(Unicode)
True love ❤💭 အပိုင်း -၄၀
အရင်ကလို မေမေကြီးဟာအစောအိပ်ယာထမလာသလို ရွှေကူဟင်ချက်နေသည်ကိုလဲ ဘေးမှထိုင်၍ကြည့်မနေတော့ပေ။ မေမေကြီးမသက်သာ၍ထင်ပါသည်။ ဘဘကြီးသာအောက်သို့ဆင်းလာပြီး မေမေကြီးကအိပ်နေဆဲဖြစ်သည်ဟု ဘဘကြီးကဝင်ပြောလာလေသည်။
မေမေကြီးအခန်းဆီရောက်တော့ မေမေကြီးကအိပ်နေသေးသည်မို့ မေမေကြီးနဖူးဆီကိုယ်လေးစမ်းကြည့်ရသည်။ အနည်းငယ်ပူနေသလို မေမေကြီးကသွေးတိုးလေးလဲရှိတတ်သေးသည်မို့ စိတ်တော့ပူရပါသည်။
"သမီး .."
"မေမေကြီးနိုးသွားတာလား"
"မေမေကြီးကမှိန်းနေတာလေ မေမေကြီးနေမကောင်းဘူးထင်လို့လား"
"ဟုတ်"
"မေမေကြီးဘာမှမဖြစ်ပါဘူးကွယ် သမီးစိတ်မပူနဲ့နော်"
ဒေါ်မာထထိုင်လိုက်ကာ သမီးဖြစ်သူကိုကြည့်မိတော့ မျက်နှာလေးငယ်နေရှာလေသည်။
"သမီးသွားလေ သမီးဘဘကြီးထမင်းစားတော့မယ်ထင်တယ် လုပ်ပေးလိုက်အုံးနော် မေမေကြီးမျက်နှာသစ်ပြီးလိုက်လာခဲ့မယ်"
"ဟုတ် "
စကားနားထောင်သည့်သမီးက အခန်းထဲမှထွက်သွားလေသည်ကိုကြည့်၍ ဒေါ်မာစိတ်မကောင်းဖြစ်နေရတော့၏။ မေမေကြီးစိုးရိမ်မိတယ်ကွယ် မေမေကြီးဘယ်လိုဆုံးဖြတ်ပြီး ဘယ်လိုစီစဉ်ရမလဲ မေမေကြီးလဲ လမ်းပျောက်နေပါပြီကွယ်။
မနက်စာစားသော်လည်း မာမီဟာဆင်းမလာ ဒယ်ဒီနှင့်အတူထမင်းစားသော်လည်း ဒယ်ဒီကစကားမပြော ဒီအတိုင်းသာနေနေလေသည်။ ကောင်မလေးကလဲ ထမင်းဝင်မစား ထမင်းပွဲပြင်ပြီး၍ ခြံထဲထွက်သွားလေတော့၏။
ကိုယ်တို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြတာ မှားနေလို့လားကွာ ကိုယ်တို့ကအချစ်စစ်နဲ့ချစ်နေကြတာလေ ဘာလို့မာမီကလက်မခံနိုင်တာလဲကွာ။
မနက် ၉ နာရီလောက်တွင်တော့ အိမ်ရှိလူကုန်လေးယောက်လုံးဟာ ဧည့်ခန်းတွင်ထိုင်၍ရှိနေကြလေသည်။ တစ်ယောက်မျက်မှာတစ်ယောက်ကြည့်နေကြသည်မှာ ကွန့်မြူးနှင့်ကောင်မလေးသာဖြစ်ပြီး မာမီနှင့်ဒယ်ဒီကတော့ မျက်နှာတွေတည်နေလေ၏။ ခက်ထန်ပါသည်။ လေထုအခြေနေဟာလဲ မုန်တိုင်းကျရောက်မည့်အလား ညို့မှိုင်းနေသည်ကို ကွန်းမြူးတို့မိသားစုလေးယောက်သာသိပါသည်။ ကောင်မလေးကြောက်အောင်လို့မာမီရာ ဘာလို့အဲ့လိုကြီးနေနေတာလဲဗျာ။
"ပြောပါအုံး နင့်အကျင့်ဆိုးတွေတဂယ်ပဲပြောင်းလဲသွားပြီလားဆိုတာ"
"ဟုတ် ကျွန်တော့စိတ်ထဲ ကောင်မလေးကလွဲလို့ဘာမှမရှိတော့ဘူးမာမီ"
မာမီဟာ သက်ပြင်းချကာ မျက်လုံးတို့ကိုမှိတ်လိုက်တော့၏။
"တဂယ်ပဲသမီးတစ်ယောက်ထဲကိုပဲချစ်ပေးနိုင်လားကွန့်မြူးဝေ"
"ကျွန်တော်ကြိမ်ရဲတယ်မာမီ"
"သမီးကိုလက်ထပ်ဖို့ထိ ရည်ရွယ်ထားသလား"
"ကျွန်တော်ကောင်မလေးကို အပျော်ကြံတာမဟုတ်ဘူးမာမီ အတည်ယူမှာပါ ကောင်မလေးဘက်ကလက်ခံတာနဲ့ ကျွန်တော်သေချာတောင်းရမ်းယူမှာပါ"
အဖြစ်က မိန်းခလေးရှင်ဘက်က မေးနေသည့်အတိုင်း မာမီကစစ်မေးနေလေသည်။
"သမီးအတွက် မင်းဘယ်အထိချစ်ပြီး အနာဂတ်အတွက်ဘယ်လိုတွေစီစဉ်ထားပြီလဲ"
"......."
"ဘာလဲ မဖြေနိုင်ဘူးလား မိန်းခလေးတစ်ယောက်ကို ချစ်သူရည်းစားအဖြစ်ရွေးချယ်ထားပြီဆိုရင် အဲ့မိန်းခလေးအတွက် အနာဂတ်နဲ့ဘယ်လိုဘယ်ပုံတာဝန်ယူမလဲဆိုတာ စဉ်းစားထားရတယ်ဆိုတာ ကွန့်မြူးဝေမင်းမသိတာလား ငါ့သားဖြစ်သူက အဲ့လောက်ထိတာဝန်မဲ့သွားပြီလား"
"အဲ့လိုမဟုတ်ဘူးမာမီ ကျွန်တော်အကုန်တွေးထားပြီးသား မာမီ့သားအကြောင်းမာမီမသိဘူးလားဗျာ ကျွန်တော့်ဘက်က ကောင်မလေးနဲ့ပတ်သက်ရင် ခံစားချက်အကုန်လုံးကအစစ်တွေကြည့်ပဲ ဘာမှအတုတွေမရှိဘူး"
"အဲ့တာဆိုပြောကြည့်လေ မင်းအစီစဉ်နားထောင်ကြည့်တာပေါ့"
"ကောင်မလေးကို နောက်ပိုင်းကျောင်းဆက်ထားမယ်မာမီ ကောင်မလေးကျောင်းမပီးသေးတာလဲ ကျွန်တော်သိတယ် အဲ့တော့တတ်လက်စအဝေးသင်ကို ပြန်ထားပြီးဘွဲ့တစ်ခုရစေချင်တယ် "
"ဘာလဲ အဲ့တာကမင်းမှလုပ်ပေးနိုင်မယ်ထင်လို့လား အစထဲက ငါကသမီးကိုကျောင်းပြန်ထားပေးဖို့တွေးပြီးသား "
"ကျွန်တော်ကောင်မလေးကို ဘယ်သူမှမထိနိုင်အောင်ကာကွယ်ပေးမှာမာမီ ကောင်မလေးနဲ့မှမဟုတ်ရင်ကျွန်တော်မိန်းမမယူတော့ဘူး အနာဂတ်အတွက်အစီစဉ်တွေကအများကြီးပဲ ကောင်မလေးကိုရိုးမြေကျတဲ့အထိပေါင်းပြီး ကောင်မလေးစကားပဲနားထောင်မယ်မာမီ မာမီနဲ့ဒယ်ဒီလိုပေါ့ ကျွန်တော့အချစ်က အဲ့ထက်တောင်ပိုနိုင်တယ်မာမီ..."
အကိုလေးစကားတွေဟာ အတည်ဖြစ်သည်ကိုရွှေကူခံစားမိပါသည်။ မေမေကြီးမေးသည့်မေးခွန်းတွေက ရွှေကူအတွက် တစ်ဘဝလုံးစာအတွက်မေးခွန်းတွေဖြစ်သလို ပြန်ဖြေသည့်အကိုလေးရဲ့ စကားတွေကြောင့်လဲ ရွှေကူကြည်နူးမိရသည်။
"ကောင်မလေးနဲ့ပဲ တစ်ဘဝလုံးဖြတ်သန်းချင်တယ် ကောင်မလေးဒုက္ခရောက်မယ့်အဖြစ်မျိူး ကျွန်တော်ဘာမှမလုပ်ဘူးမာမီ ကောင်မလေးကိုဘယ်လောက်ထိ ချစ်သလဲလို့မေးတယ်မလား အသက်လောက်ထိချစ်တယ် ကျွန်တော့အသက်ပေးရလောက်တဲ့အထိကိုချစ်တယ်မာမီ"
"တစ်နေ့တာရဲ့အစကို ကောင်မလေးနဲ့ပဲစတင်ပြီး နေ့စဉ်နဲ့အမျှ ကောင်မလေးနဲ့ပဲ တစ်နေ့တာကိုအဆုံးသတ်ချင်တယ် ကောင်မလေးမျက်ရည်ကျပြီး ဝမ်းနည်းနေရင် ကျွန်တော်ငရဲကျသလိုခံစားရတယ်မာမီ "
"ကောင်မလေးအတွက် ကျွန်တော်ကအားကိုးရာဖြစ်ချင်တယ် ကောင်မလေးရှေ့က ကာကွယ်ပေးမယ့် ကျောက်တိုင် တံတ်ိုင်းကြီးလို ကျွန်တော်ဖြစ်ချင်တယ်"
"အသက်လောက်ထိ ချစ်ပါတယ်ဆိုတာ ယုံနိုင်စရာမရှိပေမယ့် အရေးကြုံလာရင်ကျွန်တော်တဂယ်အသက်ပေးရဲတယ်မာမီ အဲ့လောက်ထိကျွန်တော်ကောင်မလေးကို ချစ်တာ"
ထိုအပြောတွေကို ရွှေကူ့ကိုကြည့်၍ဖြေနေသည့်အကိုလေးရဲ့မျက်ဝန်းတွေဟာ လေးနက်လွန်းပါသည်။ ရွှေကူတော့ သေပျော်ပါပြီအကိုလေးရယ်။
သားဖြစ်သူဆီ မေးသင့်သလောက်မေးပြီးဖြစ်သလို ကိုယ်တိုင်ဝမ်းနှင့်လွယ်မွေးထားသည့်သားမို့ သားအတည်တွေပြောနေမှန်းလဲ သိပါသည်။ မာမီက သေချာချင်လို့ပါကွယ်။ သမီးလေးကို မာမီတို့အနိုင်ကျင့်သလိုဖြစ်မှာဆိုးလို့ မာမီကသေချာမေးရတာပါသားရယ်။
"သမီးကရော တဂယ်ပဲသားကိုချစ်သလား သားခြိမ်းခြောက်တာတွေလုပ်လို့ ပြန်ချစ်လိုက်တာလားသမီး"
"သမီးတဂယ်အကိုလေးကိုချစ်တာပါ အကိုလေးကခြိမ်းခြောက်တာတွေလဲမရှိဘူး သမီးသဘောနဲ့ပါမေမေကြီး"
ရွှေကူဒီနေ့လေးတွင်တော့ မျက်နှာပူပြီးမဖြေပဲနေ၍မရတော့ မဟုတ်လျှင်အကိုလေးနှင့်ရွှေကူဝေးရနိုင်ပါသည်။
"မေမေကြီးရှည်ရှည်ဝေးဝေးမမေးတော့ဘူး သူရည်းစားများခဲ့တာသမီးသိလား""
"ဟုတ်.. သမီးသိပါတယ်"
"မိန်းမတိုင်းနဲ့အိပ်ခဲ့တာတွေရောသမီးသိလား"
ရွှေကူတိတ်ဆိတ်သွားမိ၏။ ကောလဟာလတွေထင်ခဲ့မိသည်က ယခုတော့တဂယ်ကြီးဖြစ်နေသည်ပေါ့လေ။ ရွှေကူ့စိတ်ထဲ အရာရာဟာဟာဒွိဟဖြစ်စွာ စဉ်းစားနေမိ၏။
တစ်နေ့နေ့တော့ ကောင်မလေးကိုပြောပြမည်ဟု ကိုယ်တိုင်ကြံရွယ်ထားသော်လည်း မာမီ့ကိုယ်တိုင်က မထင်မှတ်ထားစွာပြောလာသည့်အခါ ကွန့်မြူးလဲကြောက်မိ၏။ ကောင်မလေးလက်မခံနိုင်ပဲကိုယ့်ကိုထားသွားမှာ ကိုယ်ကြောက်မိတယ်ကွာ။
"မေမေကြီးတို့က သမီးကိုဖုံးကွယ်ထားတဲ့အဖြစ်မျိုးဘာမှမရှိစေချင်ဘူးသမီး သားအရင်ကမိန်းမရှုပ်ခဲ့တယ် ပျက်စီးခဲ့တယ် လုံးဝကိုထိန်းမနိုင်အောင်ထိဆိုးခဲ့တယ် အဲ့တာတွေက အခုအချိန်မှာတစ်ခုမှမရှိတော့ဘူးဆိုပေမယ့်လဲ သမီးအတိတ်ကိုလက်ခံနိုင်မှ ကျန်တဲ့အရာတွေကဆက်ပြောလို့ရမှာသမီး သမီးစိတ်ထဲ လက်ခံနိုင်ရဲ့လား"
စိုးထိတ်နေသည့်ကောင်မလေးရဲ့ အကြည့်လေးတွေဟာ ဂနာမငြိမ်သလို လက်လေးတွေကိုလဲအချင်းချင်းတို့ဆိတ်နေ၏။
"သမီး ..သမီးစဉ်းစားချင်သေးတယ်မေမေကြီး "
"အင်းပေါ့ မိန်းခလေးပဲလေ သေချာစဉ်းစားသမီး ဘယ်လောက်ပဲချစ်တယ်ဆိုအုန်းတော့ ဒီလိုကိစ္စတွေကတော့ ပေါ့ပေါ့လေးတွေးလို့မရဘူးသမီး သမီးအချိန်ယူချင်သေးလား"
"ဟုတ် "
ကောင်မလေးဘက်က လုံးဝမီးနီနေပြီမို့ ကွန့်မြူးဝင်မပါ၍မရတော့ပြီဖြစ်သည်။
"ခဏလေးကောင်မလေး "
ရွှေကူ့လက်မှဆွဲလိုက်သည့်အကိုလေးကြောင့် ရွှေကူအကိုလေးခေါ်ရာ အိမ်အပြင်ဘက်သို့ ပါလာခဲ့တော့၏။
အပြင်ဘက် ဒန်းလေးပေါ်ထိုင်ခိုင်းလိုက်တော့ ကောင်မလေးကမျက်နှာကိုမကြည့် ခေါင်းလေးငုံ့ထားလေတော့သည်။
"ကိုယ်အဲ့ကြောင်းတွေနောက်မှပြောမလို့ပါကွာ ကိုယ်နောက်မှပြောမလို့အချိန်ယူနေမိတာပါကွာ"
"ရွှေကူ့ကိုဘယ်အချိန်မှပြောမှာလဲဟင် မေမေကြီးများမပြောရင် အကိုလေးရွှေကူ့ကိုဆက်ပြီးဖုံးကွယ်ထားအုံးမှာမလား ဟင့် ..."
"ဟာ မဟုတ်ပါဘူးကွာ ကိုယ်ဖုံးကွယ်ပြီးနေဖိို့ထိမတွေးထားပါဘူးကောင်မလေးရယ်"
ရွှေကူ့မျက်နှာဆီ မျက်ရည်တွေ လာသုတ်ပေးသည့်အခါ အကိုလေးလက်ကို ရွှေကူခါထုတ်လိုက်မိသည်။
"ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ့်အမှားတွေပါ"
"ဟင် အကိုလေးထ ဘာလုပ်တာလဲအဲ့တာ"
ရွှေကူ့ရှေ့ဒူးထောက်ထိုင်လိုက်သည့်အကိုလေးကြောင့် ရွှေကူမျက်ရည်တွေကိုသုတ်ကာ အမြန်ပင်ထရပ်၍ ဆွဲထူလိုက်ရသည်။ သို့ပေမယ့်အကိုလေးက ထမလာ ရွှေကူဘယ်လိုဆွဲဆွဲထိုင်နေဆဲမို့ ရွှေကူလဲ ဘေးတွင်ထိုင်ချလိုက်တော့၏။
"ကိုယ်အရင်က မိန်းမတိုင်းနဲ့အိပ်ခဲ့တယ် ဒါပေမယ့်ကောင်မလေးနဲ့တွေ့ပြီးထဲက ကိုယ်အဲ့စိတ်တွေမရှိတော့ဘူး ဘယ်မိန်းခလေးမှလဲ ကိုယ်အပျော်ထပ်တွဲဖို့မစဉ်းစားခဲ့ဖူးဘူးကောင်မလေး အဲ့တာလေးတော့ယုံပေးပါကွာ "
ရွှေကူမဖြေမိ တစ်ဖန်မျက်ရည်တွေကျနေမိ၏။ အကိုလေးဟာလဲ အသံတွေတုန်နေသလို မျက်ရည်တွေဝဲ၍ ရွှေကူ့ကိုပြောလာတော့သည်။
"ကိုယ့်အတိတ်ကအရာတွေကို သွားပြီးပြင်ဆင်လို့ရရင်ကိုယ်ပြင်လိုက်ချင်တယ် ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ့်ကိုခွင့်လွှတ်ပါနော် ကိုယ်ကောင်မလေးမရှိပဲ မနေနိုင်ဘူး ကောင်မလေးနဲ့လဲမခွဲနိုင်ဘူး ကောင်မလေးနဲ့ခွဲရရင် ကိုယ်သေသွားနိုင်တယ်ကွ "
"ဟင့် ဟင့်.. ရွှေကူကရော အကိုလေးနဲ့ခွဲနိုင်တယ်ထင်လို့လား ရွှေကူ့လဲစဉ်းစားရခက်နေတာပဲ အကိုလေးကိုချစ်လို့အရာရာခွင့်လွှတ်နိုင်မယ်လို့ထင်မိတာ ဒါပေမယ့်ရွှေကူလက်တွေ့မှာတွေဝေမိနေတယ်အကိုလေးရဲ့ ဟင့် ရွှေကူအရင်ကဒီအရာတွေကို တဂယ်မဟုတ်ပါစေနဲ့လို့တွေးခဲ့တာ ဟင့် ..ရွှေကူ့ဆန္ဒတွေမပြည့်ခဲ့ဘူး ဟင့်.. အကိုလေးကလူရှုပ်ကြီး လူညစ်ကြီး ဟင့်.."
ရင်ဘက်ဆီထုရိုက်၍ ငိုယိုကာပြောလာသည့်အခါ ကွန့်မြူးလဲဝမ်းနည်းရတော့သည်။ ရင်ခွင်ထဲ ဆွဲ၍ဖက်ထားလိုက်တော့ ဆက်၍ထုရိုက်ကာ ငိုနေလေတော့သည်။
"အရင်ထဲက သိခဲ့တာပေါ့ ဘာလို့ကိုယ့်ကိုမပြောတာလဲကွာ "
"ရွှေကူမှတဂယ်မဖြစ်စေချင်တာ ဟင့်.. ရွှေကူမေးလိုက်လို့တဂယ်ကြီးဖြစ်နေရင် ရွှေကူခံစားရမှာလေ ဟင့်.."
"ကောင်မလေးရယ် "
ရွှေကူငိိုမိပါသည်။ ဘယ်မိန်းခလေးမဆို ကိုယ့်ချစ်သူကိုအနည်းဆုံးတော့ မိန်းမအရှုပ်ရှင်းကင်းနေသည်ကိုပဲလိုချင်ကြတာမျိုးလေ။ ဂရုစိုက်မှုတွေအလုံအလောက်မပေးလျှင်တောင် မိန်းမကိစ္စရှင်းရှင်းနှင့် လူမျိုးကိုပဲတောင့်တကြတာမျိုးမို့ အကိုလေးကိုလဲ ထိုကိစ္စနှင့်ဝေးစေချင်ပါသည်။ ဘယ်လိုပဲအတိတ်ဟုဆိုဆို ရွှေကူနောက်လှည့်ကြည့်လိုက်တိုင်း ရင်ထဲခံစားရမည်မို့ ရွှေကူတွေဝေမိနေသည်။
"ဘယ်လိုလဲသမီး သမီးအဖြေရှာခဲ့ပြီလား"
"ဟုတ် သမီးရွာပြန်ချင်တယ်မေမေကြီး သမီးကိုရွာပြန်ခွင့်ပြုပါနော် "
"ကောင်မလေး.."
"သမီးရွာပြန်ပြီးဒေါ်လေးနဲ့နေချင်သေးတယ် သမီးပြန်လာမှာပါ သမီးအတွက်အချိန်လိုသေးတယ်လေ သမီးရွာပြန်ပြီးစဉ်းစားချင်တယ်မေမေကြီး သမီးကိုခွင့်ပြုပါနော် "
"အင်းပေါ့လေ သမီးကပြန်လာမယ်ဆိုတော့လဲ မေမေကြီးခွင့်ပြုပါ့မယ် "
"ဟုတ်"
"မာမီ.."
ကွန့်မြူးကို မာမီက လက်ကာပြကာ ဆက်မပြောဖို့တားလေသည်။
"သမီးအကြာကြီးတော့အချိန်ယူလို့မရဘူးနော်သမီး သမီးသေချာလာစဉ်းစားခဲ့ မေမေကြီးစောင့်နေမယ်သမီး "
"ဟုတ်ကဲ့ "
တောင်းပန်သော်လည်းအရာမဝင် ရွှေကူအကိုလေးကိုချစ်ပါတယ်လို့ပြောပြီး ရွာပြန်ဖို့ရွေးခဲ့တာတဲ့လားကောင်မလေးရယ်။
"သမီး ဘယ်တော့ပြန်ချင်တာလဲ"
"ဒီနေ့လည်ပဲပြန်ချင်တယ်မေမေကြီး"
ကောင်မလေးရယ် ပြတ်သားလှချည်လားကွာ။ ချက်ချင်းကြီးကိုပြန်ချင်တယ်တဲ့လား။ ဟုတ်ပြီ ကောင်မလေးကိုခွင့်ပြုပေးတယ် ဒါပေမယ့်ကိုယ်ရောပါ လိုက်ခဲ့မယ်ကောင်မလေး။ ကောင်မလေးခွင့်မပြုလဲကိုယ်လိုက်ခဲ့မှာကောင်မလေး။ ကောင်မလေးမရှိတဲ့ဒီနေရာကြီးမှာ ကိုယ်မနေချင်ဘူးလေ အဲ့တော့ဘယ်နည်းနဲ့မဆိုကိုယ်လိုက်ခဲ့မယ်ကွာ။
Words 2371
26.10.2023 5:25pm
ဆက်လက်ကြိုးစားသွားပါမည်။