True Love 💭❤ အပိုင်း - ၂၇
(Unicode)
ရွှေကူညကစိတ်လေးအနည်းငယ်ပြေသွား၍ ထမင်းစားရန်အောက်သို့ဆင်းလာခဲ့သည့်အချိန်အကိုလေးဂိမ်းဆော့နေတာနှင့်တိုးလေသည်။ ရွှေကူနောက်တွင်ရောက်နေမှန်းမသိသည့်အကိုလေးက မနက်လွန်းငယ်တို့မင်္ဂလာပွဲကိုမသွားချင်ကြောင်း ရှုပ်သည်ဟုသောစကားများကို အကိုလေးသူငယ်ချင်းတွေဆီပြောပြနေတော့သည်။ ရွှေကူကအရူးမကြီးဖြစ်ခဲ့တာထင်ပါသည်။ အကိုလေးကိုရွှေကူ့အပေါ်နားလည်သည် ရွှေကူ့ကိုဂရုစိုက်သည်ဟုသာတွေးထင်ခဲ့မိသည်မှာ မှားသွားခဲ့ပါသည်။
အကိုလေးကပြန်ရောက်လာသည့်နေ့ထဲက ရွှေကူ့ကိုနဲနဲကြမ်းတမ်းစွာဆက်ဆံလာသည်ကိုလဲရွှေကူသတိထားမိပါသည်။ ရွှေကူကချစ်ရသူပါ အကိုလေးဘယ်လိုပြုမူနေပါစေ ရွှေကူ့အချစ်တွေကမပြောင်းလဲဘူးဆိုပေမယ့်လဲ အကိုလေးရဲ့အခုပုံစံကြီးကိုတော့ကြောက်မိပါသည်။ တစ်ဆက်တည်းရွှေကူသိလိုက်ရသည်က ရွှေကူကအကိုလေးတို့အသိုင်းဝိုင်းနှင့်မအပ်ဆက်ဘူးဆိုတာပင်။ လှချင်သည်ကြောင့်ဒေါင်းယောင်ဆောင်မိသလိုဖြစ်သွားသည့်ရွှေကူ့ကို အကိုလေးကအလင်းပြပြီးအိမ်မက်မှနိုးထစေခဲ့သည်မဟုတ်လား။
မခေါ်တော့ပါဘူးအကိုလေးရယ် အကိုလေးမပါလဲဘာဖြစ်လဲ ရွှေကူကနောက်ဆိုတစ်ယောက်ထဲရှင်သန်ရတော့မှာလေ အကိုလေးဘေးမှာမရှိလဲရွှေကူနေနိုင်အောင် အခုထဲကကြိုကျင့်ထားရတော့မှာပေါ့။ ရွှေကူကားနောက်ခန်းတွင် မှန်လေးချ၍ငေးမောရင်းပါလာသည်မှာ နေပြည်တော်ရောက်လို့ရောက်မှန်းမသိသည့်တိုင်ဖြစ်လှသည်။ အကိုလေးရဲ့စကားလုံးတွေက ရွှေကူ့အတွက်အရာရာကိုဂရုမစိုက်မိသည်အထိ စွမ်းဆောင်နိုင်ခဲ့ပါသည်။
"မမ"
"ဟယ်တူလေးရောမပါဘူးလား"
ရွှေကူ့တို့ဆီလွန်းငယ်တို့အတွဲလေးကလာကြိုလေတော့သည်။
"မပါဘူးလွန်းလေးရေ သူ့အပိုင်မမကိုတစ်ခြားလူကလက်ထပ်မယ်ဆိုလို့ စိတ်ဆိုးပြီးကျန်ခဲ့တယ်"
"ဟယ်တော့.."
"အကိုကနိုးနိုးကိုချွေးမတော်မလို့ပဲ အခုတော့ပိုင်ရှင်ကြီးရှိနေပြီဆိုတော့ လက်လျှော့ရတော့မှာပေါ့"
"အဟွန်း..."
ဘယ်အချိန်ကနောက်မှာရောက်နေမှန်းမသိသည့်ဦးက ချောင်းဟန့်လိုက်မှလွန်းငယ်နောက်လှည့်ကြည့်မိတော့ မျက်နှာကြီးတည်နေလေသည်။
"ကျုပ်သမီးရမှအဲ့ကောင်စုတ်လေးနဲ့ပေးစားတော့မယ် အခုတော့မရဘူးဒီခလေးကကိုယ့်အပိုင်နော်"
"ဦးကလဲ ဘာသမီးလဲ"
"အကိုခမ်းထည်ရေ တော်ကြာယောက်ကျားလေးဖြစ်နေမှဒုက္ခနော် လွန်းလေးနဲ့ဖြူငယ့်လိုဖြစ်နေမယ်"
"ဟား ဟား.. အဲ့တော့လဲပေးစားလိုက်ရုံပေါ့ငယ်ရာ ဘာပဲဖြစ်ဖြစ်ကိုကြီးသားကအကြီးဆိုတော့ Top ပေါ့"
"အဲ့လိုရမလားကွ ကိုယ့်သားကသာ Top"
"အို ..လွန်းငယ်ကမွေးမယ်လို့ပြောမိလို့လား ဦးနော် လာမမသွားမယ် ရွှေကူလာ.."
လွန်းငယ် မရှက်တမ်းစနေကြတဲ့ဦးကိုထားခဲ့ကာ မမဖြူငယ်နှင့်ရွှေကူ့လက်ကိုဆွဲ၍ အဆောက်အအုံထဲသို့ဝင်လိုက်တော့သည်။
"ရွှေကူတစ်ယောက်ထဲလာတာလား အကိုကွန့်မြူးရောမပါဘူးလား"
"အစည်းအဝေးရှိလို့ရွှေကူမခေါ်ခဲ့တာ နောက်မှလိုက်လာလိမ့်မယ်."
"ရန်ဖြစ်ထားကြတာလား"
"မဖြစ်ပါဘူးနော် ရွှေကူနဲ့အကိုလေးကရန်ဖြစ်လောက်တဲ့ထိအဆင့်တန်းချင်းလဲမတူဘူးလေ ရွှေကူမဖြစ်ရဲပါဘူး"
"ရွှေကူကလုပ်ပြီ အဲ့လိုကြီးမသိမ်ငယ်ရဘူးလေ ရွှေကူ့ဘေးမှာမမနဲ့လွန်းလေးရှိတာပဲ "
"အဲ့တာကြောင့်ရွှေကူရန်ကုန်မြို့ကြီးမှာနေနိုင်တာပေါ့ မဟုတ်ရင်လေရွှေကူရွာကိုပြန်လိုက်ပြီ မမဖြူငယ်နဲ့လွန်းငယ်ကြောင့်သာ ရွှေကူအားအင်တွေရပြီးနေနိုင်တာ"
"အကိုကွန့်မြူးတို့ကရွှေကူ့အပေါ်ကောင်းပါတယ် အရင်အိမ်ကမှရွှေကူ့ကိုရက်စက်ကြသေးတယ် အကိုကွန့်မြူးတို့ကျတော့ရွှေကူ့ကိုမိသားစုလိုဆက်ဆံတာလေ ရွှေကူအဲ့အိမ်ရောက်မှ စိတ်ချမ်းသာတာလွန်းငယ်မြင်ဖူးတာ"
လွန်းစကားကိုရွှေကူမလွန်ဆန်နိုင်ပါ။ ဟုတ်ပါသည်အကိုလေးတို့က ရွှေကူ့အပေါ်ကောင်းကြပါသည်။ ဒါပေမယ့်ရွှေကူကအစေခံလေ သခင်တွေအလိုမကျတော့တဲ့တစ်နေ့ရွှေကူထွက်သွားရမှာမို့လား။ အဲ့နေ့ရောက်မလာခဲ့ရင်တောင် အကိုလေးရဲ့အိမ်ထောင်ဖက်နဲ့တွေ့တဲ့တစ်နေ့ အဲ့အိမ်ကြီးကရွှေကူထွက်သွားတော့မယ့်နေ့ဖြစ်သည်။ အခုတောင်အကိုလေးက ရွှေကူ့ကိုအလိုမကျ အကိုလေးရှေ့အမှားတွေလုပ်မိတာများပြီမလား ရွှေကူဖြစ်နိုင်လျှင်ရွာကိုတောင်ပြန်သွားချင်ပါသည်။
ရွှေကူအစကကိုယ့်ကိုမေမေကြီးတို့ရဲ့မွေးစားသမီးဆိုပြီးတွေးထင်ခဲ့ဖူးသည်။ သို့ပေမယ့်မနေ့ကကိစ္စကြောင့် ရွှေကူပြန်သုံးသပ်ခဲ့ပါသည်။ ရွှေကူတို့ကအဆင့်အတန်းချင်းမတူကြဘူးလေ နောက်ဆိုရွှေကူအရင်လိုပေါ်ကျော့မနေတော့ဘူး ထမင်းဟင်းအိမ်အလုပ်ရွှေကူပဲအကုန်လုပ်၍ အန်တီလေးတို့ဆီမှာနေခဲ့သလိုသာနေပါတော့မည်။ ရွှေကူဘေးမှာ ပြည့်စုံတဲ့မိတ်ဆွေတွေရှိနေခဲ့ရင်တောင် နောက်ဆုံးမှာတော့ရွှေကူက ဆင်းရဲတဲ့အိမ်ဖော်မလေးပဲမို့ ရွှေကူကိုယ့်နေရာကိုယ်သိပါတယ်လေ။ အကိုလေးကိုစိတ်ဆိုး၍မဟုတ်ပဲ ဒါတွေကရွှေကူကိုယ့်နေရာကိုသိခဲ့၍သာ ဆုံးဖြတ်ခဲ့ချက်ချခဲ့ခြင်းဖြစ်တော့သည်။
...............
နေ့လည်ပိုင်းတွင်တော့ မင်္ဂလာဓာတ်ပုံရိုက်နေသည့် လွန်းငယ်တို့အတွဲလေးကိုရွှေကူတို့တွေကြည့်နေကြတော့သည်။
ချစ်ကြည်နူးတစ်တစ်တူးနေသည့် စုံတွဲလေးကိုကြည့်၍ရွှေကူပျော်ရပါသည်။ ချစ်စရာကောင်းလိုက်ကြတာနော်။သက်တူရွယ်တူဆိုပေမယ့် လွန်းငယ်ကအချစ်ခံရတာမှတုန်လို့ ဘာဆိုဘာမှလဲမပူရပဲ ချစ်ရတဲ့လူတွေကဘေးမှာ ဝိုင်းပြီးချစ်ပေးကြတာမို့ အားကျရပါသည်။ အကိုခမ်းထည်ကလွန်းငယ်ကိုအတော်ချစ်ရှာတာ မျက်နှာတစ်ချက်မပျက်မခံသလို သူချစ်ကြောင်းထုတ်ပြဖို့ဆိုလဲဝန်မလေးဘူး။ အရမ်းလိုက်ဖက်ညီတဲ့အတွဲလေးကို ဘေးကနေငေးနေခိုက်....
"အမေရေ့"
ရွှေကူ့လက်ကဆွဲခေါ်သွားခြင်းခံရသည်မို့ လူကယိမ်းယိုင်ကာပါသွားလေတော့သည်။ ကျောပြင်ကျယ်ကြီးနဲ့ ဘေးကမြင်ရသည့်ဒီမျက်နှာပုံစံကြောင့် အကိုလေးမှန်းရွှေကူသိလိုက်သည်။
"အ ..."
နေရံဆီတွန်းပို့လိုက်သည်မို့ ရွှေကူပခုံးတို့ကနံရံနှင့်တိုက်မိကာ နာသွားရသည်။
"ဘာလို့စကားနားမထောင်ရတာလဲရွှေကူ"
"ရွှေကူကဘာလုပ်လို့လဲ "
"ကိုယ်မပါပဲဘာလို့ဒီကိုလာရတာလဲ"
"အကိုလေးကအလုပ်များနေတယ်ဆို "
"ပြောမိသလား"
"ရွှေကူကြားတာ "
"ဘယ်နေရာမှာလဲ ကိုယ်ဘယ်နေရာမှာပြောမိလို့လဲ"
"အကိုလေးသူငယ်ချင်းတွေကိုပြောနေတာလေ ရှုပ်တယ်မသွားဘူးရွှေကူနဲ့လဲမလိုက်ဖူးဆို"
"အဲ့တာက "
ညကဟိုကောင်တွေနှင့်ပြောနေတာကြားသွားတာထင်သည်။ ကွန့်မြူးနားကြပ်တပ်၍ညကဂိမ်းဆော့ရင်း သူတို့နှင့် Bar သွားဖို့ပြောသည့်ကောင်တွေကို မနက်သွားစရာရှိကြောင်း မလိုက်နိုင်ကြောင်းရှုပ်တယ်မသွားဘူးဟုပြောလိုက်သည်ကို ကောင်မလေးကကိုယ့်အသံပဲကြားသွားပြီးအဲ့လိုထင်သွားတာပေါ့လေ။ မေးပါအုံးလားကွာကိုယ့်ကိုသေချာအောင်လို့။
ဟွန့်.. လူညစ်ကြီး အခုတော့ဘာမှမပြောနိုင်တော့ဘူးမို့လား။
"ရွှေကူ့ရှေ့ကဖယ်ပါ ဟိုမှာဓာတ်ပုံရိုက်တော့မှာ"
"ဟုတ်တယ်ကိုယ်အဲ့နေ့ကပြောမိသွားတယ် ဒါပေမယ့်အဲ့တုန်းကသူငယ်ချင်းတွေကိုအပျော်ပြောလိုက်တာ မင်းကိုကိုယ်လိုက်မှာပါလို့ ကတိပေးထားတယ်လေ ဘာလို့မပြောပဲသွားရတာလဲကွာ"
ကောင်မလေးအလိုကျသာဖြေလိုက်တော့သည်။ ကိုယ်ရှင်းပြနေရင်ဆင်ခြေပေးတယ်ဖြစ်မှာဆိုးလို့ပါကွာ။
"ရွှေကူ့နောက်ကွယ်မှာပြောတာကအမှန်တွေလေ ရွှေကူတောင်းဆိုလို့လိုက်မယ်လို့ပြောခဲ့တာမလား တဂယ်ကအကိုလေးမလိုက်ချင်ဘူးဆိုတာရွှေကူသိပါတယ် မလိုက်ဖူးဆိုလဲပြောပေါ့ နောက်ကွယ်မှာတော့အဲ့လိုရှုပ်တယ်လို့မပြောသင့်ဘူးလေ မခေါ်ပါဘူး ဒါကရွှေကူ့သူငယ်ချင်း အကိုလေးမပါလဲဘာမှမဖြစ်ဘူး ဖယ်ပေး..."
ဘေးမှလက်ထောက်ထားသည့်အကိုလေးက ရွှေကူ့ကိုဘာမှမပြောပဲကြည့်နေလေသည်။
"ဘယ်လိုလဲရင်ထဲပေါ့သွားပြီလား စိတ်ဆိုးတာတွေအောင့်ထားလို့နေမကောင်းဖြစ်နေပါအုံးဗျာ ခဗျားလေးကလေ တစ်ဂယ်ဇွတ်တရွတ်လေး"
ရွှေကူ့ကိုများ ဇွတ်တရွတ်တဲ့ မကျေနပ်၍မျက်စောင်းလေးထိုးပစ်တော့ ရယ်နေလေသည်။
"ကိုယ်မှားသွားတယ်ဟုတ်ပြီလား "
ရွှေကူဘာမှမပြောပဲ ငြိမ်နေလိုက်သည်။
"ဘာလို့အလှတွေပြင်ထားတာလဲ အလှမပြင်ရဘူးလို့ကိုယ်ပြောထားတယ်လေ စကားဘာလို့နားမထောင်တာလဲရွှေကူ"
"ရွှေကူကမိန်းခလေးပါ လှချင်တယ် ရွှေကူကမလှလို့အလှပြင်မိတာမှားသွားတာလား"
"မှားနေပါတယ်လို့ ကိုယ်ပြောမိလား"
"အကိုလေးအမြင်မှာရွှေကူ့ပုံစံက ရယ်စရာပုံစံဖြစ်နေတယ်မလား ဟင့်.. ဖယ်"
"ဟာ ဟေ့.."
ဘာပြောရသေးလို့လဲကွာ လှလွန်းလို့အလှမပြင်စေချင်တာပါကွာ။ မလှဘူးလို့ပြောတာမှအဟုတ်ပဲ။ ဒီကောင်မလေးဘာလို့အဲ့လိုတွေတွေးနေရတာလဲကွာ။
ရွှေကူကျနေသည့်မျက်ရည်စက်တွေကိုသုတ်ပစ်၍ မမဖြူငယ်နားသွားထိုင်နေလိုက်သည်။ အကိုလေးဘေးကအချောအလှတွေနဲ့ယှဥ်ရင်ရွှေကူက ဟိုးနောက်ဆုံးမှာပါအကိုလေးရယ်။ အဲ့တော့အလှပြင်မိရင်မသိသလိုလေးနေပေးလို့မရဘူးလားဟင် ရွှေကူအလှပြင်တိုင်းအကိုလေးကအမြဲလိုက်ပြောနေမှဖြစ်မှာလားဟင်။
"ဘယ်လဲအဲ့တာ "
"ရွှေကူအခန်းပြန်မလို့"
"စိတ်ဆိုးနေတုန်းလားကိုယ့်ကို"
ရွှေကူရုပ်လေးတည်၍သာရပ်နေမိတော့သည်။ မမဖြူငယ်တို့လွန်းငယ်တို့ကရှေ့မှသွားကြပြီဖြစ်ပြီး ခေါင်မိုးထပ်တွင်ဝန်ထမ်းတွေနှင့်ရွှေကူတို့သာရှိတော့သည်ဖြစ်သည်။
"စိတ်ဆိုးနေတာပဲ"
"မဆိုးပါဘူး ရွှေကူနားချင်နေလို့အခန်းပြန်တော့မယ်အကိုလေး"
ပိတ်ရပ်ထားသည်ကြောင့်ကွေ့၍ရှောင်ထွက်သွားလေသည့်ကောင်မလေးကနှုတ်ခမ်းလေးတွေအနည်းငယ်ဆူနေလေသည်။ ဒါလေးကစိတ်မဆိုးတာပေါ့လေ။
ကောင်မလေးကစိမ်းကားနေသည်မှာ ယခုညစာထမင်းစားသည်အထိ စကားလဲမပြောသလိုအနားလဲလာမထိုင်ပေ။ ကိုခွန်းတို့ ကိုဥဿာတို့ကတော့ အတွဲကိုယ်စီနှင့်ပျော်နေကြပြီးကွန့်မြူးမှာတော့ မျက်နှာမကောင်းသည့်ကောင်မလေးကိုသာအရိပ်တကြည့်ကြည့်အဝေးမှကြည့်နေရတော့သည်။ စိတ်ဆိုတာလေးချော့ဖို့ကိုလဲအနားသို့အကပ်မခံ ပုန်းရှောင်နေသည့်ကောင်မလေးကို ကွန့်မြူးမှာအတင်းအကျပ်မလုပ်ရဲလွှတ်ထားရတော့သည်။
..........
"ရွှေကူဒီအတိုင်းပဲနေတော့မှာလား"
"ဘာဖြစ်လို့လဲမမ "
"ဟိုမှာလေ.."
မမဖြူငယ်ညွှန်ပြရာကြည့်မိတော့ အကိုလေးကတစ်ဖက်စားပွဲဝိုင်းတွင်ထိုင်၍ရွှေကူ့ကို မျက်နှာငယ်နှင့်ကြည့်နေလေတော့သည်။ ရွှေကူအကိုလေးကိုစကားမပြောတာ မနေ့ထဲကမဟုတ်လား။ ရွှေကူအခုအကိုလေးနဲ့စကားမပြောချင်သေးဘူးမမရယ် ရွှေကူတစ်ယောက်ထဲပဲအေးအေးချမ်းချမ်းလေးနေချင်သေးတယ်လေ။
ကွန့်မြူးမီးကျဲပူထိုင်မိသည့်အလား ထိုင်မရ ထမရနှင့်ကောင်မလေးကိုအဝေးကနေသာကြည့်နေမိတော့သည်။ အခုကသွားချော့ပါမယ်ဆိုတော့လဲအနားကပ်မရ အဝေးကနေကြည့်နေရတာကအဆင်ပြေလားဆိုတော့လဲ မပြေပေ။ ကိုဘုန်းတို့ ကိုတေဇတို့လဲရောက်လာကြပြီမဟုတ်လား အခုကကောင်မလေးက အဲ့အကိုတွေနှင့် မြက်ခင်းပြင်ပေါ်စုထိုင်၍စကားတွေပြောနေကြသည်မဟုတ်လား။ ကွန့်မြူးမှာကိုဥဿာတို့နှင့်သာထိုင်နေရတာ မျက်လုံးတို့ကတော့ကောင်မလေးဆီမှလွဲ၍ဘယ်မှမကြည့်မိတော့ပေ။ အနားသွားထိုင်ပြန်ရင်လဲကောင်မလေးကစိတ်ဆိုးပြီးထထွက်သွားအုံးမှာမလား။ ကွန့်မြူးအဖြစ်ကလေ တစ်သက်လုံးဘယ်မိန်းခလေးမှအဖက်မလုပ် သေသေရှင်ရှင်ပစ်ထားခဲ့ရာမှ ဒီကောင်မလေးနှင့်ကျမှ စကားပြန်မပြောတော့လျှင်သေတော့မည့်လူအလား ဖြစ်နေရတော့သည်။
"ကောင်မလေး"
ရွှေကူမကြားချင်ယောင်ဆောင်၍သာဓာတ်လှေခါးထဲမှထွက်လာတော့သည်။ ပြောရလျှင်ရွှေကူ့အခန်းကလွန်းငယ်တို့အခန်းရဲ့တစ်ခန်းကျော်တွင်ဖြစ်ပြီး အကိုလေးအခန်းက ဟိုဘက်တိုက်တွင်ဖြစ်သည်ကို ရွှေကူနှင့်ဘာလိုက်လုပ်မှန်းမသိ နောက်မှပါလာလေတော့သည်။
"ကောင်မလေးကိုယ်ခေါ်နေတယ်လေ"
"အကိုလေးပြောစရာရှိလို့လား.."
ရွှေကူတံခါးပြန်ပိတ်သည်ကို အပိတ်မခံလက်နှင့်တွန်းတားထားလေသည်။
"ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်မှားသွားတယ် ကိုယ့်ကိုစိတ်မဆိုးပါနဲ့ကွာ"
"ရွှေကူစိတ်မဆိုးပါဘူး "
"ကိုယ့်ကိုမရွဲ့ပါတော့နဲ့ကွာ ကောင်မလေးနဲ့စကားမပြောပဲနဲ့ကိုယ်မနေတတ်တော့ဘူး ကိုယ့်ကိုမခေါ်ပဲမနေပါနဲ့ကွာ ကိုယ်မှားသွားတယ်ကောင်မလေးရယ်နော် ကိုယ့်ကိုစကားတော့ပြန်ပြောပါကွာ"
အနည်းငယ်ငိုသံစွတ်၍ပြောလာသည့်အကိုလေးက မျက်ရည်တွေတောင်ဝဲနေလေတော့သည်။
"အကိုလေး"
"အင်းကိုယ်ရှိတယ်လေ ကိုယ့်ကိုစိတ်မဆိုးတော့ဘူးမလား စိတ်ဆိုးနေရင်လဲကိုယ်ဘာလုပ်ပေးရမလဲ ကိုယ့်ကိုဘာဖြစ်ဖြစ်ခိုင်းပါကွာ ကိုယ့်ကိုတော့စိတ်ဆိုးပြေပါတော့နော် "
ရွှေကူ့မှာလဲအခုမှစိတ်မကောင်းဖြစ်သွားရကာ ရွှေကူ့လုပ်ရက်လွန်သွားပြီထင်၍ ဝမ်းနည်းသွားရတော့သည်။ ရွှေကူကစိတ်ဆိုးလို့မရတဲ့လူကို အကိုလေးကိုစိတ်တွေဆိုးနေမိတာပဲ။
"ရွှေကူကစိတ်မဆိုးပါဘူး"
"ကိုယ့်ကိုစကားမပြောဘူးလေ"
"အကိုလေးကရွှေကူ့ကိုညာတာကို "
"ကိုယ်မညာပါဘူး "
"ရွှေကူနဲ့မလိုက်ချင်တဲ့အကြောင်း ရွှေကူ့ကိုကိုယ်တိုင်မပြောလို့ရွှေကူစိတ်ခုသွားတာပါ"
"ကိုယ်အဲ့တုန်းကနားကြပ်တပ်ထားတယ်ဆိုတာကောင်မလေးသိလား"
ခေါင်းလေးငုံ့နေရင်းမှငြိမ့်ပြလေတော့သည်။
"ကိုယ်မအားဘူး သွားစရာရှိတယ်လို့ပြောတာရောကောင်မလေးကြားလား"
"ဟုတ် "
"အဲ့နောက်တော့ ကိုယ့်သူ့ငယ်ချင်းတွေက night out သွားဖို့ခေါ်နေလို့ကိုယ်ကရှုပ်တယ်မသွားချင်ဘူးလို့ပြောလိုက်တာကောင်မလေးကအဲ့တာကိုကောင်မလေးနဲ့မသွားချင်ဘူးလို့ထင်လိုက်တာနေမှာ"
ရွှေကူထိုအခါမှမော့ကြည့်လိုက်တော့သည်။
"ကိုယ့်ကိုစိတ်ခုနေသေးလားကောင်မလေး"
"ရွှေကူမှမသိပဲလေ အကိုလေးကအဲ့တုန်းကပြောတော့ဟုတ်ပါတယ်ပြောမိပါတယ်ဆို"
"ကိုယ်အဲ့တာကြောင့်မှားပါတယ်ပြောတာပေါ့ ကိုယ်ကသေချာမရှင်းပြမိဘူးလေ ကိုယ်တောင်းပန်ပါတယ်ကွာနောက်ဆိုသေချာရှင်းပြပါ့မယ်နော်"
ရွှေကူလိုချင်သည့်အဖြေမဟုတ်သည့်အလား ရွှေကူစိတ်တို့အားလုံးမရှင်းသွားသေးပေ။ ရွှေကူ့ကနောင်ရေးတွေထိတွေးထားပြီး အကိုလေးနဲ့စည်းကြီးခြားပြီးနေဖို့ထိစဉ်းစားပြီးပြီလေအကိုလေးရယ်။ ဒီလောက်ကြီးထိရွှေကူ့ကိုအရေးတယူချော့နေဖို့မလိုပါဘူးလေ။ ရွှေကူ့လိုလူကြောင့်အကိုလေးလဲ စိတ်အနှောက်ယှက်တွေဖြစ်သွားရပြီထင်ပါသည်။ ရွှေကူနောက်ဆိုစိတ်မဆိုးတော့ပါဘူးနော်။
ရှေ့မှကောင်မလေးက ကွန့်မြူးကိုကြည့်၍မျက်လုံးလေးလဲလဲလေးနှင့် ကြောင်ကြည့်နေလေသည်။
"ကောင်မလေး"
"ရှင့်.. ရွှေကူစိတ်မဆိုးတော့ပါဘူး"
"သေချာလား"
"ဟုတ်"
"အဲ့တာဆိုခဏဖက်မယ်"
"ဟင်.."
ရွှေကူ့ကိုဆွဲ၍ဖက်လိုက်သည့်အကိုလေးကအလျှင်အမြန်ပင်။
ရွှေကူ့ကိုဖက်ဖို့ ရွှေကူခွင့်ပြုမပြုတောင်မမေးတော့ဘူးလားအကိုလေးရယ်။ မေးခဲ့ရင်လဲ ဒီကတစ်ဖက်သက်အချစ်ရူးမလေးက ဘယ်ငြင်းရက်ပါ့မလဲနော် နည်းနည်းလေးမူပြီးခွင့်ပြုမှာပေါ့လို့။
မနေ့ကနဲ့ဒီနေ့ထိ ကိုယ်ဘယ်လောက်စိတ်တွေဗျာများနေရလဲ ကောင်မလေးသိရဲ့လား။ ကိုယ့်မှာညကလဲအိပ်လို့မပျော် အိပ်ရတာကလဲတစ်တိုက်ထဲမဟုတ်တော့ ကောင်မလေးဟိုး...အဝေးဆုံးထိရောက်သွားပြီလို့တောင်စိတ်ထဲထင်နေမိတာ။ နောက်တစ်ရက်လောက်များ ကိုယ့်ကိုမခေါ်ပဲပစ်ထားရင်လေ ကိုယ်ရူးပြီးကောင်မလေးနောက်တစ်ကောက်ကောက်လိုက်နေမိမယ်ထင်ပါသည်။
ကောင်မလေးနဲ့တွေ့မှ မနေနိုင်မထိုင်နိုင်အချစ်မီးတွေတောက်လောင်နေမိတဲ့ကိုယ်ကတွေးမိတာလေးတစ်ခုတော့ရှိတယ်ကောင်မလေးရယ်...
အရူးတကအရူးတွေထဲမှာ အချစ်ရူးဆိုတာအားအကြီးဆုံးရူးသွပ်ခြင်းပဲဖြစ်မည်လို့လေ ကောင်မလေးရယ်။
Words 3100
15.9.2023 9:05pm
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
True Love အပိုင္း - ၂၇
ေ႐ႊကူညကစိတ္ေလးအနည္းငယ္ေျပသြား၍ ထမင္းစားရန္ေအာက္သို႔ဆင္းလာခဲ့သည့္အခ်ိန္အကိုေလးဂိမ္းေဆာ့ေနတာႏွင့္တိုးေလသည္။ ေ႐ႊကူေနာက္တြင္ေရာက္ေနမွန္းမသိသည့္အကိုေလးက မနက္လြန္းငယ္တို႔မဂၤလာပြဲကိုမသြားခ်င္ေၾကာင္း ရႈပ္သည္ဟုေသာစကားမ်ားကို အကိုေလးသူငယ္ခ်င္းေတြဆီေျပာျပေနေတာ့သည္။ ေ႐ႊကူကအ႐ူးမႀကီးျဖစ္ခဲ့တာထင္ပါသည္။ အကိုေလးကိုေ႐ႊကူ႕အေပၚနားလည္သည္ ေ႐ႊကူ႕ကိုဂ႐ုစိုက္သည္ဟုသာေတြးထင္ခဲ့မိသည္မွာ မွားသြားခဲ့ပါသည္။
အကိုေလးကျပန္ေရာက္လာသည့္ေန႕ထဲက ေ႐ႊကူ႕ကိုနဲနဲၾကမ္းတမ္းစြာဆက္ဆံလာသည္ကိုလဲေ႐ႊကူသတိထားမိပါသည္။ ေ႐ႊကူကခ်စ္ရသူပါ အကိုေလးဘယ္လိုျပဳမူေနပါေစ ေ႐ႊကူ႕အခ်စ္ေတြကမေျပာင္းလဲဘူးဆိုေပမယ့္လဲ အကိုေလးရဲ႕အခုပုံစံႀကီးကိုေတာ့ေၾကာက္မိပါသည္။ တစ္ဆက္တည္းေ႐ႊကူသိလိုက္ရသည္က ေ႐ႊကူကအကိုေလးတို႔အသိုင္းဝိုင္းႏွင့္မအပ္ဆက္ဘူးဆိုတာပင္။ လွခ်င္သည္ေၾကာင့္ေဒါင္းေယာင္ေဆာင္မိသလိုျဖစ္သြားသည့္ေ႐ႊကူ႕ကို အကိုေလးကအလင္းျပၿပီးအိမ္မက္မွနိုးထေစခဲ့သည္မဟုတ္လား။
မေခၚေတာ့ပါဘူးအကိုေလးရယ္ အကိုေလးမပါလဲဘာျဖစ္လဲ ေ႐ႊကူကေနာက္ဆိုတစ္ေယာက္ထဲရွင္သန္ရေတာ့မွာေလ အကိုေလးေဘးမွာမရွိလဲေ႐ႊကူေနနိုင္ေအာင္ အခုထဲကႀကိဳက်င့္ထားရေတာ့မွာေပါ့။ ေ႐ႊကူကားေနာက္ခန္းတြင္ မွန္ေလးခ်၍ေငးေမာရင္းပါလာသည္မွာ ေနျပည္ေတာ္ေရာက္လို႔ေရာက္မွန္းမသိသည့္တိုင္ျဖစ္လွသည္။ အကိုေလးရဲ႕စကားလုံးေတြက ေ႐ႊကူ႕အတြက္အရာရာကိုဂ႐ုမစိုက္မိသည္အထိ စြမ္းေဆာင္နိုင္ခဲ့ပါသည္။
"မမ"
"ဟယ္တူေလးေရာမပါဘူးလား"
ေ႐ႊကူ႕တို႔ဆီလြန္းငယ္တို႔အတြဲေလးကလာႀကိဳေလေတာ့သည္။
"မပါဘူးလြန္းေလးေရ သူ႕အပိုင္မမကိုတစ္ျခားလူကလက္ထပ္မယ္ဆိုလို႔ စိတ္ဆိုးၿပီးက်န္ခဲ့တယ္"
"ဟယ္ေတာ့.."
"အကိုကနိုးနိုးကိုေခြၽးမေတာ္မလို႔ပဲ အခုေတာ့ပိုင္ရွင္ႀကီးရွိေနၿပီဆိုေတာ့ လက္ေလွ်ာ့ရေတာ့မွာေပါ့"
"အဟြန္း..."
ဘယ္အခ်ိန္ကေနာက္မွာေရာက္ေနမွန္းမသိသည့္ဦးက ေခ်ာင္းဟန့္လိုက္မွလြန္းငယ္ေနာက္လွည့္ၾကည့္မိေတာ့ မ်က္ႏွာႀကီးတည္ေနေလသည္။
"က်ဳပ္သမီးရမွအဲ့ေကာင္စုတ္ေလးနဲ႕ေပးစားေတာ့မယ္ အခုေတာ့မရဘူးဒီခေလးကကိုယ့္အပိုင္ေနာ္"
"ဦးကလဲ ဘာသမီးလဲ"
"အကိုခမ္းထည္ေရ ေတာ္ၾကာေယာက္က်ားေလးျဖစ္ေနမွဒုကၡေနာ္ လြန္းေလးနဲ႕ျဖဴငယ့္လိုျဖစ္ေနမယ္"
"ဟား ဟား.. အဲ့ေတာ့လဲေပးစားလိုက္႐ုံေပါ့ငယ္ရာ ဘာပဲျဖစ္ျဖစ္ကိုႀကီးသားကအႀကီးဆိုေတာ့ Top ေပါ့"
"အဲ့လိုရမလားကြ ကိုယ့္သားကသာ Top"
"အို ..လြန္းငယ္ကေမြးမယ္လို႔ေျပာမိလို႔လား ဦးေနာ္ လာမမသြားမယ္ ေ႐ႊကူလာ.."
လြန္းငယ္ မရွက္တမ္းစေနၾကတဲ့ဦးကိုထားခဲ့ကာ မမျဖဴငယ္ႏွင့္ေ႐ႊကူ႕လက္ကိုဆြဲ၍ အေဆာက္အအုံထဲသို႔ဝင္လိုက္ေတာ့သည္။
"ေ႐ႊကူတစ္ေယာက္ထဲလာတာလား အကိုကြန့္ျမဴးေရာမပါဘူးလား"
"အစည္းအေဝးရွိလို႔ေ႐ႊကူမေခၚခဲ့တာ ေနာက္မွလိုက္လာလိမ့္မယ္."
"ရန္ျဖစ္ထားၾကတာလား"
"မျဖစ္ပါဘူးေနာ္ ေ႐ႊကူနဲ႕အကိုေလးကရန္ျဖစ္ေလာက္တဲ့ထိအဆင့္တန္းခ်င္းလဲမတူဘူးေလ ေ႐ႊကူမျဖစ္ရဲပါဘူး"
"ေ႐ႊကူကလုပ္ၿပီ အဲ့လိုႀကီးမသိမ္ငယ္ရဘူးေလ ေ႐ႊကူ႕ေဘးမွာမမနဲ႕လြန္းေလးရွိတာပဲ "
"အဲ့တာေၾကာင့္ေ႐ႊကူရန္ကုန္ၿမိဳ႕ႀကီးမွာေနနိုင္တာေပါ့ မဟုတ္ရင္ေလေ႐ႊကူ႐ြာကိုျပန္လိုက္ၿပီ မမျဖဴငယ္နဲ႕လြန္းငယ္ေၾကာင့္သာ ေ႐ႊကူအားအင္ေတြရၿပီးေနနိုင္တာ"
"အကိုကြန့္ျမဴးတို႔ကေ႐ႊကူ႕အေပၚေကာင္းပါတယ္ အရင္အိမ္ကမွေ႐ႊကူ႕ကိုရက္စက္ၾကေသးတယ္ အကိုကြန့္ျမဴးတို႔က်ေတာ့ေ႐ႊကူ႕ကိုမိသားစုလိုဆက္ဆံတာေလ ေ႐ႊကူအဲ့အိမ္ေရာက္မွ စိတ္ခ်မ္းသာတာလြန္းငယ္ျမင္ဖူးတာ"
လြန္းစကားကိုေ႐ႊကူမလြန္ဆန္နိုင္ပါ။ ဟုတ္ပါသည္အကိုေလးတို႔က ေ႐ႊကူ႕အေပၚေကာင္းၾကပါသည္။ ဒါေပမယ့္ေ႐ႊကူကအေစခံေလ သခင္ေတြအလိုမက်ေတာ့တဲ့တစ္ေန႕ေ႐ႊကူထြက္သြားရမွာမို႔လား။ အဲ့ေန႕ေရာက္မလာခဲ့ရင္ေတာင္ အကိုေလးရဲ႕အိမ္ေထာင္ဖက္နဲ႕ေတြ႕တဲ့တစ္ေန႕ အဲ့အိမ္ႀကီးကေ႐ႊကူထြက္သြားေတာ့မယ့္ေန႕ျဖစ္သည္။ အခုေတာင္အကိုေလးက ေ႐ႊကူ႕ကိုအလိုမက် အကိုေလးေရွ႕အမွားေတြလုပ္မိတာမ်ားၿပီမလား ေ႐ႊကူျဖစ္နိုင္လွ်င္႐ြာကိုေတာင္ျပန္သြားခ်င္ပါသည္။
ေ႐ႊကူအစကကိုယ့္ကိုေမေမႀကီးတို႔ရဲ႕ေမြးစားသမီးဆိုၿပီးေတြးထင္ခဲ့ဖူးသည္။ သို႔ေပမယ့္မေန႕ကကိစၥေၾကာင့္ ေ႐ႊကူျပန္သုံးသပ္ခဲ့ပါသည္။ ေ႐ႊကူတို႔ကအဆင့္အတန္းခ်င္းမတူၾကဘူးေလ ေနာက္ဆိုေ႐ႊကူအရင္လိုေပၚေက်ာ့မေနေတာ့ဘူး ထမင္းဟင္းအိမ္အလုပ္ေ႐ႊကူပဲအကုန္လုပ္၍ အန္တီေလးတို႔ဆီမွာေနခဲ့သလိုသာေနပါေတာ့မည္။ ေ႐ႊကူေဘးမွာ ျပည့္စုံတဲ့မိတ္ေဆြေတြရွိေနခဲ့ရင္ေတာင္ ေနာက္ဆုံးမွာေတာ့ေ႐ႊကူက ဆင္းရဲတဲ့အိမ္ေဖာ္မေလးပဲမို႔ ေ႐ႊကူကိုယ့္ေနရာကိုယ္သိပါတယ္ေလ။ အကိုေလးကိုစိတ္ဆိုး၍မဟုတ္ပဲ ဒါေတြကေ႐ႊကူကိုယ့္ေနရာကိုသိခဲ့၍သာ ဆုံးျဖတ္ခဲ့ခ်က္ခ်ခဲ့ျခင္းျဖစ္ေတာ့သည္။
...............
ေန႕လည္ပိုင္းတြင္ေတာ့ မဂၤလာဓာတ္ပုံရိုက္ေနသည့္ လြန္းငယ္တို႔အတြဲေလးကိုေ႐ႊကူတို႔ေတြၾကည့္ေနၾကေတာ့သည္။
ခ်စ္ၾကည္ႏူးတစ္တစ္တူးေနသည့္ စုံတြဲေလးကိုၾကည့္၍ေ႐ႊကူေပ်ာ္ရပါသည္။ ခ်စ္စရာေကာင္းလိုက္ၾကတာေနာ္။သက္တူ႐ြယ္တူဆိုေပမယ့္ လြန္းငယ္ကအခ်စ္ခံရတာမွတုန္လို႔ ဘာဆိုဘာမွလဲမပူရပဲ ခ်စ္ရတဲ့လူေတြကေဘးမွာ ဝိုင္းၿပီးခ်စ္ေပးၾကတာမို႔ အားက်ရပါသည္။ အကိုခမ္းထည္ကလြန္းငယ္ကိုအေတာ္ခ်စ္ရွာတာ မ်က္ႏွာတစ္ခ်က္မပ်က္မခံသလို သူခ်စ္ေၾကာင္းထုတ္ျပဖို႔ဆိုလဲဝန္မေလးဘူး။ အရမ္းလိုက္ဖက္ညီတဲ့အတြဲေလးကို ေဘးကေနေငးေနခိုက္....
"အေမေရ႕"
ေ႐ႊကူ႕လက္ကဆြဲေခၚသြားျခင္းခံရသည္မို႔ လူကယိမ္းယိုင္ကာပါသြားေလေတာ့သည္။ ေက်ာျပင္က်ယ္ႀကီးနဲ႕ ေဘးကျမင္ရသည့္ဒီမ်က္ႏွာပုံစံေၾကာင့္ အကိုေလးမွန္းေ႐ႊကူသိလိုက္သည္။
"အ ..."
ေနရံဆီတြန္းပို႔လိုက္သည္မို႔ ေ႐ႊကူပခုံးတို႔ကနံရံႏွင့္တိုက္မိကာ နာသြားရသည္။
"ဘာလို႔စကားနားမေထာင္ရတာလဲေ႐ႊကူ"
"ေ႐ႊကူကဘာလုပ္လို႔လဲ "
"ကိုယ္မပါပဲဘာလို႔ဒီကိုလာရတာလဲ"
"အကိုေလးကအလုပ္မ်ားေနတယ္ဆို "
"ေျပာမိသလား"
"ေ႐ႊကူၾကားတာ "
"ဘယ္ေနရာမွာလဲ ကိုယ္ဘယ္ေနရာမွာေျပာမိလို႔လဲ"
"အကိုေလးသူငယ္ခ်င္းေတြကိုေျပာေနတာေလ ရႈပ္တယ္မသြားဘူးေ႐ႊကူနဲ႕လဲမလိုက္ဖူးဆို"
"အဲ့တာက "
ညကဟိုေကာင္ေတြႏွင့္ေျပာေနတာၾကားသြားတာထင္သည္။ ကြန့္ျမဴးနားၾကပ္တပ္၍ညကဂိမ္းေဆာ့ရင္း သူတို႔ႏွင့္ Bar သြားဖို႔ေျပာသည့္ေကာင္ေတြကို မနက္သြားစရာရွိေၾကာင္း မလိုက္နိုင္ေၾကာင္းရႈပ္တယ္မသြားဘူးဟုေျပာလိုက္သည္ကို ေကာင္မေလးကကိုယ့္အသံပဲၾကားသြားၿပီးအဲ့လိုထင္သြားတာေပါ့ေလ။ ေမးပါအုံးလားကြာကိုယ့္ကိုေသခ်ာေအာင္လို႔။
ဟြန့္.. လူညစ္ႀကီး အခုေတာ့ဘာမွမေျပာနိုင္ေတာ့ဘူးမို႔လား။
"ေ႐ႊကူ႕ေရွ႕ကဖယ္ပါ ဟိုမွာဓာတ္ပုံရိုက္ေတာ့မွာ"
"ဟုတ္တယ္ကိုယ္အဲ့ေန႕ကေျပာမိသြားတယ္ ဒါေပမယ့္အဲ့တုန္းကသူငယ္ခ်င္းေတြကိုအေပ်ာ္ေျပာလိုက္တာ မင္းကိုကိုယ္လိုက္မွာပါလို႔ ကတိေပးထားတယ္ေလ ဘာလို႔မေျပာပဲသြားရတာလဲကြာ"
ေကာင္မေလးအလိုက်သာေျဖလိုက္ေတာ့သည္။ ကိုယ္ရွင္းျပေနရင္ဆင္ေျခေပးတယ္ျဖစ္မွာဆိုးလို႔ပါကြာ။
"ေ႐ႊကူ႕ေနာက္ကြယ္မွာေျပာတာကအမွန္ေတြေလ ေ႐ႊကူေတာင္းဆိုလို႔လိုက္မယ္လို႔ေျပာခဲ့တာမလား တဂယ္ကအကိုေလးမလိုက္ခ်င္ဘူးဆိုတာေ႐ႊကူသိပါတယ္ မလိုက္ဖူးဆိုလဲေျပာေပါ့ ေနာက္ကြယ္မွာေတာ့အဲ့လိုရႈပ္တယ္လို႔မေျပာသင့္ဘူးေလ မေခၚပါဘူး ဒါကေ႐ႊကူ႕သူငယ္ခ်င္း အကိုေလးမပါလဲဘာမွမျဖစ္ဘူး ဖယ္ေပး..."
ေဘးမွလက္ေထာက္ထားသည့္အကိုေလးက ေ႐ႊကူ႕ကိုဘာမွမေျပာပဲၾကည့္ေနေလသည္။
"ဘယ္လိုလဲရင္ထဲေပါ့သြားၿပီလား စိတ္ဆိုးတာေတြေအာင့္ထားလို႔ေနမေကာင္းျဖစ္ေနပါအုံးဗ်ာ ခဗ်ားေလးကေလ တစ္ဂယ္ဇြတ္တ႐ြတ္ေလး"
ေ႐ႊကူ႕ကိုမ်ား ဇြတ္တ႐ြတ္တဲ့ မေက်နပ္၍မ်က္ေစာင္းေလးထိုးပစ္ေတာ့ ရယ္ေနေလသည္။
"ကိုယ္မွားသြားတယ္ဟုတ္ၿပီလား "
ေ႐ႊကူဘာမွမေျပာပဲ ၿငိမ္ေနလိုက္သည္။
"ဘာလို႔အလွေတြျပင္ထားတာလဲ အလွမျပင္ရဘူးလို႔ကိုယ္ေျပာထားတယ္ေလ စကားဘာလို႔နားမေထာင္တာလဲေ႐ႊကူ"
"ေ႐ႊကူကမိန္းခေလးပါ လွခ်င္တယ္ ေ႐ႊကူကမလွလို႔အလွျပင္မိတာမွားသြားတာလား"
"မွားေနပါတယ္လို႔ ကိုယ္ေျပာမိလား"
"အကိုေလးအျမင္မွာေ႐ႊကူ႕ပုံစံက ရယ္စရာပုံစံျဖစ္ေနတယ္မလား ဟင့္.. ဖယ္"
"ဟာ ေဟ့.."
ဘာေျပာရေသးလို႔လဲကြာ လွလြန္းလို႔အလွမျပင္ေစခ်င္တာပါကြာ။ မလွဘူးလို႔ေျပာတာမွအဟုတ္ပဲ။ ဒီေကာင္မေလးဘာလို႔အဲ့လိုေတြေတြးေနရတာလဲကြာ။
ေ႐ႊကူက်ေနသည့္မ်က္ရည္စက္ေတြကိုသုတ္ပစ္၍ မမျဖဴငယ္နားသြားထိုင္ေနလိုက္သည္။ အကိုေလးေဘးကအေခ်ာအလွေတြနဲ႕ယွဥ္ရင္ေ႐ႊကူက ဟိုးေနာက္ဆုံးမွာပါအကိုေလးရယ္။ အဲ့ေတာ့အလွျပင္မိရင္မသိသလိုေလးေနေပးလို႔မရဘူးလားဟင္ ေ႐ႊကူအလွျပင္တိုင္းအကိုေလးကအၿမဲလိုက္ေျပာေနမွျဖစ္မွာလားဟင္။
"ဘယ္လဲအဲ့တာ "
"ေ႐ႊကူအခန္းျပန္မလို႔"
"စိတ္ဆိုးေနတုန္းလားကိုယ့္ကို"
ေ႐ႊကူ႐ုပ္ေလးတည္၍သာရပ္ေနမိေတာ့သည္။ မမျဖဴငယ္တို႔လြန္းငယ္တို႔ကေရွ႕မွသြားၾကၿပီျဖစ္ၿပီး ေခါင္မိုးထပ္တြင္ဝန္ထမ္းေတြႏွင့္ေ႐ႊကူတို႔သာရွိေတာ့သည္ျဖစ္သည္။
"စိတ္ဆိုးေနတာပဲ"
"မဆိုးပါဘူး ေ႐ႊကူနားခ်င္ေနလို႔အခန္းျပန္ေတာ့မယ္အကိုေလး"
ပိတ္ရပ္ထားသည္ေၾကာင့္ေကြ႕၍ေရွာင္ထြက္သြားေလသည့္ေကာင္မေလးကႏႈတ္ခမ္းေလးေတြအနည္းငယ္ဆူေနေလသည္။ ဒါေလးကစိတ္မဆိုးတာေပါ့ေလ။
ေကာင္မေလးကစိမ္းကားေနသည္မွာ ယခုညစာထမင္းစားသည္အထိ စကားလဲမေျပာသလိုအနားလဲလာမထိုင္ေပ။ ကိုခြန္းတို႔ ကိုဥႆာတို႔ကေတာ့ အတြဲကိုယ္စီႏွင့္ေပ်ာ္ေနၾကၿပီးကြန့္ျမဴးမွာေတာ့ မ်က္ႏွာမေကာင္းသည့္ေကာင္မေလးကိုသာအရိပ္တၾကည့္ၾကည့္အေဝးမွၾကည့္ေနရေတာ့သည္။ စိတ္ဆိုတာေလးေခ်ာ့ဖို႔ကိုလဲအနားသို႔အကပ္မခံ ပုန္းေရွာင္ေနသည့္ေကာင္မေလးကို ကြန့္ျမဴးမွာအတင္းအက်ပ္မလုပ္ရဲလႊတ္ထားရေတာ့သည္။
..........
"ေ႐ႊကူဒီအတိုင္းပဲေနေတာ့မွာလား"
"ဘာျဖစ္လို႔လဲမမ "
"ဟိုမွာေလ.."
မမျဖဴငယ္ၫႊန္ျပရာၾကည့္မိေတာ့ အကိုေလးကတစ္ဖက္စားပြဲဝိုင္းတြင္ထိုင္၍ေ႐ႊကူ႕ကို မ်က္ႏွာငယ္ႏွင့္ၾကည့္ေနေလေတာ့သည္။ ေ႐ႊကူအကိုေလးကိုစကားမေျပာတာ မေန႕ထဲကမဟုတ္လား။ ေ႐ႊကူအခုအကိုေလးနဲ႕စကားမေျပာခ်င္ေသးဘူးမမရယ္ ေ႐ႊကူတစ္ေယာက္ထဲပဲေအးေအးခ်မ္းခ်မ္းေလးေနခ်င္ေသးတယ္ေလ။
ကြန့္ျမဴးမီးက်ဲပူထိုင္မိသည့္အလား ထိုင္မရ ထမရႏွင့္ေကာင္မေလးကိုအေဝးကေနသာၾကည့္ေနမိေတာ့သည္။ အခုကသြားေခ်ာ့ပါမယ္ဆိုေတာ့လဲအနားကပ္မရ အေဝးကေနၾကည့္ေနရတာကအဆင္ေျပလားဆိုေတာ့လဲ မေျပေပ။ ကိုဘုန္းတို႔ ကိုေတဇတို႔လဲေရာက္လာၾကၿပီမဟုတ္လား အခုကေကာင္မေလးက အဲ့အကိုေတြႏွင့္ ျမက္ခင္းျပင္ေပၚစုထိုင္၍စကားေတြေျပာေနၾကသည္မဟုတ္လား။ ကြန့္ျမဴးမွာကိုဥႆာတို႔ႏွင့္သာထိုင္ေနရတာ မ်က္လုံးတို႔ကေတာ့ေကာင္မေလးဆီမွလြဲ၍ဘယ္မွမၾကည့္မိေတာ့ေပ။ အနားသြားထိုင္ျပန္ရင္လဲေကာင္မေလးကစိတ္ဆိုးၿပီးထထြက္သြားအုံးမွာမလား။ ကြန့္ျမဴးအျဖစ္ကေလ တစ္သက္လုံးဘယ္မိန္းခေလးမွအဖက္မလုပ္ ေသေသရွင္ရွင္ပစ္ထားခဲ့ရာမွ ဒီေကာင္မေလးႏွင့္က်မွ စကားျပန္မေျပာေတာ့လွ်င္ေသေတာ့မည့္လူအလား ျဖစ္ေနရေတာ့သည္။
"ေကာင္မေလး"
ေ႐ႊကူမၾကားခ်င္ေယာင္ေဆာင္၍သာဓာတ္ေလွခါးထဲမွထြက္လာေတာ့သည္။ ေျပာရလွ်င္ေ႐ႊကူ႕အခန္းကလြန္းငယ္တို႔အခန္းရဲ႕တစ္ခန္းေက်ာ္တြင္ျဖစ္ၿပီး အကိုေလးအခန္းက ဟိုဘက္တိုက္တြင္ျဖစ္သည္ကို ေ႐ႊကူႏွင့္ဘာလိုက္လုပ္မွန္းမသိ ေနာက္မွပါလာေလေတာ့သည္။
"ေကာင္မေလးကိုယ္ေခၚေနတယ္ေလ"
"အကိုေလးေျပာစရာရွိလို႔လား.."
ေ႐ႊကူတံခါးျပန္ပိတ္သည္ကို အပိတ္မခံလက္ႏွင့္တြန္းတားထားေလသည္။
"ကိုယ္ေတာင္းပန္ပါတယ္ကြာ ကိုယ္မွားသြားတယ္ ကိုယ့္ကိုစိတ္မဆိုးပါနဲ႕ကြာ"
"ေ႐ႊကူစိတ္မဆိုးပါဘူး "
"ကိုယ့္ကိုမ႐ြဲ႕ပါေတာ့နဲ႕ကြာ ေကာင္မေလးနဲ႕စကားမေျပာပဲနဲ႕ကိုယ္မေနတတ္ေတာ့ဘူး ကိုယ့္ကိုမေခၚပဲမေနပါနဲ႕ကြာ ကိုယ္မွားသြားတယ္ေကာင္မေလးရယ္ေနာ္ ကိုယ့္ကိုစကားေတာ့ျပန္ေျပာပါကြာ"
အနည္းငယ္ငိုသံစြတ္၍ေျပာလာသည့္အကိုေလးက မ်က္ရည္ေတြေတာင္ဝဲေနေလေတာ့သည္။
"အကိုေလး"
"အင္းကိုယ္ရွိတယ္ေလ ကိုယ့္ကိုစိတ္မဆိုးေတာ့ဘူးမလား စိတ္ဆိုးေနရင္လဲကိုယ္ဘာလုပ္ေပးရမလဲ ကိုယ့္ကိုဘာျဖစ္ျဖစ္ခိုင္းပါကြာ ကိုယ့္ကိုေတာ့စိတ္ဆိုးေျပပါေတာ့ေနာ္ "
ေ႐ႊကူ႕မွာလဲအခုမွစိတ္မေကာင္းျဖစ္သြားရကာ ေ႐ႊကူ႕လုပ္ရက္လြန္သြားၿပီထင္၍ ဝမ္းနည္းသြားရေတာ့သည္။ ေ႐ႊကူကစိတ္ဆိုးလို႔မရတဲ့လူကို အကိုေလးကိုစိတ္ေတြဆိုးေနမိတာပဲ။
"ေ႐ႊကူကစိတ္မဆိုးပါဘူး"
"ကိုယ့္ကိုစကားမေျပာဘူးေလ"
"အကိုေလးကေ႐ႊကူ႕ကိုညာတာကို "
"ကိုယ္မညာပါဘူး "
"ေ႐ႊကူနဲ႕မလိုက္ခ်င္တဲ့အေၾကာင္း ေ႐ႊကူ႕ကိုကိုယ္တိုင္မေျပာလို႔ေ႐ႊကူစိတ္ခုသြားတာပါ"
"ကိုယ္အဲ့တုန္းကနားၾကပ္တပ္ထားတယ္ဆိုတာေကာင္မေလးသိလား"
ေခါင္းေလးငုံ႕ေနရင္းမွၿငိမ့္ျပေလေတာ့သည္။
"ကိုယ္မအားဘူး သြားစရာရွိတယ္လို႔ေျပာတာေရာေကာင္မေလးၾကားလား"
"ဟုတ္ "
"အဲ့ေနာက္ေတာ့ ကိုယ့္သူ႕ငယ္ခ်င္းေတြက night out သြားဖို႔ေခၚေနလို႔ကိုယ္ကရႈပ္တယ္မသြားခ်င္ဘူးလို႔ေျပာလိုက္တာေကာင္မေလးကအဲ့တာကိုေကာင္မေလးနဲ႕မသြားခ်င္ဘူးလို႔ထင္လိုက္တာေနမွာ"
ေ႐ႊကူထိုအခါမွေမာ့ၾကည့္လိုက္ေတာ့သည္။
"ကိုယ့္ကိုစိတ္ခုေနေသးလားေကာင္မေလး"
"ေ႐ႊကူမွမသိပဲေလ အကိုေလးကအဲ့တုန္းကေျပာေတာ့ဟုတ္ပါတယ္ေျပာမိပါတယ္ဆို"
"ကိုယ္အဲ့တာေၾကာင့္မွားပါတယ္ေျပာတာေပါ့ ကိုယ္ကေသခ်ာမရွင္းျပမိဘူးေလ ကိုယ္ေတာင္းပန္ပါတယ္ကြာေနာက္ဆိုေသခ်ာရွင္းျပပါ့မယ္ေနာ္"
ေ႐ႊကူလိုခ်င္သည့္အေျဖမဟုတ္သည့္အလား ေ႐ႊကူစိတ္တို႔အားလုံးမရွင္းသြားေသးေပ။ ေ႐ႊကူ႕ကေနာင္ေရးေတြထိေတြးထားၿပီး အကိုေလးနဲ႕စည္းႀကီးျခားၿပီးေနဖို႔ထိစဥ္းစားၿပီးၿပီေလအကိုေလးရယ္။ ဒီေလာက္ႀကီးထိေ႐ႊကူ႕ကိုအေရးတယူေခ်ာ့ေနဖို႔မလိုပါဘူးေလ။ ေ႐ႊကူ႕လိုလူေၾကာင့္အကိုေလးလဲ စိတ္အႏွောက္ယွက္ေတြျဖစ္သြားရၿပီထင္ပါသည္။ ေ႐ႊကူေနာက္ဆိုစိတ္မဆိုးေတာ့ပါဘူးေနာ္။
ေရွ႕မွေကာင္မေလးက ကြန့္ျမဴးကိုၾကည့္၍မ်က္လုံးေလးလဲလဲေလးႏွင့္ ေၾကာင္ၾကည့္ေနေလသည္။
"ေကာင္မေလး"
"ရွင့္.. ေ႐ႊကူစိတ္မဆိုးေတာ့ပါဘူး"
"ေသခ်ာလား"
"ဟုတ္"
"အဲ့တာဆိုခဏဖက္မယ္"
"ဟင္.."
ေ႐ႊကူ႕ကိုဆြဲ၍ဖက္လိုက္သည့္အကိုေလးကအလွ်င္အျမန္ပင္။
ေ႐ႊကူ႕ကိုဖက္ဖို႔ ေ႐ႊကူခြင့္ျပဳမျပဳေတာင္မေမးေတာ့ဘူးလားအကိုေလးရယ္။ ေမးခဲ့ရင္လဲ ဒီကတစ္ဖက္သက္အခ်စ္႐ူးမေလးက ဘယ္ျငင္းရက္ပါ့မလဲေနာ္ နည္းနည္းေလးမူၿပီးခြင့္ျပဳမွာေပါ့လို႔။
မေန႕ကနဲ႕ဒီေန႕ထိ ကိုယ္ဘယ္ေလာက္စိတ္ေတြဗ်ာမ်ားေနရလဲ ေကာင္မေလးသိရဲ႕လား။ ကိုယ့္မွာညကလဲအိပ္လို႔မေပ်ာ္ အိပ္ရတာကလဲတစ္တိုက္ထဲမဟုတ္ေတာ့ ေကာင္မေလးဟိုး...အေဝးဆုံးထိေရာက္သြားၿပီလို႔ေတာင္စိတ္ထဲထင္ေနမိတာ။ ေနာက္တစ္ရက္ေလာက္မ်ား ကိုယ့္ကိုမေခၚပဲပစ္ထားရင္ေလ ကိုယ္႐ူးၿပီးေကာင္မေလးေနာက္တစ္ေကာက္ေကာက္လိုက္ေနမိမယ္ထင္ပါသည္။
ေကာင္မေလးနဲ႕ေတြ႕မွ မေနနိုင္မထိုင္နိုင္အခ်စ္မီးေတြေတာက္ေလာင္ေနမိတဲ့ကိုယ္ကေတြးမိတာေလးတစ္ခုေတာ့ရွိတယ္ေကာင္မေလးရယ္...
အ႐ူးတကအ႐ူးေတြထဲမွာ အခ်စ္႐ူးဆိုတာအားအႀကီးဆုံး႐ူးသြပ္ျခင္းပဲျဖစ္မည္လို႔ေလ ေကာင္မေလးရယ္။
Words 3100
15.9.2023 9:05pm
ဆက္လက္ႀကိဳးစားသြားပါမည္။