True Love 💭 (Completed)

By KaKyoePhyu85

845K 17K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 36 (U&Z)

9.7K 255 0
By KaKyoePhyu85

True love 💭❤ အပိုင်း - ၃၆
(Unicode)

"ကောင်မလေး ကောင်မလေးလို့"

လက်ကိုအကိုင်မခံ လက်လေးနှစ်ဖက်ကိုပိုက်၍ လမ်းလျှောက်နေသည့်ကောင်မလေးက ကွန့်မြူးကိုစိတ်ဆိုး၍နေလေတော့သည်။ ဂါဝန်ဝဲဝဲလေးနှင့် ခြေလေးစောင့်ကာ အရုပ်မလေးကျလို့ လမ်းလျှောက်နေပုံများ ချစ်စရာကောင်းလိုက်ပါဘိကွာ။

"နောက်တစ်ကားကြည့်ကြမယ်လေကွာနော် "

ရွှေကူကားနားလေးရောက်သည်နှင့် ခြေလှမ်းတွေရပ်ပစ်ကာ နောက်မှအကိုလေးဘက်လှည့်လိုက်ပြီး ခြေလေးစောင့်ချလိုက်တော့သည်။

"ရွှေကူကအဲ့မင်းသားကြိုက်လို့ပါဆိုနေ"

"ဘယ်လို ဘယ်လို.. မင်းသားကြိုက်လို့ဟုတ်လား"

"အွန်း.."

"တိန် ..."

အကိုလေးကနှုတ်မှတိန်ဟုပြောလာသလို လက်ကလဲရွှေကူ့ခေါင်းကိုလာထုလေသည့်အခါ ရွှေကူ့နောက်သို့လန်သွားရပေမယ့် လဲတော့မကျသွားပေ။ အကိုလေးက အသာလေးထုသည်မို့ ရွှေကူနာလဲမနာသွားပေ။

"အဲ့ဇာတ်ကားမပြောနဲ့ အဲ့မင်းသားကားလဲနောက်ဆိုမကြည့်ရတော့ဘူး"

"ဟွန်.."

မျက်လုံးပြုံးလေးများနှင့် ကြည့်လာသည့်ကောင်မလေးက စိတ်ဆိုးနေပုံတော့မရတော့ပေ။ သို့ပေမယ့်လဲ စိတ်ဆိုးနေသူက ကောင်မလေးမဟုတ်တော့ပဲ ကွန့်မြူးတစ်ဖန်ပြန်ဖြစ်သွားပြီဖြစ်တော့သည်။

"ကိုယ်တစ်ယောက်လုံးရှိနေတာကိုအဲ့မင်းသားကိုကြိုက်တယ်လို့ပြောရဲတဲ့သတ္တိလေးကြိုက်တယ်ကွာ"

ရွှေကူ့ကိုခေါင်းစောင်းကြည့်၍ ပြောလာသည့်အကိုလေးက ရွှေကူ့ဘေးလွယ်အိတ်လေးကိုလွယ်ထားကာ ခြေတန်ရှည်တွေနှင့်ကြည့်ကောင်းလွန်းလှသည်။

"ဘယ်လိုလဲ အဲ့​မင်းသားနဲ့ကိုယ်နဲ့ဘယ်သူကပိုချောတယ်လို့ထင်လဲ"

"အဲ့မင်းသားကချောတာပေါ့လို့"

"ဟား ..ဟုတ်ရဲ့လားကွာ သေချာကြည့်ပါအုံးကွဒီအနေထား ဒီပုံစံနဲ့ကိုလေ"

သူ့ကိုသူညွှန်းနေကာ သဝန်တိုစွာပြောလာသည့်အကိုလေးကို ရွှေကူသဘောတွေကျနေရတော့သည်။ အကိုလေးကခလေးလေးလားရှင်ရယ် မင်းသားနဲ့လာပြီးသဝန်တိုနေ ပြိုင်နေရတယ်လို့လေ။

"အကိုလေးကလဲ သူကမင်းသားလေ ဘယ်တူပါ့မလဲ "

"ထားလိုက်တော့အဲ့တာဆိုလဲ အဲ့မင်းသားကို ရုပ်ရုင်ရုံကားထဲကနေသွားခေါ်လာခဲ့မယ် ကောင်မလေးသူနဲ့အတူပြန်လိုက်ပေါ့ ဟုတ်ပြီလား"

အကိုလေးမျက်နှာက အလိုမကျစွာရွှေကူ့ပခုံးသို့ အိတ်ခလေးလွယ်ပေးလာကာ လှည့်ထွက်သွားသည်ကြောင့် ရွှေကူနောက်မှပြေးလိုက်ရတော့သည်။ အကိုလေးက တဂယ်ကြီးစိတ်ဆိုးသွားတာပေါ့လေ။

"အကိုလေး.."

"ဘာလဲ ချစ်ပါတယ်ဆိုတဲ့အဲ့မင်းသားကိုသွားခေါ်ပေးမလို့လေ ဘာမှာချင်သေးလို့လဲပြော.."

"တစ်ခုလောက်မှာချင်လို့ အဲ့တာအကိုလေးကိုပြောလိုက်လို့ တဂယ်ရတာလားဟင်"

အံမယ် ဒီဟာလေး ကိုယ်စိတ်ဆိုးနေတာကိုမချော့ပဲ ရုပ်ထပ်လာပြောင်နေတာပေါ့လေ။

"အွန်း မှာလိုက်လို့ရတယ် ပြော.."

ဘောက်ဆက်ဆက်ဖြေလာသည့်အကိုလေးကို ရွှေကူမော့ကြည့်လိုက်တော့သည်။

"ဦးတီကိုပြောပေးနော် ရွှေကူ့မှာချစ်ရတဲ့အကိုလေးရှိနေပြီမလို့ ဦးတီကိုသိပ်မချစ်တော့ဘူးနဲနဲလေးပဲချစ်တော့တာလို့ ပြီးတော့ ရွှေကူ့အကိုလေးကအရမ်းသဝန်တိုတာမလို့ ဦးတီအခုရွှေကူ့ဆီမလာခဲ့နဲ့လို့ပြောပေးနော်"

ပြုံးဖီးချင်နေသည်ကို အံကျိတ်ထိန်းထားသည့်ကြားက မအောင့်နိုင်တော့ပဲ ကွန့်မြူးရယ်မိသွားတော့သည်။ ထို့​နောက် သေးသေးကွေးကွေးကောင်မလေးက ကွန့်မြူးကိုခါးသို့လက်လေးတွေလျှိုဝင်၍ လာဖက်လာသည့်အခါ အင်မတန်ပျော်သွားရတော့သည်။

"ဟီး.. ရွှေကူ့အကိုလေးက အချောဆုံးပါနော် ပြီးတော့ရွှေကူအချစ်ရဆုံး ကျေနပ်ပြီလားအခု"

"ဟား ပြန်ချော့နေတာလေးကချစ်စရာလေးကွာ "

"ဘယ်သူပြောလဲပြန်ချော့တယ်လို့ "

"ကဲ..ဒါဆိုဘာလို့လာဖက်တာလဲပြောပါအုံး"

"အဲ့တာကရွှေကူကအကိုလေးကိုချစ်လို့ဖက်တာလေ ချော့ချင်လို့ဖက်တာမှမဟုတ်ပဲနဲ့ကို ဘာလဲမဖက်ရဘူးလား "

"ဖက်ရတာပေါ့ ကြိုက်သလောက်သာဖက် ကောင်မလေးစိတ်ရှိတဲ့အတိုင်းမအိပ်ပဲဖက်ထားလဲရတယ်ကွာ "

"အဲ့တာဆိုလဲပြီးရော"

ရွှေကူတို့ကားလေးဘေးတွင် ဖက်တွယ်ထားမိသည်မှာ အတော်ကြာကြာဖြစ်သည်။

အဖြစ်ကတော့ ရွှေကူကစိတ်ဆိုးရာကနေ အကိုလေးကစိတ်ပြန်ဆိုးသွားသည်ကြောင့် ရွှေကူ့မှာမျက်မှာချိုသွေးကာ ဖက်၍ချော့နေရခြင်းပင်ဖြစ်တော့သည်။

"ကောင်မလေးစားလေ "

"ရွှေကူအဆီကြီးမကြိုက်ဘူး"

"တစ်ခြားဟင်းမှာမလား ကိုယ့်ကိုမပြောဘူးကွာဝက်သားမကြိုက်တာကို"

"ရွှေကူကအသားပဲကြိုက်တာ အဆီကြီးမကြိုက်ဘူး ရပါတယ်အကိုလေးရဲ့ တစ်ခြားဟင်းနဲ့စားလိုက်မယ် မှာလဲမှာမနေနဲ့တော့ရွှေကူဗိုက်သိပ်မဆာလို့"

မြန်မာထမင်းဆိုင်လေးတွင် နေလည်စာဝင်စားကြသည့်ကွန့်မြူးတို့နှစ်​ယောက်မှာ ကောင်မလေးက ဟင်းအတူတူမှာပါဟုပြောလာ၍ကွန့်မြူးဝက်သားဟင်းသာမှာလိုက်သည်ကို ထည့်မစားပဲတစ်ခြားဟင်းလေးတွေနဲ့စားနေလေတော့သည်။

"လာ ကိုယ်အသားလေးကြည့်ဖဲ့ပေးမယ်"

ဟင်းတစ်တုံးထပ်ခပ်လိုက်ကာ ကွန့်မြူးသေချာအသားလေးကိုခွဲထုတ်၍ကောင်မလေးပန်းကန်ဆီ ထည့်ပေးလိုက်တော့ ရယ်ပြလာလေတော့သည်။

"ကြိုက်လား"

"အွန်း .."

ကွန့်မြူးကိုယ်တိုင်က ထမင်းမစားနိုင်တော့ပဲ ချစ်ရသူလေးကို သဘောကျစွာထိုင်၍ကြည့်နေမိတော့သည်။ အရင်ကဆို ထမင်းစားလျှင်တို့စိတို့စိနှင့်ကောင်မလေးက ယခုကျတော့လဲပါးလေးတွေဖောင်း၍စားနေလေသည်မှာ မြင်ရခဲပါဘိဗျာ။ ကောင်မလေးကိုချစ်မြတ်နိုးစွာကြည့်ရသည်နှင့်တင် ကိုယ့်ဗိုက်တွေပြည့်သွားခဲ့ပြီကွာ။

ရွှေကူ့ကိုအမြဲဦးစားပေးကာ အမြဲဂရုတစိုက်ရှိနေပေးသည့်အကိုလေးနှင့် တစ်ရက်လုံးအတူလျှောက်လည်ခဲ့ရ၍ ရွှေကူပျော်ရပါသည်။ စားချင်သည့်မုန့်လဲအကုန်ဝယ်ကျွေးသလို လည်ချင်သည့်နေရာလဲအစုံလိုက်ပို့ပေးလေသည့်အပြင် ဟင်းလေးတွေပါ ရွှေကူ့ဖို့အသားထည့်ပေးကာ အကိုလေးကအဆီတွေစားပေးသည်မို့ ကြည်နူးမိပါသည်။ ဟင်းထပ်မှာ၍ရရဲ့နှင့် ရွှေကူတို့အတူဝေမျှစားခဲ့ရသည်မှာ ဘယ်လိုပဲဖြစ်ဖြစ်အမှတ်တရလေးဖြစ်တော့သည်။ အကိုလေးရယ် အရင်ကထက်တိုးလာသည့်အချစ်တွေနှင့် ရွှေကူချစ်မိသည်ဆိုတာ အကိုလေးယုံ့ရဲ့လားဟင်။

"ကောင်မလေးပင်ပန်းသွားပြီလား"

ဆိုဖာပေါ် ဘုန်းကနဲထိုင်လိုက်ကာ အားပျက်စွာမှီနေသည့်ကောင်မလေးက စကားတောင်မပြောနိုင်တော့ ခေါင်းလေးသာငြိမ့်ပြလေတော့သည်။

.ကိုယ်နဲ့အတူလည်ရတာ ပျော်ရဲ့လား"

"ပျော်တာပေါ့ ရွှေကူမရောက်ဖူးတဲ့နေရာတွေလဲရောက်ဖူးသွားပြီ ပျော်စရာကြီးတဂယ်"

"ပျော်တယ်ဆိုကျေနပ်ပြီကွာ ခဏနေရေချိုးလိုက်နော် မဟုတ်ရင်ကိုယ်လက်တွေနာပြီးဖျားနေမယ်"

"ဟုတ်"

ရွှေကူရေချိုးပြီး၍အောက်သို့ဆင်းလာလိုက်တော့ အကိုလေးကရှိမနေတော့ပေ။ အကိုလေးလဲရေချိုးနေသည်ဖြစ်လောက်မည်မို့ ရွှေကူဆိုဖာပေါ်ခဏလှဲကာ ဖုန်းလေးကြည့်နေလိုက်တော့သည်။ မကြာပါ မေမေကြီးရဲ့ဖုန်းလေး ဝင်လာလေသည်မို့ ရွှေကူကိုင်လိုက်တော့သည်။

"Hello မေမေကြီး "

"Hello သမီးလေး "

"မေမေကြီးတို့ကိုလွမ်းနေတာသမီးက"

"တူတူပါပဲတော် နောက်တစ်ပတ်လောက်နေရင်ပြန်လာတော့မယ်သမီးရေ သမီးဖိုးဖိုးကသိပ်မသက်သာသေးလို့လေ"

"ဟုတ်မေမေကြီး ဘဘကြီးရောနေကောင်းလား "

"ကောင်းပါ့ သမီးဘဘကြီးကမနက်ဆိုထထပြေးတယ်လေ ကျန်းမာရေးဆိုဒေါင်ဒေါင်မြည်လို့ပဲ"

"ဖိုးဖိုးရောမေမေကြီး "

"သမီးဖိုးဖိုးကအားနည်နေတာလေ မေမေကြီးထပ်ပြီးပြုစုလိုက်အုံးမယ် ထူထူထောင်ထောင်လေးဖြစ်လာပြီဆိုမှ မေမေကြီးတို့ပြန်လာဖြစ်မယ်ထင်တယ်ကွယ်"

"မေမေကြီးဒီကကိစ္စကိုစိတ်ချနော် ဘာမှအပူနဲ့သမီးရှိတယ်.

"အေးပါကွယ် အေးပါ"

မေမေကြီးနှင့် စကားတွေအကြာကြီးပြောနေသည့်ရွှေကူ့မှာ လက်ထဲကဖုန်းလေးဆွဲလုခံလိုက်ရမှအကိုလေးရောက်နေမှန်းသိရတော့သည်။

"မာမီ "

"ဘာလဲ "

"ဟားဗျာ ထူးလိုက်တာကြီးကလဲကြောက်စရာကြီး"

"ငါ့သမီးနဲ့စကားပြောတာကိုဘာဝင်ရှုပ်ပြန်တာလဲ"

"တိုင်စရာရှိလို့ပါဗျာ မာမီ့ကိုတိုင်စရာရှိလို့.."

ရွှေကူအစက speaker ဖွင့်ထားသည်ကြောင့် ရယ်နေပေမယ့် တိုင်စရာရှိသည်ဆိုသည့်အသံကြားတော့ ရွှေကူမရယ်နိုင်တော့ပဲ စိုးရိမ်နေရတော့သည်။ အကိုလေးက ယုံရတာမဟုတ်ဘူးလေ တော်ကြာရည်းစားတွေဖြစ်နေကြပါတယ်ဆိုပြီးတိုင်လိုက်မှဖြင့်။

"ပြွတ်..."

"ကြားထဲကဝင်ပြောရင် ကိုယ်ဒီညတစ်ညလုံးထိုင်နမ်းနေမှာနော် အဲ့တော့ငြိမ်ငြိမ်လေးထိုင်နေဟုတ်ပြီလား"

speaker လေးအုပ်ကာ တစ်ချက်နမ်းလိုက်၍ပြောလိုက်သည့်အခါ ခေါင်းလေးတွေ တဆက်ဆက်နှင့်ညိမ့်ပြလာလေတော့သည်။ အဲ့လောက်စကားနားမထောင်ရဘူးလေကွာ နဲနဲပါးပါးလွန်ဆန်ပြီး စကားလေးလဲဝင်ပြောစေချင်သေးတာလေကိုယ်က။ ဒါမှ တစ်ညလုံးမဟုတ်တောင်ဖုန်းပြောပြီးရင်နမ်းလို့ရမှာမဟုတ်လား။

"ဟဲ့ ဘာဖြစ်လို့အသံတိတ်သွားရတာလဲသားရဲ့"

"အော် ရေသောက်နေလို့မာမီ ရေလေးခဏသောက်နေလို့"

ရွှေကူ့ကိုနမ်းသွားတာက ရေသောက်တာပေါ့လေ။ အကိုလေးနော် ရွှေကူ့ကိုလူလည်ကျကြီးနမ်းသွားတာကိုများ ဟွန့်..

"ပြောပါအုံး တိုင်စရာရှိလို့ဆိုတာလေး"

"မာမီ့သမီးအကြောင်းတိုင်မလို့"

"ငါ့သမီးကဘာလုပ်နေလို့လဲ"

ရွှေကူအကိုလေးလက်ကို တစ်ချက်ဆိတ်ဆွဲလိုက်တော့ ပါးကိုတစ်ချက်ဖိသွားလေတော့သည်။

"မာမီ့သမီးကကျွန်တော့ကိုဂရုလဲမစိုက်ဘူး ဒီနေ့ဆိုညစာကိုချက်မကျွေးဘူးမာမီ အဲ့မှာ"

"ဟယ်.. အပြင်ကဝယ်စားပေါ့အဲ့တာဆိုလဲ"

မာမီတို့များဘက်လိုက်ချက် ကောင်မလေးဘက်ကအမြဲပါခဲ့သည်က ယခုထိလဲ အထိမခံကောင်မလေးဘက်တွင်သာဖြစ်တော့သည်။

"ပြီးတော့ရှိသေးတယ် ကျွန်တော့ကိုစကားသိပ်မပြောပဲ အစောကြီးအိပ်အိပ်သွားတာဗျ"

"ငါ့သမီးက နင့်လိုညဇီးကွပ်မှမဟုတ်ပဲ အိပ်မှာပေါ့ဟဲ့ "

"နေ့တွေဆိုလဲစကားမပြောဘူးဗျ ကျွန်တော့မှာပျင်းနေပြီအခုက မာမီတို့ကဘယ်တော့ပြန်လာမှာလဲ ပြန်မလာသေးဘူးလား"

"ဝဋ်လည်တယ်လို့ခေါ်တယ်လေ ခံလိုက်အုံးပေါ့သားရယ် မာမီတို့ကပြန်မလာသေးဘူအဲ့တော့ သမီးလေးရဲ့လျစ်လျှူရူတာတွေခံလိုက်အုံးပေါ့"

တွေ့လား မာမီတို့ကဘက်လိုက်ပါတယ်ဆိုမှ။ ကောင်မလေးနေရာမှာသာ သားအရင်းဖြစ်တဲ့ကွန့်မြူးဖြစ်ခဲ့လျှင် ချက်ချင်းကို ပန်းကန်ပြားပျံကြီးစီးပြီးရောက်လာလောက်ပါသည်။

ရွှေကူ့မှာသာ နှုတ်ခမ်းတွေဆူထားရတာဖြစ်ပြီး အကိုလေးကတော့ရယ်ပြုံး၍ဖုန်းပြောနေလေတော့သည်။ မဟုတ်တာတွေလျှောက်ပြောနေရလျှင် ပြုံးပျော်နေတော့တာပဲလားအကိုလေးရယ်။

ကိုယ့်လုပ်ရပ်ကကောင်မလေးအတွက်အကျိုးရှိမှာပါကွာ။ အပျော်စလိုက်တာဆိုပေမယ့်လဲ ကောင်မလေးဘက်ကအမြဲပါပေးကာကွယ်ပေးတတ်တဲ့ မာမီတို့ရဲ့စိတ်ထားလေးတွေကိုကြည့်ပြီး ကောင်မလေးကိုဘာစိုးရိမ်မှုမှမရှိပဲ ကိုယ်နဲ့အတူပျော်စေချင်သည်။ မာမီတို့က ကောင်မလေးကိုအရမ်းချစ်ကြတယ်ဆိုတာလေး တွေးပေးပြီး ကိုယ့်ကိုလဲအရမ်းချစ်ပေးဖို့အမှတ်ရပေးပါကွာကောင်မလေးရာ။ မဆိုင်လဲ ကိုယ့်ကိုချစ်ပေးပါကွာ။

Words 2124
12.10.2023 7:35pm
ဆက်လက်ကြိုးစားသွားပါမည်။

ကဲ ရက်မကျော်ပဲ ဆက်တိုက်တင်ပေးလိုက်ပြီနော် မကြိုးအသဲတွေရေ။

(Zawgyi)

True love  အပိုင္း - ၃၆

"ေကာင္မေလး ေကာင္မေလးလို႔"

လက္ကိုအကိုင္မခံ လက္ေလးႏွစ္ဖက္ကိုပိုက္၍ လမ္းေလွ်ာက္ေနသည့္ေကာင္မေလးက ကြန့္ျမဴးကိုစိတ္ဆိုး၍ေနေလေတာ့သည္။ ဂါဝန္ဝဲဝဲေလးႏွင့္ ေျခေလးေစာင့္ကာ အ႐ုပ္မေလးက်လိဳ႕ လမ္းေလွ်ာက္ေနပုံမ်ား ခ်စ္စရာေကာင္းလိုက္ပါဘိကြာ။

"ေနာက္တစ္ကားၾကည့္ၾကမယ္ေလကြာေနာ္ "

ေ႐ႊကူကားနားေလးေရာက္သည္ႏွင့္ ေျခလွမ္းေတြရပ္ပစ္ကာ ေနာက္မွအကိုေလးဘက္လွည့္လိုက္ၿပီး ေျခေလးေစာင့္ခ်လိဳက္ေတာ့သည္။

"ေ႐ႊကူကအဲ့မင္းသားႀကိဳက္လို႔ပါဆိုေန"

"ဘယ္လို ဘယ္လို.. မင္းသားႀကိဳက္လို႔ဟုတ္လား"

"အြန္း.."

"တိန္ ..."

အကိုေလးကႏႈတ္မွတိန္ဟုေျပာလာသလို လက္ကလဲေ႐ႊကူ႕ေခါင္းကိုလာထုေလသည့္အခါ ေ႐ႊကူ႕ေနာက္သို႔လန္သြားရေပမယ့္ လဲေတာ့မက်သြားေပ။ အကိုေလးက အသာေလးထုသည္မို႔ ေ႐ႊကူနာလဲမနာသြားေပ။

"အဲ့ဇာတ္ကားမေျပာနဲ႕ အဲ့မင္းသားကားလဲေနာက္ဆိုမၾကည့္ရေတာ့ဘူး"

"ဟြန္.."

မ်က္လုံးၿပဳံးေလးမ်ားႏွင့္ ၾကည့္လာသည့္ေကာင္မေလးက စိတ္ဆိုးေနပုံေတာ့မရေတာ့ေပ။ သို႔ေပမယ့္လဲ စိတ္ဆိုးေနသူက ေကာင္မေလးမဟုတ္ေတာ့ပဲ ကြန့္ျမဴးတစ္ဖန္ျပန္ျဖစ္သြားၿပီျဖစ္ေတာ့သည္။

"ကိုယ္တစ္ေယာက္လုံးရွိေနတာကိုအဲ့မင္းသားကိုႀကိဳက္တယ္လို႔ေျပာရဲတဲ့သတၱိေလးႀကိဳက္တယ္ကြာ"

ေ႐ႊကူ႕ကိုေခါင္းေစာင္းၾကည့္၍ ေျပာလာသည့္အကိုေလးက ေ႐ႊကူ႕ေဘးလြယ္အိတ္ေလးကိုလြယ္ထားကာ ေျခတန္ရွည္ေတြႏွင့္ၾကည့္ေကာင္းလြန္းလွသည္။

"ဘယ္လိုလဲ အဲ့မင္းသားနဲ႕ကိုယ္နဲ႕ဘယ္သူကပိုေခ်ာတယ္လို႔ထင္လဲ"

"အဲ့မင္းသားကေခ်ာတာေပါ့လို႔"

"ဟား ..ဟုတ္ရဲ႕လားကြာ ေသခ်ာၾကည့္ပါအုံးကြဒီအေနထား ဒီပုံစံနဲ႕ကိုေလ"

သူ႕ကိုသူၫႊန္းေနကာ သဝန္တိုစြာေျပာလာသည့္အကိုေလးကို ေ႐ႊကူသေဘာေတြက်ေနရေတာ့သည္။ အကိုေလးကခေလးေလးလားရွင္ရယ္ မင္းသားနဲ႕လာၿပီးသဝန္တိုေန ၿပိဳင္ေနရတယ္လို႔ေလ။

"အကိုေလးကလဲ သူကမင္းသားေလ ဘယ္တူပါ့မလဲ "

"ထားလိုက္ေတာ့အဲ့တာဆိုလဲ အဲ့မင္းသားကို ႐ုပ္႐ုင္႐ုံကားထဲကေနသြားေခၚလာခဲ့မယ္ ေကာင္မေလးသူနဲ႕အတူျပန္လိုက္ေပါ့ ဟုတ္ၿပီလား"

အကိုေလးမ်က္ႏွာက အလိုမက်စြာေ႐ႊကူ႕ပခုံးသို႔ အိတ္ခေလးလြယ္ေပးလာကာ လွည့္ထြက္သြားသည္ေၾကာင့္ ေ႐ႊကူေနာက္မွေျပးလိုက္ရေတာ့သည္။ အကိုေလးက တဂယ္ႀကီးစိတ္ဆိုးသြားတာေပါ့ေလ။

"အကိုေလး.."

"ဘာလဲ ခ်စ္ပါတယ္ဆိုတဲ့အဲ့မင္းသားကိုသြားေခၚေပးမလို႔ေလ ဘာမွာခ်င္ေသးလို႔လဲေျပာ.."

"တစ္ခုေလာက္မွာခ်င္လို႔ အဲ့တာအကိုေလးကိုေျပာလိုက္လို႔ တဂယ္ရတာလားဟင္"

အံမယ္ ဒီဟာေလး ကိုယ္စိတ္ဆိုးေနတာကိုမေခ်ာ့ပဲ ႐ုပ္ထပ္လာေျပာင္ေနတာေပါ့ေလ။

"အြန္း မွာလိုက္လို႔ရတယ္ ေျပာ.."

ေဘာက္ဆက္ဆက္ေျဖလာသည့္အကိုေလးကို ေ႐ႊကူေမာ့ၾကည့္လိုက္ေတာ့သည္။

"ဦးတီကိုေျပာေပးေနာ္ ေ႐ႊကူ႕မွာခ်စ္ရတဲ့အကိုေလးရွိေနၿပီမလို႔ ဦးတီကိုသိပ္မခ်စ္ေတာ့ဘူးနဲနဲေလးပဲခ်စ္ေတာ့တာလို႔ ၿပီးေတာ့ ေ႐ႊကူ႕အကိုေလးကအရမ္းသဝန္တိုတာမလို႔ ဦးတီအခုေ႐ႊကူ႕ဆီမလာခဲ့နဲ႕လို႔ေျပာေပးေနာ္"

ၿပဳံးဖီးခ်င္ေနသည္ကို အံက်ိတ္ထိန္းထားသည့္ၾကားက မေအာင့္နိုင္ေတာ့ပဲ ကြန့္ျမဴးရယ္မိသြားေတာ့သည္။ ထို႔ေနာက္ ေသးေသးေကြးေကြးေကာင္မေလးက ကြန့္ျမဴးကိုခါးသို႔လက္ေလးေတြလွ်ိုဝင္၍ လာဖက္လာသည့္အခါ အင္မတန္ေပ်ာ္သြားရေတာ့သည္။

"ဟီး.. ေ႐ႊကူ႕အကိုေလးက အေခ်ာဆုံးပါေနာ္ ၿပီးေတာ့ေ႐ႊကူအခ်စ္ရဆုံး ေက်နပ္ၿပီလားအခု"

"ဟား ျပန္ေခ်ာ့ေနတာေလးကခ်စ္စရာေလးကြာ "

"ဘယ္သူေျပာလဲျပန္ေခ်ာ့တယ္လို႔ "

"ကဲ..ဒါဆိုဘာလို႔လာဖက္တာလဲေျပာပါအုံး"

"အဲ့တာကေ႐ႊကူကအကိုေလးကိုခ်စ္လို႔ဖက္တာေလ ေခ်ာ့ခ်င္လို႔ဖက္တာမွမဟုတ္ပဲနဲ႕ကို ဘာလဲမဖက္ရဘူးလား "

"ဖက္ရတာေပါ့ ႀကိဳက္သေလာက္သာဖက္ ေကာင္မေလးစိတ္ရွိတဲ့အတိုင္းမအိပ္ပဲဖက္ထားလဲရတယ္ကြာ "

"အဲ့တာဆိုလဲၿပီးေရာ"

ေ႐ႊကူတို႔ကားေလးေဘးတြင္ ဖက္တြယ္ထားမိသည္မွာ အေတာ္ၾကာၾကာျဖစ္သည္။

အျဖစ္ကေတာ့ ေ႐ႊကူကစိတ္ဆိုးရာကေန အကိုေလးကစိတ္ျပန္ဆိုးသြားသည္ေၾကာင့္ ေ႐ႊကူ႕မွာမ်က္မွာခ်ိဳေသြးကာ ဖက္၍ေခ်ာ့ေနရျခင္းပင္ျဖစ္ေတာ့သည္။

"ေကာင္မေလးစားေလ "

"ေ႐ႊကူအဆီႀကီးမႀကိဳက္ဘူး"

"တစ္ျခားဟင္းမွာမလား ကိုယ့္ကိုမေျပာဘူးကြာဝက္သားမႀကိဳက္တာကို"

"ေ႐ႊကူကအသားပဲႀကိဳက္တာ အဆီႀကီးမႀကိဳက္ဘူး ရပါတယ္အကိုေလးရဲ႕ တစ္ျခားဟင္းနဲ႕စားလိုက္မယ္ မွာလဲမွာမေနနဲ႕ေတာ့ေ႐ႊကူဗိုက္သိပ္မဆာလို႔"

ျမန္မာထမင္းဆိုင္ေလးတြင္ ေနလည္စာဝင္စားၾကသည့္ကြန့္ျမဴးတို႔ႏွစ္ေယာက္မွာ ေကာင္မေလးက ဟင္းအတူတူမွာပါဟုေျပာလာ၍ကြန့္ျမဴးဝက္သားဟင္းသာမွာလိုက္သည္ကို ထည့္မစားပဲတစ္ျခားဟင္းေလးေတြနဲ႕စားေနေလေတာ့သည္။

"လာ ကိုယ္အသားေလးၾကည့္ဖဲ့ေပးမယ္"

ဟင္းတစ္တုံးထပ္ခပ္လိုက္ကာ ကြန့္ျမဴးေသခ်ာအသားေလးကိုခြဲထုတ္၍ေကာင္မေလးပန္းကန္ဆီ ထည့္ေပးလိုက္ေတာ့ ရယ္ျပလာေလေတာ့သည္။

"ႀကိဳက္လား"

"အြန္း .."

ကြန့္ျမဴးကိုယ္တိုင္က ထမင္းမစားနိုင္ေတာ့ပဲ ခ်စ္ရသူေလးကို သေဘာက်စြာထိုင္၍ၾကည့္ေနမိေတာ့သည္။ အရင္ကဆို ထမင္းစားလွ်င္တို႔စိတို႔စိႏွင့္ေကာင္မေလးက ယခုက်ေတာ့လဲပါးေလးေတြေဖာင္း၍စားေနေလသည္မွာ ျမင္ရခဲပါဘိဗ်ာ။ ေကာင္မေလးကိုခ်စ္ျမတ္နိုးစြာၾကည့္ရသည္ႏွင့္တင္ ကိုယ့္ဗိုက္ေတြျပည့္သြားခဲ့ၿပီကြာ။

ေ႐ႊကူ႕ကိုအၿမဲဦးစားေပးကာ အၿမဲဂ႐ုတစိုက္ရွိေနေပးသည့္အကိုေလးႏွင့္ တစ္ရက္လုံးအတူေလွ်ာက္လည္ခဲ့ရ၍ ေ႐ႊကူေပ်ာ္ရပါသည္။ စားခ်င္သည့္မုန့္လဲအကုန္ဝယ္ေကြၽးသလို လည္ခ်င္သည့္ေနရာလဲအစုံလိုက္ပို႔ေပးေလသည့္အျပင္ ဟင္းေလးေတြပါ ေ႐ႊကူ႕ဖို႔အသားထည့္ေပးကာ အကိုေလးကအဆီေတြစားေပးသည္မို႔ ၾကည္ႏူးမိပါသည္။ ဟင္းထပ္မွာ၍ရရဲ႕ႏွင့္ ေ႐ႊကူတို႔အတူေဝမွ်စားခဲ့ရသည္မွာ ဘယ္လိုပဲျဖစ္ျဖစ္အမွတ္တရေလးျဖစ္ေတာ့သည္။ အကိုေလးရယ္ အရင္ကထက္တိုးလာသည့္အခ်စ္ေတြႏွင့္ ေ႐ႊကူခ်စ္မိသည္ဆိုတာ အကိုေလးယုံ႕ရဲ႕လားဟင္။

"ေကာင္မေလးပင္ပန္းသြားၿပီလား"

ဆိုဖာေပၚ ဘုန္းကနဲထိုင္လိုက္ကာ အားပ်က္စြာမွီေနသည့္ေကာင္မေလးက စကားေတာင္မေျပာနိုင္ေတာ့ ေခါင္းေလးသာၿငိမ့္ျပေလေတာ့သည္။

.ကိုယ္နဲ႕အတူလည္ရတာ ေပ်ာ္ရဲ႕လား"

"ေပ်ာ္တာေပါ့ ေ႐ႊကူမေရာက္ဖူးတဲ့ေနရာေတြလဲေရာက္ဖူးသြားၿပီ ေပ်ာ္စရာႀကီးတဂယ္"

"ေပ်ာ္တယ္ဆိုေက်နပ္ၿပီကြာ ခဏေနေရခ်ိဳးလိုက္ေနာ္ မဟုတ္ရင္ကိုယ္လက္ေတြနာၿပီးဖ်ားေနမယ္"

"ဟုတ္"

ေ႐ႊကူေရခ်ိဳးၿပီး၍ေအာက္သို႔ဆင္းလာလိုက္ေတာ့ အကိုေလးကရွိမေနေတာ့ေပ။ အကိုေလးလဲေရခ်ိဳးေနသည္ျဖစ္ေလာက္မည္မို႔ ေ႐ႊကူဆိုဖာေပၚခဏလွဲကာ ဖုန္းေလးၾကည့္ေနလိုက္ေတာ့သည္။ မၾကာပါ ေမေမႀကီးရဲ႕ဖုန္းေလး ဝင္လာေလသည္မို႔ ေ႐ႊကူကိုင္လိုက္ေတာ့သည္။

"Hello ေမေမႀကီး "

"Hello သမီးေလး "

"ေမေမႀကီးတို႔ကိုလြမ္းေနတာသမီးက"

"တူတူပါပဲေတာ္ ေနာက္တစ္ပတ္ေလာက္ေနရင္ျပန္လာေတာ့မယ္သမီးေရ သမီးဖိုးဖိုးကသိပ္မသက္သာေသးလို႔ေလ"

"ဟုတ္ေမေမႀကီး ဘဘႀကီးေရာေနေကာင္းလား "

"ေကာင္းပါ့ သမီးဘဘႀကီးကမနက္ဆိုထထေျပးတယ္ေလ က်န္းမာေရးဆိုေဒါင္ေဒါင္ျမည္လို႔ပဲ"

"ဖိုးဖိုးေရာေမေမႀကီး "

"သမီးဖိုးဖိုးကအားနည္ေနတာေလ ေမေမႀကီးထပ္ၿပီးျပဳစုလိုက္အုံးမယ္ ထူထူေထာင္ေထာင္ေလးျဖစ္လာၿပီဆိုမွ ေမေမႀကီးတို႔ျပန္လာျဖစ္မယ္ထင္တယ္ကြယ္"

"ေမေမႀကီးဒီကကိစၥကိုစိတ္ခ်ေနာ္ ဘာမွအပူနဲ႕သမီးရွိတယ္.

"ေအးပါကြယ္ ေအးပါ"

ေမေမႀကီးႏွင့္ စကားေတြအၾကာႀကီးေျပာေနသည့္ေ႐ႊကူ႕မွာ လက္ထဲကဖုန္းေလးဆြဲလုခံလိုက္ရမွအကိုေလးေရာက္ေနမွန္းသိရေတာ့သည္။

"မာမီ "

"ဘာလဲ "

"ဟားဗ်ာ ထူးလိုက္တာႀကီးကလဲေၾကာက္စရာႀကီး"

"ငါ့သမီးနဲ႕စကားေျပာတာကိုဘာဝင္ရႈပ္ျပန္တာလဲ"

"တိုင္စရာရွိလို႔ပါဗ်ာ မာမီ့ကိုတိုင္စရာရွိလို႔.."

ေ႐ႊကူအစက speaker ဖြင့္ထားသည္ေၾကာင့္ ရယ္ေနေပမယ့္ တိုင္စရာရွိသည္ဆိုသည့္အသံၾကားေတာ့ ေ႐ႊကူမရယ္နိုင္ေတာ့ပဲ စိုးရိမ္ေနရေတာ့သည္။ အကိုေလးက ယုံရတာမဟုတ္ဘူးေလ ေတာ္ၾကာရည္းစားေတြျဖစ္ေနၾကပါတယ္ဆိုၿပီးတိုင္လိုက္မွျဖင့္။

"ႁပြတ္..."

"ၾကားထဲကဝင္ေျပာရင္ ကိုယ္ဒီညတစ္ညလုံးထိုင္နမ္းေနမွာေနာ္ အဲ့ေတာ့ၿငိမ္ၿငိမ္ေလးထိုင္ေနဟုတ္ၿပီလား"

speaker ေလးအုပ္ကာ တစ္ခ်က္နမ္းလိုက္၍ေျပာလိုက္သည့္အခါ ေခါင္းေလးေတြ တဆက္ဆက္ႏွင့္ညိမ့္ျပလာေလေတာ့သည္။ အဲ့ေလာက္စကားနားမေထာင္ရဘူးေလကြာ နဲနဲပါးပါးလြန္ဆန္ၿပီး စကားေလးလဲဝင္ေျပာေစခ်င္ေသးတာေလကိုယ္က။ ဒါမွ တစ္ညလုံးမဟုတ္ေတာင္ဖုန္းေျပာၿပီးရင္နမ္းလို႔ရမွာမဟုတ္လား။

"ဟဲ့ ဘာျဖစ္လို႔အသံတိတ္သြားရတာလဲသားရဲ႕"

"ေအာ္ ေရေသာက္ေနလို႔မာမီ ေရေလးခဏေသာက္ေနလို႔"

ေ႐ႊကူ႕ကိုနမ္းသြားတာက ေရေသာက္တာေပါ့ေလ။ အကိုေလးေနာ္ ေ႐ႊကူ႕ကိုလူလည္က်ႀကီးနမ္းသြားတာကိုမ်ား ဟြန့္..

"ေျပာပါအုံး တိုင္စရာရွိလို႔ဆိုတာေလး"

"မာမီ့သမီးအေၾကာင္းတိုင္မလို႔"

"ငါ့သမီးကဘာလုပ္ေနလို႔လဲ"

ေ႐ႊကူအကိုေလးလက္ကို တစ္ခ်က္ဆိတ္ဆြဲလိုက္ေတာ့ ပါးကိုတစ္ခ်က္ဖိသြားေလေတာ့သည္။

"မာမီ့သမီးကကြၽန္ေတာ့ကိုဂ႐ုလဲမစိုက္ဘူး ဒီေန႕ဆိုညစာကိုခ်က္မေကြၽးဘူးမာမီ အဲ့မွာ"

"ဟယ္.. အျပင္ကဝယ္စားေပါ့အဲ့တာဆိုလဲ"

မာမီတို႔မ်ားဘက္လိုက္ခ်က္ ေကာင္မေလးဘက္ကအၿမဲပါခဲ့သည္က ယခုထိလဲ အထိမခံေကာင္မေလးဘက္တြင္သာျဖစ္ေတာ့သည္။

"ၿပီးေတာ့ရွိေသးတယ္ ကြၽန္ေတာ့ကိုစကားသိပ္မေျပာပဲ အေစာႀကီးအိပ္အိပ္သြားတာဗ်"

"ငါ့သမီးက နင့္လိုညဇီးကြပ္မွမဟုတ္ပဲ အိပ္မွာေပါ့ဟဲ့ "

"ေန႕ေတြဆိုလဲစကားမေျပာဘူးဗ် ကြၽန္ေတာ့မွာပ်င္းေနၿပီအခုက မာမီတို႔ကဘယ္ေတာ့ျပန္လာမွာလဲ ျပန္မလာေသးဘူးလား"

"ဝဋ္လည္တယ္လို႔ေခၚတယ္ေလ ခံလိုက္အုံးေပါ့သားရယ္ မာမီတို႔ကျပန္မလာေသးဘူအဲ့ေတာ့ သမီးေလးရဲ႕လ်စ္လ်ႉ႐ူတာေတြခံလိုက္အုံးေပါ့"

ေတြ႕လား မာမီတို႔ကဘက္လိုက္ပါတယ္ဆိုမွ။ ေကာင္မေလးေနရာမွာသာ သားအရင္းျဖစ္တဲ့ကြန့္ျမဴးျဖစ္ခဲ့လွ်င္ ခ်က္ခ်င္းကို ပန္းကန္ျပားပ်ံႀကီးစီးၿပီးေရာက္လာေလာက္ပါသည္။

ေ႐ႊကူ႕မွာသာ ႏႈတ္ခမ္းေတြဆူထားရတာျဖစ္ၿပီး အကိုေလးကေတာ့ရယ္ၿပဳံး၍ဖုန္းေျပာေနေလေတာ့သည္။ မဟုတ္တာေတြေလွ်ာက္ေျပာေနရလွ်င္ ၿပဳံးေပ်ာ္ေနေတာ့တာပဲလားအကိုေလးရယ္။

ကိုယ့္လုပ္ရပ္ကေကာင္မေလးအတြက္အက်ိဳးရွိမွာပါကြာ။ အေပ်ာ္စလိုက္တာဆိုေပမယ့္လဲ ေကာင္မေလးဘက္ကအၿမဲပါေပးကာကြယ္ေပးတတ္တဲ့ မာမီတို႔ရဲ႕စိတ္ထားေလးေတြကိုၾကည့္ၿပီး ေကာင္မေလးကိုဘာစိုးရိမ္မႈမွမရွိပဲ ကိုယ္နဲ႕အတူေပ်ာ္ေစခ်င္သည္။ မာမီတို႔က ေကာင္မေလးကိုအရမ္းခ်စ္ၾကတယ္ဆိုတာေလး ေတြးေပးၿပီး ကိုယ့္ကိုလဲအရမ္းခ်စ္ေပးဖို႔အမွတ္ရေပးပါကြာေကာင္မေလးရာ။ မဆိုင္လဲ ကိုယ့္ကိုခ်စ္ေပးပါကြာ။

Words 2124
12.10.2023 7:35pm
ဆက္လက္ႀကိဳးစားသြားပါမည္။

ကဲ ရက္မေက်ာ္ပဲ ဆက္တိုက္တင္ေပးလိုက္ၿပီေနာ္ မႀကိဳးအသဲေတြေရ။

Continue Reading

You'll Also Like

114K 13.8K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
236K 31.3K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
257K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်