True love 💭❤ အပိုင် - ၃၁
(Unicode)
မာမီတို့ထွက်သွားသည့်အချိန်ထဲက အခန်းအတွင်းအောင်းနေသည့်ကောင်မလေးကယခုညတောင်ရောက်နေပြီကို ထွက်မလာသေးပေ။ ကွန့်မြူးမှာလဲရေမိုးချိုးပြီး၍ ထိုင်နေသည်မှာလဲညောင်းချိနေပြီဖြစ်တော့သည်။
"ဘာလဲကွာ မာမီတို့မရှိတုန်းအဖြေတောင်းပါမယ်ဆိုမှကွာ "
တစ်ယောက်ထဲရေရွက်လိုက်ကာ ကောင်မလေးရဲ့ရှောင်နေပုံကိုညူစူနေမိတော့သည်။ အဖြေလေးတောင်းပါမယ်ဆိုမှပေါ်ကိုမလာတော့သည့်ကောင်မလေးကြောင့် အိမ်ပေါ်သို့တတ်လာခဲ့တော့သည်။
*ဒေါက် ...ဒေါက်...*
"ကောင်မလေး ကောင်မလေးထမင်းစားရအောင်လေကွာ "
ပြန်ထူးသည့်အသံလေးကိုနားစွင့်နေပေမယ့်လဲ ဘာအသံမှထွက်မလာပဲတိတ်ဆိတ်နေလေတော့သည်။ ကိုယ့်ကိုစမ်းနေတာပေါ့လေ။
"ကောင်မလေး ကိုယ်ဗိုက်ဆာနေပြီကွ ထမင်းလဲမရှိဘူး ကိုယ့်ကိုချက်မကျွေးတော့ဘူးလားကောင်မလေးက"
ရွှေကူမှေးခနဲအိပ်ပျော်သွားပေမယ့်လဲ အကိုလေးခေါ်သံကြောင့်ပြန်၍လန့်နိုးလာကတော့သည်။ ရှေ့ရက်တွေကအိပ်ရေးပျက်တာတွေများတာကြောင့် ရွှေကူ့မှာလူကမလန်း၍ အိပ်ချင်နေရသည်ကိုအကိုလေးကလာခေါ်နေလေတော့သည်။
"ကိုယ့်ကိုကြောက်လို့လားကွ ဟွန် .."
ကြောက်လို့ပေါ့လို့။ ညနေကလူယုတ်မာကြီးလိုပြုံးပြပြီးတော့များ မေးရက်တယ်လူကိုကြောက်လို့လားတဲ့။
ရွှေကူ့မှာတံခါးကိုမဖွင့်ပေးပဲတံခါးနားရပ်၍ အပြင်ကဘာထပ်ပြောအုံးမလဲစောင့်နားထောင်နေလိုက်တော့သည်။
"မကြောက်ပါနဲ့ကွာ ကိုယ်ကောင်မလေးခွင့်ပြုချက်မရပဲလက်ဖျားလေးနဲ့တောင်မထိပါဘူးကွာ ကိုယ်တဂယ်ပြောတာပါကွ"
ရွှေကူပြုံးလိုက်မိသည်။ ရွှေကူ့အကိုလေးက အဲ့လောက်ဆိုးတဲ့လူမဟုတ်မှန်းရွှေကူသိတာပေါ့။
"အခုတော့ထွက်လာတော့နော် မာမီကထမင်းမချက်သွားဘူးအဲ့တာကောင်မလေးချက်ပေးပါအုံး ကိုယ်ဗိုက်တအားဆာနေလို့"
ရွှေကူ့မျက်နှာလေးတည်သွားမိတော့သည်။ ရွှေကူ့ကိုခေါ်တာထမင်းချက်ခိုင်းဖို့ပေါ့လေ။ ရွှေကူနှုတ်ခမ်းလေးဆူနေကာ အကိုလေးကွယ်ရာတွင်စိတ်ဆိုးနေမိတော့သည်။
သူဗိုက်ဆာမှခေါ်တဲ့လူကြီးကို မချစ်ချင်တော့ဘူးဟွန့်..။
"ကိုယ်မာမီ့ကိုဖုန်းဆက်လိုက်မှာနော် ကောင်မလေးကထမင်းချက်မကျွေးပါဘူးလို့လှမ်းတိုင်လိုက်ရမလားပြော"
အကိုလေးကလေအခုတလော အရမ်းကြီးခလေဆန်လာသလားလို့။ ကြည့်အခုလဲလူကို အမျိုးမျိုးပြောပြီးအပြင်ထွက်လာခိုင်းနေတာလေ။
"ဟုတ်ပြီကိုယ်ဖုန်းဆက်ပြီးတစ်ခါထဲပြောပြလိုက်မှာ ကောင်မလေးကိုချစ်ခွင့်လဲပန်ထားတယ် ကောင်မလေးကိုလဲနမ်းပြီးသွားပြီ ကောင်မလေးဆီကအဖြေရတာနဲ့လက်ထက်တော့မှာလို့ "
ရွှေကူ့ကိုနမ်းတာကြီး ထည့်ပြောသောအခါရွှေကူမျက်နှာပူလာရတော့သည်။ အဲ့တုန်းကလဲရင်တွေခုန်နေပြီး လူကအပျော်လွန်နေတာကြောင့်အနမ်းခံလိုက်ရတာကိုတောင် ဘာမှသိပ်ခံစားလိုက်ရတာမဟုတ်။ နောက်မှတအားရှက်ပြီး မျက်နှာလေးဘယ်ဖွက်ထားရမလဲမသိဖြစ်နေရပါတယ်ဆိုမှ လက်ထပ်ဖို့တွေပါပြောပြလာသည့်အကိုလေးကြောင့် ရွှေကူရှက်ပြုံးလေးပြုံးနေမိတော့သည်။
အကိုလေးကဆိုးလိုက်တာနော်။
"Hello မာမီ.."
"အကိုလေး.."
ရွှေကူတံခါးလေးအမြန်ဖွင့်၍ ဖုန်းဆက်နေသည့်အကိုလေးလက်ကိုလှမ်းဆွဲလိုက်ပေမယ့် ဖုန်းနှင့်တူတာတစ်ခုမှရှိမနေပေ။
မျက်လုံးလှလှလေးနှင့် ကွန့်မြူးကိုမလုံမလဲလေးကြည့်လာသည့်ကောင်မလေးက သိပ်ကိုလှလွန်းနေလေသည်။ ဒီကောင်မလေးကိုလေ ကိုယ်သိပ်ချစ်လွန်းလို့ဖက်နမ်းမိတော့မှာပဲကွာ။
"ထွက်လာပြီပေါ့အခုတော့ ကိုယ်တို့လက်ထပ်တာကိုပြောမှာကြောက်လို့ပေါ့လေ.."
"အကိုလေးကိုလက်ထပ်မယ်လို့ဘယ်သူကပြောလို့လဲ"
"ကိုယ်ပြောတာလေ"
ကွန့်မြူးကောင်မလေးရှေ့တိုးလိုက်တော့ နောက်လေးဆုတ်သွားသည့်ကောင်မလေးက တံခါးလေးနှင့်ကပ်သွားလေတော့သည်။ တံခါးကိုလက်နှစ်ဖက်လုံးထောက်ထားကာ ပိတ်ထားလိုက်တော့ ခန္ဓာကိုယ်သေးသေးလေးကပို၍သေးသွားသည့်အလားနှင့် မျက်လုံးလေးပြူးကာ ကွန့်မြူးကိုကြည့်လာလေတော့သည်။
"ကိုယ့်ကိုအဖြေမပေးချင်ဘူးလားကောင်မလေး"
"အမလေး အမလေးဗျာ.. ဖြေးဖြေးငြင်းလဲရပါတယ်ကွာ ခေါင်းလေးလဲပြုတ်သွားပါအုံးမယ်"
စကားတောင်မဆုံးသေးဘူး ရမ်းလိုက်တဲ့ခေါင်း ကောင်မလေးတော့နော်ကိုယ့်ကိုလေ ချစ်လွန်းပြီးသေအောင်ကိုလုပ်နေတော့တာပဲ။
"ဘယ်တော့လောက်ကိုယ့်ကိုအဖြေပေးမလဲကောင်မလေး"
"ရွှေကူမသိဘူး "
"သေချာစဉ်းစားနော် ကိုယ့်ကိုချစ်သူအဖြစ်လက်ခံရင်ကောင်မလေးပျော်ရမှာကွ"
"ဟွန်.."
"ဟုတ်တယ် ကိုယ်ကတအားချစ်ပေးမှာ အလိုလဲလိုက်ပေးမှာကွာ ကောင်မလေးစကားတစ်ခွန်းဆိုတစ်ခွန်းပဲကိုယ်က "
မျက်လုံးဝိုင်းဝိုင်းလေးနှင့်ကြည့်နေပုံလေးက မယုံသေးဘူးလားကွာ။
"ချစ်သူတွေဖြစ်သွားကြရင် တစ်ရက်တစ်ခါမွှေးမွှေးပေးပြီး ချစ်ရပါတယ်ကောင်မလေးရယ်လို့ နေတိုင်းပြောမယ် တစ်ပတ်တစ်ခါအပြင်မှာချိန်းတွေ့ကြမယ်"
"အို ..အကိုလေးဘယ်လိုတွေပြောနေတာလဲ"
"ကောင်မလေးလိုချင်တာမှန်သမျှအကုန်လဲဝယ်ပေးအုံးမှာကိုယ်က ပြီးတော့သူများတွေအားလုံးထက်သာအောင်လဲချစ်ပေးအုံးမှာကွာ "
ရွှေကူ့မှာဆက်ပြီးနားမထောင်ရဲတော့၍ ပြေးမည်ကြံပေမယ့်လဲ အကိုလေးလက်တွေကိုရွှေကူဖြေမချနိုင်၍ ပြန်ငြိမ်နေလိုက်ရတော့သည်။
"ချစ်တာလဲငုံထားမတတ်ကိုချစ်တာနော် ကောင်မလေးမျက်နှာတစ်ကမ္ဘာပဲကိုယ်က ချစ်လွန်းပြီးအူတွေယားရလွန်းလို့ ကိုယ့်မှာမနည်းထိန်းနေရတာရော သိရဲ့လားကွ"
ရွှေကူ့ပါးကိုလာဖိသည်ကြောင့် ရွှေကူ့မှာလန့်သွားရတော့သည်။
"အကိုလေးနော် မတရားမလုပ်နဲ့ ရွှေကူကြောက်တယ်"
"ဟား ..ဘာလုပ်ရသေးလို့လဲကွ "
"သူပဲလူကိုအတင်းချောင်ပိတ်ပြီး အပြီအပြင်အဖြေပေးဖို့ ညွှန်းနေပြီးတော့များ ဟွန့်..."
"ကိုယ့်ကိုပြန်ချစ်ပေးရင် ကောင်မလေးကိုသည်းသည်းလှုပ်ချစ်ပေးမယ်ဆိုတာလေးပြောပြတာလေကွာ"
မျက်နှာလေးများရဲလာသလို မျက်လုံးလေးများကလဲ ကလည်ကလည်နှင့်ရှက်နေပုံလေးကို ကွန့်မြူးပြုံး၍ကြည့်လိုက်တော့သည်။
"ဒီလိုလေးကျက်ကျက်လုပ် ကိုယ်စိတ်မထိန်းနိုင်ရင်အကောင်လိုက်မြိုချမှာနော်"
"မေမေကြီးနဲ့တိုင်မှာပေါ့"
"ကြောက်မယ်ထင်လို့လား မာမီတို့ပြန်မလာခင်ခိုးပြေးပစ်မှာအဲ့ကျရင်"
အမလေး အကိုလေးကိုရွှေကူနိုင်အောင်ဘယ်လိုမှမပြောနိုင်တော့ပါလားနော်။
"အကိုလေးပြောတော့ဗိုက်ဆာလို့ဆို ရွှေကူ့ကိုဖယ်ပေးအုံးထမင်းချက်မလို့"
"ဟုတ်သားပဲကောင်မလေးကိုမြင်တော့အလိုလိုဗိုက်ပြည့်သွားလို့ ကိုယ်ဗိုက်ဆာတာတောင်မေ့သွားတယ်"
ဘေးမှပိတ်၍ထောက်ထားသည့်လက်တို့ကိုပြန်ရုတ်ပေးလိုက်တော့ ကွန့်မြူးကိုမျက်စောင်းလေးထိုးကာ အောက်သို့ဆင်းသွားလေတော့သည်။ အွန်း.. ဒီကောင်ကစကားအဖြစ်ပြောတယ်များထင်နေလားမသိ တဂယ်ခိုးပြေးသွားချင်အောင်ဘာလို့လုပ်နေရတာလဲကောင်မလေးရယ်။
"အကိုလေး ထမင်းတွေကရှိတယ်လေကြည့်..ပူတောင်ပူနေသေးတယ်"
"အေးလေ ကိုယ်ချက်ထားတာ"
"ဟင်..အဲ့တာဆိုရွှေကူ့ကိုဘာလို့ခေါ်တာလဲ"
"အတူတူစားရအောင်လို့ခေါ်တာလေ"
"ဒီအိမ်မှာကောင်မလေးရယ်ကိုယ်ရယ်နှစ်ယောက်ထဲရှိတာလေကွာ အတူတူမစားရင်ပျင်းစရာကြီး လာပါ ကိုယ်ထမင်းခူးပေးမယ်"
ရွှေကူ့ကိုခုံမှာထိုင်ခိုင်းကာ အကိုလေးကထမင်းတွေခူးထည့်နေသည်ကြောင့်ရွှေကူ့မှာ အကိုလေးကိုလိုက်ကြည့်နေမိတော့သည်။ အကိုလေးရဲ့ပုံစံကလေ အရမ်းနူးညံ့နေကာ အမြဲရွှေကူ့ကိုပြုံးပြနေသည်ကြောင့် ရွှေကူ့မှာလဲရင်တွေအဆက်မပြတ်ခုန်နေရတော့သည်။ အထူးသဖြင့် ရွှေကူ့ကိုချစ်ကြောင်းပဲတဖွဖွပြောနေသည်ကြောင့် ပို၍ရင်ခုန်ရတာဖြစ်တော့သည်။
ရွှေကူ့ကိုမေးထောက်ပြီးကို ထမင်းမစားပဲထိုင်ကြည့်နေသည့်အကိုလေးကြောင့် ရွှေကူဘယ်လိုမှဆက်စား၍မရတော့ပေ။ လူကအို့တို့အန်းတန်းကြီးဖြစ်နေကာ ထမင်းခွံ့လျှင်လဲ မလုံမလဲနှင့် ထမင်းဝါးတော့လဲမေးထောက်မပျက်ကြည့်နေသည့်အကိုလေးကြောင့် ရွှေကူ့မှာထမင်းတွေတောင်သီးရတော့သည်။
သီးသွားတော့လဲ Tissue ကိုလှမ်းပေးကာထပ်၍ကြည့်နေသေးသည်ကြောင့် ရွှေကူမှာထပြေးချင်ရပြန်တော့သည်။ အကိုလေးဘာလို့ဒီလိုတအားဆိုးလာရတာလဲအကိုလေးရယ်။
"ဘာဖြစ်လို့လဲစားလေ"
"ရွှေကူစားတော့အကိုလေးကလိုက်ကြည့်နေတာကို ရွှေကူဘယ်လိုစားရမလဲအဲ့တော့"
"ကိုယ်အရင်ကလဲကောင်မလေးကိုကြည့်တာပဲလေ ဒီနေ့မှထူးပြီးကြည့်နေတာမှမဟုတ်ပဲနဲ့ ခါတိုင်းလိုပဲစားပါ "
"မစားတော့ဘူး "
"ဟုတ်ပြီ ကိုယ်မကြည့်တော့ဘူးနော်ထမင်းလေးတော့ကုန်အောင်စားပါကွာ အစာအိမ်ဖြစ်လိမ့်မယ်ကွ"
ကွန့်မြူးမှာလဲ မျက်နှာအုအုလေးကိုမကြည့်တော့ပဲ ထမင်းပဲစားလိုက်မှ ကောင်မလေးကပြန်၍ ထိုင်လေတော့သည်။ မာမီတို့မရှိတုန်းလေး ထမင်းစားပုံလေးကိုအဝကြည့်ရတာကို ကောင်မလေးကလဲအကြည့်မခံနှင့် ကွန့်မြူးဘဝကြီးကလဲခက်ခဲလိုက်တာနော်။
ရွှေကူပန်းကန်ဆေးတော့လဲ ဝင်ရှုပ်နေပြီးအတင်းဆေးကူမည်လုပ်နေသည့်အကိုလေးကြောင့် နှစ်ယောက်ကြားထဲမှပန်းကန်လေးတစ်ချက်ကျသွားရပြန်သည်။
"ဘာလုပ်နေတာလဲအဲတာ"
"ကောက်ပြီးပစ်မလို့လေအကိုလေး"
"လက်ခိုက်မိမှာပေါ့ကွ လာထ .."
"ရပါတယ်အကိုလေးရဲ့ ဒါလေးကောက်တာကို မခိုက်မိပါဘူး"
"ကျစ်.. ပြောရဆိုရခက်လိုက်တာကွာ အဲ့လက်ခလေးခိုက်မိသွားရင် ရင်ကျိုးရမှာဘယ်သူလို့ထင်လဲ"
"ဘယ်သူလဲအကိုလေး"
"ဒီကကောင် ကွန့်မြူးဝေဆိုတဲ့ဒီကကောင်ရင်ကျိုးရမှာကွ.."
ရင်ဘက်ကြီးစည်တီးကာ တစ်ဘုန်းဘုန်းထု၍ပြောလာသည့်အကိုလေးကြောင့် ရွှေကူရယ်မိသွားတော့သည်။
"ခစ်ခစ်.. အကိုလေးကစကားတတ်တိုင်းပြောနေတယ်"
"အေးပါရယ်ထားပါ ချစ်ရတဲ့ကောင်ကိုလှောင်နေတော့လဲခံရတာပေါ့ "
"အကိုလေးရယ်တော်ပါတော့ ရွှေကူထွက်ပြေးချင်အောင်မလုပ်ပါနဲ့တော့ "
ရွှေကူ့မှာတော်ပါတော့လို့တားယူရကာ တံမြတ်စည်းယူ၍ ပန်းကန်ကွဲတွေကိုသိမ်းလိုက်ရတော့သည်။ ရွှေကူ့မှာရယ်တာတောင်ကောင်းကောင်းမရယ်ရနှင့် အကိုလေးရဲ့စကားများကြောင့် လူကရှက်လာရပြန်တော့သည်။
"ရွှေကူအိမ်ပေါ်တတ်မလို့လေ "
"အင်းလေတတ်လေ"
"အကိုလေးအိမ်တံခါးပိတ်မှာမဟုတ်ဘူးလား"
"ပြီးမှပိတ်မယ်လေ ကောင်မလေးကိုအိမ်ပေါ်အရင်လိုက်ပို့မလို့"
ရွှေကူမေ့တောင်လဲချင်လာရတော့သည်။ အကိုလေးကိုရပ်၍ ရွှေကူနားမလည်တော့သည့်ပုံစံနှင့်ကြည့်ကာ...
"အကိုလေးဆေးမှားသောက်ထားတယ်နဲ့တူတယ်"
"ဟား ဟား.. ဘာဆေးမှမသောက်ထားလို့မမှားဘူးစိတ်ချ"
"ရွှေကူကြောက်လာပြီနော် အဲ့လိုကြီးမစတော့နဲ့ "
"မစဘူးလေကွာလှေခါးပေါ်တတ်ရင်း မတော်တဆပြုတ်ကျရင်ဘယ်လိုလုပ်မလဲ အဲ့တာကြောင့်အပေါ်လိုက်ပို့မလို့လေဗျာ"
"ရွှေကူ့နောက်လိုက်လာရင်ရွှေကုငိုမှာနော် အကိုလေးနေခဲ့ရွှေကူအရင်တတ်မှာ"
အမိန့်ပေးကာ တတ်သွားတော့လဲဘာတတ်နိုင်တော့မှာလဲ ကွန့်မြူးအောက်မှရပ်၍အခန်းထဲဝင်သွားတဲ့အထိကြည့်နေလိုက်တော့သည်။ ကိုယ်ကပိုတာမဟုတ်ပါဘူးကွာ အရင်ထဲကကောင်မလေးကိုအရမ်းဂရုစိုက်ပြီးချစ်ပေးချင်ပေမယ့်အခွင့်အရေးမရခဲ့ပဲ အခုမှအခွင့်အရေးလေးရခဲ့ရုံပါကွာ။
အကိုလေးချစ်ပုံကြီးကရွှေကူ့အတွက်ဝန်ပိရတယ်အကိုလေးရယ်။ ရွှေကူစိတ်တွေလဲကျဉ်းကျပ်ရသည် အတင်းကြီးလူကိုကပ်ပြီး စကားတွေပြောတာတွေရောကရင်ခုန်ရသလို နားထောင်ရတာလဲနားတွေရှက်နေမိသည်။ သေချာတာတော့ အကိုလေးနှင့်နောက်ရက်တွေဘယ်လိုများဆက်နေရမလဲဆိုပြီး ရင်တွေလေးနေမိတော့သည်။
............
"အဟွတ်.. အဟွတ်.."
ရွှေကူဖျားနေပြီဖြစ်သော်လည်း အကိုလေးထမင်းစားဖို့ထ၍ချက်ပြုတ်လိုက်သည်။ အကိုလေးကဒီနေ့အလုပ်ပြန်တတ်မှာမဟုတ်လား ရွှေကူကတော့ဒီနေ့တစ်ရက်မလိုက်ပဲ အိမ်မှာပဲကျန်ခဲ့အုံးမည်ဖြစ်သည်။
ကွန့်မြူးအောက်သို့ဆင်းလာခဲ့တော့ ကောင်မလေးကထမင်းစားပွဲတွင်ထိုင်၍ ခေါင်းကိုဖိနှိပ်နေလေတော့သည်။
"ဘာဖြစ်လို့လဲ ကောင်မလေး"
"ဟင်.. အကိုလေး ရွှေကူခေါင်းနဲနဲကိုက်လို့ပါဘာမှမဖြစ်ပါဘူး"
"လူကလဲကြည့်အုံးဖျော့တော့နေတာပဲ ဘာဖြစ်လို့လဲနေမကောင်းလို့လား"
"နဲနဲလေးပဲနေလို့မကောင်းတာပါအကိုလေးရဲ့ ခဏနေပျောက်သွားလိမ့်မယ်"
ဟင်းအိုးတွေထမွှေနေသည့်ကောင်မလေးမှာ နှုတ်ခမ်းလေးတွေပါဖြူဖက်နေပြီးပုံစံကသိပ်မဟန်ပေ။
"အကိုလေး.. "
"ဖျားနေရင် နားနားနေနေလှဲနေမှပေါ့ကွ "
"ရွှေကူသက်သာပါတယ် အောက်ကိုပြန်ချပေးအကိုလေး"
ရွှေကူ့စကားကိုမကြားသည့်အလား ရွှေကူ့ကိုပွေ့ကာဧည့်ခန်းကဆိုဖာပေါ်ချပေးလာသည့်အကိုလေးက ရွှေကူ့နဖူးလေးကိုစမ်းကြည့်နေလေသည်။
"ကျစ် ..ကိုယ်တွေဒီလောက်ပူနေတာကိုကွာ အရင်စိတ်နဲ့ဆိုကောင်မလေးမင်းထုခံနေရလောက်ပြီနော် "
ဆိုဖာပေါ်လှဲနေရင်းမှ ကွန့်မြူးစကားကြောင့်မဲ့သွားသည့်ကောင်မလေးကို ခေါင်းလေးကိုပွတ်သပ်လိုက်ကာ...
"နောက်ဆိုအဲ့လိုမလုပ်နဲ့ကြားလား ဖျားနေရင်နားနေ ခေါင်းတအားကိုက်နေလား ကိုယ်ဆရာဝန်ခေါ်လိုက်မယ်နော် အခုတော့ခဏသည်းခံအုံးနော်"
ရွှေကူခေါင်းလေးငြိမ့်ပြလိုက်တော့သည်။ ဟုတ်ပါသည် ခေါင်းကတအားကိုက်နေသည်ကြောင့် ရွှေကူလဲမငြင်းတော့ပဲဆရာဝန်ခေါ်မှာကို သဘောတူလိုက်တော့သည်။
ကွန့်မြူးကောင်မလေးနားထိုင်၍ ခေါင်းလေးကိုဖွဖွလေးနှိပ်ပေးလိုက်တော့ ကောင်မလေးက မျက်လုံးလေးမှိတ်၍မှိန်းနေလေတော့သည်။ နဖူးပြင်တစ်ခုလုံးပူခြစ်တောက်နေတာများ တော်ရုံအဖျားမဟုတ်သည်ကိုတောင် ထမင်းထချက်နေသည့်ကောင်မလေးကို စိတ်တို့တိုရပြန်သည်။
"ကောင်မလေး"
"ဟွန်.."
"ကိုယ့်ကိုကြောက်လို့ဖျားသွားတာလား"
ရွှေကူလေးကန်နေသည့်မျက်လုံးများကိုဖွင့်၍ အကိုလေးကိုကြည့်မိတော့ မျက်နှာလေးငယ်နေရှာသည်။
"အွန်း ..အကိုလေးကိုကြောက်လို့ကြောက်ဖျားဖျားသွားတာ "
"ဟာ "
ကောင်မလေးက ကိုယ့်ကိုကြောက်ပြီးဖျားသွားတာတဲ့လားကွာ။ ကိုယ်မနေ့ကအရမ်းကြီးဆိုးသွားခဲ့တာလား။ အချစ်တွေကိုထုတ်ပြပြီး ကောင်မလေးကိုချစ်မိတာက ကိုယ်လွန်သွားတာလား။ ကောင်မလေးရယ် ကိုယ်ကချစ်လို့လေကွာ..။
အကိုလေးကအဲ့လောက်ကြီးပိုနေတော့ ရွှေကူကမချစ်ချင်တော့ဘူး ဟွန့်..."
Words 2765
28.9.2023 5:20pm
ဆက်လက်ကြိုးစားသွားပါမည်။
Paig gp လေးတွင်အပိုင်း ၅၅ ထိရပါပြီနော်။ဝင်ကြေးလေးကမသတ်မှတ်ထားပါဘူး တတ်နိုင်သလောက်နဲ့ဝင်လို့ရပါတယ် ဘေဘီလေးတို့။
WavePay - 09983521528
KayPay - 09973860994
(Zawgyi)
True love အပိုင္ - ၃၁
မာမီတို႔ထြက္သြားသည့္အခ်ိန္ထဲက အခန္းအတြင္းေအာင္းေနသည့္ေကာင္မေလးကယခုညေတာင္ေရာက္ေနၿပီကို ထြက္မလာေသးေပ။ ကြန့္ျမဴးမွာလဲေရမိုးခ်ိဳးၿပီး၍ ထိုင္ေနသည္မွာလဲေညာင္းခ်ိေနၿပီျဖစ္ေတာ့သည္။
"ဘာလဲကြာ မာမီတို႔မရွိတုန္းအေျဖေတာင္းပါမယ္ဆိုမွကြာ "
တစ္ေယာက္ထဲေရ႐ြက္လိုက္ကာ ေကာင္မေလးရဲ႕ေရွာင္ေနပုံကိုၫူစူေနမိေတာ့သည္။ အေျဖေလးေတာင္းပါမယ္ဆိုမွေပၚကိုမလာေတာ့သည့္ေကာင္မေလးေၾကာင့္ အိမ္ေပၚသို႔တတ္လာခဲ့ေတာ့သည္။
*ေဒါက္ ...ေဒါက္...*
"ေကာင္မေလး ေကာင္မေလးထမင္းစားရေအာင္ေလကြာ "
ျပန္ထူးသည့္အသံေလးကိုနားစြင့္ေနေပမယ့္လဲ ဘာအသံမွထြက္မလာပဲတိတ္ဆိတ္ေနေလေတာ့သည္။ ကိုယ့္ကိုစမ္းေနတာေပါ့ေလ။
"ေကာင္မေလး ကိုယ္ဗိုက္ဆာေနၿပီကြ ထမင္းလဲမရွိဘူး ကိုယ့္ကိုခ်က္မေကြၽးေတာ့ဘူးလားေကာင္မေလးက"
ေ႐ႊကူေမွးခနဲအိပ္ေပ်ာ္သြားေပမယ့္လဲ အကိုေလးေခၚသံေၾကာင့္ျပန္၍လန့္နိုးလာကေတာ့သည္။ ေရွ႕ရက္ေတြကအိပ္ေရးပ်က္တာေတြမ်ားတာေၾကာင့္ ေ႐ႊကူ႕မွာလူကမလန္း၍ အိပ္ခ်င္ေနရသည္ကိုအကိုေလးကလာေခၚေနေလေတာ့သည္။
"ကိုယ့္ကိုေၾကာက္လို႔လားကြ ဟြန္ .."
ေၾကာက္လို႔ေပါ့လို႔။ ညေနကလူယုတ္မာႀကီးလိုၿပဳံးျပၿပီးေတာ့မ်ား ေမးရက္တယ္လူကိုေၾကာက္လို႔လားတဲ့။
ေ႐ႊကူ႕မွာတံခါးကိုမဖြင့္ေပးပဲတံခါးနားရပ္၍ အျပင္ကဘာထပ္ေျပာအုံးမလဲေစာင့္နားေထာင္ေနလိုက္ေတာ့သည္။
"မေၾကာက္ပါနဲ႕ကြာ ကိုယ္ေကာင္မေလးခြင့္ျပဳခ်က္မရပဲလက္ဖ်ားေလးနဲ႕ေတာင္မထိပါဘူးကြာ ကိုယ္တဂယ္ေျပာတာပါကြ"
ေ႐ႊကူၿပဳံးလိုက္မိသည္။ ေ႐ႊကူ႕အကိုေလးက အဲ့ေလာက္ဆိုးတဲ့လူမဟုတ္မွန္းေ႐ႊကူသိတာေပါ့။
"အခုေတာ့ထြက္လာေတာ့ေနာ္ မာမီကထမင္းမခ်က္သြားဘူးအဲ့တာေကာင္မေလးခ်က္ေပးပါအုံး ကိုယ္ဗိုက္တအားဆာေနလို႔"
ေ႐ႊကူ႕မ်က္ႏွာေလးတည္သြားမိေတာ့သည္။ ေ႐ႊကူ႕ကိုေခၚတာထမင္းခ်က္ခိုင္းဖို႔ေပါ့ေလ။ ေ႐ႊကူႏႈတ္ခမ္းေလးဆူေနကာ အကိုေလးကြယ္ရာတြင္စိတ္ဆိုးေနမိေတာ့သည္။
သူဗိုက္ဆာမွေခၚတဲ့လူႀကီးကို မခ်စ္ခ်င္ေတာ့ဘူးဟြန့္..။
"ကိုယ္မာမီ့ကိုဖုန္းဆက္လိုက္မွာေနာ္ ေကာင္မေလးကထမင္းခ်က္မေကြၽးပါဘူးလို႔လွမ္းတိုင္လိုက္ရမလားေျပာ"
အကိုေလးကေလအခုတေလာ အရမ္းႀကီးခေလဆန္လာသလားလို႔။ ၾကည့္အခုလဲလူကို အမ်ိဳးမ်ိဳးေျပာၿပီးအျပင္ထြက္လာခိုင္းေနတာေလ။
"ဟုတ္ၿပီကိုယ္ဖုန္းဆက္ၿပီးတစ္ခါထဲေျပာျပလိုက္မွာ ေကာင္မေလးကိုခ်စ္ခြင့္လဲပန္ထားတယ္ ေကာင္မေလးကိုလဲနမ္းၿပီးသြားၿပီ ေကာင္မေလးဆီကအေျဖရတာနဲ႕လက္ထက္ေတာ့မွာလို႔ "
ေ႐ႊကူ႕ကိုနမ္းတာႀကီး ထည့္ေျပာေသာအခါေ႐ႊကူမ်က္ႏွာပူလာရေတာ့သည္။ အဲ့တုန္းကလဲရင္ေတြခုန္ေနၿပီး လူကအေပ်ာ္လြန္ေနတာေၾကာင့္အနမ္းခံလိုက္ရတာကိုေတာင္ ဘာမွသိပ္ခံစားလိုက္ရတာမဟုတ္။ ေနာက္မွတအားရွက္ၿပီး မ်က္ႏွာေလးဘယ္ဖြက္ထားရမလဲမသိျဖစ္ေနရပါတယ္ဆိုမွ လက္ထပ္ဖို႔ေတြပါေျပာျပလာသည့္အကိုေလးေၾကာင့္ ေ႐ႊကူရွက္ၿပဳံးေလးၿပဳံးေနမိေတာ့သည္။
အကိုေလးကဆိုးလိုက္တာေနာ္။
"Hello မာမီ.."
"အကိုေလး.."
ေ႐ႊကူတံခါးေလးအျမန္ဖြင့္၍ ဖုန္းဆက္ေနသည့္အကိုေလးလက္ကိုလွမ္းဆြဲလိုက္ေပမယ့္ ဖုန္းႏွင့္တူတာတစ္ခုမွရွိမေနေပ။
မ်က္လုံးလွလွေလးႏွင့္ ကြန့္ျမဴးကိုမလုံမလဲေလးၾကည့္လာသည့္ေကာင္မေလးက သိပ္ကိုလွလြန္းေနေလသည္။ ဒီေကာင္မေလးကိုေလ ကိုယ္သိပ္ခ်စ္လြန္းလို႔ဖက္နမ္းမိေတာ့မွာပဲကြာ။
"ထြက္လာၿပီေပါ့အခုေတာ့ ကိုယ္တို႔လက္ထပ္တာကိုေျပာမွာေၾကာက္လို႔ေပါ့ေလ.."
"အကိုေလးကိုလက္ထပ္မယ္လို႔ဘယ္သူကေျပာလို႔လဲ"
"ကိုယ္ေျပာတာေလ"
ကြန့္ျမဴးေကာင္မေလးေရွ႕တိုးလိုက္ေတာ့ ေနာက္ေလးဆုတ္သြားသည့္ေကာင္မေလးက တံခါးေလးႏွင့္ကပ္သြားေလေတာ့သည္။ တံခါးကိုလက္ႏွစ္ဖက္လုံးေထာက္ထားကာ ပိတ္ထားလိုက္ေတာ့ ခႏၶာကိုယ္ေသးေသးေလးကပို၍ေသးသြားသည့္အလားႏွင့္ မ်က္လုံးေလးျပဴးကာ ကြန့္ျမဴးကိုၾကည့္လာေလေတာ့သည္။
"ကိုယ့္ကိုအေျဖမေပးခ်င္ဘူးလားေကာင္မေလး"
"အမေလး အမေလးဗ်ာ.. ေျဖးေျဖးျငင္းလဲရပါတယ္ကြာ ေခါင္းေလးလဲျပဳတ္သြားပါအုံးမယ္"
စကားေတာင္မဆုံးေသးဘူး ရမ္းလိုက္တဲ့ေခါင္း ေကာင္မေလးေတာ့ေနာ္ကိုယ့္ကိုေလ ခ်စ္လြန္းၿပီးေသေအာင္ကိုလုပ္ေနေတာ့တာပဲ။
"ဘယ္ေတာ့ေလာက္ကိုယ့္ကိုအေျဖေပးမလဲေကာင္မေလး"
"ေ႐ႊကူမသိဘူး "
"ေသခ်ာစဥ္းစားေနာ္ ကိုယ့္ကိုခ်စ္သူအျဖစ္လက္ခံရင္ေကာင္မေလးေပ်ာ္ရမွာကြ"
"ဟြန္.."
"ဟုတ္တယ္ ကိုယ္ကတအားခ်စ္ေပးမွာ အလိုလဲလိုက္ေပးမွာကြာ ေကာင္မေလးစကားတစ္ခြန္းဆိုတစ္ခြန္းပဲကိုယ္က "
မ်က္လုံးဝိုင္းဝိုင္းေလးႏွင့္ၾကည့္ေနပုံေလးက မယုံေသးဘူးလားကြာ။
"ခ်စ္သူေတြျဖစ္သြားၾကရင္ တစ္ရက္တစ္ခါေမႊးေမႊးေပးၿပီး ခ်စ္ရပါတယ္ေကာင္မေလးရယ္လို႔ ေနတိုင္းေျပာမယ္ တစ္ပတ္တစ္ခါအျပင္မွာခ်ိန္းေတြ႕ၾကမယ္"
"အို ..အကိုေလးဘယ္လိုေတြေျပာေနတာလဲ"
"ေကာင္မေလးလိုခ်င္တာမွန္သမွ်အကုန္လဲဝယ္ေပးအုံးမွာကိုယ္က ၿပီးေတာ့သူမ်ားေတြအားလုံးထက္သာေအာင္လဲခ်စ္ေပးအုံးမွာကြာ "
ေ႐ႊကူ႕မွာဆက္ၿပီးနားမေထာင္ရဲေတာ့၍ ေျပးမည္ႀကံေပမယ့္လဲ အကိုေလးလက္ေတြကိုေ႐ႊကူေျဖမခ်နိဳင္၍ ျပန္ၿငိမ္ေနလိုက္ရေတာ့သည္။
"ခ်စ္တာလဲငုံထားမတတ္ကိုခ်စ္တာေနာ္ ေကာင္မေလးမ်က္ႏွာတစ္ကမၻာပဲကိုယ္က ခ်စ္လြန္းၿပီးအူေတြယားရလြန္းလို႔ ကိုယ့္မွာမနည္းထိန္းေနရတာေရာ သိရဲ႕လားကြ"
ေ႐ႊကူ႕ပါးကိုလာဖိသည္ေၾကာင့္ ေ႐ႊကူ႕မွာလန့္သြားရေတာ့သည္။
"အကိုေလးေနာ္ မတရားမလုပ္နဲ႕ ေ႐ႊကူေၾကာက္တယ္"
"ဟား ..ဘာလုပ္ရေသးလို႔လဲကြ "
"သူပဲလူကိုအတင္းေခ်ာင္ပိတ္ၿပီး အၿပီအျပင္အေျဖေပးဖို႔ ၫႊန္းေနၿပီးေတာ့မ်ား ဟြန့္..."
"ကိုယ့္ကိုျပန္ခ်စ္ေပးရင္ ေကာင္မေလးကိုသည္းသည္းလႈပ္ခ်စ္ေပးမယ္ဆိုတာေလးေျပာျပတာေလကြာ"
မ်က္ႏွာေလးမ်ားရဲလာသလို မ်က္လုံးေလးမ်ားကလဲ ကလည္ကလည္ႏွင့္ရွက္ေနပုံေလးကို ကြန့္ျမဴးၿပဳံး၍ၾကည့္လိုက္ေတာ့သည္။
"ဒီလိုေလးက်က္က်က္လုပ္ ကိုယ္စိတ္မထိန္းနိုင္ရင္အေကာင္လိုက္ၿမိဳခ်မွာေနာ္"
"ေမေမႀကီးနဲ႕တိုင္မွာေပါ့"
"ေၾကာက္မယ္ထင္လို႔လား မာမီတို႔ျပန္မလာခင္ခိုးေျပးပစ္မွာအဲ့က်ရင္"
အမေလး အကိုေလးကိုေ႐ႊကူနိုင္ေအာင္ဘယ္လိုမွမေျပာနိုင္ေတာ့ပါလားေနာ္။
"အကိုေလးေျပာေတာ့ဗိုက္ဆာလို႔ဆို ေ႐ႊကူ႕ကိုဖယ္ေပးအုံးထမင္းခ်က္မလို႔"
"ဟုတ္သားပဲေကာင္မေလးကိုျမင္ေတာ့အလိုလိုဗိုက္ျပည့္သြားလို႔ ကိုယ္ဗိုက္ဆာတာေတာင္ေမ့သြားတယ္"
ေဘးမွပိတ္၍ေထာက္ထားသည့္လက္တို႔ကိုျပန္႐ုတ္ေပးလိုက္ေတာ့ ကြန့္ျမဴးကိုမ်က္ေစာင္းေလးထိုးကာ ေအာက္သို႔ဆင္းသြားေလေတာ့သည္။ အြန္း.. ဒီေကာင္ကစကားအျဖစ္ေျပာတယ္မ်ားထင္ေနလားမသိ တဂယ္ခိုးေျပးသြားခ်င္ေအာင္ဘာလို႔လုပ္ေနရတာလဲေကာင္မေလးရယ္။
"အကိုေလး ထမင္းေတြကရွိတယ္ေလၾကည့္..ပူေတာင္ပူေနေသးတယ္"
"ေအးေလ ကိုယ္ခ်က္ထားတာ"
"ဟင္..အဲ့တာဆိုေ႐ႊကူ႕ကိုဘာလို႔ေခၚတာလဲ"
"အတူတူစားရေအာင္လို႔ေခၚတာေလ"
"ဒီအိမ္မွာေကာင္မေလးရယ္ကိုယ္ရယ္ႏွစ္ေယာက္ထဲရွိတာေလကြာ အတူတူမစားရင္ပ်င္းစရာႀကီး လာပါ ကိုယ္ထမင္းခူးေပးမယ္"
ေ႐ႊကူ႕ကိုခုံမွာထိုင္ခိုင္းကာ အကိုေလးကထမင္းေတြခူးထည့္ေနသည္ေၾကာင့္ေ႐ႊကူ႕မွာ အကိုေလးကိုလိုက္ၾကည့္ေနမိေတာ့သည္။ အကိုေလးရဲ႕ပုံစံကေလ အရမ္းႏူးညံ့ေနကာ အၿမဲေ႐ႊကူ႕ကိုၿပဳံးျပေနသည္ေၾကာင့္ ေ႐ႊကူ႕မွာလဲရင္ေတြအဆက္မျပတ္ခုန္ေနရေတာ့သည္။ အထူးသျဖင့္ ေ႐ႊကူ႕ကိုခ်စ္ေၾကာင္းပဲတဖြဖြေျပာေနသည္ေၾကာင့္ ပို၍ရင္ခုန္ရတာျဖစ္ေတာ့သည္။
ေ႐ႊကူ႕ကိုေမးေထာက္ၿပီးကို ထမင္းမစားပဲထိုင္ၾကည့္ေနသည့္အကိုေလးေၾကာင့္ ေ႐ႊကူဘယ္လိုမွဆက္စား၍မရေတာ့ေပ။ လူကအို႔တို႔အန္းတန္းႀကီးျဖစ္ေနကာ ထမင္းခြံ႕လွ်င္လဲ မလုံမလဲႏွင့္ ထမင္းဝါးေတာ့လဲေမးေထာက္မပ်က္ၾကည့္ေနသည့္အကိုေလးေၾကာင့္ ေ႐ႊကူ႕မွာထမင္းေတြေတာင္သီးရေတာ့သည္။
သီးသြားေတာ့လဲ Tissue ကိုလွမ္းေပးကာထပ္၍ၾကည့္ေနေသးသည္ေၾကာင့္ ေ႐ႊကူမွာထေျပးခ်င္ရျပန္ေတာ့သည္။ အကိုေလးဘာလို႔ဒီလိုတအားဆိုးလာရတာလဲအကိုေလးရယ္။
"ဘာျဖစ္လို႔လဲစားေလ"
"ေ႐ႊကူစားေတာ့အကိုေလးကလိုက္ၾကည့္ေနတာကို ေ႐ႊကူဘယ္လိုစားရမလဲအဲ့ေတာ့"
"ကိုယ္အရင္ကလဲေကာင္မေလးကိုၾကည့္တာပဲေလ ဒီေန႕မွထူးၿပီးၾကည့္ေနတာမွမဟုတ္ပဲနဲ႕ ခါတိုင္းလိုပဲစားပါ "
"မစားေတာ့ဘူး "
"ဟုတ္ၿပီ ကိုယ္မၾကည့္ေတာ့ဘူးေနာ္ထမင္းေလးေတာ့ကုန္ေအာင္စားပါကြာ အစာအိမ္ျဖစ္လိမ့္မယ္ကြ"
ကြန့္ျမဴးမွာလဲ မ်က္ႏွာအုအုေလးကိုမၾကည့္ေတာ့ပဲ ထမင္းပဲစားလိုက္မွ ေကာင္မေလးကျပန္၍ ထိုင္ေလေတာ့သည္။ မာမီတို႔မရွိတုန္းေလး ထမင္းစားပုံေလးကိုအဝၾကည့္ရတာကို ေကာင္မေလးကလဲအၾကည့္မခံႏွင့္ ကြန့္ျမဴးဘဝႀကီးကလဲခက္ခဲလိုက္တာေနာ္။
ေ႐ႊကူပန္းကန္ေဆးေတာ့လဲ ဝင္ရႈပ္ေနၿပီးအတင္းေဆးကူမည္လုပ္ေနသည့္အကိုေလးေၾကာင့္ ႏွစ္ေယာက္ၾကားထဲမွပန္းကန္ေလးတစ္ခ်က္က်သြားရျပန္သည္။
"ဘာလုပ္ေနတာလဲအဲတာ"
"ေကာက္ၿပီးပစ္မလို႔ေလအကိုေလး"
"လက္ခိုက္မိမွာေပါ့ကြ လာထ .."
"ရပါတယ္အကိုေလးရဲ႕ ဒါေလးေကာက္တာကို မခိုက္မိပါဘူး"
"က်စ္.. ေျပာရဆိုရခက္လိုက္တာကြာ အဲ့လက္ခေလးခိုက္မိသြားရင္ ရင္က်ိဳးရမွာဘယ္သူလို႔ထင္လဲ"
"ဘယ္သူလဲအကိုေလး"
"ဒီကေကာင္ ကြန့္ျမဴးေဝဆိုတဲ့ဒီကေကာင္ရင္က်ိဳးရမွာကြ.."
ရင္ဘက္ႀကီးစည္တီးကာ တစ္ဘုန္းဘုန္းထု၍ေျပာလာသည့္အကိုေလးေၾကာင့္ ေ႐ႊကူရယ္မိသြားေတာ့သည္။
"ခစ္ခစ္.. အကိုေလးကစကားတတ္တိုင္းေျပာေနတယ္"
"ေအးပါရယ္ထားပါ ခ်စ္ရတဲ့ေကာင္ကိုေလွာင္ေနေတာ့လဲခံရတာေပါ့ "
"အကိုေလးရယ္ေတာ္ပါေတာ့ ေ႐ႊကူထြက္ေျပးခ်င္ေအာင္မလုပ္ပါနဲ႕ေတာ့ "
ေ႐ႊကူ႕မွာေတာ္ပါေတာ့လို႔တားယူရကာ တံျမတ္စည္းယူ၍ ပန္းကန္ကြဲေတြကိုသိမ္းလိုက္ရေတာ့သည္။ ေ႐ႊကူ႕မွာရယ္တာေတာင္ေကာင္းေကာင္းမရယ္ရႏွင့္ အကိုေလးရဲ႕စကားမ်ားေၾကာင့္ လူကရွက္လာရျပန္ေတာ့သည္။
"ေ႐ႊကူအိမ္ေပၚတတ္မလို႔ေလ "
"အင္းေလတတ္ေလ"
"အကိုေလးအိမ္တံခါးပိတ္မွာမဟုတ္ဘူးလား"
"ၿပီးမွပိတ္မယ္ေလ ေကာင္မေလးကိုအိမ္ေပၚအရင္လိုက္ပို႔မလို႔"
ေ႐ႊကူေမ့ေတာင္လဲခ်င္လာရေတာ့သည္။ အကိုေလးကိုရပ္၍ ေ႐ႊကူနားမလည္ေတာ့သည့္ပုံစံႏွင့္ၾကည့္ကာ...
"အကိုေလးေဆးမွားေသာက္ထားတယ္နဲ႕တူတယ္"
"ဟား ဟား.. ဘာေဆးမွမေသာက္ထားလို႔မမွားဘူးစိတ္ခ်"
"ေ႐ႊကူေၾကာက္လာၿပီေနာ္ အဲ့လိုႀကီးမစေတာ့နဲ႕ "
"မစဘူးေလကြာေလွခါးေပၚတတ္ရင္း မေတာ္တဆျပဳတ္က်ရင္ဘယ္လိုလုပ္မလဲ အဲ့တာေၾကာင့္အေပၚလိုက္ပို႔မလို႔ေလဗ်ာ"
"ေ႐ႊကူ႕ေနာက္လိုက္လာရင္ေ႐ႊကုငိုမွာေနာ္ အကိုေလးေနခဲ့ေ႐ႊကူအရင္တတ္မွာ"
အမိန့္ေပးကာ တတ္သြားေတာ့လဲဘာတတ္နိုင္ေတာ့မွာလဲ ကြန့္ျမဴးေအာက္မွရပ္၍အခန္းထဲဝင္သြားတဲ့အထိၾကည့္ေနလိုက္ေတာ့သည္။ ကိုယ္ကပိုတာမဟုတ္ပါဘူးကြာ အရင္ထဲကေကာင္မေလးကိုအရမ္းဂ႐ုစိုက္ၿပီးခ်စ္ေပးခ်င္ေပမယ့္အခြင့္အေရးမရခဲ့ပဲ အခုမွအခြင့္အေရးေလးရခဲ့႐ုံပါကြာ။
အကိုေလးခ်စ္ပုံႀကီးကေ႐ႊကူ႕အတြက္ဝန္ပိရတယ္အကိုေလးရယ္။ ေ႐ႊကူစိတ္ေတြလဲက်ဥ္းက်ပ္ရသည္ အတင္းႀကီးလူကိုကပ္ၿပီး စကားေတြေျပာတာေတြေရာကရင္ခုန္ရသလို နားေထာင္ရတာလဲနားေတြရွက္ေနမိသည္။ ေသခ်ာတာေတာ့ အကိုေလးႏွင့္ေနာက္ရက္ေတြဘယ္လိုမ်ားဆက္ေနရမလဲဆိုၿပီး ရင္ေတြေလးေနမိေတာ့သည္။
............
"အဟြတ္.. အဟြတ္.."
ေ႐ႊကူဖ်ားေနၿပီျဖစ္ေသာ္လည္း အကိုေလးထမင္းစားဖို႔ထ၍ခ်က္ျပဳတ္လိုက္သည္။ အကိုေလးကဒီေန႕အလုပ္ျပန္တတ္မွာမဟုတ္လား ေ႐ႊကူကေတာ့ဒီေန႕တစ္ရက္မလိုက္ပဲ အိမ္မွာပဲက်န္ခဲ့အုံးမည္ျဖစ္သည္။
ကြန့္ျမဴးေအာက္သို႔ဆင္းလာခဲ့ေတာ့ ေကာင္မေလးကထမင္းစားပြဲတြင္ထိုင္၍ ေခါင္းကိုဖိႏွိပ္ေနေလေတာ့သည္။
"ဘာျဖစ္လို႔လဲ ေကာင္မေလး"
"ဟင္.. အကိုေလး ေ႐ႊကူေခါင္းနဲနဲကိုက္လို႔ပါဘာမွမျဖစ္ပါဘူး"
"လူကလဲၾကည့္အုံးေဖ်ာ့ေတာ့ေနတာပဲ ဘာျဖစ္လို႔လဲေနမေကာင္းလို႔လား"
"နဲနဲေလးပဲေနလို႔မေကာင္းတာပါအကိုေလးရဲ႕ ခဏေနေပ်ာက္သြားလိမ့္မယ္"
ဟင္းအိုးေတြထေမႊေနသည့္ေကာင္မေလးမွာ ႏႈတ္ခမ္းေလးေတြပါျဖဴဖက္ေနၿပီးပုံစံကသိပ္မဟန္ေပ။
"အကိုေလး.. "
"ဖ်ားေနရင္ နားနားေနေနလွဲေနမွေပါ့ကြ "
"ေ႐ႊကူသက္သာပါတယ္ ေအာက္ကိုျပန္ခ်ေပးအကိုေလး"
ေ႐ႊကူ႕စကားကိုမၾကားသည့္အလား ေ႐ႊကူ႕ကိုေပြ႕ကာဧည့္ခန္းကဆိုဖာေပၚခ်ေပးလာသည့္အကိုေလးက ေ႐ႊကူ႕နဖူးေလးကိုစမ္းၾကည့္ေနေလသည္။
"က်စ္ ..ကိုယ္ေတြဒီေလာက္ပူေနတာကိုကြာ အရင္စိတ္နဲ႕ဆိုေကာင္မေလးမင္းထုခံေနရေလာက္ၿပီေနာ္ "
ဆိုဖာေပၚလွဲေနရင္းမွ ကြန့္ျမဴးစကားေၾကာင့္မဲ့သြားသည့္ေကာင္မေလးကို ေခါင္းေလးကိုပြတ္သပ္လိုက္ကာ...
"ေနာက္ဆိုအဲ့လိုမလုပ္နဲ႕ၾကားလား ဖ်ားေနရင္နားေန ေခါင္းတအားကိုက္ေနလား ကိုယ္ဆရာဝန္ေခၚလိုက္မယ္ေနာ္ အခုေတာ့ခဏသည္းခံအုံးေနာ္"
ေ႐ႊကူေခါင္းေလးၿငိမ့္ျပလိုက္ေတာ့သည္။ ဟုတ္ပါသည္ ေခါင္းကတအားကိုက္ေနသည္ေၾကာင့္ ေ႐ႊကူလဲမျငင္းေတာ့ပဲဆရာဝန္ေခၚမွာကို သေဘာတူလိုက္ေတာ့သည္။
ကြန့္ျမဴးေကာင္မေလးနားထိုင္၍ ေခါင္းေလးကိုဖြဖြေလးႏွိပ္ေပးလိုက္ေတာ့ ေကာင္မေလးက မ်က္လုံးေလးမွိတ္၍မွိန္းေနေလေတာ့သည္။ နဖူးျပင္တစ္ခုလုံးပူျခစ္ေတာက္ေနတာမ်ား ေတာ္႐ုံအဖ်ားမဟုတ္သည္ကိုေတာင္ ထမင္းထခ်က္ေနသည့္ေကာင္မေလးကို စိတ္တို႔တိုရျပန္သည္။
"ေကာင္မေလး"
"ဟြန္.."
"ကိုယ့္ကိုေၾကာက္လို႔ဖ်ားသြားတာလား"
ေ႐ႊကူေလးကန္ေနသည့္မ်က္လုံးမ်ားကိုဖြင့္၍ အကိုေလးကိုၾကည့္မိေတာ့ မ်က္ႏွာေလးငယ္ေနရွာသည္။
"အြန္း ..အကိုေလးကိုေၾကာက္လို႔ေၾကာက္ဖ်ားဖ်ားသြားတာ "
"ဟာ "
ေကာင္မေလးက ကိုယ့္ကိုေၾကာက္ၿပီးဖ်ားသြားတာတဲ့လားကြာ။ ကိုယ္မေန႕ကအရမ္းႀကီးဆိုးသြားခဲ့တာလား။ အခ်စ္ေတြကိုထုတ္ျပၿပီး ေကာင္မေလးကိုခ်စ္မိတာက ကိုယ္လြန္သြားတာလား။ ေကာင္မေလးရယ္ ကိုယ္ကခ်စ္လို႔ေလကြာ..။
အကိုေလးကအဲ့ေလာက္ႀကီးပိုေနေတာ့ ေ႐ႊကူကမခ်စ္ခ်င္ေတာ့ဘူး ဟြန့္..."
Words 2765
28.9.2023 5:20pm
ဆက္လက္ႀကိဳးစားသြားပါမည္။
Paig gp ေလးတြင္အပိုင္း ၅၅ ထိရပါၿပီေနာ္။ဝင္ေၾကးေလးကမသတ္မွတ္ထားပါဘူး တတ္နိုင္သေလာက္နဲ႕ဝင္လို႔ရပါတယ္ ေဘဘီေလးတို႔။
WavePay - 09983521528
KayPay - 09973860994