23

188 7 0
                                    

"မစားဘူး!!!...ထွက်သွား!!!"

စားစရာလာပို့​ပေးတဲ့​ကောင်မ​လေးတစ်​ယောက်ကို ထယ်​ယောင်း​အော်​နေတာဖြစ်၏။ဒီ​နေ့နဲ့ဆို ထယ်​ယောင်းဒီအိမ်ကြီးထဲမှာပိတ်မိ​နေတာ၃ရက်ရှိ​နေပြီဖြစ်သည်။၃ရက်လုံးလာ​ကျွေးသမျှကိုဘာမှမစားပဲ ​​အော်ထုတ်​နေတာခုထိပင်။
လူကအားမရှိ​ပေမဲ့ အသံထွက်​အောင်​တော့​သူအော်ဟစ်​ပေါက်ကွဲနိုင်ပါ​သေးသည်။

"သွားလို့ရပြီ"

"ဟုတ်ကဲ့ပါသခင်​လေး"

ဆိုးလ်ကို​ပြန်သွားတဲ့သခင်​လေးက ခုမှ​ပေါ်လာသည်။ထယ်​ယောင်းကိုထမင်းဝင်​အောင်​ကျွေးခိုင်းပေမယ့် လုံးဝ​​ကျွေးမရတာ​ကြောင့် အိမ်​ဖော်​ကောင်မ​လေးမှာ​ကြောက်​ကြောက်နဲ့ပင်ရိုအ​​သေ​ပေးပြီးထွက်သွားသည်။

"​ဘေဘီ...ဘာလို့မစားတာလဲ...​ဘေဘီကြိုက်တာ​တွေချည်းပဲ​လေ"

ထယ်​ယောင်း ထယ်အီကိုရွံ့ရှာစွာကြည့်ပြီးမဲ့ရွဲ့ကာမျက်နှာကိုပြတင်း​ပေါက်သို့မျက်နှာမူလိုက်သည်။၃ရက်​အတွင်းမှာထယ်​ယောင်းပါး​ဖောင်း​ဖောင်း​လေး​​တွေက သိသိသာသာ​​ချောင်ကျသွားပြီး မအိပ်ထားတာ​ကြောင့်မျက်တွင်းနှစ်ဖက်ကလည်း​ဟောက်ပက်နဲ့။အချိန်ပြည့်ငိုထားတာ​ကြောင့် မျက်သား​တွေကလည်းနီရဲပြီးမျက်လုံး​များလည်းမို့အစ်​နေသည်။

"​ဘေဘီကြိုက်တဲ့cakeဆိုင်က ကိုယ်စ​တော်ဘယ်ရီကိတ်ဝယ်လာတယ်...ဒါ​လေး​တော့စားလိုက်​ပါ...​နော်"

ထယ်အီ ဆိုးလ်ကအပြန်ထယ်​ယောင်းကြိုက်တဲ့ကိတ်ဆိုင်က​နေ ဝယ်လာတဲ့စ​တော်ဘယ်ရီကိတ်မုန့်ပန်းကန်​လေးကို ကိုင်ရင်းထယ်​ယောင်းနားသို့တိုးသွားလိုက်သည်။

"အနားကိုမလာနဲ့!!!"

"​ဘေဘီရယ်...အစား​တော့စားရမယ်​လေ"

"ခင်ဗျားအိမ်မှာ​နေပြီးခင်ဗျား​ကျွေးတာစားမယ်ထင်​နေတာလား!!...ကျွန်​တော့်ကိုပြန်လွှတ်ပေး!!!"

"မလွှတ်​ပေးနိုင်ဘူး​​ဘေဘီ...ကိုယ်ကအနားမှာ​ထားချင်လို့တမင်​ဒီလို​ခေါ်ထားရတာ​လေ...ဘာလို့ထွက်သွားခွင့်​ပေးရမှာလဲ​ဘေဘီရယ်"

Freaky Couple(completed)Where stories live. Discover now