အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

257

2K 375 20
By Melinoe_Megami

Unicode

ပတ်ဝန်းကျင်တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ခြူးမုယွင် အသံတိတ်သွားသလို ရှဲ့ချင်းလန်လည်း ဘာမှထပ်မပြောတော့ပေ။

အေးစိမ့်သော ရေကန်နံဘေးတွင် တစ်ဦးကိုတစ်ဦး ပွေ့ဖက်လျက် အတွေးကိုယ်စီဖြင့်။

စိတ်နှင့်ကိုယ်ပြန်ကပ်သွားမှ ရှဲ့ချင်းလန်၏ ခန္ဓာကိုယ်အပူချိန်က ဖြည်းဖြည်းချင်း ကျဆင်းနေကြောင်း ခြူးမုယွင် သတိပြုမိခဲ့သည်။ သို့နှင့် ရှဲ့ချင်းလန်ကို လှည့်ကြည့်ပြီး လက်ကို ဆုပ်ကိုင်ကာ အံ့ဩတကြီး မေးလိုက်သည်။

“မင်း အေးနေတာလား..?”

ရှဲ့ချင်းလန် : “ဘာမှမဖြစ်ပါဘူး..”

ခြူးမုယွင်သည် မတ်တပ်ရပ်ပြီး ရှဲ့ချင်းလန်၏ လည်ပင်းကို ထိကြည့်လိုက်သောအခါ အေးစက်မှုကြောင့် သူ၏လက်ပင် တုန်ယင်သွားရ၏။

“ဘာဖြစ်ထားတာလဲ..?” ခြူးမုယွင်မှာ မနေနိုင်တော့ဘဲ ရှဲ့ချင်းလန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သို့သော် ရှဲ့ချင်းလန်က သူ့ကို တွန်းဖယ်ခဲ့လေသည်။

“ဟိုတလောက ဒဏ်ရာရထားတာ.. တချို့ဒဏ်ရာလေးတွေ သိပ်မကောင်းသေးလို့.. သေချာဂရုစိုက်လိုက်ရင် အဆင်ပြေသွားမှာပါ..”

ခြူးမုယွင်သည် ဆေးပညာအကြောင်း နားလည်ပြီး ဆေးဝါးအတတ်ကို တတ်ကျွမ်းသည်။ သို့ဖြစ်ရာ သွေးကြော မစမ်းလိုက်ရသော်ငြား တစ်ခုခုမူမမှန်မှန်း အတပ်ပြောနိုင်သည်။

အစောပိုင်းက သတိမထားခဲ့မိသော်လည်း ယခုမူ ရှဲ့ချင်းလန်၏ မျက်နှာအရောင်အသွေးက ဖြူဖျော့နေပြီး နှုတ်ခမ်းပါးများက ပုံမှန်မဟုတ်ဘဲ အတန်ငယ် ပြာနေကြောင်း သတိပြုမိလိုက်သည်။ မျက်ဝန်းထဲမှ ပင်ပန်းနွမ်းနွယ်မှုကား ဖုံးကွယ်၍မရအောင်ပင်။

ခြူးမုယွင်က မေးသည်။ : “ဒီတစ်လလုံး မအိပ်ရသေးဘူးလား..?”

ရှဲ့ချင်းလန်က မျက်လွှာအသာချပြီး.. : “ဘာမှမဖြစ်ပါဘူး..”

ဘာကို ဘာမှမဖြစ်ရမှာလဲ..?

အပြန်ပြန်အလှန်လှန် တွေးကြည့်ပြီးနောက် ခြူးမုယွင် နားလည်သွားသည်။

သူ ဇီးပန်းရောင်ဝါတောင်ပေါ်မှ ပျောက်ကွယ်သွားချိန်တွင် သူတို့အားလုံး ဘယ်သူ့လက်ချက်မှန်း ခန့်မှန်းမိကြလိမ့်မည်။ ရှန်ရွှိန်ယန်းနှင့် ရန်ချန်းက ဒဏ်ရာအပြင်းအထန်ရကာ သတိမေ့နေပြီး ယဲ့ကျန့်ဟန်က ‘အသက်တံခါး’ထဲ စုပ်ယူခံလိုက်ရသည်။ သို့ဖြစ်ရာ ကျန်ရှိသည့် မော့ကျိုးရှောင်၊ ရှဲ့ချင်းလန်နှင့် လင်းရွှမ်တို့က ဝါးဆစ်တောအုပ်သို့ အပြေးရောက်လာကြလိမ့်မည်။

မော့ကျိုးရှောင်နှင့် လင်းရွှမ်က ပုံရိပ်ယောင်ဝင်္ကဘာအကြောင်း စိုးစဉ်းမျှမသိသဖြင့် အထဲဝင်နိုင်မည်မဟုတ်ပေ။

သို့သော် ရှဲ့ချင်းလန်ကတော့ ထိုပညာရပ်နှင့်ပတ်သက်ပြီး ကျွမ်းကျင်ပေ၏။ ကျွင်းမော့၏ တံလျှပ်ဆေးလုံးသည် အတော်လေး ထူးခြားဆန်းကြယ်သော်ငြား အလားတူပညာရပ်နှင့် တူညီချက်တချို့တော့ ရှိနေစမြဲသာ။ ရှဲ့ချင်းလန်အနေဖြင့် ရှုပ်ထွေးနေသော ချည်ထုံးကြီးထဲမှ စစ်မှန်သည့် ချည်စတစ်ငင် ဆွဲထုတ်နိုင်လျှင် ဝင်္ကဘာတစ်ခုလုံးကို ဖြေရှင်းနိုင်လိမ့်မည်။ ထိုအခါ ဝါးဆစ်တောအုပ်ထဲ ဝင်နိုင်လိမ့်မည်။

သို့သော် အနှီဝင်္ကဘာကို ဖြေရှင်းရန် မည်မျှခက်ခဲပင်ပန်းကြောင်း စကားလုံးအနည်းငယ်ဖြင့် ဖော်ပြ၍မရနိုင်အောင်ပင်။

ရှဲ့ချင်းလန်ခမျာ မတိုင်ခင်က ချီဖောက်ပြန်မှုကို ခံစားခဲ့ရပြီး လင်းရွှမ်နှင့် ပွဲကြီးပွဲကောင်း နွှဲခဲ့ရသေးသည်။ ထို့နောက် ဇီးပန်းရောင်ဝါတောင်မှ ဝါးဆစ်တောအုပ်သို့ အပြေးရောက်လာပြီး ပုံရိပ်ယောင်ဝင်္ကဘာကို ချိုးဖျက်ရန် နေ့မနားညမနား ကြိုးစားခဲ့ရသည်။ ပြီးမှသာ ဝါးဆစ်တောအုပ်ထဲသို့ ဝင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျွင်းမော့၏ အကျင့်စရိုက်အရ တံလျှပ်ဆေးလုံးများသာ စီစဉ်ထားမည်မဟုတ်၊ အတွင်းပိုင်းတွင် အဆိပ်ငွေ့အစီအရင်များလည်း ထည့်သွင်းထားလောက်မည်။

ရှဲ့ချင်းလန်က တစ်လျှောက်လုံး စိတ်အားတင်းထားသဖြင့် ယခုမှ  လက္ခဏာပြလာခြင်းပင်။ အင်မတန် သန်မာလွန်း၍သာ ဤအထိ တောင့်ခံလာနိုင်ခြင်း ဖြစ်သည်။

ရှဲ့ချင်းလန်၏ ညှိုးငယ်နေသော မျက်နှာလေးကိုကြည့်ရင်း ခြူးမုယွင်မှာ ရင်နာလာရ၏။ မပြီးဆုံးသေးသော မှတ်ဉာဏ်အပိုင်းအစများထဲတွင် အနီရောင်ဝတ် လူပေါ်ကြော့ကောင်လေးသည် ကိုယ့်ကိုယ်ကို သတ်သေသွားပြီး သွေးအိုင်ထဲသို့ လဲကျသွားခဲ့သည်။ ထိုမြင်ကွင်းက ပန်းချီကားချပ်သဖွယ်၊ ခြူးမုယွင်၏ နှလုံးသားထဲ တက်တူးထိုးထားသကဲ့သို့ စွဲထင်နေတော့သည်။

ခြူးမုယွင်က သက်ပြင်းချလိုက်ရင်း နူးညံ့စွာ ဆိုသည်။ : “ကိုယ့်ကို ဒဏ်ရာကြည့်ခွင့်ပေး..”

ရှဲ့ချင်းလန် မျက်မှောင်ကြုတ်သွားသည်။

ခြူးမုယွင်က ရှဲ့ချင်းလန်ကို ငုံ့နမ်းလိုက်သည်။ ပြီးနောက် အနမ်းနှင့် ရစ်မူးစေရင်း သွေးကြောစမ်းကြည့်လိုက်သည်။ ထိုအခါ ခြူးမုယွင်၏ရင်ထဲ ရေခဲရေဖြင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရပြီး သူ၏ ဝင်သက်ထွက်သက်ပင် မြူခိုးငွေ့ ပြောင်းလုမတတ် အေးစိမ့်သွားသည်။

ခြူးမုယွင်က တစ်နေရာသို့ ထသွားရန် ပြင်သည်။ သို့သော် ရှဲ့ချင်းလန်က သူ၏လက်ကို ရုတ်တရက် ဖမ်းဆွဲထားခဲ့သည်။

ခြူးမုယွင်လည်း သူ့ကို နှစ်သိမ့်ပေးမည်အလုပ် ရှဲ့ချင်းလန်က ပြောလာသည်။ : “ထွက်မသွားပါနဲ့..”

“လျှောက်မတွေးနဲ့..” ခြူးမုယွင်က ရှဲ့ချင်းလန်ကို သန့်ရှင်းသော မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းစေရင်း ညင်သာစွာ ပြောသည်။ “ကိုယ် ဆေးပင်တချို့ သွားရှာမလို့.. မင်းရဲ့ အတွင်းအားက မတည်ငြိမ်တော့ဘူး.. မြန်မြန်ကုသမှဖြစ်မယ်..”

ရှဲ့ချင်းလန်က ထွက်သွားခွင့်မပေးခဲ့ချေ။ : “သိပ်မကြာခင် ပြန်ကောင်းသွားမှာပါ..”

ခြူးမုယွင်က ချော့ပြောသည်။ : “စိတ်မပူနဲ့.. ကိုယ် ချက်ချင်းပြန်လာမယ်.. ဆေးသောက်ပြီးတာနဲ့ မင်း နေကောင်းသွားမှာ..”

ရှဲ့ချင်းလန်က လက်လွှတ်ပေးရန် ငြင်းဆန်နေဆဲ။

ခြူးမုယွင်လည်း သူ၏နံဘေးတွင် ထိုင်ချလိုက်ကာ ဖြူဖျော့ဖျော့နှုတ်ခမ်းပါးများကို ငုံ့နမ်းလိုက်သည်။ ပြီးနောက် အပြုံးလေးဖြင့် မေးသည်။ “ခုနက ခံစားလို့မကောင်းဘူးလား..?” ပုံရိပ်ယောင်ဝင်္ကဘာမှ ထွက်လာခဲ့ပြီးနောက် အချစ်တိုက်ပွဲ ဆင်နွှဲခဲ့သည့်အချိန်ကို ရည်ညွှန်းခြင်းပင်။

ရှဲ့ချင်းလန်က ဘာမှပြန်မပြောခဲ့ပေ။ သူ၏ မျက်ဝန်းထဲတွင် အကြင်သူ၏ နှုတ်ခမ်းထက်မှ အပြုံးနုနုလေးသာ စွဲထင်နေလေ၏။ အလင်းရောင်ကို ကျောခိုင်းထားသော်ငြား ထိုအပြုံးလေးက မနက်ခင်းပွင့်ချပ်လွှာများထက် တွဲလွဲခိုနေသော နှင်းစက်ပေါက်များသဖွယ် လူအများ ထိတွေ့ချင်လာအောင် ညှို့ငင်ဖမ်းစားနေပြီး တစ်ချိန်တည်းမှာပင် ဆုံးရှုံးလိုက်ရမှာ စိုးထိတ်လာစေသည်။

ခြူးမုယွင်က အေးစက်နေသော သူ၏လက်ကို ဆုပ်ကိုင်လိုက်ရင်း နူးညံ့နွေးထွေးစွာ ပြောသည်။ : “မြန်မြန် နေပြန်ကောင်းလာအောင်လုပ်.. ပြီးရင် ပုံရိပ်ယောင်နန်းတော်ကို ပြန်ကြမယ်..”

ရှဲ့ချင်းလန်၏ နှုတ်ခမ်းပါးများ တုန်ယင်လာသည်။

ခြူးမုယွင်က သူ၏နားရွက်နား တိုးကပ်ကာ တစ်ခုခုပြောလိုက်သည်။

ရှဲ့ချင်းလန်၏ မျက်ဝန်းများ ရုတ်ချည်း မှေးကျဉ်းသွားခဲ့သည်။

ခြူးမုယွင်က မတ်တပ်ရပ်လိုက်ပြီး.. : “ကိုယ့်ကိုစောင့်နေနော်.. ခဏနေရင် ပြန်လာခဲ့မယ်..”

ဤတစ်ခေါက်တော့ ရှဲ့ချင်းလန်က ထပ်မတားတော့ပေ။ ခြူးမုယွင်ပြောသွားသည့် စကားထဲ နစ်ဝင်နေတော့သည်။

-ချင်းလန်.. ကိုယ် မင်းကို ချစ်တယ်။

အလိမ်အညာဆိုလျှင်ပင် သူ့ကို ပျော်ရွှင်ကြည်နူးစေပါသည်။

တောအုပ်ထဲသို့ လျှောက်သွားရင်း ခြူးမုယွင်၏စိတ်ထဲ စိုးရိမ်နေမိသည်။ ရှဲ့ချင်းလန်၏ ဒဏ်ရာက အတော်လေး ဆိုးရွားပြင်းထန်၏။ အသက်သေဆုံးသည်အထိ မဟုတ်သော်ငြား မချိမဆန့်ဝေဒနာကို ခံစားရလိမ့်မည်။ လက်ရှိအခြေအနေက သေရသည်ထက် ပိုဆိုးနေသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် စိတ်လွတ်ရူးသွပ်ဆေး၊ အတွင်းအားပျောက်ဆုံးစေသော အဆိပ်နှင့် အအေးအဆိပ်များ စိမ့်ဝင်နေပြီး လှုပ်ရှားလိုက်တိုင်း နှလုံးပဲ့ကြွေလုမတတ် နာကျင်ခံစားရလိမ့်မည်။ ရှဲ့ချင်းလန်၏ အခြေအနေက တကယ့်ကို မကောင်းပေ။

ခြူးမုယွင်က စိတ်တည်ငြိမ်အောင်လုပ်ရင်း Zero လေးကို ပြောလိုက်သည်။ : “Zero .. ဆေးပင်တွေရှာဖို့ ကူညီပေးဦး..”

သူက ဆေးပင်တချို့ ပြောလိုက်သည်။ Zero လေးက သေသေချာချာ မှတ်ထားပြီး သူ၏စွမ်းအားဖြင့် နေရာအနှံ့ ရှာကြည့်တော့သည်။

လူနှစ်ယောက်ရှိတာက လူတစ်ယောက်တည်းထက် ပိုမိုအလုပ်တွင်၏။ အသုံးဝင်လောက်မည့် ဆေးပင်များ၊ အစားထိုးဆေးပင်များ ရှာဖွေရန် အချိန်သိပ်မယူလိုက်ရပေ။

ဤနေရာက ဝါးဆစ်တောအုပ်၏ အစွန်အဖျားဖြစ်နေတာ ကံကောင်းသွားသည်။ ကျွင်းမော့ ရှိနေသဖြင့် အနီးပတ်ဝန်းကျင်မှ တောအုပ်များသည် တခြားနေရာများထက် ပိုမိုစိမ်းလန်းသည်။ သို့ဖြစ်ရာ သူတို့လိုချင်သည့် ဆေးပင်များကို အချိန်တိုအတွင်း ရှာဖွေနိုင်ခဲ့သည်။

ခြူးမုယွင်လည်းအချိန်ဆွဲမနေဘဲ သိုလှောင်အိတ်ထဲမှ မီးပြင်းဖိုကို ဆွဲထုတ်ကာ ဆေးဝါးသန့်စင်တော့သည်။

သူက ရှဲ့ချင်းလန် မျှော်နေမှာစိုးပြီး ခေါင်းလှည့်ရုံဖြင့် တွေ့နိုင်သည့် မလှမ်းမကမ်းနေရာလေးတွင် ဆေးဝါးသန့်စင်နေလိုက်သည်။

တစ်ညကုန်လွန်ပြီးနောက် ခြူးမုယွင်သည် သူ၏လက်ထဲမှ ဆေးလုံးကိုကြည့်ပြီး သက်ပြင်းချလိုက်၏။ ဤဆေးလုံးက အနည်းဆုံးတော့ အအေးအဆိပ်ကို ကုသပေးနိုင်လိမ့်မည်။

ခြူးမုယွင်က ရှဲ့ချင်းလန်ကို ထထိုင်နိုင်အောင် ကူညီပေးပြီး ဆေးခွံ့ကျွေးလိုက်သည်။

ဆေး၏ အရည်အသွေးက အလွန်မြင့်မားသဖြင့် သိပ်မကြာခင်မှာပင် ဆေးစွမ်းပြလာသည်။ ရှဲ့ချင်းလန်၏ မျက်နှာအသွေးအရောင်က ပိုမိုကောင်းမွန်လာပြီး ရန်စတတ်သော မျက်ဝန်းများဟာလည်း အရောင်ပြန်တောက်လာသည်။

ခြူးမုယွင်မှာ စိတ်သက်သာရာရသွားပြီး မေးလိုက်သည်။ : “ဘယ်လိုနေသေးလဲ..?”

ရှဲ့ချင်းလန်က ဗလုံးဗထွေး ပြောလာသည်။ : “ခါးတယ်..”

ခြူးမုယွင် : “………..”

တောကြီးမျက်မည်းထဲ ဘယ်နားက သကြားလုံး သွားရှာရမလဲ..?!

ခြူးမုယွင်လည်း ရင်ခံသွားသဖြင့် အသံတိတ်သွားသည်။ ရှဲ့ချင်းလန်၏ ရှံ့မဲ့နေသော မျက်နှာလေးကိုကြည့်ရင်း ကိုယ်ချင်းစာလာသဖြင့် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ : “ရေသွားခပ်ပေးမယ်လေ..?”

ရှဲ့ချင်းလန်က လက်အသာမြှောက်ပြီး.. : “ဒီကိုလာ..”

ခြူးမုယွင်က ရှဲ့ချင်းလန် တစ်ခုခုပြောမယ်ထင်ပြီး ခေါင်းငုံ့ပေးလိုက်သည်။ ထိုအခါ ရှဲ့ချင်းလန်က ခြူးမုယွင်၏ လည်ပင်းအနောက်ကို ဖိချလိုက်ရင်း သူ့ကို နမ်းရှိုက်လာတော့သည်။

ရှဲ့ချင်းလန်က လျှာဖျားများကို သွယ်ယှက်လျက် စုပ်ယူစားသုံးနေတော့သည်။ ပျားရည်ချိုချိုလေး မြည်စမ်းနေရသကဲ့သို့ စိတ်ကျေနပ်နေဟန်က သူ့ကို မငြင်းပယ်ရက်အောင်ပင်။

ခြူးမုယွင်လည်း အခါးအရသာကို ခပ်ရေးရေးလေး ခံစားလိုက်ရသည်။ သို့သော် ဤကား ဆေးအရသာမဟုတ်၊ ရှဲ့ချင်းလန်၏ နှလုံးသားအောက်ခြေမှ ဆုံးရှုံးရမှာကြောက်သော်ငြား မည်သို့ဆွဲထားရမှန်းမသိသဖြင့် ခံစားနေရသော စိုးထိတ်မှု၊ အကြောက်တရားနှင့် အဆုံးမရှိသော ခါးသီးခြင်းများသာ။

ခြူးမုယွင်က သူ့ကို ဖြည်းဖြည်းချင်း ပြန်လည်တုံ့ပြန်ပေးခဲ့သည်။ နွေးထွေးသော နေရောင်ခြည်အောက်ဝယ် သူတို့နှစ်ဦးမှလွဲ၍ တစ်ပါးသူ မရှိတော့သကဲ့သို့ ပူးကပ်ရစ်နွယ်လျက်။ တစ်ဦးက ဤနည်းလမ်းကိုသုံး၍ တစ်ဖက်လူကို နှစ်သိမ့်ပေးချင်နေပြီး ကျန်တစ်ဦးက ဤနည်းလမ်းကိုသုံး၍ သူ့ကို စိတ်ချစေချင်သည်။

သူတို့နှစ်ဦး လူချင်းပြန်ခွာချိန်ဝယ် ရှဲ့ချင်းလန်က အပြုံးလေးဖြင့် ဆိုသည်။ : “အရမ်းချိုတာပဲ..”

သူ၏အပြုံးက ထုံးစံအတိုင်း ကလူ၏သို့မြူ၏သို့ပုံစံ ပြန်ဖြစ်သွား၏။ ခြူးမုယွင်မှာ ထိုအပြုံးလေးကိုကြည့်ရင်း အသည်းယားလာသည်။

ရှဲ့ချင်းလန်က ခြူးမုယွင်၏လက်ကို ဆောင့်ဆွဲပြီး သူ့အပေါ်သို့ အုပ်မိုးစေလိုက်သည်။

အဝတ်ပါးပါးလေးကိုဖြတ်လျက် အပူချိန်က တဖြည်းဖြည်းတိုးလာပြီး ‘တစ်စုံတစ်ရာ’က ထင်ရှားတက်ကြွလာခဲ့သည်။

ခြူးမုယွင်က သူ့အပေါ် မှီလိုက်ကာ.. : “ကိုယ် ကူညီပေးမယ်လေ..”

ရှဲ့ချင်းလန်က သူ၏ခါးကို ဖျစ်ညှစ်လိုက်ရင်း.. : “အထဲဝင်ချင်လို့.. လှုပ်ပေးမလားဟင်..?”

……………………………….

Zawgyi

ပတ္ဝန္းက်င္တစ္ခုလုံး တစ္ခဏမွ် တိတ္ဆိတ္သြား၏။ ျခဴးမုယြင္ အသံတိတ္သြားသလို ရွဲ႕ခ်င္းလန္လည္း ဘာမွထပ္မေျပာေတာ့ေပ။

ေအးစိမ့္ေသာ ေရကန္နံေဘးတြင္ တစ္ဦးကိုတစ္ဦး ေပြ႕ဖက္လ်က္ အေတြးကိုယ္စီျဖင့္။

စိတ္ႏွင့္ကိုယ္ျပန္ကပ္သြားမွ ရွဲ႕ခ်င္းလန္၏ ခႏၶာကိုယ္အပူခ်ိန္က ျဖည္းျဖည္းခ်င္း က်ဆင္းေနေၾကာင္း ျခဴးမုယြင္ သတိျပဳမိခဲ့သည္။ သို႔ႏွင့္ ရွဲ႕ခ်င္းလန္ကို လွည့္ၾကည့္ၿပီး လက္ကို ဆုပ္ကိုင္ကာ အံ့ဩတႀကီး ေမးလိုက္သည္။

“မင္း ေအးေနတာလား..?”

ရွဲ႕ခ်င္းလန္ : “ဘာမွမျဖစ္ပါဘူး..”

ျခဴးမုယြင္သည္ မတ္တပ္ရပ္ၿပီး ရွဲ႕ခ်င္းလန္၏ လည္ပင္းကို ထိၾကည့္လိုက္ေသာအခါ ေအးစက္မႈေၾကာင့္ သူ၏လက္ပင္ တုန္ယင္သြားရ၏။

“ဘာျဖစ္ထားတာလဲ..?” ျခဴးမုယြင္မွာ မေနႏိုင္ေတာ့ဘဲ ရွဲ႕ခ်င္းလန္၏ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္သည္။ သို႔ေသာ္ ရွဲ႕ခ်င္းလန္က သူ႔ကို တြန္းဖယ္ခဲ့ေလသည္။

“ဟိုတေလာက ဒဏ္ရာရထားတာ.. တခ်ိဳ႕ဒဏ္ရာေလးေတြ သိပ္မေကာင္းေသးလို႔.. ေသခ်ာဂ႐ုစိုက္လိုက္ရင္ အဆင္ေျပသြားမွာပါ..”

ျခဴးမုယြင္သည္ ေဆးပညာအေၾကာင္း နားလည္ၿပီး ေဆးဝါးအတတ္ကို တတ္ကြၽမ္းသည္။ သို႔ျဖစ္ရာ ေသြးေၾကာ မစမ္းလိုက္ရေသာ္ျငား တစ္ခုခုမူမမွန္မွန္း အတပ္ေျပာႏိုင္သည္။

အေစာပိုင္းက သတိမထားခဲ့မိေသာ္လည္း ယခုမူ ရွဲ႕ခ်င္းလန္၏ မ်က္ႏွာအေရာင္အေသြးက ျဖဴေဖ်ာ့ေနၿပီး ႏႈတ္ခမ္းပါးမ်ားက ပုံမွန္မဟုတ္ဘဲ အတန္ငယ္ ျပာေနေၾကာင္း သတိျပဳမိလိုက္သည္။ မ်က္ဝန္းထဲမွ ပင္ပန္းႏြမ္းႏြယ္မႈကား ဖုံးကြယ္၍မရေအာင္ပင္။

ျခဴးမုယြင္က ေမးသည္။ : “ဒီတစ္လလုံး မအိပ္ရေသးဘူးလား..?”

ရွဲ႕ခ်င္းလန္က မ်က္လႊာအသာခ်ၿပီး.. : “ဘာမွမျဖစ္ပါဘူး..”

ဘာကို ဘာမွမျဖစ္ရမွာလဲ..?

အျပန္ျပန္အလွန္လွန္ ေတြးၾကည့္ၿပီးေနာက္ ျခဴးမုယြင္ နားလည္သြားသည္။

သူ ဇီးပန္းေရာင္ဝါေတာင္ေပၚမွ ေပ်ာက္ကြယ္သြားခ်ိန္တြင္ သူတို႔အားလုံး ဘယ္သူ႔လက္ခ်က္မွန္း ခန႔္မွန္းမိၾကလိမ့္မည္။ ရွန္႐ႊိန္ယန္းႏွင့္ ရန္ခ်န္းက ဒဏ္ရာအျပင္းအထန္ရကာ သတိေမ့ေနၿပီး ယဲ့က်န႔္ဟန္က ‘အသက္တံခါး’ထဲ စုပ္ယူခံလိုက္ရသည္။ သို႔ျဖစ္ရာ က်န္ရွိသည့္ ေမာ့က်ိဳးေရွာင္၊ ရွဲ႕ခ်င္းလန္ႏွင့္ လင္း႐ႊမ္တို႔က ဝါးဆစ္ေတာအုပ္သို႔ အေျပးေရာက္လာၾကလိမ့္မည္။

ေမာ့က်ိဳးေရွာင္ႏွင့္ လင္း႐ႊမ္က ပုံရိပ္ေယာင္ဝကၤဘာအေၾကာင္း စိုးစဥ္းမွ်မသိသျဖင့္ အထဲဝင္ႏိုင္မည္မဟုတ္ေပ။

သို႔ေသာ္ ရွဲ႕ခ်င္းလန္ကေတာ့ ထိုပညာရပ္ႏွင့္ပတ္သက္ၿပီး ကြၽမ္းက်င္ေပ၏။ ကြၽင္းေမာ့၏ တံလွ်ပ္ေဆးလုံးသည္ အေတာ္ေလး ထူးျခားဆန္းၾကယ္ေသာ္ျငား အလားတူပညာရပ္ႏွင့္ တူညီခ်က္တခ်ိဳ႕ေတာ့ ရွိေနစၿမဲသာ။ ရွဲ႕ခ်င္းလန္အေနျဖင့္ ရႈပ္ေထြးေနေသာ ခ်ည္ထုံးႀကီးထဲမွ စစ္မွန္သည့္ ခ်ည္စတစ္ငင္ ဆြဲထုတ္ႏိုင္လွ်င္ ဝကၤဘာတစ္ခုလုံးကို ေျဖရွင္းႏိုင္လိမ့္မည္။ ထိုအခါ ဝါးဆစ္ေတာအုပ္ထဲ ဝင္ႏိုင္လိမ့္မည္။

သို႔ေသာ္ အႏွီဝကၤဘာကို ေျဖရွင္းရန္ မည္မွ်ခက္ခဲပင္ပန္းေၾကာင္း စကားလုံးအနည္းငယ္ျဖင့္ ေဖာ္ျပ၍မရႏိုင္ေအာင္ပင္။

ရွဲ႕ခ်င္းလန္ခမ်ာ မတိုင္ခင္က ခ်ီေဖာက္ျပန္မႈကို ခံစားခဲ့ရၿပီး လင္း႐ႊမ္ႏွင့္ ပြဲႀကီးပြဲေကာင္း ႏႊဲခဲ့ရေသးသည္။ ထို႔ေနာက္ ဇီးပန္းေရာင္ဝါေတာင္မွ ဝါးဆစ္ေတာအုပ္သို႔ အေျပးေရာက္လာၿပီး ပုံရိပ္ေယာင္ဝကၤဘာကို ခ်ိဳးဖ်က္ရန္ ေန႔မနားညမနား ႀကိဳးစားခဲ့ရသည္။ ၿပီးမွသာ ဝါးဆစ္ေတာအုပ္ထဲသို႔ ဝင္လာႏိုင္ခဲ့ျခင္း ျဖစ္သည္။

ကြၽင္းေမာ့၏ အက်င့္စ႐ိုက္အရ တံလွ်ပ္ေဆးလုံးမ်ားသာ စီစဥ္ထားမည္မဟုတ္၊ အတြင္းပိုင္းတြင္ အဆိပ္ေငြ႕အစီအရင္မ်ားလည္း ထည့္သြင္းထားေလာက္မည္။

ရွဲ႕ခ်င္းလန္က တစ္ေလွ်ာက္လုံး စိတ္အားတင္းထားသျဖင့္ ယခုမွ  လကၡဏာျပလာျခင္းပင္။ အင္မတန္ သန္မာလြန္း၍သာ ဤအထိ ေတာင့္ခံလာႏိုင္ျခင္း ျဖစ္သည္။

ရွဲ႕ခ်င္းလန္၏ ညႇိဳးငယ္ေနေသာ မ်က္ႏွာေလးကိုၾကည့္ရင္း ျခဴးမုယြင္မွာ ရင္နာလာရ၏။ မၿပီးဆုံးေသးေသာ မွတ္ဉာဏ္အပိုင္းအစမ်ားထဲတြင္ အနီေရာင္ဝတ္ လူေပၚေၾကာ့ေကာင္ေလးသည္ ကိုယ့္ကိုယ္ကို သတ္ေသသြားၿပီး ေသြးအိုင္ထဲသို႔ လဲက်သြားခဲ့သည္။ ထိုျမင္ကြင္းက ပန္းခ်ီကားခ်ပ္သဖြယ္၊ ျခဴးမုယြင္၏ ႏွလုံးသားထဲ တက္တူးထိုးထားသကဲ့သို႔ စြဲထင္ေနေတာ့သည္။

ျခဴးမုယြင္က သက္ျပင္းခ်လိုက္ရင္း ႏူးညံ့စြာ ဆိုသည္။ : “ကိုယ့္ကို ဒဏ္ရာၾကည့္ခြင့္ေပး..”

ရွဲ႕ခ်င္းလန္ မ်က္ေမွာင္ၾကဳတ္သြားသည္။

ျခဴးမုယြင္က ရွဲ႕ခ်င္းလန္ကို ငုံ႔နမ္းလိုက္သည္။ ၿပီးေနာက္ အနမ္းႏွင့္ ရစ္မူးေစရင္း ေသြးေၾကာစမ္းၾကည့္လိုက္သည္။ ထိုအခါ ျခဴးမုယြင္၏ရင္ထဲ ေရခဲေရျဖင့္ ေလာင္းခ်ခံလိုက္ရသလို ခံစားလိုက္ရၿပီး သူ၏ ဝင္သက္ထြက္သက္ပင္ ျမဴခိုးေငြ႕ ေျပာင္းလုမတတ္ ေအးစိမ့္သြားသည္။

ျခဴးမုယြင္က တစ္ေနရာသို႔ ထသြားရန္ ျပင္သည္။ သို႔ေသာ္ ရွဲ႕ခ်င္းလန္က သူ၏လက္ကို ႐ုတ္တရက္ ဖမ္းဆြဲထားခဲ့သည္။

ျခဴးမုယြင္လည္း သူ႔ကို ႏွစ္သိမ့္ေပးမည္အလုပ္ ရွဲ႕ခ်င္းလန္က ေျပာလာသည္။ : “ထြက္မသြားပါနဲ႔..”

“ေလွ်ာက္မေတြးနဲ႔..” ျခဴးမုယြင္က ရွဲ႕ခ်င္းလန္ကို သန႔္ရွင္းေသာ ျမက္ခင္းျပင္ေပၚတြင္ လဲေလ်ာင္းေစရင္း ညင္သာစြာ ေျပာသည္။ “ကိုယ္ ေဆးပင္တခ်ိဳ႕ သြားရွာမလို႔.. မင္းရဲ႕ အတြင္းအားက မတည္ၿငိမ္ေတာ့ဘူး.. ျမန္ျမန္ကုသမွျဖစ္မယ္..”

ရွဲ႕ခ်င္းလန္က ထြက္သြားခြင့္မေပးခဲ့ေခ်။ : “သိပ္မၾကာခင္ ျပန္ေကာင္းသြားမွာပါ..”

ျခဴးမုယြင္က ေခ်ာ့ေျပာသည္။ : “စိတ္မပူနဲ႔.. ကိုယ္ ခ်က္ခ်င္းျပန္လာမယ္.. ေဆးေသာက္ၿပီးတာနဲ႔ မင္း ေနေကာင္းသြားမွာ..”

ရွဲ႕ခ်င္းလန္က လက္လႊတ္ေပးရန္ ျငင္းဆန္ေနဆဲ။

ျခဴးမုယြင္လည္း သူ၏နံေဘးတြင္ ထိုင္ခ်လိုက္ကာ ျဖဴေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းပါးမ်ားကို ငုံ႔နမ္းလိုက္သည္။ ၿပီးေနာက္ အၿပဳံးေလးျဖင့္ ေမးသည္။ “ခုနက ခံစားလို႔မေကာင္းဘူးလား..?” ပုံရိပ္ေယာင္ဝကၤဘာမွ ထြက္လာခဲ့ၿပီးေနာက္ အခ်စ္တိုက္ပြဲ ဆင္ႏႊဲခဲ့သည့္အခ်ိန္ကို ရည္ၫႊန္းျခင္းပင္။

ရွဲ႕ခ်င္းလန္က ဘာမွျပန္မေျပာခဲ့ေပ။ သူ၏ မ်က္ဝန္းထဲတြင္ အၾကင္သူ၏ ႏႈတ္ခမ္းထက္မွ အၿပဳံးႏုႏုေလးသာ စြဲထင္ေနေလ၏။ အလင္းေရာင္ကို ေက်ာခိုင္းထားေသာ္ျငား ထိုအၿပဳံးေလးက မနက္ခင္းပြင့္ခ်ပ္လႊာမ်ားထက္ တြဲလြဲခိုေနေသာ ႏွင္းစက္ေပါက္မ်ားသဖြယ္ လူအမ်ား ထိေတြ႕ခ်င္လာေအာင္ ညႇိဳ႕ငင္ဖမ္းစားေနၿပီး တစ္ခ်ိန္တည္းမွာပင္ ဆုံးရႈံးလိုက္ရမွာ စိုးထိတ္လာေစသည္။

ျခဴးမုယြင္က ေအးစက္ေနေသာ သူ၏လက္ကို ဆုပ္ကိုင္လိုက္ရင္း ႏူးညံ့ေႏြးေထြးစြာ ေျပာသည္။ : “ျမန္ျမန္ ေနျပန္ေကာင္းလာေအာင္လုပ္.. ၿပီးရင္ ပုံရိပ္ေယာင္နန္းေတာ္ကို ျပန္ၾကမယ္..”

ရွဲ႕ခ်င္းလန္၏ ႏႈတ္ခမ္းပါးမ်ား တုန္ယင္လာသည္။

ျခဴးမုယြင္က သူ၏နား႐ြက္နား တိုးကပ္ကာ တစ္ခုခုေျပာလိုက္သည္။

ရွဲ႕ခ်င္းလန္၏ မ်က္ဝန္းမ်ား ႐ုတ္ခ်ည္း ေမွးက်ဥ္းသြားခဲ့သည္။

ျခဴးမုယြင္က မတ္တပ္ရပ္လိုက္ၿပီး.. : “ကိုယ့္ကိုေစာင့္ေနေနာ္.. ခဏေနရင္ ျပန္လာခဲ့မယ္..”

ဤတစ္ေခါက္ေတာ့ ရွဲ႕ခ်င္းလန္က ထပ္မတားေတာ့ေပ။ ျခဴးမုယြင္ေျပာသြားသည့္ စကားထဲ နစ္ဝင္ေနေတာ့သည္။

-ခ်င္းလန္.. ကိုယ္ မင္းကို ခ်စ္တယ္။

အလိမ္အညာဆိုလွ်င္ပင္ သူ႔ကို ေပ်ာ္႐ႊင္ၾကည္ႏူးေစပါသည္။

ေတာအုပ္ထဲသို႔ ေလွ်ာက္သြားရင္း ျခဴးမုယြင္၏စိတ္ထဲ စိုးရိမ္ေနမိသည္။ ရွဲ႕ခ်င္းလန္၏ ဒဏ္ရာက အေတာ္ေလး ဆိုး႐ြားျပင္းထန္၏။ အသက္ေသဆုံးသည္အထိ မဟုတ္ေသာ္ျငား မခ်ိမဆန႔္ေဝဒနာကို ခံစားရလိမ့္မည္။ လက္ရွိအေျခအေနက ေသရသည္ထက္ ပိုဆိုးေနသည္။

သူ၏ ခႏၶာကိုယ္ထဲတြင္ စိတ္လြတ္႐ူးသြပ္ေဆး၊ အတြင္းအားေပ်ာက္ဆုံးေစေသာ အဆိပ္ႏွင့္ အေအးအဆိပ္မ်ား စိမ့္ဝင္ေနၿပီး လႈပ္ရွားလိုက္တိုင္း ႏွလုံးပဲ့ေႂကြလုမတတ္ နာက်င္ခံစားရလိမ့္မည္။ ရွဲ႕ခ်င္းလန္၏ အေျခအေနက တကယ့္ကို မေကာင္းေပ။

ျခဴးမုယြင္က စိတ္တည္ၿငိမ္ေအာင္လုပ္ရင္း Zero ေလးကို ေျပာလိုက္သည္။ : “Zero .. ေဆးပင္ေတြရွာဖို႔ ကူညီေပးဦး..”

သူက ေဆးပင္တခ်ိဳ႕ ေျပာလိုက္သည္။ Zero ေလးက ေသေသခ်ာခ်ာ မွတ္ထားၿပီး သူ၏စြမ္းအားျဖင့္ ေနရာအႏွံ႔ ရွာၾကည့္ေတာ့သည္။

လူႏွစ္ေယာက္ရွိတာက လူတစ္ေယာက္တည္းထက္ ပိုမိုအလုပ္တြင္၏။ အသုံးဝင္ေလာက္မည့္ ေဆးပင္မ်ား၊ အစားထိုးေဆးပင္မ်ား ရွာေဖြရန္ အခ်ိန္သိပ္မယူလိုက္ရေပ။

ဤေနရာက ဝါးဆစ္ေတာအုပ္၏ အစြန္အဖ်ားျဖစ္ေနတာ ကံေကာင္းသြားသည္။ ကြၽင္းေမာ့ ရွိေနသျဖင့္ အနီးပတ္ဝန္းက်င္မွ ေတာအုပ္မ်ားသည္ တျခားေနရာမ်ားထက္ ပိုမိုစိမ္းလန္းသည္။ သို႔ျဖစ္ရာ သူတို႔လိုခ်င္သည့္ ေဆးပင္မ်ားကို အခ်ိန္တိုအတြင္း ရွာေဖြႏိုင္ခဲ့သည္။

ျခဴးမုယြင္လည္းအခ်ိန္ဆြဲမေနဘဲ သိုေလွာင္အိတ္ထဲမွ မီးျပင္းဖိုကို ဆြဲထုတ္ကာ ေဆးဝါးသန႔္စင္ေတာ့သည္။

သူက ရွဲ႕ခ်င္းလန္ ေမွ်ာ္ေနမွာစိုးၿပီး ေခါင္းလွည့္႐ုံျဖင့္ ေတြ႕ႏိုင္သည့္ မလွမ္းမကမ္းေနရာေလးတြင္ ေဆးဝါးသန႔္စင္ေနလိုက္သည္။

တစ္ညကုန္လြန္ၿပီးေနာက္ ျခဴးမုယြင္သည္ သူ၏လက္ထဲမွ ေဆးလုံးကိုၾကည့္ၿပီး သက္ျပင္းခ်လိုက္၏။ ဤေဆးလုံးက အနည္းဆုံးေတာ့ အေအးအဆိပ္ကို ကုသေပးႏိုင္လိမ့္မည္။

ျခဴးမုယြင္က ရွဲ႕ခ်င္းလန္ကို ထထိုင္ႏိုင္ေအာင္ ကူညီေပးၿပီး ေဆးခြံ႕ေကြၽးလိုက္သည္။

ေဆး၏ အရည္အေသြးက အလြန္ျမင့္မားသျဖင့္ သိပ္မၾကာခင္မွာပင္ ေဆးစြမ္းျပလာသည္။ ရွဲ႕ခ်င္းလန္၏ မ်က္ႏွာအေသြးအေရာင္က ပိုမိုေကာင္းမြန္လာၿပီး ရန္စတတ္ေသာ မ်က္ဝန္းမ်ားဟာလည္း အေရာင္ျပန္ေတာက္လာသည္။

ျခဴးမုယြင္မွာ စိတ္သက္သာရာရသြားၿပီး ေမးလိုက္သည္။ : “ဘယ္လိုေနေသးလဲ..?”

ရွဲ႕ခ်င္းလန္က ဗလုံးဗေထြး ေျပာလာသည္။ : “ခါးတယ္..”

ျခဴးမုယြင္ : “………..”

ေတာႀကီးမ်က္မည္းထဲ ဘယ္နားက သၾကားလုံး သြားရွာရမလဲ..?!

ျခဴးမုယြင္လည္း ရင္ခံသြားသျဖင့္ အသံတိတ္သြားသည္။ ရွဲ႕ခ်င္းလန္၏ ရွံ႕မဲ့ေနေသာ မ်က္ႏွာေလးကိုၾကည့္ရင္း ကိုယ္ခ်င္းစာလာသျဖင့္ စိတ္ပ်က္လက္ပ်က္ ေျပာလိုက္သည္။ : “ေရသြားခပ္ေပးမယ္ေလ..?”

ရွဲ႕ခ်င္းလန္က လက္အသာေျမႇာက္ၿပီး.. : “ဒီကိုလာ..”

ျခဴးမုယြင္က ရွဲ႕ခ်င္းလန္ တစ္ခုခုေျပာမယ္ထင္ၿပီး ေခါင္းငုံ႔ေပးလိုက္သည္။ ထိုအခါ ရွဲ႕ခ်င္းလန္က ျခဴးမုယြင္၏ လည္ပင္းအေနာက္ကို ဖိခ်လိုက္ရင္း သူ႔ကို နမ္းရႈိက္လာေတာ့သည္။

ရွဲ႕ခ်င္းလန္က လွ်ာဖ်ားမ်ားကို သြယ္ယွက္လ်က္ စုပ္ယူစားသုံးေနေတာ့သည္။ ပ်ားရည္ခ်ိဳခ်ိဳေလး ျမည္စမ္းေနရသကဲ့သို႔ စိတ္ေက်နပ္ေနဟန္က သူ႔ကို မျငင္းပယ္ရက္ေအာင္ပင္။

ျခဴးမုယြင္လည္း အခါးအရသာကို ခပ္ေရးေရးေလး ခံစားလိုက္ရသည္။ သို႔ေသာ္ ဤကား ေဆးအရသာမဟုတ္၊ ရွဲ႕ခ်င္းလန္၏ ႏွလုံးသားေအာက္ေျခမွ ဆုံးရႈံးရမွာေၾကာက္ေသာ္ျငား မည္သို႔ဆြဲထားရမွန္းမသိသျဖင့္ ခံစားေနရေသာ စိုးထိတ္မႈ၊ အေၾကာက္တရားႏွင့္ အဆုံးမရွိေသာ ခါးသီးျခင္းမ်ားသာ။

ျခဴးမုယြင္က သူ႔ကို ျဖည္းျဖည္းခ်င္း ျပန္လည္တုံ႔ျပန္ေပးခဲ့သည္။ ေႏြးေထြးေသာ ေနေရာင္ျခည္ေအာက္ဝယ္ သူတို႔ႏွစ္ဦးမွလြဲ၍ တစ္ပါးသူ မရွိေတာ့သကဲ့သို႔ ပူးကပ္ရစ္ႏြယ္လ်က္။ တစ္ဦးက ဤနည္းလမ္းကိုသုံး၍ တစ္ဖက္လူကို ႏွစ္သိမ့္ေပးခ်င္ေနၿပီး က်န္တစ္ဦးက ဤနည္းလမ္းကိုသုံး၍ သူ႔ကို စိတ္ခ်ေစခ်င္သည္။

သူတို႔ႏွစ္ဦး လူခ်င္းျပန္ခြာခ်ိန္ဝယ္ ရွဲ႕ခ်င္းလန္က အၿပဳံးေလးျဖင့္ ဆိုသည္။ : “အရမ္းခ်ိဳတာပဲ..”

သူ၏အၿပဳံးက ထုံးစံအတိုင္း ကလူ၏သို႔ျမဴ၏သို႔ပုံစံ ျပန္ျဖစ္သြား၏။ ျခဴးမုယြင္မွာ ထိုအၿပဳံးေလးကိုၾကည့္ရင္း အသည္းယားလာသည္။

ရွဲ႕ခ်င္းလန္က ျခဴးမုယြင္၏လက္ကို ေဆာင့္ဆြဲၿပီး သူ႔အေပၚသို႔ အုပ္မိုးေစလိုက္သည္။

အဝတ္ပါးပါးေလးကိုျဖတ္လ်က္ အပူခ်ိန္က တျဖည္းျဖည္းတိုးလာၿပီး ‘တစ္စုံတစ္ရာ’က ထင္ရွားတက္ႂကြလာခဲ့သည္။

ျခဴးမုယြင္က သူ႔အေပၚ မွီလိုက္ကာ.. : “ကိုယ္ ကူညီေပးမယ္ေလ..”

ရွဲ႕ခ်င္းလန္က သူ၏ခါးကို ဖ်စ္ညႇစ္လိုက္ရင္း.. : “အထဲဝင္ခ်င္လို႔.. လႈပ္ေပးမလားဟင္..?”

……………………………….

Continue Reading

You'll Also Like

124K 18.3K 29
It's just for offline translation. Translate for fun. Please support original author and eng translator. Title : The General's Black Bellied Little W...
20.5K 2.3K 12
Title : I hate protagonists [ငါဇာတ်လိုက်တွေကိုမုန်းတယ်] **************** လင်းဇီယွမ် ဟာ ဒရမ်မာအမျိုးမျိုးချိုးလျက် အမျိုးသားဇာတ်လိုက်တွေ၏ အသုံးတော်ခံ...
2.7M 75.2K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
3.3K 192 8
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Su Jingxian 苏景闲 •This Story Is Not Mine. •We're Just Translation. •All Credit To Origi...