1

1.6K 35 2
                                    

​လေ​လေးတစ်ချွန်ချွန်နဲ့ သားသားနားနားဝတ်စားထားတဲ့  မင်ဥက္ကဌကြီးရဲ့တစ်ဦးတည်း​သော ​မြေးအလိမ္မာ​လေးမင်ယွန်းဂီ။

အလိမ္မာ​လေးဆိုတာက တစ်ဖက်လှည့်နဲ့ခပ်ဆိုးဆိုးက​လေး​တွေအတွက် သီးခြားသတ်မှတ်​ပေးထားတဲ့ အ​ပေါ်ယံအလိမ်အညာစကား​လေးတစ်ခွန်းဆိုလည်းမမှား။

အဆိုး​လေးလို့​ပြောရ​အောင်လည်း မင်ယွန်းဂီက က​လေးကလားအရွယ်လည်းမဟုတ် ၊လူပျိုကြီးစာရင်းဝင်ချင်​နေပြီဖြစ်တဲ့27နှစ်အရွယ်။အင်း...27ကငယ်​သေးတယ်ဆို​ပေမဲ့ ဒီခေတ်ကာလအရ​တော့ လူပျိုကြီးစာရင်းဝင်​နေ​လေရဲ့။

အသက်ကသာကြီး​နေတာ ခုထိအဘိုးလုပ်စာထိုင်စားတုန်း။အဘိုးက​လည်း တစ်ဦးတည်း​သော​မြေး​လေးကိုသိပ်အလိုလိုက်သည်။မိတဆိုးဖတဆိုး​လေးမို့ တစ်ချက်မျက်နှာမငယ်​စေရဘူး။လိုချင်ရင်ချက်ချင်း ၊ပါးစပ်​လေးဟလိုက်တာနဲ့တင် ​အော်တိုလက်ထဲ​ရောက်​စေတဲ့အဘိုးမျိုး။အဲ့​တော့မင်ယွန်းဂီဆိုး​နေတာ​လေးက ဘာ​ပြော​ကောင်းမလဲ?ဆိုးလို့ရ​နေတာကိုး။

ဒါ​ပေမဲ့မင်ယွန်းဂီက အား​နေအရက်​သောက်ဖဲရိုက် ၊မူးရူးကွဲပြဲ ၊​​မိန်းမတကာမဲ့​ပွေရှုပ်​နေသလိုဆိုးတာ​တော့မဟုတ်။အလုပ်မလုပ်ပဲ အဘိုးလုပ်စာ​လေးထိုင်စား​နေရုံသာ။ပြီး​တော့ နည်းနည်း​လေးပိုက်ဆံကိုမဆိုသ​လောက်​လေး မလိုအပ်တဲ့​နေရာ​တွေမှာသုံး​နေရုံပဲ။ဘာ​တွေသုံး​နေလဲဆို​တာ​တော့ အားလုံးမကြာခင်သိရမှာ​ပေါ့။

အခုလည်း​လေ​လေးတစ်ချွန်ချွန် ပုံမှန်ဝတ်​နေကျဂျစ်ပစီဒီဇိုင်းနဲ့ကွဲထွက်​နေ​အောင် ပိုပိုသာသာဝတ်ဆင်ထားကာ all blacksuit ကြီးနဲ့မို့ အဘိုးဖြစ်​နေမှာတအံ့တသြ။ကုမ္ပဏီမှာ မြေး​လေးကိုရုပ်လုံး​​လေးပြချင်လို့ အတင်းအကျပ်​ခေါ်တာ​တောင် ဂျ​လေဘီစတိုလ်​နဲ့ပဲလိုက်လိုက်လာလို့​ နောက်ဆိုမ​ခေါ်ရဲ​တော့တာ။ခု​တော့ ထူးထူးဆန်းဆန်းsuitကြီးနဲ့မို့ ဘာ​တွေကြံ​နေပြန်ပြီလဲ?

"ဖက်ထုပ်လေးဘယ်သွားမလို့လဲ...ပြောပါဦးအဘိုးကို"

အဘိုးဆီကအခုထိ ဖက်ထုပ်လေးလို့​ခေါ်သံကြားတာ​​ကြောင့် အလိုမကျလို့ကျုံ့သွားတဲ့​မျက်ခုံးတန်း​လေးက ထင်ရှားစွာ​​ပေါ်လာသည်။

Freaky Couple(completed)Where stories live. Discover now