Duo Meng《夺梦》// Seizing Dreams...

By _Kanei

35.5K 4.6K 174

• Author : 非天夜翔 ( Fei Tian Ye Xiang ) • 2018 Released • 165 Chapters • Genre : Action, Adventure, Fantasy, R... More

Description
Characters Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24【End of Volume-1】
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Attention Please!

Chapter 53

209 27 5
By _Kanei

{Unicode}

[Vol-2: Chichén Itzá]
သေနတ်သံ

ကျိုးရှန်းလက်ထဲမှ ကျင်းကူးပန့်သည် တုန်ခါလာခဲ့ပြီးနောက် တစ်စတစ်စ ရှည်ထွက်လာကာ တစ်ဖက်တောင်စောင်းနှင့် သွားရောက်ဆက်သွယ်လျက် နှစ်ယောက်သားအား တံတားသဖွယ် အသုံးပြု၍ရအောင် စီစဉ်ပေးလေသည်။

"သတိထားဦး"

ကျိုးရှန်းက စိတ်မပါသည့်လေသံဖြင့် ဆိုသည်။ သူသည် ကျင်းဝူးစက်ဝန်းတစ်ဖက်ရှိ အသင့်စောင့်ဆိုင်းနေကြသော နဂါးနှင့် စစ်သားအုပ်စုကို ဒီဘက်သို့ဆင့်ခေါ် ဖို့ရာ ချန်းယဲ့ခိုင်ထံမှ ဘယ်လိုခွင့်ပြုချက်တောင်းရမလဲကို စဉ်းစားနေခြင်းဖြစ်၏။

လမ်းတစ်လျှောက်တွင်လည်း ချန်းယဲ့ခိုင်အား သူ့ထံတွင် နဂါးတစ်ကောင်ပိုင်ဆိုင်ကြောင်း၊ ထိုနဂါးကို အနှီအိမ်မက်ထဲတွင်ပေါ်လာစေချင်ကြောင်း၊ အမျိုးမျိုးပရိယာယ်သုံးပြီး ကြိုးစားခိုင်းကြည့်သော်လည်း အားလုံးအချည်းအနှီးသာ ဖြစ်နေလေ၏။ အခြားလိုအပ်ချက်တစ်ခုခုရှိသေးလို့ဖြစ်မယ်...... ကျိုးရှန်းတွေးမိသည်။

"မင်းနဲ့ ယွီဟောက်က...... ခင်လာတာကြာပြီလား?"

ကျင်းကူးပန့်ပေါ်တွင် လျှောက်နေရင်း ချန်းယဲ့ခိုင်က မသိမသာ မေးခွန်းထုတ်သည်။

"မကြာသေးဘူး"

သူ ယွီဟောက်ကို ဘယ်လိုကယ်ဆယ်ခဲ့ကြောင်း ကျိုးရှန်းက အကြမ်းဖျင်းရှင်းပြလိုက်သည်။

ချန်းယဲ့ခိုင်, "ထင်တဲ့အတိုင်းပါပဲ"

ကျိုးရှန်းတွေးမိလိုက်သည်။ ချန်းယဲ့ခိုင်တစ်ယောက် အနှီမေးခွန်းကိုမမေးမှီ စိတ်ထဲ များစွာသောအဖြေများ ကောက်ချက်ချထားလောက်၏။  ယွီဟောက်၏ ယခင်က ကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင် ကြံစီတတ်သော အမူအကျင့်များအပါအဝင်ပင်။

ရုတ်တရက် ချန်းယဲ့ခိုင်က ရပ်တန့်သွားသည်။

အကာအရံဟူ၍ တစ်စိုးတစ်စိမျှမရှိသော ကျင်းကူးပန့်အပေါ်တွင် မတ်တပ်ရပ်နေကြရင်း ကျိုးရှန်းသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်၏။ အောက်ဘက်ရှိ အဆုံးမဲ့အသုတရာချောက်နက်ကြီးထဲမှ တစ်စုံတစ်ခုက လျင်လျင်မြန်မြန် အပေါ်သို့တက်လာနေသည်ပင်!

"ပြေးတော့!"

ကျိုးရှန်းတစ်ယောက် ဆုံးဖြတ်ချက်ပြတ်သားစွာ အော်သည်။

သို့ပေသိ များမကြာမှီပင် စူးစူးရှရှ အော်ဟစ်ကြိမ်းမောင်းနေကြသော မျက်လုံးများနှင့် ပါးစပ်ပေါက်ပျံများက ချောက်ကမ်းပါးကြီးအတွင်းမှ ပျံဝဲထွက်လာကြပြီး ပါးစပ်ပေါက်များကဆို ဓားပျံတွေကိုပါ ထုတ်လွှတ်နေပါသေး၏။ ချန်းယဲ့ခိုင်နှင့် ကျိုးရှန်းနှစ်ယောက်သားသည် ခြေကုန်သုတ် ထွက်ပြေးရန်ကြိုးစားနေကြစဉ် ကျိုးရှန်းက ရုတ်တရုက် အော်လာခဲ့သည်။

"ရှောင်လိုက်!"

နှစ်ယောက်သားသည် ကျင်းကူးပန့်ပေါ်တွင် ဒယိမ်းဒယိုင် တွဲလောင်းခိုလိုက်ကြပြီး အပိုင်းပိုင်းဖြတ်ရန်လာနေသော ဓားပျံအုပ်ကြီးကို သီသီလေး ရှောင်တိမ်းလိုက်ကြသည်။

ဧရာမအရိပ်မဲကြီးတစ်ခုသည်လည်း ချောက်နက်ထဲမှ ထွက်ပေါ်လာခဲ့ကာ လူအသွင်ပြောင်းလဲလို့သွား၏။ ၎င်း၌ ဘက်စကတ်ဘောဘောလုံးမျှကြီးမားသော မျက်လုံးကြီးများပိုင်ဆိုင်ပြီး ပါးစပ်ကမူ အင်္ဂလိပ်စကားများ အော်ဟစ်နေလျက် ကျိုးရှန်းတို့နှစ်ယောက်ထံ တဟုန်ထိုးလာနေလေသည်။

"အဲ့ဒါကရောဘာကြီးတုန်း?!"

ကျိုးရှန်းကအော်သည်။

ချန်းယဲ့ခိုင်, "......"

ကျိုးရှန်း, "ခိုင်ခိုင်!"

ကျင်းကူးပန့်အား ဆွဲထားရင်း ချန်းယဲ့ခိုင်၏လက်မှာ ဓားဖြင့်အခြစ်ခံလိုက်ရပြီး ချက်ချင်းကို သွေးများလျှံထွက်လာသဖြင့် ဒဏ်ရာကြောင့် လက်မှာချော်သွားရပြီး ချောက်နက်ကြီးထဲသို့ ပြုတ်ကျတော့မည့်ဆဲဆဲ ကျိုးရှန်းက ညာဘက်လက်ဖြင့် ချန်းယဲ့ခိုင်၏ ရှပ်အင်္ကျီကော်လံကို လှမ်းဆွဲကာ ဘယ်ဘက်လက်တစ်ဖက်တည်းဖြင့် ကျင်းကူးပန့်ကို အပတ်တကုတ် ဆွဲထားရှာလေသည်။

"အဲ့ဒါ......"

ချန်းယဲ့ခိုင်ကမူ ထိုအရိပ်မဲကြီးထံသို့သာ စိုက်ကြည့်လို့နေရင်း ဆိုလာခဲ့သည်။

"Solimai...... သူပဲ၊ ငါတို့ဗွီဒီရို တင်ခဲ့တဲ့သူ......"

ကျိုးရှန်းကအော်သည်။

"ဘာမှကြောက်မနေနဲ့! ဒါအိမ်မက်ဘဲလေ!"

ကျိုးရှန်း၏အော်သံကြောင့် ချန်းယဲ့ခိုင်တစ်ယောက် ကြောင်အမ်းနေရာမှ ချက်ချင်း အသိပြန်ဝင်လာခဲ့ပြီး ကျောနောက်မှ သေနတ်ကိုထုတ်ကာ အရိပ်မဲကြီးထံ သုံးချက်ပစ်ခတ်လိုက်သည်။ ကျယ်လောင်သော ပတ်ခတ်သံတို့အကြား အရိပ်မဲကြီးသည် နာကျင်စွာအော်ငြီးလျက် ပုံလဲကျသွားခဲ့ပြီး မီးခိုးမည်းများအဖြစ် ပြောင်းလဲလို့သွားသည်။ ထိုမီးခိုးများသည် အခြားတစ်ဖက်ဆီသို့ သွားရောက်ပြန်လည်စုစည်းကြပြီးနောက် ချက်ချင်းပင် မရပ်မနားအော်ဟစ်နေကြသော ပါးစပ်ပေါက်များအဖြစ် ပြောင်းလဲလို့သွားပြန်၏။ ထိုပါးစပ်ပေါက်များက ကျိုးရှန်းတို့နှစ်ယောက်ထံ ဓားချွန်များစွာ ပစ်လွှတ်လာကြပြန်သည်။

"မျက်လုံးကိုချိန်ပစ်!"

ကျိုးရှန်းခမျာ လက်တစ်ဖက်က ကျင်းကူးပန့်ကိုကိုင်ထားရပြီး နောက်လက်တစ်ဖက်က ချန်းယဲ့ခိုင်ကို ဆွဲထားရ၏။ သူက အားအသားကုန်ထည့်လျက် ချန်းယဲ့ခိုင်ကို လေပေါ်မြောက်လိုက်ပြီး ကျင်းကူးပန့်ပေါ်တွင် သူ့ဘာသူ ကိုင်ထားစေလေသည်။

ချောင်းကမ်းပါးပတ်လည် မျက်လုံးများနှင့် ပါးစပ်ပေါက်များ ပျံဝဲနေသည်ကိုသာ တွေ့ရနိုင်ပါ၏။ ပါးစပ်ပေါက်များကမူ အင်္ဂလိပ်၊ ဂျပန်၊ စပိန်၊ အီတလီ စသဖြင့် ဘာသာစကားမျိုးစုံသုံးလျက် အော်ဟစ်နေကြသည်ပင်......

"ဘာတွေပြောနေကြတာတုန်း?!"

ကျိုးရှန်းကမေးသည်။

"ငါနောက်ထပ် အင်္ဂလိပ်စာ listening test မဖြေချင်ဘူးနော်!!"

ရုတ်တရက် ချန်းယဲ့ခိုင်တစ်ယောက် စိတ်ပေါက်သွားသည့်နှယ် ၎င်းတို့ထံ အင်္ဂလိပ်လို ပြန်အော်လေ၏။

ကျိုးရှန်း, "???"

တမုဟုတ်ချင်း ကျိုးရှန်းနားလည်လိုက်ပါသည်။ ချောက်ထဲမှထွက်လာသော ထိုအရာများကား — ချန်းယဲ့ခိုင်နှင့်ရူဆဲ ဖြတ်ကျော်ခဲ့ရသော ထိုလူ့ထံမှ အရှက်ခွဲစော်ကားသည့် စကားများပင်ဖြစ်၏။ နှစ်ယောက်သားမှာ မရပ်မနား ပျံဝဲလွင့်စင်နေသော ဓားပျံများကို တောက်လျှောက် ရှောင်တိမ်းနေရတော့သည်။ ချန်းယဲ့ခိုင်က ၎င်းတို့ကို ပြန်လည်ပစ်ခတ်လိုက်ပြီး ပတ်ခတ်မှုအဆုံး၌ ပတ်ဝန်းကျင်သည် တဖြည်းဖြည်းပြန်လည်ငြိမ်သက်လာလေ၏။

ချန်းယဲ့ခိုင်, "မင်း ဒိုင်းကရော?"

ကျိုးရှန်း, "အဲ့ဒါကျင်းကူးပန့်ပဲလေ၊ ဒိုင်းအနေနဲ့သုံးရင်သုံး မသုံးရင် လက်နက်အနေနဲ့ တစ်မျိုးပဲသုံးလို့ရတာ၊ ယွီဟောက်အိမ်မက်ထဲမှာမှမဟုတ်ရင် နှစ်ခုတပြိုင်နက်တည်းသုံးလို့မရဘူး"

နှစ်ယောက်သားသည် တထိတ်တလန့်ဖြင့် အသက်ကိုလုရှူနေရရှာ၏။ မကောင်းဆိုးဝါးများကမူ အမှောင်ယံအလယ် ချောက်ကမ်းပါးပေါ်မှ အချိန်မရွေးတက်လာတော့မည့်နှယ်။

"သွားစို့!"

ကျိုးရှန်းက လောသည်။

ချန်းယဲ့ခိုင်တစ်ယောက် ကျင်းကူးပန့်ပေါ်သို့ ပြန်တက်လိုက်ပြီးနောက် ကျိုးရှန်းကို လက်တစ်ဖက်ဖြင့် ဆွဲတင်ပေးသည်။ တံခါးပေါက်ရှေ့ရှိ မီးခိုးမည်းများသည် ပြန်လည်းစုစည်းလာကြပြန်ပြီး လူယောက်ကျ်ားတစ်ယောက် ပုံစံအသွင်သို့ ပြောင်းလဲလို့သွား၏။

ကျိုးရှန်းလည်း ခြေလှမ်းသွက်သွက်ဖြင့် နောက်ကအမှီပြေးလိုက်လိုက်သည်။ ရုတ်တရက် ထိုယောကျ်ား၏မျက်နှာမှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး ၎င်းကနောက်သို့ ခြေတစ်လှမ်းဆုတ်သွား၏။ ၎င်း၏မျက်နှာမှာ ချန်းယဲ့ခိုင်၏လက်သီးနှင့် ပက်ပင်းတိုးသွားရပြီး ထိုယောကျ်ားက လက်ကိုချက်ချင်းမြောက်ကာ မြေကြီးပေါ်တွင် တဖြေးဖြေး ဒူးထောက်ကျသွားလေသည်။

ချန်းယဲ့ခိုင်ကမူ တစ်ကိုယ်လုံး တုန်ယင်နေရှာသည်။ သူက ဘေးသို့လှည့်ကာ သေနတ်ကိုထုတ်လိုက်ပြီး ယောကျ်ား၏နဖူးတွင် တေ့ထားလိုက်သည်။

ကျိုးရှန်းက ကျင်းကူးပန့်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီးနောက် ပလက်ဖောင်း၌ရပ်နေရင်း ချန်းယဲ့ခိုင်၏လုပ်ရပ်ကို သေသေချာချာ ကြည့်နေခဲ့သည်။ ချန်းယဲ့ခိုင်တစ်ယောက် ပင့်သက်ရှိုက်ဖို့စွာ ရှူရှိုက်လျက် တဖြည်းဖြည်းချင်း သေနတ်မောင်းကိုတင်လိုက်သည်။

သေနတ်သံထွက်လာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကျိုးရှန်း သေနတ်သံမကြားခဲ့ရပါ။ အကြောင်းကား ချန်းယဲ့ခိုင်က မပစ်ခဲ့သောကြောင့်ပင်။

"သတ်လိုက်လေ"

မှောက်မိုက်လွန်းသော ချောက်နက်ကြီးထဲမှ ရူဆဲ၏အသံက ထွက်ပေါ်လို့လာ၏။

"ငါ့အတွက်လက်စားချေလိုက်စမ်းပါ ငကြောက်ရဲ့...... သတ်ပစ်လိုက်၊ မပစ်ဘဲဘာလုပ်နေတာလဲ?"

တမုဟုတ်ချင်း ကျိုးရှန်းလည်း သတိကြီးကြီးထားမိလိုက်သည်။ ၎င်းကဘာကိုဆိုလိုသနည်း? သီအိုရီအရဆိုလျှင် အိမ်မက်ထဲရှိ မိမိဖန်တီးထားသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သတ်ခြင်းမှာ အပြင်လောကအပေါ် မည်သည့်အကျိုးသက်ရောက်မှုမှမရှိပေ။ ဥပမာပြရလျှင် ယွီဟောက်က ဆင်ကိုသုံးပြီး အကြံပေးရွှဲလုံနှင့် အတန်းပိုင်ဆရာတို့ကို အိမ်မက်ထဲမှာ တက်နင်းခဲ့သလိုပင်။ ထပ်ပြီးနက်နက်နဲနဲဆိုရလျှင် ထိုသို့လုပ်လိုက်ခြင်းဖြင့် အပြင်လောကရှိ ထိုသူများအပေါ် ထားရှိသော မိမိ၏ကြောက်စိတ်ကိုတောင် ချေဖျက်ပြီးသားဖြစ်သေး၏။

သို့သော်ငြားလည်း "ရန်သူ့အကွက်ထဲ မဝင်သင့်" ဆိုသလို ဤအချိန်မှာ ချန်းယဲ့ခိုင်ဘက်က သေနတ်မောင်းကိုမဆွဲသင့်ဟု ကျိုးရှန်းတွေးမိလိုက်ပါသည်။ အခုနေ တရားခံကို ပစ်လိုက်လျှင် အိမ်မက်အတွင်း ဘာတွေပြောင်းလဲသွားနိုင်သနည်း?

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်......

ချန်းယဲ့ခိုင်တစ်ယောက် ပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။

"ထွက်သွား"

ချန်းယဲ့ခိုင်က အသက်ခပ်ဩဩဖြင့် ဆိုလိုက်သည်။

"နောက်ထပ်ငါ့ရှေ့ ဘယ်တော့မှပြန်ပေါ်မလာနဲ့"

တမုဟုတ်ချင်း Solimaiထံမှ အော်ဟစ်ငြီးငြူသံကြီး ထွက်ပေါ်လာခဲ့ပြီး မီးခိုးမည်းများလည်း တစ်စတစ်စ ပျက်ပြယ်သွားလေ၏။  ထို့နောက် အဆုံးမဲ့ချောက်နက်ကြီးထဲမှ ဧရာမကျောက်တုံးကြီးများ အပေါ်သို့တက်လာခဲ့ကာ ထိုမှောင်မိုက်သောချောက်နက်ကြီးကို အလျင်အမြန် ဖုံးဖိလာကြတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း ချက်ချင်းပင် ကျယ်ပြောသော စင်္ကြံလမ်းကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နှစ်ယောက်သားရှေ့တွင် Chichén Itzá၏ ပင်မတည်နေရာသို့ ဦးတည်သော ဂိတ်တံခါးကြီးသာ ကျန်ရှိတော့လေသည်။

"Nicky မင်း အမှိုက်လိုကောင်—"

ချောက်နက်ကြီးအလယ် ရူဆဲ၏ အော်ဟစ်ကြိမ်းမောင်းသံက ထွက်ပေါ်လို့လာ၏။

"ဟုတ်ပါတယ်"

ချန်းယဲ့ခိုင်ကဆိုသည်။

"ရူဆဲ ဒီလိုမျိုးသတ်လိုက်လို့ မင်းအတွက် နည်းနည်းလောက်လေးဘဲဖြစ်ဖြစ် စိတ်သက်သာရာရမယ်ဆိုရင် ငါ အနှစ်၂၀ပဲကျကျ တစ်သက်တစ်ကျွန်းပဲကျကျ ခံရဲပါတယ်"

သူက သေနတ်ကိုပြန်သိမ်းလိုက်သည်။

"ဒါပေမယ့် အဲ့နေ့ကမင်းငါ့ကိုပြောခဲ့တာ ငါမှတ်မိသေးတယ်၊ ငါ့ကိုလူမသတ်စေချင်ဘူးတဲ့၊ ပြန်ပေးဆပ်ရမှာမတန်လို့ပါတဲ့၊ ဒါတွေအားလုံးကနောက်ကျရင် အတိတ်သာသာပဲဖြစ်သွားမှာမလို့တဲ့လေ၊ နှစ်ယောက်အတူရှိရဖို့ထက် ဘယ်အရာမှအရေးမကြီးပါဘူးဆိုပြီး မင်းပြောခဲ့တာ"

"ငါ့စိတ်ထဲကမပါဘူးကွ—!"

ရူဆဲ၏အော်ဟစ်သံမှာ ဂယောင်ချောက်ခြားဖြစ်နေသည့်အလား။

"ပြန်လာခဲ့ပါ"

ချန်းယဲ့ခိုင်ကဆိုသည်။

"ရူဆဲရယ် ဘယ်သူက မင်း အစစ်လဲကွာ?"

ကျိုးရှန်း, "......"

နှစ်ယောက်သားအရှေ့ရှိ ဧရာမတံခါးကြီးမှာ တဖြည်းဖြည်းပွင့်လာခဲ့ပြီး လင်းလက်တောက်ပသော အလင်းတန်းကိုပြသလာခဲ့သည်။

...

"တစ်ယောက်ယောက်ရှိလား?"

ယွီဟောက်က အော်သည်။

"နာကာဂါဝါရူဆဲ! မင်းဘယ်မှာလဲ? ထွက်လာခဲ့စမ်းပါ!"

"တစ်ယောက်ယောက်ရှိလား တစ်ယောက်ယောက်ရှိလား......"

ရေတွင်းထဲမှ ပဲ့တင်သံကို ကြားရနိုင်ပါ၏။

ယွီဟောက် ရုတ်တရက် ကြားလိုက်ရသည်။ ပဲ့တင်သံမှာ သူ့အသံမဟုတ်ပေ!

"တစ်ယောက်ယောက်ရှိလား?"

အားနည်းဖျော့တော့သော အသံကမေးလာ၏။

ယွီဟောက်, "!!!"

တမုဟုတ်ချင်း ယွီဟောက်လှည့်ကြည့်လိုက်သည်။ အသံကား ရေတွင်းထဲမှ ထွက်လာခြင်းပင်! ဘာတွေဖြစ်နေတာလဲ? သူနဲ့ရူဆဲအပြင် နောက်ထပ်အခြားတစ်ယောက်ရှိနေသေးတာလား?!

"ဘယ်သူလဲ?!"

ယွီဟောက်က မေးသည်။

"ဘယ်သူလဲ?"

ရေတွင်းထဲမှအသံက ဖြေသည်။

ယွီဟောက် သေချာကြည့်လိုက်လျှင်တစ်ယောက်ယောက်ရှိနေသည်မှာ အသေအချာပင်။ သူက ဘေးပတ်ဝန်းကျင်တွင် ကြိုးလိုက်ရှာကြည့်သော်လည်း တစ်ခုမှရှာမတွေ့။

"ခနလေးနော်!"

ယွီဟောက်က ပြန်ဆိုလိုက်သည်။

"ငါမင်းကိုဆွဲတင်ပေးမယ်!"

ယွီဟောက်လည်း သူ့၏လက်နက်တုတ်ကို ဓားမြှောင်အဖြစ်သို့ပြောင်းလိုက်ရင်း ရေတွင်းအဝ၌ တွဲလောင်းကျနေသောနွယ်များကို ဖြတ်ကာ ပူးတွဲချည်နှောင်လိုက်ပြီးနောက် ရေတွင်းထဲသို့ ပစ်ချပေးလိုက်သည်။ တွင်းအောက်မှလူက နွယ်ကြိုးကို ဆွဲထားလိုက်ပြီးသော် အမြန်ဆွဲတင်ပေးလေ၏။

များမကြာမှီတွင် ထိုလူငယ်က ရေတွင်းထဲမှ မော့ကြည့်လာခဲ့ပြီး ယွီဟောက်ကို ငေါင်ငေါင်ငူငူဖြင့် ငေးကြည့်နေလေသည်။

ယွီဟောက်, "!!!"

ယွီဟောက်ခမျာ လုံးဝကို ကြောင်အမ်းသွားရ၏။ မျက်နှာဖျော့ဖျော့၊ ချိနဲ့ပိန်ပါးသော ခန္ဓာကိုယ်၊ အဝတ်မပါသော အပေါ်ပိုင်းနှင့် ဆံပင်အနက် မျက်လုံးအနက် —— နောက်ထပ် နာကာဂါဝါရူဆဲပင်! ယွီဟောက်တွေ့ဖူးသော နတ်ဆိုးရူဆဲနှင့်ယှဉ်လျှင် ယခုလူငယ်လေး၏ပုံစံမှာ ဝမ်းနည်းပူဆွေးမှု၊ စိတ်မသက်မသာဖြစ်မှုတို့ဖြင့် ပြည့်နှက်နေပါသယောင်။

"ရူဆဲ?"

ယွီဟောက်က မေးသည်။

"ရူဆဲ?"

ရူဆဲက ယွီဟောက်စကားလုံးများကို လိုက်ပြောရင်း သူ့ထံ မသက်မသာဖြစ်စွာကြည့်သည်။

ယွီဟောက်ကထပ်မေးသည်။

"မင်း...မင်းက ဘယ်သူလဲ? မလွှတ်နဲ့! ပြန်လာခဲ့!"

ရေတွင်းထဲမှ ရူဆဲသည် ယွီဟောက်ကို အနည်းငယ်ကြောက်ရွံ့နေပုံပေါ်ပြီး ကြိုးကိုင်ထားသောလက်ကို လွှတ်ချင်နေခဲ့သော်လည်း ယွီဟောက်က ဘာပဲမေးနေပါစေ ထိုစကားလုံးများကိုသာ ပြန်လိုက်ပြောနေသဖြင့် ယွီဟောက်လည်း အနည်းငယ်စိတ်ရှုပ်လာရတော့သည်။ ဒါ...... ချန်းယဲ့ခိုင်အိမ်မက်ထဲက နောက်ထပ်ရူဆဲတစ်ယောက်လား? ကြင်နာတတ်တဲ့ မူလရူဆဲများလား? နတ်ဆိုးရူဆဲကရော ဘယ်ရောက်သွားတာလဲ?

"မင်းက ဆန့်ကျင်ချင်တယ်ပေါ့လေ?"

အနောက်ဘက်မှ အေးတိအေးစက်အသံက ထွက်ပေါ်လာခဲ့ပြီး ယွီဟောက်ကို ရေတွင်းထဲသို့ ပိတ်ကန်လာခဲ့၏။ ယွီဟောက်ခမျာ တမုဟုတ်ချင်း အားခနဲ အော်ဟစ်ရင်း ဘာဖြစ်လို့ဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် ရေတွင်းထဲမှ ရူဆဲ၏လက်ကို အတင်းကာရော လှမ်းဆွဲမိရက်သား ဖြစ်နေလေသည်။ အပေါ်သို့မော့ကြည့်လိုက်သောအခါ ရေတွင်းအပြင်ဘက်တွင် အေးတိအေးစက်နှင့် ဝမ်းနည်းရိပ်ယောင်သမ်းနေသော နောက်ထပ်ရူဆဲကို တွေ့လိုက်ရ​တော့၏!

ယွီဟောက်လည်း ချက်ချင်းပင် လက်တစ်ဖက်ကနွယ်ကြိုးကိုလှမ်းဆွဲလျက် ကျန်လက်တစ်ဖက်က ရူဆဲ၏ခါးကို ဖက်ထားလိုက်တော့သည်။ သူကအော်သည်။

"ရူဆဲ! မလွှတ်လိုက်နဲ့နော်!"

ရေတွင်းအောက်ခြေ၌ ဘာရှိသလဲ သူမသိသော်ငြား မသိစိတ်က လုံးဝပြုတ်မကျသင့်ဟု သူ့အားပြောသည့်နှယ်။

နတ်ဆိုးရူဆဲက ရူးနှမ်းစွာ အော်ဟစ်လာခဲ့သည်။

"သေပြီးသားသူရဲ့ရည်းစားကို စနိုက်လို့ရမယ်များထင်နေလား! ယွီဟောက်! မင်းတိရစ္ဆာန်ကောင်—"

သူကပြောပြောဆိုဆိုနှင့် တိုင်လုံးတွင်ချည်ထားသော နွယ်ကြိုးကို လှမ်းယူရန်ပြင်စဉ် အပြင်ဘက်အဝေးတစ်နေရာမှ ဂိတ်တံခါးပွင့်သဲ့သဲ့ကို ကြားလိုက်ရ၏။ နတ်ဆိုးရူဆဲက နောက်လှည့်ကြည့်သည်။ အပြင်ဘက်၌ တစ်စုံတစ်ခုဖြစ်သွားသည့်ပုံပင်။

ထို့နောက်မှာတော့ ချက်ချင်းပင် နတ်ဆိုးရူဆဲက ရေတွင်းအပေါက်ဝနား ပြန်ရောက်လာခဲ့ပြီး ကျောက်တုံးအကြီးကြီးကိုကိုင်ကာ ယွီဟောက်နှင့်အခြားရူဆဲကို ဂျိုကြည့်ကြည့်လေသည်။

ယွီဟောက်, "......"

ထို့အခိုက် တစ်ခုခုဖြစ်တော့မည်ဟု ယွီဟောက် ရုတ်တရက်ခံစားမိလိုက်၏...... သူ့ပုခုံးပေါ်တွင်မှီထားသော အခြားရူဆဲက တုန်ယင်လာခဲ့ကာ လက်တစ်ဖက်ဖြင့် ယွီဟောက်၏အနောက်အိတ်ကပ်ထဲရှိ သေနတ်ကိုထုတ်လာခဲ့ပြီးနောက် ယွီဟောက်ထံပေးလာခဲ့လေသည်။

ယွီဟောက်လည်း စဉ်းစားဖို့အချိန်မရလိုက်။ လက်တစ်ဖက်ကိုလွှတ်လိုက်ပြီး ရေတွင်းအပြင်ဘက်ရှိ နတ်ဆိုးရူဆဲကို သေနတ်ဖြင့်ချိန်လိုက်တော့သည်။ နတ်ဆိုးရူဆဲ၏ မျက်လုံးများမှာ ပြူးကျယ်သွားရ၏။

ဒိုင်း

ကျယ်လောင်သောသေနတ်သံနှင့်အတူ အပြင်ဘက်ရှိ နတ်ဆိုးရူဆဲ၏ခေါင်းမှာ ချက်ချင်းကို ပေါက်ထွက်သွားတော့သည်။ သွေးနှင့် ဦးနှောက်အပိုင်းအစများမှာလည်း နေရာအနှံ့သို့ လွင့်စင်လျက် လက်ထဲကိုင်ထားသော ကျောက်တုံးကြီးက အောက်ပြုတ်ကျလာပေ၏။ ယွီဟောက် ၎င်းကို ရှောင်တိမ်းရန်မှာမဖြစ်နိုင်။ သူက ချက်ချင်းလက်ငင်း ကိုယ်ကိုလှည့်လိုက်ပြီး ရူဆဲကိုဖက်ကာ ကာကွယ်ပေးထားရင်း နှစ်ယောက်အတူရေတွင်းထဲသို့ ပြုတ်ကျသွားပေတော့သည်။

ကျောက်တုံးကြီး ပြုတ်ကျလျှင်ကျချင်း ယွီဟောက်လည်း ရူဆဲကိုဖက်လျက် အတောင်ပံများကိုခတ်ရန် ကြိုးစားကြည့်ပါသေးသည်။ သို့ပေသိ အတော်ပံဖွင့်လိုက်သည်နှင့်တပြိုင်နက် ရေတွင်း၏နံရံများနှင့် သွားရောက်ခြစ်မိလေရာ ပျံဖို့ရန်မှာ ဘယ်လိုမှမဖြစ်နိုင်။

"ကျိုးရှန်း!"

ယွီဟောက်လည်း အစွမ်းကုန် အော်ဟစ်တော့သည်။

မည်သူမျှပြန်ဖြေမလာခဲ့ပါ။ ယွီဟောက်ခမျာ လင်းလက်နေသောရူဆဲနှင့်အတူ အမှောင်ထုထဲသို့ ပြုတ်ကျသွားရတော့သည်။ ရေတွင်း၏အောက်ခြေကမူ သူတို့အား အသားကုန်ဆွဲငင်နေသည့်အလား၊ နှစ်ယောက်သားမှာ အရှိန်ပြင်းပြင်းနှင့်ကို အောက်ပြုတ်ကျနေတော့၏။ ရူဆဲက ယွီဟောက်၏ရှပ်အင်္ကျီကို ငြင်သာစွာဆောင့်ဆွဲနေခဲ့ပြီး စိတ်အားထက်သန်သော မျက်ဝန်းများဖြင့် ယွီဟောက်အား မျှော်လင့်တကြီးကြည့်လေသည်။

အင်္ကျီကြယ်သီးများက ပြုတ်ထွက်ကုန်ကာ အဖြူရောင်ရှပ်အင်္ကျီမှာ လေထဲတွင် တဖျပ်ဖျပ်ခတ်နေ၏။ ယွီဟောက်လည်းမျက်လုံးပြူးသွားပြီး ဘာကိုဆိုလိုသလဲ နားလည်သွားကာ ရူဆဲကို ခေါင်းညိတ်ပြလိုက်သည်။ ခေါင်းညိတ်ပြပြီးသည်နှင့် ချက်ချင်းပင် ရှပ်အင်္ကျီလေးသည် ရွှေအိုရောင်အမှုန်လေးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး တောက်ပနေသောရူဆဲ၏ ကိုယ်ပေါ်တွင် နေရာယူလို့သွား၏။ ယခုအခါ ရှပ်အင်္ကျီကို ပိုင်ဆိုင်သွားပြီဖြစ်သော ရူဆဲမှာ တမုဟုတ်ချင်း အလင်းမှုန်လေးများအဖြစ် ပြောင်းလဲလို့သွားကာ ရေတွင်း၏အောက်ခြေတွင် သွားရောက်အလင်းဆောင်ကျဉ်းပေးလေသည်။

ယွီဟောက် အောက်သို့ငုံ့ကြည့်လိုက်သောအခါ ထိုအလင်းရောင်နှင့် သူသည် တစ်စတစ်စနီးကပ်လာခဲ့ပြီး ထို့နောက်မှာတော့ ပါးစပ်မှ အားခနဲ အော်ဟစ်လိုက်သည့် ကိုယ့်အသံကိုယ်သာ ကြားလိုက်ရတော့သည်။ လင်းထိန်နေသော အခန်းတစ်ခန်းထဲသို့ သူ ကျကျနနရောက်ရှိသွားခြင်းပင်!

...

ကျိုးရှန်းနှင့် ချန်းယဲ့ခိုင်တို့ဘက်တွင်လည်း ဂိတ်တံခါးကိုကျော်ဖြတ်ပြီး လှိုဏ်ခေါင်းအတွင်းသို့ အလျင်အမြန်လာနေကြပြီဖြစ်သည်။ ရုတ်တရက် လှိုဏ်ခေါင်းအဆုံးမှ ဒိုင်းခနဲ သေနတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လို့လာ၏။ အသံမှာ မြေကြီးအက်ကွဲလောက်အောင် ကျယ်လောင်လွန်းလှပြီး အိမ်မက်ကမ္ဘာတစ်ခုလုံးပင် တုန်ခါသွားသလား အောက်မေ့ရသည်။

ချန်းယဲ့ခိုင်မှာ ပြေးနေရင်း နှေးကွေးသွားလေရာ ထိုသေနတ်သံဟာ ချန်းယဲ့ခိုင်အပေါ် ပြင်းပြင်းထန်ထန်သက်ရောက်မှုရှိကြောင်းကို ရုတ်တရက် ကျိုးရှန်းသတိထားမိလိုက်သည်။

"ယွီဟောက်—!"

ကျိုးရှန်းကအော်ခေါ်သည်။

လှိုဏ်ခေါင်း၏အဆုံးကမူ တိတ်ဆိတ်ငြိမ်သက်လျက်၊ မည်သူမှ ပြန်လည်ဖြေကြားခြင်းမရှိ။

ကျိုးရှန်းမှ အပြေးသွားကြည့်မည်အပြုတွင် ချန်းယဲ့ခိုင်တစ်ယောက် ပြင်းပြင်းထန်ထန်ကို အမောဖောက်လာကာ လှိုဏ်ခေါင်း၏နံရံကို အမှီသဟဲပြုလာရတော့၏။ Chichén Itzá တစ်ခုလုံးမှာလည်း တစ်ဆင့်ပြီးတစ်ဆင့် တုန်ခါလာခဲ့ကာ ပိရမစ်ကြီး တစ်ခါတုန်ခါတိုင်း သဲမှုန်အများအပြား ကျဆင်းလာတော့သည်။

"ခိုင်ခိုင်"

ကျိုးရှန်းလည်း အရှိန်လျှော့လိုက်ရပြီး နောက်လှည့်ကာ ချန်းယဲ့ခိုင်ကို ဂရုစိုက်နေရတော့သည်။

"စိတ်ကိုလျှော့ထား! ဒါတွေအကုန်ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ထားပြီးသားလေ! "

လက်ရှိ ချန်းယဲ့ခိုင်၏ စိတ်အခြေအနေမှာ အတော်လေးအထိအခိုက်မခံနိုင်သော အခြေအနေတွင်ဖြစ်၏။ အထူးသဖြင့် သေနတ်သံကြားလိုက်ရပြီး နောက်ပိုင်းပင်။ သူသာ ပြိုလဲသွားမယ်ဆိုလျှင် အရာအားလုံး ပျက်စီးကိန်းဆိုက်ကုန်မည်ဖြစ်၏။

ချန်းယဲ့ခိုင်, " ငါသိပါတယ်၊ ဒီအတိုင်း ငါ...... မယုံနိုင်သေးလို့ပါ......"

"ခနနားလိုက်ဦး"

ကျိုးရှန်းကဆိုသည်။

"ပြီးရင် ကိုယ့်စိတ်ကိုယ်ပြန်တည်ငြိမ်အောင်ထား၊ ကျွန်တော်အရင်သွားကြည့်လိုက်မယ်"

ရုတ်တရက် ပြောနေရင်းတန်းလန်း ကျိုးရှန်းသည် ထိုနေရာမှပျောက်ကွယ်လို့သွား၏။

ချန်းယဲ့ခိုင်လည်း ကြောင်တောင်တောင်ဖြစ်သွားရသည်။

"ကျိုးရှန်း?"

...

အပြင်လောကတွင်...

ယွီဟောက်သည် မိမိက တောက်လျှောက်အောက်ပြုတ်ကျနေသလို ခံစားနေရရင်း ရုတ်တရက် ရပ်သွားကာ တစ်စုံတစ်ခုအပေါ်သို့ ရောက်သွားသည့်နှယ်။ အလင်းတန်းတစ်ခုက မျက်စိရှေ့ဖြတ်သွားပြီး ဘာဖြစ်သွားလဲ မသိလိုက်ခင်ပါပင် ကျိုးရှန်းမှ အိမ်မက်မက်နေရင်းတန်းလန်း ဖက်ခနဲ ယွီဟောက်ကို လှမ်းဖမ်းလိုက်၏။ ထိုနောက် သူက မျက်လုံးဖွင့်ကာ ယွီဟောက်ကို အိပ်ရာပေါ် ပြန်တင်ပေးလေသည်။

ထိုအခါမှ ယွီဟောက်လည်း ကိုယ့်ကိုယ်ကို ကုတင်ပေါ်မှ ပြုတ်ကျလုနီးနီးဆိုတာကို သိလိုက်ရ၏။

သူသည်ကား အိပ်ရာအစွန်းထိတိုးပြီး အိပ်နေခြင်းပင်...... နှစ်ယောက်သားသည် တစ်ယောက်အိပ်ကုတင်ပေါ်တွင် အတူအိပ်နေသဖြင့် နေရာအလုံအလောက်မရှိပေ။ ကျိုးရှန်းကလည်း ရေချိုးတဘက်လေးတစ်ထည်တည်းသာ ဝတ်ထားလေရာ သတိမထားမိလိုက်ခင် အိပ်နေရင်း သူ့ဘက်ကစပြီး ကျိုးရှန်းကို သွားဖက်မိသွားမည်ကို စိုးရိမ်လှပါ၏။

"ငါ......"

"ရှူး"

ချန်းယဲ့ခိုင်ကို မနှိုးမိစေရန် ကျိုးရှန်းက အမူအရာပြသည်။

"ဒီဘက်တိုးခဲ့၊ မင်းဘက်မှာ အခြေအနေဘယ်လိုရှိလဲ?"

"ရေတွင်းအောက်ခြေမှာ တစ်ခုခုရှိနေတယ်"

ယွီဟောက်လည်း ကျိုးရှန်းအား အကြောင်းစုံရှင်းပြလိုက်သည်။ ပထမက ကျိုးရှန်းမျက်နှာ၌ မသင်္ကာသည့်အမူအရာရှိနေခဲ့ပြီးနောက် ရုတ်တရက် တစ်ခုခုကို နားလည်သွားပုံပေါ်ကာ တီးတိုးပြန်ဆိုလာခဲ့သည်။

"အိပ် အိပ်၊ ငါခနနေ မင်းကိုလာခေါ်လှည့်မယ်"

ကျိုးရှန်းက ဘေးသို့တိုးပေးပြီး ယွီဟောက်ကို သူ့ပုခုံးပေါ်တွင် အိပ်စေလေသည်။ ခန္ဓာကိုယ်နှစ်ခု ပူးကပ်စွာရှိနေခဲ့ပြီး စောင်လေးခြုံထားသော နှစ်ယောက်သားသည် အိမ်မက်ဆက်မက်လိုက်ကြသည်။

...

အိမ်မက်ကမ္ဘာ Chichén Itzáထဲတွင်...

အလင်းတန်းတစ်ဖြတ်နှင့်အတူ ကျိုးရှန်းတစ်ယောက် ပြန်ပေါ်လာ၏။

ချန်းယဲ့ခိုင်, "ကျိုးရှန်း?"

ကျိုးရှန်းကလက်ခါပြသည်။

"ဘာမှမဖြစ်ဘူး ဒီအတိုင်း မတော်တဆနိုးသွားလို့"

"သွားကြစို့"

ချန်းယဲ့ခိုင်ကဆိုသည်။

"ငါအဆင်ပြေသွားပြီ"

ချန်းယဲ့ခိုင်မှ သွားတော့မည်အပြုတွင် ကျိုးရှန်းက ဆိုလာခဲ့သည်။

"ခနလေး ခိုင်ခိုင်"

ချန်းယဲ့ခိုင်လည်း ရပ်လိုက်ပြီး ကျိုးရှန်းကိုကြည့်သည်။

ကျိုးရှန်း, "ဒီတံခါးကဖြတ်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုပြန်ရင်ဆိုင်ရတော့မှာမလို့ သေသေချာချာဆုံးဖြတ်ထားဖို့တော့လိုမယ်"

ချန်းယဲ့ခိုင်၏ အသက်ရှုသံမှာ တဖန်ပြန်၍ ပြင်းထန်လာပြန်ပြီး မျက်လုံးလည်း ပြူးကျယ်လာရ၏။ နှစ်ယောက်သားအတူ ဂိတ်တံခါးကြီးကို မော့ကြည့်လိုက်ကြသည်။ အတောင်ပံတစ်စုံနှင့်မြွေနတ်ဘုရားပုံ ထွင်းထုထားသော ဂိတ်တံခါးကြီးပင်။

"ကိုယ်ဘာကိုနောင်တရလဲ?"

ကျိုးရှန်းက ဘေးလှည့်ကာ ချန်းယဲ့ခိုင်ကိုကြည့်ရင်း ပြောသည်။

"ဘာအတွက်အသက်ဆက်ရှင်မှာလဲ? အနာဂတ်မှာ ဘယ်လိုဘဝမျိုးလိုချင်လဲ? ပြီးတော့ ကိုယ်ဘယ်လိုလူမျိုးဖြစ်ချင်လဲ?"

"ဒီမေးခွန်းတွေအတွက် တိကျတဲ့အဖြေမရှိသေးရင်"

ကျိုးရှန်းကဆိုသည်။

"တံခါးမဖွင့်သေးနဲ့ဦး၊ ခင်ဗျား ကျွန်တော်တို့အကူအညီနဲ့ ကယ်တင်ခံချင်တယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ကယ်တင်ဖို့လိုလိမ့်မယ်"

ချန်းယဲ့ခိုင်တစ်ယောက် တီးတိုးစွာဆိုလာခဲ့သည်။

"တကယ်တော့ တစ်ချိန်လုံး ငါ့ကိုယ်ငါအပြစ်ရှိတယ်လို့ အခံစားရဆုံးက ရူဆဲဆုံးသွားလို့ချည်းဘဲ မဟုတ်ဘူး"

ကျိုးရှန်းက ချန်းယဲ့ခိုင်ထံကြည့်သည်။ ချန်းယဲ့ခိုင်တစ်ယောက် သက်ပြင်းချရင်း ဆက်ဆို၏။

"သူအသက်ရှင်နေတုန်းက ငါသူ့အပေါ်ပေးခဲ့တဲ့ မေတ္တာက အရမ်းနည်းလွန်းတယ်"

သူက ကျိုးရှန်းထံ တောင်းပန်နေသည့် မျက်ဝန်းများဖြင့် ကြည့်လာခဲ့သည်။

"အရာအားလုံးကို မြန်မြန်နဲ့လွယ်လွယ်လေးရခဲ့တော့ တန်ဖိုးထားရကောင်းမှန်းမသိခဲ့ဘူး၊ ငါတို့နှစ်ယောက်ဆက်ဆံရေးမှာ အစကတည်းက ရူဆဲဘက်က မျှမျှတတ မခံစားရခဲ့ရလောက်ဘူး၊ သူကငါ့ကို ဆုံးရှုံးမှာအရမ်းကြောက်ရှာတာ"

"......အဲ့ဒါက နောက်ဆက်တွဲဖြစ်လာတာတွေရဲ့ အဓိကအကြောင်းအရင်းပဲ...... ငါနောင်တအရဆုံးက......"

ကျိုးရှန်း, "အဖြေရှာပြီးပြီဆိုတော့ ကိုယ့်ကိုယ်ကိုရှာပြီး ရင်ဆိုင်လိုက်ကြစို့၊ သွား တံခါးဖွင့်လိုက်တော့!"

ချန်းယဲ့ခိုင်လည်း အသံကိုတင်လိုက်သည်။

"ကိုယ်လာနေပြီ! ရူဆဲ!"

ကျိုးရှန်း, "ယွီဟောက်! ငါတို့လာပြီ!"

နှစ်ယောက်သားသည် တပြိုင်နက်တည်းပြိုင်တူ တံခါးကို တဖြည်းဖြည်းတွန်းဖွင့်လိုက်ကြပြီး Chichén Itzá၏ အတွင်းကျဆုံးအပိုင်းတွင်ရှိသော ဗဟိုချက်တည်နေရာကို လှစ်ဟပြသစေခဲ့သည်။ အတွင်းပိုင်းတွင် ကြီးမားသောရေတွင်းကြီးတစ်ခု ရှိပြီး အတောင်ပံပါသောမြွေနတ်ဘုရားရုပ်ထုတစ်ခုလည်း တည်ရှိပေ၏။ နာကာဂါဝါရူဆဲ၏ အလောင်းမှာမူ ရေတွင်း၏အဝတွင် ရေတွင်းထဲသို့တစ်ဝက် အပြင်သို့တစ်ဝက် မှောက်ရက်ပြုတ်ကျနေသော အနေအထားဖြင့် ရှိနေလေသည်။ အဝတ်မပါသော အပေါ်ပိုင်းကိုယ်ဗလာမှာ သွေးများပေစွန်းနေပြီး ဦးခေါင်း၌လည်း ထုတ်ချင်းပေါက်သေနတ်ဒဏ်ရာတစ်ခု ရှိလေ၏။

ချန်းယဲ့ခိုင်, "......"

ကျိုးရှန်းက ရေတွင်းနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သည်။

ရုတ်တရက် ရေတွင်းထဲမှ အမည်းရောင်မီးခိုးစုကြီးတစ်လုံး လှိမ့်တက်လာခဲ့ကာ ကောင်းကင်ပေါ်ထိ လှိမ့်တက်သွားပြီးနောက် ရူဆဲ၏အလောင်းထဲသို့ တိုးဝင်လို့သွား၏။ ကျိုးရှန်းက လှမ်းအော်သည်။

"ခိုင်ခိုင်! သတိထား!"

"Nicky မင်းကငါ့ရဲ့အတိတ်ကို နှုတ်ဆက်ဖို့အဆင်သင့်ဖြစ်နေပြီပေါ့လေ?"

ရေတွင်းထဲမှဖြစ်တည်လာသော မီးခိုးမည်းများသည် ရူဆဲခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လိုက်ကြပြီးလျှင်ပြီးချင်း စတင်သောင်းကြမ်းလာတော့၏။ အလောင်းမှာ တဂျွတ်ဂျွတ်အသံမြည်လျက် ပြန်လည်ကုန်းထလာတော့သည်။ မီးခိုးမည်းများကမူ ကောင်းကင်ယံတစ်လုံးကို ဖုံးအုပ်သွားခဲ့ပြီး တစ်လောကလုံးကို လွှမ်းခြုံလာတော့၏!

"ခိုင်ခိုင်! စိတ်ငြိမ်ငြိမ်ထား! တံခါးအပြင်မှာပြောခဲ့တာကို ပြန်သတိရလေ!"

ကျိုးရှန်းက ကျင်းကူးပန့်ကို လက်ထဲတွင်ကိုင်ထားရင်း ယွီဟောက်ကိုလိုက်ရှာသည်။ ဤဗဟိုချက်မှာ ပတ်ပတ်လည် နံရံများဖြင့် ဝန်းရံလို့ထား၏။ ပုန်းစရာဟူ၍ တစ်နေရာမှမရှိသည့်အပြင် နေရာကလည်း ယွီဟောက်ပြောခဲ့သည့်အတိုင်း တစ်ထပ်တည်းပင်ဖြစ်လေရာ ယွီဟောက်က ဘယ်ရောက်သွားပါသနည်း?

ရုတ်တရက် တစ်ခုတည်းသောဖြစ်နိုင်ချေကို ကျိုးရှန်းတွေးမိလိုက်သည်။ သူ့အကြည့်က ရေတွင်းဆီသို့ ရောက်သွား၏။

ရူဆဲက လှောင်ရယ်သည်။

"Nicky ခုတော့အရာအားလုံးက ငါ့အမှားတွေပေါ့လေ?"

ချန်းယဲ့ခိုင်က လျင်လျင်မြန်မြန် ဆိုသည်။

"ရူဆဲ ကိုယ်ဘွဲ့ယူတဲ့နေ့တုန်းကလေ မင်းကိုproposeလုပ်ချင်ခဲ့တာပါ"

ချန်းယဲ့ခိုင်ခမျာ ကျိုးရှန်း ရေတွင်းဆီ မသိမသာချဉ်းကပ်သွားသည်ကို ကြည့်ပြီး မျက်လုံးပြူးသွားရသည်။

"ရူဆဲ...... ရူဆဲ......"

ချန်းယဲ့ခိုင်လည်း နတ်ဆိုးရူဆဲဆီ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်ပြီး အသံမှာတုန်ယင်နေခဲ့၏။

နတ်ဆိုးရူဆဲမှာ နောက်တဖန် အသက်ပြန်ရှင်လာပြန်ပြီဖြစ်ပြီး ရေတွင်းကိုမှီကာ တဖြည်းဖြည်း အားယူ ထနေလေသည်။ နှုတ်ခမ်းကမူ သွေးများတစ်စက်တစ်စက်ကျနေခဲ့ပြီး ဖုတ်ကောင်အလား သွားများကလည်းချွန်ထက်နေကာ ချန်းယဲ့ခိုင်ထံ အမျက်ကြီးစွာ အော်ဟစ်နေလေ၏!

ကျိုးရှန်းတစ်ယောက် ရေတွင်း၏အောက်ခြေကို ထင်ထင်ရှားရှားတွေ့ရပြီဖြစ်သည်။ ရုတ်တရက် အမှောင်ထုထဲတွင် အလင်းတန်းလေး ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရ၏။

"ယွီဟောက်ဘယ််မှာလဲ?"

ချန်းယဲ့ခိုင်က မယုံကြည်နိုင်စွာမေးသည်။

ကျိုးရှန်းက ချန်းယဲ့ခိုင်ထံ ရူဆဲကိုလက်ညိုးထိုးပြ၏။ သူ့အားအချိန်ဆွဲပေးထားရန် ဆိုလိုခြင်းဖြစ်သည်။ ထို့နောက် သူ ယွီဟောက်ကို ကယ်တင်ဖို့ရာ တစ်ခုခုကြံမည်ဖြစ်ကြောင်း လျှို့ဝှက်အမူအရာပြသည်။

နတ်ဆိုးရူဆဲမှာ ကျိုးရှန်း၏အကြံကို တမုဟုတ်ချင်း ရိပ်မိသွားပြီး ရေတွင်းထဲမှ မီးခိုးမည်းလုံးများဖြင့် လှိုင်းတစ်ခုဖန်တီးရင်း နှစ်ယောက်သားကို တွန်းထုတ်ပစ်လေသည်။

...

ရေတွင်းအောက်ခြေရှိ ကမ္ဘာလေးတွင်...

ယွီဟောက်လည်း အိပ်ရာထဲမှ ရုန်းကန်ထလိုက်သည်။

သူသည် လင်းလင်းထင်းထင်းရှိသော အခန်းတစ်ခန်းထဲတွင် ရောက်နေချင်းဖြစ်ပြီး ၎င်းမှာ ချန်းယဲ့ခိုင်အဆောင်ခန်းနှင့် တူပါ၏။ သို့ပေသိ အခန်းဖွဲ့စည်းကတော့ တော်တော်လေးမတူပေ။ ဆိုဖာ၊ စာအုပ်စင်နှင့် ထမင်းစားပွဲပေါ်ရှိ အခင်းအကျင်းများမှာ ခပ်ဆင်ဆင်တူသယောင်ရှိသော်လည်း စားပွဲခင်းကမူ လုံးဝကိုချွတ်စွတ်ပင်။

ဆိုဖာရှေ့ရှိ စားပွဲပေါ်တွင်ရော ထမင်းစားပွဲပေါ်တွင်ပါ ပန်းများ အလှဆင်ထားလျက်ရှိသည်။

"ဒါဘယ်နေရာများလဲ?"

ယွီဟောက်မှာ လုံးလုံးလျားလျားကို ကြောင်အမ်းနေရ၏။ သူက မျက်နှာကြပ်ပေါ်သို့ မော့ကြည့်လိုက်သည်။ ဤနေရာမှာ အခန်းတစ်ခန်းဖြစ်ပြီး မျက်နှာကြပ်မှာလည်း ဘာအပ်ကွဲကြောင်း၊ ဘာအပေါက်ရာမှ မရှိပေ။ ဒါ ရေတွင်းအောက်ခြေမှာရှိတဲ့ ကမ္ဘာလားဟ?!

ချန်းယဲ့ခိုင်နဲ့ ရူဆဲရဲ့ အိမ်များလား? ယွီဟောက်ရုတ်တရက် တွေးမိလိုက်သည်။ သို့ပေသိ ဘယ်လိုကြောင့်များ ဤကဲ့သို့သောအခန်းမျိုးက ရေတွင်းအောက်ခြေတွင် တည်ရှိနေရသနည်း?

~~~~~

{Zawgyi}

[Vol-2: Chichén Itzá]
ေသနတ္သံ

က်ိဳးရွန္းလက္ထဲမွ က်င္းကူးပန္႔သည္ ဟတုန္ခါလာခဲ့ၿပီးေနာက္ တစ္စတစ္စ ရွည္ထြက္လာကာ တစ္ဖက္ေတာင္ေစာင္းႏွင့္ သြားေရာက္ဆက္သြယ္လ်က္ ႏွစ္ေယာက္သားအား တံတားသဖြယ္ အသုံးျပဳ၍ရေအာင္ စီစဥ္ေပးေလသည္။

"သတိထားဦး"

က်ိဳးရွန္းက စိတ္မပါသည့္ေလသံျဖင့္ ဆိုသည္။ သူသည္ က်င္းဝူးစက္ဝန္းတစ္ဖက္ရွိ အသင့္ေစာင့္ဆိုင္းေနၾကေသာ နဂါးႏွင့္ စစ္သားအုပ္စုကို ဒီဘက္သို႔ဆင့္ေခၚ ဖို႔ရာ ခ်န္းယဲ့ခိုင္ထံမွ ဘယ္လိုခြင့္ျပဳခ်က္ေတာင္းရမလဲကို စဥ္းစားေနျခင္းျဖစ္၏။

လမ္းတစ္ေလွ်ာက္တြင္လည္း ခ်န္းယဲ့ခိုင္အား သူ႔ထံတြင္ နဂါးတစ္ေကာင္ပိုင္ဆိုင္ေၾကာင္း၊ ထိုနဂါးကို အႏွီအိမ္မက္ထဲတြင္ေပၚလာေစခ်င္ေၾကာင္း၊ အမ်ိဳးမ်ိဳးပရိယာယ္သုံးၿပီး ႀကိဳးစားခိုင္းၾကည့္ေသာ္လည္း အားလုံးအခ်ည္းအႏွီးသာ ျဖစ္ေနေလ၏။ အျခားလိုအပ္ခ်က္တစ္ခုခုရွိေသးလို႔ျဖစ္မယ္......က်ိဳးရွန္းေတြးမိသည္။

"မင္းနဲ႔ ယြီေဟာက္က...... ခင္လာတာၾကာၿပီလား?"

က်င္းကူးပန္႔ေပၚတြင္ ေလွ်ာက္ေနရင္း ခ်န္းယဲ့ခိုင္က မသိမသာ ေမးခြန္းထုတ္သည္။

"မၾကာေသးဘူး"

သူ ယြီေဟာက္ကို ဘယ္လိုကယ္ဆယ္ခဲ့ေၾကာင္း က်ိဳးရွန္းက အၾကမ္းဖ်င္းရွင္းျပလိုက္သည္။

ခ်န္းယဲ့ခိုင္, "ထင္တဲ့အတိုင္းပါပဲ"

က်ိဳးရွန္းေတြးမိလိုက္သည္။ ခ်န္းယဲ့ခိုင္တစ္ေယာက္ အႏွီေမးခြန္းကိုမေမးမွီ စိတ္ထဲ မ်ားစြာေသာအေျဖမ်ား ေကာက္ခ်က္ခ်ထားေလာက္၏။  ယြီေဟာက္၏ ယခင္က ကိုယ့္ကိုယ္ကိုအနာတရျဖစ္ေအာင္ ႀကံစီတတ္ေသာ အမူအက်င့္မ်ားအပါအဝင္ပင္။

႐ုတ္တရက္ ခ်န္းယဲ့ခိုင္က ရပ္တန္႔သြားသည္။

အကာအရံဟူ၍ တစ္စိုးတစ္စိမွ်မရွိေသာ က်င္းကူးပန္႔အေပၚတြင္ မတ္တပ္ရပ္ေနၾကရင္း က်ိဳးရွန္းသည္ တစ္စုံတစ္ရာကို အာ႐ုံခံမိလိုက္၏။ ေအာက္ဘက္ရွိ အဆုံးမဲ့အသုတရာေခ်ာက္နက္ႀကီးထဲမွ တစ္စုံတစ္ခုက လ်င္လ်င္ျမန္ျမန္ အေပၚသို႔တက္လာေနသည္ပင္!

"ေျပးေတာ့!"

က်ိဳးရွန္းတစ္ေယာက္ ဆုံးျဖတ္ခ်က္ျပတ္သားစြာ ေအာ္သည္။

သို႔ေပသိ မ်ားမၾကာမွီပင္ စူးစူးရွရွ ေအာ္ဟစ္ႀကိမ္းေမာင္းေနၾကေသာ မ်က္လုံးမ်ားႏွင့္ ပါးစပ္ေပါက္ပ်ံမ်ားက ေခ်ာက္ကမ္းပါးႀကီးအတြင္းမွ ပ်ံဝဲထြက္လာၾကၿပီး ပါးစပ္ေပါက္မ်ားကဆို ဓားပ်ံေတြကိုပါ ထုတ္လႊတ္ေနပါေသး၏။ ခ်န္းယဲ့ခိုင္ႏွင့္ က်ိဳးရွန္းႏွစ္ေယာက္သားသည္ ေျခကုန္သုတ္ ထြက္ေျပးရန္ႀကိဳးစားေနၾကစဥ္ က်ိဳးရွန္းက ႐ုတ္တ႐ုက္ ေအာ္လာခဲ့သည္။

"ေရွာင္လိုက္!"

ႏွစ္ေယာက္သားသည္ က်င္းကူးပန္႔ေပၚတြင္ ဒယိမ္းဒယိုင္ တြဲေလာင္းခိုလိုက္ၾကၿပီး အပိုင္းပိုင္းျဖတ္ရန္လာေနေသာ ဓားပ်ံအုပ္ႀကီးကို သီသီေလး ေရွာင္တိမ္းလိုက္ၾကသည္။

ဧရာမအရိပ္မဲႀကီးတစ္ခုသည္လည္း ေခ်ာက္နက္ထဲမွ ထြက္ေပၚလာခဲ့ကာ လူအသြင္ေျပာင္းလဲလို႔သြား၏။ ၎၌ ဘက္စကတ္ေဘာေဘာလုံးမွ်ႀကီးမားေသာ မ်က္လုံးႀကီးမ်ားပိုင္ဆိုင္ၿပီး ပါးစပ္ကမူ အဂၤလိပ္စကားမ်ား ေအာ္ဟစ္ေနလ်က္ က်ိဳးရွန္းတို႔ႏွစ္ေယာက္ထံ တဟုန္ထိုးလာေနေလသည္။

"အဲ့ဒါကေရာဘာႀကီးတုန္း?!"

က်ိဳးရွန္းကေအာ္သည္။

ခ်န္းယဲ့ခိုင္, "......"

က်ိဳးရွန္း, "ခိုင္ခိုင္!"

က်င္းကူးပန္႔အား ဆြဲထားရင္း ခ်န္းယဲ့ခိုင္၏လက္မွာ ဓားျဖင့္အျခစ္ခံလိုက္ရၿပီး ခ်က္ခ်င္းကို ေသြးမ်ားလွ်ံထြက္လာသျဖင့္ ဒဏ္ရာေၾကာင့္ လက္မွာေခ်ာ္သြားရၿပီး ေခ်ာက္နက္ႀကီးထဲသို႔ ျပဳတ္က်ေတာ့မည့္ဆဲဆဲ က်ိဳးရွန္းက ညာဘက္လက္ျဖင့္ ခ်န္းယဲ့ခိုင္၏ ရွပ္အက်ႌေကာ္လံကို လွမ္းဆြဲကာ ဘယ္ဘက္လက္တစ္ဖက္တည္းျဖင့္ က်င္းကူးပန္႔ကို အပတ္တကုတ္ ဆြဲထားရွာေလသည္။

"အဲ့ဒါ......"

ခ်န္းယဲ့ခိုင္ကမူ ထိုအရိပ္မဲႀကီးထံသို႔သာ စိုက္ၾကည့္လို႔ေနရင္း ဆိုလာခဲ့သည္။

"Solimai...... သူပဲ၊ ငါတို႔ဗြီဒီ႐ို တင္ခဲ့တဲ့သူ......"

က်ိဳးရွန္းကေအာ္သည္။

"ဘာမွေၾကာက္မေနနဲ႔! ဒါအိမ္မက္ဘဲေလ!"

က်ိဳးရွန္း၏ေအာ္သံေၾကာင့္ ခ်န္းယဲ့ခိုင္တစ္ေယာက္ ေၾကာင္အမ္းေနရာမွ ခ်က္ခ်င္း အသိျပန္ဝင္လာခဲ့ၿပီး ေက်ာေနာက္မွ ေသနတ္ကိုထုတ္ကာ အရိပ္မဲႀကီးထံ သုံးခ်က္ပစ္ခတ္လိုက္သည္။ က်ယ္ေလာင္ေသာ ပတ္ခတ္သံတို႔အၾကား အရိပ္မဲႀကီးသည္ နာက်င္စြာေအာ္ၿငီးလ်က္ ပုံလဲက်သြားခဲ့ၿပီး မီးခိုးမည္းမ်ားအျဖစ္ ေျပာင္းလဲလို႔သြားသည္။ ထိုမီးခိုးမ်ားသည္ အျခားတစ္ဖက္ဆီသို႔ သြားေရာက္ျပန္လည္စုစည္းၾကၿပီးေနာက္ ခ်က္ခ်င္းပင္ မရပ္မနားေအာ္ဟစ္ေနၾကေသာ ပါးစပ္ေပါက္မ်ားအျဖစ္ ေျပာင္းလဲလို႔သြားျပန္၏။ ထိုပါးစပ္ေပါက္မ်ားက က်ိဳးရွန္းတို႔ႏွစ္ေယာက္ထံ ဓားခြၽန္မ်ားစြာ ပစ္လႊတ္လာၾကျပန္သည္။

"မ်က္လုံးကိုခ်ိန္ပစ္!"

က်ိဳးရွန္းခမ်ာ လက္တစ္ဖက္က က်င္းကူးပန္႔ကိုကိုင္ထားရၿပီး ေနာက္လက္တစ္ဖက္က ခ်န္းယဲ့ခိုင္ကို ဆြဲထားရ၏။ သူက အားအသားကုန္ထည့္လ်က္ ခ်န္းယဲ့ခိုင္ကို ေလေပၚေျမာက္လိုက္ၿပီး က်င္းကူးပန္႔ေပၚတြင္ သူ႔ဘာသူ ကိုင္ထားေစေလသည္။

ေခ်ာင္းကမ္းပါးပတ္လည္ မ်က္လုံးမ်ားႏွင့္ ပါးစပ္ေပါက္မ်ား ပ်ံဝဲေနသည္ကိုသာ ေတြ႕ရႏိုင္ပါ၏။ ပါးစပ္ေပါက္မ်ားကမူ အဂၤလိပ္၊ ဂ်ပန္၊ စပိန္၊ အီတလီ စသျဖင့္ ဘာသာစကားမ်ိဳးစုံသုံးလ်က္ ေအာ္ဟစ္ေနၾကသည္ပင္......

"ဘာေတြေျပာေနၾကတာတုန္း?!"

က်ိဳးရွန္းကေမးသည္။

"ငါေနာက္ထပ္ အဂၤလိပ္စာ listening test မေျဖခ်င္ဘူးေနာ္!!"

႐ုတ္တရက္ ခ်န္းယဲ့ခိုင္တစ္ေယာက္ စိတ္ေပါက္သြားသည့္ႏွယ္ ၎တို႔ထံ အဂၤလိပ္လို ျပန္ေအာ္ေလ၏။

က်ိဳးရွန္း, "???"

တမုဟုတ္ခ်င္း က်ိဳးရွန္းနားလည္လိုက္ပါသည္။ ေခ်ာက္ထဲမွထြက္လာေသာ ထိုအရာမ်ားကား — ခ်န္းယဲ့ခိုင္ႏွင့္႐ူဆဲ ျဖတ္ေက်ာ္ခဲ့ရေသာ ထိုလူ႔ထံမွ အရွက္ခြဲေစာ္ကားသည့္ စကားမ်ားပင္ျဖစ္၏။ ႏွစ္ေယာက္သားမွာ မရပ္မနား ပ်ံဝဲလြင့္စင္ေနေသာ ဓားပ်ံမ်ားကို ေတာက္ေလွ်ာက္ ေရွာင္တိမ္းေနရေတာ့သည္။ ခ်န္းယဲ့ခိုင္က ၎တို႔ကို ျပန္လည္ပစ္ခတ္လိုက္ၿပီး ပတ္ခတ္မႈအဆုံး၌ ပတ္ဝန္းက်င္သည္ တျဖည္းျဖည္းျပန္လည္ၿငိမ္သက္လာေလ၏။

ခ်န္းယဲ့ခိုင္, "မင္း ဒိုင္းကေရာ?"

က်ိဳးရွန္း, "အဲ့ဒါက်င္းကူးပန္႔ပဲေလ၊ ဒိုင္းအေနနဲ႔သုံးရင္သုံး မသုံးရင္ လက္နက္အေနနဲ႔ တစ္မ်ိဳးပဲသုံးလို႔ရတာ၊ ယြီေဟာက္အိမ္မက္ထဲမွာမွမဟုတ္ရင္ ႏွစ္ခုတၿပိဳင္နက္တည္းသုံးလို႔မရဘူး"

ႏွစ္ေယာက္သားသည္ တထိတ္တလန္႔ျဖင့္ အသက္ကိုလုရႉေနရရွာ၏။ မေကာင္းဆိုးဝါးမ်ားကမူ အေမွာင္ယံအလယ္ ေခ်ာက္ကမ္းပါးေပၚမွ အခ်ိန္မေ႐ြးတက္လာေတာ့မည့္ႏွယ္။

"သြားစို႔!"

က်ိဳးရွန္းက ေလာသည္။

ခ်န္းယဲ့ခိုင္တစ္ေယာက္ က်င္းကူးပန္႔ေပၚသို႔ ျပန္တက္လိုက္ၿပီးေနာက္ က်ိဳးရွန္းကို လက္တစ္ဖက္ျဖင့္ ဆြဲတင္ေပးသည္။ တံခါးေပါက္ေရွ႕ရွိ မီးခိုးမည္းမ်ားသည္ ျပန္လည္းစုစည္းလာၾကျပန္ၿပီး လူေယာက္က်္ားတစ္ေယာက္ ပုံစံအသြင္သို႔ ေျပာင္းလဲလို႔သြား၏။

က်ိဳးရွန္းလည္း ေျခလွမ္းသြက္သြက္ျဖင့္ ေနာက္ကအမွီေျပးလိုက္လိုက္သည္။ ႐ုတ္တရက္ ထိုေယာက်္ား၏မ်က္ႏွာမွာ ေၾကာက္လန္႔မႈမ်ားျဖင့္ ျပည့္ႏွက္သြားခဲ့ၿပီး ၎ကေနာက္သို႔ ေျခတစ္လွမ္းဆုတ္သြား၏။ ၎၏မ်က္ႏွာမွာ ခ်န္းယဲ့ခိုင္၏လက္သီးႏွင့္ ပက္ပင္းတိုးသြားရၿပီး ထိုေယာက်္ားက လက္ကိုခ်က္ခ်င္းေျမာက္ကာ ေျမႀကီးေပၚတြင္ တေျဖးေျဖး ဒူးေထာက္က်သြားေလသည္။

ခ်န္းယဲ့ခိုင္ကမူ တစ္ကိုယ္လုံး တုန္ယင္ေနရွာသည္။ သူက ေဘးသို႔လွည့္ကာ ေသနတ္ကိုထုတ္လိုက္ၿပီး ေယာက်္ား၏နဖူးတြင္ ေတ့ထားလိုက္သည္။

က်ိဳးရွန္းက က်င္းကူးပန္႔ကို ျပန္လည္႐ုတ္သိမ္းလိုက္ၿပီးေနာက္ ပလက္ေဖာင္း၌ရပ္ေနရင္း ခ်န္းယဲ့ခိုင္၏လုပ္ရပ္ကို ေသေသခ်ာခ်ာ ၾကည့္ေနခဲ့သည္။ ခ်န္းယဲ့ခိုင္တစ္ေယာက္ ပင့္သက္ရႈိက္ဖို႔စြာ ရႉရႈိက္လ်က္ တျဖည္းျဖည္းခ်င္း ေသနတ္ေမာင္းကိုတင္လိုက္သည္။

ေသနတ္သံထြက္လာလိမ့္မည္ဟု ထင္ထားခဲ့ေသာ္လည္း က်ိဳးရွန္း ေသနတ္သံမၾကားခဲ့ရပါ။ အေၾကာင္းကား ခ်န္းယဲ့ခိုင္က မပစ္ခဲ့ေသာေၾကာင့္ပင္။

"သတ္လိုက္ေလ"

ေမွာက္မိုက္လြန္းေသာ ေခ်ာက္နက္ႀကီးထဲမွ ႐ူဆဲ၏အသံက ထြက္ေပၚလို႔လာ၏။

"ငါ့အတြက္လက္စားေခ်လိုက္စမ္းပါ ငေၾကာက္ရဲ႕...... သတ္ပစ္လိုက္၊ မပစ္ဘဲဘာလုပ္ေနတာလဲ?"

တမုဟုတ္ခ်င္း က်ိဳးရွန္းလည္း သတိႀကီးႀကီးထားမိလိုက္သည္။ ၎ကဘာကိုဆိုလိုသနည္း? သီအိုရီအရဆိုလွ်င္ အိမ္မက္ထဲရွိ မိမိဖန္တီးထားေသာ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ကို သတ္ျခင္းမွာ အျပင္ေလာကအေပၚ မည္သည့္အက်ိဳးသက္ေရာက္မႈမွမရွိေပ။ ဥပမာျပရလွ်င္ ယြီေဟာက္က ဆင္ကိုသုံးၿပီး အႀကံေပး႐ႊဲလုံႏွင့္ အတန္းပိုင္ဆရာတို႔ကို အိမ္မက္ထဲမွာ တက္နင္းခဲ့သလိုပင္။ ထပ္ၿပီးနက္နက္နဲနဲဆိုရလွ်င္ ထိုသို႔လုပ္လိုက္ျခင္းျဖင့္ အျပင္ေလာကရွိ ထိုသူမ်ားအေပၚ ထားရွိေသာ မိမိ၏ေၾကာက္စိတ္ကိုေတာင္ ေခ်ဖ်က္ၿပီးသားျဖစ္ေသး၏။

သို႔ေသာ္ျငားလည္း "ရန္သူ႔အကြက္ထဲ မဝင္သင့္" ဆိုသလို ဤအခ်ိန္မွာ ခ်န္းယဲ့ခိုင္ဘက္က ေသနတ္ေမာင္းကိုမဆြဲသင့္ဟု က်ိဳးရွန္းေတြးမိလိုက္ပါသည္။ အခုေန တရားခံကို ပစ္လိုက္လွ်င္ အိမ္မက္အတြင္း ဘာေတြေျပာင္းလဲသြားႏိုင္သနည္း?

တစ္စကၠန္႔၊ ႏွစ္စကၠန္႔၊ သုံးစကၠန္႔......

ခ်န္းယဲ့ခိုင္တစ္ေယာက္ ျပန္လည္တည္ၿငိမ္သြားၿပီျဖစ္သည္။

"ထြက္သြား"

ခ်န္းယဲ့ခိုင္က အသက္ခပ္ဩဩျဖင့္ ဆိုလိုက္သည္။

"ေနာက္ထပ္ငါ့ေရွ႕ ဘယ္ေတာ့မွျပန္ေပၚမလာနဲ႔"

တမုဟုတ္ခ်င္း Solimaiထံမွ ေအာ္ဟစ္ၿငီးျငဴသံႀကီး ထြက္ေပၚလာခဲ့ၿပီး မီးခိုးမည္းမ်ားလည္း တစ္စတစ္စ ပ်က္ျပယ္သြားေလ၏။  ထို႔ေနာက္ အဆုံးမဲ့ေခ်ာက္နက္ႀကီးထဲမွ ဧရာမေက်ာက္တုံးႀကီးမ်ား အေပၚသို႔တက္လာခဲ့ကာ ထိုေမွာင္မိုက္ေသာေခ်ာက္နက္ႀကီးကို အလ်င္အျမန္ ဖုံးဖိလာၾကေတာ့သည္။ ပတ္ဝန္းက်င္တစ္ခုလုံးဟာလည္း ခ်က္ခ်င္းပင္ က်ယ္ေျပာေသာ စႀကႍလမ္းႀကီးအျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၿပီး ႏွစ္ေယာက္သားေရွ႕တြင္ Chichén Itzá၏ ပင္မတည္ေနရာသို႔ ဦးတည္ေသာ ဂိတ္တံခါးႀကီးသာ က်န္ရွိေတာ့ေလသည္။

"Nicky မင္း အမႈိက္လိုေကာင္—"

ေခ်ာက္နက္ႀကီးအလယ္ ႐ူဆဲ၏ ေအာ္ဟစ္ႀကိမ္းေမာင္းသံက ထြက္ေပၚလို႔လာ၏။

"ဟုတ္ပါတယ္"

ခ်န္းယဲ့ခိုင္ကဆိုသည္။

"႐ူဆဲ ဒီလိုမ်ိဳးသတ္လိုက္လို႔ မင္းအတြက္ နည္းနည္းေလာက္ေလးဘဲျဖစ္ျဖစ္ စိတ္သက္သာရာရမယ္ဆိုရင္ ငါ အႏွစ္၂၀ပဲက်က် တစ္သက္တစ္ကြၽန္းပဲက်က် ခံရဲပါတယ္"

သူက ေသနတ္ကိုျပန္သိမ္းလိုက္သည္။

"ဒါေပမယ့္ အဲ့ေန႔ကမင္းငါ့ကိုေျပာခဲ့တာ ငါမွတ္မိေသးတယ္၊ ငါ့ကိုလူမသတ္ေစခ်င္ဘူးတဲ့၊ ျပန္ေပးဆပ္ရမွာမတန္လို႔ပါတဲ့၊ ဒါေတြအားလုံးကေနာက္က်ရင္ အတိတ္သာသာပဲျဖစ္သြားမွာမလို႔တဲ့ေလ၊ ႏွစ္ေယာက္အတူရွိရဖို႔ထက္ ဘယ္အရာမွအေရးမႀကီးပါဘူးဆိုၿပီး မင္းေျပာခဲ့တာ"

"ငါ့စိတ္ထဲကမပါဘူးကြ—!"

႐ူဆဲ၏ေအာ္ဟစ္သံမွာ ဂေယာင္ေခ်ာက္ျခားျဖစ္ေနသည့္အလား။

"ျပန္လာခဲ့ပါ"

ခ်န္းယဲ့ခိုင္ကဆိုသည္။

"႐ူဆဲရယ္ ဘယ္သူက မင္း အစစ္လဲကြာ?"

က်ိဳးရွန္း, "......"

ႏွစ္ေယာက္သားအေရွ႕ရွိ ဧရာမတံခါးႀကီးမွာ တျဖည္းျဖည္းပြင့္လာခဲ့ၿပီး လင္းလက္ေတာက္ပေသာ အလင္းတန္းကိုျပသလာခဲ့သည္။

...

"တစ္ေယာက္ေယာက္ရွိလား?"

ယြီေဟာက္က ေအာ္သည္။

"နာကာဂါဝါ႐ူဆဲ! မင္းဘယ္မွာလဲ? ထြက္လာခဲ့စမ္းပါ!"

"တစ္ေယာက္ေယာက္ရွိလား တစ္ေယာက္ေယာက္ရွိလား......"

ေရတြင္းထဲမွ ပဲ့တင္သံကို ၾကားရႏိုင္ပါ၏။

ယြီေဟာက္ ႐ုတ္တရက္ ၾကားလိုက္ရသည္။ ပဲ့တင္သံမွာ သူ႔အသံမဟုတ္ေပ!

"တစ္ေယာက္ေယာက္ရွိလား?"

အားနည္းေဖ်ာ့ေတာ့ေသာ အသံကေမးလာ၏။

ယြီေဟာက္, "!!!"

တမုဟုတ္ခ်င္း ယြီေဟာက္လွည့္ၾကည့္လိုက္သည္။ အသံကား ေရတြင္းထဲမွ ထြက္လာျခင္းပင္! ဘာေတြျဖစ္ေနတာလဲ? သူနဲ႔႐ူဆဲအျပင္ ေနာက္ထပ္အျခားတစ္ေယာက္ရွိေနေသးတာလား?!

"ဘယ္သူလဲ?!"

ယြီေဟာက္က ေမးသည္။

"ဘယ္သူလဲ?"

ေရတြင္းထဲမွအသံက ေျဖသည္။

ယြီေဟာက္ ေသခ်ာၾကည့္လိုက္လွ်င္တစ္ေယာက္ေယာက္ရွိေနသည္မွာ အေသအခ်ာပင္။ သူက ေဘးပတ္ဝန္းက်င္တြင္ ႀကိဳးလိုက္ရွာၾကည့္ေသာ္လည္း တစ္ခုမွရွာမေတြ႕။

"ခနေလးေနာ္!"

ယြီေဟာက္က ျပန္ဆိုလိုက္သည္။

"ငါမင္းကိုဆြဲတင္ေပးမယ္!"

ယြီေဟာက္လည္း သူ႔၏လက္နက္တုတ္ကို ဓားေျမႇာင္အျဖစ္သို႔ေျပာင္းလိုက္ရင္း ေရတြင္းအဝ၌ တြဲေလာင္းက်ေနေသာႏြယ္မ်ားကို ျဖတ္ကာ ပူးတြဲခ်ည္ေႏွာင္လိုက္ၿပီးေနာက္ ေရတြင္းထဲသို႔ ပစ္ခ်ေပးလိုက္သည္။ တြင္းေအာက္မွလူက ႏြယ္ႀကိဳးကို ဆြဲထားလိုက္ၿပီးေသာ္ အျမန္ဆြဲတင္ေပးေလ၏။

မ်ားမၾကာမွီတြင္ ထိုလူငယ္က ေရတြင္းထဲမွ ေမာ့ၾကည့္လာခဲ့ၿပီး ယြီေဟာက္ကို ေငါင္ေငါင္ငူငူျဖင့္ ေငးၾကည့္ေနေလသည္။

ယြီေဟာက္, "!!!"

ယြီေဟာက္ခမ်ာ လုံးဝကို ေၾကာင္အမ္းသြားရ၏။ မ်က္ႏွာေဖ်ာ့ေဖ်ာ့၊ ခ်ိနဲ႔ပိန္ပါးေသာ ခႏၶာကိုယ္၊ အဝတ္မပါေသာ အေပၚပိုင္းႏွင့္ ဆံပင္အနက္ မ်က္လုံးအနက္ —— ေနာက္ထပ္ နာကာဂါဝါ႐ူဆဲပင္! ယြီေဟာက္ေတြ႕ဖူးေသာ နတ္ဆိုး႐ူဆဲႏွင့္ယွဥ္လွ်င္ ယခုလူငယ္ေလး၏ပုံစံမွာ ဝမ္းနည္းပူေဆြးမႈ၊ စိတ္မသက္မသာျဖစ္မႈတို႔ျဖင့္ ျပည့္ႏွက္ေနပါသေယာင္။

"႐ူဆဲ?"

ယြီေဟာက္က ေမးသည္။

"႐ူဆဲ?"

႐ူဆဲက ယြီေဟာက္စကားလုံးမ်ားကို လိုက္ေျပာရင္း သူ႔ထံ မသက္မသာျဖစ္စြာၾကည့္သည္။

ယြီေဟာက္ကထပ္ေမးသည္။

"မင္း...မင္းက ဘယ္သူလဲ? မလႊတ္နဲ႔! ျပန္လာခဲ့!"

ေရတြင္းထဲမွ ႐ူဆဲသည္ ယြီေဟာက္ကို အနည္းငယ္ေၾကာက္႐ြံ႕ေနပုံေပၚၿပီး ႀကိဳးကိုင္ထားေသာလက္ကို လႊတ္ခ်င္ေနခဲ့ေသာ္လည္း ယြီေဟာက္က ဘာပဲေမးေနပါေစ ထိုစကားလုံးမ်ားကိုသာ ျပန္လိုက္ေျပာေနသျဖင့္ ယြီေဟာက္လည္း အနည္းငယ္စိတ္ရႈပ္လာရေတာ့သည္။ ဒါ...... ခ်န္းယဲ့ခိုင္အိမ္မက္ထဲက ေနာက္ထပ္႐ူဆဲတစ္ေယာက္လား? ၾကင္နာတတ္တဲ့ မူလ႐ူဆဲမ်ားလား? နတ္ဆိုး႐ူဆဲကေရာ ဘယ္ေရာက္သြားတာလဲ?

"မင္းက ဆန္႔က်င္ခ်င္တယ္ေပါ့ေလ?"

အေနာက္ဘက္မွ ေအးတိေအးစက္အသံက ထြက္ေပၚလာခဲ့ၿပီး ယြီေဟာက္ကို ေရတြင္းထဲသို႔ ပိတ္ကန္လာခဲ့၏။ ယြီေဟာက္ခမ်ာ တမုဟုတ္ခ်င္း အားခနဲ ေအာ္ဟစ္ရင္း ဘာျဖစ္လို႔ျဖစ္သြားမွန္း မသိလိုက္ခင္မွာပင္ ေရတြင္းထဲမွ ႐ူဆဲ၏လက္ကို အတင္းကာေရာ လွမ္းဆြဲမိရက္သား ျဖစ္ေနေလသည္။ အေပၚသို႔ေမာ့ၾကည့္လိုက္ေသာအခါ ေရတြင္းအျပင္ဘက္တြင္ ေအးတိေအးစက္ႏွင့္ ဝမ္းနည္းရိပ္ေယာင္သမ္းေနေသာ ေနာက္ထပ္႐ူဆဲကို ေတြ႕လိုက္ရ​ေတာ့၏!

ယြီေဟာက္လည္း ခ်က္ခ်င္းပင္ လက္တစ္ဖက္ကႏြယ္ႀကိဳးကိုလွမ္းဆြဲလ်က္ က်န္လက္တစ္ဖက္က ႐ူဆဲ၏ခါးကို ဖက္ထားလိုက္ေတာ့သည္။ သူကေအာ္သည္။

"႐ူဆဲ! မလႊတ္လိုက္နဲ႔ေနာ္!"

ေရတြင္းေအာက္ေျခ၌ ဘာရွိသလဲ သူမသိေသာ္ျငား မသိစိတ္က လုံးဝျပဳတ္မက်သင့္ဟု သူ႔အားေျပာသည့္ႏွယ္။

နတ္ဆိုး႐ူဆဲက ႐ူးႏွမ္းစြာ ေအာ္ဟစ္လာခဲ့သည္။

"ေသၿပီးသားသူရဲ႕ရည္းစားကို စႏိုက္လို႔ရမယ္မ်ားထင္ေနလား! ယြီေဟာက္! မင္းတိရစာၦန္ေကာင္—"

သူကေျပာေျပာဆိုဆိုႏွင့္ တိုင္လုံးတြင္ခ်ည္ထားေသာ ႏြယ္ႀကိဳးကို လွမ္းယူရန္ျပင္စဥ္ အျပင္ဘက္အေဝးတစ္ေနရာမွ ဂိတ္တံခါးပြင့္သဲ့သဲ့ကို ၾကားလိုက္ရ၏။ နတ္ဆိုး႐ူဆဲက ေနာက္လွည့္ၾကည့္သည္။ အျပင္ဘက္၌ တစ္စုံတစ္ခုျဖစ္သြားသည့္ပုံပင္။

ထို႔ေနာက္မွာေတာ့ ခ်က္ခ်င္းပင္ နတ္ဆိုး႐ူဆဲက ေရတြင္းအေပါက္ဝနား ျပန္ေရာက္လာခဲ့ၿပီး ေက်ာက္တုံးအႀကီးႀကီးကိုကိုင္ကာ ယြီေဟာက္ႏွင့္အျခား႐ူဆဲကို ဂ်ိဳၾကည့္ၾကည့္ေလသည္။

ယြီေဟာက္, "......"

ထို႔အခိုက္ တစ္ခုခုျဖစ္ေတာ့မည္ဟု ယြီေဟာက္ ႐ုတ္တရက္ခံစားမိလိုက္၏...... သူ႔ပုခုံးေပၚတြင္မွီထားေသာ အျခား႐ူဆဲက တုန္ယင္လာခဲ့ကာ လက္တစ္ဖက္ျဖင့္ ယြီေဟာက္၏အေနာက္အိတ္ကပ္ထဲရွိ ေသနတ္ကိုထုတ္လာခဲ့ၿပီးေနာက္ ယြီေဟာက္ထံေပးလာခဲ့ေလသည္။

ယြီေဟာက္လည္း စဥ္းစားဖို႔အခ်ိန္မရလိုက္။ လက္တစ္ဖက္ကိုလႊတ္လိုက္ၿပီး ေရတြင္းအျပင္ဘက္ရွိ နတ္ဆိုး႐ူဆဲကို ေသနတ္ျဖင့္ခ်ိန္လိုက္ေတာ့သည္။ နတ္ဆိုး႐ူဆဲ၏ မ်က္လုံးမ်ားမွာ ျပဴးက်ယ္သြားရ၏။

ဒိုင္း

က်ယ္ေလာင္ေသာေသနတ္သံႏွင့္အတူ အျပင္ဘက္ရွိ နတ္ဆိုး႐ူဆဲ၏ေခါင္းမွာ ခ်က္ခ်င္းကို ေပါက္ထြက္သြားေတာ့သည္။ ေသြးႏွင့္ ဦးေႏွာက္အပိုင္းအစမ်ားမွာလည္း ေနရာအႏွံ႔သို႔ လြင့္စင္လ်က္ လက္ထဲကိုင္ထားေသာ ေက်ာက္တုံးႀကီးက ေအာက္ျပဳတ္က်လာေပ၏။ ယြီေဟာက္ ၎ကို ေရွာင္တိမ္းရန္မွာမျဖစ္ႏိုင္။ သူက ခ်က္ခ်င္းလက္ငင္း ကိုယ္ကိုလွည့္လိုက္ၿပီး ႐ူဆဲကိုဖက္ကာ ကာကြယ္ေပးထားရင္း ႏွစ္ေယာက္အတူေရတြင္းထဲသို႔ ျပဳတ္က်သြားေပေတာ့သည္။

ေက်ာက္တုံးႀကီး ျပဳတ္က်လွ်င္က်ခ်င္း ယြီေဟာက္လည္း ႐ူဆဲကိုဖက္လ်က္ အေတာင္ပံမ်ားကိုခတ္ရန္ ႀကိဳးစားၾကည့္ပါေသးသည္။ သို႔ေပသိ အေတာ္ပံဖြင့္လိုက္သည္ႏွင့္တၿပိဳင္နက္ ေရတြင္း၏နံရံမ်ားႏွင့္ သြားေရာက္ျခစ္မိေလရာ ပ်ံဖို႔ရန္မွာ ဘယ္လိုမွမျဖစ္ႏိုင္။

"က်ိဳးရွန္း!"

ယြီေဟာက္လည္း အစြမ္းကုန္ ေအာ္ဟစ္ေတာ့သည္။

မည္သူမွ်ျပန္ေျဖမလာခဲ့ပါ။ ယြီေဟာက္ခမ်ာ လင္းလက္ေနေသာ႐ူဆဲႏွင့္အတူ အေမွာင္ထုထဲသို႔ ျပဳတ္က်သြားရေတာ့သည္။ ေရတြင္း၏ေအာက္ေျခကမူ သူတို႔အား အသားကုန္ဆြဲငင္ေနသည့္အလား၊ ႏွစ္ေယာက္သားမွာ အရွိန္ျပင္းျပင္းႏွင့္ကို ေအာက္ျပဳတ္က်ေနေတာ့၏။ ႐ူဆဲက ယြီေဟာက္၏ရွပ္အက်ႌကို ျငင္သာစြာေဆာင့္ဆြဲေနခဲ့ၿပီး စိတ္အားထက္သန္ေသာ မ်က္ဝန္းမ်ားျဖင့္ ယြီေဟာက္အား ေမွ်ာ္လင့္တႀကီးၾကည့္ေလသည္။

အက်ႌၾကယ္သီးမ်ားက ျပဳတ္ထြက္ကုန္ကာ အျဖဴေရာင္ရွပ္အက်ႌမွာ ေလထဲတြင္ တဖ်ပ္ဖ်ပ္ခတ္ေန၏။ ယြီေဟာက္လည္းမ်က္လုံးျပဴးသြားၿပီး ဘာကိုဆိုလိုသလဲ နားလည္သြားကာ ႐ူဆဲကို ေခါင္းညိတ္ျပလိုက္သည္။ ေခါင္းညိတ္ျပၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ ရွပ္အက်ႌေလးသည္ ေ႐ႊအိုေရာင္အမႈန္ေလးမ်ားအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီး ေတာက္ပေနေသာ႐ူဆဲ၏ ကိုယ္ေပၚတြင္ ေနရာယူလို႔သြား၏။ ယခုအခါ ရွပ္အက်ႌကို ပိုင္ဆိုင္သြားၿပီျဖစ္ေသာ ႐ူဆဲမွာ တမုဟုတ္ခ်င္း အလင္းမႈန္ေလးမ်ားအျဖစ္ ေျပာင္းလဲလို႔သြားကာ ေရတြင္း၏ေအာက္ေျခတြင္ သြားေရာက္အလင္းေဆာင္က်ဥ္းေပးေလသည္။

ယြီေဟာက္ ေအာက္သို႔ငုံ႔ၾကည့္လိုက္ေသာအခါ ထိုအလင္းေရာင္ႏွင့္ သူသည္ တစ္စတစ္စနီးကပ္လာခဲ့ၿပီး ထို႔ေနာက္မွာေတာ့ ပါးစပ္မွ အားခနဲ ေအာ္ဟစ္လိုက္သည့္ ကိုယ့္အသံကိုယ္သာ ၾကားလိုက္ရေတာ့သည္။ လင္းထိန္ေနေသာ အခန္းတစ္ခန္းထဲသို႔ သူ က်က်နနေရာက္ရွိသြားျခင္းပင္!

...

က်ိဳးရွန္းႏွင့္ ခ်န္းယဲ့ခိုင္တို႔ဘက္တြင္လည္း ဂိတ္တံခါးကိုေက်ာ္ျဖတ္ၿပီး လႈိဏ္ေခါင္းအတြင္းသို႔ အလ်င္အျမန္လာေနၾကၿပီျဖစ္သည္။ ႐ုတ္တရက္ လႈိဏ္ေခါင္းအဆုံးမွ ဒိုင္းခနဲ ေသနတ္သံက က်ယ္ေလာင္စြာ ထြက္ေပၚလို႔လာ၏။ အသံမွာ ေျမႀကီးအက္ကြဲေလာက္ေအာင္ က်ယ္ေလာင္လြန္းလွၿပီး အိမ္မက္ကမာၻတစ္ခုလုံးပင္ တုန္ခါသြားသလား ေအာက္ေမ့ရသည္။

ခ်န္းယဲ့ခိုင္မွာ ေျပးေနရင္း ေႏွးေကြးသြားေလရာ ထိုေသနတ္သံဟာ ခ်န္းယဲ့ခိုင္အေပၚ ျပင္းျပင္းထန္ထန္သက္ေရာက္မႈရွိေၾကာင္းကို ႐ုတ္တရက္ က်ိဳးရွန္းသတိထားမိလိုက္သည္။

"ယြီေဟာက္—!"

က်ိဳးရွန္းကေအာ္ေခၚသည္။

လႈိဏ္ေခါင္း၏အဆုံးကမူ တိတ္ဆိတ္ၿငိမ္သက္လ်က္၊ မည္သူမွ ျပန္လည္ေျဖၾကားျခင္းမရွိ။

က်ိဳးရွန္းမွ အေျပးသြားၾကည့္မည္အျပဳတြင္ ခ်န္းယဲ့ခိုင္တစ္ေယာက္ ျပင္းျပင္းထန္ထန္ကို အေမာေဖာက္လာကာ လႈိဏ္ေခါင္း၏နံရံကို အမွီသဟဲျပဳလာရေတာ့၏။ Chichén Itzá တစ္ခုလုံးမွာလည္း တစ္ဆင့္ၿပီးတစ္ဆင့္ တုန္ခါလာခဲ့ကာ ပိရမစ္ႀကီး တစ္ခါတုန္ခါတိုင္း သဲမႈန္အမ်ားအျပား က်ဆင္းလာေတာ့သည္။

"ခိုင္ခိုင္"

က်ိဳးရွန္းလည္း အရွိန္ေလွ်ာ့လိုက္ရၿပီး ေနာက္လွည့္ကာ ခ်န္းယဲ့ခိုင္ကို ဂ႐ုစိုက္ေနရေတာ့သည္။

"စိတ္ကိုေလွ်ာ့ထား! ဒါေတြအကုန္ရင္ဆိုင္မယ္လို႔ ဆုံးျဖတ္ထားၿပီးသားေလ! "

လက္ရွိ ခ်န္းယဲ့ခိုင္၏ စိတ္အေျခအေနမွာ အေတာ္ေလးအထိအခိုက္မခံႏိုင္ေသာ အေျခအေနတြင္ျဖစ္၏။ အထူးသျဖင့္ ေသနတ္သံၾကားလိုက္ရၿပီး ေနာက္ပိုင္းပင္။ သူသာ ၿပိဳလဲသြားမယ္ဆိုလွ်င္ အရာအားလုံး ပ်က္စီးကိန္းဆိုက္ကုန္မည္ျဖစ္၏။

ခ်န္းယဲ့ခိုင္, " ငါသိပါတယ္၊ ဒီအတိုင္း ငါ...... မယုံႏိုင္ေသးလို႔ပါ......"

"ခနနားလိုက္ဦး"

က်ိဳးရွန္းကဆိုသည္။

"ၿပီးရင္ ကိုယ့္စိတ္ကိုယ္ျပန္တည္ၿငိမ္ေအာင္ထား၊ ကြၽန္ေတာ္အရင္သြားၾကည့္လိုက္မယ္"

႐ုတ္တရက္ ေျပာေနရင္းတန္းလန္း က်ိဳးရွန္းသည္ ထိုေနရာမွေပ်ာက္ကြယ္လို႔သြား၏။

ခ်န္းယဲ့ခိုင္လည္း ေၾကာင္ေတာင္ေတာင္ျဖစ္သြားရသည္။

"က်ိဳးရွန္း?"

...

အျပင္ေလာကတြင္...

ယြီေဟာက္သည္ မိမိက ေတာက္ေလွ်ာက္ေအာက္ျပဳတ္က်ေနသလို ခံစားေနရရင္း ႐ုတ္တရက္ ရပ္သြားကာ တစ္စုံတစ္ခုအေပၚသို႔ ေရာက္သြားသည့္ႏွယ္။ အလင္းတန္းတစ္ခုက မ်က္စိေရွ႕ျဖတ္သြားၿပီး ဘာျဖစ္သြားလဲ မသိလိုက္ခင္ပါပင္ က်ိဳးရွန္းမွ အိမ္မက္မက္ေနရင္းတန္းလန္း ဖက္ခနဲ ယြီေဟာက္ကို လွမ္းဖမ္းလိုက္၏။ ထိုေနာက္ သူက မ်က္လုံးဖြင့္ကာ ယြီေဟာက္ကို အိပ္ရာေပၚ ျပန္တင္ေပးေလသည္။

ထိုအခါမွ ယြီေဟာက္လည္း ကိုယ့္ကိုယ္ကို ကုတင္ေပၚမွ ျပဳတ္က်လုနီးနီးဆိုတာကို သိလိုက္ရ၏။

သူသည္ကား အိပ္ရာအစြန္းထိတိုးၿပီး အိပ္ေနျခင္းပင္...... ႏွစ္ေယာက္သားသည္ တစ္ေယာက္အိပ္ကုတင္ေပၚတြင္ အတူအိပ္ေနသျဖင့္ ေနရာအလုံအေလာက္မရွိေပ။ က်ိဳးရွန္းကလည္း ေရခ်ိဳးတဘက္ေလးတစ္ထည္တည္းသာ ဝတ္ထားေလရာ သတိမထားမိလိုက္ခင္ အိပ္ေနရင္း သူ႔ဘက္ကစၿပီး က်ိဳးရွန္းကို သြားဖက္မိသြားမည္ကို စိုးရိမ္လွပါ၏။

"ငါ......"

"ရႉး"

ခ်န္းယဲ့ခိုင္ကို မႏႈိးမိေစရန္ က်ိဳးရွန္းက အမူအရာျပသည္။

"ဒီဘက္တိုးခဲ့၊ မင္းဘက္မွာ အေျခအေနဘယ္လိုရွိလဲ?"

"ေရတြင္းေအာက္ေျခမွာ တစ္ခုခုရွိေနတယ္"

ယြီေဟာက္လည္း က်ိဳးရွန္းအား အေၾကာင္းစုံရွင္းျပလိုက္သည္။ ပထမက က်ိဳးရွန္းမ်က္ႏွာ၌ မသကၤာသည့္အမူအရာရွိေနခဲ့ၿပီးေနာက္ ႐ုတ္တရက္ တစ္ခုခုကို နားလည္သြားပုံေပၚကာ တီးတိုးျပန္ဆိုလာခဲ့သည္။

"အိပ္ အိပ္၊ ငါခနေန မင္းကိုလာေခၚလွည့္မယ္"

က်ိဳးရွန္းက ေဘးသို႔တိုးေပးၿပီး ယြီေဟာက္ကို သူ႔ပုခုံးေပၚတြင္ အိပ္ေစေလသည္။ ခႏၶာကိုယ္ႏွစ္ခု ပူးကပ္စြာရွိေနခဲ့ၿပီး ေစာင္ေလးၿခဳံထားေသာ ႏွစ္ေယာက္သားသည္ အိမ္မက္ဆက္မက္လိုက္ၾကသည္။

...

အိမ္မက္ကမာၻ Chichén Itzáထဲတြင္...

အလင္းတန္းတစ္ျဖတ္ႏွင့္အတူ က်ိဳးရွန္းတစ္ေယာက္ ျပန္ေပၚလာ၏။

ခ်န္းယဲ့ခိုင္, "က်ိဳးရွန္း?"

က်ိဳးရွန္းကလက္ခါျပသည္။

"ဘာမွမျဖစ္ဘူး ဒီအတိုင္း မေတာ္တဆႏိုးသြားလို႔"

"သြားၾကစို႔"

ခ်န္းယဲ့ခိုင္ကဆိုသည္။

"ငါအဆင္ေျပသြားၿပီ"

ခ်န္းယဲ့ခိုင္မွ သြားေတာ့မည္အျပဳတြင္ က်ိဳးရွန္းက ဆိုလာခဲ့သည္။

"ခနေလး ခိုင္ခိုင္"

ခ်န္းယဲ့ခိုင္လည္း ရပ္လိုက္ၿပီး က်ိဳးရွန္းကိုၾကည့္သည္။

က်ိဳးရွန္း, "ဒီတံခါးကျဖတ္ၿပီးတာနဲ႔ ကိုယ့္ကိုယ္ကိုျပန္ရင္ဆိုင္ရေတာ့မွာမလို႔ ေသေသခ်ာခ်ာဆုံးျဖတ္ထားဖို႔ေတာ့လိုမယ္"

ခ်န္းယဲ့ခိုင္၏ အသက္ရႈသံမွာ တဖန္ျပန္၍ ျပင္းထန္လာျပန္ၿပီး မ်က္လုံးလည္း ျပဴးက်ယ္လာရ၏။ ႏွစ္ေယာက္သားအတူ ဂိတ္တံခါးႀကီးကို ေမာ့ၾကည့္လိုက္ၾကသည္။ အေတာင္ပံတစ္စုံႏွင့္ေႁမြနတ္ဘုရားပုံ ထြင္းထုထားေသာ ဂိတ္တံခါးႀကီးပင္။

"ကိုယ္ဘာကိုေနာင္တရလဲ?"

က်ိဳးရွန္းက ေဘးလွည့္ကာ ခ်န္းယဲ့ခိုင္ကိုၾကည့္ရင္း ေျပာသည္။

"ဘာအတြက္အသက္ဆက္ရွင္မွာလဲ? အနာဂတ္မွာ ဘယ္လိုဘဝမ်ိဳးလိုခ်င္လဲ? ၿပီးေတာ့ ကိုယ္ဘယ္လိုလူမ်ိဳးျဖစ္ခ်င္လဲ?"

"ဒီေမးခြန္းေတြအတြက္ တိက်တဲ့အေျဖမရွိေသးရင္"

က်ိဳးရွန္းကဆိုသည္။

"တံခါးမဖြင့္ေသးနဲ႔ဦး၊ ခင္ဗ်ား ကြၽန္ေတာ္တို႔အကူအညီနဲ႔ ကယ္တင္ခံခ်င္တယ္ဆိုရင္ အရင္ဆုံး ကိုယ့္ကိုယ္ကို ကယ္တင္ဖို႔လိုလိမ့္မယ္"

ခ်န္းယဲ့ခိုင္တစ္ေယာက္ တီးတိုးစြာဆိုလာခဲ့သည္။

"တကယ္ေတာ့ တစ္ခ်ိန္လုံး ငါ့ကိုယ္ငါအျပစ္ရွိတယ္လို႔ အခံစားရဆုံးက ႐ူဆဲဆုံးသြားလို႔ခ်ည္းဘဲ မဟုတ္ဘူး"

က်ိဳးရွန္းက ခ်န္းယဲ့ခိုင္ထံၾကည့္သည္။ ခ်န္းယဲ့ခိုင္တစ္ေယာက္ သက္ျပင္းခ်ရင္း ဆက္ဆို၏။

"သူအသက္ရွင္ေနတုန္းက ငါသူ႔အေပၚေပးခဲ့တဲ့ ေမတၱာက အရမ္းနည္းလြန္းတယ္"

သူက က်ိဳးရွန္းထံ ေတာင္းပန္ေနသည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လာခဲ့သည္။

"အရာအားလုံးကို ျမန္ျမန္နဲ႔လြယ္လြယ္ေလးရခဲ့ေတာ့ တန္ဖိုးထားရေကာင္းမွန္းမသိခဲ့ဘူး၊ ငါတို႔ႏွစ္ေယာက္ဆက္ဆံေရးမွာ အစကတည္းက ႐ူဆဲဘက္က မွ်မွ်တတ မခံစားရခဲ့ရေလာက္ဘူး၊ သူကငါ့ကို ဆုံးရႈံးမွာအရမ္းေၾကာက္ရွာတာ"

"......အဲ့ဒါက ေနာက္ဆက္တြဲျဖစ္လာတာေတြရဲ႕ အဓိကအေၾကာင္းအရင္းပဲ...... ငါေနာင္တအရဆုံးက......"

က်ိဳးရွန္း, "အေျဖရွာၿပီးၿပီဆိုေတာ့ ကိုယ့္ကိုယ္ကိုရွာၿပီး ရင္ဆိုင္လိုက္ၾကစို႔၊ သြား တံခါးဖြင့္လိုက္ေတာ့!"

ခ်န္းယဲ့ခိုင္လည္း အသံကိုတင္လိုက္သည္။

"ကိုယ္လာေနၿပီ! ႐ူဆဲ!"

က်ိဳးရွန္း, "ယြီေဟာက္! ငါတို႔လာၿပီ!"

ႏွစ္ေယာက္သားသည္ တၿပိဳင္နက္တည္းၿပိဳင္တူ တံခါးကို တျဖည္းျဖည္းတြန္းဖြင့္လိုက္ၾကၿပီး Chichén Itzá၏ အတြင္းက်ဆုံးအပိုင္းတြင္ရွိေသာ ဗဟိုခ်က္တည္ေနရာကို လွစ္ဟျပသေစခဲ့သည္။ အတြင္းပိုင္းတြင္ ႀကီးမားေသာေရတြင္းႀကီးတစ္ခု ရွိၿပီး အေတာင္ပံပါေသာေႁမြနတ္ဘုရား႐ုပ္ထုတစ္ခုလည္း တည္ရွိေပ၏။ နာကာဂါဝါ႐ူဆဲ၏ အေလာင္းမွာမူ ေရတြင္း၏အဝတြင္ ေရတြင္းထဲသို႔တစ္ဝက္ အျပင္သို႔တစ္ဝက္ ေမွာက္ရက္ျပဳတ္က်ေနေသာ အေနအထားျဖင့္ ရွိေနေလသည္။ အဝတ္မပါေသာ အေပၚပိုင္းကိုယ္ဗလာမွာ ေသြးမ်ားေပစြန္းေနၿပီး ဦးေခါင္း၌လည္း ထုတ္ခ်င္းေပါက္ေသနတ္ဒဏ္ရာတစ္ခု ရွိေလ၏။

ခ်န္းယဲ့ခိုင္, "......"

က်ိဳးရွန္းက ေရတြင္းနားသို႔ ျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္သြားလိုက္သည္။

႐ုတ္တရက္ ေရတြင္းထဲမွ အမည္းေရာင္မီးခိုးစုႀကီးတစ္လုံး လွိမ့္တက္လာခဲ့ကာ ေကာင္းကင္ေပၚထိ လွိမ့္တက္သြားၿပီးေနာက္ ႐ူဆဲ၏အေလာင္းထဲသို႔ တိုးဝင္လို႔သြား၏။ က်ိဳးရွန္းက လွမ္းေအာ္သည္။

"ခိုင္ခိုင္! သတိထား!"

"Nicky မင္းကငါ့ရဲ႕အတိတ္ကို ႏႈတ္ဆက္ဖို႔အဆင္သင့္ျဖစ္ေနၿပီေပါ့ေလ?"

ေရတြင္းထဲမွျဖစ္တည္လာေသာ မီးခိုးမည္းမ်ားသည္ ႐ူဆဲခႏၶာကိုယ္ထဲသို႔ ဝင္ေရာက္လိုက္ၾကၿပီးလွ်င္ၿပီးခ်င္း စတင္ေသာင္းၾကမ္းလာေတာ့၏။ အေလာင္းမွာ တဂြၽတ္ဂြၽတ္အသံျမည္လ်က္ ျပန္လည္ကုန္းထလာေတာ့သည္။ မီးခိုးမည္းမ်ားကမူ ေကာင္းကင္ယံတစ္လုံးကို ဖုံးအုပ္သြားခဲ့ၿပီး တစ္ေလာကလုံးကို လႊမ္းၿခဳံလာေတာ့၏!

"ခိုင္ခိုင္! စိတ္ၿငိမ္ၿငိမ္ထား! တံခါးအျပင္မွာေျပာခဲ့တာကို ျပန္သတိရေလ!"

က်ိဳးရွန္းက က်င္းကူးပန္႔ကို လက္ထဲတြင္ကိုင္ထားရင္း ယြီေဟာက္ကိုလိုက္ရွာသည္။ ဤဗဟိုခ်က္မွာ ပတ္ပတ္လည္ နံရံမ်ားျဖင့္ ဝန္းရံလို႔ထား၏။ ပုန္းစရာဟူ၍ တစ္ေနရာမွမရွိသည့္အျပင္ ေနရာကလည္း ယြီေဟာက္ေျပာခဲ့သည့္အတိုင္း တစ္ထပ္တည္းပင္ျဖစ္ေလရာ ယြီေဟာက္က ဘယ္ေရာက္သြားပါသနည္း?

႐ုတ္တရက္ တစ္ခုတည္းေသာျဖစ္ႏိုင္ေခ်ကို က်ိဳးရွန္းေတြးမိလိုက္သည္။ သူ႔အၾကည့္က ေရတြင္းဆီသို႔ ေရာက္သြား၏။

႐ူဆဲက ေလွာင္ရယ္သည္။

"Nicky ခုေတာ့အရာအားလုံးက ငါ့အမွားေတြေပါ့ေလ?"

ခ်န္းယဲ့ခိုင္က လ်င္လ်င္ျမန္ျမန္ ဆိုသည္။

"႐ူဆဲ ကိုယ္ဘြဲ႕ယူတဲ့ေန႔တုန္းကေလ မင္းကိုproposeလုပ္ခ်င္ခဲ့တာပါ"

ခ်န္းယဲ့ခိုင္ခမ်ာ က်ိဳးရွန္း ေရတြင္းဆီ မသိမသာခ်ဥ္းကပ္သြားသည္ကို ၾကည့္ၿပီး မ်က္လုံးျပဴးသြားရသည္။

"႐ူဆဲ...... ႐ူဆဲ......"

ခ်န္းယဲ့ခိုင္လည္း နတ္ဆိုး႐ူဆဲဆီ တျဖည္းျဖည္း ခ်ဥ္းကပ္သြားလိုက္ၿပီး အသံမွာတုန္ယင္ေနခဲ့၏။

နတ္ဆိုး႐ူဆဲမွာ ေနာက္တဖန္ အသက္ျပန္ရွင္လာျပန္ၿပီျဖစ္ၿပီး ေရတြင္းကိုမွီကာ တျဖည္းျဖည္း အားယူ ထေနေလသည္။ ႏႈတ္ခမ္းကမူ ေသြးမ်ားတစ္စက္တစ္စက္က်ေနခဲ့ၿပီး ဖုတ္ေကာင္အလား သြားမ်ားကလည္းခြၽန္ထက္ေနကာ ခ်န္းယဲ့ခိုင္ထံ အမ်က္ႀကီးစြာ ေအာ္ဟစ္ေနေလ၏!

က်ိဳးရွန္းတစ္ေယာက္ ေရတြင္း၏ေအာက္ေျခကို ထင္ထင္ရွားရွားေတြ႕ရၿပီျဖစ္သည္။ ႐ုတ္တရက္ အေမွာင္ထုထဲတြင္ အလင္းတန္းေလး ျဖတ္ေျပးသြားသည္ကို ေတြ႕လိုက္ရ၏။

"ယြီေဟာက္ဘယ္္မွာလဲ?"

ခ်န္းယဲ့ခိုင္က မယုံၾကည္ႏိုင္စြာေမးသည္။

က်ိဳးရွန္းက ခ်န္းယဲ့ခိုင္ထံ ႐ူဆဲကိုလက္ညိဳးထိုးျပ၏။ သူ႔အားအခ်ိန္ဆြဲေပးထားရန္ ဆိုလိုျခင္းျဖစ္သည္။ ထို႔ေနာက္ သူ ယြီေဟာက္ကို ကယ္တင္ဖို႔ရာ တစ္ခုခုႀကံမည္ျဖစ္ေၾကာင္း လွ်ိဳ႕ဝွက္အမူအရာျပသည္။

နတ္ဆိုး႐ူဆဲမွာ က်ိဳးရွန္း၏အႀကံကို တမုဟုတ္ခ်င္း ရိပ္မိသြားၿပီး ေရတြင္းထဲမွ မီးခိုးမည္းလုံးမ်ားျဖင့္ လႈိင္းတစ္ခုဖန္တီးရင္း ႏွစ္ေယာက္သားကို တြန္းထုတ္ပစ္ေလသည္။

...

ေရတြင္းေအာက္ေျခရွိ ကမာၻေလးတြင္...

ယြီေဟာက္လည္း အိပ္ရာထဲမွ ႐ုန္းကန္ထလိုက္သည္။

သူသည္ လင္းလင္းထင္းထင္းရွိေသာ အခန္းတစ္ခန္းထဲတြင္ ေရာက္ေနခ်င္းျဖစ္ၿပီး ၎မွာ ခ်န္းယဲ့ခိုင္အေဆာင္ခန္းႏွင့္ တူပါ၏။ သို႔ေပသိ အခန္းဖြဲ႕စည္းကေတာ့ ေတာ္ေတာ္ေလးမတူေပ။ ဆိုဖာ၊ စာအုပ္စင္ႏွင့္ ထမင္းစားပြဲေပၚရွိ အခင္းအက်င္းမ်ားမွာ ခပ္ဆင္ဆင္တူသေယာင္ရွိေသာ္လည္း စားပြဲခင္းကမူ လုံးဝကိုခြၽတ္စြတ္ပင္။

ဆိုဖာေရွ႕ရွိ စားပြဲေပၚတြင္ေရာ ထမင္းစားပြဲေပၚတြင္ပါ ပန္းမ်ား အလွဆင္ထားလ်က္ရွိသည္။

"ဒါဘယ္ေနရာမ်ားလဲ?"

ယြီေဟာက္မွာ လုံးလုံးလ်ားလ်ားကို ေၾကာင္အမ္းေနရ၏။ သူက မ်က္ႏွာၾကပ္ေပၚသို႔ ေမာ့ၾကည့္လိုက္သည္။ ဤေနရာမွာ အခန္းတစ္ခန္းျဖစ္ၿပီး မ်က္ႏွာၾကပ္မွာလည္း ဘာအပ္ကြဲေၾကာင္း၊ ဘာအေပါက္ရာမွ မရွိေပ။ ဒါ ေရတြင္းေအာက္ေျခမွာရွိတဲ့ ကမာၻလားဟ?!

ခ်aန္းယဲ့ခိုင္နဲ႔ ႐ူဆဲရဲ႕ အိမ္မ်ားလား? ယြီေဟာက္႐ုတ္တရက္ ေတြးမိလိုက္သည္။ သို႔ေပသိ ဘယ္လိုေၾကာင့္မ်ား ဤကဲ့သို႔ေသာအခန္းမ်ိဳးက ေရတြင္းေအာက္ေျခတြင္ တည္ရွိေနရသနည္း?

Continue Reading

You'll Also Like

2.1M 162K 36
No descriptions here
740K 56.7K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင္းကိုသိပ္မုန္းတယ္ေမာင္" "ေမာင္မင္းကိုရေအာင္ျပန္ကယ္မယ္ ေမာင့္လူဆိုး...
2.9M 191K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022