နောက်တစ်နေ့မနက်ခင်းတွင် ချန််လုကျိုးသည် ချန်ရှင်းချီအား အတင်းအကြပ်ခေါ်၍ မနက်စာစားရန် အောက်ထပ််သို့ဆင်းလာခဲ့သည်။ မနက်စောစောအိပ်ရာထရခြင်းကြောင့် ဒေါသထွက်ချင်သည့်ချန်ရှင်းချီမှာ အခန်းတံခါးဝတွင်ရပ်နေသော ချန်လုကျိုး၏အေးတိအေးစက်မျက်နှာ၊အချိန်မရွေးခုတ်ဖြတ်သတ်တော့မည့်အမူအရာကို မြင်လိုက်သည့်တစ်ခဏတွင်တော့ အိပ်ရာပေါ်မှ လျှောခနဲဆင်းချလာတော့သည်။
စားသောက်ဆောင်ထဲတွင် မနက်စာစားနေကြသည့်သူမှာ အနည်းငယ်မျှသာရှိပြီး ဝေ့ဝဲကြည့်လိုက်လျှင် အခန်းတစ်ခုလုံး ပန်းကန်ခွက်ယောက်အသံများသာရှိနေ၏။ 'ဖုယွိ'စံအိမ်၏မြေနေရာမှာ အနည်းငယ်တမူထူးခြားသည့်နေရာမျိုးရှိပြီး နွေရာသီပိတ်ရက်တွင် အနားယူတတ်ကြသည့်ဧည့်သည်များအပြင် များသောအားဖြင့်လည်း ကျူးယန်ချီနှင့်ချန်ရှင်းချီကဲ့သို့အနုပညာကျောင်းသားများက အနားယူရင်းတစ်လှည့် အနုပညာစိတ်တို့လာရောက်ရှာဖွေဖန်တီးတတ်ကြသည်။
ကျူးယန်ချီမှာ ငယ်စဥ်ကတည်းက အနုပညာအသေးစိတ်လေးများကို စိတ်ဝင်စားခဲ့သူဖြစ်သော်ငြား ချန်ရှင်းချီသည်တော့မဟုတ်။ ချန်ရှင်းချီမှာ အနုပညာဘာသာရပ်ကိုမှီတွယ်ရင်း တက္ကသိုလ်ကောင်းကောင်းတစ်ခုရောက်ရန် ကြိုးစားနေခြင်းသာဖြစ်၏။ အခြေအနေဆိုးရွားသည့်စာမေးပွဲရလဒ်တို့ကြောင့် ဘာသာရပ်ရှစ်ခုပေါ်မူတည်၍သာဆက်သွားနေလျှင် တက္ကသိုလ်ကောင်းမရနိုင် ၊ ချန်ရှင်းချီမှာ အစ်ကိုဖြစ်သူနှင့် လုံးလုံးမတူချေ။ မည်သို့ပင်ဆိုစေ ဤမျှကံကောင်းထူးချွန်နေသည့်အစ်ကိုတစ်ယောက်ရှိထားသည့် 'အငယ်'နေရာသို့လူစားထိုးရောက်လာပါကလည်း မည်သူမဆို ဖိအားတစ်မျိုးမျိုးခံစားရမည်ပေ။
မနေ့က ကျူးယန်ချီထံမှကြားထားသည်မှာလည်း အနှီဆရာသမားက ဒေါသထွက်၍ပန်းချီဆက်မဆွဲတော့သည့်အပြင် ပန်းချီပစ္စည်းများကိုပါ တောင်တန်းများရှိသည့်ဘက် ပစ်ထုတ်ခဲ့သေးသည်ဟူ၍ပင်။
"ငါ သူ့ကို တစ်ခွန်းနှစ်ခွန်းပြောပါသေးတယ် ၊ သူ ပန်းချီဆွဲတယ်ဆိုတာက ပေါ့ပျက်ပျက်နဲ့ကွာ ၊ ခဏလေးနေကျ ပန်းချီဆွဲတယ်ထား ခဏနေကျတော့ ဖုန်းဆော့နေပြန်ရော"
ကျူးယန်ချီက ချန်ရှင်းချီ ဘူဖေးမနက်စာသွားယူနေသည့်အချိန်လေးတွင်း ချန်လုကျိုးအား အကြောင်းစုံပြန်တိုင်ပြောတော့၏။
"သူ့ဟာက သုံးရက်လောက်ငါးမျှားထွက်ပြီး နှစ်ရက်ကနှပ်နေတဲ့လူမျိုးဖြစ်နေပြီ ၊ ဒီပုံစံအတိုင်းသာဆိုရင် အထက်တန်းတတိယနှစ်မှာ ပြည်နယ်အဆင့်မေးခွန်းတွေတောင် အောင်ဖို့မသေချာဘူး ၊ ပြည်နယ်အဆင့်မှမအောင်ရင်တော့ အားလုံးပြီးပြီ ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသွားဖြေဖို့တောင် စဥ်းစားမရတော့ဘဲ တန်းပြီးတစ်နှစ်ကျခံလိုက်ရတော့မှာ"
ချန်လုကျိုးမှာလျှာထိုးဦးထုပ် ၊ ခပ်ပွပွတီရှပ်တစ်ထည်နှင့်ဘောင်းဘီရှည်တို့အား မနေ့ကအတိုင်းဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးခြုံငုံ၍ကြည့်လိုက်လျှင် သေချာပြင်ဆင်ထားခြင်းမရှိဘဲ ပျင်းတိပျင်းရွဲဟန်မျိုးသာရှိသည်။ 'လျန်ဟွေ့'အမျိုးသမီး အတန်တန်မှာလိုက်သည့်အတိုင်း ချန်ရှင်းချီက အစာအိမ်နာသည့်ဝေဒနာရှိသည့်အပြင် မနက်စာပါအလွတ်ခံတတ်ခြင်းကြောင့် သေချာပေါက် မနက်စာအတူစားရန်ခေါ်လာခြင်းပင်ဖြစ်၏။
ပြောသားပဲ ၊ သူဆိုတာက ဘက်စုံသုံးလို့ရတဲ့ 'အပါးတော်မြဲ' ပါလို့....
ပေါင်မုန့်တစ်ခြမ်း ၊ ကြက်သားချောင်း ၊ ဆလပ်ရွက်တချို့အား ပန်းကန်ပြားပေါ်တင်၍ ဆန်းဒဝှစ်ချ်ပြုလုပ်နေရင်း ကြားလိုက်ရသည့် ကျူးယန်ချီ၏စကားကြောင့် ချန်လုကျိုးက မျက်မှောင်ကျုံ့၍လှမ်းကြည့်လိုက်သည်။
"ပန်းချီဆုတ်တံနဲ့ဘုတ်ပြားတွေကိုပါ လွှင့်ပစ်လိုက်တယ်ဟုတ်လား ၊ ဒါဆို နောက်ရက်တွေကျရင် သူ ဘာနဲ့ပန်းချီဆွဲမှာလဲ"
"ဘယ်သိမှာလဲ ၊ ငါတော့ မဆုံးမပေးတတ်တော့ဘူး"
ကျူးယန်ချီက ချန်လုကျိုး လက်ထဲမှ ဆန်းဒဝှစ်ချ်အား လက်ညှိုးလိုက်၍ ;
"ငါ့အတွက်ရော တစ်ခုလုပ်ပေး"
ချန်လုကျိုးက တစ်ဖက်လူအားလျစ်လျူရှုပစ်ထားလိုက်၏။ ပန်းကန်ပြားကိုချ၍ ချန်ရှင်းချီအား သင်ခန်းစာကောင်းကောင်းပေးရန် မတ်တပ်ထရပ်တော့မည်အပြုတွင်တော့ ကျူးယန်ချီက ပြန်ဆွဲခေါ်ရင်း ;
"အေ့ အေ့ အေ့ ၊ မနက်စောစောစီးစီး ကလေးကိုဆုံးမနေတာ မကောင်းဘူး ၊ သူဌေးပေါက်စလေး မနက်စာ အရင်စားပါစေဦး ၊ ဘာလို့ သူ့ရှေ့ထိသွားပြီးတော့ဆူပူနေမှာတုန်း ၊ ဆူစရာရှိတာကို သူ ဒီနားရောက်မှ အသေအကြေဆူလည်းရတယ်"
"အဲ့ဒီပန်းချီတွေကို ငါ စပိန်ကနေ လှမ်းမှာထားရတာ ၊ ဘယ်လောက်တောင်ပေးလိုက်ရမှန်း မင်း သိလား ၊ ငါ့မှာ ချွေတာရလွန်းလို့ ငါ ဝယ်ချင်တဲ့အသံသွင်းပစ္စည်းတောင် မဝယ်ရက်ဘဲနဲ့ သူ့အတွက် ပန်းချီပစ္စည်းတွေဝယ်ပေးထားတာ ၊ လွှင့်ပစ်ချင်တိုင်းလွှင့်ပစ်စရာလား"
ချန်လုကျိုးမှာ ဒေါသထွက်လွန်း၍ သွေးအန်လုမတတ်ပင် ခံစားလိုက်ရသည်။
ကျူးယန်ချီသည်လည်း ထိုအခါတွင်မှ တုံ့ပြန်လာနိုင်၏။
"ငါလူး အဲ့ဒီပစ္စည်းတွေက တကယ်ကြီး Faber-Castell အစစ်တွေလား"
"မဟုတ်တော့ မင်းက ဘယ်လိုထင်လို့တုန်း"
"ငါက မင်း 'ထောင်ပေါင်'ကနေ တွေ့ကရာလှမ်းဝယ်ပေးထားတယ် ထင်နေတာ ၊ Limited Edition Set ထုတ်တဲ့အကြောင်းမေးတုန်းကလည်း ငါ သာမန်ကာလျှံကာပဲပြောလိုက်တာမလို့ မင်း တကယ်ဝယ်လိမ့်မယ်လို့မထင်ခဲ့ဘူးလေ"
ကျူးယန်ချီကိုယ်တိုင်ပင် မဝယ်ရက်ခဲ့သည့် Faber-Castell limited edition set ၊ စျေးကြီးသည်က အကြောင်းမဟုတ် ၊ ဤသည်မှာ ပန်းချီဆရာကြီးများကိုင်သည့်ပစ္စည်းများ။ သူကိုယ်တိုင်ပင်လျှင် အနေအထားတစ်ခုမရောက်သေးသည့်အတွက် အသုံးပြုရန်မထိုက်တန်သေးသည်ဟု ယူဆထားသောပစ္စည်းများပေ။ ချန်ရှင်းချီတစ်ယောက်က တကယ်ကို အဆိုးအပေကောင်ပေါက်စဟုပင် သတ်မှတ်မိလိုက်တော့၏။ ထိုအခါ ကျူးယန်ချီသည် စကားတစ်ခွန်းထပ်မဆိုတော့ဘဲ အနောက်တိုင်းစတိုင်လ် စားပွဲသုံးဓါးအား လှမ်းယူ၍ ချန်လုကျိုးထံသို့ ကမ်းပေးလိုက်သည်။
"ရော့ ၊ တစ်ခါတည်း ထိုးသတ်ပစ်လိုက်"
ချန်ရှင်းချီ နေရာ၌ဝင်ထိုင်လိုက်သည့်အခါ ချန်လုကျိုးရှေ့မှ ပန်းကန်ပြားထဲ၌ ဘာမှမရှိတော့သည်ကိုကြည့်ရင်း စူးစူးစမ်းစမ်းနှင့်မေးလိုက်သည်။
"အစ်ကို....ဘာမှမစားဘူးလား"
ချန်လုကျိုးမှာ လျှာထိုးဦးထုပ်ဆောင်းထားသည့်အပြင် မေးတစ်လျှောက်က ချောမွေ့သေသပ်သော်ငြား မုတ်ဆိတ်မွေးအတိုအစလေးများက ဟိုဟိုဒီဒီထွက်နေသေး၏။ ထိုင်ခုံနောက်သို့မှီထိုင်လိုက်ရင်း လက်နှစ်ဖက်ပိုက်လျက်ဖြင့် အဓိပ္ပါယ်ပါပါလှမ်းကြည့်လိုက်သည်။
"ကျွန်တော်မျိုး မစားရဲပါဘူး ၊ မင်းသာ များများစား"
ဤစကားတစ်ခွန်းမှာ မည်သို့ပင်နားထောင်ပါစေ စကားကောင်းတစ်ခွန်းနှင့်မတူချေ။ အစ်ကိုဖြစ်သူနှင့် နှစ်ပေါင်းများစွာအတူနေလာကြသည်မှာလည်း အလဟဿမဟုတ်။ တစ်ဖက်မှ ကျူးယန်ချီထံသို့ လှမ်းကြည့်လိုက်လျှင်တော့ မှုန်ဝေဝေမျက်နှာပေးဖြင့် မနက်စာစားနေသည့်လူကြာင့် ချန်ရှင်းချီမှာ အခြေအနေအား ချက်ချင်း သဘောပေါက်သွားခဲ့သည်။
"အဲ့ဒါက ကျွန်တော့်ကို သူ အရင်လာပြီးအပြစ်တင်လို့ဖြစ်တာ ၊ ဟိုပန်းချီဆွဲနေတဲ့တစ်ယောက်ကဖြင့် ကျွန်တော်နဲ့ သူမသာကိုယ်မသာ မတိမ်းမယိမ်းပဲဟာကို ကျွန်တော့်ထက် ပိုကောင်းတယ်ဆိုပြီးဇွတ်ပြောနေလို့"
ချန်လုကျိုးမှာ အေးစက်စက်နှင့်ပင် စိုက်ကြည့်နေလိုက်၏။
"အဲ့ဒါနဲ့ပဲ ငါ မင်းကိုပေးထားတဲ့ပန်းချီပစ္စည်းတွေကို လွှင့်ပစ်လိုက်တယ်ပေါ့ ၊ ကိုယ့်ဘာသာကိုယ်ညံ့နေတဲ့ကိစ္စမှာ ဘာလို့ အနိုင်အရှုံးက ငြင်းချင်နေသေးတာလဲ"
ဖန်နှလုံးသားပိုင်ရှင်လေး ချန်ရှင်းချီအတွက် ဤစကားလုံးများက အမှန်ကိုပြင်းထန်လှသည်ပင်။ နားထောင်လိုက်ရသည့်ကျူးယန်ချီပင်လျှင် မနေနိုင်အောင် တိတ်တိတ်လေးလှမ်းကြည့်လာမိ၏။ ချန်လုကျိုးမှာ ပုံမှန်ဆိုလျှင်လည်း ညီလေးဖြစ်သူအပေါ် တမျိုးမဟုတ်တမျိုး အပြစ်တင်တတ်ပါသော်ငြား ယခုလောက်ထိ ပြင်းပြင်းထန်ထန်ပြောဆိုပစ်သည်မျိုးမှာ ရှားပါးလွန်းသည်ပေ။ ချန်လုကျိုးအနေဖြင့် 'ညံ့သည်'ဆိုသောစကားလုံးအား လူတိုင်းအပေါ် ပြောကောင်းပြောနိုင်ပါသည့်တိုင် ချန်ရှင်းချီအပေါ်တွင် ပြောပစ်မည့်လူစားမျိုးမဟုတ်။ အဘယ်ကြောင့်ဆိုသော် ချန်ရှင်းချီဟာ ဥာဏ်မကောင်းသည့်သူ ၊ ပညာရေးသင်ယူရာ၌လည်း နှေးကွေးသည့်သူ ၊ အဘက်ဘက်မှ လိုအပ်နေသည့်သူမှန်း သူတို့အားလုံး တပ်အပ်သိနေကြခြင်းကြောင့် ဤစကားမျိုးဆိုကြလိမ့်မည်မဟုတ်ပေ။ သို့မှမဟုတ်လျှင် ချန်ရှင်းချီတစ်ယောက်က အစ်ကိုဖြစ်သူ၏အရည်အချင်းနှင့် အကွာကြီးကွာမည့် အနုပညာကျောင်းဘက်သို့ အဘယ်မှာပြောင်းပါလိမ့်မည်နည်း။
ချန်ရှင်းချီမှာ အပြောခံလိုက်ရသည့်စကားလုံးတို့ကြောင့် ကြောင်အမ်းသွားရတော့၏။ အစ်ကိုဖြစ်သူမှ ယခုလိုပြောလာလိမ့်မည်ဟု မထင်မှတ်ထားခြင်းကြောင့်လည်း ရုတ်ချည်းမတုံ့ပြန်နိုင် ဖြစ်သွားခဲ့သည်။
ထိုအခါ ကျူးယန်ချီက ဖြန်ဖြေပေးဖို့ရာအတွက် စကားဆိုလာခဲ့သည်။
"သူ့ဆေးအရောင်တွေလည်း အဆင်ပြေတဲ့ထဲတော့ပါ,ပါသေးတယ်"
"ဟုတ်တယ် ၊ ဒီနေရာမှာ အစ်ကိုကပဲ တော်နေတဲ့လူ"
ချန်ရှင်းချီမှာ လက်မခံနိုင်သည့်အပြင် ချန်လုကျိုးကိုပါ ခွန်းတုံ့ပြန်လိုက်သည်။
"ဟုတ်တယ် ၊ ကျွန်တော်က ညံ့တယ် ၊ အစ်ကိုကသာ အတော်ဆုံး ၊ အစ်ကို အရမ်းတော်လွန်းလို့ အဲ့ဒီမမ,ကတောင် အစ်ကို့ကိုမကြိုက်ဘူး"
ချန်လုကျိုးသည် မျက်နှာသေဖြင့် ကျူးယန်ချီဘက်သို့လှည့်ကြည့်လိုက်ပြီး ခနဲ့သလိုရယ်လိုက်၍ ;
"မင်းပါးစပ်မှာ စည်းမရှိဘူးလား ၊ မရှိရင်ပြော....ငါ တံခါးတစ်ပေါက်တပ်ပေးမယ်"
ကျူးယန်ချီ အပြစ်မကင်းသလိုခံစားမိလိုက်ရရင်း ;
"ငိုး ဒါကတော့ မင်း ငါ့ကို ပါးစပ်ဖွာတယ်ဆိုပြီး အပြစ်တင်လို့မရဘူးနော် ၊ မနေ့ညတုန်းက သူ ငါ့ကို Wechat ကနေမေးလာတာ ၊ ဘာတဲ့....သူ ငါးမျှားကန်ထဲမှာ ငါးသွားမျှားနေတုန်း လူတစ်ယောက်က မင်းနာမည်အော်ခေါ်နေတာကို အကျယ်ကြီးကြားလိုက်ရတယ်ဆိုလို့ ငါ ပြောပြလိုက်ရတာ ၊ ငါ မင်းကိုပြောရဦးမယ်....အဲ့ဒီအရက်ဘားကလေ တကယ်ကိုထပ်မသွားသင့်တော့ဘူး ၊ မိုက်ကရိုဖုန်းတစ်ချက်ဖွင့်ရုံနဲ့တင် စံအိမ်တစ်ခုလုံး ကြားနေရတာကွာ ၊ တော်သေးတာပေါ့....ဒီနေရာမှာ မင်းကိုဘယ်သူကမှ မသိကြလို့ ၊ မဟုတ်လို့ကတော့ ရှက်စရာကြီး"
ချန်လုကျိုး ; "....."
သည်တစ်ကြိမ်တွင်တော့ ချန်ရှင်းချီက ယဥ်ယဥ်ကျေးကျေး အမေးရှိလာ၏။
"အစ်ကို အဲ့ဒီမမကို သဘောကျနေတာလား"
"မင်းသောက်ကြောင်းပါလား"
ဤစကားကြားလိုက်သည်နှင့် ချန်လုကျိုးက ဆတ်ခနဲပြန်လှည့်ကြည့်လာပြီး ;
"အခုလောလောဆယ် ငါတို့ မင်းကိစ္စကို ပြောနေတာ ၊ မင်း မလေ့လာမသင်ယူချင်တော့ဘူးဆိုလည်း စောစောပြော ၊ စောစောတောင်အောက်ဆင်းပြီး အိမ်ပြန်လို့ရတယ် ၊ ဒီနေရာမှာ မင်းနဲ့အချိန်ဖြုန်းပေးနေရလောက်တဲ့အထိ ငါ မအားဘူး"
"ဒီနေရာမှာဆက်နေ,နေရင် ဟိုမမနဲ့တွေ့တိုင်း အစ်ကို ကသိကအောက်နိုင်နေရမှာကို ကြောက်လို့မလား ၊ ကျွန်တော်ကတော့ မပြန်ဘူး ၊ ဘယ်လိုပဲနေနေ ပန်းချီပစ္စည်းတွေလည်း လွှင့်ပစ်ပြီးသားဖြစ်နေပြီ ၊ ပန်းချီလည်းဆက်မဆွဲဘူး ၊ အစ်ကို့ကို ဒေါသထွက်အောင်လုပ်ထားမှာ"
ချန်ရှင်းချီက ပြောရင်းပင် ဒေါသထွက်လာရင်း ဆက်၍လည်း ;
"ပြန်ရောက်လို့ ပန်းချီကားမပြနိုင်ရင်လည်း ကျွန်တော်က အမေ့ကိုတိုင်မှာ ၊ အစ်ကိုက ကျွန်တော့်ကိုဆဲလည်းဆဲတယ်....ညံ့တယ်လို့လည်းပြောတာကြောင့် ဆက်မဆွဲတာလို့ ၊ တက္ကသိုလ်ရောက်အောင်လည်း ဖြေနိုင်မှာမှမဟုတ်တာတဲ့ ၊ လေ့လာနေရင်လည်းအပိုပဲမလို့ ကျွန်တော့်ကို ဘာလို့အချိန်ဖြုန်းနေမှာလဲလို့လည်းပြောတယ်လို့"
ဆက်နားမထောင်နိုင်တော့သည့်ကျူးယန်ချီက စကားဝင်ပြောလာခဲ့သည်။
"ဒါကတော့ မင်း အရမ်းလွန်သွားပြီနော် ၊ အနောက်ကစကားတွေကို မင်းအစ်ကို လုံးဝမပြောခဲ့ပါဘူး"
"ကောင်းပြီလေ ၊ မင်း သဘောပဲ"
ချန်လုကျိုးမှာ အမှန်တကယ်ဒေါသထွက်လာခြင်းကြောင့် စကားဆက်ပြောလိုစိတ်လည်းမရှိတော့ချေ။
စကားဆိုပြီးလိုက်သည်နှင့် စားသောက်ဆောင်၏တံခါးဝဆီမှ ခေါင်းလောင်းမြည်သံဖွဖွလေး ထွက်ပေါ်လာခဲ့ကာ ရင်းနှီးနေသည့်ပုံရိပ်နှစ်ခုက တံခါးတွန်းဖွင့်၍ အထဲဝင်လာကြောင်းတွေ့လိုက်ရသည်။ ကျူးယန်ချီသည်လည်း သတိထားမိလိုက်သည်ဖြစ်ရာ ချန်လုကျိုးနားသို့ကပ်၍ တတွတ်တွတ်ဆိုလိုက်၏။
"ရေစက်က ပေါ့သေးသေးတော့မဟုတ်ဘူးနော် ၊ သခင်လေးချန် မင်းတို့နှစ်ယောက်ကတော့ကွာ....ငါ ဘယ်လိုပဲကြည့်ကြည့် လိုက်ကိုလိုက်ဖက်တယ်"
"သွားစမ်းပါ"
ချန်လုကျိုးမှာ မျက်ဝန်းအကြည့်များအား ပြတင်းပေါက်အပြင်ဘက်ဆီသို့ စိတ်ရှုပ်သည့်ဟန်ဖြင့်လွှဲပစ်လိုက်တော့သည်။
ဘာကြည့်နေစရာအကြောင်းရှိလို့လဲ ၊ 'ဖုယွိ'စံအိမ်ရဲ့ရှုခင်းတွေအားလုံးက လက်ဖက်တောင်တန်းတွေဘက်မှာ ၊ ဒီဘက်မှာဆိုရင် ရေဆိုးရေညစ်တွေ ၊ ပေါင်းပင်ထူထူတွေ ၊ စုတ်ပြတ်နေတဲ့အများသုံးအိမ်သာတွေပဲရှိတယ် ၊ လောကသဘာဝကြီးရဲ့အလှပရှုခင်းတွေကို အသိမှတ်ပြုတင်စားချင်ယောက်ဆောင်နေတယ်ဆိုတာက သူ လှမ်းမနှုတ်ဆက်ချင်လို့ ၊ သူ့ဘက်ကနေစပြီး စကားမပြောချင်လို့....
ကျူးယန်ချီ ;
"ကြည့်ရတာ ငါတို့ဆီလာနေသလိုပဲ"
ငါ့အပေါ်မှာ ဘာခံစားချက်မှမရှိမှတော့ လမ်းတွေ့တိုင်း မဖြစ်မနေနှုတ်ဆက်နေစရာမလိုပါဘူး။ ငါတို့နှစ်ယောက်က အဲ့လောက်ထိလည်းမရင်းနှီးဘူးလေ ၊ ဟုတ်တယ်မလား။
ကျူးယန်ချီမှာကား ချန်လုကျိုးကို အစအနောက်မပြတ် ;
"သူ့လက်ထဲမှာ ဘာကိုင်ထားတာလဲမသိဘူး ၊ မင်းကို လက်ဆောင်ပေးဖို့လားမသိဘူးနော်"
"မင်း စိတ်ရှုပ်စရာကောင်းလိုက်တာ"
ချန်လုကျိုးမှာ သည်းမခံနိုင်သည့်အဆုံး စိတ်မရှည်သည့်ဟန်ဖြင့် ဆတ်ခနဲလှည့်ကြည့်ပေးလိုက်သည်။
နောက်တစ်စက္ကန့်တွင် ရွှီကျစ်က ချန်လုကျိုး၏အရှေ့သို့ ပစ္စည်းတစ်ခုချပေးလာခဲ့သည်။
"နင့်ပစ္စည်းဟုတ်တယ်မလား"
ချန်ရှင်းချီလွှင့်ပစ်ခဲ့သည့် ပန်းချီဘုတ်ပြားနှင့်ဆေးစုတ်တံများဖြစ်နေရာ ကျူးယန်ချီမှာ ချန်ရှင်းချီအား အလိုလိုနေရင်းပင် လှမ်းကြည့်မိလိုက်တော့၏။ အနှီပေါက်စလေး၏မျက်နှာမှာ လွှင့်ပစ်ထားသည့်ပစ္စည်းများ ပြန်ကောက်ယူလာပေးသည့်သူရှိလာသောကြောင့် စိတ်မကြည်ဘဲသုန်မှုန်နေသည့်ဟန်။ ကောင်းတယ်....မင်းအစ်ကိုကိုပဲ မင်း အနိုင်ကျင့်လို့ရမယ် ၊ ငါတို့'အစ်မရွှီ'ကမှ တကယ့်ဆရာမကြီး!!
"ဘယ်လိုဖြစ်ပြီး မင်းဆီရောက်နေတာလဲ"
ချန်လုကျိုးက ထိုအခါတွင်မှ မျက်လုံးပင့်ကြည့်လာ၏။
"ယင်းယင်း နင်ပြောပြလိုက် ၊ ငါ ရေဆာလို့သေတော့မယ်"
ရွှီကျစ်မှာ ယခုလေးတင်မှ လက်ဖက်တောင်ပေါ်မှဆင်းလာသည်ဖြစ်၍လည်း လည်ချောင်းတစ်လျှောက်လုံး ခြောက်သွေ့နေ၏။ ထို့ကြောင့် ချန်လုကျိုးကို ရှင်းပြပေးနေဖို့ရာ ဂရုမစိုက်နိုင်တော့ဘဲ ဘူဖေးအစားအသောက်များခင်းကျင်းထားသည့်ဘက်သို့ တည့်တည့်မတ်မတ်ထွက်လာလိုက်ရင်း ;
"နင်ရော ဘာသောက်ဦးမလဲ ၊ ငါ ယူခဲ့ပေးမယ်"
ချိုက်ယင်းယင်း ;
"ဖရဲသီးဖျော်ရည်"
ချွေးတလုံးလုံးဖြစ်နေသည့် မိန်းကလေးနှစ်ယောက်၏မျက်နှာကိုကြည့်ရင်း ကျူးယန်ချီ စကားဆိုလာခဲ့သည်။
"မင်းတို့နှစ်ယောက်က လယ်ထဲဆင်းပြီးအလုပ်လုပ်လာကြတာလား"
"ဦးလေးဖုက မနက်စောစောစီးစီး ငါတို့ကို လက်ဖက်ခူးဖို့ လက်ဖက်ခင်းထဲခေါ်သွားတာလေ"
ချိုက်ယင်းယင်းက စကားဆိုရင်း လက်နှစ်ဖက်ဖြင့်လည်း လေအေးအေးရအောင် ယက်ခတ်လိုက်သည်။
"ဒါနဲ့လေ ချန်လုကျိုး ၊ နင် ဒီနေ့ ဓါတ်ပုံသွားရိုက်မှာလား"
ချန်လုကျိုးက 'အင်း'ဟု အသံတစ်ချက်ပြုလိုက်၏။ နောက်တွင် ပန်းချီပစ္စည်းများထံသို့ မေးဆတ်ပြ၍
"လက်ဖက်တောင်တန်းတွေဘက်ကနေ ကောက်ရလာတာလား"
"အင်းလေ ၊ အရင်တုန်းကလည်း တောင်ပေါ်တက်ပြီး ပန်းချီဆွဲကြတဲ့သူတွေများတယ်မလား ၊ ကြည့်ရတာ နင်တို့ပစ္စည်းဖြစ်မယ်ထင်တာရယ်....ပစ္စည်းတွေကလည်း အသစ်တွေချည်းပဲမလို့ ငါတို့ ယူလာပေးလိုက်တာ ၊ နင်တို့ ယူဦးမှာလားလို့လည်း မေးမလို့ ၊ မယူတော့ဘူးဆိုရင်လည်း လွှင့်မပစ်ထားနဲ့လို့ ပြောမလို့ပါ ၊ ဘာလို့ဆို တောင်အောက်ခြေဘက်မှာ လက်ဖက်ခူးနေကြတဲ့လူတွေ အများကြီးရှိနေလို့လေ ၊ ငါတို့လည်း တကူးတကလာပေးဖို့ အချိန်မမီတာရယ်....နင်တို့ ဒီမှာထမင်းစားနေကြတာကိုတွေ့တာနဲ့ပဲ ပစ္စည်းယူလာပေးလိုက်တော့တာ"
ချန်လုကျိးက ချန်ရှင်းချီထံသို့ လှမ်းကြည့်လိုက်၏။ အနှီကောင်လေးမှာ ဤအခိုက်အတန့်၌ စကားတစ်ခွန်းမှမဆိုတော့ဘဲ ခေါင်းကိုသာငုံ့ထားတော့သည်။
"ငါ ခဏနေကျမှပဲ သူဌေးဖုဆီ တောင်းပန်စကားသွားဆိုလိုက်မယ်"
ရွှီကျစ်က ဖရဲသီးဖျော်ရည်ခွက်ဖြင့် ပြန်ရောက်လာပြီး ချန်လုကျိုး ပြောသွားသည့်စကားလုံးတို့အား ကြားလိုက်သည့်အတွက် သူ့နံဘေးထိုင်ခုံအလွတ်တွင်ဝင်ထိုင်ရင်း စကားဆိုလိုက်သည်။
"တောင်းပန်စရာမလိုပါဘူး ၊ အန်ကယ်ဖုက နားလည်တယ်တဲ့"
စားသောက်ဆောင်ထဲမှ စားပွဲများမှာ ခြောက်ယောက်ထိုင်၍ရသောစားပွဲဝိုင်းများဖြစ်ပြီး သူတို့ထိုင်နေကြသည့်ဝိုင်းတွင်တော့ ထိုင်ခုံငါးခုံသာရှိနေ၏။ ချိုက်ယင်းယင်းက ကျူးယန်ချီဘေးမှ ခုံတွင်ဝင်ထိုင်နေခြင်းကြောင့် ထိုင်ခုံက တစ်ခုံတည်းသာလွတ်တော့၏။
ချန်လုကျိုး ;
"သူက ဘာကိုနားလည်တာလဲ"
ပြီးတော့....မင်းကရော ဘာလို့ ငါ့ဘေးမှာလာထိုင်နေတာလဲ....
လတ်လတ်ဆတ်ဆတ်ဖရဲသီးဖျော်ရည်တစ်ငုံသောက်လိုက်ပြီးသည့်အခါတွင်မှ ခြောက်ကပ်နေသည့်လည်ချောင်းတစ်လျှောက်လုံး အစိုဓါတ်ပြည့်ပြီး ရွှီကျစ်၏စကားသံတို့ကအစ ကြည်လင်လာခဲ့သည်။
"အန်ကယ်ဖုက ပြောတယ်လေ ၊ အဲ့လိုပန်းချီကားမျိုးဆို သူလည်း လွှင့်ပစ်မှာပဲတဲ့"
ကျူးယန်ချီ ; "....."
ချန်ရှင်းချီ ; "....."
ချန်ရှင်းချီမှာ ဆတ်ခနဲထ၍ လှည့်ထွက်သွားလေပြီး လမ်းတစ်ဝက်အရောက်တွင်မှ နောက်ပြန်လှည့်လာကာ ပန်းချီပစ္စည်းများအားဆွဲယူရင်း တံခါးဒုန်းခနဲဖွင့်၍ထွက်သွားတော့၏။
"လက်စသတ်တော့ နင့်ညီလေးရဲ့ဟာတွေဖြစ်နေတာလား"
ထွက်သွားခဲ့သည့်ကောင်လေး၏နောက်ကျောပြင်အား လှမ်းကြည့်ရင်း ချိုက်ယင်းယင်း စကားဆိုလိုက်ခြင်းဖြစ်၏။
ရွှီကျစ်သည်လည်း ထိုအခါတွင်မှ သူမ၏လုပ်ရပ်ကို သတိထားမိပြီး ပြောင်ကျကျပင်စကားဆိုလိုက်၏။
"အာ....ဒီလိုမှန်းသိရင် မပြောလိုက်ပါဘူး"
ချန်လုကျိုး ;
"အင်း ၊ ငါဆိုရင်တော့ မင်းက ပြောချင်သလိုပြောမယ်ပေါ့"
စားသောက်ဆောင်ထဲ၌ တဖြည်းဖြည်းလူများလာသည်နှင့်အမျှ ပန်းကန်ခွက်ယောက်အသံများကိုလည်း သိသိသာသာကြားလာရသည့်အချိန် ၊ ရွှီကျစ်မှာ မနက်စာစားရန် တွေးနေရုံရှိသေးသည့်အခိုက်တွင် ချန်လုကျိုးက ဤသို့စကားဆိုလာခြင်းကြောင့် သူ့ဘက်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်မိလိုက်သည်။
"နင်က အသက်ပြည့်ပြီးသားလူလေ ၊ ဒီလိုတိုက်ခိုက်ခံရတာလောက်ကတော့ ခံနိုင်ရည်ရှိတယ်မလား"
ရွှီကျစ်က ယခုကဲ့သို့ရုတ်ချည်း လှည့်ကြည့်လာလိမ့်မည်ဟု မထင်မှတ်ထားသည်ဖြစ်ရာ ချန်လုကျိုးမှာ မျက်နှာအား ချက်ချင်းတစ်ဖက်လွှဲလိုက်မိပြီး လျှာထိုးဦးထုပ်ကိုပါ မသိမသာလေးလျှောချလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ထိုင်ခုံနောက်သို့မှီချလိုက်သည့်အပြင် ခြေထောက်နှစ်ဖက်ကိုပါ သက်သောင့်သက်သာမရှိတော့သည့်ဟန်ဖြင့်ရွေ့ရင်း ချောင်းတစ်ချက်ဟန့်လိုက်သည်။
နှစ်ယောက်သား မမျှော်လင့်ဘဲ အကြည့်ချင်းဆုံသွားရသည့် အချိန်တစ်ခဏလေးတွင်းမှ ချန်လုကျိုး သတိရသည်မှာ -- သူ မုတ်ဆိတ်မရိတ်ရသေးဘူး....
သည်အခိုက်အတန့်တွင် ချန်လုကျိုးသည် ကျူးယန်ချီထံသို့ မျက်လုံးချင်းအချက်ပြဖို့ရာကြိုးစားတော့သည် - 'သွားရအောင် ၊ ငါ မုတ်ဆိတ်မွေးမရိတ်ထားဘူး'
ကျူးယန်ချီမှာကား သက်ပြင်းရေးရေးပင်ချလိုက်ပြီး သူတစ်ပါးဒုက္ခရောက်နေသည့်အမှုကို ကြည့်ချင်မိသည့်စိတ်လေးဖြင့်လည်း ခေါင်ရမ်းလိုက်မိ၏။ ; ဟန်ဆောင်နေတာကြီးကိုများ....
နှစ်ယောက်သားက ခန္ဓာကိုယ်ကြွရုံရှိသေး ၊ ရွှီကျစ်မှာ ဖျော်ရည်ပိုက်ကိုက်လျက်သားဖြင့် ချန်လုကျိုးထံသို့ ရုတ်တရက်စကားဆိုလာခဲ့သည်။
"ငါ နင့်ဆီပို့ထားတဲ့ Wechat ထဲကမက်ဆေ့ကို ဖတ်ပြီးပြီလား"
ချန်လုကျိုးမှာ ကျူးယန်ချီထံသို့ အကြည့်ပို့လွှတ်လိုက်၍ ; ငါ မသွားချင်တာမဟုတ်ဘူး ၊ မင်း တွေ့တယ်မလား ၊ သူက ငါ့ကို စကားလာပြောနေတယ် ၊ နောက်ကျောပြင်ကို ထလို့မရအောင် ပလာစတာကပ်ထားသလိုမျိုး....
ကျူးယန်ချီ ; "....."
ငိုး....မင်း ကျောရိုးအားစိုက်ပြီးတော့ မတ်တပ်ထရပ်ရင်ကိုရနေပြီ!
ချန်လုကျိုးက ဟန်ဆောင်ပန်ဆောင်ဖြင့် ချောင်းသံတစ်ခုပြုပြီး စကားတုံ့ပြန်လိုက်သည်။
"မကြည့်ရသေးဘူး ၊ ငါ့ဖုန်းက အခန်းထဲမှာထားခဲ့တာ"
ရွှီကျစ်က 'အို့'ဟု အသံတစ်ချက်သာပြုပြီး ချန်လုကျိုးအား ထပ်မကြည့်တော့ဘဲ ဖရဲသီးဖျော်ရည်ကိုသာ ဖြည်းဖြည်းချင်းသောက်နေလေ၏။
ချန်လုကျိုး ;
"ဘားထဲမှာ ဘာကျန်ခဲ့သေးလို့လဲ"
ရွှီကျစ် ခေါင်းရမ်းပြရင်း ဖျော်ရည်ပိုက်ကိုင်လျက်ဖြင့် ဖရဲသီးဖျော်ရည်အား တစ်ကြိုက်တည်းသောက်ပြီးမှ စကားဆိုလာ၏။
"မဟုတ်ပါဘူး ၊ ပိုက်ဆံရှာတဲ့ပရောဂျက်တွေရဲ့အခြေအနေ ဘယ်လိုရှိလဲလို့ နင့်ကိုမေးကြည့်ချင်လို့ ၊ မနေ့တုန်းက ငါ ယင်းယင်းကိုပြောပြတော့ သူလည်း အရမ်းစိတ်ဝင်စားနေတာ ၊ မကြာခင်ပဲ တက္ကသိုလ်တက်ရတော့မှာဆိုတော့ အသုံးစရိတ်ရှာကြည့်ချင်လို့လေ"
ချန်လုကျိုး ; "....."
မင်း ငါ့ကိုများ ချောင်းမြောင်းနောက်ယောင်ခံဖို့ စဥ်းစားနေတာလား?
ငါ့အမေကိုလည်း စိတ်ဝင်စားတယ် ၊ ငါ့ပိုက်ဆံတွေကိုလည်း စိတ်ဝင်စားတယ် ၊ ငါ့ကိုပဲ စိတ်မဝင်စားတာပေါ့ ဟုတ်လား?
"မသိဘူး ၊ အခုလောလောဆယ်မှာတော့ ငါ့ညီလေးဆီကနေပဲ ရွှေပိဿလောက်ရအောင် ရှာနေတယ်"
စကားဆိုပြီးသည်နှင့် ချန်လုကျိုး မတ်တပ်ရပ်လိုက်၏။ သည်တစ်ကြိမ်တွင်တော့ သူ အမှန်တကယ်ထွက်သွားရန်ပြင်နေခြင်းဖြစ်ပြီး ရွှီကျစ် ရှေ့မှစားပွဲအား လက်ခေါက်ထိပ်လေးများဖြင့် သုံးလေးချက်ခေါက်၍လည်း စကားထပ်ဆိုလိုက်သည်။
"မင်း ဘာမှမယူစားတော့ဘူးလား ၊ ချိုက်ယင်းယင်းတောင်မှ ဗိုက်ပြည့်တော့မယ်"
အစားအသောက်ထဲ၌သာ အာရုံရောက်နေသည့် ပေါက်စီပလုပ်ပလောင်းသွတ်သွင်းနေသော ချိုက်ယင်းယင်း ; "....."
ရွှီကျစ်သည် မနက်ခင်းအစောကတည်းက နေပြင်းပြင်းအောက်၌ လက်ဖက်ရွက်များ ခြင်းလိုက်ခူးထားပေးရသည်ဖြစ်ရာ ယခုလက်ရှိအချိန်ထိပင် နဖူးထိပ်မှချွေးစက်များ မခြောက်သေး။ ထို့အပြင် စားချင်သောက်ချင်စိတ်လည်းမရှိသေးသဖြင့် ;
"ထားလိုက်တော့ ၊ ငါ မစားချင်သေးလို့"
ချန်လုကျိုးက ရွှီကျစ်အား တစ်ချက်လှမ်းကြည့်၍ စကားဆို၏။
"မင်းသဘောပါပဲ"
ဘာလို့လာချွဲပြီးပြောနေတာလဲ....ငါက မင်းကို လိုက်ဂရုစိုက်နေတာမလို့လား....'မစားချင်သေးလို့' ဟုတ်လား....
*********
~~Zawgyi~~
ေနာက္တစ္ေန႕မနက္ခင္းတြင္ ခ်န္္လုက်ိဳးသည္ ခ်န္ရွင္းခ်ီအား အတင္းအၾကပ္ေခၚ၍ မနက္စာစားရန္ ေအာက္ထပ္္သို႔ဆင္းလာခဲ့သည္။ မနက္ေစာေစာအိပ္ရာထရျခင္းေၾကာင့္ ေဒါသထြက္ခ်င္သည့္ခ်န္ရွင္းခ်ီမွာ အခန္းတံခါးဝတြင္ရပ္ေနေသာ ခ်န္လုက်ိဳး၏ေအးတိေအးစက္မ်က္ႏွာ၊အခ်ိန္မေ႐ြးခုတ္ျဖတ္သတ္ေတာ့မည့္အမူအရာကို ျမင္လိုက္သည့္တစ္ခဏတြင္ေတာ့ အိပ္ရာေပၚမွ ေလွ်ာခနဲဆင္းခ်လာေတာ့သည္။
စားေသာက္ေဆာင္ထဲတြင္ မနက္စာစားေနၾကသည့္သူမွာ အနည္းငယ္မွ်သာရွိၿပီး ေဝ့ဝဲၾကည့္လိုက္လွ်င္ အခန္းတစ္ခုလုံး ပန္းကန္ခြက္ေယာက္အသံမ်ားသာရွိေန၏။ 'ဖုယြိ'စံအိမ္၏ေျမေနရာမွာ အနည္းငယ္တမူထူးျခားသည့္ေနရာမ်ိဳးရွိၿပီး ႏြေရာသီပိတ္ရက္တြင္ အနားယူတတ္ၾကသည့္ဧည့္သည္မ်ားအျပင္ မ်ားေသာအားျဖင့္လည္း က်ဴးယန္ခ်ီႏွင့္ခ်န္ရွင္းခ်ီကဲ့သို႔အႏုပညာေက်ာင္းသားမ်ားက အနားယူရင္းတစ္လွည့္ အႏုပညာစိတ္တို႔လာေရာက္ရွာေဖြဖန္တီးတတ္ၾကသည္။
က်ဴးယန္ခ်ီမွာ ငယ္စဥ္ကတည္းက အႏုပညာအေသးစိတ္ေလးမ်ားကို စိတ္ဝင္စားခဲ့သူျဖစ္ေသာ္ျငား ခ်န္ရွင္းခ်ီသည္ေတာ့မဟုတ္။ ခ်န္ရွင္းခ်ီမွာ အႏုပညာဘာသာရပ္ကိုမွီတြယ္ရင္း တကၠသိုလ္ေကာင္းေကာင္းတစ္ခုေရာက္ရန္ ႀကိဳးစားေနျခင္းသာျဖစ္၏။ အေျခအေနဆိုး႐ြားသည့္စာေမးပြဲရလဒ္တို႔ေၾကာင့္ ဘာသာရပ္ရွစ္ခုေပၚမူတည္၍သာဆက္သြားေနလွ်င္ တကၠသိုလ္ေကာင္းမရနိုင္ ၊ ခ်န္ရွင္းခ်ီမွာ အစ္ကိုျဖစ္သူႏွင့္ လုံးလုံးမတူေခ်။ မည္သို႔ပင္ဆိုေစ ဤမွ်ကံေကာင္းထူးခြၽန္ေနသည့္အစ္ကိုတစ္ေယာက္ရွိထားသည့္ 'အငယ္'ေနရာသို႔လူစားထိုးေရာက္လာပါကလည္း မည္သူမဆို ဖိအားတစ္မ်ိဳးမ်ိဳးခံစားရမည္ေပ။
မေန႕က က်ဴးယန္ခ်ီထံမွၾကားထားသည္မွာလည္း အႏွီဆရာသမားက ေဒါသထြက္၍ပန္းခ်ီဆက္မဆြဲေတာ့သည့္အျပင္ ပန္းခ်ီပစၥည္းမ်ားကိုပါ ေတာင္တန္းမ်ားရွိသည့္ဘက္ ပစ္ထုတ္ခဲ့ေသးသည္ဟူ၍ပင္။
"ငါ သူ႕ကို တစ္ခြန္းႏွစ္ခြန္းေျပာပါေသးတယ္ ၊ သူ ပန္းခ်ီဆြဲတယ္ဆိုတာက ေပါ့ပ်က္ပ်က္နဲ႕ကြာ ၊ ခဏေလးေနက် ပန္းခ်ီဆြဲတယ္ထား ခဏေနက်ေတာ့ ဖုန္းေဆာ့ေနျပန္ေရာ"
က်ဴးယန္ခ်ီက ခ်န္ရွင္းခ်ီ ဘူေဖးမနက္စာသြားယူေနသည့္အခ်ိန္ေလးတြင္း ခ်န္လုက်ိဳးအား အေၾကာင္းစုံျပန္တိုင္ေျပာေတာ့၏။
"သူ႕ဟာက သုံးရက္ေလာက္ငါးမွ်ားထြက္ၿပီး ႏွစ္ရက္ကႏွပ္ေနတဲ့လူမ်ိဳးျဖစ္ေနၿပီ ၊ ဒီပုံစံအတိုင္းသာဆိုရင္ အထက္တန္းတတိယႏွစ္မွာ ျပည္နယ္အဆင့္ေမးခြန္းေတြေတာင္ ေအာင္ဖို႔မေသခ်ာဘူး ၊ ျပည္နယ္အဆင့္မွမေအာင္ရင္ေတာ့ အားလုံးၿပီးၿပီ ၊ တကၠသိုလ္ဝင္တန္းစာေမးပြဲသြားေျဖဖို႔ေတာင္ စဥ္းစားမရေတာ့ဘဲ တန္းၿပီးတစ္ႏွစ္က်ခံလိုက္ရေတာ့မွာ"
ခ်န္လုက်ိဳးမွာလွ်ာထိုးဦးထုပ္ ၊ ခပ္ပြပြတီရွပ္တစ္ထည္ႏွင့္ေဘာင္းဘီရွည္တို႔အား မေန႕ကအတိုင္းဝတ္ဆင္ထားၿပီး တစ္ကိုယ္လုံးၿခဳံငုံ၍ၾကည့္လိုက္လွ်င္ ေသခ်ာျပင္ဆင္ထားျခင္းမရွိဘဲ ပ်င္းတိပ်င္း႐ြဲဟန္မ်ိဳးသာရွိသည္။ 'လ်န္ေဟြ႕'အမ်ိဳးသမီး အတန္တန္မွာလိုက္သည့္အတိုင္း ခ်န္ရွင္းခ်ီက အစာအိမ္နာသည့္ေဝဒနာရွိသည့္အျပင္ မနက္စာပါအလြတ္ခံတတ္ျခင္းေၾကာင့္ ေသခ်ာေပါက္ မနက္စာအတူစားရန္ေခၚလာျခင္းပင္ျဖစ္၏။
ေျပာသားပဲ ၊ သူဆိုတာက ဘက္စုံသုံးလို႔ရတဲ့ 'အပါးေတာ္ၿမဲ' ပါလို႔....
ေပါင္မုန့္တစ္ျခမ္း ၊ ၾကက္သားေခ်ာင္း ၊ ဆလပ္႐ြက္တခ်ိဳ႕အား ပန္းကန္ျပားေပၚတင္၍ ဆန္းဒဝွစ္ခ်္ျပဳလုပ္ေနရင္း ၾကားလိုက္ရသည့္ က်ဴးယန္ခ်ီ၏စကားေၾကာင့္ ခ်န္လုက်ိဳးက မ်က္ေမွာင္က်ဳံ႕၍လွမ္းၾကည့္လိုက္သည္။
"ပန္းခ်ီဆုတ္တံနဲ႕ဘုတ္ျပားေတြကိုပါ လႊင့္ပစ္လိုက္တယ္ဟုတ္လား ၊ ဒါဆို ေနာက္ရက္ေတြက်ရင္ သူ ဘာနဲ႕ပန္းခ်ီဆြဲမွာလဲ"
"ဘယ္သိမွာလဲ ၊ ငါေတာ့ မဆုံးမေပးတတ္ေတာ့ဘူး"
က်ဴးယန္ခ်ီက ခ်န္လုက်ိဳး လက္ထဲမွ ဆန္းဒဝွစ္ခ်္အား လက္ညွိုးလိုက္၍ ;
"ငါ့အတြက္ေရာ တစ္ခုလုပ္ေပး"
ခ်န္လုက်ိဳးက တစ္ဖက္လူအားလ်စ္လ်ဴရႈပစ္ထားလိုက္၏။ ပန္းကန္ျပားကိုခ်၍ ခ်န္ရွင္းခ်ီအား သင္ခန္းစာေကာင္းေကာင္းေပးရန္ မတ္တပ္ထရပ္ေတာ့မည္အျပဳတြင္ေတာ့ က်ဴးယန္ခ်ီက ျပန္ဆြဲေခၚရင္း ;
"ေအ့ ေအ့ ေအ့ ၊ မနက္ေစာေစာစီးစီး ကေလးကိုဆုံးမေနတာ မေကာင္းဘူး ၊ သူေဌးေပါက္စေလး မနက္စာ အရင္စားပါေစဦး ၊ ဘာလို႔ သူ႕ေရွ႕ထိသြားၿပီးေတာ့ဆူပူေနမွာတုန္း ၊ ဆူစရာရွိတာကို သူ ဒီနားေရာက္မွ အေသအေၾကဆူလည္းရတယ္"
"အဲ့ဒီပန္းခ်ီေတြကို ငါ စပိန္ကေန လွမ္းမွာထားရတာ ၊ ဘယ္ေလာက္ေတာင္ေပးလိုက္ရမွန္း မင္း သိလား ၊ ငါ့မွာ ေခြၽတာရလြန္းလို႔ ငါ ဝယ္ခ်င္တဲ့အသံသြင္းပစၥည္းေတာင္ မဝယ္ရက္ဘဲနဲ႕ သူ႕အတြက္ ပန္းခ်ီပစၥည္းေတြဝယ္ေပးထားတာ ၊ လႊင့္ပစ္ခ်င္တိုင္းလႊင့္ပစ္စရာလား"
ခ်န္လုက်ိဳးမွာ ေဒါသထြက္လြန္း၍ ေသြးအန္လုမတတ္ပင္ ခံစားလိုက္ရသည္။
က်ဴးယန္ခ်ီသည္လည္း ထိုအခါတြင္မွ တုံ႕ျပန္လာနိုင္၏။
"ငါလူး အဲ့ဒီပစၥည္းေတြက တကယ္ႀကီး Faber-Castell အစစ္ေတြလား"
"မဟုတ္ေတာ့ မင္းက ဘယ္လိုထင္လို႔တုန္း"
"ငါက မင္း 'ေထာင္ေပါင္'ကေန ေတြ႕ကရာလွမ္းဝယ္ေပးထားတယ္ ထင္ေနတာ ၊ Limited Edition Set ထုတ္တဲ့အေၾကာင္းေမးတုန္းကလည္း ငါ သာမန္ကာလွ်ံကာပဲေျပာလိုက္တာမလို႔ မင္း တကယ္ဝယ္လိမ့္မယ္လို႔မထင္ခဲ့ဘူးေလ"
က်ဴးယန္ခ်ီကိုယ္တိုင္ပင္ မဝယ္ရက္ခဲ့သည့္ Faber-Castell limited edition set ၊ ေစ်းႀကီးသည္က အေၾကာင္းမဟုတ္ ၊ ဤသည္မွာ ပန္းခ်ီဆရာႀကီးမ်ားကိုင္သည့္ပစၥည္းမ်ား။ သူကိုယ္တိုင္ပင္လွ်င္ အေနအထားတစ္ခုမေရာက္ေသးသည့္အတြက္ အသုံးျပဳရန္မထိုက္တန္ေသးသည္ဟု ယူဆထားေသာပစၥည္းမ်ားေပ။ ခ်န္ရွင္းခ်ီတစ္ေယာက္က တကယ္ကို အဆိုးအေပေကာင္ေပါက္စဟုပင္ သတ္မွတ္မိလိုက္ေတာ့၏။ ထိုအခါ က်ဴးယန္ခ်ီသည္ စကားတစ္ခြန္းထပ္မဆိုေတာ့ဘဲ အေနာက္တိုင္းစတိုင္လ္ စားပြဲသုံးဓါးအား လွမ္းယူ၍ ခ်န္လုက်ိဳးထံသို႔ ကမ္းေပးလိုက္သည္။
"ေရာ့ ၊ တစ္ခါတည္း ထိုးသတ္ပစ္လိုက္"
ခ်န္ရွင္းခ်ီ ေနရာ၌ဝင္ထိုင္လိုက္သည့္အခါ ခ်န္လုက်ိဳးေရွ႕မွ ပန္းကန္ျပားထဲ၌ ဘာမွမရွိေတာ့သည္ကိုၾကည့္ရင္း စူးစူးစမ္းစမ္းႏွင့္ေမးလိုက္သည္။
"အစ္ကို....ဘာမွမစားဘူးလား"
ခ်န္လုက်ိဳးမွာ လွ်ာထိုးဦးထုပ္ေဆာင္းထားသည့္အျပင္ ေမးတစ္ေလွ်ာက္က ေခ်ာေမြ႕ေသသပ္ေသာ္ျငား မုတ္ဆိတ္ေမြးအတိုအစေလးမ်ားက ဟိုဟိုဒီဒီထြက္ေနေသး၏။ ထိုင္ခုံေနာက္သို႔မွီထိုင္လိုက္ရင္း လက္ႏွစ္ဖက္ပိုက္လ်က္ျဖင့္ အဓိပ္ပါယ်ပါပါလှမ်းကြည့်လိုက်သည်။
"ကြၽန္ေတာ္မ်ိဳး မစားရဲပါဘူး ၊ မင္းသာ မ်ားမ်ားစား"
ဤစကားတစ္ခြန္းမွာ မည္သို႔ပင္နားေထာင္ပါေစ စကားေကာင္းတစ္ခြန္းႏွင့္မတူေခ်။ အစ္ကိုျဖစ္သူႏွင့္ ႏွစ္ေပါင္းမ်ားစြာအတူေနလာၾကသည္မွာလည္း အလဟႆမဟုတ္။ တစ္ဖက္မွ က်ဴးယန္ခ်ီထံသို႔ လွမ္းၾကည့္လိုက္လွ်င္ေတာ့ မႈန္ေဝေဝမ်က္ႏွာေပးျဖင့္ မနက္စာစားေနသည့္လူၾကာင့္ ခ်န္ရွင္းခ်ီမွာ အေျခအေနအား ခ်က္ခ်င္း သေဘာေပါက္သြားခဲ့သည္။
"အဲ့ဒါက ကြၽန္ေတာ့္ကို သူ အရင္လာၿပီးအျပစ္တင္လို႔ျဖစ္တာ ၊ ဟိုပန္းခ်ီဆြဲေနတဲ့တစ္ေယာက္ကျဖင့္ ကြၽန္ေတာ္နဲ႕ သူမသာကိုယ္မသာ မတိမ္းမယိမ္းပဲဟာကို ကြၽန္ေတာ့္ထက္ ပိုေကာင္းတယ္ဆိုၿပီးဇြတ္ေျပာေနလို႔"
ခ်န္လုက်ိဳးမွာ ေအးစက္စက္ႏွင့္ပင္ စိုက္ၾကည့္ေနလိုက္၏။
"အဲ့ဒါနဲ႕ပဲ ငါ မင္းကိုေပးထားတဲ့ပန္းခ်ီပစၥည္းေတြကို လႊင့္ပစ္လိုက္တယ္ေပါ့ ၊ ကိုယ့္ဘာသာကိုယ္ညံ့ေနတဲ့ကိစၥမွာ ဘာလို႔ အနိုင္အရႈံးက ျငင္းခ်င္ေနေသးတာလဲ"
ဖန္ႏွလုံးသားပိုင္ရွင္ေလး ခ်န္ရွင္းခ်ီအတြက္ ဤစကားလုံးမ်ားက အမွန္ကိုျပင္းထန္လွသည္ပင္။ နားေထာင္လိုက္ရသည့္က်ဴးယန္ခ်ီပင္လွ်င္ မေနနိုင္ေအာင္ တိတ္တိတ္ေလးလွမ္းၾကည့္လာမိ၏။ ခ်န္လုက်ိဳးမွာ ပုံမွန္ဆိုလွ်င္လည္း ညီေလးျဖစ္သူအေပၚ တမ်ိဳးမဟုတ္တမ်ိဳး အျပစ္တင္တတ္ပါေသာ္ျငား ယခုေလာက္ထိ ျပင္းျပင္းထန္ထန္ေျပာဆိုပစ္သည္မ်ိဳးမွာ ရွားပါးလြန္းသည္ေပ။ ခ်န္လုက်ိဳးအေနျဖင့္ 'ညံ့သည္'ဆိုေသာစကားလုံးအား လူတိုင္းအေပၚ ေျပာေကာင္းေျပာနိုင္ပါသည့္တိုင္ ခ်န္ရွင္းခ်ီအေပၚတြင္ ေျပာပစ္မည့္လူစားမ်ိဳးမဟုတ္။ အဘယ္ေၾကာင့္ဆိုေသာ္ ခ်န္ရွင္းခ်ီဟာ ဥာဏ္မေကာင္းသည့္သူ ၊ ပညာေရးသင္ယူရာ၌လည္း ႏွေးေကြးသည့္သူ ၊ အဘက္ဘက္မွ လိုအပ္ေနသည့္သူမွန္း သူတို႔အားလုံး တပ္အပ္သိေနၾကျခင္းေၾကာင့္ ဤစကားမ်ိဳးဆိုၾကလိမ့္မည္မဟုတ္ေပ။ သို႔မွမဟုတ္လွ်င္ ခ်န္ရွင္းခ်ီတစ္ေယာက္က အစ္ကိုျဖစ္သူ၏အရည္အခ်င္းႏွင့္ အကြာႀကီးကြာမည့္ အႏုပညာေက်ာင္းဘက္သို႔ အဘယ္မွာေျပာင္းပါလိမ့္မည္နည္း။
ခ်န္ရွင္းခ်ီမွာ အေျပာခံလိုက္ရသည့္စကားလုံးတို႔ေၾကာင့္ ေၾကာင္အမ္းသြားရေတာ့၏။ အစ္ကိုျဖစ္သူမွ ယခုလိုေျပာလာလိမ့္မည္ဟု မထင္မွတ္ထားျခင္းေၾကာင့္လည္း ႐ုတ္ခ်ည္းမတုံ႕ျပန္နိုင္ ျဖစ္သြားခဲ့သည္။
ထိုအခါ က်ဴးယန္ခ်ီက ျဖန္ေျဖေပးဖို႔ရာအတြက္ စကားဆိုလာခဲ့သည္။
"သူ႕ေဆးအေရာင္ေတြလည္း အဆင္ေျပတဲ့ထဲေတာ့ပါ,ပါေသးတယ္"
"ဟုတ္တယ္ ၊ ဒီေနရာမွာ အစ္ကိုကပဲ ေတာ္ေနတဲ့လူ"
ခ်န္ရွင္းခ်ီမွာ လက္မခံနိုင္သည့္အျပင္ ခ်န္လုက်ိဳးကိုပါ ခြန္းတုံ႕ျပန္လိုက္သည္။
"ဟုတ္တယ္ ၊ ကြၽန္ေတာ္က ညံ့တယ္ ၊ အစ္ကိုကသာ အေတာ္ဆုံး ၊ အစ္ကို အရမ္းေတာ္လြန္းလို႔ အဲ့ဒီမမ,ကေတာင္ အစ္ကို႔ကိုမႀကိဳက္ဘူး"
ခ်န္လုက်ိဳးသည္ မ်က္ႏွာေသျဖင့္ က်ဴးယန္ခ်ီဘက္သို႔လွည့္ၾကည့္လိုက္ၿပီး ခနဲ႕သလိုရယ္လိုက္၍ ;
"မင္းပါးစပ္မွာ စည္းမရွိဘူးလား ၊ မရွိရင္ေျပာ....ငါ တံခါးတစ္ေပါက္တပ္ေပးမယ္"
က်ဴးယန္ခ်ီ အျပစ္မကင္းသလိုခံစားမိလိုက္ရရင္း ;
"ငိုး ဒါကေတာ့ မင္း ငါ့ကို ပါးစပ္ဖြာတယ္ဆိုၿပီး အျပစ္တင္လို႔မရဘူးေနာ္ ၊ မေန႕ညတုန္းက သူ ငါ့ကို Wechat ကေနေမးလာတာ ၊ ဘာတဲ့....သူ ငါးမွ်ားကန္ထဲမွာ ငါးသြားမွ်ားေနတုန္း လူတစ္ေယာက္က မင္းနာမည္ေအာ္ေခၚေနတာကို အက်ယ္ႀကီးၾကားလိုက္ရတယ္ဆိုလို႔ ငါ ေျပာျပလိုက္ရတာ ၊ ငါ မင္းကိုေျပာရဦးမယ္....အဲ့ဒီအရက္ဘားကေလ တကယ္ကိုထပ္မသြားသင့္ေတာ့ဘူး ၊ မိုက္ကရိုဖုန္းတစ္ခ်က္ဖြင့္႐ုံနဲ႕တင္ စံအိမ္တစ္ခုလုံး ၾကားေနရတာကြာ ၊ ေတာ္ေသးတာေပါ့....ဒီေနရာမွာ မင္းကိုဘယ္သူကမွ မသိၾကလို႔ ၊ မဟုတ္လို႔ကေတာ့ ရွက္စရာႀကီး"
ခ်န္လုက်ိဳး ; "....."
သည္တစ္ႀကိမ္တြင္ေတာ့ ခ်န္ရွင္းခ်ီက ယဥ္ယဥ္ေက်းေက်း အေမးရွိလာ၏။
"အစ္ကို အဲ့ဒီမမကို သေဘာက်ေနတာလား"
"မင္းေသာက္ေၾကာင္းပါလား"
ဤစကားၾကားလိုက္သည္ႏွင့္ ခ်န္လုက်ိဳးက ဆတ္ခနဲျပန္လွည့္ၾကည့္လာၿပီး ;
"အခုေလာေလာဆယ္ ငါတို႔ မင္းကိစၥကို ေျပာေနတာ ၊ မင္း မေလ့လာမသင္ယူခ်င္ေတာ့ဘူးဆိုလည္း ေစာေစာေျပာ ၊ ေစာေစာေတာင္ေအာက္ဆင္းၿပီး အိမ္ျပန္လို႔ရတယ္ ၊ ဒီေနရာမွာ မင္းနဲ႕အခ်ိန္ျဖဳန္းေပးေနရေလာက္တဲ့အထိ ငါ မအားဘူး"
"ဒီေနရာမွာဆက္ေန,ေနရင္ ဟိုမမနဲ႕ေတြ႕တိုင္း အစ္ကို ကသိကေအာက္နိုင္ေနရမွာကို ေၾကာက္လို႔မလား ၊ ကြၽန္ေတာ္ကေတာ့ မျပန္ဘူး ၊ ဘယ္လိုပဲေနေန ပန္းခ်ီပစၥည္းေတြလည္း လႊင့္ပစ္ၿပီးသားျဖစ္ေနၿပီ ၊ ပန္းခ်ီလည္းဆက္မဆြဲဘူး ၊ အစ္ကို႔ကို ေဒါသထြက္ေအာင္လုပ္ထားမွာ"
ခ်န္ရွင္းခ်ီက ေျပာရင္းပင္ ေဒါသထြက္လာရင္း ဆက္၍လည္း ;
"ျပန္ေရာက္လို႔ ပန္းခ်ီကားမျပနိုင္ရင္လည္း ကြၽန္ေတာ္က အေမ့ကိုတိုင္မွာ ၊ အစ္ကိုက ကြၽန္ေတာ့္ကိုဆဲလည္းဆဲတယ္....ညံ့တယ္လို႔လည္းေျပာတာေၾကာင့္ ဆက္မဆြဲတာလို႔ ၊ တကၠသိုလ္ေရာက္ေအာင္လည္း ေျဖနိုင္မွာမွမဟုတ္တာတဲ့ ၊ ေလ့လာေနရင္လည္းအပိုပဲမလို႔ ကြၽန္ေတာ့္ကို ဘာလို႔အခ်ိန္ျဖဳန္းေနမွာလဲလို႔လည္းေျပာတယ္လို႔"
ဆက္နားမေထာင္နိုင္ေတာ့သည့္က်ဴးယန္ခ်ီက စကားဝင္ေျပာလာခဲ့သည္။
"ဒါကေတာ့ မင္း အရမ္းလြန္သြားၿပီေနာ္ ၊ အေနာက္ကစကားေတြကို မင္းအစ္ကို လုံးဝမေျပာခဲ့ပါဘူး"
"ေကာင္းၿပီေလ ၊ မင္း သေဘာပဲ"
ခ်န္လုက်ိဳးမွာ အမွန္တကယ္ေဒါသထြက္လာျခင္းေၾကာင့္ စကားဆက္ေျပာလိုစိတ္လည္းမရွိေတာ့ေခ်။
စကားဆိုၿပီးလိုက္သည္ႏွင့္ စားေသာက္ေဆာင္၏တံခါးဝဆီမွ ေခါင္းေလာင္းျမည္သံဖြဖြေလး ထြက္ေပၚလာခဲ့ကာ ရင္းႏွီးေနသည့္ပုံရိပ္ႏွစ္ခုက တံခါးတြန္းဖြင့္၍ အထဲဝင္လာေၾကာင္းေတြ႕လိုက္ရသည္။ က်ဴးယန္ခ်ီသည္လည္း သတိထားမိလိုက္သည္ျဖစ္ရာ ခ်န္လုက်ိဳးနားသို႔ကပ္၍ တတြတ္တြတ္ဆိုလိုက္၏။
"ေရစက္က ေပါ့ေသးေသးေတာ့မဟုတ္ဘူးေနာ္ ၊ သခင္ေလးခ်န္ မင္းတို႔ႏွစ္ေယာက္ကေတာ့ကြာ....ငါ ဘယ္လိုပဲၾကည့္ၾကည့္ လိုက္ကိုလိုက္ဖက္တယ္"
"သြားစမ္းပါ"
ခ်န္လုက်ိဳးမွာ မ်က္ဝန္းအၾကည့္မ်ားအား ျပတင္းေပါက္အျပင္ဘက္ဆီသို႔ စိတ္ရႈပ္သည့္ဟန္ျဖင့္လႊဲပစ္လိုက္ေတာ့သည္။
ဘာၾကည့္ေနစရာအေၾကာင္းရွိလို႔လဲ ၊ 'ဖုယြိ'စံအိမ္ရဲ႕ရႈခင္းေတြအားလုံးက လက္ဖက္ေတာင္တန္းေတြဘက္မွာ ၊ ဒီဘက္မွာဆိုရင္ ေရဆိုးေရညစ္ေတြ ၊ ေပါင္းပင္ထူထူေတြ ၊ စုတ္ျပတ္ေနတဲ့အမ်ားသုံးအိမ္သာေတြပဲရွိတယ္ ၊ ေလာကသဘာဝႀကီးရဲ႕အလွပရႈခင္းေတြကို အသိမွတ္ျပဳတင္စားခ်င္ေယာက္ေဆာင္ေနတယ္ဆိုတာက သူ လွမ္းမႏႈတ္ဆက္ခ်င္လို႔ ၊ သူ႕ဘက္ကေနစၿပီး စကားမေျပာခ်င္လို႔....
က်ဴးယန္ခ်ီ ;
"ၾကည့္ရတာ ငါတို႔ဆီလာေနသလိုပဲ"
ငါ့အေပၚမွာ ဘာခံစားခ်က္မွမရွိမွေတာ့ လမ္းေတြ႕တိုင္း မျဖစ္မေနႏႈတ္ဆက္ေနစရာမလိုပါဘူး။ ငါတို႔ႏွစ္ေယာက္က အဲ့ေလာက္ထိလည္းမရင္းႏွီးဘူးေလ ၊ ဟုတ္တယ္မလား။
က်ဴးယန္ခ်ီမွာကား ခ်န္လုက်ိဳးကို အစအေနာက္မျပတ္ ;
"သူ႕လက္ထဲမွာ ဘာကိုင္ထားတာလဲမသိဘူး ၊ မင္းကို လက္ေဆာင္ေပးဖို႔လားမသိဘူးေနာ္"
"မင္း စိတ္ရႈပ္စရာေကာင္းလိုက္တာ"
ခ်န္လုက်ိဳးမွာ သည္းမခံနိုင္သည့္အဆုံး စိတ္မရွည္သည့္ဟန္ျဖင့္ ဆတ္ခနဲလွည့္ၾကည့္ေပးလိုက္သည္။
ေနာက္တစ္စကၠန့္တြင္ ႐ႊီက်စ္က ခ်န္လုက်ိဳး၏အေရွ႕သို႔ ပစၥည္းတစ္ခုခ်ေပးလာခဲ့သည္။
"နင့္ပစၥည္းဟုတ္တယ္မလား"
ခ်န္ရွင္းခ်ီလႊင့္ပစ္ခဲ့သည့္ ပန္းခ်ီဘုတ္ျပားႏွင့္ေဆးစုတ္တံမ်ားျဖစ္ေနရာ က်ဴးယန္ခ်ီမွာ ခ်န္ရွင္းခ်ီအား အလိုလိုေနရင္းပင္ လွမ္းၾကည့္မိလိုက္ေတာ့၏။ အႏွီေပါက္စေလး၏မ်က္ႏွာမွာ လႊင့္ပစ္ထားသည့္ပစၥည္းမ်ား ျပန္ေကာက္ယူလာေပးသည့္သူရွိလာေသာေၾကာင့္ စိတ္မၾကည္ဘဲသုန္မႈန္ေနသည့္ဟန္။ ေကာင္းတယ္....မင္းအစ္ကိုကိုပဲ မင္း အနိုင္က်င့္လို႔ရမယ္ ၊ ငါတို႔'အစ္မ႐ႊီ'ကမွ တကယ့္ဆရာမႀကီး!!
"ဘယ္လိုျဖစ္ၿပီး မင္းဆီေရာက္ေနတာလဲ"
ခ်န္လုက်ိဳးက ထိုအခါတြင္မွ မ်က္လုံးပင့္ၾကည့္လာ၏။
"ယင္းယင္း နင္ေျပာျပလိုက္ ၊ ငါ ေရဆာလို႔ေသေတာ့မယ္"
႐ႊီက်စ္မွာ ယခုေလးတင္မွ လက္ဖက္ေတာင္ေပၚမွဆင္းလာသည္ျဖစ္၍လည္း လည္ေခ်ာင္းတစ္ေလွ်ာက္လုံး ေျခာက္ေသြ႕ေန၏။ ထို႔ေၾကာင့္ ခ်န္လုက်ိဳးကို ရွင္းျပေပးေနဖို႔ရာ ဂ႐ုမစိုက္နိုင္ေတာ့ဘဲ ဘူေဖးအစားအေသာက္မ်ားခင္းက်င္းထားသည့္ဘက္သို႔ တည့္တည့္မတ္မတ္ထြက္လာလိုက္ရင္း ;
"နင္ေရာ ဘာေသာက္ဦးမလဲ ၊ ငါ ယူခဲ့ေပးမယ္"
ခ်ိဳက္ယင္းယင္း ;
"ဖရဲသီးေဖ်ာ္ရည္"
ေခြၽးတလုံးလုံးျဖစ္ေနသည့္ မိန္းကေလးႏွစ္ေယာက္၏မ်က္ႏွာကိုၾကည့္ရင္း က်ဴးယန္ခ်ီ စကားဆိုလာခဲ့သည္။
"မင္းတို႔ႏွစ္ေယာက္က လယ္ထဲဆင္းၿပီးအလုပ္လုပ္လာၾကတာလား"
"ဦးေလးဖုက မနက္ေစာေစာစီးစီး ငါတို႔ကို လက္ဖက္ခူးဖို႔ လက္ဖက္ခင္းထဲေခၚသြားတာေလ"
ခ်ိဳက္ယင္းယင္းက စကားဆိုရင္း လက္ႏွစ္ဖက္ျဖင့္လည္း ေလေအးေအးရေအာင္ ယက္ခတ္လိုက္သည္။
"ဒါနဲ႕ေလ ခ်န္လုက်ိဳး ၊ နင္ ဒီေန႕ ဓါတ္ပုံသြားရိုက္မွာလား"
ခ်န္လုက်ိဳးက 'အင္း'ဟု အသံတစ္ခ်က္ျပဳလိုက္၏။ ေနာက္တြင္ ပန္းခ်ီပစၥည္းမ်ားထံသို႔ ေမးဆတ္ျပ၍
"လက္ဖက္ေတာင္တန္းေတြဘက္ကေန ေကာက္ရလာတာလား"
"အင္းေလ ၊ အရင္တုန္းကလည္း ေတာင္ေပၚတက္ၿပီး ပန္းခ်ီဆြဲၾကတဲ့သူေတြမ်ားတယ္မလား ၊ ၾကည့္ရတာ နင္တို႔ပစၥည္းျဖစ္မယ္ထင္တာရယ္....ပစၥည္းေတြကလည္း အသစ္ေတြခ်ည္းပဲမလို႔ ငါတို႔ ယူလာေပးလိုက္တာ ၊ နင္တို႔ ယူဦးမွာလားလို႔လည္း ေမးမလို႔ ၊ မယူေတာ့ဘူးဆိုရင္လည္း လႊင့္မပစ္ထားနဲ႕လို႔ ေျပာမလို႔ပါ ၊ ဘာလို႔ဆို ေတာင္ေအာက္ေျခဘက္မွာ လက္ဖက္ခူးေနၾကတဲ့လူေတြ အမ်ားႀကီးရွိေနလို႔ေလ ၊ ငါတို႔လည္း တကူးတကလာေပးဖို႔ အခ်ိန္မမီတာရယ္....နင္တို႔ ဒီမွာထမင္းစားေနၾကတာကိုေတြ႕တာနဲ႕ပဲ ပစၥည္းယူလာေပးလိုက္ေတာ့တာ"
ခ်န္လုက်ိးက ခ်န္ရွင္းခ်ီထံသို႔ လွမ္းၾကည့္လိုက္၏။ အႏွီေကာင္ေလးမွာ ဤအခိုက္အတန့္၌ စကားတစ္ခြန္းမွမဆိုေတာ့ဘဲ ေခါင္းကိုသာငုံ႕ထားေတာ့သည္။
"ငါ ခဏေနက်မွပဲ သူေဌးဖုဆီ ေတာင္းပန္စကားသြားဆိုလိုက္မယ္"
႐ႊီက်စ္က ဖရဲသီးေဖ်ာ္ရည္ခြက္ျဖင့္ ျပန္ေရာက္လာၿပီး ခ်န္လုက်ိဳး ေျပာသြားသည့္စကားလုံးတို႔အား ၾကားလိုက္သည့္အတြက္ သူ႕နံေဘးထိုင္ခုံအလြတ္တြင္ဝင္ထိုင္ရင္း စကားဆိုလိုက္သည္။
"ေတာင္းပန္စရာမလိုပါဘူး ၊ အန္ကယ္ဖုက နားလည္တယ္တဲ့"
စားေသာက္ေဆာင္ထဲမွ စားပြဲမ်ားမွာ ေျခာက္ေယာက္ထိုင္၍ရေသာစားပြဲဝိုင္းမ်ားျဖစ္ၿပီး သူတို႔ထိုင္ေနၾကသည့္ဝိုင္းတြင္ေတာ့ ထိုင္ခုံငါးခုံသာရွိေန၏။ ခ်ိဳက္ယင္းယင္းက က်ဴးယန္ခ်ီေဘးမွ ခုံတြင္ဝင္ထိုင္ေနျခင္းေၾကာင့္ ထိုင္ခုံက တစ္ခုံတည္းသာလြတ္ေတာ့၏။
ခ်န္လုက်ိဳး ;
"သူက ဘာကိုနားလည္တာလဲ"
ၿပီးေတာ့....မင္းကေရာ ဘာလို႔ ငါ့ေဘးမွာလာထိုင္ေနတာလဲ....
လတ္လတ္ဆတ္ဆတ္ဖရဲသီးေဖ်ာ္ရည္တစ္ငုံေသာက္လိုက္ၿပီးသည့္အခါတြင္မွ ေျခာက္ကပ္ေနသည့္လည္ေခ်ာင္းတစ္ေလွ်ာက္လုံး အစိုဓါတ္ျပည့္ၿပီး ႐ႊီက်စ္၏စကားသံတို႔ကအစ ၾကည္လင္လာခဲ့သည္။
"အန္ကယ္ဖုက ေျပာတယ္ေလ ၊ အဲ့လိုပန္းခ်ီကားမ်ိဳးဆို သူလည္း လႊင့္ပစ္မွာပဲတဲ့"
က်ဴးယန္ခ်ီ ; "....."
ခ်န္ရွင္းခ်ီ ; "....."
ခ်န္ရွင္းခ်ီမွာ ဆတ္ခနဲထ၍ လွည့္ထြက္သြားေလၿပီး လမ္းတစ္ဝက္အေရာက္တြင္မွ ေနာက္ျပန္လွည့္လာကာ ပန္းခ်ီပစၥည္းမ်ားအားဆြဲယူရင္း တံခါးဒုန္းခနဲဖြင့္၍ထြက္သြားေတာ့၏။
"လက္စသတ္ေတာ့ နင့္ညီေလးရဲ႕ဟာေတြျဖစ္ေနတာလား"
ထြက္သြားခဲ့သည့္ေကာင္ေလး၏ေနာက္ေက်ာျပင္အား လွမ္းၾကည့္ရင္း ခ်ိဳက္ယင္းယင္း စကားဆိုလိုက္ျခင္းျဖစ္၏။
႐ႊီက်စ္သည္လည္း ထိုအခါတြင္မွ သူမ၏လုပ္ရပ္ကို သတိထားမိၿပီး ေျပာင္က်က်ပင္စကားဆိုလိုက္၏။
"အာ....ဒီလိုမွန္းသိရင္ မေျပာလိုက္ပါဘူး"
ခ်န္လုက်ိဳး ;
"အင္း ၊ ငါဆိုရင္ေတာ့ မင္းက ေျပာခ်င္သလိုေျပာမယ္ေပါ့"
စားေသာက္ေဆာင္ထဲ၌ တျဖည္းျဖည္းလူမ်ားလာသည္ႏွင့္အမွ် ပန္းကန္ခြက္ေယာက္အသံမ်ားကိုလည္း သိသိသာသာၾကားလာရသည့္အခ်ိန္ ၊ ႐ႊီက်စ္မွာ မနက္စာစားရန္ ေတြးေန႐ုံရွိေသးသည့္အခိုက္တြင္ ခ်န္လုက်ိဳးက ဤသို႔စကားဆိုလာျခင္းေၾကာင့္ သူ႕ဘက္သို႔ ျဖည္းျဖည္းခ်င္းလွည့္ၾကည့္မိလိုက္သည္။
"နင္က အသက္ျပည့္ၿပီးသားလူေလ ၊ ဒီလိုတိုက္ခိုက္ခံရတာေလာက္ကေတာ့ ခံနိုင္ရည္ရွိတယ္မလား"
႐ႊီက်စ္က ယခုကဲ့သို႔႐ုတ္ခ်ည္း လွည့္ၾကည့္လာလိမ့္မည္ဟု မထင္မွတ္ထားသည္ျဖစ္ရာ ခ်န္လုက်ိဳးမွာ မ်က္ႏွာအား ခ်က္ခ်င္းတစ္ဖက္လႊဲလိုက္မိၿပီး လွ်ာထိုးဦးထုပ္ကိုပါ မသိမသာေလးေလွ်ာခ်လိဳက္သည္။ ခႏၶာကိုယ္တစ္ခုလုံး ထိုင္ခုံေနာက္သို႔မွီခ်လိဳက္သည့္အျပင္ ေျခေထာက္ႏွစ္ဖက္ကိုပါ သက္ေသာင့္သက္သာမရွိေတာ့သည့္ဟန္ျဖင့္ေ႐ြ႕ရင္း ေခ်ာင္းတစ္ခ်က္ဟန့္လိုက္သည္။
ႏွစ္ေယာက္သား မေမွ်ာ္လင့္ဘဲ အၾကည့္ခ်င္းဆုံသြားရသည့္ အခ်ိန္တစ္ခဏေလးတြင္းမွ ခ်န္လုက်ိဳး သတိရသည္မွာ -- သူ မုတ္ဆိတ္မရိတ္ရေသးဘူး....
သည္အခိုက္အတန့္တြင္ ခ်န္လုက်ိဳးသည္ က်ဴးယန္ခ်ီထံသို႔ မ်က္လုံးခ်င္းအခ်က္ျပဖို႔ရာႀကိဳးစားေတာ့သည္ - 'သြားရေအာင္ ၊ ငါ မုတ္ဆိတ္ေမြးမရိတ္ထားဘူး'
က်ဴးယန္ခ်ီမွာကား သက္ျပင္းေရးေရးပင္ခ်လိဳက္ၿပီး သူတစ္ပါးဒုကၡေရာက္ေနသည့္အမႈကို ၾကည့္ခ်င္မိသည့္စိတ္ေလးျဖင့္လည္း ေခါင္ရမ္းလိုက္မိ၏။ ; ဟန္ေဆာင္ေနတာႀကီးကိုမ်ား....
ႏွစ္ေယာက္သားက ခႏၶာကိုယ္ႂကြ႐ုံရွိေသး ၊ ႐ႊီက်စ္မွာ ေဖ်ာ္ရည္ပိုက္ကိုက္လ်က္သားျဖင့္ ခ်န္လုက်ိဳးထံသို႔ ႐ုတ္တရက္စကားဆိုလာခဲ့သည္။
"ငါ နင့္ဆီပို႔ထားတဲ့ Wechat ထဲကမက္ေဆ့ကို ဖတ္ၿပီးၿပီလား"
ခ်န္လုက်ိဳးမွာ က်ဴးယန္ခ်ီထံသို႔ အၾကည့္ပို႔လႊတ္လိုက္၍ ; ငါ မသြားခ်င္တာမဟုတ္ဘူး ၊ မင္း ေတြ႕တယ္မလား ၊ သူက ငါ့ကို စကားလာေျပာေနတယ္ ၊ ေနာက္ေက်ာျပင္ကို ထလို႔မရေအာင္ ပလာစတာကပ္ထားသလိုမ်ိဳး....
က်ဴးယန္ခ်ီ ; "....."
ငိုး....မင္း ေက်ာရိုးအားစိုက္ၿပီးေတာ့ မတ္တပ္ထရပ္ရင္ကိုရေနၿပီ!
ခ်န္လုက်ိဳးက ဟန္ေဆာင္ပန္ေဆာင္ျဖင့္ ေခ်ာင္းသံတစ္ခုျပဳၿပီး စကားတုံ႕ျပန္လိုက္သည္။
"မၾကည့္ရေသးဘူး ၊ ငါ့ဖုန္းက အခန္းထဲမွာထားခဲ့တာ"
႐ႊီက်စ္က 'အို႔'ဟု အသံတစ္ခ်က္သာျပဳၿပီး ခ်န္လုက်ိဳးအား ထပ္မၾကည့္ေတာ့ဘဲ ဖရဲသီးေဖ်ာ္ရည္ကိုသာ ျဖည္းျဖည္းခ်င္းေသာက္ေနေလ၏။
ခ်န္လုက်ိဳး ;
"ဘားထဲမွာ ဘာက်န္ခဲ့ေသးလို႔လဲ"
႐ႊီက်စ္ ေခါင္းရမ္းျပရင္း ေဖ်ာ္ရည္ပိုက္ကိုင္လ်က္ျဖင့္ ဖရဲသီးေဖ်ာ္ရည္အား တစ္ႀကိဳက္တည္းေသာက္ၿပီးမွ စကားဆိုလာ၏။
"မဟုတ္ပါဘူး ၊ ပိုက္ဆံရွာတဲ့ပေရာဂ်က္ေတြရဲ႕အေျခအေန ဘယ္လိုရွိလဲလို႔ နင့္ကိုေမးၾကည့္ခ်င္လို႔ ၊ မေန႕တုန္းက ငါ ယင္းယင္းကိုေျပာျပေတာ့ သူလည္း အရမ္းစိတ္ဝင္စားေနတာ ၊ မၾကာခင္ပဲ တကၠသိုလ္တက္ရေတာ့မွာဆိုေတာ့ အသုံးစရိတ္ရွာၾကည့္ခ်င္လို႔ေလ"
ခ်န္လုက်ိဳး ; "....."
မင္း ငါ့ကိုမ်ား ေခ်ာင္းေျမာင္းေနာက္ေယာင္ခံဖို႔ စဥ္းစားေနတာလား?
ငါ့အေမကိုလည္း စိတ္ဝင္စားတယ္ ၊ ငါ့ပိုက္ဆံေတြကိုလည္း စိတ္ဝင္စားတယ္ ၊ ငါ့ကိုပဲ စိတ္မဝင္စားတာေပါ့ ဟုတ္လား?
"မသိဘူး ၊ အခုေလာေလာဆယ္မွာေတာ့ ငါ့ညီေလးဆီကေနပဲ ေ႐ႊပိႆေလာက္ရေအာင္ ရွာေနတယ္"
စကားဆိုၿပီးသည္ႏွင့္ ခ်န္လုက်ိဳး မတ္တပ္ရပ္လိုက္၏။ သည္တစ္ႀကိမ္တြင္ေတာ့ သူ အမွန္တကယ္ထြက္သြားရန္ျပင္ေနျခင္းျဖစ္ၿပီး ႐ႊီက်စ္ ေရွ႕မွစားပြဲအား လက္ေခါက္ထိပ္ေလးမ်ားျဖင့္ သုံးေလးခ်က္ေခါက္၍လည္း စကားထပ္ဆိုလိုက္သည္။
"မင္း ဘာမွမယူစားေတာ့ဘူးလား ၊ ခ်ိဳက္ယင္းယင္းေတာင္မွ ဗိုက္ျပည့္ေတာ့မယ္"
အစားအေသာက္ထဲ၌သာ အာ႐ုံေရာက္ေနသည့္ ေပါက္စီပလုပ္ပေလာင္းသြတ္သြင္းေနေသာ ခ်ိဳက္ယင္းယင္း ; "....."
႐ႊီက်စ္သည္ မနက္ခင္းအေစာကတည္းက ေနျပင္းျပင္းေအာက္၌ လက္ဖက္႐ြက္မ်ား ျခင္းလိုက္ခူးထားေပးရသည္ျဖစ္ရာ ယခုလက္ရွိအခ်ိန္ထိပင္ နဖူးထိပ္မွေခြၽးစက္မ်ား မေျခာက္ေသး။ ထို႔အျပင္ စားခ်င္ေသာက္ခ်င္စိတ္လည္းမရွိေသးသျဖင့္ ;
"ထားလိုက္ေတာ့ ၊ ငါ မစားခ်င္ေသးလို႔"
ခ်န္လုက်ိဳးက ႐ႊီက်စ္အား တစ္ခ်က္လွမ္းၾကည့္၍ စကားဆို၏။
"မင္းသေဘာပါပဲ"
ဘာလို႔လာခြၽဲၿပီးေျပာေနတာလဲ....ငါက မင္းကို လိုက္ဂ႐ုစိုက္ေနတာမလို႔လား....'မစားခ်င္ေသးလို႔' ဟုတ္လား....
*********