အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

234K 44.5K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

255

1.9K 406 27
By Melinoe_Megami

Unicode

‘ခြူးမုယွင်’၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မရှိပါချေ။ သူက ပွဲကြည့်သူတစ်ယောက်နှယ် ဘာဆက်ဖြစ်မလဲ သိချင်စိတ်ဖြင့် သည်အတိုင်း ဘေးမှ ရပ်ကြည့်နေခဲ့၏။

တစ်ခဏအကြာတွင် သိမ်မွေ့ကြော့ရှင်းသော အမျိုးသားတစ်ဦး ရောက်လာသည်။ ထိုသူသည် အသားကောင်းသော်လည်း ရေလျှော်များပြီး ဟောင်းနွမ်းစုတ်ပြဲနေသည့် ပြာလွင့်လွင့်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ မျက်နှာအမူအရာက အတန်ငယ် ညှိုးနွမ်းနေသလိုပင်။

ထိုသူကို မြင်လိုက်သည်နှင့် ရှဲ့ချင်းလန်က ချက်ချင်း ခေါင်းမော့လာသည်။ အရောင်မဲ့နေသော မျက်ဝန်းများဟာလည်း ရုတ်ချည်းဆိုသလို အရောင်တောက်လာခဲ့သည်။

“အားယွင်..”

(TN : ဒီနေရာမှာ ရပ်ကြည့်နေတဲ့လူက အိပ်မက်ထဲက ခြူးမုယွင်ဖြစ်ပြီး ရောက်လာတဲ့ ‘အားယွင်’ ဆိုတဲ့လူက ခြူးမုယွင်နဲ့ ဘာမှမဆိုင်တဲ့ တခြားလူတစ်ယောက်ပါ။ နာမည်က ခြူးမုယွင်နဲ့ ဆင်နေတာပါ။)

ထိုသူက ခြေလှမ်းရပ်လိုက်ပြီး ရှဲ့ချင်းလန်အား စိတ်ရှုပ်ထွေးစွာ မော့ကြည့်လာသည်။ သို့သော် မျက်ဝန်းထဲမှ အချစ်ရိပ်များကား အတုအယောင် မဟုတ်ခဲ့ချေ။

ရှဲ့ချင်းလန်က ထိုသူ၏ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး သူ၏ မျက်ဝန်းလှလှလေးများထဲတွင် မြတ်နိုးတွယ်တာခြင်းများ ပြည့်လျှံလာသည်။ : “ကျွန်တော့်ကို ထပ်မရှောင်နေပါနဲ့တော့.. ကျွန်တော် ခင်ဗျားကို လွမ်းနေတာ..”

“ငါတို့နှစ်ယောက်က မဖြစ်နိုင်....”

ရှဲ့ချင်းလန်၏ မျက်တောင်ရှည်များ မသိမသာ တုန်ယင်သွားပြီး အလွန်လွမ်းဆွတ်နေဟန်ဖြင့် ဖြတ်ပြောလာသည်။ : “ခင်ဗျား စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ပါဘူး.. ကျွန်တော့်ကို ပြန်မချစ်နိုင်လည်း သူငယ်ချင်း ဖြစ်လို့ရသေးတယ်လေ.. ကျွန်တော်က ဒီအတိုင်း… ကျွန်တော့်ကို ရှောင်မနေစေချင်ရုံပါ..”

လူပေါ်ကြော့ကောင်လေး အရူးအမူး ချစ်မိသွားသောအခါ မြင်သမျှလူတိုင်း စိတ်လှုပ်ရှားရလောက်သည်။

‘ခြူးမုယွင်’သည် ထိုနှစ်ယောက်၏ အရှုပ်ထုပ်ကို အေးတိအေးစက် စောင့်ကြည့်နေသော်ငြား သူ၏ရင်ထဲ ပျင်းရိငြီးငွေ့စိတ်များသာ စိုးမိုးနေသည်။

အဆုံးမှာတော့ ထိုအမျိုးသားသည် ရှဲ့ချင်းလန်၏ စကားကို မလွန်ဆန်နိုင်တော့ဘဲ သဘောတူလိုက်သည်။ ‘ခြူးမုယွင်’မှာ ရှဲ့ချင်းလန်၏ ကော့ညွတ်နေသော မျက်ဝန်းအစုံကို ငေးကြည့်ရင်း မိန်းမောသွားသလို ခံစားလိုက်ရ၏။

ရှဲ့ချင်းလန်သည် ထိန်းမနိုင်သိမ်းမရ ပျော်ပါးနေစဉ်ကပင် လူပေါင်းများစွာကို အရူးအမူးဖြစ်အောင် ဆွဲညှို့နိုင်စွမ်း၏။ ယခုလို တည်ကြည်လေးနက်နေသောအခါ သေလောက်အောင် ဆွဲဆောင်မှုရှိနေတော့သည်။

‘ခြူးမုယွင်’သည် ထိုအခြေအနေကို ရပ်မကြည့်နိုင်တော့ပေ။ ရှဲ့ချင်းလန်သာ ဤအတိုင်း ပြဿနာဆက်ရှာနေလျှင် ရလဒ်က ယခင်ကလေးများနှင့် အဘယ်သို့ ကွာခြားဦးမည်နည်း။

သို့မဟုတ် ယခင်ထက်ပင် ပိုဆိုးသွားနိုင်သည်။ အနည်းဆုံးတော့ ကျန်ကလေးငယ်များသည် သူ့ထံမှ ပညာရပ်များစွာ သင်ယူနိုင်ခဲ့သေးသည်။ သို့သော် ရှဲ့ချင်းလန်ကတော့ စာပေဗဟုသုတဟူ၍ ဗလာနတ္တိ၊ ကျင့်ကြံရေးအသိလည်း မရှိပါဘဲ အချစ်ရေးကိစ္စများသာ စိတ်ထဲရှိသည်။ သို့ဖြစ်ရာ အဘယ်သို့ ဖြစ်လာနိုင်……..

ကံဆိုးစွာဖြင့် ‘ခြူးမုယွင်’ ဘာမှမလုပ်ရသေးခင်မှာပင် ထိုအမျိုးသားက ရှဲ့ချင်းလန်ကို တွန်းထုတ်ပြီး တကယ်ကြီး ငြင်းပယ်ပစ်ခဲ့သည်။ ရှဲ့ချင်းလန်ကို သနားစရာကောင်းအောင် ထားရစ်ခဲ့လေသည်။

ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော ‘ခြူးမုယွင်’၏ စိတ်ထဲတွင် အခွင့်အရေးရပြီဟူ၍ တွေးလိုက်မိသည်။

ရှဲ့ချင်းလန်တစ်ယောက် ယခုလို အသည်းကွဲခဲ့ရပြီဖြစ်ရာ ရှုပ်ပွေတတ်သည့်အကျင့်ကို ရပ်တန့်ပြီး စိတ်တည်ငြိမ်သင့်ချေပြီ။ ကျင့်ကြံရေးကို အာရုံစိုက်သင့်ပြီ မဟုတ်ပါလော။

‘ခြူးမုယွင်’သည် နောက်ဆုံးတော့ လူလုံးထွက်ပြပြီး ရှဲ့ချင်းလန်အား ပျင်းရိငြီးငွေ့စွာ စိုက်ကြည့်လိုက်သည်။

ခြူးမုယွင်က ရှဲ့ချင်းလန်ကို ပြောသည်။ : “အချစ်က ထာဝရတည်မြဲနေမှာမဟုတ်ဘူး.. မင်း ကောင်းကောင်းသိသင့်နေပြီ..”

ရှဲ့ချင်းလန်က ခြူးမုယွင်အား ပြန်ကြည့်ကာ.. : “ခင်ဗျားက ကျုပ်ကို အထက်ဘုံတက်စေချင်နေတာလား..?”

ခြူးမုယွင် : “မင်း သွားချင်လား..?”

ရှဲ့ချင်းလန် : “မသွားချင်ဘူး..”

ခြူးမုယွင် : “သူက သာမန်သေမျိုးတစ်ယောက်ပဲ.. နောက်ဆယ်နှစ်လောက်ဆို အိုမင်းလာမှာ.. မင်း သူ့ကို ဘယ်အချိန်ထိ ဆက်ချစ်နိုင်မှာတဲ့လဲ..?”

ရှဲ့ချင်းလန်က ပြုံးသည်။ : “ကျုပ်အစ်ကိုရော ခင်ဗျားကို ဘယ်အချိန်ထိ ချစ်ခဲ့လဲ..?”

ခြူးမုယွင် အသံတိတ်သွားသည်။

ရှဲ့ချင်းလန်က ကျောက်စိမ်းလှေကားပေါ်သို့ တစ်လှမ်းချင်းတက်လာပြီး သူနှင့် တန်းတူရပ်လိုက်သည်။ ထိုအခါမှ အနှီအနီရောင်ဝတ် လူပေါ်ကြော့သခင်လေးဟာ အလွန်အရပ်ရှည်ပြီး သူ့ထက်ပင် ခေါင်းတစ်ဝက်စာခန့် အရပ်ပိုမြင့်ကြောင်း ခြူးမုယွင် သိလိုက်ရသည်။

ခြူးမုယွင်က နောက်ဆုတ်ကာ သူတို့နှစ်ဦးကြား အကွာအဝေးတစ်ခု ထားလိုက်သည်။

ရှဲ့ချင်းလန်က ထိုအပြုအမူကို မြင်သော်လည်း ဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။ : “စိတ်ပူနေစရာမလိုပါဘူး.. ကျုပ်အစ်ကိုနဲ့ ကျုပ်က သိပ်မရင်းနှီးဘူး.. ဒီအတိုင်း သူ အရူးအမူးချစ်ခဲ့ရတဲ့လူက ဘယ်လိုလူလဲလို့ သိချင်ရုံသပ်သပ်ပဲ..”

ခြူးမုယွင်က ရှဲ့ချင်းလန်၏ ခြေမြန်လက်မြန်အကျင့်ကို မနှစ်သက်ပေ။ : “ငါ ဘာမှစိတ်မပူဘူး..”

ရှဲ့ချင်းလန်က လက်မြှောက်ကာ ဆံပင်သပ်လိုက်သည်။ မျက်ဝန်းအကြည့်က တည်ငြိမ်နေပါသော်ငြား သူ၏ စကားလုံးများက ပို၍ပင် ရဲတင်းလာခဲ့သည်။ : “ခင်ဗျား ဘယ်လောက်ထိ အသည်းမာပြီး သွေးအေးရက်စက်လဲဆိုတာ သိထားပြီးသားပါ.. ကျုပ်ကလည်း ကျုပ်ချစ်ရတဲ့လူနဲ့ မပေါင်းစည်းရဘူးဆိုတော့… ခင်ဗျား ဘာလို့…..” သူက ခြူးမုယွင်အနား တိုးကပ်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ “ကျုပ်ကို စိတ်ကျေနပ်အောင် မလုပ်ပေးချင်ဘူးလား..?”

‘ခြူးမုယွင်’က ရှဲ့ချင်းလန်၏လက်ကို တွန်းဖယ်ပစ်ကာ.. : “ငါနဲ့ ဘာဆိုင်လို့လဲ..?”

ရှဲ့ချင်းလန်က စိတ်မဆိုးဘဲ ပြောင်စပ်စပ်အမူအရာဖြင့်.. : “ခင်ဗျားက ဆက်ခံသူတစ်ယောက် လိုချင်နေတာမဟုတ်ဘူလား..? ကျွန်တော်က အသင့်တော်ဆုံးပဲလေ.. ခင်ဗျားကို လုံးဝမချစ်မိစေရဘူးလို့ ကျုပ် ကတိပေးတယ်..”

ဤတစ်ခေါက်တော့ ‘ခြူးမုယွင်’လည်း ရှဲ့ချင်းလန်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်တော့ပေ။

ရှဲ့ချင်းလန်က ဆက်ပြောလာသည်။ : “အခြေအနေတစ်ရပ်တော့ ရှိတယ်.. ချစ်မိသွားလို့ မရဘူးဆိုတော့ လျော်ကြေးတစ်ခု ပြန်ပေးသင့်တယ်မလား.. ကျုပ်ကို အချိန်ကောင်းလေး မပေးချင်ဘူးလား..?” သူက ခြူးမုယွင်၏ နားရွက်ဖျားအနား တိုးကပ်သွားကာ.. “ကိုယ်လက်နှီးနှောရုံပဲ.. ချစ်မိသွားစရာမလိုဘူး..”

‘ခြူးမုယွင်’က မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်သည်။

ရှဲ့ချင်းလန်က ဘာကိုမှဂရုမစိုက်ဟန်ဖြင့် ပြောင်စပ်စပ်မျက်နှာပေးကို ချိတ်ဆွဲထားဆဲ။

မှတ်ဉာဏ်များကို ဘေးမှရပ်ကြည့်နေသော လက်ရှိခြူးမုယွင်ကတော့ ရှဲ့ချင်းလန် ဘာဖြစ်ချင်နေမှန်း ချက်ချင်း နားလည်သွားခဲ့သည်။

ပေါ့ပျက်ပျက်အပြုအမူ၊ အပျော်အပါးလိုက်စားခြင်း၊ တစ်စုံတစ်ဦးကို ချစ်မိသွားခြင်း.. အရာအားလုံးက အပေါ်ယံများသာ။ ရှဲ့ချင်းလန်သည် မော့ကျိုးရှောင်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသဖြင့် မော့ကျိုးရှောင်အား ‘သွေးရင်းအစ်ကို’အဖြစ် မှတ်ယူခဲ့လေ၏။ အသိစိတ်စတင်ဖြစ်တည်လာကတည်းက ခြူးမုယွင်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားပါသော်ငြား အကြင်သူ မည်မျှနှလုံးသားမဲ့မှန်း သိနေခဲ့သည်။ သူသာ ခံစားချက်အမှန်ကို ထုတ်ဖော်ပြခဲ့လျှင် အဝေးကို တွန်းဖယ်ခံရလိမ်မည်။ ယခင်အတိုင်း တူညီသော အမှားများ ထပ်လုပ်မိလိမ့်မည်။

ဤတစ်ကြိမ်တော့ ‘ခြူးမုယွင်’ တစ်ဦးတည်းသာ ဗျူဟာပြောင်းသည်မဟုတ်၊ ရှဲ့ချင်းလန်လည်း ပြောင်းလဲသွားခဲ့သည်။

မော့ကျိုးရှောင်၊ ရန်ချန်း၊ ရှန်ရွှိန်ယန်း၊ ကျွင်းမော့.. ယခုဆက်ပြီး ရှဲ့ချင်းလန်အလှည့် ရောက်လာချိန်ဝယ် သူက နည်းလမ်းအားလုံးကို ပြောင်းပြန်လှန်ပစ်ရန် ကြိုးစားခဲ့လေသည်။

ခြူးမုယွင်က မှတ်ဉာဏ်အဆုံးသတ်ကို မကြည့်ချင်တော့သဖြင့် သူ့ကိုယ်သူ ဖိအားပေးကာ ‘နိုးထ’စေလိုက်သည်။

ရှဲ့ချင်းလန်အကြောင်း မှတ်ဉာဏ်အပိုင်းအစများ မြင်နေရသည်က ဝါးဆစ်တောအုပ်သို့ ရှဲ့ချင်းလန် ရောက်လာ၍သာ ဖြစ်ပေလိမ့်မည်။

ခြူးမုယွင်အနေဖြင့် ပထမဆုံးမြင်လိုက်ရသည့် ပုံရိပ်ယောင်အကြောင်း တွေးမိရုံမျှဖြင့် လက်ရှိဖြစ်ရပ်တစ်ခုလုံးကို အဖြေရှာရန် မခဲယဉ်းခဲ့ပေ။

အိပ်မက်သားရဲသည် သားကောင်ကို နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ အကြောက်ရဆုံးမြင်ကွင်းကို မြင်ယောင်စေပြီး ဝိဉာဉ်နှုတ်ယူတတ်၏။

သူက ပုံရိပ်ယောင်ကို ချိုးဖြတ်နိုင်ခဲ့ပေမယ့် ကျွင်းမော့ကရော..?

‘နှလုံးသားသော့ခတ်ခြင်း’‌ ဆေးလုံးကို ခြူးမုယွင် သောက်လိုက်သည့်အချိန် ကျွင်းမော့၏စိတ်ထဲ အလွန်ဖိအားများလာလိမ့်မည်။ ထိုအခြေအနေမျိုးတွင် ပုံရိပ်ယောင်နယ်မြေထဲ ကျိန်းသေပေါက် ကျဆင်းသွားလိမ့်မည်။ ထို့နောက် မည်သည့်ပုံရိပ်ယောင်မျိုး မြင်ရမလဲဆိုတာ ခန့်မှန်းရလွယ်ကူပေသည်။

ကျွင်းမော့ ရင်ကွဲနာကျပြီး သေရလိမ့်မည်။

ခြူးမုယွင်မှာ ကျွင်းမော့ မျှော်လင့်ချက်မဲ့ပြီး သတ်သေသွားနိုင်ကြောင်း တွေးလိုက်မိသည်နှင့် အချိန်ဆက်မဖြုန်းရဲတော့ပေ။

ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအခါ မိုးကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော တဖျတ်ဖျတ်လက်နေသည့် ငွေမှုန်များနှင့် ထွန်းသစ်စနေမင်းကြီးသဖွယ် မူးဝေမိန်းမောလောက်သည့် အနီရောင်အမျိုးသားကို မြင်လိုက်ရသည်။

ခြူးမုယွင်က သူ့ကိုကြည့်ပြီး နူးညံ့စွာ ဆိုသည်။ : “ပုံရိပ်ယောင်ကို ဖြေရှင်းပြီးရင် မင်းနဲ့လိုက်ခဲ့မယ်..”

ရှဲ့ချင်းလန်က သူ့အား မမှိတ်မသုန် ငေးကြည့်နေခဲ့သည်။

ခြူးမုယွင်၏ မျက်ဝန်းများ မသိမသာ မှောင်မိုက်သွားပြီး သူ၏ လေသံကလည်း အတိုင်းအတာတစ်ခုထိ အေးစက်လာသည်။ : “မဟုတ်ရင် ငါ ဒီမှာပဲ သေပစ်လိုက်မယ်..”

အဲ့လိုဆို သူ့ကို ဘယ်သူမှ ရှာတွေ့တော့မှာမဟုတ်ဘူး..!

ရှဲ့ချင်းလန်က အပြုံးလေးဖြင့် ခါးသီးဖွယ်အမှန်တရားတစ်ခုကို ပြောလာသည်။ : “မင်း ကိုယ့်အနားမှာ ဘယ်လောက်ကြာကြာ ရှိပေးနိုင်မလဲ..?”

ထိုသို့ပြောပြီးနောက် သူက အိပ်မက်သားရဲကို ပြန်လည်ဆင့်ခေါ်လိုက်ပြီး ကောင်းကင်ယံမှ ငွေကြယ်ပွင့်များကို လွင့်ပျယ်စေလိုက်သည်။

ထိုအခါ ကျွင်းမော့ သတိပြန်ဝင်လာခဲ့သည်။ အမြင်ကြည်လင်လာချိန်တွင် ရှဲ့ချင်းလန်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်ဝန်းများက ကြောက်ခမန်းလိလိ မှေးကျဉ်းသွားခဲ့သည်။

ရှဲ့ချင်းလန်က သူ့ကို မကြည့်ဘဲ ခြူးမုယွင်အနား လျှောက်သွားကာ လက်ကို ဆုပ်ကိုင်လိုက်သည်။

ကျွင်းမော့ခမျာ ခြူးမုယွင်ကို မြင်လိုက်ရသည့်အခိုက် ပြောမပြတတ်အောင် ရှော့ရသွားခဲ့၏။

ခြူးမုယွင်က တည်ငြိမ်စွာ ဆိုသည်။ : “အားမော့.. ငါ မသေပါဘူး.. ခုနက မင်း ပုံရိပ်ယောင်တွေ မြင်လိုက်ရတာ..”

မသေဘူး.. အားယွင် မသေဘူး…

အားယွင်က ‘နှလုံးသားသော့ခတ်ခြင်း’ဆေးလုံး သောက်လိုက်ပေမယ့် မသေခဲ့ဘူး…

ကျွင်းမော့မှာ ဝမ်းသာလွန်း၍ အသိစိတ်ပြန်မကပ်နိုင်ခဲ့ပေ။

သူက တိုးရှအက်ကွဲစွာ ခေါ်ဆိုခဲ့သည်။ : “အားယွင်..”

ခြူးမုယွင်က သူ့ကို ပြုံးပြလိုက်သည်။ : “အခု မင်း ငါ့ကို ယုံပြီမလား..? ဝမ်းမနည်းနဲ့တော့..”

နောက်ဆုံးအနေဖြင့် သူက အသံမထွက်ဘဲ ပါးစပ်လှုပ်ကာ ပြောခဲ့သည်။ : ကိုယ့်ကို စောင့်နေ..!

ရှဲ့ချင်းလန်နောက်လိုက်ကာ ဝါးဆစ်တောအုပ်မှ ထွက်လာခဲ့ချိန် လမ်းတစ်ခုလုံး ပုံရိပ်ယောင်များနှင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။

ခြူးမုယွင်မှာ အံ့အားသင့်သွားပြီး.. : “ဒါက….”

ရှဲ့ချင်းလန် : “ကျွင်းမော့က တကယ်တော်တယ်.. ကျွန်းတစ်ခုလုံးကို တံလျှပ်ဆေးလုံးတွေနဲ့ လွှမ်းခြုံထားပြီး ဝါးဆစ်တောအုပ်ကို ဘယ်သူမှ မမြင်နိုင်အောင် ဖုံးကွယ်ထားတာ..”

သူတောင် ပုံရိပ်ယောင်တွေကိုဖြတ်ပြီး အထဲဝင်နိုင်ဖို့ တစ်လလောက် အချိန်ယူလိုက်ရတယ်..!

ခြူးမုယွင်က နားလည်သွားဟန်ဖြင့် နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ : “ဇီးပန်းရောင်ဝါတောင်ရော.. အခြေအနေ ဘယ်လိုလဲ..?”

ရှဲ့ချင်းလန်က ရုတ်တရက် ခြေလှမ်းရပ်ကာ သူ့ကို လှည့်ကြည့်လာသည်။ : “ယဲ့ကျန့်ဟန် သေပြီ..”

ခြူးမုယွင်၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။ ရှဲ့ချင်းလန်၏  အင်္ကျီစကို ဆတ်ခနဲ လှမ်းဆွဲပြီး ကပျာကယာ မေးလိုက်သည်။ : “မင်း ဘာပြောလိုက်တယ်..?”

ရှဲ့ချင်းလန်က ခပ်ယဲ့ယဲ့ပြုံးကာ ထပ်ပြောလာသည်။ : “ယဲ့… ကျန့်… ဟန်… သေပြီ..”

……………………………………….

TN : ခဏနေရင် နောက်တစ်ပိုင်းလာမယ်နော်။ 254, 255, 256 သုံးပိုင်းက ဆက်တိုက်ဖတ်မှ အဆင်ပြေမှာ။ အကုန်မူးချာလည်မှာစိုးလို့။

……………………………………….

Zawgyi

‘ျခဴးမုယြင္’၏ မ်က္ႏွာေပၚတြင္ မည္သည့္ခံစားခ်က္မွ် မရွိပါေခ်။ သူက ပြဲၾကည့္သူတစ္ေယာက္ႏွယ္ ဘာဆက္ျဖစ္မလဲ သိခ်င္စိတ္ျဖင့္ သည္အတိုင္း ေဘးမွ ရပ္ၾကည့္ေနခဲ့၏။

တစ္ခဏအၾကာတြင္ သိမ္ေမြ႕ေၾကာ့ရွင္းေသာ အမ်ိဳးသားတစ္ဦး ေရာက္လာသည္။ ထိုသူသည္ အသားေကာင္းေသာ္လည္း ေရေလွ်ာ္မ်ားၿပီး ေဟာင္းႏြမ္းစုတ္ၿပဲေနသည့္ ျပာလြင့္လြင့္ဝတ္႐ုံရွည္ကို ဝတ္ဆင္ထားသည္။ မ်က္ႏွာအမူအရာက အတန္ငယ္ ညႇိဳးႏြမ္းေနသလိုပင္။

ထိုသူကို ျမင္လိုက္သည္ႏွင့္ ရွဲ႕ခ်င္းလန္က ခ်က္ခ်င္း ေခါင္းေမာ့လာသည္။ အေရာင္မဲ့ေနေသာ မ်က္ဝန္းမ်ားဟာလည္း ႐ုတ္ခ်ည္းဆိုသလို အေရာင္ေတာက္လာခဲ့သည္။

“အားယြင္..”

(TN : ဒီေနရာမွာ ရပ္ၾကည့္ေနတဲ့လူက အိပ္မက္ထဲက ျခဴးမုယြင္ျဖစ္ၿပီး ေရာက္လာတဲ့ ‘အားယြင္’ ဆိုတဲ့လူက ျခဴးမုယြင္နဲ႔ ဘာမွမဆိုင္တဲ့ တျခားလူတစ္ေယာက္ပါ။ နာမည္က ျခဴးမုယြင္နဲ႔ ဆင္ေနတာပါ။)

ထိုသူက ေျခလွမ္းရပ္လိုက္ၿပီး ရွဲ႕ခ်င္းလန္အား စိတ္ရႈပ္ေထြးစြာ ေမာ့ၾကည့္လာသည္။ သို႔ေသာ္ မ်က္ဝန္းထဲမွ အခ်စ္ရိပ္မ်ားကား အတုအေယာင္ မဟုတ္ခဲ့ေခ်။

ရွဲ႕ခ်င္းလန္က ထိုသူ၏ေရွ႕တြင္ မတ္တပ္ရပ္လိုက္ၿပီး သူ၏ မ်က္ဝန္းလွလွေလးမ်ားထဲတြင္ ျမတ္ႏိုးတြယ္တာျခင္းမ်ား ျပည့္လွ်ံလာသည္။ : “ကြၽန္ေတာ့္ကို ထပ္မေရွာင္ေနပါနဲ႔ေတာ့.. ကြၽန္ေတာ္ ခင္ဗ်ားကို လြမ္းေနတာ..”

“ငါတို႔ႏွစ္ေယာက္က မျဖစ္ႏိုင္....”

ရွဲ႕ခ်င္းလန္၏ မ်က္ေတာင္ရွည္မ်ား မသိမသာ တုန္ယင္သြားၿပီး အလြန္လြမ္းဆြတ္ေနဟန္ျဖင့္ ျဖတ္ေျပာလာသည္။ : “ခင္ဗ်ား စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ မလုပ္ပါဘူး.. ကြၽန္ေတာ့္ကို ျပန္မခ်စ္ႏိုင္လည္း သူငယ္ခ်င္း ျဖစ္လို႔ရေသးတယ္ေလ.. ကြၽန္ေတာ္က ဒီအတိုင္း… ကြၽန္ေတာ့္ကို ေရွာင္မေနေစခ်င္႐ုံပါ..”

လူေပၚေၾကာ့ေကာင္ေလး အ႐ူးအမူး ခ်စ္မိသြားေသာအခါ ျမင္သမွ်လူတိုင္း စိတ္လႈပ္ရွားရေလာက္သည္။

‘ျခဴးမုယြင္’သည္ ထိုႏွစ္ေယာက္၏ အရႈပ္ထုပ္ကို ေအးတိေအးစက္ ေစာင့္ၾကည့္ေနေသာ္ျငား သူ၏ရင္ထဲ ပ်င္းရိၿငီးေငြ႕စိတ္မ်ားသာ စိုးမိုးေနသည္။

အဆုံးမွာေတာ့ ထိုအမ်ိဳးသားသည္ ရွဲ႕ခ်င္းလန္၏ စကားကို မလြန္ဆန္ႏိုင္ေတာ့ဘဲ သေဘာတူလိုက္သည္။ ‘ျခဴးမုယြင္’မွာ ရွဲ႕ခ်င္းလန္၏ ေကာ့ၫြတ္ေနေသာ မ်က္ဝန္းအစုံကို ေငးၾကည့္ရင္း မိန္းေမာသြားသလို ခံစားလိုက္ရ၏။

ရွဲ႕ခ်င္းလန္သည္ ထိန္းမႏိုင္သိမ္းမရ ေပ်ာ္ပါးေနစဥ္ကပင္ လူေပါင္းမ်ားစြာကို အ႐ူးအမူးျဖစ္ေအာင္ ဆြဲညႇိဳ႕ႏိုင္စြမ္း၏။ ယခုလို တည္ၾကည္ေလးနက္ေနေသာအခါ ေသေလာက္ေအာင္ ဆြဲေဆာင္မႈရွိေနေတာ့သည္။

‘ျခဴးမုယြင္’သည္ ထိုအေျခအေနကို ရပ္မၾကည့္ႏိုင္ေတာ့ေပ။ ရွဲ႕ခ်င္းလန္သာ ဤအတိုင္း ျပႆနာဆက္ရွာေနလွ်င္ ရလဒ္က ယခင္ကေလးမ်ားႏွင့္ အဘယ္သို႔ ကြာျခားဦးမည္နည္း။

သို႔မဟုတ္ ယခင္ထက္ပင္ ပိုဆိုးသြားႏိုင္သည္။ အနည္းဆုံးေတာ့ က်န္ကေလးငယ္မ်ားသည္ သူ႔ထံမွ ပညာရပ္မ်ားစြာ သင္ယူႏိုင္ခဲ့ေသးသည္။ သို႔ေသာ္ ရွဲ႕ခ်င္းလန္ကေတာ့ စာေပဗဟုသုတဟူ၍ ဗလာနတၱိ၊ က်င့္ႀကံေရးအသိလည္း မရွိပါဘဲ အခ်စ္ေရးကိစၥမ်ားသာ စိတ္ထဲရွိသည္။ သို႔ျဖစ္ရာ အဘယ္သို႔ ျဖစ္လာႏိုင္……..

ကံဆိုးစြာျဖင့္ ‘ျခဴးမုယြင္’ ဘာမွမလုပ္ရေသးခင္မွာပင္ ထိုအမ်ိဳးသားက ရွဲ႕ခ်င္းလန္ကို တြန္းထုတ္ၿပီး တကယ္ႀကီး ျငင္းပယ္ပစ္ခဲ့သည္။ ရွဲ႕ခ်င္းလန္ကို သနားစရာေကာင္းေအာင္ ထားရစ္ခဲ့ေလသည္။

ထိုအျဖစ္အပ်က္ကို ျမင္လိုက္ရေသာ ‘ျခဴးမုယြင္’၏ စိတ္ထဲတြင္ အခြင့္အေရးရၿပီဟူ၍ ေတြးလိုက္မိသည္။

ရွဲ႕ခ်င္းလန္တစ္ေယာက္ ယခုလို အသည္းကြဲခဲ့ရၿပီျဖစ္ရာ ရႈပ္ေပြတတ္သည့္အက်င့္ကို ရပ္တန႔္ၿပီး စိတ္တည္ၿငိမ္သင့္ေခ်ၿပီ။ က်င့္ႀကံေရးကို အာ႐ုံစိုက္သင့္ၿပီ မဟုတ္ပါေလာ။

‘ျခဴးမုယြင္’သည္ ေနာက္ဆုံးေတာ့ လူလုံးထြက္ျပၿပီး ရွဲ႕ခ်င္းလန္အား ပ်င္းရိၿငီးေငြ႕စြာ စိုက္ၾကည့္လိုက္သည္။

ျခဴးမုယြင္က ရွဲ႕ခ်င္းလန္ကို ေျပာသည္။ : “အခ်စ္က ထာဝရတည္ၿမဲေနမွာမဟုတ္ဘူး.. မင္း ေကာင္းေကာင္းသိသင့္ေနၿပီ..”

ရွဲ႕ခ်င္းလန္က ျခဴးမုယြင္အား ျပန္ၾကည့္ကာ.. : “ခင္ဗ်ားက က်ဳပ္ကို အထက္ဘုံတက္ေစခ်င္ေနတာလား..?”

ျခဴးမုယြင္ : “မင္း သြားခ်င္လား..?”

ရွဲ႕ခ်င္းလန္ : “မသြားခ်င္ဘူး..”

ျခဴးမုယြင္ : “သူက သာမန္ေသမ်ိဳးတစ္ေယာက္ပဲ.. ေနာက္ဆယ္ႏွစ္ေလာက္ဆို အိုမင္းလာမွာ.. မင္း သူ႔ကို ဘယ္အခ်ိန္ထိ ဆက္ခ်စ္ႏိုင္မွာတဲ့လဲ..?”

ရွဲ႕ခ်င္းလန္က ၿပဳံးသည္။ : “က်ဳပ္အစ္ကိုေရာ ခင္ဗ်ားကို ဘယ္အခ်ိန္ထိ ခ်စ္ခဲ့လဲ..?”

ျခဴးမုယြင္ အသံတိတ္သြားသည္။

ရွဲ႕ခ်င္းလန္က ေက်ာက္စိမ္းေလွကားေပၚသို႔ တစ္လွမ္းခ်င္းတက္လာၿပီး သူႏွင့္ တန္းတူရပ္လိုက္သည္။ ထိုအခါမွ အႏွီအနီေရာင္ဝတ္ လူေပၚေၾကာ့သခင္ေလးဟာ အလြန္အရပ္ရွည္ၿပီး သူ႔ထက္ပင္ ေခါင္းတစ္ဝက္စာခန႔္ အရပ္ပိုျမင့္ေၾကာင္း ျခဴးမုယြင္ သိလိုက္ရသည္။

ျခဴးမုယြင္က ေနာက္ဆုတ္ကာ သူတို႔ႏွစ္ဦးၾကား အကြာအေဝးတစ္ခု ထားလိုက္သည္။

ရွဲ႕ခ်င္းလန္က ထိုအျပဳအမူကို ျမင္ေသာ္လည္း ဂ႐ုမစိုက္ဟန္ျဖင့္ ေျပာလာသည္။ : “စိတ္ပူေနစရာမလိုပါဘူး.. က်ဳပ္အစ္ကိုနဲ႔ က်ဳပ္က သိပ္မရင္းႏွီးဘူး.. ဒီအတိုင္း သူ အ႐ူးအမူးခ်စ္ခဲ့ရတဲ့လူက ဘယ္လိုလူလဲလို႔ သိခ်င္႐ုံသပ္သပ္ပဲ..”

ျခဴးမုယြင္က ရွဲ႕ခ်င္းလန္၏ ေျချမန္လက္ျမန္အက်င့္ကို မႏွစ္သက္ေပ။ : “ငါ ဘာမွစိတ္မပူဘူး..”

ရွဲ႕ခ်င္းလန္က လက္ေျမႇာက္ကာ ဆံပင္သပ္လိုက္သည္။ မ်က္ဝန္းအၾကည့္က တည္ၿငိမ္ေနပါေသာ္ျငား သူ၏ စကားလုံးမ်ားက ပို၍ပင္ ရဲတင္းလာခဲ့သည္။ : “ခင္ဗ်ား ဘယ္ေလာက္ထိ အသည္းမာၿပီး ေသြးေအးရက္စက္လဲဆိုတာ သိထားၿပီးသားပါ.. က်ဳပ္ကလည္း က်ဳပ္ခ်စ္ရတဲ့လူနဲ႔ မေပါင္းစည္းရဘူးဆိုေတာ့… ခင္ဗ်ား ဘာလို႔…..” သူက ျခဴးမုယြင္အနား တိုးကပ္ကာ အသံနိမ့္နိမ့္ျဖင့္ ေျပာလိုက္သည္။ “က်ဳပ္ကို စိတ္ေက်နပ္ေအာင္ မလုပ္ေပးခ်င္ဘူးလား..?”

‘ျခဴးမုယြင္’က ရွဲ႕ခ်င္းလန္၏လက္ကို တြန္းဖယ္ပစ္ကာ.. : “ငါနဲ႔ ဘာဆိုင္လို႔လဲ..?”

ရွဲ႕ခ်င္းလန္က စိတ္မဆိုးဘဲ ေျပာင္စပ္စပ္အမူအရာျဖင့္.. : “ခင္ဗ်ားက ဆက္ခံသူတစ္ေယာက္ လိုခ်င္ေနတာမဟုတ္ဘူလား..? ကြၽန္ေတာ္က အသင့္ေတာ္ဆုံးပဲေလ.. ခင္ဗ်ားကို လုံးဝမခ်စ္မိေစရဘူးလို႔ က်ဳပ္ ကတိေပးတယ္..”

ဤတစ္ေခါက္ေတာ့ ‘ျခဴးမုယြင္’လည္း ရွဲ႕ခ်င္းလန္၏ ရည္႐ြယ္ခ်က္ကို နားမလည္ႏိုင္ေတာ့ေပ။

ရွဲ႕ခ်င္းလန္က ဆက္ေျပာလာသည္။ : “အေျခအေနတစ္ရပ္ေတာ့ ရွိတယ္.. ခ်စ္မိသြားလို႔ မရဘူးဆိုေတာ့ ေလ်ာ္ေၾကးတစ္ခု ျပန္ေပးသင့္တယ္မလား.. က်ဳပ္ကို အခ်ိန္ေကာင္းေလး မေပးခ်င္ဘူးလား..?” သူက ျခဴးမုယြင္၏ နား႐ြက္ဖ်ားအနား တိုးကပ္သြားကာ.. “ကိုယ္လက္ႏွီးေႏွာ႐ုံပဲ.. ခ်စ္မိသြားစရာမလိုဘူး..”

‘ျခဴးမုယြင္’က မ်က္ေမွာင္ၾကဳတ္ကာ ေမာ့ၾကည့္လိုက္သည္။

ရွဲ႕ခ်င္းလန္က ဘာကိုမွဂ႐ုမစိုက္ဟန္ျဖင့္ ေျပာင္စပ္စပ္မ်က္ႏွာေပးကို ခ်ိတ္ဆြဲထားဆဲ။

မွတ္ဉာဏ္မ်ားကို ေဘးမွရပ္ၾကည့္ေနေသာ လက္ရွိျခဴးမုယြင္ကေတာ့ ရွဲ႕ခ်င္းလန္ ဘာျဖစ္ခ်င္ေနမွန္း ခ်က္ခ်င္း နားလည္သြားခဲ့သည္။

ေပါ့ပ်က္ပ်က္အျပဳအမူ၊ အေပ်ာ္အပါးလိုက္စားျခင္း၊ တစ္စုံတစ္ဦးကို ခ်စ္မိသြားျခင္း.. အရာအားလုံးက အေပၚယံမ်ားသာ။ ရွဲ႕ခ်င္းလန္သည္ ေမာ့က်ိဳးေရွာင္၏ မွတ္ဉာဏ္မ်ားကို ပိုင္ဆိုင္ထားသျဖင့္ ေမာ့က်ိဳးေရွာင္အား ‘ေသြးရင္းအစ္ကို’အျဖစ္ မွတ္ယူခဲ့ေလ၏။ အသိစိတ္စတင္ျဖစ္တည္လာကတည္းက ျခဴးမုယြင္ကို နက္နက္ရႈိင္းရႈိင္း ခ်စ္မိသြားပါေသာ္ျငား အၾကင္သူ မည္မွ်ႏွလုံးသားမဲ့မွန္း သိေနခဲ့သည္။ သူသာ ခံစားခ်က္အမွန္ကို ထုတ္ေဖာ္ျပခဲ့လွ်င္ အေဝးကို တြန္းဖယ္ခံရလိမ္မည္။ ယခင္အတိုင္း တူညီေသာ အမွားမ်ား ထပ္လုပ္မိလိမ့္မည္။

ဤတစ္ႀကိမ္ေတာ့ ‘ျခဴးမုယြင္’ တစ္ဦးတည္းသာ ဗ်ဴဟာေျပာင္းသည္မဟုတ္၊ ရွဲ႕ခ်င္းလန္လည္း ေျပာင္းလဲသြားခဲ့သည္။

ေမာ့က်ိဳးေရွာင္၊ ရန္ခ်န္း၊ ရွန္႐ႊိန္ယန္း၊ ကြၽင္းေမာ့.. ယခုဆက္ၿပီး ရွဲ႕ခ်င္းလန္အလွည့္ ေရာက္လာခ်ိန္ဝယ္ သူက နည္းလမ္းအားလုံးကို ေျပာင္းျပန္လွန္ပစ္ရန္ ႀကိဳးစားခဲ့ေလသည္။

ျခဴးမုယြင္က မွတ္ဉာဏ္အဆုံးသတ္ကို မၾကည့္ခ်င္ေတာ့သျဖင့္ သူ႔ကိုယ္သူ ဖိအားေပးကာ ‘ႏိုးထ’ေစလိုက္သည္။

ရွဲ႕ခ်င္းလန္အေၾကာင္း မွတ္ဉာဏ္အပိုင္းအစမ်ား ျမင္ေနရသည္က ဝါးဆစ္ေတာအုပ္သို႔ ရွဲ႕ခ်င္းလန္ ေရာက္လာ၍သာ ျဖစ္ေပလိမ့္မည္။

ျခဴးမုယြင္အေနျဖင့္ ပထမဆုံးျမင္လိုက္ရသည့္ ပုံရိပ္ေယာင္အေၾကာင္း ေတြးမိ႐ုံမွ်ျဖင့္ လက္ရွိျဖစ္ရပ္တစ္ခုလုံးကို အေျဖရွာရန္ မခဲယဥ္းခဲ့ေပ။

အိပ္မက္သားရဲသည္ သားေကာင္ကို ႏွလုံးသား၏ အနက္ရႈိင္းဆုံးေနရာမွ အေၾကာက္ရဆုံးျမင္ကြင္းကို ျမင္ေယာင္ေစၿပီး ဝိဉာဥ္ႏႈတ္ယူတတ္၏။

သူက ပုံရိပ္ေယာင္ကို ခ်ိဳးျဖတ္ႏိုင္ခဲ့ေပမယ့္ ကြၽင္းေမာ့ကေရာ..?

‘ႏွလုံးသားေသာ့ခတ္ျခင္း’‌ ေဆးလုံးကို ျခဴးမုယြင္ ေသာက္လိုက္သည့္အခ်ိန္ ကြၽင္းေမာ့၏စိတ္ထဲ အလြန္ဖိအားမ်ားလာလိမ့္မည္။ ထိုအေျခအေနမ်ိဳးတြင္ ပုံရိပ္ေယာင္နယ္ေျမထဲ က်ိန္းေသေပါက္ က်ဆင္းသြားလိမ့္မည္။ ထို႔ေနာက္ မည္သည့္ပုံရိပ္ေယာင္မ်ိဳး ျမင္ရမလဲဆိုတာ ခန႔္မွန္းရလြယ္ကူေပသည္။

ကြၽင္းေမာ့ ရင္ကြဲနာက်ၿပီး ေသရလိမ့္မည္။

ျခဴးမုယြင္မွာ ကြၽင္းေမာ့ ေမွ်ာ္လင့္ခ်က္မဲ့ၿပီး သတ္ေသသြားႏိုင္ေၾကာင္း ေတြးလိုက္မိသည္ႏွင့္ အခ်ိန္ဆက္မျဖဳန္းရဲေတာ့ေပ။

ခ်က္ခ်င္း မ်က္လုံးဖြင့္ၾကည့္လိုက္သည္။ ထိုအခါ မိုးေကာင္းကင္တစ္ခုလုံးကို လႊမ္းၿခဳံထားေသာ တဖ်တ္ဖ်တ္လက္ေနသည့္ ေငြမႈန္မ်ားႏွင့္ ထြန္းသစ္စေနမင္းႀကီးသဖြယ္ မူးေဝမိန္းေမာေလာက္သည့္ အနီေရာင္အမ်ိဳးသားကို ျမင္လိုက္ရသည္။

ျခဴးမုယြင္က သူ႔ကိုၾကည့္ၿပီး ႏူးညံ့စြာ ဆိုသည္။ : “ပုံရိပ္ေယာင္ကို ေျဖရွင္းၿပီးရင္ မင္းနဲ႔လိုက္ခဲ့မယ္..”

ရွဲ႕ခ်င္းလန္က သူ႔အား မမွိတ္မသုန္ ေငးၾကည့္ေနခဲ့သည္။

ျခဴးမုယြင္၏ မ်က္ဝန္းမ်ား မသိမသာ ေမွာင္မိုက္သြားၿပီး သူ၏ ေလသံကလည္း အတိုင္းအတာတစ္ခုထိ ေအးစက္လာသည္။ : “မဟုတ္ရင္ ငါ ဒီမွာပဲ ေသပစ္လိုက္မယ္..”

အဲ့လိုဆို သူ႔ကို ဘယ္သူမွ ရွာေတြ႕ေတာ့မွာမဟုတ္ဘူး..!

ရွဲ႕ခ်င္းလန္က အၿပဳံးေလးျဖင့္ ခါးသီးဖြယ္အမွန္တရားတစ္ခုကို ေျပာလာသည္။ : “မင္း ကိုယ့္အနားမွာ ဘယ္ေလာက္ၾကာၾကာ ရွိေပးႏိုင္မလဲ..?”

ထိုသို႔ေျပာၿပီးေနာက္ သူက အိပ္မက္သားရဲကို ျပန္လည္ဆင့္ေခၚလိုက္ၿပီး ေကာင္းကင္ယံမွ ေငြၾကယ္ပြင့္မ်ားကို လြင့္ပ်ယ္ေစလိုက္သည္။

ထိုအခါ ကြၽင္းေမာ့ သတိျပန္ဝင္လာခဲ့သည္။ အျမင္ၾကည္လင္လာခ်ိန္တြင္ ရွဲ႕ခ်င္းလန္ကို ျမင္လိုက္ရသျဖင့္ သူ၏ မ်က္ဝန္းမ်ားက ေၾကာက္ခမန္းလိလိ ေမွးက်ဥ္းသြားခဲ့သည္။

ရွဲ႕ခ်င္းလန္က သူ႔ကို မၾကည့္ဘဲ ျခဴးမုယြင္အနား ေလွ်ာက္သြားကာ လက္ကို ဆုပ္ကိုင္လိုက္သည္။

ကြၽင္းေမာ့ခမ်ာ ျခဴးမုယြင္ကို ျမင္လိုက္ရသည့္အခိုက္ ေျပာမျပတတ္ေအာင္ ေရွာ့ရသြားခဲ့၏။

ျခဴးမုယြင္က တည္ၿငိမ္စြာ ဆိုသည္။ : “အားေမာ့.. ငါ မေသပါဘူး.. ခုနက မင္း ပုံရိပ္ေယာင္ေတြ ျမင္လိုက္ရတာ..”

မေသဘူး.. အားယြင္ မေသဘူး…

အားယြင္က ‘ႏွလုံးသားေသာ့ခတ္ျခင္း’ေဆးလုံး ေသာက္လိုက္ေပမယ့္ မေသခဲ့ဘူး…

ကြၽင္းေမာ့မွာ ဝမ္းသာလြန္း၍ အသိစိတ္ျပန္မကပ္ႏိုင္ခဲ့ေပ။

သူက တိုးရွအက္ကြဲစြာ ေခၚဆိုခဲ့သည္။ : “အားယြင္..”

ျခဴးမုယြင္က သူ႔ကို ၿပဳံးျပလိုက္သည္။ : “အခု မင္း ငါ့ကို ယုံၿပီမလား..? ဝမ္းမနည္းနဲ႔ေတာ့..”

ေနာက္ဆုံးအေနျဖင့္ သူက အသံမထြက္ဘဲ ပါးစပ္လႈပ္ကာ ေျပာခဲ့သည္။ : ကိုယ့္ကို ေစာင့္ေန..!

ရွဲ႕ခ်င္းလန္ေနာက္လိုက္ကာ ဝါးဆစ္ေတာအုပ္မွ ထြက္လာခဲ့ခ်ိန္ လမ္းတစ္ခုလုံး ပုံရိပ္ေယာင္မ်ားႏွင့္ ျပည့္ႏွက္ေနေၾကာင္း ေတြ႕လိုက္ရသည္။

ျခဴးမုယြင္မွာ အံ့အားသင့္သြားၿပီး.. : “ဒါက….”

ရွဲ႕ခ်င္းလန္ : “ကြၽင္းေမာ့က တကယ္ေတာ္တယ္.. ကြၽန္းတစ္ခုလုံးကို တံလွ်ပ္ေဆးလုံးေတြနဲ႔ လႊမ္းၿခဳံထားၿပီး ဝါးဆစ္ေတာအုပ္ကို ဘယ္သူမွ မျမင္ႏိုင္ေအာင္ ဖုံးကြယ္ထားတာ..”

သူေတာင္ ပုံရိပ္ေယာင္ေတြကိုျဖတ္ၿပီး အထဲဝင္ႏိုင္ဖို႔ တစ္လေလာက္ အခ်ိန္ယူလိုက္ရတယ္..!

ျခဴးမုယြင္က နားလည္သြားဟန္ျဖင့္ ေနာက္ထပ္ေမးခြန္းတစ္ခု ထပ္ေမးလိုက္သည္။ : “ဇီးပန္းေရာင္ဝါေတာင္ေရာ.. အေျခအေန ဘယ္လိုလဲ..?”

ရွဲ႕ခ်င္းလန္က ႐ုတ္တရက္ ေျခလွမ္းရပ္ကာ သူ႔ကို လွည့္ၾကည့္လာသည္။ : “ယဲ့က်န႔္ဟန္ ေသၿပီ..”

ျခဴးမုယြင္၏ မ်က္ဝန္းမ်ား ေမွးက်ဥ္းသြားသည္။ ရွဲ႕ခ်င္းလန္၏  အက်ႌစကို ဆတ္ခနဲ လွမ္းဆြဲၿပီး ကပ်ာကယာ ေမးလိုက္သည္။ : “မင္း ဘာေျပာလိုက္တယ္..?”

ရွဲ႕ခ်င္းလန္က ခပ္ယဲ့ယဲ့ၿပဳံးကာ ထပ္ေျပာလာသည္။ : “ယဲ့… က်န႔္… ဟန္… ေသၿပီ..”

……………………………………….

TN : ခဏေနရင္ ေနာက္တစ္ပိုင္းလာမယ္ေနာ္။ 254, 255, 256 သုံးပိုင္းက ဆက္တိုက္ဖတ္မွ အဆင္ေျပမွာ။ အကုန္မူးခ်ာလည္မွာစိုးလို႔။

……………………………………….

Continue Reading

You'll Also Like

157K 5K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...
36.7K 3.6K 89
Two young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိ...
109K 15.3K 71
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...
19.8K 2.3K 11
Associated name- 跟豪門殘疾霜總聯姻後 Author- 壹枚 Status in COO-67 chapters (Complete) jjwxc published #I own nothing about this novel and cover photo. I'm just...