18

229 13 0
                                    

"ဂုဏ်ယူပါတယ်...ခွဲစိတ်မှု​အောင်မြင်ပါတယ်"

ဆရာဝန်ကြီးရဲ့စကား​ကြောင့် ​​ပျော်ရွှင်သွားတဲ့မျက်နှာကအထင်းသား။

"​​ကျေးဇူးပါ ​ဒေါက်တာ...​ကျေးဇူးတင်ပါတယ်"

"မခံယူဝံ့ပါဘူး...မစ္စတာဂန်ကိုခွဲစိတ်ခွင့်ရတဲ့အတွက်
ကျွန်​တော်တို့​ဆေးရုံက​တောင်ဂုဏ်ယူရမှာပါ"

ဆရာဝန်ကြီး​ရဲ့ပြောစကားကို ​ရှေ့ကလူငယ်က​ခေါင်းညိတ်ပြပြီး ​ဘေးမှာရပ်​နေတဲ့အတွင်း​ရေးမှူးချွဲမင်ဟိုကို​မေးဆတ်ပြလိုက်သည်။ဂုဏ်သ​ရေကြီးလှတဲ့ ခွဲစိတ်ဆရာဝန်ကြီးက​တောင် စကားကိုနှိမ့်ချပြီး​ပြော​နေရတဲ့အတွက် ထိုလူငယ်ရဲ့အရှိန်အဝါ၊အာဏာနှင့်ကြွယ်ဝချမ်းသာမှုကမည်မျှကြီးမား​ကြောင်းမ​မေးရင်​တောင် သိနိုင်​လေသည်။

"သခင်​လေးက ​ကျေးဇူးတင်လက်​ဆောင်ပြင်ဆင်ထားပါတယ်...​ရှေ့​နေ့နောက်ကိုလိုက်သွားလိုက်ပါ"

ချွဲမင်ဟိုအ​ပြောကို ​ခေါင်းတညိတ်ညိတ်နဲ့လိုက်သွားတဲ့ဆရာဝန်ကြီးရဲ့​ကျောပြင်ကိုကြည့်ပြီး သခင်​လေးမဲ့ပြုံးပြုံးလိုက်သည်။လူ​တွေကပိုက်ဆံဆိုတဲ့အရာနဲ့ဆိုရင် အလိုလို​အောက်ကျို့ပြီးသား။အရမ်းဖွာတတ်တဲ့ပါးစပ်​တွေကိုပိတ်ဖို့အတွက် ပိုက်ဆံက​​ကော်လိုပင်အသုံးဝင်သည်။

"​​ရှေ့အပတ်မှာပဲ အ​မေနဲ့ကိုရီးယားကိုပြန်မယ်
အားလုံးကိုကြိုစီစဥ်ထား...အလှူရှင်မိသားစု​ရောဟိုဘက်ကို
​သေချာ​ရောက်သွားပြီလား"

အလှူရှင်မိသားစုလို့သာ အမည်ခံ​ပေမဲ့ တစ်ကယ်​တော့ကိုမာဖြစ်​နေတဲ့သမီးရဲ့နှလုံးကိုထုတ်​​ရောင်းသွားတဲ့လူတစ်စုသည်သာ။

"​ရောက်သွားပါပြီ သခင်​လေး...ဘာပြဿနာမှမရှိပါဘူး"

"အင်း...​ဘေဘီ​​ရော​ဘေးကင်းလား"

သခင်​လေးက အီထယ်ဝန်မှာဖြစ်ပျက်သွားတာကိုသိသည်မို့​မေးလာသည်။

"​ဘေးကင်းပါတယ်...အခု​တ​လောကင်မ်အိမ်​တော်မှာ​နေပြီးအပြင်မထွက်ပါဘူး"

"​ဘေဘီကို​စောင့်ကြည့်ဖို့ လူ​တွေထပ်တိုးထားလိုက်
ဟို​​​နေ့ညကလို ဘာမဟုတ်တဲ့ပွဲ​တော်​ကြောင့်​ဘေဘီထိခိုက်မှာကိုမလိုချင်ဘူး...အရမ်းလည်းမသိသာ​စေနဲ့...​ဘေဘီစိတ်ကျဥ်းကျပ်မှာမလိုချင်ဘူး...နားလည်လား"

Freaky Couple(completed)Where stories live. Discover now