အမျိုးသားခုနစ်ယောက်ကို ချစ်ခွ...

By Melinoe_Megami

213K 42.1K 2.6K

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? ''မင်းကိုယ့်ကို ခုနစ်ကြိမ် လက်ထပ်ခွင့်တောင်းခ... More

Characters' Info
188
189
190
191
192
193
194
195
196
197
198
199
200
201
202
203
204
205
206
207
208
209 - Arc (4) End
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279 - End
Hello~~

249

1.8K 419 5
By Melinoe_Megami

Unicode

ခြူးမုယွင်သည် Zero လေး၏ Mission ကို လက်ခံလိုက်ခြင်းက သူလိုချင်နေသည့် တစ်စုံတစ်ရာ ရှိနေသောကြောင့်ပင်။

အသိစိတ် စတင်ဖြစ်တည်လာကတည်းက ထိုအရာကို လိုချင်တောင့်တခဲ့သည်။

ထိုအရာကား ‘ဝတ္ထုပစ္စည်း’မဟုတ်၊ ‘အမှန်တရား’သာ ဖြစ်၏။

သူ့ကိုယ်သူ သိချင်သည်။ သူ ဘယ်သူလဲဆိုတာ သိချင်မိသည်။

ကမ္ဘာမြေ၊ ၂၁ ရာစုတွင် လူတိုင်း၊ မိဘမဲ့များပင် သွေးရင်းမိဘ ရှိကြသော်လည်း သူ့မှာတော့ မရှိခဲ့ပေ။

ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ သူ၏အသိစိတ် ဖြစ်တည်လာချိန်တွင် အရွယ်ရောက်နေပြီ ဖြစ်သည်။ သူ့တွင် နေထိုင်လှုပ်ရှားရန် လိုအပ်သည့် အသိအမြင်များ ရှိနေပြီးသားဖြစ်ပြီး သူ၏ဘဝကို လွယ်ကူစွာ ထိန်းကျောင်းနိုင်ခဲ့သည်။

ကမ္ဘာလောကကြီးသည် အလွန်ကျယ်ဝန်းပြီး အံ့အားသင့်ဖွယ်ပစ္စည်းများ၊ ဆန်းသစ်မှုများဖြင့် ပြည့်နှက်နေသည်။ စိတ်ကူးနိုင်သရွေ့ အဆုံးအစမရှိသော စိတ်အားတက်ကြွဖွယ် အရာများကို ရှာတွေ့နိုင်လိမ့်မည်။

လိင်ကိစ္စ၊ စွန့်စားခန်း၊ အောင်မြင်မှု၊ ဩဇာအာဏာနှင့် သေမင်းနှုတ်ခမ်းဝကို ဖြတ်ပြေးနေရသော အားကစားများ၊ စသည့်အရာများသည် လူသားတို့၏ နှလုံးသားထဲမှ စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်ပြီး အသက်ရှင်သန်ရခြင်း၏ တန်ဖိုးကို သိမြင်စေကာ သေခြင်းတရားကို ကြောက်ရွံ့လာစေသည်။

သို့သော် ခြူးမုယွင်တွင် ထိုသို့သောခံစားချက်များ မရှိခဲ့ပေ။

မည်သည့်အရာမဆို သူ့အတွက် လွယ်ကူလွန်းသည်။ ပိုက်ဆံလိုချင်သလား၊ လက်ချောင်းမြှောက်လိုက်ရုံဖြင့် ရနိုင်သည်။ အာဏာလိုချင်သလား၊ လွယ်ကူလွန်းသည်။ အပျော်အပါး ရှာဖွေချင်သလား၊ ဘယ်သောအခါမှ လူပြတ်သွားမည်မဟုတ်။ စိန်ခေါ်ရမည့် အရာဟူ၍ ရှိပါသေး၏လော။ ဆာဟာရသဲကန္တာရကို ဖြတ်ကျော်၍ ကမ္ဘာအနှံ့ ခရီးထွက်ခဲ့သည်။ အို့… သူ ကမ္ဘာ့အပြင်ဘက် အာကာသထဲကိုတော့ မသွားဖူးသေးချေ။

သို့သော် ထိုကိစ္စများ၏ ရည်ရွယ်ချက်က အဘယ်နည်း။ သူ၏စိတ်ထဲ အရာအားလုံး အဓိပ္ပါယ်မဲ့နေသလို ခံစားနေခဲ့ရသည်။

နှစ်နှစ်ဆယ်၊ သုံးဆယ်ခန့်သာ အသက်ရှင်ရသေးသော်ငြား ထိုနှစ်နှစ်ဆယ်ကျော် သုံးဆယ် ဘဝမျိုး မရေမတွက်နိုင်အောင် နေထိုင်ခဲ့ရပြီး အမြဲတစေ စိတ်လှုပ်ရှားစရာများကို ရှာဖွေနေကာ၊ ထပ်တလဲလဲ စိတ်ပျက်လမ်းပျောက်ခဲ့ရသလို ခံစားနေရသည်။

ထို့ကြောင့် ကားမတော်တဆ ဖြစ်ခဲ့စဉ်ကပင် သူ၏စိတ်ထဲ အလွန်တည်ငြိမ်နေပြီး သွေးဘယ်လောက်ထွက်မလဲ တွက်ချက်နေခဲ့သည်။ သေဆုံးရမည်ကိုပင် ဘာမှမထူးခြားသလို တွေးနေခဲ့သည်။

သူသေသွားရသည့်အတွက် စိတ်ပျက်ဝမ်းနည်းမှု မရှိသလို အသက်ပြန်ရှင်လာချိန်မှာလည်း မအံ့ဩခဲ့ပေ။

သို့သော် Zero လေး၏ စကားတစ်ခွန်းက သူ့ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

တာဝန်ကို အောင်အောင်မြင်မြင်လုပ်နိုင်ရင် မင်းလိုချင်တာ ရလိမ့်မယ်..!

သူလိုချင်သည်က… သူ ဘယ်သူလဲ၊ ဘယ်အရာတွေကို မေ့ပျောက်နေသလဲ သိချင်ရုံသာ။

ယခုတော့ ဖြည်းဖြည်းချင်း ရှင်းလင်းလာခဲ့ချေပြီ။

နတ်ဆိုးတိုင်းပြည်မှတဆင့် သူ့ဘဝ၏ အခြားတစ်ဖက်ခြမ်းကို တွေ့မြင်လာခဲ့သည်။

ဧကန္တ ဤနေရာတွင် သူကိုယ်တိုင်၏ အစစ်အမှန်ကို ရှာတွေ့နိုင်လိမ့်မည်။

လမ်းပျောက်နေသော လူတစ်ယောက်၊ သူ့ကိုယ်သူပင် မေ့ပျောက်နေသော လူတစ်ယောက်။

ခြူးမုယွင်သည် ဉာဏ်ကောင်းသူဖြစ်သောကြောင့် ဖြစ်နိုင်ခြေအားလုံးကို စက်ယန္တရားတစ်ခုနှယ် အမှားအယွင်းမရှိ တွက်ချက်နိုင်ခဲ့သည်။

သူ၏ ပျောက်ဆုံးနေသော အချိန်ကာလက သိပ်မကောင်းခဲ့မှန်း သူ တွေးနိုင်ပါသည်။ သူကိုယ်တိုင်က ထိုစဉ်ကမှတ်ဉာဏ်များကို လိုလိုလားလား လက်လျော့ခဲ့ပုံရသည်။ ထိုမှတ်ဉာဏ်များကို ပြန်မရှာဖွေဘဲ ချိပ်ပိတ်ထားသည်က အကောင်းဆုံးပင်။

မှတ်ဉာဏ်အပိုင်းအစများကြောင့် သူ၏နှလုံးသားထဲတွင် ထိုကလေးငယ်များကို သိမ်းဆည်းထားမိကြောင်း၊ သူတို့ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့သော်လည်း ကြေကွဲဖွယ်အခြေအနေမျိုးဖြင့်သာ လမ်းခွဲခဲ့ကြောင်း သူ အဖြေရှာနိုင်ခဲ့သည်။

အကြောင်းပြချက်မရှိ ကလေးငယ်များကို စွန့်ပစ်ကာ ရန်စမိခဲ့သည်။ သူ့ကိုယ်သူလည်း နာကျင်ခံစားရအောင် လုပ်ခဲ့သည်။

တချို့သော အမှန်တရားများက မေ့ပျောက်ထားတာ အကောင်းဆုံးပင်။

ဥပမာသာဓကများစွာ ဖော်ပြရလျှင် - နှစ်လရှည်ကြာ မျှော်မှန်းတောင့်တအပ်သော လနန်းတော်သို့ တွယ်တက်ခဲ့သော်ငြား ချိုင့်ခွက်များနှင့် သွေးခဲမတတ် အေးစိမ့်မှုကိုသာ ရှာတွေ့ခဲ့ခြင်း၊ အံ့ဖွယ်ဆန်းပြား ရေအောက်နဂါးနန်းတော်ကို ရှာဖွေခဲ့သော်ငြား အမှောင်ထုကြီးသာ၊ မှောင်မိုက်အေးစက်ပြီး ဗလာကျင်းနေသော ငရဲတမျှ ကြောက်မက်ဖွယ်ချောက်နက်ကြီးကိုသာ တွေ့ရှိခဲ့ခြင်း စသည်ဖြင့်…

သို့သော် လူသားများသည် အကျိုးနှင့်အကြောင်း သံသရာစက်ဝန်းထဲမှ မရုန်းထွက်နိုင်ကြပေ။ ဖြစ်ပျက်လာမည့် အကျိုးဆက်ကို သိနေပါသော်ငြား သူတို့ ဆန္ဒရှိလျှင် တိုးဝင်ကြသည်ချည်း။ မီးတောက်က ခန္ဓာကိုယ်ကို လောင်ကျွမ်းစေမှန်း သိနေသည့်တိုင် အလွန်အမင်း အေးစက်လာလျှင် မီးပုံထဲလည်း ခုန်ဆင်းကြလိမ့်မည်။

ခြူးမုယွင်လည်း အလွန်အေးစက်နေသည်၊ သို့ဖြစ်ရာ သူ့ကို လောင်ကျွမ်းစေလျှင်ပင် မီးပုံထဲ ခုန်ဆင်းချင်နေတော့သည်။

တခြားရှုထောင့်မှ တွေးကြည့်လျှင် ဤသည်က တကယ့်ကို မထူးခြားပါချေ။ သူ ပထမအကြိမ် လက်လျော့နိုင်သည်။ ဒုတိယအကြိမ် လက်လျော့နိုင်သည်။ တတိယအကြိမ်လည်း ပြန်စဉ်းစားကြည့်လျှင် လက်လျော့နိုင်သည်။ သို့သော် ဘဝ၏ အဓိပ္ပါယ်ကား စူးစမ်းရှာဖွေခြင်း၊ ရရှိခြင်း၊ ဆုံးရှုံးခြင်း၊ တောင့်တခြင်းများဖြင့် အသိစိတ်ပျောက်ဆုံးလာသည်အထိ ထပ်တလဲလဲ လည်ပတ်နေသည် မဟုတ်ပါလား။

သို့ဖြစ်ရာ ခြူးမုယွင်က Mission လုပ်ရန် ရွေးချယ်လိုက်သည်။

ယနေ့ဤအချိန်ထိ အတော်များများ လေ့လာသင်ယူနိုင်ခဲ့သည်။ ကျွင်းမော့က ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း ရက်စက်ကြမ်းကြုတ်သည့် စကားလုံးများ ပြောလာမှသာ ‘အစမှအဆုံးထိ ပစ်ပယ်ခံထားရတယ်’ ဟူသော စကား၏ ပိုမိုလေးနက်သော အဓိပ္ပါယ်တစ်ခုကို သူ သတိပြန်ရလာခဲ့သည်။

ကျွင်းမော့… သူ ကျွင်းမော့ကို အစမှအဆုံးထိ လက်လျော့ထားခဲ့မိသည်။

ခြူးမုယွင်သည် သူ ပြုစုပျိုးထောင်ခဲ့သည့် ကလေးငယ်များကို အစဉ်လိုက် မမှတ်မိတော့သော်ငြား မော့ကျိုးရှောင်က ပထမဦးဆုံးဖြစ်ပြီး ကျွင်းမော့က နောက်ဆုံးဖြစ်မှန်းကိုတော့ ရှင်းရှင်းလင်းလင်း သိနေသည်။

ရန်ချန်း၏ သံသယများလွန်းသောစိတ်၊ ရှန်ရွှိန်ယန်း၏ သိမ်းပိုက်ခြယ်လှယ်လိုစိတ်တို့ကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ခြူးမုယွင်က ကျွင်းမော့အပေါ် အရမ်းရက်စက်ခဲ့မိသည်။

သူ့ကို သည်အတိုင်း ပစ်ထားခဲ့သည်။

လူရှုပ်သည့် နေရာတစ်ခုတွင် ချန်ထားရစ်ပြီး နှုတ်ဆက်စကားတစ်ခွန်းပင် မဆိုခဲ့ပေ။

ကျရှုံးမှုများစွာ တွေ့ကြုံခဲ့ပြီးနောက် ခြူးမုယွင်သည် ယခင်လို မဖြစ်ရလေအောင် ကြိုးစားခဲ့သော်ငြား သူ၏ နည်းလမ်းကြောင့် တစ်ဖက်လူမှာ လူ့အရေးကိစ္စများကို နားမလည်ဘဲ ပြန်လည်တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့ခဲ့ရသည်။

ရှန်ရွှိန်ယန်းကို ပြုစုပျိုးထောင်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံကြောင့် သူသာ ကလေးငယ်ကို တိတ်တဆိတ် စောင့်ကြည့်နေလျှင် စိတ်ပျော့သွားမည်မှန်း ခြူးမုယွင် သိနေသည်။ သို့ဖြစ်၍ ကလေးငယ်ကို လုံးဝသွားမကြည့်ခဲ့ပေ။

မည်သို့ဆိုစေ ထိုကလေးငယ် သေသွားမည်မဟုတ်ပေ။ အသက်ကြီးလာပြီး စိတ်တည်ငြိမ်လာလျှင် ဖြည်းဖြည်းချင်း သင်ကြားပေးရမည်။ ဤနည်းလမ်းက ငယ်ငယ်လေးထဲက အနားမှာခေါ်ထားပြီး သင်ကြားပေးသည်ထက် ပိုကောင်းလိမ့်မည်။

ခြူးမုယွင်သည် ကလေးများကို သူနှင့် အချိန်အများကြီး အတူရှိစေခဲ့သောကြောင့်၊ ငယ်ငယ်လေးထဲက သူတစ်ဦးတည်းသာ တွေ့မြင်နေရသောကြောင့် သူ့အပေါ် အလွန်အမင်း မှီခိုအားထားလာကြပြီး ခံစားချက်များ ပြင်းထန်လာကာ မူမမှန်သည့် ခံစားချက်များ ဖြစ်ပေါ်လာရသည်ဟူ၍ ယုံကြည်နေလေသည်။

သူက အမှားတစ်ခုတည်းကို နောက်တစ်ကြိမ် မပြုလုပ်ချင်ခဲ့ပေ။ သို့ဖြစ်ရာ ဤတစ်ကြိမ်မှာတော့ အလွန်သွေးအေးရက်စက်ခဲ့သည်။

ကျွင်းမော့ကို ကမ္ဘာလောကထဲတွင် ကျင်လည်စေပြီး တစ်ကြိမ်လေးမျှ သွားမကြည့်ခဲ့ပေ။

သို့သော် ထိုကလေးငယ်ကို နောက်တစ်ကြိမ် ပြန်တွေ့သောအခါ သူ အမှားကြီးတစ်ခု ပြုလုပ်လိုက်မိမှန်း ခြူးမုယွင် သိလိုက်ရသည်။

ကလေးငယ်သည် သူ၏ ထူးခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် လူအများကြားတွင် နေထိုင်ရန် မဖြစ်နိုင်ခဲ့ပေ။

ကနဦးတွင် ကလေးငယ်သည် ဖြည်းဖြည်းချင်း ကြီးပြင်းလာခဲ့သည်။ သာမန်လူသားများဆိုလျှင် ၁၀ နှစ်ကျော်သွားသည်နှင့် သိသိသာသာ ဖွံ့ဖြိုးလာကြသော်လည်း ကျွင်းမော့ကတော့ ၁၀ နှစ်ပြည့်သွားသည့်တိုင် ၃ နှစ်အရွယ် ကလေးပုံစံသာ ရှိနေသေးသည်။

မူမမှန်သည့် ဖြစ်ရပ်များကို မိစ္ဆာဟူ၍ ခေါ်ဝေါ်တတ်ကြသည်။ အသက်မကြီးလာသော ကလေးငယ်တစ်ယောက်၊ မည်မျှ ချစ်စရာကောင်းစေကာမူ လူအများက သူ့ကို အကြောက်တရားဖြင့် ပစ်ပယ်လာကြတော့သည်။

ကျွင်းမော့၏ သူမတူအောင်ထူးခြားသော ဆံပင်နှင့် မျက်လုံးအရောင်တို့ ပေါင်းစပ်လိုက်သောအခါ ဤသို့ အဖြူရောင်ကျောက်စိမ်းတစ်ပါးနှယ် ဖြစ်တည်လာသော ကလေးငယ်ကို မကောင်းဆိုးဝါး၊ သရဲဟူ၍ သမုတ်ကြတော့သည်။

သို့နှင့် ‘မကောင်းဆိုးဝါးကလေး’ ဟူသည့် အမည်နာမက ကျွင်းမော့၏ ဘဝတစ်လျှောက်လုံး ကပ်ပါလာခဲ့တော့သည်။

နှစ်သုံးဆယ်ကုန်လွန်ခဲ့ပြီးနောက် ကျွင်းမော့၏ အသွင်သဏ္ဌာန်က ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ဖြစ်လာခဲ့ပြီး နောက်ထပ် နှစ်သုံးဆယ်ထပ်ကြာပြီးနောက် ဆယ်ကျော်သက်အရွယ် ဖြစ်လာခဲ့သည်။ သူ့အတွက် လူငယ်တစ်ဦးအဖြစ် ကြီးပြင်းလာရန် နှစ်နှစ်ရာနီးပါး ကြာမြင့်ခဲ့လေသည်။

သို့သော် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် လုံးလုံးလျားလျား သတ်မှတ်ခံလိုက်ရရှာသည်။

ပို၍ဝမ်းနည်းစရာကောင်းသည်ကား ကျွင်းမော့၏ ခန္ဓာကိုယ်သည် သာမန်လူအတိုင်း ဘာမှမထူးခြားခဲ့ပေ။ ထူးထူးခြားခြား စွမ်းအားကြီးမားခြင်း၊ ပိုမိုသန်မာခြင်း လုံးဝမရှိခဲ့ပေ။ ထမင်းမစား ရေမသောက်လျှင် သူ ဗိုက်ဆာလာသည်။ ရေဆာလာသည်။ ဆောင်းရာသီ၌ အအေးမိလျှင် နေမကောင်းဖြစ်တတ်ပြီး နွေရာသီ၌ အပူရှပ်လျှင်လည်း အဖျားဝေဒနာကို ခံစားရတတ်သည်။ ထို့အပြင် အရွယ်ရောက်ရန်လည်း အလွန်နှေးကွေးနေသေးသည်။ သို့ဖြစ်ရာ သူသည် သာမန်လူတစ်ယောက် မဟုတ်တော့။ သာမန်လူလောက်ပင် ဘဝမကောင်းခဲ့ချေ။ အဖေ၊ အမေလည်း မရှိသောကြောင့် သူ့ကို ဂရုစိုက်မည့်လူ လုံးဝမရှိပေ။ သူ့အနားတွင် ရှိနေတတ်သည်က ကြောက်လန့်နေသူများ၊ သနားတတ်သူများနှင့် မုန်းတီးနေသူများသာ။

ထို့အပြင် ၃ နှစ်သားအရွယ် နှစ်သုံးဆယ်ကာလအတွင်း သူက သာမန်ကလေးလိုသာ ပြုမူနိုင်ခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်နေပြီဖြစ်သော်ငြား ခန္ဓာကိုယ်ကတော့ အလွန်အားနည်းခဲ့သည်။ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအတွက် ထိုကာလများဟာ အလွန်ရှည်ကြာခက်ခဲခဲ့ပြီး စိတ်ကူးပုံဖော်ရန်ပင် ခက်လှသည်။

ကျွင်းမော့အတွက် နှစ်နှစ်ရာနီးပါး အချိန်ကာလများသည် အစမှအဆုံးထိ အကြီးမားဆုံးသော ညှင်းပန်းနှိပ်စက်မှုများ ဖြစ်ခဲ့ရသည်။

သူဟာ ဤနေရာနှင့် မသက်ဆိုင်မှန်း သိနေသည်။ စွန့်ပစ်ခံခဲ့ရမှန်း သိနေသည်။ သူ့ကို ဘယ်သူမှ မနှစ်မြို့မှန်းလည်း သိနေခဲ့သည်။ သို့သော် ခေါင်းမာမာဖြင့် အသက်ရှင်သန်ခဲ့ပြီး ပြန်လာခေါ်မလား၊ မလာတော့ဘူးလား သူကိုယ်တိုင်ပင် မသိသည့် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေခဲ့၏။

နောက်ဆုံး ခြူးမုယွင် ရောက်လာချိန်တွင် ကျွင်းမော့ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို သိရှိသွားပြီး ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ကြောင့် ကျွင်းမော့ကို ဘာမှမစဉ်းစားဘဲ ခေါ်ဆောင်သွားခဲ့သည်။

-ဤကား အမှားတစ်ခု ဖြစ်နေပြန်သည်။

…………………………………………………………

TN : ထပ်တင်ပေးပြန်ပြီ၊ Meli လေး ချစ်ဖို့ကောင်းတယ်မလား။ Click ကြမယ်နော်။

…………………………………………………………

Zawgyi

ျခဴးမုယြင္သည္ Zero ေလး၏ Mission ကို လက္ခံလိုက္ျခင္းက သူလိုခ်င္ေနသည့္ တစ္စုံတစ္ရာ ရွိေနေသာေၾကာင့္ပင္။

အသိစိတ္ စတင္ျဖစ္တည္လာကတည္းက ထိုအရာကို လိုခ်င္ေတာင့္တခဲ့သည္။

ထိုအရာကား ‘ဝတၳဳပစၥည္း’မဟုတ္၊ ‘အမွန္တရား’သာ ျဖစ္၏။

သူ႔ကိုယ္သူ သိခ်င္သည္။ သူ ဘယ္သူလဲဆိုတာ သိခ်င္မိသည္။

ကမာၻေျမ၊ ၂၁ ရာစုတြင္ လူတိုင္း၊ မိဘမဲ့မ်ားပင္ ေသြးရင္းမိဘ ရွိၾကေသာ္လည္း သူ႔မွာေတာ့ မရွိခဲ့ေပ။

႐ုတ္တရက္ ထြက္ေပၚလာသကဲ့သို႔ သူ၏အသိစိတ္ ျဖစ္တည္လာခ်ိန္တြင္ အ႐ြယ္ေရာက္ေနၿပီ ျဖစ္သည္။ သူ႔တြင္ ေနထိုင္လႈပ္ရွားရန္ လိုအပ္သည့္ အသိအျမင္မ်ား ရွိေနၿပီးသားျဖစ္ၿပီး သူ၏ဘဝကို လြယ္ကူစြာ ထိန္းေက်ာင္းႏိုင္ခဲ့သည္။

ကမာၻေလာကႀကီးသည္ အလြန္က်ယ္ဝန္းၿပီး အံ့အားသင့္ဖြယ္ပစၥည္းမ်ား၊ ဆန္းသစ္မႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ စိတ္ကူးႏိုင္သေ႐ြ႕ အဆုံးအစမရွိေသာ စိတ္အားတက္ႂကြဖြယ္ အရာမ်ားကို ရွာေတြ႕ႏိုင္လိမ့္မည္။

လိင္ကိစၥ၊ စြန႔္စားခန္း၊ ေအာင္ျမင္မႈ၊ ဩဇာအာဏာႏွင့္ ေသမင္းႏႈတ္ခမ္းဝကို ျဖတ္ေျပးေနရေသာ အားကစားမ်ား၊ စသည့္အရာမ်ားသည္ လူသားတို႔၏ ႏွလုံးသားထဲမွ စိတ္ဆႏၵကို လႈံေဆာ္ေပးႏိုင္ၿပီး အသက္ရွင္သန္ရျခင္း၏ တန္ဖိုးကို သိျမင္ေစကာ ေသျခင္းတရားကို ေၾကာက္႐ြံ႕လာေစသည္။

သို႔ေသာ္ ျခဴးမုယြင္တြင္ ထိုသို႔ေသာခံစားခ်က္မ်ား မရွိခဲ့ေပ။

မည္သည့္အရာမဆို သူ႔အတြက္ လြယ္ကူလြန္းသည္။ ပိုက္ဆံလိုခ်င္သလား၊ လက္ေခ်ာင္းေျမႇာက္လိုက္႐ုံျဖင့္ ရႏိုင္သည္။ အာဏာလိုခ်င္သလား၊ လြယ္ကူလြန္းသည္။ အေပ်ာ္အပါး ရွာေဖြခ်င္သလား၊ ဘယ္ေသာအခါမွ လူျပတ္သြားမည္မဟုတ္။ စိန္ေခၚရမည့္ အရာဟူ၍ ရွိပါေသး၏ေလာ။ ဆာဟာရသဲကႏၲာရကို ျဖတ္ေက်ာ္၍ ကမာၻအႏွံ႔ ခရီးထြက္ခဲ့သည္။ အို႔… သူ ကမာၻ႔အျပင္ဘက္ အာကာသထဲကိုေတာ့ မသြားဖူးေသးေခ်။

သို႔ေသာ္ ထိုကိစၥမ်ား၏ ရည္႐ြယ္ခ်က္က အဘယ္နည္း။ သူ၏စိတ္ထဲ အရာအားလုံး အဓိပၸါယ္မဲ့ေနသလို ခံစားေနခဲ့ရသည္။

ႏွစ္ႏွစ္ဆယ္၊ သုံးဆယ္ခန႔္သာ အသက္ရွင္ရေသးေသာ္ျငား ထိုႏွစ္ႏွစ္ဆယ္ေက်ာ္ သုံးဆယ္ ဘဝမ်ိဳး မေရမတြက္ႏိုင္ေအာင္ ေနထိုင္ခဲ့ရၿပီး အၿမဲတေစ စိတ္လႈပ္ရွားစရာမ်ားကို ရွာေဖြေနကာ၊ ထပ္တလဲလဲ စိတ္ပ်က္လမ္းေပ်ာက္ခဲ့ရသလို ခံစားေနရသည္။

ထို႔ေၾကာင့္ ကားမေတာ္တဆ ျဖစ္ခဲ့စဥ္ကပင္ သူ၏စိတ္ထဲ အလြန္တည္ၿငိမ္ေနၿပီး ေသြးဘယ္ေလာက္ထြက္မလဲ တြက္ခ်က္ေနခဲ့သည္။ ေသဆုံးရမည္ကိုပင္ ဘာမွမထူးျခားသလို ေတြးေနခဲ့သည္။

သူေသသြားရသည့္အတြက္ စိတ္ပ်က္ဝမ္းနည္းမႈ မရွိသလို အသက္ျပန္ရွင္လာခ်ိန္မွာလည္း မအံ့ဩခဲ့ေပ။

သို႔ေသာ္ Zero ေလး၏ စကားတစ္ခြန္းက သူ႔ကို စိတ္လႈပ္ရွားသြားေစခဲ့သည္။

တာဝန္ကို ေအာင္ေအာင္ျမင္ျမင္လုပ္ႏိုင္ရင္ မင္းလိုခ်င္တာ ရလိမ့္မယ္..!

သူလိုခ်င္သည္က… သူ ဘယ္သူလဲ၊ ဘယ္အရာေတြကို ေမ့ေပ်ာက္ေနသလဲ သိခ်င္႐ုံသာ။

ယခုေတာ့ ျဖည္းျဖည္းခ်င္း ရွင္းလင္းလာခဲ့ေခ်ၿပီ။

နတ္ဆိုးတိုင္းျပည္မွတဆင့္ သူ႔ဘဝ၏ အျခားတစ္ဖက္ျခမ္းကို ေတြ႕ျမင္လာခဲ့သည္။

ဧကႏၲ ဤေနရာတြင္ သူကိုယ္တိုင္၏ အစစ္အမွန္ကို ရွာေတြ႕ႏိုင္လိမ့္မည္။

လမ္းေပ်ာက္ေနေသာ လူတစ္ေယာက္၊ သူ႔ကိုယ္သူပင္ ေမ့ေပ်ာက္ေနေသာ လူတစ္ေယာက္။

ျခဴးမုယြင္သည္ ဉာဏ္ေကာင္းသူျဖစ္ေသာေၾကာင့္ ျဖစ္ႏိုင္ေျခအားလုံးကို စက္ယႏၲရားတစ္ခုႏွယ္ အမွားအယြင္းမရွိ တြက္ခ်က္ႏိုင္ခဲ့သည္။

သူ၏ ေပ်ာက္ဆုံးေနေသာ အခ်ိန္ကာလက သိပ္မေကာင္းခဲ့မွန္း သူ ေတြးႏိုင္ပါသည္။ သူကိုယ္တိုင္က ထိုစဥ္ကမွတ္ဉာဏ္မ်ားကို လိုလိုလားလား လက္ေလ်ာ့ခဲ့ပုံရသည္။ ထိုမွတ္ဉာဏ္မ်ားကို ျပန္မရွာေဖြဘဲ ခ်ိပ္ပိတ္ထားသည္က အေကာင္းဆုံးပင္။

မွတ္ဉာဏ္အပိုင္းအစမ်ားေၾကာင့္ သူ၏ႏွလုံးသားထဲတြင္ ထိုကေလးငယ္မ်ားကို သိမ္းဆည္းထားမိေၾကာင္း၊ သူတို႔ကို နက္နက္ရႈိင္းရႈိင္း ခ်စ္ျမတ္ႏိုးခဲ့ေသာ္လည္း ေၾကကြဲဖြယ္အေျခအေနမ်ိဳးျဖင့္သာ လမ္းခြဲခဲ့ေၾကာင္း သူ အေျဖရွာႏိုင္ခဲ့သည္။

အေၾကာင္းျပခ်က္မရွိ ကေလးငယ္မ်ားကို စြန႔္ပစ္ကာ ရန္စမိခဲ့သည္။ သူ႔ကိုယ္သူလည္း နာက်င္ခံစားရေအာင္ လုပ္ခဲ့သည္။

တခ်ိဳ႕ေသာ အမွန္တရားမ်ားက ေမ့ေပ်ာက္ထားတာ အေကာင္းဆုံးပင္။

ဥပမာသာဓကမ်ားစြာ ေဖာ္ျပရလွ်င္ - ႏွစ္လရွည္ၾကာ ေမွ်ာ္မွန္းေတာင့္တအပ္ေသာ လနန္းေတာ္သို႔ တြယ္တက္ခဲ့ေသာ္ျငား ခ်ိဳင့္ခြက္မ်ားႏွင့္ ေသြးခဲမတတ္ ေအးစိမ့္မႈကိုသာ ရွာေတြ႕ခဲ့ျခင္း၊ အံ့ဖြယ္ဆန္းျပား ေရေအာက္နဂါးနန္းေတာ္ကို ရွာေဖြခဲ့ေသာ္ျငား အေမွာင္ထုႀကီးသာ၊ ေမွာင္မိုက္ေအးစက္ၿပီး ဗလာက်င္းေနေသာ ငရဲတမွ် ေၾကာက္မက္ဖြယ္ေခ်ာက္နက္ႀကီးကိုသာ ေတြ႕ရွိခဲ့ျခင္း စသည္ျဖင့္…

သို႔ေသာ္ လူသားမ်ားသည္ အက်ိဳးႏွင့္အေၾကာင္း သံသရာစက္ဝန္းထဲမွ မ႐ုန္းထြက္ႏိုင္ၾကေပ။ ျဖစ္ပ်က္လာမည့္ အက်ိဳးဆက္ကို သိေနပါေသာ္ျငား သူတို႔ ဆႏၵရွိလွ်င္ တိုးဝင္ၾကသည္ခ်ည္း။ မီးေတာက္က ခႏၶာကိုယ္ကို ေလာင္ကြၽမ္းေစမွန္း သိေနသည့္တိုင္ အလြန္အမင္း ေအးစက္လာလွ်င္ မီးပုံထဲလည္း ခုန္ဆင္းၾကလိမ့္မည္။

ျခဴးမုယြင္လည္း အလြန္ေအးစက္ေနသည္၊ သို႔ျဖစ္ရာ သူ႔ကို ေလာင္ကြၽမ္းေစလွ်င္ပင္ မီးပုံထဲ ခုန္ဆင္းခ်င္ေနေတာ့သည္။

တျခားရႈေထာင့္မွ ေတြးၾကည့္လွ်င္ ဤသည္က တကယ့္ကို မထူးျခားပါေခ်။ သူ ပထမအႀကိမ္ လက္ေလ်ာ့ႏိုင္သည္။ ဒုတိယအႀကိမ္ လက္ေလ်ာ့ႏိုင္သည္။ တတိယအႀကိမ္လည္း ျပန္စဥ္းစားၾကည့္လွ်င္ လက္ေလ်ာ့ႏိုင္သည္။ သို႔ေသာ္ ဘဝ၏ အဓိပၸါယ္ကား စူးစမ္းရွာေဖြျခင္း၊ ရရွိျခင္း၊ ဆုံးရႈံးျခင္း၊ ေတာင့္တျခင္းမ်ားျဖင့္ အသိစိတ္ေပ်ာက္ဆုံးလာသည္အထိ ထပ္တလဲလဲ လည္ပတ္ေနသည္ မဟုတ္ပါလား။

သို႔ျဖစ္ရာ ျခဴးမုယြင္က Mission လုပ္ရန္ ေ႐ြးခ်ယ္လိုက္သည္။

ယေန႔ဤအခ်ိန္ထိ အေတာ္မ်ားမ်ား ေလ့လာသင္ယူႏိုင္ခဲ့သည္။ ကြၽင္းေမာ့က ခပ္ယဲ့ယဲ့ ၿပဳံးလိုက္ရင္း ရက္စက္ၾကမ္းၾကဳတ္သည့္ စကားလုံးမ်ား ေျပာလာမွသာ ‘အစမွအဆုံးထိ ပစ္ပယ္ခံထားရတယ္’ ဟူေသာ စကား၏ ပိုမိုေလးနက္ေသာ အဓိပၸါယ္တစ္ခုကို သူ သတိျပန္ရလာခဲ့သည္။

ကြၽင္းေမာ့… သူ ကြၽင္းေမာ့ကို အစမွအဆုံးထိ လက္ေလ်ာ့ထားခဲ့မိသည္။

ျခဴးမုယြင္သည္ သူ ျပဳစုပ်ိဳးေထာင္ခဲ့သည့္ ကေလးငယ္မ်ားကို အစဥ္လိုက္ မမွတ္မိေတာ့ေသာ္ျငား ေမာ့က်ိဳးေရွာင္က ပထမဦးဆုံးျဖစ္ၿပီး ကြၽင္းေမာ့က ေနာက္ဆုံးျဖစ္မွန္းကိုေတာ့ ရွင္းရွင္းလင္းလင္း သိေနသည္။

ရန္ခ်န္း၏ သံသယမ်ားလြန္းေသာစိတ္၊ ရွန္႐ႊိန္ယန္း၏ သိမ္းပိုက္ျခယ္လွယ္လိုစိတ္တို႔ကို ေတြ႕ႀကဳံခံစားခဲ့ရၿပီးေနာက္ ျခဴးမုယြင္က ကြၽင္းေမာ့အေပၚ အရမ္းရက္စက္ခဲ့မိသည္။

သူ႔ကို သည္အတိုင္း ပစ္ထားခဲ့သည္။

လူရႈပ္သည့္ ေနရာတစ္ခုတြင္ ခ်န္ထားရစ္ၿပီး ႏႈတ္ဆက္စကားတစ္ခြန္းပင္ မဆိုခဲ့ေပ။

က်ရႈံးမႈမ်ားစြာ ေတြ႕ႀကဳံခဲ့ၿပီးေနာက္ ျခဴးမုယြင္သည္ ယခင္လို မျဖစ္ရေလေအာင္ ႀကိဳးစားခဲ့ေသာ္ျငား သူ၏ နည္းလမ္းေၾကာင့္ တစ္ဖက္လူမွာ လူ႔အေရးကိစၥမ်ားကို နားမလည္ဘဲ ျပန္လည္တိုက္ခိုက္ႏိုင္စြမ္း ကင္းမဲ့ခဲ့ရသည္။

ရွန္႐ႊိန္ယန္းကို ျပဳစုပ်ိဳးေထာင္ခဲ့စဥ္က ႀကဳံေတြ႕ခဲ့ရေသာ အေတြ႕အႀကဳံေၾကာင့္ သူသာ ကေလးငယ္ကို တိတ္တဆိတ္ ေစာင့္ၾကည့္ေနလွ်င္ စိတ္ေပ်ာ့သြားမည္မွန္း ျခဴးမုယြင္ သိေနသည္။ သို႔ျဖစ္၍ ကေလးငယ္ကို လုံးဝသြားမၾကည့္ခဲ့ေပ။

မည္သို႔ဆိုေစ ထိုကေလးငယ္ ေသသြားမည္မဟုတ္ေပ။ အသက္ႀကီးလာၿပီး စိတ္တည္ၿငိမ္လာလွ်င္ ျဖည္းျဖည္းခ်င္း သင္ၾကားေပးရမည္။ ဤနည္းလမ္းက ငယ္ငယ္ေလးထဲက အနားမွာေခၚထားၿပီး သင္ၾကားေပးသည္ထက္ ပိုေကာင္းလိမ့္မည္။

ျခဴးမုယြင္သည္ ကေလးမ်ားကို သူႏွင့္ အခ်ိန္အမ်ားႀကီး အတူရွိေစခဲ့ေသာေၾကာင့္၊ ငယ္ငယ္ေလးထဲက သူတစ္ဦးတည္းသာ ေတြ႕ျမင္ေနရေသာေၾကာင့္ သူ႔အေပၚ အလြန္အမင္း မွီခိုအားထားလာၾကၿပီး ခံစားခ်က္မ်ား ျပင္းထန္လာကာ မူမမွန္သည့္ ခံစားခ်က္မ်ား ျဖစ္ေပၚလာရသည္ဟူ၍ ယုံၾကည္ေနေလသည္။

သူက အမွားတစ္ခုတည္းကို ေနာက္တစ္ႀကိမ္ မျပဳလုပ္ခ်င္ခဲ့ေပ။ သို႔ျဖစ္ရာ ဤတစ္ႀကိမ္မွာေတာ့ အလြန္ေသြးေအးရက္စက္ခဲ့သည္။

ကြၽင္းေမာ့ကို ကမာၻေလာကထဲတြင္ က်င္လည္ေစၿပီး တစ္ႀကိမ္ေလးမွ် သြားမၾကည့္ခဲ့ေပ။

သို႔ေသာ္ ထိုကေလးငယ္ကို ေနာက္တစ္ႀကိမ္ ျပန္ေတြ႕ေသာအခါ သူ အမွားႀကီးတစ္ခု ျပဳလုပ္လိုက္မိမွန္း ျခဴးမုယြင္ သိလိုက္ရသည္။

ကေလးငယ္သည္ သူ၏ ထူးျခားေသာ ခႏၶာကိုယ္တည္ေဆာက္ပုံေၾကာင့္ လူအမ်ားၾကားတြင္ ေနထိုင္ရန္ မျဖစ္ႏိုင္ခဲ့ေပ။

ကနဦးတြင္ ကေလးငယ္သည္ ျဖည္းျဖည္းခ်င္း ႀကီးျပင္းလာခဲ့သည္။ သာမန္လူသားမ်ားဆိုလွ်င္ ၁၀ ႏွစ္ေက်ာ္သြားသည္ႏွင့္ သိသိသာသာ ဖြံ႕ၿဖိဳးလာၾကေသာ္လည္း ကြၽင္းေမာ့ကေတာ့ ၁၀ ႏွစ္ျပည့္သြားသည့္တိုင္ ၃ ႏွစ္အ႐ြယ္ ကေလးပုံစံသာ ရွိေနေသးသည္။

မူမမွန္သည့္ ျဖစ္ရပ္မ်ားကို မိစာၦဟူ၍ ေခၚေဝၚတတ္ၾကသည္။ အသက္မႀကီးလာေသာ ကေလးငယ္တစ္ေယာက္၊ မည္မွ် ခ်စ္စရာေကာင္းေစကာမူ လူအမ်ားက သူ႔ကို အေၾကာက္တရားျဖင့္ ပစ္ပယ္လာၾကေတာ့သည္။

ကြၽင္းေမာ့၏ သူမတူေအာင္ထူးျခားေသာ ဆံပင္ႏွင့္ မ်က္လုံးအေရာင္တို႔ ေပါင္းစပ္လိုက္ေသာအခါ ဤသို႔ အျဖဴေရာင္ေက်ာက္စိမ္းတစ္ပါးႏွယ္ ျဖစ္တည္လာေသာ ကေလးငယ္ကို မေကာင္းဆိုးဝါး၊ သရဲဟူ၍ သမုတ္ၾကေတာ့သည္။

သို႔ႏွင့္ ‘မေကာင္းဆိုးဝါးကေလး’ ဟူသည့္ အမည္နာမက ကြၽင္းေမာ့၏ ဘဝတစ္ေလွ်ာက္လုံး ကပ္ပါလာခဲ့ေတာ့သည္။

ႏွစ္သုံးဆယ္ကုန္လြန္ခဲ့ၿပီးေနာက္ ကြၽင္းေမာ့၏ အသြင္သဏၭာန္က ခုနစ္ႏွစ္၊ ရွစ္ႏွစ္အ႐ြယ္ ျဖစ္လာခဲ့ၿပီး ေနာက္ထပ္ ႏွစ္သုံးဆယ္ထပ္ၾကာၿပီးေနာက္ ဆယ္ေက်ာ္သက္အ႐ြယ္ ျဖစ္လာခဲ့သည္။ သူ႔အတြက္ လူငယ္တစ္ဦးအျဖစ္ ႀကီးျပင္းလာရန္ ႏွစ္ႏွစ္ရာနီးပါး ၾကာျမင့္ခဲ့ေလသည္။

သို႔ေသာ္ မေကာင္းဆိုးဝါးတစ္ေကာင္အျဖစ္ လုံးလုံးလ်ားလ်ား သတ္မွတ္ခံလိုက္ရရွာသည္။

ပို၍ဝမ္းနည္းစရာေကာင္းသည္ကား ကြၽင္းေမာ့၏ ခႏၶာကိုယ္သည္ သာမန္လူအတိုင္း ဘာမွမထူးျခားခဲ့ေပ။ ထူးထူးျခားျခား စြမ္းအားႀကီးမားျခင္း၊ ပိုမိုသန္မာျခင္း လုံးဝမရွိခဲ့ေပ။ ထမင္းမစား ေရမေသာက္လွ်င္ သူ ဗိုက္ဆာလာသည္။ ေရဆာလာသည္။ ေဆာင္းရာသီ၌ အေအးမိလွ်င္ ေနမေကာင္းျဖစ္တတ္ၿပီး ေႏြရာသီ၌ အပူရွပ္လွ်င္လည္း အဖ်ားေဝဒနာကို ခံစားရတတ္သည္။ ထို႔အျပင္ အ႐ြယ္ေရာက္ရန္လည္း အလြန္ေႏွးေကြးေနေသးသည္။ သို႔ျဖစ္ရာ သူသည္ သာမန္လူတစ္ေယာက္ မဟုတ္ေတာ့။ သာမန္လူေလာက္ပင္ ဘဝမေကာင္းခဲ့ေခ်။ အေဖ၊ အေမလည္း မရွိေသာေၾကာင့္ သူ႔ကို ဂ႐ုစိုက္မည့္လူ လုံးဝမရွိေပ။ သူ႔အနားတြင္ ရွိေနတတ္သည္က ေၾကာက္လန႔္ေနသူမ်ား၊ သနားတတ္သူမ်ားႏွင့္ မုန္းတီးေနသူမ်ားသာ။

ထို႔အျပင္ ၃ ႏွစ္သားအ႐ြယ္ ႏွစ္သုံးဆယ္ကာလအတြင္း သူက သာမန္ကေလးလိုသာ ျပဳမူႏိုင္ခဲ့သည္။ စိတ္ပိုင္းဆိုင္ရာ ရင့္က်က္ေနၿပီျဖစ္ေသာ္ျငား ခႏၶာကိုယ္ကေတာ့ အလြန္အားနည္းခဲ့သည္။ ၃ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးအတြက္ ထိုကာလမ်ားဟာ အလြန္ရွည္ၾကာခက္ခဲခဲ့ၿပီး စိတ္ကူးပုံေဖာ္ရန္ပင္ ခက္လွသည္။

ကြၽင္းေမာ့အတြက္ ႏွစ္ႏွစ္ရာနီးပါး အခ်ိန္ကာလမ်ားသည္ အစမွအဆုံးထိ အႀကီးမားဆုံးေသာ ညႇင္းပန္းႏွိပ္စက္မႈမ်ား ျဖစ္ခဲ့ရသည္။

သူဟာ ဤေနရာႏွင့္ မသက္ဆိုင္မွန္း သိေနသည္။ စြန႔္ပစ္ခံခဲ့ရမွန္း သိေနသည္။ သူ႔ကို ဘယ္သူမွ မႏွစ္ၿမိဳ႕မွန္းလည္း သိေနခဲ့သည္။ သို႔ေသာ္ ေခါင္းမာမာျဖင့္ အသက္ရွင္သန္ခဲ့ၿပီး ျပန္လာေခၚမလား၊ မလာေတာ့ဘူးလား သူကိုယ္တိုင္ပင္ မသိသည့္ တစ္စုံတစ္ေယာက္ကို ေစာင့္ေမွ်ာ္ေနခဲ့၏။

ေနာက္ဆုံး ျခဴးမုယြင္ ေရာက္လာခ်ိန္တြင္ ကြၽင္းေမာ့ ႀကဳံေတြ႕ခဲ့ရသည့္ ျဖစ္ရပ္မ်ားကို သိရွိသြားၿပီး ကိုယ့္ကိုယ္ကို အျပစ္တင္စိတ္ေၾကာင့္ ကြၽင္းေမာ့ကို ဘာမွမစဥ္းစားဘဲ ေခၚေဆာင္သြားခဲ့သည္။

-ဤကား အမွားတစ္ခု ျဖစ္ေနျပန္သည္။

…………………………………………………………

TN : ထပ္တင္ေပးျပန္ၿပီ၊ Meli ေလး ခ်စ္ဖို႔ေကာင္းတယ္မလား။ Click ၾကမယ္ေနာ္။

…………………………………………………………

Continue Reading

You'll Also Like

161K 26.5K 29
Delicious Food Got Me Famous Across the Galaxy (Myanmar Translation) - Complete Credit to Original Author - 我靠美食火遍银河系 by 瓦伦丁 English Translation - Ex...
687K 97.5K 119
《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံးအရာကအဘယ်နည်း? အစားအစာအသီးအနှံတွေသိုလှော...
7.6K 1.1K 6
Description Recently, my childhood buddy has been giving me some very ambiguous signs. Is he trying to turn me gay? Author - Jiao Hua Qing Jiu/浇花清酒 S...
230K 24.5K 200
THIS STORY IS NOT MY OWN. MANHWA NAME - ATTACK AND OCUPPY. YOU CAN GOOGLE SEARCH ON IT. English Translation can be found " Must Read " reading list...