Unicode
သောက်ကျိုးနည်းတွေကွာ..! သူ ဘာလို့ဒီလောက်ဘဝင်ရူးခဲ့ရတာလဲ..?
သူ အရင်က ဘာလို့ဒီလောက်တုံးအခဲ့တာလဲ တွေးကြည့်လို့တောင်မရဘူး..!
နတ်ဘုရားဖြစ်တာ အရမ်းကြာသွားလို့ အပျိုစင်မယ်ရီလို ဖြစ်သွားတာများလား..?
နှစ်သန်းပေါင်းများစွာ ပိတ်မိခဲ့တာတောင် အဲ့လှောင်ချိုင့်ကို ဖောက်ထွက်ဖို့မလုပ်ဘဲ ဆက်ခံသူရှာဖို့ပဲ စဉ်းစားနေတယ်..? မင်းတောင် အဲနေရာမှာ မနေချင်တာ၊ မင်းရဲ့ဆက်ခံသူရော နေချင်ပါ့မလားဟ.. စဉ်းစားဦးမှပေါ့..!
ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာကို တစ်ကြိမ်မွေးစားရုံနဲ့ နားမလည်လို့ ငါးကြိမ်တောင် မွေးစားခဲ့ရသတဲ့..!
အမှန်အတိုင်းပြောရရင် မော့ကျိုးရှောင်၊ ရန်ချန်း၊ ရှန်ရွှိန်ယန်း၊ ကျွင်းမော့နဲ့ ရှဲ့ချင်းလန်တို့ <<နတ်ဆိုးတိုင်းပြည်>> မှာ အခုလိုတွေ လုပ်နေတာက အရင်ဘဝတုန်းက အနိုင်ကျင့်ခံခဲ့ရလို့ပဲ။ စိတ်စွဲနေတဲ့ အမျက်ဒေါသတွေကို ကမ္ဘာလောကအပေါ် ပုံချပစ်လိုက်တာ ဖြစ်ရမယ်..!
လင်းရွှမ်ရဲ့ဘဝက ပိုပြီးတောင် အဓိပ္ပါယ်မဲ့သေးတယ်။
အရင်လူက ရှားရှားပါးပါး တစ်ကြိမ်လောက် သတ္တိရှိချင်ခဲ့တယ်ဆိုပြီး သက်ရှိသတ္တဝါတွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရတော့ သွေးကြောင်သွားပြန်ရောတဲ့လား..? လင်းရွှမ်က သူ့ကြောင့် သေသွားရတယ်။ အဲတာ ဒီကျက်သရေတုံးကမ္ဘာကို ဖျက်ဆီးပစ်ရမယ့်အစား ရိုးသားတဲ့ဖိုးသခွားလေးလို ‘နတ်ဘုရား’အဖြစ် ပြန်သွားသတဲ့။
သက်ရှိသတ္တဝါတွေရဲ့ အမျက်ဒေါသက သူ့အပေါ်ကို ဘာလို့ကျရောက်ရမှာလဲ..? သူက ဖန်ဆင်းရှင်နတ်ဘုရား ဖြစ်နေတာကြောင့်လား..? သူတို့ကို ဖန်ဆင်းမိခဲ့လို့လား..?
အို့.. အံ့ဩစရာကောင်းလိုက်တဲ့ လော့ဂျစ်ကြီး..!
သူတို့ကို ဖန်တီးခဲ့မိလို့ သူက ထာဝရ ပိတ်လှောင်ခံရသင့်တယ်ပေါ့..? နောက်ဆုံး ကိုယ့်လွတ်လမ်း ကိုယ်ရှာတော့လည်း သူတို့က ဒေါသထွက်ပြီး သူ့ကို သတ်ချင်နေကြပြန်တယ်..?
သူက အဲကမ္ဘာကြီးကို ဖန်တီးခဲ့မိလို့ အပြစ်ဖြစ်သွားတာလား..?
သက်ရှိဝိဉာဉ်တွေက ‘ခြူးမုယွင်’ကို ယုံကြည်ကိုးကွယ်ပြီး ‘ခြူးမုယွင်’မရှိဘဲ ဘာမှမလုပ်နိုင်ဘူးဆိုရင် ယဲ့ကျန့်ဟန် ‘နတ်ဘုရားသတ်ပွဲ’လုပ်တော့ သူတို့ ဘာလို့ စိတ်ကျေနပ်သွားကြတာလဲ..?
ပြီးတော့ ‘နတ်ဘုရားအသစ်’ရဲ့ ရှေ့မှောက်မှာ ဒူးထောက်ပြီး ခေတ်သစ်တစ်ခု ပေါ်ထွက်လာတဲ့အတွက် ပျော်မြူးနေကြသေးတယ် မဟုတ်လား..?
ဒါဆို သူတို့က သူတို့ကို ဘယ်သူဖန်တီးခဲ့တာလဲ၊ သူတို့ကို ဘယ်သူက ဖြည့်ဆည်းပေးနေသလဲဆိုတာကို ဂရုစိုက်တာမှမဟုတ်တာ။ သူတို့လိုချင်တာက တစ်သက်လုံး ဂုတ်သွေးစုပ်လို့ရနိုင်မယ့် အသက်ဝိဉာဉ်တစ်ခု၊ အဆောင်အယောင်တစ်ခုပဲ..!
ဒီလောက်ဆိုးဝါးတဲ့ ကမ္ဘာလောကနဲ့ အဓိပ္ပါယ်မဲ့လိုက်တဲ့ သက်ရှိဝိဉာဉ်တွေ.. ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ..?!
ယဲ့ကျန့်ဟန်သည် ဤကမ္ဘာလောကကို သိမ်းပိုက်ပြီးနောက် အရာအားလုံးကို ဖျက်ဆီးပစ်ချင်ခဲ့မှန်း ယနေ့တော့ ခြူးမုယွင် သိလိုက်ချေပြီ။
သူသာ ဤကမ္ဘာလောကကို ဖျက်ဆီးလိုက်လျှင် ခြူးမုယွင်လည်း ချည်နှောင်ခံရတော့မည်မဟုတ်။ သို့ဖြစ်ရာ သူတို့နှစ်ဦး အတူနေနိုင်ပေလိမ့်မည်။
သို့သော် ‘နတ်ဘုရား’ဟုခေါ်သော ခြူးမုယွင်၏ သဘောဆန္ဒက တကယ့်ကို နားလည်ရခက်ခဲ့သည်။
ယဲ့ကျန့်ဟန်သည် ‘နတ်ဘုရားနယ်မြေ’ဂိတ်ဝသို့ ရောက်ရှိသွားချိန်တွင် ကိုယ်ကျိုးကင်းသည့် ချစ်ခြင်းရှိမှသာ ထိုနယ်မြေထဲ ဝင်ရောက်နိုင်ကြောင်း သိလိုက်ရသဖြင့် ကမ္ဘာဖျက်မည့်အကြံကို လက်လျော့ပစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ခြူးမုယွင် အမက်မောဆုံးက ‘လွတ်လပ်မှု’ဖြစ်ပြီး ဒုတိယအချစ်ဆုံးက ဤစိတ်ပျက်စရာကမ္ဘာကြီးဟူ၍ ထင်သွားသောကြောင့်ပင်။
သူ့အတွက်တော့ နေရာမရှိမှာတောင် ကြောက်ရပါသည်။
ယဲ့ကျန့်ဟန် လုပ်ခဲ့သမျှသည် ခြူးမုယွင်၏ဆန္ဒဟု ထင်ရသော ကိစ္စအားလုံးကို ဖြည့်ဆည်းပေးခဲ့ခြင်းသာ။
ထိုအတိတ်က ခြူးမုယွင် ဘာထပ်လုပ်ခဲ့သလဲ ကြည့်ကြပါစို့။ သူက ကမ္ဘာအသစ်တစ်ခု ဖန်တီးလိုခဲ့ပြန်သည်။ ကောင်းရော.. ဆရာခြူးလည်း ယခုလိုသာ ပြောလိုက်ချင်တော့သည်။
ကောင်းတယ်.. အရမ်းကောင်းတယ်..!
သို့သော် အနှီနတ်ဘုရားကြီးက ပေါက်ကရထပ်လုပ်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။
သူက ကျရှုံးမှုတစ်ခု ဖန်တီးခဲ့ပြီးတာတောင် ထပ်တူညီသောအမှားမျိုး ထပ်လုပ်ခဲ့သေးသည်။
ဒီဝေဖန်ချက်နဲ့ပတ်သက်ပြီး နတ်ဘုရားကြီးက မကျေနပ်ဘူး : ဘယ်နားက တူညီတဲ့အမှားလဲ..? ကမ္ဘာအသစ်ကို နတ်ဘုရားမလိုအောင် ဖန်တီးခဲ့တယ်လေ.. ငါလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲ..!
ဆရာခြူး : ဖာ့ခ်ယူ… @#¥%@%@#$%^&! #¥%.
နတ်ဘုရားကြီး : !!!
ဆရာခြူး သက်ပြင်းချလိုက်သည်။ : မင်းမှာသာ ဦးနှောက်ရှိရင် ပထမဖန်တီးခဲ့တဲ့ကမ္ဘာရဲ့ အားနည်းချက်က နတ်ဘုရားတစ်ပါး လိုအပ်နေတာမဟုတ်ဘဲ အပြည့်အဝ ထိန်းချုပ်လို့မရတာဆိုတာ သိနေသင့်တာပေါ့။ အဲ့ကမ္ဘာကို ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ရင် သဘာဝဘေးအန္တရာယ်ဆိုတာမျိုး ရှိလာပါဦးမလား..? သက်ရှိဝိဉာဉ်တွေရဲ့ အမျက်ဒေါသဆိုပြီး ပေါ်လာပါဦးမလား..? အဲ့လိုပြောလို့ အဲ့ကိစ္စတွေ ရှိမနေသင့်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ မင်းကိုအာခံရင် အကုန်လုံးကို ရှင်းပစ်ပြီး အသစ်တစ်ခုသာ ပြန်တည်ဆောက်လိုက်။ အဲလိုဆို ဘယ်သူက ထောင်လွှားရဲဦးမှာလဲ။
ဒါပေမဲ့ အဲ့’နတ်ဘုရား’ဆိုတဲ့လူက ထင်ယောင်ထင်မှားတွေဖြစ်ပြီး သူကိုယ်တိုင်ဖန်တီးထားတဲ့ သက်ရှိဝိဉာဉ်တွေရဲ့ ခြိမ်းခြောက်မှုအောက်မှာ ကျရှုံးသွားရတယ်လို့။ နောက်ဆုံး သူ့ရဲ့အားသာချက်တွေကိုတောင် လွှင့်ပစ်ပြီး လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်အာဏာကိုတောင် ဆုံးရှုံးလိုက်ရတယ်။ ရှက်စရာကောင်းလိုက်တာ။
ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ပြီးပြည့်စုံပြီးသား ကမ္ဘာတစ်ခုကို ဖျက်ဆီးပစ်ဖို့ တွန့်ဆုတ်နေတယ်ဆိုတာ နားလည်နိုင်ပါသေးတယ်။ ဒါပေမဲ့ အသစ်ထပ်တည်ဆောက်ထားတဲ့ ကမ္ဘာအသစ်မှာ လုပ်ပိုင်ခွင့်အာဏာကို ဒီအတိုင်း လက်လွှတ်ပစ်လိုက်ရတယ်လို့၊ ဘယ်လောက်ညံ့ဖျင်းလိုက်သလဲ..?
နားလည်လွယ်အောင် ဥပမာပေးရင် အချိန်ကုန်လူပင်ပန်းခံပြီး စက်ရုပ်တစ်ခု တည်ဆောက်ခဲ့တယ်ဆိုပါစို့။ အဲ့စက်ရုပ်ကို ခိုင်ခံ့သန်မာအောင်၊ ဉာဏ်ရည်ထက်မြက်အောင်၊ ကိုယ်ပိုင်အသိစိတ်ရှိအောင် လုပ်ပေးထားမယ်။ ပြီးတော့ စက်ရုပ်လေးက သူ့ရဲ့ခွန်အားနည်းတဲ့ ကလေးတွေကို ကောင်းကောင်းစောင့်ရှောက်ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အဲ့လိုလုပ်တတ်အောင် ပရိုဂရမ်မသွင်းပေးထားတဲ့အပြင် Auto လှုပ်ရှားနိုင်အောင်ဆိုပြီး ‘remote control’ စနစ်ကိုတောင် ဖျက်သိမ်းပစ်လိုက်သေးတယ်။
ဆိုတော့ ဒီနေရာမှာ မေးစရာမေးခွန်းတစ်ခု ရှိလာပြီ။ ဒီလိုအရည်အချင်းရှိတဲ့ ဖန်တီးမှုတစ်ခုက သာမန်ဆန်တဲ့ဘဝမျိူးကို ဘာလို့ လက်ခံနေဦးမှာလဲ..?
စကြာဝဠာကို စုစည်းဖို့အထိ ရည်မှန်းချက်ရှိလာနိုင်တဲ့ ဖန်တီးမှုတစ်ခုကို ကလေးထိန်းဖြစ်ပေးဖို့ ဘယ်လိုများတွေးထားရတာလဲ..?
ဦးနှောက်နည်းနည်းလေးရှိရင်တောင် နားလည်နိုင်လိမ့်မယ်.. အိုကေ..?
အတိတ်က‘ခြူးမုယွင်’ကို ဒီလောက်ဦးနှောက်နည်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ လက်ရှိ‘သူကိုယ်တိုင်’ ပြန်သတ်ချင်လောက်တဲ့ အထိပဲ..!
နာကျင်လိုက်တာ..! တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်တို့ မျက်လုံးကောင်းရဲ့လား သံသယရှိလာပြီ။ ဘယ်လိုလုပ်ပြီးတော့များ ဒီ’နတ်ဘုရား’ဆိုတဲ့လူကို ချစ်မိသွားကြပါလိမ့်..? ကန်းနေကြတာလား.. ဦးနှောက်မကောင်းတာလား.. မြည်းကန်ခံရလို့ ဦးနှောက်ပျက်သွားတာများလား..?
ထားပါတော့လေ.. ပြီးခဲ့တာတွေလည်း ပြီးသွားပြီပဲ။ ဒီတစ်ခေါက်တော့ ပေါက်ကရတွေ ထပ်မလုပ်တော့ဘူး..!
သူ့အပိုင်ကို သူကိုယ်တိုင် ကာကွယ်မယ်။ သူ့ရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားမယ်။ ဘယ်အရာကမှ သူတို့ကို နာကျင်အောင် လုပ်လို့မရစေရဘူး..!
ခြူးမုယွင်လည်း သက်ပြင်းအသာချလိုက်ရင်း အသိစိတ်ပြန်ကပ်သွားသည်။
သူက ခပ်တိုးတိုးလေး ပြောသည်။ : “ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..”
Zero လေး : “QAQ!”
ခြူးမုယွင် : *ခေါင်းပုတ်ပေးလိုက်*
Zero တစ်ယောက် ကြူကြူပါအောင် အော်ငိုတော့သည်။
ခြူးမုယွင်၏ မှတ်ဉာဏ်အားလုံး ပြန်ရသွားသလို Zero လေးလည်း အရာအားလုံးကို ပြန်မှတ်မိသွားချေပြီ။
နတ်ဆိုးတိုင်းပြည်အတွင်း ခြူးမုယွင်ကိုရှာဖွေရန် ရုန်းကန်ခဲ့ရသည့် နှစ်များအတွင်း Zero လေးသည် ဒုက္ခဆင်းရဲများစွာ ခံစားခဲ့ရလေ၏။ သူ၏ခန္ဓာကိုယ်က အလွန်ကြီးမားသဖြင့် ကျောက်တုံးကြီးများနှင့် ခဏခဏ ဝင်တိုက်မိသည်။ ရှို့လော်နယ်မြေထဲတွင် နာကျင်ခံစားခဲ့ရပြီး အားယွင်မရှိဘဲ အစားအသောက်ပင် မရှာတတ်ခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်တို့က သူ့ကို အကြံပေးခဲ့သည်။ သူတို့၏ အကူအညီကြောင့်သာ မဟုတ်လျှင် Zero လေးသည် ခြူးမုယွင်ကို ဘယ်လိုလိုက်ရှာရမှန်း သိမည်မဟုတ်ပေ။ ရှာတွေ့ခဲ့လျှင်လည်း အားယွင်၏ ဝိဉာဉ်ကို မည်သို့ဆွဲထုတ်ရမှန်း သိမည်မဟုတ်၊ ဝိဉာဉ်ထုတ်နိုင်လျှင်လည်း မည်သို့မည်ပုံ ဟန်ချက်ပြန်ထိန်းရမှန်း နားလည်မည်မဟုတ်ပေ။
နောက်ဆုံး ခြူးမုယွင် ‘အသက်တံခါး’ထဲ ဆွဲယူခံလိုက်ရသည့်အချိန် ‘တစ်၊ နှစ်၊ သုံး၊ လေးနှင့် ငါး’က ခြူးမုယွင်နောက် ပြေးလိုက်သွားသဖြင့် Zero လေးက သူတို့ကို ပြန်ဆွဲထားခဲ့ရသည်။
မင်းတို့ သေသွားလို့မဖြစ်ဘူး..!
Zero လေး တွေးလိုက်မိ၏။
အားယွင်ပြောခဲ့တာတော့ သူတို့လေးတွေက အားယွင်ချစ်သူရဲ့ အပိုင်းအစလေးတွေတဲ့။ အားယွင်ရဲ့ချစ်သူဆိုတော့ အရမ်းအရေးကြီးတယ်။ ‘အသက်တံခါး’ကြောင့် သူတို့လေးတွေ သေသွားရမယ့်အဖြစ်မျိုး အားယွင်လည်း ဖြစ်ချင်မှာမဟုတ်ဘူး..!
ထိုကိစ္စပြီးနောက် Zero လေးသည် သတိလစ်သွားပြီး သူ၏အသိစိတ်က နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားတော့သည်။
ဤကား ခြူးမုယွင်က မသိစိတ်၏အလိုအရ <<နတ်ဆိုးတိုင်းပြည်>> ဟူ၍ ဝတ္ထုမရေးခင်အချိန်အထိ။
ဝတ္ထုထဲတွင် မော့ကျိုးရှောင်၊ ရန်ချန်း၊ ရှန်ရွှိန်ယန်း၊ ကျွင်းမော့၊ လင်းရွှမ်၊ ရှဲ့ချင်းလန်နှင့် ယဲ့ကျန့်ဟန်တို့ အသေဆိုးဖြင့် သေသွားပုံကိုမြင်ပြီး Zero လေး လန့်နိုးလာရသည်။
သူတို့ သေလို့မဖြစ်ဘူး..!
အတိတ်မေ့သွားသော Zero လေးသည် စက္ကူဖြူတစ်စနှယ်၊ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
သူတို့အားလုံးက အားယွင်ရဲ့ ချစ်သူတွေလေ.. ဘယ်လိုလုပ် သေလို့ဖြစ်မှာလဲ..?
သူ ဘာလုပ်သင့်လဲ..?
ထိုအခိုက် Zero လေးသည် ငွေဖြူရောင်ဘောင်လှလှလေးထဲမှ စာသားတစ်ခုကို ဖျက်ခနဲ မြင်လိုက်ရသည်။
*သူမကိုချစ်ရင် လက်ထပ်ခွင့်တောင်းလိုက်ပါ*
Laptop တွင် စိန်လက်စွပ်ကြော်ငြာတစ်ခု ဖွင့်ထားခြင်းဖြစ်၏။
Zero လေးသည် အနီးကပ်ကြည့်ချင်ခဲ့ရုံသာ။ သို့သော် ထင်မှတ်မထားဘဲ Laptop ထဲ ခုန်ဝင်မိသလို ဖြစ်သွားခဲ့သည်။
ခြူးမုယွင်ခမျာ Zero လေး အငိုတိတ်အောင် မနည်းချော့လိုက်ရသည်။ အသက်ရှူရပ်မတတ် တအင့်အင့်ရှိုက်ငိုနေသော Zero လေးကိုကြည့်ပြီး ‘နတ်ဆိုးတိုင်းပြည် ပြန်ရောက်တော့ သူ့ကို ဘာလို့ နတ်ဆိုးအရှင်ခုနစ်ပါးကို လက်ထပ်ခွင့်တောင်းခိုင်းတာလဲ..’ ဟူ၍ မေးပင်မမေးနိုင်တော့ချေ။
ယခု အရေးကြီးဆုံးကိစ္စကား သူတို့၏ မူလခန္ဓာကိုယ်ကို ပြန်လည်ရယူရမည်။ ပြီးလျှင် အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲရပေလိမ့်မည်။
…………………………
TN : စကားမစပ် Meli မှာ Seven Men ပထမစာအုပ်ရဲ့ PDF file ရှိပါတယ်။ လိုချင်ရင် Telegram မှာ လာတောင်းလို့ရတယ်နော်။ Reply နောက်ကျရင် စိတ်မဆိုးပါနဲ့၊ reply မပြန်ရင်လည်း WP Chat မှာဖြစ်ဖြစ် လာပြောပါ။ Meli ရဲ့ Telegram ထဲမှာ ဟိုဂရုဒီဂရုတွေများနေလို့ Noti ပျောက်သွားတတ်လို့ရယ် : D
…………………………
Zawgyi
ေသာက္က်ိဳးနည္းေတြကြာ..! သူ ဘာလို႔ဒီေလာက္ဘဝင္႐ူးခဲ့ရတာလဲ..?
သူ အရင္က ဘာလို႔ဒီေလာက္တုံးအခဲ့တာလဲ ေတြးၾကည့္လို႔ေတာင္မရဘူး..!
နတ္ဘုရားျဖစ္တာ အရမ္းၾကာသြားလို႔ အပ်ိဳစင္မယ္ရီလို ျဖစ္သြားတာမ်ားလား..?
ႏွစ္သန္းေပါင္းမ်ားစြာ ပိတ္မိခဲ့တာေတာင္ အဲ့ေလွာင္ခ်ိဳင့္ကို ေဖာက္ထြက္ဖို႔မလုပ္ဘဲ ဆက္ခံသူရွာဖို႔ပဲ စဥ္းစားေနတယ္..? မင္းေတာင္ အဲေနရာမွာ မေနခ်င္တာ၊ မင္းရဲ႕ဆက္ခံသူေရာ ေနခ်င္ပါ့မလားဟ.. စဥ္းစားဦးမွေပါ့..!
ကိုယ္ျဖစ္ခ်င္တာ၊ ကိုယ္လိုခ်င္တာကို တစ္ႀကိမ္ေမြးစား႐ုံနဲ႔ နားမလည္လို႔ ငါးႀကိမ္ေတာင္ ေမြးစားခဲ့ရသတဲ့..!
အမွန္အတိုင္းေျပာရရင္ ေမာ့က်ိဳးေရွာင္၊ ရန္ခ်န္း၊ ရွန္႐ႊိန္ယန္း၊ ကြၽင္းေမာ့နဲ႔ ရွဲ႕ခ်င္းလန္တို႔ <<နတ္ဆိုးတိုင္းျပည္>> မွာ အခုလိုေတြ လုပ္ေနတာက အရင္ဘဝတုန္းက အႏိုင္က်င့္ခံခဲ့ရလို႔ပဲ။ စိတ္စြဲေနတဲ့ အမ်က္ေဒါသေတြကို ကမာၻေလာကအေပၚ ပုံခ်ပစ္လိုက္တာ ျဖစ္ရမယ္..!
လင္း႐ႊမ္ရဲ႕ဘဝက ပိုၿပီးေတာင္ အဓိပၸါယ္မဲ့ေသးတယ္။
အရင္လူက ရွားရွားပါးပါး တစ္ႀကိမ္ေလာက္ သတၱိရွိခ်င္ခဲ့တယ္ဆိုၿပီး သက္ရွိသတၱဝါေတြရဲ႕ အမ်က္ေဒါသနဲ႔ ရင္ဆိုင္ရေတာ့ ေသြးေၾကာင္သြားျပန္ေရာတဲ့လား..? လင္း႐ႊမ္က သူ႔ေၾကာင့္ ေသသြားရတယ္။ အဲတာ ဒီက်က္သေရတုံးကမာၻကို ဖ်က္ဆီးပစ္ရမယ့္အစား ႐ိုးသားတဲ့ဖိုးသခြားေလးလို ‘နတ္ဘုရား’အျဖစ္ ျပန္သြားသတဲ့။
သက္ရွိသတၱဝါေတြရဲ႕ အမ်က္ေဒါသက သူ႔အေပၚကို ဘာလို႔က်ေရာက္ရမွာလဲ..? သူက ဖန္ဆင္းရွင္နတ္ဘုရား ျဖစ္ေနတာေၾကာင့္လား..? သူတို႔ကို ဖန္ဆင္းမိခဲ့လို႔လား..?
အို႔.. အံ့ဩစရာေကာင္းလိုက္တဲ့ ေလာ့ဂ်စ္ႀကီး..!
သူတို႔ကို ဖန္တီးခဲ့မိလို႔ သူက ထာဝရ ပိတ္ေလွာင္ခံရသင့္တယ္ေပါ့..? ေနာက္ဆုံး ကိုယ့္လြတ္လမ္း ကိုယ္ရွာေတာ့လည္း သူတို႔က ေဒါသထြက္ၿပီး သူ႔ကို သတ္ခ်င္ေနၾကျပန္တယ္..?
သူက အဲကမာၻႀကီးကို ဖန္တီးခဲ့မိလို႔ အျပစ္ျဖစ္သြားတာလား..?
သက္ရွိဝိဉာဥ္ေတြက ‘ျခဴးမုယြင္’ကို ယုံၾကည္ကိုးကြယ္ၿပီး ‘ျခဴးမုယြင္’မရွိဘဲ ဘာမွမလုပ္ႏိုင္ဘူးဆိုရင္ ယဲ့က်န႔္ဟန္ ‘နတ္ဘုရားသတ္ပြဲ’လုပ္ေတာ့ သူတို႔ ဘာလို႔ စိတ္ေက်နပ္သြားၾကတာလဲ..?
ၿပီးေတာ့ ‘နတ္ဘုရားအသစ္’ရဲ႕ ေရွ႕ေမွာက္မွာ ဒူးေထာက္ၿပီး ေခတ္သစ္တစ္ခု ေပၚထြက္လာတဲ့အတြက္ ေပ်ာ္ျမဴးေနၾကေသးတယ္ မဟုတ္လား..?
ဒါဆို သူတို႔က သူတို႔ကို ဘယ္သူဖန္တီးခဲ့တာလဲ၊ သူတို႔ကို ဘယ္သူက ျဖည့္ဆည္းေပးေနသလဲဆိုတာကို ဂ႐ုစိုက္တာမွမဟုတ္တာ။ သူတို႔လိုခ်င္တာက တစ္သက္လုံး ဂုတ္ေသြးစုပ္လို႔ရႏိုင္မယ့္ အသက္ဝိဉာဥ္တစ္ခု၊ အေဆာင္အေယာင္တစ္ခုပဲ..!
ဒီေလာက္ဆိုးဝါးတဲ့ ကမာၻေလာကနဲ႔ အဓိပၸါယ္မဲ့လိုက္တဲ့ သက္ရွိဝိဉာဥ္ေတြ.. ဘယ္ေလာက္ရယ္စရာေကာင္းလိုက္သလဲ..?!
ယဲ့က်န႔္ဟန္သည္ ဤကမာၻေလာကကို သိမ္းပိုက္ၿပီးေနာက္ အရာအားလုံးကို ဖ်က္ဆီးပစ္ခ်င္ခဲ့မွန္း ယေန႔ေတာ့ ျခဴးမုယြင္ သိလိုက္ေခ်ၿပီ။
သူသာ ဤကမာၻေလာကကို ဖ်က္ဆီးလိုက္လွ်င္ ျခဴးမုယြင္လည္း ခ်ည္ေႏွာင္ခံရေတာ့မည္မဟုတ္။ သို႔ျဖစ္ရာ သူတို႔ႏွစ္ဦး အတူေနႏိုင္ေပလိမ့္မည္။
သို႔ေသာ္ ‘နတ္ဘုရား’ဟုေခၚေသာ ျခဴးမုယြင္၏ သေဘာဆႏၵက တကယ့္ကို နားလည္ရခက္ခဲ့သည္။
ယဲ့က်န႔္ဟန္သည္ ‘နတ္ဘုရားနယ္ေျမ’ဂိတ္ဝသို႔ ေရာက္ရွိသြားခ်ိန္တြင္ ကိုယ္က်ိဳးကင္းသည့္ ခ်စ္ျခင္းရွိမွသာ ထိုနယ္ေျမထဲ ဝင္ေရာက္ႏိုင္ေၾကာင္း သိလိုက္ရသျဖင့္ ကမာၻဖ်က္မည့္အႀကံကို လက္ေလ်ာ့ပစ္လိုက္၏။ အဘယ္ေၾကာင့္ဆိုေသာ္ ျခဴးမုယြင္ အမက္ေမာဆုံးက ‘လြတ္လပ္မႈ’ျဖစ္ၿပီး ဒုတိယအခ်စ္ဆုံးက ဤစိတ္ပ်က္စရာကမာၻႀကီးဟူ၍ ထင္သြားေသာေၾကာင့္ပင္။
သူ႔အတြက္ေတာ့ ေနရာမရွိမွာေတာင္ ေၾကာက္ရပါသည္။
ယဲ့က်န႔္ဟန္ လုပ္ခဲ့သမွ်သည္ ျခဴးမုယြင္၏ဆႏၵဟု ထင္ရေသာ ကိစၥအားလုံးကို ျဖည့္ဆည္းေပးခဲ့ျခင္းသာ။
ထိုအတိတ္က ျခဴးမုယြင္ ဘာထပ္လုပ္ခဲ့သလဲ ၾကည့္ၾကပါစို႔။ သူက ကမာၻအသစ္တစ္ခု ဖန္တီးလိုခဲ့ျပန္သည္။ ေကာင္းေရာ.. ဆရာျခဴးလည္း ယခုလိုသာ ေျပာလိုက္ခ်င္ေတာ့သည္။
ေကာင္းတယ္.. အရမ္းေကာင္းတယ္..!
သို႔ေသာ္ အႏွီနတ္ဘုရားႀကီးက ေပါက္ကရထပ္လုပ္လိမ့္မည္ဟု မည္သူထင္ထားမည္နည္း။
သူက က်ရႈံးမႈတစ္ခု ဖန္တီးခဲ့ၿပီးတာေတာင္ ထပ္တူညီေသာအမွားမ်ိဳး ထပ္လုပ္ခဲ့ေသးသည္။
ဒီေဝဖန္ခ်က္နဲ႔ပတ္သက္ၿပီး နတ္ဘုရားႀကီးက မေက်နပ္ဘူး : ဘယ္နားက တူညီတဲ့အမွားလဲ..? ကမာၻအသစ္ကို နတ္ဘုရားမလိုေအာင္ ဖန္တီးခဲ့တယ္ေလ.. ငါလည္း အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့တာပဲ..!
ဆရာျခဴး : ဖာ့ခ္ယူ… @#¥%@%@#$%^&! #¥%.
နတ္ဘုရားႀကီး : !!!
ဆရာျခဴး သက္ျပင္းခ်လိုက္သည္။ : မင္းမွာသာ ဦးေႏွာက္ရွိရင္ ပထမဖန္တီးခဲ့တဲ့ကမာၻရဲ႕ အားနည္းခ်က္က နတ္ဘုရားတစ္ပါး လိုအပ္ေနတာမဟုတ္ဘဲ အျပည့္အဝ ထိန္းခ်ဳပ္လို႔မရတာဆိုတာ သိေနသင့္တာေပါ့။ အဲ့ကမာၻကို ရာႏႈန္းျပည့္ ထိန္းခ်ဳပ္ထားႏိုင္ရင္ သဘာဝေဘးအႏၲရာယ္ဆိုတာမ်ိဳး ရွိလာပါဦးမလား..? သက္ရွိဝိဉာဥ္ေတြရဲ႕ အမ်က္ေဒါသဆိုၿပီး ေပၚလာပါဦးမလား..? အဲ့လိုေျပာလို႔ အဲ့ကိစၥေတြ ရွိမေနသင့္ဘူးလို႔ ေျပာတာမဟုတ္ဘူးေနာ္။ မင္းကိုအာခံရင္ အကုန္လုံးကို ရွင္းပစ္ၿပီး အသစ္တစ္ခုသာ ျပန္တည္ေဆာက္လိုက္။ အဲလိုဆို ဘယ္သူက ေထာင္လႊားရဲဦးမွာလဲ။
ဒါေပမဲ့ အဲ့’နတ္ဘုရား’ဆိုတဲ့လူက ထင္ေယာင္ထင္မွားေတြျဖစ္ၿပီး သူကိုယ္တိုင္ဖန္တီးထားတဲ့ သက္ရွိဝိဉာဥ္ေတြရဲ႕ ၿခိမ္းေျခာက္မႈေအာက္မွာ က်ရႈံးသြားရတယ္လို႔။ ေနာက္ဆုံး သူ႔ရဲ႕အားသာခ်က္ေတြကိုေတာင္ လႊင့္ပစ္ၿပီး လုပ္ပိုင္ခြင့္နဲ႔ ဆုံးျဖတ္ခြင့္အာဏာကိုေတာင္ ဆုံးရႈံးလိုက္ရတယ္။ ရွက္စရာေကာင္းလိုက္တာ။
ကိုယ္တိုင္ဖန္တီးခဲ့တဲ့ ၿပီးျပည့္စုံၿပီးသား ကမာၻတစ္ခုကို ဖ်က္ဆီးပစ္ဖို႔ တြန႔္ဆုတ္ေနတယ္ဆိုတာ နားလည္ႏိုင္ပါေသးတယ္။ ဒါေပမဲ့ အသစ္ထပ္တည္ေဆာက္ထားတဲ့ ကမာၻအသစ္မွာ လုပ္ပိုင္ခြင့္အာဏာကို ဒီအတိုင္း လက္လႊတ္ပစ္လိုက္ရတယ္လို႔၊ ဘယ္ေလာက္ညံ့ဖ်င္းလိုက္သလဲ..?
နားလည္လြယ္ေအာင္ ဥပမာေပးရင္ အခ်ိန္ကုန္လူပင္ပန္းခံၿပီး စက္႐ုပ္တစ္ခု တည္ေဆာက္ခဲ့တယ္ဆိုပါစို႔။ အဲ့စက္႐ုပ္ကို ခိုင္ခံ့သန္မာေအာင္၊ ဉာဏ္ရည္ထက္ျမက္ေအာင္၊ ကိုယ္ပိုင္အသိစိတ္ရွိေအာင္ လုပ္ေပးထားမယ္။ ၿပီးေတာ့ စက္႐ုပ္ေလးက သူ႔ရဲ႕ခြန္အားနည္းတဲ့ ကေလးေတြကို ေကာင္းေကာင္းေစာင့္ေရွာက္ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့တယ္။ ဒါေပမဲ့ အဲ့လိုလုပ္တတ္ေအာင္ ပ႐ိုဂရမ္မသြင္းေပးထားတဲ့အျပင္ Auto လႈပ္ရွားႏိုင္ေအာင္ဆိုၿပီး ‘remote control’ စနစ္ကိုေတာင္ ဖ်က္သိမ္းပစ္လိုက္ေသးတယ္။
ဆိုေတာ့ ဒီေနရာမွာ ေမးစရာေမးခြန္းတစ္ခု ရွိလာၿပီ။ ဒီလိုအရည္အခ်င္းရွိတဲ့ ဖန္တီးမႈတစ္ခုက သာမန္ဆန္တဲ့ဘဝမ်ိဴးကို ဘာလို႔ လက္ခံေနဦးမွာလဲ..?
စၾကာဝဠာကို စုစည္းဖို႔အထိ ရည္မွန္းခ်က္ရွိလာႏိုင္တဲ့ ဖန္တီးမႈတစ္ခုကို ကေလးထိန္းျဖစ္ေပးဖို႔ ဘယ္လိုမ်ားေတြးထားရတာလဲ..?
ဦးေႏွာက္နည္းနည္းေလးရွိရင္ေတာင္ နားလည္ႏိုင္လိမ့္မယ္.. အိုေက..?
အတိတ္က‘ျခဴးမုယြင္’ကို ဒီေလာက္ဦးေႏွာက္နည္းလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။ လက္ရွိ‘သူကိုယ္တိုင္’ ျပန္သတ္ခ်င္ေလာက္တဲ့ အထိပဲ..!
နာက်င္လိုက္တာ..! တစ္၊ ႏွစ္၊ သုံး၊ ေလး၊ ငါး၊ ေျခာက္၊ ခုနစ္တို႔ မ်က္လုံးေကာင္းရဲ႕လား သံသယရွိလာၿပီ။ ဘယ္လိုလုပ္ၿပီးေတာ့မ်ား ဒီ’နတ္ဘုရား’ဆိုတဲ့လူကို ခ်စ္မိသြားၾကပါလိမ့္..? ကန္းေနၾကတာလား.. ဦးေႏွာက္မေကာင္းတာလား.. ျမည္းကန္ခံရလို႔ ဦးေႏွာက္ပ်က္သြားတာမ်ားလား..?
ထားပါေတာ့ေလ.. ၿပီးခဲ့တာေတြလည္း ၿပီးသြားၿပီပဲ။ ဒီတစ္ေခါက္ေတာ့ ေပါက္ကရေတြ ထပ္မလုပ္ေတာ့ဘူး..!
သူ႔အပိုင္ကို သူကိုယ္တိုင္ ကာကြယ္မယ္။ သူ႔ရဲ႕လက္ထဲမွာ ဆုပ္ကိုင္ထားမယ္။ ဘယ္အရာကမွ သူတို႔ကို နာက်င္ေအာင္ လုပ္လို႔မရေစရဘူး..!
ျခဴးမုယြင္လည္း သက္ျပင္းအသာခ်လိုက္ရင္း အသိစိတ္ျပန္ကပ္သြားသည္။
သူက ခပ္တိုးတိုးေလး ေျပာသည္။ : “ႀကိဳးစားေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္..”
Zero ေလး : “QAQ!”
ျခဴးမုယြင္ : *ေခါင္းပုတ္ေပးလိုက္*
Zero တစ္ေယာက္ ၾကဴၾကဴပါေအာင္ ေအာ္ငိုေတာ့သည္။
ျခဴးမုယြင္၏ မွတ္ဉာဏ္အားလုံး ျပန္ရသြားသလို Zero ေလးလည္း အရာအားလုံးကို ျပန္မွတ္မိသြားေခ်ၿပီ။
နတ္ဆိုးတိုင္းျပည္အတြင္း ျခဴးမုယြင္ကိုရွာေဖြရန္ ႐ုန္းကန္ခဲ့ရသည့္ ႏွစ္မ်ားအတြင္း Zero ေလးသည္ ဒုကၡဆင္းရဲမ်ားစြာ ခံစားခဲ့ရေလ၏။ သူ၏ခႏၶာကိုယ္က အလြန္ႀကီးမားသျဖင့္ ေက်ာက္တုံးႀကီးမ်ားႏွင့္ ခဏခဏ ဝင္တိုက္မိသည္။ ရႈိ႕ေလာ္နယ္ေျမထဲတြင္ နာက်င္ခံစားခဲ့ရၿပီး အားယြင္မရွိဘဲ အစားအေသာက္ပင္ မရွာတတ္ခဲ့ေခ်။
ကံေကာင္းေထာက္မစြာျဖင့္ တစ္၊ ႏွစ္၊ သုံး၊ ေလး၊ ငါး၊ ေျခာက္၊ ခုနစ္တို႔က သူ႔ကို အႀကံေပးခဲ့သည္။ သူတို႔၏ အကူအညီေၾကာင့္သာ မဟုတ္လွ်င္ Zero ေလးသည္ ျခဴးမုယြင္ကို ဘယ္လိုလိုက္ရွာရမွန္း သိမည္မဟုတ္ေပ။ ရွာေတြ႕ခဲ့လွ်င္လည္း အားယြင္၏ ဝိဉာဥ္ကို မည္သို႔ဆြဲထုတ္ရမွန္း သိမည္မဟုတ္၊ ဝိဉာဥ္ထုတ္ႏိုင္လွ်င္လည္း မည္သို႔မည္ပုံ ဟန္ခ်က္ျပန္ထိန္းရမွန္း နားလည္မည္မဟုတ္ေပ။
ေနာက္ဆုံး ျခဴးမုယြင္ ‘အသက္တံခါး’ထဲ ဆြဲယူခံလိုက္ရသည့္အခ်ိန္ ‘တစ္၊ ႏွစ္၊ သုံး၊ ေလးႏွင့္ ငါး’က ျခဴးမုယြင္ေနာက္ ေျပးလိုက္သြားသျဖင့္ Zero ေလးက သူတို႔ကို ျပန္ဆြဲထားခဲ့ရသည္။
မင္းတို႔ ေသသြားလို႔မျဖစ္ဘူး..!
Zero ေလး ေတြးလိုက္မိ၏။
အားယြင္ေျပာခဲ့တာေတာ့ သူတို႔ေလးေတြက အားယြင္ခ်စ္သူရဲ႕ အပိုင္းအစေလးေတြတဲ့။ အားယြင္ရဲ႕ခ်စ္သူဆိုေတာ့ အရမ္းအေရးႀကီးတယ္။ ‘အသက္တံခါး’ေၾကာင့္ သူတို႔ေလးေတြ ေသသြားရမယ့္အျဖစ္မ်ိဳး အားယြင္လည္း ျဖစ္ခ်င္မွာမဟုတ္ဘူး..!
ထိုကိစၥၿပီးေနာက္ Zero ေလးသည္ သတိလစ္သြားၿပီး သူ၏အသိစိတ္က နက္နက္ရႈိင္းရႈိင္း အိပ္ေမာက်သြားေတာ့သည္။
ဤကား ျခဴးမုယြင္က မသိစိတ္၏အလိုအရ <<နတ္ဆိုးတိုင္းျပည္>> ဟူ၍ ဝတၳဳမေရးခင္အခ်ိန္အထိ။
ဝတၳဳထဲတြင္ ေမာ့က်ိဳးေရွာင္၊ ရန္ခ်န္း၊ ရွန္႐ႊိန္ယန္း၊ ကြၽင္းေမာ့၊ လင္း႐ႊမ္၊ ရွဲ႕ခ်င္းလန္ႏွင့္ ယဲ့က်န႔္ဟန္တို႔ အေသဆိုးျဖင့္ ေသသြားပုံကိုျမင္ၿပီး Zero ေလး လန႔္ႏိုးလာရသည္။
သူတို႔ ေသလို႔မျဖစ္ဘူး..!
အတိတ္ေမ့သြားေသာ Zero ေလးသည္ စကၠဴျဖဴတစ္စႏွယ္၊ သူ၏စိတ္ထဲတြင္ အေတြးတစ္ခုသာ ရွိေတာ့သည္။
သူတို႔အားလုံးက အားယြင္ရဲ႕ ခ်စ္သူေတြေလ.. ဘယ္လိုလုပ္ ေသလို႔ျဖစ္မွာလဲ..?
သူ ဘာလုပ္သင့္လဲ..?
ထိုအခိုက္ Zero ေလးသည္ ေငြျဖဴေရာင္ေဘာင္လွလွေလးထဲမွ စာသားတစ္ခုကို ဖ်က္ခနဲ ျမင္လိုက္ရသည္။
*သူမကိုခ်စ္ရင္ လက္ထပ္ခြင့္ေတာင္းလိုက္ပါ*
Laptop တြင္ စိန္လက္စြပ္ေၾကာ္ျငာတစ္ခု ဖြင့္ထားျခင္းျဖစ္၏။
Zero ေလးသည္ အနီးကပ္ၾကည့္ခ်င္ခဲ့႐ုံသာ။ သို႔ေသာ္ ထင္မွတ္မထားဘဲ Laptop ထဲ ခုန္ဝင္မိသလို ျဖစ္သြားခဲ့သည္။
ျခဴးမုယြင္ခမ်ာ Zero ေလး အငိုတိတ္ေအာင္ မနည္းေခ်ာ့လိုက္ရသည္။ အသက္ရႉရပ္မတတ္ တအင့္အင့္ရႈိက္ငိုေနေသာ Zero ေလးကိုၾကည့္ၿပီး ‘နတ္ဆိုးတိုင္းျပည္ ျပန္ေရာက္ေတာ့ သူ႔ကို ဘာလို႔ နတ္ဆိုးအရွင္ခုနစ္ပါးကို လက္ထပ္ခြင့္ေတာင္းခိုင္းတာလဲ..’ ဟူ၍ ေမးပင္မေမးႏိုင္ေတာ့ေခ်။
ယခု အေရးႀကီးဆုံးကိစၥကား သူတို႔၏ မူလခႏၶာကိုယ္ကို ျပန္လည္ရယူရမည္။ ၿပီးလွ်င္ အဆုံးသတ္တိုက္ပြဲကို ဆင္ႏႊဲရေပလိမ့္မည္။
…………………………
TN : စကားမစပ္ Meli မွာ Seven Men ပထမစာအုပ္ရဲ႕ PDF file ရွိပါတယ္။ လိုခ်င္ရင္ Telegram မွာ လာေတာင္းလို႔ရတယ္ေနာ္။ Reply ေနာက္က်ရင္ စိတ္မဆိုးပါနဲ႔၊ reply မျပန္ရင္လည္း WP Chat မွာျဖစ္ျဖစ္ လာေျပာပါ။ Meli ရဲ႕ Telegram ထဲမွာ ဟိုဂ႐ုဒီဂ႐ုေတြမ်ားေနလို႔ Noti ေပ်ာက္သြားတတ္လို႔ရယ္ : D
…………………………