True Love 💭 (Completed)

By KaKyoePhyu85

843K 16.9K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 34 (U&Z)

11.4K 240 7
By KaKyoePhyu85

(Unicode)

"အကိုလေး.. ဘယ်အချိန်ထိလက်ကိုကိုင်ထားအုံးမှာလဲလို့ "

"အဲ့မှာတစ်ထပ်ကြီးရှိသေးတယ်လေကွာ"

လူညစ်ကြီးဟုရွှေကူစိတ်ထဲမှပြောလိုက်ကာ ခန္ဓာကိုယ်လေးကိုလဲအစွမ်းကုန်ကျုံ့ထားမိတော့သည်။ ဘာ့ကြောင့်ဆို အကိုလေးကရွှေကူ့လက်ကိုကိုင်ထားကာ လက်တစ်ဖက်ကလဲပခုံးမှထိန်းကိုင်ဖက်ထားသည်ကြောင့်ပင်။ ရွှေကူ့မှာနီးလွန်းနေသည့်အထိအတွေ့ကြောင့် အကိုလေးကိုလဲပြန်မကြည့်ရဲ တော်ကြာအကိုလေးရဲ့ချောမောလွန်းတဲ့မျက်နှာလေးမြင်ပြီးရွှေကူငေးမိနေမှဖြင့် အခက်တွေ့ရချည်ရဲ့လေ။

"ရွှေကူထိုးတတ်ပြီအကိုလေး ရွှေကူကိုယ့်ဘာသာထိုးလိုက်လို့မရဘူးလား"

"အဲ့လိုလား မရဘူးထင်တယ် ဘာဖြစ်လို့လဲကိုယ့်ကိုစိုးရိမ်လို့လား ရပါတယ်ကိုယ့်လက်ကဒီလိုလေးထပ်ရေးရင်မနာဘူးလေ မစိုးရိမ်နဲ့နော်အဲ့တော့"

ရွှေကူကကိုယ့်ဘာသာစိုးရိမ်မိနေတာကို အကိုလေးကတော့လေစကားကိုပြောလိုက်လျှင် အမြဲကပ်ဖဲ့ပြီးပြောနေပြန်တော့သည်။

"အကိုလေးကလဲ မဇင်မြင်သွားရင်မကောင်းဘူးလေဒီလိုကြီးက "

"ဝင်မလာရဲပါဘူးကွ ဝင်လာခါနီးတံခါးခေါက်ရတယ်လေ ကိုယ်ဝင်ခွင့်မပြုရင်ဘယ်သူမှဝင်မလာဘူးစိတ်ချ"

တစ်ချက်လှည့်ကြည့်၍ ပြန်လှည့်သွားသည့်ကောင်မလေးက နှုတ်ခမ်းလေးဆူနေလေတော့သည်။

"ဟုတ်ပြီ အဲ့တာဆိုလဲပြီးတာပါပဲဗျာ တစ်ယောက်ထဲတဂယ်အဆင်ပြေတာလား "

"အွန်း.. အကိုလေးလက်မှတ်တုရွှေကူထိုးပေးလို့တဂယ်ရရင် အဆင်ပြေပြီ"

မျက်နှာလေးကပြုံးရွှင်လာကာ ကွန့်မြူးကိုလှည့်ကြည့်ပြီး ခေါင်းလေးတွေငြိမ့်ပြ၍ဖြေလာတော့သည်။ ဘာလို့ဒီလောက်ပျော်သွားတာလဲကွာ ကိုယ်နဲ့နီးနေရတာမကြိုက်လို့လားဟုကွေန့်တွေးနေမိတော့သည်။ ရင်ထဲကခံစားချက်လေးကနဲနဲမကောင်းပေမယ့်လဲ ကောင်မလေးကအနားလေးမှာအတူရှိနေပေးသည်မို့လဲ ပြုံးထားမှဖြစ်မည်။

ကိုယ့်ကိုစိမ်းနေသေးလို့များလားအချစ်ကလေးရယ်။

ရွှေကူကလဲချစ်ရသူဆိုပေမယ့် ဒီလိုကြီးအမြန်အဆန်ကြီး နီးစပ်မနေချင်သည့်အဖြစ်မှာ ရွှေကူ့စိတ်ထဲကိန်းအောင်း၍နေလေတော့သည်။ ရွှေကူတို့ကြား စည်းလေးတော့ထားချင်မိသေးသားပင်။ အကိုလေးကရည်းစားတွေများဖူးတော့ ရွှေကူတို့အရမ်းကြီးလက်ပွန်းတတီးနေမိလျှင် ရွှေကူ့ကိုလဲအလေးမထား ထားခဲ့မှာဆိုးမိသည်။ ရွှေကူတို့အချိန်လေးနဲနဲယူပြီးမှ တစ်​ဖြေးဖြေးလက်ကိုင်ပခုံးဖက်တဲ့အဆင့်လေးတွေကို သွားချင်တယ်အကိုလေးရယ်။

တစ်မနက်လုံးမနားပဲ စာလေးတွေဖက်လိုက် လက်မှတ်လေးတွေထိုးလိုက်နှင့် ကောင်မလေးတော့ပင်ပန်းနေတော့မည်။ နားခိုင်းပေမယ့်လဲမနား ရပါတယ်ကြည့်ပြောကာ ကွန့်မြူးဘေးမှာထိုင်၍ စာရွက်တွေနှင့်အလုပ်ရှုပ်နေသည့်ကောင်မလေးကို ကွန့်မြူးမေးလေးထောက်ကာကြည့်နေမိတော့သည်။ မျက်မှန်အနက်ကော်ဂိုင်းလေးနှင့်ကောင်မလေးက မှန်ကြောင်မလေးပီပီချစ်စရာအလွန်ကောင်းနေလေသည်။ မျက်တောင်ရှည်ရှည်လေးတွေကို ပုတ်ခက်မှိတ်ကျလိုက်သည့်အခါများဆို ကွန့်မြူးငေး၍ကြည့်နေမိသည်မှာလဲ အခါခါပင်ဖြစ်တော့၏။ ပါးလေးများဆိုရဲလို့နေပြီး နှုတ်ခမ်းပါးပါးလေးမှာလဲ စိုတတ်၍ ပန်းနုရောင်လေးသန်းနေသေးသည့်ပုံလေးကို ဘေးမှတစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။ အွန်း ဖက်နမ်းချင်လာပြီကောင်မလေးရယ်။

"ကဲ.. ပြီးပြီ "

"ပင်ပန်းသွားပြီလားကောင်မလေး"

"ဟီး.. နဲနဲပေါ့ ရွှေကူကစာရွက်တွေမှားထိုးမိမှာကြောက်လို့စိတ်ပင်ပန်းနေတာ အခုတော့ရပြီ"

​ကောင်မလေးကဘောပင်လေးပစ်ချကာ လက်ခလေးတွေကိုအသံမြည်သည်အထိ ချိုးနေ၍အရယ်အပြုံးမပျက်ပြောလာလေတော့သည်။

"ကိုယ်နှိပ်ပေးရမလား"

"ဟင် ရပါတယ်အကိုလေးရဲ့ရွှေကူမညောင်းတော့ဘူးအခု"

ရွှေကူကလည်ပင်းလေးညောင်းလို့ခေါင်းလေးစောင်းကာ ဇာတ်ပိုးလေးကိုနှိပ်နေမိသည်ကို နှိပ်ပေးမည်လာလုပ်သည့်အကိုလေးလက်ထဲမှရွှေကူရှောင်ထွက်လိုက်တော့ ခုံလေးပါနောက်ဆုတ်သွားရတော့သည်။ ရွှေကူလဲအရမ်းကြီးမှမညောင်းပဲ အကိုလေးကပြီးတော့ရွှေကူ့ကိုအဲ့လိုလုပ်ပေးစရာမလိုပါဘူးအကိုလေးရယ်။ တဂယ်ဆိုရွှေကူက ပြန်ပြီးနှိပ်နယ်ပေးရမှာမဟုတ်လား။

နှစ်ခါရှိပြီဖြစ်သည်။ ကိုယ့်ကိုရှောင်ဖယ်ပြီး ကိုယ့်လက်ကလွတ်သွားလျှင်ပျော်သွားပြီး ကိုယ့်နှင့်ထိတွေ့ရမှာကိုရှောင်ဖယ်နေသည်မှာ နှစ်ခါတိတိရှိပြီဖြစ်တော့သည်။ သာမာန်အပြုအမူလေးဆိုပေမယ့်လဲ ကိုယ့်စိတ်ကသိနေပါသည် ကောင်မလေးကိုယ့်ကိုရှောင်နေသည်ဆိုတာ။ ကောင်မလေးကိုယ့်ကိုကြောက်နေသည်လား ထိတွေ့ရမှာကိုရွံနေသည်လား ကိုယ့်လဲမသဲကွဲတော့ဘူးကောင်မလေးရယ်။

ရွှေကူတို့အိမ်အပြန်ကားလေးဟာ လူနှစ်ယောက်ထိုင်နေပေမယ့်လဲငြိမ်သက်၍နေလေတော့သည်။ အကိုလေးကစကားစမပြောသလို ရွှေကူကလဲဘာပြောရမှန်းမသိ၍ စကားမပြောပဲအကိုလေးကိုသာမရဲတရဲခိုးခိုးကြည့်မိတော့သည်။ အကိုလေးကမျက်နှာလေးတည်နေသလို တစ်ခုခုကိုအလိုမကျသလိုဖြစ်နေလေသည်ကြောင့် ရွှေကူသက်ပြင်းလေးချလိုက်မိသည်။ အကိုလေးဘာဖြစ်နေတာများပါလိမ့်။

ရွှေကူ့ကိုစကားမပြောပဲ ငြိမ်ပြီးထမင်းကိုတို့စိတို့စိလုပ်နေသည့်အကိုလေးကို ရွှေကူဒီအတိုင်းကြည့်မနေနိုင်သည့်အဆုံး မေးလိုက်တော့သည်။

"အကိုလေး စားမကောင်းလို့လားဟင် "

"မဟုတ်ပါဘူး"

"ဟင်းမကြိုက်လို့လားအဲ့တာဆို "

"ကိုယ်ကကောင်မလေးချက်တဲ့ဟင်းအကုန်ကြိုက်ပါတယ် ကိုယ်ဗိုက်သိပ်မဆာလို့နေမှာ "

နေ့လည်ကလဲစားတာမှမဟုတ်ပဲအကိုလေးရယ် ဘာလို့ဗိုက်မဆာရတာလဲဟင်။ ရွှေကူ့ကိုများစိတ်ညစ်သွားလို့များလား။ ရွှေကူ့ကိုလဲမနေ့ကလို ချစ်ပါတယ်ဟု ခဏခဏလာမပြောတော့သလို ရယ်စရာစကားလေးတွေလဲလာမပြော့သည့်အကိုလေးက ရွှေကူ့ကိုမချစ်ချင်တော့လို့လားဟင်။

"တော်ပြီလားကောင်မလေး"

"ဟုတ်"

ရွှေကူထမင်းတို့ဆက်မစားနိုင်တော့သည်မို့ ထမင်းပန်ကန်လေးသိမ်းကာ အိမ်ပေါ်သို့တတ်လာခဲ့တော့သည်။ အကိုလေးစားပြီးမှရွှေကူ ပြန်ပြီးဟင်းတွေ ဆင်းသိမ်းပါတော့မည်။ ယခုတော့ရွှေကူ့ရှေ့မှာထိုင်နေရက်နှင့် ရွှေကူ့ကိုစကားမပြောချင် ရွှေကူ့ကိုမကြည့်ချင်ဖြစ်နေသည့်အကိုလေးကြောင့် ရွှေကူငိုချင်နေမိတော့သည်။ ရွှေကူကအတွေးလွန်တတ်တော့ လုံးဝအဆုံးစွန်ထိတွေးမိလိုက်တာလဲ ပါမှာပါလေ။

"ကောင်မလေး ကောင်မလေး.. ကိုယ်အသီးလေးခွဲထားတယ်လာစားအုံးလေကွာ ကောင်မလေးကိုယ်ပြောတာကြားလား"

ခဏကြာတော့တံခါးလေးပွင့်လာကာ ကောင်မလေးကိုတွေ့လိုက်ရတော့သည်။ သို့ပေမယ့်လဲ လျင်မြန်စွာပြေးထွက်လာသည့်ကောင်မလေးက ကွန့်မြူးခါးကိုလာ၍ဖက်လာလေတော့သည်။

"ဟင့်.. အကိုလေး "

"ကောင်မလေးငိုနေတာလား ဟင်ငိုနေတာလားကောင်မလေး"

"ဟင့်..အကိုလေးရွှေကူ့ကိုမချစ်တော့ဘူးလား ရွှေကူ့ကိုငြီးငွေ့သွားပြီလား ဟင့်.."

"ဘာလို့မချစ်ရမှာလဲကွာ ချစ်တာပေါ့"

ကွန့်မြူးငိုယိုနေကာ မထင်မှတ်ထားသည့်စကားများပြောနေသည့်ကောင်မလေးကို ပြန်လည်ပွေ့ဖက်ဖြေကြားနေမိသည်။

"အကိုလေးကရွှေကူ့ကိုစကားလဲမပြောပဲနဲ့ ဟင့် ..ရွှေကူ့ကိုမချစ်တော့လို့စကားမပြောတာမဟုတ်လား အီး.. ရွှေကူ့ကိုရိုးသွားလို့မလား"

"ရိုးစရာလားကောင်မလေးရယ် ကိုယ့်မှာချစ်လို့တောင်မဝဖြစ်နေတဲ့ဟာကိုကွာ ဘာလို့ရိုးရမှာလဲ"

ရွှေကူဖက်ထားသည့်အကိုလေးက မချစ်တော့ဘူးလွှတ်ပါဟုပြောလိုက်မှာဆိုး၍ ရွှေကူဖက်တွယ်ထားသည်မှာတင်းတင်းကျပ်ကျပ်ပင်ဖြစ်တော့သည်။ ရင်ထဲဝမ်းနည်းမှုတွေကအတိုင်းမသိများပြားလာပြီး ငိုပဲငိုချင်နေရသည့်ရွှေကူ့မှာ လက်တွေ့တွင်လဲ သည်းကြီးမဲကြီးကိုငိုယိုနေမိတော့သည်။

"ဟင် တိတ်နော်.. ကောင်မလေးငိုတာကိုယ်မကြိုက်ဘူး မငိုပါနဲ့ကွာ "

"ရွှေကူငိုတာကိုဘာလို့မကြိုက်တာလဲ ရွှေကူ့ကိုမချစ်တော့လို့လား "

"အဲ့လိုမဟုတ်ဘူးလေကွာ..
အင်း လာအရင်အောက်သွားရအောင်လို့"

ကွန့်မြူးငိုနေသည့်​ကောင်မလေးကို နီးစပ်ရာအခန်းဆီခေါ်လာမိပြန်လျှင်လဲ မသင့်တော်သည်မို့ အောက်ထပ်သို့သာပွေ့၍ခေါ်လာလိုက်တော့သည်။ ပွေ့ချီလာသည့်တစ်လျှောင်လုံး မျက်ရည်လေးတွေကျနေကာ မဲ့နေသည့်မျက်နှာလေးမှာ တစ်ခုခုကိုစိုးရိမ်တကြီးနှင့်ဝမ်းနည်းနေသည့်ပုံပင်ဖြစ်သည်။ ကောင်မလေးပြောသလို ကိုယ်မချစ်မှာကိုကြောက်လို့ငိုနေတာလားကွာ။ စိုးရိမ်စရာမလိုတဲ့အဖြစ်ကို ဘာလို့စိုးရိမ်ပြီးဝမ်းနည်းနေရတာလဲကောင်မလေးရယ်။

ဆိုဖာပေါ်ချလေးလိုက်တော့လဲ ကွန့်မြူးလက်တစ်ဖက်ကိုလွှတ်မပေး လက်မောင်းကိုမလွတ်တမ်းဖက်ထားသည့်ကောင်မလေးက ကွန့်မြူးထွက်ပြေးသွားမှာကြောက်နေသည့်ပုံစံဖြစ်လေသည်။

"ဘာဖြစ်လို့လဲဟင် ကိုယ်ရှိတယ်လေ ကိုယ်ဘယ်မှမသွားဘူးကောင်မလေးအနားပဲရှိနေမှာလေ"

မျက်မှန်လေးမပါ ဆံစလေးတွေဆို မျက်ရည်လေးတွေရောချွေးလေးတွေရောနှင့် ကပ်နေလေသည်ကြောင့် ကွန့်မြူးအသာသပ်တင်ပေး၍ ပါးအိအိလေးပေါ်ကမျက်ရည်လေးတွေကိုသုတ်ပေးမိသည်။

"ကောင်မလေးငိုတာမကြိုက်တာက ကောင်မလေးသတိလွတ်ပြီး မေ့လဲသွားမှာကိုယ်ကစိုးရိမ်လို့မငိုခိုင်းတာလေ ကိုယ်မချစ်လို့မှမဟုတ်ပဲ ကောင်မလေးကိုစိုးရိမ်လို့လေကိုယ်က"

"ရွှေကူ့ကိုမချစ်လို့မဟုတ်ဘူးပေါ့ "

"ချစ်တာမှတုန်နေအောင်ထိချစ်တာလေကွာ "

မျက်ရည်လေးတွေကကျနေမြဲပေမယ့် မေးခွန်းလေးတွေဆက်၍မေးမလာသည့်အဆုံး ကွန့်မြူးကိုယ်တိုင်သာဖြေရန်သာ အကြံရတော့သည်။ မဟုတ်လျှင် ဒီကောင်မလေးမဟုတ်တာတွေတွေးပြီး ငိုအုံးမည်ဖြစ်သည်။

"ကိုယ်အရင်က ဆိုးခဲ့တယ်ဆိုတာကောင်မလေးသိထားတယ်ဟုတ်"

"အွန်း.."

"ပြီးတော့ရည်းစားတွေလဲအများကြီးထားခဲ့တယ်ဆိုတာသိထားတယ်ဟုတ်"

"ဟုတ်"

အငိုမျက်ဝန်းလေးတွေနှင့် ကွန့်မြူးကိုကြည့်နေသည့်ကောင်မလေးကို ချစ်လွန်းလို့ဘယ်လိုလုပ်ရမလဲကွာ။

"မနက်ကကောင်မလေးကိုယ့်ကိုရှောင်လိုက်တယ်မလား ကိုယ်ထိမှာမလိုချင်လို့ရှောင်လိုက်တာမလားဟင်"

ရွှေကူမနက်ကကိစ္စလေးတွေးမိတော့ အငိုလေးရပ်သွားရတော့သည်။

"ကိုယ့်ကဆိုးပေခဲ့တော့ ကောင်မလေးကိုယ့်ကိုရွံနေတယ်မလား ကိုယ်ထိတွေ့မှာမလိုချင်လို့ရှောင်နေတာမလား "

"ဟင်.. ဟင့်အင်းအဲ့လိုမဟုတ်ပါဘူး.

အကိုလေးစကားကြောင့် ရွှေကူမှင်သက်သွားရသလို ပြာပြာသလဲငြင်းလိုက်ရသည်။ ရွှေကူကအကိုလေးကိုရွံလို့မဟုတ်ပါဘူးအကိုလေးရယ်။ ရွှေကူကလိုအပ်ချက်တွေများတော့ ဆင်ခြင်မိယုံလေးပါ။

"ကိုယ်သိပါတယ် ကောင်မလေးကဖြူစင်တယ် ရိုးသားတယ် ကောင်မလေးနဲ့ကိုယ်ကမတန်ဘူးဆိုတာလဲကိုယ်သိတယ် ဒါပေမယ့်ကိုယ်ကောင်မလေးကိုတဂယ်ချစ်တာပါ ဘယ်တစ်ဦးတစ်ယောက်ကိုမှမချစ်ဖူးတဲ့အချစ်မျိုးနဲ့ကိုယ်ချစ်မိတာပါကွာ အဲ့တာလေးတော့ကိုယ့်ကိုယုံပေးပါနော်"

"ရွှေကူယုံပါတယ် "

ရွှေကူချက်ချင်းပင်ဖြေလိုက်တော့ အကိုလေးကတစ်ချက်ပြုံးလိုက်တော့သည်။

"ကောင်မလေးကိုလေလမ်းမှာရော ထမင်းစားတော့ရောစကားမပြောမိတာက ကိုယ့်ကိုကြောက်ပြီးစိမ်းနေတဲ့ကောင်မလေးကို ကိုယ်ဘယ်လိုလုပ်ရမလဲတွေးနေလို့မပြောမိတာပါကွာ ကောင်မလေးကိုမချစ်တော့လို့မဟုတ်ရပါဘူး "

ရွှေကူမျက်ရည်တွေကို လက်ဖဝါးဖြင့်ပွတ်ဆွဲသုတ်လိုက်သည်။ အကိုလေးရယ် အကိုလေးလဲရွှေကူ့လိုအတွေးလွန်တာပါပဲလားရှင်ရယ်။

"ရွှေကူတို့ကရည်းစားဖြစ်ခါစမဟုတ်လား ဒါပေမယ့်အရမ်းကြီးကပ်ပြီး အကိုလေးနဲ့ရောမိသွားရင် အကိုလေးအထင်သေးသွားမှာရွှေကူကကြောက်မိတာ အကိုလေးကိုရွှေကူမစိမ်းပါဘူး "

"အထင်မသေးပါဘူးကွာ ကောင်မလေးအကြောင်းကိုယ်အသိဆုံးလေ အဲ့တာဆိုကိုယ့်ကိုရွံလို့ရှောင်ဖယ်တာမဟုတ်ဘူးပေါ့နော်.."

"အင်း ဟုတ်ဘူး "

"ကိုယ်အရင်ကကောင်မလေးအပေါ်ကြမ်းတမ်းမိခဲ့တယ်ဆိုတာကိုယ်သိပါတယ် ဒါပေမယ့် နေပြည်တော်ကိုရောက်သွားပြီး အဲ့မှာရှိခဲ့တဲ့အချိန်တွေထဲက ကိုယ်သိသွားခဲ့တာလေးတစ်ခုရှိတယ်"

ဘာကိုသိသွားတာလဲဟု နှုတ်မှဖွင့်ဟမမေးပေမယ့် မျက်လုံးလေးဝိုင်းစက်လာကာအမူအရာလေးနှင့်မေးလာသည့်ကောင်မလေးကို ခေါင်းလေးသို့ကိုင်လိုက်၍....

"ကိုယ့်ကောင်မလေးက အားလဲငယ်တတ်တယ် အတွေးလဲလွန်တတ်တယ် ကောင်မလေးရဲ့ဘဝကအရင်တုန်းကခက်ခဲခဲ့တယ်လေ အဲ့တာကြောင့်ကိုယ်ကြမ်းကြမ်းတမ်းတမ်းပြုမူမိရင် ကောင်မလေးကြောက်ပြီးစိတ်ဒဏ်ရာရမှာဆိုးလို့ ကိုယ်ဆင်ခြင်ပြီးနေနေတာ ကိုယ့်ကောင်မလေးကြောက်သွားမယ့်အလုပ်ကိုယ်ဘာမှမလုပ်ဘူး "

ရွှေကူဝမ်းနည်းမိသွားပြန်သည်။ အကိုလေးရယ် ရွှေကူ့ကိုအရမ်းချစ်တာပဲလားဟင်။

"ရွှေကူ့ကို ကိုင်ပေါက်မယ်လို့မပြောတော့ဘူးပေါ့"

"လုံးဝမပြောတော့ဘူး"

"ကောက်ထုလိုက်ရလို့ရောမပြောတော့ဘူးပေါ့နော်"

"ကိုယ်ဂတိပေးတယ် နောက်ဆိုကောင်မလေးကိုစိတ်တိုမိတိုင်း ကောင်မလေးကိုပွေ့ချီပြီး ထိုင်ထလုပ်ပြီးကိုယ့်ကိုအပြစ်ပေးမယ်"

"ခစ်ခစ်.. အကိုလေးဆယ်ခါတောင်လုပ်နိုင်ပါ့မလားလို့"

"ဟား ဒီကောင်မလေးကိုယ့်ကိုအထင်သေးတာပေါ့လေ"

ရွှေကူ့မှာအရူးကြီးကျလို့အစောကပဲငိုပြီး အခုပြန်ရယ်နေသည့်အဖြစ်ပါလေ။ သို့ပေမယ့်ရွှေကူ့ရဲ့ငိုရခြင်းရယ်ရခြင်းအားလုံးဟာ အကိုလေးနှင့်သက်ဆိုင်လေသည်။

ကွန့်မြူး ကောင်မလေးရဲ့လက်ခလေးကို ဆုပ်ကိုင်လိုက်ကာ ကောင်မလေးကိုမြတ်နိုးစွာကြည့်လိုက်တော့သည်။

"ကိုယ့်ကိုရှောင်အုံးမှာလားကောင်မလေး"

"ဟင့်အင်း..ရှောင်တော့ဘူး"

ရွှေကူ့စကားကြောင့် အကိုလေးကအလှဆုံးအပြုံးလေးနှင့်ပြုံးနေလေတော့သည်။

"ရွှေကူမနက်ကစဉ်းစားထားတာ တစ်လပြည့်ပြီးမှ လက်ကိုင်ပခုံးဖက်တာခွင့်ပြုမလို့ဆိုပြီး "

ကွန့်မြူးအံဩသွားရကာ မျက်လုံးတွေတောင်ပြူးသွားရတော့သည်။

"နမ်းတာဆိုရင်၂ လပြည့်မှနမ်းခွင့်ပေးမယ်လို့သေချာစဉ်းစားထားတာ"

"အကြာကြီးပဲကွာ "

"မကြာပါဘူးနော်ရွှေကူကမိန်းခလေးလေ ဒီလောက်တော့သတ်မှတ်ရမှာပေါ့လို့"

ရွှေကူအကိုလေးကိုတမင်စချင်၍ ပြောလိုက်ခြင်းဖြစ်သည်။ ဒါကိုလုံးဝ ရှော့ရသွားသည့်အလား ရွှေကူ့ကိုသွေးပျက်စွာကြည့်လာလေသည်ကြောင့် ရယ်ချင်နေရတော့သည်။

"အခုရောကောင်မလေး အဲ့အစီအစဉ်ကရှိသေးတာလား မရှိတော့ဘူးမလားဟင်"

"အွန်း.. အခုလား"

အကိုလေးကခေါင်းတွေဆက်တိုက်ငြိမ့်ပြလာတော့သည်။ လန့်နေပုံလေးကချစ်စရာလေးပါလားအကိုလေးရယ်။

"ဟီး မရှိတော့ဘူးထင်တယ် အခုတော့အကိုလေးစိတ်ကြိုက်ရယ်လို့လဲမဟုတ်ပါဘူး တစ်နေ့နဲနဲပဲနမ်းလို့ရမှာနော် အချိန်တိုင်းကြီးရွှေကူ့ကိုလိုက်မနမ်းရဘူး"

"ဟုတ်ပြီဗျာ ကိုယ်တစ်နေ့နဲနဲစီပဲနမ်းမယ်နော်"

"အွန်း"

အကိုလေးက ရွှေကူလက်ကိုကိုင်ထားပြီး ရွှေကူ့ကိုပြုံး၍ကြည့်နေသည့်အခါ ရွှေကူအကိုလေးပါးလေးကို အနည်းငယ်မော့၍နမ်းလိုက်တော့သည်။

ကွန့်မြူးအတွက် ဆုလောဘ်လေးဖြစ်သည့်ကောင်မလေးဆီမှ အနမ်းလေးအပြီးကွန့်မြူးကျောက်ရုပ်ကြီးအလားဖြစ်သွားရတော့သည်။

အချစ်ဆိုသည့်ပြခန်းကြီးများ ခင်းကျင်းပြသခဲ့လျှင် ကိုယ့်အချစ်ကဈေးအကြီးဆုံးနှင့် အဖိုးတန်ဆုံးကျောက်မြက်ရတနာလေးဖြစ်မည်။ သို့ပေမယ့် ကောင်မလေးနှင့်ဆိုလျှင်တော့ ဈေးအပေါဆုံးနှင့် လုံခြုံမှုအပေးနိုင်ဆုံး အချစ်လေးဖြစ်မည်မှာသေချာပါသည်။

အစအဆုံး အပိုင်း ၅၇ ထိရပါပြီအသဲတို့ရေ။ Pdf file လေးလဲရပါပြီနော်။ တစ်ခါထဲအပြီးထိဖတ်ချင်သူများ paid gp လေးလာဝင်ပေးနော်။ ဝင်ကြေးလေးက တတ်နိုင်သလောက်ပဲမို့ ကိုယ့်အသဲတွေအဆင်ပြေမှာပါ။

WavePay - 09983521528
KayPay - 09973860994

Words 2946
7.10.2023 6:40pm
ဆက်လက်ကြိုးစားသွားပါမည်။

(Zawgyi)

True love  အပိုင္ - ၃၄

"အကိုေလး.. ဘယ္အခ်ိန္ထိလက္ကိုကိုင္ထားအုံးမွာလဲလို႔ "

"အဲ့မွာတစ္ထပ္ႀကီးရွိေသးတယ္ေလကြာ"

လူညစ္ႀကီးဟုေ႐ႊကူစိတ္ထဲမွေျပာလိုက္ကာ ခႏၶာကိုယ္ေလးကိုလဲအစြမ္းကုန္က်ဳံ႕ထားမိေတာ့သည္။ ဘာ့ေၾကာင့္ဆို အကိုေလးကေ႐ႊကူ႕လက္ကိုကိုင္ထားကာ လက္တစ္ဖက္ကလဲပခုံးမွထိန္းကိုင္ဖက္ထားသည္ေၾကာင့္ပင္။ ေ႐ႊကူ႕မွာနီးလြန္းေနသည့္အထိအေတြ႕ေၾကာင့္ အကိုေလးကိုလဲျပန္မၾကည့္ရဲ ေတာ္ၾကာအကိုေလးရဲ႕ေခ်ာေမာလြန္းတဲ့မ်က္ႏွာေလးျမင္ၿပီးေ႐ႊကူေငးမိေနမွျဖင့္ အခက္ေတြ႕ရခ်ည္ရဲ႕ေလ။

"ေ႐ႊကူထိုးတတ္ၿပီအကိုေလး ေ႐ႊကူကိုယ့္ဘာသာထိုးလိုက္လို႔မရဘူးလား"

"အဲ့လိုလား မရဘူးထင္တယ္ ဘာျဖစ္လို႔လဲကိုယ့္ကိုစိုးရိမ္လို႔လား ရပါတယ္ကိုယ့္လက္ကဒီလိုေလးထပ္ေရးရင္မနာဘူးေလ မစိုးရိမ္နဲ႕ေနာ္အဲ့ေတာ့"

ေ႐ႊကူကကိုယ့္ဘာသာစိုးရိမ္မိေနတာကို အကိုေလးကေတာ့ေလစကားကိုေျပာလိုက္လွ်င္ အၿမဲကပ္ဖဲ့ၿပီးေျပာေနျပန္ေတာ့သည္။

"အကိုေလးကလဲ မဇင္ျမင္သြားရင္မေကာင္းဘူးေလဒီလိုႀကီးက "

"ဝင္မလာရဲပါဘူးကြ ဝင္လာခါနီးတံခါးေခါက္ရတယ္ေလ ကိုယ္ဝင္ခြင့္မျပဳရင္ဘယ္သူမွဝင္မလာဘူးစိတ္ခ်"

တစ္ခ်က္လွည့္ၾကည့္၍ ျပန္လွည့္သြားသည့္ေကာင္မေလးက ႏႈတ္ခမ္းေလးဆူေနေလေတာ့သည္။

"ဟုတ္ၿပီ အဲ့တာဆိုလဲၿပီးတာပါပဲဗ်ာ တစ္ေယာက္ထဲတဂယ္အဆင္ေျပတာလား "

"အြန္း.. အကိုေလးလက္မွတ္တုေ႐ႊကူထိုးေပးလို႔တဂယ္ရရင္ အဆင္ေျပၿပီ"

မ်က္ႏွာေလးကၿပဳံး႐ႊင္လာကာ ကြန့္ျမဴးကိုလွည့္ၾကည့္ၿပီး ေခါင္းေလးေတြၿငိမ့္ျပ၍ေျဖလာေတာ့သည္။ ဘာလို႔ဒီေလာက္ေပ်ာ္သြားတာလဲကြာ ကိုယ္နဲ႕နီးေနရတာမႀကိဳက္လို႔လားဟုေကြန့္ေတြးေနမိေတာ့သည္။ ရင္ထဲကခံစားခ်က္ေလးကနဲနဲမေကာင္းေပမယ့္လဲ ေကာင္မေလးကအနားေလးမွာအတူရွိေနေပးသည္မို႔လဲ ၿပဳံးထားမွျဖစ္မည္။

ကိုယ့္ကိုစိမ္းေနေသးလို႔မ်ားလားအခ်စ္ကေလးရယ္။

ေ႐ႊကူကလဲခ်စ္ရသူဆိုေပမယ့္ ဒီလိုႀကီးအျမန္အဆန္ႀကီး နီးစပ္မေနခ်င္သည့္အျဖစ္မွာ ေ႐ႊကူ႕စိတ္ထဲကိန္းေအာင္း၍ေနေလေတာ့သည္။ ေ႐ႊကူတို႔ၾကား စည္းေလးေတာ့ထားခ်င္မိေသးသားပင္။ အကိုေလးကရည္းစားေတြမ်ားဖူးေတာ့ ေ႐ႊကူတို႔အရမ္းႀကီးလက္ပြန္းတတီးေနမိလွ်င္ ေ႐ႊကူ႕ကိုလဲအေလးမထား ထားခဲ့မွာဆိုးမိသည္။ ေ႐ႊကူတို႔အခ်ိန္ေလးနဲနဲယူၿပီးမွ တစ္ေျဖးေျဖးလက္ကိုင္ပခုံးဖက္တဲ့အဆင့္ေလးေတြကို သြားခ်င္တယ္အကိုေလးရယ္။

တစ္မနက္လုံးမနားပဲ စာေလးေတြဖက္လိုက္ လက္မွတ္ေလးေတြထိုးလိုက္ႏွင့္ ေကာင္မေလးေတာ့ပင္ပန္းေနေတာ့မည္။ နားခိုင္းေပမယ့္လဲမနား ရပါတယ္ၾကည့္ေျပာကာ ကြန့္ျမဴးေဘးမွာထိုင္၍ စာ႐ြက္ေတြႏွင့္အလုပ္ရႈပ္ေနသည့္ေကာင္မေလးကို ကြန့္ျမဴးေမးေလးေထာက္ကာၾကည့္ေနမိေတာ့သည္။ မ်က္မွန္အနက္ေကာ္ဂိုင္းေလးႏွင့္ေကာင္မေလးက မွန္ေၾကာင္မေလးပီပီခ်စ္စရာအလြန္ေကာင္းေနေလသည္။ မ်က္ေတာင္ရွည္ရွည္ေလးေတြကို ပုတ္ခက္မွိတ္က်လိဳက္သည့္အခါမ်ားဆို ကြန့္ျမဴးေငး၍ၾကည့္ေနမိသည္မွာလဲ အခါခါပင္ျဖစ္ေတာ့၏။ ပါးေလးမ်ားဆိုရဲလို႔ေနၿပီး ႏႈတ္ခမ္းပါးပါးေလးမွာလဲ စိုတတ္၍ ပန္းႏုေရာင္ေလးသန္းေနေသးသည့္ပုံေလးကို ေဘးမွတစိမ့္စိမ့္ထိုင္ၾကည့္ေနမိသည္။ အြန္း ဖက္နမ္းခ်င္လာၿပီေကာင္မေလးရယ္။

"ကဲ.. ၿပီးၿပီ "

"ပင္ပန္းသြားၿပီလားေကာင္မေလး"

"ဟီး.. နဲနဲေပါ့ ေ႐ႊကူကစာ႐ြက္ေတြမွားထိုးမိမွာေၾကာက္လို႔စိတ္ပင္ပန္းေနတာ အခုေတာ့ရၿပီ"

ေကာင္မေလးကေဘာပင္ေလးပစ္ခ်ကာ လက္ခေလးေတြကိုအသံျမည္သည္အထိ ခ်ိဳးေန၍အရယ္အၿပဳံးမပ်က္ေျပာလာေလေတာ့သည္။

"ကိုယ္ႏွိပ္ေပးရမလား"

"ဟင္ ရပါတယ္အကိုေလးရဲ႕ေ႐ႊကူမေညာင္းေတာ့ဘူးအခု"

ေ႐ႊကူကလည္ပင္းေလးေညာင္းလို႔ေခါင္းေလးေစာင္းကာ ဇာတ္ပိုးေလးကိုႏွိပ္ေနမိသည္ကို ႏွိပ္ေပးမည္လာလုပ္သည့္အကိုေလးလက္ထဲမွေ႐ႊကူေရွာင္ထြက္လိုက္ေတာ့ ခုံေလးပါေနာက္ဆုတ္သြားရေတာ့သည္။ ေ႐ႊကူလဲအရမ္းႀကီးမွမေညာင္းပဲ အကိုေလးကၿပီးေတာ့ေ႐ႊကူ႕ကိုအဲ့လိုလုပ္ေပးစရာမလိုပါဘူးအကိုေလးရယ္။ တဂယ္ဆိုေ႐ႊကူက ျပန္ၿပီးႏွိပ္နယ္ေပးရမွာမဟုတ္လား။

ႏွစ္ခါရွိၿပီျဖစ္သည္။ ကိုယ့္ကိုေရွာင္ဖယ္ၿပီး ကိုယ့္လက္ကလြတ္သြားလွ်င္ေပ်ာ္သြားၿပီး ကိုယ့္ႏွင့္ထိေတြ႕ရမွာကိုေရွာင္ဖယ္ေနသည္မွာ ႏွစ္ခါတိတိရွိၿပီျဖစ္ေတာ့သည္။ သာမာန္အျပဳအမူေလးဆိုေပမယ့္လဲ ကိုယ့္စိတ္ကသိေနပါသည္ ေကာင္မေလးကိုယ့္ကိုေရွာင္ေနသည္ဆိုတာ။ ေကာင္မေလးကိုယ့္ကိုေၾကာက္ေနသည္လား ထိေတြ႕ရမွာကို႐ြံေနသည္လား ကိုယ့္လဲမသဲကြဲေတာ့ဘူးေကာင္မေလးရယ္။

ေ႐ႊကူတို႔အိမ္အျပန္ကားေလးဟာ လူႏွစ္ေယာက္ထိုင္ေနေပမယ့္လဲၿငိမ္သက္၍ေနေလေတာ့သည္။ အကိုေလးကစကားစမေျပာသလို ေ႐ႊကူကလဲဘာေျပာရမွန္းမသိ၍ စကားမေျပာပဲအကိုေလးကိုသာမရဲတရဲခိုးခိုးၾကည့္မိေတာ့သည္။ အကိုေလးကမ်က္ႏွာေလးတည္ေနသလို တစ္ခုခုကိုအလိုမက်သလိုျဖစ္ေနေလသည္ေၾကာင့္ ေ႐ႊကူသက္ျပင္းေလးခ်လိဳက္မိသည္။ အကိုေလးဘာျဖစ္ေနတာမ်ားပါလိမ့္။

ေ႐ႊကူ႕ကိုစကားမေျပာပဲ ၿငိမ္ၿပီးထမင္းကိုတို႔စိတို႔စိလုပ္ေနသည့္အကိုေလးကို ေ႐ႊကူဒီအတိုင္းၾကည့္မေနနိုင္သည့္အဆုံး ေမးလိုက္ေတာ့သည္။

"အကိုေလး စားမေကာင္းလို႔လားဟင္ "

"မဟုတ္ပါဘူး"

"ဟင္းမႀကိဳက္လို႔လားအဲ့တာဆို "

"ကိုယ္ကေကာင္မေလးခ်က္တဲ့ဟင္းအကုန္ႀကိဳက္ပါတယ္ ကိုယ္ဗိုက္သိပ္မဆာလို႔ေနမွာ "

ေန႕လည္ကလဲစားတာမွမဟုတ္ပဲအကိုေလးရယ္ ဘာလို႔ဗိုက္မဆာရတာလဲဟင္။ ေ႐ႊကူ႕ကိုမ်ားစိတ္ညစ္သြားလို႔မ်ားလား။ ေ႐ႊကူ႕ကိုလဲမေန႕ကလို ခ်စ္ပါတယ္ဟု ခဏခဏလာမေျပာေတာ့သလို ရယ္စရာစကားေလးေတြလဲလာမေျပာ့သည့္အကိုေလးက ေ႐ႊကူ႕ကိုမခ်စ္ခ်င္ေတာ့လို႔လားဟင္။

"ေတာ္ၿပီလားေကာင္မေလး"

"ဟုတ္"

ေ႐ႊကူထမင္းတို႔ဆက္မစားနိုင္ေတာ့သည္မို႔ ထမင္းပန္ကန္ေလးသိမ္းကာ အိမ္ေပၚသို႔တတ္လာခဲ့ေတာ့သည္။ အကိုေလးစားၿပီးမွေ႐ႊကူ ျပန္ၿပီးဟင္းေတြ ဆင္းသိမ္းပါေတာ့မည္။ ယခုေတာ့ေ႐ႊကူ႕ေရွ႕မွာထိုင္ေနရက္ႏွင့္ ေ႐ႊကူ႕ကိုစကားမေျပာခ်င္ ေ႐ႊကူ႕ကိုမၾကည့္ခ်င္ျဖစ္ေနသည့္အကိုေလးေၾကာင့္ ေ႐ႊကူငိုခ်င္ေနမိေတာ့သည္။ ေ႐ႊကူကအေတြးလြန္တတ္ေတာ့ လုံးဝအဆုံးစြန္ထိေတြးမိလိုက္တာလဲ ပါမွာပါေလ။

"ေကာင္မေလး ေကာင္မေလး.. ကိုယ္အသီးေလးခြဲထားတယ္လာစားအုံးေလကြာ ေကာင္မေလးကိုယ္ေျပာတာၾကားလား"

ခဏၾကာေတာ့တံခါးေလးပြင့္လာကာ ေကာင္မေလးကိုေတြ႕လိုက္ရေတာ့သည္။ သို႔ေပမယ့္လဲ လ်င္ျမန္စြာေျပးထြက္လာသည့္ေကာင္မေလးက ကြန့္ျမဴးခါးကိုလာ၍ဖက္လာေလေတာ့သည္။

"ဟင့္.. အကိုေလး "

"ေကာင္မေလးငိုေနတာလား ဟင္ငိုေနတာလားေကာင္မေလး"

"ဟင့္..အကိုေလးေ႐ႊကူ႕ကိုမခ်စ္ေတာ့ဘူးလား ေ႐ႊကူ႕ကိုၿငီးေငြ႕သြားၿပီလား ဟင့္.."

"ဘာလို႔မခ်စ္ရမွာလဲကြာ ခ်စ္တာေပါ့"

ကြန့္ျမဴးငိုယိုေနကာ မထင္မွတ္ထားသည့္စကားမ်ားေျပာေနသည့္ေကာင္မေလးကို ျပန္လည္ေပြ႕ဖက္ေျဖၾကားေနမိသည္။

"အကိုေလးကေ႐ႊကူ႕ကိုစကားလဲမေျပာပဲနဲ႕ ဟင့္ ..ေ႐ႊကူ႕ကိုမခ်စ္ေတာ့လို႔စကားမေျပာတာမဟုတ္လား အီး.. ေ႐ႊကူ႕ကိုရိုးသြားလို႔မလား"

"ရိုးစရာလားေကာင္မေလးရယ္ ကိုယ့္မွာခ်စ္လို႔ေတာင္မဝျဖစ္ေနတဲ့ဟာကိုကြာ ဘာလို႔ရိုးရမွာလဲ"

ေ႐ႊကူဖက္ထားသည့္အကိုေလးက မခ်စ္ေတာ့ဘူးလႊတ္ပါဟုေျပာလိုက္မွာဆိုး၍ ေ႐ႊကူဖက္တြယ္ထားသည္မွာတင္းတင္းက်ပ္က်ပ္ပင္ျဖစ္ေတာ့သည္။ ရင္ထဲဝမ္းနည္းမႈေတြကအတိုင္းမသိမ်ားျပားလာၿပီး ငိုပဲငိုခ်င္ေနရသည့္ေ႐ႊကူ႕မွာ လက္ေတြ႕တြင္လဲ သည္းႀကီးမဲႀကီးကိုငိုယိုေနမိေတာ့သည္။

"ဟင္ တိတ္ေနာ္.. ေကာင္မေလးငိုတာကိုယ္မႀကိဳက္ဘူး မငိုပါနဲ႕ကြာ "

"ေ႐ႊကူငိုတာကိုဘာလို႔မႀကိဳက္တာလဲ ေ႐ႊကူ႕ကိုမခ်စ္ေတာ့လို႔လား "

"အဲ့လိုမဟုတ္ဘူးေလကြာ..
အင္း လာအရင္ေအာက္သြားရေအာင္လို႔"

ကြန့္ျမဴးငိုေနသည့္ေကာင္မေလးကို နီးစပ္ရာအခန္းဆီေခၚလာမိျပန္လွ်င္လဲ မသင့္ေတာ္သည္မို႔ ေအာက္ထပ္သို႔သာေပြ႕၍ေခၚလာလိုက္ေတာ့သည္။ ေပြ႕ခ်ီလာသည့္တစ္ေလွ်ာင္လုံး မ်က္ရည္ေလးေတြက်ေနကာ မဲ့ေနသည့္မ်က္ႏွာေလးမွာ တစ္ခုခုကိုစိုးရိမ္တႀကီးႏွင့္ဝမ္းနည္းေနသည့္ပုံပင္ျဖစ္သည္။ ေကာင္မေလးေျပာသလို ကိုယ္မခ်စ္မွာကိုေၾကာက္လို႔ငိုေနတာလားကြာ။ စိုးရိမ္စရာမလိုတဲ့အျဖစ္ကို ဘာလို႔စိုးရိမ္ၿပီးဝမ္းနည္းေနရတာလဲေကာင္မေလးရယ္။

ဆိုဖာေပၚခ်ေလးလိုက္ေတာ့လဲ ကြန့္ျမဴးလက္တစ္ဖက္ကိုလႊတ္မေပး လက္ေမာင္းကိုမလြတ္တမ္းဖက္ထားသည့္ေကာင္မေလးက ကြန့္ျမဴးထြက္ေျပးသြားမွာေၾကာက္ေနသည့္ပုံစံျဖစ္ေလသည္။

"ဘာျဖစ္လို႔လဲဟင္ ကိုယ္ရွိတယ္ေလ ကိုယ္ဘယ္မွမသြားဘူးေကာင္မေလးအနားပဲရွိေနမွာေလ"

မ်က္မွန္ေလးမပါ ဆံစေလးေတြဆို မ်က္ရည္ေလးေတြေရာေခြၽးေလးေတြေရာႏွင့္ ကပ္ေနေလသည္ေၾကာင့္ ကြန့္ျမဴးအသာသပ္တင္ေပး၍ ပါးအိအိေလးေပၚကမ်က္ရည္ေလးေတြကိုသုတ္ေပးမိသည္။

"ေကာင္မေလးငိုတာမႀကိဳက္တာက ေကာင္မေလးသတိလြတ္ၿပီး ေမ့လဲသြားမွာကိုယ္ကစိုးရိမ္လို႔မငိုခိုင္းတာေလ ကိုယ္မခ်စ္လို႔မွမဟုတ္ပဲ ေကာင္မေလးကိုစိုးရိမ္လို႔ေလကိုယ္က"

"ေ႐ႊကူ႕ကိုမခ်စ္လို႔မဟုတ္ဘူးေပါ့ "

"ခ်စ္တာမွတုန္ေနေအာင္ထိခ်စ္တာေလကြာ "

မ်က္ရည္ေလးေတြကက်ေနၿမဲေပမယ့္ ေမးခြန္းေလးေတြဆက္၍ေမးမလာသည့္အဆုံး ကြန့္ျမဴးကိုယ္တိုင္သာေျဖရန္သာ အႀကံရေတာ့သည္။ မဟုတ္လွ်င္ ဒီေကာင္မေလးမဟုတ္တာေတြေတြးၿပီး ငိုအုံးမည္ျဖစ္သည္။

"ကိုယ္အရင္က ဆိုးခဲ့တယ္ဆိုတာေကာင္မေလးသိထားတယ္ဟုတ္"

"အြန္း.."

"ၿပီးေတာ့ရည္းစားေတြလဲအမ်ားႀကီးထားခဲ့တယ္ဆိုတာသိထားတယ္ဟုတ္"

"ဟုတ္"

အငိုမ်က္ဝန္းေလးေတြႏွင့္ ကြန့္ျမဴးကိုၾကည့္ေနသည့္ေကာင္မေလးကို ခ်စ္လြန္းလို႔ဘယ္လိုလုပ္ရမလဲကြာ။

"မနက္ကေကာင္မေလးကိုယ့္ကိုေရွာင္လိုက္တယ္မလား ကိုယ္ထိမွာမလိုခ်င္လို႔ေရွာင္လိုက္တာမလားဟင္"

ေ႐ႊကူမနက္ကကိစၥေလးေတြးမိေတာ့ အငိုေလးရပ္သြားရေတာ့သည္။

"ကိုယ့္ကဆိုးေပခဲ့ေတာ့ ေကာင္မေလးကိုယ့္ကို႐ြံေနတယ္မလား ကိုယ္ထိေတြ႕မွာမလိုခ်င္လို႔ေရွာင္ေနတာမလား "

"ဟင္.. ဟင့္အင္းအဲ့လိုမဟုတ္ပါဘူး.

အကိုေလးစကားေၾကာင့္ ေ႐ႊကူမွင္သက္သြားရသလို ျပာျပာသလဲျငင္းလိုက္ရသည္။ ေ႐ႊကူကအကိုေလးကို႐ြံလို႔မဟုတ္ပါဘူးအကိုေလးရယ္။ ေ႐ႊကူကလိုအပ္ခ်က္ေတြမ်ားေတာ့ ဆင္ျခင္မိယုံေလးပါ။

"ကိုယ္သိပါတယ္ ေကာင္မေလးကျဖဴစင္တယ္ ရိုးသားတယ္ ေကာင္မေလးနဲ႕ကိုယ္ကမတန္ဘူးဆိုတာလဲကိုယ္သိတယ္ ဒါေပမယ့္ကိုယ္ေကာင္မေလးကိုတဂယ္ခ်စ္တာပါ ဘယ္တစ္ဦးတစ္ေယာက္ကိုမွမခ်စ္ဖူးတဲ့အခ်စ္မ်ိဳးနဲ႕ကိုယ္ခ်စ္မိတာပါကြာ အဲ့တာေလးေတာ့ကိုယ့္ကိုယုံေပးပါေနာ္"

"ေ႐ႊကူယုံပါတယ္ "

ေ႐ႊကူခ်က္ခ်င္းပင္ေျဖလိုက္ေတာ့ အကိုေလးကတစ္ခ်က္ၿပဳံးလိုက္ေတာ့သည္။

"ေကာင္မေလးကိုေလလမ္းမွာေရာ ထမင္းစားေတာ့ေရာစကားမေျပာမိတာက ကိုယ့္ကိုေၾကာက္ၿပီးစိမ္းေနတဲ့ေကာင္မေလးကို ကိုယ္ဘယ္လိုလုပ္ရမလဲေတြးေနလို႔မေျပာမိတာပါကြာ ေကာင္မေလးကိုမခ်စ္ေတာ့လို႔မဟုတ္ရပါဘူး "

ေ႐ႊကူမ်က္ရည္ေတြကို လက္ဖဝါးျဖင့္ပြတ္ဆြဲသုတ္လိုက္သည္။ အကိုေလးရယ္ အကိုေလးလဲေ႐ႊကူ႕လိုအေတြးလြန္တာပါပဲလားရွင္ရယ္။

"ေ႐ႊကူတို႔ကရည္းစားျဖစ္ခါစမဟုတ္လား ဒါေပမယ့္အရမ္းႀကီးကပ္ၿပီး အကိုေလးနဲ႕ေရာမိသြားရင္ အကိုေလးအထင္ေသးသြားမွာေ႐ႊကူကေၾကာက္မိတာ အကိုေလးကိုေ႐ႊကူမစိမ္းပါဘူး "

"အထင္မေသးပါဘူးကြာ ေကာင္မေလးအေၾကာင္းကိုယ္အသိဆုံးေလ အဲ့တာဆိုကိုယ့္ကို႐ြံလို႔ေရွာင္ဖယ္တာမဟုတ္ဘူးေပါ့ေနာ္.."

"အင္း ဟုတ္ဘူး "

"ကိုယ္အရင္ကေကာင္မေလးအေပၚၾကမ္းတမ္းမိခဲ့တယ္ဆိုတာကိုယ္သိပါတယ္ ဒါေပမယ့္ ေနျပည္ေတာ္ကိုေရာက္သြားၿပီး အဲ့မွာရွိခဲ့တဲ့အခ်ိန္ေတြထဲက ကိုယ္သိသြားခဲ့တာေလးတစ္ခုရွိတယ္"

ဘာကိုသိသြားတာလဲဟု ႏႈတ္မွဖြင့္ဟမေမးေပမယ့္ မ်က္လုံးေလးဝိုင္းစက္လာကာအမူအရာေလးႏွင့္ေမးလာသည့္ေကာင္မေလးကို ေခါင္းေလးသို႔ကိုင္လိုက္၍....

"ကိုယ့္ေကာင္မေလးက အားလဲငယ္တတ္တယ္ အေတြးလဲလြန္တတ္တယ္ ေကာင္မေလးရဲ႕ဘဝကအရင္တုန္းကခက္ခဲခဲ့တယ္ေလ အဲ့တာေၾကာင့္ကိုယ္ၾကမ္းၾကမ္းတမ္းတမ္းျပဳမူမိရင္ ေကာင္မေလးေၾကာက္ၿပီးစိတ္ဒဏ္ရာရမွာဆိုးလို႔ ကိုယ္ဆင္ျခင္ၿပီးေနေနတာ ကိုယ့္ေကာင္မေလးေၾကာက္သြားမယ့္အလုပ္ကိုယ္ဘာမွမလုပ္ဘူး "

ေ႐ႊကူဝမ္းနည္းမိသြားျပန္သည္။ အကိုေလးရယ္ ေ႐ႊကူ႕ကိုအရမ္းခ်စ္တာပဲလားဟင္။

"ေ႐ႊကူ႕ကို ကိုင္ေပါက္မယ္လို႔မေျပာေတာ့ဘူးေပါ့"

"လုံးဝမေျပာေတာ့ဘူး"

"ေကာက္ထုလိုက္ရလို႔ေရာမေျပာေတာ့ဘူးေပါ့ေနာ္"

"ကိုယ္ဂတိေပးတယ္ ေနာက္ဆိုေကာင္မေလးကိုစိတ္တိုမိတိုင္း ေကာင္မေလးကိုေပြ႕ခ်ီၿပီး ထိုင္ထလုပ္ၿပီးကိုယ့္ကိုအျပစ္ေပးမယ္"

"ခစ္ခစ္.. အကိုေလးဆယ္ခါေတာင္လုပ္နိုင္ပါ့မလားလို႔"

"ဟား ဒီေကာင္မေလးကိုယ့္ကိုအထင္ေသးတာေပါ့ေလ"

ေ႐ႊကူ႕မွာအ႐ူးႀကီးက်လိဳ႕အေစာကပဲငိုၿပီး အခုျပန္ရယ္ေနသည့္အျဖစ္ပါေလ။ သို႔ေပမယ့္ေ႐ႊကူ႕ရဲ႕ငိုရျခင္းရယ္ရျခင္းအားလုံးဟာ အကိုေလးႏွင့္သက္ဆိုင္ေလသည္။

ကြန့္ျမဴး ေကာင္မေလးရဲ႕လက္ခေလးကို ဆုပ္ကိုင္လိုက္ကာ ေကာင္မေလးကိုျမတ္နိုးစြာၾကည့္လိုက္ေတာ့သည္။

"ကိုယ့္ကိုေရွာင္အုံးမွာလားေကာင္မေလး"

"ဟင့္အင္း..ေရွာင္ေတာ့ဘူး"

ေ႐ႊကူ႕စကားေၾကာင့္ အကိုေလးကအလွဆုံးအၿပဳံးေလးႏွင့္ၿပဳံးေနေလေတာ့သည္။

"ေ႐ႊကူမနက္ကစဥ္းစားထားတာ တစ္လျပည့္ၿပီးမွ လက္ကိုင္ပခုံးဖက္တာခြင့္ျပဳမလို႔ဆိုၿပီး "

ကြန့္ျမဴးအံဩသြားရကာ မ်က္လုံးေတြေတာင္ျပဴးသြားရေတာ့သည္။

"နမ္းတာဆိုရင္၂ လျပည့္မွနမ္းခြင့္ေပးမယ္လို႔ေသခ်ာစဥ္းစားထားတာ"

"အၾကာႀကီးပဲကြာ "

"မၾကာပါဘူးေနာ္ေ႐ႊကူကမိန္းခေလးေလ ဒီေလာက္ေတာ့သတ္မွတ္ရမွာေပါ့လို႔"

ေ႐ႊကူအကိုေလးကိုတမင္စခ်င္၍ ေျပာလိုက္ျခင္းျဖစ္သည္။ ဒါကိုလုံးဝ ေရွာ့ရသြားသည့္အလား ေ႐ႊကူ႕ကိုေသြးပ်က္စြာၾကည့္လာေလသည္ေၾကာင့္ ရယ္ခ်င္ေနရေတာ့သည္။

"အခုေရာေကာင္မေလး အဲ့အစီအစဥ္ကရွိေသးတာလား မရွိေတာ့ဘူးမလားဟင္"

"အြန္း.. အခုလား"

အကိုေလးကေခါင္းေတြဆက္တိုက္ၿငိမ့္ျပလာေတာ့သည္။ လန့္ေနပုံေလးကခ်စ္စရာေလးပါလားအကိုေလးရယ္။

"ဟီး မရွိေတာ့ဘူးထင္တယ္ အခုေတာ့အကိုေလးစိတ္ႀကိဳက္ရယ္လို႔လဲမဟုတ္ပါဘူး တစ္ေန႕နဲနဲပဲနမ္းလို႔ရမွာေနာ္ အခ်ိန္တိုင္းႀကီးေ႐ႊကူ႕ကိုလိုက္မနမ္းရဘူး"

"ဟုတ္ၿပီဗ်ာ ကိုယ္တစ္ေန႕နဲနဲစီပဲနမ္းမယ္ေနာ္"

"အြန္း"

အကိုေလးက ေ႐ႊကူလက္ကိုကိုင္ထားၿပီး ေ႐ႊကူ႕ကိုၿပဳံး၍ၾကည့္ေနသည့္အခါ ေ႐ႊကူအကိုေလးပါးေလးကို အနည္းငယ္ေမာ့၍နမ္းလိုက္ေတာ့သည္။

ကြန့္ျမဴးအတြက္ ဆုေလာဘ္ေလးျဖစ္သည့္ေကာင္မေလးဆီမွ အနမ္းေလးအၿပီးကြန့္ျမဴးေက်ာက္႐ုပ္ႀကီးအလားျဖစ္သြားရေတာ့သည္။

အခ်စ္ဆိုသည့္ျပခန္းႀကီးမ်ား ခင္းက်င္းျပသခဲ့လွ်င္ ကိုယ့္အခ်စ္ကေဈးအႀကီးဆုံးႏွင့္ အဖိုးတန္ဆုံးေက်ာက္ျမက္ရတနာေလးျဖစ္မည္။ သို႔ေပမယ့္ ေကာင္မေလးႏွင့္ဆိုလွ်င္ေတာ့ ေဈးအေပါဆုံးႏွင့္ လုံၿခဳံမႈအေပးနိုင္ဆုံး အခ်စ္ေလးျဖစ္မည္မွာေသခ်ာပါသည္။

အစအဆုံး အပိုင္း ၅၇ ထိရပါၿပီအသဲတို႔ေရ။ Pdf file ေလးလဲရပါၿပီေနာ္။ တစ္ခါထဲအၿပီးထိဖတ္ခ်င္သူမ်ား paid gp ေလးလာဝင္ေပးေနာ္။ ဝင္ေၾကးေလးက တတ္နိုင္သေလာက္ပဲမို႔ ကိုယ့္အသဲေတြအဆင္ေျပမွာပါ။

WavePay - 09983521528
KayPay - 09973860994

Words 2946
7.10.2023 6:40pm
ဆက္လက္ႀကိဳးစားသြားပါမည္။

Continue Reading

You'll Also Like

231K 31K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
252K 6.2K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
174K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
14.5K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant