ကျွန်မရဲ့ သစ်ရွက်လေး
By maythuma
16.9K 594 7
သစ်ရွက်လှုပ်တာမြင်ရင်တောင် ရီတတ်တဲ့၊ စိတ်ကစားတဲ့ အရွယ်၊ ငယ်ငယ်တုန်းက ကျွန်မမှာလဲ သစ်ရွက်ကလေး တစ်ရွက်ရှိခဲ့ဖ... More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)(ဇာတ်သိမ်း)
အပိုင်း(၁၃)
647 24 0
By maythuma
ကုတင်ထက်မှာ အပူပင်ကင်းစွာ အိပ်ပျော်နေသကဲ့သို့လဲလျောင်းနေသောဖေဖေ့ကိုကြည့်ကာ စွမ်းထက်စိတ်ထဲကပြောနေမိသည်။
"ဖေဖေနောက်နေတာနေမှာပါ၊ ဆေးရုံကလူတွေနဲ့ပေါင်းပြီး နောက်နေတာနေမှာပါ"
ဖေဖေ့လက်ကလေးကို ကိုင်ကာ လှုပ်နှိုးဖို့လုပ်လိုက်တော့၊ အနွေးဓါတ်လေးရှိနေသေးသော်လည်း သွေးခုန်နှုန်းမရှိတော့တာ ခံစားလိုက်ရသည်။
ဖေဖေ့တပည့်စီနီယာအစ်ကိုက စွမ်း၏ပုခုံးကိုတစ်ချက် လက်ဖြင့်ဖျစ်ကာ
"ဆရာကြီးက အပြင်အစည်းအဝေးက ပြန်လာပြီး အခန်းထဲခဏဝင်နားနေတာ၊ roundလှည့်မယ့် အချိန်ထိထွက်မလာလို့ ဝင်ကြည့်တော့ သတိကလစ်နေပြီ၊ အစ်ကိုတို့လည်း အစွမ်းကုန်ကြိုးစားပေမယ့် စိတ်မကောင်းပါဘူး ကိုစွမ်းရယ်"
လာပြောနေသောစကားများသည် နားထဲမှာ ကြားတစ်ချက်မကြားတစ်ချက်၊ မနက်ကအထိ ကျန်းကျန်းမာမာရှိနေကာ မေမေနှင့်သူ့ကိုပင် စနောက်ကာ ဆေးရုံသို့ ထွက်သွားသော ဖေဖေသည် ခုတော့ ဆေးရုံကုတင်ထက်မှာ
မနိုးသောအိပ်ခြင်းနဲ့ အိပ်နေပြီတဲ့လား။
‌ဆရာဝန်တစ်ယောက်မို့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းဖြစ်စဉ်များသည် သာမာန် လူတစ်ယောက်ကြုံတွေ့ဖူးတာထက် များစွာကြုံခဲ့ဖူးသည်။ သို့သော် ထိုအတွေ့အကြုံများသည်လည်း ယခုသူကြုံတွေ့နေရသော အဖြစ်အပျက်အတွက် အထောက်အကူဖြစ်မနေခဲ့ပါ။
တစ်နေ့ ဒီလမ်းကိုလူတိုင်းသွားကြမည်ဖြစ်သော်လည်း ဖေဖေနဲ့မေမေ၏ နောက်ဆုံးအချိန်များတွင် သူကဘေးမှာရှိနေပေးပြီး ဝေဒနာတွေသက်သာရန်အစွမ်းကုန်ပြုစုပေးမည်ဟုတွေးခဲ့သော အတွေးများက လက်တွေ့နှင့် အကွာကြီးကွာနေသည်။
ဒါဟာ အိပ်မက်ဆိုးတစ်ခု ဖြစ်လိုက်ချင်သည်၊ တစ်ယောက်ယောက်က လာနိုးလိုက်ဖို့၊ အလွန်အမင်း သူတောင့်တနေမိသည်။
ဆို့နစ်နေသောစိတ်ကြောင့် အသက်ပင်ဝဝရှုလို့မရ လည်ပင်းတွင် တစ်ယောက်ယောက်က ညှစ်ထားသကဲ့သို့ တင်းကြပ်နေသည်၊ ဝမ်းနည်းမှုသည် မျက်ရည်အဖြစ် ကျလို့မရဘဲ မျက်သားများသာကျိန်းစပ်နီမြန်းလာသည်။
"ကိုမြင့်နိုင်ရော"
မေမေ့အသံကြောင့် သူ့အတွေးများက မေမေ့ဆီရောက်သွားပြန်သည်။ မေမေ့အတွက် သူသန်မာနေရအုန်းမည်၊ သူကစ၍ ပြိုလဲသွားလျင် မေမေ့အတွက် ပိုဆိုးသွားနိုင်သည်။
မေမေ့ကို သူလှမ်းဖက်လိုက်သော်လည်း သူ့ရင်ခွင်ကထွက်ကာ ဖေဖေ့ကုတင်ကို သွား၍ ဖေဖေ့ကိုခပ်တွေတွေလေးစိုက်ကြည့်‌ရင်း၊ ဖေဖေ့နဖူးပေါ်ကျနေသော ဆံစတချို့ကိုသပ်တင်ပေးလိုက်သည်။
မေမေ့လက်တုံ့ကနဲ ဖြစ်သွားသည်။ စတင်အေးစက်လာပြီဖြစ်သော အထိအတွေ့ကို ခံစားလိုက်ရလို့ ဖြစ်မည်။ ထို့နောက် ဖေဖေ့လက်ကလေးတစ်ဖက်ကို လက်ဝါးနှစ်ဖက်ထဲထည့်ကာ ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း နှုတ်မှလဲ "ကိုမြင့်နိုင်"ဟု ဖွဖွလေးထပ်ခေါ်သည်။
"ထလိုက်ပါတော့ ဖေဖေရယ်၊ မေမေနှိုးနေပြီလေ ထလိုက်ပါတော့"ဟု သူကလေးတစ်ယောက်လို မဖြစ်နိုင်တာတွေကို တောင့်တနေမိသည်။
ထို့နောက် ပျော့ခွေကျသွားသော မေမေ့ကိုယ်လေးကို သူလှမ်းပွေ့လိုက်သည်။
__________________________________
စာသင်နေရင်း message noti တက်လာလို့ တစ်ချက်ကြည့်လိုက်သည်။ "ကို ဒီနေ့ လာ မကြိုဖြစ်ဘူး "ဆိုတဲ့ စာ တပိုင်းတစ မြင်လိုက်တာမို့၊ စာ ဆက်သင်နေလိုက်သည်။
အတန်းဆင်းမှ ကျောင်းသားတွေကုန်တဲ့အထိစောင့်နေရင်း ဖုန်းက message ကိုသေချာအကြည့်မှာ၊ ကျန်နေသေးသည့် စွမ်း၏စာ ကျန်တဝက်ကိုဖတ်မိ‌တော့ ‌ရင်ထဲထိတ်သွားသည်။ "ဖေဖေဆုံးသွားပြီ"တဲ့...
ခိုင် ကျောင်းအောက်ရောက်တော့ နိုးနိုးကို တွေ့လိုက်သည်။စွမ်း၏အိမ်သို့ အတူသွားဖို့ လာစောင့်နေတာ ဖြစ်သည်။ ခိုင်မေမေ့ကို ဖုန်းဆက်ကာ၊ အကျိုးအကြောင်းပြော၍ နောက်ကျလျှင် စိတ်မပူဖို့ ပြောလိုက်သည်။
"ဘယ်လိုဖြစ်တာလဲမသိဘူးနိုးနိုးရယ်၊
အန်ကယ်နေမကောင်းဘူးလို့ ကိုပြောတာလဲမကြားမိပါဘူး၊ စိတ်ထဲမကောင်းလိုက်တာ"
"ငါကြားတာတော့ ဦးနှောက်သွေးကြောပြတ်သွားတာတဲ့။
မနက်ပိုင်းကတောင် အိမ်ကထွက်သွားတာအကောင်းကြီး၊ ဆေးရုံရောက်မှသတိလစ်သွားတာ၊ ပြန်ကိုသတိလည်မလာပဲ ဆုံးသွားတယ်ပြောတယ်"
ကို့အိမ်ကိုရောက်တော့ နာရေးလာ‌မေး သည့် ကားများခြံထဲပြည့်နေသည်။
အိမ်ထဲဝင်သွားတော့ လူအများနှင့်စကားထိုင်ပြောနေသော ကို့ကိုတွေ့သော်လည်း၊ အန်တီ့ကိုတော့ မမြင်မိ‌ချေ။
ခိုင် ကို့ဘေးနား ကပ်ထိုင်လိုက်ခါ ကို့ လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ခိုင်ဘက်သို့ ငဲ့ကြည့်လိုက်သော ကို့မျက်ဝန်းထဲတွင် ယူကျုံးမရကြေကွဲဝမ်းနည်းခြင်းများဖြင့် ပြည့်သိပ်နေသည်။
"အန်တီရော"ဟု ခပ်တိုးတိုးမေးလိုက်တော့၊
"မေမေ အပေါ်မှာ စိတ်ငြိမ်ဆေးပေးပြီး နားခိုင်းထားတယ်"
"ကိုရော ခဏနားလိုက်ပါလား၊ ခိုင်တို့ရှိတာပဲလေ" ခေါင်းကို ခပ်ဖြေးဖြေးယမ်းလိုက်ရင်း၊ စီစဉ်စရာများကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ခိုင် စွမ်းအတွက်မည်သို့သော နှစ်သိမ့်စကားကိုပြောပေးရမည်မသိချေ။ ခိုင် ခုချိန်မှာ စွမ်းနဲ့အန်တီ့ဘေးမှာ ငြိမ်ငြိမ်လေးရှိနေပေးပြီး ဂရုစိုက်ပေးခြင်းသာ လုပ်ပေးတတ်သည်။
"ကို ထမင်းစားလိုက်အုန်း"
"မဆာသေးဘူး၊ စားလဲမစားချင်ဘူး"
"နည်းနည်းဖြစ်ဖြစ် စားလိုက်ပါကိုရယ်၊ ကိုပါလဲသွားရင် အန်တီဘယ်လိုလုပ်မလဲ" ထိုသို့ပြောမှ ထမင်းနည်းနည်းစားသည်။
ခိုင့်မှာ အန်တီနဲ့ကို့ကို အရိပ်တကြည့်ကြည့်နှင့်စားချိန်၊အိပ်ချိန်မှန်အောင် ဂရုစိုက်ပေးနေရသည်။
ဒီနေ့ ရက်လည်ဆွမ်းကျွေးပြီးတော့ ကူညီကြသူများလည်း ပြန်ကြပြီဖြစ်သဖြင့် အိမ်က ပို၍တိတ်ဆိတ်သွားသည်။
ခိုင် အန်တီ့အခန်းကိုအသာဖွင့်ကြည့်တော့၊ ကုတင်ပေါ်မှာလဲကာ နားနေသည်ကိုတွေ့၍ အခန်းတံခါး အသာ ပြန်ပိတ်ပေးလိုက်ပြီး၊ ကို့အခန်းရှိရာသို့ သွားလိုက်သည်။ ကုတင်ပေါ်တွင် ငူငူငိုင်ငိုင်ထိုင်နေသော ကို့ကိုတွေ့လိုက်သည်။
ခိုင် ကို့အနားသို့သွားကာ ကို့ခေါင်းကို ဆွဲပွေ့ယူ၍ ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။ခိုင်ရင်ဘတ်ပေါ် မျက်နှာအပ်ရင်း ခါးကိုကျစ်ကျစ်ပါအောင်ပြန်ဖက်လာသော စွမ်း၏ကျောအထက် ခိုင်လက်တို့ဖြင့် အသာအယာ ပွတ်ပေး‌နေလိုက်သည်။
ခိုင့်ရင်ဘတ်ဆီမှ စိုစွတ်မှုကို ခံစားလိုက်ရသဖြင့် ကိုငိုနေတယ်ဆိုတာ သိလိုက်သည်။
ကြိုတင်မသိနိုင်ခဲ့သော ထာဝရနှုတ်ဆက်ခွဲခွါရခြင်းများအတွက် နှလုံးသားများက လက်ခံရန်အဆင်သင့်ဖြစ်မနေ.....
__________________________________
Thu
Continue Reading
You'll Also Like
436K 22.9K 51
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
34.3K 784 13
မ~~~နှလုံးသားနှင့်အနီးဆုံး (ဒုတိယတွဲ) မင်းအဂ္ဂါ/ဆူးပန်းရိပ် တိမ်ယံခ/မျက်ဝန်းညို
31.7K 903 20
(Unicode+Zawgyi) လင်နဲ့မယား၊ လျှာနဲ့သွားဆိုသလိုပဲ၊ မကြာခဏ ကိုက်မိကြတဲ့ သူတို့အကြောင်း...