ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက...

By phyolay1991

42.5K 5K 17

Title - Where'd My Delicate Little Wife Go? ငါ့ရဲ့ နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ... Description 💥 ရှဲ့ယွင်န... More

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70
chapter 71
chapter 72
chapter 73
chapter 74
chapter 75
chapter 76
chapter 77
chapter 78
chapter 79
chapter 80
chapter 81
chapter 82
chapter 83
chapter 84

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

853 94 0
By phyolay1991

Chapter 5
October 31, 2023
Chapter 5

တစ်စုံတစ်ယောက်၏ နှုတ်ခမ်းကို လျာဖြင့်လျက်ခြင်းမှာလည်း မူမမှန်သည့် လုပ်ရပ်မျိုး မဟုတ်ချေ။

သို့သော် အနည်းငယ်တော့ မသင့်မလျော် ဖြစ်နေဆဲပင်။ ရှဲ့ယွင်နန်က အနားသို့ သွားကာ ရှောင်ပိုင်ကို ပုတ်လိုက်သည်။

“မလျက်နဲ့တော့ ...”

ရှောင်ပိုင်သည် ရှဲ့ယွင်နန်၏ အဖော်သားရဲဖြစ်ရာ ရှဲ့ယွင်နန်၏ သိစိတ်ကို ဝေမျှရယူထားပြီး တိရိစ္ဆာန်ဗီဇကိုလည်း ထိန်းသိမ်းထားသည်။

တစ်ဖက်သို့ လှည့်ကာ ရှဲ့ယွင်နန်၏ လက်ကို နှုတ်သီးဖြင့် တိုးဝှေ့ရင်း “ဝူး.. ဝူး” ဟု ငိုသံပေးကာ ဗိုက်သားဖြူဖြူကို လှန်ပြလိုက်သည်။

သွမ့်ချန်ချင်း “...”

ငါ့လက်ဖဝါးတွေက ပိုပိုပြီးကို ယားလာပြီ ...

“တစ်ခုခု စားချင်လား ...”

ရှဲ့ယွင်နန်က သူ့ကို ထပ်မေးလိုက်ပြန်သည်။

သွမ့်ချန်ချင်းက တစ်လုံးတစ်ပါဒမျှပင် နားမလည်ရာ ထင်ရာမြင်ရာလည်း လျှောက်မပြောရဲပေ။

အိပ်ယာပေါ်တွင် လှဲနေသူထံမှ ပြန်ဖြေသံကို မကြားရသည့်အတွက် ရှဲ့ယွင်နန်လည်း ဆက်မေးမနေတော့။ မီးဖိုထဲသို့ ပြန်သွားကာ သူ ချက်ထားသည့် ဆန်ပြုတ်တစ်ပန်းကန်ကို ယူလာပြီး ကုတင်ဘေးတွင် ထိုင်ကာ တစ်ဇွန်းခန့် ခပ်၍ သွမ့်ချန်ချင်း၏ ပါးစပ်နားသို့ တိုးပေးလိုက်သည်။

သူ့စကားများကို နားမလည်သည့်တိုင် ထိုလှုပ်ရှားမှု၏ အဓိပ္ပါယ်ကိုမူ နားလည်သည့်အတွက် သွမ့်ချန်ချင်းက ချက်ခြင်း ပါးစပ်ကို ဟပေးလိုက်သည်။

သူက တကယ်ကြီးကို  ဗိုက်ဆာနေတာ ...

ရှဲ့ယွင်နန်က သူ့ကို တစ်လုပ်ချင်း ခွံ့ကျွေးပြီးနောက် ရပ်တန့်ကာ နောက်ထပ် ဆက်မကျွေးရဲတော့။

ဒီလူက အရမ်းကို ပိန်နေတဲ့အပြင် အစာမစားရတာလည်း တော်တော်ကြာနေပြီထင်တယ် ဒီလိုလူမျိုးက တစ်ကြိမ်တည်းနဲ့ အများကြီး စားနိုင်မှာ မဟုတ်ဘူး ...

အာဟာရ ချို့တဲ့တာ အတွက်ကတော့ ... ဒီနေ့ ဓာတ်ဆားရော အားဆေးပါ သွင်းထားတာဆိုတော့ .. မနက်ဖြန်ကျရင် Amino Acid တစ်ပုလင်းလောက် ချိတ်နိုင်မယ် ထင်တာပဲ ....

နေပါဦး .. ဆေးအရည်တွေ တစ်ပုလင်းကြီးတောင် သွင်းထားတာဆိုတော့ .. အဲဒီ့လူက သန့်စင်ခန်း သွားဖို့များ လိုနေမလားပဲ ...

ရှဲ့ယွင်နန်က အိပ်ယာပေါ်တွင် လှဲနေသူကို ကြည့်ကာ အဝကျယ် ပလက်စတစ်ပုလင်းတစ်ခု ယူလာပေးရင်း မေးလိုက်သည်။

“သန့်စင်ခန်း သွားဖို့ လိုလား ...”

သွမ့်ချန်ချင်းက သူပြောသည်ကို နားမလည်သည့်အတွက် မျက်တောင်သာ ခတ်ပြလိုက်သည်။

တစ်ဖက်သူက စကားတစ်ခွန်းမှ မဆို၊ သို့သော် ဆန်ပြုတ်ကိုမူ အသာတကြည် သောက်သည့်အကြောင်း ပြန်စဉ်းစားကြည့်ပြီးနောက် .. ရှဲ့ယွင်နန်က ခြုံထားသည့် စောင်ကို ဖယ်ပေးလိုက်သည်။

သူ့အဘိုးမှာလည်း မကွယ်လွန်မီ နာမကျန်းဖြစ်နေသည့် အချိန်တွင် တစ်ကိုယ်ရေတစ်ကာယ ကိစ္စများကို မဆောင်ရွက်နိုင်တော့သည့်အတွက် ရှဲ့ယွင်နန်ကသာ သူ့ကို ဂရုစိုက်ပေးခဲ့ရရာ ဤသို့သော ကိစ္စရပ်မျိုးတွင် အတွေ့အကြုံ ရှိနှင့်နေပြီးဖြစ်သည်။

သွမ့်ချန်ချင်း !!!!!!!

သွမ့်ချန်ချင်း၏ ဇီဝကမ္မ ပြဿနာကို ကူညီဖြေရှင်းပေးပြီးနောက် ရှဲ့ယွင်နန်သည် ပုလင်းကို အဖုံးပိတ်ကာ လွှင့်ပစ်ပြီး လက်ဆေးရန် ထွက်သွားလိုက်သည်။

သွမ့်ချန်ချင်းက အိပ်ယာပေါ် လဲလျောင်းလျက် သက်ပြင်းမောတစ်ချက် ချလိုက်၏။

မြစ်ထဲတွင် မျောနေခဲ့စဉ်ကတည်းက သူ့ကိုယ်သူ သေလူဟု သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ သို့သော် ငယ်ရွယ်ချောမောသည့် ယောကျ်ားပျိုလေးက သူ့ထံ ရေကူးလာကာ …

ထိုအချိန်က အနည်းငယ် ရင်ထဲ ထိရှသွားခဲ့ကြောင်း ဝန်ခံရပေလိမ့်မည်။

အခု သူ့ရဲ့ လက်ရှိခန္ဓာကိုယ်က အတော်လေး အသုံးမကျ ဖြစ်နေတာ နှမြောစရာပဲ ...

သွမ့်ချန်ချင်းက သူ့ခန္ဓာကိုယ်အခြေအနေကို အမြန် အကဲခတ်လိုက်သည်။

ယခင်က သူ၏ လက်ကျန်အသိစိတ်ကို သူ့တည်ရှိမှုအား အာရုံခံနိုင်ခြေကို လျော့ချရန်အတွက်သာ အသုံးပြုခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ အနေအထားကို များစွာ အလေးမထားမိခဲ့။ ဤခန္ဓာကိုယ်၏  မူလပိုင်ရှင်မှာလည်း မိစ္ဆာတစ်ဦးဟုသာ သိထားပေသည်။

သို့သော် မူလကိုယ်၏ သွေးကြောဖွဲ့စည်းပုံမှာ များစွာ မကောင်းလှရာ မိစ္ဆာသွေးနှောတစ်ဦးပင် ဖြစ်နိုင်နေသေးသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်မှာလည်း လွန်စွာ အားနည်းလှ၏။

ကျန်အရာများ အတွက်မူ ...

သွမ့်ချန်းချင်က အားနည်းနေပြီဖြစ်သည့် သိစိတ်ဝိဉာဉ်ကို ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံကာ မူလကိုယ်၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စစ်ဆေးလိုက်သည်။

မူလပိုင်ရှင်၏ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် အခြေအနေ ဆိုးရွားနေသော်လည်း ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်များလည်း အများအပြား ရှိနေပေသည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် မိမိတို့၏ စိတ်စွမ်းအားကို ဒန်ထျန်နေရာတွင် သိုလှောင်တတ်ကြသော်ငြား မူလကိုယ်မှာမူ မတူညီ။ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်တို့မှာ ကသောင်းကနင်းဖြစ်ကာ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းနေသည်။

ထိုမျှသာမက စိတ်စွမ်းအင်အစုအဖွဲ့တစ်ခုပါ ရှိနေသေးသည်။

စိတ်စွမ်းအင်တို့ ပေါင်းစုကာ အစိုင်အခဲတစ်ခုအဖြစ် ဖြစ်ပေါ်နေသော စိတ်စွမ်းအင်အစုအဖွဲ့ကို နက်ရှိုင်းလှသည့် မြေအောက်တွင်သာ ရှာဖွေတွေ့ရှိနိုင်သည်။ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ထိုနေရာတွင် စိတ်စွမ်းအင်များ ဖြာထွက်ပြန့်နှံ့ကာ စိတ်စွမ်းအင်မိုင်းတွင်းတစ်ခု ဖြစ်ပေါ်လာတတ်သည်။

စိတ်စွမ်းအင်အစိုင်အခဲကပင်လျှင် ကျင့်ကြံသူများအဖို့ အကျိုးထူးလှနေပြီဖြစ်ကာ ထိုအစိုင်အခဲ၏ ဘေးတွင် ကျင့်ကြံလိုက်သည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ အဆင့်တက်သွားမည်ဖြစ်သည်။

သို့သော် စိတ်စွမ်းအင်အစိုင်အခဲကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခြင်းကမူ ... လုံးဝ မလိုအပ်သည့်အရာဖြစ်သည်။ အထူးသဖြင့် မူလပင်မခန္ဓာကိုယ်၏ စိတ်စွမ်းအင်များမှာ ယခင်ကတည်းကပင် ရှုပ်ထွေးနှင့်နေပြီဖြစ်ရာ လုံးဝ ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။

သွမ့်ချန်ချင်းက ယခုလက်ရှိ သူဝင်ရောက်နေသည့် ခန္ဓာကိုယ်၏ ဆိုးရွားလှသော အခြေအနေမှာ မူလကိုယ် ထည့်သွင်းခဲ့သည့် စိတ်စွမ်းအင်အစိုင်အခဲနှင့် သက်ဆိုင်နေလိမ့်မည်ဟု ခံစားမိလာ၏။

ထိုအစိုင်အခဲကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်အများအပြား ရှိနေခြင်းဖြစ်သော်ငြား မူလကိုယ်မှာ ထိုစွမ်းအင်ကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ဖြစ်ကြောင်း မသိခဲ့ချေ။

ကသောင်းကနင်း ဖြစ်နေသည့် စိတ်စွမ်းအင်များကြောင့် မသက်မသာ ခံစားနေရကာ လှုပ်ရှားရန်ပင် နာကျင်လွန်းလှသည့်အတွက် မူလကိုယ်ကလည်း လှုပ်ရှားရသည်ကို မနှစ်မျို့တော့ရာ ပို၍ပင် အခြေအနေ ဆိုးရွားလာတော့သည်။

တော်သေးတာပေါ့ သူက ဘယ်လို ကျင့်ကြံရမလဲဆိုတာကို သိထားလို့ ...

ဤကမ္ဘာရှိ စိတ်စွမ်းအင်မှာ အတိတ်ဘဝက သူနေထိုင်ခဲ့သည့် ကျင့်ကြံရေးလောကနှင့် နှိုင်းယှဉ်ပါလျှင် ပိုမို နည်းပါးလှသည်။ ဤစိတ်စွမ်းအင်အစိုင်အခဲနှင့်သာဆိုလျှင် သူ၏ ကျင့်ကြံ‌နှုန်းမှာ တစ်နေ့လျှင် မိုင်တစ်ထောင်ခန့် ခရီးပေါက်ပေလိမ့်မည်။

နေဦး ဒီလိုလည်း လုပ်လို့ မရဘူးပဲ ...

ဒီခန္ဓာကိုယ်က အရမ်းကို ထိလွယ်ရှလွယ်လွန်းတော့ အားလုံးကို တစ်ဖြည်းဖြည်းချင်း သွားမှပဲ ရလိမ့်မယ် ....

ထို့အပြင် ယခုချက်ခြင်း စတင်ကျင့်ကြံရန်လည်း မဖြစ်နိုင်သေး။ ကူးပြောင်းလာစဉ်က သူ၏ သိစိတ်ဝိဉာဉ်ကြောင့် စိတ်စွမ်းအင်များ ကသောင်းကနင်းဖြစ်ကာ ပျက်စီးသွားသော ကိုယ်တွင်းအင်္ဂါများကို အရင် ပြင်ဆင်ရဦးမည်ဖြစ်သည်။

သွမ့်ချန်ချင်းက စိတ်စွမ်းအင်ကို ထိန်းချုပ်ကာ သူ့ခန္ဓာကိုယ်ကို တစ်ဖြည်းဖြည်းချင်း ပြုပြင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှဲ့ယွင်နန်က ဘေးဘက်ကပ်လျက်ရှိ အိပ်ခန်းကို သန့်ရှင်းရေး လုပ်နေသည်။

သူ့အိမ်အပေါ်ထပ်တွင် အိပ်ခန်းနှစ်ခန်းရှိကာ ထိုစဉ်က သူ့အတွက် တစ်ခန်း၊ အဘိုးဖြစ်သူအတွက် တစ်ခန်းဟု ရည်ရွယ်ခဲ့သည်။

  နောက်ပိုင်း အဘိုးဖြစ်သူ သေဆုံးသွားသည့်အခါ သူ့အဘိုး နေထိုင်ခဲ့ရာ အဓိကအိပ်ခန်းတွင်သာ ဆက်လက် နေထိုင်ခဲ့သည့်အတွက် သူနေခဲ့သည့် ဒုတိယအခန်းမှာ အလွတ်အတိုင်း ရှိနေခဲ့သည်။

လျောင်ရှင်းယွမ်က ထိုအခန်းထဲတွင် တစ်ခဏမျှ နေခဲ့ဖူးသေးသော်ငြား သူထွက်သွားသည်နှင့် တစ်ပြိုင်နက် အိပ်ယာကိုပါ ထုတ်ထားလိုက်သည်။

သူ နေလက်စ အခန်းတွင် သွမ့်ချန်ချင်း ရှိနေသည့်အတွက် ဒုတိယအခန်းတွင် အိပ်စက်ရန်သာ ရှိတော့သည်။

ရှင်းလင်းပြီးနောက် ရှဲ့ယွင်နန်က သွမ့်ချန်ချင်းအနီးသို့ နောက်တစ်ကြိမ် ပြန်သွားလိုက်သည်။

သူ့ကို နောက်တစ်ကြိမ် ဆေးလိမ်းပေးကာ ဆန်ပြုတ်အနည်းငယ် ထပ်ကျွေးပြီးနောက် သန့်စင်ခန်းသွားရန်ပါ ကူညီပေးပြီးကာမှ အခန်းသို့ပြန်ကာ အိပ်စက်လိုက်သည်။

တစ်နေ့တည်းတွင်ပင် ကိစ္စအများအပြား ဖြစ်ပွားသည့်တိုင် ရှဲ့ယွင်နန်၌ အိပ်မပျော်သည့်ရောဂါ ရှိနေသည့်အတွက် ညဉ့်နက်သည်အထိ အိပ်မပျော်သေးချေ။

မနက်ဝေလီဝေလင်းတွင် အပြင်ဘက်မှ ကြားရသော ဆူညံသံတစ်ခုကြောင့် နိုးလာခဲ့၏။

အဓိကအခန်းသို့ သွားကြည့်ကာ သွမ့်ချန်ချင်း အသက်ရှင်နေသေးကြောင်း အတည်ပြုပြီးကာမှ အောက်ထပ်သို့ မနက်စာ ဆင်းဝယ်ရင်း ဒေါက်တာဟူထံသို့ပါ တစ်ခါတည်း သွားလိုက်သည်။

“သူ့အခြေအနေက မနေ့ကထက်တော့ ပိုကောင်းလာပါပြီ သေတော့ မသေနိုင်တော့ပေမယ့် အားနည်းနေတုန်းပဲ မင်းပြောသလိုပဲ သူ့ကို Amino Acid Drip သာ ဆက်သွင်းပေးထားလိုက် ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ပရိုတိန်း နည်းနည်းလောက်လည်း ပေးလို့ရတယ် ...”

ဒေါက်တာဟူက မြောက်များစွာသော ဆေးပုလင်းများကို ထုတ်ပေးလိုက်သည်။

“ဦးလေးဟူ သူက အခုထိ စကားပြောမလာသေးဘူး ပြဿနာတစ်ခုခု ရှိနေလို့များလား ...”

ရှဲ့ယွင်နန်က မေးလိုက်သည်။

ဒေါက်တာဟူက သွမ့်ချန်ချင်း၏ ပါးစပ်ကို ဖွင့်ကာ ကြည့်လိုက်သည်။

“အသံကြိုးတွေကတော့ ကောင်းပါတယ် စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခု ဖြစ်နေလို့နေမှာ ကြီးကြီးမားမား တုန်လှုပ်စရာနဲ့ တွေ့လိုက်ရတော့ ... စကားမပြောချင်တော့တာ ပုံမှန်ပါပဲ ..."

ရှဲ့ယွင်နန်က သူ့ကို လိုက်ပို့ပေးပြီးနောက် သွမ့်ချန်ချင်းကို ကြည့်လိုက်သည့်အခါ အိပ်ယာပေါ် ဝင်ခွေနေသည့် ရှောင်ပိုင်ကို တွေ့လိုက်ရတော့သည်။

ရှောင်ပိုင်သည် အမြဲ သူနှင့်အတူ အိပ်စက်လေ့ရှိရာ ဤအိပ်ယာနှင့် အလွန် နေသားကျနေပြီး တစ်နေကုန် အိပ်ယာပေါ်သို့သာ ပြေးတက်နေလေ့ရှိသည်။

အခြားတစ်ယောက်မှာမူ ... ထိုသူက ရှောင်ပိုင်ကို မျက်တောင် မခတ်စတမ်း ကြည့်နေ၏။ သူ့အတွေးတို့ကိုမူ မည်သူမှ မခန့်မှန်းတတ်ချေ။

“ဆိုင်ဖွင့်ရဦးမှာဆိုတော့ မင်းကို တစ်ချိန်လုံး ဂရုစိုက်မပေးနိုင်လောက်ဘူး ရှောင်ပိုင်ကို မင်းအနား ထားခဲ့ပေးမယ် ...”

သူက သွမ့်ချန်ချင်းကို ဆန်ပြုတ်တစ်ပန်းကန် ခွံ့ကျွေးနေရင်း ရှင်းပြလိုက်သည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် ရီမုကို ကောက်ယူကာ တီဗီပါ ဖွင့်ပေးလိုက်သည်။

နေ့ခင်းအချိန်များတွင် ထိုသူကို အချိန်ပြည့် အဖော်ပြုမပေးနိုင်ရာ တီဗီကြည့်ခြင်းက ပျင်းရိငြီးငွေ့မှုကို အနည်းငယ် လျော့နည်းစေလိမ့်မည်။

အိပ်ဖို့အတွက်ကတော့ .. အဟမ်း ... အပြင်ဘက်မှာ ဆူညံသံတွေ အများကြီးဆိုတော့ တီဗီကအသံလောက်ကတော့ ကိစ္စမရှိလောက်ပါဘူး ...

ရှဲ့ယွင်နန်က အားလုံးကို သိမ်းဆည်းပြီးနောက် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

သွမ့်ချန်ချင်း၏ အကြည့်တို့က တီဗီပေါ်သို့ ကျဆင်းသွား၏။

ကြော်ငြာအချို့ ပြသနေရာမှ ဘေးပတ်ပတ်လည်တွင် လှေကားထစ်များ ပါဝင်သည့် ကတော့ပုံ မျှော်စင်တစ်ခု၏ ပုံရိပ်သို့ ပြောင်းလဲသွားသည်။

ထိုမျှော်စင်၏ လှေကားထစ်တိုင်းတွင် အမျိုးမျိုးသော လှောင်ချိုင့်များဖြင့် ပြည့်နှက်နေကာ လှောင်ချိုင့်တစ်ခုစီ၏ အတွင်း၌လည်း လူများကို ပိတ်လှောင်ထားသည်။

ထိုလူများမှာ အကျည်းတန်လှသည့်အပြင် ပြင်းစွာသော နာကျင်မှုကိုလည်း ခံစားနေရသည့်ဟန်။ အချို့က လှောင်ချိုင့်နံရံကို ခေါင်းဖြင့် တိုက်နေကာ သွေးစက်လက် ကျလာသည်အထိ မရပ်တန့်ကြသေး။

ထိုစဉ် မျှော်စင်၏ အလယ်ရှိ တံခါးတစ်ချပ် ပွင့်လာကာ ကျောက်မျက်ရတနာများ စီခြယ်ထားသည့် အနက်ရောင် မျက်နှာဖုံးနှင့် ရှည်လျားလှသော ချည်ထိုးဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက စင်မြင့်ပေါ်သို့ တစ်ဖြည်းဖြည်း တက်လာသည်။

လက်ထဲတွင် ကျိုင်းတုတ်တံကို ကိုင်ဆောင်ထားပြီး ၎င်းကို မြှောက်ပြလိုက်သည့်အခါ တစ်ကမ္ဘာလုံး ငြိမ်သက်သွားကြ၏ ။ လှောင်အိမ်ထဲတွင် ရှိနေသူများမှာလည်း တစ်ခုခုကို အာရုံခံစားမိသည့်ဟန်၊ ငြိမ်သက်ကာ အိပ်မောကျသွားကြတော့သည်။

သွမ့်ချန်ချင်းက တစ်ခုကိုမှ နားမလည်။ ဤသည်မှာ ပြီးခဲ့သည့် တစ်ပတ်ခန့်က ကျင်းပခဲ့သော မြင့်မြတ်သည့် မြို့တော်သို့ ဂါရဝပြုရန် သွားရောက်သည့် ပွဲတော်၏ နှစ်ပတ်လည် အခမ်းအနားကို ပြန်လည်ပြသနေခြင်း ဖြစ်ကြောင်းလည်း မသိခဲ့။

ဤသည်မှာ မြင့်မြတ်သည့် မြို့တော်ကို ကိုယ်စားပြုကာ ဒဏ္ဍာရီလာ ယဇ်နတ်ဆရာများက ကြီးမှူး၍ ယဇ်ပူဇော်ပွဲ ကျင်းပသည့် အခမ်းအနား၏ ပြကွက်တစ်ခုပင်ဖြစ်သည်။

သွမ့်ချန်ချင်းက ၎င်းကို တီဗီရှိုးတစ်ခုဟုသာ ထင်ထားသည့်အတွက် ထိုယဇ်ဆရာ စင်မြင့်ပေါ်သို့ ရောက်မလာခင် သူ့အာရုံအားလုံးကို ချစ်စဖွယ် ခွေးပေါက်စထံ ပြောင်းရွှေ့ပေးလိုက်သည်။

ခွေးပေါက်လေးက သူ့ခေါင်းအုံးဘေးမှာ လှဲနေတာ ကြည့်ပါဦး  ....

ဟိုမိစ္ဆာက သူ့မူလကိုယ်ကို ဒီတိုင်းကြီး ထားခဲ့တယ်ပေါ့ ... ငါ့အတွက် အရမ်းကို စိတ်ပူလွန်းလို့များလား ...

နောက်ဆုံးတွင်တော့ သွမ့်ချန်ချင်းတွင် ခွန်အားအနည်းငယ် ပြန်လည်ရရှိလာပြီ ဖြစ်သည့်အတွက် ခွေးပေါက်စအား ပွတ်သပ်ပေးလိုစိတ်များအား ထိန်းချုပ်ကာ ခေါင်းအုံးပေါ်ရှိ ရီမုကို ယူ၍ တီဗီကို လိုင်းပြောင်းလိုက်သည်။

ဒီလို နာမည်ကြီးရုပ်ရှင်မျိုးက စိတ်ဝင်စားဖို့ မကောင်းဘူး အဲဒီ့အစား ကာတွန်းကား ကြည့်တာကမှ ဘာသာစကားကို မြန်မြန် နားလည်နိုင်ဦးမယ် ...

နေပါဦး .... လိုင်းပြောင်းတာ နည်းနည်း စောလွန်းသွားသလားလို့ ... စောစောကတစ်ယောက် ဝတ်ထားတဲ့ မျက်နှာဖုံးကို နည်းနည်း ရင်းနှီးနေသလိုပဲ ဒါက မူလကိုယ် ဝတ်ခဲ့တာနဲ့ နည်းနည်း ဆင်တူမနေဘူးလား...

သို့သော် သူ ကူးပြောင်းလာကာစက အခြေအနေမှာ ကတိုက်ကရိုက် ဖြစ်နေသည့်အတွက် မူလပိုင်ရှင်သည် မည်ကဲ့သို့သော မျက်နှာဖုံးမျိုးအား ဝတ်ဆင်ထားကြောင်းကို မမှတ်မိတော့ချေ။

သွမ့်ချန်ချင်းက များစွာ တွေးမနေတော့ပဲ ကာတွန်းကားတစ်ကားကို ရှာဖွေ၍သာ ထိုင်ကြည့်နေလိုက်တော့သည်။

Continue Reading

You'll Also Like

17K 2.5K 20
' ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! ' ( Fu Lang Called me Home For Dinner) Title: 夫郎喊我回家吃软饭了 Author: 岛里天下 Total chapters 117 (c...
138K 22K 110
🔅 𝗭𝗮𝘄𝗴𝘆𝗶 & 𝗨𝗻𝗶𝗰𝗼𝗱𝗲 𝗔𝘃𝗮𝗶𝗹𝗮𝗯𝗹𝗲 𝗦𝘁𝗮𝘁𝘂𝘀📍 - 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗼𝗹𝘂𝗺𝗲 𝟮 ✅🟢 ᴍʏᴀɴᴍᴀʀ ᴛʀᴀɴꜱʟᴀᴛɪᴏɴ ᴏꜰ - "𝐓𝐫𝐚𝐬𝐡 𝐎�...
17.7K 1.3K 5
Author - 即墨遥 Status - 94 Chapters + 7 Extras (Completed) Eng tran - not complete Eng tran link - https://www.novelupdates.com/series/the-villains-all...
441K 16.5K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...