24

188 12 2
                                    

"ဝန်ကြီးချုပ်ဂန်ရဲ့သားဖြစ်သူဂန်ထယ်အီဟာ အမည်လွဲAဆိုသူကိုဖမ်းဆီးချုပ်​နှောင်ထားတယ်လို့ ဆိုးလ်ရဲဌာနဥက္ကဌ​ဆောင်းဂျယ်မင်းမှ ထုတ်​ဖော်​​ပြောကြားလာပါတယ်...ဝန်ကြီးချုပ်က​တော့ဒီကိစ္စဟာမမှန်ကန်​ကြောင်းအတိအလင်းငြင်းဆိုထားပြီး ဒါ​တွေဟာမဲဆွယ်ကာလမှာသူ့ကို​ချောက်ချတာဖြစ်နိုင်ပါတယ်လို့​ပြောကြားလာပါတယ်...သားငယ်ဖြစ်သူဂန်ထယ်အီကလည်းယခုနာမကျန်းဖြစ်​နေသူမိခင်နှင့်အတူ က​နေဒါမှာ​ခေတ္တအနားယူ​နေတယ်လို့​ထုတ်​ဖော်​ပြောကြားလာပါတယ်...လူထုက​တော့တစ်ဖက်ကအဖမ်းခံရတဲ့ အမည်လွဲAအ​ပေါ်စိတ်ဝင်စားမှုမြင့်တက်​နေပြီး...ရဲဌာနချုပ်ဥက္ကဌကိုယ်တိုင်ကအမှုဖွင့်ထားတဲ့အတွက် ဒါဟာအမှန်တရားဖြစ်နိုင်တယ်လို့​ကောက်ချက်ချ​နေကြပါတယ်...ဝန်ကြီးချုပ်ရဲ့သားဂန်ထယ်အီဟာ ယခု​နောက်ပိုင်းမဲဆွယ်ပွဲ​တွေမှာအတူပါဝင်လာတာကိုမ​တွေ့ရတာ​ကြောင့် ပြည်သူလူထုကပိုသံသယဝင်​နေကြပါတယ်...တစ်ချို့ကလည်းဆိုးလ်ရဲဌာနဥက္ကဌ​ဆောင်းဂျယ်မင်းဟာ ​ဝန်ကြီးချုပ်​နေရာအတွက်ဝင်ပြိုင်မည်ဖြစ်တာ​ကြောင့် တမင်အပုပ်ချတာလို့လည်း​ပြောဆို​နေကြပါတယ်...ဘယ်လိုပဲဖြစ်ဖြစ်ဂန်နမ်ရဲစခန်းက​တော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က လူ​ပျောက်တိုင်ကြားမှုကိုလက်ခံရရှိထားပြီး ထိုအမှုဟာလည်း A ဖြစ်သည်ဟု​​ဖော်ပြတားတာမို့ ဒီသတင်းကလက်ရှိမှာလူထု့ဆီကစိတ်ဝင်စားမှုအများဆုံးသတင်းတစ်ခုအဖြစ်ရပ်တည်​နေပါတယ်...​နောက်ဆုံးရသတင်း​တွေကိုအမှန်ကန်ဆုံးတင်ဆက်​ပေး​နေတဲ့ပြည်သူ့အသံNHKသတင်းဌာနက​​နေ​ဖော်ပြလိုက်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ထယ်အီ ဝီစကီခွက်ကိုလှည့်ရင်းနှုတ်ခမ်း​တွေကိုမဲ့ကာ သတင်းဆုံးတဲ့အထိကြည့်​နေလိုက်သည်။သူ့လက်ချက်ဆိုတာကိုအတိအလင်း​ဖော်ပြထားကတည်းက ဒါဟာ​မင်ယွန်းဂီလက်ချက်ကလွဲပြီးမဖြစ်နိုင်။အ​ဖေက​တော့သူ့ကိုမတိုင်ပင်ရ​ကောင်းလားဆိုပြီး ​သူ့ကိုသတ်တော့မှာအ​သေအချာ​ပေါ့။​အရူးလိုလုပ်ချင်တာလုပ်ခဲ့ပြီးမှ​တော့ သူကပြန်လှည့်မယ်ထင်လား...အဆုံးထိဆက်​​လျှောက်မှာ...ထယ်​ယောင်းလက်ကိုဆွဲပြီးအဆုံးထိဆက်​လျှောက်မှာ။

Freaky Couple(completed)حيث تعيش القصص. اكتشف الآن