းရန်က လုံးဝကိုလွတ်ကင်းသွားခဲ့သည်၊၊ ထိုတော့မှသာ ဗာရစ် ရင်အေးပြီးသက်ပြင်းချနိုင်ခဲ့သည်၊၊ အမှုမဖြေ ရှင်းခင်တစ်လျှောက်လုံး လွန်းရန်ကသာ ဒီလိုမျိုး လုပ်ခဲ့ရင်ဆိုသောအတွေးနဲ့ ပူလောင်ခဲ့ရ၏၊၊
လအနည်းငယ်အတွင်းမှာဘဲ ပြီးပြတ်သွားတဲ့ကိစ္စတွေကမနည်းမနော၊၊ ခေါင်းစားခဲ့ရသည်ရက်ပေါင်းကလည်းမနည်းခဲ့ပေ၊၊ အခုမှသာ အခြေအနေတကျနဲ့ ပြန်ပြီး အေးဆေးနေနိုင်တာဖြစ်သည်၊၊သို့ပေမဲ့ အဓိက တရားခံ ခွန်းကမ္ဘာရန်နိုင်ကိုမဖမ်းမိသေးတာမို့ စိုးရိမ်စရာအနည်းငယ်တော့ရှိနေသည်၊၊ ဒီလိုပျောက်နေပုံကလည်း သိပ်ပြီးတော့ မရိုးသားပေ၊၊ ဒီလိုပုံစံသာဆိုရင် ခွန်းကမ္ဘာရန်နိုင်ကို ကာကွယ်ပေးနေတဲ့လူက ရှိကို ရှိလိမ့မည်၊၊
"ရစ်ကြီး မနေ့က စာဥ ငါကို ဖုန်းလှမ်းဆက်ပြောတယ်၊၊ စောခါမှိုင်းကို သူအဖေရင်းဖြစ်သူကလာခေါ်သွားပြီတဲ့ "
"အင်း ကောင်းပါတယ်"
ပြီးခဲ့တဲ့လတွေက ပြဿနာတွေရှုပ်ထွေးနေသည်မို့ ကလေးကို သူရွာကိုဘဲ ဗာရစ်ပြန်ပို့ခိုင်းခဲ့တာဖြစ်သည်၊၊ ထို့ပြင် လွန်းရန်အတိတ်မမေ့ခင်ကပြောခဲ့သော ကလေးကို ကျောင်းထားပေးပါဆိုတာကြောင့် ဗာရစ် ကျောင်းထားပေးဖို့တောင်စီစဉ်ထားခဲ့သည်၊၊ကျောင်းတတ်ခါနီးမှ ရွာကနေ ဗာရစ်တို့အိမ်တော်ကို ခေါ်ထားဖို့အတွက်လည်း အကုန်စီစဉ်ထားပြီးပြီးဖြစ်သည်၊၊သို့ပေမဲ့အခုတော့ ဖခင်အရင်းကလာခေါ်သွားတယ်ဆိုတော့လည်း စီစဉ်ထားသမျှကိုတော့ ပြန်ဖျက်ရမှာပေါ့၊၊လွန်း ရန်မှတ်ဥာဏ်ပြန်ရလာလို့ ကလေးအကြောင်းကို ကြားရင်လည်း ဝမ်းသာနေမယ်လို့ထင်သည်၊၊
"မာမီ ကျုပ်လွန်းရန်ကို ထမင်းသွား ကျွေး အုံးမယ်၊ ကျန်တဲ့အလုပ်ကိစ္စတွေကို မာမီဘဲလုပ်ထားလိုက်တော့"
"မင်းက ဥက္ကဋ္ဌ ဖြစ်တဲ့ မာမီကိုဘဲ ပြန်ပြန်ခိုင်းနေတယ်၊ နောက်ပြီး ရန်လေးက သူဘာသာထမင်းစားတတ်ပါတယ် မင်းသွားကျွေးစရာ မလိုပါဘူး"
"သူဘာသူစားရင် ဟင်းကြီးဘဲစားလို့မာမီ၊ ထမင်းနဲ့မျှတအောင်စားဖို့ ကျုပ်ကိုင်တိုင်သွားကျွေးမှဖြစ်မှာ"
မာမီကတော့ မနိုင်ဘူးဆိုသောအကြည့်နဲ့ကြည့်လာပြီး ခေါင်းတခါခါလုပ်ပြသည်၊၊ ဗာရစ်လည်း မဟုတ်တာကို အပိုပြောတာမဟုတ်၊၊ လွန်းရန်က အခုရက်ပိုင်းတွေမှာ သရေစာ မျိုးစုံမပြတ်စားလာတဲ့အပြင် ထမင်းစားခိုင်းရင်လည်း ဟင်းကြီးဘဲစားပြီး ထမင်းကို ကောင်းကောင်းမစား၊၊ ထို့ကြောင့် နေမကောင်းဘာညာဖြစ်မှာဆိုးလို့ လွန်းရန်ကို မနက်နဲ့ည ထမင်းဝင်အောင် ဗာရစ်ကိုယိတိုင်ကျွေး၏၊၊ ဒါတောင် မစားဘူးငြင်းနေတဲ့လွန်းရန်ကို ချော့လိုက်ခြောက်လိုက်နဲ့ရအောင်ကျွေးရတာဖြစ်သည်၊၊
"ရစ်ကြီး မနက်ဖြန် နေ့လယ် ရိုင်းစက်မာန်က မင်းနဲ့တွေ့ချင်တယ်တဲ့၊ သူပြောတာက မင်းရှာခိုင်းတဲ့လူကိုတွေ့ပြီတဲ့"
ထိုင်နေရာမှ ထပြီး လှည့်ထွက်ဖို့ပြင်လိုက်ပေမဲ့ ဒါလီယာ၏ စကားကြောင့် ဗာရစ် အခန်းပြင်ထွက်ဖို့ခြေလှမ်းတွေက ရပ်တန့်သွားရသည်၊၊ အပူကပ်လွန်းနဲ့ ဟန်နီလင်းကို ရသွားတဲ့ ရိုင်းစက်မာန်က မင်္ဂလာ ဆောင်ပြီးပြီးခြင်းမှာတင် ပျောက်သွားတာဖြစ်သည်၊၊ထို့ကြောင့် ဗာရစ်နဲ့ပြောထားတဲ့ကိစ္စကိုမေ့နေပြီတောင်ထင်ခဲ့တာ၊၊ အခုလိုလှမ်းအကြောင်းကြားလာတော့လည်း သွားတွေ့ရုံပေါ့၊၊ လနည်းနည်းလောက်နဲ့ ရုပ်တူတဲ့လူကိုရှာနိုင်တဲ့ ရိုင်းစက်မာန်ရဲ့ လူအင်အားကတော့မပေါ့ပေ၊၊ ရှရှားက ထိတ်တန်းစီးပွားရေးသမားဆိုတော့လည်း အင်းအားတောင့်တာကတော့မဆန်းပေ၊၊
"ရစ်ကြီး မင်းလာတွေ့မယ်လို့ ငါစာပြန်လိုက်ရမလား"
"အင်း လာတွေ့မယ်လို့ စာပြန်လိုက် ၊၊ ပြီးတော့ သူရှာတွေ့ထားတဲ့လူကိုပါ တစ်ခါထဲခေါ်ခဲ့ဖိုပြောလိုက်"
ဒါလီယာကို ပြောပြီးတာနဲ့ ဗာရစ် စာကြည့်ခန်းထဲကနေထွက်လာခဲ့တော့သည်၊၊ လွန်းရန်ကို ပုံမှန်ထမင်းကျွေးတဲ့အချိန်ထက်နောက်ကျနေပြီမို့ ခြေလှမ်းကျဲများဖြင့် အပေါ်ထပ်ကနေ အောက်ထပ်သို့ဗာရစ်အမြန်ဆင်းလာခဲ့သည်၊၊
အိမ်အောက်ထပ်ရောက်တော့ လွန်းရန်ကိုမတွေ့တာကြောင့် ဗာရစ် အိမ်အကူတွေကို မေးကြည့်တော့ ခြံထဲဆင်းသွားတယ်လို့ပြော၏၊၊ ထို့ကြောင့် ဗာရစ်လည်း ခြံထဲသို့သာ အမြန်ဆင်းလိုက်လာခဲ့တော့သည်၊၊
အိမ်ခြံထဲမှာ သန့်ရှင်းရေးသမားတွေကိုသာတွေ့ပြီး လွန်းရန်ကိုမတွေ့ရပြန်၊၊ အသံလည်းမကြားဘဲ တိတ်ဆိတ်နေတာမလို့ စိုးရိမ်စိတ်က တဖြည်းဖြည်းအုံကြွလာသည်၊၊ နာမည်ကိုခေါ်၍ ပတ်ရှာသော်လည်း ပြန်လည်ဖြေလာသည့်အသံက တစ်စုံတစ်ရာ မရှိလေတာမို့ စိုးရိမ်နေသော စိတ်အခြေအနေက ပို၍သာဆိုးလာသည်၊၊
"အစ်ကိုကြီး"
ဗာရစ်နားသို့ အိမ်တော်၏ သက်တောင်စောင့်တစ်ယောက်က ရောက်လာ၏၊၊ တစ်ခုခုပြောစရာရှိပုံရတာမလို့ ဗာရစ် မေးဆတ်ပြလိုက်တော့
"အစ်ကို လေးရန်က အိမ်ခေါင်းမိုးထပ်ကိုတတ်သွားပါတယ်၊ ကျွန်တော်တို့ ပြန်ခေါ်ပေမဲ့ မဆင်းဘူးကြီးဘဲပြောပြီးငြင်းနေပါတယ်ဗျ"
"ရပြီ ငါသွားလိုက်မယ်"
အိမ်အကူတွေပြောတော့ ခြံထဲဆင်းသွားသည်တဲ့ဘယ်လိုလုပ်ပြီး လွန်းရန်က အိမ်ခေါင်မိုးထပ်ကိုရောက်သွားရပြန်တာလဲ၊၊ ဗာရစ် အိမ်ထဲသို့ပြန်ဝင်လာခဲ့ပြီး အပေါ်ဆုံးထပ်ကို တတ်လာခဲ့သည်၊၊ အိမ်ခေါင်းမိုးပေါ်သို့တတ်လို့ရသည့် လမ်းက နှစ်လမ်းသာရှိသည်၊ အပေါ်ဆုံးထပ်က ထောင့်ဆုံးအခန်းထဲမှာ ခေါင်းမိုးထပ်သို့တတ်လို့ရသည့် လှေကားရှိ၏၊၊ ထို့မှတစ်ဆင့်သာ ခေါင်းမိုးပေါ်သို့တတ်လို့ရပြီးတစ်ခြားနည်းက အိမ်အောက်ကနေ အပေါ်ဘက်ခေါင်းမိုးထိ ထောင်ထားသော လှေကားရှည်ကနေ တတ်မှသာ ရသည်၊၊ ထို့ကြောင့်သေချာတာကတော့ လွန်းရန်က အိမ်အောက်လှေကားကနေ အပေါ်ထပ်ခေါင်းမိုးထပ်ကို တတ်သွားတာဖြစ်ရမည်၊၊ အန္တာရယ်များလိုက်တဲ့ ကိစ္စမလို့ ဗာရစ် လွန်းရန်ကိုဆူဖို့သာ တေးထားလိုက်သည်၊၊
ဗာရစ်အိမ်ခေါင်းမိုးထပ်သို့ရောက်တော့ ခုံတန်းအသေး၌ လွန်းရန်ကထိုင်နေပြီ တစ်ဖက်ခြမ်းဘက်သို့ မျက်နှာမူ ကာကြည့်နေလေသည်၊၊
နေရောင်သည်အရမ်းကြီးလင်းထွက်ကာပူပြင်းနေသည်မဟုတ်ဘဲ အနည်းငယ်အုံ့ဆိုင်းနေသောတိမ်သားများကြောင့် နေရောင်ကြည်သည်ခပ်ဖြာဖြာလေးသာရှိ၏၊၊ လေပြည်ညှင်းကလည်းတဖြည်းဖြည်းတိုက်ခတ်နေသည့်ကြောင့် လွန်းရန်၏ ဆံစများက လေနဲ့အတူ အနည်းငယ် ယိမ်းခါနေ၏၊၊ ဘေးတစ်စောင်း အနေအထားနဲ့မို့ ဖြောင့်စင်းနေသော နှာတံလေးက အချိုးကျလှပါစွာပင်မြင်နေရသေးသည်၊၊ ပန်းနုရောင်ထလျက်ရှိနေတဲ့နှုတ်ခမ်းတစ်စုံဆီ အကြည့်အရောက်မှာတော့ ဗာရစ် ရေဆာသလိုလို တောင်ဖြစ်လာရသည်၊၊
"လွန်းရန်"
"ဟင် မောင် မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"ခင်ဗျားလူကို စိတ်ပူအောင်တအားလုပ်တယ်၊၊ ဒီပေါ်ကို ဟိုလှေကားရှည်ကနေတတ်လာတာမလား၊ မတော်လို ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ"
"မောင်ကလည်း ငါအခုဘာမှမဖြစ်ဘူးလေ"
"မဖြစ်သေးလို့ပေါ့ ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"
တကယ်ကြီးစိတ်ဆိုးနေပုံရတဲ့မောင်ကြောင့် ရန်ပါးစပ်ပိတ်ပြီးသာငြိမ်နားထောင်နေလိုက်သည်၊၊ ရန်ကလည်း ဒီလှေကားက ဘယ်အထပ်ထိရောက်လဲဆိုတာသိချင်လို့ တတ်ကြည့်တာဖြစ်သည်၊၊ မောင်ကလည်း သူအလုပ်ကိစ္စသူလုပ်နေတာမလို့ ရန် ခွင့်လည်း မတောင်းလိုက်မိပေ၊၊ အခုတော့ မောင်ဆီက အဆူခံနေရပြီ
"ခင်ဗျား တစ်ခုခုဖြစ်ရင် ရင်ကျိုးရမှာက ကျုပ်၊ တစ်ခုခုလုပ်တော့မယ်ဆို ကျုပ်အတွက် ထည့်စဉ်းစားစမ်းပါ ခင်ဗျားရာ "
မချိတင်ကဲ ရေရွတ်ကာပြောလာတဲ့မောင်က မျက်မှောင်ကြီးလည်းကြုတ်ထားသေးသည်၊၊ ရန် မျက်နှာမကောင်းတာ မြင်တော့လည်း မောင်က အလျော့ပေးလိုက်ပုံရပြီး ရန်ကို ရင်ခွင်ထဲသို့ဆွဲသွင်းသည်၊၊ထို့နောက် ရန် ဆံပင်တွေကြား မျက်နှာအပ်လာပြီ အသက်ကိုပြင်းပြင်းရှူထုတ်သည်၊၊ မောင်ဒီလိုလုပ်တာက ဒေါသတွေကို လျော့ချနေတာပင်၊၊ ရန်လည်း ကိုယ်တိုင်က အပြစ်လုပ်ထားတဲ့လူမို့ ဘာမှစကားမစမိဘဲ မောင်သဘောအတိုင်းသာ ငြိမ်နေလိုက်သည်၊၊
" ထ ခင်ဗျား ထမင်းစားချိန်ကျော်နေပြီ၊၊ အခု အိမ်အောက်ပြန်ဆင်း မယ်"
"မောင်ကလည်း ငါထမင်းမစားချင်ဘူး"
ခပ်အီအီထွက်လာတဲ့ လွန်းရန်စကားကြောင့် ဗရစ် ခန္ဓာကိုယ် တောင်ခပ်မတ်မတ်အနေအထားကိုဖြစ်သွားသည်၊၊ ဒီလိုပုံစံနဲ့လုပ်လာပြီဆိုရင်တော့ ဗာရစ်အလျော့ပေးမှာကို လွန်းရန်က ကြိုသိနေလို့ဘဲ၊၊ ဒါပေမဲ့လည်း အူးယားနေတဲ့စိတ်ကိုတော့ ထိန်းရမည်၊၊ မနက်လည်းထမင်းမစား ညလည်းထမင်းမစားနဲ့ဆိုရင်တော့ အစာအိမ်အတွက်ထိခိုက်နိုင်သည်၊၊ ထို့ကြောင့် လွန်းရန်ကို ဘယ်လိုနည်းနဲ့မှ အလျော့ပေးလိုက်လို့မဖြစ်ချေ၊၊ ထမင်း မရရအောင်တော့ ဝင်သလောက်ကျွေးရမည်၊၊
"မောင် ငါထမင်းမစားချင်ပါဘူးဆို နော်လို့ မောင်"
"မောင်ခွံ့ကျွေးမယ်လေ မစားချင်ဘူးလား၊၊ လိမ္မာ မယ်မလား လွန်းရန်၊ မောင် စကားနားထောင်နော် လွန်းရန်"
"မောင်ကလည်း"
"မောင်ကမလည်းနဲ့လွန်းရန် ထမင်းစားရမယ်အခုဘဲ"
"ငါမစားချင်ပါဘူးဆိုနေမှ မောင်ကလည်း.."
"ခင်ဗျား ထမင်းစားမှာလား ဒါမှမဟုတ် ကျုပ်ခင်ဗျား ကိုစားရမလား ၊ နှစ်ခုထဲက တစ်ခုရွေး!"
ဗာရစ်ကို ဆူပုတ်ပုတ်နဲ့ကြည့်လာတဲ့ လွန်းရန်က လိုချင်တာမရသည့်ကလေးတစ်ယောက်လိုပင်၊၊ ချော့ပြောမရတော့လည်း ခြောက်ပြီးတော့ဘဲပြောရတာပေါ့၊၊ အဲ့လိုမှမဟုတ်ရင် ထမင်းကျွေးလို့ရမည်မဟုတ်၊၊ အတိတ်သာမေ့သွားတာ အရင်အတိုင်း ခေါင်းကြောကမာတုန်း
"ခင်ဗျား ထမင်းမစားချင်ဘူးမလား၊ လာခဲ့ ကျုပ်စားတာခံ"
"ဟို.. ဟိုလေ မောင် ငါထမင်းဘဲ စားလိုက်မယ်နော် မောင် ခွံ့ကျွေး ဟုတ်ပြီလား ဟီးး"
သွားစိပြီး ရယ်ပြလာကာ ဗာရစ်လက်မောင်းကို ဆွဲလျက် လှုပ်ခါရမ်းလာ၏၊၊ တစ်နေ့တစ်မျိုးမရိုးရအောင်ကို ပြုစားနေတော့တာ၊၊ လွန်းရန် ခေါင်းလေးကို ဗာရစ် အသာ ပွတ်သပ်ပေးတော့ ဇက်ကလေးပုကာ ငြိမ်ခံသည်၊၊ အနည်းငယ်ပြည့်ဖောင်းနေသော ပါးတစ်ဖတ်ကို ဗာရစ်လှမ်းနမ်းလိုက်တော့လည်း ငြိမ်ငြိမ်လေးနေကာပင် ငြိမ်ခံပြန်သည်၊၊ ဗာရစ်ကလည်း သူလုပ်သမျှကို အဲ့လိုငြိမ်ခံနေလျှင်ပို၍ ဆတိုးပြီး လုပ်ချင်သည်၊၊
ပြွတ်စ် ပြွတ်စ် !!
ရွှတ် ရွှတ်!!
"မောင် တော်တော့လေ ငါပါးတွေပူလာပြီ"
ပါးပြင်နဲ့ မျက်နှာပြင်အနှံ့ ဖတ်နမ်းပြစ်လိုက်တော့ ဗာရစ်မျက်နှာကို လက်ဖြင့်ကာပြီးတွန်းထုတ်လာသည်၊၊ အနမ်းအရှိန်ကြောင့် လား ဒါမှမဟုတ် ရှက်နေလို့ဘဲလားတော့မသိ လွန်းရန် ပါးတွေမှာ ခပ်ရဲရဲလေးဖြစ်နေသည်၊၊
"လာ မောင် တို့ နေ့လယ်စာ သွားစားမယ်"
လွန်းရန် လက်ကိုဆွဲလျက် ဗာရစ် အိမ်ခါင်မိုးထပ်ကနေ အိမ်အောက်ထပ်သို့ပြန်ဆင်းလာခဲ့တော့သည်၊၊ဗာရစ်တို့ ဆင်းလာတော့ မာမီတို့ကလည်း အလုပ်ပြီးသွားသည့်ထင် ဧည့်ခန်းထဲ၌ထိုင်ကာ စကားပြောနေကြသည်၊၊
"သားရစ် မင်းတို့အခုမှထမင်းစားမှာလား"
"ဟုတ်တယ် မာမီ"
"ဒါဆို အတူစားရအောင် မာမီတို့လည်း အစောနကမှအလုပ်ပြီးတာ အခုဘဲထမင်းစားတော့မလို့"
"မာမီနဲ့ဒါလီယာသာစားပါ၊ ကျုပ် လွန်းရန်ကို ထမင်းခွံ့ပြီးမှဘဲစားတော့မယ်"
ဗာရစ်စကားအပြီး ခါးမှ အင်္ကျီစကို လွန်းရန်က လာဆွဲလျက်ပင် အနားနားကပ်၍ ခပ်တိုးတိုးပြောလာ၏၊၊ လွန်းရန်ပြောလာသည်က
"မောင် ငါကိုမခွံ့နဲ့တော့လေ ၊ မေနှောင်းတို့နဲ့အတူ မောင်ပါ ဝင်စားလေ၊ ငါလည်း ငါဘာသာစားမယ်လေနော်"
"မရဘူး၊ ခင်ဗျားဘာသာ လွှတ်ထားရင် ထမင်းကောင်းကောင်းစားမှာမဟုတ်ဘူး၊၊ ကျုပ်ဘဲ ခွံ့ကျွေးမယ်"
"အင်းပါ မောင့်သဘော"
"ဧည့်ခန်းထဲမှာ မောင်ကို ထိုင်စောင့်နေ ထမင်းယူပြီးမောင်လာခဲ့မယ်"
လွန်းရန်က ဧည့်ခန်းထဲသို့ဝင်ကာ ထိုင်လိုက်တော့မှဘဲ ဗာရစ် ထမင်းစားခန်းထဲသို့ဝင်လာခဲ့တော့သည်၊၊ဗာရစ် အနောက်ကနေ မာမီနဲ့ဒါလီယာကလည်း လိုက်လာကြသည်၊၊ မာမီကတော့ ဗာရစ် ကို ပိုကိုပိုတယ်ဆိုသောအကြည့်နဲ့သာ တစ်ချိန်လုံးကြည့်နေတာဖြစ်သည်၊၊ ဘယ်လိုဘဲကြည့်ကြည့်ပါ အရေးမကြီးတာမို့ ဗာရစ် လျစ်လျူပြုထားလိုက်သည်၊၊
နှောင်းရစ် ထမင်းစားပွဲမှာဝင်ထိုင်ပြီး သားရစ် လှုပ်ရှားမှု တွေကို ထိုင်ကြည့်နေလိုက်သည်၊၊ ထမင်းပန်းကန်ထဲ ထမင်းနဲ့ဟင်းကို ပေါင်းထည့်လိုက်ပြီး ရေတစ်ခွက်ကိုင်ကာ ထမင်းစားခန်းထဲမှပြန်ထွက်သွားသည်၊၊ ထို့နောက် ခဏအကြာပြန်ဝင်လာပြီး တီးရှူးနဲ့ စားပွဲပေါ်မှတင်ထားသော ပုစွန် ကြော်ခွက်ကို ယူထုတ်သွားလေသည်၊၊
"အန်တီ အဲ့ဒီပုစွန်က အန်တီစားဖို့ သပ်သပ်လုပ်ပေးထားတာလေ ၊ဘယ်လိုလုပ်ပြီး ရစ်ကြီးက ယူသွားတာလဲ"
"ထားလိုက်တော့ငယ်၊ သွားပြန်တောင်းလည်း ပြန်မရတော့ဘူး၊ နောက်နေ့မှ အန်တီ စားဖိုမှူး ကိုထပ်ချက်ခိုင်းလိုက်တော့မယ်"
အဲ့ဒီခွေးကောင်ရစ်ကြီးကို ဒါလီယာ မျက်နှာတွေကြီးဘဲဖြတ်ရိုက်လိုက်ချင်သည်၊၊ စားဖိုမှူး ဆီကိုတောင် အန်တီက စားချင်လွန်းလို့ ဒီနေ့ချက်ပေးဖို့သွားပြောထားတဲ့ဟာကို မမေးမမြန်းဘဲနဲ့ယူချသွားတာများ သူဟာလိုလို၊၊ အခုထပြီးသွားတောင်းလည်း ပုစွန် ကပြန်ရတော့မည်မဟုတ်၊၊ ပုစွန်နွှာပြီးတောင် ထမင်းခွံ့နေလောက်ပြီ၊
"နောက်နေ့မှ အန်တီအစား ငယ်လက်စားချေပေးမယ်"
"ပြောပါအုံးဘယ်လိုလက်စားချေမှာလဲ"
"ရန် အတွက်ဆိုပြီး ရစ်ကြီးဝယ်ထည့်ထားတဲ့ သရစာမုန့်တွေ အကုန်ယူစားပြစ်မယ်"
"ထားလိုက်ပါ၊ ကလေးလည်းမဟုတ်ဘဲနဲ့ မဟုတ်တာတွေလျှောက်မလုပ်နဲ့ငယ်"
ငယ်ခေါင်းကို ခပ်ဖွဖွပုတ်ပြီး ဆူသလိုလေးပြောလိုက်တော့ မျက်နှာဆူပုတ်ပုတ်နဲ့ငယ်က နှောင်းရစ်ကိုမကျေနပ်သလိုကြည့်လာသည်၊၊ထို့နောက် နှောင်းရစ်ဘက်ကို အကြည်တစ်ချက် တောင်မှ မလှည့်လာတော့ဘဲ သူဟာသူသာ ထမင်းဆက်စားနေတော့သည်၊၊ သေချာပေါက်ကို ဒါက စိတ်ကောက်သွားတာ၊ နှောင်းရစ်တော့ ချော့ရပေအုံးမည်၊၊
°°°°°°°°°°°°°°°°°°°°°°°°
စားသောက်ဆိုင်ကြီး၏ VIP room ထဲ၌ ရိုင်းစက်မာန် ရစ် ကို ထိုင်စောင့်နေသည်မှာ တစ်နာရီပင်ပြည့်လာခဲ့သည်၊၊ ပြောထားတဲ့အချိန်ထက် တစ်နာရီတောင်နောက်ကျနေသည်မို့ စိတ်ကမကြည်တော့၊၊ဖုန်းလှမ်းဆက်ပြီးမေးတော့လဲ ထွက်လာနေပြီတဲ့ ၊ဒါပေမဲ့ တစ်နာရီသာပြည့်လာသည် ထွက်လာနေပြီဆိုတဲ့ကောင်က အခုထိမရောက်သေး၊၊ ဒီကောင် လိမ်ပြီးများ ပြောတာလား၊ ရိုင်းစက်မာန်ဘေးနားမှာ ထိုင်နေသော ကပ်သလစ် ကလည်း မျက်နှာသိပ်မကောင်းတော့၊၊ တစ်နာရီထိ ထိုင်စောင့်နေရတော့ ဘယ်သူက မျက်နှာ ကောင်းတော့မလဲ
"ကပ်သလစ် မင်းစားချင်တာ မှာစားတော့ ဟိုကောင်ကိုစောင့်မနေတော့ဘူး"
"ဘယ်လိုဖြစ်တာလဲ စိတ်မရှည်တော့ပါလား "
အခန်းထဲသို့လျှောက်ဝင်လာတဲ့ရစ်က ခနဲသလိုပြုံးရင်း ရိုင်းစက်မာန်ကိုကြည့်လာ၏၊၊ ဒီကောင်နောက်ဆုံးမှရောက်လာတာဘဲ သူကိုယ်သူ မင်းသားထင်နေလားမသိ
"မင်းလာပြီ လာပြီနဲ့ တစ်နာရီလောက် စောင့်နေရတယ်"
"လာခါနီးမှ လွန်းရန်က ဇက်ကြောတတ်လို့တဲ့ အဲ့တာ နှိပ်ပေးနေတာ၊ တစ်နာရီလောက်ဘဲ စောင့်ရတာကို မင်းကဘာဖြစ်"
"လင်လေးကို ပြုစုနေတာနဲ့ ငါတို့ကို ထိုင်စောင့်ခိုင်းထားတာက တရားတယ်ပေါ့ "
စကားကြောရှည်တော့မဲ့ကောင်နဲ့ ဗာရစ် စကားဆက်မများချင်တာကြောင့် ဘာမှဆက်မပြောဘဲ ရိုင်းစက်မာန်၏ တစ်ဖက်ခုံ၌ ဝင်ထိုင်လိုက်သည်၊၊ဗာရစ်ဒီအခန်းထဲဝင်လာထဲက ငြိမ်သက်စွာထိုင်ပြီး ဗာရစ်ကိုအကဲခတ်နေတဲ့ ကောင်ကို သတိထားမိသည်၊၊ ရုပ်ရည်ကတော့ မင်းသန့်နဲ့ ဆင်တူကြီးမဟုတ်တောင် ခပ်ဆင်ဆင်အနေအထားမို့နည်းနည်း တော့၏၊၊
ဆရာဝန်ပြောကြားချက်အရ ရွန်ပြန်ကောင်းဖို့အတွက်ဆိုရင် သူ တောင်းတနေသောအရာနဲ့ ကုစားမှကိုရမည်၊၊ ထို့ကြောင့် ရိုင်းစက်မာန်အား မင်းသန့်နဲ့တူတဲ့လူကို ဗာရစ်ရှာခိုင်းခဲ့ခြင်းဖြစ်သည်၊၊ အခု ဗာရစ်ရှေ့မှာ ထိုင်နေတဲ့ လူက မင်းသန့်နဲ့ ချွတ်စွပ်မတူရင်တောင် ခပ်ဆင်ဆင်မို့ ရွန်အတွက် အသုံးချရာမှာတော့ အဆင်ပြေနိုင်ကောင်းပါရဲ့
"ရစ် သူနာမည် ကပ်သလစ်၊ မင်းရှာခိုင်းတဲ့လူနဲ့ ပုံစံအဆင်ဆုံးလူ"
"အင်း ကျေးဇူး ဘဲ"
"မင်းသူလုပ်ရမဲ့ဟာကို ပြောပြလိုက်ပေါ့၊ သူဘာမှမသိဘူး ၊ ငါသူငယ်ချင်းရဲ့ တူဆိုတော့ ခေါ်ရလွယ်လို့ တစ်ခါထဲခေါ်လာတာ"
"ကားပေါ်ရောက်မှရှင်းပြလိုက်မယ်၊ ဒီနေ့တစ်ခါထဲ သူကို ရစ်အိမ်တော်ခေါ်သွားမယ်"
"ငါပါလိုက်မယ်"
"ဘာလိုက် ရှုပ်မှာ မင်းမိန်းမဆီသာသွားနေစမ်းပါ"
"မိန်းမကအနားတောင်အကပ်မခံဘူး၊၊နောက်ပြီး မင်း လင်လေးကိုလည်း ငါကြည့်ချင်သေးလို့၊ ပြီးခဲ့တဲ့အရင်လတွေက ဟန်နီနဲ့တင် ကိစ္စကရှုပ်နေလို့ ငါလာမကြည်လိုက်ရဘူး၊ အခုတော့ မင်းနဲ့တစ်ခါထဲ ရစ်အိမ်တော်ကိုလိုက်မယ်"
ရိုင်းစက်မာန်က ချွတ်ထားသော ကုတ်အနက်ကို ပြန်ဝတ်ပြီး စားပွဲပေါ်တင်ထားသော ဖုန်းကိုပါ အိတ်ထဲထိုးထည့်ပြီး ထိုင်နေရာမှထရပ်သည်၊၊ ပုံစံက အခုဘဲ ချက်ခြင်း သွားတော့မလို၊ ဒီကောင် မဟုတ်မှ ဘာမှစားစရာမမှာထားဘူးလား၊ တစ်နာရီလုံး ဒီတိုင်းဘဲရေသောက်ပြီး ထိုင်စောင့်နေတာလား
"မင်း ဧည့်သည်ခေါ်လာတာတောင် ဘာမှ မမှာထားဘူးလား"
"မင်းကိုစောင့်နေတာလေ၊ မင်းကရောက်တာကြာတာကို ၊ ပြီးတော့ ငါမှာမယ်ဆိုမှ မင်းကရောက်ချလာတာ၊ အဲ့တော့ ဘာမှ မမှာရသေးဘူး"
"မင်းကို ဆိုင်ရှင် လာမရိုက်တာဘဲ ကံကောင်းတယ်မှတ်"
ရိုင်းကို ကြိမ်းမောင်းပြီး ရစ်က အခန်းထဲကနေ ထွက်သွားတော့သည်၊၊ ကပ်သလစ်ကိုလည်း လိုက်ခဲ့လိုမခေါ်သလို ရိုင်းကိုလည်း သွားမယ်လို့လည်းမပြောသွား၊၊ အဲ့ဒီအကောင်ကတော့လေ စောက်ကျင့်တစ်စက်မှကိုမကောင်းဘူး
"ကပ်သလစ် လာ ငါတို့လည်း ရစ်နောက်လိုက်မယ်"
ကပ်သလစ်နဲ့အတူ ရိုင်းလည်း VIP room ထဲကနေ ထွက်လာခဲ့သည်၊၊ ထို့နောက် ကားပါကင်ဘက်သို့ လျှောက်ထွက်လာလိုက်ပြီး ရစ်ကိုရှာတော့ ကားပါကင်၏ ထောင့်ဆုံး၌ ရပ်ထားသော ကားအနက်မှ ဟွန်းတီးသံက ထွက်လာ၏၊၊ ဒါ သေချာတယ် ရစ် သူတို့ကို အချက်ပြနေတာ၊၊ ဟွန်းတီးနေသော ကားအနားသို့ ရိုင်းတို့ လျှောက် သွားလိုက်ပြီး ကားမှန်ခေါက်လိုက်တော့ မှန်ချလာပြီးနောက် ရစ်၏ တွန်းချိုးနေသော မျက်ခုံးတန်းတွေနဲ့အတူ စိတ်မရှည်သလိုဖြစ်နေတဲ့ ရစ် ၏ မျက်နှာကို တွေ့ရသည်၊၊
"မင်း စောက်ရုပ်က ဘာဖြစ်နေတာ"
"လမ်းလျှောက် တာ တော်တော်နှေးတယ်၊ မင်းတို့လိပ်တွေလား"
"မင်းကသာ သူများနှစ်လှမ်းစာကို တစ်လှမ်းစာနဲ့လျှောက်သွားတာ၊ ငါတို့ကို အခု စောက်ပို လာမပြောနဲ့"
ကားတံခါးကို ဆောင့်ဖွင့်ပြီး ရိုင်းစက်မာန်နဲ့ ကပ်သလစ်က ဗာရစ်ကားပေါ်တတ်လာသည်၊၊ ကားတံခါးပိတ်တာသည်လည်း ဆောင့်အောင့်ပြီးတော့ပင်၊၊ ယောက်ျား ကြီးတန်မဲ့ ရွံ့စရာကောင်းအောင် ဆူပုတ်နေတဲ့ ရိုင်းစက်မာန်က ကုမ္ပဏီ ကြီးတစ်ခုရဲ့ ဥက္ကဋ္ဌ လိုပြောရင် ဘယ်သူမှယုံမည်မဟုတ်၊၊ ဗာရစ်က ကုမ္ပဏီ မှာ ရာထူး က ဒု ဥက္ကဋ္ဌ သာ ရှိသေးပြီး ရိုင်းစက်မာန်ကတော့ ဥက္ကဋ္ဌ ဖြစ်နေလေပြီ၊၊သို့ပေမဲ့လည်း ဒီကောင်က ထူးဆန်းစွာပင် မဟာမိတ်ပွဲမှာ ဗာရစ်ကို ခေါင်းဆောင်အဖြစ်ရအောင် ထောက်ခံချက်အဖြစ် သူကိုယ်တိုင် ရစ် ကုမ္ပဏီ လက်အာက်ကိုဝင်လိုက်တာ၊၊ သူအခြေအနေနဲ့ဆို မဟာမိတ်အဖွဲ့အစည်းမှာ ခေါင်းဆောင်နေရာကိုအသာလေးရသည်၊၊သပ်သပ်ကို ရိုင်းစက်မာန်ဆိုတဲ့ကောင်က ဗာရစ်ကို ခေါင်းဆောင်နေရာ ပေးလိုက်တာ
တရိပ်ရိပ်နဲ့ပြေးလွှားနေသော ကားနက်လေးက နောက်ဆုံးတော့ ဦးတည်ရာဖြစ်သော ရစ်အိမ်တော်သို့ရာက်ရှိလာခဲ့သည်၊၊ ကားပေါ်မှာထဲက ကပ်သလစ်ကို ရွန်အကြောင်းနဲ့ မင်းသန့်ပုံစံဟန်ဆောင်ရမည်အကြာင်းတို့ကို ရှင်းပြထားပြီးပြီးဖြစ်သည်၊၊ထို့ပြင် ရိုင်းစက်မာန်ကိုပါ ပြောပြထားတာမို့ ကပ်သလစ်ကို နာမည်အမှန်တပ်ပြီးခေါ်တော့မည်မဟုတ်တော့၊၊ နှစ်ယောက်လုံးကို ကားပေါ်မှာထဲက ဗာရစ်အကုန်ပြောပြလာတာမို့ အိမ်ထဲရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားစရတော့မည်မဟုတ်၊၊ ထို့နောက် ကားက အိမ်ရှေ့စင်ဝင်အောက်၌ ထိုးရပ်သွားပြီး ကားပေါ်ကနေ ဗာရစ်တို့သုံးယောက်ဆင်းလာခဲ့ကာ အိမ်ထဲသို့ ဝင်လာခဲ့ကြသည်၊၊
"မောင် "
ဧည့်ခန်းထဲကနေ မောင်လို့ခေါ်ကာ ပြေးထွက်လာတဲ့ ကောင်လေးတစ်ယောက်က ရစ် ခန္ဓာကိုယ်ပေါ်သို့ ခုန်တတ်၏၊၊ ရစ်ကလည်း ဖတ်နေကျအတိုင်းလိုပက် ခုန်တတ်လာသော ခန္ဓာကိုယ် ကို ဆွဲပွေ့လိုက်တာများ အံဝင်ခွင်ကျ ၊၊ ကောင်လေးက အသားရည်ဖြူဖြူဖွေးဖွေးလေးအပြင် ပြည့်ပြည့်ဖောင်းဖောင်းလေးလည်းရှိ၏၊၊ ချစ်စရာကောင်းတဲ့မျက်နှာနဲ့အသံလည်းရှိလေတော့ ရစ် ကြွေကျသွားတာက ဖြစ်သင့်တာဘဲ၊၊
ရစ် ကိုယ်ပေါ်၌ ကုပ်တွယ်နေတဲ့ကောင်လေးက ရိုင်းနဲ့ကပ်သလစ်တို့ကို မြင်ပုံမရဘဲ ရစ်ကိုသာကြည့်ပြီး ပါးတွေချည်းဇွတ်နမ်းနေလေသည်၊၊ ရစ်ကလည်း အောက်သွားမရှိတဲ့နွားကြီးအစားဝါးနေသလိုပင် ပြုံးပြုံးကြီးနဲ့ ငြိမ်ခံသည်၊၊ သူတို့နှစ်ယောက်အနောက်မှာ ရိုင်းနဲ့ကပ်သလစ်ရှိနေတာကို အရေးတောင်လုပ်ပုံမရ၊၊ရိုင်းက အိမ်ထောင်ကျသွားပေမဲ့ အခုလို ရှေ့တင်ရိုတာကိုတွေ့ရတော့ အားကျရပြန်သည်၊ ကိုယ်မိန်းမနဲ့ကိုယ်က မျက်နှာမြင်တာနဲ့ သတ်နေကြရသည်ကို၊၊
ရိုင်းလိုအိမ်ထောင်ကျပြီးတဲ့လူ တောင် ရစ်တို့အတွဲကိုအားကျနေရတယ်ဆိုရင် ရည်းစားတောင်မရသေးတဲ့ကပ်သလစ်ဆိုရင်တော့ နားရွက်ကြီးကိုရဲလို့ ရှက်ပြီး ဟိုဘက်တောင်လှည့်နေလေပြီ၊၊ အနောက်မှာသာ ရိုင်းနဲ့ကပ်သလစ်က ကမ္ဘာပျက်ချင်သလိုဖြစ်နေတာ အရှေ့က တစ်ယောက်နဲ့ တစ်ယောက် နမ်းလိုက် ကလိထိုးလိုက်လုပ်နေတဲ့ ရစ်တို့ အတွဲကတော့ အေးဆေးသာသာယာယာပင်၊၊ ရိုင်း စကားမဟ မခြင်း အဲ့နှစ်ယောက်က ပလူးနေတာကို ရပ်မဲ့ပုံမပေါ်ပေ၊၊
"ရစ်ငှက်ရေ တော်ရုံသင့်ရုံဘဲလေကွာ၊ မင်းနောက်မှာ ရည်စားမရသေးတဲ့လူ ရှိသေးတယ် ၊ အဟမ်း သတိလေးဘာလေး ထားအုံး"
"မင်းတို့ကို ဘယ်သူရပ်ကြည့်ခိုင်းလဲ"
"မရပ်ကြည့်လို့ငါတို့ဘယ်သွားရမှာလဲ၊ ရွန်ဆိုတဲ့ကောင်လေးအခန်းကဘယ်မှာမှန်း မင်းမှမပြောတာ"
"နှစ်ထပ်မြောက်က ပထမဆုံးအခန်း တတ်သွားနှင့် နောက်မှငါလိုက်လာမယ်၊၊ ငါပြောထားတာတွေမမေ့နဲ့ "
ရိုင်းစက်မာန်တို့က အပေါ်ထပ်တတ်သွားပြီဆိုမှ လွန်းရန်ကိုချီလျက်သားအတိုင်း ဗာရစ် ဧည့်ခန်းထဲသို့ဝင်လာခဲ့သည်၊၊ ငှက်ပျောသီးအဖီးလိုက်ကို စားပွဲပေါ်တင်ထားပြီး အခြားသော သရေစာ မုန့်များကလည်း စားပွဲပေါ်၌ အပြည့်ပင်၊၊ အခုတစ်လော လွန်းရန်တော်တော်ကိုစားလာတာ၊၊ အစားနဲ့ပါးစပ်အပြတ်မခံသလိုဘဲ
"လွန်းရန် မောင်မထွက်သွားခင်က ဇက်ကြောနှိပ်ပေးပြီးတော့ ကဝီသီးလှီးပေးခဲ့သေးတယ်လေ ၊ အဲ့တာ ကုန်သွားပြီလား"
"ကြာပေါ့ ၊ အခုဆို ချီးတောင် ဖြစ်နေလောက်ပြီ"
ချီလျက်သားအနေအထားမှ လွန်းရန်ကို ခုံပေါ်သို့ချပေးပြီး လွန်းရန်ဘေး ကခုံ၌ ဗာရစ်လည်း ဝင်ထိုင်လိုက်သည်၊၊
"လွန်းရန် ခင်ဗျား တစ်နေ့ တစ်နေ့ အခုလိုစားသောက်နေတာ ပိုပို ဝလာပြီနော်၊ မယုံရင်ခင်ဗျား ဗိုက်လှန်ကြည့် ကြည့် ဗိုက်ခေါက်ထွက်နေလောက်ပြီ"
"မဟုတ်တာ မထွက်ပါဘူး"
"ခင်ဗျား အင်္ကျီ လှန်ကြည့်လို့ ဗိုက်ခေါက်ထွက်နေရင် ကျုပ်ကုန်းကိုက်ရမလား"
"မောင် မင်းကခွေးလား"
ရန် အင်္ကျီ ကို မောင်က ဆွဲလှန်တင်လာတော့ ရန်အမြန်ပင် မောင်လက်တွေကိုပုတ်ထုတ်ကာ အင်္ကျီ ကိုပြန်၍ သေချာဖုံးပြီး အနောက်ဘက်သို့ ကိုယ်ကို မှီ၍ မောင်နဲ့အနည်းငယ်ဝေးကွာစေလိုက်သည်၊၊ မောင်ကတော့ ရန်အနားသို့ပို၍ တိုးကပ်လာပြီး ရန်လက်တွေကိုဖယ်ကာ အင်္ကျီ ကို အတင်းလှန်နေလေသည်၊၊
အမှန်တော့ ဒီရက်တွေမှာ ရန်ဗိုက်ဖောင်းလာတာကိုသတိထားမိသည်၊၊ သို့ပေမဲ့လည်း အစားကမလျော့ချင်၊၊ အစာအိမ်ကတော်တော်ကျယ်ပုံရသည် ဘယ်လောက်စားစား ဝတယ်လို့ကိုမရှိ၊၊ထို့ကြောင့် နေ့တိုင်းအစားနဲ့ ပါးစပ်မပြတ်လေတော့ ဗိုက်ကပူလာကာ ဗိုက်ခေါက်ကထွက်လာလေသည်၊၊ ထို့ဗိုက်ခေါက်ကို မောင်မြင်သွားမှာကို မလိုလားပေ၊၊ ထို့ကြောင့် မောင် လက်တွေ ကနေ မနည်းကို ရန် ရှောင်ရှားနေရတာဖြစ်သည်၊၊
"လွန်းရန် ခင်ဗျား ကျုပ်ကို ပြမှာလား မပြဘူးလား"
"မောင် နောက်မှကြည့်လေ ၊ အခုက ငါမုန့်စားတော့မလို၊ နောက်မှကြည့်တော့နော်"
"လွန်းရန်!"
"ကြည့်ကြည့် အဲ့မှာ မောင်မြင်ချင်နေတဲ့ ဗိုက်ခေါက်"
ဆောင့်အောင့်ပြီး ဆူပုတ်ကာပင် လွန်းရန်က အင်္ကျီ စကိုလှန်ပြလာသည်၊၊ အင်္ကျီ စအောက်က ခပ်ဖောင်းဖောင်းလေးဖြစ်နေသော ဗိုက်ဖြူဖြူလေးက အသဲယားစဖွယ်ကောင်းစွာပေါ်လာလေ၏၊၊ ဗာရစ် ထင်ထားတဲ့အတိုင်း လွန်းရန်ဗိုက်မှာ ဗိုက်ခေါက်ကလေးရှိနေလေသည်၊၊
" အ့ ! မောင် မင်းခွေးကောင် တကယ်ကိုက်တယ်.."
မနေနိုင်လို့ ဗိုက်ဖြူဖြူလေးကို ကုန်းကိုက်မိတော့ ဗာရစ်ကျောကို ခပ်ဖြည်းဖြည်းထုရိုက်ကာပင် လွန်းရန်က ဆဲလာတော့သည်၊၊ ပါးစပ်ထဲသို့ ခဏတာပျော်ဝင်လာသလိုမျိုးဖြစ်သွားတဲ့ ဗိုက်သားအိအိလေးက ထပ်၍ပင်ကိုက်ချင်စရာကောင်း၏၊၊
ဗိုက်ခေါက်ကလေး ပိုင်ရှင်ကတော့ ဗာရစ်ကို ဆူပုတ်ပုတ်နဲ့ကြည့်နေပြီး မကျေမနပ်ဖြစ်နေသော မျက်နှာနဲ့ ရူတည်တည်ပုံစံလေးဖြစ်နေ၏၊၊ ခပ်ပြည့်ပြည့်လေးဖြစ်နေသော ပါးလေးတွေဆီအကြည့်အရောက် ငုံ့ခဲကိုက်ချင်သည့်စိတ်က ပို၍ဆိုးလာပြန်သည်၊၊
"လွန်းရန် မောင့်အနား ခဏတိုးလာပါအုံး ပြောစရာရှိလို့"
"ဒီတိုင်းပြောလည်းရတယ်လေ ၊ ဧည့်ခန်းထဲမှာ မောင်နဲ့ငါဘဲ ရှိတဲ့ဟာကို"
"တစ်ခြားသူကြားသွားမှာ ဆိုးလို့၊ တိုးတိုးပြောမှရမယ်၊အဲ့ဒါကြောင့် လွန်းရန်က မောင်အနား နည်းနည်းကပ်လာခဲ့"
မယုံသင်္ကာ အကြည့်တွေနဲ့ကြည့်လာတဲ့ လွန်းရန်က အစက မလာဘူးဆိုတဲ့ ပုံစံဖမ်းနေပေမဲ့ သိပ်မကြာခင်မှာဘဲ ဗာရစ်အနားသို့ တိုးကပ်လာပြီး ဘာလဲပြောဆိုသောသဘောဖြင့် မေးဆက်ပြလာသည်၊၊ သားကောင်က ကိုယ်ဂွင်ထဲဝင်လာပြီမလို့ အချိန်ကိုက် ကို လှုပ်ရှားရမည်၊၊
"အာ့ မောင် ခွေးကောင် တကယ်ခွေးကောင် အီးးးး နာတယ် နာတယ်လို့ လူယုတ်မာ ရဲ့ !!"
ဗာရစ်အနားသို့ တိုးကပ်လာသည့် လွန်းရန်၏ ပါးဖောင်းဖောင်းလေးတစ်ဖက်ကို စက္ကန့်ပိုင်းမျှလောက်ထိ ငုံ့ခဲကာကိုက်လိုက်လေတော့ ဗာရစ် ဆံပင်တွေကို ဆွဲကာပင် ဆဲဆိုလျက်ဖြင့် အော်ငိုလာတော့သည်၊၊ အတိတ်သာမေ့နေတာ စွာတာလေးကတော့ မမေ့ဘဲ ကျန်ရှိသေးပုံရ၏၊၊ မျက်ရည်ဘူးသီးလုံးလောက်တွေကျပြီးငိုနေတာကြောင့် ဗာရစ် ရင်ခွင်ထဲဆွဲသွင်းပြီး ကျောပြင်လေးကို ခပ်ဖွဖွပုတ်လျက် ချော့ပေးလိုက်သည်၊၊ဒါတောင် ဗာရစ်ရင်ဘက်တွေကို လွန်းရန်က မထင်ရင်မထင်သလို ထုရိုက်သေး၏၊၊
"မောင့်ကို မျက်နှာပြပါအုံး သွားရာထင်သွားလားကြည့်ရအောင်"
"မောင်လုပ်တုန်းက လုပ်ပြီးအခုမှဘာကိုကြည့်မှာလဲ"
"စိတ်မဆိုးပါနဲ့ကွာ မောင်က အသဲယားလို့ကိုက်တာကို"
"အသဲယားလို့မဟုတ်ဘူး၊ မောင်က ငါကို မချစ်တော့လို့ကိုက်တာ ငါသိတယ်"
ရင်ခွင်ထဲ မျက်နှာ အပ်ထားတဲ့လွန်းရန်က ဗာရစ် အပြင်ဘက်ကို မျက်နှာထုတ်တော့ ပြန်ပြန်ပြီးဘဲ ရင်ခွင်ထဲ မျက်နှာပြန်အပ်သည်၊၊ တစ်ခါတစ်လေ ဒီလိုပုံစံလေးနဲ့လည်း လွန်းရန်က ဂျစ်တိုက်တတ်ပါသေး၏၊၊
"မချစ်ဘဲနေမလား၊ ဒီပူတင်းလုံးလေးကို အသည်းနစ်မတတ်ထိချစ်နေရတာ"
"........"
"စိတ်မဆိုးနဲ့တော့လွန်းရန် မောင် ရေခဲမုန့်ဝယ်ကျွေးမယ်လေ"
"ရေခဲမုန့်က ခဏထားအုံး ၊ ငါဗိုက်ခေါက်ထွက်လာတော့ မောင်က အချစ်လျော့တော့မှာလား ဟုတ်တယ်မလား"
အရင်စိတ်ဆတ်ပုံမျိုးနဲ့သာဆိုရင် ဒီလိုပုံစံဗာရစ်ကိုလာလုပ်ကြည့် တစ်စဆီဖြစ် အောင်ကိုင်ပေါက် လိုက်မှာဖြစ်ပေမဲ့ အခုတော့ လွန်းရန်နဲ့ပက်သက်လာရင် သည်းခံနိုင်မှု အင်အားကလည်းကောင်းလာသလို စိတ်ရှည်မှုသည်လည်း အားကောင်းလာသည်၊၊ထို့ကြောင့် ဗာရစ်ကို ရစ်နေ အီနေလည်း လွန်းရန်စိတ်ပြေတဲ့အထိ ချော့မော့ကာပင်ပြောသည်၊၊ ဗာရစ်အပေါ်မှာ ဘယ်လောက်ဘဲဆိုးဆိုး ဘယ်လောက်ဘဲဂျစ်တိုက်ပါစေ ထို့သို့လုပ်သူက လွန်းရန်သာဖြစ်နေလျှင် ကျေကျေနပ်နပ်ကြီးကို ဆိုးသွမ်းမှုနဲ့ ရစ်အီခြင်းကို ခံယူမှာပင်ဖြစ်၏၊၊
" မောင် မင်းတိတ်သွားတာက ငါပြောတာမှန်လို့မလား၊ ပြောလေ ဗိုက်ခေါက်ထူ နေတော့ မောင်ကမချစ်တော့တာသေချာတယ်"
"ဟောဗျာ အဲ့ဒီဗိုက်ခေါင်လေးကိုလည်း တစ်မျိုးချစ်ရပြန်တာဘဲဗျာ"
".............."
"ဘာမှတွေးမနေနဲ့၊ လွန်းရန်နဲ့ ပက်သက်သမျှအရာရာတိုင်းကို မောင်ကလက်ခံပေးနိုင်သလို ချစ်လည်းချစ်တယ်၊ မောင်စကားအကုန်ပြောမယ်ကွာ လွန်းရန်ဖြစ်နေလိုကို မောင်ကချစ်တာ၊ လွန်းရန်ရဲ့ ဖြစ်တည်မှုလေးကိုလည်း မောင်က အများကြီးချစ်မြတ်နိုးရတာကွာ "
"မောင် စကားတတ်တဲ့အတွက် အနမ်းနဲ့ဆုချမယ်"
ပြွတ်စ်!
နှုတ်ခမ်းပေါ်သို့ ဖြတ်ကနဲကျရောက်လာတဲ့ အနမ်းက ခဏတာမျှဆိုသော်လည်း ရင်တစ်ခုလုံးကို နွေးထွေးမှုအပြည့်အဝပေးနိုင်တာတော့ အမှန်ပင်ဖြစ်သည်၊၊
အကြင်သူ၏ အနမ်းတစ်ပွင့်က ခဏတာမျှဆိုသော်ငြား ရင်အစုံကိုတော့ နွေးထွေးကြည်နူးမှုအပြည့်အဝပေးစွမ်းနိုင်သည်၊၊
" လွန်းရန် မောင် ကိစ္စရှိသေးလို့ခဏသွားအုံးမယ်၊ TV ကြည့်ရင်းမောင်ကို စောင့်နေနော် "
ရွှတ်!
ခေါင်းငြိမ်ပြလာတဲ့ လွန်းရန်၏ ပါးတစ်ဖတ်ကို ဗာရစ်နမ်းလိုက်ပြီး အိမ်အပေါ်ထပ်က ရွန်ရှိသော အခန်းဆီသို့တတ်လာခဲ့သည်၊၊ လွန်းရန်ကတော့ ဧည့်ခန်းထဲ သရေစာမုန့်တွေနဲ့အတူ TV ကြည့်ရင်းကျန်ခဲ့လေသည်၊၊
ဗာရစ် ရွန်နေသော အခန်းရှေ့သို့ရောက်တော့ အထဲမဝင်သေးဘဲ အခန်းရှေ့ ဟိုလျှောက်ဒီလျှောက်လုပ်နေသော ရိုင်းစက်မာန်နဲ့ ကပ်သလစ်ကိုတွေ့ရသည်၊၊ ဒီကောင်တွေ အပေါ်တတ်သွားတာ ကြာပြီကို အခုထိဘာလို့ အခန်းထဲမဝင်ကြသေးတာလဲ
" မင်းတို့ ဘာလုပ်နေတာလဲ အခန်းထဲဝင်ပြီ အစီအစဉ်စတော့လေ"
"တံခါးလော့ချထားတယ်ဟ၊ ဘယ်လိုဝင်ရမှာလဲ"
"ကျစ် အဲ့တာများ ငါကို လာမခေါ်ဘူး"
ရစ်ကို ခေါ်ဖို့ အတွက် ရိုင်း ကပ်သလစ်ကို အိမ်အောက်ထပ်သို့ လွှတ်လိုက်သေးသည်၊၊ သို့ပေမဲ့ မျက်နှာကြီးရဲပြီး မူမမှန်သောပုံစံနဲ့ ရိုင်းဆီပြန်ရောက်လာပြီး ဘာမေးမေးမဖြေဘဲ ခေါင်းသာခါနေသည်၊၊ထို့ကြောင့် ရိုင်းလည်းဆက်မမေးတော့ဘဲ ရစ်အလာကိုသာ ဒီတိုင်း စောင့်နေခဲ့တာဖြစ်သည်၊၊ အခုရစ်ပြောစကားအရဆိုရင်တော့ ကပ်သလစ်က ရစ်ကိုသွားခေါ်ခဲ့ပုံမရဘဲ တစ်ခုခုတွေ့ပြီး ရှက်ရှက်နဲ့ ပြန်လာတာ ဖြစ်ရမည်၊၊ အခုထိတောင် ကပ်သလစ်ရဲ့ နားရွက်ဖျားတွေက ရဲတတ်နေတုန်းပင်၊၊ ဘာတွေ့ခဲ့လည်း ရိုင်းလည်းမသိပေမဲ့ ကပ်သလစ်က ထိုတွေ့ခဲ့တဲ့အရာကို ပြန်ပြန်တွေးပြီးအခုထိရှက်နေသေးတာတော့ သေချာ၏၊၊
ရစ်က သော့အပိုတစ်ချောင်းဖြင့် အခန်းတံခါးကို ဖွင့်ကာ အထဲသို့ဝင်သွားလေသည်၊၊ထိုတော့မှ ရိုင်းနဲ့ ကပ်သလစ်လည်း ရစ် အနောက်ကနေ ကပ်လိုက်လျက်ဖြင့် အခန်းထဲသို့လျှောက်ဝင်လာခဲ့၏၊၊
အခန်းအရောင်က အကုန်လုံးကို အဖြူရောင်ကြီးဘဲ သုံးထားပြီး အခန်းနံရံတိုင်း၌ ယောက်ျား လေးတစ်ယောက်၏ ပုံစံတူ ဆေးရေးပန်းချီ ကို ရေးဆွဲထားသည်၊၊ လက်ရာက အတော်ကြီးမဟုတ်ရင်တောင် ကြည့်ရလည်းဆိုးမနေ၊၊ ရိုင်းတို့အခန်းထဲဝင်လာတော့ တစ်ဖက်နံရံကိုမျက်နှာမူပြီး ပုံဆွဲနေသည့် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကိုတွေ့သည်၊၊ ကျောပေးရပ်နေသည့်အနေအထားကြောင့် ထိုကောင်လေး၏ မျက်နှာကိုတော့မမြင်ရသေး၊၊ ဒီကောင်လေးက ရစ်ပြောပြဖူးတဲ့ ရစ်ရဲ့ညီလေး ဗန်နီရွန်ပင်ဖြစ်လိမ့်မည်၊၊
"မင်းအလုပ်စတော့"
ရစ်က ရိုင်းဘေးနားက ကပ်သလစ်ကိုကြည့်ကာ စကားခပ်တိုးတိုးပြောလာသည်၊၊ ထို့နောက် ကပ်သလစ်ကလည်း ထိုကောင်လေးအနီးအနားသို့ လျှောက်သွားပြီး လူအစားထိုးဟန်ဆောင်မှုကစတော့သည်၊၊
"အသေးလေး"
ဆေးရေးပန်းချီ ရေးဆွဲနေတဲ့ ကောင်လေး၏ လက်တွေ့က ချက်ခြင်းရပ်တန့်သွားပြီးနောက် တဖြည်းဖြည်းနဲ့ လှည့်ကြည့်လာ၏၊၊ ကပ်သလစ်နဲ့ အနည်းအထားသိပ်မကွာလောက်မှရပ်နေမှ ရိုင်းသတိထားမိလိုက်တာက ထိုကောင်လေး၏ အရပ်က ကပ်သလစ်ကိုတောင်မိုးချင်နေသည်၊၊ ဒီလိုပုံနဲ့ ဘယ်လိုလုပ် သရုပ်ဆောင်ကြမလဲ၊၊ ရစ်ပြာပြထားတာက မင်းသန့်က ရွန်ထက်အနည်းငယ်အရပ်ပိုရှည်သည်တဲ့၊၊အခုတော့ ပြောင်းပြန်တွေ ဖြစ်နေလေပြီ၊၊
"တကယ် တကယ်ဘဲ မင်းသန့်လာဟင်"
မျက်ရည်တွေရစ်ဝိုင်းနေပြီး လက်ထဲမှ ပန်းချီစုတ်တံကိုပြစ်ချလျက် ကပ်သလစ်အနားသို့ တဖြည်းဖြည်းခြင်း ရွန်က လျှောက်လာ၏၊၊ ရွန်သာ ကပ်သလစ်ကို မင်းသန့်လို့ထင်သွားရင် နောက်ပိုင်းကိစ္စတွေကကြည့်ရှင်းလို့ရသည်၊၊ အဓိက က ရွန်အရင်လို ပြန်ကောင်းလာဖို့ဖြစ်ပြီး စိတ်တွေ တည်ငြိမ်လာဖို့ပင်ဖြစ်သည်၊၊တဖြည်းဖြည်းခြင်းနဲ့ မင်းသန့်က မရှိတော့တဲ့လူမှန်းလက်ခံနိုင်အောင်လုပ်ရမည်၊၊ ထို့မှသာ ရွန်က စိတ်ဝေဒနာကို ထပ်ပြီးမခံစားရတော့မှာ
" မင်းသန့် ဟုတ်တယ်မလား ၊ တကယ်ဘဲ ငါအိမ်မက်ထဲကနေ မင်းထွက်လာတာလား"
"အင်း ကိုယ်ပါ အသေးလေး ရဲ့ ကိုယ်ကို မမှတ်မိဘူးလား"
ကပ်သလစ်ကို အသေအချာ စိုက်ကြည့်နေသော ရွန်၏ မျက်ဝန်းထဲက ခံစားချက်တွေက ခန့်မှန်းရခက်ပြီး ဘာကိုတွေးထင်နေလဲဆိုတာ ဗာရစ်ခန့်မှန်းမရ၊၊ တဖြည်းဖြည်းချင်းနဲ့ ရွန်၏ မျက်နှာက ငိုနေရာကနေ ခက်ထန်သော အနေအထားကိုပြောင်းလဲလာသည်၊၊
" ဟားးး ငါကို လိမ်ရဲတယ်ပေါ့လေ၊ မင်းကများ ငါကို လိမ်ညာရဲတယ်"
ဖြောင်း!!
" ရွန် !"
ရုတ်တရက် ထရီလာပြီ ကပ်သလစ်၏မျက်နှာကို အားနဲ့လွဲရိုက်တဲ့ရွန်၏ ရိုက်ချက်က အသံကြားရုံနဲ့တင် ဘယ်လောက် ထိ လက်ဆပြင်းလဲ သိနိုင်သည်၊၊ အောက်ခင်းပြင်သို့ လဲကျသွားပြီး ကပ်သလစ်ကတော်တော်နဲ့ပြန်မထနိုင်၊၊ ထို့ပြင် နှာခေါင်းမှလဲ သွေးတို့စီးကျနေသေး၏၊၊ ဒီတစ်ခါ ပထမဆုံးဘဲ ရွန်က တစ်ခြားသူအပေါ်လက်တင်ဖူးတာ၊၊ စိတ်တွေ ဖောက်ပြန်လာထဲက ရွန်က ဘယ်လောက်အော်ပြော အော်ပြော လုံးဝ တစ်ခြားသူအပေါ်လက်မပါခဲ့
"ရွန် မင်းဘယ်လိုလုပ်လိုက်တာလဲ"
"လိမ်တယ်၊ မင်းတို့ ငါကို အရူးထင်ပြီးညာနေတာ၊ ငါကို အားလုံးက ရူးပြီထင်ပြီး လှည့်စားနေကြတာ!!"
"ရွန် အဲ့လိုမဟုတ်ဘူး၊ အဲ့လိုမျိုးမတွေးရဘူး၊၊ သေချာမင်းစိတ်ကို အဖြစ်မှန်တွေအပေါ် လက်ခံနိုင်အောင် ကြိုးစားယူသင့်တယ်"
"ငါလက်မခံဘူးလို့ပြောတဲ့ကိစ္စကို ဘာမှ လက်ခံဖို့မကြိုးစားခိုင်းနဲ့ မင်းတို့အကုန် လူလိမ်တွေ!!"
"ရွန် !"
"ငါကရူးနေတယ်ဆိုရင်တောင် ငါချစ်ရတဲ့သူက အစစ်လား အတုလားဆိုတာ ခွဲခြားနိုင်သေးတယ် !"
"............."
"သူမှာ မင်းသန့်ရဲ့ အငွေ့အသက် တွေမရှိဘူး၊ သူမျက်ဝန်းတွေက ငါကိုအမြဲ ငေးကြည့်နေကျမင်းသန့်ရဲ့ မျက်ဝန်းတွေနဲ့လည်းမတူဘူး၊ သူအသံကလည်း စနောက်နေကျ မင်းသန့်ရဲ့ အသံနဲ့လည်းမတူဘူး၊ အကုန်မတူဘူး ၊ ဘာဆိုဘာမှ မတူဘူး!!!"
" ရွန် စိတ်ကို အေးအေးထားနော် ငါပြောတာကိုနားထောင်"
ဗာရစ် ရွန်အနားသို့ ခပ်ဖြည်းဖြည်းတိုးကပ်သွားပြီးနားချဖို့လုပ်ပေမဲ့ ဗာရစ်တိုးကပ်လေ ရွန်က အနောက်ဘက်သို့ ခြေလှမ်းဆုတ်လေဖြစ်သည်၊၊ထို့ကြောင့် ဗာရစ် ဆက်တိုးသွားမနေတော့ဘဲ ဒီတိုင်းသာ ရပ်ပြီး ရွန်ကိုကြည့်နေလိုက်တော့သည်၊၊ ဗာရစ် တိုးကပ်မှုက ရပ်သွားတော့ ရွန်၏ နောက်ဆုတ်နေသော ခြေလှမ်းတွေသည်လည်း ရပ်တန့်သွား၏၊၊
"ငါချစ်တာက သူကို ၊ သူနဲ့တူတဲ့လူကို မဟုတ်ဘူး၊ဒါကြောင့် ငါ သူကိုဘဲ လိုချင်တယ် သူနဲ့ တူတဲ့လူကိုမလိုချင်ဘူး"
"..........."
"ငါကိုထပ်မလိမ်ပါနဲ့တော့၊ ထပ်ပြီးလည်း မလှည့်စားနဲ့၊ ငါကမင်းတို့အမြင်မှာ ရူးနေပေမဲ့ ငါ မင်းသန့်အပေါ်ထားတဲ့ခဲစားချက်ကတော့ စစ်မှန်နေသေးတယ်၊ ဘယ်လိုလုပ်ပြီး ငါက အထင်မှားနိုင်မှာလဲ!"
ရွန်က ရိုင်းစက်မာန်ရော လဲကျနေရာမှ ပြန်ထလာတဲ့ ကပ်သလစ် ကိုရော ဗာရစ်ကိုရောကြည့်ကာ ထိုစကားတွေကို သေသေချာချာကို ပြော၏၊၊ ရွန်၏ အခုပုံစံက တကယ်လူကောင်းတစ်ယောက်လိုပင်၊၊ သို့ပေမဲ့ အစွဲအလမ်း ကတော့ ချွတ်မရဘဲကျန်ရှိနေသေးသည်၊၊
ဆွဲလက်စ ပန်းချီဘက်ကိုပြန်လှည့်သွားပြီး ရွန်က ဆေးရေးပန်းချီ ကိုပြန်ဆွဲနေတော့သည်၊၊ ဗာရစ်လည်း ရိုင်းစက်မာန်နဲ့ ကပ်သလစ်ကိုခေါ်ပြီး အခန်းထဲကနေ ထွက်ခဲ့တော့သည်၊၊ရွန်ရဲ့ နာကျင်မှု တွေကိုသာ ကိုယ်စားယူပြီး ခံလို့ရရင်သိပ်ကိုကောင်းမည်၊၊ရွန်၏ ဒီလိုအခြေအနေနဲ့ ပုံစံကို ဗာရစ်အကြာကြီး ကြည့်မနေနိုင်တော့
"အီးးး သနားလိုက်တာကွာ ၊ ငါ မခံစားနိုင်ဘူး!!"
အခန်းပြင်ရောက်တာနဲ့ ရိုင်းစက်မာန်က ဗာရစ်ပခုံးပေါ် ခေါင်းအပ်လျက် ငိုတော့သည်၊၊ ဗာရစ်ပခုံးပေါ်သို့ တင်လာသော ခေါင်းကို ဆောင့်တွန်းလိုက်တော့ မျက်ရည်တွေသုတ်ပြီး ရိုင်းစက်မာန်က လက်ခလယ်ထောင်ပြလာသည်၊၊ ရိုင်းစက်မာန်ဆိုတဲ့ကောင်က လူနဲ့ နာမည်နဲ့ကိုလိုက်သည်၊၊နာမည်အတိုင်းဘဲ လူကလည်းရိုင်း၏
"ကပ်သလစ်အတွက် ဆရာဝန် ခေါ်ပေးမယ်"
"ရတယ် အစ်ကို မာဗာရစ်၊ ကျွန်တော် ဒီလောက်ကတော့ ဘာမှမဖြစ်ပါဘူး"
နှာခေါင်းမှသွေးက အခုထက်ထိမတိတ်သေးဘဲစီးကျနေတာတောင် ဘာမှမဖြစ်ဘူးလုပ်နေတဲ့ကောင်က သည်းခံနိုင်စွမ်းတော်တော်တော့ ရှိသည်၊၊ ရွန်ကလည်း ဒီလိုရိုက်လိုက်လိမ့်မယ်လို့ ဗာရစ်မထင်ထားမိခဲ့၊၊ ထို့ပြင် ရွန်က အရပ်လည်းအရင်ကထက်ပိုရှည်လာပြီး အားလည်းပြင်းလာပုံရသည်၊၊ တစ် ချက်ထဲနဲ့ကို ကပ်သလစ် တော်တော်ပြန်မထနိုင်တာဘဲကြည့်
"ငါညီအစား ငါတောင်းပန်တယ် ကပ်သလစ်"
"ရပါတယ်ဗျာ ၊ ဘာကိစ္စကြီးမှ မဟုတ်ပါဘူး"
"ရစ် ငါတို့ပြန်တော့မယ်၊ နောက်မှ ပြန်တွေ့မယ်"
ဗာရစ်ခေါင်းသာ ညိတ်ပြလိုက်သည်၊၊ ထို့နောက် ရိုင်းစက်မာန်နဲ့ ကပ်သလစ်က ပြန်သွားကြတော့သည်၊၊ ဗာရစ်လည်း စိတ်မကြည်တာမို့ စိတ်လန်းသွားအောင် ရေချိုးဖို့အတွက် မိမိ ကိုယ်ပိုင်အခန်းရှိရာသို့သာ လျှောက်လာခဲ့သည်၊၊ စိတ်မကြည်တဲ့ မျက်နှာနဲ့ လွန်းရန်ဆီသာသွားရင် ဘာမှမသိတဲ့ လွန်းရန်က အသာလွတ်စိတ်ပူနေအုံးမည်၊၊ထို့ကြောင့် ကိုယ်အခန်းမှာ ပြန်ပြီး ရေမိုးချိုး ခဏအနားယူပြီးမှ လွန်းရန်ဆီသို့သွားတော့မည်၊၊ အခုချိန်လောက်ဆို လွန်းရန်လည်း ဗာရစ်ကို မျှော်နေလောက်ရောပေါ့
•••••••••••••••••