True Love 💭 (Completed)

By KaKyoePhyu85

846K 17K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 37

10.2K 243 1
By KaKyoePhyu85

True love အပိုင်း - ၃၇💭❤
(Unicode)

"အကိုလေး ထတော့လေ အလုပ်သွားရအုံးမှာလေ "

"အကိုလေး.."

ရွှေကူတံခါးကို တဒုန်းဒုန်းနှင့်ထုကာ အော်ခေါ်ပေမယ့်လဲ အကိုလေးက စကားပြန်မရအိပ်နေသေးသည်ပဲ ဖြစ်မည်။ မနေ့ညက ရွှေကူ့ကိုသာအစောအိပ်ခိုင်းပြီး အကိုလေးကတော့အစောအိပ်ပုံမရပေ။ ဂိမ်းတွေပဲအမြဲဆော့နေသည်ကြောင့် အချိန်လင့်သွားသည်ဖြစ်မည်။ နောက်ဆိုဂိမ်းတွေမဆော့ဖို့ ရွှေကူဖြောင့်ဖြကြည့်ရအုံးမည်ဖြစ်တော့သည်။

"အကိုလေး မထသေးဘူးလား ၇ နာရီရှိပြီလို့"

"အကိုလေး အမေ့.."

ရွှေကူတံခါးကိုထုမည်ကြံ၍ ထုလိုက်သော်တံခါးမှာပွင့်သွားရ၍ အားလွန်ကာရွှေကူငိုက်စိုက်ကျသွားရတော့သည်။

ဟီး ...ရည်းစားလေးရှိတော့လဲ လဲမကျပဲ ရည်းစားလေးရင်ထဲတန်းနေအောင်ကျသွားသည်မို့ ရွှေကူ့မှာမနာလိုက် ရင်ခွင်ကြီးကအိ၍နေလေတော့သည်။

"အကိုလေး ဖယ်လေ..."

ရွှေကူမူနေကာ ဖယ်ဖို့မော့ကြည့်၍ပြောလိုက်တော့ အိပ်ချင်မူးတူးရုပ်လေးနှင့် အကိုလေးကငုံ့နေလေသည်။

"အော်.. ကိုယ်လွှတ်လိုက်ရင် စတွေ့တုန်းကလိုလဲသွားမှာဆိုးလို့ပါဗျာ "

"မလဲဘူးအခု ဖယ်တော့အကိုလေးအလုပ်နောက်ကျနေမယ်လေ "

"နောက်ကျလဲဘာဖြစ်လဲကွ "

"အကိုလေး.. အင့်..."

မနက်ခင်းလေးတွင် ကောင်မလေးရဲ့အသံချိုချိူလေးနှင့်အစပြုကာ နိုးထလာသည်မို့ ကွန့်မြူး၏စိတ်တို့ ကြည်လင်၍နေလေ၏။ ရင်ခွင်ထဲအသင့်ရောက်နေသည့်ကောင်မလေးကို တစ်ကိုယ်လုံးဖုံးလွှမ်းသွားအောင်ထိ တင်းကျပ်စွာ ဖက်လိုက်တော့ အင့်ဆိုသည့်အသံလေးထွက်လာသည့်အခါ ကွန့်မြူးကျေနပ်သွားရသည်။ ကောင်မလေးနဲ့ပတ်သက်ရင်လေ အကြမ်းအရမ်းကြီးမလုပ်ချင်ပေမယ့်လဲ ကိုယ်စိတ်ကထိန်းမရတော့ခက်သားပဲကွာ။

"အကိုလေး အဲ့လိုကြီးဖက်လို့မရဘူးလေ "

"ဘာဖြစ်လို့လဲ"

မျက်ခုံးပင့်ပြကာ ပြောင်စပ်စပ်နှင့်မေးလာလေသည့်အခါ ရွှေကူ့တွင်အဖြေမရှိပါ။

"တစ်ခါနမ်းပေး အဲ့ကျရင်လွှတ်ပေးမယ်ကွာ ဘယ်လိုလဲ"

"ဟင်.. အကိုလေးကမျက်နှာလဲမသစ်ရသေးပဲနဲ့"

မျက်နှာလေးရဲကာ ကွန့်မြူးကိုကြည့်၍ ပြောလာသည့်အခါ အလိုလိုထပ်၍စချင်လာရတော့သည်။

"ဟား အဲ့တော့မနမ်းချင်ဘူးပေါ့လေ"

"အွန်း မျက်နှာမသစ်ရသေးပဲနဲ့နမ်းရင် ကိုယ်စောင့်နတ်ကကြိမ်ဆဲတယ်တဲ့"

"ကိုယ်မကြားဖူးပါဘူး"

"အကိုလေးမျက်နှာသစ်ပြီးမှ ကိုယ်စောင့်နတ်က နတ်သဘင်အစည်းဝေးသွားရတာမလား အကိုလေးကမျက်နှာမသစ်ရသေးပဲနမ်းတော့ သူကမနာလိုပြီး ကြိမ်ဆဲမှာပေါ့လို့"

"ဟား ဟား.. ဟုတ်သားနော် ကိုယ့်ကိုယ်စောင့်နတ်က Fa ကြီးဆိုတော့ ကြိမ်ဆဲလောက်တယ်"

"နော်ဆို "

ရင်ခွင်ထဲကိန်းအောင်း၍ စပြောသူကောင်မလေးက တစ်ခစ်ခစ်နှင့်ရယ်လာလေသည့်အခါ ကွန့်မြူးသဘောတွေအတော်ကျသွားရတော့သည်။ ဒီကောင်မလေး ပေါက်ကရလေးလဲပြောတတ်သားပဲနော်။ ပြီးတော့ကိုယ်တိုင်သဘောတွေကျပြီး ရယ်နေပုံလေးက ချစ်စရလေးပါဗျာ။

"ဘာပဲဖြစ်ဖြစ်နမ်းကွာ "

ရွှေကူ့မှာ ရယ်သံလေးရပ်တန့်သွားရတော့သည်။

"နမ်းဘူး "

"စမ်းနေတာလားကိုယ့်ကို"

"အကိုလေးနော် ဘာလုပ်အုံးမလို့လဲ မနက်အစောကြီးဖက်လဲဖက်ထားသေးတဲ့ဟာကို"

ရွှေကူငြူစူမိသည်က အကိုလေးကလူကိုမလွှတ်ပေးပဲ ဆက်၍ဖက်ထားသည်ကြောင့်ပင်။

"နမ်းခိုင်းတာကျမနမ်းဘူး ပေါက်ကရလေးတွေပြောပြီးရှောင်တယ်နော် ထပ်နမ်းခိုင်းတော့လဲငြင်းတယ် ပြီးတော့ကိုယ့်ကိုလွန်တယ်လို့ပြောအုံးမယ် ကောင်မလေး မင်းလေးဘာတွေတွေးနေတာလဲပြောပါအုံး "

"ရွှေကူကဘာတွေးလို့လဲ အကိုလေးပဲနောက်ကျမှလဲထသေးတယ် လာနှိုးတဲ့လူကိုလဲအနိုင်ကျင့်သေးတယ် ဟွန့်.."

"ကိုယ်အရင်ကစိတ်နဲ့ဆိုလေ မင်းလေးအနမ်းခံရတာကြာပေါ့ "

"အခုကျတော့လဲဘာထူးလို့လဲ လူကိုအကြောင်းအမျိုးမျိုးပြပြီးနမ်းနေပြီးတော့များ"

"နမ်းရသေးလို့လားကွာ "

"နမ်းတော့မှာပဲမဟုတ်ဘူးလား"

"ကိုယ့်အကြောင်းသိနေပြီပဲ ဟား ဟား ဟုတ်ပါ့နမ်းအုံးမှာကွ "

ကိုယ့်အနားရောက်နေလျှင် အမြဲနမ်းတတ်သည်မို့ ကောင်မလေးသိနေခြင်းဖြစ်မည်။ ဘာနေနေ ဒီနေ့လေးလဲ နမ်းပြီးမှပြန်လွှတ်မယ်မို့ ပါးလေးကိုငုံ့နမ်းလိုက်တော့ မျက်နှာလေးကရဲတတ်လာကာ ချစ်စဖွယ်ရှက်သွားသည့်ပုံရိပ်လေးကို အမိအရကို ကြည့်လိုက်သည်။ ကိုယ်ကသာမရှက်တတ်တာ ကောင်မလေးကဖြင့် ရှက်လိုက်တာမှလွန်ပါလေရောကွာ။ အနားကပ်ထိုင်လျှင်တောင် ကောင်မလေးကသိသိသာသာကို အကြည့်မဆုံရဲ မျက်နှာလေးတွေရဲနေတတ်သည်ကိုလဲ ကွန့်မြူးသတိထားမိပါသည်။

"အကိုလေး ရွှေကူ့ကိုလွှတ်ဖို့အစီစဉ်မရှိတော့ဘူးလား "

"ဟုတ်သားပဲ မေ့သွားတာ "

"အမြဲမေ့နေတာကြည့်ပဲ "

အသံခပ်ဖျော့ဖျော့လေးနှင့် မော့မကြည့်ရင်ခွင်ထဲမျက်နှာအပ်ကာ ဖြေလာသည့်ကောင်မလေးကို ကွန့်မြူးပါးလေးတစ်ချက်ထပ်နမ်းလိုက်ကာ လွှတ်ပေးလိုက်တော့ အောက်သို့ပြေးဆင်းသွားလေတော့သည်။

ရွှေကူက ရှက်ပါတယ်ဆိုမှ ထပ်နမ်းသွားသည့်အကိုလေးကြောင့် ပြေးဆင်းလာတော့ နောက်မှအော်ပြောသည်က ပြေးလို့ပစ်လဲရင် တစ်နေကုန်ထိုင်နမ်းမည်တဲ့လေ။ ရွှေကူ့မှာ အနမ်းဘုရင်ကြီးကိုရည်းစားတော်ထားရသည်မို့ ဘာမှကိုမလုပ်ရဲ ကျောက်ရုပ်လေးလိုသာ နေရမည့်ပုံဖြစ်သည်။

"ကြီးမေ "

"သမီးလေးအဆင်ပြေရဲ့လား ကြီးမေမှာနီးရက်နဲ့လာမတွေ့ဖြစ်ဖူးကွယ်"

"သမီးကလဲမလာဖြစ်တာပါ ကြီးမေအိမ်ထဲဝင်လေ လာပါ"

"မဝင်တော့ဘူးသမီး အိမ်မှာဘယ်သူမှမရှိလို့ကြီးမေသမီးကိုလာတွေ့တာ "

ကြီးမေက အိမ်ထဲမဝင်ဘူးပြော၍ ရွှေကူလဲခြံရှေ့တံခါးအပြင်ဘက်လေးတွင်သာ ရပ်၍နေလိုက်တော့သည်။

"အန်တီလေးရောမရှိဘူးလားကြီးမေ"

"မနက်အစောထဲက ထွက်သွားတာသမီးပြန်တော့မလာလောက်သေးဘူးထင်တယ်"

"ဟုတ် ကြီးမေသက်သာလားဟင် ချောင်းတွေဆိုးနေသေးလားအခုရော"

"နဲနဲပေါ့သမီးရယ် ကြီးမေလဲလူကြီးရောဂါလေးတွေဖြစ်နေတယ်ထင်ပါရဲ့ "

"ကြီးမေရယ် "

ကြီးမေကိုအားနာရ၍ ကြီးမေလက်ခလေးကိုရွှေကူဆွဲကိုင်လိုက်တော့ လက်လေးတွေကအရင်ကအတိုင်းကြမ်း၍နေလေတော့သည်။ ​ကြီးမေကိုနားပါတော့ အိမ်ပြန်ပါတော့ဟုပြောလျှင်လဲရမည်မဟုတ်မှန်းရွှေကူသိပါသည်။

"သမီးဆီမှာမကောင်းတဲ့ကိစ္စတွေဘာတွေမရှိပါဘူးနော် "

"ဘယ်လိုလဲကြီးမေ မရှိပါဘူးသမီးကအကုန်အဆင်ပြေတယ် "

"အေးပါ သမီးရယ်အဲ့တာဆိုကြီးမေအမှတ်မှားတာဖြစ်မှာပါ "

"ဟင် "

"ဘာမှမဟုတ်ပါဘူးကွယ် ဘာမှမဟုတ်တော့ဘူး"

ကြီးမေကစိုးရိမ်သလိုလေးပြောနေလေသည်။

"ကြီးမေကျန်းမာရေးဂရုစိုက်နော် သမီးကိုမစိုးရိမ်နဲ့ သမီးဒီမှာအကုန်အဆင်ပြေတယ် မေမေကြီးရောဘဘကြီးရောက သမီးကိုဂရုစိုက်ကြတယ်လေ"

"သားကွန့်မြူးဝေရော သမီးနဲ့အဆင်​ပြေရဲ့လား "

ပြေတာပေါ့ကြီးမေရယ်။ အကိုလေးနဲ့ကအဆင်ပြေလွန်းလို့ကို ခက်နေရတာပေါ့။

"ဟုတ်ကြီးမေ ပြေပါတယ်အကိုလေးကလဲ သမီးကိုဂရုစိုက်တယ်လေ"

"သားကွန့်မြူးကသဘောလေးကောင်းရှာပါတယ် သမီးလေးကိုကြီးမေစိတ်ချပါပြီကွယ် ကြီးမေစိတ်ချပါပြီ"

"ကြီးမေရယ် သမီးအတွက် ကြီးမေနဲဲ့ဘကြီးတိုးက အဖိုးအဖွားမိဘတွေလိုပါပဲ သမီးအဲ့အိမ်ကိုလာလို့မရတာနဲ့ကြီးမေတို့နဲ့အဆက်သွယ်လေးတွေပြတ်သွားတယ် အိမ်ချင်းနီးနေတာတောင် အန်တီလေးတို့ကြောင့်တွေ့ခွင့်မရတော့ ဝမ်းနည်းတယ်ကြီးမေရယ်"

"သမီးရယ် အဲ့အိမ်ကိုတော့ကြီးမေတို့ကြောင့်မလာပါနဲ့နော် သားထူးခန့်ကသမီးကိုပြောသာပြောတာ ကျေအေးပေးသေးတာမဟုတ်ဘူးသမီးရဲ့ "

"ဟင် သမီးနဲ့တစ်ခါတွေ့တာတော့ အရမ်းကြီးမဆိုးတော့ဘူးလားလို့"

ဘယ်ဟုတ်မလဲသမီးရယ်။ သမီးလေးကိုမူးလာတိုင် သတ်မယ်ကြည့်ပြောနေတာ သမီးလေးမှမသိပဲလေ။

"သမီးလေးမလာတာအကောင်းဆုံးပဲ ကြီးမေအခုလို အိမ်မှာလူမရှိရင်ခဏခဏလာတွေ့မယ်နော် သမီးဘကြီးတိုးကိုလဲလွှတ်လိုက်မယ် သမီးမပူနဲ့"

"ဟုတ် "

ရွှေကူပျော်သွားရ၍ ကြီးမေကိုဖက်လိုက်စဉ် အနားသို့ကားတစ်စီးကဝင်လာလေတော့သည်။

"ဒေါ်အုန်း..."

"ဟင်.. ကိုကိုကြီး"

"ဒေါ်အုန်းပြန်တော့ ဘာလုပ်နေတာလဲအဲ့တာ"

ရွှေကူကြီးမေကိုခေါင်းငြိမ့်ပြ၍ ပြန်ခိုင်းလိုက်တော့ ကြီးမေကတစ်ဖက်ခြံသို့ချက်ချင်းပင်ဝင်သွားလေတော့သည်။ ရွှေကူလဲ ကိုကိုကြီးကိုကြောက်နေသေသည်ကြောင့် ခြံထဲချက်ချင်းဝင်ကာ တံခါးကိုပြန်၍ပိတ်လိုက်ပေမယ့် သော့ကပါမလာ၍ ရွှေကူ့မှာအခက်တွေ့နေရတော့သည်။ မနက်ကခြံတံခါးဖွင့် ပဲပြုတ်လေးထဝယ်ရင်း ရွှေကူသော့မခက်တော့ပဲ အိမ်ထဲယူသွားမိသည်ကို ယခုမှသတိရတော့သည်။

"ဘာလဲ အိမ်ထဲအလည်မခေါ်တော့ဘူးလားအိမ်ရှင်မကြီးက"

ကိုကိုကြီးကဘာအဓိပ္ပါယ်နှင့် အိမ်ရှင်မဟုခေါ်မှန်းမသိပေမယ့်လဲ ကိုကိုကြီးရဲ့လက်တွေက ခြံတံခါးကိုတွန်း၍ဖွင့်နေသည်ကိုတော့ ရွှေကူတားသည့်အနေနှင့် ပြန်၍တွန်းထားမိတော့သည်။ ညကပြန်မအိပ်ပဲ မနက်မှအိမ်ပြန်လာသည်မှန်း ရွှေကူရိပ်မိသည်က အရက်နံ့တွေမွှန်ထူနေ၍ဖြစ်သည်။

"ဘာလဲ အိမ်ရှင်မကြီးက အိမ်ထဲဝင်လာမှာကြောက်လို့လား ဘာမှမလုပ်ပါဘူး ကိုကိုကြီးကအရင်လိုမဆိုးတော့ဘူးလေအခု"

ရွှေကူဘယ်လိုပဲ တွန်းနေပါစေ အားချင်းမမျှသည်မို့ သံတံခါးလေးဟာ ဟ၍လာတော့သည်။ အကိုလေးကလဲအိမ်ထဲမှာဖြစ်လေရာ တော်ကြာကိုကိုကြီးကရွှေကူ့ကို ထပ်ပြီးရိုက်သွားမှဖြင့် ရွှေကူသေတော့မှာပဲ။

ထူးခန့်နောက်သို့လှမ်းကြည့်လိုက်တော့ မီးတောက်တစ်ခုကိုတွေ့လိုက်ရတော့သည်။ ဒါမျိုးကိုစောင့်နေတာကွ ကွန့်မြူးဝေရ။ မင်းကအမြဲငါ့ပြိုင်ဘက်ဖြစ်သလို မင်းရဲ့စိတ်ကိုဆွရတာလဲ ငါ့အတွက်အရေးပါတဲ့အလုပ်တစ်ခုပဲဆိုတာ မင်းတော့သိလိမ့်မည်မဟုတ်။

ခြံတံခါးကိုအားနှင့်တွန်းဖွင့်နေလေသည့်ကိုကိုကြီးကို ရွှေကူတွန်းမလှန်နိုင်တော့ပေ။ စကားလုံးတွေနှင့်မဟုတ်ပါပဲ အကြည့်နှင့်ရွှေကူ့ကိုအလဲထိုးနေသည့်ကိုကိုကြီးမျက်လုံးတွေကို ရွှေကူမကြည့်ရဲတော့ပေ။

"ဟင် .."

*ဂျိမ်း...*

ရွှေကူ့ကိုယ်လေးကို နောက်သို့ဆွဲလိုက်ပြီး ခါးကိုလာဖက်သည့်အခါ ရွှေကူထိုလူ့ကိုမှီရက်သားလေးဖြစ်သွားရတော့သည်။ ရွှေကူသိပ်ချစ်ရတဲ့အကိုလေးဆိုသည်ကို ရွှေကူလှည့်မကြည့်လဲသိသည်မို့ အားကိုးရာရသွားရပြီးရွှေကူရင်ထဲ ပြောမပြတတ်အောင် ပျော်သွားရတော့သည်။ ထို့နောက် ခြေတန်ရှည်တွေနှင့် တံခါးကိုစောင့်ကန်လိုက်သည့်အကိုလေးရဲ့ အထာကျသည့်လုပ်ရက်ကို ရွှေကူအထင်းသားတွေ့လိုက်ရသည့်အခါ ရွှေကူ့ရင်ထဲကအချစ်ပန်းလေးတွေဟာ တဖြုတ်ဖြုတ်နှင့်ကြွေကျနေလေတော့သည်။

ဇာတ်ကားတွေထဲကလို မင်းသားလေးက မင်းသမီးလေးကိုကယ်သည့် ရင်ခုန်စရာအခန်းလေးလိုကို ရွှေကူ့မှာကြည်နူးစိတ်တွေနှင့် ခံစားနေရတော့သည်။ ရွှေကူလဲ ရူးပြီထင်ပါရဲ့ အန္တရယ်ကရှေ့မှာရှိနေရက်နဲ့ ရွှေကူကအချစ်ရူးရူးနေမိသည်လေ။

"ကောင်မလေး ရရဲ့လား"

"အွန်း ရွှေကူဘာမှမဖြစ်ဘူး"

"အိုးအိုး.. ငါဘာမှမလုပ်ရသေးပါဘူးဟ "

"မင်းကဘာလုပ်ချင်သေးလို့လဲထူးခန့် "

"ငါပြောပြလိုက်ရင် မင်းစိတ်ထိန်းနိုင်ပါ့မလား"

ခနဲ့ကာမျက်နှာပေါ် လုပ်ပြုံးပြုံး၍ပြောလာသည့်ထူးခန့်ရဲ့စကားသည် တွေးလျှင်တွေးသလောက် အဓိပ္ပါယ်တွေအများကြီးပါလေတော့သည်။

"ကောင်မလေးအိမ်ထဲဝင်တော့ ကိုယ်ခဏနေလိုက်ခဲ့မယ်မကြာဘူးနော်"

"အကိုလေး"

ရွှေကူ့ခါးက လက်တွေဟာမလွှတ်သေးသည်မို့ ရွှေကူအကိုလေးရဲ့လက်မောင်းမှအင်္ကျီစကိုကိုင်ကာ စိုးရိမ်တကြီးခေါ်လိုက်တော့ မျက်လုံးမှိတ်ပြကာ ရွှေကူ့ကိုဝင်ခိုင်းလေသည်မို့ ရွှေကူနောက်ဆန်တင်းကာ အိမ်ထဲသို့ဝင်လာခဲ့တော့သည်။

"ဘာလဲထူးခန့် အေးဆေးမနေနိုင်ဘူးလား "

"ငါကဘာလုပ်နေလို့လဲ မင်းကရောငါ့ကိုအိမ်ထဲမခေါ်တော့ဘူးလားကွ"

"ငါ့အိမ်က အပြင်သူစိမ်းဧည့်သည်လက်မခံဘူးကွ "

"ဟားဟား ကွန့်မြူးဝေရာမိန်းမတစ်ယောက်အတွက်နဲ့ သူငယ်ချင်းကိုသူစိမ်းလုပ်လိုက်တာလားဟ မင်းအကြောင်းငါမသိရင်ခက်မယ်ကွာ"

"မင်းသိရင်ရှောင်သင့်တယ်ထင်တယ်ထူးခန့် ငါစိတ်တိုရင် သူငယ်ချင်းမကလို့ညီအစ်ကိုရင်းဖြစ်ခဲ့ရင်တောင် ငါရှောင်မှာမဟုတ်ဘူးနော် "

ခြံသော့ကိုမခက်ထားသော်လည်း ထူးခန့်ဆိုသည့်ကောင်က ယခုကျတော့ဝင်မလာ တံခါးအပြင်မှာသာပေတေတေရပ်၍နေလေသည်။ ဒီကောင် ကောင်မလေးကိုတမင်လုပ်နေမှန်း သိရတော့ ဒေါသတွေထွက်လာရတော့သည်။

"ဘာလဲ ငါ့ကိုကျတော့မဒိန်းကောင်ဇာတ်သွင်းပြီးမင်းကျတော့သူရဲကောင်းလုပ်ပြီး ရွှေကူ့ကိုဆွဲစားဖို့ကြံနေတာငါမသိဘူးထင်နေတာလားကွ"

"မင်းအတွေးကအဲ့တာပဲတွေးတတ်တာလား "

"ဒါပေါ့ ငါ့အတွေးကမရိုးရှင်းသလို မင်းအတွေးလဲမရိုးရှင်းဘူးမလားကွန့်မြူးရာ"

"ငါရှင်းပြတော့ရော မင်းလိုကောင်ကနားလည်မှာတဲ့လား "

"ငါတို့ကသူငယ်ချင်းတွေနော်ကွန့်မြူး မင်းလဲငါ့စိတ်သိမှာပါ တစ်ခါတစ်လေငါ့စိတ်ကမမှန်ဘူးလေ ငါခွင့်လွှတ်ပေးချင်တဲ့အချိန်ခွင့်လွှတ်ပေးမယ် ငါမကျေအေးပေးနိုင်တဲ့အချိန်လဲရှိတယ် အဲ့တော့ ရွှေကူ့ကိုငါ့ရှေ့မှာတစ်ယောက်ထဲတော့ရှိမနေစေနဲ့ပေါ့ကွာ "

"တောက် ..မင်း..."

ကွန့်မြူးတံခါးကို ကိုင်လိုက်ကာ ဆွဲထိုးချင်နေသည့်စိတ်ကိုမနည်းထိန်းလိုက်ရတော့သည်။

"ငါလဲမင်းနဲ့အကြံတူပါပဲ မွေးပြီးစားချင်တာပေါ့ အဟက်.."

သံတိုင်တံခါးကို ကိုင်ထားသည့်ကွန့်မြူးလက်တို့မှာ ထိုသံတိုင်တွေကိုဖိခြေရလွန်းလို့ ပေါက်တောင်ပေါက်ပြဲကုန်ပြီဖြစ်တော့သည်။ သို့ပေမယ့်မမှုအား ကောင်မလေးအကြောင်းပါလာသည်နှင့် စိတ်တို့က ကောင်မလေးဆီသာရှိနေတော့သည်။

"အော်.. ငါပြောစရာလေးကျန်သေးတယ် ရွှေကူ့ဘဝဘယ်တော့မှမအေးချမ်းစေရဘူးမင်းမှတ်ထားကွန့်မြူးဝေ "

"ဘာ .."

"အကြောင်းပြချက်လိုလို့လား မရှိဘူး ငါတို့အိမ်ကနေမင်းရဲ့အိမ်ကိုပြောင်းသွားထဲက အကြောင်းပြချက်မလိုအောင်ကို အေးချမ်းအောင်မနေရအောင်လို့ငါကလုပ်မှာလို့ဆုံးဖြတ်ထားပြီးသား "

"မှတ်ထားနော် ငါ့စကားကဘယ်တော့မှမပြောင်းဘူး မင်းကာကွယ်ပေးတာလုံခြုံရင်တော့တစ်မျိုးပေါ့ မဟုတ်ရင်တော့ငါပျော်ဖို့အခွင့်ရေးလေးရသွားမယ်ထင်တယ်"

စိတ်တိုခြင်းများစွာနှင့်ကျန်ခဲ့သူသည် လက်တွင်သွေးတို့ထွက်နေလေတော့သည်။ ငါဘာလို့မင်းကိုအခုဆွဲမထိုးလဲဆိုရင် ငါကောင်မလေးကို ထပ်ပြီးမကြောက်စေချင်တော့လို့ထူးခန့်။ ကောင်မလေးဘဝက အခုမှအခြေကျအနယ်ထိုင်နေတဲ့ စိတ်ကောင်းလေးကို မင်းနဲ့ငါ့ရဲ့ရန်ပွဲကြောင့်ပြန်ပြီးအမှုံမထစေချင်တော့ဘူး။ ဒီလိုဆိုတိုင်းမင်းကိုအလွတ်ပေးပြီး ကောင်မလေးကိုနှောက်ယှက်ခွင့်ပေးလိုက်တယ်လို့ ထင်ရင်တော့မှားသွားလိမ့်မယ် ငါတို့ကိစ္စက ကောင်မလေးအနားမှာမရှိတဲ့အချိန်ပြန်စမှာမလို့ မင်းနေကောင်းအောင်တော့နေထားပေါ့ကွာ။

ဘာလို့ကောင်မလေးကအေးဆေးမနေရမှာလဲ ငါတစ်ယောက်လုံးရှိနေရင်အေးဆေးလွန်းလို့ ဘာထိခိုက်ခြင်းမှရှိလာမှမဟုတ်ဘူးစိတ်ချ။ ခိုးကြည့်နေသည့်​ကောင်မလေးရှေ့ ရန်မဖြစ်ချင်လို့သာ မဟုတ်လျှင်ထူးခန့်ဆိုသည့်မင်း ငါ့လက်အောက်မှာသေသွားနိုင်ပါသည်။ ကောင်မလေးရယ် ကိုယ့်ဘဝကြီးနှင့်ရင်းပြီးတော့ကို ကာကွယ်ပေးမှာပါကွာကောင်မလေးရယ်။

"အကိုလေး"

"အွန်း မကြောက်နဲ့နော် ကိုယ်ရှိတယ်"

ထူးခန့်ထွက်သွားသည်နှင့် အိမ်ဘက်ပြန်လှမ်းလာလိုက်တော့ ပုန်းနေရာမှထွက်လာကာ အနားပြေးလာသည့်ကောင်မလေးကို ကွန့်မြူးအသာလေးနှိစ်သိမ့်သည့်အနေနှင့် ဖက်ထားလိုက်တော့သည်။

"ရွှေကူမကြောက်ပါဘူးလို့ပြောရင်ယုံမှာလားဟင်"

"ယုံမှာပေါ့ကွ "

"အဲ့တာဆိုမညာတော့ပါဘူး အကိုလေးအမြန်သာမလာရင် ကိုကိုကြီးကရွှေကူ့ကိုတစ်ခုခုလုပ်လောက်တယ်"

ကိုယ့်ရှေ့မှာသန်မာချင်ယောင်ဆောင်ဖို့မလိုပါဘူးကွာ။

"အဲ့တာကြောင့်ကိုယ်ရှိတယ်လို့ပြောတာပေါ့ ကောင်မလေးအနားမှာကိုယ်ရှိတယ်နော် ဘာမှမကြောက်နဲ့"

"အွန်း.. ရွှေကူနောက်ဆိုကိုကိုကြီးကိုရှောင်ပါ့မယ် ရွှေကူအခုထိကိုကိုကြီးကိုရင်ဆိုင်ဖို့အဆင်သင့်မဖြစ်သေးဘူးထင်တယ် "

ရွှေကူရှေ့အခေါက်က လေသံမာပြီးပြန်၍ပြောနိုင်ခဲ့တာ ဘေးမှာအကိုလေးရှိလို့ဆိုတာသဘောပေါက်ခဲ့ပါသည်။ ရွှေကူ့ကိုယ်တိုင်အားအင်နှင့်ကျတော့ ရွှေကူရင်ဆိုင်ဖို့တွေဝေနေမိသေးတာကိုလဲ ယခုမှမြင်လာရတော့သည်။ ရွှေကူကဘာလို့တစ်ယောက်ထဲဆိုပျော့ညံ့ပြီး အကိုလေးဘေးမှာရှိမှသန်မာရတာလဲဟင်။

နောက်ဆို ခြံရှေ့တောင်တစ်ယောက်ထဲမလွှတ်တော့ပဲ ကိုယ်ပါမှခြံထဲဆင်းရတော့မည်။ ကိုယ်ခြံလေးတစ်ခြံဝယ်ပြီး ဒီကောင်နဲ့ဝေးသည့်နေရာကို ကောင်မလေးကိုခေါ်သွားမှာမလို့ ကောင်မလေးခဏတော့စောင့်နေပေးပါနော်။ နောက်ဆိုစိတ်ရှိတဲ့အတိုင်းပျော်ရတော့မှာပါကွာ။  ကိုယ်ထူးခန့်ကိုမကြောက်ပါဘူး သို့ပေမယ့် ချစ်ရတဲ့ကောင်မလေးရှိနေသေးတာမလို့ ကိုယ်အကုန်ဆင်ခြင်ပြင်ဆင်ထားမှ ဖြစ်မည်။ ကောင်မလေးရယ် မင်းဘဝလေးကိုယ့်လက်ထဲမှာ လုံးဝအပူပင်ကင်းကင်း အနှောက်ယှက်ကင်းကင်းနဲ့ရှိနေရင်ကောင်းမယ်ကွာ။

"အကိုလေး လက်က ဘာဖြစ်တာလဲ"

"အသေးအမွှားလေးဘာမှမဖြစ်ဘူးကောင်မလေး"

မျက်ရည်တွေပြိုဆင်းလာကာ လက်ကိုကြည့်၍ငိုနေသူကောင်မလေးကို ကွန့်မြူးချော့လိုက်တော့ မော့ကြည့်လာကာ ရင်ခွင်ထဲတိုးဝင်လာပြန်တော့သည်။

"ရွှေကူ့ကြောင့်မလား ဟင့်.. နောက်ဆိုဘာမှမလုပ်တော့ပါဘူး ကိုကိုကြီးနဲ့လဲမတွေ့တော့ပါဘူး ဟင့်.."

"ကောင်မလေးကြောင့်မဟုတ်ပါဘူးကွာ "

"ဟင့် ရွှေကူသိတယ် အကိုလေးလက်ကရွှေကူ့ကြောင့်ရတယ်ဆိုတာရွှေကူသိတယ် "

ရွှေကူချောင်းကြည့်တာက မျက်မှန်တပ်ပြီးချောင်းကြည့်တာမလို့ ရွှေကူသိတာပေါ့။ လက်ကိုအရင်မကြည့်မိပဲ ရွှေကူကအရင်ပြေးဖက်လိုက်မိတာကို နောင်တရပါသည်။ အကိုလေးလက်တွေနာနေတော့မှာပဲ သံဆိပ်တွေတတ်နေမှဖြင့်အကိုလေးရယ်။

ကိုယ်တိုင်သာအပြစ်တွေတင်ပြီး ငိုနေသည့်ချစ်ရသူလေးကို ကွန့်မြူးထွေးပိုက်ထားကာ စိတ်မကောင်းဖြစ်မိသည်။ မငိုစေချင်ပါဘူးဆိုမှ ကိုယ့်လက်ကြောင့်ငိုသွားခဲ့သည်တဲ့ဗျာ။ ကိုယ်တိုင်အခက်တွေ့တုန်းက မငိုပဲ ကိုယ့်လက်ဒဏ်ရာမြင်မှငိုရတယ်တဲ့လားကွာ။

ကိုယ့်အတွက်အားနည်းချက်က ကောင်မလေးဖြစ်သလို ကောင်မလေးအတွက်အားနည်းချက်ကလဲ ကိုယ်ဖြစ်နေတာတဲ့လားကွာ...။

Words 3574
10.10.2023 5:40pm
ဆက်လက်ကြိုးစားသွားပါမည်။

(Zawgyi)

True love အပိုင္း - ၃၇
(Unicode)

"အကိုေလး ထေတာ့ေလ အလုပ္သြားရအုံးမွာေလ "

"အကိုေလး.."

ေ႐ႊကူတံခါးကို တဒုန္းဒုန္းႏွင့္ထုကာ ေအာ္ေခၚေပမယ့္လဲ အကိုေလးက စကားျပန္မရအိပ္ေနေသးသည္ပဲ ျဖစ္မည္။ မေန႕ညက ေ႐ႊကူ႕ကိုသာအေစာအိပ္ခိုင္းၿပီး အကိုေလးကေတာ့အေစာအိပ္ပုံမရေပ။ ဂိမ္းေတြပဲအၿမဲေဆာ့ေနသည္ေၾကာင့္ အခ်ိန္လင့္သြားသည္ျဖစ္မည္။ ေနာက္ဆိုဂိမ္းေတြမေဆာ့ဖို႔ ေ႐ႊကူေျဖာင့္ျဖၾကည့္ရအုံးမည္ျဖစ္ေတာ့သည္။

"အကိုေလး မထေသးဘူးလား ၇ နာရီရွိၿပီလို႔"

"အကိုေလး အေမ့.."

ေ႐ႊကူတံခါးကိုထုမည္ႀကံ၍ ထုလိုက္ေသာ္တံခါးမွာပြင့္သြားရ၍ အားလြန္ကာေ႐ႊကူငိုက္စိုက္က်သြားရေတာ့သည္။

ဟီး ...ရည္းစားေလးရွိေတာ့လဲ လဲမက်ပဲ ရည္းစားေလးရင္ထဲတန္းေနေအာင္က်သြားသည္မို႔ ေ႐ႊကူ႕မွာမနာလိုက္ ရင္ခြင္ႀကီးကအိ၍ေနေလေတာ့သည္။

"အကိုေလး ဖယ္ေလ..."

ေ႐ႊကူမူေနကာ ဖယ္ဖို႔ေမာ့ၾကည့္၍ေျပာလိုက္ေတာ့ အိပ္ခ်င္မူးတူး႐ုပ္ေလးႏွင့္ အကိုေလးကငုံ႕ေနေလသည္။

"ေအာ္.. ကိုယ္လႊတ္လိုက္ရင္ စေတြ႕တုန္းကလိုလဲသြားမွာဆိုးလို႔ပါဗ်ာ "

"မလဲဘူးအခု ဖယ္ေတာ့အကိုေလးအလုပ္ေနာက္က်ေနမယ္ေလ "

"ေနာက္က်လဲဘာျဖစ္လဲကြ "

"အကိုေလး.. အင့္..."

မနက္ခင္းေလးတြင္ ေကာင္မေလးရဲ႕အသံခ်ိဳခ်ိဴေလးႏွင့္အစျပဳကာ နိုးထလာသည္မို႔ ကြန့္ျမဴး၏စိတ္တို႔ ၾကည္လင္၍ေနေလ၏။ ရင္ခြင္ထဲအသင့္ေရာက္ေနသည့္ေကာင္မေလးကို တစ္ကိုယ္လုံးဖုံးလႊမ္းသြားေအာင္ထိ တင္းက်ပ္စြာ ဖက္လိုက္ေတာ့ အင့္ဆိုသည့္အသံေလးထြက္လာသည့္အခါ ကြန့္ျမဴးေက်နပ္သြားရသည္။ ေကာင္မေလးနဲ႕ပတ္သက္ရင္ေလ အၾကမ္းအရမ္းႀကီးမလုပ္ခ်င္ေပမယ့္လဲ ကိုယ္စိတ္ကထိန္းမရေတာ့ခက္သားပဲကြာ။

"အကိုေလး အဲ့လိုႀကီးဖက္လို႔မရဘူးေလ "

"ဘာျဖစ္လို႔လဲ"

မ်က္ခုံးပင့္ျပကာ ေျပာင္စပ္စပ္ႏွင့္ေမးလာေလသည့္အခါ ေ႐ႊကူ႕တြင္အေျဖမရွိပါ။

"တစ္ခါနမ္းေပး အဲ့က်ရင္လႊတ္ေပးမယ္ကြာ ဘယ္လိုလဲ"

"ဟင္.. အကိုေလးကမ်က္ႏွာလဲမသစ္ရေသးပဲနဲ႕"

မ်က္ႏွာေလးရဲကာ ကြန့္ျမဴးကိုၾကည့္၍ ေျပာလာသည့္အခါ အလိုလိုထပ္၍စခ်င္လာရေတာ့သည္။

"ဟား အဲ့ေတာ့မနမ္းခ်င္ဘူးေပါ့ေလ"

"အြန္း မ်က္ႏွာမသစ္ရေသးပဲနဲ႕နမ္းရင္ ကိုယ္ေစာင့္နတ္ကႀကိမ္ဆဲတယ္တဲ့"

"ကိုယ္မၾကားဖူးပါဘူး"

"အကိုေလးမ်က္ႏွာသစ္ၿပီးမွ ကိုယ္ေစာင့္နတ္က နတ္သဘင္အစည္းေဝးသြားရတာမလား အကိုေလးကမ်က္ႏွာမသစ္ရေသးပဲနမ္းေတာ့ သူကမနာလိုၿပီး ႀကိမ္ဆဲမွာေပါ့လို႔"

"ဟား ဟား.. ဟုတ္သားေနာ္ ကိုယ့္ကိုယ္ေစာင့္နတ္က Fa ႀကီးဆိုေတာ့ ႀကိမ္ဆဲေလာက္တယ္"

"ေနာ္ဆို "

ရင္ခြင္ထဲကိန္းေအာင္း၍ စေျပာသူေကာင္မေလးက တစ္ခစ္ခစ္ႏွင့္ရယ္လာေလသည့္အခါ ကြန့္ျမဴးသေဘာေတြအေတာ္က်သြားရေတာ့သည္။ ဒီေကာင္မေလး ေပါက္ကရေလးလဲေျပာတတ္သားပဲေနာ္။ ၿပီးေတာ့ကိုယ္တိုင္သေဘာေတြက်ၿပီး ရယ္ေနပုံေလးက ခ်စ္စရေလးပါဗ်ာ။

"ဘာပဲျဖစ္ျဖစ္နမ္းကြာ "

ေ႐ႊကူ႕မွာ ရယ္သံေလးရပ္တန့္သြားရေတာ့သည္။

"နမ္းဘူး "

"စမ္းေနတာလားကိုယ့္ကို"

"အကိုေလးေနာ္ ဘာလုပ္အုံးမလို႔လဲ မနက္အေစာႀကီးဖက္လဲဖက္ထားေသးတဲ့ဟာကို"

ေ႐ႊကူျငဴစူမိသည္က အကိုေလးကလူကိုမလႊတ္ေပးပဲ ဆက္၍ဖက္ထားသည္ေၾကာင့္ပင္။

"နမ္းခိုင္းတာက်မနမ္းဘူး ေပါက္ကရေလးေတြေျပာၿပီးေရွာင္တယ္ေနာ္ ထပ္နမ္းခိုင္းေတာ့လဲျငင္းတယ္ ၿပီးေတာ့ကိုယ့္ကိုလြန္တယ္လို႔ေျပာအုံးမယ္ ေကာင္မေလး မင္းေလးဘာေတြေတြးေနတာလဲေျပာပါအုံး "

"ေ႐ႊကူကဘာေတြးလို႔လဲ အကိုေလးပဲေနာက္က်မွလဲထေသးတယ္ လာႏွိုးတဲ့လူကိုလဲအနိုင္က်င့္ေသးတယ္ ဟြန့္.."

"ကိုယ္အရင္ကစိတ္နဲ႕ဆိုေလ မင္းေလးအနမ္းခံရတာၾကာေပါ့ "

"အခုက်ေတာ့လဲဘာထူးလို႔လဲ လူကိုအေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးနမ္းေနၿပီးေတာ့မ်ား"

"နမ္းရေသးလို႔လားကြာ "

"နမ္းေတာ့မွာပဲမဟုတ္ဘူးလား"

"ကိုယ့္အေၾကာင္းသိေနၿပီပဲ ဟား ဟား ဟုတ္ပါ့နမ္းအုံးမွာကြ "

ကိုယ့္အနားေရာက္ေနလွ်င္ အၿမဲနမ္းတတ္သည္မို႔ ေကာင္မေလးသိေနျခင္းျဖစ္မည္။ ဘာေနေန ဒီေန႕ေလးလဲ နမ္းၿပီးမွျပန္လႊတ္မယ္မို႔ ပါးေလးကိုငုံ႕နမ္းလိုက္ေတာ့ မ်က္ႏွာေလးကရဲတတ္လာကာ ခ်စ္စဖြယ္ရွက္သြားသည့္ပုံရိပ္ေလးကို အမိအရကို ၾကည့္လိုက္သည္။ ကိုယ္ကသာမရွက္တတ္တာ ေကာင္မေလးကျဖင့္ ရွက္လိုက္တာမွလြန္ပါေလေရာကြာ။ အနားကပ္ထိုင္လွ်င္ေတာင္ ေကာင္မေလးကသိသိသာသာကို အၾကည့္မဆုံရဲ မ်က္ႏွာေလးေတြရဲေနတတ္သည္ကိုလဲ ကြန့္ျမဴးသတိထားမိပါသည္။

"အကိုေလး ေ႐ႊကူ႕ကိုလႊတ္ဖို႔အစီစဥ္မရွိေတာ့ဘူးလား "

"ဟုတ္သားပဲ ေမ့သြားတာ "

"အၿမဲေမ့ေနတာၾကည့္ပဲ "

အသံခပ္ေဖ်ာ့ေဖ်ာ့ေလးႏွင့္ ေမာ့မၾကည့္ရင္ခြင္ထဲမ်က္ႏွာအပ္ကာ ေျဖလာသည့္ေကာင္မေလးကို ကြန့္ျမဴးပါးေလးတစ္ခ်က္ထပ္နမ္းလိုက္ကာ လႊတ္ေပးလိုက္ေတာ့ ေအာက္သို႔ေျပးဆင္းသြားေလေတာ့သည္။

ေ႐ႊကူက ရွက္ပါတယ္ဆိုမွ ထပ္နမ္းသြားသည့္အကိုေလးေၾကာင့္ ေျပးဆင္းလာေတာ့ ေနာက္မွေအာ္ေျပာသည္က ေျပးလို႔ပစ္လဲရင္ တစ္ေနကုန္ထိုင္နမ္းမည္တဲ့ေလ။ ေ႐ႊကူ႕မွာ အနမ္းဘုရင္ႀကီးကိုရည္းစားေတာ္ထားရသည္မို႔ ဘာမွကိုမလုပ္ရဲ ေက်ာက္႐ုပ္ေလးလိုသာ ေနရမည့္ပုံျဖစ္သည္။

"ႀကီးေမ "

"သမီးေလးအဆင္ေျပရဲ႕လား ႀကီးေမမွာနီးရက္နဲ႕လာမေတြ႕ျဖစ္ဖူးကြယ္"

"သမီးကလဲမလာျဖစ္တာပါ ႀကီးေမအိမ္ထဲဝင္ေလ လာပါ"

"မဝင္ေတာ့ဘူးသမီး အိမ္မွာဘယ္သူမွမရွိလို႔ႀကီးေမသမီးကိုလာေတြ႕တာ "

ႀကီးေမက အိမ္ထဲမဝင္ဘူးေျပာ၍ ေ႐ႊကူလဲၿခံေရွ႕တံခါးအျပင္ဘက္ေလးတြင္သာ ရပ္၍ေနလိုက္ေတာ့သည္။

"အန္တီေလးေရာမရွိဘူးလားႀကီးေမ"

"မနက္အေစာထဲက ထြက္သြားတာသမီးျပန္ေတာ့မလာေလာက္ေသးဘူးထင္တယ္"

"ဟုတ္ ႀကီးေမသက္သာလားဟင္ ေခ်ာင္းေတြဆိုးေနေသးလားအခုေရာ"

"နဲနဲေပါ့သမီးရယ္ ႀကီးေမလဲလူႀကီးေရာဂါေလးေတြျဖစ္ေနတယ္ထင္ပါရဲ႕ "

"ႀကီးေမရယ္ "

ႀကီးေမကိုအားနာရ၍ ႀကီးေမလက္ခေလးကိုေ႐ႊကူဆြဲကိုင္လိုက္ေတာ့ လက္ေလးေတြကအရင္ကအတိုင္းၾကမ္း၍ေနေလေတာ့သည္။ ႀကီးေမကိုနားပါေတာ့ အိမ္ျပန္ပါေတာ့ဟုေျပာလွ်င္လဲရမည္မဟုတ္မွန္းေ႐ႊကူသိပါသည္။

"သမီးဆီမွာမေကာင္းတဲ့ကိစၥေတြဘာေတြမရွိပါဘူးေနာ္ "

"ဘယ္လိုလဲႀကီးေမ မရွိပါဘူးသမီးကအကုန္အဆင္ေျပတယ္ "

"ေအးပါ သမီးရယ္အဲ့တာဆိုႀကီးေမအမွတ္မွားတာျဖစ္မွာပါ "

"ဟင္ "

"ဘာမွမဟုတ္ပါဘူးကြယ္ ဘာမွမဟုတ္ေတာ့ဘူး"

ႀကီးေမကစိုးရိမ္သလိုေလးေျပာေနေလသည္။

"ႀကီးေမက်န္းမာေရးဂ႐ုစိုက္ေနာ္ သမီးကိုမစိုးရိမ္နဲ႕ သမီးဒီမွာအကုန္အဆင္ေျပတယ္ ေမေမႀကီးေရာဘဘႀကီးေရာက သမီးကိုဂ႐ုစိုက္ၾကတယ္ေလ"

"သားကြန့္ျမဴးေဝေရာ သမီးနဲ႕အဆင္ေျပရဲ႕လား "

ေျပတာေပါ့ႀကီးေမရယ္။ အကိုေလးနဲ႕ကအဆင္ေျပလြန္းလို႔ကို ခက္ေနရတာေပါ့။

"ဟုတ္ႀကီးေမ ေျပပါတယ္အကိုေလးကလဲ သမီးကိုဂ႐ုစိုက္တယ္ေလ"

"သားကြန့္ျမဴးကသေဘာေလးေကာင္းရွာပါတယ္ သမီးေလးကိုႀကီးေမစိတ္ခ်ပါၿပီကြယ္ ႀကီးေမစိတ္ခ်ပါၿပီ"

"ႀကီးေမရယ္ သမီးအတြက္ ႀကီးေမနဲဲ့ဘႀကီးတိုးက အဖိုးအဖြားမိဘေတြလိုပါပဲ သမီးအဲ့အိမ္ကိုလာလို႔မရတာနဲ႕ႀကီးေမတို႔နဲ႕အဆက္သြယ္ေလးေတြျပတ္သြားတယ္ အိမ္ခ်င္းနီးေနတာေတာင္ အန္တီေလးတို႔ေၾကာင့္ေတြ႕ခြင့္မရေတာ့ ဝမ္းနည္းတယ္ႀကီးေမရယ္"

"သမီးရယ္ အဲ့အိမ္ကိုေတာ့ႀကီးေမတို႔ေၾကာင့္မလာပါနဲ႕ေနာ္ သားထူးခန့္ကသမီးကိုေျပာသာေျပာတာ ေက်ေအးေပးေသးတာမဟုတ္ဘူးသမီးရဲ႕ "

"ဟင္ သမီးနဲ႕တစ္ခါေတြ႕တာေတာ့ အရမ္းႀကီးမဆိုးေတာ့ဘူးလားလို႔"

ဘယ္ဟုတ္မလဲသမီးရယ္။ သမီးေလးကိုမူးလာတိုင္ သတ္မယ္ၾကည့္ေျပာေနတာ သမီးေလးမွမသိပဲေလ။

"သမီးေလးမလာတာအေကာင္းဆုံးပဲ ႀကီးေမအခုလို အိမ္မွာလူမရွိရင္ခဏခဏလာေတြ႕မယ္ေနာ္ သမီးဘႀကီးတိုးကိုလဲလႊတ္လိုက္မယ္ သမီးမပူနဲ႕"

"ဟုတ္ "

ေ႐ႊကူေပ်ာ္သြားရ၍ ႀကီးေမကိုဖက္လိုက္စဥ္ အနားသို႔ကားတစ္စီးကဝင္လာေလေတာ့သည္။

"ေဒၚအုန္း..."

"ဟင္.. ကိုကိုႀကီး"

"ေဒၚအုန္းျပန္ေတာ့ ဘာလုပ္ေနတာလဲအဲ့တာ"

ေ႐ႊကူႀကီးေမကိုေခါင္းၿငိမ့္ျပ၍ ျပန္ခိုင္းလိုက္ေတာ့ ႀကီးေမကတစ္ဖက္ၿခံသို႔ခ်က္ခ်င္းပင္ဝင္သြားေလေတာ့သည္။ ေ႐ႊကူလဲ ကိုကိုႀကီးကိုေၾကာက္ေနေသသည္ေၾကာင့္ ၿခံထဲခ်က္ခ်င္းဝင္ကာ တံခါးကိုျပန္၍ပိတ္လိုက္ေပမယ့္ ေသာ့ကပါမလာ၍ ေ႐ႊကူ႕မွာအခက္ေတြ႕ေနရေတာ့သည္။ မနက္ကၿခံတံခါးဖြင့္ ပဲျပဳတ္ေလးထဝယ္ရင္း ေ႐ႊကူေသာ့မခက္ေတာ့ပဲ အိမ္ထဲယူသြားမိသည္ကို ယခုမွသတိရေတာ့သည္။

"ဘာလဲ အိမ္ထဲအလည္မေခၚေတာ့ဘူးလားအိမ္ရွင္မႀကီးက"

ကိုကိုကြီးကဘာအဓိပ္ပါယ်နှင့် အိမ္ရွင္မဟုေခၚမွန္းမသိေပမယ့္လဲ ကိုကိုႀကီးရဲ႕လက္ေတြက ၿခံတံခါးကိုတြန္း၍ဖြင့္ေနသည္ကိုေတာ့ ေ႐ႊကူတားသည့္အေနႏွင့္ ျပန္၍တြန္းထားမိေတာ့သည္။ ညကျပန္မအိပ္ပဲ မနက္မွအိမ္ျပန္လာသည္မွန္း ေ႐ႊကူရိပ္မိသည္က အရက္နံ႕ေတြမႊန္ထူေန၍ျဖစ္သည္။

"ဘာလဲ အိမ္ရွင္မႀကီးက အိမ္ထဲဝင္လာမွာေၾကာက္လို႔လား ဘာမွမလုပ္ပါဘူး ကိုကိုႀကီးကအရင္လိုမဆိုးေတာ့ဘူးေလအခု"

ေ႐ႊကူဘယ္လိုပဲ တြန္းေနပါေစ အားခ်င္းမမွ်သည္မို႔ သံတံခါးေလးဟာ ဟ၍လာေတာ့သည္။ အကိုေလးကလဲအိမ္ထဲမွာျဖစ္ေလရာ ေတာ္ၾကာကိုကိုႀကီးကေ႐ႊကူ႕ကို ထပ္ၿပီးရိုက္သြားမွျဖင့္ ေ႐ႊကူေသေတာ့မွာပဲ။

ထူးခန့္ေနာက္သို႔လွမ္းၾကည့္လိုက္ေတာ့ မီးေတာက္တစ္ခုကိုေတြ႕လိုက္ရေတာ့သည္။ ဒါမ်ိဳးကိုေစာင့္ေနတာကြ ကြန့္ျမဴးေဝရ။ မင္းကအၿမဲငါ့ၿပိဳင္ဘက္ျဖစ္သလို မင္းရဲ႕စိတ္ကိုဆြရတာလဲ ငါ့အတြက္အေရးပါတဲ့အလုပ္တစ္ခုပဲဆိုတာ မင္းေတာ့သိလိမ့္မည္မဟုတ္။

ၿခံတံခါးကိုအားႏွင့္တြန္းဖြင့္ေနေလသည့္ကိုကိုႀကီးကို ေ႐ႊကူတြန္းမလွန္နိုင္ေတာ့ေပ။ စကားလုံးေတြႏွင့္မဟုတ္ပါပဲ အၾကည့္ႏွင့္ေ႐ႊကူ႕ကိုအလဲထိုးေနသည့္ကိုကိုႀကီးမ်က္လုံးေတြကို ေ႐ႊကူမၾကည့္ရဲေတာ့ေပ။

"ဟင္ .."

*ဂ်ိမ္း...*

ေ႐ႊကူ႕ကိုယ္ေလးကို ေနာက္သို႔ဆြဲလိုက္ၿပီး ခါးကိုလာဖက္သည့္အခါ ေ႐ႊကူထိုလူ႕ကိုမွီရက္သားေလးျဖစ္သြားရေတာ့သည္။ ေ႐ႊကူသိပ္ခ်စ္ရတဲ့အကိုေလးဆိုသည္ကို ေ႐ႊကူလွည့္မၾကည့္လဲသိသည္မို႔ အားကိုးရာရသြားရၿပီးေ႐ႊကူရင္ထဲ ေျပာမျပတတ္ေအာင္ ေပ်ာ္သြားရေတာ့သည္။ ထို႔ေနာက္ ေျခတန္ရွည္ေတြႏွင့္ တံခါးကိုေစာင့္ကန္လိုက္သည့္အကိုေလးရဲ႕ အထာက်သည့္လုပ္ရက္ကို ေ႐ႊကူအထင္းသားေတြ႕လိုက္ရသည့္အခါ ေ႐ႊကူ႕ရင္ထဲကအခ်စ္ပန္းေလးေတြဟာ တျဖဳတ္ျဖဳတ္ႏွင့္ေႂကြက်ေနေလေတာ့သည္။

ဇာတ္ကားေတြထဲကလို မင္းသားေလးက မင္းသမီးေလးကိုကယ္သည့္ ရင္ခုန္စရာအခန္းေလးလိုကို ေ႐ႊကူ႕မွာၾကည္ႏူးစိတ္ေတြႏွင့္ ခံစားေနရေတာ့သည္။ ေ႐ႊကူလဲ ႐ူးၿပီထင္ပါရဲ႕ အႏၱရယ္ကေရွ႕မွာရွိေနရက္နဲ႕ ေ႐ႊကူကအခ်စ္႐ူး႐ူးေနမိသည္ေလ။

"ေကာင္မေလး ရရဲ႕လား"

"အြန္း ေ႐ႊကူဘာမွမျဖစ္ဘူး"

"အိုးအိုး.. ငါဘာမွမလုပ္ရေသးပါဘူးဟ "

"မင္းကဘာလုပ္ခ်င္ေသးလို႔လဲထူးခန့္ "

"ငါေျပာျပလိုက္ရင္ မင္းစိတ္ထိန္းနိုင္ပါ့မလား"

ခနဲ႕ကာမ်က္ႏွာေပၚ လုပ္ၿပဳံးၿပဳံး၍ေျပာလာသည့္ထူးခန့္ရဲ႕စကားသည္ ေတြးလွ်င္ေတြးသေလာက္ အဓိပ္ပါယ်တွေအများကြီးပါလေတော့သည်။

"ေကာင္မေလးအိမ္ထဲဝင္ေတာ့ ကိုယ္ခဏေနလိုက္ခဲ့မယ္မၾကာဘူးေနာ္"

"အကိုေလး"

ေ႐ႊကူ႕ခါးက လက္ေတြဟာမလႊတ္ေသးသည္မို႔ ေ႐ႊကူအကိုေလးရဲ႕လက္ေမာင္းမွအကၤ်ီစကိုကိုင္ကာ စိုးရိမ္တႀကီးေခၚလိုက္ေတာ့ မ်က္လုံးမွိတ္ျပကာ ေ႐ႊကူ႕ကိုဝင္ခိုင္းေလသည္မို႔ ေ႐ႊကူေနာက္ဆန္တင္းကာ အိမ္ထဲသို႔ဝင္လာခဲ့ေတာ့သည္။

"ဘာလဲထူးခန့္ ေအးေဆးမေနနိုင္ဘူးလား "

"ငါကဘာလုပ္ေနလို႔လဲ မင္းကေရာငါ့ကိုအိမ္ထဲမေခၚေတာ့ဘူးလားကြ"

"ငါ့အိမ္က အျပင္သူစိမ္းဧည့္သည္လက္မခံဘူးကြ "

"ဟားဟား ကြန့္ျမဴးေဝရာမိန္းမတစ္ေယာက္အတြက္နဲ႕ သူငယ္ခ်င္းကိုသူစိမ္းလုပ္လိုက္တာလားဟ မင္းအေၾကာင္းငါမသိရင္ခက္မယ္ကြာ"

"မင္းသိရင္ေရွာင္သင့္တယ္ထင္တယ္ထူးခန့္ ငါစိတ္တိုရင္ သူငယ္ခ်င္းမကလို႔ညီအစ္ကိုရင္းျဖစ္ခဲ့ရင္ေတာင္ ငါေရွာင္မွာမဟုတ္ဘူးေနာ္ "

ၿခံေသာ့ကိုမခက္ထားေသာ္လည္း ထူးခန့္ဆိုသည့္ေကာင္က ယခုက်ေတာ့ဝင္မလာ တံခါးအျပင္မွာသာေပေတေတရပ္၍ေနေလသည္။ ဒီေကာင္ ေကာင္မေလးကိုတမင္လုပ္ေနမွန္း သိရေတာ့ ေဒါသေတြထြက္လာရေတာ့သည္။

"ဘာလဲ ငါ့ကိုက်ေတာ့မဒိန္းေကာင္ဇာတ္သြင္းၿပီးမင္းက်ေတာ့သူရဲေကာင္းလုပ္ၿပီး ေ႐ႊကူ႕ကိုဆြဲစားဖို႔ႀကံေနတာငါမသိဘူးထင္ေနတာလားကြ"

"မင္းအေတြးကအဲ့တာပဲေတြးတတ္တာလား "

"ဒါေပါ့ ငါ့အေတြးကမရိုးရွင္းသလို မင္းအေတြးလဲမရိုးရွင္းဘူးမလားကြန့္ျမဴးရာ"

"ငါရွင္းျပေတာ့ေရာ မင္းလိုေကာင္ကနားလည္မွာတဲ့လား "

"ငါတို႔ကသူငယ္ခ်င္းေတြေနာ္ကြန့္ျမဴး မင္းလဲငါ့စိတ္သိမွာပါ တစ္ခါတစ္ေလငါ့စိတ္ကမမွန္ဘူးေလ ငါခြင့္လႊတ္ေပးခ်င္တဲ့အခ်ိန္ခြင့္လႊတ္ေပးမယ္ ငါမေက်ေအးေပးနိုင္တဲ့အခ်ိန္လဲရွိတယ္ အဲ့ေတာ့ ေ႐ႊကူ႕ကိုငါ့ေရွ႕မွာတစ္ေယာက္ထဲေတာ့ရွိမေနေစနဲ႕ေပါ့ကြာ "

"ေတာက္ ..မင္း..."

ကြန့္ျမဴးတံခါးကို ကိုင္လိုက္ကာ ဆြဲထိုးခ်င္ေနသည့္စိတ္ကိုမနည္းထိန္းလိုက္ရေတာ့သည္။

"ငါလဲမင္းနဲ႕အႀကံတူပါပဲ ေမြးၿပီးစားခ်င္တာေပါ့ အဟက္.."

သံတိုင္တံခါးကို ကိုင္ထားသည့္ကြန့္ျမဴးလက္တို႔မွာ ထိုသံတိုင္ေတြကိုဖိေျခရလြန္းလို႔ ေပါက္ေတာင္ေပါက္ၿပဲကုန္ၿပီျဖစ္ေတာ့သည္။ သို႔ေပမယ့္မမႈအား ေကာင္မေလးအေၾကာင္းပါလာသည္ႏွင့္ စိတ္တို႔က ေကာင္မေလးဆီသာရွိေနေတာ့သည္။

"ေအာ္.. ငါေျပာစရာေလးက်န္ေသးတယ္ ေ႐ႊကူ႕ဘဝဘယ္ေတာ့မွမေအးခ်မ္းေစရဘူးမင္းမွတ္ထားကြန့္ျမဴးေဝ "

"ဘာ .."

"အေၾကာင္းျပခ်က္လိုလို႔လား မရွိဘူး ငါတို႔အိမ္ကေနမင္းရဲ႕အိမ္ကိုေျပာင္းသြားထဲက အေၾကာင္းျပခ်က္မလိုေအာင္ကို ေအးခ်မ္းေအာင္မေနရေအာင္လို႔ငါကလုပ္မွာလို႔ဆုံးျဖတ္ထားၿပီးသား "

"မွတ္ထားေနာ္ ငါ့စကားကဘယ္ေတာ့မွမေျပာင္းဘူး မင္းကာကြယ္ေပးတာလုံၿခဳံရင္ေတာ့တစ္မ်ိဳးေပါ့ မဟုတ္ရင္ေတာ့ငါေပ်ာ္ဖို႔အခြင့္ေရးေလးရသြားမယ္ထင္တယ္"

စိတ္တိုျခင္းမ်ားစြာႏွင့္က်န္ခဲ့သူသည္ လက္တြင္ေသြးတို႔ထြက္ေနေလေတာ့သည္။ ငါဘာလို႔မင္းကိုအခုဆြဲမထိုးလဲဆိုရင္ ငါေကာင္မေလးကို ထပ္ၿပီးမေၾကာက္ေစခ်င္ေတာ့လို႔ထူးခန့္။ ေကာင္မေလးဘဝက အခုမွအေျခက်အနယ္ထိုင္ေနတဲ့ စိတ္ေကာင္းေလးကို မင္းနဲ႕ငါ့ရဲ႕ရန္ပြဲေၾကာင့္ျပန္ၿပီးအမႈံမထေစခ်င္ေတာ့ဘူး။ ဒီလိုဆိုတိုင္းမင္းကိုအလြတ္ေပးၿပီး ေကာင္မေလးကိုႏွောက္ယွက္ခြင့္ေပးလိုက္တယ္လို႔ ထင္ရင္ေတာ့မွားသြားလိမ့္မယ္ ငါတို႔ကိစၥက ေကာင္မေလးအနားမွာမရွိတဲ့အခ်ိန္ျပန္စမွာမလို႔ မင္းေနေကာင္းေအာင္ေတာ့ေနထားေပါ့ကြာ။

ဘာလို႔ေကာင္မေလးကေအးေဆးမေနရမွာလဲ ငါတစ္ေယာက္လုံးရွိေနရင္ေအးေဆးလြန္းလို႔ ဘာထိခိုက္ျခင္းမွရွိလာမွမဟုတ္ဘူးစိတ္ခ်။ ခိုးၾကည့္ေနသည့္ေကာင္မေလးေရွ႕ ရန္မျဖစ္ခ်င္လို႔သာ မဟုတ္လွ်င္ထူးခန့္ဆိုသည့္မင္း ငါ့လက္ေအာက္မွာေသသြားနိုင္ပါသည္။ ေကာင္မေလးရယ္ ကိုယ့္ဘဝႀကီးႏွင့္ရင္းၿပီးေတာ့ကို ကာကြယ္ေပးမွာပါကြာေကာင္မေလးရယ္။

"အကိုေလး"

"အြန္း မေၾကာက္နဲ႕ေနာ္ ကိုယ္ရွိတယ္"

ထူးခန့္ထြက္သြားသည္ႏွင့္ အိမ္ဘက္ျပန္လွမ္းလာလိုက္ေတာ့ ပုန္းေနရာမွထြက္လာကာ အနားေျပးလာသည့္ေကာင္မေလးကို ကြန့္ျမဴးအသာေလးႏွိစ္သိမ့္သည့္အေနႏွင့္ ဖက္ထားလိုက္ေတာ့သည္။

"ေ႐ႊကူမေၾကာက္ပါဘူးလို႔ေျပာရင္ယုံမွာလားဟင္"

"ယုံမွာေပါ့ကြ "

"အဲ့တာဆိုမညာေတာ့ပါဘူး အကိုေလးအျမန္သာမလာရင္ ကိုကိုႀကီးကေ႐ႊကူ႕ကိုတစ္ခုခုလုပ္ေလာက္တယ္"

ကိုယ့္ေရွ႕မွာသန္မာခ်င္ေယာင္ေဆာင္ဖို႔မလိုပါဘူးကြာ။

"အဲ့တာေၾကာင့္ကိုယ္ရွိတယ္လို႔ေျပာတာေပါ့ ေကာင္မေလးအနားမွာကိုယ္ရွိတယ္ေနာ္ ဘာမွမေၾကာက္နဲ႕"

"အြန္း.. ေ႐ႊကူေနာက္ဆိုကိုကိုႀကီးကိုေရွာင္ပါ့မယ္ ေ႐ႊကူအခုထိကိုကိုႀကီးကိုရင္ဆိုင္ဖို႔အဆင္သင့္မျဖစ္ေသးဘူးထင္တယ္ "

ေ႐ႊကူေရွ႕အေခါက္က ေလသံမာၿပီးျပန္၍ေျပာနိုင္ခဲ့တာ ေဘးမွာအကိုေလးရွိလို႔ဆိုတာသေဘာေပါက္ခဲ့ပါသည္။ ေ႐ႊကူ႕ကိုယ္တိုင္အားအင္ႏွင့္က်ေတာ့ ေ႐ႊကူရင္ဆိုင္ဖို႔ေတြေဝေနမိေသးတာကိုလဲ ယခုမွျမင္လာရေတာ့သည္။ ေ႐ႊကူကဘာလို႔တစ္ေယာက္ထဲဆိုေပ်ာ့ညံ့ၿပီး အကိုေလးေဘးမွာရွိမွသန္မာရတာလဲဟင္။

ေနာက္ဆို ၿခံေရွ႕ေတာင္တစ္ေယာက္ထဲမလႊတ္ေတာ့ပဲ ကိုယ္ပါမွၿခံထဲဆင္းရေတာ့မည္။ ကိုယ္ၿခံေလးတစ္ၿခံဝယ္ၿပီး ဒီေကာင္နဲ႕ေဝးသည့္ေနရာကို ေကာင္မေလးကိုေခၚသြားမွာမလို႔ ေကာင္မေလးခဏေတာ့ေစာင့္ေနေပးပါေနာ္။ ေနာက္ဆိုစိတ္ရွိတဲ့အတိုင္းေပ်ာ္ရေတာ့မွာပါကြာ။  ကိုယ္ထူးခန့္ကိုမေၾကာက္ပါဘူး သို႔ေပမယ့္ ခ်စ္ရတဲ့ေကာင္မေလးရွိေနေသးတာမလို႔ ကိုယ္အကုန္ဆင္ျခင္ျပင္ဆင္ထားမွ ျဖစ္မည္။ ေကာင္မေလးရယ္ မင္းဘဝေလးကိုယ့္လက္ထဲမွာ လုံးဝအပူပင္ကင္းကင္း အႏွောက္ယွက္ကင္းကင္းနဲ႕ရွိေနရင္ေကာင္းမယ္ကြာ။

"အကိုေလး လက္က ဘာျဖစ္တာလဲ"

"အေသးအမႊားေလးဘာမွမျဖစ္ဘူးေကာင္မေလး"

မ်က္ရည္ေတြၿပိဳဆင္းလာကာ လက္ကိုၾကည့္၍ငိုေနသူေကာင္မေလးကို ကြန့္ျမဴးေခ်ာ့လိုက္ေတာ့ ေမာ့ၾကည့္လာကာ ရင္ခြင္ထဲတိုးဝင္လာျပန္ေတာ့သည္။

"ေ႐ႊကူ႕ေၾကာင့္မလား ဟင့္.. ေနာက္ဆိုဘာမွမလုပ္ေတာ့ပါဘူး ကိုကိုႀကီးနဲ႕လဲမေတြ႕ေတာ့ပါဘူး ဟင့္.."

"ေကာင္မေလးေၾကာင့္မဟုတ္ပါဘူးကြာ "

"ဟင့္ ေ႐ႊကူသိတယ္ အကိုေလးလက္ကေ႐ႊကူ႕ေၾကာင့္ရတယ္ဆိုတာေ႐ႊကူသိတယ္ "

ေ႐ႊကူေခ်ာင္းၾကည့္တာက မ်က္မွန္တပ္ၿပီးေခ်ာင္းၾကည့္တာမလို႔ ေ႐ႊကူသိတာေပါ့။ လက္ကိုအရင္မၾကည့္မိပဲ ေ႐ႊကူကအရင္ေျပးဖက္လိုက္မိတာကို ေနာင္တရပါသည္။ အကိုေလးလက္ေတြနာေနေတာ့မွာပဲ သံဆိပ္ေတြတတ္ေနမွျဖင့္အကိုေလးရယ္။

ကိုယ္တိုင္သာအျပစ္ေတြတင္ၿပီး ငိုေနသည့္ခ်စ္ရသူေလးကို ကြန့္ျမဴးေထြးပိုက္ထားကာ စိတ္မေကာင္းျဖစ္မိသည္။ မငိုေစခ်င္ပါဘူးဆိုမွ ကိုယ့္လက္ေၾကာင့္ငိုသြားခဲ့သည္တဲ့ဗ်ာ။ ကိုယ္တိုင္အခက္ေတြ႕တုန္းက မငိုပဲ ကိုယ့္လက္ဒဏ္ရာျမင္မွငိုရတယ္တဲ့လားကြာ။

ကိုယ့္အတြက္အားနည္းခ်က္က ေကာင္မေလးျဖစ္သလို ေကာင္မေလးအတြက္အားနည္းခ်က္ကလဲ ကိုယ္ျဖစ္ေနတာတဲ့လားကြာ...။

Words 3574
10.10.2023 5:40pm
ဆက္လက္ႀကိဳးစားသြားပါမည္။

Continue Reading

You'll Also Like

248K 14.8K 40
My priority /property/privacy
259K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
395K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ
71.8K 2.7K 65
တချိန်ကမင်းကိုယ်တိုင်နင်းချေခဲ့တဲ့သူကို အခုမှချစ်တယ်လို့ပြောလာတာကို ငါကဘယ်လိုယုံကြည်မူ့မျိုးနဲ့ပြန်ချစ်ရမှာလဲ ငါအမှောင်ကိုကြောက်တယ် တခ်ိန္ကမင္းကိုယ္တ...