(Unicode)
True love 💭❤ အပိုင်း - ၄၃
"ဟဲ့ နင်ပြောတော့လီမင်ဟိုနဲ့တူတယ်ဆို"
"တူတာရောဟဲ့ အဲ့မှာကြည့် နှုတ်ခမ်းရော နှာတံရောလေဒီလောက်တူနေတာကို"
"ငါတော့သိပ်မတူဘူးထင်တယ်ဟ "
"နင်တို့ကြိုက်တဲ့ကိုရီးယားမင်းသားနဲ့ကလဲ သိပ်မတူပါဘူးအေ လာပြန်မယ်မိအေး"
"ဒေါ်ကြီးကလဲ ခဏနေပါအုံး မျက်လုံးဖွင့်လိုက်ရင်ပိုတူတယ်လို့ကိုကြီးအေးချမ်းကပြောတယ် အဲ့တာတစ်ခါထဲကြည့်သွားကြမယ်လေ"
"အိပ်နေတာများသိုးလို့လေတော် နိုးမယ့်ပုံမပေါ်ဘူးဟဲ့ "
"ခဏလေးပါဒေါ်ကြီးရယ် "
မိအေးတို့နှင့်အတူပါလာသည့်ဒေါ်ကြီးဟာ ဦးစွာပြန်သွားသည့်အခါ မိအေးတို့သာကျန်ခဲ့လေတော့သည်။ မရဘူး နိုးအောင်ကိုစောင့်ပြီးကြည့်သွားအုံးမယ်။
ရွှေကူငါးဆင့်ချိုင့်လေးဆွဲ၍ အကိုလေးရှိသည့်အိမ်သို့ ဒေါ်လေးနှင့်အတူလိုက်လာခဲ့လိုက်သည်။ သို့ပေမယ့် ဦးစွာတွေ့ရသည်က အိမ်အောက်မှ တန်းလျားဘေးတွင် ခလေး၆ ယောက်လောက်ဟာ ဝိုင်းအုံ၍နေကြသည်ပင်။
"ဒေါ်လေး ဘာဖြစ်လို့လဲမသိဘူးနော်"
"ဒေါ်လေးလဲမသိဘူး လာသွားကြည့်မယ်"
ရွှေကူတို့အိမ်အောက်လေးရောက်တော့ ထိုအုံနေသည့်ကြား ခပ်ဖွေးဖွေးမျက်နှာလေးကို အိပ်ပျော်နေသည့်ပုံစံလေးနှင့်တွေ့လိုက်ရတော့သည်။
"အကိုလေး .."
"ဟဲ့ဘာလုပ်နေကြတာလဲ မိအေးရယ်"
"အော်အရီးမြ "
အကုန်လုံးက ဒေါ်လေးဘေးသို့ရောက်လာကြသလို ရွှေကူ့လက်ကိုလဲအတင်းဆွဲလာသည့် ၁၂ နှစ် လောက်ရှိမည့်ခလေးမလေးတွေဟာ ရွှေကူ့ကိုမေးခွန်းတွေဆက်တိုက်ဆိုသလိုမေးလာလေသည်။
"မမ မမရဲ့အကိုက ချောလားဟင်"
"မမရဲ့အကိုက လီမင်ဟိုနဲ့တူတယ်ဆိုမမ"
"မတူပါဘူးဆိုသူတို့က တူတယ်ကြည့်လုပ်နေတာ မမဟင် မတူဘူးမလား"
"အယ်.. မတူဘူးထင်တယ်မမတော့"
"တွေ့လားမတူပါဘူးဆို "
ခလေးတွေဟာ အချင်းချင်းငြုံးခုံနေကြ၍ အသံတွေကျယ်လောင်စွာထွက်လာသော်လည်းအကိုလေးဟာ တုတ်တုတ်ပင်မလှုပ် အိပ်နေဆဲဖြစ်လေသည်။ ရွှေကူလဲ ခလေးတွေကို ဝေးဝေးနေဖို့တားမနေတော့ပဲ အိမ်ပေါ်သို့ဒေါ်လေးနှင့်တတ်ခဲ့ကာ ချိုင့်လေးလှယ်၍ အကိုလေးစားဖို့ပြင်နေလိုက်တော့သည်။
အိမ်မက်များအဆန်းသား ဘေးမှလာပြီးပြောနေသလိုကိုမက်လိုက်သေးတာဟ။ ဘယ်အချိန်ရှိပြီလဲတော့မသိ ကွန့်မြူးအိပ်ယာထဖို့အချိန်ကျပြီထင်၍ မျက်လုံးတွေဖွင့်ကြည့်မိတော့
"အမလေးဗျ လန့်တာဟ"
အိပ်ချင်မူးတူးစိတ်တောင်ပျောက်သွားရတော့သည်။ မျက်လုံးတွေအများအပြားဟာ ကွန့်မြူးကိုစိုက်ကြည့်နေကြသည်မို့ ခေါင်းအုံးကိုပိုက်၍ ကျုံ့ကျုံ့ကလေးထိုင်နေမိတော့သည်။
"တွေ့လားမိအေး လီမင်ဟိုနဲ့မတူပါဘူးလို့"
"ဟီး ငါလဲကိုကြီးအေးချမ်းစကားယုံလိုက်တာဟ ဒါပေမယ့်ဒီကိုကြီးလဲချောတာပဲဟနော့.."
"ချောတော့ချောသား မင်းသားကျလို့ သွားမယ်လာ ကြည့်ပြီးပြီဆိုတော့လဲ ကျောင်းသွားကြမယ်"
"အေးအေး "
"မြို့သားအကိုကြီးရေ ဆက်အိပ်နော်မိအေးတို့က ကြည့်ပြီးပြီဆိုတော့ပြန်တော့မယ် ညနေမှတစ်ခေါက်ပြန်လာတော့မယ်နော်"
အသီအရီ ပြောချင်တာပြောကာ လွယ်အိပ်ကွယ်စီနှင့်ထွက်သွားကြသည့်အုပ်စုကို ကွန့်မြူးကြည့်၍ ချွေးစလေးတွေကိုသုတ်လိုက်တော့သည်။
"ဒါလေးတွေက ဘာတွေလဲဟ "
"အကိုလေးကိုလာကြည့်ကြတာလေ"
"ဟာ ကောင်မလေး .."
ရွှေကူ့ကိုမြင်တော့ အတင်းပြေးလာကာ မျက်နှာငယ်နှင့်ကြည့်လာလေသည်။
"ဘာဖြစ်လို့လဲအကိုလေးရဲ့ "
"အဲ့ခလေးတွေကြောင့် ကိုယ်လန့်သွားတာလေ အခုထိနှလုံးခုန်မြန်နေတုံး"
"အမလေးအကိုလေးရယ် သူတို့လေးတွေကရိုးရိုးသားသားလေးအကိုလေးကိုလာကြည့်တာကို"
"ဟုတ်ပါတယ် ဒါပေမယ့်ကိုယ်ကတစ်ယောက်ထဲလေ ကြောက်တာပေါ့လို့ "
"ဟော့တော့ .."
လူကို အင်းကျီစလေးဆွဲ၍ မျက်နှာလေးပြုံးတုံ့တုံ့လုပ်ကာ ပြောလာသည်မို့ ရွှေကူမှာအကိုလေးကို ဖက်တောင်နမ်းချင်လာရသည်။
"သူများတွေကြားရင်ရယ်နေကြမယ်နော် ဟွန့် လူကောင်ကြီးမှအားမနာလာကြောက်ပြနေတယ် "
"ကောင်မလေးကိုယုံပြီးလိုက်လာတာလေကွာ ကိုယ်လဲကြောက်တတ်တာပဲ အဲ့ခလေးတွေကတော်ကြာဒီအကိုကြီး မင်းသားလေးလိုချောတယ်ဆိုပြီး ဖက်နမ်းနေကြမှဖြင့် ကိုယ်ရေတိမ်နစ်နေမှာပေါ့.."
"ခစ်ခစ်.. ပေါက်ကရအရမ်းပြော သွားမျက်နှာသစ်တော့ "
"အာဘွားပေးရင်သစ်မယ် "
"အကိုလေးလူမြင်ကွင်းကြီးနော် သူများရွာလာပြီးအရမ်းမကဲနဲ့ သွားသစ်တော့ ရွှေကူထမင်းပြင်ပေးထားမယ် "
ကိုဖိုးတုတ်တို့ ကိုအေးချမ်းတို့ကအိမ်တွင်မရှိကြသေး ရွာဘုန်းကြီးကျောင်းခဏသွားကြသည်မို့ အိမ်တွင်အကိုလေးနှင့်ရွှေကူသာရှိလေသည်။ ဒေါ်လေးကလဲ ပြန်သွာတာကိုး။
အိမ်ထောင့်စွန်းမှ ရေကန်လေးတွင် မျက်နှာသစ်ကိုယ်လက်သန့်စင်ကာ ကွန့်မြူးအိမ်ပေါ်သို့တတ်ခဲ့လိုက်တော့သည်။ အိမ်မကြီးနှင့် ထမင်းစားမီးဖိုဆောင်ဟာ တွဲလျက်မို့ ကွန့်မြူးမျက်နှာလေးသုတ်ကာ ကောင်မလေးရှိသည့်မီးဖိုဆောင်ခန်းလေးထဲ ဝင်လာခဲ့လိုက်သည်။
စားပွဲပေါ်တွင် ကောက်ညှင်းပေါင်းလေးတွေရယ် အကြော်လေးတွေရယ် ထမင်းနှင့်ဟင်းရောကို စုံအောင်ပြင်ဆင်ထားလေသည်ကြောင့် ကွန့်မြူးဗိုက်တောင်ဆာလာရသည်။
"စုံလို့ပါလားကာင်မလေးရဲ့"
"ဒေါ်လေးပြင်ပေးလိုက်တာ အကိုလေးကြိုက်ပါ့မလားတော့မသိဘူး "
"ကြိုက်ပါတယ်ကွ ကောက်ညှင်းပေါင်းကိုကိုယ်ကစားချင်နေတာ ရန်ကုန်မှာက အိမ်ဘက်လာမရောင်းတော့ကိုယ်ကမစားရဘူးလေ"
"ရွှေကူ့ကိုတော့မပြောဘူးအဲ့တာများ ရွှေကူပေါင်းကျွေးမှာပေါ့လို့"
ကွန့်မြူး ကြိုက်သည်ဆိုတော့ သူမလေးကကိုယ်တိုင်ပေါင်ပေးချင်နေလေသည်။
"အခုတော့အရင်ခွံ့ကျွေးလေကွာ လာဒီနားတိုး"
"အမေ့.."
စားပွဲဝိုင်းလေးတွင် အနည်းငယ်ဝေးကာထိုင်နေသည့်ရွှေကူ့ကို လက်မောင်းမှဆွဲယူလိုက်သည်မို့ ရွှေကူလန့်သွားရတော့သည်။
"အကိုလေးဖယ်... လွှတ်.. ကိုဖိုးတုတ်လာရင်မြင်သွားလိမ့်မယ်လို့"
ထိုအခါမှပခုံးလေးဖက်ထားသည်က လွှတ်ပေးလိုက်သည့် ကွန့်မြူးမှာ ဘေးဘီဝဲကြည့်ရသေးသည်။ ကောင်မလေးနှင့်က မောင်နှမမဟုတ်ပဲ သမီးရည်းစားဆိုတာသာသိလျှင် ကိုဖိုးတုတ်တို့လိုရွာသားတွေက လက်ခံပါ့မလား။ အနေအထိုင်လေးဆင်ခြင်မှဖြစ်မည် ကောင်မလေးနှင့်ဝေးပြီး မနေနိုင်သည်မို့ ကွန့်မြူးဆင်ခြင်မှဖြစ်မည်။
"ဟင် အကိုလေးပါးကခြင်ကိုက်တာလား"
"ဟုတ်မယ်ထင်တယ် ကိုယ်ညကအောက်မှာအိပ်လိုက်တာလေ "
"အကိုလေးအပေါ်မှာမအိပ်ဘူးလား ဘာဖြစ်လို့လဲ"
"နဲနဲလေးပူလို့အောင်ဆင်းအိပ်လိုက်တာ"
"ရွှေကူတော့အိပ်ရတာမပူပါဘူး အကိုလေးနေရတာအဆင်မပြေလို့လားဟင်"
"ပြေပါတယ်ကောင်မလေးရယ် မပူနဲ့နော် ကိုယ်အကုန်အဆင်ပြေတယ်"
အကိုလေးရဲ့ပါးပြင်ပေါ်မှအနီစက်လေးတွေကို ရွှေကူကြည့်၍ စိတ်မကောင်းဖြစ်ရသည်။ ဘာလို့လိုက်လာရတာလဲအကိုလေးရယ် ရွာမှာဆိုရွှေကူကအချိန်ပြည့်အနားမှာနေပြီး ဂရုမစိုက်နိုင်ဘူးလေ အကိုလေးနေရတာမသက်သာမှာစိုးမိတယ်အကိုလေးရယ်။
မနေ့ညက ထမင်းတောင်သိပ်မစား ကွန့်မြူးအစောကြီးအိပ်လိုက်သည်မို့ ၁၂ လောက်တော့တစ်ဖန်ပြန်နိုးလာရသည်။ သို့ပေမယ့်ဆက်၍ အိပ်မရ ကိုဖိုးတုတ်ဟောက်သံက အကျယ်ကြီးမို့ ကွန့်မြူးအောက်သို့ဆင်းလိုက်ခြင်းပင်။
နောက်ရက်တော့ ကိုဖိုးတုတ်၏ ဟောက်သံကိုကျင့်သားရအောင်ကျင့်၍ သည်းခံအိပ်ရမည်။
အမလေးဗျာ မသိရင် ကိုဖိုးတုတ်နဲ့ငါကယူမှာကျလို့ပါလားဗျာ။
ဒေါ်လေးဖြစ်သူက ညကပြသည့်ရွှေကူ့အတွက်အင်းကျီလေးတွေကို ရွှေကူတို့အိတ်ထဲထည့်ကာ တူရီးနှစ်ယောက်ဆွဲလာလိုက်တော့သည်။ အကိုလေးတို့အိမ်၏ တောင်ဘက်အကျော် သူကြီးဖိုးသံအိမ်အကျော်လေးတွင်ရှိသည့် မမနှင်းနွယ်၏ ဆိုင်လေးသို့ရွှေကူတို့တူရီးတွေရောက်လာကြတော့သည်။
"ဟယ် ဒါလေးကရွှေကူလေးလား"
"ဟုတ်ပါ့တော် ဟုတ်ပါ့.."
ဆိုင်ထဲတွင်ထိုင်နေသည့်လူမှာ ငယ်ငယ်တုန်းကရွှေကူ့ကိုဂရုစိုက်ပေးသည့် မမ ရွှေကူခင်မင်ရသည့် မမနှင်းနွယ်ဖြစ်သည်။
"မမနှင်းနွယ်က ဆံပင်အရှည်ကြီးဖြစ်နေပြီပဲ လှလိုက်တာမမရယ်"
"အမလေး ဒီမြို့သူလေးက ပိုလှတာပါနော် သေးသေးလေးနဲ့ ချစ်စရာလေးတော့ရွှေကူရယ်"
"ဟီး.. သေးသေးလေးလား"
"ဟုတ်ပါ့ အကုန်သေးသေးလေး "
ရွှေကူငုံ့ကြည့်မိသွားသည်က ပြားရှပ်နေသည့်နေရာလေးပင်။
"ခန္ဓာကိုယ်လေးက သေးသေးလေးနဲ့လှတယ်လို့ပြောတာပါ အရီးမြရေ ရွှေကူလေးတော့မလွယ်ဘူးတဂယ် ခစ်ခစ်.."
"မမကလဲ"
ရွှေကူရှက်သွားရသည်။ ရွှေကူက သေးသေးလေးဆိုတော့အဲ့တာပဲထင်လိုက်တာလေ ။ ဟူး ...။
"နဲနဲလေးထပ်သီပေးလိုက်မယ်နော် အဲ့တာမှရွှေကူလေးနဲ့ကိုက်မှာ"
"ဟုတ်မမ"
"မမကအရီးမြပြောတဲ့အတိုင်းနဲ့ချုပ်ထားတာ နဲနဲတော့လွဲသွားတယ်ထင်တယ်"
"အဲ့တုံးက ရွှေကူက ကိုယ့်ဘာသာတိုင်းပြီးဒေါ်လေးကိုအတိုင်းပို့လိုက်တာ အဲ့တာလွဲသွားတာနေမှာ"
"အင်း အင်း.. သိပ်တော့မကြာပါဘူး ဒါလေးပဲလား "
"ဟုတ်ဘူးမမ ဟိုအထုတ်ရော"
နှင်းနွယ်ကြည့်မိတော့ အထုတ်လေးနှစ်ထုတ်ကျန်နေသေးသည်ဖြစ်သည်။
"လုံချည်လေးတွေရောမမ "
"အဲ့တာဆို ကြာမယ်ထင်တယ် ရွှေကူလုပ်စရာရှိသေးလား"
"သမီးနေခဲ့လိုက်လေ ဒေါ်လေးအိမ်မှာလုပ်စရာရှိသေးလို့ပြန်နှင့်လိုက်မယ် ဒီမှာအေးဆေးနေပြီးစကားလေးဘာလေးပြောပေါ့"
"ဟုတ် အဲ့တာဆိုသမီးနေခဲ့မယ်နော်"
"အင်းအင်း"
"အရီးမြစိတ်ချ ပြီးရင်နှင်းနွယ်ပြန်ပို့လိုက်မယ်"
"အေးအေးတူမရီးရေ"
မမနှင်းနွယ်ဟာ ဒူးအောက်ကျော်သည့် ဆံနွယ်ရှည်ထူထူထဲထဲကြီးတွေနှင့် သိပ်ကိုလှနေပါသည်။ စက်နင်းလိုက်တိုင်း ဆံနွယ်တွေဟာ ဘေးသို့ယိမ်းကျ၍ တပုံတပင်ကြီးဖြစ်နေလေသည့်အခါ ရင်ခွင်ထဲပိုက်၍ စက်နင်းနေသည့်မမကို ရွှေကူကြည့်၍ သဘောတွေကျနေမိသည်။ မမရယ် လှလိုက်တာနော်။
"ငါ့ညီရေ လာလိုက်ခဲ့ကွာ သူကြီးအိမ်ဧည့်စာရင်းသွားတိုင်ရအောင်လို့ကွ "
".မှတ်ပုံတင်လိုသေးတာလားဗျ"
"လိုတယ်ကိုမြူး ယူခဲ့လိုက်ပေါ့ သူကြီးကအတည်ပြုအုံးမှာလေ"
"ခဏလေးအဲ့တာဆို"
ညနေစောင်းတွင် ကွန့်မြူး ကိုဖိုးတုတ်နှင့် အေးချမ်းတို့သုံးယောက်သားဟာ သူကြီးအိမ်သို့လာခဲ့လိုက်တော့သည်။ ရွာထဲရှိတွေ့သမျှလူတွေဟာလဲ ခင်ခင်မင်မင်နှုတ်ဆက်ကြသလို အားလုံးဟာလဲ လူချောလေး လူချောလေးနှင့်ပြောလေသည့်အခါ ကွန့်မြူးပျော်နေရတော့သည်။ ရွာလာပြီး လူချောကြီးလုပ်ရတာလဲ ကောင်းသားပဲကွ။
"သူကြီးရေ.. သူကြီး..."
"ဝေ့ ဘယ်သူလဲကွ"
"ကျွန်တော်တို့ပါဗျ"
"အေး မောင်အေးချမ်း ဘာတုံးကွ"
"သူကြီးကလဲ အိမ်ပေါ်က ဆင်းခဲ့ပါအုံးလားဗျာ ဒီမှာမြို့ကြီးသားနဲ့ဧည့်စာရင်းလာတိုင်တာဗျ"
"လာပါပြီကွာ လာပါပြီ ဒီမှာနှိပ်ပေး အဲ.. အနှိပ်ခံနေလို့ကွ"
"အဟွန်း ...သူကြီးတို့များနော် အဟွန်း..."
သူကြီးဆိုသည့်လူဟာ အိမ်ပေါ်မှဆင်းလာသည့်အခါ ကွန့်မြူးကြည့်မိသည်။ ထိပ်ပြောင်ပြောင် လူကောင်ခပ်သေးသေး ဥပဓိရုပ်က ဦးဧရာလိုပုံစံရှိသည့်သူကြီးဆိုသူက ကွမ်းစားထား၍ထင်သည် ရယ်ပြသည့်အခါ သွားတွေဟာရဲလို့နေလေသည်။ ဒီရွာ၏ဓလေ့က ထူးတော့ထူးဆန်းလှသည်။ ယခုလိုခေတ်ကြီးမှာ သူကြီးလို့သုံးနှုန်းနေကြသေးသည်မှာ ကွန့်မြူးအတွက်တော့အထူးအဆန်းဖြစ်လေသည်။
မှတ်ပုံတင်ပေးသည့်အခါ စာအုပ်ထဲရေးမှတ်နေသည့်သူကြီးဟာ သဘောကောင်းလှသည်။
"အဘ အကြမ်းရေလေး"
"အေးအေးသမီး ထားခဲ့လေ"
ထားခဲ့ဆိုသည်ကို ထိုမိန်းခလေးဟာ အကြမ်းရေတွေငှဲ့ပေးကာ ကွန့်မြူးရှေ့လာချပေးသည့်အခါ စိတ်ထဲမှအလိုမကျစွာ ကြည့်လိုက်မိသည်။ သူကြီးလို့သုံးနှုန်းတော့ ထင်မိသည်က သူကြီးသမီးတွေဆိုလျှင် ရိုးရိုးယဉ်ယဉ်လေးရယ်လို့ပေါ့။ သို့ပေမယ့် လိမ်းထားသည့်မိတ်ကပ်တွေဟာ နည်းတာတွေမဟုတ် နှုတ်ခမ်းနီတွေဟာလဲ ရဲလို့နေလေသည်ကြောင့် ကြာကြာဆက်မကြည့်ရဲ့ ပုံစံကိုကြက်သီးတောင်ထမိသည်။ အေးပေါ့လေ ရွာဓလေ့ရဲ့အခေါ်အဝေါသာမပြောင်းတာ ခေတ်ကပြောင်းနေပြီမဟုတ်လား။
"ငါ့တူက ဘာအလုပ်လုပ်တာလဲကွယ့်"
"မိဘရဲ့လုပ်ငန်းလေးပဲ ဆက်ပြီးလုပ်ကိုင်နေပါတယ်ဗျ"
"ဦးလေးတို့ရွာသားတွေက ရိုးသားကြတယ်ကွ မင်းကြာရင်ပျော်မှာပါ ဒီရွာက မီးတော့မရဘူး ဒါပေမယ့် ညဆိုပျော်စရာကြီးကွ"
"ဟုတ်လားဗျ.."
"ဟုတ်တယ်အကိုရဲ့အရပ်ထဲကလူပျိုတွေကခလေးတွေနဲ့ညကျရင်ဆော့ကြတယ်လေ ပျင်းချိန်တောင်မရှိပါဘူးအကိုရယ်"
ရွာအကြောင်းလေးကို သဘောကျသော်လည်းသဘောမကျသည်က ထိုအမျိုးသမီးကိုပင်။
"ကျွန်တော်တို့က အလုပ်ရှိသေးတယ်ဗျ ပြန်လိုက်အုံးမယ်သူကြီးရာ "
"အေးကွာ ဖိုးတုတ်နောက်နေ့ ဆိုလာ သွားဝယ်ချင်လို့ မင်းမြို့ကိုလိုက်ပို့စမ်းပါအုံးဟ"
"ဟုတ်ကဲ့သူကြီး မနက်လာခဲ့မယ်အဲ့တာဆို"
".အေးအေး "
အိမ်သို့ရောက်သည်နှင့် အေးချမ်းဟာရေတွေ တဗျန်းဗျန်းနှင့်ချိုးကာ ကေကိုသ ရေမွှေးတွေစွတ်နေသည်ကြောင့် အနားသို့ကပ်တိုးလေးသွားကာ မေးလိုက်တော့သည်။
"ဘယ်ဘဲကွ ကောင်မလေးနဲ့တွေ့မလို့လား"
"ဟုတ်သပ ကျွန်တော့မမဆီသွားမလို့ "
"ဟ မမလားမင်းက"
"ခင်ဗျားလိုခလေးလေးကြိုက်တာမဟုတ်ဘူး ကျွန်တော်ကမမဗျ"
"ဟ.. ငါကခလေးလေးကိုကြိုက်တယ်လို့ မင်းဘယ်လိုသိလဲ"
"ခင်ဗျားပဲ မောင်းကွ ငါ့ကောင်မလေးကိုမမှီရင် ငါတို့ချစ်သူတွေဝေးကြတော့မှာဆို ပြီးတော့ဖုန်တောထဲပစ်လဲတုန်းကလဲ ထကွထ မမှီတော့ဘူးဟ ငါ့ကောင်မလေးနောက်လိုက်ဟ အဲ့လိုတွေပြောနေမှတော့သိတာပေါ့ဗျ "
ဘာမှမပြောနိုင် ထိုကောင်ပြောသမျှနားသာထောင်လိုက်ရတော့သည်။ ထိုကောင်ကတော့ ပြောချင်တာပြောကာ ဆိုင်ကယ်လေးမောင်း၍ ထွက်သွားလေတော့သည်။
"မှောင်တော့မှာကိုကွာ ထွက်ပြန်ပြီဒီကောင်"
"ကိုဖိုးတုတ်တို့က အမျိုးတွေလားဗျ"
"ဆိုပါတော့ကွာ ငါ့တူလေအဲ့ကောင်က "
"အသက်ကမကွာသလိုပဲနော် "
"မကွာဆို ၅ နှစ်ပဲကွာတာလေကွာ အဲ့တာကြောင့် ဦးလေးလို့မခေါ်ပဲကိုဖိုးတုတ်ကြည့်လုပ်နေတာကွ ဆွေမျိုးနဲနဲဝေးတာလဲပါတာပေါ့ကွာ"
"အော်အဲ့လို "
ကွန့်မြူးခေါင်းတငြိမ့်ငြိမ့်နှင့် ဆွေမျိုးတွေစပ်နေမိသည်။
"ဖုန်းအားသွင်းလို့ရလားဗျ အားကမရှိတော့ဘူးကိုဖိုးတုတ်ရေ "
"အပေါ်မှာ ပလပ်လေးထားပေးထားတယ် ငါ့ညီသွားချိတ်ထားလိုက်လေ အားအိုးတော့ညှပ်အုံးနော် အနီ အနက်လဲလွဲအုံးမယ်"
"ဟုတ် ကိုဖိုးတုတ်"
ဆိုလာနှင့်အားသွင်းကာ ထိုအားအိုးနှင့် ဖုန်းအားသွင်း မီးထွန်းသည်ကြောင့် အနည်းငယ်တော့အဆင်ပြေလှသည်။ ရန်ကုန်မြို့ကြီးလို ညဆို မြင်မြင်သမျှလင်းမထိန်နေပေမယ့် အိမ်လေးတွေကိုယ်စီဟာ သူ့ဟာနှင့်သူတော့လင်းလေးသည်။ လမ်းလေးတွေတွင်လဲ အနည်းငယ်လင်းကာ သွားလာလှုပ်ရှား၍တော့ရသည်။
ခက်တာက ကောင်မလေးနှင့်အိမ်ချင်းနီးမနေသည်ပင်။ မဟုတ်လျှင်ဒီအမှောင်ထုလေးကြားချိန်းတွေ့၍ အတော်ကောင်းမည်။ အတွေးကနောက်မှ ည ၉ နာရီကြီး ကောင်မလေးအိမ်သို့ တစ်ကိုယ်ထဲရောက်ရှိနေပြီဖြစ်သည့်ကွန့်မြူးမှာ ကောင်မလေးကိုခေါ်ဖို့အကြံတွေထုတ်နေရတော့သည်။
ရွှေကူအိပ်ပျော်လုဆဲဆဲတွင် အခန်းထဲသို့ ခဲလုံးဟုထင်ရသည့်အရာဟာ စောင်လေးပေါ်ဗုတ်ခနဲကျလာလေတော့သည်။ ထို့နောက်အသံလေးမှာလဲ ကောင်မလေး ကောင်မလေးဟု တိုးညှင်းစွာခေါ်သံကိုကြားရ၍ ရွှေကူပြူတင်းပေါက်လေးမှ ထကြည့်မိတော့ ဖြူဖွေးဖွေးအင်္ကျီကိုဝတ်ထားသည့်အကိုလေးကို လရောင်လေးကြားတွေ့လိုက်ရတော့သည်။
"အကိုလေး ဘာလာလုပ်တာလဲညကြီးကို"
"လွမ်းလို့"
"ဟင်"
"ဟုတ်တယ် မနက်ကတစ်ခါပဲတွေ့ရတာလေကွာ ကိုယ်လွမ်းလို့လာတွေ့တာ"
"အို..."
စံပယ်ရုံကြီးဘေး ရွှေကူ့ပါးလေးနှစ်ဖက်ကို အလှည့်ကျနမ်းလိုက်သည့်အကိုလေးကြောင့် ရွှေကူရင်တွေတုန်သွားရတော့သည်။
"အကိုလေး"
"ဗျာ့..."
"ပြန်တော့လို့"
"ခုမှရောက်တာလေကွာ "
"ဒေါ်လေးနိုးသွားမယ်အကိုလေးရဲ့ .
"အိမ်နဲ့အဝေးကြီးကိုကွာ မကြားလောက်ပါဘူး"
ဒီအကိုလေးကတော့လေ ဉာဏ်တွေတအားကောင်းနေတာအခုမှ။
ရေချိုးအုပ်ခုံလေးပေါ် နှစ်ယောက်သားထိုင်ရက်သားလေးနှင့် အကိုလေးရဲ့ရင်ခွင်နွေးနွေးကြီးထဲကျရောက်နေသည့်ရွှေကူမှာ အကိုလေးကိုပြန်၍ဖက်တွယ်ထားမိသည်။
"ကောင်မလေးကိုယ့်ကိုစိတ်နာနေလားဟင်"
"ဟင့်အင်း.."
"ကိုယ်အမှားတွေအများကြီးလုပ်ခဲ့တယ်လေကွာ"
"ရွှေကူခွင့်လွှတ်ပေးပါတယ် ရွှေကူလေအဲ့အတိတ်က အရာတွေကိုဂရုမစိုက်တော့ဘူး လက်ရှိနဲ့ ပစ္စပ္ပန်အတွက်ပဲရွှေကူစဉ်းစားတော့မယ်"
"ကောင်မလေးရယ် ကိုယ့်အတွက်ဘာလို့စဉ်းစားပေးရတာလဲ ကိုယ့်ကိုစိတ်တိုပြီး ပါးတွေဘာတွေရိုက်ပစ်လိုက်ပါလားကွာ"
အမှောင်ထုကြားထင်သာစွာမမြင်ရပေမယ့်အကိုလေးကို မော့ကြည့်မိပါသည်။
"အကိုလေးက ရွှေကူ့အတွက်ကမ္ဘာကြီးလေအကိုလေးရဲ့ရွှေကူမရိုက်ရက်ပါဘူး"
"ဘယ်လို ကမ္ဘာကြီး.. ကိုယ်က ကောင်မလေးအတွက်ကမ္ဘာကြီးတဲ့လား..."
"အင်း ရွှေကူစိတ်ဆိုးခဲ့တယ် ဒါပေမယ့်အကိုလေးကိုမရိုက်ရက်ဘူး အကိုလေးကိုရွှေကူချစ်တယ်လေ အကိုလေးက ရွှေကူ့အတွက်အားကိုးရာလဲဖြစ်တယ် ချစ်ခင်ရာလူရော ပျော်စရာတွေအားလုံးကလဲ အကိုလေးဘေးမှာရှိနေပေးမှပြည့်စုံတာမျိုးလေ ပြီးတော့ စိတ်နာဖို့ထိ ရွှေကူသတ္တိတွေမရှိဘူးအကိုလေး "
"ရွှေကူကြောက်တယ် ရွှေကူအရမ်းကြီးဆိုးသွမ်းပြီး ဝုန်းဒိုင်းကျဲမိရင် ရွှေကူ့ကိုစွန့်ပစ်သွားမှာကြောက်တယ် "
"ဟားကွာ... ကိုယ်မှားလို့လေကွာ ဝုန်းဒိုင်းကြဲပစ်လဲရတယ် ကိုယ်အဆင်ပြေတယ်လေ ကောင်မလေးဘယ်လိုပဲကိုယ့်ကိုအပြစ်ပေးပေးကိုယ်ခံယူမှာလေကွာ"
"ရွှေကူမလုပ်ရက်ပါဘူးအကိုလေးရယ်"
ကောင်မလေးရဲ့ပခုံးလေးကို ပိုတိုး၍ ဖက်တွယ်မိထားတော့သည်။
မျက်ရည်တွေဟာ အမှောင်ထုကြားမမြင်ရသလို လေအေးလေးဟာလဲ ရွှေကူတို့နှစ်ယောက်ကြား ဖြတ်သန်း၍တိုက်ခက်လာလေသည်။ သို့ပေမယ့် လေထုလေးဟာ ရွှေကူတို့နှစ်ယောက်ကြားတိုး၍ပေါက်ခဲ့မည်မထင်ပါ။
အကိုလေးရဲ့ ဖက်တွယ်ထားမှုဟာ လေဝင်ပေါက်လေးတောင်မရှိခဲ့သည်မို့ လေထုလေကိုတော့သနားမိပါ၏။
ခဏအကြာအထိ အကိုလေးရဲ့စကားသံချိုချိုလေးတွေနှင့်သူမှားပါကြောင်း အကြိမ်တစ်ရာမက ပြောလာသည့်အခါ ရွှေကူမေ့နေသည့်ဖြစ်ရပ်လေးကိုသတိရသွားတော့သည်။
"အကိုလေး .."
"ဗျာ...."
"ရွှေကူတစ်ခုမေးမလို့"
"မေးလေဗျာ"
"ဟိုကောင်မလေးတွေကပြောတယ် အကိုလေးဆီမှာမြွေပုံတတ်တူးရှိတယ်တဲ့ အဲ့တာတဂယ်လား"
"ပေါက်ပေါက်ရှာရှာ ဘယ်ကမြွေပုံမှမရှိပါဘူးကွ"
ရွှေကူသက်ပြင်းလေးခုမှချနိုင်တော့သည်။
"နဂါးပုံပဲရှိတာပါ"
"ဟင် အတူတူပဲပေါ့ လူညာကြီးမဖက်နဲ့လွှတ် ..."
အတင်းတွန်းလွှတ်ကာ စိတ်ဆိုးသံလေးနှင့်ပြောလာသည့်အခါ ကွန့်မြူးရှင်းပြရန်သာတတ်နိုင်တော့သည်။
"ကောင်မလေးမှတ်မိလား "
"မှတ်မိဘူး"
"ဟာ ဘာမှမပြောရသေးဘူးလေကွာ"
"အင်း ဘာမေမေးမမှတ်မိဘူးပဲ လာမပြောနဲ့စိတ်ကောင်နေပါတယ်ဆိုမှ"
"အာဘွားလေးပေးပြီးချော့ချင်လို့လေကွာ ရလား"
"ရမလား လူကိုဘာမှတ်နေလဲ ချော့ပြီးမှပဲပေးလို့ရမယ် ခုတော့မရဘူး"
"ဟား ဟား.. ဟုတ်ပြီဗျာ"
သူလေးကစိတ်မနာရက်ဘူးဟုအစောကမှပြောဖူးသည်မို့ ချစ်စရာကောင်းအောင်စိတ်ဆိုးပြီး ကွန့်မြူးအပေါ်ကောက်နေတာလေးများလားကွာ။
"ကောင်မလေးဟိုအိမ်မှာ တစ်ရက်ကြီးခေါင်းလေးပေါက်ပြီးမေ့လဲတုန်းကလေကောင်မလေးမှတ်မိလား"
ဖြေမလာ ငြိမ်နေသည်ကြောင့် နားထောင်နေမှန်းသိသည်။
"အဲ့ညက ကောင်မလေးကိုကိုယ်စိတ်ပူနေတာ အိပ်လို့ကလဲမရဘူးကွာ အဲ့တာနဲ့ အရင်ကပြောထားဖူးတဲ့ဆိုင်ကို Tattoo သွားထိုးလိုက်တာ ဒါပေမယ့် စိတ်ကကောင်မလေးဆီပဲရောက်နေတာကွာ ထူးခန့်ရောက်လာပြီးထပ်နှိပ်စက်မှာလဲကြောက်လို့ ကိုယ် Tattoo ဆရာကိုအမြန်ထိုးခိုင်းလိုက်တာ "
"ဘာဆိုင်လဲအဲ့တာနဲ့ "
"ကိုယ်ထိုးထားတာမြွေမဟုတ်ပါဘူးကွ နဂါးအဲ့ပုံကလဲ Tattoo ဆရာပဲသိတာ ဒါပေမယ့်အဲ့ Tattoo ဆရာရဲ့ရည်းစားက နဲနဲတော့မြင်သွားတယ်ထင်တယ် သူကခွင့်မတောင်းပဲအခန်းထဲဝင်လာတာလေ တဂယ်ပါကွာ ကိုယ့်တတ်တူးကို ဘယ်မိန်းခလေးမှ တဂယ်မမြင်ဖူးဘူးကွ ကိုယ်ကြိမ်ရဲတယ် "
"ရွှေကူမယုံပါဘူးနော် သူတို့ကသေချာကိုပြောတာ ဘယ်ဘက်ဆီးစပ်မှာမြွေပုံတတ်တူးရှိတာတဲ့ ဟွန့်.. လူညာကြီး သူများကိုခလေးများထင်နေလား "
"လာကွာပြမယ် နဂါးပါဆိုကွာ"
"အယ် ..အယ်အကိုလေး မကြည့်ဘူး..မကြည့်ဘူးလို့ "
ဖုန်းမီးဖွင့်ကာ အတင်းကိုဝတ်လာသည့်ပုဆိုးလေးဖြည်ချနေသည်မို့ ရွှေကူမျက်လုံးလေးကိုလက်နှင့်အုပ်ထားမိတော့သည်။
သို့ပေမယ့် ရွှေကူ့ရဲ့သိချင်စိတ်က ရှက်တာထက်ပိုအားသာနေသည်ကြောင့် မျက်လုံးလေးတွေဟာ လက်ကြားထဲမှနေ၍ ချောင်းကြည့်မိတော့သည်။
ဘယ်ဘက်ဆီးစပ်နားသို့ပုဆိုးလေးဆွဲချကာ ပြလာသည်ကြောင့်ရွှေကူလဲ မျက်နှာပေါ်မှ လက်လေးဖယ်၍သေချာကြည့်မိလိုက်တော့သည်။
"ဟင်.. တဂယ်နဂါးလား "
"ဟုတ်ပါတယ်ဆိုကွာ ကြည့်အကြေးခွံလေးတွေနဲ့လေ"
"အကိုလေးနဂါးပုံတော့မှန်ပါတယ် ဒါလေးကဘာလေးလဲဟင် ဒါလေးတွေကလေ"
"ဒါကအတောင်လေကွာ အတောင်ပံလေးတွေလေ"
"ရှင်.. ဒီပိစိသေးသေးလေးကလေ အတောင်ပံပေါ့"
လက်ညိုးလေးထိုးကာ မေးလာသည့်အခါ ကွန့်မြူးရှက်သွားရတော့သည်။
"ဒါက ကိုယ်ကောင်မလေးကိုစိုးရိမ်လို့ Tattoo ဆရာကိုမြန်မြန်ဆွဲခိုင်းလိုက်တာ အဲ့တာအတောင်ပံပိစိလေးပဲရလိုက်တယ် "
"ခစ်ခစ်.. တဂယ်ကြီး"
"မရယ်နဲ့လေကွာ ဒီပိစိလေးတွေကလဲ နဂါးအတောင်ဆိုတာသိသာပါတယ်ကွ ကြည့်အတောင်နဲ့နဂါးလေး ဘယ်လောက်လှလိုက်လဲ"
"ခစ်.:ခစ် အတောင်ပိစိလေးနဲ့နဂါးလေး"
"ဟား မဟုတ်လေကွာ"
"ခစ်..ခစ်.. ပိစိလေး ဟစ်ဟစ်.."
"ကောင်မလေး မရယ်ပါနဲ့ဆိုကွာ "
"အကိုလေးက ပိစိလေး အယ်..မှားလို့ နဂါးတောင်ပံလေးကပိစိလေးတော့ ခစ်..ခစ်.."
ထိုတစ်ညတွင် နဂါးပုံပြမိသည့်ကွန့်မြူးမှာ ကောင်မလေးရဲ့စနောက်မှုတွေကိုတဝကြီးခံလိုက်ရပါတော့သည်။ အချိန်မရလို့ သေးသေးပိစိလေးဆွဲမိတာ မှားသွားတာလားကွာ။
ကောင်မလေးရယ် ကိုယ့်နဂါးလေးကို မရယ်ပါနဲ့ကွာ နဂါးလေးရှက်နေပါ့မယ့်ကွာ...။
Words 4303
5.11.2023 8:00pm
ဆက်လက်ကြိုးစားသွားပါမည်။