Uni
ကွန်ပျူတာပေါ်သို့ လျင်မြန်စွာ ရွေ့လျားနေသော လက်တွေက အချိန်တစ်ခုကြာလာတာတောင် ညောင်းလို့ ညောင်းမှန်းမသိ၊၊ တတောက်တောက်နဲ့ပင် လက်အရှိန်ကို တိုးစေကာ လျင်မြန်စွာပင် ရွန် ဆက်နှိပ်နေဆဲဖြစ်သည်၊၊ ဒီကွန်ပျူတာရှေ့ထိုင်ပြီး နှိပ်နေသည်မှာ နေခင်းထဲက အခု ညနေပင်စောင်းသည်အထိ၊၊ သို့ပေမဲ့ လိုချင် သည့်အရာကို မရသေးတာ ကြောင့် ရွန်မှာ မနားနိုင်သေး၊၊ နဖူး ကပင် ချွေးများ တဒီးဒီးကြနေတာတောင် မသုတ်နိုင်အား၊၊ အိမ်တော်က ကြီးသည့်အပြင် တပ်ထားသော cctv ကလည်း အလုံး50 အထက်မှာမို့ အကုန်လုံးကို နောက်ကြောင်းပြန်ရစ်ကြည့်ရတဲ့အခါ ရွန် မျက်လုံးတွေတောင်ကိုက်တတ်လာသည်၊၊ အဖော်ပါလာသော ဒါလီယာကလည်း အသံဖမ်းစက်တွေကိုစစ်နေတာမို့ သူလည်းမအားပေ၊၊
" ရွန် တွေ့လား "
" မတွေ့ဘူး၊၊ နောက် 3 နာရီလောက်ဆို အစ်ကိုရစ်ဖုန်းလှမ်းဆက်ပြီး ငါတို့ကို မေးတော့မယ်၊၊ အခုထိ ဘာမှ ရေရေရာရာမသိရသေးဘူး "
ထိုင်ခုံနောက်မှီပေါ်သို့ ခေါင်းကို လှန်တင်ကာပင် ရွန်က ခြေဆောင့်ရင်းညည်းညူကာပြောလာသည်၊၊ ဒါလီယာလည်း အသံဖမ်းစက်တွေ နားထောင်ရလွန်းလို့ နားတွေတောင် ကွဲထွက်တော့မည်၊၊ အခုထိ အရေးကြီးလောက်တဲ့အပိုင်းကိုမရသေး၊၊
" ရွန် ငါမေးရအုံးမယ် ၊၊ နင်က ရစ်အိမ်တော်ရဲ့ သွေးသားရင်းမဟုတ်ဘဲ ဘာလို့ မျိုးနွယ် သင်္ချိုင်း ကို ဝင်ခွင့်ရတာလဲ "
"ငါဆဲမိတော့မယ်ဒါလီယာ၊၊ အရေးကြီးနေပါတယ်ဆိုမှ မဟုတ်တာ လာမေးနေတယ် ဒီကောင်မတော့ "
မျက်လုံးနဲ့ လက်နဲ့က ကွန်ပြူတာဆီက မခွာနိုင်ဘဲ ဒါလီယာကို ရွန်က ဟောက်လာသည်၊၊
" နင်ကလေ ရစ်ကြီးကျ အစ်ကိုရစ် အစ်ကိုရစ်နဲ့ ငါကျ ဆဲလား ဟောက်လားနဲ၊၊ ဒီမှာ ရွန် ငါနဲ့ ရစ်ကြီးက အသက်တူတူဘဲနော် နင်ငါ့ကျ နင်ထက်အငယ်လို့ဆက်ဆံတယ် ဒါ မတရားတာဘဲ"
အလုပ်မလုပ်ဘဲ ဘေးနား လာပေါက်ပေါက်ဖောက်နေသော မိကျောင်းသမီးကို ရွန် မျက်မှန်ကိုင်းကို ပင့်တင့်လျက် ဘုကြည့်ကြည့်လိုက်တော့ ရွန် နားရွက် ကို လှမ်းတောက်လာသည်၊၊ သိချင်တာ မသိရရင် ဒါလီယာတို့က ရွန်နောက် လိုက်ပြီး အတင်းမေးနေအုံးမှာ ၊၊ ထို့ကြောင့် ဒါလီယာသိချင်တာကိုသာ ရွန်မြန်မြန်ပြောပြဖို့ ဆုံးဖြတ်ရတော့သည်၊၊
" တိတ်လိုက်တော့ ငါပြောပြမယ် "
" ဒီလိုမှပေါ့ "
" ငါငယ်ငယ်ထဲက အစ်ကိုရစ်က ခေါ်ပြီး မွေးစားလိုက်တာလေ၊၊ အဲ့ထဲက အစ်ကိုရစ် စကားအတိုင်းဘဲ အိမ်တော်ကလူတွေက ငါကိုသွေးသားရင်းအဖြစ်သက်မှတ်ကြတယ်၊၊ အစ်ကိုရစ်နောက်ကွယ် မကောင်းပြောတာလဲမရှိသလို အနိုင်ကျင့်တာဘာညာလည်းမရှိဘူး၊၊ အိမ်တော်ထိန်းနဲ့အိမ်အကူတွေကအစ ငါကို အိမ်တော်ရဲ့ သခင်ငယ်လေးတစ်ယောက်လိုဆက်ဆံကြတာ၊၊ နောက်ပြီး စီးပွားရေးလောကမှာလည်း ငါက ရစ်အိမ်တော်ရဲ့ အငယ်ဆုံးကလေး ဖြစ်ကြောင်း မေနှောင်းကအတိအလင်းကိုကြေညာခဲ့တာ "
"ကောင်းလိုက်တာ၊၊ ဒါနဲ့ အမွေ ကိစ္စကြတော့ရော "
" အစ်ကိုရစ် တစ်ဝက်ငါတစ်ဝက်လေ၊၊ ဒါပေမဲ့ ငါမယူပါဘူး ၊၊ ငါဒီအိမ်ကိုရောက်လာထဲက တစ်ခါတစ်လေ တွေးမိတယ်၊၊ အစ်ကိုရစ် ရထိုက်တဲ့အရာတွေကို ငါက မျှပြီးလုယူနေတယ်လို့လေ၊၊ ဒါကြောင့် မေနှောင်းက အမွေကိစ္စပြောတဲ့အခါ ငါက မယူကြောင်းသေချာငြင်းထားတာ၊၊ဒါပေမဲ့ အစ်ကိုရစ်က ငါအဲ့လိုပြောရင် ဆူတယ် "
ခပ်တွေတွေ ငေးကာ ပြောနေသော ရွန်၏ မျက်ဝန်းထဲ၌ ခံစားချက်မျိုးစုံ ဖြတ်ပြေးနေသည်၊၊ ဒါလီယာလည်း ဘာမှမပြောဖြစ်ဘဲ ငြိမ်ပြီးသာ နားထောင်နေလိုက်သည်၊၊
" ငါအိမ်ထောင်ကျရင် အမွေခွဲပေးမယ်လို့ မေနှောင်းကပြောတယ်၊၊ ဒါပေမဲ့ ငါမယူချင်ပါဘူး ငါအကုန် အစ်ကိုရစ်ကိုဘဲပြန်ပေးမှာသိလား၊၊ အစ်ကိုရစ် ကျေးဇူးတွေ ငါပေါ်မှာ များနေပြီ၊၊ ငါဘယ်လိုဆပ်ရမလဲတောင် မသိတော့ဘူး "
" ဆက်ဖီးလ်မနေနဲ့တော့ ရွန်ရေ အလုပ်ပြန်စရအောင် ရစ်ကြီးအကြောင်းသိရဲ့သားနဲ့ "
သူဘာသာဘဲ သိချင်လို့လာမေးပြီး ရွန်က ပြောပြတော့လဲ ဖီးလ်တယ်ပြောလာတဲ့ ဒါလီယာက စိတ်တောင်မှန်သေးရဲ့လား၊၊ ရွန်လည်း ဆက်ပြီးစကားများနေရင် အလုပ်မတွင်မှာမို့ ဆက်ပြောမနေတော့ဘဲ ကွန်ပြူတာဆီသို့သာ ပြန်ပြီး စိတ်နှစ်ထားလိုက်တော့သည်၊၊
1နာရီလောက်ကြာပြီနောက်မှာတော့ တိတ်ဆိတ်နေတဲ့ ရွန်နဲ့ ဒါလီယာကြား ဖုန်းသံကျယ်ကျယ်က ဝင်ရောက်ကာပင် တိတ်ဆိတ်မှုကိုဖြိုခွင်းလာသည်၊၊ ထို့တော့မှ ရွန် လုပ်နေလက်စကိုရပ်၍ လာနေသော ဖုန်းကို ကိုင်ရတော့သည်၊၊ ဖုန်းခေါ်ဆိုသူကတော့ ဖုန်းဖွင့်မကြည့်တောင် သိသည်၊၊ ဘယ်သူရှိရမလဲ အစ်ကိုရစ်ဘဲပေါ့၊၊
" အစ်ကိုရစ် ကျွန်တော်တို့ ..."
" နှစ်ယောက်လုံး ဆေးရုံကိုအခုချက်ခြင်းလာခဲ့ "
" ခဏ ခဏလေး ဟယ်လို ဟယ်လို အစ်ကိုရစ် !!"
ပြောချင်တာ ပြောပြီးချသွားတဲ့လူက ရွန်အပြောကိုဆုံးအောင်တောင် နားမထောင်သွား၊၊ ရွန်ဘေးက ဒါလီယာကတော့ ထင်နေတဲ့ဆိုတဲ့ပုံစံနဲ့၊၊ အခုချက်ခြင်းဆိုတော့လည်း သိမ်းစရာရှိသည်များကို အလွယ်ပင်အမြန်သိမ်းကာ ရွန်နဲ့ ဒါလီယာတို့ အိမ်တော်မှပင် ဆေးရုံကို ဦးတည်ထွက်လာခဲ့ကြတော့သည်၊၊
နာရီဝက်အတွင်းပင် ရွန်တို့ ဆေးရုံကို ရောက်ရှိခဲ့ကြသည်၊၊ အစ်ကိုရန်ရှိတဲ့ အခန်းက အပေါ်ဆုံးထပ်မှာလို့ အစ်ကိုရစ်က စာလှမ်းပို့ထားတာကြောင့် နှစ်ယောက်လုံး အပေါ်ဆုံးထပ်သို့သာ တန်းမတ်စွာပင်တတ်လာခဲ့ကြသည်၊၊ အခန်းရှေ့အရောက် ရွန် တံခါးခေါက်လိုက်တော့ အထဲကနေ ဝင်ခဲ့ဆိုသော ခပ်သြသြ အသံတစ်ခုက ထွက်လာလေသည်၊၊ အစ်ကိုရစ် ခိုင်းထားတဲ့ကိစ္စက မပြီးပြတ်သေးတာမို့ ရွန်ဒီနေရာမှာ တင် လှည့်ပြန်ပြေးထွက်သွားချင်မိတော့သည်၊၊
ကြောက်စိတ်ကိုမြိုသိပ်ကာပင် ရွန် တံခါးကို ဆွဲဖွင့်လျက်ဝင်လာခဲ့သည်၊၊ ဆေးရုံအခန်းလို့သာ ပြောပေမဲ့ အိမ်လိုပင် အခန်းက အတော်လေးကျယ်သည်၊၊ ဆိုဖာနဲ့ Tv အပြင် ရေခဲသေတ္တာ အသေးတစ်လုံးတောင်ပါသေးသည်၊၊ သွားကြည့်စရာပင်မလို အိမ်သာ နဲ့ ရေချိုးခန်းလည်း တွဲရက်ပါလိမ့်မည်၊၊ ကုတင်နဲ့ခပ်လှမ်းလှမ်းက ဆိုဖာပေါ်၌ အစ်ကိုရစ်က ထိုင်လျက် အရက်သောက်နေသည်ကိုတွေ့ရသည်၊၊ ထို့ကြောင့် ရွန်တို့ လည်း အစ်ကိုရစ်အရှေ့က ဆိုဖာ၌ သွားဝင်ထိုင်လိုက်ကြသည်၊၊
" ရပြီလား cctv မှတ်တမ်း "
" ရေကူးကန်ကမပြီးသေးတာမို့ cctv မတပ်ရသေးဘူး အစ်ကိုရစ် အဲ့တာ ..."
ရေးကူးကန် မပြီးသေးလို့ cctv မတပ်ရသေးကြောင်း အစ်ကိုရစ်ဆီ ထွက်လာခါနီးမှ ရွန်နဲ့ ဒါလီယာသိခဲ့ရတာဖြစ်သည်၊၊
ခွမ်း !!
တောက်စ် !
သောက်လက်စဖြစ်နေသော အရက်ဖန်ခွက်ကို အစ်ကိုရစ်က လွှင့်ပြစ်လိုက်တာမို့ ဖန်ခွက်ကွဲသံ ကျယ်ကျယ်လောင်လောင်နဲ့အတူ တောက်စ်ခေါက်သံ ခပ်ကျယ်ကျယ်ကပါ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထွက်လာသည်၊၊
"ကာယကံရှင် နိုးလာမှ မေးကြည့်လိုက်လေ ရစ်ကြီးရာ၊၊ ငါတို့လည်း အကောင်းဆုံးလုပ်ပေးတာဘဲ ရှိမှမရှိတာ "
ပထမဆုံး အကြိမ်အဖြစ် ဗာရစ် ရင်တွင်းတငွေ့ငွေ့နဲ့ကိုပူလောင်နေသည်၊၊ တီလေး အလှည့်တုန်းကတောင် အခုလောက်ထိမဟုတ်၊၊ ငယ်သေးတာကြောင့်လည်း ဖြစ်လိမ့်မည်၊၊ အခု အကြိမ်တော့ လူက ဘာကိုဒေါသထွက်လို့ ထွက်မှန်းလည်း မသိသလို ဘာဖြစ်ချင်နေမှန်းလည်း ကိုယ် စိတ်ကို ပင် ကိုယ်မသိ၊၊ ဆေးရုံကုတင်ထက် ဆေးပိုက်တန်းလန်းနဲ့ လှဲလျောင်းနေသော ခွန်းညီလွန်းရန် ကို ဗာရစ်အသေအချာ ကြည့်မိသည်၊၊ ဒီလူအပေါ်မှာ ဗာရစ် ခံစားချက်တွေက ပြောင်းလဲနေခဲ့တာလား၊၊ ဘာခံစားချက်တွေက ဗာရစ် စိတ်ထဲ နေရာယူနေခဲ့တာလဲ ၊၊ တစ်ခုခုတော့ စတင်လွဲချော်နေသည်ကို သတိထားမိပေမဲ့ ဘာလည်းဆိုတာတော့ ဗာရစ် အသေအချာမသိ၊၊
" ဒါလီယာ အိမ်က အဲ့ရေကူးကန်ကို မနက်ဖြန် ရေထုတ်ပြီး မြေကြီးဖို့လိုက်တော့ "
"အယ် နင့်မာမီ ငါလာကော မှာပေါ့ ၊၊ အဲ့တာ နင်မာမီ လုပ်ထားတာမလား "
" ငါပြောတဲ့အတိုင်းလုပ် "
ဒေါ်အတ္တနှောင်းရစ်နဲ့ မျက်နှာချင်းမဆိုင်ချင်လို ဒါလီယာ ရှောင်နေပါတယ်ဆိုမှ အခု ဒီကိစ္စလုပ်ရင်တော့ သေချာပေါက် စကားပြောရတော့မည်၊၊ ရွန်ကလည်း ဒါလီယာကို ခိုင်းတဲ့အတိုင်းလုပ်ဖို့သာ ခေါင်းညိတ်ပြသည်၊၊ ထိုတော့ ငြင်းရာ မစွမ်းသာတော့၊၊ ထို့ကြောင့် အင်း ဟုသာ ပြောပြီး မနက်ဖြန်အတွက် ဒီည ထဲက အစီအဥ်ဆွဲဖို့ရန် ထိုဆေးရုံခန်းထဲကနေ ဒါလီယာထွက်လာခဲ့တော့သည်၊၊ ရွန်ကတော့ သူကိုတစ်ယောက်ထဲချန်ထားခဲ့လိုထင်ရဲ့ မျက် နှာမအီမသာနဲ့ပင် ရစ်ကြီးရှေ့ကျန်ခဲ့လေသည်၊၊
တိတ်ဆိတ်သွားသော ဆေးရုံခန်းက အသက်ရူသံမျှင်မျှင်ကလွဲလို့ ဘာအသံမျှပင်မရှိ၊၊ အေးစက်တည်တင်းနေသော မျက်နှာထားနဲ့ ခြေချိတ်ထိုင်ကာ အတွးနစ်နေပုံရ သော အစ်ကိုရစ်ကြောင့် ရွန်လည်း ဘာမှမပြောဖြစ်ဘဲ ငြိမ်ငြိမ်သာ ထိုင်နေတော့သည်၊၊ ရွန်ဘက်ကနေတော့ စကားစမပြောရဲ၊၊ အခု အစ်ကိုရစ် အခြေအနေက နည်းနည်းလေး ရွန်စကားမှားတာနဲ့တင် ထပေါက်ကွဲ မဲ့ ဗုံး လိုမျိုးဖြစ်နေတာကြောင့်ဘဲ ဖြစ်သည်၊၊ ရွန်တော့ အနေအထိုင်ဆင်ခြေမှ ဖြစ်မည်၊၊
" အခု မင်း အိမ်ပြန်တော့၊၊ မနက်ဖြန် မနက် 10 နာရီ ဒီကိုလာခဲ့ ဇိုင်းမော်ပါခေါ်လာခဲ့၊၊ မနက်ဖြန်လာရင်းနဲ့ တစ်ခါထဲ အိမ်က ငါအဝတ်တွေပါယူခဲ့ "
" ဒါဆို အစ်ကိုရစ်က လူနာစောင့်လုပ်မလို့လား "
"အင်း "
အစက ရွန် လူနာစောင့်လုပ်ပေးမယ်လို့ စဥ်စားထားသော်လည်း အခုတော့ အစ်ကိုရစ်က သူလုပ်မည်ဆိုတာကြောင့် ဘာမှ အထွန့်တတ်မနေတော့၊၊ ထို့ကြောင့် အစ်ကိုရစ်အရှေ့ကနေ ရွန် အမြန်ပင် ထထွက်လာခဲ့တော့သည်၊၊ တော်သေးသည်က cctv ကိစ္စနဲ့ပက်သက်ပြီး ရွန်ကို ဘာမှ ဆူမလာခြင်းပင်၊၊
ရွန် ထွက်သွားတော့မှ ဗာရစ် ထိုင်နေရာမှ ထကာ ခွန်းညီလွန်းရန် ရှိသော ကုတင်ဆီသို့ လျှောက်လာခဲ့လိုက်သည်၊၊ ခွန်းညီလွန်းရန် ၏ နဖူးထက်၌ ဆံပင်တို့က ဟိုနေရာတစ်စု ဒီနေရာတစ်စုနဲ့ ပျံ့ကျနေပြီး အမြဲမြင်နေရသော မျက်ဝန်းခပ်စူးစူးတွေကတော့ အခုချိန်မှာ ရှိမနေဘဲ မျက်တောင်တို စိပ်စိပ်တွေက မျက်ဝန်းကို ဝန်းရံကာ မှိတ်ချထားသည်၊၊ နှာတံ ခပ်ဆင်းဆင်းအောက်က နှုတ်ခမ်းသား တို့ကတော့ သွေးရောင်အနည်းငယ်သာလွှမ်းနေပြီး ဖြူဖျော့နေဆဲပင်ဖြစ်သည်၊၊ ထို့ပြင် ကုတင်ဘေးက နှလုံးခုန်နှုန်းပြစက်မှ တတီတီဆိုသော အသံက တိတ်ဆိတ်နေသော အခန်းအတွင်း ခပ်ကျယ်ကျယ်ထွက်ပေါ်နေသေးသည်၊၊
လှဲနေသော ခွန်းညီလွန်းရန် ဘေးက နေရာအလွတ်၌ ဗာရစ် တင်ပါးလွှဲဝင်ထိုင် လိုက်သည်၊၊ ဆေးချိတ်ထားသော လက်သွယ်သွယ်ကို အသာဆုပ်ကိုင်ကာ ဗာရစ် ပေါင်ပေါ်သို့ ယူတင်လိုက်သည်၊၊ စိတ်အလိုအတိုင်းပင် ပြုမူနေမိသည်က ဗာရစ် ကိုယ်ကို ကိုယ်တောင်နားမလည်၊၊ ဗာရစ် လက်ဝါးကြီးကြီးထဲ လက်ချောင်း သွယ်သွယ်က နှစ်မြှုပ်နေသည်ကို မြင်လျှင် ဗာရစ် သဘောတကျပင် နှုတ်ခမ်းတို့ကွေးညွတ်သည်အထိ ပြုံးမိသေးသည်၊၊
" ဘာလို့ ခင်ဗျားကို သဘောကျသလို ခံစားနေရတာပါလိမ့် "
ပြန်ဖြေမဲ့သူ မရှိသည့် အမေးတစ်ခု၊၊ သို့ပေမဲ့လည်း ဗာရစ် ဆက်ပြောချင်နေသေးသည်၊၊ ကုတင်ပေါ်၌ လှဲလျောင်းအိပ်စက်နေသူကတော့ အပူအပင်ကင်းကင်းနဲ့ပင် အေးချမ်းနေ၏၊၊ အမြဲ ဗာရစ်နဲ့ဆို ရန်လိုနေတတ်တဲ့လူ၏ မျက်နှာက အခုတော့ ရန်လိုခြင်းမရှိဘဲ ပဂတိ ကြည့်စင်နေသည်၊၊
" မြန်မြန်နိုးလာတော့ ကျုပ်ခင်ဗျားကို ဖက်နမ်းချင်နေပြီ "
ဒီတစ်ကြိမ်လည်း တစ်ဖက်က တန်ပြန်ဖြေမဲ့သူမရှိခဲ့ချေ၊၊ တိတ်ဆိတ်နေတဲ့ အခန်းအတွင်းမှာ ဗာရစ်၏ အသံခပ်သြသြကသာ ထွက်ပေါ်နေခဲ့သည်၊၊
°°°°°°°°°°°°°
" ဒါဘာလုပ်တာလဲ ငယ် "
အလုပ်သမားတွေကို ဒါလီယာအမိန့်ပေးနေရင်းမှ အနောက်ဘက်ကနေ ဒေါ်အတ္တနှောင်းရစ်ရဲ့ အသံက ထွက်လာလေသည်၊၊ ထိုအသံကြောင့် အလုပ်သမားတွေမှာ လုပ်လက်စပင်ရပ်ကာ ခေါင်းငုံ့အရိုအသေပြုကြသည်၊၊ ဒါလီယာလည်း အနောက်လှည့်ကြည့်လိုက်တော့ တွန့်ချိုးနေသော မျက်ခုံးတန်းတွေနဲ့အတူ ဒေါ်အတ္တနှောင်းရစ်က ဒါလီယာကို ကြည့်နေခဲ့သည်၊၊ ရစ်ကြီး ဒီမြေဖို့တဲ့ ကိစ္စကို ခိုင်းထဲက ဒီလို မျက်နှာချင်းဆိုင်ရမယ်မှန်းကြိုတွေးထင်ထားသောလည်း တကယ်လက်တွေ့ မျက်နှာချင်းဆိုင်ရတဲ့အချိန်မှာတော့ ဒါလီယာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်၊၊ အရင်တစ်ခေါက် လက်ထပ်တဲ့ကိစ္စနဲ့ ပြဿနာဖြစ်ပြီးထဲက ဒါလီယာနဲ့ ဒေါ် အတ္တနှောင်းရစ်တို့ အဆက်အသွယ် ပြတ်သွားသည်မှာ အခုထက်ထိပင်ရှိသည်၊၊ ထို့ကြောင့် အခုလို ပြန်တွေ့တဲ့အချိန်မှာတော့ ဒါလီယာ ထံ၌ ခဲစားချက်မျိုးစုံက ဖြတ်ပြေးနေခဲ့သည်၊၊
" အန်တီမေးနေတယ်လေ ဘာလုပ်တာလဲလို့ "
"မျက်လုံးပါရင် ကြည့်လေသေချာ"
" နန်းဒါလီယာခင် အန်တီဒေါသကိုလာမဆွနဲ့နော် "
"ဟွန်းးး"
နှောင်းရစ်ကို နှာမှုတ်ပြပြီး တစ်ခြားတစ်ဖက်သို့လှည့်သွားကာဖြင့် အလုပ်သမားတွေကို ငယ်ကဆက်ခိုင်းနေခဲ့သည်၊၊ နှောင်းရစ်အပေါ် ငယ်စိတ်ဆိုးမပြေသေးမှန်းသိတာမို့ ဒီတိုင်း စိတ်ပြေလက်ပျောက် လွှတ်ထားခဲ့တာ မှားသွားပြီများလား၊၊ အရက်ထက်တောင် ပိုပြီး ငယ်က နှောင်းရစ်ကို ကလန်ကဆန် လုပ်လာလေပြီး၊၊ ဒီကောင်မလေးတော့ လွှတ်ထားပေးလို့မရတော့ဘူးဘဲ၊၊
နှောင်းရစ် ပြောလည်း ငယ်က မြေဖို့ခြင်းအလုပ်ကို ရပ်မဲ့ပုံစံအနေအထားမရှိ၊၊ ထို့ပြင် ဒီကိစ္စကို ခိုင်းတဲ့သူက သားရစ် ကလွဲလို့ ဘယ်သူမှမရှိနိုင်၊၊ ထို့ကြောင့် နှောင်းရစ် အကျိုးအကြောင်းကို မေးမြန်းဖို့ရန် သားရစ် ဆီဖုန်းခေါ်ရတော့သည်၊၊
တီ တီ ...
တတီတီ ဝင်သွားတဲ့ဖုန်းက အချိန်တော်ကြာတဲ့အထိ ကိုင်မဲ့သူမရှိ၊၊ တစ်ကြိမ်နဲ့ မကိုင်တော့ လေးငါးကြိမ်လောက် နှောင်းရစ် ဖုန်းကို ဆက်တိုက်ခေါ်နေလိုက်သည်၊၊ ထို့နောက် ဖုန်းခေါ်ဆိုမှု ဆယ်ကြိမ်မြောက်မှာတော့ တစ်ဖက်ဖုန်းက ကိုင်လာပြီ ဘာကိစ္စလဲဆိုသော သားရစ်ရဲ့ မကျေမနပ်အသံကို နှောင်းရစ် ကြားလိုက်ရသည်၊၊
"ဘာကိစ္စလဲဟုတ်လား ၊၊ မာမီ ရေကူးကန်ကို ဘာကိစ္စ လူလွှတ်ပြီး မြေဖို့ခိုင်း တာလဲ သားရစ် "
" မမြင်ချင်လို့ "
" မင်းမမြင်ချင်တာနဲ့ဘဲ မာမီ ရေကူးကန်ကို ဒီလိုလုပ်စရာလား ၊၊ မာဗာရစ် အလိုလိုက်ထားတယ်ဆိုတာ အတိုင်းအတာ တစ်ခုထိဘဲနော် အရာရာကို မင်းလုပ်ချင်တိုင်း လုပ်လို့ရမယ်ထင်မနေနဲ့ "
"အဟွန်းးး"
တစ်ဖက်မှ သားရစ်ရဲ့ လှောင်ပြုံးပြုံးသံကို နှောင်းရစ် ကြားလိုက်ရသည်၊၊ ဘယ်သူမှ ဒီကောင်လေးကို မထိန်းချုပ်နိုင်တော့တာလားဘဲ၊၊ နှောင်းရစ်မှာ ကိုယ်မွေးပြီးတောင် ကိုယ်မနိုင်ပေ၊၊
" မာဗာရစ် မာမီဒေါသမထွက်ချင်ဘူးနော်၊၊ အခု ချက်ခြင်း မြေဖို့နေတာကို ရပ်ခိုင်းလိုက် "
" ဒါလီယာနဲ့ ပြန်အဆင်ပြေချင်လား၊၊ဒါဆို မြေဆက်ဖို့ခိုင်းလိုက်၊၊ အဲ့လိုမှ မဟုတ်ဘဲ အဆင်မပြေချင်ဘူးဆိုရင်တော့ မြေဖို့တာကို တားလိုက်လေ ဟွန်းးး "
အညှာကို လာကိုင်သော သားရစ်က အတိအကျကို နှောင်းရစ်အား ချောင်ပိတ်လိုက်လေပြီ၊၊ နှောင်းရစ်ရဲ့ အဖြေကို မပြောရသေးခင်မှာတင် တစ်ဖက်ဖုန်းမှ သားရစ်က ဖုန်းချသွားခဲ့သည်၊၊ ဘယ်သူကိုမှလုံးဝ ဂရုမစိုက်တတ်တဲ့ အကျင့်ဆိုးက သားရစ် သေတဲ့အထိတောင် ဖျက်လို့ရပါ့မလား၊၊
" မေနှောင်း ရွန် တို့ ဆေးရုံ သွားတော့မလို့ တစ်ခါထဲလိုက်မလား "
ရွန်နဲ့ ဇိုင်းမော်က နှောင်းရစ်ရှေ့သို့ရောက်လာကြပြီ ရွန်က ခေါ်လာလျှင် အစကတော့ နှောင်းရစ် ညနေပိုင်းမှ သွားဖို့ရန် စီစဥ်ထားပေမဲ့ အခုတော့ သားရစ် နဲ့ မျက်နှာ ချင်းဆိုင်၍ ပြောစရာရှိသည်မို့ မဖြစ်မနေကို နှောင်းရစ် ဆေးရုံကို သွားရတော့မည်၊၊
" အေး ငါပါလိုက်မယ် "
ရွန်တို့နဲ့အတူ နှောင်းရစ် ထိုနေရာကနေ ထွက်လာခဲ့တော့သည်၊၊ ထွက်မလာခင်က ငယ်ဘက်သို့လှည့်ကြည့်ခဲ့မိပါသေးသည်၊၊ သို့သော် ငယ်ကတော့ နှောင်းရစ် ကို မရှိတဲ့လူလိုသာ သဘောထားပုံရကာ တစ်ချက်သော်မျှ လှည့်ကြည့်မလာခဲ့၊၊ နှောင်းရစ်လည်း ဘာမှ ပြောချင်မနေတော့ဘဲ ငယ်ကိုကျောခိုင်းရင်းသာ ရွန်တို့နဲ့အတူ အိမ်တော်က နေ ထွက်လာ ခဲ့ သည်၊၊
ပုံမှန်အရှိန်နှုန်းဖြင့်သွားနေသော ကားလေးအတွင်း လိုက်ပါလာသည့် လူသုံးဦးရှိသော်လည်း စကားပြောချင်း စိုးစဉ်မျှပင်မရှိ၊၊ ကိုယ်အတွေးနယ်ထဲ၌ သာ ကိုယ်စီနစ်မွန်းနေကျသည်၊၊
အချိန်တစ်ခုကြာပြီးနောက်မှာတော့ ဆေးရုံဆီသို့ နှောင်းရစ်တို့သုံးယောက်ရောက်လာခဲ့ကြသည်၊၊ ရန်လေး ရှိတဲ့အခန်းက အပေါ်ဆုံးထပ်အခန်းမို့ သုံးယောက်သား ဓာတ်လှေကားဖြင့် တတ်လာခဲ့သည်၊၊
နှောင်းရစ်တို့ ရန်လေးအခန်းသို့ရောက်တော့ သားရစ်က ဆရာဝန် အစ်ကိုခတ်ဦးနဲ့ ဆိုဖာ၌ထိုင်ကာ စကားပြောနေ သည်ကို တွေ့ရသည်၊၊ ဘေး၌ လက်ခတ်လေးကတော့ ရပ်ကာ နားထောင်နေသည်၊၊
" အော် နှောင်းတို့ ရောက်လာပြီဘဲ "
" အင်းအစ်ကို ၊၊ ဒါနဲ့ လူနာ အခြေအနေ ဘယ်လိုရှိလည်း "
အစ်ကို ခတ်ဦး မျက်နှာချင်းဆိုင်က ဆိုဖာထက်၌ နှောင်းရစ် ဝင်ထိုင်ကာပင် မေးလိုက်သည်၊၊
" လူနာက ဒီသုံးလေးရက်တော့ သတိလည်သေးမှာမဟုတ်ဘူး၊၊ ခွဲထားတဲ့အရှိန်ရော မေ့ဆေးနဲ့ အိပ်ဆေး အရှိန်တွေကလည်း ရှိသေးတော့ လေးငါးရက်လောက်နေမှ သတိလည်နိုင်လိမ့်မယ်၊၊ လူနာ နိုးလာရင်သာ သေချာဂရုစိုက်ပေးပါ၊၊ ကြောက်လန့်နေပြီး တစ်ခုခု ရှော့ဖြစ်သွားမှာကိုစိုးလို့ သေချာဂရုစိုက်ပေးအုံးနော် "
"ဟုတ်ကဲ့ပါ၊၊ သားရစ် ကြားတယ်နော် သေချာဂရုစိုက်ပေးတဲ့ "
ဗာရစ်ဘက်ကို ကြည့်ကာ ပြောလာတဲ့ မာမီကြောင့် ခေါင်းသာ အသာညိတ်ပြလိုက်သည်၊၊ ဘာမှတော့ မပြောဖြစ်တော့၊၊ ထို့နောက် မာမီနဲ့ ဦးလေး ခတ်ဦးတို့နှစ်ယောက်သားက စကားကျနေကြတော့သည်၊၊ လူကြီးတွေ စကားပြောနေကြသည်မို့ ရွန်နဲ့ ဇိုင်းမော်က ဗာရစ်ကို စကားတောင်ပြောမလာဘဲ ဆိုဖာဘေး၌ အတောင့်လိုက် ရပ်နေကြသည်၊၊ ဗာရစ်မှ စကားစမပြောလျှင် ထို စက်ရုပ်ပုံစံလုပ်နေတဲ့ နှစ်ယောက်က လုံးဝစပြောလာမဲ့ပုံစံမဟုတ်တာမို့ ဗာရစ်ဘက်ကဘဲ စကားစရတော့သည်၊၊
" ဇိုင်းမော် "
"အင်း ပြောရစ်ကြီး "
"အရင်လက တီငယ်ရဲ့ သူငယ်ချင်းအကြောင်း စုံစမ်းခိုင်းတာ ဘာသတင်းရလဲ"
" စုံစမ်းနေဆဲဘဲ၊၊ အရိပ်အမြွက် ကတော့ မင်းတီငယ်ရဲ့ သူငယ်ချင်းက အခု ချောင်ကျတဲ့ ရွာတစ်ရွာမှာ နေတယ်လို့တော့ ကြားထားတာဘဲ၊၊ သေချာအောင်လို့တော့ အသေးစိတ်ဆက် စုံစမ်းနေတယ် "
စီးပွားရေး ကိစ္စရော စုံစမ်းနေတဲ့ တီလေး သတင်းကိစ္စတွေအပြင် အခု ခွန်းညီလွန်းရန် ကိစ္စကပါထပ်ပေါင်းတော့ ဗာရစ် ညဘက် ကောင်းကောင်းတောင် အိပ်မပျော်၊၊ စိတ်ဖိစီးမှု များတဲ့အပြင် အိပ်ရေးလည်း ဝဝလင်လင် မအိပ်ရတာကြောင့် ဇိုင်းမော်နဲ့ စကားပြောနေရင်းမှာပင် ခေါင်းက ထိုးကိုက်လာခဲ့သည်၊၊ ဗာရစ် အရှေ့က ဇိုင်းမော် ပြောနေသော စကားတွေက နားထဲသို့ ဝင်တစ်ချက်မဝင်တစ်ချက်နဲ့ပင် ဖြစ်လာသည်၊၊ စကားသံတွေကလည်း ဗလုံးဗထွေး နဲ့ဖြစ်ပြီး ရှင်းလင်းစွာ မကြားရ၊၊
" အစ်ကိုရစ် အဆင်ပြေရဲ့လား "
"ခေါင်းနည်းနည်းကိုက်လို့"
မျက်ခုံးတန်းတွေ ကြုတ်လျက် မျက်နှာ ဖြူဖျော့လာတဲ့ အစ်ကိုရစ်ကြောင့် ဇိုင်းမော်အလုပ်ကိစ္စ ပြောနေသည်ကို ရွန် ခဏရပ်ခိုင်းထားလိုက်သည်၊၊ လူအကဲခတ်ညံ့တဲ့ ကောင်ကတော့ အစ်ကိုရစ် ခေါင်းကိုက်နေတာကြောင့် ရွန် ရပ်ခိုင်းသည်ကို မသိဘဲ ရွန်ကိုဘာ ဝင်ရှုပ်တာလည်းဆိုသော အကြည့်မျိုးဖြင့် ပြန်တောင် ကြည့် နေသေးသည်၊၊ ဒီဇိုင်းမော်ဆိုတဲ့ကောင်ကတော့ တုံးတဲ့ နေရာမှာ နှစ်ယောက်မရှိဘူးဘဲ
" အစ်ကိုရစ် ခေါင်းကိုက်နေတာလား ၊၊ဒါဆို အရက်သောက်လိုက် သက်သာသွားလိမ့်မယ် "
" ကျစ် ဗန်နီရွန် ငါကို ပိုပြီး ခေါင်းပေါက်ထွက်စေချင်နေတာလား "
အရက်သမားက ခေါင်းကိုက်ရင် အရက်သောက်တာနဲ့ ပျောက်တယ်လို့ ရွန်ကြားဖူးတာကြောင့် စားပွဲပေါ်၌ ချထားသော အရက်ပုလင်းကို အစ်ကိုရစ်ဆီ ထိုးပေးမိသည်၊၊ သို့ပေမဲ့ အစ်ကိုရစ်က ရွန်ကို ဟောက်လာလေသည်၊၊ စေတနာနဲ့လည်း ခေါင်းကိုက်တယ်ဆိုလို့အရက်တိုက်ရသေးတယ် နောက်ဆုံးတော့လည်း ဒီက ဗန်နီရွန်ကဘဲ အပြောခံလိုက်ရတော့တာဘဲ
" ရွန်က အရက်သောက်ရင် ပျောက်မယ်ထင်လို့ပါ၊၊ ခေါင်းတအားကိုက်နေတာလား ခဏ ရွန် အောက်ထပ်မှာ ဆေးသွားဆင်းဝယ်လိုက်မယ် "
"ဘာဖြစ်တာလဲ"
မေနှောင်းက ရွန် စကားကိုကြားတော့ ဦးခတ်ဦးနဲ့ စကားပြောနေရာမှ ရွန်တို့ဘက်ကိုလှည့်ကြည့်ကာ မေးလာသည်၊၊
" အစ်ကိုရစ် ခေါင်းကိုက်လို့တဲ့ အဲ့တာ ဆေးသွားဝယ်ပေးမလို့ "
"မဝယ်နဲ့တော့ ၊၊ ရစ် အစ်ကို နောက်လိုက်ခဲ့ ၊၊ အစ်ကို မင်းကို တစ်ချက်ဆေး စစ်ပေးမယ် "
အစ်ကိုလက်ခတ်က ဝင်ပြောလာသည်မို့ ရွန်လည်း ဘာမှ ဆက် မပြောဖြစ်တော့ပေ၊၊ ထို့နောက် အစ်ကိုရစ် ကို အစ်ကိုလက်ခတ်က ဒီအခန်းထဲကနေ ခေါ်ထုတ်သွားတော့သည်၊၊ မျက်နှာခပ်မှိုင်းမှိုင်းနဲ့ အစ်ကိုရစ်က ညက အိပ်ထားပုံမရ၊၊ အမြဲ အိပ်ရေးမဝရင် အစ်ကိုရစ်က အခုလိုရုပ် ဖြစ်နေတတ်တာကြောင့် ရွန် ဒီမနက် အစ်ကိုရစ်ကို စမြင်ထဲက ရိပ်မိနေခဲ့သည်၊၊
ညက မအိပ်ဘဲ ဘယ်လောက်တောင် အစ်ကိုရန်ကို ထိုင်လွမ်းနေတာလဲမှ မသိတာ၊၊ မနက်ရောက်မှ အိပ်ရေးမဝတော့ ခေါင်းကိုက်ပြီပေါ့၊၊
///////////
ဇန် ထပ်ပြောပါ့မယ်နော်၊၊ နားမလည်ဘူးထင်တယ်ဇန်ဆီ ခဏခဏ မေးနေကြလို့၊၊ အရင် RICK ကလေ ဇန် ဘက်က လုံးဝ un ပြစ်တာ မဟုတ်ရပါဘူး၊၊ rp အထုခံရလို့ ပျက်ကျသွားတာပါနော် ၊၊ အဲ့တာကို အခု fic အစမှာထဲက ပြောပြထားပြီးသားပါ၊၊ fic အစကိုမဖတ်ဘဲ ကျော်ပြီး ဇန် ကိုဘဲ လာလာမေးနေတာမို့ အခုလိုပြန်ပြောရခြင်းပါ၊၊
" ကိုယ်စိတ်နဲ့ ကိုယ်un ပြီး အသစ်ပြန်up နေတာမရှက်တတ်တာလား " လို့ လာပြော တဲ့သူတွေက fic အစက စာတွေကို သေချာမဖတ်ဘူးထင်တယ်နော်ဗျ ၊၊ ဘာမှတော့ မပြောတော့ပါဘူး အခု တစ်ကြိမ်လည်း ထပ်ဘလိမ်းမဲ့လူတွေ ရှိအုံးမယ် ဆိုတာ ဇန်ဘက်က ကြိုတင်ခန့်မှန်းပြီးသားပါ၊၊ ဘလိမ်းခံရတာတောင် ဇန် နေသားကျပါတော့မယ် ကြိုက်သလိုသာ ပြောကြပါတော့ဗျာ၊၊ ပြောမှ စိတ်ကျေနပ်မယ်ဆိုလည်း သဘောပေါ့ဗျာ
//////
Zawgyi
ကွန်ပြူတာပေါ်သို့ လျင်မြန်စွာ ရွေ့လျားနေသော လက်တွေက အချိန်တစ်ခုကြာလာတာတောင် ညောင်းလို့ ညောင်းမှန်းမသိ၊၊ တတောက်တောက်နဲ့ပင် လက်အရှိန်ကို တိုးစေကာ လျင်မြန်စွာပင် ရွန် ဆက်နှိပ်နေဆဲဖြစ်သည်၊၊ ဒီကွန်ပြူတာရှေ့ထိုင်ပြီး နှိပ်နေသည်မှာ နေခင်းထဲက အခု ညနေပင်စောင်းသည်အထိ၊၊ သို့ပေမဲ့ လိုချင် သည့်အရာကို မရသေးတာ ကြောင့် ရွန်မှာ မနားနိုင်သေး၊၊ နဖူး ကပင် ချွေးများ တဒီးဒီးကြနေတာတောင် မသုတ်နိုင်အား၊၊ အိမ်တော်က ကြီးသည့်အပြင် တပ်ထားသော cctv ကလည်း အလုံး50 အထက်မှာမို့ အကုန်လုံးကို နောက်ကြောင်းပြန်ရစ်ကြည့်ရတဲ့အခါ ရွန် မျက်လုံးတွေတောင်ကိုက်တတ်လာသည်၊၊ အဖော်ပါလာသော ဒါလီယာကလည်း အသံဖမ်းစက်တွေကိုစစ်နေတာမို့ သူလည်းမအားပေ၊၊
" ရွန် တွေ့လား "
" ဒီလိုမှပေါ့ "
" ရပြီလား cctv မှတ်တမ်း "
ခွမ်း !!
တောက်စ် !
"အင်း "
//////////
" ဒါဘာလုပ်တာလဲ ငယ် "
"ဟွန်းးး"
တီ တီ ...
" မမြင်ချင်လို့ "
"အဟွန်းးး"
" အေး ငါပါလိုက်မယ် "
" ဇိုင်းမော် "
"အင်း ပြောရစ်ကြီး "
" ကျစ် ဗန်နီရွန် ငါကို ပိုပြီး တာလား ခေါင်းပေါက်ထွက်စေချင်နေ "
"ဘာဖြစ်တာလဲ"
///////////
//////