အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...
De Melinoe_Megami
213K 42.1K 2.6K
အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... Mais
Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~
251
1.9K 421 40
De Melinoe_Megami
Unicode
ကျွင်းမော့၏ လည်စေ့က အတန်ငယ် လှုပ်ရှားသွားသည်။
ခြူးမုယွင်သည် အိပ်ရာထဲတွင်သာ အိပ်ပျော်နေခဲ့သဖြင့် အပြာဖျော့ဖျော့ ဝတ်ရုံရှည်တစ်ထည်ကိုသာ ဝတ်ဆင်ထား၏။ အင်္ကျီအသားက နူးညံ့အိစက်နေသဖြင့် အခန်း၏ အလင်းရောင်အောက်တွင် ဖောက်ထွင်းမြင်နိုင်သယောင် ထင်မှတ်ရသည်။
အင်္ကျီလည်ပင်းက အတန်ငယ် လျောကျနေသည်ဖြစ်ရာ သွယ်လျဖွေးဥသော လည်တိုင်နှင့်အတူ ညှပ်ရိုးများက ဆွဲဆောင်မှုရှိနေသည်။ ပို၍ဆွဲဆောင်နိုင်လွန်းသည်ကား ရင်ဘတ်နေရာပင်။ ပါးလျလွန်းသော အင်္ကျီအသားကြောင့် အနီရောင်အစက်လေးနှစ်စက်ကို ခပ်ရေးရေးလေး မြင်နေရလေသည်။
သူ၏ ခန္ဓာကိုယ်က အချိန်အကြာကြီး အိပ်စက်ခဲ့ရသဖြင့် အားနည်းကာ ဖြူဖျော့နေ၏။ သို့သော် ထိုပုံစံလေးက ပို၍ ညှို့ဓာတ်ပြင်းနေသည်။ လက်တစ်ဖျစ်စာခန့် ခါးသွယ်သွယ်လေးနှင့် အင်္ကျီအပြင်ထွက်နေသော ပေါင်တံရှည်ရှည်က ဖြူဥဝင်းလက်နေသည်။ ထိုပုံစံမျိုးဖြင့် သူ့အပေါ် ခွထိုင်လာသောအခါ ကျွင်းမော့တစ်ယောက် ထိုလူသားကို အိပ်ရာထဲ ပစ်ချပြီး ပေါင်နှစ်ဖက်ကို ဆွဲဖြဲကာ နှစ်လများစွာ မျှော်လင့်တမ်းတခဲ့ရသော စိတ်ဆန္ဒများကို ဖွင့်ထုတ်ပစ်ချင်တော့သည်။
သို့သော်
ကျွင်းမော့ မျက်လုံးမှိတ်လိုက်သည်။
ခြူးမုယွင်က အနားကပ်ကာ ကလူ၏သို့မြူ၏သို့ ပြောလာသည်။ : “ငါ မလုပ်ဖြစ်တာကြာပြီ.. အဲ့တာကြောင့် မင်း ညင်သာရမယ်နော်..”
ကျွင်းမော့ခမျာ မျက်လုံးမှိတ်ထားသော်ငြား သူ့အရှေ့တွင် မီးရှူးမီးပန်းများ ပစ်ဖောက်လိုက်သလို ခံစားလိုက်ရသည်။ ဆွဲညှို့နိုင်လွန်းသော မျက်စိရှေ့မြင်ကွင်းက သူ၏ ဆင်ခြင်တုံတရားများကို ပြိုလဲပျက်စီးသွားစေသည်။
သူလည်း နာကျင်ရသည်အထိ မာလာခဲ့ပြီ။ ခြူးမုယွင်ကလည်း ထိုနေရာကို တမင်တကာ ပွတ်သပ်နေသည်။ ကျွင်းမော့မှာ ဘယ်လိုလေသံမျိုးဖြင့် စကားပြောလိုက်မှန်း သူ့ကိုယ်သူပင် မသိတော့ချေ။
“ခင်ဗျားရဲ့ခန္ဓာကိုယ်က နေမကောင်းသေးဘူး.. ကောင်းကောင်း အနားယူဦး..”
ကျွင်းမော့ ငြင်းလိုက်သည်။ နှစ်ထောင်ပေါင်းများစွာ.. မဟုတ်သေးဘူး၊ စတွေ့ချိန်မှ လက်ရှိအချိန်အထိ ပထမဦးဆုံးအကြိမ်အဖြစ် ငြင်းပယ်ခဲ့သည်။
သူ ထိုသို့ငြင်းပယ်ရန် မည်မျှခက်ခဲခဲ့ကြောင်း ဘုရားသခင်သာ သိပေလိမ့်မည်။
သို့သော် စက္ကူကျားတစ်ကောင်နှယ်။ ခြူးမုယွင်၏ အကြည့်တစ်ချက်ဖြင့်ပင် သူ အားကုန်ထုတ်ကာ ကြိုးစားတည်ဆောက်ခဲ့သည့် ရဲတိုက်ကြီးက သဲပုံကဲ့သို့ တစ်စစီ လဲပြိုသွားခဲ့သည်။
ခြူးမုယွင်က ပြုံးလိုက်ရင်း.. : “အဲ့တာဆို… မင်း ညင်သာမှဖြစ်မယ်..”
ပြီးနောက် တစ်ဖက်လှည့်ကာ လက်ချောင်းသွယ်သွယ်များဖြင့် အင်္ကျီကို မ,တင်လိုက်ပြီး ပူနွေးမာကျောနေသည့် နေရာကို ထွေးငုံလိုက်သည်။
ကျွင်းမော့က လက်ဆန့်ထုတ်လိုက်သည်။ ဆင်ခြင်တုံတရားအရ ခြူးမုယွင်ကို တွန်းဖယ်ချင်သော်ငြား သူ၏ လက်နှစ်ဖက်က ကိုယ်ပိုင်အသိစိတ်ရှိနေသည့်နှယ် ထိုအမျိုးသားကို အကြမ်းပတမ်း ဆွဲလှဲလိုက်မိသည်။
ထိုအရာက အလွန်ကြီးလွန်းသဖြင့် ခြူးမုယွင် ညည်းလိုက်မိသည်။ သို့သော် တွန်းလှန်ရမည့်အစား အကောင်းဆုံး နှိုးဆွပေးရင်း အလိုက်သင့် စီးမျောနေခဲ့၏။
သို့နှင့် အရာအားလုံး အထိန်းအကွပ်မဲ့ကုန်တော့သည်။
ခြူးမုယွင်၏ ခန္ဓာကိုယ်က အလွန်အားနည်းသော်ငြား ကျွင်းမော့၏ ဆေးက တကယ့်ကို အကျိုးသက်ရောက်မှုရှိပြီး သူ့ခန္ဓာကိုယ်အတွက် တကယ်ကောင်းပုံရသည်။ အသက်ရှင်လာခါစတွင် လုံးဝမလှုပ်ရှားနိုင်ခဲ့သော်လည်း ယခုတော့ ပြင်းထန်လွန်းသော ဆောင့်ချက်ကိုပင် လက်ခံနိုင်ချေပြီ။
သို့သော် နောက်ဆုံးတော့ သတိလစ်သွားရသည်။
ကျွင်းမော့ စိတ်ရှုပ်ထွေးနေချိန်တွင် ခြူးမုယွင်က အိပ်ချင်မူးတူးဖြင့် သူ၏လက်မောင်းကို ဖက်တွယ်ကာ စိတ်အေးလက်အေး အိပ်ပျော်သွားတော့သည်။
ကျွင်းမော့ခမျာ လှုပ်ပင်မလှုပ်ရဲခဲ့ချေ။
သူ လုံးဝမပြီးသေးသော်ငြား ခြူးမုယွင်၏ အပြုအမူကြောင့် နှလုံးသားထဲမှ ပျော်ရွှင်မှုများသည် ခြေဖျားလက်ဖျားသို့တိုင် ပျံ့နှံ့သွားပြီး လိင်သာယာစိတ်ထက် ပို၍ ပျော်ရွှင်ကျေနပ်နေမိ၏။
ခြူးမုယွင်ကို ပွေ့ဖက်ကာ တစိမ့်စိမ့် ငေးကြည့်နေမိသည်။ လက်ရှိအခြေအနေကို အိပ်မက်မက်နေသလားပင် ထင်မြင်လာမိသည်။
ဘာလို့…. သူ…. ရုတ်တရက်ကြီး… သူ့အပေါ် ကောင်းပေးနေတာလဲ..?
ထိုဖြစ်ရပ်က စိတ်ပျက်အားငယ်နေသည့် သူ၏နှလုံးသားကို မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေပြီး သေဆုံးနေသည့် သူ၏စိတ်ဝိဉာဉ်ကို ပြန်လည်နိုးထလာစေသည်။
သူ ဘာတွေတွေးနေတာလဲ..? ဘာတွေအကွက်ချနေတာလဲ..? သူ့ကို သတိလက်လွတ်ဖြစ်အောင် လုပ်ပြီး ဝါးဆစ်တောအုပ်ထဲကနေ ထွက်သွားချင်လို့လား..? ဒါမှမဟုတ် သူ့ကို စိတ်ပျော့လာအောင် ချော့ပြီး သူဖြစ်ချင်တာတွေ လုပ်ခိုင်းမလို့လား..?
ထိုအမျိုးသား မည်သို့ကြံစည်နေပါစေ၊ သူ စိတ်ဆိုးဒေါသထွက်မှာမဟုတ်မှန်း ကျွင်းမော့ ခံစားသိလိုက်သည်။
ပို၍ ရယ်စရာကောင်းသည်ကား သနားစရာကောင်းအောင် ဝမ်းသာကြည်နူးနေမိခြင်းပင်။ ယခုလို ကြိုးစားပမ်းစား ကြံစည်ရသည်အထိ သူ အသုံးဝင်နေသေး၍ ပျော်ရွှင်နေမိသည်။
ကိုယ့်ကိုယ်ကို ဤမျှအရှက်ခွဲရန် လိုအပ်၍လော။ ကျွင်းမော့ မသိပါချေ။ သို့သော် ထိုအမျိုးသားနှင့် ပတ်သက်သည့် သူ၏စွဲလမ်းစိတ်က အသွေးထဲအသားထဲထိ စိမ့်ဝင်နေပြီး ထိုခံစားချက်များကို ဆွဲထုတ်ပစ်လိုက်လျှင် သူ၏ အသွေးအသားများလည်း ဗလာကျင်းသွားရလိမ့်မည်။
ခြူးမုယွင် ပြန်နိုးလာချိန်တွင် အိပ်ရာပေါ်၌ လုံလုံခြုံခြုံ အိပ်စက်နေရကြောင်း သတိပြုမိခဲ့သည်။
ခြူးမုယွင်တစ်ယောက် စိတ်ကောင်းဝင်နေပြီး ရိုးရှင်းသည့် အခန်းအပြင်အဆင်ကို ငေးမောနေလေ၏။ အခန်းက ကြည့်လေကြည့်လေ၊ စိတ်ကြည်နူးလာရလေပင်။
ရိုးရှင်းသော်ငြား ကိုယ်ပိုင်ဟန် ပျောက်မသွားပေ။ သိပ်မထူးခြားသော်ငြား ခမ်းနားကြီးကျယ်မှု မလျော့သွားပေ။
ကျွင်းမော့၏ ဝါးဆစ်တောအုပ်က တစ်ကိုယ်တော်ကျင့်ကြံရေးအတွက် အလွန်သင့်လျော်သည်။ နောင်တစ်ချိန် စိတ်အေးလက်အေး အပန်းဖြေနိုင်သည့် နေရာတစ်ခုအဖြစ် ထိန်းသိမ်းထားရန် တကယ့်ကို ကောင်းမွန်လှသည်။
သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ထင်ဟပ်နေပြီး အာရုံငါးပါး ပြန်ဖွင့်လိုက်သည့် Zero လေးက မေးလာသည်။ : “အဲ့တော့ ဇီးပန်းရောင်ဝါတောင်ကိစ္စက စိတ်ပူစရာမလိုတော့ဘူးလား..?”
ခြူးမုယွင် : “ပြဿနာမရှိတော့ဘူး..”
Zero လေးက စိတ်ပူသွားဟန်ဖြင့်.. : “ဘယ်သူမှ မသေဘူးလား..?”
Host ရဲ့ ခန့်မှန်းချက်အရ သခင်ရန်ချန်းက ဘေးကပ်ဆိုးအကြီးကြီး ဖန်တီးလိမ့်မယ်ဆို။ တကယ်ကြီး သွားမတားလည်း အဆင်ပြေတယ်လား..?
ခြူးမုယွင်က သက်ပြင်းအသာချလိုက်ရင်း : “အာရုံစိုက်လွန်ပြီး မျက်စိလျှမ်းသွားတာ.. ငါထင်တာ မှားသွားတယ်..”
“ရန်ချန်းက တခြားနတ်ဆိုးအရှင်တွေကို သူနဲ့အတူ သေကြောင်းကြံချင်နေတာ.. ဒါပေမဲ့ ဒီလုပ်ရပ်အတွက် ခြူးမုယွင်က မရှိမဖြစ်တည်ရှိမှုပဲ..”
ခြူးမုယွင်က မရှိဘူး။ ကျွင်းမော့လည်း မရှိဘူး။ ရန်ချန်းက ကိစ္စတွေအများကြီး သိထားတာဆိုတော့ ဒီကိစ္စကို ကျိန်းသေပေါက် ခန့်မှန်းနိုင်လိမ့်မယ်။ နှံကောင်က ပုစဉ်းရင်ကွဲကို ချောင်းနေတဲ့အချိန် မြေဝါငှက်က အပြင်မှာစောင့်ပြီး အမြတ်ထုတ်သွားမယ့် ကိစ္စကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ..?
အဲ့တော့ ရန်ချန်းအနေနဲ့ အခုလောလောဆယ် ‘အသက်တံခါး’ကို လုံးဝဖွင့်ဦးမှာမဟုတ်ဘူး။
‘အသက်တံခါး’ကို မဖွင့်လိုက်သရွေ့ ဘယ်သူမှ သေမှာမဟုတ်ဘူး။
ဘယ်သူမှမသေရင် သူလည်း စိတ်ပူနေစရာမလိုတော့ဘူး။
ခြူးမုယွင်က အပေါ်ထပ်ဝတ်ကာ အိပ်ရာပေါ်မှဆင်းပြီး လမ်းလျှောက်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် တံခါးပွင့်လာခဲ့၏။
ကျွင်းမော့က ဆေးပန်းကန်လုံးကိုကိုင်ပြီး ဝင်လာခဲ့သည်။
ခြူးမုယွင်က သတိထားနေဟန်ဖြင့်.. : “ဒီတစ်ခေါက်ရော ဆေးက အခါးသက်သာပြီလား..?”
ကျွင်းမော့ အသံတိတ်သွားသည်။ သူ တကယ့်ကို အသားမကျသေးပေ။ အချိန်အကြာကြီး အအေးခံနေသည့် လူတစ်ယောက် အခန်းနွေးနွေးထဲ ရုတ်တရက် ရောက်သွားသကဲ့သို့ နေမထိထိုင်မသာ ဖြစ်နေတော့သည်။
သို့သော် သူက ပုံရိပ်ယောင်ဆိုလျှင်ပင် မဖျက်ဆီးချင်ခဲ့ပေ။ : “အချိုများရင် ဆေးရဲ့သက်ရောက်မှုကို လျော့နည်းစေတယ်..”
ခြူးမုယွင်က မျက်မှောင်ကြုတ်ကာ ဆိုသည်။ : “ဆေးလုံးဖြစ်အောင် လုပ်လို့မရဘူးလား..?”
ကျွင်းမော့ : “ဒီဆေးက အကျိုးသက်ရောက်မှုရှိချင်ရင် အပူပေးဖို့ လိုအပ်တယ်.. ဆေးလုံးပုံစံ လုပ်ထားရင်တောင် ဆေးသောက်ခါနီးရင် ပြန်ကျိုရလိမ့်မယ်..” အဲလိုဆိုရင် ဆေးရည်ပန်းကန်ပဲ ပြန်ဖြစ်သွားလိမ့်မယ်..!
ခြူးမုယွင်လည်း ဆေးဝါးအကြောင်း အတော်အသင့် နားလည်ထားသည်ဖြစ်ရာ သက်ပြင်းဖွဖွချလိုက်ရင်း.. : “ပေး..”
ကျွင်းမော့က သူ့ကို ကမ်းပေးသည်။
ခြူးမုယွင်က အသက်ရှူအောင့်ကာ သောက်ချလိုက်သည်။ ဆေးသောက်ပြီးနောက် ခါးလွန်း၍ တုန်ယင်နေခဲ့သည်။
ကျွင်းမော့က သကြားလုံးတချို့ ပြင်ဆင်ထားပြီး ခြူးမုယွင်ကို ကျွေးလိုခဲ့သော်လည်း ခြူးမုယွင်က သူ့ကို ဆွဲလှဲကာ နှုတ်ခမ်းများကို နမ်းရှိုက်ရင်း ဆေးအရသာ ခံစားစေလိုက်သည်။
သို့သော် ကျွင်းမော့အတွက်တော့ လျာဖျားထိပ်မှ အခါးဓာတ်များ လည်ချောင်းထဲသို့ ဝင်ရောက်သွားချိန်တွင် အချိုရည်အဖြစ် ပြောင်းသွားသွားပြီး ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့သွားကာ စီးဆင်းနေသော သွေးများပင် ပျားရည်ချိုချိုအဖြစ် ပြောင်းလဲသွားရသည်။
ချိုမြိန်သည်၊ သို့သော် မွန်းကျပ်လှသည်။
သို့နှင့် ခြူးမုယွင်တစ်ယောက် ဝါးဆစ်တောအုပ်ထဲတွင် နေထိုင်လာသည်မှာ လဝက်ခန့်ပင် ကြာမြင့်ခဲ့ချေပြီ။
သူက အပြင်လောကအကြောင်း တစ်ခွန်းမဟဘဲ သူ၏ ကျန်းမာရေးကိုသာ ဂရုစိုက်ကုသနေပြီး အားလပ်ချိန်များတွင် ကျွင်းမော့နှင့် ဆေးဝါးအကြောင်း သို့တည်းမဟုတ် တခြားအသေးအဖွဲ့ကိစ္စလေးများ စကားစမြည် ပြောလေ့ရှိသည်။ အမြဲတစေ ပျော်ရွှင်ကြည်နူးနေပြီး လိုလေသေးမရှိ သက်သောင့်သက်သာ နေထိုင်ခဲ့သည်။
ကျန်းမာရေးပိုကောင်းလာသည်နှင့်အမျှ ကျွင်းမော့ကို ညဘက်များတွင် အနှောင့်အယှက်ပေးခဲ့သည်။
ကနဦးတွင် ကျန်းမာရေးသိပ်မကောင်းသောကြောင့် သိပ်အလိုမလိုက်ရဲပေ။ သူ ကျေနပ်သွားသည်နှင့် ကျွင်းမော့ကို ဂရုမစိုက်နိုင်ဘဲ အိပ်ပျော်သွားတတ်သည်။
ကျွင်းမော့သည် ထိုအခြေအနေအပေါ် မကျေမနပ်မဖြစ်ရုံသာမက ပျော်ရွှင်ကြည်နူးနေခဲ့လေ၏။ ထိုလူသားကို ပွေ့ဖက်ပြီး အိပ်စက်နိုင်ရုံဖြင့် နတ်ပြည်ရောက်သွားသလို ခံစားနေရသည်။
ကျန်းမာရေးပြန်ကောင်းလာပြီးနောက် ခြူးမုယွင်က ကျွင်းမော့ကို ဂရုစိုက်ပေးတော့သည်။ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ကျွင်းမော့ကို စိတ်လွတ်လုမတတ် ဖြစ်စေခဲ့ပြီး မနက်နေထွက်ချိန်အထိ လူးလှိမ့်ခဲ့ကြသည်။
ခြူးမုယွင်က နူးညက်သော အိပ်ရာခင်းပေါ်တွင် ပျင်းရိပျင်းတွဲ လဲလျောင်းနေရင်း သက်ပြင်းချကာ ပြောသည်။
“ကျင့်ကြံဆင့်မြင့်တာ အရမ်းကောင်းတာပဲ.. အချိန်အကြာကြီး ထိန်းထားနိုင်တယ်..”
အိပ်ရာပေါ်မှဆင်းသွားသည့် ကျွင်းမော့ပင် တုံ့ခနဲ ရပ်သွားရသည်။
ခြူးမုယွင်သည် ဗလာကျင်း လဲလျောင်းနေပြီး ပုလဲသဖွယ် ဖြူဥနေသည့် အသားအရေနှင့် အိထွေးနူးညံ့သော ဆံနွယ်နက်နက်များက မြင်သမျှလူတိုင်းကို ဆွဲညှို့နိုင်လွန်းနေသည်။
ကျွင်းမော့ခမျာ နောက်တစ်ကြိမ် နှုတ်ခမ်းခြောက်လာခဲ့သည်။ သို့သော် ထပ်မလုပ်ရဲသဖြင့် သည်အတိုင်း လှည့်ထွက်သွားသည်။
သို့သော် ခြူးမုယွင်က ကျွင်းမော့၏ ပခုံးကျယ်ကျယ် ခါးသွယ်သွယ်နှင့် လူအများ နှာခေါင်းသွေးလျှံလောက်သည့် နောက်ပိုင်းအလှကို ငေးကြည့်နေခဲ့သည်။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခြူးမုယွင်က ထူးထူးဆန်းဆန်း အမူအရာဖြင့် ပြောလာခဲ့သည်။
“အားမော့.. ငါ မင်းကို လုပ်လို့ရလား..?”
………………………………………
TN : ကျွင်းမော့ရဲ့ အဖြေက.........
Click ကြပါနော် 💜
………………………………………
Zawgyi
သို့သော်