14

216 14 0
                                    

'​တောက်...​တောက်'

ဖန်​စားပွဲကို​နောက်​ဆုံး​ပေါ် Samsung ဖုန်း​​စောင်းနဲ့​ခေါက်​နေလို့ထွက်လာသည့်အသံဖြစ်သည်။

"ဟူး...ပျင်းလို့​သေ​တော့မှာပဲ"

​ယွန်းဂီမနက်မိုးလင်းတည်းကပျင်းရိ​နေတာဖြစ်သည်။ယခင်​နေ့​တွေကဆိုမိုးလင်းတာနဲ့ ထယ်​ယောင်းရဲ့ခိုင်းဖက်လုံးလုံးဖြစ်ပြီး ခိုင်းသမျှလုပ်​​ပေးရ​ပေမယ့်ခုလို​တော့ပျင်းဖို့မ​ကောင်း။အခု​တော့ကျယ်ဝန်းလှတဲ့အိမ်ကြီးထဲမှာသူတစ်​ယောက်တည်း။အဘိုးကလည်းပြန်မလာ​သေး ချစ်ရပါ​သောတစ်ဦးတည်း​သောသူငယ်ချင်းကြီးကလည်း အစ်ကို​ဆော့ဂျင်နဲ့​တွေ့ပြီးတည်းကသူ့ကိုရှိတယ်​တောင်မထင်တော့။ဟူး...ခုချိန်ကမ္ဘာ​​ပေါ်မှာအထီးကျန်ဆုံးလူကို​ဖော်ပြပါဆိုရင် သူပဲဖြစ်လိမ့်မယ်။

"ပျင်းတယ်...ပျင်းတယ်...ပျင်းတယ်"

"အ​ဒေါ်ကြီးကမုန့်တစ်ခုခုလုပ်​ကျွေးရမလား...စားချင်တာရှိလား...ဥက္ကဌ​လေး"

ပျင်းတယ်ဆိုတာကိုမ​မောနိုင်မပန်းနိုင် တတွတ်တွတ်​ပြော​နေတုန်း​ခြေသံလုံလုံနဲ့အနား​ရောက်လာတဲ့အိမ်ရဲ့ပင်တိုင်စားဖိုမှူးအ​ဒေါ်ကြီး​။

"မရှိပါဘူး"

သူပြန်​ပြော​တော့ ​အ​ဒေါ်ကြီးကခေါင်းညိတ်ပြပြီးထွက်သွားသည်။အ​ဒေါ်ကြီးထွက်သွား​တော့မှ ​ခေါင်းထဲ​ရောက်လာတာက မမ။မမLAကပြန်​ရောက်တည်းကသူခုထိသွားမ​​တွေ့ရ​သေး။ပြီး​တော့အတည်ပြုစရာကိစ္စကလည်းရှိ​သေးသည်ဆို​တော့ မမကို​တော့သွား​တွေ့မှဖြစ်မည်။

"​ခဏ...ကျွန်​တော့်ကို​ချောကလက်ကိတ်တစ်လုံး​​လောက်လုပ်ပေးလို့ရမလား..."

"​သေချာလှလှ​လေးလုပ်​​ပေးပါ့မယ် ဥက္ကဌ​လေး"

မီးဖိုခန်းထဲ​ရောက်ခါနီးမှ သူ​လှမ်းပြောတာကို​သေချာမှတ်ပြီးကိတ်လုပ်ဖို့ဝင်သွားတဲ့အ​ဒေါ်ကြီးကို​စောင့်​နေတုန်းသူလည်း​ရေချိုးပြီးပြင်ဆင်ရမည်။ဟိုဟာ​လေး​ပြောတာ​တော့ မမက​ချောကလက်ကိတ်ကြိုက်တယ်တဲ့။ပြီး​တော့ဟိုတစ်​ခေါက်​ပြော​ပြသွားတဲ့ သစ်ခွပန်းစည်းလည်းမရမကရှာဝယ်သွားရမယ်။သူ့စိတ်ကိုအတည်ပြုဖို့လိုတယ်။ဟိုည​တည်းကကိစ္စ​ကြောင့် သူ့မှာအ​တွေး​တွေများပြီးအိပ်မရတာများခဲ့ပြီးပြီ။ဟိုဟာ​လေး သိ​နေလား?မသိဘူးလား?ဆိုတာကလည်းသူ့အတွက်ချိန်ကိုက်ဗုံးလို။​လော​လောဆယ်​တော့ အဲ့ဗုံးထက်သူ့ခံစားချက်အစစ်အမှန်​တွေကိုသိဖို့မမဆီအမြန်သွားရမည်။
.
.
.
ထယ်​ယောင်း​deadlineအမှီ နေ့တိုင်းကြိုးကြိုးစားစားလုပ်ထားတဲ့ရလဒ်​​အ​နေနဲ့ အရုပ်​ပေါ်ကမိမိုက်​နေတဲ့ဒီဇိုင်း​တွေကသက်​သေပြ​နေသည်။အင်ကျီက ဆွယ်တာကိုမှ​လေး​ထောင့်​ပေါက်အကြီးကြီး​တွေ၊​သေး​သေး​လေး​တွေနဲ့ဖန်တီးထားတာ​ကြောင့် လုပ်ရတာအရမ်းလက်ဝင်ပြီး​သေချာလက်ချုပ်ပါလိုက်ထားရတာဖြစ်သည်။​ဘောင်းဘီက​တော့အတိုဖြစ်တာ​ကြောင့်သိပ်မခက်​ပေမယ့် ဝတ်လိုက်တာနဲ့ချပ်ကပ်​ပြီးကွက်တိဖြစ်နေ​အောင်အ​သေးစိတ်လုပ်ရသည်။အစထွက်လာတဲ့ရလဒ်ကို လက်​လေးပိုက်ကာကြည့်​နေတဲ့ထယ်​ယောင်းက​သ​ဘောအကျကြီးကျ​ကာခုမှသက်ပျင်းချနိုင်​တော့သည်။ဒါ​လေးပြီးဖို့ သူဘယ်​လောက်​တောင်အားထုတ်ခဲ့ရသလဲ?

Freaky Couple(completed)Tahanan ng mga kuwento. Tumuklas ngayon