True Love 💭 (Completed)

By KaKyoePhyu85

846K 17K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 46 (U)

8.2K 195 0
By KaKyoePhyu85

(Unicode)
True love 💭❤ အပိုင်း - ၄၆

လွန်ခဲ့သော နှစ် ၂၀ ခန့်က🌟🌟🌟🌟🌟

မြရီကိုတစ်နေ့ကြီးမွေးပေးရမည့်ခလေးရှိသည် ဒါကြောင့်အရံသင့်ပြင်ကာ တစ်ခြားအလုပ်မလုပ်ပဲစောင့်နေဖို့ လူတစ်ယောက်လာပြောသွားလေသည်။ ထိုလူကိုမြရီမသိ ဘယ်မှာနေသလဲဆိုတာလဲမသိသလို ဘယ်နေ့အဲ့ဗိုက်ကိုမွေးပေးရမလဲဆိုတာလဲမပြောသွားပေ။ မကြာပါ နှစ်ရက်လောက်နေတော့ မြရီကိုခလေးတစ်​ယောက်က ရွာပြင်မှာဧည့်သည်ရောက်နေတယ် ထိုဧည့်သည်က ယူစရာရှိတာယူပြီးလာခဲ့ဖို့ပြောလေသည်။ ထိုအခါမြရီသိသည်က အရင်နေ့ကလာသွားသည့်သူပင်ဟု ချက်ချင်းသိရလေသည်။

စလေမြို့ရှိအိမ်ကြီးတွင် လူနေသည်ဟူ၍တောင်မထင်ရလေအောင် အိမ်ကြီးကခြောက်ကပ်၍တိတ်ဆိတ်နေလေသည်။ မှောင်ရီပျိုးစအချိန်ရောက်သွားသည်မို့ ထိုအိမ်ကြီးကကျောချမ်းစရာကောင်းလှသည်။ ထိုနောက်မြရီကိုခေါ်လာသောလူနောက်လိုက်သွားမိတော့ တောက်ပြောင်စွာဝတ်စားထားသောအမျိုးသမီးတစ်ဦးကို ကျွန်းကုလားထိုင်ကြီးပေါ် မိန့်မိန့်ကြီးထိုင်နေသည်ကိုတွေ့လိုက်ရသည်။ ဘာကြောင့်မှန်းမသိ ထိုအမျိုးသမီးကိုမြရီတစ်ချက်သာကြည့်ပြီးဆက်မကြည့်ရဲတော့ပေ။ စူးရှသည့်အကြည့် အထက်စီးဆန်သည့်အကြည့် အမိန့်ပေးနိုင်သည့်မျက်လုံးတွေဟာ ဒူးထောက်ရလောက်တဲ့အထိ စွမ်းဆောင်နိုင်သည်။ 

"အထဲမှာရှိတဲ့မိခင်ကမကျန်းမာဘူး တစ်ခါထဲပြောလိုက်မယ် မိခင်ပဲအရေးကြီးတာ ခလေးမရှင်လဲပြဿနာမရှိဘူး ဒီလောက်ဆိုမင်းအတွက်လွယ်မှာပါ"

"ဟုတ်.. ဟုတ်ကဲ့ "

"ခေါ်သွားလိုက် "

"ဟုတ်ကဲ့သခင်မကြီး"

မြရီကိုအခန်းတစ်ခုထဲခေါ်လာသလို မြရီထက်ငယ်ပုံပေါက်သည့်မိန်းခလေးကို ဘေးမှမိန်းမကြီးတစ်ယောက်နှင့်တွေ့လိုက်ရလေသည်။ ထိုမိန်းခလေးဟာဗိုက်နာနေလေသည်ကြောင့် မြရီလဲစပ်စုမနေတော့ပဲ မွေးပေးရန်သာစိတ်လောမိသည်။ သို့ပေမယ့်မိခင်ကအားနည်းနေသလို မွေးဖို့လဲအတော်ခက်လေသည်မို့ မြရီခေါင်းနပန်းကြီးသွားမိသည်။

"ပန်းမြိုင်သမီး အားတင်းထားနော်သမီး"

"ဒေါ်လေး သမီးမရလောက်ဘူး"

"သမီးရယ် ဗိုက်ထဲကခလေးရှိသေးတယ်လေ သမီးအားတင်းထားမှပေါ့"

"ဒေါ်လေးရယ် အကိုလေ အကိုက ဟင့်ဟင့် .."

မြရီရှေ့တွင် ချွေးတွေစိုရွဲကာ မျက်နှာပျက်ငိုနေရှာသည့်မိန်းခလေးကို ဘာလို့မှန်းမသိသနားမိသည်။ မိခင်က အားတော်တော်နည်းနေရှာကာ တစ်ညနေလုံးလဲမွေးမရ မြရီနှင့်ထိုအခန်းထဲမှဒေါ်လေးဆိုသူသာ မျက်နှာပျက်၍ရှိနေလေသည်။ သို့ပေမယ့် အရေးကြီးလာလျှင် မိခင်နှင့်ကလေး မိခင်သာကယ်ရမည်ဆိုသည့်စကားကို ကြားယောင်မိပြန်တော့ မြရီစိတ်မကောင်းဖြစ်ရသည်။

"ဒေါ်လေး အကိုမရှိတော့ဘူးဒေါ်လေးရဲ့ သမီးရဲ့ခလေးမှာဖခင်မရှိတော့ဘူးဒေါ်လေးရယ် ဟင့်..."

"ပန်းမြိုင်သမီး သမီးမှာခလေးရှိသေးတယ်လေ သမီးအဲ့လိုမပျော့ရဘူးလေကွယ် သမီးရဲ့ခလေးလေးကိုစဉ်းစားပါအုံးလားကွယ် "

"သမီးခလေးကို သမီးဘယ်လိုပြောရမလဲ.. သမီးဘယ်လိုပြောရမလဲဒေါ်လေးရယ် ဟင့်.."

မြရီသိလိုက်ရသည်က ထိုခလေးတွင်ဖခင်မရှိတော့သည်ရယ် ထိုမိန်းခလေး၏နာမည်သည် ပန်းမြိုင်ဖြစ်သည်ကိုပင်။

တစ်ညလုံးမွေးမရ ရေတွေသာမွေးနေပြီး ခလေးကိုမွေးဖို့တော့ခက်ခဲလှသည်။ ဒီပုံစံအတိုင်းဆို ခလေးရေမွန်းသွားမည်မို့ မြရီလဲအခက်တွေ့ရပြန်သည်။ တစ်ညလုံးရေတွေမွေးနေပြီးမှ ၂ ချက်ခွဲလောက်တော့ ဘေးမှဒေါ်ရီးရဲ့အားပေးမှု၊ မိခင်ရဲ့ဇွဲကြောင့် ခလေးလေကို ခက်ခက်ခဲခဲနှင့်မွေး၍ရခဲ့သည်။ သို့ပေမယ့် ကံဆိုးလွန်းသည်က ခလေးဟာပြာနှမ်း၍ အော်တောင်မငိုတော့ပေ။

မြရီနှင့်ဒေါ်ကြီးဟာ မျက်စိမျက်နှာပျက်၍ ရှိနေကြစဉ် မိခင်ဖြစ်သူဟာခေါင်းထောင်၍ကြည့်လာလေသည်။

"ဒေါ်လေး ခလေးလေး.. ခလေး"

ဒေါ်ကြီးဖြစ်သူဟာ ထိုမိန်းခလေးကိုပြန်အိပ်ခိုင်းလိုက်တော့ မြရီအလိုက်သိစွာပင်ဖြေလိုက်သည်။

"မိန်းခလေး မိန်းခလေးမွေးတယ်ငါ့ညီမ"

"မိန်းခလေးလေးသမီး သမီးလေးမွေးတယ်သမီးပန်းမြိုင်ရဲ့"

မိခင်ဖြစ်သူဟာ မိန်းခလေးဆိုသည့်စကားဆုံးသည်နှင့် မေ့လဲသွားလေတော့သည်။ အားလျှော့သွားတာလဲပါမှာပေါ့လေ။

မြရီကယ်ဖို့ကြိုးစားပါသေးသည်။ ဒါပေမယ့်ဘယ်လိုမှမွေးလို့မရ ခလေးကိုလက်လွှတ်ဖို့တော့မြရီ မစဉ်းစားခဲ့ဖူးပေမယ့်မြရီလက်ထဲက ခလေးလေးဟာအသက်မဲ့နေလေသည်။ ဒီတစ်လျှောက်လုံးမိခင်ရော ခလေးရောကယ်မည်ဟု စိတ်အားထက်သန်စွာမွေးပေးခဲ့ပေမယ့် အဖြစ်ဆိုးလှသည့်ခလေးလေးကိုကြည့်၍ စိတ်မကောင်းဖြစ်မိသည်။

"သမီးလေးလဲ သမီးအဖေနောက်လိုက်သွားတာလားသမီးရယ် ဒေါ်ကြီးစိတ်မကောင်းလိုက်တာကွယ်"

အခန်းအတွင်းခလေးလေးကိုအနှီးလေးနှင့်ထုတ်၍ ပွေ့ချီကာငိုနေသူဘေး မြရီလဲထိုင်၍ မျက်ရည်လေးကျမိသည်။

သို့ပေမယ့် ခလေးအသေလေးမွေးသည်ဆိုသည်နှင့် ခလေးကိုချက်ချင်းသွားမြှုပ်ခိုင်းလေသည်ကြောင့် မြရီထိုခလေးလေးပွေ့၍ ထိုအခန်းထဲမှထွက်လာခဲ့သည်။

"ဒီကညီမကိုအရင်လိုက်ပို့ပါမယ် နောက်လဲကျနေပြီလေ"

"ဟုတ်.. ဟုတ်ကဲ့"

မြရီတစ်ခါမှမစီးဖူးသည့်ကားကြီးအတွင်း အပြစ်ကင်းသည့်ခလေးလေးကိုမီးရောင်ဖျဖျလေးကြားကြည့်၍ သနားနေမိသည်။

"သမီးလေးရယ် လူ့လောကကြီးကဘာလဲဆိုတာတောင်သိခွင့်မရခဲ့ဘူးတဲ့လားကွယ်"

မြရီရဲ့လက်သည်လုပ်လာသည့် ၄ နှစ်တာသက်တမ်းတွင် ဒီခလေးလေးဟာအဖြစ်အဆိုးဆုံးဖြစ်လေသည်မို့ မြရီခံစားရသည်။

တစ်ရွေ့ရွေ့လှိမ့်နေသောကားပေါ်တွင် ငေးငိုင်ကာပါလာသည့်မြရီနှင့် သတိထားမောင်နေသောကားဆရာအကိုသည် ခလေးအော်ငိုသံကြောင့် လန့်ဖျန့်သွားရတော့သည်။

"အူဝဲ.. အူဝဲ ဝဲ ဝဲ အူဝဲ..."

"သမီး သမီး ..အကို ခလေးလေးမသေဘူး ခလေးလေးရှင်တယ်အကိုရဲ့"

"အူဝဲ အူဝဲ ဝါး.."

မြရီဝမ်းသာအားရမျက်ရည်တွေကျလာသလို အနှီးလေးနှင့်ခလေးလေးကို ဖက်ထားမိ၏။ ပျော်လိုက်လေခြင်း ဘဝတွင်ယနေ့လောက်ပျော်စရာကောင်းသည့်နေ့ရက်မရှိတော့ပေ။

ခရီးလဲသိပ်မပေါက်သေးသည်မို့ ကားလေးနောက်ပြန်လှည့်၍ ထိုအိမ်ကြီးထဲပြန်ဝင်ကာ ​ကားလေးရပ်သွားသည်နှင့် မြရီဆင်းမည်ကြံတော့ ကားဆရာအကိုကတားလေသည်။ မြရီကိုကားပေါ်တွင်နေခိုင်းခဲ့ပြီး ဆင်းမလာဖို့မှာသွားသလို သူပြန်လာသည်ကိုသာထိုင်စောင့်ခိုင်းလေသည်။ ခလေးလေးဟာလဲ နို့ချိုတိုက်ကျွေးရမည့်အချိန်ဖြစ်၍ နို့ဆာနေလေသည့်အခါ မြရီလက်ညိုးလေး နှုတ်ခမ်းနားလေးတိုးပေးလိုက်တော့ ခလေးလေးဟာနို့အထင်နှင့်စို့နေလေသည်။

မကြာပါ ကားမောင်းသည့်အကိုမြရီဆီသို့ ပြန်လာလေသည်။

"ညီမဆင်းလို့ရပြီလားအကို"

ခလေးလေးဟာ ခဏသာငိုပြီး မြရီရဲ့လက်ခလေးကိုစုပ်၍ငြိမ်နေလေသည်။ မီးအိမ်ကြီးဘေး ဟိုဘက်လှည့်ထိုင်နေသည့် အမျိုးသမီးကြီးဟာ ဒီဘက်သို့လှည့်မလာပဲ မြရီကိုအမိန့်ဆန်စွာ​ပြောလာလေသည်။

"ညည်းသိထားရမှာက ဒီခလေးကမွေးပြီးပြီးချင်းသေသွားပြီဆိုတာပဲ"

"ရှင်.."

"မင်းအတွက်ထိုက်တန်တဲ့ကြေးပေးလိမ့်မယ် ဒီအကြောင်းမင်းဘယ်သူ့မှမပြောဖို့တော့လိုမယ်မိန်းမလေး"

"ဟုတ်.. ဟုတ်ကဲ့"

"လိုက်ပို့လိုက်ငစိုး အဲ့ခလေးပါခေါ်သွား"

"ခလေးလေးကရော "

မြရီမေးမိလိုက်သည်။

"ငစိုးငါဒီခလေးကိုဘယ်လိုလုပ်ပါလို့ပြောစရာလိုသေးလား"

"ဟုတ်သခင်မကြီး ကျွန်တော်စီစဉ်လိုက်ပါ့မယ်"

ထိုအကိုဟာဘာမှမပြော မြရီလက်မောင်းကိုမ၍ဆွဲခေါ်လာသည့်အခါ မြရီအံဩမိသည်။ ခလေးကိုတစ်ချက်လေးတောင်မကြည့် အသက်ရှင်နေ​သေသည်မို့လဲ ပျော်ရွှင်မသွားသည့်ထိုမိန်းမကြီးဟာ သမီးလေးရဲ့အဖွားတဲ့လားကွယ်။

"ခလေးရောအကို ခလေးကိုဘယ်လိုလုပ်မလို့လဲ"

မြရီရင်တောင်နင့်သွားရတော့သည်။ မြရီကိုပို့ပြီးသည်နှင့် ဒီခလေးကို သူ့အမျိုးတွေရှိသည့်ရွာလေးကိုသွားပို့မည်တဲ့ပင်။  ခလေးက နို့အမြန်တိုက်ကျွေးမှရတော့မှာဖြစ်သလို မြရီထိုခလေးလေးကို ဒီလမ်းခရီးကြီးကားသမားအကိုနှင့်စိတ်ချပြီးထည့်မပေးနိုင်ပေ။ အော်.. အဖွားအရင်းဖြစ်သူကတောင် သမီးလေးကိုမလိုချင်ဘူးတဲ့လားကွယ်။ သမီးလေးရယ်။

မြရီတစ်လမ်းလုံးစဉ်းစားလာရာ ရွာထဲဝင်သည်နှင့်ဆုံးဖြတ်လိုက်သည်က ထိုခလေးလေးကိုမွေးစားဖို့ပင်ဖြစ်သည်။ ဒါတောင်ချက်ချင်းခွင့်မပြုသည်ကြောင့် ခလေးလေးသေသွားနိုင်ကြောင်း အကျိုးကြောင်းရှင်းပြ၍ မြရီဟာအပျိုဖြစ်သလို သမီးလေးကိုစောင့်ရှောက်လိုကြောင်း သေချာပြုစုစောင့်ရှောက်ပါ့မည်ဟုဂတိပေးလိုက်ရသည်။

ထိုအစ်ကိုကြီးဟာလဲ မြရီစေတနာကိုသိမှ ကျေးဇူးတင်ကာ ခလေးလေးကိုသေချာမွေးပေးဖို့ပြောလာလေသည်။

"ကျုပ်တို့လဲမတတ်သာလို့ပါဗျာ ဒီကညီမမွေးချင်သပဆို ဒီခလေးလေးကိုကြည်ကြည်ဖြူဖြူပေးခဲ့ပါ့မယ် မဟုတ်ရင်လဲဒီခလေးကို တစ်ခြားလူတွေစီစွန့်ပစ်ရမှာပဲလေ"

"ရှင် ..ဘာဖြစ်လို့လဲအကိုရယ်"

"ဒီမိသားစုမှာမွေးလာလို့ပေါ့ဗျာ "

ထိုစကားလေးသာပြော၍ ကားထွက်ခါနီး မြရီကိုဓာတ်မီးတစ်လက်နှင့် အိတ်လေးတစ်အိတ်ပေး၍ ပြန်သွားလေတော့သည်။ မြရီလဲထိုအိတ်လေးကို ဖြေမကြည့်အား တဲလေးထဲပစ်ထည့်၍ နွားတင်းငုတ်ထဲသို့ဓာတ်မီးထိုး၍ပြေးရသည်။ ခလေးလေးနို့ဆာနေမှာမလို့ နွားမကြီးဆီနွားနို့ကို ရေခွက်လေးနှင့်ခံ၍ ခလေးလေးကိုတိုက်ရလေသည်။

မြရီနောက်နေ့မှအထုတ်လေးသတိရ၍ ဖွင့်ကြည့်မိတော့ ပိုက်ဆံထုတ်လေးဖြစ်နေလေသည်။ မြရီထိုပိုက်ဆံလေးတွေကို သမီးလေးအတွက်သာသုံးမည်ဟုရည်မှန်း၍စုထားခဲ့ပေမယ့် မောင်ဖြစ်သူကြောင့် စုထားသမျှလေးကုန်သွားခဲ့ရသည်။ ဒါ့ကြောင့်လဲသမီးလေးကိုအားနာရပါသည်။ သမီးလေးခက်ခဲခဲ့ပြီလေ။

သမီးလေးဟာနွားနို့နှင့်အာဟာရယူကာကြီးပြင်းလာရသလို သိတတ်လိမ္မာသည့်သမီးလေးဖြစ်သည်ကိုတော့ ထိုမိသားစုကြီးမသိချေ။ သမီးလေးက လှလှပပလေးကြီးပြင်လာရသလို စိတ်ထားလေးကောင်းသည့်သမီးလေးဖြစ်နေသည်ဆိုတာ သမီးလေးရဲ့အဖွားဖြစ်သူကိုသိစေချင်ပါသည်သမီးရယ်။

လက်ရှိအချိန်🌟🌟🌟🌟🌟

"ဒါဆိုအရီမြက ကောင်မလေးရဲ့မိဘတွေကိုမသိဘူးပေါ့"

"အရီးမြတစ်ပတ်လောက်နေတော့ သွားရှာပါသေးတယ်ကွယ် ဘာအစအနမှကိုမရအောင်ထိပျောက်သွားကြတာ ဒါနဲ့လဲအရီးမြဇွဲမလျှော့ပဲ စလေမြို့တစ်မြို့လုံးလိုက်ရှာခဲ့သေးတယ် မတွေ့ပါဘူးကွယ် သေချာတာက ဒီချောက်မြို့နယ်မှာကိုမရှိတာငါ့တူ"

"ပန်းမြိုင်အဲ့နာမည်ပဲသိခဲ့တာပေါ့"

"ဟုတ်တယ်ငါ့တူ ပန်းမြိုင်တဲ့သမီးလေးရဲ့အမေနာမည်က"

"ဒီလောက်ဆိုရှာလို့ရမှာပါ အရီးမြပြောသလိုဆို ကောင်မလေးရဲ့အဖွားက ခေသူတော့မဟုတ်လောက်ဘူး အဲ့ခေတ်ကတောင် ကားစီးနိုင်တယ်ဆိုတော့လေ"

"ဟုတ်တယ်ဗျ ရွှေကူ့မိဘတွေကချမ်းသာလောက်တယ်ဗျ"

"ဒါတွေကအရေးမကြီးပါဘူးဖိုးတုတ်ရယ် အရီးမြကသမီးလေးကို သူ့အမေနဲ့တွေ့စေချင်တာကွယ့်"

"ဒီကိစ္စသမီးလေကိုမပြောပါသေးနဲ့အုံးကွယ် မဟုတ်ရင်သမီးလေးရင်လေးနေရမှာ"

"ကောင်မလေးရဲ့အမေကိုတွေ့မှပြောကြတာပေါ့ ကောင်မလေးစိတ်မကောင်းဖြစ်ပြီး စိတ်ဓာတ်ကျသွားမှာကျွန်တော်လဲစိုးရိမ်တယ်ဗျ"

"အေးပါကွယ် ငါ့တူလေးတွေ့အောင်တော့ရှာပေးမယ်မလား"

"စိတ်ချအရီးမြ ကျွန်တော့တာဝန်ထား"

မနက်အစောထ၍ ရွှေကူပြင်ဆင်ကာ ဒေါ်လေးမနက်စာစားဖို့ချက်ပြုတ်လိုက်သည်။ ဒီနေ့လေးတော့ရွှေကူ့လက်ရာလေးစားစေချင်ပါသည်။ ညက စိတ်ဆိုး၍ပြောမိလိုက်သည်က မနက်ရောက်မှရွှေကူလွန်သွားပြီလားဟုတွေး၍နောင်တရမိပါသည်။ ရွှေကူမသွားခင်လေး ရွှေကူ့အမှားအတွက် တောင်းပန်ရမည်။

"သမီးဂရုစိုက်နော် "

"ဒေါ်လေးရောဂရုစိုက်နော် သမီးညကအတွက်တောင်းပန်ပါတယ်ဒေါ်လေးရယ် "

ရွှေကူကန်တော့ရင်းမျက်ရည်လေးလည်မိသည်။

"သမီးရယ် ဒေါ်လေးစိတ်မဆိုးပါဘူး ဒေါ်လေးလဲနောင်တရမိပါတယ်သမီးရယ် သမီးကိုဒေါ်လေးပစ်ထားမိသွားတယ်လေ"

"မဟုတ်ပါဘူး သမီးကသာမပြောပြခဲ့တာပါ ဒေါ်လေးကမသိခဲ့ဘူးလေ သမီးကစပြီးမှားခဲ့သူပါဒေါ်လေးရယ်"

သမီးရဲ့လက်ခလေးကိုကိုင်၍ မြရီရေရွတ်မိသည်။

*ဒေါ်လေးတောင်းပန်ပါတယ်သမီးရယ် သမီးရဲ့အမေဖြစ်သူကိုဒေါ်လေးအချိန်မှီမရှာနိုင်ခဲ့လို့ သမီးတို့ဝေးသွားခဲ့ရတာ အရာရာတိုင်းအတွက်တောင်းပန်ပါတယ်သမီးရယ်...*

ရွှေကူတို့ဆိုင်ကယ်လေးနှစ်စီးဖြင့်ရွာမှထွက်လာခဲ့လိုက်ကြသည်။

"ရွာကိုလာလည်အုံးနော်ကွန့်မြူး"

"စိတ်ချပါကိုဖိုးတုတ်ရာ ဒီကိစ္စပြီးရင် ကျွန်တော်သေချာပြန်လာခဲ့မယ် အေးချမ်းမင်းလဲရွာမှာပဲရှိမှာမလား .."

"ဒါပေါ့ဗျ ဒီရွာကနေဘယ်မှမသွားဘူးစိတ်ချ ကိုမြူးသာပြန်လာခဲ့ "

"ငါလဲကောင်မလေးနဲ့အတူပြန်လာမှာစိတ်ချကွ"

ကားထွက်ဖို့လိုသေးသည်ကြောင့် ကိုဖိုးတုတ်တို့ကိုပြန်ခိုင်းလိုက်ကာ ကွန့်မြူးတို့နှစ်​ယောက်ဟာ စားသောက်ဆိုင်လေးဆီသွား၍ထိုင်နေကြသည်။ ကွန့်မြူးလဲဘာမှမစားလာရ၍ ထမင်းကြော်မှာ၍စားလိုက်ပေမယ့် ကောင်မလေးကတော့ဘာမှမစား ထိုင်နေလေတော့သည်။

ကားထွက်တော့မည်ဖြစ်၍ ရွှေကူ့တို့ကားလေးဆီလှမ်းလာနေကြရာ အကိုလေးလက်ကိုပြန်ဆွဲထားလိုက်သည်။

"အကိုလေး "

"ဗျ .."

"အကိုလေးအလုပ်ကအရေးကြီးလားဟင် "

"ပြောချင်တာပြောပါဗျာ.. ဘာဖြစ်လို့လဲ"

"အရေးကြီးရင် နေပြည်တော်မဝင်ပဲသွားကြမလားဟင်"

"အဲ့​လောက်လဲအရေးမကြီးပါဘူး မိတ်ဆွေတွေနဲ့တော့အခွင့်သင့်တုန်းလေးတွေ့သွားကြမယ်လေ အဲ့အလုပ်ကြီးစိတ်ထဲမထားနဲ့ တစ်ညထဲပဲလေ မစိုးရိမ်နဲ့နော်"

"ဟုတ်"

ကောင်မလေးကို ကိုယ်ကစိုးရိမ်နေသလို ကောင်မလေးကလဲ ကိုယ့်ကိုစိုးရိမ်နေတာတဲ့လားကွာ။

"တဂယ် ဘာမှမပူနဲ့ကိုယ့်အလုပ်ကိုယ်နိုင်ပါတယ် ဟုတ်ပြီလား.."

ရွှေကူ့ခေါင်းလေးကိုပုတ်၍ပြောလာ​သည့်အခါမှ ရွှေကူပြုံးနိုင်တော့သည်။အကိုလေးဟာမနက်ထဲက စိတ်နှင့်လူနှင့်မကပ်သလို ထမင်းစားနေတုန်းကလဲ တွေးပြီးငိုင်နေသည့်ပုံစံကိုကြည့်၍ ရွှေကူမေးမိခြင်းပင်။ သို့ပေမယ့်ယခုတော့စိတ်ချရပါပြီလေ။

ကားလေးဟာတစ်ရွေ့ရွေ့နှင့်ထွက်လာသလို ရွှေကူ့ဘေးမှအကိုလေးဟာလဲ ရွှေကူ့လက်လေးခပ်တင်းတင်းလေးဆုပ်ကိုင်ထားလေသည်။

နောက်ဆိုကောင်မလေးကြုံရမည့်အရာတွေဟာ အဆင်ပြေချောမွေ့သည်ထက် ခက်ခဲမည်မှာပို၍များလေသည်။ ကောင်မလေးရဲ့ဖခင်ဖြစ်သူဟာ လောကကြီးတွင်မရှိတော့သလို ကောင်မလေးရဲ့မိခင်ဖြစ်သူလဲ မပြောကောင်းမဆိုကောင်း သက်ရှိထင်ရှားရှိမည်ဟုလဲအတပ်ပြောရခက်ပါသည်။

အကယ်၍ပြန်တွေ့ခဲ့လျှင်တောင် အဖွားအရင်းကစွန့်ပစ်ခဲ့ကာ ဖခင်ဖြစ်သူဟာလဲမရှိတော့သည်ဆိုသည့်အကြောင်းအရာကြီးကြောင့် ကောင်မလေးစိတ်ထိခိုက်သွားမည်မှာသေချာလှပါသည်။ ဒါ့ကြောင့်ပင် ယခုထဲက ပျော်စရာလေးတွေနှင့်ထိတွေ့စေကာ ကောင်မလေးရဲ့ဘေးမှမိတ်ဆွေအပေါင်းသင်းတွေနှင့် ပျော်ပျော်ရွှင်ရွှင်နေခိုင်းထားမည်ဖြစ်သည်။ ဒါမှ ကောင်မလေးအနည်းဆုံးတော့ အရမ်းကြီးပြိုလဲမသွားပဲ ရပ်တည်နိုင်မည်မဟုတ်လား။

ကောင်မလေးကိုသိစေချင်သည်က ကောင်မလေးဘေးတွင်ရှိသည့်လူများဟာ ကောင်မလေးကိုချစ်ကြသလို ကောင်မလေးဟာလဲအားလုံးအတွက် အဖိုးတန်ရတနာလေးဆိုတာကိုပင်ဖြစ်သည်။

"အကိုလေး ဟိုမှာလွန်းငယ်တို့"

လွန်းငယ်ကိုကားမှန်ချထား၍မြင်ရသည်မို့ ရွှေကူလက်လေးပြ၍ နှုတ်ဆက်လိုက်သည်။ အထုတ်လေးတွေတင်၍ ရွှေကူနှင့်လွန်းငယ်ဟာ နောက်မှာသာထိုင်၍စီးကာ ကားဂိတ်မှထွက်လာခဲ့ကြတော့သည်။

"အဲ့တာဆို မနက်ဖြန်ရန်ကုန်ပြန်တတ်မှာပေါ့"

"အင်း ..ဒီတစ်ညပဲအိပ်ဖြစ်မှာလွန်းရဲ့"

"လွန်းငယ်က တစ်ပတ်လောက်တော့အနည်းဆုံးနေမယ်ထင်ထားတာ "

လွန်းငယ်ကရွှေကူ့လက်ကိုကိုင်၍ ပြောလာလေသည်။

"နေချင်တာပေါ့လွန်းငယ်ရယ် အခုကအလုပ်လေးလဲရှိနေလို့လေ"

"ရွှေကူကလဲ ရွှေကူနေခဲ့ပါလား လွန်းငယ်တို့ရန်ကုန်ပြန်လိုက်ပို့မယ်လေ"

"မနေတော့ပါဘူးလွန်းငယ်ရယ် နောက်မှလာလည်မယ်လေနော်"

"ကောင်မလေးနေခဲ့ချင်ရင်နေခဲ့လေ ဒီမှာလည်ပတ်ပြီးတော့မှလာခဲ့ပေါ့ "

အကိုလေးကနောက်လှည့်၍ပြောလာသည့်အခါ ရွှေကူခေါင်းရမ်းပြလိုက်သည်။ အကိုလေးကိုစိတ်မချပါဘူးဆိုမှ ဘာလို့နေခဲ့ရမှာလဲအကိုလေးရယ်။

ရွှေကူခေါင်းရမ်းပြသည်ကို လွန်းငယ်မမြင်ချင်ယောင်ဆောင်လိုက်သည်။ ရွှေကူတော့လေ မခွဲန်ိုင်မခွာရက်တွေဖြစ်နေတာ ကြည့်နေစအုံးမှာ။ လွန်းငယ်တို့လဲ နောက်အပတ်လောက် ရန်ကုန်သွားဖို့ရှိပါသည်။ ယခုတော့နောက်အပတ်ထိမစောင့်ပဲ ရွှေကူတို့နှင့်မနက်ကျတစ်ခါထဲလိုက်သွားဖို့ လွန်းငယ်တွေးထားပေမယ့် ထုတ်တော့မပြောသေး။ ဒီညတော့ ခေါ်ထားမယ်ဆိုပြီး ရွှေကူ့ကိုစလိုက်အုံးမည်ဖြစ်သည်။

Words 3280
13.11.2023 7:40pm
ဆက်လက်ကြိုးစားသွားပါမည်။

Continue Reading

You'll Also Like

71.9K 2.7K 65
တချိန်ကမင်းကိုယ်တိုင်နင်းချေခဲ့တဲ့သူကို အခုမှချစ်တယ်လို့ပြောလာတာကို ငါကဘယ်လိုယုံကြည်မူ့မျိုးနဲ့ပြန်ချစ်ရမှာလဲ ငါအမှောင်ကိုကြောက်တယ် တခ်ိန္ကမင္းကိုယ္တ...
395K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ
15K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant