Uni
အချစ် ၊၊ ဘာလုပ်လို့ရလဲ၊၊ ဘာမှလုပ်လို့မရတဲ့အရာ၊၊ ထိတွေ့လို့လည်းမရသလို မြင်တွေ့နေရတာလည်းမဟုတ်၊၊ အမည်နာမသာရှိပြီး ထိတွေ့ဖို့အတွက် ဒြပ်ဝတ္ထုမရှိတဲ့အရာ၊၊ သို့ပေမဲ့ ထိုအရာကဘဲ လူတစ်ချို့၏ ဘဝကို ပျက်စီးစေလေ၏၊၊ နစ်မွန်းပြီးလျှင် ရုန်းထွက်ရခက်သောအရာမှာ အချစ်ဖြစ်လေ၏၊၊
မာဗာရစ်ဆိုတဲ့ သူအတွက်တော့ အချစ်က ယခုထိ ဘောင်မဝင်သေး ၊၊ ရှင်သန်လာတဲ့ တစ်လျှောက်လုံး ဗာရစ် အမြဲရှာဖွေ နေမိတာက ငွေကိုသာ ဖြစ်ပြီး အချစ်ကိုမဟုတ်၊၊ လောကမှာ ငွေက ဒုတိယ ဘုရားသခင်လို လူတွေက တင်စားခေါ်ဝေါ်ကြသည်၊၊ ထိုအခေါ်အဝေါ်နဲ့လည်း ငွေက ကိုက်ညီသည်လေ၊၊ ငွေမရှိရင် ဘာမှလုပ်လို့ရမည်မဟုတ်၊၊ ထို့ကြောင့် သိတတ်စအရွယ်ထဲက ဗာရစ် အမြဲယဥ်တွဲတွေးမိသည်က ငွေနဲ့ အချစ်ရဲ့ အကျိုးရလဒ်ကိုသာ၊၊ ငွေရှိရင် ကိုယ်စိတ်ကြိုက် ဘယ်လူကိုမဆို ငွေပေးပြီးခိုင်းစေလို့ရသည်၊၊အချစ်ကတော့ ဘာမှ အရာမဝင်ပေ၊၊
"ရွန်"
"ပြော အစ်ကိုရစ်"
တစ်ဖက်ခုံ၌ ထိုင်ကာ ကွန်ပြူတာသုံးနေသော ရွန်ကို ဗာရစ်ခေါ်တော့ လှည့်ကြည့်ကာပြန်ဖြေလာသည်၊၊ အခုဗာရစ်တို့က လေယာဉ် ပေါ်မှာဖြစ်၏၊၊ အကြောင်း မှာတော့ ဂျပန်၌ သာယာနေတုန်း မြန်မာကနေ အသည်းအသန်လှမ်း၍ ခေါ်သော မွေးသမိခင်ကြောင့် ဗာရစ်တို့ အားချင်းမြန်မာကို ပြန်လာရခြင်းဖြစ်သည်၊၊ မျက်နှာချင်းဆိုင်လိုက်တာနဲ့ မာမီနဲ့ ဗာရစ်နဲ့ကမတည့်၊၊ အဲ့တာလည်း လူကိုယ်တိုင်လာမတွေ့မချင်းကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မြန်မာကို မာမီက လှမ်းခေါ်နေတာဖြစ်သည်၊၊ တွေ့မှ ရန်စကားပြောပေးရအုံးမည်ဟု ဗာရစ် စိတ်ထဲတေးမှတ်ထားလိုက်သည်၊၊
" မင်းအတွက် အချစ်ရဲ့ အဓိပ္ပာယ် က ဘာလဲ "
"နေကောင်းရဲ့လား၊၊ ဆေးရောသောက်ပြီးပြီးလား၊၊ ထူးထူးဆန်းဆန်းနဲ့ "
" ဘုတ် ! အ့ ..!"
ရွန်ဘက်သို့ ပြစ်ပေါက်သော ခေါင်းအုံးက အရှိန်ပြင်းပြင်းနဲ့ပင် နားထင်ဘက်သို့ ကျ၏၊၊ လက်ကလည်း ကွန်ပြူတာ ပေါ်ပြေးလွှားနေရသည်မို့လှမ်း၍လည်းမဖမ်းနိုင်ခဲ့၊၊ ဒီလိုအခြေအနေမျိုးက အစ်ကိုရစ်အနား အမြဲနေရတဲ့ ရွန်အတွက်တော့ ရိုးနေလေပြီ၊၊ အခေါက်တိုင်း ခံရလည်း အမှတ်မရှိ သွားပြောပြောနေမိတာက ရွန်ကိုယ်တိုင်သာ ဖြစ်သည်၊၊
"မေးနေရင်ဖြေ၊၊ အပိုအလိုတွေ လျှောက်မပြောစမ်းနဲ့"
"ကျွန်တော် အတွက်တော့ အချစ်က ပိုင်ဆိုင်ခွင့်မရှိရင်တောင် သူပျော်နေတာလေးကို ငေးကြည့်နေရယုံနဲ့တင် ပြည်စုံနေတာမျိုး၊၊ အဓိပ္ပာယ် တွေအများကြီးမဖွင့်ဆိုချင်ပါဘူး အဓိဂ က ကျွန်တော် ချစ်ရတဲ့သူ ပျော်နေဖို့လေးပါဘဲ "
ရွန်ပြောပြတော့ အစ်ကိုရစ်က တွေးဆဆနဲ့ တိတ်ဆိတ်နေလေသည်၊၊ မျက်နှာပေါ်၌လည်း အတွေးပေါင်းမြောက်များစွာ ရှိနေသည်က လွန်စွာ ပေါ်လွင် နေသည်၊၊ အမြဲ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ လူက ဒီနေ့မှ ထူးထူးဆန်းဆန်းတွေ ထမေးလာတာကြောင့် ရွန်အထင်တော့ အစ်ကိုရစ် အရက်သောက်ပါများပြီး ဦးနှောက်လွတ်သွားပြီဆိုတာဘဲ၊၊ ထုတ်တော့မပြောရဲ ဒီတစ်ခါသာဆိုရင် ရွန်အတွက် အစ်ကိုရစ်က လက်သီးကိုသာ လွှတ်လိုက်လိမ့်မည် ခေါင်းအုံးတော့ မဟုတ်လောက်တော့၊၊
" အစ်ကိုရစ်ကရော အချစ်ကို ဘယ်လို အဓိပ္ပာယ် လို့ယူဆထားတာလဲ "
"အပိုင်ရယူခြင်း"
"ဟမ် ဘာလို့လည်း ၊၊ အဲ့လို ကြီးက တစ်အား တစ်ဖက်သတ်ဆန်တယ်နော် အစ်ကိုရစ်"
"ချစ်မိမှတော့ အပိုင်ယူရမှာပေါ့၊၊ သူများရင်ခွင်မှာပျော်ဖို့ဆိုပြီး လက်လွှတ်ပေးရအောင် မာဗာရစ်က စောက်ရူးမှမဟုတ်တာ "
ပြောလာတဲ့ စကားလုံးတွေက မာန်ပါပါ၊၊ အမြဲတမ်း တွန့်ချိုးနေတတ်တဲ့ မျက်ခုံးမထူမပါးတွေကလည်း စူးရှလွန်းတဲ့ အစ်ကိုရစ်ရဲ့ မျက်လုံးအကြည့်တွေနဲ့ လုံးဝ လိုက်ဖက်မှုရှိ၏၊၊ all black သာအမြဲဝတ်တတ်တဲ့ လူက အခုလည်း all black နဲ့ပင်ဖြစ်၏၊၊ ခြေတံရှည်တွေကို ဆန့်၍ ဆင်းထားပုံက အစ်ကိုရစ်ကိုသဘောကျတဲ့လူတွေအဖို့တော့ ပေါင်ပေါ်ပြေးတတ်၍ တတ်ထိုင်ချင်စရာအတိပင်၊၊ ဒီလို ရုပ်ရှည်နဲ့ ငွေကလည်းရှိတော့ ကျားမ မရွေး သဘောကျပြီး ကပ်ကျတာက အဆန်းတော့လည်းမဟုတ်ပေ၊၊ အဲ့လိုဟာတွေကြောင့် အစ်ကိုရစ်ကအရမ်း ချေမိုးနေတာလေ ၊၊ နည်းနည်းတော့ စိတ်ထဲ ရွန် ဘူလီမိတာပေါ့ လက်တွေ့အပြင်မှာ ဆိုရင်တော့ ထုတ်လည်းမပြောရဲသလို ခံလည်းမလုပ်ရဲ၊၊ အစ်ကိုရစ် ခန္ဓာကိုယ်က ရွန် ရဲ့ နှစ်ဆ ကျော်လောက်ပင်ရှိသောကြောင့်ဖြစ်သည်၊၊
"အစ်ကိုရစ်ကလေ တအား အတ္တကြီးတာဘဲ"
"အတ္တကြီးမှာပေါ့ ဒေါ် အတ္တနှောင်းရစ်ရဲ့ တစ်ဦးတည်းသော သားဘဲလေ ဟွန်းး "
နှာမှုတ်ပြီးပြောလာပုံက ဒီနေရာမှာ မေနှောင်းသာရှိရင်တော့လေ ထရိုက်ချင်လိုက်တာဆိုပြီး ပြောမှာဧကန်ပင်ဖြစ်သည်၊၊ မျက်နှာချင်းဆိုင်တွေ့နေလျှင် အစ်ကိုရစ်နဲ့ မေနှောင်းက မတည့်ကျ၊၊ နောက်ကွယ်ရောက်ပြီးဆိုရင်တော့ တစ်ယောက်အကြောင်းတစ်ယောက် အမြဲ စုံစမ်းခိုင်းရတာနဲ့ အကြောင်းမရှိအကြောင်းရှာပြီးဖုန်းတဂွမ်းဂွမ်းဆက်ကာ လာတွေ့ခိုင်းရတာနဲ့ သူ့တို့သားမိနှစ်ယောက်က ဟုတ်တော့လည်းဟုတ်နေလေသည်၊၊
" မေနှောင်းကိစ္စ မနေ့က အစ်ကိုရစ်ဆီ အချက်အလက် တွေ ကျွန်တော် အကုန်ပို့ပြီးပြီးနော် ၊၊ စစ်ဆေးလို့ ပြီးပြီးလား "
" အင်း၊၊ဒါနဲ့ ဒါလီယာကို ဖုန်းဆက်ပြောလိုက်အုံး မနက်ဖြန် ရန်ကုန်အိမ်ကိုအရောက်လာခဲ့ဖို့ "
"ဟုတ်ပြီ ၊၊ ကျွန်တော် ပြောလိုက်မယ်"
ရွန်ကိုမှာပြီးသည်နှင့် ထိုင်ခုံနောက်ဘက်သို့ခေါင်းမှီလျက်ဖြင့် ဗာရစ် ခဏမှေးနေလိုက်တော့သည်၊၊ ဦး ခေါင်း ကလည်း စော်အလန်းလေးတွေကြောင်ဖို့ဆို လုံးဝ ကိုက်ခဲမနေဘဲ အလုပ်ကိစ္စ ပြောပြီဆို လုံးဝကို ကိုက်ခဲတတ်လာသည်၊၊ တကယ်ကို ဗာရစ် ဦးခေါင်းက ဗရုတ်ကျတာဘဲ
" Boss Rick ခဏနေ လေယာဉ် ဆင်းရပါတော့မယ် "
အရှေ့ခန်းကနေ bodyguard က ဗာရစ်ထံသို့ လာရောက်ပြောကြားလျှင် မျက်စီမှိတ်လျက်သားအတိုင်းဖွင့်မကြည်တော့ဘဲ လက်ဟန်ဖြင့်သာ သိပြီဆိုကြောင်းလုပ်ပြလိုက်သည်၊၊ ဗာရစ်တို့ လေယာဉ် က ကိုယ်ပိုင်ယာဥ် ဖြစ်သည့်အပြင် စိတ်ကြိုက်ရာနေရာ၌ ထိုးစိုက်ခွင့်ကိုလည်း အစိုးရထံမှ ရရှိထားတာကြောင့် အများသော အားဖြင့် ခရီးတစ်ခုခုသွားအပြန်ကို ဗာရစ် မိမိကိုင်ပိုင် လေယာဉ် ကိုသာ အသုံးပြု၏၊၊ အဲ့တာကလည်း အချိန်ကုန်ခြင်းနှင့် ခရီးပန်းခြင်းကို များစွာလျော့ကျစေသည်လေ၊၊
အခုလေယာဥ်ဆင်းသက်မည်နေရာက ရစ်အိမ်တော်ရဲ့ အနောက်ဘက်ကွင်းပြင်ကျယ်ဖြစ်၏၊၊ ထို့ကြောင့် ခဏနေ မာမီနဲ့ ထိပ်တိုက်တွေ့ကာ ဗာရစ် စကားနာ ထိုးရအုံးမည်၊၊ မာမီကလည်း အလျော့ပေးမည်မဟုတ်သလို ဗာရစ်ကလည်းအလျော့ပေးမည်မဟုတ်၊၊
"အစ်ကိုရစ် ကျွန်တော်တို့ ဆင်းရအောင်လေ လေယာဥ်က စိုက်နေပြီ "
"အင်း"
လေယာဉ် ပေါ်က ဗာရစ်တို့ ဆင်းလာသည်နှင့် အိမ်ကအလုပ်သမားများက ထွက်လာလျက် လာကြိုကြသည်၊၊ ပါလာသော လေယာဥ်ထဲမှ အထုတ်တွေကိုတော့ bodyguard နှင့် လွဲ ထားခဲ့လိုက်သည်၊၊ ဗာရစ်ကတော့ အသည်းအသန် ခေါ်တော်မူထားသော မွေးသမိခင်ရှိနေမည် အိမ်ရဲ့ ဧည့်ခန်းဘက်သို့သာ တန်းလျက် လျှောက်လာခဲ့သည်၊၊ ဗာရစ်နောက်ကနေ ရွန်ကလည်း ကွန်ပြူတာ အိတ်အသေးကို ကိုင်လျင်ဖြင့် လိုက်ပါလာ၏၊၊ ဒီအိမ်ကို မရောက်တာကြာလို့ဖြစ်မည် အိမ်ပတ်ဝန်းကျင်က ဗာရစ်အတွက် အနည်းငယ်စိမ်းသက်နေ၏၊၊ အရင်ကမရှိခဲ့သော ရေကူးကန်က အခုတော့ဖြင့် အိမ်ဘေး၌ရောက်နေလေသည်၊၊ တူးဖော်ထားတာက မကြာသေးမှန်း ဘေးဘက်ဘောင်ကိုအချောမသတ်ရသေးပုံကိုကြည့်ရင်သိနိုင်သည်၊၊ အိမ်ရှေ့ဘက်နှင့် ဖန်လုံအိမ်လေးထဲ မှာလည်း သစ်ပင်အနည်းငယ်ကို ထပ်တိုးထည့်ပေါင်းထားပုံရ၏၊၊ အရင်ထက် ပို၍ စိမ်းစိမ်းလန်းလန်းရှိနေလေသည်၊၊ အိမ်နောက်ဘက်ကနေ ကွေ့ပတ်လျက် နောက်ဆုံး အိမ်ရှေ့တံခါးမကြီးဘက်သို့ ဗာရစ်တို့ရောက်လာခဲ့သည်၊၊ ထို့နောက် ဧည့်ခန်းအတွင်းသို့ဝင်သွားလိုက်သည်ဆိုရင်ဘဲ မာမီက ထင်သည်အတိုင်း ထိုင်စောင့်နေသည်၊၊
" Hello , long time no see "
"လာပါ ထိုင်ပါအုံး ကိုယ်တော်ရယ်၊၊ အမြဲ ဒီဟာမကြီးကဘဲ ပင့်ဖိတ်နေရတယ် "
စတွေ့ထဲက အငေါ်တူး စကားတွေဖြင့် စကြလေပြီ၊၊ဒီသားအမိနှစ်ယောက် အကြောင်း နောကျေ နေတဲ့ ရွန်မှာတော့ ခေါင်းတခါခါဖြင့်သာလုပ်လျက် မေနှောင်းဘေးက ဆိုဖာပေါ်သို့ ဝင်ထိုင်လိုက်တော့သည်၊၊ အစ်ကိုရစ်ကတော့ မျက်နှာချင်းဆိုင်ဆိုဖာထက်နေရာယူလျက် ခြေတန်ရှည်ခြေထောက်နှစ်ချောင်းကို ချိတ်လျက်ဖြင့် ထိုင်သည်၊၊ အစ်ကိုရစ်အကြောင်း ကြိုသိနေတဲ့ အိမ်တော်ထိန်း ဒေါ်လှက ချက်ခြင်းကို ဝိုင်တစ်ပုလင်းနဲ့ ဝိုင်အပြည့်ဖန်ခွက် တစ်ခွက် ကို အစ်ကိုရစ်စားပွဲရှေ့သို့ လာချပေး၏၊၊ ဒေါ်လှက ထို့သို့ အလိုက်တသိလာချပေးလေတော့ မေနှောင်း၏ တော်တော်အခုမှ သိတတ်နေတယ်ဆိုသော စကားက တန်း ထွက်လာလေသည်၊၊
"သားရစ် မင်းကို မာမီပြောစရာရှိတယ်"
"လိုရင်းကိုဘဲ တည့်တည့်ပြော "
"မာမီ မင်းဒယ်ဒီနဲ့ ကွာရှင်းပြီး နောက် အိမ်ထောင်ပြုမလို့"
စားပွဲပေါ်က ဝိုင်ခွက်ဆီ လက်လှမ်းနေသော သားရစ်ရဲ့ လက်တွေက နှောင်းရစ်အပြောမှာ ခဏရပ်တန့်သွားရသည်၊၊ မျက်နှာအမူအရာကတော့ ဘာမှမပြောင်းလဲ၊၊ အမြဲမြင့်တင်ထားသော မျက်ခုံးတန်းတွေနဲ့ ဂျစ်တစ်တစ် မျက်နှာထားသာ၊၊တစ်ခုခု ထကာ သောင်းကျန်းမယ်ထင်ထားသောလည်း အတွေးအထင်နဲ့လွဲစွာ ငြိမ်သက်နေသော သားရစ်ကြောင့် နှောင်းရစ် စိတ်ထဲ သိပ် မသင်္ကာတော့ချေ၊၊
" သားရစ် မင်း ဘာလို့ ထမသောင်းကျန်းတာလဲ၊၊ ဒါ မင်းပုံစံမှ မဟုတ်တာ "
"ကြိုသိနေလို့ပေါ့ "
" .........."
ဗာရစ်မြင်ဖြစ်အောင် မြင်လိုက်ရပါသည် မာမီ၏လျက်တပြက် အံသြသွားသော မျက်နှာကိုလေ ၊၊ မာမီ၏ ထိုမျက်နှာကလည်း စက္ကန့် ပိုင်းမျှသာဖြစ်၏၊၊ ဗာရစ်နည်းတူ ပါဘဲ မာမီကလည်း ရုပ်ပြောင်းရုပ်လွှဲ မြန်၏၊၊
" ဘာလည်း ကလေးလိုအော်ငိုပြပြီး မကွာရှင်းဖို့ပြောရမှာလား၊၊ မာမီသားက မြှီးကောင်ပေါက်အရွယ်လေးမဟုတ်ဘူး တော်တော်ကြီးနေတဲ့အရွယ် "
"မင်းဘက်ကအဆင်ပြေတယ်ဆိုလည်း ပြီးတာပါဘဲ"
"ဒါနဲ့ ရသင့်ရထိုက်တဲ့ အမွေတွေတော့အခု အကုန်လွှဲပြောင်းပေးခဲ့နော်၊၊ မာမီ သားက နုံတော့ ကြားထဲကနေ ဖြတ်စားလျှပ်စား တွေဆီ ပါသွားမှာ ဆိုးလို့ ဟွန်းးး "
ကိုယ်မွေးလို့လည်းလူဖြစ်ရသေးတယ် ကိုယ်ကိုလည်း မလိမ့်တပတ်လာလုပ်နေတဲ့ သားရစ်ကို ကြည့်ပြီး ထရိုက်ချင်တဲ့ စိတ်တွေက နှောင်းရစ်ထံ တဖွားဖွားပင်၊၊ သူကိုသူနုံတယ်ပြောနေတဲ့လူက ရုပ်က တစ်စက်ကလေးမှ ယုံချင်စရာရှိမနေ၊၊
အချစ်မပါတဲ့အိမ်ထောင်ရေးမှာ မွေးဖွားလာတဲ့ သားရစ်အတွက် နှောင်းရစ် စိတ်ထဲမကောင်းဖြစ်မိသော်လည်း အတတ်နိုင်ဆုံးတော့ သူမသား စိတ်ဒဏ်ရာ မရလေအောင် အမြဲအလိုလိုက်၏၊၊ ဖခင်ရော မိခင်ကပါ အလိုလိုက်ထားတော့ သားရစ်က ဂျစ်ကန်ကန်နှင့် မည်သူကိုမှမကြောက်၊၊ သို့ပေမဲ့ မကောင်းတာတွေ လုပ်ပြီးတော့ ဆိုးရွားပျက်စီးနေတဲ့ ကလေးတစ်ယောက်တော့မဟုတ်၊၊ မိဘတွေသဘောတူညီမှုကြောင့် နှောင်းရစ်နဲ့ မာဗင်က ယူခဲ့ရသော်လည်း သားယခုအသက်အထိ တစ်ယောက်နဲ့တစ်ယောက် စကားများခြင်းလည်းမရှိခဲ့သလို လက်ပါပြီး ရန်ဖြစ်ခြင်းမျိုးလည်းမရှိခဲ့၊၊ ငယ်သူငယ်ချင်းတွေမို့ ဆက်ဆံရေးက နားလည်မှုတွေနဲ့သာ အမြဲရှေ့ဆက်ခဲ့ကြသည်၊၊ သို့ပေမဲ့လည်း အချိန်တန်လို့ ချစ်ရသူကိုယ်စီပေါ်လာတဲ့အခုလိုအခါမျိုးမှာတော့ နှစ်ဦးသဘောတူ ကွာရှင်းမှုကို ပြုရန်တိုင်ပင်ကြသည်၊၊ အစကတော့ သားရစ်သဘောဆန္ဒအတိုင်းလုပ်မည်ဟုတွေးခဲ့သော်လည်း ယခုကမူ သားရစ်ကအမွေကိုသာ စိတ်ထဲရောက်နေပြီး ကွာရှင်းခြင်းကို စိတ်ထဲမရှိသည်မို့ အနည်းငယ်တော့ နှောင်းရစ်စိတ်သက် သာယာရ၏၊၊ ဘိုးဘွားတွေပိုင်ဆိုင်ခဲ့သော အမွေတွေနှင့် ယခုလက်ရှိနှောင်းရစ်ပိုင်ဆိုင်ထားသော အမွေအားလုံးက အချိန်တန် သားရစ် အတွက်ဘဲ ဖြစ်လာမှာ ဖြစ်သည်၊၊ သို့ပေမဲ့ အလွယ်တကူတော့ သားရစ် လက်ထဲမထည့်လိုက်နိုင်သေး၊၊ အိမ်ထောင်ရက်သားပြုဖို့အတွက်တော့နှောင်းရစ် သားကို အနည်းငယ် အကျပ်ကိုင်ရမည်၊၊
"အမွေ လိုချင်ရင် အိမ်ထောင်အရင်ပြုလေ၊၊ မင်းအိမ်ထောင်ပြုပြီးတာနဲ့ အမွေ ပေးမယ် "
"မာမီက ကျုပ်ကို အခုအကျပ်ကိုင်တယ်ဆိုပါတော့ "
" သားရယ် မင်းမာမီ ပြောသလိုဘဲ ဒယ်ဒီလည်းထောက်ခံတယ်၊၊ မင်းအသက် မငယ်တော့ဘူးနော် အိမ်ထောင်အခြေတကျလေးနဲ့ရှိသင့်နေပြီ၊၊ နိုင်ငံတကာပတ်ပြီး ရှုပ်ပွေနေတာတွေ ရပ်သင့်ပြီ"
ရှေ့နေနဲ့အတူ ဒယ်ဒီက ဧည့်ခန်းထဲသို့ လျှောက်ဝင်လာရင် မာမီနဲ့ ဗာရစ်စကားဝိုင်းထဲသို့ ဝင်ဖြတ်ပြောလာလေသည်၊၊ ထို့နောက် ဗာရစ်ဘေးသို့ ဝင်ထိုင်လာသည်၊၊ မိဘနှစ်ပါးဆီသို့ ဗာရစ် မျက်ခုံးပင့်ကြည့်မိလျက် လက်ထဲက ဝိုင်ခွက်ကို အကုန်မော့ချလိုက်သည်၊၊ လည်ချောင်း တစ်လျှောက် ပူဆင်းသွားသော အရသာက အလွန်ကိုမှ ရင်းနှီးကျွမ်းဝင်စွာနဲ့ပင် ကောင်းမွန်လှသည်၊၊ နှစ်ယောက်ပေါင်းပြီး အညှာကိုင်နေသော မာမီနဲ့ ဒယ်ဒီက လုပ်ပြုံးကြီးတွေနဲ့ ပင်၊၊ ဟွန်း မာဗာရစ်အကြောင်း ပြရသေးတာပေါ့
"မနက်ဖြန် မိန်းကလေးတစ်ယောက်နဲ့ မင်းကို မာမီ မိတ်ဆက်ပေးမယ်၊၊ အဲ့ ကောင်မလေးနဲ့ သားရစ် အမြန်ဆုံး စေ့စပ်ရမယ်၊၊ အမွေကိုစောစောလိုချင်တယ်ဆိုရင်ပေါ့ "
" ကောင်းပြီလေ ၊၊ စေ့စပ်ဆိုတော့လည်း စေ့စပ် ကြတာပေါ့ ဟွန်းး "
သားရစ်က ဘာတွေများ တွေးနေလဲ သေချာမသိ၊၊ နှောင်းရစ် မျက်နှာရိပ်မျက်နှာကဲ မဖတ်တတ်တဲ့လူတွေထဲမှာ သားရစ်က ထိပ်ဆုံး၌ပါလေသည်၊၊ တစ်ခုခုကိုကြံစည်တိုင်း လုံးဝကို ခံစားချက်တွေက မျက်နှာမှာ ပေါ်မနေ၊၊ အခုလည်း နှာမှုတ်ပြီး နှုတ်ခမ်း မဲ့ယုံပြုံးနေတဲ့ သားရစ်က ဘာတွေ တွေးတောနေသည်လဲ၊၊ ဖြစ်နိုင်ရင် သားရစ်ရဲ့ အတွေးထဲသာ နှောင်းရစ် ဝင်ကြည့်လိုက်ချင်ရဲ့
" ကျုပ် ကိစ္စရှိလို့ အပြင်ခဏသွားအုံးမယ် bye bye "
"မနက်ဖြန် မနက်10 နာရီနော် နောက်မကျစေနဲ့ သားရစ်၊၊ မာမီ လက်မှတ်ထိုးပွဲရှိတယ်နော်"
"မပူပါနဲ့ မာမီရဲ့ လက်မှတ်ထိုးပွဲကိုတော့ ကျုပ်က အမှီပြန်လာမှာပါ "
မျက်စိတစ်ဖတ်မှိတ်ပြကာပင် ကားသော့တရမ်းရမ်းနှင့် သားရစ်က ဧည့်ခန်းထဲကနေ ထွက်သွားတော့သည်၊၊ သားရစ်ထွက်သွားပြီး ခဏအကြာမှာလည်း ရွန်က နားချင်ပြီးဟုဆိုကာ အိမ်အပေါ်ထပ် သို့တတ်သွားလေတော့သည်၊၊ ထို့ကြောင့် ဧည့်ခန်းထဲ၌ နှောင်းရစ်အပြင် မာဗင်နဲ့ အိမ်ရဲ့ရှေ့နေ့ကြီးသာ ကျန်ရှိခဲ့တော့သည်၊၊
" ငါတို့ ကွာရှင်းလက်မှတ်ထိုးရအောင် မာဗင်"
"အေး ထိုး"
တစ်ယောက်တစ်လှည့် စာချုပ်မှာ လက်မှတ်ထိုးပြီးလေတော့ စာရွက်စာတမ်းအကုန်ကို အိမ်ရဲ့ ရှေ့နေကဘဲ သိမ်းယူထားလေသည်၊၊ မနက်ဖြန်လည်း မင်္ဂလာ လက်မှတ်ထိုးဖို့အတွက် နှောင်းရစ် ရှေ့နေ့ကြီးကို ထပ်လာပေးဖို့ပြောထားရသည်၊၊ အခုမပြောဘဲ ညမှ စာပို့ပြောလျှင် မနက်ကျ ရှပ်ပြာပြာနဲ့ ရှိသော မိမိအိမ်ရဲ့ရှေ့နေ့က သေချာပေါက် အချိန်နောက်ကျလိမ့်မည်၊၊ ထို့ကြောင့် ကြိုပြီးစောကာ ကြိုပြောထားမှ တော်ကာ ကြ၏၊၊
ကိစ္စအဝအဝ အကုန်ပြီးပြတ်သည်နှင့် အစောနက စကားသံနဲ့ပြည့်နေသော အိမ်ရဲ့ဧည့်ခန်းက ယခုမူ မည်သူမှ မရှိတော့ဘဲ ပဂတိ တိတ်ဆိတ်သွားလေတော့သည်၊၊
/////////////
လေရော မိုးပါ တဝေါဝေါရွာချနေသော ညခင်း၊၊ ညခင်းအချိန်သည် 7 နာရီလောက်သာ ရှိသေးသော်လည်း သည်းထန်စွာရွာနေသော မိုးကြောင့် ညနက်သန်းခေါင်းလိုပင် ပိန်းပိန်းပိတ်အောင် မှောင်မဲနေလေသည်၊၊ ထို မဲမဲမှောင်မှောင်ထဲမှာမှ သုံးထပ်အိမ်၏ အပေါ်ဆုံးထပ်ကနေ လိုက်ကာများဖြင့်ဆက်၍ စီးထားသော ကြိုးထုံးတစ်ခုက
အိမ်ရဲ့ပြတင်းပေါက်ကနေပြီး လွင့်ထွက်လာလေသည်၊၊ ထို့နောက် ထိုကြိုးထုံးကိုကိုင်၍ ပြတင်းပေါက်မှ လူကောင်ခပ်သေးသေးက တွယ်၍ အိမ်အောက်ဘက်သို့ ကြိုးထုံးအကူအညီဖြင့် လျောဆင်းလာသည်၊၊ ထိုလူကောင်ခပ်သေးသေး၏ လှုပ်ရှားမှုအကုန်က မိုးသံကြောင့်ပေလားမသိ အိမ်ရဲ့အစောင့်လူတွေက တစ်ယောက်သောမျှသတိမထားမိကြ၊၊ ထို့ကြောင့် ခဏအတွင်းပင် ထိုအိမ်ရဲ့ဝန်းပြင်ဘက်သို့ ထိုခ်ေသေးသေး လူကောင်လေးမှာ လွတ်လွတ်ကျွတ်ကျွတ် ရောက်လာရသည်၊၊
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပင် အိမ်က ထွက်ပြေးမဲ့နေကျမှ မိုးက အသည်းအသန်းကို ရွာကောင်းနေ၏၊၊ အပြင်လောကနဲ့ အဆက်ပြတ်ပြီး ထိုအိမ်ထဲ ချုပ်နှောင်ခြင်းခံထားရသည်မှာ ငါး နှစ်တင်းတင်းပင်ပြည့်ရောမည်၊၊ နေမထိ လေမထိနဲ့ နေခဲ့ရလို့ထင်၏ ယခု မိုးအနည်းငယ်မိတာတောင် လူက ခိုက်ခိုက်တုန်နေရလေပြီ၊၊ ကျောရိုးထဲထိ စိမ့်တတ်ကာ ချမ်းနေသောလည်း မမူနိုင်သေးဘဲ ထိုအိမ်နဲ့ လွတ်ကျွတ်ရာကိုသာ ဦးတည်လျက် ပြေးနေမိသည်၊၊ ဘယ်နေရာဘာရှိလဲ မသိသလို ထိုအိမ်က ဘယ်နေရာမှာ ရှိလည်း ဆိုတာ ကိုပါ မသိ၊၊ ထို့ကြောင့် မိုးသည်းထဲ ဦးတည်ရာမဲ့လျက် သာ ပြေးလွှားနေမိသည်၊၊ သူရဲ့ ဘေးပတ်ဝန်းကျင်ကတော့ မဲမှောင်နေသည်မှလွဲ၍ အခြားမြင်ကွင်း တစ်ခုတစ်လေ မျှတောင်မရှိချေ၊၊
သူရဲ့ နာမည်ကတော့ ခွန်းညီလွန်းရန်ပင်ဖြစ်၏၊၊ မိဘအစုံအလင်ရှိစဥ်က ဦးလေးက ရန်အပေါ်သို့ ကောင်းခဲ့သော်လည်း မိဘနှစ်ပါးဆုံးပါးသွားသည့်အချိန်မှစ၍ အတွင်းစိတ်အပုတ်အပွကပေါ်လာခဲ့လေသည်၊၊ ရန်ရဲ့ မိဘ ပိုင်ဆိုင်မှု အများစုကိုလည်း ဦးလေးနဲ့ သူ၏ သားဖြစ်သူကသာ လက်ဝါးကြီးအုပ်ကာ သိမ်းပိုက်ထား၏၊၊ ထို့ပြင် ရန်ကို လည်း ဖမ်းဆီထားကာ သူတို့စိတ်မကျေနပ်တိုင်းလည်း လာရောက် ရိုက်ပုတ်လေ့ရှိကြသေး သည်၊၊ ယခုလည်း ဦးလေးက သူ့ရဲ့သားနဲ့မှ မယူရင် သူနဲ့ ယူရမည်ဆိုသော ကြောင့် ရန် မှာ အခုလို အသက်စွန့်ကာ ပြေးလာရခြင်းဖြစ်သည်၊၊ ထို့သို့ လက်ထပ်ယူခိုင်းခြင်းမှာလည်း ရန်ကို မေမေတို့ပေးထားသော အမွေတစ်ဝက်က ရှေ့နေလက်ထဲမှာရှိနေပြီး ရန် လက်ထပ်မှ ထိုအမွေက ရမည်ဖြစ်သောကြောင့် ဦးလေးက ထို့သို့ လုပ်ခြင်းဖြစ်၏၊၊
မိုးရေထဲ ပြေးလွှားနေရင်း ရန် ကိုယ်ဘဝအကြောင်းပြန်တွေးမိလေတော့ မျက်ရည်များက မိုးရည်များနှင့်အတူ ရောကာ စီးဆင်း၏၊၊ ထို့ပြင် ဖိနပ်မပါသော ခြေဖဝါးတွေကလည်း ယခုလောက်ဆို သွေးကြေပင်ဥနေမှာ အသေအချာပင်ဖြစ်၏၊၊ ပြေးနေရင်းမှာပင် မျက်စိတည့်တည့်သို့ မီးထိုးကာဖြင့် ကားတစ်စီးက ထိုးရပ်လာတာကြောင့် ရန် အမြန်ပင် မျက်လုံးတို့ကို လက်ဖြင့် ကာထားလိုက်ရသည်၊၊ အမှောင်ထဲနေတာ အနည်းငယ်ကြာသွားတော့ ရုတ်တရက်အလင်းပြန်မြင်လိုက်ရတဲ့အခါမှ မျက်လုံးတို့က တန်း၍ မကြည့်နိုင်ဘဲ ခပ်စပ်စပ်ဖြစ်နေလျက်ဖြင့်သာ မှိတ်ချထားရသည်၊၊
" ဟေ့ မင်း ဘာကောင်လဲ ၊၊ ကားလာနေတာ မမြင်တာလား ဒါမှမဟုတ် ဂွင်ဖန်နေတာလား ဟမ် !!"
ကားပေါ်ကနေ all black ဝတ်ထားသော ခြေတန်ရှည်တွေနှင့်လူတစ်ယောက်က ထီးဆောင်းလျက် ဆင်းလာကာ ရန် ဘက်သို့ကြည့်လျက် ရန်ဖြစ်မဲ့စကား စလာလေသည်၊၊ မင်းဘာကောင်လဲလို့မေးတာက ခံနိုင်ပေမဲ့ လူကို ဂွင်ဖန်တာလားလို့ မေးလာတော့ရန်၏ မဟုတ်မခံခပ်စွာစွာ စိတ်ကလေးက နိုးကြွလာရသည်၊၊ မျက်နှာပေါ်မှ စီးကျနေသော ရေတွေကို လက်ဖြင့် သုတ်ချလျက် ထိုအနက်ကောင်ဆီသို့ ရန် လျှောက်သွားလိုက်သည်၊၊ ခွန်းညီလွန်းရန် ကို ပြောထားတဲ့အတွက် ဒင်း တစ်ခုခုတော့ ပြန်ခံရမည်၊၊
"ခွပ်!"
"အဲ့တာ ငါကို ဂွင်ဖန်တယ်လို့ ပြောလို့ ၊၊ ငါအတွက် တန်ရာတန်ကြေး ပြန်ယူတာ ဟျောင့်!"
ထိုးချက်က မပျင်းလှ၊၊ သို့ပေမဲ့ ယောကျ်ား လေးတစ်ယောက်ရဲ့အားမို့ ဗာရစ် မျက်နှာ တစ်ဖက်သို့ လှည့်ထွက်သွား၏၊၊ အစထဲက မနက်ဖြန်အတွက် မာမီရဲ့ စေ့စပ်ပွဲကြောင့် လူက စိတ်သိပ်ကြည်နေသည့်မဟုတ်၊၊ ကားရှေ့ပြေးဝင်လာတဲ့ အဖြူကောင်ကို ဒေါသအနည်းငယ်ပုံချမိတော့ ထိုကောင်က ဘာမပြောညာမပြောနဲ့ ဗာရစ်ကို ထိုးလာလေသည်၊၊ မီးလောင်ရာလေပင့်သလိုပင် ဗာရစ် ဒေါသတို့က မိုင်ကုန်ကို ရောက်လာရသည်၊၊
စိတ်ညစ်ဖြေဖို့အတွက် မြို့ပြင်ဘက် ကားမောင်းထွက်လာပါတယ်ဆို ရန်ပွဲက စီးကြို၏၊၊ ဘယ်တတ်နိုင်မလဲ မာဗာရစ် သွားရာ ရန်ပွဲက ဖြစ်နေတော့လည်း ဖြစ်ပေးရတာပေါ့၊၊
" တောက်စ်! မင်းလို မလောက်လေးမလောက်စား ကောင်ကများ !!"
" ခွပ် ခွပ်...!!"
ကိုင်ထားသော ထီးကို လွှင့်ပြစ်လျက် ထို မိုးရေ ရွဲစိုနေသော ကောင်ကို ဗာရစ် နှစ်ချက်ဆင့်ထိုးလိုက်တော့သည်၊၊ ခုခံအားမရှိစွာနဲ့ ထိုကောင်က ကားလမ်းမထက် ပြစ်လဲကျ၏၊၊ ပြန်ထ ဖို့တောင် အားမရှိတော့သည်ဖြစ်မည် လဲကျသွားတဲ့အတိုင်းသာလှုပ်ကို လှုပ်မလာခဲ့၊၊ ထိုလဲကျနေသော ကောင်မျက်နှာ နားသို့ ဗာရစ် သွားကာ ဆောင့်ကြောင့်ထိုင်လျက် ကြည့်မိတော့ မိုးရေတွေ ရွံနစ်နေသော ဒဏ်ရာနဲ့ မျက်နှာ ခပ်နုနုက ကားမီးရောင်အောက်မှာ လက်ခနဲကို ပေါ်လာသည်၊၊ မျက်နှာကို ဗာရစ် လက်ချောင်းတို့ဖြင့် ထိကြည့်မိတော့ နူးညံ့နေသော အသားအရည်က ယောကျ်ား တစ်ယောက်ဆိုတာ အထင်မှားစေသည်၊၊
ထို မေ့သွားသော ကောင်ကို ကြည့်ရင်း ဗာရစ် နှုတ်ခမ်း တို့က အနည်းငယ်ကွေးညွှတ်သွားရသည်၊၊ ရုတ်တရက် ဖြတ်ကနဲစဥ်စားမိလိုက်သော အကြံက ဗာရစ်အတွက် သေချာပေါက် အထောက်အကူဖြစ်စေ၏၊၊ လဲကျနေသော လူကိုတစ်ချက်ကြည့်လျက် နောက်နေ့တွေကစပြီး အသုံးချခံဖြစ်လာတော့မှာကို တွေးမိရင်း လှောင်ပြုံးတစ်ပွင့်က ဗာရစ် မျက်နှာ ထက် ဝင့်ကနဲ၊၊
" မာဗာရစ်ကို လာစမိတာကိုက မင်းအတွက် အကြီးမားဆုံး နောက်တနဲ့ အမှားဘဲ "
မေ့မျော နေသော လူကို တစ်ချက်ကြည့်လျက် ဗာရစ် ပြောမိတော့ မိုးအသံတွေကြား ဗာရစ်အသံက တိုးလျှိုး ကာ ခဏအတွင်းပင် ကွယ်ပျောက်သွား၏၊၊ ထို့နောက် မေ့နေတဲ့ လူ၏ အင်္ကျီ ဂုတ်ကနေကိုင်လျက် ပင့်မြှောက်ကာပင် ကားနောက်ခန်းထဲသို့ ဗာရစ် ပြစ်ထည့်လိုက်သည်၊၊ ဘယ်လောက်တောင်ပေါ့ပါးသလဲဆိုရင် လက်လေးတစ်ဖက်ထဲနဲ့ မ တာတောင် ထိုလူက အလွယ်တကူကို ဗာရစ် လက်ထဲပါလာတာဖြစ်သည်၊၊
မနက်ဖြန်အတွက် ကြံရာမရဖြစ်နေသော ကိစ္စက အဆင်ပြေသွားသည်မို့ ဗာရစ် မြို့ပြင်မှာ ဆက်မနေတော့ဘဲ အိမ်သို့သာ ကားလမ်းကြောင်းကို ပြောင်းလျက် မောင်းနှင်းလာခဲ့သည်၊၊ လက်မှာပတ်ထားသော နာရီကိုကြည့်မိတော့ ည 10 နာရီဝန်းကျင် ဖြစ်၏၊၊ ဗာရစ်လဲ မိုးရေထဲ နေထားသည်မို့ တစ်ကိုယ်လုံး ရွဲဆိုနေလေသည်၊၊ ထိုကြောင့် ကားကို မြန်နှုန်းမြင့်လျက်ဖြင့် အိမ်သို့ အမြန် မောင်းလာခဲ့သည်၊၊
အိမ်မရောက်ခင်တော့ မာမီကို ဖုန်းဆက်ကာဖြင့် ဗာရစ်အနည်းငယ်ကလိပေးအုံးမှ ဖြစ်မည်၊၊ လက်တစ်ဖက်က ကားမောင်းလျက် တစ်ခြားတစ်ဖက်ကတော့ ရေစိုနေသော ဘောင်းဘီ အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ဖြင့် မွေသမိခင်လို့မှတ်ထားသော ဖုန်းနံပါတ်ကို နှိပ်လျက် ဗာရစ်ခေါ်ဆိုလိုက်တော့သည်၊၊ မိနစ်အနည်းငယ်အကြာတွင် တစ်ဖက်မှ ဖုန်းကိုင်လာပြီး ခပ်အက်အက်ဖြင့် မာမီ၏ ဟယ်လို ဆိုသော အသံက ထွက်လာလေသည်၊၊
"ကျုပ်ပြောစရာရှိတယ်"
" ပြောမြန်မြန် ၊၊ ငါအိပ်ချင်နေပြီ "
" မနက်ဖြန် လက်မှတ်ထိုးစာရွက် ကို တစ်စုံပိုပြင်ထားဖို့ မာမီရှေ့နေ့ ကို လှမ်းပြောထားလိုက် "
" အမ် "
မာမီက နားမလည်စွာဖြင့် အမ်ဆိုသော စကားသာ ထွက်လာလေသည်၊၊ ဗာရစ် အစထဲက စိတ်ရှည်နေတာ မဟုတ်တော့ ခပ်တိုတို ခပ်ပြတ်ပြတ်သာမာမီကို ပြန်ပြောလိုက်မိတော့သည်၊၊ ထိုသည်က ...
" တအမ်အမ် လုပ်မနေနဲ့ ကျုပ် ယောကျ်ား ခိုးလာပြီ "
////////////////
မာ ဗာရစ်၏ အမေး = မင်းအတွက် အချစ်ရဲ့ အဓိပ္ပာယ် က ဘာလဲ ?
ဇန်အတွက်ကတော့ အချစ်က စွန့်လွှတ် ခြင်းနဲ့ အနစ်နာခံချင်းပါဘဲ၊၊ ( နွားဖြစ်မဲ့ ခံယူချက်လေးပေါ့ >< )
ဖြေပေးသွားကြနော် cm လေးတွေ ဖတ်ချင်လို့ရယ် ಠ⌣ಠ
/////////////
Zawgyi
အခ်စ္ ၊၊ ဘာလုပ္လို႔ရလဲ၊၊ ဘာမွလုပ္လို႔မရတဲ့အရာ၊၊ ထိေတြ႕လို႔လည္းမရသလို ျမင္ေတြ႕ေနရတာလည္းမဟုတ္၊၊ အမည္နာမသာရွိၿပီး ထိေတြ႕ဖို႔အတြက္ ျဒပ္ဝတၳဳမရွိတဲ့အရာ၊၊ သို႔ေပမဲ့ ထိုအရာကဘဲ လူတစ္ခ်္ု႔၏ ဘဝကို ပ်က္စီးေစေလ၏၊၊ နစ္မြန္းၿပီးလွ်င္ ႐ုန္းထြက္ရခက္ေသာအရာမွာ အခ်စ္ျဖစ္ေလ၏၊၊
မာဗာရစ္ဆိုတဲ့ သူအတြက္ေတာ့ အခ်စ္က ယခုထိ ေဘာင္မဝင္ေသး ၊၊ ရွင္သန္လာတဲ့ တစ္ေလွ်ာက္လုံး ဗာရစ္ အၿမဲရွာေဖြ ေနမိတာက ေငြကိုသာ ျဖစ္ၿပီး အခ်စ္ကိုမဟုတ္၊၊ ေလာကမွာ ေငြက ဒုတိယ ဘုရားသခင္လို လူေတြက တင္စားေခၚေဝၚၾကသည္၊၊ ထိုအေခၚအေဝၚနဲ႕လည္း ေငြက ကိုက္ညီသည္ေလ၊၊ ေငြမရွိရင္ ဘာမွလုပ္လို႔ရမည္မဟုတ္၊၊ ထို႔ေၾကာင့္ သိတတ္စအ႐ြယ္ထဲက ဗာရစ္ အၿမဲယဥ္တြဲေတြးမိသည္က ေငြနဲ႕ အခ်စ္ရဲ႕ အက်ိဳးရလဒ္ကိုသာ၊၊ ေငြရွိရင္ ကိုယ္စိတ္ႀကိဳက္ ဘယ္လူကိုမဆို ေငြေပးၿပီးခိုင္းေစလို႔ရသည္၊၊အခ်စ္ကေတာ့ ဘာမွ အရာမဝင္ေပ၊၊
"႐ြန္"
"ေျပာ အစ္ကိုရစ္"
တစ္ဖက္ခုံ၌ ထိုင္ကာ ကြန္ျပဴတာသုံးေနေသာ ႐ြန္ကို ဗာရစ္ေခၚေတာ့ လွည့္ၾကည့္ကာျပန္ေျဖလာသည္၊၊ အခုဗာရစ္တို႔က ေလယာဥ္ ေပၚမွာျဖစ္၏၊၊ အေၾကာင္း မွာေတာ့ ဂ်ပန္၌ သာယာေနတုန္း ျမန္မာကေန အသည္းအသန္လွမ္း၍ ေခၚေသာ ေမြးသမိခင္ေၾကာင့္ ဗာရစ္တို႔ အားခ်င္းျမန္မာကို ျပန္လာရျခင္းျဖစ္သည္၊၊ မ်က္ႏွာခ်င္းဆိုင္လိုက္တာနဲ႕ မာမီနဲ႕ ဗာရစ္နဲ႕ကမတည့္၊၊ အဲ့တာလည္း လူကိုယ္တိုင္လာမေတြ႕မခ်င္းကို ဖုန္းတဂြမ္ဂြမ္ဆက္ၿပီး ျမန္မာကို မာမီက လွမ္းေခၚေနတာျဖစ္သည္၊၊ ေတြ႕မွ ရန္စကားေျပာေပးရအုံးမည္ဟု ဗာရစ္ စိတ္ထဲေတးမွတ္ထားလိုက္သည္၊၊
" မင္းအတြက္ အခ်စ္ရဲ႕ အဓိပၸာယ္ က ဘာလဲ "
"ေနေကာင္းရဲ႕လား၊၊ ေဆးေရာေသာက္ၿပီးၿပီးလား၊၊ ထူးထူးဆန္းဆန္းနဲ႕ "
" ဘုတ္ ! အ့ ..!"
႐ြန္ဘက္သို႔ ျပစ္ေပါက္ေသာ ေခါင္းအုံးက အရွိန္ျပင္းျပင္းနဲ႕ပင္ နားထင္ဘက္သို႔ က်၏၊၊ လက္ကလည္း ကြန္ျပဴတာ ေပၚေျပးလႊားေနရသည္မို႔လွမ္း၍လည္းမဖမ္းနိုင္ခဲ့၊၊ ဒီလိုအေျခအေနမ်ိဳးက အစ္ကိုရစ္အနား အၿမဲေနရတဲ့ ႐ြန္အတြက္ေတာ့ ရိုးေနေလၿပီ၊၊ အေခါက္တိုင္း ခံရလည္း အမွတ္မရွိ သြားေျပာေျပာေနမိတာက ႐ြန္ကိုယ္တိုင္သာ ျဖစ္သည္၊၊
"ေမးေနရင္ေျဖ၊၊ အပိုအလိုေတြ ေလွ်ာက္မေျပာစမ္းနဲ႕"
"ကြၽန္ေတာ္ အတြက္ေတာ့ အခ်စ္က ပိုင္ဆိုင္ခြင့္မရွိရင္ေတာင္ သူေပ်ာ္ေနတာေလးကို ေငးၾကည့္ေနရယုံနဲ႕တင္ ျပည္စုံေနတာမ်ိဳး၊၊ အဓိပၸာယ္ ေတြအမ်ားႀကီးမဖြင့္ဆိုခ်င္ပါဘူး အဓိဂ က ကြၽန္ေတာ္ ခ်စ္ရတဲ့သူ ေပ်ာ္ေနဖို႔ေလးပါဘဲ "
႐ြန္ေျပာျပေတာ့ အစ္ကိုရစ္က ေတြးဆဆနဲ႕ တိတ္ဆိတ္ေနေလသည္၊၊ မ်က္ႏွာေပၚ၌လည္း အေတြးေပါင္းေျမာက္မ်ားစြာ ရွိေနသည္က လြန္စြာ ေပၚလြင္ ေနသည္၊၊ အၿမဲ ေပါ့ေပါ့ပါးပါးေနတတ္တဲ့ လူက ဒီေန႕မွ ထူးထူးဆန္းဆန္းေတြ ထေမးလာတာေၾကာင့္ ႐ြန္အထင္ေတာ့ အစ္ကိုရစ္ အရက္ေသာက္ပါမ်ားၿပီး ဦးေႏွာက္လြတ္သြားၿပီဆိုတာဘဲ၊၊ ထုတ္ေတာ့မေျပာရဲ ဒီတစ္ခါသာဆိုရင္ ႐ြန္အတြက္ အစ္ကိုရစ္က လက္သီးကိုသာ လႊတ္လိုက္လိမ့္မည္ ေခါင္းအုံးေတာ့ မဟုတ္ေလာက္ေတာ့၊၊
" အစ္ကိုရစ္ကေရာ အခ်စ္ကို ဘယ္လို အဓိပၸာယ္ လို႔ယူဆထားတာလဲ "
"အပိုင္ရယူျခင္း"
"ဟမ္ ဘာလို႔လည္း ၊၊ အဲ့လို ႀကီးက တစ္အား တစ္ဖက္သတ္ဆန္တယ္ေနာ္ အစ္ကိုရစ္"
"ခ်စ္မိမွေတာ့ အပိုင္ယူရမွာေပါ့၊၊ သူမ်ားရင္ခြင္မွာေပ်ာ္ဖို႔ဆိုၿပီး လက္လႊတ္ေပးရေအာင္ မာဗာရစ္က ေစာက္႐ူးမွမဟုတ္တာ "
ေျပာလာတဲ့ စကားလုံးေတြက မာန္ပါပါ၊၊ အၿမဲတမ္း တြန့္ခ်ိဳးေနတတ္တဲ့ မ်က္ခုံးမထူမပါးေတြကလည္း စူးရွလြန္းတဲ့ အစ္ကိုရစ္ရဲ႕ မ်က္လုံးအၾကည့္ေတြနဲ႕ လုံးဝ လိုက္ဖက္မႈရွိ၏၊၊ all black သာအၿမဲဝတ္တတ္တဲ့ လူက အခုလည္း all black နဲ႕ပင္ျဖစ္၏၊၊ ေျခတံရွည္ေတြကို ဆန့္၍ ဆင္းထားပုံက အစ္ကိုရစ္ကိုသေဘာက်တဲ့လူေတြအဖို႔ေတာ့ ေပါင္ေပၚေျပးတတ္၍ တတ္ထိုင္ခ်င္စရာအတိပင္၊၊ ဒီလို ႐ုပ္ရွည္နဲ႕ ေငြကလည္းရွိေတာ့ က်ားမ မေ႐ြး သေဘာက်ၿပီး ကပ္က်တာက အဆန္းေတာ့လည္းမဟုတ္ေပ၊၊ အဲ့လိုဟာေတြေၾကာင့္ အစ္ကိုရစ္ကအရမ္း ေခ်မိဳးေနတာေလ ၊၊ နည္းနည္းေတာ့ စိတ္ထဲ ႐ြန္ ဘူလီမိတာေပါ့ လက္ေတြ႕အျပင္မွာ ဆိုရင္ေတာ့ ထုတ္လည္းမေျပာရဲသလို ခံလည္းမလုပ္ရဲ၊၊ အစ္ကိုရစ္ ခႏၶာကိုယ္က ႐ြန္ ရဲ႕ ႏွစ္ဆ ေက်ာ္ေလာက္ပင္ရွိေသာေၾကာင့္ျဖစ္သည္၊၊
"အစ္ကိုရစ္ကေလ တအား အတၱႀကီးတာဘဲ"
"အတၱႀကီးမွာေပါ့ ေဒၚ အတၱေႏွာင္းရစ္ရဲ႕ တစ္ဦးတည္းေသာ သားဘဲေလ ဟြန္းး "
ႏွာမႈတ္ၿပီးေျပာလာပုံက ဒီေနရာမွာ ေမေႏွာင္းသာရွိရင္ေတာ့ေလ ထရိုက္ခ်င္လိုက္တာဆိုၿပီး ေျပာမွာဧကန္ပင္ျဖစ္သည္၊၊ မ်က္ႏွာခ်င္းဆိုင္ေတြ႕ေနလွ်င္ အစ္ကိုရစ္နဲ႕ ေမေႏွာင္းက မတည့္က်၊၊ ေနာက္ကြယ္ေရာက္ၿပီးဆိုရင္ေတာ့ တစ္ေယာက္အေၾကာင္းတစ္ေယာက္ အၿမဲ စုံစမ္းခိုင္းရတာနဲ႕ အေၾကာင္းမရွိအေၾကာင္းရွာၿပီးဖုန္းတဂြမ္းဂြမ္းဆက္ကာ လာေတြ႕ခိုင္းရတာနဲ႕ သူ႕တို႔သားမိႏွစ္ေယာက္က ဟုတ္ေတာ့လည္းဟုတ္ေနေလသည္၊၊
" ေမေႏွာင္းကိစၥ မေန႕က အစ္ကိုရစ္ဆီ အခ်က္အလက္ ေတြ ကြၽန္ေတာ္ အကုန္ပို႔ၿပီးၿပီးေနာ္ ၊၊ စစ္ေဆးလို႔ ၿပီးၿပီးလား "
" အင္း၊၊ဒါနဲ႕ ဒါလီယာကို ဖုန္းဆက္ေျပာလိုက္အုံး မနက္ျဖန္ ရန္ကုန္အိမ္ကိုအေရာက္လာခဲ့ဖို႔ "
"ဟုတ္ၿပီ ၊၊ ကြၽန္ေတာ္ ေျပာလိုက္မယ္"
႐ြန္ကိုမွာၿပီးသည္ႏွင့္ ထိုင္ခုံေနာက္ဘက္သို႔ေခါင္းမွီလ်က္ျဖင့္ ဗာရစ္ ခဏေမွးေနလိုက္ေတာ့သည္၊၊ ဦး ေခါင္း ကလည္း ေစာ္အလန္းေလးေတြေၾကာင္ဖို႔ဆို လုံးဝ ကိုက္ခဲမေနဘဲ အလုပ္ကိစၥ ေျပာၿပီဆို လုံးဝကို ကိုက္ခဲတတ္လာသည္၊၊ တကယ္ကို ဗာရစ္ ဦးေခါင္းက ဗ႐ုတ္က်တာဘဲ
" Boss Rick ခဏေန ေလယာဥ္ ဆင္းရပါေတာ့မယ္ "
အေရွ႕ခန္းကေန bodyguard က ဗာရစ္ထံသို႔ လာေရာက္ေျပာၾကားလွ်င္ မ်က္စီမွိတ္လ်က္သားအတိုင္းဖြင့္မၾကည္ေတာ့ဘဲ လက္ဟန္ျဖင့္သာ သိၿပီဆိုေၾကာင္းလုပ္ျပလိုက္သည္၊၊ ဗာရစ္တို႔ ေလယာဥ္ က ကိုယ္ပိုင္ယာဥ္ ျဖစ္သည့္အျပင္ စိတ္ႀကိဳက္ရာေနရာ၌ ထိုးစိုက္ခြင့္ကိုလည္း အစိုးရထံမွ ရရွိထားတာေၾကာင့္ အမ်ားေသာ အားျဖင့္ ခရီးတစ္ခုခုသြားအျပန္ကို ဗာရစ္ မိမိကိုင္ပိုင္ ေလယာဥ္ ကိုသာ အသုံးျပဳ၏၊၊ အဲ့တာကလည္း အခ်ိန္ကုန္ျခင္းႏွင့္ ခရီးပန္းျခင္းကို မ်ားစြာေလ်ာ့က်ေစသည္ေလ၊၊
အခုေလယာဥ္ဆင္းသက္မည္ေနရာက ရစ္အိမ္ေတာ္ရဲ႕ အေနာက္ဘက္ကြင္းျပင္က်ယ္ျဖစ္၏၊၊ ထို႔ေၾကာင့္ ခဏေန မာမီနဲ႕ ထိပ္တိုက္ေတြ႕ကာ ဗာရစ္ စကားနာ ထိုးရအုံးမည္၊၊ မာမီကလည္း အေလ်ာ့ေပးမည္မဟုတ္သလို ဗာရစ္ကလည္းအေလ်ာ့ေပးမည္မဟုတ္၊၊
"အစ္ကိုရစ္ ကြၽန္ေတာ္တို႔ ဆင္းရေအာင္ေလ ေလယာဥ္က စိုက္ေနၿပီ "
"အင္း"
ေလယာဥ္ ေပၚက ဗာရစ္တို႔ ဆင္းလာသည္ႏွင့္ အိမ္ကအလုပ္သမားမ်ားက ထြက္လာလ်က္ လာႀကိဳၾကသည္၊၊ ပါလာေသာ ေလယာဥ္ထဲမွ အထုတ္ေတြကိုေတာ့ bodyguard ႏွင့္ လြဲ ထားခဲ့လိုက္သည္၊၊ ဗာရစ္ကေတာ့ အသည္းအသန္ ေခၚေတာ္မူထားေသာ ေမြးသမိခင္ရွိေနမည္ အိမ္ရဲ႕ ဧည့္ခန္းဘက္သို႔သာ တန္းလ်က္ ေလွ်ာက္လာခဲ့သည္၊၊ ဗာရစ္ေနာက္ကေန ႐ြန္ကလည္း ကြန္ျပဴတာ အိတ္အေသးကို ကိုင္လ်င္ျဖင့္ လိုက္ပါလာ၏၊၊ ဒီအိမ္ကို မေရာက္တာၾကာလို႔ျဖစ္မည္ အိမ္ပတ္ဝန္းက်င္က ဗာရစ္အတြက္ အနည္းငယ္စိမ္းသက္ေန၏၊၊ အရင္ကမရွိခဲ့ေသာ ေရကူးကန္က အခုေတာ့ျဖင့္ အိမ္ေဘး၌ေရာက္ေနေလသည္၊၊ တူးေဖာ္ထားတာက မၾကာေသးမွန္း ေဘးဘက္ေဘာင္ကိုအေခ်ာမသတ္ရေသးပုံကိုၾကည့္ရင္သိနိုင္သည္၊၊ အိမ္ေရွ႕ဘက္ႏွင့္ ဖန္လုံအိမ္ေလးထဲ မွာလည္း သစ္ပင္အနည္းငယ္ကို ထပ္တိုးထည့္ေပါင္းထားပုံရ၏၊၊ အရင္ထက္ ပို၍ စိမ္းစိမ္းလန္းလန္းရွိေနေလသည္၊၊ အိမ္ေနာက္ဘက္ကေန ေကြ႕ပတ္လ်က္ ေနာက္ဆုံး အိမ္ေရွ႕တံခါးမႀကီးဘက္သို႔ ဗာရစ္တို႔ေရာက္လာခဲ့သည္၊၊ ထို႔ေနာက္ ဧည့္ခန္းအတြင္းသို႔ဝင္သြားလိုက္သည္ဆိုရင္ဘဲ မာမီက ထင္သည္အတိုင္း ထိုင္ေစာင့္ေနသည္၊၊
" Hello , long time no see "
"လာပါ ထိုင္ပါအုံး ကိုယ္ေတာ္ရယ္၊၊ အၿမဲ ဒီဟာမႀကီးကဘဲ ပင့္ဖိတ္ေနရတယ္ "
စေတြ႕ထဲက အေငၚတူး စကားေတြျဖင့္ စၾကေလၿပီ၊၊ဒီသားအမိႏွစ္ေယာက္ အေၾကာင္း ေနာေက် ေနတဲ့ ႐ြန္မွာေတာ့ ေခါင္းတခါခါျဖင့္သာလုပ္လ်က္ ေမေႏွာင္းေဘးက ဆိုဖာေပၚသို႔ ဝင္ထိုင္လိုက္ေတာ့သည္၊၊ အစ္ကိုရစ္ကေတာ့ မ်က္ႏွာခ်င္းဆိုင္ဆိုဖာထက္ေနရာယူလ်က္ ေျခတန္ရွည္ေျခေထာက္ႏွစ္ေခ်ာင္းကို ခ်ိတ္လ်က္ျဖင့္ ထိုင္သည္၊၊ အစ္ကိုရစ္အေၾကာင္း ႀကိဳသိေနတဲ့ အိမ္ေတာ္ထိန္း ေဒၚလွက ခ်က္ျခင္းကို ဝိုင္တစ္ပုလင္းနဲ႕ ဝိုင္အျပည့္ဖန္ခြက္ တစ္ခြက္ ကို အစ္ကိုရစ္စားပြဲေရွ႕သို႔ လာခ်ေပး၏၊၊ ေဒၚလွက ထို႔သို႔ အလိုက္တသိလာခ်ေပးေလေတာ့ ေမေႏွာင္း၏ ေတာ္ေတာ္အခုမွ သိတတ္ေနတယ္ဆိုေသာ စကားက တန္း ထြက္လာေလသည္၊၊
"သားရစ္ မင္းကို မာမီေျပာစရာရွိတယ္"
"လိုရင္းကိုဘဲ တည့္တည့္ေျပာ "
"မာမီ မင္းဒယ္ဒီနဲ႕ ကြာရွင္းၿပီး ေနာက္ အိမ္ေထာင္ျပဳမလို႔"
စားပြဲေပၚက ဝိုင္ခြက္ဆီ လက္လွမ္းေနေသာ သားရစ္ရဲ႕ လက္ေတြက ေႏွာင္းရစ္အေျပာမွာ ခဏရပ္တန့္သြားရသည္၊၊ မ်က္ႏွာအမူအရာကေတာ့ ဘာမွမေျပာင္းလဲ၊၊ အၿမဲျမင့္တင္ထားေသာ မ်က္ခုံးတန္းေတြနဲ႕ ဂ်စ္တစ္တစ္ မ်က္ႏွာထားသာ၊၊တစ္ခုခု ထကာ ေသာင္းက်န္းမယ္ထင္ထားေသာလည္း အေတြးအထင္နဲ႕လြဲစြာ ၿငိမ္သက္ေနေသာ သားရစ္ေၾကာင့္ ေႏွာင္းရစ္ စိတ္ထဲ သိပ္ မသကၤာေတာ့ေခ်၊၊
" သားရစ္ မင္း ဘာလို႔ ထမေသာင္းက်န္းတာလဲ၊၊ ဒါ မင္းပုံစံမွ မဟုတ္တာ "
"ႀကိဳသိေနလို႔ေပါ့ "
" .........."
ဗာရစ္ျမင္ျဖစ္ေအာင္ ျမင္လိုက္ရပါသည္ မာမီ၏လ်က္တျပက္ အံၾသသြားေသာ မ်က္ႏွာကိုေလ ၊၊ မာမီ၏ ထိုမ်က္ႏွာကလည္း စကၠန႔္ ပိုင္းမွ်သာျဖစ္၏၊၊ ဗာရစ္နည္းတူ ပါဘဲ မာမီကလည္း ႐ုပ္ေျပာင္း႐ုပ္လႊဲ ျမန္၏၊၊
" ဘာလည္း ကေလးလိုေအာ္ငိုျပၿပီး မကြာရွင္းဖို႔ေျပာရမွာလား၊၊ မာမီသားက ျမႇီးေကာင္ေပါက္အ႐ြယ္ေလးမဟုတ္ဘူး ေတာ္ေတာ္ႀကီးေနတဲ့အ႐ြယ္ "
"မင္းဘက္ကအဆင္ေျပတယ္ဆိုလည္း ၿပီးတာပါဘဲ"
"ဒါနဲ႕ ရသင့္ရထိုက္တဲ့ အေမြေတြေတာ့အခု အကုန္လႊဲေျပာင္းေပးခဲ့ေနာ္၊၊ မာမီ သားက ႏုံေတာ့ ၾကားထဲကေန ျဖတ္စားလွ်ပ္စား ေတြဆီ ပါသြားမွာ ဆိုးလို႔ ဟြန္းးး "
ကိုယ္ေမြးလို႔လည္းလူျဖစ္ရေသးတယ္ ကိုယ္ကိုလည္း မလိမ့္တပတ္လာလုပ္ေနတဲ့ သားရစ္ကို ၾကည့္ၿပီး ထရိုက္ခ်င္တဲ့ စိတ္ေတြက ေႏွာင္းရစ္ထံ တဖြားဖြားပင္၊၊ သူကိုသူႏုံတယ္ေျပာေနတဲ့လူက ႐ုပ္က တစ္စက္ကေလးမွ ယုံခ်င္စရာရွိမေန၊၊
အခ်စ္မပါတဲ့အိမ္ေထာင္ေရးမွာ ေမြးဖြားလာတဲ့ သားရစ္အတြက္ ေႏွာင္းရစ္ စိတ္ထဲမေကာင္းျဖစ္မိေသာ္လည္း အတတ္နိုင္ဆုံးေတာ့ သူမသား စိတ္ဒဏ္ရာ မရေလေအာင္ အၿမဲအလိုလိုက္၏၊၊ ဖခင္ေရာ မိခင္ကပါ အလိုလိုက္ထားေတာ့ သားရစ္က ဂ်စ္ကန္ကန္ႏွင့္ မည္သူကိုမွမေၾကာက္၊၊ သို႔ေပမဲ့ မေကာင္းတာေတြ လုပ္ၿပီးေတာ့ ဆိုး႐ြားပ်က္စီးေနတဲ့ ကေလးတစ္ေယာက္ေတာ့မဟုတ္၊၊ မိဘေတြသေဘာတူညီမႈေၾကာင့္ ေႏွာင္းရစ္နဲ႕ မာဗင္က ယူခဲ့ရေသာ္လည္း သားယခုအသက္အထိ တစ္ေယာက္နဲ႕တစ္ေယာက္ စကားမ်ားျခင္းလည္းမရွိခဲ့သလို လက္ပါၿပီး ရန္ျဖစ္ျခင္းမ်ိဳးလည္းမရွိခဲ့၊၊ ငယ္သူငယ္ခ်င္းေတြမို႔ ဆက္ဆံေရးက နားလည္မႈေတြနဲ႕သာ အၿမဲေရွ႕ဆက္ခဲ့ၾကသည္၊၊ သို႔ေပမဲ့လည္း အခ်ိန္တန္လို႔ ခ်စ္ရသူကိုယ္စီေပၚလာတဲ့အခုလိုအခါမ်ိဳးမွာေတာ့ ႏွစ္ဦးသေဘာတူ ကြာရွင္းမႈကို ျပဳရန္တိုင္ပင္ၾကသည္၊၊ အစကေတာ့ သားရစ္သေဘာဆႏၵအတိုင္းလုပ္မည္ဟုေတြးခဲ့ေသာ္လည္း ယခုကမူ သားရစ္ကအေမြကိုသာ စိတ္ထဲေရာက္ေနၿပီး ကြာရွင္းျခင္းကို စိတ္ထဲမရွိသည္မို႔ အနည္းငယ္ေတာ့ ေႏွာင္းရစ္စိတ္သက္ သာယာရ၏၊၊ ဘိုးဘြားေတြပိုင္ဆိုင္ခဲ့ေသာ အေမြေတြႏွင့္ ယခုလက္ရွိေႏွာင္းရစ္ပိုင္ဆိုင္ထားေသာ အေမြအားလုံးက အခ်ိန္တန္ သားရစ္ အတြက္ဘဲ ျဖစ္လာမွာ ျဖစ္သည္၊၊ သို႔ေပမဲ့ အလြယ္တကူေတာ့ သားရစ္ လက္ထဲမထည့္လိုက္နိုင္ေသး၊၊ အိမ္ေထာင္ရက္သားျပဳဖို႔အတြက္ေတာ့ေႏွာင္းရစ္ သားကို အနည္းငယ္ အက်ပ္ကိုင္ရမည္၊၊
"အေမြ လိုခ်င္ရင္ အိမ္ေထာင္အရင္ျပဳေလ၊၊ မင္း&အိမ္ေထာင္ျပဳၿပီးတာနဲ႕ အေမြ ေပးမယ္ "
"မာမီက က်ဳပ္ကို အခုအက်ပ္ကိုင္တယ္ဆိုပါေတာ့ "
" သားရယ္ မင္းမာမီ ေျပာသလိုဘဲ ဒယ္ဒီလည္းေထာက္ခံတယ္၊၊ မင္းအသက္ မငယ္ေတာ့ဘူးေနာ္ အိမ္ေထာင္အေျခတက်ေလးနဲ႕ရွိသင့္ေနၿပီ၊၊ နိုင္ငံတကာပတ္ၿပီး ရႈပ္ေပြေနတာေတြ ရပ္သင့္ၿပီ"
ေရွ႕ေနနဲ႕အတူ ဒယ္ဒီက ဧည့္ခန္းထဲသို႔ ေလွ်ာက္ဝင္လာရင္ မာမီနဲ႕ ဗာရစ္စကားဝိုင္းထဲသို႔ ဝင္ျဖတ္ေျပာလာေလသည္၊၊ ထို႔ေနာက္ ဗာရစ္ေဘးသို႔ ဝင္ထိုင္လာသည္၊၊ မိဘႏွစ္ပါးဆီသို႔ ဗာရစ္ မ်က္ခုံးပင့္ၾကည့္မိလ်က္ လက္ထဲက ဝိုင္ခြက္ကို အကုန္ေမာ့ခ်လိဳက္သည္၊၊ လည္ေခ်ာင္း တစ္ေလွ်ာက္ ပူဆင္းသြားေသာ အရသာက အလြန္ကိုမွ ရင္းႏွီးကြၽမ္းဝင္စြာနဲ႕ပင္ ေကာင္းမြန္လွသည္၊၊ ႏွစ္ေယာက္ေပါင္းၿပီး အညွာကိုင္ေနေသာ မာမီနဲ႕ ဒယ္ဒီက လုပ္ၿပဳံးႀကီးေတြနဲ႕ ပင္၊၊ ဟြန္း မာဗာရစ္အေၾကာင္း ျပရေသးတာေပါ့
"မနက္ျဖန္ မိန္းကေလးတစ္ေယာက္နဲ႕ မင္းကို မာမီ မိတ္ဆက္ေပးမယ္၊၊ အဲ့ ေကာင္မေလးနဲ႕ သားရစ္ အျမန္ဆုံး ေစ့စပ္ရမယ္၊၊ အေမြကိုေစာေစာလိုခ်င္တယ္ဆိုရင္ေပါ့ "
" ေကာင္းၿပီေလ ၊၊ ေစ့စပ္ဆိုေတာ့လည္း ေစ့စပ္ ၾကတာေပါ့ ဟြန္းး "
သားရစ္က ဘာေတြမ်ား ေတြးေနလဲ ေသခ်ာမသိ၊၊ ေႏွာင္းရစ္ မ်က္ႏွာရိပ္မ်က္ႏွာကဲ မဖတ္တတ္တဲ့လူေတြထဲမွာ သားရစ္က ထိပ္ဆုံး၌ပါေလသည္၊၊ တစ္ခုခုကိုႀကံစည္တိုင္း လုံးဝကို ခံစားခ်က္ေတြက မ်က္ႏွာမွာ ေပၚမေန၊၊ အခုလည္း ႏွာမႈတ္ၿပီး ႏႈတ္ခမ္း မဲ့ယုံၿပဳံးေနတဲ့ သားရစ္က ဘာေတြ ေတြးေတာေနသည္လဲ၊၊ ျဖစ္နိုင္ရင္ သားရစ္ရဲ႕ အေတြးထဲသာ ေႏွာင္းရစ္ ဝင္ၾကည့္လိုက္ခ်င္ရဲ႕
" က်ဳပ္ ကိစၥရွိလို႔ အျပင္ခဏသြားအုံးမယ္ bye bye "
"မနက္ျဖန္ မနက္10 နာရီေနာ္ ေနာက္မက်ေစနဲ႕ သားရစ္"
"မပူပါနဲ႕ မာမီရဲ႕ လက္မွတ္ထိုးပြဲကိုေတာ့ က်ဳပ္က အမွီျပန္လာမွာပါ "
မ်က္စိတစ္ဖတ္မွိတ္ျပကာပင္ ကားေသာ့တရမ္းရမ္းႏွင့္ သားရစ္က ဧည့္ခန္းထဲကေန ထြက္သြားေတာ့သည္၊၊ သားရစ္ထြက္သြားၿပီး ခဏအၾကာမွာလည္း ႐ြန္က နားခ်င္ၿပီးဟုဆိုကာ အိမ္အေပၚထပ္ သို႔တတ္သြားေလေတာ့သည္၊၊ ထို႔ေၾကာင့္ ဧည့္ခန္းထဲ၌ ေႏွာင္းရစ္အျပင္ မာဗင္နဲ႕ အိမ္ရဲ႕ေရွ႕ေန႕ႀကီးသာ က်န္ရွိခဲ့ေတာ့သည္၊၊
" ငါတို႔ ကြာရွင္းလက္မွတ္ထိုးရေအာင္ မာဗင္"
"ေအး ထိုး"
တစ္ေယာက္တစ္လွည့္ စာခ်ဳပ္မွာ လက္မွတ္ထိုးၿပီးေလေတာ့ စာ႐ြက္စာတမ္းအကုန္ကို အိမ္ရဲ႕ ေရွ႕ေနကဘဲ သိမ္းယူထားေလသည္၊၊ မနက္ျဖန္လည္း မဂၤလာ လက္မွတ္ထိုးဖို႔အတြက္ ေႏွာင္းရစ္ ေရွ႕ေန႕ႀကီးကို ထပ္လာေပးဖို႔ေျပာထားရသည္၊၊ အခုမေျပာဘဲ ညမွ စာပို႔ေျပာလွ်င္ မနက္က် ရွပ္ျပာျပာနဲ႕ ရွိေသာ မိမိအိမ္ရဲ႕ေရွ႕ေန႕က ေသခ်ာေပါက္ အခ်ိန္ေနာက္က်လိမ့္မည္၊၊ ထို႔ေၾကာင့္ ႀကိဳၿပီးေစာကာ ႀကိဳေျပာထားမွ ေတာ္ကာ ၾက၏၊၊
ကိစၥအဝအဝ အကုန္ၿပီးျပတ္သည္ႏွင့္ အေစာနက စကားသံနဲ႕ျပည့္ေနေသာ အိမ္ရဲ႕ဧည့္ခန္းက ယခုမူ မည္သူမွ မရွိေတာ့ဘဲ ပဂတိ တိတ္ဆိတ္သြားေလေတာ့သည္၊၊
/////////////
ေလေရာ မိုးပါ တေဝါေဝါ႐ြာခ်ေနေသာ ညခင္း၊၊ ညခင္းအခ်ိန္သည္ 7 နာရီေလာက္သာ ရွိေသးေသာ္လည္း သည္းထန္စြာ႐ြာေနေသာ မိုးေၾကာင့္ ညနက္သန္းေခါင္းလိုပင္ ပိန္းပိန္းပိတ္ေအာင္ ေမွာင္မဲေနေလသည္၊၊ ထို မဲမဲေမွာင္ေမွာင္ထဲမွာမွ သုံးထပ္အိမ္၏ အေပၚဆုံးထပ္ကေန လိုက္ကာမ်ားျဖင့္ဆက္၍ စီးထားေသာ ႀကိဳးထုံးတစ္ခုက
အိမ္ရဲ႕ျပတင္းေပါက္ကေနၿပီး လြင့္ထြက္လာေလသည္၊၊ ထို႔ေနာက္ ထိုႀကိဳးထုံးကိုကိုင္၍ ျပတင္းေပါက္မွ လူေကာင္ခပ္ေသးေသးက တြယ္၍ အိမ္ေအာက္ဘက္သို႔ ႀကိဳးထုံးအကူအညီျဖင့္ ေလ်ာဆင္းလာသည္၊၊ ထိုလူေကာင္ခပ္ေသးေသး၏ လႈပ္ရွားမႈအကုန္က မိုးသံေၾကာင့္ေပလားမသိ အိမ္ရဲ႕အေစာင့္လူေတြက တစ္ေယာက္ေသာမွ်သတိမထားမိၾက၊၊ ထို႔ေၾကာင့္ ခဏအတြင္းပင္ ထိုအိမ္ရဲ႕ဝန္းျပင္ဘက္သို႔ ထိုခ္ေေသးေသး လူေကာင္ေလးမွာ လြတ္လြတ္ကြၽတ္ကြၽတ္ ေရာက္လာရသည္၊၊
ကံဆိုးမသြားရာ မိုးလိုက္လို႔႐ြာဆိုသလိုပင္ အိမ္က ထြက္ေျပးမဲ့ေနက်မွ မိုးက အသည္းအသန္းကို ႐ြာေကာင္းေန၏၊၊ အျပင္ေလာကနဲ႕ အဆက္ျပတ္ၿပီး ထိုအိမ္ထဲ ခ်ဳပ္ေႏွာင္ျခင္းခံထားရသည္မွာ ငါး ႏွစ္တင္းတင္းပင္ျပည့္ေရာမည္၊၊ ေနမထိ ေလမထိနဲ႕ ေနခဲ့ရလို႔ထင္၏ ယခု မိုးအနည္းငယ္မိတာေတာင္ လူက ခိုက္ခိုက္တုန္ေနရေလၿပီ၊၊ ေက်ာရိုးထဲထိ စိမ့္တတ္ကာ ခ်မ္းေနေသာလည္း မမူနိုင္ေသးဘဲ ထိုအိမ္နဲ႕ လြတ္ကြၽတ္ရာကိုသာ ဦးတည္လ်က္ ေျပးေနမိသည္၊၊ ဘယ္ေနရာဘာရွိလဲ မသိသလို ထိုအိမ္က ဘယ္ေနရာမွာ ရွိလည္း ဆိုတာ ကိုပါ မသိ၊၊ ထို႔ေၾကာင့္ မိုးသည္းထဲ ဦးတည္ရာမဲ့လ်က္ သာ ေျပးလႊားေနမိသည္၊၊ သူရဲ႕ ေဘးပတ္ဝန္းက်င္ကေတာ့ မဲေမွာင္ေနသည္မွလြဲ၍ အျခားျမင္ကြင္း တစ္ခုတစ္ေလ မွ်ေတာင္မရွိေခ်၊၊
သူရဲ႕ နာမည္ကေတာ့ ခြန္းညီလြန္းရန္ပင္ျဖစ္၏၊၊ မိဘအစုံအလင္ရွိစဥ္က ဦးေလးက ရန္အေပၚသို႔ ေကာင္းခဲ့ေသာ္လည္း မိဘႏွစ္ပါးဆုံးပါးသြားသည့္အခ်ိန္မွစ၍ အတြင္းစိတ္အပုတ္အပြကေပၚလာခဲ့ေလသည္၊၊ ရန္ရဲ႕ မိဘ ပိုင္ဆိုင္မႈ အမ်ားစုကိုလည္း ဦးေလးနဲ႕ သူ၏ သားျဖစ္သူကသာ လက္ဝါးႀကီးအုပ္ကာ သိမ္းပိုက္ထား၏၊၊ ထို႔ျပင္ ရန္ကို လည္း ဖမ္းဆီထားကာ သူတို႔စိတ္မေက်နပ္တိုင္းလည္း လာေရာက္ ရိုက္ပုတ္ေလ့ရွိၾကေသး သည္၊၊ ယခုလည္း ဦးေလးက သူ႕ရဲ႕သားနဲ႕မွ မယူရင္ သူနဲ႕ ယူရမည္ဆိုေသာ ေၾကာင့္ ရန္ မွာ အခုလို အသက္စြန့္ကာ ေျပးလာရျခင္းျဖစ္သည္၊၊ ထို႔သို႔ လက္ထပ္ယူခိုင္းျခင္းမွာလည္း ရန္ကို ေမေမတို႔ေပးထားေသာ အေမြတစ္ဝက္က ေရွ႕ေနလက္ထဲမွာရွိေနၿပီး ရန္ လက္ထပ္မွ ထိုအေမြက ရမည္ျဖစ္ေသာေၾကာင့္ ဦးေလးက ထို႔သို႔ လုပ္ျခင္းျဖစ္၏၊၊
မိုးေရထဲ ေျပးလႊားေနရင္း ရန္ ကိုယ္ဘဝအေၾကာင္းျပန္ေတြးမိေလေတာ့ မ်က္ရည္မ်ားက မိုးရည္မ်ားႏွင့္အတူ ေရာကာ စီးဆင္း၏၊၊ ထို႔ျပင္ ဖိနပ္မပါေသာ ေျခဖဝါးေတြကလည္း ယခုေလာက္ဆို ေသြးေၾကပင္ဥေနမွာ အေသအခ်ာပင္ျဖစ္၏၊၊ ေျပးေနရင္းမွာပင္ မ်က္စိတည့္တည့္သို႔ မီးထိုးကာျဖင့္ ကားတစ္စီးက ထိုးရပ္လာတာေၾကာင့္ ရန္ အျမန္ပင္ မ်က္လုံးတို႔ကို လက္ျဖင့္ ကာထားလိုက္ရသည္၊၊ အေမွာင္ထဲေနတာ အနည္းငယ္ၾကာသြားေတာ့ ႐ုတ္တရက္အလင္းျပန္ျမင္လိုက္ရတဲ့အခါမွ မ်က္လုံးတို႔က တန္း၍ မၾကည့္နိုင္ဘဲ ခပ္စပ္စပ္ျဖစ္ေနလ်က္ျဖင့္သာ မွိတ္ခ်ထားရသည္၊၊
" ေဟ့ မင္း ဘာေကာင္လဲ ၊၊ ကားလာေနတာ မျမင္တာလား ဒါမွမဟုတ္ ဂြင္ဖန္ေနတာလား ဟမ္ !!"
ကားေပၚကေန all black ဝတ္ထားေသာ ေျခတန္ရွည္ေတြႏွင့္လူတစ္ေယာက္က ထီးေဆာင္းလ်က္ ဆင္းလာကာ ရန္ ဘက္သို႔ၾကည့္လ်က္ ရန္ျဖစ္မဲ့စကား စလာေလသည္၊၊ မင္းဘာေကာင္လဲလို႔ေမးတာက ခံနိုင္ေပမဲ့ လူကို ဂြင္ဖန္တာလားလို႔ ေမးလာေတာ့ရန္၏ မဟုတ္မခံခပ္စြာစြာ စိတ္ကေလးက နိုးႂကြလာရသည္၊၊ မ်က္ႏွာေပၚမွ စီးက်ေနေသာ ေရေတြကို လက္ျဖင့္ သုတ္ခ်လ်က္ ထိုအနက္ေကာင္ဆီသို႔ ရန္ ေလွ်ာက္သြားလိုက္သည္၊၊ ခြန္းညီလြန္းရန္ ကို ေျပာထားတဲ့အတြက္ ဒင္း တစ္ခုခုေတာ့ ျပန္ခံရမည္၊၊
"ခြပ္!"
"အဲ့တာ ငါကို ဂြင္ဖန္တယ္လို႔ ေျပာလို႔ ၊၊ ငါအတြက္ တန္ရာတန္ေၾကး ျပန္ယူတာ ေဟ်ာင့္!"
ထိုးခ်က္က မပ်င္းလွ၊၊ သို႔ေပမဲ့ ေယာက်္ား ေလးတစ္ေယာက္ရဲ႕အားမို႔ ဗာရစ္ မ်က္ႏွာ တစ္ဖက္သို႔ လွည့္ထြက္သြား၏၊၊ အစထဲက မနက္ျဖန္အတြက္ မာမီရဲ႕ ေစ့စပ္ပြဲေၾကာင့္ လူက စိတ္သိပ္ၾကည္ေနသည့္မဟုတ္၊၊ ကားေရွ႕ေျပးဝင္လာတဲ့ အျဖဴေကာင္ကို ေဒါသအနည္းငယ္ပုံခ်မိေတာ့ ထိုေကာင္က ဘာမေျပာညာမေျပာနဲ႕ ဗာရစ္ကို ထိုးလာေလသည္၊၊ မီးေလာင္ရာေလပင့္သလိုပင္ ဗာရစ္ ေဒါသတို႔က မိုင္ကုန္ကို ေရာက္လာရသည္၊၊
စိတ္ညစ္ေျဖဖို႔အတြက္ ၿမိဳ႕ျပင္ဘက္ ကားေမာင္းထြက္လာပါတယ္ဆို ရန္ပြဲက စီးႀကိဳ၏၊၊ ဘယ္တတ္နိုင္မလဲ မာဗာရစ္ သြားရာ ရန္ပြဲက ျဖစ္ေနေတာ့လည္း ျဖစ္ေပးရတာေပါ့၊၊
" ေတာက္စ္! မင္းလို မေလာက္ေလးမေလာက္စား ေကာင္ကမ်ား !!"
" ခြပ္ ခြပ္...!!"
ကိုင္ထားေသာ ထီးကို လႊင့္ျပစ္လ်က္ ထို မိုးေရ ႐ြဲစိုေနေသာ ေကာင္ကို ဗာရစ္ ႏွစ္ခ်က္ဆင့္ထိုးလိုက္ေတာ့သည္၊၊ ခုခံအားမရွိစြာနဲ႕ ထိုေကာင္က ကားလမ္းမထက္ ျပစ္လဲက်၏၊၊ ျပန္ထ ဖို႔ေတာင္ အားမရွိေတာ့သည္ျဖစ္မည္ လဲက်သြားတဲ့အတိုင္းသာလႈပ္ကို လႈပ္မလာခဲ့၊၊ ထိုလဲက်ေနေသာ ေကာင္မ်က္ႏွာ နားသို႔ ဗာရစ္ သြားကာ ေဆာင့္ေၾကာင့္ထိုင္လ်က္ ၾကည့္မိေတာ့ မိုးေရေတြ ႐ြံနစ္ေနေသာ ဒဏ္ရာနဲ႕ မ်က္ႏွာ ခပ္ႏုႏုက ကားမီးေရာင္ေအာက္မွာ လက္ခနဲကို ေပၚလာသည္၊၊ မ်က္ႏွာကို ဗာရစ္ လက္ေခ်ာင္းတို႔ျဖင့္ ထိၾကည့္မိေတာ့ ႏူးညံ့ေနေသာ အသားအရည္က ေယာက်္ား တစ္ေယာက္ဆိုတာ အထင္မွားေစသည္၊၊
ထို ေမ့သြားေသာ ေကာင္ကို ၾကည့္ရင္း ဗာရစ္ ႏႈတ္ခမ္း တို႔က အနည္းငယ္ေကြးၫႊတ္သြားရသည္၊၊ ႐ုတ္တရက္ ျဖတ္ကနဲစဥ္စားမိလိုက္ေသာ အႀကံက ဗာရစ္အတြက္ ေသခ်ာေပါက္ အေထာက္အကူျဖစ္ေစ၏၊၊ လဲက်ေနေသာ လူကိုတစ္ခ်က္ၾကည့္လ်က္ ေနာက္ေန႕ေတြကစၿပီး အသုံးခ်ခံျဖစ္လာေတာ့မွာကို ေတြးမိရင္း ေလွာင္ၿပဳံးတစ္ပြင့္က ဗာရစ္ မ်က္ႏွာ ထက္ ဝင့္ကနဲ၊၊
" မာဗာရစ္ကို လာစမိတာကိုက မင္းအတြက္ အႀကီးမားဆုံး ေနာက္တနဲ႕ အမွားဘဲ "
ေမ့ေမ်ာ ေနေသာ လူကို တစ္ခ်က္ၾကည့္လ်က္ ဗာရစ္ ေျပာမိေတာ့ မိုးအသံေတြၾကား ဗာရစ္အသံက တိုးလွ်ိုး ကာ ခဏအတြင္းပင္ ကြယ္ေပ်ာက္သြား၏၊၊ ထို႔ေနာက္ ေမ့ေနတဲ့ လူ၏ အကၤ်ီ ဂုတ္ကေနကိုင္လ်က္ ပင့္ျမႇောက္ကာပင္ ကားေနာက္ခန္းထဲသို႔ ဗာရစ္ ျပစ္ထည့္လိုက္သည္၊၊ ဘယ္ေလာက္ေတာင္ေပါ့ပါးသလဲဆိုရင္ လက္ေလးတစ္ဖက္ထဲနဲ႕ မ တာေတာင္ ထိုလူက အလြယ္တကူကို ဗာရစ္ လက္ထဲပါလာတာျဖစ္သည္၊၊
မနက္ျဖန္အတြက္ ႀကံရာမရျဖစ္ေနေသာ ကိစၥက အဆင္ေျပသြားသည္မို႔ ဗာရစ္ ၿမိဳ႕ျပင္မွာ ဆက္မေနေတာ့ဘဲ အိမ္သို႔သာ ကားလမ္းေၾကာင္းကို ေျပာင္းလ်က္ ေမာင္းႏွင္းလာခဲ့သည္၊၊ လက္မွာပတ္ထားေသာ နာရီကိုၾကည့္မိေတာ့ ည 10 နာရီဝန္းက်င္ ျဖစ္၏၊၊ ဗာရစ္လဲ မိုးေရထဲ ေနထားသည္မို႔ တစ္ကိုယ္လုံး ႐ြဲဆိုေနေလသည္၊၊ ထိုေၾကာင့္ ကားကို ျမန္ႏႈန္းျမင့္လ်က္ျဖင့္ အိမ္သို႔ အျမန္ ေမာင္းလာခဲ့သည္၊၊
အိမ္မေရာက္ခင္ေတာ့ မာမီကို ဖုန္းဆက္ကာျဖင့္ ဗာရစ္အနည္းငယ္ကလိေပးအုံးမွ ျဖစ္မည္၊၊ လက္တစ္ဖက္က ကားေမာင္းလ်က္ တစ္ျခားတစ္ဖက္ကေတာ့ ေရစိုေနေသာ ေဘာင္းဘီ အိတ္ကပ္ထဲမွ ဖုန္းကိုထုတ္ကာ ျဖင့္ ေမြသမိခင္လို႔မွတ္ထားေသာ ဖုန္းနံပါတ္ကို ႏွိပ္လ်က္ ဗာရစ္ေခၚဆိုလိုက္ေတာ့သည္၊၊ မိနစ္အနည္းငယ္အၾကာတြင္ တစ္ဖက္မွ ဖုန္းကိုင္လာၿပီး ခပ္အက္အက္ျဖင့္ မာမီ၏ ဟယ္လို ဆိုေသာ အသံက ထြက္လာေလသည္၊၊
"က်ဳပ္ေျပာစရာရွိတယ္"
" ေျပာျမန္ျမန္ ၊၊ ငါအိပ္ခ်င္ေနၿပီ "
" မနက္ျဖန္ လက္မွတ္ထိုးစာ႐ြက္ ကို တစ္စုံပိုျပင္ထားဖို႔ မာမီေရွ႕ေန႕ ကို လွမ္းေျပာထားလိုက္ "
" အမ္ "
မာမီက နားမလည္စြာျဖင့္ အမ္ဆိုေသာ စကားသာ ထြက္လာေလသည္၊၊ ဗာရစ္ အစထဲက စိတ္ရွည္ေနတာ မဟုတ္ေတာ့ ခပ္တိုတို ခပ္ျပတ္ျပတ္သာမာမီကို ျပန္ေျပာလိုက္မိေတာ့သည္၊၊ ထိုသည္က ...
" တအမ္အမ္ လုပ္မေနနဲ႕ က်ဳပ္ ေယာက်္ား ခိုးလာၿပီ "
////////////////
မာ ဗာရစ္၏ အေမး = မင္းအတြက္ အခ်စ္ရဲ႕ အဓိပၸာယ္ က ဘာလဲ ?
ဇန္အတြက္ကေတာ့ အခ်စ္က စြန့္လႊတ္ ျခင္းနဲ႕ အနစ္နာခံခ်င္းပါဘဲ၊၊ ( ႏြားျဖစ္မဲ့ ခံယူခ်က္ေလးေပါ့ >< )
ေျဖေပးသြားၾကေနာ္ cm ေလးေတြ ဖတ္ခ်င္လို႔ရယ္ ಠ⌣ಠ