အဆိပ်ပင်(Hajeongwoo)

By SayKha901

3.1K 493 206

မင်းမကြိုက်တဲ့အကျင့်တွေအကုန်လုံးကိုပြင်တော့မှာမို့ ငါနဲ့ပြန်လိုက်ခဲ့ပေးပါကွာ..ငါမင်းကိုတကယ်ချစ်တာပါ ... More

🥀-1
🥀-2
🥀-3
🥀-4
🥀-5
🥀-6
🥀-7
🥀-8
🥀-9
🥀-10
🥀-11
🥀-12
🥀-13
🥀-14
🥀-16

🥀-15

124 25 1
By SayKha901

''ဒီည ကျွန်တော်ဂျောင်ဝူးအခန်းထဲမှာအိပ်မလို့''

''ဟင်''

''ဘာလို့လဲ မရဘူးလား ''

''မဟုတ်ပါဘူး အခုပဲသော့သွားယူလိုက်ပါ့မယ် ''

''အင်း''

ခြံစောင့်ဦးလေးကြီးစီမှသော့ယူကာ ဂျောင်ဝူးအခန်းကိုတက်သွားပြီး ခြေသံမကြားအောင်ဖွဖွလေးနင်းဝင်သွားလိုက်တယ်..ဂျောင်ဝူးအိပ်နေတဲ့ကုတင်ဘေးမှာဒူးတစ်ဖက်ထောက်ပီးထိုင်ချလိုက်တယ်။ လူတစ်ယောက်လုံးအခန်းထဲဝင်လာတာတောင်မသိဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ကောင်လေးရဲ့ဆံပင်အုပ်အုပ်လေးကို လက်ချောင်းသွယ်သွယ်လေးတွေနဲ့ဆွဲဖွလိုက်တယ်..အချန်ဘယ်လောက်ကြာသွားမှန်းမသိအောင်ကို ထိုကောင်လေးရဲ့အစိတ်အပိုင်းတစ်ခုစီတိုင်းကိုကြည့်နေမိတယ်။

''ဘာလို့လဲ ဘာလို့အိပ်နေတဲ့ပုံစံကအမြင်ကတ်ဖို့ကောင်းလောက်အောင်ချစ်ဖို့ကောင်းနေရတာလဲ..တကယ်ပါပဲ''

ရုတ်တရက် ဂျောင်ဝူးကပက်လက်အနေအထားနဲ့အိပ်နေရာကနေ ဟာရူတိုဘက်လှည့်ကာ ဘေးတစ်စောင်းအိပ်လိုက်တာကြောင့် ကုတင်ဘေးထိုင်နေတဲ့ဟာရူတိုနှာခေါင်းနဲ့ဂျောင်ဝူးမျက်နှာက ၃စင်တီမီတာလောက်သာကွာဝေးတော့သည်ထိ နီးကပ်သွားသည်..။
ဟာရူတိုလဲရုတ်တရက်မို့ကြောင်ကြည့်နေမိတယ်...ဘေးတစ်စောင်းအိပ်နေတာမို့ပါးတစ်ဖက်ကခေါင်းအုန်းနဲ့ဖိထားတာကြောင့် နှုတ်ခမ်းလေးကအနည်းငယ်စူထွက်နေတယ်...။

ဟာရူတိုရဲ့လည်စလုတ်ကအထက်အောက်သိုမသိမသာလှုပ်ခတ်သွားပြီး မျက်နှာဟာလဲ တဖြည်းဖြည်းနီးကပ်လာသည်...:

အတွေးတွေလွင့်သွားပြီး အသိစိတ်လွတ်သွားတဲ့တစ်ခဏအတွင်းမှာပဲ ဟာရူတိုရဲ့နှုတ်ခမ်းဖူးဖူးလေးက ဂျောင်ဝူးရဲ့ဆံပင်အုပ်အုပ်လေးအောက်က နှာဖူးထက်ကိုထိကပ်သွားခဲ့တယ်...

သတိပြန်ဝင်လာတဲ့အချိန်မှ အလန့်တကြားနဲ့မတ်တက်ထရပ်လိုက်တယ်:

''အားးရှီးးငါဘာတွေလုပ်နေတာလဲ ''

စိတ်ရှုပ်ရှုပ်နဲ့ကိုယ်ခေါင်းကိုယ်သာခပ်နာနာရိုက်လိုက်တာ်

''တော်ပြီမဖြစ်တော့ဘူး..ငါ့အခန်းငါအိပ်တာပဲကောင်းတယ် ''

အခန်းထဲကထွက်ဖို့ပြင်လိုက်ပေမယ့်..ကုတင်ပေါ်ကကောင်လေးဆီအကြည့်တချက်ပို့လိုက်မိတော့ ချွေးစေးတွေပျံနေတဲ့မျက်နှာလေးကိုတွေ့လိုက်ရတယ်။

''ဂျောင်ဝူး...ဂျောင်ဝူး ''

ပုခုံးကိုလှုပ်နှိုးကြည့်ပေမယ့်မနိုးလညတာကြောင့်..ချွေးစေးတွေပျံနေတဲ့ နှဖူးကိုလက်ဖမိုးနဲ့စမ်းကြည့်လိုက်တယ်..။မီးကျည်ခဲလိုပူကျစ်နေတဲ့နှဖူးကြောင့် မျက်မှောင်ကြုတ်မိသွားသည်..။

''ဟာ..ကျစ် ပူကျစ်နေတာပဲကွာ..ဒီလောက်ပူနေတာဆေးလေးဘာလေးထမသောက်ဘူး..တကယ်ပါပဲကွာ ''

ရေချိုးခန်းထဲအမြန်ဝင်သွားပြီး ခဏကြာတော့ပုဝါတစ်ထည်နဲ့ရေဇလုံတစ်လုံးယူကာထွက်လာခဲ့သည်..ရေဘက်တိုက်.နှဖူးပေါ်ရေဘက်ဝတ်တင်ပေးပြီး.ဆေးတိုင်ကာနွေးနွေးထွေးထွေးထားလိုက်တာကြောင့် ညသန်းခေါင်ယံအချိန်မှ အပူကျသွားတော့တယ်

ထိုအခါမှ ဟာရူတိုလဲ သက်ပြင်းချနိုင်တော့တယ်

''ဟူး..တော်သေးတာပေါ့ အဖျားကျသွားလို့ ''

စောင်အပုံလေးထဲမြုပ်နေတဲ့ ကောင်လေးရဲ့ဆံပင်ကိုသပ်ပေးရင်း တစ်ကိုယ်ထဲကြားရုံအသံနဲ့ပြောလိုက်တယ်..

''မင်းနဲ့တော့ခက်တာပဲ..လူကိုစိတ်ပူရအောင်အရမ်းလုပ်တာပဲ..မင်းနဲ့ ကြာကြာနေရင် ငါတော့ရူးမှာပဲ ''
******************
wattpadက loginဝင်မရလို့ပျောက်သွားမိတာတွက် တောင်းပန်ပါတယ်နော်...

Continue Reading

You'll Also Like

311K 12.7K 60
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...
2.1M 108K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
593K 9.3K 64
ˏˋ°•*⁀➷ 𝗔𝗱𝗱𝗶𝗻𝗴 𝘁𝗵𝗲 𝘄𝗿𝗼𝗻𝗴 𝗻𝘂𝗺𝗯𝗲𝗿 𝘁𝗼 𝗮 𝗴𝗿𝗼𝘂𝗽𝗰𝗵𝗮𝘁 𝗶𝘀 𝗲𝗮𝘀𝗶𝗹𝘆 𝗱𝗼𝗻𝗲 𝗻𝗼 𝗺𝗮𝘁𝘁𝗲𝗿 𝗵𝗼𝘄 𝗳𝗮𝗺𝗼𝘂𝘀 𝘆𝗼�...
355K 22.7K 86
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...