အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

259

1.9K 443 11
By Melinoe_Megami

Unicode

ထိုအချိန်မှစ၍ ခြူးမုယွင်သည် အရာအားလုံးကို မှတ်မိလာသည်။

ဖန်ဆင်းရှင်တစ်ပါး၏ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကင်းပြီး အဆုံးအစမရှိ၊ ထာဝရတည်မြဲ၏။

ခြူးမုယွင်သည် ‘ပဟေဠိဆန်သော အခြေအနေ’မှ မွေးဖွားလာခြင်းဖြစ်ပြီး အသိစိတ်ဖြစ်တည်လာပြီးနောက် သူ ပထမဦးဆုံး လုပ်ခဲ့သည့်အရာကား ဤလောကကြီးကို စတင်ဖန်တီးခြင်း ဖြစ်သည်။ သစ်ပင်ပန်းမန်များ၊ တောတောင်ရေမြေ၊ မြစ်ချောင်း အင်းအိုင်ပင်လယ်များမှအစ အသက်ဝိဉာဉ်များအထိ ပါဝင်ခဲ့သည်။

(TN : Chaos ကို ‘ပဟေဠိဆန်သော အခြေအနေ’ လို့ ဘာသာပြန်ထားပါတယ်။ တချို့က ပရမ်းပတာစွမ်းအား၊ ဖြစ်တည်မှု စသဖြင့် ဘာသာပြန်ကြပေမယ့် Meli သိထားသလောက်တော့ Chaos ဆိုတာ စကြဝဠာကြီး မဖြစ်တည်မီက တည်ရှိခဲ့တဲ့ ‘Formless matter’ ပုံသဏ္ဌာန်မဲ့အရာ’ ပါ။)

သူသည် လူသားများကို အသက်ဝိဉာဉ်အသစ် ဖန်တီးတတ်အောင်၊ အသိဉာဏ်ပညာ တိုးတက်လာအောင် သင်ကြားပေးပြီး ခမ်းနားကြီးကျယ်သော ကမ္ဘာလောကတစ်ခုကို အသေးစိတ် ပုံဖော်ဖန်တီးကာ အေးစက်ဗလာကျင်းနေသော နေရာတစ်ခုကို စည်ကားသိုက်မြိုက်အောင် ပြောင်းလဲခဲ့သည်။

သို့သော် သူကိုယ်တိုင်ကတော့ အစမှအဆုံးတိုင် ဟင်းလင်းပြင်ကျယ်ကြီးသာရှိသော ကိုယ်ပိုင်ကမ္ဘာထဲတွင် ပိတ်မိနေခဲ့သည်။ ထိုနေရာသို့ မည်သည့်ဖြစ်တည်မှု ယူဆောင်သွားပါစေ ထာဝရ ပျောက်ကွယ်သွားလိမ့်မည်။ ထိုနေရာကား နတ်ဘုရားနယ်မြေ ဖြစ်ပြီး ခြူးမုယွင်မှလွဲ၍ တခြားသက်ရှိများ အသက်မရှင်ပေ။

ခြူးမုယွင်သည် လှပစည်ကားသော ကမ္ဘာလောကတစ်ခု ဖန်တီးခဲ့သော်ငြား မြင်သာမြင်နေရပြီး ထိုကမ္ဘာတွင် ဖြစ်ပျက်နေသမျှကို ကြားနိုင်၊ ခံစားနိုင်၊ ထိတွေ့နိုင်ခြင်းမရှိ။

သူသာ စိတ်လှုပ်ရှားဖွယ်မြင်ကွင်းများကို မမြင်ဖူးခဲ့လျှင် အထီးကျန်သလို ခံစားနေရမည်မဟုတ်ပေ။

သို့သော် ယခုမူ သူကိုယ်တိုင်က အလှတရားတစ်ခုကို နှလုံးသားဖြင့်ရင်း၍ ဖန်တီးခဲ့ပါသော်ငြား ဗလာနတ္ထိ လစ်ဟာမှုနှင့် ထပ်မံရင်ဆိုင်လိုက်ရသောအခါ နှစ်သန်းပေါင်းများစွာ ဖိနှိပ်ချုပ်တည်းထားခဲ့သော အထီးကျန်မှုက သူ၏ ပါးစပ်နှင့် နှာခေါင်းကို ရေလှိုင်းသဖွယ် ဖုံးလွှမ်းသွားပြီး သူ့အား သည်းမခံနိုင်လောက်အောင် မွန်းကျပ်စေခဲ့သည်။

ခြူးမုယွင်သည် အောက်ဘုံသို့ဆင်း၍ လည်ပတ်ချင်ခဲ့သည်။ သို့သော် သူ သွားမရခဲ့ပေ။

အောက်ဘုံလောကသည် သူ့အား နတ်ဘုရားအဖြစ် သတ်မှတ်ထားပါသော်ငြား အနှီ ‘ဘုရား/နတ်ဘုရား’ ဟူသော ဖြစ်တည်မှုက သနားစရာအကျဉ်းသား၊ စိတ်ခံစားချက်မရှိသော စက်ရုပ်တစ်ရုပ်ထက် မပိုကြောင်း သူသာ သိသည်။ ဤ ‘အထွတ်အမြတ်’ နေရာတွင် ရှင်သန်ရမည့်အဖြစ်က သူ၏ ကံကြမ္မာ ဖြစ်နေသည်။

ခြူးမုယွင်သည် ထိုသို့ ရှင်သန်နေရသည်ကို တဖြည်းဖြည်း ငြီးငွေ့လာပြီး ဗလာကျင်းနေသည့် ဟင်းလင်းပြင်ကျယ်ကြီးကို မုန်းတီးသထက် မုန်းတီးလာမိ၏။ ပြောမပြတတ်သော အကြောက်တရားတစ်မျိုးကိုလည်း ခံစားလာရသည်။

ဤလှောင်ချိုင့်ကြီးကို ကြောက်လာသည်။ အထီးကျန်လွန်းသည့် ခံစားချက်ကို ကြောက်လာသည်။ ပို၍ ကြောက်ရသည်ကား သူ၏ အဆုံးမရှိ ရှင်သန်နေရသော ဘဝကြီးပင်။

ဤသို့ဖြင့် တဖြည်းဖြည်း သည်းမခံနိုင်တော့ဘဲ သူ၏ ကန့်သတ်ချက်သို့ ရောက်လုဆဲဆဲအချိန်တွင် သူမွေးဖွားလာသည့် ‘ပရမ်းပတာဖြစ်တည်မှု’ ဌာနီ၌ ဝိဉာဉ်ငယ်အသစ်လေးတစ်ခု မွေးဖွားလာသည်။

ထိုဝိဉာဉ်ငယ်လေးသည် အလွန်သေးမျှင်ပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မယောင်။ သို့သော် ခြူးမုယွင်က နောက်ဆုံးသော ကောက်ရိုးမျှင်လေးကို ဆွဲထားသကဲ့သို့ သူ ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့လေ၏။ ဤကျယ်ပြောသော ဟင်းလင်းပြင်အလယ် တစ်ခုတည်းသော ခြားနားချက်လေး ဖြစ်တည်လာမည့်အချိန်ကို မျှော်လင့်နေခဲ့သည်။ ဤနေရာတွင် သူနှင့်အတူ ရှိနေပေးမည့်အချိန်ကို စောင့်စားနေခဲ့မိသည်။

ခြူးမုယွင်တစ်ယောက် နောက်ဆုံးတော့ ဘဝကို ရှေ့ဆက်လျှောက်လှမ်းရန် အင်အားတစ်ခု ရခဲ့လေပြီ။ သူက အနှီအားနည်းသော ဝိဉာဉ်ငယ်လေး ပုံသဏ္ဌာန်ပေါ်ကာ ကြီးပြင်းလာမည့်အချိန်ကို စောင့်စားရင်း အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးသည်။ စကားပြောပေးသည်။ သူဖန်တီးထားသည့် လောကကြီးကို ပြပေးခဲ့လေသည်။

နောက်တော့ ဝိဉာဉ်ငယ်လေးက အလွန်ကြည့်ကောင်းသော ကလေးငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲလာခဲ့သည်။

ခြူးမုယွင်၏ နှလုံးအိမ်ထဲမှ ပျော်ရွှင်မှုများကား စာဖွဲ့၍မရနိုင်အောင်ပင်။ သို့သော် လက်တွေ့ဘဝက သူ့အပေါ် မကြင်နာခဲ့ပါချေ။ သူ အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးခဲ့သော ကလေးငယ်သည် ပျောက်ကွယ်သွားခဲ့သည်။

‘ပရမ်းပတာနယ်မြေ’မှ မွေးဖွားလာသော ကလေးငယ်သည် သူ့ကို တစ်ချက်သာကြည့်ပြီး ပျောက်ကွယ်သွားခဲ့သည်။

မျှော်လင့်ချက်ထားပြီးကာမှ ဆုံးရှုံးလိုက်ရသော ခံစားချက်သည် အဆမတန် ဆိုးဝါးပေ၏။ ခြူးမုယွင် တောင့်မခံနိုင်တော့ချေ။ ဤဟင်းလင်းပြင်ကြီးကို ဖြိုခွဲပစ်ပြီး ထွက်သွားချင်လာသည်။ သို့သော် သူ မလုပ်နိုင်ခဲ့ပေ။ သူ့တွင် တောတောင်ပင်လယ်ပြင်ကို ဇောက်ထိုးမိုးမျှော်လုပ်ပစ်နိုင်သော စွမ်းအားများ ရှိနေပါသော်ငြား သူ့ကိုလှောင်ပိတ်ထားသော ဤလှောင်ချိုင့်ကြီးအပေါ် မည်သည့်စွမ်းအားမျှ မသုံးနိုင်ခဲ့ပေ။

သို့သော် ထိုအခိုက်အတန့် ကလေးငယ်ကို ထပ်မြင်လိုက်ရသည်။

ကလေးငယ်သည် ခြူးမုယွင် ဖန်တီးခဲ့သော ကမ္ဘာလောကသို့ သွားရောက်ကာ ခြူးမုယွင် လည်ပတ်ချင်နေသော တောတောင်၊ မြစ်ချောင်း၊ ပင်လယ်များကြား မသိနားမလည်စွာ မတ်တပ်ရပ်နေခဲ့သည်။

ခြူးမုယွင်၏ရင်ထဲ တစ်ချက်လှုပ်ရှားသွားပြီး သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွား၏။

ဤဟင်းလင်းပြင်နယ်မြေသည် လူတစ်ဦးတည်းသာ ဝင်ဆန့်ပေသည်။ လက်စသတ်တော့ ဤကလေးငယ်သည် သူနှင့်အတူနေရန် မွေးဖွားလာခြင်းမဟုတ်၊ သူ့အမွေကို ဆက်ခံရန် ဖြစ်ရမည်။

ထိုအတွေးဝင်လာသည်နှင့် သူ့အား နှစ်သန်းပေါင်းများစွာ ချုပ်နှောင်ထားသော လှောင်ချိုင့်သည် နောက်ဆုံးတော့ ပွင့်ဟသွားလေသည်။

ဤကား ခြူးမုယွင်အတွက် ပထမဦးဆုံး အပြင်ထွက်နိုင်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ဖန်တီးခဲ့သည့် ကမ္ဘာလောကကြီး၏ တိုးတက်စည်ကားလာပုံကို မျက်မြင်ကြည့်ရန် မစောင့်နိုင်တော့ပေ။ သူ လုပ်ရမည့်အရာက ကလေးငယ်ကို ရှာဖွေပြီး ပြုစုပျိုးထောင်ရန်၊ ပြီးနောက် အနှီ ‘ဘုရား/နတ်ဘုရား’ ဟူသောနေရာကို လွှဲပေးရန် ဖြစ်သည်။

မော့ကျိုးရှောင်ကို ပြုစုပျိုးထောင်ရသည့် အတွေ့အကြုံက ခြူးမုယွင်အတွက် အလွန်ဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းခဲ့ပါ၏။ ကလေးငယ်သည် ဝိဉာဉ်ငယ်လေး မဟုတ်တော့၊ ရယ်မောတတ်လာသည်။ စကားပြောတတ်လာသည်။ သူ့အား ပြန်လည်တုံ့ပြန်တတ်လာသည်။ ထိုအပြုအမူလေးများကြောင့် ခြူးမုယွင်၏ဘဝတွင် အထီးကျန်ဆန်ပြီး လစ်ဟာနေသည့် ခံစားချက်မျိုး ထပ်မရှိတော့ပေ။ မိနစ်တိုင်း၊ စက္ကန့်တိုင်းက သက်ဝင်လှုပ်ရှားပြီး တက်ကြွခမ်းနားနေတော့သည်။

ထိုခံစားချက်များက မော့ကျိုးရှောင် သူ့ကို စကားတစ်ခွန်း မပြောခင်အချိန်အထိ။ : ကျွန်တော် ခင်ဗျားကို ချစ်တယ်။ ခင်ဗျားကိုပဲ လိုချင်တယ်။ ခင်ဗျားရှိနေသရွေ့ တခြားဘယ်ကိစ္စမှ အရေးမပါတော့ဘူး..!

သူ အမှားလုပ်လိုက်မိမှန်း ခြူးမုယွင် သဘောပေါက်သွားသည်။

ဟင်းလင်းပြင်ထဲသို့ ပြန်သွားပြီးနောက် ထို ‘အချစ်’ ဟူသောအရာသည် သူတို့နှစ်ဦးတွင် မရှိသင့်သည့်အရာမှန်း နားလည်သွားသည်။

သို့နှင့် ခြူးမုယွင်က မော့ကျိုးရှောင်ကို ကယ်တင်ရန် ကြိုးစားခဲ့သည်။ သို့သော် သူ၏နည်းလမ်းက အလွန်ပြင်းထန်လွန်းသဖြင့် မော့ကျိုးရှောင်ကို ဒေါသထွက်စေခဲ့၏။ ရလဒ်အနေဖြင့် သူကိုယ်တိုင် ပျိုးထောင်ခဲ့သော ကလေးငယ်လေး၏ ပိတ်လှောင်ထားခြင်းကို ခံလိုက်ရသည်။

ခြူးမုယွင်သည် နှစ်သန်းပေါင်းများစွာ ‘လှောင်ချိုင့်’လို နေရာမျိုးတွင် နေထိုင်ခဲ့ရသဖြင့် ‘ပိတ်လှောင်ခံရသည့်’ ခံစားချက်ကို အင်မတန် မုန်းတီးသည်။

ထို့ကြောင့် မော့ကျိုးရှောင်၏ မှတ်ဉာဏ်များကို ပယ်ဖျက်ကာ ပရမ်းပတာနယ်မြေ၏ ဝိဉာဉ်ငယ်လေးအဖြစ်သို့ ပြန်ပြောင်းလိုက်သည်။ တူညီသည့်အမှားမျိုး ထပ်မလုပ်မိလေအောင် ဝိဉာဉ်ငယ်လေးကို နောက်တစ်ကြိမ် ထပ်မံပျိုးထောင်ချင်ခဲ့သည်။

သို့သော် လူသားတို့၏ နှလုံးသားဟူသည် ခန့်မှန်းရခက်လှပေသည်။

အထီးကျန်စွာ နေထိုင်ခဲ့ရသော ရန်ချန်း - အမှားတစ်ခု ထပ်ဖြစ်ခဲ့သည်။

ကိုယ့်ကိုယ်ကို နာကျင်အောင် ပြန်လုပ်တတ်သော ရှန်ရွှိန်ယန်း - အမှားတစ်ခု ထပ်ဖြစ်ခဲ့သည်။

အေးတိအေးစက် စွန့်ပစ်ခံခဲ့ရသော ကျွင်းမော့ - အမှားတစ်ခု ထပ်ဖြစ်ခဲ့သည်။

ထိုအမှားများက စိတ်ပျက်အားငယ်စွာဖြင့် ကိုယ့်ကိုယ်ကို သတ်သေသွားသော ရှဲ့ချင်းလန် မတိုင်ခင်အထိ။

နောက်ဆုံးတော့ ခြူးမုယွင် နားလည်သွားသည်။

သူ့အတွက် အမွေဆက်ခံသူထားရန် မဖြစ်နိုင်ပေ။ ထိုကလေးငယ်ကို ဗလာကျင်းနေသည့် ဟင်းလင်းပြင်နယ်မြေထဲ နှစ်သန်းပေါင်းများစွာ တစ်ယောက်တည်း နေခွင့်မပြုနိုင်ပါချေ။

သူပင် အထီးကျန်ဆန်မှုကို သည်းမခံနိုင်ရာ သူ၏ အဆုံးစွန်သော စိတ်ခံစားချက်များဖြင့် ထိုဝိဉာဉ်ငယ်လေးက အဘယ်သို့ တောင့်ခံနိုင်မည်နည်း။

ထို့အပြင် ခြူးမုယွင်သည် ထိုဝိဉာဉ်ငယ်လေးနှင့် မခွဲခွာချင်ခဲ့ပေ။

ဟင်းလင်းပြင်နယ်မြေသို့ ပြန်သွားပြီး ရှဲ့ချင်းလန်၏ အလောင်းကို ‘ပရမ်းပတာစွမ်းအင်’ထဲ ပြန်ထားကာ ဝိဉာဉ်ငယ်လေး နောက်တစ်ကြိမ် ထပ်မံကြီးပြင်းလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။

ခြူးမုယွင်သည် ဝိဉာဉ်ငယ်လေးကို နေ့ညမပျက် စောင့်ရှောက်ပေးခဲ့ပြီး လင်းရွှမ် မွေးဖွားလာချိန်တွင် သူ့ကိုယ်သူ စိတ်ပြင်ဆင်လိုက်သည်။ ဤတစ်ကြိမ်တော့ ကလေးငယ်ကို စိတ်မပျက်စေလိုတော့ပေ။ သူ့အပေါ် ကောင်းကောင်း ဆက်ဆံပေးရမည်။ ဘာကိစ္စရှိရှိ ကလေးငယ်ကို လုံးဝ အထိခိုက်မခံနိုင်တော့ပေ။

လင်းရွှမ်အား မော့ကျိုးရှောင်ထက် အလိုလိုက်ခဲ့သည်မှာ သံသယဝင်ဖွယ်မရှိ။ မော့ကျိုးရှောင်ကို ပျိုးထောင်ပေးခဲ့စဉ်က သူ၏ စိတ်ထဲတွင် သူ့ကိုယ်သူ ကယ်တင်ရန်၊ ကလေးငယ်ကို အမွေဆက်ခံခိုင်းရန်သာ ဆန္ဒရှိခဲ့သည်။

သို့သော် လင်းရွှမ်ကိုတော့ ငါးကြိမ်မကသော ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များဖြင့် ခံစားချက် ပြင်းထန်နေရကား အဆုံးမဲ့ ပြန်လည်ပေးဆပ်လိုခဲ့သည်။

တကယ့်ကို ချိုမြိန်သော အချိန်ကာလလေးတစ်ခု ဖြစ်ခဲ့ပေသည်။

တစ်ခါသေပြီးသွားသောကြောင့် ထင်၏။ လင်းရွှမ်သည် ယခင်ထက် သံသယလွန်ကဲစိတ်၊ သိမ်းပိုက်စိုးမိုးလိုစိတ်များ လျော့နည်းလာပြီး လွတ်လပ်ပေါ့ပါးကာ ပွင့်လင်းလာသည်။ သို့တည်းမဟုတ် ဤတစ်ခေါက်တော့ ခြူးမုယွင်၏ အချစ်ကို ခံစားမိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အချစ်စစ်ဖြင့် ပြုစုပျိုးထောင်ခံခဲ့ရတာကြောင့် စဉ်းစားချင့်ချိန်တတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ဖြင့် ကြီးပြင်းလာခဲ့လေသည်။

(TN : မော့ကျိုးရှောင်၊ ရန်ချန်း၊ ရှန်ရွှိန်ယန်းနဲ့ ကျွင်းမော့တုန်းက မသေခဲ့ပါဘူး။ ခြူးမုယွင်က မှတ်ဉာဏ်ဖျက်ပြီး ဝိဉာဉ်ငယ်ဘဝကို ပြန်ရောက်စေခဲ့တာပါ။ ရှဲ့ချင်းလန်က သတ်သေသွားတာကြောင့် လင်းရွှမ် မွေးလာတဲ့အချိန် ‘တစ်ခါသေခဲ့ပြီး’လို့ သုံးထားတာပါ။)

ခြူးမုယွင်သည် ဘဝက အမြဲတမ်း သာယာအေးချမ်းနေမှာမဟုတ်ဘဲ ဆင်းရဲဒုက္ခများလည်း ရှိလာနိုင်ကြောင်း သိထားပြီးသားပင်။ သို့သော် ယခုလိုဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူနှင့်လင်းရွှမ်က သုခဘုံတွင် ပျော်ရွှင်အေးချမ်းနေချိန် အပြင်ဘက် ကမ္ဘာလောကကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်နေခဲ့သည်။

သဘာဝဘေးကပ်ဆိုးများ တစ်ခုပြီးတစ်ခု ဝင်ရောက်နေခဲ့သည်။

ခြူးမုယွင် အပြင်ထွက်လာချိန် ကမ္ဘာကြီး၏ အဆုံးသတ်ကို မြင်လိုက်ရလေသည်။

မြေပြိုမှုများ၊ ဆူနာမီရေလှိုင်းများ၊ မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှုကြောင့် သူတည်ဆောက်ခဲ့သမျှ အရာအားလုံး ပြိုလဲပျက်စီးကုန်သည်။ သူဖန်တီးခဲ့သည့် အသက်ဝိဉာဉ်များလည်း ပူဆွေးသောကများ၊ ဝမ်းနည်းအားငယ်မှုများဖြင့် သေဆုံးကုန်သည်။ အနှီအားနည်းသော သတ္တဝါများသည် အော်ဟစ်ငိုကြွေးရန်ပင် အချိန်မရလိုက်၊ ပြာပုံအတိ ပြောင်းသွားရသည်။

အဘယ်ကြောင့် ထိုသို့ဖြစ်ကုန်သနည်း။

သူတွင် ‘ဖန်ဆင်းရှင်’တစ်ဦး၏ အရည်အချင်းများ မရှိတော့သဖြင့် သူဖန်တီးခဲ့သည့်အရာများတွင် ဆက်လက်ဖြစ်တည်ရန် အကြောင်းပြချက် မရှိတော့ခြင်းပင်။

လင်းရွှမ်က သူ့အနား ရောက်လာပြီး သတိလက်လွတ်ဖြစ်နေသည့် သူ၏ မျက်ဝန်းများကို ငေးကြည့်ကာ အသာအယာ ပြောလာသည်။ : “ကျွန်တော့်ကြောင့်လား..?”

ခြူးမုယွင်က သူ့ကို လှည့်ကြည့်လိုက်သည်။

လင်းရွှမ်က သူ့အား ပြုံးပြကာ.. : “ဘာမှမတွေးနဲ့.. လုပ်စရာရှိတာ လုပ်ပါ..”

…………………………..

TN : အားလုံး နားလည်သွားကြပြီဟုတ်။ ဘာသာ​ပြန်သူလေး အားတက်​အောင် star လေးတွေ များများပေးနော်။ အားပြည့်သွားရင် နက်ဖြန် နောက်တစ်ပိုင်းလာမယ် ဟဲဟဲ

Click ကြပါနော်။

…………………………..

Zawgyi

ထိုအခ်ိန္မွစ၍ ျခဴးမုယြင္သည္ အရာအားလုံးကို မွတ္မိလာသည္။

ဖန္ဆင္းရွင္တစ္ပါး၏ ခ်စ္ျခင္းေမတၱာသည္ ကိုယ္က်ိဳးကင္းၿပီး အဆုံးအစမရွိ၊ ထာဝရတည္ၿမဲ၏။

ျခဴးမုယြင္သည္ ‘ပေဟဠိဆန္ေသာ အေျခအေန’မွ ေမြးဖြားလာျခင္းျဖစ္ၿပီး အသိစိတ္ျဖစ္တည္လာၿပီးေနာက္ သူ ပထမဦးဆုံး လုပ္ခဲ့သည့္အရာကား ဤေလာကႀကီးကို စတင္ဖန္တီးျခင္း ျဖစ္သည္။ သစ္ပင္ပန္းမန္မ်ား၊ ေတာေတာင္ေရေျမ၊ ျမစ္ေခ်ာင္း အင္းအိုင္ပင္လယ္မ်ားမွအစ အသက္ဝိဉာဥ္မ်ားအထိ ပါဝင္ခဲ့သည္။

(TN : Chaos ကို ‘ပေဟဠိဆန္ေသာ အေျခအေန’ လို႔ ဘာသာျပန္ထားပါတယ္။ တခ်ိဳ႕က ပရမ္းပတာစြမ္းအား၊ ျဖစ္တည္မႈ စသျဖင့္ ဘာသာျပန္ၾကေပမယ့္ Meli သိထားသေလာက္ေတာ့ Chaos ဆိုတာ စၾကဝဠာႀကီး မျဖစ္တည္မီက တည္ရွိခဲ့တဲ့ ‘Formless matter’ ပုံသဏၭာန္မဲ့အရာ’ ပါ။)

သူသည္ လူသားမ်ားကို အသက္ဝိဉာဥ္အသစ္ ဖန္တီးတတ္ေအာင္၊ အသိဉာဏ္ပညာ တိုးတက္လာေအာင္ သင္ၾကားေပးၿပီး ခမ္းနားႀကီးက်ယ္ေသာ ကမာၻေလာကတစ္ခုကို အေသးစိတ္ ပုံေဖာ္ဖန္တီးကာ ေအးစက္ဗလာက်င္းေနေသာ ေနရာတစ္ခုကို စည္ကားသိုက္ၿမိဳက္ေအာင္ ေျပာင္းလဲခဲ့သည္။

သို႔ေသာ္ သူကိုယ္တိုင္ကေတာ့ အစမွအဆုံးတိုင္ ဟင္းလင္းျပင္က်ယ္ႀကီးသာရွိေသာ ကိုယ္ပိုင္ကမာၻထဲတြင္ ပိတ္မိေနခဲ့သည္။ ထိုေနရာသို႔ မည္သည့္ျဖစ္တည္မႈ ယူေဆာင္သြားပါေစ ထာဝရ ေပ်ာက္ကြယ္သြားလိမ့္မည္။ ထိုေနရာကား နတ္ဘုရားနယ္ေျမ ျဖစ္ၿပီး ျခဴးမုယြင္မွလြဲ၍ တျခားသက္ရွိမ်ား အသက္မရွင္ေပ။

ျခဴးမုယြင္သည္ လွပစည္ကားေသာ ကမာၻေလာကတစ္ခု ဖန္တီးခဲ့ေသာ္ျငား ျမင္သာျမင္ေနရၿပီး ထိုကမာၻတြင္ ျဖစ္ပ်က္ေနသမွ်ကို ၾကားႏိုင္၊ ခံစားႏိုင္၊ ထိေတြ႕ႏိုင္ျခင္းမရွိ။

သူသာ စိတ္လႈပ္ရွားဖြယ္ျမင္ကြင္းမ်ားကို မျမင္ဖူးခဲ့လွ်င္ အထီးက်န္သလို ခံစားေနရမည္မဟုတ္ေပ။

သို႔ေသာ္ ယခုမူ သူကိုယ္တိုင္က အလွတရားတစ္ခုကို ႏွလုံးသားျဖင့္ရင္း၍ ဖန္တီးခဲ့ပါေသာ္ျငား ဗလာနတၳိ လစ္ဟာမႈႏွင့္ ထပ္မံရင္ဆိုင္လိုက္ရေသာအခါ ႏွစ္သန္းေပါင္းမ်ားစြာ ဖိႏွိပ္ခ်ဳပ္တည္းထားခဲ့ေသာ အထီးက်န္မႈက သူ၏ ပါးစပ္ႏွင့္ ႏွာေခါင္းကို ေရလႈိင္းသဖြယ္ ဖုံးလႊမ္းသြားၿပီး သူ႔အား သည္းမခံႏိုင္ေလာက္ေအာင္ မြန္းက်ပ္ေစခဲ့သည္။

ျခဴးမုယြင္သည္ ေအာက္ဘုံသို႔ဆင္း၍ လည္ပတ္ခ်င္ခဲ့သည္။ သို႔ေသာ္ သူ သြားမရခဲ့ေပ။

ေအာက္ဘုံေလာကသည္ သူ႔အား နတ္ဘုရားအျဖစ္ သတ္မွတ္ထားပါေသာ္ျငား အႏွီ ‘ဘုရား/နတ္ဘုရား’ ဟူေသာ ျဖစ္တည္မႈက သနားစရာအက်ဥ္းသား၊ စိတ္ခံစားခ်က္မရွိေသာ စက္႐ုပ္တစ္႐ုပ္ထက္ မပိုေၾကာင္း သူသာ သိသည္။ ဤ ‘အထြတ္အျမတ္’ ေနရာတြင္ ရွင္သန္ရမည့္အျဖစ္က သူ၏ ကံၾကမၼာ ျဖစ္ေနသည္။

ျခဴးမုယြင္သည္ ထိုသို႔ ရွင္သန္ေနရသည္ကို တျဖည္းျဖည္း ၿငီးေငြ႕လာၿပီး ဗလာက်င္းေနသည့္ ဟင္းလင္းျပင္က်ယ္ႀကီးကို မုန္းတီးသထက္ မုန္းတီးလာမိ၏။ ေျပာမျပတတ္ေသာ အေၾကာက္တရားတစ္မ်ိဳးကိုလည္း ခံစားလာရသည္။

ဤေလွာင္ခ်ိဳင့္ႀကီးကို ေၾကာက္လာသည္။ အထီးက်န္လြန္းသည့္ ခံစားခ်က္ကို ေၾကာက္လာသည္။ ပို၍ ေၾကာက္ရသည္ကား သူ၏ အဆုံးမရွိ ရွင္သန္ေနရေသာ ဘဝႀကီးပင္။

ဤသို႔ျဖင့္ တျဖည္းျဖည္း သည္းမခံႏိုင္ေတာ့ဘဲ သူ၏ ကန႔္သတ္ခ်က္သို႔ ေရာက္လုဆဲဆဲအခ်ိန္တြင္ သူေမြးဖြားလာသည့္ ‘ပရမ္းပတာျဖစ္တည္မႈ’ ဌာနီ၌ ဝိဉာဥ္ငယ္အသစ္ေလးတစ္ခု ေမြးဖြားလာသည္။

ထိုဝိဉာဥ္ငယ္ေလးသည္ အလြန္ေသးမွ်င္ၿပီး အခ်ိန္မေ႐ြး ေပ်ာက္ကြယ္သြားေတာ့မေယာင္။ သို႔ေသာ္ ျခဴးမုယြင္က ေနာက္ဆုံးေသာ ေကာက္႐ိုးမွ်င္ေလးကို ဆြဲထားသကဲ့သို႔ သူ ေရာက္လာမည့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနခဲ့ေလ၏။ ဤက်ယ္ေျပာေသာ ဟင္းလင္းျပင္အလယ္ တစ္ခုတည္းေသာ ျခားနားခ်က္ေလး ျဖစ္တည္လာမည့္အခ်ိန္ကို ေမွ်ာ္လင့္ေနခဲ့သည္။ ဤေနရာတြင္ သူႏွင့္အတူ ရွိေနေပးမည့္အခ်ိန္ကို ေစာင့္စားေနခဲ့မိသည္။

ျခဴးမုယြင္တစ္ေယာက္ ေနာက္ဆုံးေတာ့ ဘဝကို ေရွ႕ဆက္ေလွ်ာက္လွမ္းရန္ အင္အားတစ္ခု ရခဲ့ေလၿပီ။ သူက အႏွီအားနည္းေသာ ဝိဉာဥ္ငယ္ေလး ပုံသဏၭာန္ေပၚကာ ႀကီးျပင္းလာမည့္အခ်ိန္ကို ေစာင့္စားရင္း အရိပ္တၾကည့္ၾကည့္ ေစာင့္ေရွာက္ေပးသည္။ စကားေျပာေပးသည္။ သူဖန္တီးထားသည့္ ေလာကႀကီးကို ျပေပးခဲ့ေလသည္။

ေနာက္ေတာ့ ဝိဉာဥ္ငယ္ေလးက အလြန္ၾကည့္ေကာင္းေသာ ကေလးငယ္ေလးတစ္ဦးအျဖစ္ ေျပာင္းလဲလာခဲ့သည္။

ျခဴးမုယြင္၏ ႏွလုံးအိမ္ထဲမွ ေပ်ာ္႐ႊင္မႈမ်ားကား စာဖြဲ႕၍မရႏိုင္ေအာင္ပင္။ သို႔ေသာ္ လက္ေတြ႕ဘဝက သူ႔အေပၚ မၾကင္နာခဲ့ပါေခ်။ သူ အရိပ္တၾကည့္ၾကည့္ ေစာင့္ေရွာက္ေပးခဲ့ေသာ ကေလးငယ္သည္ ေပ်ာက္ကြယ္သြားခဲ့သည္။

‘ပရမ္းပတာနယ္ေျမ’မွ ေမြးဖြားလာေသာ ကေလးငယ္သည္ သူ႔ကို တစ္ခ်က္သာၾကည့္ၿပီး ေပ်ာက္ကြယ္သြားခဲ့သည္။

ေမွ်ာ္လင့္ခ်က္ထားၿပီးကာမွ ဆုံးရႈံးလိုက္ရေသာ ခံစားခ်က္သည္ အဆမတန္ ဆိုးဝါးေပ၏။ ျခဴးမုယြင္ ေတာင့္မခံႏိုင္ေတာ့ေခ်။ ဤဟင္းလင္းျပင္ႀကီးကို ၿဖိဳခြဲပစ္ၿပီး ထြက္သြားခ်င္လာသည္။ သို႔ေသာ္ သူ မလုပ္ႏိုင္ခဲ့ေပ။ သူ႔တြင္ ေတာေတာင္ပင္လယ္ျပင္ကို ေဇာက္ထိုးမိုးေမွ်ာ္လုပ္ပစ္ႏိုင္ေသာ စြမ္းအားမ်ား ရွိေနပါေသာ္ျငား သူ႔ကိုေလွာင္ပိတ္ထားေသာ ဤေလွာင္ခ်ိဳင့္ႀကီးအေပၚ မည္သည့္စြမ္းအားမွ် မသုံးႏိုင္ခဲ့ေပ။

သို႔ေသာ္ ထိုအခိုက္အတန္႔ ကေလးငယ္ကို ထပ္ျမင္လိုက္ရသည္။

ကေလးငယ္သည္ ျခဴးမုယြင္ ဖန္တီးခဲ့ေသာ ကမာၻေလာကသို႔ သြားေရာက္ကာ ျခဴးမုယြင္ လည္ပတ္ခ်င္ေနေသာ ေတာေတာင္၊ ျမစ္ေခ်ာင္း၊ ပင္လယ္မ်ားၾကား မသိနားမလည္စြာ မတ္တပ္ရပ္ေနခဲ့သည္။

ျခဴးမုယြင္၏ရင္ထဲ တစ္ခ်က္လႈပ္ရွားသြားၿပီး သူ၏ စိတ္ထဲတြင္ အေတြးတစ္ခု ျဖတ္ေျပးသြား၏။

ဤဟင္းလင္းျပင္နယ္ေျမသည္ လူတစ္ဦးတည္းသာ ဝင္ဆန႔္ေပသည္။ လက္စသတ္ေတာ့ ဤကေလးငယ္သည္ သူႏွင့္အတူေနရန္ ေမြးဖြားလာျခင္းမဟုတ္၊ သူ႔အေမြကို ဆက္ခံရန္ ျဖစ္ရမည္။

ထိုအေတြးဝင္လာသည္ႏွင့္ သူ႔အား ႏွစ္သန္းေပါင္းမ်ားစြာ ခ်ဳပ္ေႏွာင္ထားေသာ ေလွာင္ခ်ိဳင့္သည္ ေနာက္ဆုံးေတာ့ ပြင့္ဟသြားေလသည္။

ဤကား ျခဴးမုယြင္အတြက္ ပထမဦးဆုံး အျပင္ထြက္ႏိုင္ခဲ့တာျဖစ္ၿပီး သူကိုယ္တိုင္ဖန္တီးခဲ့သည့္ ကမာၻေလာကႀကီး၏ တိုးတက္စည္ကားလာပုံကို မ်က္ျမင္ၾကည့္ရန္ မေစာင့္ႏိုင္ေတာ့ေပ။ သူ လုပ္ရမည့္အရာက ကေလးငယ္ကို ရွာေဖြၿပီး ျပဳစုပ်ိဳးေထာင္ရန္၊ ၿပီးေနာက္ အႏွီ ‘ဘုရား/နတ္ဘုရား’ ဟူေသာေနရာကို လႊဲေပးရန္ ျဖစ္သည္။

ေမာ့က်ိဳးေရွာင္ကို ျပဳစုပ်ိဳးေထာင္ရသည့္ အေတြ႕အႀကဳံက ျခဴးမုယြင္အတြက္ အလြန္ဆန္းသစ္ၿပီး စိတ္ဝင္စားစရာေကာင္းခဲ့ပါ၏။ ကေလးငယ္သည္ ဝိဉာဥ္ငယ္ေလး မဟုတ္ေတာ့၊ ရယ္ေမာတတ္လာသည္။ စကားေျပာတတ္လာသည္။ သူ႔အား ျပန္လည္တုံ႔ျပန္တတ္လာသည္။ ထိုအျပဳအမူေလးမ်ားေၾကာင့္ ျခဴးမုယြင္၏ဘဝတြင္ အထီးက်န္ဆန္ၿပီး လစ္ဟာေနသည့္ ခံစားခ်က္မ်ိဳး ထပ္မရွိေတာ့ေပ။ မိနစ္တိုင္း၊ စကၠန႔္တိုင္းက သက္ဝင္လႈပ္ရွားၿပီး တက္ႂကြခမ္းနားေနေတာ့သည္။

ထိုခံစားခ်က္မ်ားက ေမာ့က်ိဳးေရွာင္ သူ႔ကို စကားတစ္ခြန္း မေျပာခင္အခ်ိန္အထိ။ : ကြၽန္ေတာ္ ခင္ဗ်ားကို ခ်စ္တယ္။ ခင္ဗ်ားကိုပဲ လိုခ်င္တယ္။ ခင္ဗ်ားရွိေနသေ႐ြ႕ တျခားဘယ္ကိစၥမွ အေရးမပါေတာ့ဘူး..!

သူ အမွားလုပ္လိုက္မိမွန္း ျခဴးမုယြင္ သေဘာေပါက္သြားသည္။

ဟင္းလင္းျပင္ထဲသို႔ ျပန္သြားၿပီးေနာက္ ထို ‘အခ်စ္’ ဟူေသာအရာသည္ သူတို႔ႏွစ္ဦးတြင္ မရွိသင့္သည့္အရာမွန္း နားလည္သြားသည္။

သို႔ႏွင့္ ျခဴးမုယြင္က ေမာ့က်ိဳးေရွာင္ကို ကယ္တင္ရန္ ႀကိဳးစားခဲ့သည္။ သို႔ေသာ္ သူ၏နည္းလမ္းက အလြန္ျပင္းထန္လြန္းသျဖင့္ ေမာ့က်ိဳးေရွာင္ကို ေဒါသထြက္ေစခဲ့၏။ ရလဒ္အေနျဖင့္ သူကိုယ္တိုင္ ပ်ိဳးေထာင္ခဲ့ေသာ ကေလးငယ္ေလး၏ ပိတ္ေလွာင္ထားျခင္းကို ခံလိုက္ရသည္။

ျခဴးမုယြင္သည္ ႏွစ္သန္းေပါင္းမ်ားစြာ ‘ေလွာင္ခ်ိဳင့္’လို ေနရာမ်ိဳးတြင္ ေနထိုင္ခဲ့ရသျဖင့္ ‘ပိတ္ေလွာင္ခံရသည့္’ ခံစားခ်က္ကို အင္မတန္ မုန္းတီးသည္။

ထို႔ေၾကာင့္ ေမာ့က်ိဳးေရွာင္၏ မွတ္ဉာဏ္မ်ားကို ပယ္ဖ်က္ကာ ပရမ္းပတာနယ္ေျမ၏ ဝိဉာဥ္ငယ္ေလးအျဖစ္သို႔ ျပန္ေျပာင္းလိုက္သည္။ တူညီသည့္အမွားမ်ိဳး ထပ္မလုပ္မိေလေအာင္ ဝိဉာဥ္ငယ္ေလးကို ေနာက္တစ္ႀကိမ္ ထပ္မံပ်ိဳးေထာင္ခ်င္ခဲ့သည္။

သို႔ေသာ္ လူသားတို႔၏ ႏွလုံးသားဟူသည္ ခန႔္မွန္းရခက္လွေပသည္။

အထီးက်န္စြာ ေနထိုင္ခဲ့ရေသာ ရန္ခ်န္း - အမွားတစ္ခု ထပ္ျဖစ္ခဲ့သည္။

ကိုယ့္ကိုယ္ကို နာက်င္ေအာင္ ျပန္လုပ္တတ္ေသာ ရွန္႐ႊိန္ယန္း - အမွားတစ္ခု ထပ္ျဖစ္ခဲ့သည္။

ေအးတိေအးစက္ စြန႔္ပစ္ခံခဲ့ရေသာ ကြၽင္းေမာ့ - အမွားတစ္ခု ထပ္ျဖစ္ခဲ့သည္။

ထိုအမွားမ်ားက စိတ္ပ်က္အားငယ္စြာျဖင့္ ကိုယ့္ကိုယ္ကို သတ္ေသသြားေသာ ရွဲ႕ခ်င္းလန္ မတိုင္ခင္အထိ။

ေနာက္ဆုံးေတာ့ ျခဴးမုယြင္ နားလည္သြားသည္။

သူ႔အတြက္ အေမြဆက္ခံသူထားရန္ မျဖစ္ႏိုင္ေပ။ ထိုကေလးငယ္ကို ဗလာက်င္းေနသည့္ ဟင္းလင္းျပင္နယ္ေျမထဲ ႏွစ္သန္းေပါင္းမ်ားစြာ တစ္ေယာက္တည္း ေနခြင့္မျပဳႏိုင္ပါေခ်။

သူပင္ အထီးက်န္ဆန္မႈကို သည္းမခံႏိုင္ရာ သူ၏ အဆုံးစြန္ေသာ စိတ္ခံစားခ်က္မ်ားျဖင့္ ထိုဝိဉာဥ္ငယ္ေလးက အဘယ္သို႔ ေတာင့္ခံႏိုင္မည္နည္း။

ထို႔အျပင္ ျခဴးမုယြင္သည္ ထိုဝိဉာဥ္ငယ္ေလးႏွင့္ မခြဲခြာခ်င္ခဲ့ေပ။

ဟင္းလင္းျပင္နယ္ေျမသို႔ ျပန္သြားၿပီး ရွဲ႕ခ်င္းလန္၏ အေလာင္းကို ‘ပရမ္းပတာစြမ္းအင္’ထဲ ျပန္ထားကာ ဝိဉာဥ္ငယ္ေလး ေနာက္တစ္ႀကိမ္ ထပ္မံႀကီးျပင္းလာမည္ကို ေစာင့္ဆိုင္းေနခဲ့သည္။

ျခဴးမုယြင္သည္ ဝိဉာဥ္ငယ္ေလးကို ေန႔ညမပ်က္ ေစာင့္ေရွာက္ေပးခဲ့ၿပီး လင္း႐ႊမ္ ေမြးဖြားလာခ်ိန္တြင္ သူ႔ကိုယ္သူ စိတ္ျပင္ဆင္လိုက္သည္။ ဤတစ္ႀကိမ္ေတာ့ ကေလးငယ္ကို စိတ္မပ်က္ေစလိုေတာ့ေပ။ သူ႔အေပၚ ေကာင္းေကာင္း ဆက္ဆံေပးရမည္။ ဘာကိစၥရွိရွိ ကေလးငယ္ကို လုံးဝ အထိခိုက္မခံႏိုင္ေတာ့ေပ။

လင္း႐ႊမ္အား ေမာ့က်ိဳးေရွာင္ထက္ အလိုလိုက္ခဲ့သည္မွာ သံသယဝင္ဖြယ္မရွိ။ ေမာ့က်ိဳးေရွာင္ကို ပ်ိဳးေထာင္ေပးခဲ့စဥ္က သူ၏ စိတ္ထဲတြင္ သူ႔ကိုယ္သူ ကယ္တင္ရန္၊ ကေလးငယ္ကို အေမြဆက္ခံခိုင္းရန္သာ ဆႏၵရွိခဲ့သည္။

သို႔ေသာ္ လင္း႐ႊမ္ကိုေတာ့ ငါးႀကိမ္မကေသာ ကိုယ့္ကိုယ္ကို အျပစ္တင္စိတ္မ်ားျဖင့္ ခံစားခ်က္ ျပင္းထန္ေနရကား အဆုံးမဲ့ ျပန္လည္ေပးဆပ္လိုခဲ့သည္။

တကယ့္ကို ခ်ိဳၿမိန္ေသာ အခ်ိန္ကာလေလးတစ္ခု ျဖစ္ခဲ့ေပသည္။

တစ္ခါေသၿပီးသြားေသာေၾကာင့္ ထင္၏။ လင္း႐ႊမ္သည္ ယခင္ထက္ သံသယလြန္ကဲစိတ္၊ သိမ္းပိုက္စိုးမိုးလိုစိတ္မ်ား ေလ်ာ့နည္းလာၿပီး လြတ္လပ္ေပါ့ပါးကာ ပြင့္လင္းလာသည္။ သို႔တည္းမဟုတ္ ဤတစ္ေခါက္ေတာ့ ျခဴးမုယြင္၏ အခ်စ္ကို ခံစားမိေသာေၾကာင့္ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ အခ်စ္စစ္ျဖင့္ ျပဳစုပ်ိဳးေထာင္ခံခဲ့ရတာေၾကာင့္ စဥ္းစားခ်င့္ခ်ိန္တတ္ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္အျပည့္ျဖင့္ ႀကီးျပင္းလာခဲ့ေလသည္။

(TN : ေမာ့က်ိဳးေရွာင္၊ ရန္ခ်န္း၊ ရွန္႐ႊိန္ယန္းနဲ႔ ကြၽင္းေမာ့တုန္းက မေသခဲ့ပါဘူး။ ျခဴးမုယြင္က မွတ္ဉာဏ္ဖ်က္ၿပီး ဝိဉာဥ္ငယ္ဘဝကို ျပန္ေရာက္ေစခဲ့တာပါ။ ရွဲ႕ခ်င္းလန္က သတ္ေသသြားတာေၾကာင့္ လင္း႐ႊမ္ ေမြးလာတဲ့အခ်ိန္ ‘တစ္ခါေသခဲ့ၿပီး’လို႔ သုံးထားတာပါ။)

ျခဴးမုယြင္သည္ ဘဝက အၿမဲတမ္း သာယာေအးခ်မ္းေနမွာမဟုတ္ဘဲ ဆင္းရဲဒုကၡမ်ားလည္း ရွိလာႏိုင္ေၾကာင္း သိထားၿပီးသားပင္။ သို႔ေသာ္ ယခုလိုျဖစ္လာလိမ့္မည္ဟု မထင္ထားခဲ့ေပ။

သူႏွင့္လင္း႐ႊမ္က သုခဘုံတြင္ ေပ်ာ္႐ႊင္ေအးခ်မ္းေနခ်ိန္ အျပင္ဘက္ ကမာၻေလာကႀကီးတစ္ခုလုံး ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္ေနခဲ့သည္။

သဘာဝေဘးကပ္ဆိုးမ်ား တစ္ခုၿပီးတစ္ခု ဝင္ေရာက္ေနခဲ့သည္။

ျခဴးမုယြင္ အျပင္ထြက္လာခ်ိန္ ကမာၻႀကီး၏ အဆုံးသတ္ကို ျမင္လိုက္ရေလသည္။

ေျမၿပိဳမႈမ်ား၊ ဆူနာမီေရလႈိင္းမ်ား၊ ေျမငလ်င္ႏွင့္ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ သူတည္ေဆာက္ခဲ့သမွ် အရာအားလုံး ၿပိဳလဲပ်က္စီးကုန္သည္။ သူဖန္တီးခဲ့သည့္ အသက္ဝိဉာဥ္မ်ားလည္း ပူေဆြးေသာကမ်ား၊ ဝမ္းနည္းအားငယ္မႈမ်ားျဖင့္ ေသဆုံးကုန္သည္။ အႏွီအားနည္းေသာ သတၱဝါမ်ားသည္ ေအာ္ဟစ္ငိုေႂကြးရန္ပင္ အခ်ိန္မရလိုက္၊ ျပာပုံအတိ ေျပာင္းသြားရသည္။

အဘယ္ေၾကာင့္ ထိုသို႔ျဖစ္ကုန္သနည္း။

သူတြင္ ‘ဖန္ဆင္းရွင္’တစ္ဦး၏ အရည္အခ်င္းမ်ား မရွိေတာ့သျဖင့္ သူဖန္တီးခဲ့သည့္အရာမ်ားတြင္ ဆက္လက္ျဖစ္တည္ရန္ အေၾကာင္းျပခ်က္ မရွိေတာ့ျခင္းပင္။

လင္း႐ႊမ္က သူ႔အနား ေရာက္လာၿပီး သတိလက္လြတ္ျဖစ္ေနသည့္ သူ၏ မ်က္ဝန္းမ်ားကို ေငးၾကည့္ကာ အသာအယာ ေျပာလာသည္။ : “ကြၽန္ေတာ့္ေၾကာင့္လား..?”

ျခဴးမုယြင္က သူ႔ကို လွည့္ၾကည့္လိုက္သည္။

လင္း႐ႊမ္က သူ႔အား ၿပဳံးျပကာ.. : “ဘာမွမေတြးနဲ႔.. လုပ္စရာရွိတာ လုပ္ပါ..”

…………………………..

TN : အားလုံး နားလည္သြားၾကၿပီဟုတ္။ ဘာသာ​ျပန္သူေလး အားတက္​ေအာင္ star ေလးေတြ မ်ားမ်ားေပးေနာ္။ အားျပည့္သြားရင္ နက္ျဖန္ ေနာက္တစ္ပိုင္းလာမယ္ ဟဲဟဲ

Click ၾကပါေနာ္။

…………………………..

Continue Reading

You'll Also Like

20.5K 2.3K 12
Title : I hate protagonists [ငါဇာတ်လိုက်တွေကိုမုန်းတယ်] **************** လင်းဇီယွမ် ဟာ ဒရမ်မာအမျိုးမျိုးချိုးလျက် အမျိုးသားဇာတ်လိုက်တွေ၏ အသုံးတော်ခံ...
687K 97.5K 119
《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှော...
239K 36K 56
mm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translato...
386K 27.2K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.