True Love 💭 (Completed)

By KaKyoePhyu85

845K 17K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 39 (U)

8.5K 211 4
By KaKyoePhyu85

True love 💭❤ အပိုင်း - 39
(Unicode)

အိမ်၏ တံခါးမကြီးဖွင့်လိုက်သည့်အခါ လေတစ်ချက်တိုးဝေ့သွားသလို အမှောင်ကျနေသည့်အိမ်ကြီးကလဲ ညနေခင်းအလင်းလေးကြောင့် လင်း၍လာလေ၏။ အိမ်ကြီးက သားနားနေလေပြီး လူမနေသည်ကြောင့်ကြည့်ရတာတစ်မျိုးဖြစ်နေသည်။ စိတ်ထဲစိမ်းနေသည့်ခံစားချက်နှင့်အတူ အကိုလေးနောက်မှရွှေကူလိုက်သွားလိုက်တော့ ဆိုဖာပေါ်ထိုင်ခိုင်းလာသည့်အကိုလေးက အပြင်ပြန်ထွက်သွားကာ အထုတ်တွေသွားယူလေတော့သည်။

"ဘာလို့လိုက်လာတာလဲကွ အထဲမှာထိုင်နေတာမဟုတ်ဘူး"

ကွန့်မြူးစကားကို ပြုံးပြကာပြန်မဖြေပဲ အထုတ်လေးဆွဲယူနေသည့်ကြောင့် ကောင်မလေးလက်ထဲမှအထုတ်လေးကို ပြန်၍ဆွဲယူလိုက်သည်။

အကိုလေးကတစ်ယောက်ထဲ သိမ်းကျုံးမကာ အိမ်ထဲဝင်သွားသည့်အခါရွှေကူနောက်မှ လက်ဗလာလေးနှင့်လိုက်ခဲ့ရပြန်တော့သည်။

"အကိုလေး အိမ်ကလူမနေတာကြာပြီဆိုပြောတော့ ​"

"အင်းလေ"

"သန့်ရှင်းနေတာပဲလေ ရွှေကူဖုန်လေးတစ်စတောင်မတွေ့ဘူးနော်အခု"

ဘေးပတ်ပတ်လည်ကြည့်ကာ ပြောလာသည့်ကောင်မလေးကို ခေါင်းလေးတစ်ချက်ပုတ်လိုက်သည့်အခါ မျက်လုံးဝိုင်းလေးက ကွန့်မြူးဆီအကြည့်ရောက်လာတော့သည်။

"ကိုယ်သန့်ရှင်းခိုင်းထားတာလေ တစ်အိမ်လုံးအားလုံးပြင်ဆင်ပြီးသား ကြည့်လိုက် မီးဖိုခန်းရောအကုန်အဆင်သင့်ပဲ "

ခန္ဓာကိုယ်ပေါ်ကပ်ကျနေသည့် ဂါဝန်နီညိုရောင်လေးနှင့် သေးသေးသွယ်သွယ်ကောင်မလေးက မီးဖို့ထဲ မ​ပြေးရုံတမယ်လေးလှမ်းသွားသည့်အခါ ကွန့်မြူးသဘောတွေကျသွားရတော့သည်။

"ဟီး ဟုတ်နေတာပဲ ရွှေကူဒယ်အိုးတွေမယူခဲ့ရလို့စိတ်မကောင်းဖြစ်နေတာ အခုတော့အဆင်ပြေသွားပြီပေါ့"

"ဟားဟား ခင်များလေးကတော့လေ"

ရွှေကူ့အနားသို့တိုးလာသည့်အကိုလေးလက်မောင်းကို ရွှေကူချိတ်၍တွဲလိုက်တော့ သဘောတွေကျနေသည့်အကိုလေးက ပြုံး၍နေလေတော့သည်။ သိသာလှပါသည်။ ဘာလို့ဆိုရွှေကူအနားရှိနေသည့်အချိန်တို့တွင် အတောက်ပဆုံးပြုံးနေတတ်သည့်အကိုလေးက ယခုမှာလဲ အလှဆုံးအပြုံးလေးနှင့်ရွှေကူ့ကို ကြည့်နေလေတော့သည်။

လက်ခလေးချိတ်ကာ အနားသို့ကပ်နေသည့်ကောင်မလေးကြောင့် ကွန့်မြူးစိတ်တွေ လှုပ်ရှား၍နေလေတော့သည်။ အပြင်ဘက်မှာ နမ်းသွားသည််အချိန်ထဲက ကွန့်မြူးရင်တွေတအားခုန်နေရသည်မှာ ယခုထက်တိုင်ခုန်နေဆဲဖြစ်တော့သည်။

အကိုလေးနေရာချပေးသည့်အခန်းလေးထဲ ရွှေကူရောက်သွားသည့်အခါ ပထမဦးစွာ ပြူတင်းပေါက်လေးပါမပါကိုအရင်ကြည့်၏။ ကုတင်ဘေးတွင်ရှိသည့် ပြူတင်းပေါက်လေးကိုရွှေကူတွေ့ရှိသွားမှ သက်ပြင်းလေးချမိတော့သည်။ စိတ်ထဲအလိုကျသွားမှုနှင့်အတူ အခန်းအတွင်းလှည့်ပက်ကြည့်မိတော့ ထပ်မံ၍အလိုကျသွားရတော့သည်။ ပန်းရောင်သန်းသန်းလေးနှင့်လှနေသည့်အခန်းလေးဟာ ကာတွန်းအိပ်ယာခင်းလေးနှင့် သိပ်လိုက်ဖက်လှသည်။

အမြဲ ဖျာကြမ်းလေးခင်းအိပ်တတ်သည့်ရွှေကူဟာလဲ ဤဆိုဖာအိအိနုနုလေးတွေနှင့်အိပ်ရသည့်ခံစားချက်လေးကို ခုံမင်လာမိ၏။

ပျော်စရာတွေမရှိခဲ့သည့်ဘဝလေးထဲမှရုန်းထွက်လာကာ ပျော်စရာမိသားစုလေးထဲဝင်ရောက်လာသည့်အခါတွင်လဲ ထိုဘဝလေးကိုရွှေကူနှစ်ရှိုက်နေမိ၏။

အချစ်တွေငတ်မွတ်ခဲ့သည့် အထီးကျန်ဘဝလေးဟာလဲ အကိုလေး၏အချစ်တွေကိုမက်မောစွာတောင်းတရင်းမှ ထိုအချစ်တွေနှင့်စိတ်တူကိုယ်တူ မွေ့ရော်မိနေ၏။

နွေးထွေးသည့်အသိုက်မြုံလေးထဲ နစ်ဝင်နေပြီဖြစ်သည့်ရွှေကူ့ကို ယခုချိန်အကြောင်းတစ်ခုခုကြောင့်ထိုရပ်ဝန်းလေးမှ ဆွဲခေါ်ထုတ်သွားမည်ကိုလဲ စိုးရိမ်မိပြန်သည်။
အကိုလေးကိုချစ်မိသည့်ရွှေကူ့ကို မေမေကြီးတို့နားလည်ပေးလျှင်တော့ ရွှေကူပျော်မိမည်ဖြစ်သလို အပြစ်ပေးသဘောမတူပေးခဲ့လျှင်လဲရွှေကူမငြင်းဆန်ရဲ နာခံမည်မို့ ရွှေကူထိုနေ့လေးအတွက်အဆင်သင့်ဖြစ်နေပြီဖြစ်၏။

"ကောင်မလေး ကောင်မလေး "

"ရှင့်.."

ရွှေကူမီးဖိုခန်းထဲမှပြေးထွက်လာလိုက်တော့ နှင်းဆီပန်းတွေဆုတ်ကိုင်ထားသည့်အကိုလေးကို ခပ်ချောချောပုံစံလေးနှင့်တွဲ၍မြင်လိုက်ရတော့သည်။ အလုပ်မှအပြန် ရေမိုးချိုးပြီးသည့်သည့်အကိုလေးက အိမ်နေရင်းဝတ်နေကျအင်္ကျီအပါးလေးနှင့်ချောမောစွာရှိနေပြီး ပန်းလှလှလေးတွေကိုကိုင်ထားသည့်အခါ သိပ်ကိုကြည့်ကောင်းလွန်းလှပါသည်။ ရွှေကူဟင်းအိုးလေးတည်နေတုန်း အကိုလေးကပန်းလေးတွေသွားခူးနေတာပေါ့လေ။

ရွှေကူရှက်ပြုံးလေးပြုံးကာ ရပ်နေလိုက်တော့ ရွှေကူ့အနားသို့လှမ်းလာကာ ပန်းရဲရဲလေးတွေကိုကမ်းပေးလေသည်။

"ကောင်မလေးအတွက်"

မျက်စိရှေ့ကပန်းလေးတွေကို လှမ်းယူလိုက်သည့်အခါ အကိုလေးရဲ့လက်ခလေးတွေနှင့် ထိတွေ့သွားလေသည်ကြောင့် ရွှေကူပို၍ပြုံးလိုက်မိတော့သည်။ တမင်ထိတွေ့နေရခြင်းထက် ယခုလိုမထိတထိလေးဖြစ်နေရခြင်းကို ရွှေကူပို၍သဘောခွေ့နေမိ၏။ တစ်ဖက်သက်ချစ်ခဲ့သည့်အချိန်လေးတွေမှာ ထိုနည်းလမ်းလေးတွေကသာ လူကိုရင်ခုန်စေခဲ့သည်မဟုတ်လား။

"ဟား ဟား ချစ်စရာလေးကွာ"

"ဟင်.."

"ကြည့်ပန်းလေးတွေထက် အဲ့ရှက်ပြုံးလေးကပိုချစ်ဖို့ကောင်းနေတာကွာ ကိုယ်အူယားပြီးပွေ့ပိုက်ရမ်းမိတော့မှာပဲ"

လူအနားတိုးလာသည့်အခါ ရွှေကူ့ကိုပတ်ရမ်းမည်ဆိုး၍ နောက်လေးသို့ဆုတ်သွားမိ၏။

မနေနိုင်တော့၍ ပါးလေးနှစ်ဖက်ကိုပြေးဖိမိတော့ ဝူးဝူးဝါးဝါးနှင့်စကားလေးတွေပြောလာလေသည်။

"နာတယ်အကိုလေးရဲ့ အရမ်းကြီးမဖိနဲ့လေ"

လက်လေးတစ်ဖက်က ပန်းလေးတွေကိုင်ထားကာ တစ်ခြားလက်တစ်ဖက်နှင့် ပါးလေးသို့ရွှေကူကိုင်၍ ပြောလိုက်တော့ ရယ်ကျဲကျဲလုပ်နေလေသည်။

"ရွှေကူ့ကိုဘာလို့ဒီပန်းတွေပေးတာလဲဟင် "

"ပန်းလေးတွေကလှနေတာမြင်လို့ အဲ့တော့ကိုယ့်ရဲ့အလှဆုံးနတ်သမီးလေးကိုပေးချင်လာတာနဲ့တမင်သွားခူးလာတာလေဗျာ ကြည့် အောက်ပိုင်းလေးတွေကိုယ်ဆူးခြွေလာတယ်"

ရွှေကူငုံ့ကြည့်မိတော့ရွှေကူကိုင်ထားသည့်နေရာလေးတွင် တဂယ်ပဲ ဆူးလေးတွေမရှိပဲ အပေါ်ပိုင်းလေးတွင်သာ ဆူးလေးတွေဝန်းရံ၍ရှိနေလေတော့သည်။

"ရွှေကူ့ကိုအများကြီးချစ်တာလားဟင်"

အပြုံးအေးအေးလေးနှင့်မေးလာသည့်ကောင်မလေးက ချစ်သည်ဆိုသည့်စကားကိုကြားချင်၍ထင်သည်။ ခါးသေးသေးလေးကို သိမ်းကျုံးဖက်လိုက်သည့်အခါ အလယ်တွင်ပန်းလေးတွေနှင့်ခံထားကာ ရင်ခွင်ထဲကိုယ်လေးရောက်မလာအောင်တားထားလေသည့်ကောင်မလေးကို ခပ်ပြုံးပြုံးလေးကြည့်ကာ...

"ချစ်တာပေါ့ဗျာ အများကြီးချစ်တာ ပြောမပြတတ်အောင်ကိုချစ်တာပါတဲ့ဗျာ"

"ရွှေကူရောနော်"

"အင်း.. ကိုယ်သိတယ်လေ"

ကောင်မလေးဘက်က ချစ်ပါသည်ဆိုသည့်စကားလေးဟာ ကြားရခဲသလို တစ်ခါပြောလာဖို့အရေး အတော်လေးစောင့်ဆိုင်းရပါသည်။ ရည်းစားသက်တမ်းလေး ၁၅ ရက်လောက်မှာလဲ ကွန့်မြူးကသာနေ့တိုင်းလိုလို ချစ်ပါသည်ဟု တဖွဖွပြောနေခဲ့ပေမယ့် ကောင်မလေးဘက်ကတော့ ငါးခေါက်လောက်သာပြောခဲ့ဖူးပါသည်။ ပါးလေးနမ်းလျှင်တောင် ရှက်လို့ထွက်ထွက်ပြေးတတ်သည့်ကောင်မလေးကို နှုတ်ခမ်းလေးနမ်းဖို့တောင် အခွင့်ရေးမရ ခက်ခဲနေခဲ့ပါသည်။ ယနေ့လေးတော့ ပန်းလေးတွေရယ် မျက်မှန်လေးရယ် ချစ်စဖွယ်ပြုံးနေသည့်အပြုံးလေးရယ်နှင့် ကိုယ့်ရဲ့ကောင်မလေး၏ နှုတ်ခမ်းလေးကို မရမကနမ်းအုံးမည်မို့ ပန်းလေးတွေကိုကွန့်မြူးအသာဆွဲယူလိုက်တော့သည်။

ပန်းလေးတွေကြားခံမရှိတော့သည့်မို့ ပိုမိုနီးကပ်သွားသည့်အကွာဝေးလေးတွင် ကောင်မလေးက ခေါင်းလေးသဲ့သဲ့ခါရမ်း၍ ကွန့်မြူးစိတ်ကိုသိနေသည့်အလား ငြင်းဆန်လာလေ၏။ သို့ပေမယ့် အတွေးနယ်တွင်မက လက်တွေ့တွင်လဲ နယ်ကျွံ့မိပြီဖြစ်သည့်ကွန့်မြူးမှာ လည်တိုင်ကျော့ကျော့လေးထက် လက်တစ်ဖက်ကိုနေရာယူ၍ နှုတ်ခမ်းလေးကိုနမ်းရန် ချိန်ရွယ်နေပြီဖြစ်တော့သည်။ မျက်လုံးဝိုင်းဝိုင်းလေးကို လျစ်လျူရှူ့ကာ ကွန့်မြူးငုံ့သွားလိုက်တော့ အလိုလိုပင်မျက်လုံးလေးဟာမှိတ်သွားလေတော့သည်။ ခွင့်မပြုသည်မဟုတ် ရှက်လို့ငြင်းဆန်နေမှန်း သိပါသည်။

အိထွေးနေသည့်နှုတ်ခမ်းလေးဟာ ကွန့်မြူးရဲ့အနမ်းတွေကြောင့် ပျော်ကျသွားမည်တောင်ဆိုးမိပါသည်။ ချိုပါသည်။ ကွန့်မြူးကြိုက်သည့် ပျားရည်လေးလိုကို ချိုလှပါသည်။ နူးနူးညံ့လေးနမ်းလိုက်သည့်အထိအတွေ့တောင် ခံစားရသိပ်ကောင်းနေသည်မို့ နှုတ်ခမ်းလေးကိုပြန်မလွှတ်ပေး ပို၍ပင်နမ်းရှိုက်လိုက်တော့ အသံသဲ့သဲ့လေးဟာ ကွန့်မြူးကြားရုံမျှလေးထွက်လာလေတော့သည်။ လက်ထဲမှ ပန်းလေးတွေကို လွှတ်ချလိုက်ပြီး ပို၍နီးကပ်အောင်ဖက်ထားလိုက်သည့်အခါ ရင်ဘက်လေးဆီတွန်းကန်လာပြန်သည်။

"အမလေးလေး.. အဲ့တာ အဲ့တာ ဘာဖြစ်နေကြတာလဲ"

ပျော်စရာအထိအတွေ့ ပျော်စရာအငွေ့အသက်လေးတွေဟာ ရုတ်ချည်းပင် ပျောက်ကွယ်သွားရသလို ထိုအသံပိုင်ရှင်ဟာ မာမီမဟုတ်ပါစေနှင့်ဟုသရဲဘောကြောင်စွာ ဆုတောင်းနေမိတော့သည်။ အနမ်းလေးတွေရပ်တန့်မှုနှင့်အတူ မျက်နှာချင်းဆိုင်က ကောင်မလေးက မျက်ရည်ဝဲဝဲလေးတွေနှင့်မော့ကြည့်လာသည့်အခါ အရာရာကိုရှေ့ကကာကွယ်ပေးမည်ဟု ဂတိတွေပေးဖူးသည့်ကွန့်မြူးဟာ ဦးစွာပင်နောက်သို့လှည့်ကြည့်လိုက်၏။

"မာမီ ဒယ်ဒီ"

"နင် နင် မိုက်ရိုင်းလှချည်လား "

ဒေါသတကြီးနှင့် မာမီ့ပုံစံဟာ ကွန့်မြူးတစ်ခါလေးမျှတောင်မမြင်ဖူးသည့်ပုံစံပင်ဖြစ်သည်။

"ဖြောင်း .."

ပြင်းလွန်းသည့်ရိုက်ချက်နှင့်အတူ ပါးပြင်တစ်ခုဟာ လက်ချောင်းအရာတွေထင်ဟပ်၍ ရဲနေလေ၏။

ရွှေကူမေမေကြီး၏မျက်နှာကို မကြည့်ရဲ အကိုလေးနောက်မှနေ၍ ပုန်းကွယ်မိနေသည့်အခါ မေမေကြီးရဲ့မယုံကြည်နိုင်စွာပြောလာသည့်အပြောနှင့်အတူ ရိုက်သံကြားလိုက်ရမှ မော့ကြည့်မိတော့၏။ ကျောပေးထားသည့်အကိုလေးက တစ်ဘက်သို့မျက်နှာလွှဲဖြစ်နေသလို မေမေကြီးကလဲ ဒေါသနှင့်အငိုမျက်လုံးတို့ပေါင်းကာ အံကိုကျိတ်ထားလေတော့သည်။

"ငါ့မျက်နှာကိုအိုးမဲသုတ်တာပေါ့လေ နင့်ကိုယုံပြီးငါတို့လင်မယားက သမီးကိုနင်နဲ့အတူထားခဲ့တာလေ ကွန့်မြူးဝေရဲ့ မင်းမလို့ မင်းမလို့ ဟင့် ဟင့် ..."

ရှုံ့ပွဲချငိုနေသည့်မေမေကြီးဟာ အောက်သို့ခွေခွေးလေးထိုင်၍ ကြမ်းပြင်ကြွေပြားသို့ထုရိုက်ကာ ငိုလေတော့သည်။ ဘဘကြီးကတော့ ခက်ထန်သည့်မျက်နှာတို့နှင့် ရွှေကူနှင့်အကိုလေးကို ရပ်၍ကြည့်နေတော့၏။ ရွှေကူထင်မိသည်က ရွှေကူ့ကို ရိုက်မည်ဟုထင်ခဲ့မိပေမယ့် မေမေကြီးစိတ်တိုပြီး ပါးရိုက်ခဲ့သည်က မေမေကြီး၏သားအရင်း အကိုလေးကိုတဲ့လား။ ရွှေကူ့အပေါ်မေမေကြီး၏ မေတ္တာတွေကို ရွှေကူ့မြင်မိသွားသလို ဝမ်းလဲနည်းမိသွားသည်ကြောင့် ရွှေကူလဲမေမေကြီးနည်းတူ မျက်ရည်တွေကျနေမိတော့သည်။

"မေမေကြီးရယ် သမီးတောင်းပန်ပါတယ် သမီးတောင်းပန်ပါတယ်မေမေကြီးရယ် မငိုပါနဲ့နော်"

မေမေကြီးဟာ စကားကိုနားမထောင် ငိုနေလေပြီး ရွှေကူ့လက်တွေကိုလဲ တင်းတင်းဆုတ်ကိုင်ထားလေတော့သည်။

"မေမေကြီးတောင်းပန်ပါတယ်ကွယ် သမီးကိုမေမေကြီးတောင်းပန်ပါတယ်သမီးရယ်.."

ဒေါ်မာငိုတော့ သမီးလေးကပါလိုက်၍ ငိုနေလေသည်ကြောင့် မျက်နှာလေးကိုကိုင်၍ တောင်းပန်စကားဆိုလိုက်တော့ ပိုတိုး၍ငိုလာလေတော့သည်။ မေမေကြီးတို့သားမိတွေက သမီးလေးကို အိမ်ပေါ်ခေါ်တင်ပြီး မကြံစည်သင့်တာတွေ ကြံစည်မိပြီလားကွယ်။ သမီးလေးကို ပတ်ဝန်းကျင်ကပြောစရာဖြစ်အောင်လုပ်မိပြီလားကွယ်။

သမီးလေးအရင်းလေးလိုပြုစုပြီးစောင့်ရှောက်မည်ဟုတွေးထားသလို အမျိုးကောင်းသားလေးနှင့်အိမ်ထောင်ချပေးမည်ဟု တွေးထားသည့်ရည်မှန်းချက်လေးတွေဟာ သားဖြစ်သူကြောင့်ပျက်စီးသွားပြီဖြစ်တော့သည်။ သားဖြစ်သူဟာ ညီမလေးလိုချင်သည်ကြောင့်သမီးလေးကို တဂယ့်ညီမအရင်းလေးလိုချစ်ခဲ့သည်ဟုထင်မိခဲ့ပါသည်။ ဒေါ်မာမသိသည်က ဘယ်အချိန်က သားဖြစ်သူသမီးလေးကို ချစ်ကြိုက်သွားသည်ကိုပင်။ ဒေါ်မာသိခဲ့လျှင် တားခဲ့မည်ဖြစ်သလို သမီးလေးကိုလဲ သားဖြစ်နှင့်မပတ်မိအောင် တားမိမှာအမှန်ပင်ဖြစ်၏။ ဘယ်လိုပဲ သားအရင်းဖြစ်နေစေအုံးတော့ တစ်ဖက်ကသမီးလေးကမိန်းမကောင်းလေးမို့ သားဖြစ်သူကိုစိတ်တိုမိတော့၏။

"မာမီ"

"နင့်အသံငါမကြားချင်ဘူးကွန့်မြူးဝေ"

"မာမီမကြားချင်လို့လဲမရဘူးမာမီ အခုကိစ္စက ဒီအတိုင်းထားလို့ရတဲ့အနေထားမဟုတ်လေဗျာ"

အကိုလေးဘက်က ကိစ္စတွေရှင်းရင် စကားစလိုက်တော့ မေမေကြီးက မျက်စောင်းထိုး၍ မာန်ကိုတင်းထားလေတော့သည်။ ရွှေကူ့မှာ ကြားကထိုင်နေရကာ ယနေ့အချိန်ကိုကျော်လွန်ကာ ပြဿနာတွေဖြေရှင်းပြီးမည့်အချိန်ကိုသာ အချိန်ကူးပြောင်းကာသွားချင်နေတော့သည်။

မာမီ့စိတ်ကိုကွန့်မြူးအသိဆုံးဖြစ်သည်။ သံယောဇဉ်တွယ်မိလျှင် အလွန်အကျူးဆိုသလို စိတ်ဆုံးဖြတ်ထားလျှင်လဲ ပြတ်သားသည်။ ကောင်မလေးကို မွေးစားမည်ဟုတွင်တွင်ပြောဖူးသည်ကြောင့် မာမီ့စိတ်ထဲ သမီးအရင်းလိုသာတွေးထားပြီး ချွေးမအနေနှင့်တွေးရမည်မို့ လန့်သွားခြင်းဖြစ်မည်။ သေချာသည်ကတော့ ကောင်မလေးထိခိုက်နစ်နာမည့်အလုပ်ဆို မာမီဘာမှခွင့်ပြုမည်မဟုတ်ပေ။ ယခုတွင် ကွန့်မြူးစိတ်ရင်ကို အကောင်းဆုံးပုံဖော်ပြီးချပြနိုင်မှ မာမီ့ဘက်ကလက်ခံမည်ကိုလဲ သိပါသည်။

"ကျွန်တော်ကောင်မလေးကိုတဂယ်ချစ်တာမာမီ ကျွန်တော့တစ်ဘဝလုံးထိကို ရည်ရွယ်ပြီးတော့ကိုချစ်တာ "

"ဘယ်အချိန်ကစခဲ့တာလဲ "

"ဗျာ.. "

တုံးတိအမေးကို မာမီဟာမျက်တောင်မခက်ပဲ မေးလာလေတော့၏။

"နင့်ကိုမေးနေတာ ဘယ်အချိန်ကစခဲ့တာလဲအဲ့ခံစားချက်က"

"စ.. စတွေ့ထဲကပါမာမီ"

"ဘာ နင် နင်က.. အဲ့အချိန်ထဲက မရိုးမသားတွေတွေးနေတောပေါ့လေ"

"ကျွန်တော်စတွေ့ထဲကချစ်ခဲ့တာဆိုပေမယ့် အခုချိန်ထိမရိုးမသားမတွေးခဲ့ဘူးမာမီ ကောင်မလေးကိုရိုးရိုးသားသားနဲ့ပဲချစ်တာ"

"ဘာရိုးရိုးသားသားလဲ ငါ့ရှေ့မှာနမ်းနေပြီးတော့များ ဘာရိုးရိုးသားသားလဲဟဲ့..."

ပြောကာ ထရိုက်မည်ကြံနေသည့်ဇနီးဖြစ်သူကို မနည်းထိန်းလိုက်ရသည့်ဦးမိုးမြင့်မှာလဲ ဒီသားမိကြားအခက်တွေ့နေရ၏။ သားဖြစ်သူကို ပုံမှန်မဟုတ်ကြောင်း ဟိုးရှေ့ရက်တွေက သမီးနှင့် ကုမ္ပဏီအောက်မှာဖက်နေကြသည့်အချိန်ထဲက အသိပေးပြီးအကဲခက်ခိုင်းသော်လည်း ရိုးရိုးမောင်နှမလိုပါဟု ​ဇွတ်ငြင်းကာ လွှတ်ထားခဲ့သည့်ဇနီးမှာ ယခုမှပေါက်ကွဲနေလေသည်။

"နမ်းတာကနမ်းတာလေဗျာ ရိုးသားတာကရိုးသားတာပဲ သပ်သပ်စီလေမာမီကလဲ"

ပြောနေကြသည့် သားမိမှာတော့ အမျက်ဒေါသတွရှိနေသလို တစ်ဖက်ကလဲ ရိုးသားကြောင်းအချစ်စစ်ကြောင်းရှင်းပြနေကြပေမယ့် ကြားထဲကရွှေကူမှာတော့ အားနာစွာမျက်နှာတွေပူမိနေသည်။

"ဘယ်အချိန်က ဖြစ်သွားကြတာလဲ ငါမရှိတုန်းဘာအကွက်တွေရွေ့လိုက်တာလဲပြောပါအုံး"

"ဘာအကွက်မှမသုံးပါဘူးဆိုဗျာ ကျွန်တော်တဂယ်ချစ်လို့ ဖွင့်ပြောပြီးအဖြေတောင်းခဲ့တာပဲရှိတယ် ကျန်တာဘာမှအတင်းအကျပ်မလုပ်ခဲ့ဖူးဘူး"

ရွှေကူ့ဆီမေမေကြီးအကြည့်တွေရောက်လာတော့ ခေါင်းလေးတဆက်ဆက်ငြိမ့်ပြ၍ဘအကိုလေးစကားကိုထောက်ခံသမှုပြုလိုက်၏။

ဒေါ်မာ သားဖြစ်သူကို စစ်မေးပြီးသည်နှင့် သွေးတွေတတ်သွားရတော့၏။ ဒါတောင်ဘေးက မျက်နှာငယ်နှင့်သမီးကိုက မမေးရသေးသလို မေးဖို့လဲအားမရှိတော့ပေ။

သားနှင့်သမီးကို စပရိုက်တိုက်ချင်၍ အသိမပေးပဲ တစ်ရက်ကြိုပြီးပြန်လာခဲ့သည်က မထင်မှတ်ပဲ ပြန်၍စပရိုက်အကြီးကြီးတိုက်ခံလိုက်ရသည့်အဖြစ်ကိုတွေးမိတိုင်း ရင်ထုမနာဖြစ်ရ၏။

အမလေးလေး သားကျေးဇူးကြောင့် ခေါင်းတွေဆောင့်ထိုးကိုက်လာရသလို လူလဲအားမရှိတော့သည်မို့ အပေါ်တတ်၍နားလိုက်ရသည့်ဒေါ်မာမှာ ရင်ထဲတွင်တော့ တနုံ့နုံ့နှင့်ရှိနေရသည်။ မနက်ဖြန်မှ တစ်ကျော့ပြန်၍စစ်မေးမည်ဖြစ်သလို တစ်ချို့ဆုံးဖြတ်ချက်တွေလဲ ပြတ်သားစွာချရမည်မို့ ဒေါ်မာအားတင်း၍ ထိုညနေခင်းလေးကို နားလိုက်ရတော့သည်။

မွေးကျေးဇူးကို မွေးစားမည်ကြံထားတဲ့ သမီးလေးကိုစားပြီး ဆပ်လိုက်သည့်သားဖြစ်သူကို တွေးမိတိုင်း ဒေါသဖြစ်မိ၏။

အပြစ်ဖွဲ့ကြေးဆို နဲနဲတော့တင်မိပါသည်။ ကျန်သည့်အပြစ်အများကြီးက ဒေါ်မာကိုယ်တိုင်မှားခဲ့သည်မဟုတ်လား။ သမီးလေးကိုတော့ အားနာမိပါသည်။ ဒေါ်မာတို့ကြောင့် ထိခိုက်နစ်နာသွားတာမျိုးမဖြစ်စေချင်သလို ဘယ်လိုဘယ်ပုံစီစဉ်ရမည်လဲဆိုတာကိုလဲ မနက်ကျမှမေးမြန်း၍ မီးစဉ်ကြည့်ကမည်ဖြစ်တော့သည်။

Words 3133
32.10.2023 7:20pm
ဆက်လက်ကြိုးစားသွားပါမည်။

Uni နဲ့ Zawgyi ခွဲတင်ပါတော့မယ်နော်။ တွဲတင်ဖို့က အဆင်မပြေလို့ပါ။ မကြိုးဖုန်းအဆင်ပြေရင် ပြန်ပြီးတွဲတင်ပါမယ်နော်။

Continue Reading

You'll Also Like

14.9K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
114K 13.8K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
248K 14.8K 40
My priority /property/privacy
395K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ