(Unicode)
True love 💭❤ အပိုင်း - ၄၈
"ကျန်တာဘာမှမသိခဲ့ဘူးလားသားရယ်"
"ဟုတ်တယ်မာမီ ဘာမှမသိခဲ့ရဘူး"
"ရှာလို့တော့ရမှာပါ အဲ့ခေတ်က လူချမ်းသာကခပ်အရှားရှားလေကွယ်"
"ဒယ်ဒီ့အသိတွေထဲတော့မရှိဘူးကွ မာ့အသိတွေထဲရောရှိလားမာ ပန်းမြိုင်ဆိုပြီးမိန်းခလေးသူငယ်ချင်းရောမရှိဘူးလား"
"မကြားဖူးဘူးကိုရဲ့ နေပါအုံးခေါင်းအေးအေးနဲ့စဉ်းစားကြည့်ပေးမယ် အသိတွေထဲလဲမေးကြည့်တာပေါ့"
"မာမီဘယ်လိုပြောပြီးမေးမှာလဲ ကောင်မလေးမိဘတွေလို့ပြောမလို့လား"
"နင့်မာမီအဲ့လောက်မအပါဘူးသားရယ် ငယ်သူငယ်ချင်းပေါ့အဆက်သွယ်ပြတ်သွားလို့သိရင်ပြောပေးပေါ့ နည်းလမ်းတွေရှိပါတယ်သားရယ်"
"ဒီဒယ့်အသိရော မင့်ဖိုးဖိုးအသိရောရှာကြတာပေါ့ကွာ လက်မလျှော့ပါဘူး"
"ဖိုးဖိုးကိုပြောရင်တော့သိလောက်မလားပဲနော်ဒယ်ဒီ ကောင်မလေးရဲ့ဖွားက ဖိုးတို့ခေတ်ကလူဆိုတော့ ဖိုးသိလောက်တယ်ထင်တယ်"
"အဲကိစ္စဒယ်ဒီမေးလိုက်မယ် မင်းလဲပင်ပန်းလာတယ်မလား သွားနားတော့သွား.."
"ကျွန်တော်က ကားရောင်းတဲ့နေရာတွေသွားရှာချင်သေးတာ မနားတော့ဘူးဒယ်ဒီရာ "
"သားရယ်အဲ့ခေတ်က car showroom တွေကမရှိလောက်တော့ဘူးလေကွယ် "
"အစကနေပြန်လိုက်တာပေါ့ဗျာ ဒီည ကျွန်တော် ကုမ္ပဏီမှာပဲအိပ်မှာ အိမ်ပြန်မအိပ်တော့ဘူးမာမီ"
ကားသော့ဆွဲကာ ပြန်ထွက်မည်လုပ်နေသည့်သားကြောင့် ဒေါ်မာထရပ်၍ သားအနားသွားလိုက်သည်။
"သမီးလေးဖျားနေတယ်လေသား သားဒီတစ်ညအိမ်မှာနေပါအုံးလား ပြီးတော့မင်းလဲခရီးပန်းလာတယ်လေသားရယ်"
"မနေတော့ဘူးမာမီ ဒီကစ္စက အမြန်ပြီးမှဖြစ်မှာ ကောင်မလေးကို ကြည့်ပြောထားလိုက်နော်မာမီ သွားပြီ"
သားတော်မောင်ကြောင့် သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ပြန်ရောက်ခါစကလဲသမီးနဲ့စကားပြောနေလို့သာ သူ့မှာငြိမ်နေရတာဖြစ်ပြီး သမီးလဲအိမ်ပေါ်တတ်ပြီးနားရော အကြောင်းစုံကို မျက်စိမျက်နှာပျက်စွာနှင့်ရှင်းပြလာသည့်သားပါလေ။ သူ့မှာသမီးလေးကို သနားလှသည့်ဆိုသည့်စကားကို တွင်တွင်ပြော၍ သမီးရဲ့မိဘတွေကို ရှာဖို့သာလောနေလေသည်။ အခုလဲကြည့် သမီးအိပ်တာနဲ့ ချက်ချင်းအပြင်ထွက်ဖို့ပြင်နေသည့်သားက ဒီညလဲပြန်မအိပ်ဘူးတဲ့လေ သားတော့ညလုံးပေါက်တဲ့ထိနေနေတော့မှာ ဒေါ်မာမြင်ယောင်မိပါသည်။
..........
"မေမေကြီး "
"ဝေ့ သမီးနိုးပြီလား"
"ဟုတ် "
"သမီးဗိုက်ဆာနေပြီလား လာထိုင် မေမေကြီးဆန်ပြုတ်ပြုတ်ထားတယ် သောက်လိုက်နော်"
"ဟုတ်"
ရွှေကူထမင်းစားဝိုင်းတွင်ထိုင်၍ အကိုလေးအရိပ်အယောင်ကိုလိုက်ရှာမိသည်။
"မေမေကြီး"
"သမီးပြောလေ"
"အကိုလေးရောဟင် သမီးမတွေ့လို့"
"သမီးကိုကိုက အလုပ်သွားပြီသမီးရဲ့"
"ဟင်.. အစောကြီးရှိသေးတယ်လေ"
"ဟုတ်တယ်သမီး အရေးကြီးလို့တဲ့လေ"
ရွှေကူကိုမပြောပဲသွားသည့်အကိုလေးကို အလုပ်ရောက်မှစိတ်ဆိုးပစ်အုံးမည်ဟုတေးထားတာ ရွှေကူဆန်ပြုတ်လေးသောက်လိုက်တော့သည်။
သမီးဖြစ်သူကလဲ ဆန်ပြုတ်သောက်ပြီး အင်္ကျီတွေပြေးလဲ အလုပ်သွားဖို့တကဲကဲပြင်ကာ အလုပ်သွားမည်ပဲလုပ်နေသည်ကြောင့် ဒေါ်မာမှာတားနေရတော့သည်။ ဒါလဲမရ YBS စီးပြီးသွားမယ်လုပ်နေသည့်သမီးကို တားမရသည့်အဆုံး သူ့ဘဘကြီးက လိုက်ပို့ရတော့သည်။သားဖြစ်သူကလဲ သမီးလေးပျော်ပါစေဆိုပြီးအတင်းတွေနေ့မနားညမနားစုံစမ်း သမီးဖြစ်သူကလဲသားနဲ့တွေ့ချင်လို့အလုပ်အတင်းသွားနဲ့ ဒီအတွဲလိုက်လဲလိုက်ကြပါလားကွယ်။
"အကိုလေး "
ရွှေကူဝင်သွားမိတော့ အကိုလေးက ပြာယာခက်သွားကာ စားပွဲပေါ်မှစာရွက်စာတန်းတွေကိုသိမ်းလိုက်လေတော့သည်။
"ကောင်မလေး"
"အကိုလေးမအားဘူးထင်တယ် ရွှေကူပြီးမှပြန်လာတော့မယ်နော်"
"အားပါတယ်ကွ "
နောက်ပြန်လှည့်ကာ ပြန်ထွက်မည်ကြံနေသည့်ကောင်မလေးကို ကွန့်မြူးသွားဖမ်းထားလိုက်ရသည်။
"ဘာဖြစ်လို့အလုပ်လာတာလဲကွာ အိမ်မှာနားနေတာတော့မဟုတ်ဘူး"
ရွှေကူ့လက်ကိုလာကိုင်၍ ငုံ့ကာပြောလာသည့်အကိုလေးကို ရွှေကူပြန်မကြည့်မိပေ။ အကိုလေးကတော့ ရွှေကူ့နဖူးတွေစမ်း၍ ဖျားမဖျားတိုင်းကြည့်နေလေသည်။
"အကိုလေးဘာလို့အစောကြီးသွားတာလဲ ပြီးတော့ရွှေကူ့ကိုလဲမခေါ်ဘူး "
"ကိုယ်အလုပ်အလျင်လိုနေလို့လေ ကောင်မလေးကဖျားနေတာမလား အဲ့တာကြောင့်မခေါ်တာလေကွာ နော်စိတ်မဆိုးနဲ့နော် "
"ရွှေကူကစိတ်ဆိုးနေလို့လား"
"လာပါအုံး ထိုင်ပါအုံး.."
ရွှေကူ့ပခုံးမှနေ၍ တွဲခေါ်ကာ ခုံပေါ်ထိုင်ခိုင်းလာသည့်အကိုလေးက ရွှေကူ့ရှေ့မုတ်ဆိုးဒူးထောက်ထိုင်ချလေသည်။
"ဒီဖိုင်တွေက ကိုယ့်ခုံပေါ်မှာရှုပ်နေလို့လေကောင်မလေးစိတ်ညစ်သွားမှာဆိုးလို့ကိုယ်ကသိမ်းလိုက်တာ"
ခေါင်းလေးငုံ့ထားသည့်ကောင်မလေးက ဘာမှမပြောသေးပေ။
"ညကကိုယ်အိမ်မှာမရှိဘူး ဒီမှာအလုပ်လုပ်ရင်းအိပ်လိုက်တာကောင်မလေးသိလား"
ထိုအခါမှ မျက်လုံးလေးပြူးကာ ကွန့်မြူးကိုကြည့်လာလေသည်။
"ဘာလို့လဲ အကိုလေးညကဒီမှာတဂယ်ကြီးအိပ်တာပေါ့"
"အလုပ်ကအရေးကြီးလို့လေ ကောင်မလေးကိုစိတ်မပူစေချင်လို့မပြောပြတာ "
"အဲ့တာဆိုအဲ့သိမ်းလိုက်တာက ညကဒီမှာအလုပ်လုပ်တယ်ဆိုတာသိမှာဆိုးလို့ပေါ့"
"အင်းပေါ့ တော်ကြာသိသွားရင် ကိုယ့်ကိုစိတ်ပူနေမှာဆိုးလို့လေ အခုတော့ကြည့်ကိုယ့်ကိုမဟုတ်တာဖုံးကွယ်ထားတယ်ထင်ပြီးစိတ်ဆိုးနေပြီမလား"
"ရွှေကူမသိလို့စိတ်လေးနဲနဲဆိုးမိသွားတာကို အခုမဆိုးတော့ဘူးနော် အကိုလေးပင်ပန်းနေပြီလား.. အိပ်ရောအိပ်ရဲ့လားဟင် မျက်နှာလေးလဲချောင်သွားတယ် ထမင်းရောစားရဲ့လားဟင်.."
မျက်နှာကို လက်နှစ်ဖက်နှင့်လာကိုင်ကာ စိုးရိမ်နေသည့်မျက်ဝန်းလေးနှင့်ပြောလာသည့်အခါ ကွန့်မြူးမှာပျော်သွားရပြန်သည်။
"အကိုလေးထမင်းရောစားရဲ့လားလို့"
"အာ ..မစားရသေးဘူး"
"ဟင်.. အခုထိမစားရသေးဘူးပေါ့ "
"ကိုယ်ဗိုက်မဆာသေးလို့"
"မရပါဘူး အစာအိမ်ဖြစ်မှာပေါ့ ညကလဲတစ်ညလုံးနေသေးတယ် မရဘူးမရဘူး ထမင်းစားမှဖြစ်မှာ.."
"အကိုလေးကခလေလား ထမင်းစားဖို့ထိလိုက်ပြောနေရတယ် တဂယ်တည်းမပြောချင်ဘူး လူကောင်ကြီးအားကိုးပြီးနေနေတာပေါ့ အဲ့လူကောင်ကြီးလဲ အအိပ်ပျက်အစားပျက်ရင်ဗုန်းဗုန်းလဲသွားတတ်တယ်နော် ဘာမှတ်နေတာလဲ ရှေ့ရက်ကလဲခရီးပန်းထားသေးတယ် အကိုလေးတော့လေ ဟွန်း.. သွားမယ်ထ အပြင်ထွက်စားမယ်အခု"
ခါးလေးထောက်ကာဆူနေရင်းမှ ဆက်ထိုင်နေသေးသည့်ကွန့်မြူးကိုလက်ကဆွဲကာ ခေါ်လာသည့်နောက် ပြုံးပြုံးကြီးနှင့်ပါလာလေတော့သည်။ စိတ်ပူပြီးဆူနေပုံလေးက ဘယ်လိုလေးလဲကွာ။ ကောင်မလေးက ဆူတတ်သေးတာပဲလားဟုတွေး၍ အရိပ်တကြည့်ကြည့်နှင့်ပါလာတော့သည်။ ဒီလိုလေးအမြဲတောင်အဆူခံချင်နေသည့် ဆန္ဒကြီးကိုလဲ ဘယ်လိုချုပ်ထိန်းရမလဲကွာ။
ဟား ဟား ..ဒီကောင်လဲ ရူးသား ကောင်မလေးနဲ့မှ ကောင်မလေးဘာလုပ်လုပ်ချစ်နေရတာဟာလဲ ဆေးမမှီအောင်ရူးခြင်းတစ်မျိုးပါလားကွာ။
အကိုလေးကိုခလေးတစ်ယောက်လို မာန်မဲပြ၍ ရွှေကူ့မှာထမင်းစားခိုင်းနေရသည်မို့ လူကလူအိုရုပ်တောင်ပေါက်လာရသည်။ သို့ပေမယ့် အကိုလေးထမင်းစား၍ကုန်ခါနီးတွင်တော့ ရွှေကူမေ့နေသည့်အရာလေးကိုသတိရသွားတော့သည်။
"အကိုလေး ပိုက်ဆံပါလာလား"
"ကိုယ်မပါခဲ့ဘူးလေ"
"ဟင် ..ရွှေကူလဲမပါခဲ့ဘူး "
ရွှေကူပြောလိုက်တော့ အကိုလေးကဆက်ပြီးစားရမလို ဇွန်းလေးပဲပြန်ချရမလိုနှင့် ရှိနေလေသည်။ ရွှေကူကစိုးရိမ်လွန်ပြီးဆွဲခေါ်လာခဲ့သည်မှာ ပိုက်ဆံယူဖို့လဲမေ့ ဖုန်းယူဖို့လဲမေ့ရသည်အထိမို့လား။ ကားသော့တောင်မှ ကားရေဆေးဖို့ လုံခြံရေးဦးလေးကြီးဆီ အပ်ထားနေကျမို့ ကားလေးစီးပြီးလာ၍ရခဲ့သည်မို့ ရွှေကူ့မှာရယ်ရခက် ငိုရခက်ဖြစ်နေရသည်။ ရွှေကူ့ထက်ဆိုးသည်က ထမင်းစားနေသည့် အကိုလေးမို့ ရွှေကူကသာတာဝန်ယူရမည်ဖြစ်သည်။
"အကိုလေးခဏလေးစောင့်နော် ပြန်လာခဲ့မယ်"
"ဘယ်လဲ"
"ခဏလေးပဲ ပိုက်ဆံသွားယူမလို့"
"ဟာဟေ့.. ကောင်မလေး"
ပြောပြီး လှစ်ခနဲထသွားသည့်ကောင်မလေးနောက် ကွန့်မြူးလိုက်ချင်ပေမယ့် ဘေမရှင်းရသေးသည်မို့ပြန်၍ထိုင်လိုက်တော့သည်။ ထမင်းကလဲ ဆက်စားရမလား ထိုင်ပဲနေရမလားလမ်းပျောက်၍ ကွန့်မြူးထိုင်နေရတော့သည်။
15 မိနစ်လောက်နေတော့ ပြန်ရောက်လာသည့်ကောင်မလေးက ပြုံးပြုံးကြီးနှင့်ဖြစ်သည်။
"အကိုလေးစားလေ ထပ်မယူတော့ဘူးလား"
"ပိုက်ဆံကရော"
"ဒီမှာ ရွှေကူ့ဆီမှာရှိတယ် စားလေ ထပ်ယူပါအုံးဆို"
"ဒီကောင်မလေးတော့လေ လူကိုရင်ခုန်အောင်လုပ်နေတော့တာပဲကွာ"
"ဟီး ..အရင် ရင်တုန်သွားတယ်မလား ရွှေကူရှိတာပဲကိုဘာမှမဖြစ်ပါဘူးအကိုလေးရဲ့ စားလေ"
ကောင်မလေးဘယ်သွားခဲ့လဲဆိုတာကို ကွန့်မြူးမှန်းမိပါသည်။ ဒီလောက်က ကွန့်မြူးဖြေရှင်းလဲရသည်ကို ကောင်မလေးကတာဝန်ယူ၍ ပိုက်ဆံသွားရှာလာခဲ့သည်မို့ ကွန့်မြူးပို၍ပျော်ရသည်။ ကိစ္စအကြီးကြီးမဟုတ်ပေမယ့် ကောင်မလေးရဲ့တာဝန်ယူမှုလေးကြောင့် ဒီအဖြစ်ပျက်လေးဟာ ကွန့်မြူးအတွက်အဖိုးတန်လှပါသည်။
"ဖိုး ဖိုးအသိထဲမရှိဘူးလားဖိုးရာ
"မရှိဘူးငါ့မြေးရ မင်းဖိုးအကြောင်းလဲသိရဲ့သားနဲ့ကွာ "
"ဖိုးကလဲ စုံတော့စုံစမ်းပေးအုံးမှပေါ့ "
"အေးပါမြေးရဲ့ ဒီတောင်ကြီးဘက်ကဖိုးရှာလိုက်မယ် မြေးကကျန်တဲ့နေရာကိုရှာလိုက်ပေါ့ကွာ "
"ဟုတ်ကဲ့ဖိုး မြေးစိတ်ချပြီနော်ဖိုး"
"အေးအေး စိတ်ချစိတ်ချ"
ကွန့်မြူးထမင်းစားပြီးသည်မို့ အားတွေပြည့်သွားကာ အလုပ်ဆက်လုပ်ရသည်။ ဖိုးဆီမာမီတို့ဖုန်းဆက်ပြီးသည်မှန်းသိသော်လည်း ကွန့်မြူးကိုယ်တိုင်ဆက်ပြီးပြောမှဘဝင်ကျသည်မို့ ဖုန်းဆက်ပြောရဖြင်းဖြစ်သည်။ ထို့နောက် နောက်တစ်ယောက်ဆီ ဖုန်းထပ်ထိုးလိုက်သည်။
"Hello ကိုခွန်း"
"အေးပြောလေကွာ"
"ကောင်မလေးလာသွားတယ်မလားအဲ့ကို"
"ဆိုပါတော့ "
"ပိုက်ဆံရောချေးသွားတယ်မလား"
"ငါ့မိန်းမကိုပြောတာတော့ ချစ်သူကောင်လေးအတွက်ပိုက်ဆံလိုလိုတဲ့ကွ"
"ဟား ..ဟုတ်လား အဲ့လိုပြောတာလား"
"အေးလေကွာ ငါ့ရှေ့မှာပြောသွားတာ "
ကောင်မလေးရဲ့ချစ်သူကောင်လေးလို့သုံးနှုန်းပြီးပြောလိုက်သည့်စကားကြောင့် ကွန့်မြူးတစ်ယောက်ဝမ်းသာပီတိဂွမ်းဆီထိ၍ ဖြစ်နေတော့သည်။
"ဟေ့ကောင် ကွန့်မြူး ဟေ့ကောင်.."
ဘာသံမှမကြားတော့၍ ခွန်းဖုန်းကိုပြန်ကြည့်မိလိုက်သည်။
"ဟား.. ဖုန်းချသွားတာလားဟ ဒီကောင်ဘာဖြစ်တာလဲ"
ကွန့်မြူးစိတ်ထဲ အရင်နေ့ကလိုမဟုတ်ပဲ ဒီနေ့လေးမှာတော့ အနည်းငယ်နေ၍ကောင်းနေလေသည်။
"Hello ကိုခွန်း"
"ဟ ရွှေကူချေးသွားတာ ၁ သိန်းထဲကွ မင်းက ၃ သိန်းတောင်လွှဲလိုက်တာလားဟ "
"ယူလိုက်စမ်းပါကိုခွန်းရာ အတိုးနဲ့ ၃ သိန်းပေးတာ ငါ့အကိုကြီးကိုချစ်လို့လေဗျာ အာဘွား.. မွ"
"ဟာဟေ့ကောင် ငါမင်းကိုမကြိုက်ဘူးနော် "
"ကျွန်တော်ကတော့ ကြိုက်တယ်ဗျာ အာဘွားပဲဗျာ အာဘွား.."
"ဟား.. ဒီကောင်"
ကြက်သီးတွေထ၍ ဖုန်းချလိုက်ရသည့်ခွန်းမှာ ရေတောင်သောက်ယူလိုက်ရသည်။
"ကိုကြီးဘာဖြစ်လို့လဲ"
"ကွန့်မြူးဝေပေါ့ငယ်ရယ် ဘာအရူးထလဲမသိဘူး ဟူး.."
ကိုကြီးက ပခုံးတွေတွန့်၍ပြောလာသည့်အခါ ဖြူငယ်ရယ်လိုက်မိသည်။ ကိုကြီးကိုဒီလိုပုံဖြစ်အောင် ဘာပြောလိုက်လို့လဲမသိဘူး ဒီကိုကွန့်မြူးကတော့။
"အကိုလေး ပြန်မလာသေးဘူးလား"
"ကိုယ်ပြန်မလာဖြစ်သေးဘူး ပြန်နှင့်လိုက်နော်ကောင်မလေး ဝေဖြိုးကိုကိုယ်လွှတ်လိုက်မယ်ဟုတ်ပြီလား"
"ဟုတ် ရွှေကူအိမ်မှာစောင့်နေမယ်နော် ပြန်လာရမယ်နော်အကိုလေး "
"ဟုတ်ပြီဗျာ ပြန်လာခဲ့မယ်စိတ်ချ "
"ဟုတ်"
အကိုလေးကအပြင်ရောက်နေသည်မို့ ရွှေကူ့ကို ကိုဝေဖြိုးလာခေါ်ပြီးအိမ်သို့ပို့ပေးလေသည်။ သို့ပေမယ့် အကိုလေးက ည ၈ နာရီထိလဲပြန်မလာ ဖုန်းဆက်ကြည့်၍လဲမရသည်မို့ ရွှေကူမှာထမရထိုင်မရနှင့်ရှိနေရသည်။ မေမေကြီးတို့က စိတ်အေးဖို့ရယ် အကိုလေးအလုပ်အရေးကြီး၍ ပြန်လာဖို့နောက်ကျနေသည့်အကြောင်းပြောသော်လည်း ရွှေကူ့မှာစိုးရိမ်နေဆဲဖြစ်သည်။
ကွန့်မြူးပြန်ရောက်သည်က ၁ နာရီရှိပြီဖြစ်သည်။ car showroom တစ်ခုဆီမှ အချက်အလက်တွေရ၍ ကွန့်မြူးစစ်နေရ၍နောက်ကျသွားသလို လူတွေလွှတ်၍ ရှာခိုင်းရသည်ကြောင့်လဲ ကောင်မလေးရဲ့ဖုန်းကိုမကိုင်နိုင်ဖြစ်သွားရသည်။ လူအင်အား အဆက်သွယ်အင်အား ဒီလောက်ကောင်းသည်တောင် ရှာရခက်ရသည်မို့ စိတ်တော့မောမိပါသည်။
ဆိုဖာပေါ် ခွေခွေလေးအိပ်နေသည့်ကောင်မလေးကို ကွန့်မြူးကြည့်၍ ယုယစွာနိုးမိသည်။
"ကောင်မလေး ကောင်မလေး.."
"အွန်း အကိုလေးပြန်လာပြီလား"
"ဘာလို့အခန်းပြန်မအိပ်တာလဲကွာ"
"အကိုလေးကိုစောင့်မယ်လို့ပြောထားတယ်လေ "
"နောက်ကျနေမှတော့အိပ်နှင့်တာမဟုတ်ဘူး "
ခေါင်းလေးကိုပုတ်လိုက်တော့ မျက်လုံးလေးပွတ်ကာပြုံးပြလာလေသည်။
"အကိုလေးပင်ပန်းနေပြီလား ဗိုက်ဆာနေပြီလားဟင် ရွှေကူထမင်းပွဲပြင်ပေးမယ်လေနော်"
"အင်းအင်း လာ အတူတူပြင်ကြမယ် လာ"
"ဟုတ်"
အကိုလေးကို ထမင်းခူးပေး၍ ရွှေကူထိုင်စောင့်နေမိသည်။ ယခုဆိုအကိုလေးထမင်းစားတာ ကို ထိုင်ကြည့်ရသည်မှာ ရွှေကူ့အတွက်ပျော်စရာ အကျင့်လေးတစ်ခုလိုတောင်ဖြစ်နေပါပြီလေ။
ကွန့်မြူးအိမ်ပြန်နောက်ကျသည်မှာ သုံးရက်ရှိပြီဖြစ်သလို ကောင်မလေးဆိုဖာပေါ်အိပ်၍စောင့်နေသည်မှာလဲ သုံးရက်လုံးဖြစ်လေသည်။ ဒီတိုင်းဆို အလျှင်မလို၍မရတော့သည်မို့ ဒီနေ့တော့ ကွန့်မြူးတပ်ကူတွေစုထားပြီဖြစ်တော့သည်။
အားတွေတတ်ရသည်။ အရေးကြီးတိုင်ပင်စရာရှိသည် လူအင်အားလဲသုံးရမည်မို့ လာခဲ့ပေးနိုင်မလားဟု message လေးပို့လိုက်သည်ကို မထင်ထားလောက်အောင် မြန်ဆန်စွာရောက်လာကြသည့်လူအုပ်ကြီးကြောင့် ကွန့်မြူးအံအားသင့်သွားရသည်။
အစည်းဝေးခန်းကြီးတစ်ခုတွင် မည်သူမှမဝင်စေရန် အစောင့်တွေချ၍ အမျိုးသား ၁၁ ယောက်ဟာ အတိုင်အဖောက်ညီစွာနှင့် အလုပ်ကြီးတစ်ခုကိုစီမံနေကြလေသည်။
"အဲ့တော့ အကို့ဘက်က car showroom ဘက်ကိုလိုက်ပေးမယ်ကွန့်မြူး"
ကိုဥဿာက ဦးဆောင်၍တာဝန်စခွဲလေသည်။
"ကိုယ်က အဲ့စာရင်းတိုင်းလူရှာပေးဖို့တာဝန်ယူမယ်"
ကိုခွန်းဘက်မှ ထပ်မံထွက်လာလေသည်။
"အကိုတို့သုံးယောက်က ကိုယ်တိုင်ကွင်းဆင်းဖို့တာဝန်ယူတယ်ငါ့ညီ"
ကိုဘုန်းသစ် ကိုတေဇ ကိုငြိမ်းမဟာတို့သုံးယောက် ထပ်၍ဖြေကြားလာသည်။
"အကို့ဘက်က ဆေးရုံအသိတွေထဲ အကုန်လိုက်မေးပေးမယ် လိုအပ်ရင် အချက်အလက်တွေပါ အကုန်စစ်ခိုင်းမယ်ကွာ "
ထိုစကားဟာ ပါရဂူကြီးဖြစ်သည့် ကိုခေါင်လွင်မိုးဆီမှ ထွက်လာခြင်းဖြစ်သည်။
"အကို့ဘက်က နေပြည်တော်ဘက်တာဝန်ယူတယ်ငါ့ညီ"
ကိုဇေလင်းကပြောလာလေသည်။
"ငါတို့သုံးယောက်က ပြည်ပထွက်တဲ့ထဲပါမပါကြည့်ပြီး ကိုဘုန်းသစ်တို့နဲ့အားဖြည့်လိုက်မယ်ငါ့ကောင်"
ဒီတစ်ခါက ကွန့်မြူး၏ သူငယ်ချင်းသုံးယောက်ဖြစ်သည့် ကောင်းမြတ်၊ ခန့်သာ၊ သော်က တို့သုံးယောက်က တက်ညီစွာဖြေလာလေသည်။
"Ok အားကိုးလိုက်ပြီဗျာ အကုန်လုံးကို"
ခုံရှည်ကြီး၏ထိပ်တွင် ထီထီကြီးရပ်နေသည့်ကွန့်မြူးမှပြောလိုက်သည်။
"စိတ်ချစမ်းပါကွာ လူတစ်ယောက်ကိုရှာတာပဲ ငါတို့အတွက်လွယ်ပါတယ်ကွ ဒီလိုလူအင်အားဒီလိုအနေထားနဲ့ဆိုရင် စိတ်ချ အလွန်ဆုံးသုံးရက်မကြာဘူး"
ကွန့်မြူးပခုံးကို ပုတ်၍ပြောလာသည့်အခါ စိတ်ထဲမှ နိမိတ်ကောင်းတွေကို ကြို၍မြင်ယောင်လာရသည်။
"ရေကုန်ခမ်းကုန်လိုက်ကြတာပေါ့ဗျာ "
"ဒါပေါ့ကွာ.. စည်းလုံးခြင်းရဲ့အင်အားကိုပြကြတာပေါ့"
"အဖွဲ့စည်းနဲ့လှုပ်ရှားကြတော့ အောင်မြင်မှာသေချာတယ် ဖိုက်တင်း ငါ့ညီတွေ "
"ဖိုက်တင်းဗျာ.."
"ဖိုက်တင်း.... "
ဟိန်းထွက်သွားသည့်အခန်းထဲမှ အသံများဟာ လူတစ်ယောက်၏အနာဂတ်အတွက် မိုးမြေဆုံးထိလိုက်ရှာရန်ထိ ပြင်ဆင်ထားကြခြင်းဖြစ်လေသည်။
"မမ "
"ဝေ့ .."
"အဲ့ လူအုပ်ကြီးဘယ်တုန်းကရောက်နေတာလဲဟင်မမ"
အခန်းထဲမှ ခြေတန်ရှည်ရှည်နှင့် ချောမောလွန်းကြသည့် လူများမှာ အုပ်စုလိုက်ကြီးထွက်လာကြသည်ကို ဝန်ထမ်းတွေနှင့်အတူ ရွှေကူတို့ပါငေးနေမိသည်။
"မနက်ထဲကထင်တယ်ရွှေကူရေ မမတောင် အခုမှသိလို့ လွန်းလေးကိုခေါ်ပြီးလိုက်လာတာ"
ရွှေကူ့ဘေးတွင်ရှိသည့် လွန်းငယ်နှင့်မမဖြူငယ်ကိုမေးကြည့်မိသည်။ ရွှေကူက အခုလေးတင်မှအလုပ်ရောက်တာဖြစ်ပြီး ရောက်ရောက်ချင်းလွန်းငယ်တို့နဲ့တွေ့၍ စကားလေးခဏပြောရုံရှိသေး မင်းသားတစ်သိုက်ထွက်လာ၍ ငေးနေရခြင်းဖြစ်သည်။
"များလှချည်လားမမရယ် ဘာလုပ်နေကြတာလဲမသိဘူးနော့"
"မမလဲသေချာမသိဘူး မသိရင်အုပ်စုဖွဲ့ပြီး show လျှောက်မယ့်အတိုင်းပဲ"
"ဟုတ်ပါ့နော် ဟီး.. အုပ်လိုက်ကြီးမိုက်နေရော"
ဖြူငယ်တို့အဖွဲ့လေးဟာ ထိုင်နေသည့်စားပွဲမှလှမ်းကြည့်၍ သုံးယောက်သားပြောနေခြင်းဖြစ်သည်။
"ဦးကသိပ်ခန့်တာပဲမမရယ်"
လွန်းငယ်ပါးလေးကို လက်နှင့်ကိုင်၍ သိပ်ချောသည့်ဦးကို ကြည့်၍ ငေးကာပြောလိုက်သည်။
"မမကိုကြီးလဲ သိပ်ချောတာပါနော်"
မမဖြူငယ်ကပါ မျက်နှာလေးပြုံး၍ပြောလိုက်သည့်အခါ ရွှေကူရယ်မိသည်။
"ရွှေကူ့အကိုလေးကပိုချောတာပါနော် မင်းသားလေးကျလို့ကြည့်.. "
ရွှေကူက ရှက်တတ်လွန်း၍မပြောလောက်ဘူးထင်ထားသည်ကို ထိုကောင်မလေးကထပြောလိုက်တော့ ဖြူငယ်နှင့်ညီမလေးလွန်းရဲ့အကြည့်တွေက ရွှေကူ့ဆီရောက်သွားရသည်။
"ဟီး ...ရွှေကူကစလိုက်တာကို မမတို့ကလဲ "
မျက်နှာလေးရဲ၍ ဟိုဘက်လှည့်သွားသူလေးကို ကြည့်ကာ လွန်းငယ်တို့နှစ်ယောက်ရယ်လိုက်ကြတော့သည်။
"ဟာ.. ဘာတွေရယ်နေကြတာလဲ ခလေးရ"
"ဘာမှမဟုတ်ပါဘူးဦးရဲ့"
ဦးရဲ့ခါးကို လွန်းငယ်ပြေးဖက်၍ မော့ကြည့်ကာဖြေလိုက်သည်။
"ငယ်. သားလေးရောမပါဘူးလား"
"သားက သူ့ဖိုးဖိုးနဲ့ဖွားဖွားအပြင်ခေါ်လို့ပါသွားပြီကိုကြီးရဲ"
"ဟုတ်လား လာပါအုံးအနား"
ကိုကြီးအနားဖြူငယ်သွားလိုက်တော့ ကိုကြီးကပခုံးကိုလာဖတ်လေသည်။
ကောင်မလေးအနားသွားရပ်လိုက်သည့်ကွန့်မြူးမှာ လူများသည်ကြောင့်ကောင်မလေးရှက်သွားမည်ဆိုး၍ လက်လဲမကိုင် ပခုံးလဲမဖက်ဖြစ်ခဲ့ပေ။
တစ်ဖွဲ့လုံးတွင် ၁၁ ယောက်ရှိသော်ညား မိန်းမရှိသည့်လူက နှစ်ယောက်နှင့် ရည်းစားရှိသည့်လူက တစ်ယောက်ထဲသာရှိသည်မို့ ကျန်သည့် ၈ ယောက်မှာ single နှင့် Fa တွေသာဖြစ်သည်။ ထို ၈ ယောက်ဟာလဲ အတွဲတွေကိုကြည့်၍ အော်သည့်လူကအော် ရည်းစားထားမှဖြစ်တော့မည်ဟု ကြုံးဝါးသည့်လူက ကြုံးဝါးနှင့် မနက် ၉ နာရီရုံးစတတ်သည့်အချိန်လေးတွင် ဆူညံ၍နေလေတော့သည်။
စောင့်ထိန်းခဲ့သည်။ ဒီရက်တွေဆို စကားပြောရသည်လဲနည်းခဲ့သလို အိပ်နေသည့်ကောင်မလေးကို ခိုး၍နဖူးလေးနမ်းခဲ့သည့်အဖြစ်မျိုးတွေသာရှိခဲ့ပါသည်။ တန်ဖိုးထားလွန်း၍ ထိတွေ့ဖို့တောင်တွန့်ဆုတ်မိသည်အထိချစ်ရပါသည်ကောင်မလေးရယ်။
ဒီကောင်ကလေ ကောင်မလေးကိုဆို မထိရက်မကိုင်ရက်နဲ့ ချစ်လွန်ပြီး ဘယ်လိုလုပ်ရမလဲ လမ်းပျောက်တဲ့ထိဖြစ်နေရပါပြီကွာ။
Words 3661
21.11.2023 5:36pm
ဆက်လက်ကြိုးစားသွားပါမည်။