True Love 💭 (Completed)

By KaKyoePhyu85

844K 16.9K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 35 (U&Z)

10.7K 221 2
By KaKyoePhyu85

(Unicode)

အလုပ်ပိတ်ရက်ဖြစ်သလို မာမီတို့လဲမရှိသည်မို့ ဒီနေ့လေးတော့ကွန့်မြူးကောင်မလေးကိုခေါ်ကာ အပြင်သို့လျှောက်လည်ပက်ကြမည်ဖြစ်တော့သည်။ ကောင်မလေးကိုအသိမပေး ခွင့်ပြုချက်မတောင်းရ​သေးပေမယ့်လဲ မရရအောင်ပြောမည်မို့ ကွန့်မြူးအသင့်အနေအထားပြင်ထားလိုက်တော့သည်။

"အမလေး.. အကိုလေးရယ် လန့်လိုက်တာ".

ထမင်းစားခန်း၏ခုံကြီးတွင်ထိုင်ကာ လက်သီးတွေဆုတ်၍ မျက်မှောင်ကြီးကြုပ်ကာထိုင်နေသည့်အကိုလေးကိုရုတ်တရက်တွေ့သည်ကြောင့် ရွှေကူလန့်သွားခြင်းဖြစ်တော့သည်။

"ကောင်မလေး ကိုယ်ပြောစရာရှိလို့ခဏထိုင်အုံးနော်"

ရင်ဘက်လေးဖိကာ လန့်နေသည့်ကောင်မလေးကို ကွန့်မြူးပခုံးမှကိုင်၍ ခုံလေးဆီထိုင်ခိုင်းလိုက်သည်။

"အကိုလေး ဘာ ..ဘာပြောစရာရှိလို့လဲဟင်"

ရွှေကူ့မှာ လန့်နေရသေးသည်မှာအရှိန်မပြယ်သေးပဲရှိနေလေသည်။ အကိုလေးကထပ်မံ၍ မျက်မှောင်ကြီးကြုပ်ကာရွှေကူ့ကိုကြည့်နေလေသည့်အခါ ရွှေကူမျက်လုံးလေးများပြူးနေရတော့သည်။

"ကိုယ်နဲ့ဒီနေ့လျှောက်လည်ရအောင်လေ ကိုယ်တို့အပြင်မှာ Date ရအောင်လို့ကောင်မလေးခွင့်ပြုမလားကိုယ့်ကို"

အော်.. ရွှေကူကလက်မခံရင် ဆွဲထိုးမယ့်ဆိုက်ဂိုက်နဲ့ ရွှေကူ့ကိုပြောလာမှတော့ ရွှေကူကဘယ်သတ္တိနဲ့ငြင်းရဲပါ့မလဲလို့ အကိုလေးရယ်။

"ရွှေကူငြင်းလို့ရောရလား"

"ဘယ်လိုထင်လဲကောင်မလေး"

ရွှေကူ့ခုံလေးကို လက်ထောက်ထားကာ ရွှေကူ့ကိုသေချာကိုစိုက်ကြည့်နေသည်မို့ ရွှေကူ့မှာ ထပ်ပြီးစကားမဆိုရဲလန့်နေရတော့သည်။ ငြင်းလိုက်လျှင် တဂယ်ကိုင်ပေါက်လာနိုင်ပါသည်။ ပြောတော့ဖြင့်မနေ့ညက ရွှေကူ့အပေါ်အရင်လိုမကြမ်းတမ်းတော့ဘူးဟု ဂတိတွေပေးပြီးတော့များ ယခုကျတော့လဲရွှေကူ့ကိုလက်သီးလက်မောင်းတွေတန်းကာ လျှောက်လည်ဖို့ခြိမ်းခြောက်နေတာများ တဂိနှင့်လုံးလုံးကိုဆန့်ကျင်နေလေတော့သည်။

"ဒီနေ့အလုပ်ပိတ်တယ်လေကွာ အိမ်မှာကြည့်နေနေရင်ပျင်းစရာကြီး မှားလို့ ..ကိုယ်ကတော့မပျင်းပါဘူး ချစ်ရတဲ့ကောင်မလေးကဘေးမှာရှိတယ်ဆိုတော့ မပျင်းတာတော့သေချာတယ်"

"မပျင်းရင်အိမ်မှာပဲနေမယ်လေနော်အကိုလေး "

"နောက်ရက်တွေဆိုမာမီတို့ပြန်လာကြတော့မှာလေ ကိုယ်တို့အခုမှအတူလျှောက်မလည်ထားရင်နောက်လည်ရမယ်မထင်ဘူးကိုယ်တော့"

"အကိုလေးကလဲ "

ကောင်မလေးက အလိုမကျစွာပြောလာပေမယ့်လဲ ကွန့်မြူးဂရုမစိုက်တော့ပဲ အတင်းစကားလုံးတွေစီကာဂျီကျပြောလိုက်တော့ နောက်ဆုံးခေါင်းလေးငြိမ့်လာလေတော့သည်။ ပူပူနွေးနွေးရည်းစားလေးနှင့် ပထမဆုံးနှစ်ယောက်ထဲလည်ကြမည်မို့ ကွန့်မြူးစိတ်ထဲပျော်ရွှင်နေမိသည်မှာ အတိုင်းထက်အလွန်ပင်ဖြစ်တော့သည်။ အလှပြင်ပါအုံးမည်ပြောကာ အပေါ်တတ်သွားသည့်ကောင်မလေးကို ကွန့်မြူးထိုင်စောင့်နေလိုက်တော့သည်။ ကိုယ်တိုင်ကတော့ဘာမှမပြင်ဆင်တော့ပဲ အင်းကျီလေးသာပြောင်းလဲဝတ်ထားကာ ကွန့်မြူးထိုင်စောင့်နေရသည်မှာ အတော်ကြာသွားပြီဖြစ်တော့သည်။

ရွှေကူအင်းကျီလေးတွေ တစ်ထည်ပြီးတစ်ထည်ရွေး၍ ခန္ဓာကိုယ်နှင့်ကပ်ကြည့်ကာ လိုက်မလိုက်ရွေးနေမိတော့သည်။ လှလှလေးဖြစ်နေပြီး ရိုးရိုးလေးဖြစ်နေမည့်အင်းကျီလေးကို လိုက်ရှာရင်း နောက်ဆုံးတွေ့ရှိခဲ့ပြီသည်။ ဘာအရောင်လေးလဲဆို နို့စိမ်းရောင်လေးဖြစ်နေကာ အကိုလေးဝယ်ပေးထားသည့်ဂါဝန်လှလှလေးတွေထဲမှ တစ်ထည်ဖြစ်လေတော့သည်။

အလှလေးကို မပြင်တတ်ပြင်တတ်နှင့်ပြင်လိုက်ကာ မျက်မှန်လေးမတပ်တော့ပဲ မျက်ကပ်မှန်လေးကိုတပ်လိုက်သည့်အခါ ရွှေကူအလိုလိုသဘောတွေကျနေမိတော့သည်။ ရွှေကူကအစထဲက လျှောက်လည်ဖို့ထိစိတ်ကူးယဥ်ကာ တွေးထားပေမယ့်လဲ မိန်းခလေးမို့မူနေကာ မပြောပဲငြိမ်နေခြင်းဖြစ်သည်။ အကိုလေးကစ၍ လည်ဖို့ပြောလာသည့်အခါ ရွှေကူ့စိတ်ထဲပျော်ရွှင်သွားမိသည်များ ပြောမပြတတ်အောင်ပင်ဖြစ်တော့သည်။ သို့ပေမယ့် ဆက်၍မူနေကာ မလိုက်ချင်ပါဘူးဟု ပြောလိုက်တော့ အတင်းချော့မော့ကာပြောလာသည့်အကိုလေးကို ရွှေကူသိပ်ချစ်ရပါသည်။

အစကအနည်းငယ်ကြောက်မိသည်က အကိုလေးကရွှေကူ့ကိုအတင်းကြီးစိုက်ကြည့်ကာ လက်သီးကြီးတွေဆုတ်ပြီးပြောလာသည်ကြောင့်ပင်။ သို့ပေမယ့်လဲရွှေကူ့ရဲ့အကိုလေးက ကျားကြီးအဖြစ်မှ ကြောင်သူငယ်လေးလိုတစ်ဖြေးဖြေးပြောင်းလဲ၍ ရွှေကူ့ကိုချော့မော့ခဲ့သည်မဟုတ်လား။

"Hello မာမီ "

"နေကောင်ပါတယ်ကျွန်တော်တို့က ဖိုးဖိုးရောမာမီသက်သာလား"

"သက်သာရင်လဲပြီးတာပါပဲဗျာ ကျွန်တော်တို့ပါမဟုတ်ရင်အဲ့တတ်လာခဲ့မလို့ "

အကိုလေးကရွှေကူဆင်းလာသည့်ဘက်ကိုကျောပေးရပ်ကာ ဖုန်းပြောနေသည်မို့ရွှေကူလှေခါးလေးပေါ်မှ အသံလေးမထွက်အောင်တိတ်၍ဆင်းလာလိုက်တော့သည်။ ထို့နောက်ထမင်းစားခန်းဆီ စွေ့ခနဲပြေးဝင်လိုက်ကာ အကိုလေးကိုပုန်းလိုက်တော့သည်။ အကိုလေးမြင်ရင် ဆူများဆူနေမလား ရွှေကူ့ကိုအင်္ကျီများပြန်လဲခိုင်းနေမလားဟု အနည်းငယ်တော့စိုးရိမ်မိတော့သည်။

ကွန့်မြူးနောက်သို့လှည့်ကြည့်တော့ ကောင်မလေးကရှိမနေပေ။ သို့ပေမယ့်စိတ်ထဲတွင်တော့ ကောင်မလေးအောက်သို့ဆင်းလာပြီဟု ထင်နေမိသည်ကြောင့် မာမီ့ဖုန်းကိုချလိုက်ကာ ကွန့်မြူးအိမ်ပေါ်တတ်ရန်ခြေလှမ်းတွေစလိုက်တော့သည်။

"အကိုလေး.."

ခေါ်သံလေးက အနီးနားကထမင်းစားခန်းဆီမှမို့ ကွန့်မြူးလှမ်းကြည့်မိတော့ ရေခဲသေတ္တာကြီးနှင့်ကွယ်ကာ ပုန်းနေလေသည့်ကောင်လေးရဲ့အင်္ကျီစလေးကို တွေ့လိုက်ရတော့သည်။ ဘာလို့ပုန်းနေတာလဲကွာ ကိုယ့်ကိုရင်ခုန်အောင်လို့ တမင်များပုန်းနေတာလားကိုယ့်အချစ်လေးက။

"ကောင်မလေး"

"အကိုလေးမလာသေးနဲ့အုံး"

"ဟေ.."

ကောင်မလေးကမလာသေးနဲ့အုံးဟုပြောသောအခါ ကွန့်မြူးခြေလှမ်းတွေဟာ အမိန့်နာခံစွာပင် ချက်ချင်းရပ်တန့်သွားရတော့သည်။ အင်္ကျီစလေးကို ကွန့်မြူးခေါင်းတွေတောင်စောင်းကာ ချောင်းကြည့်လိုက်တော့ အသံသေးသေးလေးထွက်လာလေတော့သည်။

"ရွှေကူ့ကိုဆူမှာလားအကိုလေးက"

"ဘာဖြစ်လို့ဆူရမှာလဲကွ"

"ရွှေကူမျက်မှန်လေးမတပ်ထားဘူး ပြီးတော့အလှလေးနဲနဲပြင်ထားတယ်အဲ့တာအကိုလေးဆူမှာလားလို့"

"ညကပြောပြီးတာရော ကောင်မလေးကိုမဆူတော့ဘူးလို့လေ ကိုယ့်ကိုမယုံလို့လား"

"တဂယ်မဆူဘူးနော်အဲ့တာဆို "

"တဂယ် တဂယ်ပါကွာ အခုတော့ထွက်လာခဲ့တော့နော် ကိုယ်ကောင်မလေးကိုကြည့်ချင်လှပြီကွ"

အကိုလေးအသံက ပျော်မြူးသံစွတ်နေကာ ပြောလာသည့်အခါရွှေကူစိတ်သက်သာရာ ရသွားရသည်မို့ ပုန်းကွယ်နေရာမှ ဖြေးဖြေးလေးထွက်လာလိုက်တော့သည်။

ဒီဂါဝန်လေးကိုမှတ်မိတာပေါ့ကွာ ကိုယ်ပထမဆုံးကောင်မလေးအတွက်ရွေးလိုက်တဲ့ဂါဝန်လေးကိုမှ တိုက်ဆိုင်စွာကောင်မလေးကလဲဝတ်လာသည်တဲ့လား။ ဒူးအောက်ကျဂါဝန်လေးက ခြေသလုံးသွယ်သွယ်လေးတွေပေါ် ဝဲနေလေကာ လက်မောင်းဖွေးဖွေးလေးတွေကိုလဲ အထင်းသားမြင်နေရသည်ကြောင့် ကွန့်မြူးစိတ်တွေမနည်းထိန်းနေရတော့သည်။ အဲ့လက်မောင်းလေးတွေကို အူယားလွန်း၍ ကိုက်ပစ်လိုက်ချင်ပါသည်။

"ဟေ့.. မျက်နှာလေးလဲလှည့်အုံးလေကွာ "

မျက်နှာလေးကိုဖွက်ထားသေးသည်ကြောင့်ပြောလိုက်တော့ ချက်ချင်းပင်ကွန့်မြူးကိုကြည့်လာသည့်ကောင်မလေးက ပြုံး၍နေလေတော့သည်။

"ဟီး "

သွားလေးတွေပေါ်သည်အထိ ဟီးခနဲရယ်လာလိုက်သည့်ကောင်မလေးကိုကြည့်မိတော့ အိတ်ကပ်ထဲထည့်ရန်ပြင်နေသည့်ဖုန်းလေးဟာ လွတ်ကျသွားရတော့သည်။

"အယ် ..အကိုလေးဖုန်းကျသွားပြီလေ အမလေးကွဲကုန်ပြီ"

ရွှေကူဖုန်းလေးကိုပြေးကောက်လိုက်ပြီး ကြည့်လိုက်တော့ အပေါ်မှန်တွေဟာ ကြေမွနေလေတော့သည်။

"အကိုလေးကလဲဖုန်းကိုသေချာမကိုင်ဘူးလား အများကြီးကွဲသွားပြီလေအခု အွန့်.."

*ခွမ်း ..*

အကိုလေးလက်ထဲရွှေကူပြန်ထည့်ပေးလိုက်တော့ ဖုန်းလေးဟာထပ်မံကျသွားပြန်သည့်ကြောင့် ရွှေကူစိတ်တွေတိုသွားရတော့သည်။

"အကိုလေးဘာဖြစ်နေတာလဲ ဖုန်းကြီးမလိုချင်တော့ဘူးပေါ့ "

ရွှေကူကျသွားသည့်ဖုန်းလေးကို ပြန်ကောက်လိုက်ကာ အကိုလေးလက်ကိုဆွဲယူလိုက်တော့လက်တွေဟာတုန်နေလေတော့သည်။ ရွှေကူကဖုန်းကိုသာစိုးရိမ်နေပြီး အကိုလေးကိုကြည့်ဖို့မေ့နေသည်ကနေ ယခုမှကြည့်မိတော့ အကိုလေးကကြောင်စီစီကြီးကို ရပ်နေလေသည်။

"အကိုလေးဘာဖြစ်လို့လဲဟင် လက်ဖျားတွေလဲအေးနေတယ် လက်တွေလဲတုန်နေတယ်အကိုလေးဘာဖြစ်လို့လဲလို့ "

အေးစက်နေသည့်လက်ကိုရွှေကူကိုင်ထားကာ အကိုလေးကိုမော့ကြည့်၍မေးလိုက်တော့လဲ အကိုလေးကဘာမှမပြောပဲရှိနေလေသည်။ အကိုလေးရဲ့ပါးလေးဆီ လက်တစ်ဖက်လှမ်း၍ ပါးလေးကိုကိုင်လိုက်ကာ ...

"အကိုလေး ဘာဖြစ်တာလဲလို့ ရွှေကူ့ကိုလန့်အောင်မလုပ်ပါနဲ့လား အကိုလေး.."

"ဟင်.. ဟေ.. ကောင်မလေး.."

ကွန့်မြူးအသိဝင်လာတော့ ကောင်မလေးကငိုသံလေးပါကာ ကွန့်မြူးကိုစိုးရိမ်တကြီးကြည့်ကာ အော်ခေါ်နေလေတော့သည်။

"အကိုလေးနေမကောင်းလို့လား အကိုလေးဘာဖြစ်သွားတာလဲ"

"ကိုယ်လား "

"အွန်း.. အကိုလေးလက်တွေတုန်နေသေးတယ်လေ ဟွန်..နေလို့မကောင်းလို့လားဟင်"

ကွန့်မြူးအဖြစ်က ချစ်ရသူကိုကိုယ့်ရဲ့ရည်းစားလေးအဖြစ် အလှဆုံးပုံရိပ်လေးနှင့်မြင်လိုက်ရသည့်အခါ လက်တွေတုန်လာကာ လုံးဝကမ္ဘာကြီးနှင့် ခဏအဆက်သွယ်ပြက်သွားသည့်အဖြစ်ပါလေ။

ဘဝမှတ်တိုင်တွေထဲ ကောင်မလေးကိုအချစ်လွန်ပြီး အသိလွတ်လက်တွေတုန်သည့်အဖြစ် စကားမပြောနိုင်စွံ့အသွားမိတဲ့အဖြစ်ဟာလဲ တစ်ခုအပါအဝင်ဖြစ်တော့မည်။

နောက်များဆို ကောင်မလေးကိုဘယ်လောက်ချစ်လဲဟုမေးလာလျှင် အသိစိတ်လွတ်တဲ့အထိ ချစ်ပါသည်ဟုဖြေတော့မည်ဖြစ်သည်။

ရွှေကူငေးကြည့်နေမိသည့်အကိုလေးကို ပုံမှန်မှဟုတ်ရဲ့လားဟုတွေးနေမိသည်။
ကားကိုအေးဆေးစွာမောင်းနေသည့်အကိုလေးက ရွှေကူ့ကိုမြင်ပြီး အသိစိတ်လွတ်သွားသည်တဲ့လား...။
ရွှေကူ့လိုနာကျင်ရတာတွေများပြီး အသိစိတ်လွတ်တာမဟုတ်ပဲ အပျော်လွန်ပြီးအချစ်လွန်ပြီးအသိစိတ်လွတ်သွားသည်တဲ့လား...။
အကိုလေးကိုလေ ရွှေကူနောက်ဆိုသံသယမဝင်တော့ပါဘူးနော် ရွှေကူ့ကိုသိပ်ချစ်မှန်းလဲရွှေကူသိခဲ့ပြီမို့ အကိုလေးနောက်ဆို အဲ့လိုကြီးထပ်မဖြစ်ပါနဲ့တော့နော်။

"ကောင်မလေး ခဏလေး"

ရွှေကူကားတံခါးလေးဖွင့်ပြီးမှ ပြန်၍ပိတ်လိုက်ကာ အကိုလေးကိုကြည့်လိုက်တော့သည်။

"ကိုယ့်အတွက်ဘယ်လောက်ခက်ခဲလဲကောင်မလေးသိလား"

"ဘာကိုလဲအကိုလေးရဲ့"

"ကောင်မလေးကိုဒီပုံနဲ့အပြင်ခေါ်လာဖို့ ကိုယ်အတော်စဉ်းစားထားရတာနော်"

"အကိုလေးကပိုနေတာပါနော် ရွှေကူကအဲ့လောက်လဲမလှပါဘူး "

"အော် မဒီလေးရယ် လှလားမလှလား ဟော့ဒီ့ကဖုန်းလေးကြည့်တာနဲ့ မဒီလေးကမသိဘူးတဲ့လား"

ကွန့်မြူးစကားအဆုံး ပြုံးစပ်စပ်လေးနှင့် မခို့တရို့လေးကြည့်လာသည့်​ကောင်မလေးကို အူတွေယားလာရပါသည်။

"အွန့်..."

ရွှေကူ့လည်တိုင်ဆီ လက်တစ်ဖက်ဖြင့်ထိန်းကိုင်ကာ နှုတ်ခမ်းလေးကိုထိတွေ့နမ်းရှိုက်လာသည့်အကိုလေးကို ရွှေကူမငြင်းဆန်ဖြစ်ပဲ ငြိမ်၍သာအလိုက်သင့်လေးနေပေးလိုက်သည်။ ခဏကြာဖိကပ်ထိတွေ့ပြီးမှ လွှတ်ပေးလာသည့်အကိုလေးက ရွှေကူ့ပါးလေးနှစ်ဖက်ကို ဖိကိုင်ထားပြန်လေသည်။

"ကိုယ့်အနားပဲနေနော် ကိုယ့်ကိုပဲကြည့် တစ်ခြားဘယ်သူ့ကိုမှမကြည့်ရဘူးနော်"

ရွှေကူခေါင်းလေးငြိမ့်ပြလိုက်တော့ အကိုလေးကပြုံးသွားလေသည်။ ရွှေကူတို့က ရုပ်ရှင်ကြည့်မှာလေအကိုလေးရယ် ရုပ်ရှင်လေးတော့ကြည့်အုံးမှာပေါ့လို့။

"လာ ..ကိုယ့်အတွက်လဲအားဆေးယူပြီးပြီဆိုတော့ သွားကြမယ်လာ"

ရွှေကူကားလေးပေါ်က ဆင်းလိုက်တော့ အကိုလေးကတစ်ဖက်မှပြေးလာကာ ရွှေကူ့လက်ကိုဆွဲကိုင်လာလေတော့သည်။ ရွှေကူ့မှာရင်တွေတဒိန်းဒိန်းနှင့် အကိုလေးရဲ့လက်တွေထဲမှ ရွှေကူ့လက်လေးဆီသာ တစ်လမ်းလုံးအာရုံရောက်နေလေတော့သည်။ ရွှေကူတို့က လူမြင်ကွင်းနေရာကျယ်ကြီးမှာ လက်ချင်းတွဲပြီးသွားနေကြတာမဟုတ်လား။ ရွှေကူကမိတ်ဆွေတွေနည်းပေမယ့် အကိုလေးမှာကမိတ်ဆွေတွေများသည်ကြောင့် ရွှေကူစိုးရိမ်မိတော့သည်။ ရွှေကူတို့ကို့မြင်သွားပြီး မေမေကြီးတို့ကိုတိုင်လိုက်မှဖြင့် အကုန်အခက်တွေ့ကုန်တော့မှာပဲအကိုလေးရယ်။

ရိုးရိုးရှင်းရှင်းလေးဆံပင်လေးကိုချထားကာ လုံးဝရိုးရိုးလေးကရှင်းလင်းစွာလှနေသည့်ကောင်မလေးက နတ်သမီးရှုံးရလောက်သည်အထိဖြစ်တော့သည်။ အမှုမဲအမှတ်မဲ့ကြည့်မိလျှင်တောင် စိတ်ထဲမျက်လုံးထဲဆွဲထင်ကျန်နေမည့်အလှလေးဖြစ်သည်။ ကိုယ့်ကိုတောင်အသိလွတ်တဲ့အထိ လှပါသည်ဆိုမှတော့ လုံးဝကိုပြိုင်ဘက်ကင်းပဲပေါ့ကောင်မလေးရယ်။

"ကောင်မလေးဒီကားကြိုက်ရဲ့လား "

"ဟုတ် "

"မကြိုက်ရင်ပြောနော် တစ်ခြားကားပြောင်းကြည့်လဲရသေးတယ်"

"ကြိုက်ပါတယ် အကိုလေးရောကြိုက်ရဲ့လားဟင်"

"ကိုယ်မကြိုက်လဲဘာမှမဖြစ်ပါဘူး ကိုယ်ကရုပ်ရှင်လာကြည့်တာမှမဟုတ်ပဲ"

"ဟင်.."

ရွှေကူနားလေးသို့တိုးကပ်ကာ ပြောလာသည့် အကိုလေးစကားကြောင့် အမှောင်ထုထဲရွှေကူရှက်နေရကာ မျက်နှာလေးပူထူနေမိတော့သည်။

"ကိုယ်ပြောတာ ကောင်မလေးကိုကိုယ်ကဂရုစိုက်ပေးဖို့လာတာလေ ပြီးတော့တစ်ချိန်လုံးဒီလက်လေးကိုင်ထားဖို့"

ကောင်မလေးရဲ့လက်ခလေးဆွဲယူ၍လိုက်တော့ လက်ကိုဖြေချမပေး လက်သီးလေးဆုတ်ထားလေတော့သည်။

"အကိုလေးဇာတ်ကားကြည့်လေ"

"ဒီလက်ခလေးကဖြေပါအုံးကွ ကိုယ့်မှာလက်လေးကိုင်ချင်တာတောင်ကိုင်လို့မရဘူး "

"ဖြေနိုင်ဘူးပေါ့ဒါလေးကို"

"ကိုယ်အားသုံးလိုက်ရင် ဒီချစ်ရသူလေးနာသွားမှာဆိုးလို့ပေါ့ကွ "

"အကိုလေးကတော့လေ စကားလုံးတွေနဲ့နှိပ်စက်နေတော့တာပဲနော်"

ရွှေကူနောက်ဆုံးပြုံးလိုက်ကာ လက်ခလေးကိုဖြန့်ပေးလိုက်တော့ ရွှေကူ့လက်ခလေးအကိုလေးရဲ့လက်ကြီးကြီးတွေကြားရောက်ရှိသွားရတော့သည်။ ရုပ်ရှင်ကိုမကြည့် ရွှေကူ့ကိုပေါက်ပေါက်ခွံ့ကာ အအေးတွေပါကိုယ်တိုင်တိုက်နေသည့်အကိုလေးကြောင့် ရွှေကူ့အာရုံတို့က အကိုလေးဆီရောက်လိုက် ဇာတ်ကားဆီရောက်လိုက်နှင့် ပြာများနေရတော့သည်။ သို့ပေမယ့်ခုန်နေသည့်နှလုံးခုန်နှုန်းလေးက ငြိမ်၍မသွားပဲ ခုန်ပေါက်နေလေသည်မှာ အိမ်မှာရှိသည့်အချိန်ကနေယခုထိဖြစ်တော့သည်။

"ဟင်း.. အွန်း ..ဟင်း..."

ကွန့်မြူးဘေးကအသံတွေဟာ မူမမှန်သည်မို့ငဲ့စောင်းကြည့်မိတော့ အတွဲတစ်တွဲဟာဖက်၍နမ်းနေကြသည်မှာ မြင်မကောင်းအောင်ဖြစ်တော့သည်။ ဘာလို့ဆိုဟိုတစ်ကောင်က ရင်ဘက်ဆီမျက်နှာအပ်ပြီး ဖြစ်ပျက်နေကြတာမဟုတ်လား။

"အကိုလေးဘာဖြစ်လို့လဲ"

ရွှေကူ့နားနှစ်ဖက်ကိုရုတ်တရက်လာပိတ်ထားသည်မို့ ရွှေကူ့မှာအံဩသွားရတော့သည်။

"ကိုယ့်အိပ်ကပ်ထဲမှာ နားကြပ်ရှိတယ်ကောင်မလေး ကိုယ့်ကိုယူပေးမလား "

အကိုလေးစကားဆုံးသွားသည်နှင့် နားတွေကိုပြန်၍အုပ်ထားလာပြန်သည်။ ရွှေကူအကိုလေးရင်ဘက်ကအိတ်ကပ်လေးဆီမှ နားကြပ်လေးယူလိုက်တော့ အကိုလေးက သီချင်းနှင့် join ခိုင်းလာလေတော့သည်။

ရွှေကူအကိုလေးပြောသလို ရွှေကူ့ဖုန်းနှင့် သီးချင်းလေးဖွင့်လိုက်ပြီး ပေးလိုက်တော့ ရွှေကူ့နားတွေဆီမှ လက်တွေခွာသွားကာအလျင်အမြန်ကို ထိုနားကြပ်လေးတွေနားထဲလာထည့်ပေးလေတော့သည်။

"ကောင်မလေးထ "

"ဟွန်.."

"လာပြန်ကြမယ် "

ကောင်မလေးက သီချင်းသံရော ဇာတ်ကားအသံရောကြောင့်ကြားပုံမပေါ် အလင်းသဲ့သဲ့လေးတွေကြား မျက်လုံးလဲ့လဲ့လေးနှင့်ကြည့်နေလေသည်။ ကွန့်မြူးပစ္စည်းတွေအမြန်ဆွဲယူလိုက်ကာ ပခုံးမှထိန်းဖက်လိုက်ပြီး ကောင်မလေးကိုဟိုအတွဲဘက်အကြည့်မရောက်အောင် ကွယ်ကာအမြန်ပင်ထိုရုပ်ရှင်ရုံထဲမှထွက်လာခဲ့တော့သည်။

ဘယ်လိုအတွဲလဲကွာ ဒီလောက်မှကဲချင်နေကြရင်လဲ Hotel တွေသွားကြပါတော့လား။ ကိုယ့်ကောင်မလေးက ဒါတွေထိကြားသွားရင်နောက်ဆို ရုပ်ရှင်ရုံဆို​ခြေဦးတောင်လှည့်တော့မယ်မဟုတ်သည်ကြောင့် အမြန်ခေါ်ထုတ်ခဲ့ရခြင်းပင်။ ထိုအတွဲခဏနေလျှင် ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်နေတော့မှာပဲမို့ ကောင်မလေးကိုကြာကြာထား၍မဖြစ်။ ဇာတ်ကားကအသံတွေတိတ်သွားလျှင် ထိုအတွဲ၍မချမ်းမြေ့ဖွယ်ရာ အသံတွေဟာ အနီးအနားကခုံတွေဆီကိုပြန့်လွင့်သွားမှာအသေအချာပင်။

ကောင်မလေးရယ် ကိုယ်ကရည်းစားတွေစဖြစ်လျှင် ရုပ်ရှင်အတူကြည့်ကြမည်ဟုတွေးမိထားတာလေးရှိလို့ခေါ်လာတာပါကွာ။ မဖွယ်မရာတွေပြုလုပ်ချင်လို့ ကိုယ်ကခေါ်လာတာမဟုတ်ရပါဘူးကောင်မလေးရယ်။ အဲ့တာကြောင့်ကိုယ်လက်ခလေးပဲကိုင်ခဲ့တာပေါ့ နမ်းတောင်မနမ်းပဲ အဖြူထည်လေးပဲထားခဲ့တာကို ဘေးကအတွဲက ကျက်သရေလာတုံးနေရတယ်လို့ကွာ။

ရွှေကူ့ကိုဘာမပြောညာမပြောနှင့် အတင်းကြီးအပြင်ခေါ်ထုတ်လာသည့်အကိုလေးကြောင့် ရွှေကူစိတ်လေးဆိုးနေမိသည်။ ဟွန့် အကိုလေးဘာတွေဖြစ်နေမှန်းကိုမသိဘူး ရွှေကူကကြည့်ချင်သေးပါတယ်ဆိုမှ။ ရွှေကူစိတ်လေးကောက်ဖို့ အစီစဉ်ရှိသေးသည်မို့ အကိုတော့ ချော့ဖို့ပြင်ပေတော့ အကိုလေးရေ။

Words 3230
11.10.2023 5:55pm
ဆက်လက်ကြိုးစားသွားပါမည်။

(Zawgyi)

True Love  အပိုင်း - ၃၅
















"အကိုလေးကလဲ "





"Hello မာမီ "





"အကိုလေး.."


"ကောင်မလေး"


"ဟေ.."












"ဟီး "





*ခွမ်း ..*







"ဟင်.. ဟေ.. ကောင်မလေး.."



"ကိုယ်လား "






"ကောင်မလေး ခဏလေး"



"ဘာကိုလဲအကိုလေးရဲ့"





"အွန့်..."








"ဟုတ် "




"ဟင်.."










"ဟင်း.. အွန်း ..ဟင်း..."


"အကိုလေးဘာဖြစ်လို့လဲ"





"ကောင်မလေးထ "

"ဟွန်.."

"လာပြန်ကြမယ် "





Words 3230
11.10.2023 5:55pm







Continue Reading

You'll Also Like

70.9K 2.7K 65
တချိန်ကမင်းကိုယ်တိုင်နင်းချေခဲ့တဲ့သူကို အခုမှချစ်တယ်လို့ပြောလာတာကို ငါကဘယ်လိုယုံကြည်မူ့မျိုးနဲ့ပြန်ချစ်ရမှာလဲ ငါအမှောင်ကိုကြောက်တယ် တခ်ိန္ကမင္းကိုယ္တ...
255K 6.3K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
670K 41.5K 46
ကောင်လေးနှစ်ယောက်ကြားမှာ ငယ်ငယ်လေးကတည်းက အနိုင်ယူလာမှုတွေက တစ်နေ့ သဝန်တိုခြင်းတွေနဲ့အတူ အချစ်အဖြစ်သို့ပြောင်းလဲသွားသောအခါ သုတကျော်ဆိုတဲ့ ခပ်ဆိုးဆိုးကေ...