True Love 💭❤ အပိုင်း - ၂၉
(Unicode)
"ကိုယ်ကောင်မလေးကိုရူးလောက်အောင်ထိချစ်လို့ပါကွာ..ချစ်လွန်းလို့ကိုယ်ချုပ်ချယ်မိတာပါ"
ရွှေကူမယုံနိုင်စွာမော့ကြည့်လိုက်တော့ အကိုလေးကရွှေကူ့ကိုငုံကြည့်၍ဆိုလာသည့်စကားမှာ…
"ကောင်မလေးကိုကိုယ်ချစ်တယ်"
ရွှေကူအခုအိမ်မက်မက်နေတာများလား။ အကိုလေးကရွှေကူ့ကိုချစ်တယ်လို့ပြောလိုက်တာလား။ ရွှေကူသိပ်ချစ်ရတဲ့အကိုလေးကရွှေကူ့ကိုချစ်တယ်တဲ့လားရှင်ရယ်…
"အကိုလေး .."
"ကိုယ်လေကောင်မလေးကိုချစ်နေတာကြာပါပြီကွာ ကိုယ်ဖွင့်ပြောဖို့သွေးကြောင်နေမိတာ "
ကွန့်မြူးကောင်မလေးရဲ့ချစ်စဖွယ်မျက်နှာလေးကိုစေ့စေ့ကြည့်၍ပြောလိုက်တော့သည်။ မျက်လုံးဝိုင်းဝိုင်းလေးနှင့်ကြည့်နေသည့်ကောင်မလေးကို ကွန့်မြူးရင်ခွင်ထဲဆွဲဖက်ထားသည်ကြောင့် နီးကပ်လို့နေလေတော့သည်။ ကိုယ်အခုကောင်မလေးကိုဆုံးရှုံးရမှာကြောက်လို့ဖွင့်ပြောမိပေမယ့်လဲ ကိုယ့်လုပ်ရပ်ကြောင့်တဂယ်ကြီးဆုံးရှုံးသွားမှာကိုလဲ ပို၍ကြောက်မိပါသည်။
ရွှေကူအဖို့ပျော်စရာများဖြစ်နေသလို ရွှေကူမမျှော်မှန်းထားသည့်စကားများဖြစ်နေသည်ကြောင့်ရွှေကူအကိုလေးရင်ခွင်ထဲမှအတင်းရှန်းထွက်လိုက်တော့သည်။ ဒီစကားတွေကိုအတည်ဟုတ်မဟုတ် ရွှေကူအတည်ပြုဖို့လိုတယ်မလား။ ရွှေကူ့လက်နှစ်ဖက်ကို ဆွဲယူ၍ဖွဖွလေးဆုတ်ကိုင်ထားသည့်အကိုလေးကြောင့် ရွှေကူရင်တွေတဒိန်းဒိန်းနှင့်ခုန်လာရတော့သည်။
"ကိုယ်ကောင်မလေးကိုစတွေ့တုန်းကသနားနေခဲ့တာ ကောင်မလေးကိုဘေးမှာခေါ်ထားပြီး ဘယ်သူမှထိလို့မရအောင်ထိကိုယ်ကာကွယ်ပေးချင်ခဲ့တာ ကိုယ်မသိခဲ့ဘူးအဲ့တာတွေကအချစ်ဖြစ်ခဲ့မယ်လို့လေ"
ရွှေကူအကိုလေးရဲ့မျက်လုံးများကိုကြည့်ကာ အဖြေရှာနေမိသည်။ရွှေကူ့ကိုတဂယ်ကြီးပဲပြောနေတာလား။ရွှေကူအိမ်မက်မက်နေတာမဟုတ်ဘူးလား။
"ကောင်မလေးကိုကိုယ်စိတ်ချမ်းသာအောင်ထားမှာပါကွာ ကိုယ့်ကြောင့်လဲစိတ်မညစ်စေရပါဘူး ကိုယ့်ကြောင့်မှမဟုတ်ဘူးဘယ်သူ့ကြောင့်မှကောင်မလေးစိတ်မညစ်စေရပါဘူးကွာ"
"ကိုယ်အကောင်းဆုံးကာကွယ်ပေးမှာမလို့ကောင်မလေးကိုယ့်ကိုယုံပါနော်"
ရွှေကူမျက်ရည်တွေဝဲလာရတော့သည်။ အကိုလေးကရွှေကူ့ကိုအရင်ကလဲ ကာကွယ်ပေးပြီး ဂရုစိုက်ပေးနေတာပဲလေအကိုလေးရယ်။ ရွှေကူယုံပါတယ်။
"ကိုယ်ကောင်မလေးကိုချစ်လွန်းလို့သဝန်တိုမိတာပါကွာ အရင်အခေါက်ကဘုရားသွားတော့လဲကောင်မလေးဝတ်ထားတဲ့အင်းကျီလေးက သိပ်လှပြီးခါးလေးပေါ်နေတော့အရမ်းချစ်စရာကောင်းနေတာလေ ကိုယ်ကသဝန်တိုလို့အဲ့အင်္ကျီမဝတ်ခိုင်းတော့တာပါကွာ မလှလို့မဟုတ်ပါဘူး "
ရွှေကူကအဲ့အချိန်တုန်းကအကိုလေးကို အကိုအရင်းလေးလိုပဲသဘောထားတာမဟုတ်လား။ အကိုလေးကတော့ရွှေကူ့ကိုသဝန်တိုပြီး ဘုရားထိလိုက်လာခဲ့တယ်ဆိုတာရွှေကူယခုမှအတွေးပေါက်သွားတော့သည်။
ကွန့်မြူးစကားများကို တုတ်တုတ်ပင်မလှုပ်ပဲနားထောင်နေသည့်ကောင်မလေးက ကွန့်မြူးကိုမော့ကြည့်၍ပင်။
"ကိုယ်ခရီးသွားတော့လဲကောင်မလေးကိုသိပ်လွမ်းနေခဲ့တာ ကိုယ်လေလွမ်းလွန်းလို့အလုပ်တွေတောင်ထားခဲ့ပြီးပြန်လာချင်ခဲ့တာပါကွာ "
အကိုလေးလိုပဲရွှေကူလဲလွမ်းနေခဲ့တာဟုစိတ်ထဲမှ တစ်သိမ့်သိမ့်ခံစားရကာပြောနေပေမယ့်လဲ ရွှေကူ့နှုတ်ဖျားတို့မှတော့ဘာသံမှထွက်မလာပေ။
"ကိုယ်ပြန်ရောက်တဲ့နေ့ကကောင်မလေးဆီအပြေးလာခဲ့တာ ဒါပေမယ့်ကိုယ်ကောင်မလေးကိုသဝန်တိုပြီးအော်မိသွားတယ် တဂယ်ကကိုယ်အဲ့ကောင်နဲ့ကောင်မလေးနီးကပ်နေတာကိုကိုယ်မကြိုက်လို့ပါကွာ အဲ့တာကြောင့်ကိုယ်အော်မိသွားတာပါကွာ "
ဒါဆိုရွှေကူ့ကိုအကိုလေးကသဝန်တိုပြီးအော်ခဲ့တာပေါ့။ ရွှေကူ့ကိုအထင်သေးပြီးမယုံကြည်လို့မဟုတ်ခဲ့ဘူးပေါ့။
"ကောင်မလေးနောက်နေ့ဂါဝန်လေးဝတ်တော့ ကောင်မလေးရဲ့ခြေထောက်လေးတွေကအရမ်းလှနေတယ်လေ ရင်ဘက်လေးကလဲနဲနဲဟိုက်နေတော့ ကိုယ်စိတ်မချတော့ဘူးကောင်မလေးကိုတစ်ခြားကောင်တွေကြည့်ပြီးကြိုက်သွားကြမှာကိုယ်မလိုချင်လို့ ပြန်လဲခိုင်းခဲ့တာပါကွာ ကောင်မလေးအဲ့တုန်းကရူးလောက်အောင်လှလွန်းလို့ပါကွာ"
အကိုလေးရယ် အဲ့တာတွေထိလိုက်ပြောပြနေမှတော့ရွှေကူရှက်တာပေါ့လို့။ ရွှေကူ့မှာအနည်းပူလာရသလို လက်တို့တွင်လဲချွေးစေးလေးတွေတောင်ပြန်နေပြီဖြစ်သည်။ ဒါပေမယ့်အကိုလေးကရွှေကူ့လက်လေးကိုမလွှတ်ပေးသေးပဲ ကိုင်ထားမြဲပင်။ ရွှေကူ့ရင်တွေခုန်နေရလွန်းလွန်း နှလုံးရောဂါတွေတောင်ဖြစ်တော့မှာပဲ အကိုလေးရယ်။
"ကိုယ်ကြိမ်ပြောခဲ့ဖူးတယ် ကောင်မလေးကိုစိတ်ဆင်းရဲအောင်မလုပ်ပါဘူးလို့"
အကိုလေးကရွှေကူ့မျက်လုံးတို့ကိုရင်ဆိုင်မကြည့်တော့ပဲ ခေါင်းကြီးအောက်သို့ငုံ့သွားလေတော့သည်။
"ကိုယ်လေအခါခါကြိမ်ဆိုခဲ့တာ ကောင်မလေးကိုစိတ်ချမ်းသာအောင်ထားမယ် ကောင်မလေးကိုကိုယ့်အရိပ်အောက်မှာအလှဆုံးပန်းလေးအဖြစ်ပြုစုပျိုးထောင်မယ်ပေါ့ ဒါပေမယ့်ကိုယ်လေ..ကိုယ်.. ကောင်မလေးကိုအဲ့အရာတွေမလုပ်ပေးနိုင်ခဲ့ဘူး ကောင်မလေးကိုစိတ်ဆင်းရဲအောင်ပဲကိုယ်လုပ်ခဲ့မိတယ်"
ရွှေကူ့လက်ဖမိုးလေးပေါ် ပေါက်ခနဲကျလာသည့်အရာကြောင့် အကိုလေးငိုနေမှန်းရွှေကူမှန်းမိလိုက်တော့သည်။ အကိုလေးရယ်တာဝန်ကျေနေပါပြီ အကိုလေးရဲ့လုပ်ရပ်တွေကရွှေကူ့အပေါ်အရမ်းပြီးပြည့်စုံစွာကိုတာဝန်ကျေနေပါပြီ။
"ကိုယ်ကလေ ကောင်မလေးဘာပဲလုပ်လုပ်ချစ်နေရပြီးမျက်စိအောက်ကကိုအပျောက်မခံနိုင်တာပါကွာ ကိုယ်သဝန်တိုလွန်းပြီးကောင်မလေးကိုညနေကလဲ မလိုအပ်ပဲစိတ်ဒဏ်ရာပေးမိခဲ့တယ် ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်တဂယ်တောင်းပန်ပါတယ်ကောင်မလေးရယ်.. ကိုယ်တဂယ်မသိခဲ့ဘူးကောင်မလေးမှာအင်းကျီများများစားစားမရှိတာကို ကောင်မလေးကိုလိုလေသေးမရှိအောင်ထားမယ်ဆိုပြီး ကိုယ်ကဘာမှမလုပ်ပေးနိုင်ခဲ့ဘူး.."
ရွှေကူအခုဘယ်လိုလုပ်ရမလဲဟင်။ ရွှေကူအကိုလေးကိုဘယ်စကားလုံးတွေနဲ့သုံးပြီးနှိစ်သိမ့်ပေးရပါ့မလဲဟင်။
"ကိုယ်ကသဝန်တိုဖို့ပဲသိတဲ့ကောင်ပါကွာ.. အရမ်းချစ်ပါတယ်ဆိုပြီးကောင်မလေးကိုဂရုမစိုက်ခဲ့မိဘူး "
အကိုလေးရွှေကူ့ကိုဂရုစိုက်ပါတယ် ရွှေကူကသာအကိုလေးရဲ့ဂရုစိုက်မှုတွေကိုမမြင်မိခဲ့ရုံပါအကိုလေးရယ်။
ကွန့်မြူးကောင်မလေးရဲ့လက်ခလေးကို တမြတ်တနိုးဆုတ်ကိုင်ထားရင်းမှ ကောင်မလေးကိုကြည့်မိတော့ကောင်မလေးကလဲငိုနေသည်ဖြစ်သည်။ မျက်နှာအုအုလေးကိုဆွဲယူမော့ကာ မျက်ရည်တွေသုတ်ပေးမိတော့သည်။ ကောင်မလေးရယ် ဘာလို့ငိုရတာလဲကွာ။
"ကောင်မလေးကိုကိုယ်ချစ်တယ်"
အို.. အကိုလေးရယ်ရွှေကူ့ရင်ထဲကြည်နူးလိုက်တာအကိုလေးရယ်...
ကောင်မလေးကထပ်မံ၍ မျက်ရည်တွေတသွင်သွင်စီးကျနေသည်မို့ ကွန့်မြူးဘာပြော၍ပြောရမှန်းမသိဖြစ်သွားတော့သည်။ ကိုယ့်ကိုကြောက်လို့ငိုနေတာများလား ကိုယ်မဆင်မခြင်ပြောမိတဲ့စကားတွေကြောင့်ငိုနေတာလားကောင်မလေးရယ်။ သို့ပေမယ့်လဲမျက်ဝန်းလေးတွေက နူးနူးညံ့ညံ့လေးနှင့်ရှိနေသည်ကြောင့် ကွန့်မြူးအနည်းငယ်ပျော်သွားရတော့သည်။
"ကိုယ့်ကိုယုံပေးလို့ရမလား ကိုယ်ကောင်မလေးကိုနောက်ဆိုမအော်တော့ဘူးလေနော် သဝန်လဲလွန်တဲ့အထိမတိုတော့ဘူး ကိုယ်အကုန်ဆင်ခြင်ပါ့မယ်နော်..ကိုယ့်ကိုယုံပါနော်"
ရွှေကူအဖြစ်ကလေ ကိုယ့်Crush ကကိုယ့်ကိုပြန်ကြိုက်နေတဲ့အဖြစ်မျိုးပါလားနော်။ ရွှေကူမမျှော်မှန်းရဲခဲ့တဲ့ချစ်ခြင်းမျိုးနဲ့ကို ရွှေကူကအချစ်ခံနေရတာပါလား။ ထိုအချစ်တွေကလဲ ရွှေကူသိပ်ကိုချစ်ရလွန်းတဲ့အကိုလေးဆီကတဲ့လေ။ ရွှေကူကအပျော်လွန်ပြီးငိုမိတာပါအကိုလေးရယ်။
"ကောင်မလေး .."
အကိုလေးကရွှေကူ့ကိုမျက်ရည်တွေသုတ်ပေးလာပြန်သည့်အခါ ရွှေကူအသိလေးနဲနဲပြန်ဝင်လာခဲ့တော့သည်။
"ရွှေကူ့ကိုစိုးရိမ်လို့ရတယ် ဒါပေမယ့်ချစ်လို့မရဘူးအကိုလေး"
ကွန့်မြူးလက်ခလေးကို ပြန်၍ဆုတ်ကိုင်ထားလိုက်တော့သည်။ ကောင်မလေးကိုယ့်လက်ထဲကလွတ်သွားလို့မဖြစ်ဘူး။
"ကိုယ့်အချစ်ကိုမယုံလို့လားကွာ"
"ရွှေကူဘယ်လိုယုံရမှာလဲ ရွှေကူတို့ကမောင်နှမတွေလေ "
"ကိုယ်တို့ကမောင်နှမအရင်းတွေမဟုတ်ဘူးလေ"
ရွှေကူကိုယ်တိုင်ဒီစည်းကြီးနှင့်ကာမိပြန်သည်။ ရွှေကူယခုမှာပူထူနေရကာ ရင်ခုန်တာတွေရော ပျော်တာတွေရော မဖြစ်နိုင်သည့်လူနှစ်ယောက်ဟူသောအသိစိတ်တို့နှင့် ခံစားချက်တွေဗျာများနေရတော့သည်။ သေချာတာက မူနေတာလဲပါမှာပေါ့လေ။
"ဟင့်အင်း ..ရွှေကူတို့ကမောင်နှမတွေ"
"ကောင်မလေးကိုကိုယ်တို့တရားဝင်မမွေးစားရသေးဘူးလေ အဲ့တော့ကိုယ်တို့ကမောင်နှမလုံးဝမဟုတ်ဘူး ကိုယ်တို့ချစ်သူတွေဖြစ်လို့ရတယ်လေကောင်မလေး"
ရွှေကူ့ရင်ထဲကတစ်ခုတည်းသော အဖြေလေးဖြစ်တဲ့ ..
"အကိုလေးကိုလဲချစ်ပါသည်"
ဆိုသည့်စကားလေးကို ရွှေကူသိမ်းဆည်းထားမိတော့သည်။ မေမေကြီးတို့ရှိသေးတယ်လေအကိုလေးရယ် ရွှေကူဘယ်လိုလုပ်ရမလဲဟင်။ ရွှေကူအခုချက်ချင်းကြီးအဖြေပေးလိုက်ချင်ပေမယ့်လဲ ရွှေကူစဉ်းစားချင်သေးတယ်လေအကိုလေးရယ်။
ကောင်မလေးကကွန့်မြူးကိုမကြည့်တော့ လက်ကိုလဲအတင်းရုန်း၍ ဖယ်ခွာသွားသည်ကြောင့်ကွန့်မြူးလက်တွေမှာ ပခုံးသေးသေးလေးနှစ်ဖက်ဆီ တစ်ဖန်ပြန်ရောက်သွားတော့သည်။ ကောင်မလေးကမျက်နှာလေးရဲနေသလို လက်လေးတွေကကိုယ်ကိုင်ထားသည့်အချိန်ထဲက အေးစက်လာသည်ကြောင့် ကွန့်မြူးရိပ်မိလိုက်သည်။ကောင်မလေးစိတ်လှုပ်ရှားနေပြီဆိုတာ။
"ကောင်မလေးကိုယ့်ကိုမချစ်ဘူးလား ကိုယ့်ကိုမချစ်လို့လားဟင် "
"အဲ့လိုလဲမဟုတ်ပါဘူး .."
ရွှေကူဖြေမိပြီးမှ မျက်လုံးလေးပြူးသွားရတော့သည်။ရွှေကူရယ်နင်တော့စကားမှားပြီပဲ။ ငိုနေတာတွေတောင်ရပ်သွားရကာ အကိုလေးအတွေးမပေါက်ပါစေနဲ့လို့ဆုတောင်းမိပေမယ့်မပြည့်သွားပေ။ ရွှေကူအခုအကိုလေးရဲ့ရင်ခွင်ထဲသို့အလျှင်အမြန်ပင်ကျရောက်သွားပြီမလား။
"ကိုယ်ပျော်လိုက်တာကောင်မလေးရယ် "
"ရွှေကူစကားမှားသွားရုံပါ အကိုလေးလွှတ်..ရွှေကူ့ကိုအဲ့လိုကြီးမဖက်နဲ့"
"ပြောပြီးစလစ်နာမ်ပါတ်တစ်ပဲ စကားဆိုတာပြောပြီးရင်ပြန်ပြင်လို့ရတော့တာမဟုတ်ဘူးကွ အထူးသဖြင့်ဒီလိုချစ်စကားတွေပဲ "
"အို.. ရွှေကူမကြားဖူးပါဘူး"
"အဲ့လိုရှိတယ်လေ ကိုယ့်ကိုယုံတယ်မလား"
"ဟင့်အင်း..မယုံဘူး လွှတ်ပါ.. လွှတ်ပေးပါအကိုလေးရယ်ရွှေကူတို့မဖြစ်နိုင်ဘူးလို့ပြောပြီးပြီလေ ရွှေကူ့ကိုအဲ့လိုကြီးမလုပ်ပါနဲ့"
"ကိုယ်ကောင်မလေးကိုတာဝန်ယူမှာပါ ကိုယ့်စကားတွေကိုကိုယ်အဆုံးထိတာဝန်ယူမှာမလို့ ကိုယ့်ကိုပြန်ချစ်ပေးပါကွာနော်.."
ဒါမျိူးကျတော့အကိုလေးတို့ကစကားတတ်သားနော်။
"မချစ်ဘူး အကိုလေးတာဝန်ယူစရာလဲမလိုဘူး ရွှေကူ့ကိုလွှတ်လို့"
ရုန်းနေသည့်ကောင်မလေးက အားမကုန်ဘူးလားမသိဘူးကွာ။ လက်သီးသေးသေးလေးနဲ့ထုတော့လဲ ကိုယ်ကနာမှမနာပဲ။ ကောင်မလေးလဲကိုယ့်ကိုချစ်နေမှန်း ကိုယ်သိပါတယ်ကွာ။ စကားလုံးတွေနဲ့သာညာလို့ရချင်ရမယ် မျက်ဝန်းတွေကညာလို့ရတာမှမဟုတ်ပဲလေ။ ကောင်မလေးရဲ့မျက်ဝန်းလေးတစ်ချက်ကြည့်လိုက်ရုံနဲ့ ကိုယ်သိပြီးသား ကောင်မလေးလဲကိုယ့်ကိုချစ်တယ်ဆိုတာ။
ရွှေကူ့ကိုဖက်ထားသည်မှလွှတ်ပေးသည်နှင့် ရွှေကူပြေးရန်ကြံလိုက်တော့သည်။
"အမေ့.."
ရွှေကူ့ကိုပွေ့လိုက်သည့်အကိုလေးကြောင့် ရွှေကူလန့်သွားရကာ အကိုလေးလည်ပင်းတို့ကိုဖက်တွယ်ထားမိတော့သည်။ ဒါကိုရွှေကူ့ကိုကြည့်ကာ ရယ်နေသည့်အကိုလေးကြောင့် ရွှေကူရှက်စိတ်လေးတွေဖြန်းခနဲဖြစ်သွားရတော့သည်။ရွှေကူလဲချစ်နေရတယ်ဆိုတာ အကိုလေးသိသွားပြီများလား။
"အကိုလေးဘာလုပ်တာလဲ "
"နမ်းမလို့.."
"ပြွတ်"
"အွန့်"
ရွှေကူ့ကိုဆိုဖာပေါ်ချပေးလာသည့်အကိုလေးက ရွှေကူ့ဆီတိုးကပ်လာကာ မထင်မှတ်ထားသည့်အပြုမူတစ်ခုကိုပြုလုပ်သွားတော့သည်။ စကားလုံးနဲ့အရင်အသိပေးပေမယ့်လဲ ရွှေကူငြင်းချိန်လေးတောင်မရ အနမ်းခံလိုက်ရတော့သည်။
ရွှေကူတစ်သက်နဲ့တစ်ကိုယ်အနမ်းမခံရဖူးသည့်နှုတ်ခမ်းလေးဟာလဲ အကိုလေးရဲ့နှုတ်ခမ်းနွေးနွေးတို့နှင့်ထိတွေ့၍ အနမ်းခံလိုက်ရတော့သည်။ ရွှေကူ့ရဲ့ဦးဦးဖျားဖျားပထမဆုံးအနမ်းလေးကို ချစ်ရသူအကိုလေးကပိုင်ဆိုင်သွားသည်ကြောင့်ပျော်မိသလို တစ်ဖက်တွင်လဲရှက်လွန်းလို့အငွေ့ပျံ၍ပင်ပျောက်ကွယ်သွားချင်မိတော့သည်။
ကောင်မလေးရဲ့နှုတ်ခမ်းလေးတွေဟာအိထွေးနေမှန်း ကွန့်မြူးပါးကိုအနမ်းခံလိုက်ရသည့်အချိန်ထဲက သိရှိသွားပေမယ့်လဲ ဒီလောက်ထိချိုမြိန်ပြီးအိစက်နေမည်ဟုတော့မတွေးထားမိခဲ့ပေ။
ကောင်မလေးရဲ့နှစ်ခမ်းပါးလေးနှစ်လွှာကို ကွန့်မြူးမက်မောစွာနမ်းရှိုက်၍ အချစ်တွေဖြင့်တံဆိပ်လေးရိုက်ခက်နေမိတော့သည်။ ခါးလေးမှသိမ်းကျုံးဖက်တွယ်ထားသလို လည်တိုင်တွင်လဲထိန်းကိုင်ထားသည့်အခါ ကောင်မလေးကရုန်းနေပေမယ့်လဲအရာမဝင်စွာ ကွန့်မြူးရဲ့အနမ်းတွေအောက်ရှိနေလေသည်။ စိတ်ကြိုက်မနမ်းလိုက်ရပေမယ့်လဲ ကောင်မလေးကြောက်သွားမည်ဆိိုး၍ ကွန့်မြူးခဏအကြာတော့လွှတ်ပေးလိုက်တော့သည်။ ရင်ဘက်ဆီလက်သီးလေးအပ်နှင်၍ ကွန့်မြူးကိုမကြည့်တော့ပဲခေါင်းကြီးငုံ့ထားလေတော့သည့်ကောင်မလေးကြောင့် အချစ်တွေပိုနေရတော့သည်။ ကောင်မလေးရယ်ကိုယ့်ချစ်ရလွန်းလို့ ဘယ်လိုလုပ်ရမလဲကွာ။
"ကောင်မလေး.."
"အကိုလေးကိုဘယ်သူကနမ်းခွင့်ပေးခဲ့လို့လဲ.. ရွှေကူခွင့်ပြုခဲ့မိလို့လား.. ရွှေကူကိုချစ်ပါတယ်လို့အဖြေပေးမိခဲ့လို့လား ဟင့်.. ရွှေကူ့ကိုဘာလို့အဲ့လိုကြီးနမ်းရတာလဲ ရွှေကူခွင့်ပြုခဲ့လို့လားလို့.."
"ကိုယ်စိတ်မထိန်းနိုင်လို့ပါကွာ ကိုယ်က.."
"ကောင်မလေး "
အိပ်ခန်းထဲသို့ပြေးဝင်သွားသည့်ကောင်မလေးနောက်လိုက်ပေမယ့်လဲ မမှီတော့တံခါး lock ချထားပြီဖြစ်တော့သည်။
"အကိုလေးပြန်ပါတော့ ရွှေကူ့ကိုဒီလောက်အနိုင်ကျင့်ရတော်ပါတော့နော် ရွှေကူတစ်ယောက်ထဲနေချင်လို့ပါ အကိုလေးပြန်ပါတော့"
"ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်အနိုင်ကျင့်တာမဟုတ်ပါဘူး ကိုယ်ကချစ်လွန်းလို့နမ်းမိသွားတာပါကွာ. "
"ရွှေကူတစ်ယောက်ထဲနေချင်တယ်လို့ပြောနေတယ်လေ အကိုလေးပြန်တော့ဟင့်.."
ကောင်မလေးကပြန်ခိုင်းနေသည့်အခါကွန့်မြူးအထွန့်မတတ်တော့ပဲ အခန်းသို့ပြန်လာခဲ့လိုက်တော့သည်။ အငိုလွန်ပြီးသတိလက်လွတ်ဖြစ်သွားလျှင် ဒုက္ခရောက်ရမည့်လူကကောင်မလေးအပြင်မရှိဘူးမလား။ ကိုယ်စိတ်လောသွားတယ်ကောင်မလေးရယ် အချစ်လွန်ပြီးစိတ်တွေလောမိသွားပြန်ပြီကွာ..။
ရွှေကူ့ကိုအချိန်လေးနဲနဲပေးရင်ရွှေကူစဉ်းစားဟန်ပြုပြီး အဖြေပေးမှာပေါ့အကိုလေးရယ်။ ဒါလေးတောင်မစောင့်ပေးနိုင်ဘူးလားဟင်။ ရွှေကူ့ကိုနမ်းမယ်ဆိုလဲခွင့်တောင်းရောပေါ့ ရွှေကူခွင့်ပြုမှနမ်းရောပေါ့။
အခုတော့စိတ်ဆိုးနေတုန်း ရုတ်တရက်ကြီးရောက်လာပြီးချစ်ကြောင်းလာပြောတယ် ရွှေကူ့မှာမူချိန်တောင်မရ ချက်ချင်းအဖြေတောင်းခံရတယ် စဉ်းစားချိန်လေးတောင်မပေးသည့်အပြင် သမီးရည်းစားတွေလိုကတစ်ခါထဲအနမ်းခံလိုက်ရသေးသည့်အဖြစ်ကိုတွေးမိတော့ ပျော်ရမလိုငိုရမလိုဖြစ်သွားရတော့သည်။ ရွှေကူကိုယ်တိုင်ကရင်ခုန်စွာနဲ့ချစ်ပါတယ်လို့ အဖြေလေးပေးချင်တာကိုအကိုလေးက ဘာလို့မစောင့်ပေးရတာလဲလို့။ ပထမဆုံးအနမ်းကို ရွှေကူကအခုလိုကြီးရွှေကူအဖြေမပေးရသေးပဲ အကိုလေးကိုမပေးချင်ဘူးလေ။ အကိုလေးသိရဲ့လား အကိုလေးဖွင့်ပြောတဲ့အချိန်ထဲက ရွှေကူကဘယ်လိုလေးအဖြေပြန်ပေးမယ်ရယ် ရွှေကူ့တို့ဘယ်နေရာလေးတွေအထိလျှောက်လည်မယ်ဆိုတာပါ တွေးထားခဲ့ပြီဆိုတာလေ။
ရွှေကူခဏလောက်ငိုပြီးမှ ဖြေးဖြေးချင်းစိတ်ဖြေလိုက်တော့သည်။ အကိုလေးကိုနောက်နေ့လဲရှောင်နေအုံးမည်ဟုတွေးထားပါသည်။ ရွှေကူ့ကိုချစ်ပါတယ် မြတ်နိုးပါတယ်ပြောပြီးတန်ဖိုးမထာတဲ့အကိုလေးကို ရွှေကူနဲနဲလောက်တော့ပစ်ထားအုံးမည်ဖြစ်သည်။
မမဖြူငယ်တို့မပြန်ခင် အကိုမင်းနောင်တို့နှင့် အားလုံးစုံစုံညီညီထမင်းစားကြမည်ဖြစ်သည်။ တဂယ်ကဒီနေ့ပြန်ကြမှာဆိုပေမယ့် ဒီနေ့တစ်ရက်လေးနေပေးဖို့ လွန်းငယ်ကပြောထားလို့အားလုံးက အလုပ်တွေပစ်၍နေပေးခြင်းဖြစ်သည်။ ဦးတို့စကားပြောနေကြစဉ် လွန်းငယ်မုန့်စားချင်၍ ထမင်းစားဝိုင်းဘေးတွင် တင်ထားသောမုန့်တွေဆီသွား၍ စားချင်တာများရွေးယူလိုက်သည်။
"ဟွန့်အဲ့တာငါ့မုန့်"
"မရဘူး ဒါရောင်နီအရင်ယူတာ "
"လင်းရောင်နီ ဒါငါ့မုန့်ပါဆို"
"မရဘူး အဒေါ်လေးဖြစ်လဲဂရုမစိုက်ဘူး ရောင်နီအရင်ယူတာရောင်နီ့မုန့်ပဲ"
"ဒါငါ့အတွက် ငါ့ဦးဝယ်ပေးထားတာ "
"လူကြီးကပြောတာ ဒီမုန့်တွေကကြိုက်တဲ့လူစားလို့ရတယ်တဲ့ "
"ဟွန့်..ဦး "
လွန်းငယ်လဲအရှုံးမပေး ဦးကိုလှမ်းတိုင်ရန်ခေါ်လိုက်စဉ်..
"ကဲပါ ဒါရွှေကူယူလိုက်မယ် "
ကြားထဲမှရွှေကူကယူသွားတော့ နှုတ်ခမ်းနဲ့လာထိုးနေတဲ့ အဒေါ်ပေါက်စကြောင့် ရောင်နီလျှာထုတ်ပြောင်၍ မုန့်ကောက်ယူကာပြန်လာခဲ့လိုက်သည်။
လွန်းငယ်ရယ် ရွှေကူရယ် ရောင်နီရယ်ကရွယ်တူတွေဖြစ်ကြတော့ အပြောအဆိုအဆင်ပြေသလိုသုံးနှုန်း၍ပြောကြသည်။ ဦးမင်းနောင်ရဲ့မွေးစားသားဖြစ်သည့်ရောင်နီနှင့်က တွေ့တာမကြာသေးပေမယ့်သူငယ်ချင်းအရင်းတွေလိုခင်ကြသည်။ ဟီး တစ်ခါတစ်လေ ဒီလိုရန်လေးနဲနဲတော့ဖြစ်တတ်တာပေါ့ ပြီးရင်တော့ပြန်တည့်ကြပါတယ်လေ။
"ဘယ်လိုလဲ ဝေစုတည့်ခဲ့ပြီလားကောင်လေး"
"ရောင်နီဦးထားတဲ့မုန့်ကို သူကအတင်းယူတာလူကြီးရဲ့"
"ဦး .."
"ဟုတ်တယ် ကိုယ့်ခလေးလေးယူထားတဲ့မုန့်ကို လာလုနေတာမလား"
"အွန်း"
"ဖအေဝမ်းကွဲ ဘက်မလိုက်နဲ့နော်"
"ဟ အကိုရလုပ်အုံးဗျ ကျွန်တော်တို့က ကလေးတောင်မမွေးရသေးဘူးနော် ဘယ်ကသားဝမ်းကွဲတွေရသွားတာလဲ"
"လူကြီးကရောင်နီ့မွေးစားအဖေလေ အဖေရဲ့ညီဆိုတော့ဖအေဝမ်းကွဲပေါ့ "
"ငါ့ဦးကိုဘာဖအေဝမ်းကွဲလဲ "
လွန်းငယ်မျက်စောင်းလေးထိုးပြီးမှ ရုပ်လေးပြောင်လိုက်ကာ...
"ဒါဆိုငါ့ကို အမေလေးဝမ်းကွဲလို့ခေါ်"
"လွန်းငယ် နင်.."
"အေးလေ ခေါ်စမ်းပါ အမေလေးဝမ်းကွဲလို့..."
"ငါမုန့်နဲ့ ကောက်ပေါက်လိုက်ရ"
"ပေါက်ပေါ့ အဲ့မုန့်စားပစ်မှာနော်ငါက"
"ကဲဒီမောင်နှမတွေတော်ပါ ပြီးရင်သူတို့ပဲသူငယ်ချင်းရေနဲ့ပြန်တည့်သွားကြပြီးတော့.."
ထိုအခါမှငြိမ်ကျသွားသည့် နှစ်ယောက်ကြောင့် ရွှေကူလဲပြုံးနေမိသည်။ ဒီနှစ်ယောက်နား တစ်ရက်လောက်နေရင်ကို ဘယ်လိုတွေလဲဆိုတာသိတယ်လေ။ တည့်လိုက်ကိုက်လိုက်ပဲ မင်္ဂလာပွဲနေ့ကလဲမလှဘူးပြောလို့တဲ့ လွန်းငယ်ကပန်းစီးနဲ့ကောက်ပေါက်သေးတယ် ပြီးတော့လဲပန်းစီးကြီးကိုင်ပြီး နှစ်ယောက်သားဓာတ်ပုံတွေရိုက်လို့လေ။ ရယ်ခဲ့ရပါသည်။
"ဟွန် စတော်ဘယ်ရီ အရသာကြီး"
"လိမ္မော် အရသာကြီး"
မုန့်ထုတ်အပြိုင်ဖောက်ပြီး မကြိုက်လို့အော်နေကြတဲ့နှစ်ယောက်က ဇာတ်တိုက်ထားသည့်အလားပြိုင်တူဖြစ်နေလေသည်။
"အဲ့ဘက်ကတစ်ယောက် လဲမှာလား"
"အွန်း လဲပေးမှာလား"
ထိုအခါရယ်၍ကြားထဲကလူတွေကျော်ကာ မုန့်ထုတ်ချင်းလှဲလှယ်နေကြသည့် နှစ်ယောက်ကြောင့် ကျိတ်ရယ်နေကြသည်မှာ အခန်းထဲရှိသမျှလူ အကုန်ဖြစ်လေသည်။
"ဖောက်ပေးမယ်လေ"
"ရွှေကူဒီမုန့်မစားတော့ဘူး"
ဖောက်ရခက်သည့်အိတ်ကိုဖောက်နေသည့် ကောင်မလေးကြောင့်မေးမိတော့ တုံးတိကိုဖြေလာလေသည်။ စိတ်ဆိုးမပြေသေးဘူးလားကွာ ကောင်မလေးရာ။ ကိုယ့်ကိုဘာလို့ဒဏ်ခက်နေရတာလဲကွာ။ စကားမပြောတာလဲ မနေ့ကအဖြစ်ပြီးထဲက ဒီညတောင်ရောက်နေပြီဖြစ်တော့သည်။ ကိုယ်ကမ္ဘာပျက်နေတယ်ဆိုတာကောင်မလေးသိရဲ့လားကွ။
ပျော်စရာတွေပြောလိုက် ထမင်းလေးစားလိုက်နှင့် ထမင်းဝိုင်းလေးက အသက်ဝင်လှစွာဆူညံ့နေလေသည်။ ရွှေကူ့ကိုအကိုခွန်းစေရာတို့နှင့်စကားဝိုင်းဖွဲ့ပြောနေသည့်နေရာမှ လှမ်းလှမ်းကြည့်နေသည့်အကိုလေးကြောင့် အနည်းငယ်တော့စိတ်ကျေနပ်ရသည်။ မှတ်ပလားလို့ ရွှေကူ့ကိုနှုတ်ခမ်းပေါက်အောင်နမ်းတဲ့အကိုလေး မခေါ်ပဲကိုနေပစ်အုံးမယ်။ အကိုလေးကြောင့်ရွှေကူ့မှာမမဖြူငယ်နဲ့လွန်းငယ်ဘယ်တော့များ နှုတ်ခမ်းလေးရောင်နေတာကိုသိပြီး မေးလာမလဲနဲစိုးရိမ်နေရတာလေ။ ဟွန့်မခေါ်သေးဘူးကြည့်နေ ရွှေကူ့ကိုမနေ့ကလှုပ်မရအောင်ချုပ်ပြီးနမ်းတဲ့အတွက် ရွှေကူလဲအခုအနားမကပ်ရဲအောင်မျက်နှာတည်ပြီးစိတ်ဆိုးပြမယ်ကြည့်နေ။
Words 3938
21.9.2023 7:15pm
ဆက်လက်ကြိုးစားသွားပါမည်။
Paig gp လေးတွင်အပိုင်း ၅၂ ထိရပါပြီနော်။ဝင်ကြေးလေးကမသတ်မှတ်ထားပါဘူး တတ်နိုင်သလောက်နဲ့ဝင်လို့ရပါတယ် ဘေဘီလေးတို့။
Free ပြန်တင်ပေးတာလေးလက်မခံနိုင်ရင်တော့ Gp လေးလာမဝင်ပါနဲ့နော်။ မကြိုးက Free လေးလဲပြန်တင်ပေးမှာမလို့ ကြိုပြောထားတာပါ။
WavePay - 09983521528
KayPay - 09973860994
(Zawgyi)
True Love အပိုင္း - ၂၉
"ကိုယ္ေကာင္မေလးကို႐ူးေလာက္ေအာင္ထိခ်စ္လို႔ပါကြာ..ခ်စ္လြန္းလို႔ကိုယ္ခ်ဳပ္ခ်ယ္မိတာပါ"
ေ႐ႊကူမယုံနိုင္စြာေမာ့ၾကည့္လိုက္ေတာ့ အကိုေလးကေ႐ႊကူ႕ကိုငုံၾကည့္၍ဆိုလာသည့္စကားမွာ
"ေကာင္မေလးကိုကိုယ္ခ်စ္တယ္"
ေ႐ႊကူအခုအိမ္မက္မက္ေနတာမ်ားလား။ အကိုေလးကေ႐ႊကူ႕ကိုခ်စ္တယ္လို႔ေျပာလိုက္တာလား။ ေ႐ႊကူသိပ္ခ်စ္ရတဲ့အကိုေလးကေ႐ႊကူ႕ကိုခ်စ္တယ္တဲ့လားရွင္ရယ္
"အကိုေလး .."
"ကိုယ္ေလေကာင္မေလးကိုခ်စ္ေနတာၾကာပါၿပီကြာ ကိုယ္ဖြင့္ေျပာဖို႔ေသြးေၾကာင္ေနမိတာ "
ကြန့္ျမဴးေကာင္မေလးရဲ႕ခ်စ္စဖြယ္မ်က္ႏွာေလးကိုေစ့ေစ့ၾကည့္၍ေျပာလိုက္ေတာ့သည္။ မ်က္လုံးဝိုင္းဝိုင္းေလးႏွင့္ၾကည့္ေနသည့္ေကာင္မေလးကို ကြန့္ျမဴးရင္ခြင္ထဲဆြဲဖက္ထားသည္ေၾကာင့္ နီးကပ္လို႔ေနေလေတာ့သည္။ ကိုယ္အခုေကာင္မေလးကိုဆုံးရႈံးရမွာေၾကာက္လို႔ဖြင့္ေျပာမိေပမယ့္လဲ ကိုယ့္လုပ္ရပ္ေၾကာင့္တဂယ္ႀကီးဆုံးရႈံးသြားမွာကိုလဲ ပို၍ေၾကာက္မိပါသည္။
ေ႐ႊကူအဖို႔ေပ်ာ္စရာမ်ားျဖစ္ေနသလို ေ႐ႊကူမေမွ်ာ္မွန္းထားသည့္စကားမ်ားျဖစ္ေနသည္ေၾကာင့္ေ႐ႊကူအကိုေလးရင္ခြင္ထဲမွအတင္းရွန္းထြက္လိုက္ေတာ့သည္။ ဒီစကားေတြကိုအတည္ဟုတ္မဟုတ္ ေ႐ႊကူအတည္ျပဳဖို႔လိုတယ္မလား။ ေ႐ႊကူ႕လက္ႏွစ္ဖက္ကို ဆြဲယူ၍ဖြဖြေလးဆုတ္ကိုင္ထားသည့္အကိုေလးေၾကာင့္ ေ႐ႊကူရင္ေတြတဒိန္းဒိန္းႏွင့္ခုန္လာရေတာ့သည္။
"ကိုယ္ေကာင္မေလးကိုစေတြ႕တုန္းကသနားေနခဲ့တာ ေကာင္မေလးကိုေဘးမွာေခၚထားၿပီး ဘယ္သူမွထိလို႔မရေအာင္ထိကိုယ္ကာကြယ္ေပးခ်င္ခဲ့တာ ကိုယ္မသိခဲ့ဘူးအဲ့တာေတြကအခ်စ္ျဖစ္ခဲ့မယ္လို႔ေလ"
ေ႐ႊကူအကိုေလးရဲ႕မ်က္လုံးမ်ားကိုၾကည့္ကာ အေျဖရွာေနမိသည္။ေ႐ႊကူ႕ကိုတဂယ္ႀကီးပဲေျပာေနတာလား။ေ႐ႊကူအိမ္မက္မက္ေနတာမဟုတ္ဘူးလား။
"ေကာင္မေလးကိုကိုယ္စိတ္ခ်မ္းသာေအာင္ထားမွာပါကြာ ကိုယ့္ေၾကာင့္လဲစိတ္မညစ္ေစရပါဘူး ကိုယ့္ေၾကာင့္မွမဟုတ္ဘူးဘယ္သူ႕ေၾကာင့္မွေကာင္မေလးစိတ္မညစ္ေစရပါဘူးကြာ"
"ကိုယ္အေကာင္းဆုံးကာကြယ္ေပးမွာမလို႔ေကာင္မေလးကိုယ့္ကိုယုံပါေနာ္"
ေ႐ႊကူမ်က္ရည္ေတြဝဲလာရေတာ့သည္။ အကိုေလးကေ႐ႊကူ႕ကိုအရင္ကလဲ ကာကြယ္ေပးၿပီး ဂ႐ုစိုက္ေပးေနတာပဲေလအကိုေလးရယ္။ ေ႐ႊကူယုံပါတယ္။
"ကိုယ္ေကာင္မေလးကိုခ်စ္လြန္းလို႔သဝန္တိုမိတာပါကြာ အရင္အေခါက္ကဘုရားသြားေတာ့လဲေကာင္မေလးဝတ္ထားတဲ့အင္းက်ီေလးက သိပ္လွၿပီးခါးေလးေပၚေနေတာ့အရမ္းခ်စ္စရာေကာင္းေနတာေလ ကိုယ္ကသဝန္တိုလို႔အဲ့အကၤ်ီမဝတ္ခိုင္းေတာ့တာပါကြာ မလွလို႔မဟုတ္ပါဘူး "
ေ႐ႊကူကအဲ့အခ်ိန္တုန္းကအကိုေလးကို အကိုအရင္းေလးလိုပဲသေဘာထားတာမဟုတ္လား။ အကိုေလးကေတာ့ေ႐ႊကူ႕ကိုသဝန္တိုၿပီး ဘုရားထိလိုက္လာခဲ့တယ္ဆိုတာေ႐ႊကူယခုမွအေတြးေပါက္သြားေတာ့သည္။
ကြန့္ျမဴးစကားမ်ားကို တုတ္တုတ္ပင္မလႈပ္ပဲနားေထာင္ေနသည့္ေကာင္မေလးက ကြန့္ျမဴးကိုေမာ့ၾကည့္၍ပင္။
"ကိုယ္ခရီးသြားေတာ့လဲေကာင္မေလးကိုသိပ္လြမ္းေနခဲ့တာ ကိုယ္ေလလြမ္းလြန္းလို႔အလုပ္ေတြေတာင္ထားခဲ့ၿပီးျပန္လာခ်င္ခဲ့တာပါကြာ "
အကိုေလးလိုပဲေ႐ႊကူလဲလြမ္းေနခဲ့တာဟုစိတ္ထဲမွ တစ္သိမ့္သိမ့္ခံစားရကာေျပာေနေပမယ့္လဲ ေ႐ႊကူ႕ႏႈတ္ဖ်ားတို႔မွေတာ့ဘာသံမွထြက္မလာေပ။
"ကိုယ္ျပန္ေရာက္တဲ့ေန႕ကေကာင္မေလးဆီအေျပးလာခဲ့တာ ဒါေပမယ့္ကိုယ္ေကာင္မေလးကိုသဝန္တိုၿပီးေအာ္မိသြားတယ္ တဂယ္ကကိုယ္အဲ့ေကာင္နဲ႕ေကာင္မေလးနီးကပ္ေနတာကိုကိုယ္မႀကိဳက္လို႔ပါကြာ အဲ့တာေၾကာင့္ကိုယ္ေအာ္မိသြားတာပါကြာ "
ဒါဆိုေ႐ႊကူ႕ကိုအကိုေလးကသဝန္တိုၿပီးေအာ္ခဲ့တာေပါ့။ ေ႐ႊကူ႕ကိုအထင္ေသးၿပီးမယုံၾကည္လို႔မဟုတ္ခဲ့ဘူးေပါ့။
"ေကာင္မေလးေနာက္ေန႕ဂါဝန္ေလးဝတ္ေတာ့ ေကာင္မေလးရဲ႕ေျခေထာက္ေလးေတြကအရမ္းလွေနတယ္ေလ ရင္ဘက္ေလးကလဲနဲနဲဟိုက္ေနေတာ့ ကိုယ္စိတ္မခ်ေတာ့ဘူးေကာင္မေလးကိုတစ္ျခားေကာင္ေတြၾကည့္ၿပီးႀကိဳက္သြားၾကမွာကိုယ္မလိုခ်င္လို႔ ျပန္လဲခိုင္းခဲ့တာပါကြာ ေကာင္မေလးအဲ့တုန္းက႐ူးေလာက္ေအာင္လွလြန္းလို႔ပါကြာ"
အကိုေလးရယ္ အဲ့တာေတြထိလိုက္ေျပာျပေနမွေတာ့ေ႐ႊကူရွက္တာေပါ့လို႔။ ေ႐ႊကူ႕မွာအနည္းပူလာရသလို လက္တို႔တြင္လဲေခြၽးေစးေလးေတြေတာင္ျပန္ေနၿပီျဖစ္သည္။ ဒါေပမယ့္အကိုေလးကေ႐ႊကူ႕လက္ေလးကိုမလႊတ္ေပးေသးပဲ ကိုင္ထားၿမဲပင္။ ေ႐ႊကူ႕ရင္ေတြခုန္ေနရလြန္းလြန္း ႏွလုံးေရာဂါေတြေတာင္ျဖစ္ေတာ့မွာပဲ အကိုေလးရယ္။
"ကိုယ္ႀကိမ္ေျပာခဲ့ဖူးတယ္ ေကာင္မေလးကိုစိတ္ဆင္းရဲေအာင္မလုပ္ပါဘူးလို႔"
အကိုေလးကေ႐ႊကူ႕မ်က္လုံးတို႔ကိုရင္ဆိုင္မၾကည့္ေတာ့ပဲ ေခါင္းႀကီးေအာက္သို႔ငုံ႕သြားေလေတာ့သည္။
"ကိုယ္ေလအခါခါႀကိမ္ဆိုခဲ့တာ ေကာင္မေလးကိုစိတ္ခ်မ္းသာေအာင္ထားမယ္ ေကာင္မေလးကိုကိုယ့္အရိပ္ေအာက္မွာအလွဆုံးပန္းေလးအျဖစ္ျပဳစုပ်ိဳးေထာင္မယ္ေပါ့ ဒါေပမယ့္ကိုယ္ေလ..ကိုယ္.. ေကာင္မေလးကိုအဲ့အရာေတြမလုပ္ေပးနိုင္ခဲ့ဘူး ေကာင္မေလးကိုစိတ္ဆင္းရဲေအာင္ပဲကိုယ္လုပ္ခဲ့မိတယ္"
ေ႐ႊကူ႕လက္ဖမိုးေလးေပၚ ေပါက္ခနဲက်လာသည့္အရာေၾကာင့္ အကိုေလးငိုေနမွန္းေ႐ႊကူမွန္းမိလိုက္ေတာ့သည္။ အကိုေလးရယ္တာဝန္ေက်ေနပါၿပီ အကိုေလးရဲ႕လုပ္ရပ္ေတြကေ႐ႊကူ႕အေပၚအရမ္းၿပီးျပည့္စုံစြာကိုတာဝန္ေက်ေနပါၿပီ။
"ကိုယ္ကေလ ေကာင္မေလးဘာပဲလုပ္လုပ္ခ်စ္ေနရၿပီးမ်က္စိေအာက္ကကိုအေပ်ာက္မခံနိုင္တာပါကြာ ကိုယ္သဝန္တိုလြန္းၿပီးေကာင္မေလးကိုညေနကလဲ မလိုအပ္ပဲစိတ္ဒဏ္ရာေပးမိခဲ့တယ္ ကိုယ္ေတာင္းပန္ပါတယ္ကြာ ကိုယ္တဂယ္ေတာင္းပန္ပါတယ္ေကာင္မေလးရယ္.. ကိုယ္တဂယ္မသိခဲ့ဘူးေကာင္မေလးမွာအင္းက်ီမ်ားမ်ားစားစားမရွိတာကို ေကာင္မေလးကိုလိုေလေသးမရွိေအာင္ထားမယ္ဆိုၿပီး ကိုယ္ကဘာမွမလုပ္ေပးနိုင္ခဲ့ဘူး.."
ေ႐ႊကူအခုဘယ္လိုလုပ္ရမလဲဟင္။ ေ႐ႊကူအကိုေလးကိုဘယ္စကားလုံးေတြနဲ႕သုံးၿပီးႏွိစ္သိမ့္ေပးရပါ့မလဲဟင္။
"ကိုယ္ကသဝန္တိုဖို႔ပဲသိတဲ့ေကာင္ပါကြာ.. အရမ္းခ်စ္ပါတယ္ဆိုၿပီးေကာင္မေလးကိုဂ႐ုမစိုက္ခဲ့မိဘူး "
အကိုေလးေ႐ႊကူ႕ကိုဂ႐ုစိုက္ပါတယ္ ေ႐ႊကူကသာအကိုေလးရဲ႕ဂ႐ုစိုက္မႈေတြကိုမျမင္မိခဲ့႐ုံပါအကိုေလးရယ္။
ကြန့္ျမဴးေကာင္မေလးရဲ႕လက္ခေလးကို တျမတ္တနိုးဆုတ္ကိုင္ထားရင္းမွ ေကာင္မေလးကိုၾကည့္မိေတာ့ေကာင္မေလးကလဲငိုေနသည္ျဖစ္သည္။ မ်က္ႏွာအုအုေလးကိုဆြဲယူေမာ့ကာ မ်က္ရည္ေတြသုတ္ေပးမိေတာ့သည္။ ေကာင္မေလးရယ္ ဘာလို႔ငိုရတာလဲကြာ။
"ေကာင္မေလးကိုကိုယ္ခ်စ္တယ္"
အို.. အကိုေလးရယ္ေ႐ႊကူ႕ရင္ထဲၾကည္ႏူးလိုက္တာအကိုေလးရယ္...
ေကာင္မေလးကထပ္မံ၍ မ်က္ရည္ေတြတသြင္သြင္စီးက်ေနသည္မို႔ ကြန့္ျမဴးဘာေျပာ၍ေျပာရမွန္းမသိျဖစ္သြားေတာ့သည္။ ကိုယ့္ကိုေၾကာက္လို႔ငိုေနတာမ်ားလား ကိုယ္မဆင္မျခင္ေျပာမိတဲ့စကားေတြေၾကာင့္ငိုေနတာလားေကာင္မေလးရယ္။ သို႔ေပမယ့္လဲမ်က္ဝန္းေလးေတြက ႏူးႏူးညံ့ညံ့ေလးႏွင့္ရွိေနသည္ေၾကာင့္ ကြန့္ျမဴးအနည္းငယ္ေပ်ာ္သြားရေတာ့သည္။
"ကိုယ့္ကိုယုံေပးလို႔ရမလား ကိုယ္ေကာင္မေလးကိုေနာက္ဆိုမေအာ္ေတာ့ဘူးေလေနာ္ သဝန္လဲလြန္တဲ့အထိမတိုေတာ့ဘူး ကိုယ္အကုန္ဆင္ျခင္ပါ့မယ္ေနာ္..ကိုယ့္ကိုယုံပါေနာ္"
ေ႐ႊကူအျဖစ္ကေလ ကိုယ့္Crush ကကိုယ့္ကိုျပန္ႀကိဳက္ေနတဲ့အျဖစ္မ်ိဳးပါလားေနာ္။ ေ႐ႊကူမေမွ်ာ္မွန္းရဲခဲ့တဲ့ခ်စ္ျခင္းမ်ိဳးနဲ႕ကို ေ႐ႊကူကအခ်စ္ခံေနရတာပါလား။ ထိုအခ်စ္ေတြကလဲ ေ႐ႊကူသိပ္ကိုခ်စ္ရလြန္းတဲ့အကိုေလးဆီကတဲ့ေလ။ ေ႐ႊကူကအေပ်ာ္လြန္ၿပီးငိုမိတာပါအကိုေလးရယ္။
"ေကာင္မေလး .."
အကိုေလးကေ႐ႊကူ႕ကိုမ်က္ရည္ေတြသုတ္ေပးလာျပန္သည့္အခါ ေ႐ႊကူအသိေလးနဲနဲျပန္ဝင္လာခဲ့ေတာ့သည္။
"ေ႐ႊကူ႕ကိုစိုးရိမ္လို႔ရတယ္ ဒါေပမယ့္ခ်စ္လို႔မရဘူးအကိုေလး"
ကြန့္ျမဴးလက္ခေလးကို ျပန္၍ဆုတ္ကိုင္ထားလိုက္ေတာ့သည္။ ေကာင္မေလးကိုယ့္လက္ထဲကလြတ္သြားလို႔မျဖစ္ဘူး။
"ကိုယ့္အခ်စ္ကိုမယုံလို႔လားကြာ"
"ေ႐ႊကူဘယ္လိုယုံရမွာလဲ ေ႐ႊကူတို႔ကေမာင္ႏွမေတြေလ "
"ကိုယ္တို႔ကေမာင္ႏွမအရင္းေတြမဟုတ္ဘူးေလ"
ေ႐ႊကူကိုယ္တိုင္ဒီစည္းႀကီးႏွင့္ကာမိျပန္သည္။ ေ႐ႊကူယခုမွာပူထူေနရကာ ရင္ခုန္တာေတြေရာ ေပ်ာ္တာေတြေရာ မျဖစ္နိုင္သည့္လူႏွစ္ေယာက္ဟူေသာအသိစိတ္တို႔ႏွင့္ ခံစားခ်က္ေတြဗ်ာမ်ားေနရေတာ့သည္။ ေသခ်ာတာက မူေနတာလဲပါမွာေပါ့ေလ။
"ဟင့္အင္း ..ေ႐ႊကူတို႔ကေမာင္ႏွမေတြ"
"ေကာင္မေလးကိုကိုယ္တို႔တရားဝင္မေမြးစားရေသးဘူးေလ အဲ့ေတာ့ကိုယ္တို႔ကေမာင္ႏွမလုံးဝမဟုတ္ဘူး ကိုယ္တို႔ခ်စ္သူေတြျဖစ္လို႔ရတယ္ေလေကာင္မေလး"
ေ႐ႊကူ႕ရင္ထဲကတစ္ခုတည္းေသာ အေျဖေလးျဖစ္တဲ့ ..
"အကိုေလးကိုလဲခ်စ္ပါသည္"
ဆိုသည့္စကားေလးကို ေ႐ႊကူသိမ္းဆည္းထားမိေတာ့သည္။ ေမေမႀကီးတို႔ရွိေသးတယ္ေလအကိုေလးရယ္ ေ႐ႊကူဘယ္လိုလုပ္ရမလဲဟင္။ ေ႐ႊကူအခုခ်က္ခ်င္းႀကီးအေျဖေပးလိုက္ခ်င္ေပမယ့္လဲ ေ႐ႊကူစဥ္းစားခ်င္ေသးတယ္ေလအကိုေလးရယ္။
ေကာင္မေလးကကြန့္ျမဴးကိုမၾကည့္ေတာ့ လက္ကိုလဲအတင္း႐ုန္း၍ ဖယ္ခြာသြားသည္ေၾကာင့္ကြန့္ျမဴးလက္ေတြမွာ ပခုံးေသးေသးေလးႏွစ္ဖက္ဆီ တစ္ဖန္ျပန္ေရာက္သြားေတာ့သည္။ ေကာင္မေလးကမ်က္ႏွာေလးရဲေနသလို လက္ေလးေတြကကိုယ္ကိုင္ထားသည့္အခ်ိန္ထဲက ေအးစက္လာသည္ေၾကာင့္ ကြန့္ျမဴးရိပ္မိလိုက္သည္။ေကာင္မေလးစိတ္လႈပ္ရွားေနၿပီဆိုတာ။
"ေကာင္မေလးကိုယ့္ကိုမခ်စ္ဘူးလား ကိုယ့္ကိုမခ်စ္လို႔လားဟင္ "
"အဲ့လိုလဲမဟုတ္ပါဘူး .."
ေ႐ႊကူေျဖမိၿပီးမွ မ်က္လုံးေလးျပဴးသြားရေတာ့သည္။ေ႐ႊကူရယ္နင္ေတာ့စကားမွားၿပီပဲ။ ငိုေနတာေတြေတာင္ရပ္သြားရကာ အကိုေလးအေတြးမေပါက္ပါေစနဲ႕လို႔ဆုေတာင္းမိေပမယ့္မျပည့္သြားေပ။ ေ႐ႊကူအခုအကိုေလးရဲ႕ရင္ခြင္ထဲသို႔အလွ်င္အျမန္ပင္က်ေရာက္သြားၿပီမလား။
"ကိုယ္ေပ်ာ္လိုက္တာေကာင္မေလးရယ္ "
"ေ႐ႊကူစကားမွားသြား႐ုံပါ အကိုေလးလႊတ္..ေ႐ႊကူ႕ကိုအဲ့လိုႀကီးမဖက္နဲ႕"
"ေျပာၿပီးစလစ္နာမ္ပါတ္တစ္ပဲ စကားဆိုတာေျပာၿပီးရင္ျပန္ျပင္လို႔ရေတာ့တာမဟုတ္ဘူးကြ အထူးသျဖင့္ဒီလိုခ်စ္စကားေတြပဲ "
"အို.. ေ႐ႊကူမၾကားဖူးပါဘူး"
"အဲ့လိုရွိတယ္ေလ ကိုယ့္ကိုယုံတယ္မလား"
"ဟင့္အင္း..မယုံဘူး လႊတ္ပါ.. လႊတ္ေပးပါအကိုေလးရယ္ေ႐ႊကူတို႔မျဖစ္နိုင္ဘူးလို႔ေျပာၿပီးၿပီေလ ေ႐ႊကူ႕ကိုအဲ့လိုႀကီးမလုပ္ပါနဲ႕"
"ကိုယ္ေကာင္မေလးကိုတာဝန္ယူမွာပါ ကိုယ့္စကားေတြကိုကိုယ္အဆုံးထိတာဝန္ယူမွာမလို႔ ကိုယ့္ကိုျပန္ခ်စ္ေပးပါကြာေနာ္.."
ဒါမ်ိဴးက်ေတာ့အကိုေလးတို႔ကစကားတတ္သားေနာ္။
"မခ်စ္ဘူး အကိုေလးတာဝန္ယူစရာလဲမလိုဘူး ေ႐ႊကူ႕ကိုလႊတ္လို႔"
႐ုန္းေနသည့္ေကာင္မေလးက အားမကုန္ဘူးလားမသိဘူးကြာ။ လက္သီးေသးေသးေလးနဲ႕ထုေတာ့လဲ ကိုယ္ကနာမွမနာပဲ။ ေကာင္မေလးလဲကိုယ့္ကိုခ်စ္ေနမွန္း ကိုယ္သိပါတယ္ကြာ။ စကားလုံးေတြနဲ႕သာညာလို႔ရခ်င္ရမယ္ မ်က္ဝန္းေတြကညာလို႔ရတာမွမဟုတ္ပဲေလ။ ေကာင္မေလးရဲ႕မ်က္ဝန္းေလးတစ္ခ်က္ၾကည့္လိုက္႐ုံနဲ႕ ကိုယ္သိၿပီးသား ေကာင္မေလးလဲကိုယ့္ကိုခ်စ္တယ္ဆိုတာ။
ေ႐ႊကူ႕ကိုဖက္ထားသည္မွလႊတ္ေပးသည္ႏွင့္ ေ႐ႊကူေျပးရန္ႀကံလိုက္ေတာ့သည္။
"အေမ့.."
ေ႐ႊကူ႕ကိုေပြ႕လိုက္သည့္အကိုေလးေၾကာင့္ ေ႐ႊကူလန့္သြားရကာ အကိုေလးလည္ပင္းတို႔ကိုဖက္တြယ္ထားမိေတာ့သည္။ ဒါကိုေ႐ႊကူ႕ကိုၾကည့္ကာ ရယ္ေနသည့္အကိုေလးေၾကာင့္ ေ႐ႊကူရွက္စိတ္ေလးေတြျဖန္းခနဲျဖစ္သြားရေတာ့သည္။ေ႐ႊကူလဲခ်စ္ေနရတယ္ဆိုတာ အကိုေလးသိသြားၿပီမ်ားလား။
"အကိုေလးဘာလုပ္တာလဲ "
"နမ္းမလို႔.."
"ႁပြတ္"
"အြန့္"
ေ႐ႊကူ႕ကိုဆိုဖာေပၚခ်ေပးလာသည့္အကိုေလးက ေ႐ႊကူ႕ဆီတိုးကပ္လာကာ မထင္မွတ္ထားသည့္အျပဳမူတစ္ခုကိုျပဳလုပ္သြားေတာ့သည္။ စကားလုံးနဲ႕အရင္အသိေပးေပမယ့္လဲ ေ႐ႊကူျငင္းခ်ိန္ေလးေတာင္မရ အနမ္းခံလိုက္ရေတာ့သည္။
ေ႐ႊကူတစ္သက္နဲ႕တစ္ကိုယ္အနမ္းမခံရဖူးသည့္ႏႈတ္ခမ္းေလးဟာလဲ အကိုေလးရဲ႕ႏႈတ္ခမ္းႏြေးႏြေးတို႔ႏွင့္ထိေတြ႕၍ အနမ္းခံလိုက္ရေတာ့သည္။ ေ႐ႊကူ႕ရဲ႕ဦးဦးဖ်ားဖ်ားပထမဆုံးအနမ္းေလးကို ခ်စ္ရသူအကိုေလးကပိုင္ဆိုင္သြားသည္ေၾကာင့္ေပ်ာ္မိသလို တစ္ဖက္တြင္လဲရွက္လြန္းလို႔အေငြ႕ပ်ံ၍ပင္ေပ်ာက္ကြယ္သြားခ်င္မိေတာ့သည္။
ေကာင္မေလးရဲ႕ႏႈတ္ခမ္းေလးေတြဟာအိေထြးေနမွန္း ကြန့္ျမဴးပါးကိုအနမ္းခံလိုက္ရသည့္အခ်ိန္ထဲက သိရွိသြားေပမယ့္လဲ ဒီေလာက္ထိခ်ိဳၿမိန္ၿပီးအိစက္ေနမည္ဟုေတာ့မေတြးထားမိခဲ့ေပ။
ေကာင္မေလးရဲ႕ႏွစ္ခမ္းပါးေလးႏွစ္လႊာကို ကြန့္ျမဴးမက္ေမာစြာနမ္းရွိုက္၍ အခ်စ္ေတြျဖင့္တံဆိပ္ေလးရိုက္ခက္ေနမိေတာ့သည္။ ခါးေလးမွသိမ္းက်ဳံးဖက္တြယ္ထားသလို လည္တိုင္တြင္လဲထိန္းကိုင္ထားသည့္အခါ ေကာင္မေလးက႐ုန္းေနေပမယ့္လဲအရာမဝင္စြာ ကြန့္ျမဴးရဲ႕အနမ္းေတြေအာက္ရွိေနေလသည္။ စိတ္ႀကိဳက္မနမ္းလိုက္ရေပမယ့္လဲ ေကာင္မေလးေၾကာက္သြားမည္ဆိိုး၍ ကြန့္ျမဴးခဏအၾကာေတာ့လႊတ္ေပးလိုက္ေတာ့သည္။ ရင္ဘက္ဆီလက္သီးေလးအပ္ႏွင္၍ ကြန့္ျမဴးကိုမၾကည့္ေတာ့ပဲေခါင္းႀကီးငုံ႕ထားေလေတာ့သည့္ေကာင္မေလးေၾကာင့္ အခ်စ္ေတြပိုေနရေတာ့သည္။ ေကာင္မေလးရယ္ကိုယ့္ခ်စ္ရလြန္းလို႔ ဘယ္လိုလုပ္ရမလဲကြာ။
"ေကာင္မေလး.."
"အကိုေလးကိုဘယ္သူကနမ္းခြင့္ေပးခဲ့လို႔လဲ.. ေ႐ႊကူခြင့္ျပဳခဲ့မိလို႔လား.. ေ႐ႊကူကိုခ်စ္ပါတယ္လို႔အေျဖေပးမိခဲ့လို႔လား ဟင့္.. ေ႐ႊကူ႕ကိုဘာလို႔အဲ့လိုႀကီးနမ္းရတာလဲ ေ႐ႊကူခြင့္ျပဳခဲ့လို႔လားလို႔.."
"ကိုယ္စိတ္မထိန္းနိုင္လို႔ပါကြာ ကိုယ္က.."
"ေကာင္မေလး "
အိပ္ခန္းထဲသို႔ေျပးဝင္သြားသည့္ေကာင္မေလးေနာက္လိုက္ေပမယ့္လဲ မမွီေတာ့တံခါး lock ခ်ထားၿပီျဖစ္ေတာ့သည္။
"အကိုေလးျပန္ပါေတာ့ ေ႐ႊကူ႕ကိုဒီေလာက္အနိုင္က်င့္ရေတာ္ပါေတာ့ေနာ္ ေ႐ႊကူတစ္ေယာက္ထဲေနခ်င္လို႔ပါ အကိုေလးျပန္ပါေတာ့"
"ကိုယ္ေတာင္းပန္ပါတယ္ကြာ ကိုယ္အနိုင္က်င့္တာမဟုတ္ပါဘူး ကိုယ္ကခ်စ္လြန္းလို႔နမ္းမိသြားတာပါကြာ. "
"ေ႐ႊကူတစ္ေယာက္ထဲေနခ်င္တယ္လို႔ေျပာေနတယ္ေလ အကိုေလးျပန္ေတာ့ဟင့္.."
ေကာင္မေလးကျပန္ခိုင္းေနသည့္အခါကြန့္ျမဴးအထြန့္မတတ္ေတာ့ပဲ အခန္းသို႔ျပန္လာခဲ့လိုက္ေတာ့သည္။ အငိုလြန္ၿပီးသတိလက္လြတ္ျဖစ္သြားလွ်င္ ဒုကၡေရာက္ရမည့္လူကေကာင္မေလးအျပင္မရွိဘူးမလား။ ကိုယ္စိတ္ေလာသြားတယ္ေကာင္မေလးရယ္ အခ်စ္လြန္ၿပီးစိတ္ေတြေလာမိသြားျပန္ၿပီကြာ..။
ေ႐ႊကူ႕ကိုအခ်ိန္ေလးနဲနဲေပးရင္ေ႐ႊကူစဥ္းစားဟန္ျပဳၿပီး အေျဖေပးမွာေပါ့အကိုေလးရယ္။ ဒါေလးေတာင္မေစာင့္ေပးနိုင္ဘူးလားဟင္။ ေ႐ႊကူ႕ကိုနမ္းမယ္ဆိုလဲခြင့္ေတာင္းေရာေပါ့ ေ႐ႊကူခြင့္ျပဳမွနမ္းေရာေပါ့။
အခုေတာ့စိတ္ဆိုးေနတုန္း ႐ုတ္တရက္ႀကီးေရာက္လာၿပီးခ်စ္ေၾကာင္းလာေျပာတယ္ ေ႐ႊကူ႕မွာမူခ်ိန္ေတာင္မရ ခ်က္ခ်င္းအေျဖေတာင္းခံရတယ္ စဥ္းစားခ်ိန္ေလးေတာင္မေပးသည့္အျပင္ သမီးရည္းစားေတြလိုကတစ္ခါထဲအနမ္းခံလိုက္ရေသးသည့္အျဖစ္ကိုေတြးမိေတာ့ ေပ်ာ္ရမလိုငိုရမလိုျဖစ္သြားရေတာ့သည္။ ေ႐ႊကူကိုယ္တိုင္ကရင္ခုန္စြာနဲ႕ခ်စ္ပါတယ္လို႔ အေျဖေလးေပးခ်င္တာကိုအကိုေလးက ဘာလို႔မေစာင့္ေပးရတာလဲလို႔။ ပထမဆုံးအနမ္းကို ေ႐ႊကူကအခုလိုႀကီးေ႐ႊကူအေျဖမေပးရေသးပဲ အကိုေလးကိုမေပးခ်င္ဘူးေလ။ အကိုေလးသိရဲ႕လား အကိုေလးဖြင့္ေျပာတဲ့အခ်ိန္ထဲက ေ႐ႊကူကဘယ္လိုေလးအေျဖျပန္ေပးမယ္ရယ္ ေ႐ႊကူ႕တို႔ဘယ္ေနရာေလးေတြအထိေလွ်ာက္လည္မယ္ဆိုတာပါ ေတြးထားခဲ့ၿပီဆိုတာေလ။
ေ႐ႊကူခဏေလာက္ငိုၿပီးမွ ေျဖးေျဖးခ်င္းစိတ္ေျဖလိုက္ေတာ့သည္။ အကိုေလးကိုေနာက္ေန႕လဲေရွာင္ေနအုံးမည္ဟုေတြးထားပါသည္။ ေ႐ႊကူ႕ကိုခ်စ္ပါတယ္ ျမတ္နိုးပါတယ္ေျပာၿပီးတန္ဖိုးမထာတဲ့အကိုေလးကို ေ႐ႊကူနဲနဲေလာက္ေတာ့ပစ္ထားအုံးမည္ျဖစ္သည္။
မမျဖဴငယ္တို႔မျပန္ခင္ အကိုမင္းေနာင္တို႔ႏွင့္ အားလုံးစုံစုံညီညီထမင္းစားၾကမည္ျဖစ္သည္။ တဂယ္ကဒီေန႕ျပန္ၾကမွာဆိုေပမယ့္ ဒီေန႕တစ္ရက္ေလးေနေပးဖို႔ လြန္းငယ္ကေျပာထားလို႔အားလုံးက အလုပ္ေတြပစ္၍ေနေပးျခင္းျဖစ္သည္။ ဦးတို႔စကားေျပာေနၾကစဥ္ လြန္းငယ္မုန့္စားခ်င္၍ ထမင္းစားဝိုင္းေဘးတြင္ တင္ထားေသာမုန့္ေတြဆီသြား၍ စားခ်င္တာမ်ားေ႐ြးယူလိုက္သည္။
"ဟြန့္အဲ့တာငါ့မုန့္"
"မရဘူး ဒါေရာင္နီအရင္ယူတာ "
"လင္းေရာင္နီ ဒါငါ့မုန့္ပါဆို"
"မရဘူး အေဒၚေလးျဖစ္လဲဂ႐ုမစိုက္ဘူး ေရာင္နီအရင္ယူတာေရာင္နီ႕မုန့္ပဲ"
"ဒါငါ့အတြက္ ငါ့ဦးဝယ္ေပးထားတာ "
"လူႀကီးကေျပာတာ ဒီမုန့္ေတြကႀကိဳက္တဲ့လူစားလို႔ရတယ္တဲ့ "
"ဟြန့္..ဦး "
လြန္းငယ္လဲအရႈံးမေပး ဦးကိုလွမ္းတိုင္ရန္ေခၚလိုက္စဥ္..
"ကဲပါ ဒါေ႐ႊကူယူလိုက္မယ္ "
ၾကားထဲမွေ႐ႊကူကယူသြားေတာ့ ႏႈတ္ခမ္းနဲ႕လာထိုးေနတဲ့ အေဒၚေပါက္စေၾကာင့္ ေရာင္နီလွ်ာထုတ္ေျပာင္၍ မုန့္ေကာက္ယူကာျပန္လာခဲ့လိုက္သည္။
လြန္းငယ္ရယ္ ေ႐ႊကူရယ္ ေရာင္နီရယ္က႐ြယ္တူေတြျဖစ္ၾကေတာ့ အေျပာအဆိုအဆင္ေျပသလိုသုံးႏႈန္း၍ေျပာၾကသည္။ ဦးမင္းေနာင္ရဲ႕ေမြးစားသားျဖစ္သည့္ေရာင္နီႏွင့္က ေတြ႕တာမၾကာေသးေပမယ့္သူငယ္ခ်င္းအရင္းေတြလိုခင္ၾကသည္။ ဟီး တစ္ခါတစ္ေလ ဒီလိုရန္ေလးနဲနဲေတာ့ျဖစ္တတ္တာေပါ့ ၿပီးရင္ေတာ့ျပန္တည့္ၾကပါတယ္ေလ။
"ဘယ္လိုလဲ ေဝစုတည့္ခဲ့ၿပီလားေကာင္ေလး"
"ေရာင္နီဦးထားတဲ့မုန့္ကို သူကအတင္းယူတာလူႀကီးရဲ႕"
"ဦး .."
"ဟုတ္တယ္ ကိုယ့္ခေလးေလးယူထားတဲ့မုန့္ကို လာလုေနတာမလား"
"အြန္း"
"ဖေအဝမ္းကြဲ ဘက္မလိုက္နဲ႕ေနာ္"
"ဟ အကိုရလုပ္အုံးဗ် ကြၽန္ေတာ္တို႔က ကေလးေတာင္မေမြးရေသးဘူးေနာ္ ဘယ္ကသားဝမ္းကြဲေတြရသြားတာလဲ"
"လူႀကီးကေရာင္နီ႕ေမြးစားအေဖေလ အေဖရဲ႕ညီဆိုေတာ့ဖေအဝမ္းကြဲေပါ့ "
"ငါ့ဦးကိုဘာဖေအဝမ္းကြဲလဲ "
လြန္းငယ္မ်က္ေစာင္းေလးထိုးၿပီးမွ ႐ုပ္ေလးေျပာင္လိုက္ကာ...
"ဒါဆိုငါ့ကို အေမေလးဝမ္းကြဲလို႔ေခၚ"
"လြန္းငယ္ နင္.."
"ေအးေလ ေခၚစမ္းပါ အေမေလးဝမ္းကြဲလို႔..."
"ငါမုန့္နဲ႕ ေကာက္ေပါက္လိုက္ရ"
"ေပါက္ေပါ့ အဲ့မုန့္စားပစ္မွာေနာ္ငါက"
"ကဲဒီေမာင္ႏွမေတြေတာ္ပါ ၿပီးရင္သူတို႔ပဲသူငယ္ခ်င္းေရနဲ႕ျပန္တည့္သြားၾကၿပီးေတာ့.."
ထိုအခါမွၿငိမ္က်သြားသည့္ ႏွစ္ေယာက္ေၾကာင့္ ေ႐ႊကူလဲၿပဳံးေနမိသည္။ ဒီႏွစ္ေယာက္နား တစ္ရက္ေလာက္ေနရင္ကို ဘယ္လိုေတြလဲဆိုတာသိတယ္ေလ။ တည့္လိုက္ကိုက္လိုက္ပဲ မဂၤလာပြဲေန႕ကလဲမလွဘူးေျပာလို႔တဲ့ လြန္းငယ္ကပန္းစီးနဲ႕ေကာက္ေပါက္ေသးတယ္ ၿပီးေတာ့လဲပန္းစီးႀကီးကိုင္ၿပီး ႏွစ္ေယာက္သားဓာတ္ပုံေတြရိုက္လို႔ေလ။ ရယ္ခဲ့ရပါသည္။
"ဟြန္ စေတာ္ဘယ္ရီ အရသာႀကီး"
"လိေမၼာ္ အရသာႀကီး"
မုန့္ထုတ္အၿပိဳင္ေဖာက္ၿပီး မႀကိဳက္လို႔ေအာ္ေနၾကတဲ့ႏွစ္ေယာက္က ဇာတ္တိုက္ထားသည့္အလားၿပိဳင္တူျဖစ္ေနေလသည္။
"အဲ့ဘက္ကတစ္ေယာက္ လဲမွာလား"
"အြန္း လဲေပးမွာလား"
ထိုအခါရယ္၍ၾကားထဲကလူေတြေက်ာ္ကာ မုန့္ထုတ္ခ်င္းလွဲလွယ္ေနၾကသည့္ ႏွစ္ေယာက္ေၾကာင့္ က်ိတ္ရယ္ေနၾကသည္မွာ အခန္းထဲရွိသမွ်လူ အကုန္ျဖစ္ေလသည္။
"ေဖာက္ေပးမယ္ေလ"
"ေ႐ႊကူဒီမုန့္မစားေတာ့ဘူး"
ေဖာက္ရခက္သည့္အိတ္ကိုေဖာက္ေနသည့္ ေကာင္မေလးေၾကာင့္ေမးမိေတာ့ တုံးတိကိုေျဖလာေလသည္။ စိတ္ဆိုးမေျပေသးဘူးလားကြာ ေကာင္မေလးရာ။ ကိုယ့္ကိုဘာလို႔ဒဏ္ခက္ေနရတာလဲကြာ။ စကားမေျပာတာလဲ မေန႕ကအျဖစ္ၿပီးထဲက ဒီညေတာင္ေရာက္ေနၿပီျဖစ္ေတာ့သည္။ ကိုယ္ကမၻာပ်က္ေနတယ္ဆိုတာေကာင္မေလးသိရဲ႕လားကြ။
ေပ်ာ္စရာေတြေျပာလိုက္ ထမင္းေလးစားလိုက္ႏွင့္ ထမင္းဝိုင္းေလးက အသက္ဝင္လွစြာဆူညံ့ေနေလသည္။ ေ႐ႊကူ႕ကိုအကိုခြန္းေစရာတို႔ႏွင့္စကားဝိုင္းဖြဲ႕ေျပာေနသည့္ေနရာမွ လွမ္းလွမ္းၾကည့္ေနသည့္အကိုေလးေၾကာင့္ အနည္းငယ္ေတာ့စိတ္ေက်နပ္ရသည္။ မွတ္ပလားလို႔ ေ႐ႊကူ႕ကိုႏႈတ္ခမ္းေပါက္ေအာင္နမ္းတဲ့အကိုေလး မေခၚပဲကိုေနပစ္အုံးမယ္။ အကိုေလးေၾကာင့္ေ႐ႊကူ႕မွာမမျဖဴငယ္နဲ႕လြန္းငယ္ဘယ္ေတာ့မ်ား ႏႈတ္ခမ္းေလးေရာင္ေနတာကိုသိၿပီး ေမးလာမလဲနဲစိုးရိမ္ေနရတာေလ။ ဟြန့္မေခၚေသးဘူးၾကည့္ေန ေ႐ႊကူ႕ကိုမေန႕ကလႈပ္မရေအာင္ခ်ဳပ္ၿပီးနမ္းတဲ့အတြက္ ေ႐ႊကူလဲအခုအနားမကပ္ရဲေအာင္မ်က္ႏွာတည္ၿပီးစိတ္ဆိုးျပမယ္ၾကည့္ေန။
Words 3938
21.9.2023 7:15pm
ဆက္လက္ႀကိဳးစားသြားပါမည္။