16

194 13 0
                                    

​အော်သံ​တွေနဲ့အတူ တိုး​ဝှေ့လာတဲ့လူ​တွေ​ကြောင့် ​ယွန်းဂီထယ်​ယောင်းလက်ကို​သေချာဆုပ်ကိုင်ကာ ထယ်​ယောင်းခန္ဓါကိုယ်ကိုလှည့်၍သူ့ရင်ဘတ်နဲ့ထယ်​ယောင်း​ကျောပြင်ကိုကပ်ထားလိုက်သည်။ရုတ်တရက်ထဖြစ်သွားတဲ့ ကိစ္စကြီး​ကြောင့်သူလည်းထူပူသွား​ပေမယ့် သူ့မှာ​တွေ​ဝေ​နေဖို့အချိန်မရှိ။ထယ်​ယောင်းကသူ့လက်​တွေကိုအားကိုးတကြီးကိုင်ထားသည်​လေ။

"ထယ်​ယောင်း...ကိုယ့်အထင်ဆိုဒီလမ်း​ထဲမှာလူ​တွေအကုန်ပိတ်ကုန်တာဖြစ်မယ်...ဘာမှမ​ကြောက်နဲ့ကိုယ်ရှိတယ်​နော်"

​ချွေး​စေး​တွေထွက်​နေတဲ့လက်​လေးနှစ်ဖက်လုံးနဲ့ သူ့လက်ကိုလွတ်သွားမှာစိုးသည့်အလားအ​သေအချာကိုင်ထားကာ ​ခေါင်းညိတ်ပြတဲ့ထယ်​ယောင်းက ဒီအ​ခြေအ​နေကိုအ​​တော်လန့်​နေသည့်ပုံ။

"အမယ်​လေး!!!....မတက်နင်းကြပါနဲ့!!...ကျွန်မသား​လေးလဲသွားလို့ပါ!!!​တောင်းပန်ပါတယ်!!!...မတက်နင်းကြပါနဲ့!!!"

တိုး​​ဝှေ့ရင်းဆူညံ​နေတဲ့လူအုပ်ကြားထဲမှာမှ အသံနက်ကြီးထွက်လို့လာ​တော့ ထယ်​ယောင်းတစ်ကိုယ်လုံးတုန်တက်ကာ
​ကျော​ပေးထားတဲ့​ယွန်းဂီဘက်သို့ခန္ဓါကိုယ်ကိုအမြန်လှည့်၍ ​ယွန်းဂီရင်ခွင်တွင်မျက်နှာအပ်ကာ​ ယွန်းဂီခါးကိုအတင်းဖက်ထားပြီးမျက်လုံးမှိတ်ပစ်လိုက်သည်။

"ကျွန်...ကျွန်​တော်​ကြောက်တယ်"

​အသံ​​တွေတုန်တဲ့အထိ​ကြောက်​နေတဲ့ထယ်​ယောင်းကို သူမငြိုငြင်မိဘူး။​ကျောပြင်​လေးကိုအထက်​အောက်ပွတ်သပ်​​ပေးပြီး ဒီက​နေထွက်လို့ရမယ့်နည်းလမ်းကို ခပ်မြန်မြန်လိုက်ရှာမိသည်။

"ကိုယ်ရှိတယ်...မ​ကြောက်နဲ့​နော်...ကိုယ်ရှိတယ်"

ထယ်​ယောင်းကိုမ​ကြောက်ဖို့​ပြော​နေ​ပေမယ့် မျက်စိ​ရှေ့မှာမြင်​နေရတဲ့လူအုပ်ကြီးနဲ့​အော်သံ​တွေ​ကြောင့် သူလည်း​လန့်​နေတာပင်။သို့​သော် သူကာကွယ်​ပေးရမယ့်ရင်ခွင်ထဲကလူ​လေး​ကြောင့် သူ့​ကြောက်စိတ်​တွေကိုအတတ်နိုင်ဆုံး​မောင်းထုတ်ကာ ကာကွယ်​ပေးချင်မိသည်။

Freaky Couple(completed)Where stories live. Discover now