အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

264

1.7K 476 42
By Melinoe_Megami

Unicode

ခြူးမုယွင် သတိပြန်ရလာချိန်တွင် စိတ်ပျက်သွားရသည်။

သူ မသေပြန်။ ဟုတ်သည် သူက အဘယ်သို့ သေနိုင်မည်နည်း။

နတ်ဘုရားနယ်မြေတွင် ခေါင်းမာမာဖြင့် ဆက်နေခဲ့ခြင်းက ဤကမ္ဘာလောကကို ကာကွယ်ရန်မဟုတ်။ ချစ်ရသူကို ကာကွယ်ရန်သာ ဖြစ်သည်။ သို့သော် ယခုတော့ ချစ်ရသူက သူ၏ကာကွယ်မှုကို မလိုအပ်တော့ချေ။

မည်သို့ဆိုစေ သူ့အနေဖြင့် အသက်ဆက်ရှင်ရပေဦးမည်။ ဤကမ္ဘာပေါ်တွင် ထိုလူသားလေး နေထိုင်နေသည်ဟူသော အသိကြောင့် ဗလာနတ္တိနယ်မြေထဲသို့ မတုံ့မဆိုင်း သက်ဆင်းရပေဦးမည်။

သို့ပေသိ ဒဏ်ရာများ အရှင်းပျောက်ကင်း၍ ‘နတ်ဘုရားနယ်မြေ’သို့ ပြန်သွားရချိန်တွင် ထိုနယ်မြေထဲသို့ ဝင်မရတော့ကြောင်း တွေ့လိုက်ရသည်။

သူ့ကို နှစ်သန်းပေါင်းများစွာ ပိတ်လှောင်ထားခဲ့သော အနှီလှောင်ချိုင့်… သူ့အတွက် အမှောင်မိုက်ဆုံး ကြောက်စရာအကောင်းဆုံး ဖြစ်ခဲ့သော ဗလာနတ္တိနယ်မြေသည် သူ့ကို အလွတ်ပေးလိုက်ပြီလော။

ယဲ့ကျန့်ဟန်ဆီ သွားမယ်။ ဒီတစ်ခေါက်… ဒီတစ်ခေါက်တော့ သူတို့ အတူနေနိုင်ပြီဆိုတဲ့အကြောင်း သွားပြောပြရမယ်..!

ခြူးမုယွင်မှာ မူးဝေလုမတတ် ပျော်မြူးနေရှာပြီး သူ၏စိတ်ထဲ ထိုအတွေးတစ်ခုသာ စိုးမိုးနေတော့သည်။

သနားစရာကောင်းလှပေစွ။

သေမျိုးနယ်မြေထဲဝယ် ခြူးမုယွင်သည် ယဲ့ကျန့်ဟန်ကို လိုက်ရှာနေခဲ့ပြီး နောက်ဆုံး ရှာမတွေ့တော့မှ သဘောပေါက်သွားသည်။

ဖြစ်ရပ်အစမှအဆုံးထိ အပြန်ပြန်အလှန်လှန် ပြန်တွေးကြည့်ပြီးနောက် အဘယ်သို့ နားမလည်ဘဲနေမည်နည်း။

အနှီလှောင်ချိုင့်သည် သူ့ကို အလွတ်ပေးလိုက်ခြင်းမဟုတ်၊ အခြားလူတစ်ယောက်က သူ့နေရာကို အစားဝင်ယူသွားခြင်းသာ ဖြစ်ပေလိမ့်မည်။

နတ်ဘုရားနယ်မြေက သူ့ကို လွတ်လပ်ခွင့်ပေးလိုက်သည်မဟုတ်၊ ယဲ့ကျန့်ဟန်က သူ၏ လွတ်လပ်မှုအတွက် သူ့ကိုယ်သူ စတေးသွားခြင်း ဖြစ်ပေလိမ့်မည်။

ခြူးမုယွင်မှာ နတ်ဘုရားနယ်မြေသို့ သွား၍ ယဲ့ကျန့်ဟန်ကို တွေ့လိုခဲ့သည်။ သို့သော် နှစ်ပေါင်းရာချီကြာမြင့်သွားသည့်တိုင် သူ့ကို ထွက်မတွေ့ခဲ့ချေ။

ခြူးမုယွင်က အလျော့မပေးဘဲ စောင့်မြဲစောင့်နေဆဲ။ သူ၏အဖြစ်က လှောင်အိမ်တစ်ခုမှ လွတ်မြောက်လာပြီး တခြားလှောင်အိမ်ထဲသို့ တိုးဝင်မိသူနှယ်။ သို့သော် ထိုလှောင်အိမ်ကို ဖန်တီးခဲ့သူက သူကိုယ်တိုင်ဖြစ်နေသည်။ လှောင်အိမ်ထဲဝယ် ချွန်မြထက်ရှသော ဓားသွားအပြည့်ဖြင့် သူ့ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲနေတော့သည်။

ထိုနေရာတွင် နေထိုင်ခဲ့သည်မှာ မည်မျှကြာမြင့်သွားသလဲ မသိတော့။ သို့သော် နောက်ဆုံးတော့ အကြင်သူကို မြင်နိုင်ခဲ့သည်။

လုံးဝစိမ်းသက်နေသော ယဲ့ကျန့်ဟန်။

သူက အမြင့်တစ်နေရာတွင် မတ်တပ်ရပ်ပြီး သူ့ကို ငုံ့ကြည့်နေခဲ့သည်။ မျက်ဝန်းများက အေးတိအေးစက်ဖြင့် ခံစားချက်မဲ့လျက်။

ခြူးမုယွင်၏ရင်ထဲ အတန်ငယ် အေးစိမ့်သွားပြီး သူ့ကို ခပ်တိုးတိုးလေး လှမ်းခေါ်မိသည်။ “အားဟန်..”

ယဲ့ကျန့်ဟန်က သူ့ကို တည်ကြည်စွာ လှည့်ကြည့်လာ၏။ ပြီးနောက် ကြောက်စရာကောင်းအောင် တည်ငြိမ်နေသော လေသံဖြင့်.. : “သူ သေသွားပြီ..”

ခြူးမုယွင်၏ တစ်ကိုယ်လုံး ရေခဲအတိ ဖုံးလွှမ်းသွားရသလို။ ကြောက်မက်ဖွယ်ကောင်းလွန်းသော အငွေ့အသက်ကြောင့် အသားများပင် တဆတ်ဆတ် တုန်ယင်လာရသည်အထိ။ : “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..? မင်းက မဟုတ်…….”

ယဲ့ကျန့်ဟန် : “ကျုပ်ပြောချင်တာကို ခင်ဗျား နားလည်ပါတယ်.. ဒီနေရာကို ခင်ဗျားလည်း ပိုင်ဆိုင်ခဲ့ဖူးတာပဲမဟုတ်လား..? ဒီနယ်မြေထဲကို ဝင်ချင်ရင် တစ်ကိုယ်ကောင်းဆန်တဲ့အချစ်မျိုး ရှိနေလို့မရဘူး.. သူက ခင်ဗျားကို ချစ်နေတော့ ဒီနယ်မြေရဲ့ ပိုင်ရှင်ဖြစ်လာဖို့ အရည်အချင်းမပြည့်မီဘူး.. အရင်ကလည်း ငါးကြိမ်တောင် ချစ်ခဲ့ဖူးတာဆိုတော့ ခင်ဗျားလည်း ဒါကို ရှင်းရှင်းလင်းလင်း နားလည်နေမှာပါ.. အခု ကျုပ်က ခင်ဗျားရဲ့နေရာကို ဆက်ခံနိုင်ခဲ့ပြီ.. အဲ့တာ ဘာသဘောဖြစ်မလဲ.. ဟုတ်တာပေါ့ ကျုပ် ခင်ဗျားကို မချစ်တော့ဘူးလို့ ဆိုလိုနေတာပဲ..”

(TN : ခြူးမုယွင်လည်း အရင်က ချစ်ဖူးတာပဲ၊ ဘာလို့ ပိုင်ရှင်ဆက်ဖြစ်နေတာလဲလို့ တွေးတဲ့လူရှိမယ်ထင်တယ်။ ခြူးမုယွင်က ယဲ့ကျန့်ဟန်ကို ချစ်မိခဲ့ပေမယ့် သူဖန်တီးခဲ့တဲ့ကမ္ဘာကြီးနဲ့ သက်ရှိတွေအပေါ်မှာလည်း အချစ်မလျော့ခဲ့ပါဘူး။ ပြီးတော့ သူက ဖန်တင်းရှင်နတ်ဘုရားအစစ်လည်း ဖြစ်နေတယ်။ ဒါပေမဲ့ ယဲ့ကျန့်ဟန်တို့ကတော့ ခြူးမုယွင်တစ်ယောက်တည်းသာ ချစ်မြတ်နိုးရာပါ။ အဲ့တာကြောင့် သူ့ရဲ့အချစ်က တစ်ကိုယ်ကောင်းဆန်ပါတယ်။)

ထိုသို့ပြောပြီးနောက် ယဲ့ကျန့်ဟန် လှည့်ထွက်သွားသည်။ သူ ‘နတ်ဘုရားနယ်မြေ’အပြင်သို့ ထွက်လာခြင်းက ခြူးမုယွင်ကို တွေ့ရန်မဟုတ်၊ သေမျိုးနယ်မြေမှ အလွန်ထူးဆန်းသော သားရဲကြီးတစ်ကောင်ကြောင့် ဖြစ်ပေသည်။ ထိုသားရဲသည် အင်မတန် စွမ်းအားကြီးပြီး ကမ္ဘာလောကထက်ပင် သာလွန်နေ၏။ ထို့ကြောင့် တည်ရှိမနေသင့်ပေ။

ခြူးမုယွင်က ထိုအခြင်းအရာကို လုံးဝဂရုမစိုက်ပေ။

တကယ်တော့ ‘နတ်ဘုရားနယ်မြေ’ အပြင်ဘက်မှာ နေထိုင်ရင်း ထိုအကြောင်းကြားသိခဲ့သည်မှာ နှစ်အတော်ကြာမြင့်ခဲ့ချေပြီ။ သို့သော် သူက သွားကြည့်ရန် စိတ်ကူးမရှိခဲ့ပေ။

သို့သော် ယဲ့ကျန့်ဟန်ပြောခဲ့သည့် စကားကိုတော့ ဘယ်သူကများ သူ့ထက်ပိုပြီး နားလည်နိုင်ဦးမည်နည်း။

‘ထိုသူ’ကို ငါးကြိမ်တိုင်တိုင် ပျိုးထောင်ပေးခဲ့ပြီး အကြိမ်တိုင်း ‘ဒီကလေးဆိုရင်တော့ နယ်ဘုရားနယ်မြေထဲ ဝင်နိုင်မှာပဲ’ ဟူ၍ တွေးခဲ့ဖူးသည်။ သို့သော် အဆုံးသတ်တွင် ကျရှုံးခဲ့ရစမြဲ။

ဤကား အစွမ်းအစမရှိ၍မဟုတ်၊ ‘ဘုရားသခင်’၏ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကင်းရန် လိုအပ်သောကြောင့်ပင်။

သို့သော် ဤတစ်ခေါက် ယဲ့ကျန့်ဟန် ဝင်ရောက်နိုင်ခြင်းက ‘ထိုသူ’ သူ့အပေါ် လုံးဝမချစ်တော့ကြောင်း ဖော်ပြနေလေပြီ။

ခြူးမုယွင်မှာ သူ့ကို ထာဝရ ဆုံးရှုံးရလိမ့်မည်ဟူ၍ ဘယ်တုန်းကမှ မထင်ထားခဲ့။

နှစ်သန်းပေါင်းများစွာ မျှော်လင့်တောင့်တခဲ့သည့် လွတ်လပ်မှုကို ရရှိခဲ့ပါသော်ငြား အနှီလွတ်လပ်မှုအလယ် ခြူးမုယွင်အတွက် အသက်ရှင်ရန် အကြောင်းပြချက်မရှိတော့ပေ။

သို့နှင့် ထိုနေရာမှ ထွက်လာခဲ့သည်။ သေမျိုးနယ်မြေသို့ ပြန်ဆင်းသွားပြီး အသက်ဝင်နေသည့် အလောင်းလို နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။

ထိုသို့နေထိုင်လာခဲ့သည်မှာ ချောက်နက်ကြီးတစ်ခုထဲသို့ ပြုတ်ကျသွားပြီး သေလုဆဲဆဲ သားရဲလေးတစ်ကောင်ကို မတွေ့ရခင်အချိန်အထိ။

တကယ်တော့ ‘သားရဲလေး’ဟူ၍ သုံးနှုန်းရန်မသင့်ပေ။ သူ၏ ခန္ဓာကိုယ်က တောင်ကုန်းတစ်ခုနှယ် အလွန်ကြီးမားပြီး အမွေးဖွားဖွားဖြင့်။ သို့သော် သွေးများဖြင့် ရွှဲစိုနေပြီး အလွန်နေရခက်နေပုံပေါ်သည်။

ခြူးမုယွင်က ‘သားရဲလေး’ဟု ခေါ်ဝေါ်သုံးနှုန်းရခြင်းမှာ ထိုသားရဲလေးသည် အရွယ်မရောက်သေးသောကြောင့် ဖြစ်၏။

လူသားသက်တမ်းဖြင့် ခိုင်းနှိုင်းတွက်ချက်ကြည့်လျှင် တစ်နှစ်-နှစ်နှစ်အရွယ် ကလေးလေးမျှသာ ရှိသေးသည်။

အလွန်ငယ်ရွယ်သော်ငြား အလွန်စွမ်းအားကြီးပေသည်။

ခြူးမုယွင် သတိရသွားသည်။ ဤသတ္တဝါက ယဲ့ကျန့်ဟန် အောက်ဘုံကိုဆင်းပြီး နှိမ်နင်းခဲ့သည့် သားရဲကြီးမဟုတ်ပါလော။

ထိုအခိုက် အလွန်ကြီးမားသော သားရဲလေးသည် မျက်လုံးဖွင့်လာပြီး အရည်လဲ့နေသော မျက်ဝန်းကြီးများဖြင့် ခြူးမုယွင်ကို ခိုကိုးရာမဲ့စွာ ကြည့်လာသည်။

ခြူးမုယွင်လည်း ရုတ်တရက် ခံစားချက်ထပ်တူကျသွားသလို ခံစားလိုက်ရလေ၏။

သို့နှင့် မျက်တောင်အသာခတ်လိုက်ရင်း နူးညံ့စွာ ပြောလိုက်သည်။ သို့သော် စကားမပြောခဲ့သည်မှာ နှစ်အတော်ကြာသွားပြီဖြစ်၍ သူ၏အသံက အက်ကွဲခြောက်ကပ်နေလေသည်။ : “မကြောက်နဲ့နော်.. ငါ မင်းကို ကူညီပေးမယ်..”

ခြူးမုယွင်က သားရဲငယ်လေးကို ကူညီပေးခဲ့သည်။ ထိုသတ္တဝါလေးကို ကုသပေးရန် စွမ်းအားအတော် ‌သုံးလိုက်ရလေသည်။ ကံကောင်းထောက်မစွာဖြင့် သူက ‘နတ်ဘုရား’မဟုတ်တော့သော်လည်း နတ်ဘုရားတစ်ပါးလို စွမ်းအားရှိနေသေး၍သာ ကံကောင်းသွားသည်။

‘နတ်ဘုရားနယ်မြေ’မှ လွတ်မြောက်ခဲ့သော်လည်း တန်ခိုးစွမ်းအင်များကို မဆုံးရှုံးလိုက်ရပေ။

ခြူးမုယွင်မှာ အနှီသတ္တဝါလေးကို ကျွေးမွေးစောင့်ရှောက်ရင်း အနည်းငယ် စိတ်အားတက်ကြွလာသလို ခံစားလိုက်ရ၏။

ထိုသားရဲလေးသည် ၎င်း၏စွမ်းရည်နှင့် ဉာဏ်ပညာက ပြောင်းပြန်အချိုးကျနေသလို အလွန်ရိုးသားဖြူစင်လှသည်။ စွမ်းအားကြီးမားလေ ရိုးသားဖြူစင်လေ ဖြစ်နေတော့သည်။

ခြူးမုယွင်က သားရဲလေးကို ပညာရပ်များစွာ သင်ကြားပေးလိုခဲ့သော်ငြား ထိုသတ္တဝါလေးက ကံဆိုးစွာဖြင့် မသင်ယူနိုင်ခဲ့ပေ။

တခြားရှုထောင့်မှကြည့်လျှင် ခြူးမုယွင်သည် ကလေးတစ်ယောက်ကို မည်သို့မည်ပုံ ပြုစုပျိုးထောင်သင့်မှန်း တကယ်ကို နားမလည်ပါချေ။ မော့ကျိုးရှောင်မှ ယဲ့ကျန့်ဟန်အထိ.. သူတို့အားလုံး ဉာဏ်ကောင်းပြီး သင်လွယ်တတ်လွယ်ကြ၍သာ။ ခြူးမုယွင်အနေဖြင့် နည်းနည်းလေး ထပ်ဖြည့်ပေးရန်သာ လိုအပ်ခဲ့သည်။ သူသာ မရှိခဲ့လျှင် သူတို့အားလုံး တစ်နည်းနည်းဖြင့် နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး တစ်စုံတစ်ဦးကို ချစ်မြတ်နိုးမိ၍ ခံစားရသော ဆင်းရဲဒုက္ခများ ကြုံတွေ့ရတော့မည် မဟုတ်ပေ။

စိတ်မကောင်းစရာကား ခြူးမုယွင် အသိနောက်ကျသွားချေပြီ။ သူ ထိုအမှားကို ပြုလုပ်ခဲ့မိသည်။ ဤကမ္ဘာလောကကြီးတွင် ‘နောင်တတရား’အတွက် ဖြေဆေးမရှိ။

ခြူးမုယွင်က စွမ်းအားအပြည့်ဖြင့် အမွေးများ ပြန်လည်တောက်ပြောင်နေပြီဖြစ်သော သားရဲလေးကိုကြည့်ကာ အပြုံးဖြင့် ဆိုသည်။ : “ဒီနေ့ကစပြီး မင်းကို သုည(Zero) လို့ ခေါ်မယ်..” ပြီးနောက် သက်ပြင်းဖွဖွချကာ ဆက်ပြောလိုက်သည်။ “ငါတို့နှစ်ယောက် အတူတူ သုညဘဝကနေ ပြန်စကြတာပေါ့..”

သားရဲလေးသည် ထိုစကား၏အဓိပ္ပါယ်ကို နားမလည်သော်လည်း ဧရာမဦးခေါင်းကြီးဖြင့် ခြူးမုယွင်ကို ပွတ်သပ်လိုက်သည်။

တောတောင်များအလယ်တွင် အချိန်အတိုင်းအတာဟူ၍မရှိ။ ခြူးမုယွင်က ဘဝကို ဦးတည်ရာမဲ့စွာ ဖြတ်သန်းနေသော်ငြား အနှီသားရဲလေးကတော့ တစ်နေ့တခြား ကြီးထွားလာသည်။

ယဲ့ကျန့်ဟန်က သူ့ကို အောက်ဘုံအထိ ကန်ထုတ်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။ ထိုသတ္တဝါလေးသည် တကယ့်ကို စွမ်းအားကြီးလွန်းပေ၏။ ပေါက်စအရွယ်လေးဖြင့်ပင် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်အထိ စွမ်းအားကြီးမားခဲ့သော်ငြား သူ၏နှလုံးသားက ကမ္ဘာမြေကြီးတုန်ဟည်းလောက်သည်အထိ ဖြူစင်လွန်းနေသည်။

ဤကမ္ဘာတွင် တကယ့်ကို ဖြစ်တည်မလာသင့်သော သတ္တဝါလေးပင်။

သို့သော် မွေးဖွားလာခဲ့သည်။

ခြူးမုယွင်မှာ ရုတ်တရက် သတိကပ်သွားပြီး သားရဲလေး၏ အနာဂတ်အတွက် စိုးရိမ်လာမိတော့သည်။ ဤသို့သာ ဆက်လက်ကြီးထွားနေလျှင် အနှေးနှင့်အမြန်ဆိုသလို ယဲ့ကျန့်ဟန် ရှာတွေ့သွားလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျှင် ကျိန်းသေပေါက် အသတ်ခံရနိုင်သည်။

ခြူးမုယွင်က သားရဲလေးသေဆုံးမှာကို မမြင်ရက်သဖြင့် နည်းလမ်းလိုက်ရှာတော့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။

ထိုနည်းလမ်းကား ဤကမ္ဘာနှင့် မအပ်စပ်သော သားရဲလေးကို တခြားကမ္ဘာသို့ ပို့လိုက်ရုံသာ။ ပိုမိုစွမ်းအားကြိးပြီး သားရဲလေး အံဝင်ခွင်ကျဖြစ်နိုင်သည့် ကမ္ဘာတစ်ခုသို့ ပို့ပေးလိုက်ရုံသာ။

ခြူးမုယွင်သည် ‘ဖန်ဆင်းရှင်နတ်ဘုရား’ ဟူသောဂုဏ်ပုဒ်ကို စွန့်ပယ်ကာ နတ်ဘုရားနယ်မြေမှ ထွက်ခွာလာပြီးနောက် နှစ်ပေါင်းရာကျော် လှည့်လည်သွားခဲ့သော်လည်း ကမ္ဘာအသစ်တစ်ခု ဖန်တီးရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ ယခုတော့ စတင်တွေးတောလာမိချေပြီ။

သို့သော် ဤတစ်ကြိမ်တော့ သူ့ကိုယ်သူ ချုပ်နှောင်ခံတော့မည်မဟုတ်ပေ။ ‘နတ်ဘုရား’မလိုအပ်ဘဲ သူ့ဘာသာ ရပ်တည်နိုင်သည့် ကမ္ဘာတစ်ခုအဖြစ် ဖန်တီးရပေလိမ့်မည်။

အလုပ်များလာသဖြင့် ခြူးမုယွင်လည်း ဟိုဟိုသည်သည် လျှောက်မတွေးဖြစ်တော့ပေ။

အထူးအဆန်းသားရဲလေး Zero သည် အလွန်လိမ္မာသော ကလေးတစ်ယောက်ဖြစ်၏။ နေ့တိုင်း ရိုးရိုးသားသား အစာတောင်းပြီး ရိုးရိုးသားသား ကြီးပြင်းလာသည်။ ခြင်္သေ့လေးများကို ကျောပေါ်တင်ကာ တောင်ကြားထဲတွင် လိုက်လံပျံသန်းနေတတ်ပြီး ကျားပေါက်လေးများကို ကျောပေါ်တင်ကာ ခုန်ပေါက်နေတတ်သည်။ နောက်ဆုံး လင်းယုန်များဖြင့်ပင် ဘယ်သူပိုမြန်သလဲ အပျံပြိုင်နေတော့သည်။

လင်းယုန်လေးများကတော့ သူ့ကို အနည်းငယ် ကြောက်လန့်နေကြပုံပင်။

Zero လေးသည် တောင်ကြားများထဲတွင် နေ့တိုင်း ခုန်ပေါက်ပြေးကစားနေရင်း တစ်နေ့မှာတော့ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရလေ၏။

လဝက်ခန့်ကြာပြီးနောက် ခြူးမုယွင်သည် အိမ်တွင်းပုန်းနေသော သားရဲလေးကို သတိထားမိလာပြီး မေးလိုက်သည်။

“ဘာဖြစ်လို့လဲ..?”

Zero လေး၏ တောင်ကုန်းတစ်ခုသဖွယ် ကြီးမားလွန်းသော ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်လာပြီး ဧရာမမျက်လုံးကြီးများပင် မျက်ရည်ဝဲတက်လာသည်။

“လူဆိုးကောင်ကြီးနဲ့ တွေ့ခဲ့လို့..”

ခြူးမုယွင်၏ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။

Zero လေးကြောက်ရသည့် တစ်ခုတည်းသောအရာကား ယဲ့ကျန့်ဟန်သာ ဖြစ်သည်။

……………………………………………

TN : ပြီးခါနီးလေ Vote နည်းလာလေပဲနော်။ Meli ကို အားအင်လေးတွေ ပေးကြပါဦးလို့ T~T

……………………………………………

Zawgyi

ျခဴးမုယြင္ သတိျပန္ရလာခ်ိန္တြင္ စိတ္ပ်က္သြားရသည္။

သူ မေသျပန္။ ဟုတ္သည္ သူက အဘယ္သို႔ ေသႏိုင္မည္နည္း။

နတ္ဘုရားနယ္ေျမတြင္ ေခါင္းမာမာျဖင့္ ဆက္ေနခဲ့ျခင္းက ဤကမာၻေလာကကို ကာကြယ္ရန္မဟုတ္။ ခ်စ္ရသူကို ကာကြယ္ရန္သာ ျဖစ္သည္။ သို႔ေသာ္ ယခုေတာ့ ခ်စ္ရသူက သူ၏ကာကြယ္မႈကို မလိုအပ္ေတာ့ေခ်။

မည္သို႔ဆိုေစ သူ႔အေနျဖင့္ အသက္ဆက္ရွင္ရေပဦးမည္။ ဤကမာၻေပၚတြင္ ထိုလူသားေလး ေနထိုင္ေနသည္ဟူေသာ အသိေၾကာင့္ ဗလာနတၱိနယ္ေျမထဲသို႔ မတုံ႔မဆိုင္း သက္ဆင္းရေပဦးမည္။

သို႔ေပသိ ဒဏ္ရာမ်ား အရွင္းေပ်ာက္ကင္း၍ ‘နတ္ဘုရားနယ္ေျမ’သို႔ ျပန္သြားရခ်ိန္တြင္ ထိုနယ္ေျမထဲသို႔ ဝင္မရေတာ့ေၾကာင္း ေတြ႕လိုက္ရသည္။

သူ႔ကို ႏွစ္သန္းေပါင္းမ်ားစြာ ပိတ္ေလွာင္ထားခဲ့ေသာ အႏွီေလွာင္ခ်ိဳင့္… သူ႔အတြက္ အေမွာင္မိုက္ဆုံး ေၾကာက္စရာအေကာင္းဆုံး ျဖစ္ခဲ့ေသာ ဗလာနတၱိနယ္ေျမသည္ သူ႔ကို အလြတ္ေပးလိုက္ၿပီေလာ။

ယဲ့က်န႔္ဟန္ဆီ သြားမယ္။ ဒီတစ္ေခါက္… ဒီတစ္ေခါက္ေတာ့ သူတို႔ အတူေနႏိုင္ၿပီဆိုတဲ့အေၾကာင္း သြားေျပာျပရမယ္..!

ျခဴးမုယြင္မွာ မူးေဝလုမတတ္ ေပ်ာ္ျမဴးေနရွာၿပီး သူ၏စိတ္ထဲ ထိုအေတြးတစ္ခုသာ စိုးမိုးေနေတာ့သည္။

သနားစရာေကာင္းလွေပစြ။

ေသမ်ိဳးနယ္ေျမထဲဝယ္ ျခဴးမုယြင္သည္ ယဲ့က်န႔္ဟန္ကို လိုက္ရွာေနခဲ့ၿပီး ေနာက္ဆုံး ရွာမေတြ႕ေတာ့မွ သေဘာေပါက္သြားသည္။

ျဖစ္ရပ္အစမွအဆုံးထိ အျပန္ျပန္အလွန္လွန္ ျပန္ေတြးၾကည့္ၿပီးေနာက္ အဘယ္သို႔ နားမလည္ဘဲေနမည္နည္း။

အႏွီေလွာင္ခ်ိဳင့္သည္ သူ႔ကို အလြတ္ေပးလိုက္ျခင္းမဟုတ္၊ အျခားလူတစ္ေယာက္က သူ႔ေနရာကို အစားဝင္ယူသြားျခင္းသာ ျဖစ္ေပလိမ့္မည္။

နတ္ဘုရားနယ္ေျမက သူ႔ကို လြတ္လပ္ခြင့္ေပးလိုက္သည္မဟုတ္၊ ယဲ့က်န႔္ဟန္က သူ၏ လြတ္လပ္မႈအတြက္ သူ႔ကိုယ္သူ စေတးသြားျခင္း ျဖစ္ေပလိမ့္မည္။

ျခဴးမုယြင္မွာ နတ္ဘုရားနယ္ေျမသို႔ သြား၍ ယဲ့က်န႔္ဟန္ကို ေတြ႕လိုခဲ့သည္။ သို႔ေသာ္ ႏွစ္ေပါင္းရာခ်ီၾကာျမင့္သြားသည့္တိုင္ သူ႔ကို ထြက္မေတြ႕ခဲ့ေခ်။

ျခဴးမုယြင္က အေလ်ာ့မေပးဘဲ ေစာင့္ၿမဲေစာင့္ေနဆဲ။ သူ၏အျဖစ္က ေလွာင္အိမ္တစ္ခုမွ လြတ္ေျမာက္လာၿပီး တျခားေလွာင္အိမ္ထဲသို႔ တိုးဝင္မိသူႏွယ္။ သို႔ေသာ္ ထိုေလွာင္အိမ္ကို ဖန္တီးခဲ့သူက သူကိုယ္တိုင္ျဖစ္ေနသည္။ ေလွာင္အိမ္ထဲဝယ္ ခြၽန္ျမထက္ရွေသာ ဓားသြားအျပည့္ျဖင့္ သူ႔ကို အပိုင္းပိုင္းအစစ ဆုတ္ၿဖဲေနေတာ့သည္။

ထိုေနရာတြင္ ေနထိုင္ခဲ့သည္မွာ မည္မွ်ၾကာျမင့္သြားသလဲ မသိေတာ့။ သို႔ေသာ္ ေနာက္ဆုံးေတာ့ အၾကင္သူကို ျမင္ႏိုင္ခဲ့သည္။

လုံးဝစိမ္းသက္ေနေသာ ယဲ့က်န႔္ဟန္။

သူက အျမင့္တစ္ေနရာတြင္ မတ္တပ္ရပ္ၿပီး သူ႔ကို ငုံ႔ၾကည့္ေနခဲ့သည္။ မ်က္ဝန္းမ်ားက ေအးတိေအးစက္ျဖင့္ ခံစားခ်က္မဲ့လ်က္။

ျခဴးမုယြင္၏ရင္ထဲ အတန္ငယ္ ေအးစိမ့္သြားၿပီး သူ႔ကို ခပ္တိုးတိုးေလး လွမ္းေခၚမိသည္။ “အားဟန္..”

ယဲ့က်န႔္ဟန္က သူ႔ကို တည္ၾကည္စြာ လွည့္ၾကည့္လာ၏။ ၿပီးေနာက္ ေၾကာက္စရာေကာင္းေအာင္ တည္ၿငိမ္ေနေသာ ေလသံျဖင့္.. : “သူ ေသသြားၿပီ..”

ျခဴးမုယြင္၏ တစ္ကိုယ္လုံး ေရခဲအတိ ဖုံးလႊမ္းသြားရသလို။ ေၾကာက္မက္ဖြယ္ေကာင္းလြန္းေသာ အေငြ႕အသက္ေၾကာင့္ အသားမ်ားပင္ တဆတ္ဆတ္ တုန္ယင္လာရသည္အထိ။ : “ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ..? မင္းက မဟုတ္…….”

ယဲ့က်န႔္ဟန္ : “က်ဳပ္ေျပာခ်င္တာကို ခင္ဗ်ား နားလည္ပါတယ္.. ဒီေနရာကို ခင္ဗ်ားလည္း ပိုင္ဆိုင္ခဲ့ဖူးတာပဲမဟုတ္လား..? ဒီနယ္ေျမထဲကို ဝင္ခ်င္ရင္ တစ္ကိုယ္ေကာင္းဆန္တဲ့အခ်စ္မ်ိဳး ရွိေနလို႔မရဘူး.. သူက ခင္ဗ်ားကို ခ်စ္ေနေတာ့ ဒီနယ္ေျမရဲ႕ ပိုင္ရွင္ျဖစ္လာဖို႔ အရည္အခ်င္းမျပည့္မီဘူး.. အရင္ကလည္း ငါးႀကိမ္ေတာင္ ခ်စ္ခဲ့ဖူးတာဆိုေတာ့ ခင္ဗ်ားလည္း ဒါကို ရွင္းရွင္းလင္းလင္း နားလည္ေနမွာပါ.. အခု က်ဳပ္က ခင္ဗ်ားရဲ႕ေနရာကို ဆက္ခံႏိုင္ခဲ့ၿပီ.. အဲ့တာ ဘာသေဘာျဖစ္မလဲ.. ဟုတ္တာေပါ့ က်ဳပ္ ခင္ဗ်ားကို မခ်စ္ေတာ့ဘူးလို႔ ဆိုလိုေနတာပဲ..”

(TN : ျခဴးမုယြင္လည္း အရင္က ခ်စ္ဖူးတာပဲ၊ ဘာလို႔ ပိုင္ရွင္ဆက္ျဖစ္ေနတာလဲလို႔ ေတြးတဲ့လူရွိမယ္ထင္တယ္။ ျခဴးမုယြင္က ယဲ့က်န႔္ဟန္ကို ခ်စ္မိခဲ့ေပမယ့္ သူဖန္တီးခဲ့တဲ့ကမာၻႀကီးနဲ႔ သက္ရွိေတြအေပၚမွာလည္း အခ်စ္မေလ်ာ့ခဲ့ပါဘူး။ ၿပီးေတာ့ သူက ဖန္တင္းရွင္နတ္ဘုရားအစစ္လည္း ျဖစ္ေနတယ္။ ဒါေပမဲ့ ယဲ့က်န႔္ဟန္တို႔ကေတာ့ ျခဴးမုယြင္တစ္ေယာက္တည္းသာ ခ်စ္ျမတ္ႏိုးရာပါ။ အဲ့တာေၾကာင့္ သူ႔ရဲ႕အခ်စ္က တစ္ကိုယ္ေကာင္းဆန္ပါတယ္။)

ထိုသို႔ေျပာၿပီးေနာက္ ယဲ့က်န႔္ဟန္ လွည့္ထြက္သြားသည္။ သူ ‘နတ္ဘုရားနယ္ေျမ’အျပင္သို႔ ထြက္လာျခင္းက ျခဴးမုယြင္ကို ေတြ႕ရန္မဟုတ္၊ ေသမ်ိဳးနယ္ေျမမွ အလြန္ထူးဆန္းေသာ သားရဲႀကီးတစ္ေကာင္ေၾကာင့္ ျဖစ္ေပသည္။ ထိုသားရဲသည္ အင္မတန္ စြမ္းအားႀကီးၿပီး ကမာၻေလာကထက္ပင္ သာလြန္ေန၏။ ထို႔ေၾကာင့္ တည္ရွိမေနသင့္ေပ။

ျခဴးမုယြင္က ထိုအျခင္းအရာကို လုံးဝဂ႐ုမစိုက္ေပ။

တကယ္ေတာ့ ‘နတ္ဘုရားနယ္ေျမ’ အျပင္ဘက္မွာ ေနထိုင္ရင္း ထိုအေၾကာင္းၾကားသိခဲ့သည္မွာ ႏွစ္အေတာ္ၾကာျမင့္ခဲ့ေခ်ၿပီ။ သို႔ေသာ္ သူက သြားၾကည့္ရန္ စိတ္ကူးမရွိခဲ့ေပ။

သို႔ေသာ္ ယဲ့က်န႔္ဟန္ေျပာခဲ့သည့္ စကားကိုေတာ့ ဘယ္သူကမ်ား သူ႔ထက္ပိုၿပီး နားလည္ႏိုင္ဦးမည္နည္း။

‘ထိုသူ’ကို ငါးႀကိမ္တိုင္တိုင္ ပ်ိဳးေထာင္ေပးခဲ့ၿပီး အႀကိမ္တိုင္း ‘ဒီကေလးဆိုရင္ေတာ့ နယ္ဘုရားနယ္ေျမထဲ ဝင္ႏိုင္မွာပဲ’ ဟူ၍ ေတြးခဲ့ဖူးသည္။ သို႔ေသာ္ အဆုံးသတ္တြင္ က်ရႈံးခဲ့ရစၿမဲ။

ဤကား အစြမ္းအစမရွိ၍မဟုတ္၊ ‘ဘုရားသခင္’၏ ခ်စ္ျခင္းေမတၱာသည္ ကိုယ္က်ိဳးကင္းရန္ လိုအပ္ေသာေၾကာင့္ပင္။

သို႔ေသာ္ ဤတစ္ေခါက္ ယဲ့က်န႔္ဟန္ ဝင္ေရာက္ႏိုင္ျခင္းက ‘ထိုသူ’ သူ႔အေပၚ လုံးဝမခ်စ္ေတာ့ေၾကာင္း ေဖာ္ျပေနေလၿပီ။

ျခဴးမုယြင္မွာ သူ႔ကို ထာဝရ ဆုံးရႈံးရလိမ့္မည္ဟူ၍ ဘယ္တုန္းကမွ မထင္ထားခဲ့။

ႏွစ္သန္းေပါင္းမ်ားစြာ ေမွ်ာ္လင့္ေတာင့္တခဲ့သည့္ လြတ္လပ္မႈကို ရရွိခဲ့ပါေသာ္ျငား အႏွီလြတ္လပ္မႈအလယ္ ျခဴးမုယြင္အတြက္ အသက္ရွင္ရန္ အေၾကာင္းျပခ်က္မရွိေတာ့ေပ။

သို႔ႏွင့္ ထိုေနရာမွ ထြက္လာခဲ့သည္။ ေသမ်ိဳးနယ္ေျမသို႔ ျပန္ဆင္းသြားၿပီး အသက္ဝင္ေနသည့္ အေလာင္းလို ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့သည္။

ထိုသို႔ေနထိုင္လာခဲ့သည္မွာ ေခ်ာက္နက္ႀကီးတစ္ခုထဲသို႔ ျပဳတ္က်သြားၿပီး ေသလုဆဲဆဲ သားရဲေလးတစ္ေကာင္ကို မေတြ႕ရခင္အခ်ိန္အထိ။

တကယ္ေတာ့ ‘သားရဲေလး’ဟူ၍ သုံးႏႈန္းရန္မသင့္ေပ။ သူ၏ ခႏၶာကိုယ္က ေတာင္ကုန္းတစ္ခုႏွယ္ အလြန္ႀကီးမားၿပီး အေမြးဖြားဖြားျဖင့္။ သို႔ေသာ္ ေသြးမ်ားျဖင့္ ႐ႊဲစိုေနၿပီး အလြန္ေနရခက္ေနပုံေပၚသည္။

ျခဴးမုယြင္က ‘သားရဲေလး’ဟု ေခၚေဝၚသုံးႏႈန္းရျခင္းမွာ ထိုသားရဲေလးသည္ အ႐ြယ္မေရာက္ေသးေသာေၾကာင့္ ျဖစ္၏။

လူသားသက္တမ္းျဖင့္ ခိုင္းႏႈိင္းတြက္ခ်က္ၾကည့္လွ်င္ တစ္ႏွစ္-ႏွစ္ႏွစ္အ႐ြယ္ ကေလးေလးမွ်သာ ရွိေသးသည္။

အလြန္ငယ္႐ြယ္ေသာ္ျငား အလြန္စြမ္းအားႀကီးေပသည္။

ျခဴးမုယြင္ သတိရသြားသည္။ ဤသတၱဝါက ယဲ့က်န႔္ဟန္ ေအာက္ဘုံကိုဆင္းၿပီး ႏွိမ္နင္းခဲ့သည့္ သားရဲႀကီးမဟုတ္ပါေလာ။

ထိုအခိုက္ အလြန္ႀကီးမားေသာ သားရဲေလးသည္ မ်က္လုံးဖြင့္လာၿပီး အရည္လဲ့ေနေသာ မ်က္ဝန္းႀကီးမ်ားျဖင့္ ျခဴးမုယြင္ကို ခိုကိုးရာမဲ့စြာ ၾကည့္လာသည္။

ျခဴးမုယြင္လည္း ႐ုတ္တရက္ ခံစားခ်က္ထပ္တူက်သြားသလို ခံစားလိုက္ရေလ၏။

သို႔ႏွင့္ မ်က္ေတာင္အသာခတ္လိုက္ရင္း ႏူးညံ့စြာ ေျပာလိုက္သည္။ သို႔ေသာ္ စကားမေျပာခဲ့သည္မွာ ႏွစ္အေတာ္ၾကာသြားၿပီျဖစ္၍ သူ၏အသံက အက္ကြဲေျခာက္ကပ္ေနေလသည္။ : “မေၾကာက္နဲ႔ေနာ္.. ငါ မင္းကို ကူညီေပးမယ္..”

ျခဴးမုယြင္က သားရဲငယ္ေလးကို ကူညီေပးခဲ့သည္။ ထိုသတၱဝါေလးကို ကုသေပးရန္ စြမ္းအားအေတာ္ ‌သုံးလိုက္ရေလသည္။ ကံေကာင္းေထာက္မစြာျဖင့္ သူက ‘နတ္ဘုရား’မဟုတ္ေတာ့ေသာ္လည္း နတ္ဘုရားတစ္ပါးလို စြမ္းအားရွိေနေသး၍သာ ကံေကာင္းသြားသည္။

‘နတ္ဘုရားနယ္ေျမ’မွ လြတ္ေျမာက္ခဲ့ေသာ္လည္း တန္ခိုးစြမ္းအင္မ်ားကို မဆုံးရႈံးလိုက္ရေပ။

ျခဴးမုယြင္မွာ အႏွီသတၱဝါေလးကို ေကြၽးေမြးေစာင့္ေရွာက္ရင္း အနည္းငယ္ စိတ္အားတက္ႂကြလာသလို ခံစားလိုက္ရ၏။

ထိုသားရဲေလးသည္ ၎၏စြမ္းရည္ႏွင့္ ဉာဏ္ပညာက ေျပာင္းျပန္အခ်ိဳးက်ေနသလို အလြန္႐ိုးသားျဖဴစင္လွသည္။ စြမ္းအားႀကီးမားေလ ႐ိုးသားျဖဴစင္ေလ ျဖစ္ေနေတာ့သည္။

ျခဴးမုယြင္က သားရဲေလးကို ပညာရပ္မ်ားစြာ သင္ၾကားေပးလိုခဲ့ေသာ္ျငား ထိုသတၱဝါေလးက ကံဆိုးစြာျဖင့္ မသင္ယူႏိုင္ခဲ့ေပ။

တျခားရႈေထာင့္မွၾကည့္လွ်င္ ျခဴးမုယြင္သည္ ကေလးတစ္ေယာက္ကို မည္သို႔မည္ပုံ ျပဳစုပ်ိဳးေထာင္သင့္မွန္း တကယ္ကို နားမလည္ပါေခ်။ ေမာ့က်ိဳးေရွာင္မွ ယဲ့က်န႔္ဟန္အထိ.. သူတို႔အားလုံး ဉာဏ္ေကာင္းၿပီး သင္လြယ္တတ္လြယ္ၾက၍သာ။ ျခဴးမုယြင္အေနျဖင့္ နည္းနည္းေလး ထပ္ျဖည့္ေပးရန္သာ လိုအပ္ခဲ့သည္။ သူသာ မရွိခဲ့လွ်င္ သူတို႔အားလုံး တစ္နည္းနည္းျဖင့္ နတ္ဘုရားစြမ္းရည္ကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ၿပီး တစ္စုံတစ္ဦးကို ခ်စ္ျမတ္ႏိုးမိ၍ ခံစားရေသာ ဆင္းရဲဒုကၡမ်ား ႀကဳံေတြ႕ရေတာ့မည္ မဟုတ္ေပ။

စိတ္မေကာင္းစရာကား ျခဴးမုယြင္ အသိေနာက္က်သြားေခ်ၿပီ။ သူ ထိုအမွားကို ျပဳလုပ္ခဲ့မိသည္။ ဤကမာၻေလာကႀကီးတြင္ ‘ေနာင္တတရား’အတြက္ ေျဖေဆးမရွိ။

ျခဴးမုယြင္က စြမ္းအားအျပည့္ျဖင့္ အေမြးမ်ား ျပန္လည္ေတာက္ေျပာင္ေနၿပီျဖစ္ေသာ သားရဲေလးကိုၾကည့္ကာ အၿပဳံးျဖင့္ ဆိုသည္။ : “ဒီေန႔ကစၿပီး မင္းကို သုည(Zero) လို႔ ေခၚမယ္..” ၿပီးေနာက္ သက္ျပင္းဖြဖြခ်ကာ ဆက္ေျပာလိုက္သည္။ “ငါတို႔ႏွစ္ေယာက္ အတူတူ သုညဘဝကေန ျပန္စၾကတာေပါ့..”

သားရဲေလးသည္ ထိုစကား၏အဓိပၸါယ္ကို နားမလည္ေသာ္လည္း ဧရာမဦးေခါင္းႀကီးျဖင့္ ျခဴးမုယြင္ကို ပြတ္သပ္လိုက္သည္။

ေတာေတာင္မ်ားအလယ္တြင္ အခ်ိန္အတိုင္းအတာဟူ၍မရွိ။ ျခဴးမုယြင္က ဘဝကို ဦးတည္ရာမဲ့စြာ ျဖတ္သန္းေနေသာ္ျငား အႏွီသားရဲေလးကေတာ့ တစ္ေန႔တျခား ႀကီးထြားလာသည္။

ယဲ့က်န႔္ဟန္က သူ႔ကို ေအာက္ဘုံအထိ ကန္ထုတ္ခဲ့သည္မွာ အံ့ဩစရာမရွိေတာ့ေပ။ ထိုသတၱဝါေလးသည္ တကယ့္ကို စြမ္းအားႀကီးလြန္းေပ၏။ ေပါက္စအ႐ြယ္ေလးျဖင့္ပင္ ကမာၻတစ္ခုလုံးကို ဖ်က္ဆီးပစ္ႏိုင္သည္အထိ စြမ္းအားႀကီးမားခဲ့ေသာ္ျငား သူ၏ႏွလုံးသားက ကမာၻေျမႀကီးတုန္ဟည္းေလာက္သည္အထိ ျဖဴစင္လြန္းေနသည္။

ဤကမာၻတြင္ တကယ့္ကို ျဖစ္တည္မလာသင့္ေသာ သတၱဝါေလးပင္။

သို႔ေသာ္ ေမြးဖြားလာခဲ့သည္။

ျခဴးမုယြင္မွာ ႐ုတ္တရက္ သတိကပ္သြားၿပီး သားရဲေလး၏ အနာဂတ္အတြက္ စိုးရိမ္လာမိေတာ့သည္။ ဤသို႔သာ ဆက္လက္ႀကီးထြားေနလွ်င္ အေႏွးႏွင့္အျမန္ဆိုသလို ယဲ့က်န႔္ဟန္ ရွာေတြ႕သြားလိမ့္မည္။ ထိုသို႔ျဖစ္လာခဲ့လွ်င္ က်ိန္းေသေပါက္ အသတ္ခံရႏိုင္သည္။

ျခဴးမုယြင္က သားရဲေလးေသဆုံးမွာကို မျမင္ရက္သျဖင့္ နည္းလမ္းလိုက္ရွာေတာ့သည္။

ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီးေနာက္ နည္းလမ္းတစ္ခု ရွာေတြ႕ခဲ့သည္။

ထိုနည္းလမ္းကား ဤကမာၻႏွင့္ မအပ္စပ္ေသာ သားရဲေလးကို တျခားကမာၻသို႔ ပို႔လိုက္႐ုံသာ။ ပိုမိုစြမ္းအားႀကိးၿပီး သားရဲေလး အံဝင္ခြင္က်ျဖစ္ႏိုင္သည့္ ကမာၻတစ္ခုသို႔ ပို႔ေပးလိုက္႐ုံသာ။

ျခဴးမုယြင္သည္ ‘ဖန္ဆင္းရွင္နတ္ဘုရား’ ဟူေသာဂုဏ္ပုဒ္ကို စြန႔္ပယ္ကာ နတ္ဘုရားနယ္ေျမမွ ထြက္ခြာလာၿပီးေနာက္ ႏွစ္ေပါင္းရာေက်ာ္ လွည့္လည္သြားခဲ့ေသာ္လည္း ကမာၻအသစ္တစ္ခု ဖန္တီးရန္ ဘယ္တုန္းကမွ မေတြးခဲ့ဖူးေခ်။ ယခုေတာ့ စတင္ေတြးေတာလာမိေခ်ၿပီ။

သို႔ေသာ္ ဤတစ္ႀကိမ္ေတာ့ သူ႔ကိုယ္သူ ခ်ဳပ္ေႏွာင္ခံေတာ့မည္မဟုတ္ေပ။ ‘နတ္ဘုရား’မလိုအပ္ဘဲ သူ႔ဘာသာ ရပ္တည္ႏိုင္သည့္ ကမာၻတစ္ခုအျဖစ္ ဖန္တီးရေပလိမ့္မည္။

အလုပ္မ်ားလာသျဖင့္ ျခဴးမုယြင္လည္း ဟိုဟိုသည္သည္ ေလွ်ာက္မေတြးျဖစ္ေတာ့ေပ။

အထူးအဆန္းသားရဲေလး Zero သည္ အလြန္လိမၼာေသာ ကေလးတစ္ေယာက္ျဖစ္၏။ ေန႔တိုင္း ႐ိုး႐ိုးသားသား အစာေတာင္းၿပီး ႐ိုး႐ိုးသားသား ႀကီးျပင္းလာသည္။ ျခေသၤ့ေလးမ်ားကို ေက်ာေပၚတင္ကာ ေတာင္ၾကားထဲတြင္ လိုက္လံပ်ံသန္းေနတတ္ၿပီး က်ားေပါက္ေလးမ်ားကို ေက်ာေပၚတင္ကာ ခုန္ေပါက္ေနတတ္သည္။ ေနာက္ဆုံး လင္းယုန္မ်ားျဖင့္ပင္ ဘယ္သူပိုျမန္သလဲ အပ်ံၿပိဳင္ေနေတာ့သည္။

လင္းယုန္ေလးမ်ားကေတာ့ သူ႔ကို အနည္းငယ္ ေၾကာက္လန႔္ေနၾကပုံပင္။

Zero ေလးသည္ ေတာင္ၾကားမ်ားထဲတြင္ ေန႔တိုင္း ခုန္ေပါက္ေျပးကစားေနရင္း တစ္ေန႔မွာေတာ့ အလြန္ေၾကာက္မက္ဖြယ္ေကာင္းသည့္ အရာတစ္ခုကို ျမင္လိုက္ရေလ၏။

လဝက္ခန႔္ၾကာၿပီးေနာက္ ျခဴးမုယြင္သည္ အိမ္တြင္းပုန္းေနေသာ သားရဲေလးကို သတိထားမိလာၿပီး ေမးလိုက္သည္။

“ဘာျဖစ္လို႔လဲ..?”

Zero ေလး၏ ေတာင္ကုန္းတစ္ခုသဖြယ္ ႀကီးမားလြန္းေသာ ခႏၶာကိုယ္က တသိမ့္သိမ့္ တုန္ယင္လာၿပီး ဧရာမမ်က္လုံးႀကီးမ်ားပင္ မ်က္ရည္ဝဲတက္လာသည္။

“လူဆိုးေကာင္ႀကီးနဲ႔ ေတြ႕ခဲ့လို႔..”

ျခဴးမုယြင္၏ရင္ထဲ ဒိန္းခနဲ ျဖစ္သြားရသည္။

Zero ေလးေၾကာက္ရသည့္ တစ္ခုတည္းေသာအရာကား ယဲ့က်န႔္ဟန္သာ ျဖစ္သည္။

……………………………………………

TN : ၿပီးခါနီးေလ Vote နည္းလာေလပဲေနာ္။ Meli ကို အားအင္ေလးေတြ ေပးၾကပါဦးလို႔ T~T

……………………………………………

Continue Reading

You'll Also Like

131K 9.1K 87
ယုံကြည်ရတဲ့သူနဲ့မိသားစုဝင်တွေဆီကလှည့်စားတာ ခံလိုက်ရတဲ့Radenမိသားစုရဲ့အမွေဆက်ခံသူ... Systemတစ်ခုဆီကယ်တင်ခံရပြီးလက်စားချေခွင့်ကို ရသွားသောအခါ....? ^မြှ...
291K 22.9K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
58.1K 8.7K 26
Title - ကမ္ဘာပျက်ကပ်သို့ပြန်လည်ကူးပြောင်းလာသည့် အရှင်သခင်။ The second title - ကမ္ဘာပျက်ကပ်ကာလက ကုန်တိုက်။ ******************** #ငါ့နောက်ကို အမြဲတမ်းလ...
3.3K 192 8
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Su Jingxian 苏景闲 •This Story Is Not Mine. •We're Just Translation. •All Credit To Origi...