အပိုင်း 7
အချိန်ရာသီများ ကူးပြောင်းလာလေပြီဖြစ်သည်။ကောင်းမွန် သတ္တမတန်းကို ရွာကျောင်းမှာသာ ပြီးဆုံးအောင်တက်လိုက်သည်။
ယခုအချိန်တွင်ကောင်းမွန်မြတ် မှာ အဋ္ဌမတန်းသို့တက်ရမည်ဖြစ်ပြီး မေမွန်မြတ်မှာ တတိယတန်းတက်ရမည်ဖြစ်သည်။
ကောင်းမွန်တို့ မောင်နှမနှစ်ယောက် မန္တလေးကိုသွားရတော့မည့်အချိန်ဖြစ်သဖြင့် ဖေဖေ့ကိုကန်တော့လို့နေသည်။ ဖေဖေတစ်ယောက်တည်းဖြစ်မည်စိုးသောကြောင့် ဖေဖေ့အစ်မ ကြီးကြီးက ကောင်းမွန်တို့အိမ်ကိုလာနေမည်ပြောသည်။
ဖေဖေက မန္တလေးကိုမသွားခင် ကောင်းမွန်တို့အားမှာစရာရှိသည်ကိုမှာလို့နေသည်။
"ငါ့သား.....လိမ်လိမ်မာမာနေရမယ်နော်...အဖေမနေ့ညက မှာတာတွေမမေ့နဲ့"
"ဟုတ်ကဲ့ပါ အဖေရ သားကြိုးစားမာပါ...သား အမေဖြစ်စေချင်တဲ့ဆရာဝန်ကြီးဖြစ်အောင်ထိကြိုးစားမာ"
ဦးအောင်ဇင် မြေကြီးအား ခေါင်းစိုက်မတက်ကြည့်နေသော သမီးလေးကိုဖက်လိုက်သည်။
"မေလေး....ကိုကိုနဲ့အတူတူ မြို့မှာလိုက်နေချင်တာသေချာရဲ့လား"
"ဟုတ်ဖေဖေ...အီး...မေလေး ကိုကိုနဲ့ပဲနေမယ်"
"သမီးလေး...ဖေဖေ့သမီးလေး ကိုကို့စကားနားထောင်နော်"
သား ဖ သုံးယောက်စကားပြောနေစဥ် မြို့ကလာကြိုသောကားလေးရောက်လို့လာသည်။
"အဖေ.....သားရဲ့ ကြက်ဖလေးကို ယူသွားမယ်နော်"
"ဟိုကြ ဖိုးဝါ ကိုသေချာဂရုစိုက်နော်ငါ့သား...အိမ်ထဲတွေလည်းလျောက်မသွားစေနဲ့"
"ဟုတ်အဖေ...သားသွားပြီနော်"
တရွေ့ရွေ့မောင်းကာသွားသော ကားလေးကိုကြည့်ကာ ဦးအောင်ဇာမျက်ရည်ကျမိသည်။
"ရည်မွန်...မင်း ရဲ့သားနဲ့သမီးရဲ့ ပညာရေးအတွက် မင်းစိတ်မပူပါနဲ့တော့ကွာ"
ကားလေးသည် သရက်ပင်တန်းကြီးကြားမှ တဖြည်းဖြည်းကွယ်ပျောက်လို့သွားလေသည်။
.............................
ရွှေအိမ်စည်တစ်ယောက် ကောင်းမွန်နှင့် အဆက်အသွယ်မရတာတော်တော်ကြာလေပြီဖြစ်သည်။ ကောင်းမွန်အမေ ဒေါ်ရည်မွန်ဆုံးကတည်းကအိမ်စည်ကောင်းမွန်နှင့်မတွေ့ရသေးပေ။
အိမ်စည် ကောင်းမွန်နှင့်တွေ့ချင်မိသည်။ သူ့သူငယ်ချင်းအား သူနှစ်သိမ့်ပေးချင်သည်။ကောင်းမွန်ခက်ခဲပင်ပန်းနေချိန်မှာ အိမ်စည်သူ့အနားမှာရှိပေးချင်သည်။ ကောင်းမွန်တို့ရွာကို အိမ်စည်ဘယ်လိုသွားရမလဲမသိ။ ပါးစပ်ပါရွာရောက်ဆိုသည့်စကားအတိုင်း အိမ်စည်မေးပြီးသာသွားမည်ဟုဆုံးဖြတ်လိုက်သည်။
"ငါမသွားလို့မရဘူး....ကောင်းမွန်က8တန်းကြ မြို့မှာကျောင်းတက်ရင်ငါနဲ့တွေ့ရတော့မာမဟုတ်ဘူး...ငါသွားမှဖြစ်မယ်"
အိမ်စည် ပါးပါးမသိအောင် ပါးပါးပိုက်ဆံအိတ်ထဲမှ 5000တန်လေးကိုယူလိုက်သည်။
"ငါရထားနဲ့သွားမယ်.....ကောင်းမွန်ပြောဖူးတဲ့ဘူတာကိုဆင်းမယ်...အဲ့ဒီကနေလမ်းလျောက်မယ်"
တစ်ယောက်တည်း အတွေးများဖြင့် စီစဥ်ကာ မန္တလေးသူရဲဘူတာကနေ ရထားစတင်စီးလိုက်သည်။
သူရဲဘူတာကနေ စီးလာသောရထားသည် နောက်ဆုံးတွင် ကောင်းမွန်တို့ရွာအနီးရှိဘူတာကိုရောက်လို့လာလေပြီဖြစ်သည်။
ရွှေအိမ်စည် တစ်ယောက်တစ်ဆင့်မေးကာ ကောင်းမွန်မြတ်တို့ရွာကလေးဆီကို ဦးတည်ကာလာလိုက်သည်။
လယ်ခင်းစိမ်းစိမ်းတို့ဖြင့်သာယာလှပသော ကျေးလက်ရှုခင်းကိုအိမ်စည်သဘောကျမိသည်။
"ဝါးဟားဟားရေခဲမုန့်...နို့စတော်ဘယ်ရီ...ချောကလက်....နှမ်းကပ်...."
"အာ...ရေခဲချောင်းသည်ပဲ...ဦးလေးကြီးနေပါဦး"
ရေခဲချောင်းသည်အားရပ်ခိုင်းကာ ချောကလက်ချောင်းနှင့်နှမ်းကပ်ရေခဲချောင်းဝယ်ကာ စားလိုက်သည်။
"ခြေထောက်တွေညောင်းလိုက်တာ"
ဆာရီ ပန်းရောင်လေးကို မ ကာ လမ်းလျောက်နေသောသူ့အား လူတွေကအထူးးအဆန်းလုပ်ကာကြည့်နေကြသည်။
ရွှေအိမ်စည် နောက်ဆုံးတွင် ကောင်းမွန်တို့ရွာထဲကိုရောက်လို့လာလေပြီဖြစ်သည်။
"ဦးလေး...ကောင်းမွန်မြတ်တို့အိမ်ကဘယ်အိမ်လဲရှင့်"
"အော် သမီး လာလာ...ဦးလေးလိုက်ပို့မယ်"
ရွှေအိမ်စည် ဦးလေးခေါ်ဆောင်ရာနောက်ကိုလိုက်လာသည်။ သရက်ပင်တို့ ငှက်ပျောပင်တို့ကာရံထားသောအိမ်လေးတစ်လုံးရှေ့တွင် ထိုဦးလေးကြီးကရပ်လို့သွားသည်။
"သမီး ဒီအိမ်ပဲ...ဒါနဲ့ သမီးခေါင်းမှာ ဖုန်တွေဖွေးနေတယ်...သမီးဝတ်စုံရောပဲ...ဦးလေးသွားပြီနော်"
အိမ်စည်သူ့ကိုယ်သူပြန်ကြည့်လိုက်မှ ဖုန်တွေနှင့်
ပေပွနေသည်ကိုသိသည်။
အိမ်ထဲတွင်လူသံပင်မကြားရအောင်တိတ်ဆိတ်နေသည်။ အိမ်စည်အိမ်ထဲကို ဟိုဟိုဒီဒီချောင်းကြည့်နေသည်။ထိုစဥ် သူ့ရဲ့နောက်ကျောဆီမှ.....
"ဟေ့..ကလေးမ"
"အမလေး..."
ဦးအောင်ဇာ သူ့ရှေ့က လန့်သွားသောကောင်မလေးကိုကြည့်လိုက်သည်။သားကြီးပြောပြောနေသည့် ဆာရီမလေးဖြစ်လောက်မည်ဟုသူတွေးနေမိသည်။
"သမီးက ရွှေအိမ်စည်ဆိုတာလား"
"ဟုတ်တယ်ရှင့် သမီးကောင်းမွန်ဆီအလည်လာတာပါ"
"ဟင်.....သားက မနက်ကမန္တလေးကိုသွားပြီသမီး.....အဲ့မှာကျောင်းတက်ဖို့ ဦးလေးအသိတစ်ယောက်က အကုန်စီစဥ်ပေးမာ"
"ဟင်"
ရွှေအိမ်စည် ကလေးတွေလို မြေပြင်ပေါ်လူးလှိမ့်ကာအော်ငိုချင်လိုက်သည်။
"ဦးလေး....သမီး ကောင်းမွန်နဲ့တွေ့ဖို့လာတာ....အီးဟီး"
"သမီး...ဦးလေးကောင်းမွန်ကို သမီးအလည်လာတယ်ဆိုတဲ့အကြောင်းပြောပေးပါ့မယ်"
"ရပါတယ်ရှင့်...သမီးပြန်တော့မယ်... ရထားနဲ့မို့ အကြာကြီးနေမရလို့"
"နေဦးလေသမီး တစ်ခုခုစားရအောင်လေ"
"တော်ပြီဦးလေး သမီးပြန်တော့မယ်...အီးဟီး"
"ဒါဆိုလည်း ရထားဘူတာကိုဦးလေးလိုက်ပို့မယ်.
...နောက်ကျ တစ်ယောက်တည်းမလာပါနဲ့သမီးရယ်"
ဦးအောင်ဇင် ရွှေအိမ်စည်ကို ဆိုင်ကယ်ပေါ်တင်ကာ လိုက်ပို့လိုက်သည်။
ဆိုင်ကယ်နောက်တွင် တရှုံ့ရှုံ့ငိုပြီးလိုက်လာသော ရွှေအိမ်စည်ကို ဦးအောင်ဇာစိတ်မကောင်း။
ရွှေအိမ်စည် ဆိုင်ကယ်နောက်ကနေ မြင်တွေ့ရသောရှုခင်းတို့က သူ့ မျက်စိထဲတွင် အလာတုန်းကလိုလှမနေတော့ပေ။
"ကောင်းမွန် ငါနင်နဲ့ သိပ်တွေ့ချင်တာပဲ"
...........
"သမီး ရထားပေါ်မှာ ဂရုစိုက်နော်"
"ဦးလေး တာ့တာ"
ရထားပေါ်တွင် တရှုံ့ရှုံ့ရှိုက်ကာငိုနေသော ရွှေအိမ်စည်အား လူတွေဝိုင်းကြည့်နေကြသည်။
ရထားမှာ စတင်ထွက်ခွာလာလေပြီဖြစ်သည်။
ရုတ်တရက်အနားကိုရောက်လာသော လက်မှတ်စစ်ဦးလေးကြီးက ရွှေအိမ်စည်အား လက်မှတ်ပေးရန်တောင်းသည်။
"သမီးမဝယ်ခဲ့ရဘူး...အီးဟီး....ဒဏ်ရိုက်ချင်လည်းရိုက်တော့...အီးဟီး"
ကောင်းမွန်ကိုမတွေ့ခဲ့ရလို့ ဝမ်းနည်းနေသည့်ရွှေအိမ်စည်မှာ တကယ်ပင်သနားစရာလေးပင်။
"ကံတရားကြီးကိုမုန်းလိုက်တာ......ဘာလို့ငါတို့မတွေ့ရတာလဲ.....ဟင့်"
ရထားသည် ဘူတာများစွာကို ဖြတ်ကျော်ပြီးနောက် အိုးဘိုမှတစ်ဆင့် နောက်ဆုံး သူရဲဘူတာကိုဆိုက်လို့လာလေပြီဖြစ်သည်။
အိမ်ပြန်လမ်းတွင်ရွှေအိမ်စည်ခြေလှမ်းတို့က နှေးကွေးလို့နေသည်။ ဆံပင်တို့ကလည်းဖုန်များနှင့် ဖရိုဖရဲဖြစ်ကာနေသည်။
အိမ်သို့အရောက်...
"ရွှေအိမ်စည် လာစမ်း"
ပါးပါးရဲ့ ဒေါသကြီးစွာခေါ်သံကိုအိမ်စည်ကြားလိုက်ရသည်။ ပါးပါးက ဧည့်ခန်းထဲက ကြက်မွှေးကိုယူကာ အိမ်စည်အနားကိုခြေလှမ်းကျဲကြီးဖြင့်ရောက်လို့လာသည်။
"တစ်နေကုန်ဘယ်တွေလျောက်သွားနေတာလဲ ဟမ်...ငါတို့တစ်မြို့လုံးနှံနေပြီလိုက်ရှာနေတာ...ဘယ်လောက်စိတ်ပူနေတယ်ဆိုတာသိလား"
"သမီး သူငယ်ချင်းရဲ့ရွာကိုသွားနေတာပါ"
"ဘာ"
ဖြန်း...ဖြန်း...ဖြန်း...ဖြန်း
ဆာရီပေါ်ကနေ ကျလာတဲ့ရိုက်ချက်တို့က ရွှေအိမ်စည်အား လုံလောက်စွာနာကျင်စေသည်။
"ပြောသွားလား...ဟမ်"
ဖြန်း...ဖြန်း..ဖြန်း
"ရွှေအိမ်စည်....နင်အချိုးတွေပြင်ထား...မနက်ဖြန် ဘော်ဒါသွားရတော့မယ်မှတ်"
ရွှေအိမ်စည် ပါးပါးစိတ်ပူနေမည်ကိုသိပါသည်။
သူအပြစ်ရှိလို့ သူရိုက်ခံသင့်ပါသည်။
"ပါးပါးရယ်.....သမီးဘာလို့ငိုလာတာလဲကိုမေးပါဦးလား"
ရွှေအိမ်စည် အခန်းထဲကိုပြန်ရောက်သော် လွယ်အိတ်လေးထဲတွင်သိမ်းထားသော ချောကလက်ကိုယူလိုက်သည်။
ချောကလက်ကိုဖောက်ကာ ငိုရင်းစားနေရင်း....
"ကောင်းမွန်.....နင်အဆင်ပြေရဲ့လားဟာ...အီးဟီး"
......................
"မဖြူ ....သေချာဖမ်းနော်....ဂိုး"
နန်းနန်း သူတို့အိမ်ရှိအလုပ်သမားများနှင့် ဘောလုံးကစားလို့နေသည်။
ထိုစဥ် အိမ်ထဲကို ကားဝင်လာသည်။
"ဟင်...ဟိုမောင်နှမနှစ်ယောက်သွားကြိုတဲ့ကားတောင်ပြန်လာပြီပဲ"
နန်းနန်း ဘောလုံးကစားတာကိုခဏရပ်ကာ ကားပေါ်ကဆင်းလာမည့်မောင်နှမနှစ်ယောက်ကိုရပ်ကာကြည့်နေသည်။
ကြက်ဖကို ပွေ့ကာဆင်းလာသော ကိုကောင်းမွန်မြတ်ကိုသူအရင်မြင်လေသည်။
"ဟင် ကြက်ဖကြီးယူလာတာဟ ဟိုအကိုကြီးက"
နန်းနန်း ထိုအကိုကြီးကို စမ်းချင်စိတ်တို့ဖြစ်လို့နေသည်။
"ဦးအောင်...ဦးအောင်"
ဘောလုံးကစားတဲ့အထဲတွင်ပါသည့် ဦးလေးအောင်ကိုနန်းနန်းခေါ်လိုက်ပြီး နားနားတိုးတိုးလေးကပ်ကာပြောနေသည်။
"ဟင် နန်းနန်း သမီးဖြစ်ပါ့မလား"
"ဖြစ်တယ် ဖြစ်တယ်..နန်းနန်းပျင်းလို့ လုပ်ပါဦးလေးရ"
ကောင်းမွန်ရဲ့ ကြက်ကိုယူပြီးလမ်းထိပ်တွင် သွားချထားရန် နန်းနန်းပြောနေခြင်းဖြစ်သည်။
"ဦးလေး.......နန်းနန်းတို့ သူအဝတ်တွေထားနေတုန်း သူ့ကြက်ဖကို သွားထားမယ်"
.....................
ကောင်းမွန် သူတို့နေရမည့်အခန်းတွင် ပြင်စရာရှိတာပြင်လို့နေသည်။
"ညီမလေး သပ်သပ်ရပ်ရပ်နေရမယ်နော်...သူများအိမ်မှာမို့ လိမ်လိမ်မာမာနေရမယ်ကြားလား...ကိုကို့စကားရောနားထောင်ရမယ်နော်"
"ဟုတ်ကဲ့ကိုကို"
ကောင်းမွန်မြတ်တစ်ယောက် ပစ္စည်းများနေရာချပြီးနောက် စောနာကသူ့လက်ထဲက ကြက်ဖကိုယူသွားသော ဦးလေးကိုလိုက်ရှာလိုက်သည်။
"ဟင်...ဘယ်ရောက်သွားတာလဲမသိဘူး...ဒေါ်လေးဒေါ်လေး စောနာကအရပ်ပုပုအသားညိုညိုဦးလေးဘယ်သွားလဲဟင်...သားကြက်ဖ ဘယ်နားထားခဲ့လဲမသိဘူး"
"အပြင်သွားတယ်ကွဲ့ လူလေး.....ကြက်ဖရောမြင်လိုက်တယ်...ပါသွားတယ်ထင်တယ်"
"သားကြက်ဖကိုယူပြီးဘာလုပ်မလို့လဲ"
ကောင်းမွန်မြတ် ခြံရှေ့ကနေစောင့်ကာနေသည်။
ခဏအကြာတွင်ဂျင်းဘောင်းဘီပေါင်တိုလေးနှင့်T shirtအညိုရောင်လေးဝတ်ထားသောကောင်မလေးနှင့် စောနာကသူတွေ့ခဲ့သောဦးလေးကြီးပြန်လာသည်ကိုတွေ့ရသည်။
"ဦးလေး....ကျနော့်ရဲ့ကြက် ဦးလေးယူသွားတာလား"
"ဟင်....မယူပါဘူး"
"ဦးလေး....အဲ့ကြက်က ကျနော့်ရဲ့လေးလေးမဆုံးခင်က လက်ဆောင်ပေးသွားတဲ့ကြက်ပါ...သူကအဲ့ကြက်ကိုတော်တော်တန်ဖိုးထားတယ်...ကျနော့်ကိုသူ့အစားစောင့်ရှောက်ခိုင်းထားတာပါ"
နန်းနန်း မျက်နှာတို့ပျက်ကာနေသည်။
"ဟာ...နဂိုကတည်းက ငါ့ကိုကြည်မာမဟုတ်တဲ့သူက အခုပိုမကြည်ဖြစ်တော့မာပဲ....ကြည်ရင်ကြည်မကြည်ရင်နေကွာ"
နန်းနန်းတစ်ယောက်သူ့အတွေးနှင့်သူ ဖြစ်နေစဥ်...
"ဒီက ကလေးရော ကိုကို့ကြက်ဖကိုတွေ့မိသေးလား"
သူ့ကို ကလေးလို့ခေါ်လိုက်သော သူ့ရှေ့ကအကိုကြီးကိုမော့ကြည့်လိုက်သည်။
"ချောလိုက်တာ.....ငါတွေ့ဖူးတဲ့မန္တလေးသားတွေတောင်သူ့လောက်မချောဘူး....အာ...ခေါင်းထဲကထုတ်စမ်း.....သူက နင့်ကို ကြည်မာမဟုတ်ဘူး"
"ကလေး"
"အာ ....နန်းနန်းတို့ လမ်းထိပ်မှာသွားထားလိုက်တာ"
ငယ်စဥ်ကတည်းက အပြစ်လုပ်ရဲရင်ခံရဲသည့်နန်းနန်းက ကောင်းမွန်ကိုအမှန်တိုင်းသာဖွင့်ပြောလိုက်သည်။
"ဟာ"
ကောင်းမွန်မြတ် သူ့ရှေ့ကကောင်မလေးကိုတကယ်ပင်အံ့သြမိသည်။
"ဦးလေး ကျနော်နဲ့သွားရှာရအောင် လိုက်ခဲ့ပါဦး"
ကောင်းမွန် ဦးလေးအားခေါ်ကာ လမ်းထိပ်ကို ကြက်ရှာပုံတော်ခန်းစရန်အတွက် သွားလေသည်။
#နှင်း
#26.9.2023
.............................
...........
......................
.....................
#26.9.2023