Chapter (172) Arc 3
ရတနာ ပေါ်လာပြီ (ဒုတိယပိုင်း)
နေရာတိုင်းတွင် ရှာဖွေသော်လည်း မတွေ့နိုင်သော လုရွှမ်သည် သံသယများ အပြည့်ဖြင့် သူ့ရှေ့ရှိ ထူးဆန်းသော ကျောက်ပြားကြီးကို စိုက်ကြည့်နေ၏။
ကျောက်ပြားကြီး ဆိုသော်လည်း ကျောက်ပြားကြီးလို မဟုတ်ဘဲ ထွင်းထုထားသော ကမ္ဗည်းပြားသာ ဖြစ်သည်။
စိမ်းပြာရောင် နဂါးတစ်ကောင်ပုံ ဖြစ်ပြီး လူတစ်ရပ် လောက်ရှည်သည်။ စိမ်းပြာရောင် ကျောက်ဖြင့် ထွင်းထားတာကြောင့် ၎င်းသည် အလွန်ထူးဆန်းလှသည်။ ၎င်းပေါ်တွင် အထူးအဆန်းမား မရှိသလို ရတနာများသာ ပိုင်ဆိုင်နိုင်သော ထူးခြားသော ရောင်ဝါလည်း မရှိချေ။
"ဒါ မင်းပြောခဲ့တဲ့ နဂါးကမ္ဗည်းလား?"
လုရွှမ် မျက်တောင်ခတ်လျက် ကျီးကန်းအား မေးလိုက်သည်။
ကျီးကန်းက ရောက်လာတာနဲ့ ဒီအရာဟာ ကောင်းကင်မှာ ရှားပါးပြီး မြေပြင်မှာပင် ရှာမတွေ့နိုင်ဘူးလို့ ပြောခဲ့ဖူးသည်။ ရှေးဟောင်းမြို့ကို ဒီအရာကြောင့် တည်ဆောက်ခဲ့တာလို့တောင် ပြောရမည့်ပုံပင်။
"ဟုတ်တယ်! အဲဒီထဲမှာပါတဲ့ ကြီးစိုးနိုင်တဲ့ စွမ်းအင်ကို မင်းမခံစားမိဘူးလား”
ကျီးကန်းသည် ၎င်း၏ အတောင်ပံများကို လေးနက်စွာ ခတ်လိုက်၏။
"ဒါက ရိုးရိုးကျောက်တုံးပဲလေ... ထွင်းထုထားတဲ့ စွမ်းရည်က အရမ်းဆိုးလွန်းတော့ ပန်းပုဆရာတောင် တွေ့တာနဲ့ ကျော်ချသွားနိုင်တယ်"
လုရွှမ် သံသယတွေ အပြည့်နဲ့ တစ်ဖက်သားကို ကြည့်ပြီး ဆိုလိုက်သည်။
"မေးပါရစေဦး... ကြီးစိုးနိုင်တဲ့ စွမ်းအင်ကို ဘယ်နားက သွားမြင်လဲ"
ရှောင်းချင်ထျန်းက သူ့အား လိုက်သတ်နေသောကြောင့် လျင်မြန်သော ရွေ့လျားနိုင်စွမ်းကို အသုံးပြု၍ မြေပြင်ကို ထိုးဖောက်၍ လူအုပ်၏ ဝိုင်းရံခြင်းမှ လွတ်မြောက်ကာ ကျီးကန်း၏ လမ်းညွှန်မှုအောက်တွင် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
တကယ်တော့ ဒီနေရာဟာ လျှို့ဝှက်နေရာမဟုတ်ပေမယ့် အရှေ့မြို့တံခါးက ကျောက်ဆစ် ရုပ်ငယ်လေး တစ်ခုပဲ ဖြစ်လေသည်။
လူတော်တော်များများ ဖြတ်သွားဖြတ်လာ ရှိခဲ့ကြပြီး လုရွှမ်ပင် အချိန်အတော်ကြာအောင် လေ့လာခဲ့သော်လည်း ထူးထူးခြားခြား ဘာမှ မတွေ့ခဲ့ရပေ။
ရတနာများနှင့် လောင်းကစားကံ အကဲဖြတ်ခြင်းတွင် လုရွှမ်သည် ဖုန်မှုန့်အောက်တွင် ဝှက်ထားသော သူတော်စင်ပုံစံ ဆေးမီးဖိုကို အလွယ်တကူ မြင်နိုင်ခဲ့သည်။ ဤအရာကို အကြာကြီး ကြည့်ပြီးနောက် ဘာမှ မမြင်နိုင်တော့ဘဲ ဒီကျောက်ထွင်း ကမ္ဗည်ပြားက တန်ဖိုးရှိတယ်လို့ ကျီးကန်းက ဘာကြောင့် မြင်နေရတာလဲ။
"မင်း နားမလည်ပါဘူး! နဂါးသွေး နည်းနည်းယူပြီး လိမ်းကြည့်လိုက်!"
ကျီးကန်းသည် အတောင်ပံများကို အဆက်မပြတ် ခတ်လိုက်သည်။ လုရွှမ် ထူးဆန်းသည်ဟု ခံစားမိသော်လည်း ကျီးကန်းကိုတော့ ယုံကြည်ဆဲ ဖြစ်သည်။
"ငါ့ခန္ဓာကိုယ်ကို နဂါးမီးငြိမ်းဆေးရဲ့ အကူအညီနဲ့ ကျင့်ကြံထားပြီး ငါ့ခန္ဓာကိုယ် မျက်နှာပြင်က နဂါးပုံစံတွေ ပေါ်လာပြီဆိုတော့ သွေးထဲမှာလည်း နဂါးသွေး ပါနေလောက်ပြီ... တချို့ သွေးအားနည်းတဲ့ နဂါးသွေးမျိုးဆက်တောင် ငါ့ရဲ့လက်ရှိသွေးလောက် မကောင်းနိုင်ဘူး ငါ့သွေးကို သုံးလိုက်ရင် အဆင်ပြေနိုင်လောက်တယ်!"
တောင်ဖောက်နဂါးသည် သူ့ရှေ့တွင် မရှိသလို သူ့တွင် မည်သည့်နဂါးသွေးမှ မပါရှိလာချေ။ အချိန်တိုအတွင်း ၎င်းတို့ကို ရှာတွေ့ဖို့ကလည်း လက်တွေ့မကျပေ။ စဉ်းစားပြီးနောက် လုရွှမ်သည် သူ၏ကိုယ်ပိုင်သွေး မဟုတ်လျှင် လုံးဝ မကောင်းနိုင်ကြောင်း ခံစားလိုက်ရသည်။
နဂါးမီးငြိမ်းဆေးကို အသုံးပြု၍ ဆင်ချပ်ဝတ် ရွှေကိုယ်ထည်ကို လေ့ကျင့်ရန် လုံလောက်သော နဂါးသွေးကို စုပ်ယူနိုင်ခဲ့သည်။ သူသည် သွေးသန့်သော နဂါးတချို့နှင့် ဝေးကွာသော်လည်း သူ၏သွေးသည် သွေးနည်းသော နဂါးမျိုးဆက် တချို့ထက် သန်မာပြီး သန့်စင်လေသည်။
"ဖြစ်နိုင်တယ်.... ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲက နဂါးသွေးရဲ့ သန့်စင်မှုက အရမ်းနိမ့်နေတော့ အကျိုးသက်ရောက်မှုက အရမ်းကြီး မရှိလာနိုင်ဘူး!"
ကျီးကန်းသည် တစ်ချက်ကြည့်လိုက်သည်။
"ငါ့နဂါးသွေး သန့်စင်မှုက နည်းနေသေးလို့လား?"
သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးသွေး ပုံစံများကို ပုံဖော်နိုင်ခြင်းကြောင့် သူ့ခန္ဓာကိုယ်တွင်းရှိ နဂါးသွေး၏ သန့်စင်မှုသည် ဝိညာဥ်သားရဲများစွာထက် သာလွန်သည်ဟု ထင်ခဲ့သော်လည်း ကျီးကန်းက ယခုလို ပြောလာတော့ သံသယပင် ဝင်လာမိသည်။
"မင်းကြိုးစားကြည့်လို့ ရတယ်!"
"အင်း!"
လုရွှမ်သည် အဓိပ္ပာယ်မရှိသော စကားများ ဆက်မပြောနေဘဲ သူ့လက်ချောင်းကို ကိုက်ဖောက်ကာ ပန်းပုရုပ်ပေါ် သွေးတစ်စက် ချလိုက်သည်။
ရွှမ်း!
ကြည်လင်သော အသံတစ်သံနှင့်အတူ ပန်းပုရုပ်သည် သွေးများကို ချက်ချင်း စုပ်ယူသွားပြီး ကျောက်ပန်းပုရုပ်ထု၏ မူလထူးခြားပုံပေါက်သည့် စိမ်းပြာရောင်သည် အနည်းငယ် အားပျော့သွားပုံရပြီး တစ်ဖန်ပြန်၍ ပန်းပုတစ်ခုလုံးသည် ဖြည်းဖြည်းချင်း တောက်ပလာခဲ့သည်။
လုရွှမ်သည် ပဟေဠိဆန်စွာ နောက်ထပ် အစက်များစွာကို ဆက်တိုက် ကြဲချလိုက်သည်။
သွေးများပို၍ စီးကျလာသည်နှင့်အမျှ စိမ်းပြာရောင် ကမ္ဗည်းပြားပေါ်က အားနည်းပြီး အဆင့်မရှိဟု ထင်ရသည့် ပန်းပုရုပ်သည် သူ၏သွေးသည် လက်ရာတစ်ခုအဖြစ် တဖြည်းဖြည်း အသက်ဝင်လာကာ ထပ်မံထွင်းထု ပြုပြင်လိုက်သကဲ့သို့ အရောင်းအဆင်းများ လှပလာတော့သည်။
"ကောင်းပြီ.... အဲဒါက အသုံးဝင်တယ် ဆိုတော့ ရပြီ မင်းသွေးတွေ အကုန်လောင်းပစ်ရင်တောင် ဒီရုပ်ထုရဲ့ လျှို့ဝှက်ချက်တွေကို မကြည့်နိုင်တော့ဘူး.... အရင် သိမ်းထားလိုက်!"
ကျီးကန်းသည် လုရွှမ်ကို သွေးစက် ဆက်မချတော့အောင် ဟန့်တားလိုက်သည်။
ထိုစကားကို ကြားတော့ လုရွှမ်လည်း ရပ်လိုက်ပြီး သူ့ရှေ့က ရုပ်တုကို တစ်ဖန်ပြန်ကြည့်ကာ သူမြင်နေရသလောက် မရိုးရှင်းကြောင်း သဘောပေါက်လိုက်သည်။
"ဒီဟာက ထူးဆန်းတဲ့ ရတနာတစ်ခုနဲ့ သက်ဆိုင်တယ်လို့ မင်းပြောခဲ့တယ်မလား? အဲဒါက ဘယ်လိုထူးဆန်းတဲ့ ရတနာမျိုးလဲ?"
ရုပ်တုကို ကောက်ကိုင်လိုက်ပြီး ကျောက်စိမ်းပြားထဲ ထည့်သိမ်းလိုက်ကာ လုရွှမ် ကျီးကန်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
ထူးဆန်း ရတနာများတွင် အဆင့်သတ်မှတ်ချက်များနှင့် မတူညီသော စွမ်းရည်များ ရှိသည်။ အဆင့်မြင့်မားလေ တန်ဖိုးကြီးလေ ဖြစ်သည်။
သူ သန့်စင်ထားသော ဖီးနစ်အမွေးသည် ရှားပါးရတနာများ စာရင်းတွင် အဆင့် ၁၈ ရှိပြီး စွမ်းရည်များစွာကို ပိုင်ဆိုင်နိုင်သည့် မြို့တော်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈က လူတွေကိုပင် မကြောက်ပေ။ သူ့ထက် အဆင့်မြင့်ရင် ပိုတောင် သန်မာနေမှာ မဟုတ်ဘူးလား။
"ခန့်မှန်းရရင် အဲဒါက အဆင့်၁၃ရှိတဲ့ စစ်မှန်တဲ့နဂါးနှလုံး ဖြစ်နိုင်တယ်!"
ကျီးကန်း မျက်လုံးများသည် စိတ်လှုပ်ရှားမှုများကြောင့် လင်းလက်လာခဲ့သည်။
"စစ်မှန်တဲ့နဂါးနှလုံး?? အဆင့်၁၃ ဟုတ်လား??"
လုရွှမ် အသက်ရှူ ရပ်သွားတော့မလို ကြောင်အသွားသည်။
စစ်မှန်တဲ့နဂါးနှလုံးတွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှုနှင့် စွမ်းရည်ရှိကြောင်း သူ မသိသော်လည်း ၎င်းသည် အစွမ်းထက်ကြောင်း ပြသသည့် ဖီးနစ်အမွေးနှင့်ပင် မယှဉ်နိုင်ဘဲ အဆင့် ၁၃ တွင် ရှိနေပေသည်။
"အင်း!" ကျီးကန်းက ခေါင်းညိတ်လိုက်သည်။
"နဂါးအစစ်ရဲ့ နှလုံးသားရဲ့ အကျိုးသက်ရောက်မှုက ဘာလဲ?"
"အဲဒါကို သန့်စင်ထားရင် မင်းအတွက် တကယ့်နဂါးရဲ့ နှလုံးသားကို အစားထိုးလိုက်တာနဲ့ ညီမျှတယ်.... ဘာအကျိုးသက်ရောက်မှု ရှိမယ်လို့ မင်းထင်လဲ?"
ကျီးကန်းက ဆက်မရှင်းပြဘဲ သူ့ရဲ့အတောင်ပံတွေကို ဝှေ့ယမ်းလိုက်သည်။
"နဂါးတစ်ကောင်ရဲ့ နှလုံးသားလား?" လုရွှမ် အံ့သြသွား၏။
နဂါးမျိုးရိုး၏ သွေးရှိသရွေ့ ဝိညာဉ်သားရဲများ၏ အဆင့်တွင် စွမ်းအားအရှိဆုံး ဖြစ်ပြီး နဂါးအစစ်သည် နဂါးမျိုးရိုးတွင် အမြင့်မြတ်ဆုံးဖြစ်ပေသည်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ သွေးတွေ အရမ်းကောင်းလာပြီး ကျင့်ကြံမှု အရှိန်လည်း မြန်လာလိမ့်မည်။
ထို့အပြင် ရှားပါးရတနာ တစ်ခုကို တွေ့ရှိပါက၊ နန်းတော်ပင်လယ် အသစ်ကို ဖွင့်နိုင်မည်ဖြစ်သည်။ သူ့တွင် စစ်မှန်သော စွမ်းအင်အတွက် အရန်နေရာဖြစ်ဖြစ် တိုက်ပွဲများမှာ ဖြစ်ဖြစ် သိသိသာသာ တိုးလာမည်မှာ သေချာပါသည်။
ဖီးနစ်အမွေးကို သန့်စင်လိုက်ခြင်းက သူ့ကို အတုတံဆိပ်နယ်ပယ် အထွတ်အထိပ်မှ အဓိပတိနယ်ပယ်အထိ ရောက်သွားစေသည်ကို သိထားရမည်။
"ဟုတ်တယ်... ဒီအရာကြောင့် မင်းရဲ့ခန္ဓာကိုယ် ပေါ်က ပုံစံနဲ့ သွေးတွေ အများကြီး တိုးတက်လာလိမ့်မယ်။ မင်း ယွမ်ယန်ကျင့်စဥ်နဲ့ ပေါင်းစပ်လိုက်တာနဲ့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက မြန်မြန်ဆန်ဆန် တိုးတက်လာမှာ သေချာတယ်!"
ကျီးကန်းက ဆို၏။
"အတိုချုပ်ပြောရရင် နဂါးအစစ်ရဲ့ နှလုံးက သေချာပေါက် ရှာမတွေ့နိုင်တဲ့ ရတနာတစ်ခုပဲ... ရှားပါးရတနာတွေ ကြားမှာလည်း နာမည်ကြီးတယ်... အဲဒီလောက် အဖိုးမတန်ဘူး ဆိုရင် မင်းကို ဒီချိုင့်ဝှမ်းကြီးဆီကို လာဖို့ ငါဘယ်လိုလုပ် ဖိအားပေးရမှာလဲ? ဒီရှေးဟောင်းမြို့ကို ရှာဖို့ စိတ်တောင် ဝင်စားနေမှာ မဟုတ်ဘူး?"
"အင်း!" လုရွှမ် ခေါင်းညိတ်လိုက်သည်။
ထူးဆန်းသော ရတနာများကဲ့သို့သော အရာများအတွက် သူသည် ယခင်ဘဝက ၎င်းတို့ကို ရခဲ့မည်ဆိုပါက ယခုလိုမျိုး အလွန် စိတ်လှုပ်ရှားနေလိမ့်မည် မဟုတ်ပေ။
"ပြန်သွားပြီး နဂါးသွေးစစ်စစ်ကို ရှာပြီး ဒီကမ္ဗည်းပြားပေါ် လောင်းလိုက်ပြီး စွမ်းအင်ကို စုပ်ယူနိုင်ဖို့ မြန်မြန်ပြင်ဆင်တော့.... လုံလောက်တဲ့ စုပ်ယူနိုင်ရင် စစ်မှန်တဲ့နဂါးနှလုံးရဲ့ လျှို့ဝှက်နေရာကို အလိုအလျောက် ပြလာလိမ့်မယ်.... အဲဒီအခါကျရင် ငါရှာတွေ့နိုင်ပြီ!"
ကျီးကန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
၎င်းတွင် ရှားပါးသော ရတနာများကို ရှာဖွေနိုင်သည့် အထူးစွမ်းရည် ရှိသည်။ သို့သော် ဤနိယာမသည်လည်း အကန့်အသတ် ရှိသေးသည်။
အရင်ဘဝက လုရွှမ်ဟာ ကမ္ဘာရဲ့ထိပ်မှာ ရပ်တည်ခဲ့ရင်တောင်မှ တိမ်ပင်လယ်ကြီး တစ်ခုလုံးဟာ ကီလိုမီတာ ဘီလီယံပေါင်း ဘယ်လောက်ရှိလဲ မသိချေ။ ကြီးမားသော အကျယ်အဝန်းကို မသိတာကြောင့် ကျီးကန်း၏ ရှားပါးရတနာ ရှာဖွေနိုင်တဲ့ စွမ်းရည်ကို လိုက်မှီနိုင်ရန် မဖြစ်နိုင်ပေ။
အကွာအဝေး တစ်ခုအတွင်းက သံမဏိထိုးအပ်များကို စုပ်ယူနိုင်သော သံလိုက်တစ်ခု ကဲ့သို့ပင်။ ပင်လယ်ကြမ်းပြင်သို့ ကျသွားသော သံမဏိအပ် အနည်းငယ်ကို ရှာတွေ့ရန် ဤကန့်သတ်စွမ်းရည်ကို အသုံးပြုလျှင်ပင် မဖြစ်နိုင်လောက်ပေ။
"စိတ်ချ.... ငါပြန်သွားတဲ့အခါ နဂါးသွေး ရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်... ဒီတစ်ခါတော့ ပိုသန့်စင်တဲ့ နဂါးသွေးကို ရှာရမယ်"
လုရွှမ်က ခေါင်းညိတ်ပြီး တစ်ခုခုပြောဖို့ လုပ်နေချိန်မှာပဲ သူ့ခြေထောက်အောက်က မြေကြီးတွေ တဆတ်ဆတ် တုန်ခါလာတာ တွေ့လိုက်ရသည်။ ချက်ချင်းပင် သူ့ရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာ၏။
"ရတနာတစ်ခု ထွက်ပေါ်လာတာလား"
လုရွှမ် စိုက်ကြည့်လိုက်သည်။
Chapter (172) Arc 3
ရတနာ ေပၚလာၿပီ (ဒုတိယပိုင္း)
ေနရာတိုင္းတြင္ ရွာေဖြေသာ္လည္း မေတြ႕နိုင္ေသာ လု႐ႊမ္သည္ သံသယမ်ား အျပည့္ျဖင့္ သူ႕ေရွ႕ရွိ ထူးဆန္းေသာ ေက်ာက္ျပားႀကီးကို စိုက္ၾကည့္ေန၏။
ေက်ာက္ျပားႀကီး ဆိုေသာ္လည္း ေက်ာက္ျပားႀကီးလို မဟုတ္ဘဲ ထြင္းထုထားေသာ ကမၺည္းျပားသာ ျဖစ္သည္။
စိမ္းျပာေရာင္ နဂါးတစ္ေကာင္ပုံ ျဖစ္ၿပီး လူတစ္ရပ္ ေလာက္ရွည္သည္။ စိမ္းျပာေရာင္ ေက်ာက္ျဖင့္ ထြင္းထားတာေၾကာင့္ ၎သည္ အလြန္ထူးဆန္းလွသည္။ ၎ေပၚတြင္ အထူးအဆန္းမား မရွိသလို ရတနာမ်ားသာ ပိုင္ဆိုင္နိုင္ေသာ ထူးျခားေသာ ေရာင္ဝါလည္း မရွိေခ်။
"ဒါ မင္းေျပာခဲ့တဲ့ နဂါးကမၺည္းလား?"
လု႐ႊမ္ မ်က္ေတာင္ခတ္လ်က္ က်ီးကန္းအား ေမးလိုက္သည္။
က်ီးကန္းက ေရာက္လာတာနဲ႕ ဒီအရာဟာ ေကာင္းကင္မွာ ရွားပါးၿပီး ေျမျပင္မွာပင္ ရွာမေတြ႕နိုင္ဘူးလို႔ ေျပာခဲ့ဖူးသည္။ ေရွးေဟာင္းၿမိဳ႕ကို ဒီအရာေၾကာင့္ တည္ေဆာက္ခဲ့တာလို႔ေတာင္ ေျပာရမည့္ပုံပင္။
"ဟုတ္တယ္! အဲဒီထဲမွာပါတဲ့ ႀကီးစိုးနိုင္တဲ့ စြမ္းအင္ကို မင္းမခံစားမိဘူးလား
က်ီးကန္းသည္ ၎၏ အေတာင္ပံမ်ားကို ေလးနက္စြာ ခတ္လိုက္၏။
"ဒါက ရိုးရိုးေက်ာက္တုံးပဲေလ... ထြင္းထုထားတဲ့ စြမ္းရည္က အရမ္းဆိုးလြန္းေတာ့ ပန္းပုဆရာေတာင္ ေတြ႕တာနဲ႕ ေက်ာ္ခ်သြားနိုင္တယ္"
လု႐ႊမ္ သံသယေတြ အျပည့္နဲ႕ တစ္ဖက္သားကို ၾကည့္ၿပီး ဆိုလိုက္သည္။
"ေမးပါရေစဦး... ႀကီးစိုးနိုင္တဲ့ စြမ္းအင္ကို ဘယ္နားက သြားျမင္လဲ"
ေရွာင္းခ်င္ထ်န္းက သူ႕အား လိုက္သတ္ေနေသာေၾကာင့္ လ်င္ျမန္ေသာ ေ႐ြ႕လ်ားနိုင္စြမ္းကို အသုံးျပဳ၍ ေျမျပင္ကို ထိုးေဖာက္၍ လူအုပ္၏ ဝိုင္းရံျခင္းမွ လြတ္ေျမာက္ကာ က်ီးကန္း၏ လမ္းၫႊန္မႈေအာက္တြင္ ဤေနရာသို႔ ေရာက္ရွိလာခဲ့သည္။
တကယ္ေတာ့ ဒီေနရာဟာ လွ်ို႔ဝွက္ေနရာမဟုတ္ေပမယ့္ အေရွ႕ၿမိဳ႕တံခါးက ေက်ာက္ဆစ္ ႐ုပ္ငယ္ေလး တစ္ခုပဲ ျဖစ္ေလသည္။
လူေတာ္ေတာ္မ်ားမ်ား ျဖတ္သြားျဖတ္လာ ရွိခဲ့ၾကၿပီး လု႐ႊမ္ပင္ အခ်ိန္အေတာ္ၾကာေအာင္ ေလ့လာခဲ့ေသာ္လည္း ထူးထူးျခားျခား ဘာမွ မေတြ႕ခဲ့ရေပ။
ရတနာမ်ားႏွင့္ ေလာင္းကစားကံ အကဲျဖတ္ျခင္းတြင္ လု႐ႊမ္သည္ ဖုန္မႈန႔္ေအာက္တြင္ ဝွက္ထားေသာ သူေတာ္စင္ပုံစံ ေဆးမီးဖိုကို အလြယ္တကူ ျမင္နိုင္ခဲ့သည္။ ဤအရာကို အၾကာႀကီး ၾကည့္ၿပီးေနာက္ ဘာမွ မျမင္နိုင္ေတာ့ဘဲ ဒီေက်ာက္ထြင္း ကမၺည္ျပားက တန္ဖိုးရွိတယ္လို႔ က်ီးကန္းက ဘာေၾကာင့္ ျမင္ေနရတာလဲ။
"မင္း နားမလည္ပါဘူး! နဂါးေသြး နည္းနည္းယူၿပီး လိမ္းၾကည့္လိုက္!"
က်ီးကန္းသည္ အေတာင္ပံမ်ားကို အဆက္မျပတ္ ခတ္လိုက္သည္။ လု႐ႊမ္ ထူးဆန္းသည္ဟု ခံစားမိေသာ္လည္း က်ီးကန္းကိုေတာ့ ယုံၾကည္ဆဲ ျဖစ္သည္။
"ငါ့ခႏၶာကိုယ္ကို နဂါးမီးၿငိမ္းေဆးရဲ႕ အကူအညီနဲ႕ က်င့္ႀကံထားၿပီး ငါ့ခႏၶာကိုယ္ မ်က္ႏွာျပင္က နဂါးပုံစံေတြ ေပၚလာၿပီဆိုေတာ့ ေသြးထဲမွာလည္း နဂါးေသြး ပါေနေလာက္ၿပီ... တခ်ိဳ႕ ေသြးအားနည္းတဲ့ နဂါးေသြးမ်ိဳးဆက္ေတာင္ ငါ့ရဲ႕လက္ရွိေသြးေလာက္ မေကာင္းနိုင္ဘူး ငါ့ေသြးကို သုံးလိုက္ရင္ အဆင္ေျပနိုင္ေလာက္တယ္!"
ေတာင္ေဖာက္နဂါးသည္ သူ႕ေရွ႕တြင္ မရွိသလို သူ႕တြင္ မည္သည့္နဂါးေသြးမွ မပါရွိလာေခ်။ အခ်ိန္တိုအတြင္း ၎တို႔ကို ရွာေတြ႕ဖို႔ကလည္း လက္ေတြ႕မက်ေပ။ စဥ္းစားၿပီးေနာက္ လု႐ႊမ္သည္ သူ၏ကိုယ္ပိုင္ေသြး မဟုတ္လွ်င္ လုံးဝ မေကာင္းနိုင္ေၾကာင္း ခံစားလိုက္ရသည္။
နဂါးမီးၿငိမ္းေဆးကို အသုံးျပဳ၍ ဆင္ခ်ပ္ဝတ္ ေ႐ႊကိုယ္ထည္ကို ေလ့က်င့္ရန္ လုံေလာက္ေသာ နဂါးေသြးကို စုပ္ယူနိုင္ခဲ့သည္။ သူသည္ ေသြးသန႔္ေသာ နဂါးတခ်ိဳ႕ႏွင့္ ေဝးကြာေသာ္လည္း သူ၏ေသြးသည္ ေသြးနည္းေသာ နဂါးမ်ိဳးဆက္ တခ်ိဳ႕ထက္ သန္မာၿပီး သန႔္စင္ေလသည္။
"ျဖစ္နိုင္တယ္.... ဒါေပမဲ့ မင္းရဲ႕ခႏၶာကိုယ္ထဲက နဂါးေသြးရဲ႕ သန႔္စင္မႈက အရမ္းနိမ့္ေနေတာ့ အက်ိဳးသက္ေရာက္မႈက အရမ္းႀကီး မရွိလာနိုင္ဘူး!"
က်ီးကန္းသည္ တစ္ခ်က္ၾကည့္လိုက္သည္။
"ငါ့နဂါးေသြး သန႔္စင္မႈက နည္းေနေသးလို႔လား?"
သူ႕ခႏၶာကိုယ္ေပၚရွိ နဂါးေသြး ပုံစံမ်ားကို ပုံေဖာ္နိုင္ျခင္းေၾကာင့္ သူ႕ခႏၶာကိုယ္တြင္းရွိ နဂါးေသြး၏ သန႔္စင္မႈသည္ ဝိညာဥ္သားရဲမ်ားစြာထက္ သာလြန္သည္ဟု ထင္ခဲ့ေသာ္လည္း က်ီးကန္းက ယခုလို ေျပာလာေတာ့ သံသယပင္ ဝင္လာမိသည္။
"မင္းႀကိဳးစားၾကည့္လို႔ ရတယ္!"
"အင္း!"
လု႐ႊမ္သည္ အဓိပၸာယ္မရွိေသာ စကားမ်ား ဆက္မေျပာေနဘဲ သူ႕လက္ေခ်ာင္းကို ကိုက္ေဖာက္ကာ ပန္းပု႐ုပ္ေပၚ ေသြးတစ္စက္ ခ်လိဳက္သည္။
႐ႊမ္း!
ၾကည္လင္ေသာ အသံတစ္သံႏွင့္အတူ ပန္းပု႐ုပ္သည္ ေသြးမ်ားကို ခ်က္ခ်င္း စုပ္ယူသြားၿပီး ေက်ာက္ပန္းပု႐ုပ္ထု၏ မူလထူးျခားပုံေပါက္သည့္ စိမ္းျပာေရာင္သည္ အနည္းငယ္ အားေပ်ာ့သြားပုံရၿပီး တစ္ဖန္ျပန္၍ ပန္းပုတစ္ခုလုံးသည္ ျဖည္းျဖည္းခ်င္း ေတာက္ပလာခဲ့သည္။
လု႐ႊမ္သည္ ပေဟဠိဆန္စြာ ေနာက္ထပ္ အစက္မ်ားစြာကို ဆက္တိုက္ ႀကဲခ်လိဳက္သည္။
ေသြးမ်ားပို၍ စီးက်လာသည္ႏွင့္အမွ် စိမ္းျပာေရာင္ ကမၺည္းျပားေပၚက အားနည္းၿပီး အဆင့္မရွိဟု ထင္ရသည့္ ပန္းပု႐ုပ္သည္ သူ၏ေသြးသည္ လက္ရာတစ္ခုအျဖစ္ တျဖည္းျဖည္း အသက္ဝင္လာကာ ထပ္မံထြင္းထု ျပဳျပင္လိုက္သကဲ့သို႔ အေရာင္းအဆင္းမ်ား လွပလာေတာ့သည္။
"ေကာင္းၿပီ.... အဲဒါက အသုံးဝင္တယ္ ဆိုေတာ့ ရၿပီ မင္းေသြးေတြ အကုန္ေလာင္းပစ္ရင္ေတာင္ ဒီ႐ုပ္ထုရဲ႕ လွ်ို႔ဝွက္ခ်က္ေတြကို မၾကည့္နိုင္ေတာ့ဘူး.... အရင္ သိမ္းထားလိုက္!"
က်ီးကန္းသည္ လု႐ႊမ္ကို ေသြးစက္ ဆက္မခ်ေတာ့ေအာင္ ဟန႔္တားလိုက္သည္။
ထိုစကားကို ၾကားေတာ့ လု႐ႊမ္လည္း ရပ္လိုက္ၿပီး သူ႕ေရွ႕က ႐ုပ္တုကို တစ္ဖန္ျပန္ၾကည့္ကာ သူျမင္ေနရသေလာက္ မရိုးရွင္းေၾကာင္း သေဘာေပါက္လိုက္သည္။
"ဒီဟာက ထူးဆန္းတဲ့ ရတနာတစ္ခုနဲ႕ သက္ဆိုင္တယ္လို႔ မင္းေျပာခဲ့တယ္မလား? အဲဒါက ဘယ္လိုထူးဆန္းတဲ့ ရတနာမ်ိဳးလဲ?"
႐ုပ္တုကို ေကာက္ကိုင္လိုက္ၿပီး ေက်ာက္စိမ္းျပားထဲ ထည့္သိမ္းလိုက္ကာ လု႐ႊမ္ က်ီးကန္းကို ေနာက္တစ္ႀကိမ္ ၾကည့္လိုက္သည္။
ထူးဆန္း ရတနာမ်ားတြင္ အဆင့္သတ္မွတ္ခ်က္မ်ားႏွင့္ မတူညီေသာ စြမ္းရည္မ်ား ရွိသည္။ အဆင့္ျမင့္မားေလ တန္ဖိုးႀကီးေလ ျဖစ္သည္။
သူ သန႔္စင္ထားေသာ ဖီးနစ္အေမြးသည္ ရွားပါးရတနာမ်ား စာရင္းတြင္ အဆင့္ ၁၈ ရွိၿပီး စြမ္းရည္မ်ားစြာကို ပိုင္ဆိုင္နိုင္သည့္ ၿမိဳ႕ေတာ္က ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္ အဆင့္၈က လူေတြကိုပင္ မေၾကာက္ေပ။ သူ႕ထက္ အဆင့္ျမင့္ရင္ ပိုေတာင္ သန္မာေနမွာ မဟုတ္ဘူးလား။
"ခန႔္မွန္းရရင္ အဲဒါက အဆင့္၁၃ရွိတဲ့ စစ္မွန္တဲ့နဂါးႏွလုံး ျဖစ္နိုင္တယ္!"
က်ီးကန္း မ်က္လုံးမ်ားသည္ စိတ္လႈပ္ရွားမႈမ်ားေၾကာင့္ လင္းလက္လာခဲ့သည္။
"စစ္မွန္တဲ့နဂါးႏွလုံး?? အဆင့္၁၃ ဟုတ္လား??"
လု႐ႊမ္ အသက္ရႉ ရပ္သြားေတာ့မလို ေၾကာင္အသြားသည္။
စစ္မွန္တဲ့နဂါးႏွလုံးတြင္ မည္ကဲ့သို႔ အက်ိဳးသက္ေရာက္မႈႏွင့္ စြမ္းရည္ရွိေၾကာင္း သူ မသိေသာ္လည္း ၎သည္ အစြမ္းထက္ေၾကာင္း ျပသသည့္ ဖီးနစ္အေမြးႏွင့္ပင္ မယွဥ္နိုင္ဘဲ အဆင့္ ၁၃ တြင္ ရွိေနေပသည္။
"အင္း!" က်ီးကန္းက ေခါင္းညိတ္လိုက္သည္။
"နဂါးအစစ္ရဲ႕ ႏွလုံးသားရဲ႕ အက်ိဳးသက္ေရာက္မႈက ဘာလဲ?"
"အဲဒါကို သန႔္စင္ထားရင္ မင္းအတြက္ တကယ့္နဂါးရဲ႕ ႏွလုံးသားကို အစားထိုးလိုက္တာနဲ႕ ညီမွ်တယ္.... ဘာအက်ိဳးသက္ေရာက္မႈ ရွိမယ္လို႔ မင္းထင္လဲ?"
က်ီးကန္းက ဆက္မရွင္းျပဘဲ သူ႕ရဲ႕အေတာင္ပံေတြကို ေဝွ႕ယမ္းလိုက္သည္။
"နဂါးတစ္ေကာင္ရဲ႕ ႏွလုံးသားလား?" လု႐ႊမ္ အံ့ၾသသြား၏။
နဂါးမ်ိဳးရိုး၏ ေသြးရွိသေ႐ြ႕ ဝိညာဥ္သားရဲမ်ား၏ အဆင့္တြင္ စြမ္းအားအရွိဆုံး ျဖစ္ၿပီး နဂါးအစစ္သည္ နဂါးမ်ိဳးရိုးတြင္ အျမင့္ျမတ္ဆုံးျဖစ္ေပသည္။ သူ႕ရဲ႕ ခႏၶာကိုယ္နဲ႕ ေသြးေတြ အရမ္းေကာင္းလာၿပီး က်င့္ႀကံမႈ အရွိန္လည္း ျမန္လာလိမ့္မည္။
ထို႔အျပင္ ရွားပါးရတနာ တစ္ခုကို ေတြ႕ရွိပါက၊ နန္းေတာ္ပင္လယ္ အသစ္ကို ဖြင့္နိုင္မည္ျဖစ္သည္။ သူ႕တြင္ စစ္မွန္ေသာ စြမ္းအင္အတြက္ အရန္ေနရာျဖစ္ျဖစ္ တိုက္ပြဲမ်ားမွာ ျဖစ္ျဖစ္ သိသိသာသာ တိုးလာမည္မွာ ေသခ်ာပါသည္။
ဖီးနစ္အေမြးကို သန႔္စင္လိုက္ျခင္းက သူ႕ကို အတုတံဆိပ္နယ္ပယ္ အထြတ္အထိပ္မွ အဓိပတိနယ္ပယ္အထိ ေရာက္သြားေစသည္ကို သိထားရမည္။
"ဟုတ္တယ္... ဒီအရာေၾကာင့္ မင္းရဲ႕ခႏၶာကိုယ္ ေပၚက ပုံစံနဲ႕ ေသြးေတြ အမ်ားႀကီး တိုးတက္လာလိမ့္မယ္။ မင္း ယြမ္ယန္က်င့္စဥ္နဲ႕ ေပါင္းစပ္လိုက္တာနဲ႕ မင္းရဲ႕ တိုက္ခိုက္ေရးစြမ္းအားက ျမန္ျမန္ဆန္ဆန္ တိုးတက္လာမွာ ေသခ်ာတယ္!"
က်ီးကန္းက ဆို၏။
"အတိုခ်ဳပ္ေျပာရရင္ နဂါးအစစ္ရဲ႕ ႏွလုံးက ေသခ်ာေပါက္ ရွာမေတြ႕နိုင္တဲ့ ရတနာတစ္ခုပဲ... ရွားပါးရတနာေတြ ၾကားမွာလည္း နာမည္ႀကီးတယ္... အဲဒီေလာက္ အဖိုးမတန္ဘူး ဆိုရင္ မင္းကို ဒီခ်ိဳင့္ဝွမ္းႀကီးဆီကို လာဖို႔ ငါဘယ္လိုလုပ္ ဖိအားေပးရမွာလဲ? ဒီေရွးေဟာင္းၿမိဳ႕ကို ရွာဖို႔ စိတ္ေတာင္ ဝင္စားေနမွာ မဟုတ္ဘူး?"
"အင္း!" လု႐ႊမ္ ေခါင္းညိတ္လိုက္သည္။
ထူးဆန္းေသာ ရတနာမ်ားကဲ့သို႔ေသာ အရာမ်ားအတြက္ သူသည္ ယခင္ဘဝက ၎တို႔ကို ရခဲ့မည္ဆိုပါက ယခုလိုမ်ိဳး အလြန္ စိတ္လႈပ္ရွားေနလိမ့္မည္ မဟုတ္ေပ။
"ျပန္သြားၿပီး နဂါးေသြးစစ္စစ္ကို ရွာၿပီး ဒီကမၺည္းျပားေပၚ ေလာင္းလိုက္ၿပီး စြမ္းအင္ကို စုပ္ယူနိုင္ဖို႔ ျမန္ျမန္ျပင္ဆင္ေတာ့.... လုံေလာက္တဲ့ စုပ္ယူနိုင္ရင္ စစ္မွန္တဲ့နဂါးႏွလုံးရဲ႕ လွ်ို႔ဝွက္ေနရာကို အလိုအေလ်ာက္ ျပလာလိမ့္မယ္.... အဲဒီအခါက်ရင္ ငါရွာေတြ႕နိုင္ၿပီ!"
က်ီးကန္းက ယုံၾကည္မႈ အျပည့္ျဖင့္ ေျပာလိုက္သည္။
၎တြင္ ရွားပါးေသာ ရတနာမ်ားကို ရွာေဖြနိုင္သည့္ အထူးစြမ္းရည္ ရွိသည္။ သို႔ေသာ္ ဤနိယာမသည္လည္း အကန႔္အသတ္ ရွိေသးသည္။
အရင္ဘဝက လု႐ႊမ္ဟာ ကမၻာရဲ႕ထိပ္မွာ ရပ္တည္ခဲ့ရင္ေတာင္မွ တိမ္ပင္လယ္ႀကီး တစ္ခုလုံးဟာ ကီလိုမီတာ ဘီလီယံေပါင္း ဘယ္ေလာက္ရွိလဲ မသိေခ်။ ႀကီးမားေသာ အက်ယ္အဝန္းကို မသိတာေၾကာင့္ က်ီးကန္း၏ ရွားပါးရတနာ ရွာေဖြနိုင္တဲ့ စြမ္းရည္ကို လိုက္မွီနိုင္ရန္ မျဖစ္နိုင္ေပ။
အကြာအေဝး တစ္ခုအတြင္းက သံမဏိထိုးအပ္မ်ားကို စုပ္ယူနိုင္ေသာ သံလိုက္တစ္ခု ကဲ့သို႔ပင္။ ပင္လယ္ၾကမ္းျပင္သို႔ က်သြားေသာ သံမဏိအပ္ အနည္းငယ္ကို ရွာေတြ႕ရန္ ဤကန႔္သတ္စြမ္းရည္ကို အသုံးျပဳလွ်င္ပင္ မျဖစ္နိုင္ေလာက္ေပ။
"စိတ္ခ်.... ငါျပန္သြားတဲ့အခါ နဂါးေသြး ရွာဖို႔ တစ္ေယာက္ေယာက္ကို လႊတ္လိုက္မယ္... ဒီတစ္ခါေတာ့ ပိုသန့္စင္တဲ့ နဂါးေသြးကို ရွာရမယ္"
လု႐ႊမ္က ေခါင္းညိတ္ၿပီး တစ္ခုခုေျပာဖို႔ လုပ္ေနခ်ိန္မွာပဲ သူ႕ေျခေထာက္ေအာက္က ေျမႀကီးေတြ တဆတ္ဆတ္ တုန္ခါလာတာ ေတြ႕လိုက္ရသည္။ ခ်က္ခ်င္းပင္ သူ႕ေရွ႕တြင္ အလင္းတန္းတစ္ခု ေပၚလာ၏။
"ရတနာတစ္ခု ထြက္ေပၚလာတာလား"
လု႐ႊမ္ စိုက္ၾကည့္လိုက္သည္။