Unicode
လက်ရှိအရေးကြီးသည်ကား သူ့အရှေ့မှာရှိနေသည့် လူခုနစ်ယောက်နှင့် ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာပင်။
ခြူးမုယွင်သည် သူပြန်ရခဲ့သော မှတ်ဉာဏ်အပုံလိုက်ကြီးကို ပြန်တွေးမိသွား၏။ ထိုခုနစ်ယောက်ကို အကြောင်းစုံပြောပြရန် မဖြစ်နိုင်ပေ။ သူတို့အားလုံး မှတ်ဉာဏ်ပြန်ရအောင် ‘အသက်တံခါး’ထဲ တွန်းထည့်သင့်ပြီလော။
မဖြစ်နိုင်ပေ။ ခြောက်ယောက်က သတိအပြည့်ရှိနေသဖြင့် တစ်ယောက်လေးပင် လှည့်စားနိုင်မည်မဟုတ်။
ဤသို့ဆိုလျှင်…
ထိုအကြောင်းတွေးရင်း ခြူးမုယွင်၏စိတ်ထဲ အကြံတစ်ခုပေါ်လာသည်။
သူသာ ‘အသက်တံခါး’ထဲ ဝင်သွားလျှင် သူတို့လည်း လိုက်ဝင်ကြလိမ့်မည်။ ထိုအခါ သူက ‘အသက်တံခါး’ကို အချိန်ကိုက် ထိန်းချုပ်၍ သူတို့၏မှတ်ဉာဏ်များကို ပြန်ရှာပေးမည်။ ထိုတစ်ခဏတွင် သူတို့အားလုံး ‘အသက်တံခါး’ထဲ ပိတ်မိနေမှာဖြစ်ပြီး သူက ထိုအခြေအနေကို အခွင့်ကောင်းယူ၍ Zero လေး(ခန္ဓာကိုယ်)ကို ကယ်တင်ကာ ရှို့လော်နယ်မြေသို့ သွားနိုင်ပေလိမ့်မည်။
သို့နှင့် ခြူးမုယွင်သည် လူတိုင်း၏အကြည့်အောက် စကားတစ်ခွန်းမျှမဆို၊ တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ‘အသက်တံခါး’ထဲသို့ ဝင်သွားတော့သည်။
အနီးဆုံးတွင်ရှိနေသည့် လင်းရွှမ်က လှမ်းဆွဲလိုက်ပါသော်ငြား ထင်မှတ်မထားဘဲ အနားကပ်သွားသည်နှင့် အရှိန်ပြင်းပြင်း ဆွဲငင်ခံရတော့သည်။
ကျန်ငါးယောက်လည်း ချက်ချင်း လှုပ်ရှားကြတော့၏။ အချင်းချင်းထုတ်ပြောစရာမလိုအောင် နားလည်မှုအပြည့်ဖြင့် ကိုယ်စီစွမ်းအားထုတ်ပြီး ‘အသက်တံခါး’ကို ဖိနှိပ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော်… သူတို့၏အင်အားဖြင့် ‘အသက်တံခါး’အပေါ် ခြူးမုယွင်၏ ထိန်းချုပ်လွှမ်းမိုးမှုကို အဘယ်သို့ တွန်းလှန်နိုင်မည်နည်း။
သေချာတာပေါ့၊ ‘အသက်တံခါး’က ထိန်းချုပ်မှုလွတ်သွားပြီး စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့သည်။ ထိုအချိန်တွင် ဖြစ်ပျက်သမျှအကြောင်းစုံကို သိထားသည့် တစ်ဦးတည်းသော ယဲ့ကျန့်ဟန်က ညင်းသွဲ့သွဲ့ရယ်မောကာ နှုတ်ခမ်းပါးများ လှုပ်ရှားလာသည်။
ခြူးမုယွင်သည် သူ၏အသံကို မကြားရပါသော်လည်း ပါးစပ်လှုပ်ရှားပုံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“အားယွင်.. ကိုယ် မင်းကို အရမ်းလွမ်းနေတာ..”
ခြူးမုယွင်က ပြုံးလျက် ပြန်လည်တုံ့ပြန်လိုက်သည်။ : “ငါရောပဲ..”
စကားဖလှယ်ပြီးနောက် ခြူးမုယွင်သည် Zero လေး၏ ခန္ဓာကိုယ်ကို မြှုပ်နှံထားသော ဥမင်လိုဏ်ခေါင်းထဲသို့ ခုန်ဆင်းသွားတော့သည်။
မြေအောက်တွင် ပထမဆုံးမြင်လိုက်ရစဉ်က ဧရာမသားရဲကြီး၏ သနားချင့်စဖွယ်ပုံစံကို ပြန်မြင်ယောင်မိရင်း ခြူးမုယွင်မှာ စိတ်မကောင်းဖြစ်သွားရသည်။
ဒီကလေး တကယ့်ကို ခက်ခဲခဲ့တာပဲ..!
ခြူးမုယွင်သည် လက်တစ်ချက်မြှောက်ကာ အစီအရင်ကို ဖျက်ဆီးပစ်လိုက်ပြီး မေ့မျောနေသော လင်းစုယွင်၏ ခန္ဓာကိုယ်ကို ခပ်ဝေးဝေးသို့ ဖယ်ထုတ်ပစ်လိုက်သည်။ ပြီးနောက် ဧရာမသားရဲကြီးကို မြေပြင်ပေါ်သို့ အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့လေသည်။
နှစ်သန်းပေါင်းများစွာ ကုန်လွန်ခဲ့ပြီးဖြစ်၍ ယုတ္တိရှိရှိဆိုရလျှင် Zero လေး၏ ခန္ဓာကိုယ်က အရွယ်ရောက်သင့်နေချေပြီ။ သို့သော် ၎င်း၏ဝိဉာဉ်ကို ဆုံးရှုံးလိုက်ရသဖြင့် ခန္ဓာကိုယ်က အခွံလွတ်တစ်ခုပမာ ဖြစ်နေပြီး တစ်ချိန်လုံး အေးခဲခံထားရသောကြောင့် ဆယ်ကျော်သက်အသွင်က ပြောင်းလဲမှုမရှိ။
သို့သော် အံ့ဖွယ်သားရဲ၏ ဆယ်ကျော်သက်ပုံစံကလည်း တကယ့်ကို ကြီးမားလွန်းရာ မြင့်မြတ်ထည်ဝါသော တောင်ကြီးတစ်လုံးသဖွယ် ဖြစ်နေတော့သည်။
ခြူးမုယွင်သည် မန္တန်ရွတ်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်လိုက်သည်။ ပြီးနောက် ဧရာမမျက်လုံးကြီးများကို ကြည့်ကာ..
“Zero.. မင်းရဲ့ခန္ဓာကိုယ်ထဲ ပြန်သွားတော့..”
နှစ်ထောင်ပေါင်းများစွာ ခန္ဓာကိုယ်တစ်ခုတည်း မျှဝေသုံးစွဲခဲ့ရပြီး ယခုလို ရုတ်ချည်း ထွက်ခွာသွားသောအခါ ခြူးမုယွင်၏ရင်ထဲ လစ်ဟာသွားသလို ခံစားလိုက်ရသည်။ သို့သော် တဖျတ်ဖျတ်တောက်ပကာ သက်ဝင်လှုပ်ရှားလာသော ဧရာမမျက်ဝန်းဝိုင်းကြီးများကို ကြည့်ပြီး ခြူးမုယွင် မှင်သက်သွားရပြန်သည်။
Zero လေးသည် လွဲမှားမှုတချို့ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကိုယ့်ကိုယ်ကို ‘စနစ်(System)’တစ်ခုဟု ထင်မှတ်နေခဲ့၏။ ထို့ကြောင့် ယခုလို မူလခန္ဓာကိုယ်ထဲ ရုတ်တရက် ပြန်ရောက်သွားသောအခါ အနည်းငယ် ကိုးရိုးကားယား ဖြစ်နေတော့သည်။
ထိုသို့ နေသားမကျဖြစ်နေသည့် ရလဒ်ကား..
သားရဲကြီးခမျာ ဘုန်းခနဲ မြည်သံကြီးနှင့်အတူ နောက်ပြန်လန်ကျသွားတော့သည်။
ခြူးမုယွင်က ပြုံးကာ.. : “အရွယ်ရောက်နေပြီလေ.. လူသားပုံစံ ပြောင်းကြည့်..”
Zero လေးက ဇဝေဇဝါဖြစ်နေဟန်ဖြင့်.. : “ဘယ်လိုပြောင်းရမှာလဲ..?”
ခြူးမုယွင်က ပြုံးလိုက်ပြီး သားရဲလေးကို သင်ပေးခဲ့သည်။
Zero လေး၏ သဘောပေါက်နိုင်စွမ်းက ကျန်ရှိနေဆဲပင်။ သူက မျက်လုံးမှိတ်ကာ ကြိုးစားကြည့်လိုက်၏။ ဝုန်းခနဲ မြည်သံနှင့်အတူ အဖြူရောင်မီးခိုးများ ကြွတက်လာပြီးနောက် ပြန်လည်စုစည်းသွားကာ ဖြူဖွေးသွယ်လျသော ကောင်ငယ်လေးအဖြစ် မြေပြင်ပေါ်သို့ ညင်သာစွာ သက်ဆင်းသွားသည်။
ခြူးမုယွင်က သိုလှောင်အိမ်ထဲမှ အင်္ကျီတစ်စုံထုတ်ကာ.. : “ဝတ်ထားလိုက်.. အအေးမမိစေနဲ့..”
Zero လေးသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကပျာကယာ အင်္ကျီဝတ်လိုက်သည်။ ပြီးနောက် သူ့အတွက် အလွန်ဆန်းသစ်သော ခြေလက်များကို ငုံ့ကြည့်ကာ..
“Host.. ကျွန်တော် တကယ်ကြီး…”
ခြူးမုယွင်က ဖြတ်ပြောသည်။ : “ဘယ်လိုဖြစ်ပြီး မင်းကိုယ်မင်း System လို့ ထင်သွားတာလဲ..?” သူ့ကိုလည်း Host လို့ ခေါ်နေသေးတယ်..!
Zero : “ပြောရရင် အရှည်ကြီးပဲ..” ခြူးမုယွင် ဘာမှထပ်မမေးခင် Zero လေးက ဆက်ပြောလာသည်။ “ကွန်ပြူတာက ပြောပြတာ.. အဲ့ကိစ္စကို နောက်မှပြောပြမယ်လေ.. ခန္ဓာကိုယ် အရင်ရှာကြရအောင်.”
‘ကွန်ပြူတာထဲမှာ မြင်လိုက်ရတာ’ဟု မပြောဘဲ ‘ကွန်ပြူတာက ပြောပြတာ’ဟူ၍ သုံးနှုန်းသွားကြောင်း ခြူးမုယွင် သတိပြုမိလိုက်သည်။ Zero လေး သတိလစ်သွားပြီးနောက် ထူးခြားဆန်းကြယ်သည့် ကိစ္စတချို့ ရှိခဲ့ပုံပင်။
သူ့ကိုယ်သူ System တစ်ခုဟု အဘယ်ကြောင့် တွေးထင်နေသနည်း။ ‘တာဝန်’ ဟူသည့် အခြေအနေတစ်ရပ် အဘယ်ကြောင့် ရှိလာသနည်း။ ထို့အပြင် ‘နတ်ဆိုးအရှင်ခုနစ်ပါး’၏ ပုံတူပန်းချီကို အဘယ်ကြောင့် မြင်နေရသနည်း။ ထိုသို့ မြင်နေရသည့်အပြင် ပုံတူပန်းချီ မီးလင်းလာသည်ကိုကြည့်၍ တာဝန်အောင်မြင်မှုရှိမရှိကို ဆုံးဖြတ်နိုင်သေးသည်။ စသည်ဖြင့်…
တကယ့်ကို သိပ္ပံနည်းမကျပါသော်ငြား ခြူးမုယွင်တွင် ထိုအကြောင်းစဉ်းစားရန် အချိန်မရှိသေးပေ။
ယခု သူအလုပ်ချင်ဆုံးကိစ္စကား : သူ၏ခန္ဓာကိုယ်ကို ပြန်လည်ရယူရန်၊ ‘ယဲ့ကျန့်ဟန်’ကို လွှတ်ပေးရန်နှင့် သောက်ကျက်သရေတုံး ‘လှောင်ချိုင့်’အားလုံးကို ဖျက်ဆီးပစ်ရန်သာ။
ခြူးမုယွင်သည် ကောင်ငယ်လေး Zero ကိုခေါ်ကာ ‘အသက်တံခါး’ကိုဖြတ်၍ ရှို့လော်နယ်မြေသို့ ဦးတည်သွားတော့သည်။
လွန်ခဲ့သောတစ်ခေါက်က ရှို့လော်နယ်မြေသို့ ရောက်လာစဉ် ခြူးမုယွင်သည် အလွန်အမင်း သတိထားနေခဲ့ရပြီး ဖိအားများစွာ ခံစားခဲ့ရသည်။ ယဲ့သမ့်သမ့်လည်း ထိုနယ်မြေကြောင့် ကြိမ်ဖန်များစွာ ဆင်းရဲဒုက္ခခံခဲ့ရသည်။
ယခုတော့ ရှင်ဘုရင် ပြောင်းလဲသွားချေပြီ။
ခြူးမုယွင်က ‘အသက်တံခါး’ကိုပိတ်ကာ Zero လေးကို လွှတ်ပေးလိုက်ပြီး <<နတ်ဆိုးတိုင်းပြည်>> ၏ မျှခြေကို ဆက်လက်ထိန်းသိမ်းထားရန် ရှို့လော်နယ်မြေတစ်ခုတည်းကိုသာ ပုံအပ်ပစ်လိုက်သည်။
သို့သော် ရှို့လော်နယ်မြေသို့ ချဉ်းကပ်သွားသည့်အခိုက် အနှီမကောင်းဆိုးဝါးနယ်မြေက သုံးကြိမ်သုံးခါ လှုပ်ယမ်းသွားခဲ့သည်။
ဘဝရဲ့ အကြီးဆုံးရန်ဘက်နှစ်ခုက အတူတူရောက်လာတယ်ပေါ့။ ရှို့လော်နယ်မြေကို သူရဲဘောကြောင်မယ် ထင်လို့လား..?
ခြူးမုယွင်က တည့်မတ်စွာ လျှောက်ဝင်သွားသည်။
ရှို့လော်နယ်မြေသည် ဖိအားအရှိန်ကြောင့် ဝိဉာဉ်လှိုင်းလုံးကြီးတစ်ခု ကြွတက်လာပြီး ခြူးမုယွင်ထံသို့ မကောင်းသည့် စိတ်ခံစားချက်မျိုးစုံ ပြေးဝင်သွားလေ၏။ တစ်ဖက်လူ၏ ဝိဉာဉ်ထဲ ကျူးကျော်ဝင်ရောက်နိုင်သရွေ့ မည်သည့်သက်ရှိမဆို ဒူးထောက်သွားရသည်ချည်း။
သို့သော် ခြူးမုယွင်က မလှုပ်မယှက် မတ်တပ်ရပ်နေပြီး လက်ချောင်းလေးများကို အသာလှုပ်ရှားလိုက်သည်။ ထိုအခါ သူ၏ အနောက်ဘက်တွင် ‘အသက်တံခါး’ ပေါ်ထွက်လာပြီး ရှို့လော်နယ်မြေ အသည်းအသန် စုစည်းထားခဲ့ရသည့် ဝိဉာဉ်လှိုင်းလုံးကြီးကို ပြင်းထန်စွာသော ဆွဲငင်အားဖြင့် လျင်မြန်စွာ ဝါးမြိုသွားတော့သည်။
ရှို့လော်နယ်မြေက အဘယ်သို့ အလွယ်တကူ လက်လျော့နိုင်မည်နည်း။ စွမ်းအားများ အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး သေဘေးအလယ် မြဲမြံခိုင်မာစွာ မတ်တပ်ရပ်နေသော အမျိုးသားကို နှိပ်စက်ညှင်းပန်းရန် ကြိုးစားတော့သည်။
သို့သော် ခြူးမုယွင်သည် ထိုသို့ကြိုးစားလာမည်ဖြစ်ကြောင်း သိနေပုံရ၏။ ထိုမျှမက ယင်းမကောင်းဆိုးဝါးနယ်မြေ၏ လုပ်ရိုးလုပ်စဉ်၊ သားကောင်လိုက်နည်းအလုံးစုံကို နားလည်နေသည့်အလား မျက်နှာတစ်ချက်မပျက်ပေ။
ပို၍ကြောက်စရာကောင်းသည်ကား ရှို့လော်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာအထိ ထိုအမျိုးသားနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေသလို ခံစားနေရခြင်းပင်။ ထိုခံစားချက်က တကယ့်ကို ကြောက်စရာကောင်းလွန်းသည်။ သက်ရှိလူသားတစ်ယောက်၏ အတွေးပုံစံမျိုး ဆိုရလျှင် တစ်ယောက်ယောက်က ခန္ဓာကိုယ်ထဲဝင်ပြီး ‘ဓားထက်ထက်တစ်ချောင်း’ဖြင့် နှလုံးအိမ်မှ အစာအိမ်တစ်လျှောက် ထိုးခွဲပစ်လိုက်သည့်နှယ်။
မည်သူက မကြောက်ရွံ့ဘဲနေမည်နည်း။ အသိစိတ်များများစားစားမရှိသော ရှို့လော်နယ်မြေလည်း သေမတတ် ကြောက်ရွံ့သွားရှာသည်။
ဒါပေါ့၊ ခြူးမုယွင်၏ ရည်ရွယ်ချက်က ရှို့လော်နယ်မြေကို ဖျက်ဆီးလိုခြင်းမဟုတ်။ ‘အသက်တံခါး’ကို အသက်သွင်း၍ ရှို့လော်နယ်မြေ၏ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော စိတ်ဝိဉာဉ်အများစုကို ဝါးမြိုပစ်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို ပြန်ရှာတွေ့ခဲ့လေသည်။
သူက လက်လှမ်းကာ အလင်းတန်းများကြားထဲ ပိတ်မိနေသည့် ခန္ဓာကိုယ်ကို ဆွဲထုတ်လိုက်သည်။
မူလခန္ဓာကိုယ်မှ ခြူးမုယွင် ပြန်လည်နိုးထလာချိန် ရှို့လော်နယ်မြေတစ်ခုလုံး ငလျင်လှုပ်သလို ပြင်းပြင်းထန်ထန် တုန်ခါတော့သည်။
ဒီလူက… ဒီလူက… တကယ်တော့….
ခြူးမုယွင်က အသာခေါင်းမော့ကာ ရှို့လော်နယ်မြေကို စိုက်ကြည့်လိုက်ပြီး.. : “လိမ္မာစမ်း.. ပြဿနာမရှာနဲ့တော့.. နောက်တစ်ခေါက်ဆို မလွယ်ဘူးမှတ်..”
ထိုသို့ပြောပြီးနောက် ရှို့လော်နယ်မြေထဲမှ ထွက်သွားတော့သည်။
… တကယ်တော့… ဖန်ဆင်းရှင်နတ်ဘုရားပဲ..!
ရှို့လော်နယ်မြေသည် ဘောလုံးလေးသဖွယ် ကျုံ့ဝင်သွားပြီး ကမ္ဘာ့အစွန်ဆုံးနေရာ၌ သွားပုန်းနေတော့သည်။
မူလခန္ဓာကိုယ်ကို ပြန်ရခဲ့ပြီဖြစ်၍ နောက်တစ်ဆင့်ကား ကမ္ဘာအဟောင်းသို့ ပြန်သွားရန် ဖြစ်၏။
ထိုစစ်ဆင်ရေးက ရိုးရှင်းသလောက် ကြမ်းတမ်းလိမ့်မည်။ ခြူးမုယွင်အနေဖြင့် နတ်ဆိုးနယ်မြေနှင့် ကမ္ဘာအဟောင်းကို တစ်ခါတည်း တိုက်မိသွားအောင်လုပ်ပြီး ကမ္ဘာမြေပေါ်က ကြယ်ကြွေသလို လုပ်ပစ်နိုင်သည်။ မည်သူမျှ အသက်ရှင်ကျန်ရစ်မည်မဟုတ်။
သို့သော် ခြူးမုယွင်က နတ်ဆိုးတိုင်းပြည်အပေါ် ရန်ငြိုးမရှိသဖြင့် မပျက်စီးစေချင်ပေ။
ရှို့လော်နယ်မြေကိုလည်း အနည်းအကျဉ်းသာ ဆုံးမခဲ့သည်။ မည်သို့ဆိုစေ သူ ဖန်တီးခဲ့သည့် အရာတစ်ခုဖြစ်၍ အသေးအဖွဲကိစ္စလေးများကို ခွင့်လွှတ်လိုက်သည်။
သို့သော် ကမ္ဘာဟောင်းကတော့ မတူပေ။ ထိုအရာက ခြူးမုယွင်ကို ပိတ်လှောင်ပြီး လင်းရွှမ်ကို သတ်ခဲ့သည်။ နောက်ဆုံး ယဲ့ကျန့်ဟန်ကိုပါ ပိတ်လှောင်ထားခဲ့သည်။
ဇနီးကိုသတ်သည့် ရန်ငြိုးက တစ်သက်မပြေနိုင်။
သူ၏သွေးသားရင်း ဖြစ်နေလျှင်ပင် အပြစ်ရှိသည့်အလျောက် ဆုံးမခံရပေမည်။
ခြူးမုယွင်သည် နောက်တဆင့်အတွက် အကောင်းဆုံး စီစဉ်နေပြီး အဆင်ပြေဆုံးနည်းလမ်းတစ်ခုကို ရွေးချယ်လိုက်၏။
နတ်ဆိုးတိုင်းပြည်ကမ္ဘာသည် စတင်ဖြစ်တည်လာတာ သိပ်မကြာသေးသဖြင့် မှော်စွမ်းအား မြင့်မားသော်လည်း နယ်မြေအပိုင်းအခြားက သိပ်မကျယ်ဝန်းပေ။ သို့ဖြစ်ရာ ဖွံဖြိုးတိုးတက်သည့်အပိုင်းတွင် အနည်းငယ် အခက်အခဲရှိလာသည်။ အထူးသဖြင့် မိစ္ဆာမျိုးနွယ်၏ ဖိနှိပ်အနိုင်ကျင့်မှုကို ခံနေရသည့် ဘာမှမသိနားမလည်သော သနားစရာလူသားကျင့်ကြံသူများဖြစ်ပြီး ချို့တဲ့နွမ်းပါးသည့် နေရာကျဉ်းကျဉ်းလေးတွင် နေထိုင်ရသည်မှာ တရားမျှတမှုမရှိတော့ပေ။
သူတို့အားလုံးကို သူကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်၍ ဘယ်ဘက်ကိုမှ ဘက်မလိုက်သင့်ဟု ခြူးမုယွင် တွေးလိုက်မိသည်။ ထို့ကြောင့် ‘အသက်တံခါး’ကို အသုံးပြု၍ ကမ္ဘာနှစ်ခုကို ဆက်သွယ်ပြီး နတ်ဆိုးတိုင်းပြည်ကမ္ဘာမှ လူသားမျိုးနွယ်ကို ကမ္ဘာဟောင်းသို့ ပို့ပေးရန် စီစဉ်လိုက်သည်။ ကမ္ဘာဟောင်းသည် နယ်မြေကျယ်ပြန့်ပြီး ရေမြေသယံဇာတများ အလျှံအပယ် ပေါကြွယ်ဝ၏။ ထိုနေရာမှာဆိုလျှင် လူသားများလည်း သူတို့၏ကိုယ်ပိုင်ခွန်အားဖြင့် နယ်မြေများကို ချဲ့ထွင်နိုင်ပေလိမ့်မည်။
‘နတ်ဘုရား’ ဖန်တီးပေးထားသည့် အရိပ်အာဝါသအောက် နေပြီး အေးအေးချမ်းချမ်း သောက်စားပျော်ပါးကာ သေရန်စောင့်ဆိုင်းနေသော၊ ‘နတ်ဘုရား’ကိုပင် ပြစ်တင်စော်ကားရဲသော ကမ္ဘာဟောင်းမှ သတ္တဝါများအတွက်တော့ ‘ခွန်အားကြီးသူက ရှင်ဘုရင်’ဟူသည့် တော၏ဥပဒေကို သင်ယူလေ့လာရမည့်၊ အသက်ရှင်ရန် ကြိုးစားရုန်းကန်ရတော့မည့် အချိန်ကာလသို့ ရောက်လာချေပြီ။
သက်ရှိဝိဉာဉ်များ၏ အမျက်ဒေါသကိုလည်း စိုးရိမ်နေစရာမလိုတော့။ ရှို့လော်နယ်မြေရှိနေသရွေ့ မကောင်းသည့်ခံစားချက်များ မည်မျှဖြစ်ပေါ်လာပါစေ၊ ဗိုက်ဟောင်းလောင်းဖြစ်နေသည့် ယင်းနယ်မြေအတွက် အစာဖြစ်သွားရလိမ့်မည်။
ဤသို့ဆိုလျှင် ခြူးမုယွင်အတွက် လုပ်စရာတစ်ခုတည်းသာ ကျန်တော့သည်။
လှောင်အိမ်တစ်ဖြစ်လဲ ဗလာနတ္ထိနယ်မြေထဲ ငြိမ်ငြိမ်ကုပ်ကုပ်လေး နေနေရှာသည့် သနားစရာအမျိုးသားလေးကို သွားခေါ်ရန်သာ ရှိတော့သည်။
………………………………………….
TN : Zero လေးမှာ မဟူရာည ရှိတယ်။ အသက်တံခါးမှာလည်း မရဏတံခါးလို့ခေါ်တဲ့ ရှို့လော်နယ်မြေ ရှိတယ်။ ဒါဒါတို့ရော ဘာရှိလဲဟင် : P
………………………………………….
Zawgyi
လက္ရွိအေရးႀကီးသည္ကား သူ႔အေရွ႕မွာရွိေနသည့္ လူခုနစ္ေယာက္ႏွင့္ ဘယ္လိုရင္ဆိုင္ရမလဲ ဆိုတာပင္။
ျခဴးမုယြင္သည္ သူျပန္ရခဲ့ေသာ မွတ္ဉာဏ္အပုံလိုက္ႀကီးကို ျပန္ေတြးမိသြား၏။ ထိုခုနစ္ေယာက္ကို အေၾကာင္းစုံေျပာျပရန္ မျဖစ္ႏိုင္ေပ။ သူတို႔အားလုံး မွတ္ဉာဏ္ျပန္ရေအာင္ ‘အသက္တံခါး’ထဲ တြန္းထည့္သင့္ၿပီေလာ။
မျဖစ္ႏိုင္ေပ။ ေျခာက္ေယာက္က သတိအျပည့္ရွိေနသျဖင့္ တစ္ေယာက္ေလးပင္ လွည့္စားႏိုင္မည္မဟုတ္။
ဤသို႔ဆိုလွ်င္…
ထိုအေၾကာင္းေတြးရင္း ျခဴးမုယြင္၏စိတ္ထဲ အႀကံတစ္ခုေပၚလာသည္။
သူသာ ‘အသက္တံခါး’ထဲ ဝင္သြားလွ်င္ သူတို႔လည္း လိုက္ဝင္ၾကလိမ့္မည္။ ထိုအခါ သူက ‘အသက္တံခါး’ကို အခ်ိန္ကိုက္ ထိန္းခ်ဳပ္၍ သူတို႔၏မွတ္ဉာဏ္မ်ားကို ျပန္ရွာေပးမည္။ ထိုတစ္ခဏတြင္ သူတို႔အားလုံး ‘အသက္တံခါး’ထဲ ပိတ္မိေနမွာျဖစ္ၿပီး သူက ထိုအေျခအေနကို အခြင့္ေကာင္းယူ၍ Zero ေလး(ခႏၶာကိုယ္)ကို ကယ္တင္ကာ ရႈိ႕ေလာ္နယ္ေျမသို႔ သြားႏိုင္ေပလိမ့္မည္။
သို႔ႏွင့္ ျခဴးမုယြင္သည္ လူတိုင္း၏အၾကည့္ေအာက္ စကားတစ္ခြန္းမွ်မဆို၊ တစ္ခ်က္ေလးပင္ လွည့္မၾကည့္ဘဲ ‘အသက္တံခါး’ထဲသို႔ ဝင္သြားေတာ့သည္။
အနီးဆုံးတြင္ရွိေနသည့္ လင္း႐ႊမ္က လွမ္းဆြဲလိုက္ပါေသာ္ျငား ထင္မွတ္မထားဘဲ အနားကပ္သြားသည္ႏွင့္ အရွိန္ျပင္းျပင္း ဆြဲငင္ခံရေတာ့သည္။
က်န္ငါးေယာက္လည္း ခ်က္ခ်င္း လႈပ္ရွားၾကေတာ့၏။ အခ်င္းခ်င္းထုတ္ေျပာစရာမလိုေအာင္ နားလည္မႈအျပည့္ျဖင့္ ကိုယ္စီစြမ္းအားထုတ္ၿပီး ‘အသက္တံခါး’ကို ဖိႏွိပ္ရန္ ႀကိဳးစားခဲ့ၾကသည္။
သို႔ေသာ္… သူတို႔၏အင္အားျဖင့္ ‘အသက္တံခါး’အေပၚ ျခဴးမုယြင္၏ ထိန္းခ်ဳပ္လႊမ္းမိုးမႈကို အဘယ္သို႔ တြန္းလွန္ႏိုင္မည္နည္း။
ေသခ်ာတာေပါ့၊ ‘အသက္တံခါး’က ထိန္းခ်ဳပ္မႈလြတ္သြားၿပီး စြမ္းအင္လႈိင္းမ်ား ျဖာထြက္လာခဲ့သည္။ ထိုအခ်ိန္တြင္ ျဖစ္ပ်က္သမွ်အေၾကာင္းစုံကို သိထားသည့္ တစ္ဦးတည္းေသာ ယဲ့က်န႔္ဟန္က ညင္းသြဲ႕သြဲ႕ရယ္ေမာကာ ႏႈတ္ခမ္းပါးမ်ား လႈပ္ရွားလာသည္။
ျခဴးမုယြင္သည္ သူ၏အသံကို မၾကားရပါေသာ္လည္း ပါးစပ္လႈပ္ရွားပုံကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။
“အားယြင္.. ကိုယ္ မင္းကို အရမ္းလြမ္းေနတာ..”
ျခဴးမုယြင္က ၿပဳံးလ်က္ ျပန္လည္တုံ႔ျပန္လိုက္သည္။ : “ငါေရာပဲ..”
စကားဖလွယ္ၿပီးေနာက္ ျခဴးမုယြင္သည္ Zero ေလး၏ ခႏၶာကိုယ္ကို ျမႇဳပ္ႏွံထားေသာ ဥမင္လိုဏ္ေခါင္းထဲသို႔ ခုန္ဆင္းသြားေတာ့သည္။
ေျမေအာက္တြင္ ပထမဆုံးျမင္လိုက္ရစဥ္က ဧရာမသားရဲႀကီး၏ သနားခ်င့္စဖြယ္ပုံစံကို ျပန္ျမင္ေယာင္မိရင္း ျခဴးမုယြင္မွာ စိတ္မေကာင္းျဖစ္သြားရသည္။
ဒီကေလး တကယ့္ကို ခက္ခဲခဲ့တာပဲ..!
ျခဴးမုယြင္သည္ လက္တစ္ခ်က္ေျမႇာက္ကာ အစီအရင္ကို ဖ်က္ဆီးပစ္လိုက္ၿပီး ေမ့ေမ်ာေနေသာ လင္းစုယြင္၏ ခႏၶာကိုယ္ကို ခပ္ေဝးေဝးသို႔ ဖယ္ထုတ္ပစ္လိုက္သည္။ ၿပီးေနာက္ ဧရာမသားရဲႀကီးကို ေျမျပင္ေပၚသို႔ ေအာင္ေအာင္ျမင္ျမင္ ဆြဲထုတ္ႏိုင္ခဲ့ေလသည္။
ႏွစ္သန္းေပါင္းမ်ားစြာ ကုန္လြန္ခဲ့ၿပီးျဖစ္၍ ယုတၱိရွိရွိဆိုရလွ်င္ Zero ေလး၏ ခႏၶာကိုယ္က အ႐ြယ္ေရာက္သင့္ေနေခ်ၿပီ။ သို႔ေသာ္ ၎၏ဝိဉာဥ္ကို ဆုံးရႈံးလိုက္ရသျဖင့္ ခႏၶာကိုယ္က အခြံလြတ္တစ္ခုပမာ ျဖစ္ေနၿပီး တစ္ခ်ိန္လုံး ေအးခဲခံထားရေသာေၾကာင့္ ဆယ္ေက်ာ္သက္အသြင္က ေျပာင္းလဲမႈမရွိ။
သို႔ေသာ္ အံ့ဖြယ္သားရဲ၏ ဆယ္ေက်ာ္သက္ပုံစံကလည္း တကယ့္ကို ႀကီးမားလြန္းရာ ျမင့္ျမတ္ထည္ဝါေသာ ေတာင္ႀကီးတစ္လုံးသဖြယ္ ျဖစ္ေနေတာ့သည္။
ျခဴးမုယြင္သည္ မႏၲန္႐ြတ္ၿပီး ေကာင္းကင္ေပၚသို႔ ပ်ံတက္လိုက္သည္။ ၿပီးေနာက္ ဧရာမမ်က္လုံးႀကီးမ်ားကို ၾကည့္ကာ..
“Zero.. မင္းရဲ႕ခႏၶာကိုယ္ထဲ ျပန္သြားေတာ့..”
ႏွစ္ေထာင္ေပါင္းမ်ားစြာ ခႏၶာကိုယ္တစ္ခုတည္း မွ်ေဝသုံးစြဲခဲ့ရၿပီး ယခုလို ႐ုတ္ခ်ည္း ထြက္ခြာသြားေသာအခါ ျခဴးမုယြင္၏ရင္ထဲ လစ္ဟာသြားသလို ခံစားလိုက္ရသည္။ သို႔ေသာ္ တဖ်တ္ဖ်တ္ေတာက္ပကာ သက္ဝင္လႈပ္ရွားလာေသာ ဧရာမမ်က္ဝန္းဝိုင္းႀကီးမ်ားကို ၾကည့္ၿပီး ျခဴးမုယြင္ မွင္သက္သြားရျပန္သည္။
Zero ေလးသည္ လြဲမွားမႈတခ်ိဳ႕ေၾကာင့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ကိုယ့္ကိုယ္ကို ‘စနစ္(System)’တစ္ခုဟု ထင္မွတ္ေနခဲ့၏။ ထို႔ေၾကာင့္ ယခုလို မူလခႏၶာကိုယ္ထဲ ႐ုတ္တရက္ ျပန္ေရာက္သြားေသာအခါ အနည္းငယ္ ကိုး႐ိုးကားယား ျဖစ္ေနေတာ့သည္။
ထိုသို႔ ေနသားမက်ျဖစ္ေနသည့္ ရလဒ္ကား..
သားရဲႀကီးခမ်ာ ဘုန္းခနဲ ျမည္သံႀကီးႏွင့္အတူ ေနာက္ျပန္လန္က်သြားေတာ့သည္။
ျခဴးမုယြင္က ၿပဳံးကာ.. : “အ႐ြယ္ေရာက္ေနၿပီေလ.. လူသားပုံစံ ေျပာင္းၾကည့္..”
Zero ေလးက ဇေဝဇဝါျဖစ္ေနဟန္ျဖင့္.. : “ဘယ္လိုေျပာင္းရမွာလဲ..?”
ျခဴးမုယြင္က ၿပဳံးလိုက္ၿပီး သားရဲေလးကို သင္ေပးခဲ့သည္။
Zero ေလး၏ သေဘာေပါက္ႏိုင္စြမ္းက က်န္ရွိေနဆဲပင္။ သူက မ်က္လုံးမွိတ္ကာ ႀကိဳးစားၾကည့္လိုက္၏။ ဝုန္းခနဲ ျမည္သံႏွင့္အတူ အျဖဴေရာင္မီးခိုးမ်ား ႂကြတက္လာၿပီးေနာက္ ျပန္လည္စုစည္းသြားကာ ျဖဴေဖြးသြယ္လ်ေသာ ေကာင္ငယ္ေလးအျဖစ္ ေျမျပင္ေပၚသို႔ ညင္သာစြာ သက္ဆင္းသြားသည္။
ျခဴးမုယြင္က သိုေလွာင္အိမ္ထဲမွ အက်ႌတစ္စုံထုတ္ကာ.. : “ဝတ္ထားလိုက္.. အေအးမမိေစနဲ႔..”
Zero ေလးသည္ စိတ္လႈပ္ရွားမႈအျပည့္ျဖင့္ ကပ်ာကယာ အက်ႌဝတ္လိုက္သည္။ ၿပီးေနာက္ သူ႔အတြက္ အလြန္ဆန္းသစ္ေသာ ေျခလက္မ်ားကို ငုံ႔ၾကည့္ကာ..
“Host.. ကြၽန္ေတာ္ တကယ္ႀကီး…”
ျခဴးမုယြင္က ျဖတ္ေျပာသည္။ : “ဘယ္လိုျဖစ္ၿပီး မင္းကိုယ္မင္း System လို႔ ထင္သြားတာလဲ..?” သူ႔ကိုလည္း Host လို႔ ေခၚေနေသးတယ္..!
Zero : “ေျပာရရင္ အရွည္ႀကီးပဲ..” ျခဴးမုယြင္ ဘာမွထပ္မေမးခင္ Zero ေလးက ဆက္ေျပာလာသည္။ “ကြန္ျပဴတာက ေျပာျပတာ.. အဲ့ကိစၥကို ေနာက္မွေျပာျပမယ္ေလ.. ခႏၶာကိုယ္ အရင္ရွာၾကရေအာင္.”
‘ကြန္ျပဴတာထဲမွာ ျမင္လိုက္ရတာ’ဟု မေျပာဘဲ ‘ကြန္ျပဴတာက ေျပာျပတာ’ဟူ၍ သုံးႏႈန္းသြားေၾကာင္း ျခဴးမုယြင္ သတိျပဳမိလိုက္သည္။ Zero ေလး သတိလစ္သြားၿပီးေနာက္ ထူးျခားဆန္းၾကယ္သည့္ ကိစၥတခ်ိဳ႕ ရွိခဲ့ပုံပင္။
သူ႔ကိုယ္သူ System တစ္ခုဟု အဘယ္ေၾကာင့္ ေတြးထင္ေနသနည္း။ ‘တာဝန္’ ဟူသည့္ အေျခအေနတစ္ရပ္ အဘယ္ေၾကာင့္ ရွိလာသနည္း။ ထို႔အျပင္ ‘နတ္ဆိုးအရွင္ခုနစ္ပါး’၏ ပုံတူပန္းခ်ီကို အဘယ္ေၾကာင့္ ျမင္ေနရသနည္း။ ထိုသို႔ ျမင္ေနရသည့္အျပင္ ပုံတူပန္းခ်ီ မီးလင္းလာသည္ကိုၾကည့္၍ တာဝန္ေအာင္ျမင္မႈရွိမရွိကို ဆုံးျဖတ္ႏိုင္ေသးသည္။ စသည္ျဖင့္…
တကယ့္ကို သိပၸံနည္းမက်ပါေသာ္ျငား ျခဴးမုယြင္တြင္ ထိုအေၾကာင္းစဥ္းစားရန္ အခ်ိန္မရွိေသးေပ။
ယခု သူအလုပ္ခ်င္ဆုံးကိစၥကား : သူ၏ခႏၶာကိုယ္ကို ျပန္လည္ရယူရန္၊ ‘ယဲ့က်န႔္ဟန္’ကို လႊတ္ေပးရန္ႏွင့္ ေသာက္က်က္သေရတုံး ‘ေလွာင္ခ်ိဳင့္’အားလုံးကို ဖ်က္ဆီးပစ္ရန္သာ။
ျခဴးမုယြင္သည္ ေကာင္ငယ္ေလး Zero ကိုေခၚကာ ‘အသက္တံခါး’ကိုျဖတ္၍ ရႈိ႕ေလာ္နယ္ေျမသို႔ ဦးတည္သြားေတာ့သည္။
လြန္ခဲ့ေသာတစ္ေခါက္က ရႈိ႕ေလာ္နယ္ေျမသို႔ ေရာက္လာစဥ္ ျခဴးမုယြင္သည္ အလြန္အမင္း သတိထားေနခဲ့ရၿပီး ဖိအားမ်ားစြာ ခံစားခဲ့ရသည္။ ယဲ့သမ့္သမ့္လည္း ထိုနယ္ေျမေၾကာင့္ ႀကိမ္ဖန္မ်ားစြာ ဆင္းရဲဒုကၡခံခဲ့ရသည္။
ယခုေတာ့ ရွင္ဘုရင္ ေျပာင္းလဲသြားေခ်ၿပီ။
ျခဴးမုယြင္က ‘အသက္တံခါး’ကိုပိတ္ကာ Zero ေလးကို လႊတ္ေပးလိုက္ၿပီး <<နတ္ဆိုးတိုင္းျပည္>> ၏ မွ်ေျခကို ဆက္လက္ထိန္းသိမ္းထားရန္ ရႈိ႕ေလာ္နယ္ေျမတစ္ခုတည္းကိုသာ ပုံအပ္ပစ္လိုက္သည္။
သို႔ေသာ္ ရႈိ႕ေလာ္နယ္ေျမသို႔ ခ်ဥ္းကပ္သြားသည့္အခိုက္ အႏွီမေကာင္းဆိုးဝါးနယ္ေျမက သုံးႀကိမ္သုံးခါ လႈပ္ယမ္းသြားခဲ့သည္။
ဘဝရဲ႕ အႀကီးဆုံးရန္ဘက္ႏွစ္ခုက အတူတူေရာက္လာတယ္ေပါ့။ ရႈိ႕ေလာ္နယ္ေျမကို သူရဲေဘာေၾကာင္မယ္ ထင္လို႔လား..?
ျခဴးမုယြင္က တည့္မတ္စြာ ေလွ်ာက္ဝင္သြားသည္။
ရႈိ႕ေလာ္နယ္ေျမသည္ ဖိအားအရွိန္ေၾကာင့္ ဝိဉာဥ္လႈိင္းလုံးႀကီးတစ္ခု ႂကြတက္လာၿပီး ျခဴးမုယြင္ထံသို႔ မေကာင္းသည့္ စိတ္ခံစားခ်က္မ်ိဳးစုံ ေျပးဝင္သြားေလ၏။ တစ္ဖက္လူ၏ ဝိဉာဥ္ထဲ က်ဴးေက်ာ္ဝင္ေရာက္ႏိုင္သေ႐ြ႕ မည္သည့္သက္ရွိမဆို ဒူးေထာက္သြားရသည္ခ်ည္း။
သို႔ေသာ္ ျခဴးမုယြင္က မလႈပ္မယွက္ မတ္တပ္ရပ္ေနၿပီး လက္ေခ်ာင္းေလးမ်ားကို အသာလႈပ္ရွားလိုက္သည္။ ထိုအခါ သူ၏ အေနာက္ဘက္တြင္ ‘အသက္တံခါး’ ေပၚထြက္လာၿပီး ရႈိ႕ေလာ္နယ္ေျမ အသည္းအသန္ စုစည္းထားခဲ့ရသည့္ ဝိဉာဥ္လႈိင္းလုံးႀကီးကို ျပင္းထန္စြာေသာ ဆြဲငင္အားျဖင့္ လ်င္ျမန္စြာ ဝါးၿမိဳသြားေတာ့သည္။
ရႈိ႕ေလာ္နယ္ေျမက အဘယ္သို႔ အလြယ္တကူ လက္ေလ်ာ့ႏိုင္မည္နည္း။ စြမ္းအားမ်ား အဆက္မျပတ္ ေပါက္ကြဲထြက္လာၿပီး ေသေဘးအလယ္ ၿမဲၿမံခိုင္မာစြာ မတ္တပ္ရပ္ေနေသာ အမ်ိဳးသားကို ႏွိပ္စက္ညႇင္းပန္းရန္ ႀကိဳးစားေတာ့သည္။
သို႔ေသာ္ ျခဴးမုယြင္သည္ ထိုသို႔ႀကိဳးစားလာမည္ျဖစ္ေၾကာင္း သိေနပုံရ၏။ ထိုမွ်မက ယင္းမေကာင္းဆိုးဝါးနယ္ေျမ၏ လုပ္႐ိုးလုပ္စဥ္၊ သားေကာင္လိုက္နည္းအလုံးစုံကို နားလည္ေနသည့္အလား မ်က္ႏွာတစ္ခ်က္မပ်က္ေပ။
ပို၍ေၾကာက္စရာေကာင္းသည္ကား ရႈိ႕ေလာ္နယ္ေျမ၏ အနက္ရႈိင္းဆုံးေနရာအထိ ထိုအမ်ိဳးသားႏွင့္ အလြန္ရင္းႏွီးကြၽမ္းဝင္ေနသလို ခံစားေနရျခင္းပင္။ ထိုခံစားခ်က္က တကယ့္ကို ေၾကာက္စရာေကာင္းလြန္းသည္။ သက္ရွိလူသားတစ္ေယာက္၏ အေတြးပုံစံမ်ိဳး ဆိုရလွ်င္ တစ္ေယာက္ေယာက္က ခႏၶာကိုယ္ထဲဝင္ၿပီး ‘ဓားထက္ထက္တစ္ေခ်ာင္း’ျဖင့္ ႏွလုံးအိမ္မွ အစာအိမ္တစ္ေလွ်ာက္ ထိုးခြဲပစ္လိုက္သည့္ႏွယ္။
မည္သူက မေၾကာက္႐ြံ႕ဘဲေနမည္နည္း။ အသိစိတ္မ်ားမ်ားစားစားမရွိေသာ ရႈိ႕ေလာ္နယ္ေျမလည္း ေသမတတ္ ေၾကာက္႐ြံ႕သြားရွာသည္။
ဒါေပါ့၊ ျခဴးမုယြင္၏ ရည္႐ြယ္ခ်က္က ရႈိ႕ေလာ္နယ္ေျမကို ဖ်က္ဆီးလိုျခင္းမဟုတ္။ ‘အသက္တံခါး’ကို အသက္သြင္း၍ ရႈိ႕ေလာ္နယ္ေျမ၏ ႏွစ္ေပါင္းမ်ားစြာ စုေဆာင္းထားခဲ့ေသာ စိတ္ဝိဉာဥ္အမ်ားစုကို ဝါးၿမိဳပစ္ၿပီးေနာက္ သူ၏ခႏၶာကိုယ္ကို ျပန္ရွာေတြ႕ခဲ့ေလသည္။
သူက လက္လွမ္းကာ အလင္းတန္းမ်ားၾကားထဲ ပိတ္မိေနသည့္ ခႏၶာကိုယ္ကို ဆြဲထုတ္လိုက္သည္။
မူလခႏၶာကိုယ္မွ ျခဴးမုယြင္ ျပန္လည္ႏိုးထလာခ်ိန္ ရႈိ႕ေလာ္နယ္ေျမတစ္ခုလုံး ငလ်င္လႈပ္သလို ျပင္းျပင္းထန္ထန္ တုန္ခါေတာ့သည္။
ဒီလူက… ဒီလူက… တကယ္ေတာ့….
ျခဴးမုယြင္က အသာေခါင္းေမာ့ကာ ရႈိ႕ေလာ္နယ္ေျမကို စိုက္ၾကည့္လိုက္ၿပီး.. : “လိမၼာစမ္း.. ျပႆနာမရွာနဲ႔ေတာ့.. ေနာက္တစ္ေခါက္ဆို မလြယ္ဘူးမွတ္..”
ထိုသို႔ေျပာၿပီးေနာက္ ရႈိ႕ေလာ္နယ္ေျမထဲမွ ထြက္သြားေတာ့သည္။
… တကယ္ေတာ့… ဖန္ဆင္းရွင္နတ္ဘုရားပဲ..!
ရႈိ႕ေလာ္နယ္ေျမသည္ ေဘာလုံးေလးသဖြယ္ က်ဳံ႕ဝင္သြားၿပီး ကမာၻ႔အစြန္ဆုံးေနရာ၌ သြားပုန္းေနေတာ့သည္။
မူလခႏၶာကိုယ္ကို ျပန္ရခဲ့ၿပီျဖစ္၍ ေနာက္တစ္ဆင့္ကား ကမာၻအေဟာင္းသို႔ ျပန္သြားရန္ ျဖစ္၏။
ထိုစစ္ဆင္ေရးက ႐ိုးရွင္းသေလာက္ ၾကမ္းတမ္းလိမ့္မည္။ ျခဴးမုယြင္အေနျဖင့္ နတ္ဆိုးနယ္ေျမႏွင့္ ကမာၻအေဟာင္းကို တစ္ခါတည္း တိုက္မိသြားေအာင္လုပ္ၿပီး ကမာၻေျမေပၚက ၾကယ္ေႂကြသလို လုပ္ပစ္ႏိုင္သည္။ မည္သူမွ် အသက္ရွင္က်န္ရစ္မည္မဟုတ္။
သို႔ေသာ္ ျခဴးမုယြင္က နတ္ဆိုးတိုင္းျပည္အေပၚ ရန္ၿငိဳးမရွိသျဖင့္ မပ်က္စီးေစခ်င္ေပ။
ရႈိ႕ေလာ္နယ္ေျမကိုလည္း အနည္းအက်ဥ္းသာ ဆုံးမခဲ့သည္။ မည္သို႔ဆိုေစ သူ ဖန္တီးခဲ့သည့္ အရာတစ္ခုျဖစ္၍ အေသးအဖြဲကိစၥေလးမ်ားကို ခြင့္လႊတ္လိုက္သည္။
သို႔ေသာ္ ကမာၻေဟာင္းကေတာ့ မတူေပ။ ထိုအရာက ျခဴးမုယြင္ကို ပိတ္ေလွာင္ၿပီး လင္း႐ႊမ္ကို သတ္ခဲ့သည္။ ေနာက္ဆုံး ယဲ့က်န႔္ဟန္ကိုပါ ပိတ္ေလွာင္ထားခဲ့သည္။
ဇနီးကိုသတ္သည့္ ရန္ၿငိဳးက တစ္သက္မေျပႏိုင္။
သူ၏ေသြးသားရင္း ျဖစ္ေနလွ်င္ပင္ အျပစ္ရွိသည့္အေလ်ာက္ ဆုံးမခံရေပမည္။
ျခဴးမုယြင္သည္ ေနာက္တဆင့္အတြက္ အေကာင္းဆုံး စီစဥ္ေနၿပီး အဆင္ေျပဆုံးနည္းလမ္းတစ္ခုကို ေ႐ြးခ်ယ္လိုက္၏။
နတ္ဆိုးတိုင္းျပည္ကမာၻသည္ စတင္ျဖစ္တည္လာတာ သိပ္မၾကာေသးသျဖင့္ ေမွာ္စြမ္းအား ျမင့္မားေသာ္လည္း နယ္ေျမအပိုင္းအျခားက သိပ္မက်ယ္ဝန္းေပ။ သို႔ျဖစ္ရာ ဖြံၿဖိဳးတိုးတက္သည့္အပိုင္းတြင္ အနည္းငယ္ အခက္အခဲရွိလာသည္။ အထူးသျဖင့္ မိစာၦမ်ိဳးႏြယ္၏ ဖိႏွိပ္အႏိုင္က်င့္မႈကို ခံေနရသည့္ ဘာမွမသိနားမလည္ေသာ သနားစရာလူသားက်င့္ႀကံသူမ်ားျဖစ္ၿပီး ခ်ိဳ႕တဲ့ႏြမ္းပါးသည့္ ေနရာက်ဥ္းက်ဥ္းေလးတြင္ ေနထိုင္ရသည္မွာ တရားမွ်တမႈမရွိေတာ့ေပ။
သူတို႔အားလုံးကို သူကိုယ္တိုင္ ဖန္တီးထားျခင္းျဖစ္၍ ဘယ္ဘက္ကိုမွ ဘက္မလိုက္သင့္ဟု ျခဴးမုယြင္ ေတြးလိုက္မိသည္။ ထို႔ေၾကာင့္ ‘အသက္တံခါး’ကို အသုံးျပဳ၍ ကမာၻႏွစ္ခုကို ဆက္သြယ္ၿပီး နတ္ဆိုးတိုင္းျပည္ကမာၻမွ လူသားမ်ိဳးႏြယ္ကို ကမာၻေဟာင္းသို႔ ပို႔ေပးရန္ စီစဥ္လိုက္သည္။ ကမာၻေဟာင္းသည္ နယ္ေျမက်ယ္ျပန႔္ၿပီး ေရေျမသယံဇာတမ်ား အလွ်ံအပယ္ ေပါႂကြယ္ဝ၏။ ထိုေနရာမွာဆိုလွ်င္ လူသားမ်ားလည္း သူတို႔၏ကိုယ္ပိုင္ခြန္အားျဖင့္ နယ္ေျမမ်ားကို ခ်ဲ႕ထြင္ႏိုင္ေပလိမ့္မည္။
‘နတ္ဘုရား’ ဖန္တီးေပးထားသည့္ အရိပ္အာဝါသေအာက္ ေနၿပီး ေအးေအးခ်မ္းခ်မ္း ေသာက္စားေပ်ာ္ပါးကာ ေသရန္ေစာင့္ဆိုင္းေနေသာ၊ ‘နတ္ဘုရား’ကိုပင္ ျပစ္တင္ေစာ္ကားရဲေသာ ကမာၻေဟာင္းမွ သတၱဝါမ်ားအတြက္ေတာ့ ‘ခြန္အားႀကီးသူက ရွင္ဘုရင္’ဟူသည့္ ေတာ၏ဥပေဒကို သင္ယူေလ့လာရမည့္၊ အသက္ရွင္ရန္ ႀကိဳးစား႐ုန္းကန္ရေတာ့မည့္ အခ်ိန္ကာလသို႔ ေရာက္လာေခ်ၿပီ။
သက္ရွိဝိဉာဥ္မ်ား၏ အမ်က္ေဒါသကိုလည္း စိုးရိမ္ေနစရာမလိုေတာ့။ ရႈိ႕ေလာ္နယ္ေျမရွိေနသေ႐ြ႕ မေကာင္းသည့္ခံစားခ်က္မ်ား မည္မွ်ျဖစ္ေပၚလာပါေစ၊ ဗိုက္ေဟာင္းေလာင္းျဖစ္ေနသည့္ ယင္းနယ္ေျမအတြက္ အစာျဖစ္သြားရလိမ့္မည္။
ဤသို႔ဆိုလွ်င္ ျခဴးမုယြင္အတြက္ လုပ္စရာတစ္ခုတည္းသာ က်န္ေတာ့သည္။
ေလွာင္အိမ္တစ္ျဖစ္လဲ ဗလာနတၳိနယ္ေျမထဲ ၿငိမ္ၿငိမ္ကုပ္ကုပ္ေလး ေနေနရွာသည့္ သနားစရာအမ်ိဳးသားေလးကို သြားေခၚရန္သာ ရွိေတာ့သည္။
………………………………………….
TN : Zero ေလးမွာ မဟူရာည ရွိတယ္။ အသက္တံခါးမွာလည္း မရဏတံခါးလို႔ေခၚတဲ့ ရႈိ႕ေလာ္နယ္ေျမ ရွိတယ္။ ဒါဒါတို႔ေရာ ဘာရွိလဲဟင္ : P
………………………………………….