9

214 15 8
                                    

"သားကြီး​ရေ...​ရောက်ပြီ"

"​ရောက်ရင်ထိုင်​​နေ"

ဟိုဟာ​လေးစာ​မေးပွဲခန်းထဲဝင်သွားတာနဲ့ သူ့ဆီ​ပြေးလာ​တော့ကို ရောက်လည်း​ရောက်​​ရောအ​မောစို့ချင်စရာ ​ပြောလာပုံက။

"ငါ၂နာရီ​ကျော်​လောက်အချိန်ရတယ်
ဂိမ်းတူတူ​ဆော့ရ​အောင် သားကြီး"

"......"

သူ​ပြော​သမျှကို အဖတ်မလုပ်ပဲဖုန်းကိုပဲသည်းကြီးမဲကြီးကြည့်​နေတဲ့နမ်ဂျွန်​ကြောင့် ​ယွန်းဂီဒေါသထွက်ကာဖုန်းကိုလု​တော့သည်။

"ရား!!!ပြန်​ပေး!!!မင်ယွန်းဂီ!!!"

"မင်းငါ့ကိုအ​ရေးလုပ်လား...​ပြော!
ဘာ​တွေ​တောင်ဒီ​လောက်ကြည့်​နေတာလဲ မှန်းစမ်း"

ဖုန်းကိုပြန်လု​နေတဲ့နမ်ဂျွန့်လက်​တွေကို ​​ရှောင်တိမ်းကာ
မနည်း​နောက်​ကျောနဲ့ကာထားရင်းဖုန်းကိုကြည့်​တော့ followerမနည်းတဲ့ jinnieဆိုတဲ့အင်စတာဂရမ်အ​ကောင့်။တစ်နည်းအားဖြင့်အစ်ကို​ဆော့ဂျင်အ​ကောင့်။ဟူး....ဒီ​ကောင်လည်း​ဆေးမမှီ​တော့ဘူးပဲ။

"မင်းအစ်ကို​ဆော့ဂျင်ကို ကြိုက်​နေတာမလား"

ငါသိ​နေတယ်ဆိုတဲ့အထာနဲ့ ဖုန်းကိုပစ်ပြီး​မျက်ခုံးပင့်ကာ​မေးလိုက်​တော့

"ဘာ..ဘာ​တွေလာ​ပြော​နေတာလဲ
ကြိုက်ရ​အောင်အစ်ကိုက မိန်းက​လေးမှမဟုတ်တာ
ပြီး​တော့ အစ်ကိုကနတ်သားတစ်​ယောက်လိုဘယ်​လောက်
​ချော​ချော ငါကအ​ဖြောင့်ကွ!လုံးဝအ​ဖြောင့်ကြီး!!
လူကိုဘာမှတ်​နေတာလဲ...ပြန်​ပေး..ဖုန်း.."

မကြိုက်ဘူး​လေးဘာ​လေးနဲ့ ​ဘယ်လိုချောတာကိုပါထည့်​ကြော်ငြာသွားတဲ့နမ်ဂျွန့်ကို ​ယွန်းဂီတော်​တော်စိတ်​လေ​နေပြီဖြစ်သည်။ကြိုက်ရင်လည်းကြိုက်တယ်​ပေါ့ ဘာရှက်စရာရှိလဲ?သူကကန့်ကွက်မယ့်သူကျ​နေတာပဲ။​မင်ယွန်းဂီတို့က​​ခေတ်​ရေစီး​ကြောင်းနဲ့အညီ လိုက်​လျောညီ​ထွေရှိတဲ့လူပါ။

"မကြိုက်ဘူး​ဆိုလည်း ​အေး​ဆေး​ပေါ့ကွာ
​ဖြောင့်တယ်ဆိုတာကြီးပဲကြွား​နေ​တာပဲ ငါလည်းမင်း
​ဖြောင့်မှန်းသိပါတယ်ကွာ...အင်းမ်...အစ်ကို​ဆော့ဂျင်က
​ချောတာ​တော့မင်း​ပြောသလိုပါပဲ..​ကောင်မ​လေးမရှိဘူးလား...ငါကြည့်သ​လောက်​တော့ရှိမယ့်ပုံပဲ"

Freaky Couple(completed)Where stories live. Discover now