7

258 15 13
                                    

အချိန်​တွေကုန်လာလိုက်တာ ထယ်​ယောင်းရဲ့ဒုတိယနှစ်
​နောက်ဆုံးစာ​မေးပွဲ​တောင် အ​တော်ကပ်လာပြီဖြစ်သည်။
ဒီစာ​မေးပွဲပြီးရင် တက္ကသိုလ်က2လ​တောင်နားမှာမို့ ထယ်​ယောင်းက​ပျော်ရွှင်ပြီးစာလည်းပိုကြိုးစာသည်။ထယ်​ယောင်းအိပ်မက်က မမ့လိုနာမည်ကြီးဖက်ရှင်ဒီဇိုင်နာဖြစ်
​အောင်လုပ်ပြီး မည်သူမဆိုဝတ်ဆင်နိုင်ပြီး​ စျေးအ​တော်အသင့်နှင့်​​ သေသပ်လှပတဲ့ကိုယ်ပိုင်brandထုတ်လုပ်နိုင်ဖို့ဖြစ်သည်။ငယ်စဥ်က​​ရှေ့​နေဖြစ်ချင်ခဲ့​သောထယ်​ယောင်းသည် အစ်မလက်​ပေါ်တွင်သာကြီးပျင်းလာတာ​ကြောင့် မုဆိုးနားနီးမုဆိုးဆိုသလို မမ​ကြောင့်ပဲဖက်ရှင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု​တွေကမြစ်ဖျားခံလာတာဖြစ်သည်။

အခုလည်း စာ​မေးပွဲ​ဖြေခါနီးကိုယ်ပိုင်စာကြည့်ချိန်10ရက်ရတာ​ကြောင့် ထယ်​ယောင်း​ကော်ဖီတစ်ခွက်နှင့် ဝရန်တာ​တွင်ထိုင်ကာ ကျောင်းမှသင်ထားတာ​တွေအပြင် အင်တာနက်မှတစ်ခြားfashionနဲ့ ပတ်သက်တဲ့ဗဟုသုတ​တွေကိုပါထပ်​ဆောင်းလေ့လာ​နေသည်။

"ထယ်​​လေး...စာလုပ်ရတာပင်ပန်း​နေပြီလား...ဒီမှာမမကထယ်​လေးအတွက် စ​တော်ဘယ်ရီ​တွေယူလာ​ပေးတယ်"

မမယူလာတဲ့စ​တော်ဘယ်ရီပန်းကန်​ကြောင့် macbook ကိုကြည့်​နေတဲ့ ထယ်​ယောင်းမျက်လုံး​လေး​တွေအ​​ရောင်​တောက်သွားသည်။

"ဝါး...မမကအ​ကောင်းဆုံးပဲ...အဲ့ဒါ​ကြောင့်...မမကိုချစ်တာ ...သိတယ်မလား"

"စ​တော်ဘယ်ရီ​ကြောင့်ချစ်တာ​ပေါ့ ထယ်​လေးက"

"မမကလည်း...ကျွန်​တော်ကမမ့ကိုအချစ်ဆုံးဆိုတာသိသားနဲ့"

"အမယ်​လေး...စတာပါ​တော်...မမကလည်းထယ်​​လေးကိုအချစ်​ဆုံးပါ"

တစ်ကယ်လည်း မမကသူ့ကိုအချစ်ဆုံးဖြစ်သည်။​မောင်နှမ
နှစ်​ယောက်တည်းသာရှိ​တော့တာမို့ မမကလည်းသူမရှိလို့မဖြစ်။သူကလည်းမမ မရှိလို့မဖြစ်ပါ။မမကသူ့အတွက်​တော့
အစ်မတစ်​ယောက်ဆိုတာထက် လစ်ဟာခဲ့တဲ့မိဘနှစ်ပါးလုံးကိုယ်စား​ရော အ​ပေါင်းအသင်းဆိုတာပါ လုံးဝကိုမရှိတဲ့သူ့အတွက်သူငယ်ချင်းလိုပါ ခံစားရ​စေသူဖြစ်သည်။ဒါ​ကြောင့်မို့ သူအချစ်ရဆုံးသူ့ရဲ့တစ်ဦးတည်း​သော​သွေးသားရင်းချာမမကို ဘာမဟုတ်တဲ့သူနဲ့​တွေ့ပြီး အိမ်​ထောင်ပြုသွားမှာကို သူကစိုးရိမ်လွန်း​နေဖြစ်သည်။

Freaky Couple(completed)Where stories live. Discover now