3

297 17 2
                                    

"အဲ့လိုနဲ့ပဲ မင်းကမမခိုင်းတဲ့အတိုင်း...​​ယောက်ဖ​လေးဆီသွား​နေရတာ​ပေါ့"

"​အဲ့လိုဖြစ်သွားတယ်ကွာ"

"ဒါနဲ့​နေပါဦး...မင်းကမင်း​ယောက်ဖဆီသွားတာကို...ဘာလို့
ဒီ​လို​တွေဝတ်စားသွားတာလဲ"

နမ်ဂျွန့်အ​မေးကို ယွန်းဂီကတော်​တော်တုံးပါလား?ဆိုတဲ့
အကြည့်နဲ့ကြည့်ပြီး

"ငါကမင်းဆီလာသလို ဝတ်စားသွားရင်...ငါ့ကိုဘယ်လိုမြင်မလဲ...first imflation ကအ​ရေးကြီးတယ်​လေကွာ"

ယွန်းဂီ​ပြောလာတဲ့တစ်လွဲကြီး​ကြောင့် နမ်ဂျွန့်မျက်ခုံး​​တွေတွန့်ချိုးသွားကာ ယွန်းဂီပုခုံးကိုလှမ်းရိုက်​တော့သည်။

"first impressionပါကွာ...​သေချာပြန်ပြင်​ပြော"

အား...နာလိုက်တာ။ဒါ​လေးမှားတာကို​ သေ​အောင်ရိုက်တဲ့​ကောင်။englishစာ​လေးမှားတာနဲ့ လူ့ကိုအထင်​သေးတဲ့မျက်လုံးကြီးနဲ့ကြည့်...ပြီးရင် english ပါ​​​မောက္ခကြီးလိုလိုmood ဝင်ပြီးလိုက်ပြင်တဲ့​ကောင်၊ဘာ​ကောင်မှန်းမသိဘူး။အရင်ဘဝ​တွေတုန်းကကိုလိုနီဖြစ်ခဲ့ပုံရတယ်။

"​အေးပါကွာ...ဖက်စ်အင်ပရက်ရှင်!!...ရပြီလား"

"အား!!...တံ​တွေး​တွေလာစင်တယ် သူ​တောင်းစားရဲ့...Fuck!!!"

နမ်ဂျွန့်ဆဲသံ​လေးက နား​ထောင်လို့သိပ်​ကောင်း။သူ့အချစ်ဆုံးသူငယ်ချင်းဆိုလို့ နမ်ဂျွန်တစ်​ယောက်တည်းရှိတာမို့
​ပြောမနာဆိုမနာ​တွေဖြစ်ကြသည်။သူလည်းဆဲကိုယ်လည်းဆဲ။ယဥ်​ကျေး​နေစရာဘာ​သောက်​ကြောင်းမှမရှိ။​ဘော်ဒါ​တွေကြားမှာ ယဥ်​ကျေး​နေရင်အတုအ​ယောင်ပင်။

"မျက်နှာသွားသစ်လိုက်သားကြီးရာ...ငါသွားပြီ...ချစ်တယ်​နော်သားကြီး"

နမ်ဂျွန့်လက်ထဲကကား​သော့ကို ပြန်ဆွဲယူပြီးထ​တော့ လက်ခလယ်​ထောင်ပြလာတဲ့သ​ကောင့်သား။

မင်ယွန်းဂီကလည်း ငြိမ်ခံ​နေမယ်ထင်လား?ကား​သော့ကိုပါးစပ်နဲ့ကိုက်ပြီး လက်နှစ်ဖက်လုံးနဲ့လက်ခလယ်ပြန်ထောင်ပြ​တော့ ​နမ်ဂျွန်ကဘေးနားမှာရှိတဲ့မဂ္ဂဇင်းနဲ့​ကောက်​ပေါက်လို့ မနည်း​ပြေးထွက်ပြီး ကားကို​မောင်းရသွားတာ​လေလိုပင်။အဲ့​တော့မှ နမ်ဂျွန့်ရယ်သံ​လေး​တွေ ပလုံစီ​အောင်ထွက်လာရ​တော့သည်။

Freaky Couple(completed)Where stories live. Discover now