True Love 💭 (Completed)

By KaKyoePhyu85

843K 16.9K 325

ကောင်မလေးကိုချစ်ပါသည်။ More

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (U)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 33 (U&Z)

11.6K 276 2
By KaKyoePhyu85

True love 💭❤ အပိုင် - ၃၃
(Unicode)

အဖြေပေးတုန်းကပေးပြီးအနမ်းလဲခံပြီးမှ ရွှေကူအကိုလေးကိုမတွေ့ရဲ၍ ပတ်ပြေးပုန်းနေမိတော့သည်။ အကိုလေးကဆိုဖာပေါ်ထိုင်နေလျှင် ရွှေကူခြံထဲဆင်းနေသလို အကိုလေးကခြံထဲဆင်းလာပြန်လျှင်လဲရွှေကူလှည့်ပတ်၍ အိမ်ထဲဝင်ပုန်းနေမိတော့ပြန်သည်။ ယခုတော့တစ်ကျော့ပြန်၍ရွှေကူခြံထဲရောက်နေပြန်ပြီဖြစ်တော့သည်။ ထင်လိုက်သည်က ​ညနေတောင်စောင်းနေပြီလို့လေ ဘယ်ဟုတ်မလဲမိုးအုံ့နေသည်​ကြောင့်မို့ ရွှေကူအမြင်မှားသွားရခြင်းပင်။ ယခုမှ ၅ နာရီစွန်းစွန်းလေးသာဖြစ်သည်မို့ဇွန်ပန်လေးတွေလဲပွင့်နေပြီဖြစ်သည်။

နေ့လည်ကမိုးလေးရွာထားသည်ကြောင့် မြက်ခင်းပြင်လေးဟာစိုစွတ်၍အေးမြနေသည်ကို ရွှေကူဖိနပ်စီးထားသည်တောင် အေးမြခြင်းကိုခံစားမိပါတော့သည်။ အဖျားကျသွားပြီဖြစ်သော်လည်း ရွှေကူ့စိတ်တွေမလန်းဆန်းသည်က ထိုအေးမြခြင်းလေးနှင့်တွေ့မှ နေသာထိုင်သာရှိသွားရတော့သည်။

ဂါဝန်အဖြူရောင်လေးနှင့်မှိုလုံးလေးအလားဖြစ်နေသည့်ကောင်မလေးက ပန်းလေးတွေကိုခူးနေလေတော့သည်။ ကျောပြင်သေးသေးလေးကိုကြည့်လိုက် ခြေသလုံးသေးသေးလေးကိုကြည့်လိုက်နှင့် ကွန့်မြူးခါးထောက်ကာကောင်မလေးကိုနောက်မှကြည့်နေရင်မှ အနားသို့သွားလိုက်တော့သည်။

"ဟေ့"

"အမလေး.."

ကိုယ်လေးကတုန်သွားလေကာ လန့်သွားသည့်ကောင်မလေးကိုကွန့်မြူးကျောလေးပုတ်ပေးလိုက်တော့သည်။

"ကောင်မလေးကလဲ ကိုယ့်ရည်းစားကိုတွေ့တာဘာဖြစ်လို့လန့်သွားရတာလဲကွာ"

"အကိုလေးကအသံမပေးပဲလာတာကိုလန့်တာပေါ့လို့"

ရွှေကူအကိုလေးနှင့်နည်းနည်းခွာကာရပ်နေလိုက်တော့ အနားကိုအတင်းတိုးလာသည့်အကိုလေးဆီက မွှေးပျံ့နေလေတော့သည်။ အတင်းလိုက်ကပ်နေတာများ ရွှေကူအကိုလေးရဲ့ပခုံးတွေကိုထိမိနေသည်အထိပင် တိုးကပ်နေလေတော့သည်။

ရည်းစားဖြစ်ခါစမို့လားတော့မသိ ရွှေကူအကိုလေးကိုမြင်မိလျှင်ရင်တွေ တလျှပ်လျှပ်နှင့်ဖြစ်နေရသလို နီးနေလျှင်​ပို၍ ရင်တွေခုန်မိနေတော့သည်။ အခုပဲကြည့် အကိုလေးလက်မောင်းလေနှင့်ထိနေမိသည်ကိုတောင် ရွှေကူ့စိတ်ထဲတွင်မနေတတ်မထိုင်တတ်နှင့် ကြည်နူးသလိုလေးခံစားမိတော့သည်။ ရှက်တာလေးလဲနဲနဲပါတာပေါ့လေ စိတ်ထဲယွစိယွစိနှင့် ရွှေကူ့နှလုံးသားလေးတွင်အကောင်လေးများတတ်နေရသည်ကိုတော့ အကိုလေးသိပုံမပေါ်ပေ။

"ကောင်မလေး"

"အွန်း"

"ကိုယ့်ကိုချစ်လား"

"အာ ..မသိဘူး"

"ဟာ..အစောကပဲဖြေပေးထားတယ်လေကွာ ထပ်ပြီးပြောပါအုံးအဲ့လိုလေး.. ကောင်မလေးကတစ်ခါပဲဖြေတော့ကိုယ်ကသေချာမကြားလိုက်လို့"

"မသိပါဘူးဆိုအကိုလေးကလဲ"

ရှက်နေသည့်ကောင်မလေးကဟိုဘက်လေးထပ်တိုးသွားသည့်အခါ ကွန့်မြူးကောင်မလေးနားလိုက်ကပ်လိုက်တော့သည်။

အကိုလေးဆီမှ ပန်းရနံ့လေးကိုတောင်ဖုံးလွှမ်းရသည်အထိ ရနံ့လေးကမွှေးနေသည်ကြောင့်ရွှေကူပြုံးမိလိုက်တော့သည်။ ရွှေကူ့အကိုလေးကမိန်းခလေးကျလို့ အမွှေးရနံ့လေးအရမ်းကြိုက်တာပဲလားဟုတွေးနေမိပြီး ရွှေကူနှာဖျားဆီတိုးဝင်နေသည့်ရနံ့လေးကိုရှုခြိုက်မိပြန်သည်။

"ကောင်မလေး"

"ကိုယ်ခေါ်နေတယ်လေကွာ ကောင်မလေးလို့"

"အကိုလေးခေါ်တိုင်းထူးရတာလဲမောနေပြီလေအကိုလေးရယ် ပန်းသာခူးပါနဲနဲပဲကျန်တော့တာကို"

ကွန့်မြူးရယ်နေမိပြန်သည်။ ကွန့်မြူးလဲပန်းခူးကူရင်းမှ ကောင်မလေးကိုသတိရတိုင်းခေါ်နေမိသည်မှာ အကြိမ်အရေအတွက်အတော်များများထိတောင်ဖြစ်သွားပြီဖြစ်တော့သည်။

"ကိုယ့်ကိုချစ်လားကောင်မလေး"

"ဟင့်အင်း.."

"ဟာ "

အကိုလေးအသံလေးကအစောကလိုရွှန်းရွှန်းမဝေတော့ပဲ တိတ်သွားသည်ကြောင့်ရွှေကူကြည့်မိတော့ ရွှေကူနှင့်ခွာကာ ဇွန်ရွက်လေးတွေကိုဖိခြေနေလေတော့သည်။ ရွှေကူ့ကိုမေးတိုင်းမချစ်ဖူးပဲဖြေမိလို့ စိတ်မကောင်းဖြစ်သွားသည်ထင်၍ ရွှေကူပြာယာခက်သွားရတော့သည်။

ဇွန်ပန်းရုံလေးပေါ်ကခြင်းလေးပေါ်သို့ ရွှေကူ့လက်ထဲမှပန်းလေးထည့်ကာ အကိုလေးဘက်ရွှေကူတိုးလိုက်သည်။

"အကိုလေး.."

ရှပ်အင်းကျီလက်မောင်းမှအစလေးကို ရွှေကူဆွဲ၍ခေါ်လိုက်တော့အကိုလေးက ဟိုဘက်သို့လှည့်သွားလေတော့သည်။

"အကိုလေးရွှေကူ့ကိုစိတ်ဆိုးနေတာလားဟင် "

"....."

"ရွှေကူ့ကိုစကားမပြောတော့ဘူးပေါ့.."

"....."

"ရွှေကူ့ကိုမချစ်တော့ဘူးပေါ့.."

"ဘယ်သူပြောလဲ"

ရွှေကူပြုံးတုံ့တုံ့လေးနှင့် ဟိုဘက်လှည့်နေသည့်အကိုလေးရဲ့ကျောပြင်လေးကို လက်ညိုးလေးနှင့်ထိုးလိုက်ကာ...

"ချစ်တယ်ဆိုလဲရွှေကူ့ကိုစကားပြန်ပြောအုံးလေ "

ကွန့်မြူးပြုံးပျော်နေသည်ကိုမသိသည့်ကောင်မလေးက ချစ်စရာကောင်းစွာချော့နေလေတော့သည်။

"အကိုလေးကခဏခဏမေးတော့ ရွှေကူကရှက်တာပေါ့လို့ "

"....."

"အကိုလေးနော် ရွှေကူမချော့တတ်ဘူးအဲ့လိုကြီးစိတ်မဆိုးပါနဲ့ဆို"

"....."

"စကားပြန်ပြောပါအုံးလေအကိုလေး"

"....."

ရွှေကူဘယ်လိုပြောပြောမဖြေသည့်အကိုလေးက သစ်ရွက်တွေကိုတော့ဖိချေမြဲဖြစ်တော့သည်။ မတတ်သာသည့်အဆုံး အကိုလေးကြားချင်သည့်အဖြေကိုဖြေဖို့သာ သတိရတော့သည်။

"ရွှေကူအကိုလေးကိုချစ်ပါတယ်ဆို"

ကွန့်မြူးကျောပြင်လေးဆီ တို့ထိနေရင်းမှ ဆိတ်ဆွဲလာလေသည့်ကောင်မလေးက ရှက်လို့ပေါ့လေ။

"အကိုလေး.."

"ပြောတော့ဖြင့်ချစ်တယ်ဆိုတဲ့အသံလေးကြားချင်လို့ပါဆို အခုပြောနေပြီလေလှည့်မကြည့်တော့ဘူးပေါ့ ဟွန့်..."

ရွှေကူလဲမကျေနပ်တော့၍ ကျောပြင်ကိုလက်သီးနှင့်ခပ်ဖွဖွထိုးပစ်ကာ  တစ်ဖက်သို့လှည့်နေပစ်လိုက်တော့သည်။

"ဘယ်သူကလှည့်မကြည့်ဘူးလို့ပြောလို့လဲကွ"

"အကိုလေး..လွှတ် .."

ရွှေကူ့ကိုကျောဘက်မှဖက်လာသည့်အကိုလေးလက်တွေဟာ ရွှေကူခါးပေါ်တွင်ဖြစ်တော့သည်။

"ခစ်ခစ် မနမ်းနဲ့လို့အကိုလေး.. ခစ်ခစ်..ယားတယ်လို့"

ရွှေကူ့ပါးပြင်တွေပေါ် အတင်းလိုက်ငုံ့နမ်းနေသည့်အကိုလေးက ရွှေကူ့ကိုလဲလွတ်ထွက်မသွားအောင်ဖက်ထားလေတော့သည်။ ခါးဆီဖက်ထားသည့်လက်တွေက တစ်ချက်တစ်ချက်ကာလိထိုးသေးသည်ကြောင့် ရွှေကူမှာရယ်နေရတော့သည်။

"ချစ်တယ်လို့ထပ်ပြောရင်လွှတ်ပေးမယ်"

အကိုလေးရင်ဘက်ဆီရွှေကူ့လက်ခလေးများအပ်နှံ၍ ရယ်ရလွန်းသည်ကြောင့်မောဟိုက်နေမိသည့်ရွှေကူ့ကို အကိုလေးကဖက်ထားဆဲဖြစ်တော့သည်။

"အခုမှရည်းစားဖြစ်တာတစ်ရက်မပြည့်သေးဘူး အကိုလေးကရွှေကူ့အပေါ်အနိုင်စကျင့်နေပြီပေါ့လေ"

ဆူပုတ်ပုတ်လေးနှင့်ကွန့်မြူးကိုမေးခွန်းထုတ်လာလေတော့သည်။

"ဟား ဟား ..ချစ်လို့လေကွာ ဒါကအနိုင်ကျင့်တယ်မခေါ်ဘူးကွ အချစ်စမ်းတယ်လို့ခေါ်တာ"

ရွှေကူကအစထဲကရှက်နေရပါတယ်ဆိုမှ အချစ်စမ်းသည်ဆိုသည့်စကားလေးကြားလိုက်ရတော့ တစ်နေရာရာသို့ပြေးသာပုန်းလိုက်ချင်ပါတော့သည်။ အဲ့လိုနုနုယွယွအချစ်စကားလုံးလေးတွေကို ရွှေကူကသာနားမထောင်ရဲဖြစ်နေပေမယ့် အကိုလေးကတော့ရေပတ်မဝင်ပြောနေလေတော့သည်။

"အေးမဖြေရင် ကိုယ်ထပ်နမ်းမှာနော်"

ရွှေကူ့ဆီထိုးကျလာသည့်ကိုယ်ကြီးကို ရွှေကူအားကုန်သုံး၍တားလိုက်ရတော့သည်။

"ဖြေပါ့မယ်အကိုလေးရယ် ထပ်တော့မနမ်းပါနဲ့တော့ "

အခုမှရည်းစားဖြစ်တဲ့သူကို အားတိုင်းနမ်းနေသည့်အကိုလေးကြောင့် ရွှေကူ့မှာအကိုလေးကိုပြန်တောင်အမ်းချင်နေရတော့သည်။ ခက်တာက ဘယ်သူ့သွားအမ်းရမလဲမသိတာပဲ။

ခေါင်းလေးငုံ့ထားသည့်ကောင်မလေးကို ကွန့်မြူးငုံ့ကြည့်နေရင်းမှ ရင်ဘက်ဆီကလက်ခလေးကိုကြည့်မိတော့အူတွေယားလာရပြန်သည်။ ဘာလို့တွန်းနေရတာလဲကွာ အားလဲမရှိပဲနဲ့။

"အကိုလေးကိုလေ ရွှေကူလေ "

"အင်း"

"ချစ်တယ်နော်"

"ကောင်မလေးဖွင့်ပြောတာကိုလက်ခံတယ် ကိုယ်လဲချစ်တယ်နော်"

"ဟင် ရွှေကူကဖွင့်ပြောတာမဟုတ်ဘူးလေ ရွှေကူကအဖြေပြန်ပေးတာလေ"

"မရှက်ပါနဲ့ကွာ ကိုယ့်လိုလူကိုချစ်မိတာနားလည်ပေးလို့ရပါတယ် ကိုယ်ကလဲအင်း.. ချစ်ရသူဆိုတော့မူမနေတော့ဘူးနော်  အချစ်တွေလဲအကုန်ယူ ရော့.. အာဘွားတွေလဲကြိုက်သလောက်ယူ"

ရွှေကူ့ဆီပါးကြီးလာထိုးပေးသည့်အကိုလေးကြောင့် ရယ်လိုက်မိတော့သည်။ အကိုလေးတော့နော် ရွှေကူကနမ်းတာလက်မခံတော့ သူ့ကိုနမ်းဖို့စကားလမ်းကြောင်းနေတာပေါ့လေ။ ရွှေကူ့မှာအဖျားလဲဘယ်ဆီနေမှန်းမသိ အကိုလေးရဲ့ဖက်ထားမှုတွေအောက် ချွေးလေးတွေစို့နေရတော့သည်။

"မနမ်းဘူးပေါ့လေဟုတ်လား ဒီကောင်မလေးကမနမ်းဘူးပေါ့လေ.."

"အမေ့အကိုလေး  ရွှေကူပြုတ်ကျလိမ့်မယ်လို့ အကိုလေး.. "

ကောင်မလေးကိုစွေ့ခနဲကောက်ပွေ့၍ လှည့်ပက်ရမ်းလိုက်တော့ ကောင်မလေးကအော်နေလေတော့သည်။ တစ်ခစ်ခစ်နဲ့ပါရယ်ပြီးသဘောတွေကျနေသည့်ကောင်မလေးကို ကွန့်မြူးအကြာကြီးလှည့်ပတ်၍ချပေးလိုက်တော့ နှစ်ယောက်လုံးယိမ်းထိုးသွားရတော့သည်။

"ကမ္ဘာကြီးကချာချာလည်နေတယ်အကိုလေး ခစ်ခစ် လည်နေပြီ"

"ဟား ဟား.. ဟုတ်ပါ့ကွာကောင်မလေးတွေအများကြီးပဲမြင်နေရတယ် ကိုယ်တော့ထီပေါက်ပြီထင်တယ်"

ရွှေကူ့မှာလဲမှာဆိုး၍ အကိုလေးကိုလှမ်းဆွဲထားပါသည်ဆိုမှ ရွှေကူအများကြီးဖြစ်နေသည်လို့ မြင်နေတဲ့အကိုလေးကပျော်နေလေရဲ့လေ။ ရွှေကူအများကြီးရှိတော့ အများကြီးကိုလိုက်နမ်းမလို့ပေါ့လေ။

...............

"ဘာလို့ထချက်နေတာလဲကွာ နေကောင်းသေးတာလဲမဟုတ်ပဲနဲ့"

"ရွှေကူမဖျားတော့ပါဘူးအကိုလေးရဲ့"

"လာထိုင်ကိုယ်ချက်မယ်"

"နေပါအကိုလေးရယ် ရွှေကူ့ဘာသာလုပ်ပါ့မယ် ချက်တတ်တာလဲမဟုတ်ပဲနဲ့"

"ကိုယ်မချက်တတ်ဘူးလို့ဘာလို့ထင်တာလဲ ကြည့်နေ.."

"ခလွမ်း.."

"ဟင်"

ရွှေကူအကိုလေးနားပြေးသွားလိုက်ပြီး လက်ကိုဆွဲယူကြည့်လိုက်တော့ လက်ထိပ်လေးတွေဟာရဲစက်နေလေတော့သည်။
ဟင်းရည်အိုးက ရေကျခါနီးမို့ဆူပွတ်နေသည်ကိုအကိုလေးက သွားလှပ်လိုက်သည့်အခါ အကိုလေးလက်အပူလောင်သွားရခြင်းဖြစ်တော့သည်။

"အကိုလေးရယ်ရွှေကူပြောပါတယ် မချက်တတ်ပဲနဲ့မလုပ်ပါနဲ့ဆို "

"ကိုယ်ကကောင်မလေးကိုကူပေးချင်တာလေကွာ"

"အဲ့တာဆိုလဲ လက်နှီးစုတ်မယူပဲဘာလို့ကိုင်လိုက်ရတာလဲ ကြည့်အပူတွေလောင်သွားပြီ "

ရေအေးအေးနှင့်လက်ကိုလောင်းပေးကာ ကောင်မလေးကစိုးရိမ်တကြီးပြောလာလေ​​တော့သည်။

"ကိုယ်ကယောက်ကျားလေးပါကွ ဒီလောက်ကတော့အေးဆေးပဲ"

"အဲ့တာဆိုလဲကိုယ့်ဘာသာလုပ် ရွှေကူဂရုမစိုက်တော့ဘူး ဟွန့်.."

ကွန့်မြူးလက်ကိုပစ်ချကာ ဟင်းအိုးလေးသွားချသည့်ကောင်မလေးက အလိုမကျစွာနှုတ်ခမ်းလေးဆူထားလေတော့သည်။ မျက်မှန်လေးနှင့်ချစ်စဖွယ်မျက်နှာလေးက ယခုလိုလေးစိတ်ကောက်နေသည်အခါ အရမ်းကိုချစ်စရာကောင်းနေတော့သည်။

"ကြည့်ပါအုံး ကိုယ့်လက်လေးအရမ်းနာလို့ ရဲတောင်နေပြီ "

"မပြနဲ့ ရွှေကူ့စကားမှနားမထောင်ပဲခံပေါ့လို့"

"ကောင်မလေးပင်ပန်းနေတာမကြည့်ရက်လို့ဝိုင်ကူပေးတာလေကွာ ဒါပေမယ့်အကူမတတ်တော့ကြည့် ကောင်မလေးစိတ်ပူသွားရပြီ"

"ရွှေကူကစိတ်ပူတယ်လို့ပြောမိလို့လား"

ရွှေကူမလုံမလဲနှင့် ရေခဲသေတ္တာတွေသွားဖွင့်နေမိတော့သည်။ ရေခဲသေတ္တာထဲယူစရာလဲမရှိသည့်အခါ ရေတစ်ဗူးထုတ်၍သောက်ရန်သာပြင်လိုက်တော့သည်။

"ရေခဲရေသောက်လို့မရသေးဘူးကောင်မလေး သောက်ချင်ရင်ရိုးရိုးရေပဲသောက်"

ရွှေကူ့လက်ထဲမှရေဗူးလေးဆွဲယူသွားကာ ရေကရားလေးထဲမှ ရိုးရိုးရေတို့ကိုထည့်ကာဖန်ခွက်နှင့်ပေးလာသည့်အကိုလေးကြောင့် ရွှေကူလဲယူ၍သောက်လိုက်တော့သည်။ ထို့နောက်ထမင်းအတူစားပြန်တော့လဲလက်နာနေသည်လုပ်ကာ ရွှေကူ့ကိုဟင်းတွေအကုန်ထည့်ခိုင်းကာ ခွံ့ပါကျွေးခိုင်းလေတော့သည်။ အကိုလေးတော့နော် ရွှေကူ့အပေါ်အမြဲအခွင့်ရေးယူဖို့ဆို ဘယ်လောက်ထိမျက်နှာပြောင်ရပြောင်ရ ခလေးလိုကိုဆိုးနေတော့တာပဲနော်။

ရွှေကူရထားတာရည်းစားမဟုတ်ပဲ ခလေးရထားတာများလားတောင်ထင်မိပါသည်။

"ကောင်မလေး ခါးပတ်"

"ရွှေကူပတ်လိုက်.."

"ပြွတ်.."

ပါးလေးကိုအသံမြည်သည်အထိနမ်းလိုက်တော့ မျက်လုံးလေးပြူးကာကြောင်နေလေတော့သည်။

"မတော်တဆ မတော်တဆနမ်းမိသွားတာ ကိုယ်ကစေတနာနဲ့ခါးပတ်ပက်ပေးတာလေကွာ ကောင်မလေးကပါးလေးထိုးခံလိုက်တော့နမ်းမိသွားတာ"

"ဟင် .."

ရွေကူပါးလေးလက်လေးနှင့်ကိုင်၍ အကိုလေးဘက်မလှည့်ရဲတော့ပဲ ဟိုဘက်လေးလှည့်၍သာကျုံ့ကျုံ့လေးထိုင်နေမိတော့သည်။ ရွှေကူကပဲ ပါးထိုးခံရတယ်ဖြစ်သေး။ အကိုလေးကသာတမင်ကြံပြီး ရွှေကူ့ကိုခါးပတ်ပက်ပေးမယ်လုပ်ပြီး နမ်းသွားတာကိုများ အကိုလေးတို့မျက်နှာပြောင်နေချက်ကို ရွှေကူဘယ်နည်းနှင့်မှလိုက်မမှီသည်အထိဖြစ်ရတော့သည်။

"ရွှေကူရေ ဥက္ကဋ္ဌလေးကသူ့အခန်းလာခဲ့ပါအုံးတဲ့ "

"အခုလားမဇင်"

"အင်းအရေးကြီးတယ်ပြောတာပဲမဇင်ကိုတော့"

"ဟုတ် "

ရွှေကူတံခါးလေးခေါက်၍ဝင်သွားလိုက်တော့ ခုံတွင်မှီ၍ကျကျနနထိုင်ကာ ရွှေကူ့ကိုပြုံးပြနေသည့်အကိုလေးကို ရင်ခုန်ဖွယ်ရာမြင်ရတော့သည်။

"အကိုလေးခေါ်တယ်ဆိုလို့"

"ကြည့်..အဲ့တာတွေအကုန်လုံးကိုယ်လက်မှတ်ထိုးရမှာ"

မေးငေါ့ပြရာကြည့်လိုက်တော့ အထပ်လိုက်ဖြစ်နေသည့်ဖိုင်များဟာ အပုံအပင်လိုက်ဖြစ်တော့သည်။

"အဲ့တာကိုယ့်လက်ကနာနေတယ် ကိုယ်ဘယ်လိုမှဘောပင်ကိုင်မရဘူးကောင်မလေး"

ရွှေကူ့ကိုဘာလို့ခေါ်မှန်းအခုထိနားမလည်သေးသည်ကြောင့် ရွှေကူအကိုလေးထပ်ပြောမည့်စကားတို့ကိုသာစောင့်ဆိုင်းနေလိုက်တော့သည်။

"ကောင်မလေးကိုယ့်အစားလက်မှတ်ထိုးပေးလို့ရမလား"

"ရွှေကူကအစားလက်မှတ်ထိုးပေးရမယ်"

"အင်း"

"ဘယ်လိုလုပ်ဖြစ်မှာလဲအကိုလေးရယ် အကိုလေးလက်မှတ်ရွှေကူထိုးလဲမထိုးတတ်ဘူး အဆင်မပြေလောက်ဘူးအကိုလေးရဲ့ "

"အဆင်မပြေစရာအကြောင်းမရှိပါဘူးကွာ လာကိုယ်ပြမယ် ဘေးမှာအရင်လာထိုင်လိုက်"

ကွန့်မြူးအတင်းခေါ်လိုက်မှ ဘေးကခုံလေးတွင်လာထိုင်ကာ ကွန့်မြူးကိုမအူမလည်ပုံစံလေးနှင့်ကြည့်လာလေတော့သည်။ ကောင်မလေးရယ် အဲ့မျက်ဝန်းလေးနဲ့ကြည့်တော့ ကိုက်စားမိတော့မယ်ထင်တယ်။

"အကိုလေး.."

"ပူပူနွေးနွေးရည်းစားလေးကို ကိုယ်ကြည့်မဝဖြစ်နေတာ ဟား ဟား.."

ရွှေကူထပြေးမည်လုပ်တော့ လက်ကဆွဲထားလေသည်ကြောင့် ရွှေကူပြန်ထိုင်နေလိုက်ရတော့သည်။

"ပြေးတော့အပြေးပါနဲ့ကွာ ကိုယ်ထပ်မပြောတော့ဘူးဟုတ်ပြီလား.."

ခေါင်းလေးငြိမ့်ပြလေသူကောင်မလေးက ထုံးစံအတိုင်းပါးလေးရဲနေလေပြန်သည်။ ကောင်မလေးအတွက်ဆိုကိုယ်ဘေးမှာရှိနေရင် ပါးနီခြယ်ဖို့မလိုလောက်ဘူးထင်ပါရဲ့။

"ဘောပင်လေးကိုင်ပြီးအဲ့ဖိုင်လေးယူလိုက်"

အကိုလေးပြောသည့်အတိုင်းရွှေကူလုပ်လိုက်တော့သည်။

"လက်မှတ်ထိုးမယ့်နေရာလေးထောက်ထားလိုက်"

ရွှေကူဘောပင်လေးကိုင်၍ စာရွက်လေးပေါ်ထောက်ထားလိုက်သည့်အခါရွှေကူ့လက်ပေါ်ထပ်၍လာကိုင်သည့်အကိုလေးကြောင့် ရွှေကူ့လန့်သွားရတော့သည်။စာရေးသင်ခါစခလေးတစ်ယောက်ကို ဆရာဖြစ်သူကလက်မှကိုင်၍ရေးတတ်စေရန်သင်ပြသကဲ့သို့ အကိုလေးကလဲပြုမူလာတော့သည်။ အကိုလေးရဲ့အထိအတွေ့တွေကိုရွှေကူအခုထိနေသားမကျသေးသည်မှာ ထိလိုက်တိုင်းပင် ဓာတ်လိုက်သလိုခံစားနေရသည်က သက်သေဖြစ်တော့သည်။

Words 2900
4.10.2023 7:05pm
ဆက်လက်ကြိုးစားသွားပါမည်။

ကဲ မကြိုးအသဲတို့ရေ ရွှေကူလေးတို့က paid gp လေးမှာ အပိုင်း ၅၈ နဲ့ အစအဆုံးဖတ်လို့ရပါပြီနော်။ ဝင်ကြေးလေးက တတ်နိုင်သလောက်ပဲမို့ တစ်ထိုင်တည်းဖတ်ချင်တဲ့အသဲတို့က မကြိုးဆီ Gp လေးလာဝင်လို့ရပြီနော်။

WavePay - 09983521528
KayPay - 09973860994

(Zawgyi)

True love  အပိုင္ - ၃၃

အေျဖေပးတုန္းကေပးၿပီးအနမ္းလဲခံၿပီးမွ ေ႐ႊကူအကိုေလးကိုမေတြ႕ရဲ၍ ပတ္ေျပးပုန္းေနမိေတာ့သည္။ အကိုေလးကဆိုဖာေပၚထိုင္ေနလွ်င္ ေ႐ႊကူၿခံထဲဆင္းေနသလို အကိုေလးကၿခံထဲဆင္းလာျပန္လွ်င္လဲေ႐ႊကူလွည့္ပတ္၍ အိမ္ထဲဝင္ပုန္းေနမိေတာ့ျပန္သည္။ ယခုေတာ့တစ္ေက်ာ့ျပန္၍ေ႐ႊကူၿခံထဲေရာက္ေနျပန္ၿပီျဖစ္ေတာ့သည္။ ထင္လိုက္သည္က ညေနေတာင္ေစာင္းေနၿပီလို႔ေလ ဘယ္ဟုတ္မလဲမိုးအုံ႕ေနသည္ေၾကာင့္မို႔ ေ႐ႊကူအျမင္မွားသြားရျခင္းပင္။ ယခုမွ ၅ နာရီစြန္းစြန္းေလးသာျဖစ္သည္မို႔ဇြန္ပန္ေလးေတြလဲပြင့္ေနၿပီျဖစ္သည္။

ေန႕လည္ကမိုးေလး႐ြာထားသည္ေၾကာင့္ ျမက္ခင္းျပင္ေလးဟာစိုစြတ္၍ေအးျမေနသည္ကို ေ႐ႊကူဖိနပ္စီးထားသည္ေတာင္ ေအးျမျခင္းကိုခံစားမိပါေတာ့သည္။ အဖ်ားက်သြားၿပီျဖစ္ေသာ္လည္း ေ႐ႊကူ႕စိတ္ေတြမလန္းဆန္းသည္က ထိုေအးျမျခင္းေလးႏွင့္ေတြ႕မွ ေနသာထိုင္သာရွိသြားရေတာ့သည္။

ဂါဝန္အျဖဴေရာင္ေလးႏွင့္မွိုလုံးေလးအလားျဖစ္ေနသည့္ေကာင္မေလးက ပန္းေလးေတြကိုခူးေနေလေတာ့သည္။ ေက်ာျပင္ေသးေသးေလးကိုၾကည့္လိုက္ ေျခသလုံးေသးေသးေလးကိုၾကည့္လိုက္ႏွင့္ ကြန့္ျမဴးခါးေထာက္ကာေကာင္မေလးကိုေနာက္မွၾကည့္ေနရင္မွ အနားသို႔သြားလိုက္ေတာ့သည္။

"ေဟ့"

"အမေလး.."

ကိုယ္ေလးကတုန္သြားေလကာ လန့္သြားသည့္ေကာင္မေလးကိုကြန့္ျမဴးေက်ာေလးပုတ္ေပးလိုက္ေတာ့သည္။

"ေကာင္မေလးကလဲ ကိုယ့္ရည္းစားကိုေတြ႕တာဘာျဖစ္လို႔လန့္သြားရတာလဲကြာ"

"အကိုေလးကအသံမေပးပဲလာတာကိုလန့္တာေပါ့လို႔"

ေ႐ႊကူအကိုေလးႏွင့္နည္းနည္းခြာကာရပ္ေနလိုက္ေတာ့ အနားကိုအတင္းတိုးလာသည့္အကိုေလးဆီက ေမႊးပ်ံ့ေနေလေတာ့သည္။ အတင္းလိုက္ကပ္ေနတာမ်ား ေ႐ႊကူအကိုေလးရဲ႕ပခုံးေတြကိုထိမိေနသည္အထိပင္ တိုးကပ္ေနေလေတာ့သည္။

ရည္းစားျဖစ္ခါစမို႔လားေတာ့မသိ ေ႐ႊကူအကိုေလးကိုျမင္မိလွ်င္ရင္ေတြ တလွ်ပ္လွ်ပ္ႏွင့္ျဖစ္ေနရသလို နီးေနလွ်င္ပို၍ ရင္ေတြခုန္မိေနေတာ့သည္။ အခုပဲၾကည့္ အကိုေလးလက္ေမာင္းေလႏွင့္ထိေနမိသည္ကိုေတာင္ ေ႐ႊကူ႕စိတ္ထဲတြင္မေနတတ္မထိုင္တတ္ႏွင့္ ၾကည္ႏူးသလိုေလးခံစားမိေတာ့သည္။ ရွက္တာေလးလဲနဲနဲပါတာေပါ့ေလ စိတ္ထဲယြစိယြစိႏွင့္ ေ႐ႊကူ႕ႏွလုံးသားေလးတြင္အေကာင္ေလးမ်ားတတ္ေနရသည္ကိုေတာ့ အကိုေလးသိပုံမေပၚေပ။

"ေကာင္မေလး"

"အြန္း"

"ကိုယ့္ကိုခ်စ္လား"

"အာ ..မသိဘူး"

"ဟာ..အေစာကပဲေျဖေပးထားတယ္ေလကြာ ထပ္ၿပီးေျပာပါအုံးအဲ့လိုေလး.. ေကာင္မေလးကတစ္ခါပဲေျဖေတာ့ကိုယ္ကေသခ်ာမၾကားလိုက္လို႔"

"မသိပါဘူးဆိုအကိုေလးကလဲ"

ရွက္ေနသည့္ေကာင္မေလးကဟိုဘက္ေလးထပ္တိုးသြားသည့္အခါ ကြန့္ျမဴးေကာင္မေလးနားလိုက္ကပ္လိုက္ေတာ့သည္။

အကိုေလးဆီမွ ပန္းရနံ႕ေလးကိုေတာင္ဖုံးလႊမ္းရသည္အထိ ရနံ႕ေလးကေမႊးေနသည္ေၾကာင့္ေ႐ႊကူၿပဳံးမိလိုက္ေတာ့သည္။ ေ႐ႊကူ႕အကိုေလးကမိန္းခေလးက်လိဳ႕ အေမႊးရနံ႕ေလးအရမ္းႀကိဳက္တာပဲလားဟုေတြးေနမိၿပီး ေ႐ႊကူႏွာဖ်ားဆီတိုးဝင္ေနသည့္ရနံ႕ေလးကိုရႈၿခိဳက္မိျပန္သည္။

"ေကာင္မေလး"

"ကိုယ္ေခၚေနတယ္ေလကြာ ေကာင္မေလးလို႔"

"အကိုေလးေခၚတိုင္းထူးရတာလဲေမာေနၿပီေလအကိုေလးရယ္ ပန္းသာခူးပါနဲနဲပဲက်န္ေတာ့တာကို"

ကြန့္ျမဴးရယ္ေနမိျပန္သည္။ ကြန့္ျမဴးလဲပန္းခူးကူရင္းမွ ေကာင္မေလးကိုသတိရတိုင္းေခၚေနမိသည္မွာ အႀကိမ္အေရအတြက္အေတာ္မ်ားမ်ားထိေတာင္ျဖစ္သြားၿပီျဖစ္ေတာ့သည္။

"ကိုယ့္ကိုခ်စ္လားေကာင္မေလး"

"ဟင့္အင္း.."

"ဟာ "

အကိုေလးအသံေလးကအေစာကလို႐ႊန္း႐ႊန္းမေဝေတာ့ပဲ တိတ္သြားသည္ေၾကာင့္ေ႐ႊကူၾကည့္မိေတာ့ ေ႐ႊကူႏွင့္ခြာကာ ဇြန္႐ြက္ေလးေတြကိုဖိေျခေနေလေတာ့သည္။ ေ႐ႊကူ႕ကိုေမးတိုင္းမခ်စ္ဖူးပဲေျဖမိလို႔ စိတ္မေကာင္းျဖစ္သြားသည္ထင္၍ ေ႐ႊကူျပာယာခက္သြားရေတာ့သည္။

ဇြန္ပန္း႐ုံေလးေပၚကျခင္းေလးေပၚသို႔ ေ႐ႊကူ႕လက္ထဲမွပန္းေလးထည့္ကာ အကိုေလးဘက္ေ႐ႊကူတိုးလိုက္သည္။

"အကိုေလး.."

ရွပ္အင္းက်ီလက္ေမာင္းမွအစေလးကို ေ႐ႊကူဆြဲ၍ေခၚလိုက္ေတာ့အကိုေလးက ဟိုဘက္သို႔လွည့္သြားေလေတာ့သည္။

"အကိုေလးေ႐ႊကူ႕ကိုစိတ္ဆိုးေနတာလားဟင္ "

"....."

"ေ႐ႊကူ႕ကိုစကားမေျပာေတာ့ဘူးေပါ့.."

"....."

"ေ႐ႊကူ႕ကိုမခ်စ္ေတာ့ဘူးေပါ့.."

"ဘယ္သူေျပာလဲ"

ေ႐ႊကူၿပဳံးတုံ႕တုံ႕ေလးႏွင့္ ဟိုဘက္လွည့္ေနသည့္အကိုေလးရဲ႕ေက်ာျပင္ေလးကို လက္ညိုးေလးႏွင့္ထိုးလိုက္ကာ...

"ခ်စ္တယ္ဆိုလဲေ႐ႊကူ႕ကိုစကားျပန္ေျပာအုံးေလ "

ကြန့္ျမဴးၿပဳံးေပ်ာ္ေနသည္ကိုမသိသည့္ေကာင္မေလးက ခ်စ္စရာေကာင္းစြာေခ်ာ့ေနေလေတာ့သည္။

"အကိုေလးကခဏခဏေမးေတာ့ ေ႐ႊကူကရွက္တာေပါ့လို႔ "

"....."

"အကိုေလးေနာ္ ေ႐ႊကူမေခ်ာ့တတ္ဘူးအဲ့လိုႀကီးစိတ္မဆိုးပါနဲ႕ဆို"

"....."

"စကားျပန္ေျပာပါအုံးေလအကိုေလး"

"....."

ေ႐ႊကူဘယ္လိုေျပာေျပာမေျဖသည့္အကိုေလးက သစ္႐ြက္ေတြကိုေတာ့ဖိေခ်ၿမဲျဖစ္ေတာ့သည္။ မတတ္သာသည့္အဆုံး အကိုေလးၾကားခ်င္သည့္အေျဖကိုေျဖဖို႔သာ သတိရေတာ့သည္။

"ေ႐ႊကူအကိုေလးကိုခ်စ္ပါတယ္ဆို"

ကြန့္ျမဴးေက်ာျပင္ေလးဆီ တို႔ထိေနရင္းမွ ဆိတ္ဆြဲလာေလသည့္ေကာင္မေလးက ရွက္လို႔ေပါ့ေလ။

"အကိုေလး.."

"ေျပာေတာ့ျဖင့္ခ်စ္တယ္ဆိုတဲ့အသံေလးၾကားခ်င္လို႔ပါဆို အခုေျပာေနၿပီေလလွည့္မၾကည့္ေတာ့ဘူးေပါ့ ဟြန့္..."

ေ႐ႊကူလဲမေက်နပ္ေတာ့၍ ေက်ာျပင္ကိုလက္သီးႏွင့္ခပ္ဖြဖြထိုးပစ္ကာ  တစ္ဖက္သို႔လွည့္ေနပစ္လိုက္ေတာ့သည္။

"ဘယ္သူကလွည့္မၾကည့္ဘူးလို႔ေျပာလို႔လဲကြ"

"အကိုေလး..လႊတ္ .."

ေ႐ႊကူ႕ကိုေက်ာဘက္မွဖက္လာသည့္အကိုေလးလက္ေတြဟာ ေ႐ႊကူခါးေပၚတြင္ျဖစ္ေတာ့သည္။

"ခစ္ခစ္ မနမ္းနဲ႕လို႔အကိုေလး.. ခစ္ခစ္..ယားတယ္လို႔"

ေ႐ႊကူ႕ပါးျပင္ေတြေပၚ အတင္းလိုက္ငုံ႕နမ္းေနသည့္အကိုေလးက ေ႐ႊကူ႕ကိုလဲလြတ္ထြက္မသြားေအာင္ဖက္ထားေလေတာ့သည္။ ခါးဆီဖက္ထားသည့္လက္ေတြက တစ္ခ်က္တစ္ခ်က္ကာလိထိုးေသးသည္ေၾကာင့္ ေ႐ႊကူမွာရယ္ေနရေတာ့သည္။

"ခ်စ္တယ္လို႔ထပ္ေျပာရင္လႊတ္ေပးမယ္"

အကိုေလးရင္ဘက္ဆီေ႐ႊကူ႕လက္ခေလးမ်ားအပ္ႏွံ၍ ရယ္ရလြန္းသည္ေၾကာင့္ေမာဟိုက္ေနမိသည့္ေ႐ႊကူ႕ကို အကိုေလးကဖက္ထားဆဲျဖစ္ေတာ့သည္။

"အခုမွရည္းစားျဖစ္တာတစ္ရက္မျပည့္ေသးဘူး အကိုေလးကေ႐ႊကူ႕အေပၚအနိုင္စက်င့္ေနၿပီေပါ့ေလ"

ဆူပုတ္ပုတ္ေလးႏွင့္ကြန့္ျမဴးကိုေမးခြန္းထုတ္လာေလေတာ့သည္။

"ဟား ဟား ..ခ်စ္လို႔ေလကြာ ဒါကအနိုင္က်င့္တယ္မေခၚဘူးကြ အခ်စ္စမ္းတယ္လို႔ေခၚတာ"

ေ႐ႊကူကအစထဲကရွက္ေနရပါတယ္ဆိုမွ အခ်စ္စမ္းသည္ဆိုသည့္စကားေလးၾကားလိုက္ရေတာ့ တစ္ေနရာရာသို႔ေျပးသာပုန္းလိုက္ခ်င္ပါေတာ့သည္။ အဲ့လိုႏုႏုယြယြအခ်စ္စကားလုံးေလးေတြကို ေ႐ႊကူကသာနားမေထာင္ရဲျဖစ္ေနေပမယ့္ အကိုေလးကေတာ့ေရပတ္မဝင္ေျပာေနေလေတာ့သည္။

"ေအးမေျဖရင္ ကိုယ္ထပ္နမ္းမွာေနာ္"

ေ႐ႊကူ႕ဆီထိုးက်လာသည့္ကိုယ္ႀကီးကို ေ႐ႊကူအားကုန္သုံး၍တားလိုက္ရေတာ့သည္။

"ေျဖပါ့မယ္အကိုေလးရယ္ ထပ္ေတာ့မနမ္းပါနဲ႕ေတာ့ "

အခုမွရည္းစားျဖစ္တဲ့သူကို အားတိုင္းနမ္းေနသည့္အကိုေလးေၾကာင့္ ေ႐ႊကူ႕မွာအကိုေလးကိုျပန္ေတာင္အမ္းခ်င္ေနရေတာ့သည္။ ခက္တာက ဘယ္သူ႕သြားအမ္းရမလဲမသိတာပဲ။

ေခါင္းေလးငုံ႕ထားသည့္ေကာင္မေလးကို ကြန့္ျမဴးငုံ႕ၾကည့္ေနရင္းမွ ရင္ဘက္ဆီကလက္ခေလးကိုၾကည့္မိေတာ့အူေတြယားလာရျပန္သည္။ ဘာလို႔တြန္းေနရတာလဲကြာ အားလဲမရွိပဲနဲ႕။

"အကိုေလးကိုေလ ေ႐ႊကူေလ "

"အင္း"

"ခ်စ္တယ္ေနာ္"

"ေကာင္မေလးဖြင့္ေျပာတာကိုလက္ခံတယ္ ကိုယ္လဲခ်စ္တယ္ေနာ္"

"ဟင္ ေ႐ႊကူကဖြင့္ေျပာတာမဟုတ္ဘူးေလ ေ႐ႊကူကအေျဖျပန္ေပးတာေလ"

"မရွက္ပါနဲ႕ကြာ ကိုယ့္လိုလူကိုခ်စ္မိတာနားလည္ေပးလို႔ရပါတယ္ ကိုယ္ကလဲအင္း.. ခ်စ္ရသူဆိုေတာ့မူမေနေတာ့ဘူးေနာ္  အခ်စ္ေတြလဲအကုန္ယူ ေရာ့.. အာဘြားေတြလဲႀကိဳက္သေလာက္ယူ"

ေ႐ႊကူ႕ဆီပါးႀကီးလာထိုးေပးသည့္အကိုေလးေၾကာင့္ ရယ္လိုက္မိေတာ့သည္။ အကိုေလးေတာ့ေနာ္ ေ႐ႊကူကနမ္းတာလက္မခံေတာ့ သူ႕ကိုနမ္းဖို႔စကားလမ္းေၾကာင္းေနတာေပါ့ေလ။ ေ႐ႊကူ႕မွာအဖ်ားလဲဘယ္ဆီေနမွန္းမသိ အကိုေလးရဲ႕ဖက္ထားမႈေတြေအာက္ ေခြၽးေလးေတြစို႔ေနရေတာ့သည္။

"မနမ္းဘူးေပါ့ေလဟုတ္လား ဒီေကာင္မေလးကမနမ္းဘူးေပါ့ေလ.."

"အေမ့အကိုေလး  ေ႐ႊကူျပဳတ္က်လိမ့္မယ္လို႔ အကိုေလး.. "

ေကာင္မေလးကိုေစြ႕ခနဲေကာက္ေပြ႕၍ လွည့္ပက္ရမ္းလိုက္ေတာ့ ေကာင္မေလးကေအာ္ေနေလေတာ့သည္။ တစ္ခစ္ခစ္နဲ႕ပါရယ္ၿပီးသေဘာေတြက်ေနသည့္ေကာင္မေလးကို ကြန့္ျမဴးအၾကာႀကီးလွည့္ပတ္၍ခ်ေပးလိုက္ေတာ့ ႏွစ္ေယာက္လုံးယိမ္းထိုးသြားရေတာ့သည္။

"ကမၻာႀကီးကခ်ာခ်ာလည္ေနတယ္အကိုေလး ခစ္ခစ္ လည္ေနၿပီ"

"ဟား ဟား.. ဟုတ္ပါ့ကြာေကာင္မေလးေတြအမ်ားႀကီးပဲျမင္ေနရတယ္ ကိုယ္ေတာ့ထီေပါက္ၿပီထင္တယ္"

ေ႐ႊကူ႕မွာလဲမွာဆိုး၍ အကိုေလးကိုလွမ္းဆြဲထားပါသည္ဆိုမွ ေ႐ႊကူအမ်ားႀကီးျဖစ္ေနသည္လို႔ ျမင္ေနတဲ့အကိုေလးကေပ်ာ္ေနေလရဲ႕ေလ။ ေ႐ႊကူအမ်ားႀကီးရွိေတာ့ အမ်ားႀကီးကိုလိုက္နမ္းမလို႔ေပါ့ေလ။

...............

"ဘာလို႔ထခ်က္ေနတာလဲကြာ ေနေကာင္းေသးတာလဲမဟုတ္ပဲနဲ႕"

"ေ႐ႊကူမဖ်ားေတာ့ပါဘူးအကိုေလးရဲ႕"

"လာထိုင္ကိုယ္ခ်က္မယ္"

"ေနပါအကိုေလးရယ္ ေ႐ႊကူ႕ဘာသာလုပ္ပါ့မယ္ ခ်က္တတ္တာလဲမဟုတ္ပဲနဲ႕"

"ကိုယ္မခ်က္တတ္ဘူးလို႔ဘာလို႔ထင္တာလဲ ၾကည့္ေန.."

"ခလြမ္း.."

"ဟင္"

ေ႐ႊကူအကိုေလးနားေျပးသြားလိုက္ၿပီး လက္ကိုဆြဲယူၾကည့္လိုက္ေတာ့ လက္ထိပ္ေလးေတြဟာရဲစက္ေနေလေတာ့သည္။
ဟင္းရည္အိုးက ေရက်ခါနီးမို႔ဆူပြတ္ေနသည္ကိုအကိုေလးက သြားလွပ္လိုက္သည့္အခါ အကိုေလးလက္အပူေလာင္သြားရျခင္းျဖစ္ေတာ့သည္။

"အကိုေလးရယ္ေ႐ႊကူေျပာပါတယ္ မခ်က္တတ္ပဲနဲ႕မလုပ္ပါနဲ႕ဆို "

"ကိုယ္ကေကာင္မေလးကိုကူေပးခ်င္တာေလကြာ"

"အဲ့တာဆိုလဲ လက္ႏွီးစုတ္မယူပဲဘာလို႔ကိုင္လိုက္ရတာလဲ ၾကည့္အပူေတြေလာင္သြားၿပီ "

ေရေအးေအးႏွင့္လက္ကိုေလာင္းေပးကာ ေကာင္မေလးကစိုးရိမ္တႀကီးေျပာလာေလေတာ့သည္။

"ကိုယ္ကေယာက္က်ားေလးပါကြ ဒီေလာက္ကေတာ့ေအးေဆးပဲ"

"အဲ့တာဆိုလဲကိုယ့္ဘာသာလုပ္ ေ႐ႊကူဂ႐ုမစိုက္ေတာ့ဘူး ဟြန့္.."

ကြန့္ျမဴးလက္ကိုပစ္ခ်ကာ ဟင္းအိုးေလးသြားခ်သည့္ေကာင္မေလးက အလိုမက်စြာႏႈတ္ခမ္းေလးဆူထားေလေတာ့သည္။ မ်က္မွန္ေလးႏွင့္ခ်စ္စဖြယ္မ်က္ႏွာေလးက ယခုလိုေလးစိတ္ေကာက္ေနသည္အခါ အရမ္းကိုခ်စ္စရာေကာင္းေနေတာ့သည္။

"ၾကည့္ပါအုံး ကိုယ့္လက္ေလးအရမ္းနာလို႔ ရဲေတာင္ေနၿပီ "

"မျပနဲ႕ ေ႐ႊကူ႕စကားမွနားမေထာင္ပဲခံေပါ့လို႔"

"ေကာင္မေလးပင္ပန္းေနတာမၾကည့္ရက္လို႔ဝိုင္ကူေပးတာေလကြာ ဒါေပမယ့္အကူမတတ္ေတာ့ၾကည့္ ေကာင္မေလးစိတ္ပူသြားရၿပီ"

"ေ႐ႊကူကစိတ္ပူတယ္လို႔ေျပာမိလို႔လား"

ေ႐ႊကူမလုံမလဲႏွင့္ ေရခဲေသတၱာေတြသြားဖြင့္ေနမိေတာ့သည္။ ေရခဲေသတၱာထဲယူစရာလဲမရွိသည့္အခါ ေရတစ္ဗူးထုတ္၍ေသာက္ရန္သာျပင္လိုက္ေတာ့သည္။

"ေရခဲေရေသာက္လို႔မရေသးဘူးေကာင္မေလး ေသာက္ခ်င္ရင္ရိုးရိုးေရပဲေသာက္"

ေ႐ႊကူ႕လက္ထဲမွေရဗူးေလးဆြဲယူသြားကာ ေရကရားေလးထဲမွ ရိုးရိုးေရတို႔ကိုထည့္ကာဖန္ခြက္ႏွင့္ေပးလာသည့္အကိုေလးေၾကာင့္ ေ႐ႊကူလဲယူ၍ေသာက္လိုက္ေတာ့သည္။ ထို႔ေနာက္ထမင္းအတူစားျပန္ေတာ့လဲလက္နာေနသည္လုပ္ကာ ေ႐ႊကူ႕ကိုဟင္းေတြအကုန္ထည့္ခိုင္းကာ ခြံ႕ပါေကြၽးခိုင္းေလေတာ့သည္။ အကိုေလးေတာ့ေနာ္ ေ႐ႊကူ႕အေပၚအၿမဲအခြင့္ေရးယူဖို႔ဆို ဘယ္ေလာက္ထိမ်က္ႏွာေျပာင္ရေျပာင္ရ ခေလးလိုကိုဆိုးေနေတာ့တာပဲေနာ္။

ေ႐ႊကူရထားတာရည္းစားမဟုတ္ပဲ ခေလးရထားတာမ်ားလားေတာင္ထင္မိပါသည္။

"ေကာင္မေလး ခါးပတ္"

"ေ႐ႊကူပတ္လိုက္.."

"ႁပြတ္.."

ပါးေလးကိုအသံျမည္သည္အထိနမ္းလိုက္ေတာ့ မ်က္လုံးေလးျပဴးကာေၾကာင္ေနေလေတာ့သည္။

"မေတာ္တဆ မေတာ္တဆနမ္းမိသြားတာ ကိုယ္ကေစတနာနဲ႕ခါးပတ္ပက္ေပးတာေလကြာ ေကာင္မေလးကပါးေလးထိုးခံလိုက္ေတာ့နမ္းမိသြားတာ"

"ဟင္ .."

ေ႐ြကူပါးေလးလက္ေလးႏွင့္ကိုင္၍ အကိုေလးဘက္မလွည့္ရဲေတာ့ပဲ ဟိုဘက္ေလးလွည့္၍သာက်ဳံ႕က်ဳံ႕ေလးထိုင္ေနမိေတာ့သည္။ ေ႐ႊကူကပဲ ပါးထိုးခံရတယ္ျဖစ္ေသး။ အကိုေလးကသာတမင္ႀကံၿပီး ေ႐ႊကူ႕ကိုခါးပတ္ပက္ေပးမယ္လုပ္ၿပီး နမ္းသြားတာကိုမ်ား အကိုေလးတို႔မ်က္ႏွာေျပာင္ေနခ်က္ကို ေ႐ႊကူဘယ္နည္းႏွင့္မွလိုက္မမွီသည္အထိျဖစ္ရေတာ့သည္။

"ေ႐ႊကူေရ ဥကၠ႒ေလးကသူ႕အခန္းလာခဲ့ပါအုံးတဲ့ "

"အခုလားမဇင္"

"အင္းအေရးႀကီးတယ္ေျပာတာပဲမဇင္ကိုေတာ့"

"ဟုတ္ "

ေ႐ႊကူတံခါးေလးေခါက္၍ဝင္သြားလိုက္ေတာ့ ခုံတြင္မွီ၍က်က်နနထိုင္ကာ ေ႐ႊကူ႕ကိုၿပဳံးျပေနသည့္အကိုေလးကို ရင္ခုန္ဖြယ္ရာျမင္ရေတာ့သည္။

"အကိုေလးေခၚတယ္ဆိုလို႔"

"ၾကည့္..အဲ့တာေတြအကုန္လုံးကိုယ္လက္မွတ္ထိုးရမွာ"

ေမးေငါ့ျပရာၾကည့္လိုက္ေတာ့ အထပ္လိုက္ျဖစ္ေနသည့္ဖိုင္မ်ားဟာ အပုံအပင္လိုက္ျဖစ္ေတာ့သည္။

"အဲ့တာကိုယ့္လက္ကနာေနတယ္ ကိုယ္ဘယ္လိုမွေဘာပင္ကိုင္မရဘူးေကာင္မေလး"

ေ႐ႊကူ႕ကိုဘာလို႔ေခၚမွန္းအခုထိနားမလည္ေသးသည္ေၾကာင့္ ေ႐ႊကူအကိုေလးထပ္ေျပာမည့္စကားတို႔ကိုသာေစာင့္ဆိုင္းေနလိုက္ေတာ့သည္။

"ေကာင္မေလးကိုယ့္အစားလက္မွတ္ထိုးေပးလို႔ရမလား"

"ေ႐ႊကူကအစားလက္မွတ္ထိုးေပးရမယ္"

"အင္း"

"ဘယ္လိုလုပ္ျဖစ္မွာလဲအကိုေလးရယ္ အကိုေလးလက္မွတ္ေ႐ႊကူထိုးလဲမထိုးတတ္ဘူး အဆင္မေျပေလာက္ဘူးအကိုေလးရဲ႕ "

"အဆင္မေျပစရာအေၾကာင္းမရွိပါဘူးကြာ လာကိုယ္ျပမယ္ ေဘးမွာအရင္လာထိုင္လိုက္"

ကြန့္ျမဴးအတင္းေခၚလိုက္မွ ေဘးကခုံေလးတြင္လာထိုင္ကာ ကြန့္ျမဴးကိုမအူမလည္ပုံစံေလးႏွင့္ၾကည့္လာေလေတာ့သည္။ ေကာင္မေလးရယ္ အဲ့မ်က္ဝန္းေလးနဲ႕ၾကည့္ေတာ့ ကိုက္စားမိေတာ့မယ္ထင္တယ္။

"အကိုေလး.."

"ပူပူႏြေးႏြေးရည္းစားေလးကို ကိုယ္ၾကည့္မဝျဖစ္ေနတာ ဟား ဟား.."

ေ႐ႊကူထေျပးမည္လုပ္ေတာ့ လက္ကဆြဲထားေလသည္ေၾကာင့္ ေ႐ႊကူျပန္ထိုင္ေနလိုက္ရေတာ့သည္။

"ေျပးေတာ့အေျပးပါနဲ႕ကြာ ကိုယ္ထပ္မေျပာေတာ့ဘူးဟုတ္ၿပီလား.."

ေခါင္းေလးၿငိမ့္ျပေလသူေကာင္မေလးက ထုံးစံအတိုင္းပါးေလးရဲေနေလျပန္သည္။ ေကာင္မေလးအတြက္ဆိုကိုယ္ေဘးမွာရွိေနရင္ ပါးနီျခယ္ဖို႔မလိုေလာက္ဘူးထင္ပါရဲ႕။

"ေဘာပင္ေလးကိုင္ၿပီးအဲ့ဖိုင္ေလးယူလိုက္"

အကိုေလးေျပာသည့္အတိုင္းေ႐ႊကူလုပ္လိုက္ေတာ့သည္။

"လက္မွတ္ထိုးမယ့္ေနရာေလးေထာက္ထားလိုက္"

ေ႐ႊကူေဘာပင္ေလးကိုင္၍ စာ႐ြက္ေလးေပၚေထာက္ထားလိုက္သည့္အခါေ႐ႊကူ႕လက္ေပၚထပ္၍လာကိုင္သည့္အကိုေလးေၾကာင့္ ေ႐ႊကူ႕လန့္သြားရေတာ့သည္။စာေရးသင္ခါစခေလးတစ္ေယာက္ကို ဆရာျဖစ္သူကလက္မွကိုင္၍ေရးတတ္ေစရန္သင္ျပသကဲ့သို႔ အကိုေလးကလဲျပဳမူလာေတာ့သည္။ အကိုေလးရဲ႕အထိအေတြ႕ေတြကိုေ႐ႊကူအခုထိေနသားမက်ေသးသည္မွာ ထိလိုက္တိုင္းပင္ ဓာတ္လိုက္သလိုခံစားေနရသည္က သက္ေသျဖစ္ေတာ့သည္။

Words 2900
4.10.2023 7:05pm
ဆက္လက္ႀကိဳးစားသြားပါမည္။

ကဲ မႀကိဳးအသဲတို႔ေရ ေ႐ႊကူေလးတို႔က paid gp ေလးမွာ အပိုင္း ၅၈ နဲ႕ အစအဆုံးဖတ္လို႔ရပါၿပီေနာ္။ ဝင္ေၾကးေလးက တတ္နိုင္သေလာက္ပဲမို႔ တစ္ထိုင္တည္းဖတ္ခ်င္တဲ့အသဲတို႔က မႀကိဳးဆီ Gp ေလးလာဝင္လို႔ရၿပီေနာ္။

WavePay - 09983521528
KayPay - 09973860994

Continue Reading

You'll Also Like

174K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
231K 31K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
394K 15.9K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ