"ကိုကို...စိတ်ဆိုးပြေတော့လေ"
"ကိုယ်အခုစကားမပြောချင်သေးဘူး ကလေး"
"ကိုကိုကလည်း"
ထယ်ယောင်း ယွန်းဂီရုံးခန်းထဲတွင် တကောက်ကောက်လိုက်၍ချော့နေခြင်းဖြစ်သည်။ပဲရစ်ကိုပညာတော်သင်သွားမယ့်ကိစ္စနဲ့ပတ်သက်ပြီး စိတ်ဆိုးနေတဲ့ကိုကိုက သူဘယ်လောက်ချော့ချော့စိတ်ဆိုးမပြေ။
"ပြန်တော့မယ်...နောက်၅ရက်ဆိုကျွန်တော်သွားရတော့မှာ...အဲ့မတိုင်ခင်ထိနေ့တိုင်းလာချော့မယ်...စိတ်ဆိုးမပြေရင်လည်းမသိတော့ဘူး"
ထယ်ယောင်းကပြောပြီး ယွန်းဂီရုံးခန်းထဲကထွက်သွားသည်။ထွက်သွားတဲ့ထယ်ယောင်းကျောပြင်လေးကိုကြည့်ရင်း ယွန်းဂီသက်ပျင်းချ၍နတ်ခ်တိုင်ကိုလျော့တိလျော့ရဲဖြစ်အောင်ဆောင့်ဆွဲလိုက်သည်။
ထယ်ယောင်းပညာတော်သင်သွားရမှာက2နှစ်တောင်။သူကဘယ်လိုလုပ်2နှစ်လုံးအဲ့ကောင်လေးနဲ့ခွဲနိုင်မှာလဲ?ကလေးကတော့သူနဲ့ခွဲနိုင်တဲ့ပုံ။လုပ်ချင်တာလုပ်ပြီးမှ အသိပေးရုံပေးလာတာလေ။တစ်ကယ်စိတ်ဆိုးတယ်...ကျန်တဲ့ကိစ္စတွေဆိုအလျော့ပေးနေကျပေမယ့် ဒီကိစ္စကိုတော့သူလုံးဝအလျော့မပေးနိုင်ဘူး။ကိုရီးယားနဲ့ပဲရစ်ကဒီလောက်အဝေးကြီး...သူပေးမသွားနိုင်ပါဘူး။
.
.
.
"သားကြီး...ငါမှားသွားပြီ!!!"
မနက်အစောကြီးသူ့ဆီလာပြီး အသံပြဲကြီးနဲ့ငိုယိုနေတဲ့ယွန်းဂီကိုနမ်ဂျွန်နာရင်းအုပ်ချင်တာအတော်ဖြစ်နေပြီဖြစ်၏။
သို့သော်လည်းချစ်သူငယ်ချင်းကြီးမို့ စိတ်ကိုတစ်ထစ်ချရင်းနှစ်သိမ့်ရပေဦးမည်။
"ဘာငိုစရာရှိလို့လဲကွာ...2နှစ်တည်းကို"
"ဘာ!!...2နှစ်တည်းဟုတ်လား...မင်းလိုfaကဘာသိမှာလဲ...ငါ့အတွက်တော့2နှစ်ဆိုတာနှစ်ဘဝလောက်ကြာတယ်ကွ!"
နှစ်သိမ့်နေတာတောင် အပြောအဆိုခံနေရတော့နမ်ဂျွန်တင်းပြီလေ။
"အဲ့ဒါဆိုလည်း...ဘာကိစ္စဖင်ယားပြီးမသွားခင်တည့်အောင်မနေလဲ!!"
ဟုတ်တယ်...နမ်ဂျွန်ပြောတာမှန်တာပေါ့။ထယ်ယောင်းသွားရမဲ့ရက်နီးလာတာတောင် သူတမင်စိတ်ဆိုးပြပြီးထယ်ယောင်းကိုအဖက်မလုပ်ခဲ့ဘူး။သူမှားသွားတာ...သူ့ချစ်သူကစိတ်ကြီးတဲ့စနေသားလေးဆိုတာကိုမေ့ပြီး လာချော့နေတာကိုအမူလွန်သွားတာ။ခုတော့သွားရမယ့်ရက်ထက်တောင် စောပြီးထွက်သွားပြီတဲ့။2နှစ်စာအနမ်းတွေတောင်မယူလိုက်ပဲ ဒီတိုင်းကြီးစိတ်ဆိုးပြီးထွက်သွားတာကိုခံလိုက်ရသည်။
သူတော်တော်တုံးခဲ့တာ။
"ငါလိုက်သွားရင်ကောင်းမလားနမ်ဂျွန်"
မျက်ရည်တွေသုတ်ကာ အရူးလိုမျိုးမေးလာတဲ့ယွန်းဂီကို နမ်ဂျွန်သက်ပျင်းချရင်းပြုံးပြလိုက်သည်။အသက်မပါတဲ့အပြုံးတုနဲ့။
"မင်းenglish ဒါမှမဟုတ် ပြင်သစ်စကားတတ်လား"
နမ်ဂျွန်က ယွန်းဂီပုခုံးကိုကိုင်ပြီးမျက်ခုံးပင့်ကာမေးတော့ ယွန်းဂီကမျက်လုံးလေးကလယ်ကလယ်နဲ့ခေါင်းခါပြသည်။
"အဲ့ဒါအဖြေပဲသားကြီး...မင်းဘယ်လိုလိုက်နေမလဲ...ပဲရစ်မြို့သားတွေကအားလုံးနီးပါးenglishလိုပြောတတ်ကြပေ
မယ့်...သူတို့ဘာသာစကားပြင်သစ်လိုပဲပြောတာ...englishလိုသွားမေးရင်တောင်နားလည်ရဲ့သားနဲ့
မသိချင်ယောင်ဆောင်ပြီးမဖြေကြဘူး...ခရီးသွားဖို့လောက်ပဲဆိုenglishတတ်ရုံလောက်နဲ့အဆင်ပြေပေမယ့်...အဲ့မှာနေဖို့ဆိုရင်တော့မင်းပြင်သစ်စကားကျွမ်းမှရမယ်"
နမ်ဂျွန်ရှင်းပြတော့ ယွန်းဂီကသက်ပျင်းချပြီးမျက်နှာကိုလက်နဲ့အုပ်ကာ ကလေးလိုငိုပြန်သည်။
"ကျက်သရေမရှိဘူးကွာ...စောစောစီးစီးလာငိုနေတာ"
"သားကြီး...မင်းကenglishလိုရတယ်မလား...ငါ့ကိုenglishစာသင်ပေး...ငါကလေးနောက်လိုက်သွားမယ်"
နမ်ဂျွန်ထပ်ပြီးသက်ပျင်းချမိပြန်သည်။englishစာကို သူ့ဘေးကကောင်ကလွယ်တယ်ထင်နေတာ။အဘိုးကကျောင်းကောင်းကောင်းထားပေးတာတောင် စာမလုပ်ခဲ့တဲ့အကျိုးဆက်ကအခုလိုဒုက္ခရောက်ပြီပေါ့။
သေအောင်ငိုနေ...မသနားဘူး။
"အိုကေ...ငါအခုရေးပြတာကိုမင်းအသံထွက်မှန်အောင်ပြောနိုင်ရင်သင်ပေးမယ်"
"အိုကေလေ...မင်းကငါ့ကိုလျော့တွက်တာပဲ"
ယွန်းဂီချက်ချင်းမျက်ရည်တွေပြန်သုတ်ကာ မျက်ခုံးတွန့်ရင်းနမ်ဂျွန့်ကိုစိန်ခေါ်တော့သည်။
နမ်ဂျွန်ကအိပ်ယာပေါ်ကဖုန်းကိုယူပြီး Noteမှာ 'Done' လို့ရေးပြီးယွန်းဂီကိုအသံထွက်ခိုင်းသည်။
ယွန်းဂီကဒီလောက်လွယ်လွယ်လေးကို လာမေးတယ်ဆိုပြီးနမ်ဂျွန်ကိုမျက်စောင်းထိုးပြီး 'သေချာနားထောင်' ဆိုတဲ့သဘောဖြင့်
"ဒုန်းမလား...ဒီလောက်လွယ်လွယ်လေးကို...ငါလည်းအဲ့လောက်တော့သိပါတယ်ကွ"
နမ်ဂျွန် ယွန်းဂီပါးစပ်ကထွက်လာတဲ့သောက်တလွဲအသံထွက်အမှားကြီးကြောင့် ဖုန်းကိုအိပ်ယာပေါ်သို့ပစ်တင်ရင်း သက်ပျင်းအရှည်ကြီးချတော့သည်။
"မသေမချင်းမှတ်ထားသူတောင်းစား!...ဒန်းန်လို့ထွက်ရတယ်ဟ...englishစာသာသင်နေရင် မင်းဟာလေးသာဒီပြန်ရောက်လာမယ်...မင်းကတော့တတ်မှာကိုမဟုတ်ဘူး....ပဲရစ်ထိလိုက်ပြီးဘာလိုက်လုပ်မှာလဲ...ဒီမှာပဲမင်းအဘိုးကုမ္ပဏီကိုပိုတိုးပွားအောင်လုပ်စမ်းပါ...အဲ့တော့မင်းဟာလေးပြန်လာရင်...မင်းလည်းမျက်နှာရတာပေါ့... အနာဂတ်ကိုပဲတွေးစမ်းပါကွာ...ခေါင်းလေးဘာလေးသုံး...လွမ်းရင်အလည်လိုက်သွားပေါ့...ပြန်တော့...ငါပြန်အိပ်တော့မယ်"
နမ်ဂျွန်ပြောတာလည်းဟုတ်သလိုလို။သူ့ကိုအလုပ်အကိုင်အတည်အကျမရှိရင် ထယ်ယောင်းကမယူဘူးလို့ခြိမ်းခြောက်ထားတယ်လေ။ဟုတ်ပြီ...ဒီနေ့ကစပြီး တောင်ကိုရီးယားတင်မကနိုင်ငံခြားထိပါ သူတို့အပိုင်ဟိုတယ်တွေလိုက်ဆောက်ပြီးပိုတိုးတက်အောင်လုပ်ရမယ်။ဒါမှကလေးကသူ့ကိုအထင်ကြီးပြီး ပိုချစ်မှာ။
ဒီနေ့ကစပြီးနှာခေါင်းသွေးတွေလျှံထွက်တဲ့ထိ နေ့မနားညမနားကြိုးစားပြီပဲ။ကလေးပြန်လာတာနဲ့ ဒီကကောင်ကအလုပ်အကိုင်ကောင်းကောင်းပြပြီးလက်ထပ်ခွင့်တောင်းပစ်မှာ။
"ကျေးဇူးပဲသားကြီး...အိပ်တော့နော်...မွ"
"shit!!!...ဒီခွေးမသားကတော့!..."
နှုတ်ဆက်ရင်းပါးကိုလာနမ်းသွားတဲ့ယွန်းဂီကြောင့် နမ်ဂျွန်လှဲနေရာကနေ ချက်ချင်းထလာပြီးခေါင်းအုံးနဲ့ပစ်ပေါက်ရင်းဆဲဆိုကျိန်းမောင်းတော့သည်။
သူ့ပါးကို ဘယ်သူမှမနမ်းဘူး။ဒီကောင်ပဲစသလိုလိုနောက်သလိုလိုနဲ့ နမ်းနေကျ...ထွီ...ရွံ့လိုက်တာ။အစ်ကိုတောင်သူ့ပါးကိုမနမ်းရသေးဘူး။shitt!!...ဘာအစ်ကိုလဲ?ဟိုကစေ့စပ်သွားပြီကွ။ခေါင်းထဲကထုတ်ပြီးအိပ်တော့ ကင်မ်နမ်ဂျွန်ရာ။
နမ်ဂျွန်အိပ်ယာပေါ်ပြန်မှောက်ချရင်း ခေါင်းအုံးကိုဖက်ကာအသံတိတ်ငိုတော့သည်။အချစ်ကဒီလောက်ပူလောင်စေမှန်းသိရင် limited edition rolexနာရီကိုမမက်ပဲ သူလေ့လာရေးခရီးကိုအတင်းငြင်းခဲ့မိမှာ။အဲ့လိုဆို ကင်မ်ဆော့ဂျင်ဆိုတဲ့လူသားနဲ့လည်း မဆုံနိုင်တော့သလိုအရူးလိုချစ်မိသွားမှာမဟုတ်တော့ဘူး။
.
.
.
ထယ်ယောင်းခုဆို ပဲရစ်မြို့ကိုရောက်နေတာ ၃လခန့်ကြာသွားပြီဖြစ်သည်။နေရာအသစ်မို့ အစစအရာရာခက်ခဲပေမယ့် ဘာသာစကားကတော့အခက်ဆုံးဖြစ်သည်။ပြင်သစ်လိုကောင်းကောင်းတတ်ပေမယ့် တစ်ကယ်တမ်းပြင်သစ်လူမျိုးတွေနဲ့ပြောဆိုရတော့လည်း သူတတ်ထားတဲ့ပြင်သစ်စကားကထင်သလောက်မဟုတ်တော့။ဒေသခံတွေရဲ့လေယူလေသိမ်းတွေကိုမနည်းလိုက်နားထောင်ပြီး နေသားကျအောင်လုပ်နေရသည်။နဂိုတည်းကအပေါင်းအသင်းနည်းသူမို့ သူငယ်ချင်းကတော့ တစ်ယောက်သာရှိသည်။သူ့လိုပဲကိုရီးယားလူမျိုးမှန်ပေမယ့် ဒီမြေမှာကြီးပျင်းလာတဲ့ပဲရစ်မြို့သားလေး။နာမည်ကပတ်ခ်ဂျီမင်တဲ့။ပတ်ခ်ဂျီမင်ကအတော်ချစ်ဖို့ကောင်းပြီး ပုပုလုံးလုံးလေးနှင့်စိတ်ထားအတော်ဖြူစင်တာကြောင့် သူရဲ့အခင်ရဆုံးသူငယ်ချင်းဖြစ်လာသည်။ပညာရေးပိုင်းကတော့ သူသဘောကျတဲ့fashionဘာသာရပ်မို့ ခက်ခဲသည်ဟူ၍မရှိ။အရာအားလုံးကဆန်းသစ်ပြီး စာသင်ရတာကိုပင်သူအလွန်ပျော်လာသည်။တစ်သက်လုံးမခွဲခဲ့ဖူးတဲ့ တစ်ဦးတည်းသောမိသားစုဝင်မမနဲ့ မခွဲချင်ပေမယ့်လည်းသူ့ပညာရေးအတွက်တခဏတော့ ခွဲနေရမယ်ဆိုတာကို
ရင့်ကျက်တဲ့သူကကောင်းကောင်းနားလည်သည်လေ။
သူ့ချစ်သူမင်ယွန်းဂီကိုလွမ်းလားဆိုရင်တော့နေ့တိုင်းပေါ့။အဲ့အချက်ကလွဲရင် ကျန်တာတော့အဆင်ပြေပါရဲ့။အခုလည်းကျောင်းပိတ်ရက်မှာ ဘာလုပ်နေလဲဆိုရင်ထုံးစံအတိုင်းသူ့ကိုကို ကိုပဲရူးမတတ်လွမ်းနေပါသည်။
ပြတင်းပေါက်ကနေမြင်နေရတဲ့ ကမ္ဘာကျော်အီဖယ်မျှော်စင်ကြီးကိုငေးပြီး အတွေးတွေပြန့်နေတုန်းဖျက်ခနဲလင်းသွားတဲ့ဖုန်းscreenကြောင့် အမြန်ယူကြည့်တော့ထယ်ယောင်းနှုတ်ခမ်းလေးတွေအပေါ်သို့ကွေးတက်သွားတော့သည်။
"ကိုကို...ကျွန်တော်ကိုကို့ကိုလွမ်းနေတာ"
ဖုန်းမျက်နှာပြင်ကနေမြင်နေရတဲ့ထယ်ယောင်းရဲ့မျက်နှာချောချောလေးကိုကြည့်ပြီး ယွန်းဂီရင်ထဲထိကြည်နူးသွားပေမယ့် ထိုမျက်နှာချောချောလေးကိုထိတွေ့လို့မရတာကြောင့်ဝမ်းနည်းရပြန်သည်။
"ကိုယ်လည်းကလေးကိုလွမ်းနေတာ...ခုမှကုမ္ပဏီကပြန်ရောက်လို့ပါ...ပြန်ရောက်ရောက်ချင်းခေါ်လိုက်တာ..
ကိုယ့်ကလေးလေးကနေ့လည်စာရောစားပြီးပြီလား"
ကိုရီးယားကပဲရစ်ထက်၅နာရီစောနေတာကြောင့် ယွန်းဂီအိမ်ပြန်ရောက်ချိန်တိုင်း ထယ်ယောင်းဘက်မှာတော့နေ့လည်စာစားချိန်သာရှိသေးသည်။
"စားပြီးပြီ...ကျွန်တော့်ကိုကို့ကိုလွမ်းတယ်"
ထယ်ယောင်းကငိုမဲ့မဲ့လေးနဲ့ ပြောလာတော့ယွန်းဂီမှာဘာလုပ်ရမှန်းမသိတော့။
"ကိုယ်ခုချက်ချင်းလာခဲ့ရမလား"
"ကိုကိုပင်ပန်းမှာပေါ့...ရှေ့အပတ်ကလာထားသေးတယ်လေ"
ထယ်ယောင်းကပဲရစ်မှာကျောင်းတက်နေတာလား?ကိုရီးယားမှာကျောင်းတက်နေတာလား?ပြန်မေးရအောင်ပင် ယွန်းဂီကမမောနိုင်မပန်းနိုင် ပဲရစ်ကိုနှစ်ပတ်တစ်ခါလောက်သွားသည်။ထယ်ယောင်းကျောင်းပိတ်ရက်ရောက်ပြီဆိုတာနဲ့ ယွန်းဂီကပဲရစ်ရောက်နေပြီပင်။
"ကိုယ်မပင်ပန်းပါဘူး...ကလေးကတွေ့ချင်တယ်သာပြောလိုက်...ကိုယ်လာမှာ"
"အခုကိုကို့မျက်နှာကိုတွေ့တာနဲ့တင်အလွမ်းပြေသွားပြီ"
"ကိုယ့်ကလေးလေးကစကားတတ်လိုက်တာ...ကိုယ်လေတစ်နေ့လုံးစက္ကန့်မလပ်ကလေးလေးကိုလွမ်းနေတာ..
သိလား"
"ဟုတ်လို့လား...အပိုတွေ"
"ဟုတ်ပါတယ်...တစ်ကယ်လွမ်းနေတာပါ...အခုမျက်နှာလေးတွေ့ရတာတောင်ကိုယ်ကလွမ်းနေတုန်း"
"ကိုကို့ကိုချစ်လိုက်တာ"
ထယ်ယောင်းက အသည်းယားစွာယွန်းဂီမျက်နှာလေးပေါ်နေတဲ့ဖုန်းscreenကိုအနားယူပြီးနမ်းတော့ တစ်ဘက်ခြမ်းကယွန်းဂီရယ်သံချိုချိုတွေကပေါ်လာသည်။သူ့လူကြီးရယ်သံတွေကိုသူသိပ်သဘောကျတာ။
"ကိုယ့်ကိုအဲ့လောက်တောင်ချစ်တာလား"
"ကိုကိုထင်ထားတာထက်တောင်ပိုသေးတယ်"
ယွန်းဂီကမျက်ခုံးပင့်ရင်း မယုံသလိုလုပ်ပြတော့ထယ်ယောင်းကသွားလေးတွေစိပြီး ယုံပါလို့ခေါင်းညိတ်ပြသည်။
"ကိုယ်မေးစရာရှိတယ်ကလေး"
"မေးလေ"
ထယ်ယောင်းက တစ်ဖက်ကယွန်းဂီသူ့ကိုကောင်းကောင်းမြင်ရလောက်တဲ့အနေအထားထိရောက်အောင်ဖုန်းကိုခပ်လှမ်းလှမ်းမှာပြန်ထားလိုက်သည်။
"ကိုယ့်ကိုဘယ်တုန်းကစချစ်မိသွားတာလဲ"
ယွန်းဂီ သူသိချင်တာကိုမေးလိုက်တော့ ထယ်ယောင်းကမျက်နှာတစ်ခုလုံးရဲတက်လာကာ
"အာ...ကျွန်တော်မေ့နေတာကိုကို...ရေနွေးအိုးတည်ထားတာဆူနေပြီထင်တယ်...ဒါပဲနော်"
"ကလေး..."
ထယ်ယောင်း မတည်ထားတဲ့ရေနွေးအိုးကရမယ်ရှာပြီး အကြောင်းပြချက်ပေး၍ဖုန်းချလိုက်သည်။
ကိုကိုနဲ့သူနဲ့ဆို သူကအရင်စချစ်မိခဲ့တာမလား?ကိုကိုကမမကိုသဘောကျနေတယ်ဆိုတာသိသိရက်နဲ့တိုင် သူတစ်ဖက်သတ်သဘောကျခဲ့ရတဲ့ကိုကို့ကို ဒီအကြောင်းတွေမပြောပြချင်ပါဘူး။သူရှက်တာပေါ့။
.
.
.
ရာသီစက်ဝန်းကပုံမှန်အတိုင်းလည်ပတ်နေပြီး အခုဆိုရင်ချမ်းအေးလှတဲ့ဆောင်းတွင်းက အလည်တစ်ခေါက်ပြန်ရောက်လာပြီဖြစ်သည်။မှန်တံခါးကတစ်ဆင့်မြင်နေရတဲ့အပြင်မှာနှင်းတွေတဖွဲဖွဲကျနေပြီး ရာသီဥတုကအေးစက်နေမှန်းသိသာလှသည်။စားသောက်ဆိုင်ထဲမှာheaterဖွင့်ထားတာတောင် အပြင်ကအအေးဒဏ်ကိုမမူနိုင်။အေးလွန်းသည်။
ဆော့ဂျင် ဝန်ထမ်းတွေနဲ့အတူဆိုင်ပိတ်ပြီးမှအိမ်သို့ပြန်ရန်လုပ်သည်။အိမ်ပြန်ရင်လည်းပျင်းစရာပဲမို့ ဆော့ဂျင်အတွက်ကအပြင်မှာနောက်ကျတဲ့အထိနေရလေပိုကောင်းလေပင်။ဆိုင်ကိုလာနေကျဧည့်သည်တွေ သူ့ရဲ့အားကိုးရတဲ့ဝန်ထမ်းတွေနဲ့ပဲ အရာအားလုံးကပုံမှန်အတိုင်းလည်ပတ်နေပေမယ့် သူတစ်ယောက်ပဲကွက်ပြီးပုံမှန်မဟုတ်တော့တာ။အခုဆိုသူကအမေတို့သဘောကျတဲ့မိန်းကလေးတစ်ယောက်နဲ့စေ့စပ်လိုက်ရပြီး ဆိုင်ကိုနေ့တိုင်းလာပြီးဘေးကနေတတွတ်တွတ်ပြောတတ်တဲ့နမ်ဂျွန်ဆိုတဲ့ကောင်လေးမရှိတော့တာကလွဲရင်အရာအားလုံးက မပြောင်းလဲပဲရှိနေပါသည်။သူတစ်ယောက်တည်းအတွက်ကလွဲလို့ပေါ့။
ဒီလိုနှင်းတွေကျပြီးအေးနေတဲ့အချိန်မှာ နမ်ဂျွန်ကနွေးနွေးထွေးထွေးရောဝတ်ထားရဲ့လား?နေမကောင်းများဖြစ်နေလား?အစားရောကောင်းကောင်းစားရဲ့လား?ဆိုတာသူသိချင်ပေမယ့် သူ့မှာသိချင်ခွင့်ရောရှိသေးရဲ့လား?
ဟက်...သူနမ်ဂျွန်ကိုလွမ်းနေတယ်။သူ့နားမှာကြောင်ပေါက်လေးတစ်ကောင်လိုအမြဲကပ်နေတဲ့ကောင်လေးကို သူလွမ်းနေတာပဲ။အစ်ကိုလိမ်မိလို့တောင်းပန်ပါတယ်နမ်ဂျွန်ရယ်...
စားသောက်ဆိုင်တံခါးကိုပိတ်ပြီးလို့ ဝန်ထမ်းတွေအားလုံးသူ့ကိုနှုတ်ဆက်ပြီးမှပြန်သွားတာတောင် ဆော့ဂျင်ခုထိဆိုင်ရှေ့မှာရပ်နေတုန်းပင်။ရင်ထဲကနာကျင်မှုတွေကြောင့် မျက်ရည်တွေကမဖိတ်ခေါ်လည်း သူ့အလိုလိုကျသည်။
နမ်ဂျွန်ရဲ့သစ္စာဖောက်ခြေထောက်တွေက ညနေစောင်းပြီဆိုတာနဲ့ဆော့ဂျင်ရှိရာနေရာသို့ရောက်လာတတ်သည်။ခုလည်းဆော့ဂျင်ဆိုင်လေးကိုကောင်းကောင်းမြင်ရတဲ့ ခပ်လှမ်းလှမ်းနေရာကနေ ဆော့ဂျင်ကိုလှမ်းကြည့်နေသည်။
မပိုင်ဆိုင်ရရင်တောင်မှ ငေးကြည့်ခွင့်လေးတော့သူ့မှာရှိတယ်မလား?သူကြည့်နေတာကြာပြီ။အစ်ကိုကဆိုင်ရှေ့မှာမျက်နှာသေနဲ့ရပ်နေတာကြာလှပြီ။ဘာလို့အဲ့လိုပုံဖြစ်နေရတာလဲဆိုတာ သူသိချင်ပေမယ့်သူ့ခြေထောက်တွေကအစ်ကိုရှေ့ကိုမသွားရဲဘူး။အစ်ကို့ကိုထပ်ပြီးစွဲလမ်းသွားမှာကိုကြောက်တယ်။
ဆော့ဂျင် အချိန်ဘယ်လောက်ကြာအောင်နှင်းတွေကြားထဲမှာရပ်နေမိလည်းမသိ။ခြေထောက်တွေထုံကျင်လာတော့မှသတိထားမိပြီး ကားဆီသွားရန်ခြေထောက်လှမ်းတော့ထုံကျင်နေတဲ့ခြေထောက်တို့က လျှောက်မရတော့ပဲဟန်ချက်ပျက်ကာ ကြမ်းပြင်သို့လဲကျတော့သည်။ပြန်ထမလို့ပြင်နေတုန်း မျက်လုံးထောင့်စွန်းကနေလူတစ်ယောက်ပြေးလာတာကိုမြင်နေရသည်။သိပ်မကြာခင်သူ့နားရောက်လာတဲ့ ဖိနပ်တစ်စုံကြောင့်မော့ကြည့်မိတော့ ဆော့ဂျင်မျက်လုံးလေးတွေဝိုင်းစက်သွားရသည်။
"နမ်ဂျွန်"
မတ်တပ်ရပ်နေဆဲဖြစ်တဲ့အစ်ကို့ကို သူလှမ်းကြည့်နေတုန်းရုတ်တရက်ကြီးလဲကျသွားတဲ့ခန္ဓါကိုယ်လေးကြောင့် သူကိုယ်တိုင်တောင်မသိပဲသူ့ခြေထောက်တွေက လဲကျသွားတဲ့ခန္ဓါကိုယ်လေးရှိရာသို့အပြေးသွားမိသည်။ဒီတစ်ခေါက်လည်း သူ့ခြေထောက်တွေကသူ့ကိုထပ်သစ္စာဖောက်ပြန်ပြီ။
"ကျွန်တော့်လက်ကိုကိုင်ပြီးထလိုက်"
နမ်ဂျွန်ကလက်တစ်ဖက်ကမ်းပေးကာအေးစက်စက်ပြောလာပေမယ့် ဆော့ဂျင်ပြုံးရင်းနဲ့ပင်နမ်ဂျွန်လက်ကိုကိုင်ပြီးထလိုက်သည်။မတွေ့ရတာကြာပြီဖြစ်တဲ့ကောင်လေးက ရုတ်တရက်ကြီးမျက်စိရှေ့ကိုရောက်လာတာမို့ ဆော့ဂျင်ဖုံးမရစွာပျော်နေသည်။နွေးထွေးတဲ့လက်တစ်ဖက်ကိုကိုင်ထားရတဲ့ဆိုတဲ့အသိကြောင့်လည်း ရင်ခုန်နေပါသေးသည်။
"နမ်ဂျွန်အစ်ကို့ဆီကိုလာတာလား"
ဆော့ဂျင်ကမတ်တပ်ရပ်ပြီးသည့်တိုင် နမ်ဂျွန့်လက်ကိုပြန်မလွှတ်ပေးပဲကိုင်၍မေးလာသည်။
"ကျွန်တော်လာတာဆိုရင်ရော မောင်းထုတ်မလို့လား"
"မဟုတ်ပါဘူးနမ်ဂျွန်ရယ်...အစ်ကိုဝမ်းသာလို့ပါ"
"ကျွန်တော်ကတော့ဝမ်းမသာဘူး...ခြေထောက်ကိုဂရုစိုက်ပါ..."
နာသွားတဲ့သူ့ခြေထောက်ကိုမေးဆတ်ပြ၍ပြောပြီးတော့ နမ်ဂျွန်က သူကိုင်ထားတဲ့လက်ကိုပြန်ဖြုတ်ပြီး လှည့်ထွက်သွားရန်ပြင်သည်။သူ့ချက်ချင်းပင်နမ်ဂျွန့်လက်ကိုပြန်ဆွဲလိုက်သည်။သူခုမှဒီကောင်လေးကိုတွေ့ရတာလေ။မပြန်စေချင်သေးဘူး။သူသဘောကျတဲ့ပါးချိုင့်တွေကိုမမြင်ရသေးတော့ သူမတင်းတိမ်နိုင်ဘူး။
"မ..မသွားပါနဲ့ဦး...ကော်ဖီသောက်မလား..အစ်ကိုဖျော်ပေးမယ်လေ"
ဆော့ဂျင်စကားကိုနမ်ဂျွန်သက်ပျင်းချရင်း ဆော့ဂျင်လက်ထဲကနေသူ့လက်ကိုရုန်းလိုက်သည်။ကင်မ်ဆော့ဂျင်ကသူ့ကိုရူးအောင်လုပ်နေတာ။
"ဘာလို့ကျွန်တော့်ကိုနာကျင်အောင်လုပ်နေရတာလဲ...ပြန်မရနိုင်တဲ့မျှော်လင့်ချက်တွေကိုကျေးဇူးပြုပြီး...ကျွန်တော့်ကိုမပေးပါနဲ့လား"
"အစ်ကိုဘာလုပ်မိလို့လဲ...အစ်ကိုတို့အရင်လိုတော့ခင်လို့ရသေးတယ်မလား...နမ်ဂျွန်ကဘာလို့ဒီလိုစိမ်းကားနေတာလဲ!"
ဆော့ဂျင်မေးရင်းနဲ့အသံကျယ်လာသလို မျက်ရည်တွေလည်းကျလာသည်။ဒါဟာနမ်ဂျွန့်ရှေ့မှာ သူပထမဆုံးငိုဖူးတာပင်။
"ကျွန်တော်စိမ်းကားတာလား...အစ်ကိုစိမ်းကားတာလားဆိုတာသေချာပြန်စဥ်းစားပါဦး...ကျွန်တော်လည်းလူပဲ...ဒီလောက်တော့နားလည်ပါတယ်"
"မင်းနားမလည်ပါဘူး...မင်းနားမလည်ပါဘူးနမ်ဂျွန်...ငါလည်းစိတ်ရှုပ်ရတဲ့လူပါပဲ...မင်းပြောတော့ငါ့ကိုချစ်တယ်ဆို...ချစ်တယ်ဆိုရင်အခုလိုမစိမ်းကားပဲအရင်လိုပဲပြန်နေပေးပါလား...အစ်ကိုမင်းနဲ့သူစိမ်းတွေလိုမဖြစ်ချင်ဘူး"
ကင်မ်ဆော့ဂျင်ကတစ်ကိုယ်ကောင်းဆန်လိုက်တာ။ဒီကကောင်ကသောက်ရမ်းချစ်နေတယ်ဆိုတာကိုသိတော့ ခုလိုတောင်းဆိုရဲနေတာ။
နမ်ဂျွန်ငိုနေတဲ့ဆော့ဂျင်ရဲ့လက်မောင်းနှစ်ဖက်ကို တင်းတင်းကိုင်ပြီးမျက်နှာချင်းဆိုင်လိုက်သည်။
"ကျွန်တော်ကခင်ဗျားကိုချစ်တာနဲ့ပဲအကုန်လိုက်လျောပေးရမှာလား...ဟမ်...ကျွန်တော့်ဘက်ကိုလည်းထည့်တွေးပေးလေ...ကိုယ်ချစ်နေတဲ့လူကစေ့စပ်ထားတဲ့လူရှိတာကိုကျွန်တော်ကသောက်ရူးမို့လို့ခင်ဗျားအနားမှာဘာမှမဖြစ်သလိုအခင်မင်မပျက်ဟန်ဆောင်နေပေးနေရမှာလား...ကျွန်တော်နဲ့အရင်လိုပြန်ဖြစ်ချင်ရင်စေ့စပ်ထားတာကိုဖျက်လိုက်...အဲ့ဒါဆိုအရင်လိုပဲအနားမှာပြန်နေပေးမယ်"
နမ်ဂျွန်နောက်ဆုံးလက်ကျန်မျှော်လင့်ချက်လေးဖြင့် ဆော့ဂျင်ကိုပြောလိုက်သည်။သူ့မသိစိတ်ကသိနေတယ်...အစ်ကိုလည်းသူ့ကိုချစ်နေတယ်ဆိုတာ။
ဆော့ဂျင် နမ်ဂျွန်ပြောတာကိုနားထောင်နေရင်းမျက်ရည်တွေပိုပိုကျလာသည်။သူနမ်ဂျွန့်ခံစားချက်တွေကိုနားလည်တယ်။ဒါပေမယ့်အစ်ကိုနောက်ပြန်လှည့်လို့မရတော့ဘူးနမ်ဂျွန်။
အခုထိပြန်ဖြေသံတစ်ခွန်းမှမကြားရတာကြောင့် ဆော့ဂျင်ပုခုံးကိုကိုင်ထားတဲ့နမ်ဂျွန့်လက်တွေပြေလျော့သွားသည်။
ဟက်...သူရူးနေတာ။သူ့ကိုကင်မ်ဆော့ဂျင်ကချစ်နေတယ်လို့ခံစားနေရတဲ့သူကရူးနေတာ။ဒီလူကသူ့ကိုရူးအောင်အမျိုးမျိုးနဲ့လုပ်နေတာ။
"ခင်ဗျားကျွန်တော့်ကိုအရူးမလုပ်နဲ့တော့ ကင်မ်ဆော့ဂျင်...နောက်ထပ်မတွေ့ပဲနေကြရအောင်"
နမ်ဂျွန်ကသူ့ကိုကျောခိုင်းပြီးထွက်သွားပြီ။သူ့လက်တွေက ထွက်သွားတဲ့နမ်ဂျွန်ကိုမတားနိုင်ခဲ့ဘူး။ဒီတစ်ခါလက်လွှတ်လိုက်ရင်သူတို့တစ်သက်လုံးဝေးရတော့မှာ။ဒါပေမယ့်လည်း သူဒီတိုင်းရပ်ကြည့်နေမိတယ်။
နှင်းတွေတဖွဲဖွဲကျပြီး ဆောင်းလေကြမ်းတွေတိုက်နေတဲ့ညမှာကောင်လေးနှစ်ယောက်ကမျက်ရည်ကိုယ်စီနဲ့တိတ်တဆိတ်အသည်းကွဲခဲ့ကြသည်။အချင်းချင်းနှစ်သိမ့်ပေးရမယ့်အစား ဆန့်ကျင်ဘက်လမ်းကိုပဲထွက်သွားခဲ့ကြပြီးနာကျင်ဖို့ကိုပဲဆက်တိုးဝင်ကြသည်။
.
.
.
ရာသီတွေအလီလီပြောင်းပြီးနောက်မှာတော့ ထယ်ယောင်းရဲ့အမိမြေပြန်ချိန်ကလည်းနီးကပ်လာခဲ့သည်။မတွေ့ရတာကြာပြီဖြစ်တဲ့ကိုကို့ကိုလည်းသူအရမ်းလွမ်းလှသည်။သူပဲရစ်ရောက်ကာစမှာတော့ ကိုကိုကဒီကိုမကြာခဏလာပေမယ့်အခုတော့မလာနိုင်တော့တာအတော်ကြာပြီ။6လလောက်ပင်ရှိတော့မည်။ကိုကိုကအရင်လိုမရင့်ကျက်တဲ့လူတစ်ယောက်မဟုတ်တော့ပဲ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေပြီလေ။ကိုရီးယားမှာသာမက ကမ္ဘာအနှံ့မှာသူ့ကိုယ်ပိုင်whaleဟိုတယ်တွေကိုလိုက်နယ်ချဲ့နေတော့တာနဲ့သူ့ကိုတောင်အချိန်မှန်မှန်ဖုန်းမဆက်နိုင်တော့ပေ။သူသိခဲ့တဲ့ငပျင်းမင်ယွန်းဂီကခုဆိုအလုပ်သရဲဖြစ်နေပြီ။
တစ်ခါတစ်လေ အလုပ်တွေပဲဖိလုပ်ပြီးသူ့ကိုအချိန်မပေးတဲ့အချိန်ဆိုဘာလို့အလုပ်တွေအဲ့လောက်ဖိလုပ်နေလဲလို့မေးရင် သူ့ကိုပြည့်ပြည့်စုံစုံထားပြီးလက်ထပ်ချင်လို့ပါတဲ့လေ။အဲ့လိုဖြေသံကြားရတော့လည်း ကင်မ်ထယ်ယောင်းတို့ကမူနိုင်ရိုးလား?တစ်ခါတည်းအရည်ပျော်သွားတော့တာ။
'အလုပ်မရှိရင်ခင်ဗျားကိုလက်မထပ်ဘူး' ဆိုတဲ့သူ့ရဲ့ခြိမ်းခြောက်စကားကို ကိုကိုကအသေမှတ်ထားတဲ့ပုံ။
ပဲရစ်မြို့ကြီးကအချစ်မြို့တော်လို့ပြောစမှတ်တွင်ပေမယ့်လည်း သူ့အတွက်တော့ခြောက်ကပ်ကပ်ရယ်သာ။အချစ်ဆုံးသူငယ်ချင်းလေးဂျီမင်နဲ့အားလပ်ရက်တိုင်းနေရာစုံလိုက်လည်ပေမယ့်လည်း ပဲရစ်မြို့ကသူ့အကြိုက်မဟုတ်ဘူးထင်ပါရဲ့။အမိမြေကိုရီးယားလောက်သဘောမကျပေ။
"ထယ်ယောင်းရေ...မုန့်သွားစားရအောင်"
ထယ်ယောင်းအပြင်ကိုငေးနေတုန်း ပတ်ခ်ဂျီမင်ကအပြင်ထွက်ဖို့လာခေါ်သည်။တစ်ကယ်ပါ...သူ့သူငယ်ချင်းလေးကလေ ဒီမြို့သားသာဆိုတယ် လည်လို့ပတ်လို့ကိုမကုန်နိုင်။
မလိုက်ချင်ပေမယ့်လည်းငြင်းလို့လည်းမရမှာကို ကြိုသိတာမို့လက်သေးသေးလေးတွေရဲ့ဆွဲခေါ်ရာနောက်ကို လိုက်ခဲ့ရသည်။မကြာခင်အမိမြေပြန်တော့မှာမို့ သူ့သူငယ်ချင်းလေးကိုသူအချိန်ပေးသင့်တယ်လေ။
.
.
စားပွဲပေါ်က စာရင်းဇယားအထပ်လိုက်ကြီးကိုကြည့်ရင်း
ယွန်းဂီသက်ပျင်းချမိသည်။အခုဆိုရင်အဘိုးကကုမ္ပဏီအလုပ်တွေကိုလုံးဝဝင်ပါခြင်းမရှိတော့ပဲ စီးပွားရေးလောကကနေအနားယူသွားပြီဖြစ်သည်။သူ့ကြိုးစားမှုတွေကြောင့် ထယ်ယောင်းပညာတော်သင်ထွက်သွားပြီး တစ်နှစ်အကြာမှာပင် သူ့ကိုတရားဝင်CEOအဖြစ်ခန့်အပ်ခဲ့သည်။CEOဖြစ်သွားတော့ ရှိသမျှတာဝန်တွေအားလုံးက သူ့ပုခုံးပေါ်ရောက်လာတာကြောင့် ထယ်ယောင်းကိုတောင်ပစ်ထားမိသလိုဖြစ်နေပြီ။သူ့ကလေးလေးကိုရူးလောက်အောင်လွမ်းနေရင်းနဲ့ ဒီစာရင်းဇယားတွေကိုရှင်းရပေဦးမည်။မကြာခင်ကလေးပြန်လာတော့မယ်ဆိုတော့ အချိန်တစ်ဝကြီးပေးဖို့ခုတည်းကအကုန်လုံးကိုရှင်းထားမှတော်ကာကျမည်။
.
.
"ငါ့ကိုမေ့သွားမှာမလား...ထယ်ယောင်း"
"ငါကမင်းကိုမေ့စရာလား ဂျီမင်ရယ်...မင်းကိုဘယ်လောက်တောင်ချစ်လိုက်သလဲ"
"ငါမင်းနဲ့မခွဲနိုင်ဘူး"
ပြောရင်းနဲ့မျက်ရည်တွေကျလာကာ လာဖက်တဲ့ဂျီမင်ကိုထယ်ယောင်းမနည်းထိန်းကိုင်ပေးထားရသည်။သူလည်းဒီသူငယ်ချင်းလေးနဲ့မခွဲချင်ပေမယ့် ကိစ္စတွေပြီးရင်တော့ပြန်ရမယ်မဟုတ်လား?သူ့ကိုစောင့်နေတဲ့မိသားစုရှိသေးတယ်လေ။
"မင်းဆီခဏခဏလာလည်ပါ့မယ်ဂျီမင်...မင်းလည်းကိုရီးယားကိုလာလည်ပါ...ငါတို့အမြဲအဆက်အသွယ်ရှိနေမယ်လေ...နော်"
"ငါအဲ့ကိုမလာချင်ဘူး...စိတ်နာတယ်"
ဂျီမင်စိတ်နာလည်းနာစရာပါ။ဂျီမင်6နှစ်သားအရွယ်တုန်းကမိဘအရင်းတွေကဂေဟာမှာစွန့်ပစ်သွားတာကြောင့် ယခုပြင်သစ်လူမျိုးမိဘနှစ်ပါးကမွေးစားခဲ့တာဖြစ်ပြီး ဂျီမင်ကပြင်သစ်နိုင်ငံသားဖြစ်လာခြင်းပင်။
"ငါ့ကိုတွေ့ဖိုဆိုရင်တောင်မလာဘူးပေါ့"
သူအကျပ်ကိုင်မေးတော့ ဖြေရခက်သွားတဲ့ဂျီမင်ကမျက်နှာလေးမဲ့ကာဘာမှပြန်မပြော။နှုတ်ခမ်းကလည်းတစ်တောင်လောက်ထော်ထားပါသေးသည်။
"လာမယ်...မင်းကိုတွေ့ဖို့ဆိုရင်လာမှာပေါ့"
"မင်းကငါ့အချစ်ဆုံးသူငယ်ချင်းပါ...မင်းကိုချစ်တယ်ဂျီမင်"
"ငါလည်းမင်းကိုချစ်တယ်...ဟိုရောက်ရင်လည်းအဆက်အသွယ်မပြတ်ကြေးနော်...မင်းဘဲကြီးပစ်ထားရင်ငါ့ကိုဖုန်းဆက်လိုက်...ငါဆုံးမပေးမယ်"
"ဟုတ်ပါပြီကွာ"
လေဆိပ်မှာသူငယ်ချင်းနှစ်ယောက်ရဲ့တဟားဟားရယ်သံတွေကပျံ့လွင့်နေသည်။နှစ်ယောက်သားအချိန်အကြာကြီးဖက်ပြီးရယ်လိုက်ငိုလိုက်နဲ့မို့ ဘေးလူတွေကတောင်စပ်စုနေကြသည်။နောက်တော့လည်း လေယာဥ်ချိန်နီးလာပြီဖြစ်၍ထယ်ယောင်း ဂျီမင်လက်ဖောင်းဖောင်းလေးတွေကိုလွှတ်ပြီးတာတာ့ပြနှုတ်ဆက်ကာ ထားခဲ့ရတော့သည်။ကျန်ခဲ့တဲ့ဂျီမင်လေးကတော့ မျက်ရည်တွေဒလဟောကျနေတာကြောင့်ပြင်သစ်လူမျိုးမိဘနှစ်ပါးကခေါင်းလေးပုတ်ကာချော့နေရတော့သည်။ထယ်ယောင်းလည်းသူငယ်ချင်းကိုခုတည်းကလွမ်းနေတာကြောင့်လေယာဥ်ပေါ်ရောက်သည်အထိငိုနေမိသည်။
ထယ်ယောင်းမျက်ရည်တွေသုတ်ပြီးတော့ ဘေးမှာမြင်နေရတဲ့တိမ်တွေကိုကြည့်ရင်းပြုံးမိသွားသည်။မကြာခင်သူအရမ်းချစ်ရတဲ့လူသားကိုတွေ့ရတော့မယ်လေ။သူပြန်လာမှာကို ဘယ်သူမှမသိဘူး။တမင်စပရိုက်ဖြစ်အောင်လို့ တိတ်တိတ်လေးပြန်လာတာ။သူ့ကိုတွေ့ရင်ဖြစ်သွားမယ့် ကိုကို့မျက်နှာကြီးကို မြင်ချင်လွန်းလို့သူဒီလိုပြန်လာဖြစ်သွားတာ။ကိုကို့ကိုတွေ့တာနဲ့ပြေးဖက်ပြီးနမ်းပစ်ဦးမှာ။
ထယ်ယောင်းသူ့အတွေးလေးနဲ့သူ တပြုံးပြုံးဖြင့်လေယာဥ်မယ်တွေလာပေးတဲ့သရေစာတွေတဝကြီးစားပြီးအိပ်မောကျသွားတော့သည်။
.
.
"သားကြီး...ငါစိတ်လှုပ်ရှားလိုက်တာ...မကြာခင်ကလေးကိုတွေ့ရတော့မှာ"
"မင်းဟာလေးကိုဖုန်းဆက်ပြီးခေါ်လိုက်တော့လေ"
"မင်းကလေ...ပြောရင်လည်းငါ့အလွန်ဖြစ်ဦးမယ်...ပဲရစ်ဆိုတာညကျမှအသက်ဝင်တာကွ...romaticဆိုတာဘာမှန်းတောင်မသိဘူးလား...နောက်2နာရီလောက်နေမှကလေးကိုဖုန်းဆက်ရမှာ"
ထယ်ယောင်းကို စပရိုက်လုပ်ဖို့ဆိုပြီး ယွန်းဂီနဲ့နမ်ဂျွန်ကပဲရစ်ရဲ့အထင်ကရနေရာဖြစ်တဲ့အီဖယ်လ်တာဝါရှေ့ကိုရောက်နေတာပင်။ယွန်းဂီကတော့ပျော်နေပေမယ့် နမ်ဂျွန်ကတော့ပုံမှန်သာ။သကောင့်သားကသူ့ကိုအတင်းအကျပ်ကြီးခေါ်လာတာကို။ပဲရစ်ဆိုတဲ့အချစ်မြို့တော်ကြီးကို အစ်ကိုနဲ့ပဲတူတူလာချင်ခဲ့တာ။ခုတော့ သူများရည်းစားတွေကြားထဲ
ကန့်လန့်ကန့်လန့်နဲ့မနေချင်ပါဘူး။ခုလည်းသကောင့်သားက သူ့ဟာလေးပြန်လာမှာကိုမစောင့်ပဲ ဒီကိုတိတ်တိတ်လေးရောက်လာပြီး သူ့ဟာလေးသူ့ရှေ့ရောက်တာနဲ့လက်ထပ်ခွင့်တောင်းမယ်ဆိုပြီးပျော်ရွှင်နေတာ။သူ့ကိုဘာဆိုင်လို့ခေါ်လာတာလဲဆိုတော့ ဗီဒီယိုရိုက်ခိုင်းမလို့တဲ့။
တစ်ကယ်ပါ။မင်ယွန်းဂီဆိုတဲ့ကောင်ကိုနာရင်းတွေချည်းအုပ်ချင်တာ။
.
.
"ကိုကို!!...ဟင်...ကိုကိုရော"
ထယ်ယောင်း အမိမြေကိုရီးယားကိုရောက်တာနဲ့ကိုရီးယားလေတောင်ဝဝမရှုနိုင်ပဲ ရရာတက်စီငှားပြီးလာခဲ့တာက ကိုကိုရှိရာရုံးခန်းဆီသို့။ရုံးခန်းရှေ့ရောက်တော့ ကိုကို့အတွင်းရေးမှူးကတောင်သူ့ကိုမြင်တော့အံ့သြသွားတာ။သူ့ကိုတစ်ခုခုပြောဖို့ပြင်နေတာမို့ သူကပဲရှူးတိုးတိုးလို့လုပ်ပြပြီးရုံးခန်းထဲဇွတ်ဝင်လာခဲ့လိုက်သည်။ကိုကို့ရုံးခန်းထဲဝင်ဖို့ တံခါးခေါက်စရာဆိုတာသူ့အတွက်တော့မလိုအပ်တဲ့အရာ။
သို့သော်တံခါးဖွင့်ပြီးတာနဲ့ 'ကိုကို'လို့ခေါ်လိုက်ရင်အံ့သြသွားရမယ့်ကိုကို့မျက်နှာကိုမတွေ့ရ။CEOမင်ယွန်းဂီလို့ရေးထားတဲ့စားပွဲမှာကိုကိုကမရှိ။ကိုကိုကဘယ်သွားနေတာလဲ?သူမနေ့ကမေးတော့ ရုံးမှာရှိမယ်ပဲပြောထားပြီး ခုဘယ်ရောက်နေတာလဲ??
"ဟို...CEOကမရှိပါဘူး"
ကိုကို့အတွင်းရေးမှူးက အံ့သြနေတဲ့သူ့ကိုလာပြောပြသည်။
"ကိုကိုဘယ်သွားတာလဲ"
"အဲ့တာတော့အသေးစိတ်မသိပါဘူးခင်ဗျ...ခွင့်၅ရက်ယူထားပါတယ်"
"ဘယ်လို!"
ကိုကိုကခွင့်၅ရက်တောင်ယူပြီးဘာလုပ်တာလဲ?သူ့ကိုလည်းလိမ်သေးတယ်။
ထယ်ယောင်းချက်ချင်းဖုန်းကိုထုတ်ကာ ယွန်းဂီကိုဆက်မယ်ပြင်တော့ အချိန်ကိုက်ပင်ဦးစွာသူ့ဆီဝင်လာတဲ့ယွန်းဂီဖုန်းcall။
"ကိုကိုခုဘယ်မှာလဲ...ပြော!!"
'ကလေးခုချက်ချင်း အီဖယ်လ်တာဝါရှေ့ကိုလာခဲ့...မြန်မြန်လာနော်'
သူပြောတာကိုအရေးမလုပ်ပဲ ကိုကိုကပြောချင်ရာပြောပြီးဖုန်းချသွားသည်။သူ့ကိုလည်းအီဖယ်လ်တာဝါရှေ့ကိုလာခဲ့တဲ့။မဟုတ်မှလွဲရော ကိုကိုကအခု....
ထယ်ယောင်းချက်ချင်း ယွန်းဂီကိုဖုန်းပြန်ခေါ်ရတော့သည်။သို့သော်ယွန်းဂီကမကိုင်တော့။ဘယ်နှခေါက်ဆက်ဆက်မကိုင်တော့တာကြောင့် နောက်ဆုံးဂျီမင်ကိုဖုန်းဆက်ပြီးသွားကြည့်ခိုင်းတော့ တစ်ကယ်ကြီးကိုကိုကအဲ့ကိုရောက်နေတာဆိုလို့ သူလာမယ်အဲ့မှာပဲစောင့်နေလို့တဆင့်ပြောခိုင်းလိုက်ရတော့သည်။သူကတော့ချက်ချင်းကိုကို့ရုံးခန်းကနေလေဆိပ်ကိုတက်စီပြန်ငှားပြီး ရရာလက်မှတ်ဖြတ်၍ပဲရစ်ကိုပြန်လိုက်ရတော့သည်။ယူလာတဲ့ခရီးဆောင်အိတ်ကြီးလည်းကိုကို့ရုံးခန်းမှာပဲထားပစ်ခဲ့သည်။
သူ့ကိုကိုနဲ့သူက စတွေ့တုန်းကလည်းကို့ရို့ကားယား၊ခုထိလည်းကို့ရို့ကားယားပင်။
တစ်ကယ့်ကိုသူနဲ့ကိုကိုကfreaky couple။
ယွန်းဂီကတော့ဘာမှမသိပဲ ထယ်ယောင်းသူငယ်ချင်းလာပြောသည့်အတိုင်းရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်နေသည်။အိတ်ကပ်ထဲကလက်စွပ်ဘူးလေးကိုလည်းခဏခဏထုတ်ကြည့်လွန်းလို့ ဘူးလေးကချွေးတွေတောင်စိုနေပြီ။နမ်ဂျွန်ကတော့ ထယ်ယောင်းကပေါ်မလာနိုင်သေးတာကြောင့်မျက်နှာကြီးရှုံ့မဲ့ပြီး စိတ်မရှည်၍အနားကကော်ဖီဆိုင်မှာစောင့်နေရင်းငိုက်တောင်ငိုက်နေပြီပင်။ဂျီမင်မှာလည်းထယ်ယောင်းမှာထားတဲ့အတိုင်း အဖြစ်မှန်ကိုမပြောပြပဲ တာဝါရှေ့လေးကခုံတန်းလေးမှာပဲငုတ်တုပ်လေးထိုင်ပြီးထယ်ယောင်းအလာကိုစောင့်နေရသည်။
ထယ်ယောင်းအတွက်တော့အလာတုန်းကလေယာဥ်ကမြန်နေပြီး အခုအသွားကျမှကြာနေသလိုပင်။14နာရီနဲ့23မိနစ်တိတိကြာသည့်အချိန်ကို အသွားအပြန်နှစ်ကျော့ပြန်စီးနေရတာကြောင့် လူလည်းအတော်နုံးချိနေပြီဖြစ်သည်။သို့သော်ကိုကိုနဲ့တွေ့ရမည်ဆိုတာကြောင့် ပင်ပန်းဖို့နေနေသာသာရင်ဘတ်တစ်ခုလုံးကတဖျတ်ဖျတ်ခုန်နေသည်။
ထယ်ယောင်း CDG(Charles de Gaulle)လေဆိပ်ကိုရောက်တာနဲ့အမောပင်ကောင်းကောင်းမဖြေနိုင်။အရှေ့ကိုလာထိုးရပ်တဲ့ကြုံရာတက်စီစီးပြီးကိုကိုရှိရာအီဖယ်လ်တာဝါကြီးဆီသို့ဒုန်းစိုင်းပြေးရတော့သည်။
တွေ့ပါပြီ။နေ့လည်တစ်နာရီနေပူပူကြီး တာဝါရှေ့မှာသူ့အလာကိုစောင့်နေတဲ့စိုးရိမ်နေတဲ့မျက်နှာနဲ့ကိုကိုရယ် ကိုကို့ဘေးမှာပျင်းတိပျင်းရွဲနဲ့ပုံ့ပုံ့လေးထိုင်နေတဲ့ဂျီမင်ရယ်နဲ့ဂျီမင်ဘေးကခပ်လှမ်းလှမ်းထိုင်ခုံမှာ ဖရိုဖရဲအိပ်နေတဲ့ကင်မ်နမ်ဂျွန်ရယ်။ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေကြတဲ့ခရီးသွားတွေ၊တက်တက်ကြွကြွလှုပ်ရှားသွားလာနေတဲ့ပဲရစ်မြို့သားတွေနဲ့ခြားနားစွာ ကိုကိုတို့သုံးယောက်ကမှိုင်တွေနေကြသည်။မျက်စိရှေ့ကမြင်ကွင်းကြီးကိုကြည့်ပြီး သူ့မှာရယ်ချင်တာကိုမနည်းထိန်းထားရသည်။သုံးယောက်လုံးမျက်နှာဆိုးတွေနဲ့။
"ကိုကို!!"
ထယ်ယောင်း ယွန်းဂီနားမရောက်ခင်ဆယ်လှမ်းလောက်အလိုကနေလှမ်းအော်ခေါ်တော့ ယွန်းဂီကချက်ချင်းထယ်ယောင်းဆီပြေးလာကာ ပွေ့ဖက်တော့သည်။အိပ်နေတဲ့နမ်ဂျွန်ကတော့ ထယ်ယောင်းအော်သံကြောင့်လန့်နိုးသွားပြီးဂျီမင်ကတော့ဖုန်းကိုကမြန်းကတန်းထုတ်ကာ ဓါတ်ပုံရိုက်ပေးရတော့သည်။
"ကိုယ်ညတည်းကစောင့်နေတာ...ဘာလို့ခုမှလာတာလဲကလေးရယ်"
အားကြီးနဲ့အတင်းဖက်ထားတာကြောင့် ယွန်းဂီလက်မောင်းတွေကြားမှာ ထယ်ယောင်းကိုယ်လုံးကျုံ့နေရသည်။
"ကျွန်တော် ကိုရီးယားကနေလာရတော့ကြာသွားတယ်"
"ဟမ်!!"
သူပြောလိုက်တော့ ကိုကိုကအလန့်တကြား။ဖက်ထားရာကနေ သူ့ပုံခုံးနှစ်ဖက်ကိုကိုင်ပြီးမျက်နှာကိုကြည့်လာသည်။
"ကျွန်တော်ကကိုကို့ကိုsupriseလုပ်မလို့တိတ်တိတ်လေးကိုရီးယားကိုပြန်လာတာကို...ကိုကိုကဒီရောက်နေတယ်ဆိုလို့ချက်ချင်းပြန်လိုက်လာတာ...တစ်ကယ့်supriseကြီးကို ကိုကိုကတိုက်ချလိုက်တော့တာပဲ"
ထယ်ယောင်းကရယ်မောပြီးပြောနေပေမယ့် ယွန်းဂီကတော့မရယ်နိုင်။ကလေးကိုပင်ပန်းအောင်လုပ်မိလို့ဆိုပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်လေတော့သည်။
မျက်နှာလေးနွမ်းပြီးသူ့ကိုကြည့်နေတဲ့ယွန်းဂီကို ထယ်ယောင်းအားမရစွာကြည့်ပြီးလက်နှစ်ဖက်နဲ့ယွန်းဂီပါးနှစ်ဖက်လုံးကိုအုပ်ကိုင်လိုက်သည်။
"ကိုကို့မျက်နှာကြီးကလည်းဗျာ...ကျွန်တော့်ကိုတွေ့တာတောင်မပျော်တဲ့ပုံကြီး"
ထယ်ယောင်းကဆူပုပ်ပုပ်ပြောလေတော့
"မဟုတ်ပါဘူးကလေးရယ်...ကိုယ်အသိမပေးပဲလာမိလို့
ကလေးအခက်တွေ့သွားတာကိုစိတ်မကောင်းဖြစ်နေတာ...ကိုယ့်ကိုပြောရင်ကိုရီးယားကိုပြန်လာခဲ့မှာပေါ့"
ယွန်းဂီ သူ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ထားတဲ့ထယ်ယောင်းလက်သွယ်သွယ်လေးတွေကိုဆွဲယူရင်း အမြတ်တနိုးဖိကပ်နမ်းလိုက်သည်။အရင်ကဆိုယွန်းဂီဒီလိုပြုမူတိုင်းမျက်နှာလေးရဲသွားတတ်တဲ့ထယ်ယောင်းက ခုတော့နေသားကျသွားသည့်နှယ်ယွန်းဂီကိုပြုံး၍သာပြန်ကြည့်သည်။
"ကိုကိုကကျွန်တော့်ကိုအသိမပေးပဲဒီလာပြီး...ဘာလုပ်မလို့လဲ"
ထယ်ယောင်းပြောတော့မှ ယွန်းဂီသတိရပြီးဘောင်းဘီအိတ်ကပ်ထဲကကတီပါအနက်ရောင်လက်စွပ်ဘူးလေးကိုထုတ်ကာ ထယ်ယောင်းရှေ့မှာဒူးထောက်လိုက်သည်။
"ကိုယ့်ကိုလက်ထပ်နိုင်မလားကလေး"
ထယ်ယောင်းရုတ်တရက်ကြီး ကိုကို့ဆီကလက်ထပ်ခွင့်တောင်းခံလိုက်ရတာကြောင့်ပါးစပ်ကိုလက်နဲ့အုပ်ကာအံ့သြနေတော့သည်။အံ့သြလို့ပြူးကျယ်သွားတဲ့မျက်လုံးလေးတွေကလည်း ကိုကို့ဆီကမခွာပဲမျက်ရည်တွေဝိုင်းလာသည်။
"ကိုယ့်ကိုလက်ထပ်မှာမလားကလေး...ဟင်"
ထယ်ယောင်းခေါင်းညိတ်လိုက်ပြီး ဒူးထောက်နေတဲ့ယွန်းဂီကိုဖက်ကာငိုတော့သည်။ယွန်းဂီက ထယ်ယောင်းကိုခပ်ဖွဖွလေးပြန်ဖက်ကာကျောပြင်လေးကိုပြန်ပွတ်သပ်ရင်းထယ်ယောင်းခေါင်းလုံးလုံးလေးကိုနမ်းသည်။ရင်ထဲထိလိုက်တက်လာတဲ့ဝမ်းသာမှုကြောင့် ယွန်းဂီကိုယ်တိုင်လည်းထယ်ယောင်းကိုဖက်ထားရင်းမျက်ရည်တွေစိုလာခဲ့သည်။
ခရီးသွားဧည့်သည်တွေနဲ့ပြင်သစ်မြို့သားတွေက ကြည်နူးဖွယ်လက်ထပ်ခွင့်တောင်းနေတဲ့မြင်ကွင်းလေးကိုမတ်တပ်ရပ်ကြည့်ရင်းလက်ခုပ်တီးကာအားပေးကြသည်။
ဂျီမင်ကဘေးကနေဖုန်းတစ်လုံးနဲ့ ဓါတ်ပုံလှလှလေးတွေရိုက်ပေးနေပြီးနမ်ဂျွန်ကတော့ယွန်းဂီမှာထားတဲ့အတိုင်း ကင်မရာဖြင့်videoမှတ်တမ်းတင်နေသည်။
"Wow!....say yes! say yes! say yes!"
အားလုံးကခေါင်းညိတ်ခိုင်းနေတာကြောင့် ထယ်ယောင်းယွန်းဂီကိုဖက်ထားရာကနေပြန်ထလိုက်ပြီး ဘယ်လက်လက်သွယ်သွယ်လေးကိုယွန်းဂီဆီကမ်းပေးလိုက်သည်။သူလည်းကိုကို့ကို 'yes' လို့ဖြေချင်နေပါပြီ။
"အင်း...ကျွန်တော်ကိုကို့ကိုလက်ထပ်မယ်"
ထယ်ယောင်းစကားဆုံးတာနဲ့ ယွန်းဂီထိန်းမရအောင်ငိုမိတော့သည်။အခုဆိုကင်မ်ထယ်ယောင်းဆိုတဲ့လူသားလေးက သူ့လက်ထပ်ခွင့်ကိုလက်ခံလိုက်ပြီလေ။ကလေးကသူ့တစ်ယောက်တည်းရဲ့အပိုင်လေးဖြစ်လာတော့မှာ။ဝမ်းသာလွန်းလို့ ထိန်းနေတဲ့ကြားကနေမျက်ရည်တွေကကျလာသည်။သေချာပေါက်ဝမ်းသာလို့ကျတဲ့မျက်ရည်တွေပါ။
ယွန်းဂီ ကတီပါအနက်ရောင်ဘူးထဲကနေရိုးရှင်းပြီးစိန်တစ်လုံးတည်းမြှုပ်ထားတဲ့ပလက်တီနမ်လက်စွပ်လေးကိုယူပြီး ထယ်ယောင်းရဲ့လက်သူကြွယ်သွယ်သွယ်လေးမှာစွပ်ပေးလိုက်သည်။လက်စွပ်လေးရဲ့အတွင်းဘက်မှာ Min Yoongi's လို့ရေးထားတဲ့လက်စွပ်လေးက နေရောင်ထဲမှာတဖျက်ဖျက်လတ်နေသည်။သူ့စိတ်တိုင်းကျမှာထားတဲ့လက်စွပ်လေးက ကလေးနဲ့လိုက်မယ်ဆိုတာကြိုသိပြီးသားဆိုပေမယ့် အခုလိုကလေးရဲ့လက်မှာမြင်နေရတာကပိုလှသည်။
ထယ်ယောင်းလက်သူကြွယ်လေးမှာလက်စွပ်ရောက်တာနဲ့ ယွန်းဂီကလက်စွပ်ဝတ်ထားတဲ့ထယ်ယောင်းလက်လေးကိုနမ်းပြီး ထိုလက်လေးကိုကိုင်ကာဒူးထောက်နေရာကနေမတ်တပ်ရပ်လိုက်သည်။
"ကိုယ့်ကိုလက်ခံပေးလို့ကျေးဇူးပါကလေး...ပြီးတော့ကိုယ်ကလေးကိုအရမ်းချစ်တယ်"
"ကျွန်တော်လည်းကိုကို့ကိုအရမ်းချစ်တယ်"
ထယ်ယောင်းနဲ့ယွန်းဂီ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပြုံးနေကြသည်။ထိုမြင်ကွင်းလေးကသိပ်ကိုလှပပြီး ကောင်လေးနှစ်ယောက်ရဲ့အပျော်တွေကဘေးလူတွေကိုပါကူးစက်စေသည်။
"နမ်းကြတော့လေ...ငါလက်ညောင်းနေပြီဟ!"
ကင်မရာကိုင်ထားတဲ့နမ်ဂျွန်ကစိတ်မရှည်စွာထအော်တော့
ထယ်ယောင်းရောယွန်းဂီပါ အသံအကျယ်ကြီးနဲ့ထရယ်မိတော့သည်။ဘေးကဂျီမင်လေးကတော့ သူ့သူငယ်ချင်းငိုတော့သူပါဝမ်းသာပြီးလိုက်ငိုရင်းနမ်ဂျွန်ငေါက်သံကြားတော့ ပါးစပ်ကိုလက်ကလေးနဲ့ကာပြီးတခစ်ခစ်လိုက်ရယ်သည်။
"ကိုယ်နမ်းလို့ရမလားကလေး"
"ကိုကိုခွင့်တောင်းနေစရာကိုမလိုတာပါ"
သူ့စကားသံအဆုံးမှာ ကိုကို့မျက်နှာကသူ့ဆီကိုတဖြည်း ဖြည်းတိုးလာသည်။ဘာဆက်ဖြစ်မလဲဆိုတာသိနေတာမို့ မျက်လုံးတွေကိုမှိတ်ချရင်း ကိုကို့လက်ကိုတင်းတင်းကိုင်ကာကိုကို့အနမ်းတွေနောက်ကိုလိုက်ပါစီးမျောလိုက်တော့သည်။
ချိုတယ်...ဒီနေ့အနမ်းတွေကသူနဲ့ကိုကိုနမ်းဖူးသမျှထဲမှာအချိုဆုံးပါ။
ညဘက်မှရစ်မျှော်စင်ကြီးကိုနောက်ခံထားကာ လက်ထပ်
ခွင့်တောင်းမယ်လို့စီစဥ်ခဲ့ပေမယ့်လည်း ယခုလိုနေ့လည်ခင်းမှာပဲတောင်းဖြစ်သွားခဲ့သည်။သို့သော်ထယ်ယောင်းနဲ့ယွန်းဂီရဲ့ကြည်နူးဖွယ်နမ်းနေတဲ့မြင်ကွင်းက ညဘက်ထက်ပင်ပိုromaticဆန်ပြီးပိုပြီးလှပနေခဲ့သည်။
အီဖယ်လ်တာဝါကြီးရယ် နမ်းနေတဲ့ကောင်လေးနှစ်ယောက်ရယ် အားပေးနေကြတဲ့လူအုပ်ကြီးရယ်ကြောင့်ပဲရစ်မြို့ကပိုအသက်ဝင်ပြီးအချစ်ရနံ့တွေနဲ့တစ်မြို့လုံးကိုဖုံးအုပ်သွားပါတော့သည်။
----------------------
The End
Kimharu4121992🌵
Borahae💜
နောက်ဆုံးတော့ ကိုယ့်ရဲ့ပထမဆုံးficလေးပြီးသွားခဲ့ပါပြီ။
Comedy typeလေးရေးခဲ့ပြီးစာဖတ်သူတွေအားလုံးကို
FCလေးဖတ်ပြီး ခဏလေးပဲဖြစ်ဖြစ်ပျော်စေချင်လို့ဖန်တီးခဲ့တဲ့ficလေးပါ။
ပထမဆုံးသောစာရေးခြင်းမို့ အမှားတွေအများကြီးနဲ့အရေးအသားပိုင်းမကျွမ်းကျင်တာတွေနဲ့လိုအပ်ချက်တွေအများကြီးရှိပါတယ်။
Freaky Coupleလေးကိုဖတ်ပြီးခံစားရတာလေးတွေကိုcommentပေးရင်ဝမ်းသာမိမှာပါ။♡
>>Freaky coupleကိုExtraလေးရေးဖို့ရှိပါတယ်။<<
ကိုယ့်ရဲ့လိုအပ်ချက်တွေရှိနေတဲ့ficလေးကိုဖတ်ပေးကြတဲ့
စာဖတ်သူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။💜
Zawgyi
"ကိုကို...စိတ္ဆိုးေျပေတာ့ေလ"
"ကိုယ္အခုစကားမေျပာခ်င္ေသးဘူး ကေလး"
"ကိုကိုကလည္း"
ထယ္ေယာင္း ယြန္းဂီ႐ုံးခန္းထဲတြင္ တေကာက္ေကာက္လိုက္၍ေခ်ာ့ေနျခင္းျဖစ္သည္။ပဲရစ္ကိုပညာေတာ္သင္သြားမယ့္ကိစၥနဲ႔ပတ္သက္ၿပီး စိတ္ဆိုးေနတဲ့ကိုကိုက သူဘယ္ေလာက္ေခ်ာ့ေခ်ာ့စိတ္ဆိုးမေျပ။
"ျပန္ေတာ့မယ္...ေနာက္၅ရက္ဆိုကြၽန္ေတာ္သြားရေတာ့မွာ...အဲ့မတိုင္ခင္ထိေန႔တိုင္းလာေခ်ာ့မယ္...စိတ္ဆိုးမေျပရင္လည္းမသိေတာ့ဘူး"
ထယ္ေယာင္းကေျပာၿပီး ယြန္းဂီ႐ုံးခန္းထဲကထြက္သြားသည္။ထြက္သြားတဲ့ထယ္ေယာင္းေက်ာျပင္ေလးကိုၾကည့္ရင္း ယြန္းဂီသက္ပ်င္းခ်၍နတ္ခ္တိုင္ကိုေလ်ာ့တိေလ်ာ့ရဲျဖစ္ေအာင္ေဆာင့္ဆြဲလိုက္သည္။
ထယ္ေယာင္းပညာေတာ္သင္သြားရမွာက2ႏွစ္ေတာင္။သူကဘယ္လိုလုပ္2ႏွစ္လုံးအဲ့ေကာင္ေလးနဲ႔ခြဲႏိုင္မွာလဲ?ကေလးကေတာ့သူနဲ႔ခြဲႏိုင္တဲ့ပုံ။လုပ္ခ်င္တာလုပ္ၿပီးမွ အသိေပး႐ုံေပးလာတာေလ။တစ္ကယ္စိတ္ဆိုးတယ္...က်န္တဲ့ကိစၥေတြဆိုအေလ်ာ့ေပးေနက်ေပမယ့္ ဒီကိစၥကိုေတာ့သူလုံးဝအေလ်ာ့မေပးႏိုင္ဘူး။ကိုရီးယားနဲ႔ပဲရစ္ကဒီေလာက္အေဝးႀကီး...သူေပးမသြားႏိုင္ပါဘူး။
.
.
.
"သားႀကီး...ငါမွားသြားၿပီ!!!"
မနက္အေစာႀကီးသူ႕ဆီလာၿပီး အသံၿပဲႀကီးနဲ႔ငိုယိုေနတဲ့ယြန္းဂီကိုနမ္ဂြၽန္နာရင္းအုပ္ခ်င္တာအေတာ္ျဖစ္ေနၿပီျဖစ္၏။
သို႔ေသာ္လည္းခ်စ္သူငယ္ခ်င္းႀကီးမို႔ စိတ္ကိုတစ္ထစ္ခ်ရင္းႏွစ္သိမ့္ရေပဦးမည္။
"ဘာငိုစရာ႐ွိလို႔လဲကြာ...2ႏွစ္တည္းကို"
"ဘာ!!...2ႏွစ္တည္းဟုတ္လား...မင္းလိုfaကဘာသိမွာလဲ...ငါ့အတြက္ေတာ့2ႏွစ္ဆိုတာႏွစ္ဘဝေလာက္ၾကာတယ္ကြ!"
ႏွစ္သိမ့္ေနတာေတာင္ အေျပာအဆိုခံေနရေတာ့နမ္ဂြၽန္တင္းၿပီေလ။
"အဲ့ဒါဆိုလည္း...ဘာကိစၥဖင္ယားၿပီးမသြားခင္တည့္ေအာင္မေနလဲ!!"
ဟုတ္တယ္...နမ္ဂြၽန္ေျပာတာမွန္တာေပါ့။ထယ္ေယာင္းသြားရမဲ့ရက္နီးလာတာေတာင္ သူတမင္စိတ္ဆိုးျပၿပီးထယ္ေယာင္းကိုအဖက္မလုပ္ခဲ့ဘူး။သူမွားသြားတာ...သူ႕ခ်စ္သူကစိတ္ႀကီးတဲ့စေနသားေလးဆိုတာကိုေမ့ၿပီး လာေခ်ာ့ေနတာကိုအမူလြန္သြားတာ။ခုေတာ့သြားရမယ့္ရက္ထက္ေတာင္ ေစာၿပီးထြက္သြားၿပီတဲ့။2ႏွစ္စာအနမ္းေတြေတာင္မယူလိုက္ပဲ ဒီတိုင္းႀကီးစိတ္ဆိုးၿပီးထြက္သြားတာကိုခံလိုက္ရသည္။
သူေတာ္ေတာ္တုံးခဲ့တာ။
"ငါလိုက္သြားရင္ေကာင္းမလားနမ္ဂြၽန္"
မ်က္ရည္ေတြသုတ္ကာ အ႐ူးလိုမ်ိဳးေမးလာတဲ့ယြန္းဂီကို နမ္ဂြၽန္သက္ပ်င္းခ်ရင္းျပဳံးျပလိုက္သည္။အသက္မပါတဲ့အျပဳံးတုနဲ႔။
"မင္းenglish ဒါမွမဟုတ္ ျပင္သစ္စကားတတ္လား"
နမ္ဂြၽန္က ယြန္းဂီပုခုံးကိုကိုင္ၿပီးမ်က္ခုံးပင့္ကာေမးေတာ့ ယြန္းဂီကမ်က္လုံးေလးကလယ္ကလယ္နဲ႔ေခါင္းခါျပသည္။
"အဲ့ဒါအေျဖပဲသားႀကီး...မင္းဘယ္လိုလိုက္ေနမလဲ...ပဲရစ္ၿမိဳ႕သားေတြကအားလုံးနီးပါးenglishလိုေျပာတတ္ၾကေပ
မယ့္...သူတို႔ဘာသာစကားျပင္သစ္လိုပဲေျပာတာ...englishလိုသြားေမးရင္ေတာင္နားလည္ရဲ႕သားနဲ႔
မသိခ်င္ေယာင္ေဆာင္ၿပီးမေျဖၾကဘူး...ခရီးသြားဖို႔ေလာက္ပဲဆိုenglishတတ္႐ုံေလာက္နဲ႔အဆင္ေျပေပမယ့္...အဲ့မွာေနဖို႔ဆိုရင္ေတာ့မင္းျပင္သစ္စကားကြၽမ္းမွရမယ္"
နမ္ဂြၽန္႐ွင္းျပေတာ့ ယြန္းဂီကသက္ပ်င္းခ်ၿပီးမ်က္ႏွာကိုလက္နဲ႔အုပ္ကာ ကေလးလိုငိုျပန္သည္။
"က်က္သေရမ႐ွိဘူးကြာ...ေစာေစာစီးစီးလာငိုေနတာ"
"သားႀကီး...မင္းကenglishလိုရတယ္မလား...ငါ့ကိုenglishစာသင္ေပး...ငါကေလးေနာက္လိုက္သြားမယ္"
နမ္ဂြၽန္ထပ္ၿပီးသက္ပ်င္းခ်မိျပန္သည္။englishစာကို သူ႕ေဘးကေကာင္ကလြယ္တယ္ထင္ေနတာ။အဘိုးကေက်ာင္းေကာင္းေကာင္းထားေပးတာေတာင္ စာမလုပ္ခဲ့တဲ့အက်ိဳးဆက္ကအခုလိုဒုကၡေရာက္ၿပီေပါ့။
ေသေအာင္ငိုေန...မသနားဘူး။
"အိုေက...ငါအခုေရးျပတာကိုမင္းအသံထြက္မွန္ေအာင္ေျပာႏိုင္ရင္သင္ေပးမယ္"
"အိုေကေလ...မင္းကငါ့ကိုေလ်ာ့တြက္တာပဲ"
ယြန္းဂီခ်က္ခ်င္းမ်က္ရည္ေတြျပန္သုတ္ကာ မ်က္ခုံးတြန္႔ရင္းနမ္ဂြၽန္႔ကိုစိန္ေခၚေတာ့သည္။
နမ္ဂြၽန္ကအိပ္ယာေပၚကဖုန္းကိုယူၿပီး Noteမွာ 'Done' လို႔ေရးၿပီးယြန္းဂီကိုအသံထြက္ခိုင္းသည္။
ယြန္းဂီကဒီေလာက္လြယ္လြယ္ေလးကို လာေမးတယ္ဆိုၿပီးနမ္ဂြၽန္ကိုမ်က္ေစာင္းထိုးၿပီး 'ေသခ်ာနားေထာင္' ဆိုတဲ့သေဘာျဖင့္
"ဒုန္းမလား...ဒီေလာက္လြယ္လြယ္ေလးကို...ငါလည္းအဲ့ေလာက္ေတာ့သိပါတယ္ကြ"
နမ္ဂြၽန္ ယြန္းဂီပါးစပ္ကထြက္လာတဲ့ေသာက္တလြဲအသံထြက္အမွားႀကီးေၾကာင့္ ဖုန္းကိုအိပ္ယာေပၚသို႔ပစ္တင္ရင္း သက္ပ်င္းအ႐ွည္ႀကီးခ်ေတာ့သည္။
"မေသမခ်င္းမွတ္ထားသူေတာင္းစား!...ဒန္းန္လို႔ထြက္ရတယ္ဟ...englishစာသာသင္ေနရင္ မင္းဟာေလးသာဒီျပန္ေရာက္လာမယ္...မင္းကေတာ့တတ္မွာကိုမဟုတ္ဘူး....ပဲရစ္ထိလိုက္ၿပီးဘာလိုက္လုပ္မွာလဲ...ဒီမွာပဲမင္းအဘိုးကုမၸဏီကိုပိုတိုးပြားေအာင္လုပ္စမ္းပါ...အဲ့ေတာ့မင္းဟာေလးျပန္လာရင္...မင္းလည္းမ်က္ႏွာရတာေပါ့... အနာဂတ္ကိုပဲေတြးစမ္းပါကြာ...ေခါင္းေလးဘာေလးသုံး...လြမ္းရင္အလည္လိုက္သြားေပါ့...ျပန္ေတာ့...ငါျပန္အိပ္ေတာ့မယ္"
နမ္ဂြၽန္ေျပာတာလည္းဟုတ္သလိုလို။သူ႕ကိုအလုပ္အကိုင္အတည္အက်မ႐ွိရင္ ထယ္ေယာင္းကမယူဘူးလို႔ၿခိမ္းေျခာက္ထားတယ္ေလ။ဟုတ္ၿပီ...ဒီေန႔ကစၿပီး ေတာင္ကိုရီးယားတင္မကႏိုင္ငံျခားထိပါ သူတို႔အပိုင္ဟိုတယ္ေတြလိုက္ေဆာက္ၿပီးပိုတိုးတက္ေအာင္လုပ္ရမယ္။ဒါမွကေလးကသူ႕ကိုအထင္ႀကီးၿပီး ပိုခ်စ္မွာ။
ဒီေန႔ကစၿပီးႏွာေခါင္းေသြးေတြလွ်ံထြက္တဲ့ထိ ေန႔မနားညမနားႀကိဳးစားၿပီပဲ။ကေလးျပန္လာတာနဲ႔ ဒီကေကာင္ကအလုပ္အကိုင္ေကာင္းေကာင္းျပၿပီးလက္ထပ္ခြင့္ေတာင္းပစ္မွာ။
"ေက်းဇူးပဲသားႀကီး...အိပ္ေတာ့ေနာ္...မြ"
"shit!!!...ဒီေခြးမသားကေတာ့!..."
ႏႈတ္ဆက္ရင္းပါးကိုလာနမ္းသြားတဲ့ယြန္းဂီေၾကာင့္ နမ္ဂြၽန္လွဲေနရာကေန ခ်က္ခ်င္းထလာၿပီးေခါင္းအုံးနဲ႔ပစ္ေပါက္ရင္းဆဲဆိုက်ိန္းေမာင္းေတာ့သည္။
သူ႕ပါးကို ဘယ္သူမွမနမ္းဘူး။ဒီေကာင္ပဲစသလိုလိုေနာက္သလိုလိုနဲ႔ နမ္းေနက်...ထြီ...႐ြံ႕လိုက္တာ။အစ္ကိုေတာင္သူ႕ပါးကိုမနမ္းရေသးဘူး။shitt!!...ဘာအစ္ကိုလဲ?ဟိုကေစ့စပ္သြားၿပီကြ။ေခါင္းထဲကထုတ္ၿပီးအိပ္ေတာ့ ကင္မ္နမ္ဂြၽန္ရာ။
နမ္ဂြၽန္အိပ္ယာေပၚျပန္ေမွာက္ခ်ရင္း ေခါင္းအုံးကိုဖက္ကာအသံတိတ္ငိုေတာ့သည္။အခ်စ္ကဒီေလာက္ပူေလာင္ေစမွန္းသိရင္ limited edition rolexနာရီကိုမမက္ပဲ သူေလ့လာေရးခရီးကိုအတင္းျငင္းခဲ့မိမွာ။အဲ့လိုဆို ကင္မ္ေဆာ့ဂ်င္ဆိုတဲ့လူသားနဲ႔လည္း မဆုံႏိုင္ေတာ့သလိုအ႐ူးလိုခ်စ္မိသြားမွာမဟုတ္ေတာ့ဘူး။
.
.
.
ထယ္ေယာင္းခုဆို ပဲရစ္ၿမိဳ႕ကိုေရာက္ေနတာ ၃လခန္႔ၾကာသြားၿပီျဖစ္သည္။ေနရာအသစ္မို႔ အစစအရာရာခက္ခဲေပမယ့္ ဘာသာစကားကေတာ့အခက္ဆုံးျဖစ္သည္။ျပင္သစ္လိုေကာင္းေကာင္းတတ္ေပမယ့္ တစ္ကယ္တမ္းျပင္သစ္လူမ်ိဳးေတြနဲ႔ေျပာဆိုရေတာ့လည္း သူတတ္ထားတဲ့ျပင္သစ္စကားကထင္သေလာက္မဟုတ္ေတာ့။ေဒသခံေတြရဲ႕ေလယူေလသိမ္းေတြကိုမနည္းလိုက္နားေထာင္ၿပီး ေနသားက်ေအာင္လုပ္ေနရသည္။နဂိုတည္းကအေပါင္းအသင္းနည္းသူမို႔ သူငယ္ခ်င္းကေတာ့ တစ္ေယာက္သာ႐ွိသည္။သူ႕လိုပဲကိုရီးယားလူမ်ိဳးမွန္ေပမယ့္ ဒီေျမမွာႀကီးပ်င္းလာတဲ့ပဲရစ္ၿမိဳ႕သားေလး။နာမည္ကပတ္ခ္ဂ်ီမင္တဲ့။ပတ္ခ္ဂ်ီမင္ကအေတာ္ခ်စ္ဖို႔ေကာင္းၿပီး ပုပုလုံးလုံးေလးႏွင့္စိတ္ထားအေတာ္ျဖဴစင္တာေၾကာင့္ သူရဲ႕အခင္ရဆုံးသူငယ္ခ်င္းျဖစ္လာသည္။ပညာေရးပိုင္းကေတာ့ သူသေဘာက်တဲ့fashionဘာသာရပ္မို႔ ခက္ခဲသည္ဟူ၍မ႐ွိ။အရာအားလုံးကဆန္းသစ္ၿပီး စာသင္ရတာကိုပင္သူအလြန္ေပ်ာ္လာသည္။တစ္သက္လုံးမခြဲခဲ့ဖူးတဲ့ တစ္ဦးတည္းေသာမိသားစုဝင္မမနဲ႔ မခြဲခ်င္ေပမယ့္လည္းသူ႕ပညာေရးအတြက္တခဏေတာ့ ခြဲေနရမယ္ဆိုတာကို
ရင့္က်က္တဲ့သူကေကာင္းေကာင္းနားလည္သည္ေလ။
သူ႕ခ်စ္သူမင္ယြန္းဂီကိုလြမ္းလားဆိုရင္ေတာ့ေန႔တိုင္းေပါ့။အဲ့အခ်က္ကလြဲရင္ က်န္တာေတာ့အဆင္ေျပပါရဲ႕။အခုလည္းေက်ာင္းပိတ္ရက္မွာ ဘာလုပ္ေနလဲဆိုရင္ထုံးစံအတိုင္းသူ႕ကိုကို ကိုပဲ႐ူးမတတ္လြမ္းေနပါသည္။
ျပတင္းေပါက္ကေနျမင္ေနရတဲ့ ကမ႓ာေက်ာ္အီဖယ္ေမွ်ာ္စင္ႀကီးကိုေငးၿပီး အေတြးေတြျပန္႔ေနတုန္းဖ်က္ခနဲလင္းသြားတဲ့ဖုန္းscreenေၾကာင့္ အျမန္ယူၾကည့္ေတာ့ထယ္ေယာင္းႏႈတ္ခမ္းေလးေတြအေပၚသို႔ေကြးတက္သြားေတာ့သည္။
"ကိုကို...ကြၽန္ေတာ္ကိုကို႔ကိုလြမ္းေနတာ"
ဖုန္းမ်က္ႏွာျပင္ကေနျမင္ေနရတဲ့ထယ္ေယာင္းရဲ႕မ်က္ႏွာေခ်ာေခ်ာေလးကိုၾကည့္ၿပီး ယြန္းဂီရင္ထဲထိၾကည္ႏူးသြားေပမယ့္ ထိုမ်က္ႏွာေခ်ာေခ်ာေလးကိုထိေတြ႕လို႔မရတာေၾကာင့္ဝမ္းနည္းရျပန္သည္။
"ကိုယ္လည္းကေလးကိုလြမ္းေနတာ...ခုမွကုမၸဏီကျပန္ေရာက္လို႔ပါ...ျပန္ေရာက္ေရာက္ခ်င္းေခၚလိုက္တာ..
ကိုယ့္ကေလးေလးကေန႔လည္စာေရာစားၿပီးၿပီလား"
ကိုရီးယားကပဲရစ္ထက္၅နာရီေစာေနတာေၾကာင့္ ယြန္းဂီအိမ္ျပန္ေရာက္ခ်ိန္တိုင္း ထယ္ေယာင္းဘက္မွာေတာ့ေန႔လည္စာစားခ်ိန္သာ႐ွိေသးသည္။
"စားၿပီးၿပီ...ကြၽန္ေတာ္႕ကိုကို႔ကိုလြမ္းတယ္"
ထယ္ေယာင္းကငိုမဲ့မဲ့ေလးနဲ႔ ေျပာလာေတာ့ယြန္းဂီမွာဘာလုပ္ရမွန္းမသိေတာ့။
"ကိုယ္ခုခ်က္ခ်င္းလာခဲ့ရမလား"
"ကိုကိုပင္ပန္းမွာေပါ့...ေ႐ွ႕အပတ္ကလာထားေသးတယ္ေလ"
ထယ္ေယာင္းကပဲရစ္မွာေက်ာင္းတက္ေနတာလား?ကိုရီးယားမွာေက်ာင္းတက္ေနတာလား?ျပန္ေမးရေအာင္ပင္ ယြန္းဂီကမေမာႏိုင္မပန္းႏိုင္ ပဲရစ္ကိုႏွစ္ပတ္တစ္ခါေလာက္သြားသည္။ထယ္ေယာင္းေက်ာင္းပိတ္ရက္ေရာက္ၿပီဆိုတာနဲ႔ ယြန္းဂီကပဲရစ္ေရာက္ေနၿပီပင္။
"ကိုယ္မပင္ပန္းပါဘူး...ကေလးကေတြ႕ခ်င္တယ္သာေျပာလိုက္...ကိုယ္လာမွာ"
"အခုကိုကို႔မ်က္ႏွာကိုေတြ႕တာနဲ႔တင္အလြမ္းေျပသြားၿပီ"
"ကိုယ့္ကေလးေလးကစကားတတ္လိုက္တာ...ကိုယ္ေလတစ္ေန႔လုံးစကၠန္႔မလပ္ကေလးေလးကိုလြမ္းေနတာ..
သိလား"
"ဟုတ္လို႔လား...အပိုေတြ"
"ဟုတ္ပါတယ္...တစ္ကယ္လြမ္းေနတာပါ...အခုမ်က္ႏွာေလးေတြ႕ရတာေတာင္ကိုယ္ကလြမ္းေနတုန္း"
"ကိုကို႔ကိုခ်စ္လိုက္တာ"
ထယ္ေယာင္းက အသည္းယားစြာယြန္းဂီမ်က္ႏွာေလးေပၚေနတဲ့ဖုန္းscreenကိုအနားယူၿပီးနမ္းေတာ့ တစ္ဘက္ျခမ္းကယြန္းဂီရယ္သံခ်ိဳခ်ိဳေတြကေပၚလာသည္။သူ႕လူႀကီးရယ္သံေတြကိုသူသိပ္သေဘာက်တာ။
"ကိုယ့္ကိုအဲ့ေလာက္ေတာင္ခ်စ္တာလား"
"ကိုကိုထင္ထားတာထက္ေတာင္ပိုေသးတယ္"
ယြန္းဂီကမ်က္ခုံးပင့္ရင္း မယုံသလိုလုပ္ျပေတာ့ထယ္ေယာင္းကသြားေလးေတြစိၿပီး ယုံပါလို႔ေခါင္းညိတ္ျပသည္။
"ကိုယ္ေမးစရာ႐ွိတယ္ကေလး"
"ေမးေလ"
ထယ္ေယာင္းက တစ္ဖက္ကယြန္းဂီသူ႕ကိုေကာင္းေကာင္းျမင္ရေလာက္တဲ့အေနအထားထိေရာက္ေအာင္ဖုန္းကိုခပ္လွမ္းလွမ္းမွာျပန္ထားလိုက္သည္။
"ကိုယ့္ကိုဘယ္တုန္းကစခ်စ္မိသြားတာလဲ"
ယြန္းဂီ သူသိခ်င္တာကိုေမးလိုက္ေတာ့ ထယ္ေယာင္းကမ်က္ႏွာတစ္ခုလုံးရဲတက္လာကာ
"အာ...ကြၽန္ေတာ္ေမ့ေနတာကိုကို...ေရေႏြးအိုးတည္ထားတာဆူေနၿပီထင္တယ္...ဒါပဲေနာ္"
"ကေလး..."
ထယ္ေယာင္း မတည္ထားတဲ့ေရေႏြးအိုးကရမယ္႐ွာၿပီး အေၾကာင္းျပခ်က္ေပး၍ဖုန္းခ်လိုက္သည္။
ကိုကိုနဲ႔သူနဲ႔ဆို သူကအရင္စခ်စ္မိခဲ့တာမလား?ကိုကိုကမမကိုသေဘာက်ေနတယ္ဆိုတာသိသိရက္နဲ႔တိုင္ သူတစ္ဖက္သတ္သေဘာက်ခဲ့ရတဲ့ကိုကို႔ကို ဒီအေၾကာင္းေတြမေျပာျပခ်င္ပါဘူး။သူ႐ွက္တာေပါ့။
.
.
.
ရာသီစက္ဝန္းကပုံမွန္အတိုင္းလည္ပတ္ေနၿပီး အခုဆိုရင္ခ်မ္းေအးလွတဲ့ေဆာင္းတြင္းက အလည္တစ္ေခါက္ျပန္ေရာက္လာၿပီျဖစ္သည္။မွန္တံခါးကတစ္ဆင့္ျမင္ေနရတဲ့အျပင္မွာႏွင္းေတြတဖြဲဖြဲက်ေနၿပီး ရာသီဥတုကေအးစက္ေနမွန္းသိသာလွသည္။စားေသာက္ဆိုင္ထဲမွာheaterဖြင့္ထားတာေတာင္ အျပင္ကအေအးဒဏ္ကိုမမူႏိုင္။ေအးလြန္းသည္။
ေဆာ့ဂ်င္ ဝန္ထမ္းေတြနဲ႔အတူဆိုင္ပိတ္ၿပီးမွအိမ္သို႔ျပန္ရန္လုပ္သည္။အိမ္ျပန္ရင္လည္းပ်င္းစရာပဲမို႔ ေဆာ့ဂ်င္အတြက္ကအျပင္မွာေနာက္က်တဲ့အထိေနရေလပိုေကာင္းေလပင္။ဆိုင္ကိုလာေနက်ဧည့္သည္ေတြ သူ႕ရဲ႕အားကိုးရတဲ့ဝန္ထမ္းေတြနဲ႔ပဲ အရာအားလုံးကပုံမွန္အတိုင္းလည္ပတ္ေနေပမယ့္ သူတစ္ေယာက္ပဲကြက္ၿပီးပုံမွန္မဟုတ္ေတာ့တာ။အခုဆိုသူကအေမတို႔သေဘာက်တဲ့မိန္းကေလးတစ္ေယာက္နဲ႔ေစ့စပ္လိုက္ရၿပီး ဆိုင္ကိုေန႔တိုင္းလာၿပီးေဘးကေနတတြတ္တြတ္ေျပာတတ္တဲ့နမ္ဂြၽန္ဆိုတဲ့ေကာင္ေလးမ႐ွိေတာ့တာကလြဲရင္အရာအားလုံးက မေျပာင္းလဲပဲ႐ွိေနပါသည္။သူတစ္ေယာက္တည္းအတြက္ကလြဲလို႔ေပါ့။
ဒီလိုႏွင္းေတြက်ၿပီးေအးေနတဲ့အခ်ိန္မွာ နမ္ဂြၽန္ကေႏြးေႏြးေထြးေထြးေရာဝတ္ထားရဲ႕လား?ေနမေကာင္းမ်ားျဖစ္ေနလား?အစားေရာေကာင္းေကာင္းစားရဲ႕လား?ဆိုတာသူသိခ်င္ေပမယ့္ သူ႕မွာသိခ်င္ခြင့္ေရာ႐ွိေသးရဲ႕လား?
ဟက္...သူနမ္ဂြၽန္ကိုလြမ္းေနတယ္။သူ႕နားမွာေၾကာင္ေပါက္ေလးတစ္ေကာင္လိုအၿမဲကပ္ေနတဲ့ေကာင္ေလးကို သူလြမ္းေနတာပဲ။အစ္ကိုလိမ္မိလို႔ေတာင္းပန္ပါတယ္နမ္ဂြၽန္ရယ္...
စားေသာက္ဆိုင္တံခါးကိုပိတ္ၿပီးလို႔ ဝန္ထမ္းေတြအားလုံးသူ႕ကိုႏႈတ္ဆက္ၿပီးမွျပန္သြားတာေတာင္ ေဆာ့ဂ်င္ခုထိဆိုင္ေ႐ွ႕မွာရပ္ေနတုန္းပင္။ရင္ထဲကနာက်င္မႈေတြေၾကာင့္ မ်က္ရည္ေတြကမဖိတ္ေခၚလည္း သူ႕အလိုလိုက်သည္။
နမ္ဂြၽန္ရဲ႕သစၥာေဖာက္ေျခေထာက္ေတြက ညေနေစာင္းၿပီဆိုတာနဲ႔ေဆာ့ဂ်င္႐ွိရာေနရာသို႔ေရာက္လာတတ္သည္။ခုလည္းေဆာ့ဂ်င္ဆိုင္ေလးကိုေကာင္းေကာင္းျမင္ရတဲ့ ခပ္လွမ္းလွမ္းေနရာကေန ေဆာ့ဂ်င္ကိုလွမ္းၾကည့္ေနသည္။
မပိုင္ဆိုင္ရရင္ေတာင္မွ ေငးၾကည့္ခြင့္ေလးေတာ့သူ႕မွာ႐ွိတယ္မလား?သူၾကည့္ေနတာၾကာၿပီ။အစ္ကိုကဆိုင္ေ႐ွ႕မွာမ်က္ႏွာေသနဲ႔ရပ္ေနတာၾကာလွၿပီ။ဘာလို႔အဲ့လိုပုံျဖစ္ေနရတာလဲဆိုတာ သူသိခ်င္ေပမယ့္သူ႕ေျခေထာက္ေတြကအစ္ကိုေ႐ွ႕ကိုမသြားရဲဘူး။အစ္ကို႔ကိုထပ္ၿပီးစြဲလမ္းသြားမွာကိုေၾကာက္တယ္။
ေဆာ့ဂ်င္ အခ်ိန္ဘယ္ေလာက္ၾကာေအာင္ႏွင္းေတြၾကားထဲမွာရပ္ေနမိလည္းမသိ။ေျခေထာက္ေတြထုံက်င္လာေတာ့မွသတိထားမိၿပီး ကားဆီသြားရန္ေျခေထာက္လွမ္းေတာ့ထုံက်င္ေနတဲ့ေျခေထာက္တို႔က ေလွ်ာက္မရေတာ့ပဲဟန္ခ်က္ပ်က္ကာ ၾကမ္းျပင္သို႔လဲက်ေတာ့သည္။ျပန္ထမလို႔ျပင္ေနတုန္း မ်က္လုံးေထာင့္စြန္းကေနလူတစ္ေယာက္ေျပးလာတာကိုျမင္ေနရသည္။သိပ္မၾကာခင္သူ႕နားေရာက္လာတဲ့ ဖိနပ္တစ္စုံေၾကာင့္ေမာ့ၾကည့္မိေတာ့ ေဆာ့ဂ်င္မ်က္လုံးေလးေတြဝိုင္းစက္သြားရသည္။
"နမ္ဂြၽန္"
မတ္တပ္ရပ္ေနဆဲျဖစ္တဲ့အစ္ကို႔ကို သူလွမ္းၾကည့္ေနတုန္း႐ုတ္တရက္ႀကီးလဲက်သြားတဲ့ခႏၶါကိုယ္ေလးေၾကာင့္ သူကိုယ္တိုင္ေတာင္မသိပဲသူ႕ေျခေထာက္ေတြက လဲက်သြားတဲ့ခႏၶါကိုယ္ေလး႐ွိရာသို႔အေျပးသြားမိသည္။ဒီတစ္ေခါက္လည္း သူ႕ေျခေထာက္ေတြကသူ႕ကိုထပ္သစၥာေဖာက္ျပန္ၿပီ။
"ကြၽန္ေတာ္႕လက္ကိုကိုင္ၿပီးထလိုက္"
နမ္ဂြၽန္ကလက္တစ္ဖက္ကမ္းေပးကာေအးစက္စက္ေျပာလာေပမယ့္ ေဆာ့ဂ်င္ျပဳံးရင္းနဲ႔ပင္နမ္ဂြၽန္လက္ကိုကိုင္ၿပီးထလိုက္သည္။မေတြ႕ရတာၾကာၿပီျဖစ္တဲ့ေကာင္ေလးက ႐ုတ္တရက္ႀကီးမ်က္စိေ႐ွ႕ကိုေရာက္လာတာမို႔ ေဆာ့ဂ်င္ဖုံးမရစြာေပ်ာ္ေနသည္။ေႏြးေထြးတဲ့လက္တစ္ဖက္ကိုကိုင္ထားရတဲ့ဆိုတဲ့အသိေၾကာင့္လည္း ရင္ခုန္ေနပါေသးသည္။
"နမ္ဂြၽန္အစ္ကို႔ဆီကိုလာတာလား"
ေဆာ့ဂ်င္ကမတ္တပ္ရပ္ၿပီးသည့္တိုင္ နမ္ဂြၽန္႔လက္ကိုျပန္မလႊတ္ေပးပဲကိုင္၍ေမးလာသည္။
"ကြၽန္ေတာ္လာတာဆိုရင္ေရာ ေမာင္းထုတ္မလို႔လား"
"မဟုတ္ပါဘူးနမ္ဂြၽန္ရယ္...အစ္ကိုဝမ္းသာလို႔ပါ"
"ကြၽန္ေတာ္ကေတာ့ဝမ္းမသာဘူး...ေျခေထာက္ကိုဂ႐ုစိုက္ပါ..."
နာသြားတဲ့သူ႕ေျခေထာက္ကိုေမးဆတ္ျပ၍ေျပာၿပီးေတာ့ နမ္ဂြၽန္က သူကိုင္ထားတဲ့လက္ကိုျပန္ျဖဳတ္ၿပီး လွည့္ထြက္သြားရန္ျပင္သည္။သူ႕ခ်က္ခ်င္းပင္နမ္ဂြၽန္႔လက္ကိုျပန္ဆြဲလိုက္သည္။သူခုမွဒီေကာင္ေလးကိုေတြ႕ရတာေလ။မျပန္ေစခ်င္ေသးဘူး။သူသေဘာက်တဲ့ပါးခ်ိဳင့္ေတြကိုမျမင္ရေသးေတာ့ သူမတင္းတိမ္ႏိုင္ဘူး။
"မ..မသြားပါနဲ႔ဦး...ေကာ္ဖီေသာက္မလား..အစ္ကိုေဖ်ာ္ေပးမယ္ေလ"
ေဆာ့ဂ်င္စကားကိုနမ္ဂြၽန္သက္ပ်င္းခ်ရင္း ေဆာ့ဂ်င္လက္ထဲကေနသူ႕လက္ကို႐ုန္းလိုက္သည္။ကင္မ္ေဆာ့ဂ်င္ကသူ႕ကို႐ူးေအာင္လုပ္ေနတာ။
"ဘာလို႔ကြၽန္ေတာ္႕ကိုနာက်င္ေအာင္လုပ္ေနရတာလဲ...ျပန္မရႏိုင္တဲ့ေမွ်ာ္လင့္ခ်က္ေတြကိုေက်းဇူးျပဳၿပီး...ကြၽန္ေတာ္႕ကိုမေပးပါနဲ႔လား"
"အစ္ကိုဘာလုပ္မိလို႔လဲ...အစ္ကိုတို႔အရင္လိုေတာ့ခင္လို႔ရေသးတယ္မလား...နမ္ဂြၽန္ကဘာလို႔ဒီလိုစိမ္းကားေနတာလဲ!"
ေဆာ့ဂ်င္ေမးရင္းနဲ႔အသံက်ယ္လာသလို မ်က္ရည္ေတြလည္းက်လာသည္။ဒါဟာနမ္ဂြၽန္႔ေ႐ွ႕မွာ သူပထမဆုံးငိုဖူးတာပင္။
"ကြၽန္ေတာ္စိမ္းကားတာလား...အစ္ကိုစိမ္းကားတာလားဆိုတာေသခ်ာျပန္စဥ္းစားပါဦး...ကြၽန္ေတာ္လည္းလူပဲ...ဒီေလာက္ေတာ့နားလည္ပါတယ္"
"မင္းနားမလည္ပါဘူး...မင္းနားမလည္ပါဘူးနမ္ဂြၽန္...ငါလည္းစိတ္႐ႈပ္ရတဲ့လူပါပဲ...မင္းေျပာေတာ့ငါ့ကိုခ်စ္တယ္ဆို...ခ်စ္တယ္ဆိုရင္အခုလိုမစိမ္းကားပဲအရင္လိုပဲျပန္ေနေပးပါလား...အစ္ကိုမင္းနဲ႔သူစိမ္းေတြလိုမျဖစ္ခ်င္ဘူး"
ကင္မ္ေဆာ့ဂ်င္ကတစ္ကိုယ္ေကာင္းဆန္လိုက္တာ။ဒီကေကာင္ကေသာက္ရမ္းခ်စ္ေနတယ္ဆိုတာကိုသိေတာ့ ခုလိုေတာင္းဆိုရဲေနတာ။
နမ္ဂြၽန္ငိုေနတဲ့ေဆာ့ဂ်င္ရဲ႕လက္ေမာင္းႏွစ္ဖက္ကို တင္းတင္းကိုင္ၿပီးမ်က္ႏွာခ်င္းဆိုင္လိုက္သည္။
"ကြၽန္ေတာ္ကခင္ဗ်ားကိုခ်စ္တာနဲ႔ပဲအကုန္လိုက္ေလ်ာေပးရမွာလား...ဟမ္...ကြၽန္ေတာ္႕ဘက္ကိုလည္းထည့္ေတြးေပးေလ...ကိုယ္ခ်စ္ေနတဲ့လူကေစ့စပ္ထားတဲ့လူ႐ွိတာကိုကြၽန္ေတာ္ကေသာက္႐ူးမို႔လို႔ခင္ဗ်ားအနားမွာဘာမွမျဖစ္သလိုအခင္မင္မပ်က္ဟန္ေဆာင္ေနေပးေနရမွာလား...ကြၽန္ေတာ္နဲ႔အရင္လိုျပန္ျဖစ္ခ်င္ရင္ေစ့စပ္ထားတာကိုဖ်က္လိုက္...အဲ့ဒါဆိုအရင္လိုပဲအနားမွာျပန္ေနေပးမယ္"
နမ္ဂြၽန္ေနာက္ဆုံးလက္က်န္ေမွ်ာ္လင့္ခ်က္ေလးျဖင့္ ေဆာ့ဂ်င္ကိုေျပာလိုက္သည္။သူ႕မသိစိတ္ကသိေနတယ္...အစ္ကိုလည္းသူ႕ကိုခ်စ္ေနတယ္ဆိုတာ။
ေဆာ့ဂ်င္ နမ္ဂြၽန္ေျပာတာကိုနားေထာင္ေနရင္းမ်က္ရည္ေတြပိုပိုက်လာသည္။သူနမ္ဂြၽန္႔ခံစားခ်က္ေတြကိုနားလည္တယ္။ဒါေပမယ့္အစ္ကိုေနာက္ျပန္လွည့္လို႔မရေတာ့ဘူးနမ္ဂြၽန္။
အခုထိျပန္ေျဖသံတစ္ခြန္းမွမၾကားရတာေၾကာင့္ ေဆာ့ဂ်င္ပုခုံးကိုကိုင္ထားတဲ့နမ္ဂြၽန္႔လက္ေတြေျပေလ်ာ့သြားသည္။
ဟက္...သူ႐ူးေနတာ။သူ႕ကိုကင္မ္ေဆာ့ဂ်င္ကခ်စ္ေနတယ္လို႔ခံစားေနရတဲ့သူက႐ူးေနတာ။ဒီလူကသူ႕ကို႐ူးေအာင္အမ်ိဳးမ်ိဳးနဲ႔လုပ္ေနတာ။
"ခင္ဗ်ားကြၽန္ေတာ္႕ကိုအ႐ူးမလုပ္နဲ႔ေတာ့ ကင္မ္ေဆာ့ဂ်င္...ေနာက္ထပ္မေတြ႕ပဲေနၾကရေအာင္"
နမ္ဂြၽန္ကသူ႕ကိုေက်ာခိုင္းၿပီးထြက္သြားၿပီ။သူ႕လက္ေတြက ထြက္သြားတဲ့နမ္ဂြၽန္ကိုမတားႏိုင္ခဲ့ဘူး။ဒီတစ္ခါလက္လႊတ္လိုက္ရင္သူတို႔တစ္သက္လုံးေဝးရေတာ့မွာ။ဒါေပမယ့္လည္း သူဒီတိုင္းရပ္ၾကည့္ေနမိတယ္။
ႏွင္းေတြတဖြဲဖြဲက်ၿပီး ေဆာင္းေလၾကမ္းေတြတိုက္ေနတဲ့ညမွာေကာင္ေလးႏွစ္ေယာက္ကမ်က္ရည္ကိုယ္စီနဲ႔တိတ္တဆိတ္အသည္းကြဲခဲ့ၾကသည္။အခ်င္းခ်င္းႏွစ္သိမ့္ေပးရမယ့္အစား ဆန္႔က်င္ဘက္လမ္းကိုပဲထြက္သြားခဲ့ၾကၿပီးနာက်င္ဖို႔ကိုပဲဆက္တိုးဝင္ၾကသည္။
.
.
.
ရာသီေတြအလီလီေျပာင္းၿပီးေနာက္မွာေတာ့ ထယ္ေယာင္းရဲ႕အမိေျမျပန္ခ်ိန္ကလည္းနီးကပ္လာခဲ့သည္။မေတြ႕ရတာၾကာၿပီျဖစ္တဲ့ကိုကို႔ကိုလည္းသူအရမ္းလြမ္းလွသည္။သူပဲရစ္ေရာက္ကာစမွာေတာ့ ကိုကိုကဒီကိုမၾကာခဏလာေပမယ့္အခုေတာ့မလာႏိုင္ေတာ့တာအေတာ္ၾကာၿပီ။6လေလာက္ပင္႐ွိေတာ့မည္။ကိုကိုကအရင္လိုမရင့္က်က္တဲ့လူတစ္ေယာက္မဟုတ္ေတာ့ပဲ စီးပြားေရးလုပ္ငန္း႐ွင္ႀကီးျဖစ္ေနၿပီေလ။ကိုရီးယားမွာသာမက ကမ႓ာအႏွံ႔မွာသူ႕ကိုယ္ပိုင္whaleဟိုတယ္ေတြကိုလိုက္နယ္ခ်ဲ႕ေနေတာ့တာနဲ႔သူ႕ကိုေတာင္အခ်ိန္မွန္မွန္ဖုန္းမဆက္ႏိုင္ေတာ့ေပ။သူသိခဲ့တဲ့ငပ်င္းမင္ယြန္းဂီကခုဆိုအလုပ္သရဲျဖစ္ေနၿပီ။
တစ္ခါတစ္ေလ အလုပ္ေတြပဲဖိလုပ္ၿပီးသူ႕ကိုအခ်ိန္မေပးတဲ့အခ်ိန္ဆိုဘာလို႔အလုပ္ေတြအဲ့ေလာက္ဖိလုပ္ေနလဲလို႔ေမးရင္ သူ႕ကိုျပည့္ျပည့္စုံစုံထားၿပီးလက္ထပ္ခ်င္လို႔ပါတဲ့ေလ။အဲ့လိုေျဖသံၾကားရေတာ့လည္း ကင္မ္ထယ္ေယာင္းတို႔ကမူႏိုင္႐ိုးလား?တစ္ခါတည္းအရည္ေပ်ာ္သြားေတာ့တာ။
'အလုပ္မ႐ွိရင္ခင္ဗ်ားကိုလက္မထပ္ဘူး' ဆိုတဲ့သူ႕ရဲ႕ၿခိမ္းေျခာက္စကားကို ကိုကိုကအေသမွတ္ထားတဲ့ပုံ။
ပဲရစ္ၿမိဳ႕ႀကီးကအခ်စ္ၿမိဳ႕ေတာ္လို႔ေျပာစမွတ္တြင္ေပမယ့္လည္း သူ႕အတြက္ေတာ့ေျခာက္ကပ္ကပ္ရယ္သာ။အခ်စ္ဆုံးသူငယ္ခ်င္းေလးဂ်ီမင္နဲ႔အားလပ္ရက္တိုင္းေနရာစုံလိုက္လည္ေပမယ့္လည္း ပဲရစ္ၿမိဳ႕ကသူ႕အႀကိဳက္မဟုတ္ဘူးထင္ပါရဲ႕။အမိေျမကိုရီးယားေလာက္သေဘာမက်ေပ။
"ထယ္ေယာင္းေရ...မုန္႔သြားစားရေအာင္"
ထယ္ေယာင္းအျပင္ကိုေငးေနတုန္း ပတ္ခ္ဂ်ီမင္ကအျပင္ထြက္ဖို႔လာေခၚသည္။တစ္ကယ္ပါ...သူ႕သူငယ္ခ်င္းေလးကေလ ဒီၿမိဳ႕သားသာဆိုတယ္ လည္လို႔ပတ္လို႔ကိုမကုန္ႏိုင္။
မလိုက္ခ်င္ေပမယ့္လည္းျငင္းလို႔လည္းမရမွာကို ႀကိဳသိတာမို႔လက္ေသးေသးေလးေတြရဲ႕ဆြဲေခၚရာေနာက္ကို လိုက္ခဲ့ရသည္။မၾကာခင္အမိေျမျပန္ေတာ့မွာမို႔ သူ႕သူငယ္ခ်င္းေလးကိုသူအခ်ိန္ေပးသင့္တယ္ေလ။
.
.
စားပြဲေပၚက စာရင္းဇယားအထပ္လိုက္ႀကီးကိုၾကည့္ရင္း
ယြန္းဂီသက္ပ်င္းခ်မိသည္။အခုဆိုရင္အဘိုးကကုမၸဏီအလုပ္ေတြကိုလုံးဝဝင္ပါျခင္းမ႐ွိေတာ့ပဲ စီးပြားေရးေလာကကေနအနားယူသြားၿပီျဖစ္သည္။သူ႕ႀကိဳးစားမႈေတြေၾကာင့္ ထယ္ေယာင္းပညာေတာ္သင္ထြက္သြားၿပီး တစ္ႏွစ္အၾကာမွာပင္ သူ႕ကိုတရားဝင္CEOအျဖစ္ခန္႔အပ္ခဲ့သည္။CEOျဖစ္သြားေတာ့ ႐ွိသမွ်တာဝန္ေတြအားလုံးက သူ႕ပုခုံးေပၚေရာက္လာတာေၾကာင့္ ထယ္ေယာင္းကိုေတာင္ပစ္ထားမိသလိုျဖစ္ေနၿပီ။သူ႕ကေလးေလးကို႐ူးေလာက္ေအာင္လြမ္းေနရင္းနဲ႔ ဒီစာရင္းဇယားေတြကို႐ွင္းရေပဦးမည္။မၾကာခင္ကေလးျပန္လာေတာ့မယ္ဆိုေတာ့ အခ်ိန္တစ္ဝႀကီးေပးဖို႔ခုတည္းကအကုန္လုံးကို႐ွင္းထားမွေတာ္ကာက်မည္။
.
.
"ငါ့ကိုေမ့သြားမွာမလား...ထယ္ေယာင္း"
"ငါကမင္းကိုေမ့စရာလား ဂ်ီမင္ရယ္...မင္းကိုဘယ္ေလာက္ေတာင္ခ်စ္လိုက္သလဲ"
"ငါမင္းနဲ႔မခြဲႏိုင္ဘူး"
ေျပာရင္းနဲ႔မ်က္ရည္ေတြက်လာကာ လာဖက္တဲ့ဂ်ီမင္ကိုထယ္ေယာင္းမနည္းထိန္းကိုင္ေပးထားရသည္။သူလည္းဒီသူငယ္ခ်င္းေလးနဲ႔မခြဲခ်င္ေပမယ့္ ကိစၥေတြၿပီးရင္ေတာ့ျပန္ရမယ္မဟုတ္လား?သူ႕ကိုေစာင့္ေနတဲ့မိသားစု႐ွိေသးတယ္ေလ။
"မင္းဆီခဏခဏလာလည္ပါ့မယ္ဂ်ီမင္...မင္းလည္းကိုရီးယားကိုလာလည္ပါ...ငါတို႔အၿမဲအဆက္အသြယ္႐ွိေနမယ္ေလ...ေနာ္"
"ငါအဲ့ကိုမလာခ်င္ဘူး...စိတ္နာတယ္"
ဂ်ီမင္စိတ္နာလည္းနာစရာပါ။ဂ်ီမင္6ႏွစ္သားအ႐ြယ္တုန္းကမိဘအရင္းေတြကေဂဟာမွာစြန္႔ပစ္သြားတာေၾကာင့္ ယခုျပင္သစ္လူမ်ိဳးမိဘႏွစ္ပါးကေမြးစားခဲ့တာျဖစ္ၿပီး ဂ်ီမင္ကျပင္သစ္ႏိုင္ငံသားျဖစ္လာျခင္းပင္။
"ငါ့ကိုေတြ႕ဖိုဆိုရင္ေတာင္မလာဘူးေပါ့"
သူအက်ပ္ကိုင္ေမးေတာ့ ေျဖရခက္သြားတဲ့ဂ်ီမင္ကမ်က္ႏွာေလးမဲ့ကာဘာမွျပန္မေျပာ။ႏႈတ္ခမ္းကလည္းတစ္ေတာင္ေလာက္ေထာ္ထားပါေသးသည္။
"လာမယ္...မင္းကိုေတြ႕ဖို႔ဆိုရင္လာမွာေပါ့"
"မင္းကငါ့အခ်စ္ဆုံးသူငယ္ခ်င္းပါ...မင္းကိုခ်စ္တယ္ဂ်ီမင္"
"ငါလည္းမင္းကိုခ်စ္တယ္...ဟိုေရာက္ရင္လည္းအဆက္အသြယ္မျပတ္ေၾကးေနာ္...မင္းဘဲႀကီးပစ္ထားရင္ငါ့ကိုဖုန္းဆက္လိုက္...ငါဆုံးမေပးမယ္"
"ဟုတ္ပါၿပီကြာ"
ေလဆိပ္မွာသူငယ္ခ်င္းႏွစ္ေယာက္ရဲ႕တဟားဟားရယ္သံေတြကပ်ံ႕လြင့္ေနသည္။ႏွစ္ေယာက္သားအခ်ိန္အၾကာႀကီးဖက္ၿပီးရယ္လိုက္ငိုလိုက္နဲ႔မို႔ ေဘးလူေတြကေတာင္စပ္စုေနၾကသည္။ေနာက္ေတာ့လည္း ေလယာဥ္ခ်ိန္နီးလာၿပီျဖစ္၍ထယ္ေယာင္း ဂ်ီမင္လက္ေဖာင္းေဖာင္းေလးေတြကိုလႊတ္ၿပီးတာတာ့ျပႏႈတ္ဆက္ကာ ထားခဲ့ရေတာ့သည္။က်န္ခဲ့တဲ့ဂ်ီမင္ေလးကေတာ့ မ်က္ရည္ေတြဒလေဟာက်ေနတာေၾကာင့္ျပင္သစ္လူမ်ိဳးမိဘႏွစ္ပါးကေခါင္းေလးပုတ္ကာေခ်ာ့ေနရေတာ့သည္။ထယ္ေယာင္းလည္းသူငယ္ခ်င္းကိုခုတည္းကလြမ္းေနတာေၾကာင့္ေလယာဥ္ေပၚေရာက္သည္အထိငိုေနမိသည္။
ထယ္ေယာင္းမ်က္ရည္ေတြသုတ္ၿပီးေတာ့ ေဘးမွာျမင္ေနရတဲ့တိမ္ေတြကိုၾကည့္ရင္းျပဳံးမိသြားသည္။မၾကာခင္သူအရမ္းခ်စ္ရတဲ့လူသားကိုေတြ႕ရေတာ့မယ္ေလ။သူျပန္လာမွာကို ဘယ္သူမွမသိဘူး။တမင္စပ႐ိုက္ျဖစ္ေအာင္လို႔ တိတ္တိတ္ေလးျပန္လာတာ။သူ႕ကိုေတြ႕ရင္ျဖစ္သြားမယ့္ ကိုကို႔မ်က္ႏွာႀကီးကို ျမင္ခ်င္လြန္းလို႔သူဒီလိုျပန္လာျဖစ္သြားတာ။ကိုကို႔ကိုေတြ႕တာနဲ႔ေျပးဖက္ၿပီးနမ္းပစ္ဦးမွာ။
ထယ္ေယာင္းသူ႕အေတြးေလးနဲ႔သူ တျပဳံးျပဳံးျဖင့္ေလယာဥ္မယ္ေတြလာေပးတဲ့သေရစာေတြတဝႀကီးစားၿပီးအိပ္ေမာက်သြားေတာ့သည္။
.
.
"သားႀကီး...ငါစိတ္လႈပ္႐ွားလိုက္တာ...မၾကာခင္ကေလးကိုေတြ႕ရေတာ့မွာ"
"မင္းဟာေလးကိုဖုန္းဆက္ၿပီးေခၚလိုက္ေတာ့ေလ"
"မင္းကေလ...ေျပာရင္လည္းငါ့အလြန္ျဖစ္ဦးမယ္...ပဲရစ္ဆိုတာညက်မွအသက္ဝင္တာကြ...romaticဆိုတာဘာမွန္းေတာင္မသိဘူးလား...ေနာက္2နာရီေလာက္ေနမွကေလးကိုဖုန္းဆက္ရမွာ"
ထယ္ေယာင္းကို စပ႐ိုက္လုပ္ဖို႔ဆိုၿပီး ယြန္းဂီနဲ႔နမ္ဂြၽန္ကပဲရစ္ရဲ႕အထင္ကရေနရာျဖစ္တဲ့အီဖယ္လ္တာဝါေ႐ွ႕ကိုေရာက္ေနတာပင္။ယြန္းဂီကေတာ့ေပ်ာ္ေနေပမယ့္ နမ္ဂြၽန္ကေတာ့ပုံမွန္သာ။သေကာင့္သားကသူ႕ကိုအတင္းအက်ပ္ႀကီးေခၚလာတာကို။ပဲရစ္ဆိုတဲ့အခ်စ္ၿမိဳ႕ေတာ္ႀကီးကို အစ္ကိုနဲ႔ပဲတူတူလာခ်င္ခဲ့တာ။ခုေတာ့ သူမ်ားရည္းစားေတြၾကားထဲ
ကန္႔လန္႔ကန္႔လန္႔နဲ႔မေနခ်င္ပါဘူး။ခုလည္းသေကာင့္သားက သူ႕ဟာေလးျပန္လာမွာကိုမေစာင့္ပဲ ဒီကိုတိတ္တိတ္ေလးေရာက္လာၿပီး သူ႕ဟာေလးသူ႕ေ႐ွ႕ေရာက္တာနဲ႔လက္ထပ္ခြင့္ေတာင္းမယ္ဆိုၿပီးေပ်ာ္႐ႊင္ေနတာ။သူ႕ကိုဘာဆိုင္လို႔ေခၚလာတာလဲဆိုေတာ့ ဗီဒီယို႐ိုက္ခိုင္းမလို႔တဲ့။
တစ္ကယ္ပါ။မင္ယြန္းဂီဆိုတဲ့ေကာင္ကိုနာရင္းေတြခ်ည္းအုပ္ခ်င္တာ။
.
.
"ကိုကို!!...ဟင္...ကိုကိုေရာ"
ထယ္ေယာင္း အမိေျမကိုရီးယားကိုေရာက္တာနဲ႔ကိုရီးယားေလေတာင္ဝဝမ႐ႈႏိုင္ပဲ ရရာတက္စီငွားၿပီးလာခဲ့တာက ကိုကို႐ွိရာ႐ုံးခန္းဆီသို႔။႐ုံးခန္းေ႐ွ႕ေရာက္ေတာ့ ကိုကို႔အတြင္းေရးမႉးကေတာင္သူ႕ကိုျမင္ေတာ့အံ့ၾသသြားတာ။သူ႕ကိုတစ္ခုခုေျပာဖို႔ျပင္ေနတာမို႔ သူကပဲ႐ွဴးတိုးတိုးလို႔လုပ္ျပၿပီး႐ုံးခန္းထဲဇြတ္ဝင္လာခဲ့လိုက္သည္။ကိုကို႔႐ုံးခန္းထဲဝင္ဖို႔ တံခါးေခါက္စရာဆိုတာသူ႕အတြက္ေတာ့မလိုအပ္တဲ့အရာ။
သို႔ေသာ္တံခါးဖြင့္ၿပီးတာနဲ႔ 'ကိုကို'လို႔ေခၚလိုက္ရင္အံ့ၾသသြားရမယ့္ကိုကို႔မ်က္ႏွာကိုမေတြ႕ရ။CEOမင္ယြန္းဂီလို႔ေရးထားတဲ့စားပြဲမွာကိုကိုကမ႐ွိ။ကိုကိုကဘယ္သြားေနတာလဲ?သူမေန႔ကေမးေတာ့ ႐ုံးမွာ႐ွိမယ္ပဲေျပာထားၿပီး ခုဘယ္ေရာက္ေနတာလဲ??
"ဟို...CEOကမ႐ွိပါဘူး"
ကိုကို႔အတြင္းေရးမႉးက အံ့ၾသေနတဲ့သူ႕ကိုလာေျပာျပသည္။
"ကိုကိုဘယ္သြားတာလဲ"
"အဲ့တာေတာ့အေသးစိတ္မသိပါဘူးခင္ဗ်...ခြင့္၅ရက္ယူထားပါတယ္"
"ဘယ္လို!"
ကိုကိုကခြင့္၅ရက္ေတာင္ယူၿပီးဘာလုပ္တာလဲ?သူ႕ကိုလည္းလိမ္ေသးတယ္။
ထယ္ေယာင္းခ်က္ခ်င္းဖုန္းကိုထုတ္ကာ ယြန္းဂီကိုဆက္မယ္ျပင္ေတာ့ အခ်ိန္ကိုက္ပင္ဦးစြာသူ႕ဆီဝင္လာတဲ့ယြန္းဂီဖုန္းcall။
"ကိုကိုခုဘယ္မွာလဲ...ေျပာ!!"
'ကေလးခုခ်က္ခ်င္း အီဖယ္လ္တာဝါေ႐ွ႕ကိုလာခဲ့...ျမန္ျမန္လာေနာ္'
သူေျပာတာကိုအေရးမလုပ္ပဲ ကိုကိုကေျပာခ်င္ရာေျပာၿပီးဖုန္းခ်သြားသည္။သူ႕ကိုလည္းအီဖယ္လ္တာဝါေ႐ွ႕ကိုလာခဲ့တဲ့။မဟုတ္မွလြဲေရာ ကိုကိုကအခု....
ထယ္ေယာင္းခ်က္ခ်င္း ယြန္းဂီကိုဖုန္းျပန္ေခၚရေတာ့သည္။သို႔ေသာ္ယြန္းဂီကမကိုင္ေတာ့။ဘယ္ႏွေခါက္ဆက္ဆက္မကိုင္ေတာ့တာေၾကာင့္ ေနာက္ဆုံးဂ်ီမင္ကိုဖုန္းဆက္ၿပီးသြားၾကည့္ခိုင္းေတာ့ တစ္ကယ္ႀကီးကိုကိုကအဲ့ကိုေရာက္ေနတာဆိုလို႔ သူလာမယ္အဲ့မွာပဲေစာင့္ေနလို႔တဆင့္ေျပာခိုင္းလိုက္ရေတာ့သည္။သူကေတာ့ခ်က္ခ်င္းကိုကို႔႐ုံးခန္းကေနေလဆိပ္ကိုတက္စီျပန္ငွားၿပီး ရရာလက္မွတ္ျဖတ္၍ပဲရစ္ကိုျပန္လိုက္ရေတာ့သည္။ယူလာတဲ့ခရီးေဆာင္အိတ္ႀကီးလည္းကိုကို႔႐ုံးခန္းမွာပဲထားပစ္ခဲ့သည္။
သူ႕ကိုကိုနဲ႔သူက စေတြ႕တုန္းကလည္းကို႔႐ို႕ကားယား၊ခုထိလည္းကို႔႐ို႕ကားယားပင္။
တစ္ကယ့္ကိုသူနဲ႔ကိုကိုကfreaky couple။
ယြန္းဂီကေတာ့ဘာမွမသိပဲ ထယ္ေယာင္းသူငယ္ခ်င္းလာေျပာသည့္အတိုင္းရင္ခုန္စိတ္လႈပ္႐ွားစြာနဲ႔ေစာင့္ေနသည္။အိတ္ကပ္ထဲကလက္စြပ္ဘူးေလးကိုလည္းခဏခဏထုတ္ၾကည့္လြန္းလို႔ ဘူးေလးကေခြၽးေတြေတာင္စိုေနၿပီ။နမ္ဂြၽန္ကေတာ့ ထယ္ေယာင္းကေပၚမလာႏိုင္ေသးတာေၾကာင့္မ်က္ႏွာႀကီး႐ႈံ႕မဲ့ၿပီး စိတ္မ႐ွည္၍အနားကေကာ္ဖီဆိုင္မွာေစာင့္ေနရင္းငိုက္ေတာင္ငိုက္ေနၿပီပင္။ဂ်ီမင္မွာလည္းထယ္ေယာင္းမွာထားတဲ့အတိုင္း အျဖစ္မွန္ကိုမေျပာျပပဲ တာဝါေ႐ွ႕ေလးကခုံတန္းေလးမွာပဲငုတ္တုပ္ေလးထိုင္ၿပီးထယ္ေယာင္းအလာကိုေစာင့္ေနရသည္။
ထယ္ေယာင္းအတြက္ေတာ့အလာတုန္းကေလယာဥ္ကျမန္ေနၿပီး အခုအသြားက်မွၾကာေနသလိုပင္။14နာရီနဲ႔23မိနစ္တိတိၾကာသည့္အခ်ိန္ကို အသြားအျပန္ႏွစ္ေက်ာ့ျပန္စီးေနရတာေၾကာင့္ လူလည္းအေတာ္ႏုံးခ်ိေနၿပီျဖစ္သည္။သို႔ေသာ္ကိုကိုနဲ႔ေတြ႕ရမည္ဆိုတာေၾကာင့္ ပင္ပန္းဖို႔ေနေနသာသာရင္ဘတ္တစ္ခုလုံးကတဖ်တ္ဖ်တ္ခုန္ေနသည္။
ထယ္ေယာင္း CDG(Charles de Gaulle)ေလဆိပ္ကိုေရာက္တာနဲ႔အေမာပင္ေကာင္းေကာင္းမေျဖႏိုင္။အေ႐ွ႕ကိုလာထိုးရပ္တဲ့ၾကဳံရာတက္စီစီးၿပီးကိုကို႐ွိရာအီဖယ္လ္တာဝါႀကီးဆီသို႔ဒုန္းစိုင္းေျပးရေတာ့သည္။
ေတြ႕ပါၿပီ။ေန႔လည္တစ္နာရီေနပူပူႀကီး တာဝါေ႐ွ႕မွာသူ႕အလာကိုေစာင့္ေနတဲ့စိုးရိမ္ေနတဲ့မ်က္ႏွာနဲ႔ကိုကိုရယ္ ကိုကို႔ေဘးမွာပ်င္းတိပ်င္း႐ြဲနဲ႔ပုံ႔ပုံ႔ေလးထိုင္ေနတဲ့ဂ်ီမင္ရယ္နဲ႔ဂ်ီမင္ေဘးကခပ္လွမ္းလွမ္းထိုင္ခုံမွာ ဖ႐ိုဖရဲအိပ္ေနတဲ့ကင္မ္နမ္ဂြၽန္ရယ္။ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လည္ပတ္ေနၾကတဲ့ခရီးသြားေတြ၊တက္တက္ႂကြႂကြလႈပ္႐ွားသြားလာေနတဲ့ပဲရစ္ၿမိဳ႕သားေတြနဲ႔ျခားနားစြာ ကိုကိုတို႔သုံးေယာက္ကမိႈင္ေတြေနၾကသည္။မ်က္စိေ႐ွ႕ကျမင္ကြင္းႀကီးကိုၾကည့္ၿပီး သူ႕မွာရယ္ခ်င္တာကိုမနည္းထိန္းထားရသည္။သုံးေယာက္လုံးမ်က္ႏွာဆိုးေတြနဲ႔။
"ကိုကို!!"
ထယ္ေယာင္း ယြန္းဂီနားမေရာက္ခင္ဆယ္လွမ္းေလာက္အလိုကေနလွမ္းေအာ္ေခၚေတာ့ ယြန္းဂီကခ်က္ခ်င္းထယ္ေယာင္းဆီေျပးလာကာ ေပြ႕ဖက္ေတာ့သည္။အိပ္ေနတဲ့နမ္ဂြၽန္ကေတာ့ ထယ္ေယာင္းေအာ္သံေၾကာင့္လန္႔ႏိုးသြားၿပီးဂ်ီမင္ကေတာ့ဖုန္းကိုကျမန္းကတန္းထုတ္ကာ ဓါတ္ပုံ႐ိုက္ေပးရေတာ့သည္။
"ကိုယ္ညတည္းကေစာင့္ေနတာ...ဘာလို႔ခုမွလာတာလဲကေလးရယ္"
အားႀကီးနဲ႔အတင္းဖက္ထားတာေၾကာင့္ ယြန္းဂီလက္ေမာင္းေတြၾကားမွာ ထယ္ေယာင္းကိုယ္လုံးက်ံဳ႕ေနရသည္။
"ကြၽန္ေတာ္ ကိုရီးယားကေနလာရေတာ့ၾကာသြားတယ္"
"ဟမ္!!"
သူေျပာလိုက္ေတာ့ ကိုကိုကအလန္႔တၾကား။ဖက္ထားရာကေန သူ႕ပုံခုံးႏွစ္ဖက္ကိုကိုင္ၿပီးမ်က္ႏွာကိုၾကည့္လာသည္။
"ကြၽန္ေတာ္ကကိုကို႔ကိုsupriseလုပ္မလို႔တိတ္တိတ္ေလးကိုရီးယားကိုျပန္လာတာကို...ကိုကိုကဒီေရာက္ေနတယ္ဆိုလို႔ခ်က္ခ်င္းျပန္လိုက္လာတာ...တစ္ကယ့္supriseႀကီးကို ကိုကိုကတိုက္ခ်လိုက္ေတာ့တာပဲ"
ထယ္ေယာင္းကရယ္ေမာၿပီးေျပာေနေပမယ့္ ယြန္းဂီကေတာ့မရယ္ႏိုင္။ကေလးကိုပင္ပန္းေအာင္လုပ္မိလို႔ဆိုၿပီး ကိုယ့္ကိုယ္ကိုအျပစ္တင္ေလေတာ့သည္။
မ်က္ႏွာေလးႏြမ္းၿပီးသူ႕ကိုၾကည့္ေနတဲ့ယြန္းဂီကို ထယ္ေယာင္းအားမရစြာၾကည့္ၿပီးလက္ႏွစ္ဖက္နဲ႔ယြန္းဂီပါးႏွစ္ဖက္လုံးကိုအုပ္ကိုင္လိုက္သည္။
"ကိုကို႔မ်က္ႏွာႀကီးကလည္းဗ်ာ...ကြၽန္ေတာ္႕ကိုေတြ႕တာေတာင္မေပ်ာ္တဲ့ပုံႀကီး"
ထယ္ေယာင္းကဆူပုပ္ပုပ္ေျပာေလေတာ့
"မဟုတ္ပါဘူးကေလးရယ္...ကိုယ္အသိမေပးပဲလာမိလို႔
ကေလးအခက္ေတြ႕သြားတာကိုစိတ္မေကာင္းျဖစ္ေနတာ...ကိုယ့္ကိုေျပာရင္ကိုရီးယားကိုျပန္လာခဲ့မွာေပါ့"
ယြန္းဂီ သူ႕ပါးႏွစ္ဖက္ကိုအုပ္ကိုင္ထားတဲ့ထယ္ေယာင္းလက္သြယ္သြယ္ေလးေတြကိုဆြဲယူရင္း အျမတ္တႏိုးဖိကပ္နမ္းလိုက္သည္။အရင္ကဆိုယြန္းဂီဒီလိုျပဳမူတိုင္းမ်က္ႏွာေလးရဲသြားတတ္တဲ့ထယ္ေယာင္းက ခုေတာ့ေနသားက်သြားသည့္ႏွယ္ယြန္းဂီကိုျပဳံး၍သာျပန္ၾကည့္သည္။
"ကိုကိုကကြၽန္ေတာ္႕ကိုအသိမေပးပဲဒီလာၿပီး...ဘာလုပ္မလို႔လဲ"
ထယ္ေယာင္းေျပာေတာ့မွ ယြန္းဂီသတိရၿပီးေဘာင္းဘီအိတ္ကပ္ထဲကကတီပါအနက္ေရာင္လက္စြပ္ဘူးေလးကိုထုတ္ကာ ထယ္ေယာင္းေ႐ွ႕မွာဒူးေထာက္လိုက္သည္။
"ကိုယ့္ကိုလက္ထပ္ႏိုင္မလားကေလး"
ထယ္ေယာင္း႐ုတ္တရက္ႀကီး ကိုကို႔ဆီကလက္ထပ္ခြင့္ေတာင္းခံလိုက္ရတာေၾကာင့္ပါးစပ္ကိုလက္နဲ႔အုပ္ကာအံ့ၾသေနေတာ့သည္။အံ့ၾသလို႔ျပဴးက်ယ္သြားတဲ့မ်က္လုံးေလးေတြကလည္း ကိုကို႔ဆီကမခြာပဲမ်က္ရည္ေတြဝိုင္းလာသည္။
"ကိုယ့္ကိုလက္ထပ္မွာမလားကေလး...ဟင္"
ထယ္ေယာင္းေခါင္းညိတ္လိုက္ၿပီး ဒူးေထာက္ေနတဲ့ယြန္းဂီကိုဖက္ကာငိုေတာ့သည္။ယြန္းဂီက ထယ္ေယာင္းကိုခပ္ဖြဖြေလးျပန္ဖက္ကာေက်ာျပင္ေလးကိုျပန္ပြတ္သပ္ရင္းထယ္ေယာင္းေခါင္းလုံးလုံးေလးကိုနမ္းသည္။ရင္ထဲထိလိုက္တက္လာတဲ့ဝမ္းသာမႈေၾကာင့္ ယြန္းဂီကိုယ္တိုင္လည္းထယ္ေယာင္းကိုဖက္ထားရင္းမ်က္ရည္ေတြစိုလာခဲ့သည္။
ခရီးသြားဧည့္သည္ေတြနဲ႔ျပင္သစ္ၿမိဳ႕သားေတြက ၾကည္ႏူးဖြယ္လက္ထပ္ခြင့္ေတာင္းေနတဲ့ျမင္ကြင္းေလးကိုမတ္တပ္ရပ္ၾကည့္ရင္းလက္ခုပ္တီးကာအားေပးၾကသည္။
ဂ်ီမင္ကေဘးကေနဖုန္းတစ္လုံးနဲ႔ ဓါတ္ပုံလွလွေလးေတြ႐ိုက္ေပးေနၿပီးနမ္ဂြၽန္ကေတာ့ယြန္းဂီမွာထားတဲ့အတိုင္း ကင္မရာျဖင့္videoမွတ္တမ္းတင္ေနသည္။
"Wow!....say yes! say yes! say yes!"
အားလုံးကေခါင္းညိတ္ခိုင္းေနတာေၾကာင့္ ထယ္ေယာင္းယြန္းဂီကိုဖက္ထားရာကေနျပန္ထလိုက္ၿပီး ဘယ္လက္လက္သြယ္သြယ္ေလးကိုယြန္းဂီဆီကမ္းေပးလိုက္သည္။သူလည္းကိုကို႔ကို 'yes' လို႔ေျဖခ်င္ေနပါၿပီ။
"အင္း...ကြၽန္ေတာ္ကိုကို႔ကိုလက္ထပ္မယ္"
ထယ္ေယာင္းစကားဆုံးတာနဲ႔ ယြန္းဂီထိန္းမရေအာင္ငိုမိေတာ့သည္။အခုဆိုကင္မ္ထယ္ေယာင္းဆိုတဲ့လူသားေလးက သူ႕လက္ထပ္ခြင့္ကိုလက္ခံလိုက္ၿပီေလ။ကေလးကသူ႕တစ္ေယာက္တည္းရဲ႕အပိုင္ေလးျဖစ္လာေတာ့မွာ။ဝမ္းသာလြန္းလို႔ ထိန္းေနတဲ့ၾကားကေနမ်က္ရည္ေတြကက်လာသည္။ေသခ်ာေပါက္ဝမ္းသာလို႔က်တဲ့မ်က္ရည္ေတြပါ။
ယြန္းဂီ ကတီပါအနက္ေရာင္ဘူးထဲကေန႐ိုး႐ွင္းၿပီးစိန္တစ္လုံးတည္းျမႇဳပ္ထားတဲ့ပလက္တီနမ္လက္စြပ္ေလးကိုယူၿပီး ထယ္ေယာင္းရဲ႕လက္သူႂကြယ္သြယ္သြယ္ေလးမွာစြပ္ေပးလိုက္သည္။လက္စြပ္ေလးရဲ႕အတြင္းဘက္မွာ Min Yoongi's လို႔ေရးထားတဲ့လက္စြပ္ေလးက ေနေရာင္ထဲမွာတဖ်က္ဖ်က္လတ္ေနသည္။သူ႕စိတ္တိုင္းက်မွာထားတဲ့လက္စြပ္ေလးက ကေလးနဲ႔လိုက္မယ္ဆိုတာႀကိဳသိၿပီးသားဆိုေပမယ့္ အခုလိုကေလးရဲ႕လက္မွာျမင္ေနရတာကပိုလွသည္။
ထယ္ေယာင္းလက္သူႂကြယ္ေလးမွာလက္စြပ္ေရာက္တာနဲ႔ ယြန္းဂီကလက္စြပ္ဝတ္ထားတဲ့ထယ္ေယာင္းလက္ေလးကိုနမ္းၿပီး ထိုလက္ေလးကိုကိုင္ကာဒူးေထာက္ေနရာကေနမတ္တပ္ရပ္လိုက္သည္။
"ကိုယ့္ကိုလက္ခံေပးလို႔ေက်းဇူးပါကေလး...ၿပီးေတာ့ကိုယ္ကေလးကိုအရမ္းခ်စ္တယ္"
"ကြၽန္ေတာ္လည္းကိုကို႔ကိုအရမ္းခ်စ္တယ္"
ထယ္ေယာင္းနဲ႔ယြန္းဂီ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းျပဳံးေနၾကသည္။ထိုျမင္ကြင္းေလးကသိပ္ကိုလွပၿပီး ေကာင္ေလးႏွစ္ေယာက္ရဲ႕အေပ်ာ္ေတြကေဘးလူေတြကိုပါကူးစက္ေစသည္။
"နမ္းၾကေတာ့ေလ...ငါလက္ေညာင္းေနၿပီဟ!"
ကင္မရာကိုင္ထားတဲ့နမ္ဂြၽန္ကစိတ္မ႐ွည္စြာထေအာ္ေတာ့
ထယ္ေယာင္းေရာယြန္းဂီပါ အသံအက်ယ္ႀကီးနဲ႔ထရယ္မိေတာ့သည္။ေဘးကဂ်ီမင္ေလးကေတာ့ သူ႕သူငယ္ခ်င္းငိုေတာ့သူပါဝမ္းသာၿပီးလိုက္ငိုရင္းနမ္ဂြၽန္ေငါက္သံၾကားေတာ့ ပါးစပ္ကိုလက္ကေလးနဲ႔ကာၿပီးတခစ္ခစ္လိုက္ရယ္သည္။
"ကိုယ္နမ္းလို႔ရမလားကေလး"
"ကိုကိုခြင့္ေတာင္းေနစရာကိုမလိုတာပါ"
သူ႕စကားသံအဆုံးမွာ ကိုကို႔မ်က္ႏွာကသူ႕ဆီကိုတျဖည္း ျဖည္းတိုးလာသည္။ဘာဆက္ျဖစ္မလဲဆိုတာသိေနတာမို႔ မ်က္လုံးေတြကိုမွိတ္ခ်ရင္း ကိုကို႔လက္ကိုတင္းတင္းကိုင္ကာကိုကို႔အနမ္းေတြေနာက္ကိုလိုက္ပါစီးေမ်ာလိုက္ေတာ့သည္။
ခ်ိဳတယ္...ဒီေန႔အနမ္းေတြကသူနဲ႔ကိုကိုနမ္းဖူးသမွ်ထဲမွာအခ်ိဳဆုံးပါ။
ညဘက္မွရစ္ေမွ်ာ္စင္ႀကီးကိုေနာက္ခံထားကာ လက္ထပ္
ခြင့္ေတာင္းမယ္လို႔စီစဥ္ခဲ့ေပမယ့္လည္း ယခုလိုေန႔လည္ခင္းမွာပဲေတာင္းျဖစ္သြားခဲ့သည္။သို႔ေသာ္ထယ္ေယာင္းနဲ႔ယြန္းဂီရဲ႕ၾကည္ႏူးဖြယ္နမ္းေနတဲ့ျမင္ကြင္းက ညဘက္ထက္ပင္ပိုromaticဆန္ၿပီးပိုၿပီးလွပေနခဲ့သည္။
အီဖယ္လ္တာဝါႀကီးရယ္ နမ္းေနတဲ့ေကာင္ေလးႏွစ္ေယာက္ရယ္ အားေပးေနၾကတဲ့လူအုပ္ႀကီးရယ္ေၾကာင့္ပဲရစ္ၿမိဳ႕ကပိုအသက္ဝင္ၿပီးအခ်စ္ရနံ႔ေတြနဲ႔တစ္ၿမိဳ႕လုံးကိုဖုံးအုပ္သြားပါေတာ့သည္။
----------------------
The End
Kimharu4121992🌵
Borahae💜
ေနာက္ဆုံးေတာ့ ကိုယ့္ရဲ႕ပထမဆုံးficေလးၿပီးသြားခဲ့ပါၿပီ။
Comedy typeေလးေရးခဲ့ၿပီးစာဖတ္သူေတြအားလုံးကို
FCေလးဖတ္ၿပီး ခဏေလးပဲျဖစ္ျဖစ္ေပ်ာ္ေစခ်င္လို႔ဖန္တီးခဲ့တဲ့ficေလးပါ။
ပထမဆုံးေသာစာေရးျခင္းမို႔ အမွားေတြအမ်ားႀကီးနဲ႔အေရးအသားပိုင္းမကြၽမ္းက်င္တာေတြနဲ႔လိုအပ္ခ်က္ေတြအမ်ားႀကီး႐ွိပါတယ္။
Freaky Coupleေလးကိုဖတ္ၿပီးခံစားရတာေလးေတြကိုcommentေပးရင္ဝမ္းသာမိမွာပါ။♡
>>Freaky coupleကိုExtraေလးေရးဖို႔႐ွိပါတယ္။<<
ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြ႐ွိေနတဲ့ficေလးကိုဖတ္ေပးၾကတဲ့
စာဖတ္သူတစ္ေယာက္ခ်င္းစီကိုေက်းဇူးတင္ပါတယ္။💜