Unicode
ရန်ချန်းမှာ မော့ကျိုးရှောင် ပြောသမျှကို နားမဝင်နိုင်တော့ဘဲ သူ၏စိတ်ထဲ စကားတစ်ခွန်းသာ စိုးမိုးနေတော့သည်။
“သူက မော့ကျိုးရှောင်ကို ချစ်တာတဲ့..”
အမှန်ပြောဆေးသည် ဘယ်သောအခါမှ မှားယွင်းမည်မဟုတ်။ ထိုဆေးသောက်မိလျှင် ကျိန်းသေပေါက် အမှန်တရားကိုသာ ပြောလိမ့်မည်။
ခြူးမုယွင်က မော့ကျိုးရှောင်ကို ချစ်ခဲ့သလား။
ရန်ချန်း မယုံပါချေ။ တစ်စုံတစ်ယောက်ကို ခြူးမုယွင် ချစ်မိသွားလိမ့်မည်ဟု သူ လုံးဝ မယုံကြည်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသားသည် နှလုံးသားကင်းမဲ့ပြီး အချစ်ဟူသည့် ခံစားချက်ကို နားမလည်သောကြောင့်ပင်။ သူဟာ သွေးအေးရက်စက်သော သားရဲသတ္တဝါများထက် ပို၍သွေးအေးရက်စက်သော ဖြစ်တည်မှုတစ်ခု ဖြစ်နေသည်။
သို့သော် ယခုမူ မော့ကျိုးရှောင်၏ ရိုက်ချက်ပြင်းပြင်းကြောင့် ခေါင်းရှုပ်သွားရသည်။
ခြူးမုယွင်က မော့ကျိုးရှောင်ကို တကယ်ချစ်မိသွားခြင်းလော။
ထိုကိစ္စက ဖြစ်နိုင်ပါ၏လော။ ဖြစ်နိုင်ခြေရှိသည်။
သူနှင့် မော့ကျိုးရှောင်တို့၏ လိမ်ညာလှည့်စားမှုများကို ခံစားခဲ့ရပြီးနောက် ခြူးမုယွင်သည် လွန်ခဲ့သော နှစ်ပေါင်းလေးထောင်သို့ ပြန်ရောက်သွားပြီး အကွက်ချကြံစည်လာတတ်ခြင်း ဖြစ်နိုင်ပေသည်။ ထိုအခြေအနေမျိုးတွင် မည်သူမဆို အချစ်ကို စိတ်ကုန်သွားမည်ပင်။
သို့ဖြစ်၍ ‘လက်ထပ်ခွင့်တောင်းသည့်’ ကိစ္စကို စိတ်အားထက်သန်စွာ လုပ်ဆောင်ရင်း ဟန်ဆောင်မှုများ၊ ဖုံးကွယ်မှုများကြား သွေးအေးရက်စက်လာသည်။ အကြင်နာမဲ့စွာ ကြံစည်နေတတ်ပြီး လိုချင်သည့်ရလဒ် မရမချင်း အရာအားလုံးကို ချုပ်ကိုင်ထားတော့သည်။
သို့သော် မော့ကျိုးရှောင်ကား သူ၏ ပထမဦးဆုံးပစ်မှတ် ဖြစ်နေခဲ့သည်။
သူ ‘လက်ထပ်ခွင့်’တောင်းရမည့် ပထမဦးဆုံးလူ ဖြစ်ခဲ့သည်။
ထိုစဉ်က ခြူးမုယွင်၏စိတ်ထဲ တာဝန်တစ်ရပ်အနေဖြင့် ‘လက်ထပ်ခွင့်’တောင်းရန် စီစဉ်နေလျှင်ပင် စစ်မှန်သော ခံစားချက်များကို မလွှဲရှောင်နိုင်လောက်ပေ။ ထို့ကြောင့် မော့ကျိုးရှောင်အပေါ် အမှန်တကယ် ချစ်မိသွားလိမ့်မည်။
သို့သော် ထိုဖြစ်ရပ်ပြီးနောက် လိမ်ညာလှည့်စားခံလိုက်ရသော ခြူးမုယွင်နှင့် ရေခဲဝိဉာဉ်သားရဲလေးသည် ရုတ်တရက် အသိစိတ်ဝင်လာပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။ သို့နှင့် သွေးအေးရက်စက်လာကာ အချစ်အပေါ် ခံစားချက်မရှိတော့တာ ဖြစ်နိုင်ပေသည်။
ရန်ချန်းမှာ ငေးမှိုင်နေပြီး သူ၏ ကိုယ်ပိုင်ကမ္ဘာလေးထဲ နစ်မျောနေခဲ့၏။
ခြူးမုယွင်က သူ၏လက်ကို အသာခါယမ်းလိုက်သည်။ သို့မှသာ ရန်ချန်းတစ်ယောက် အသိစိတ်ပြန်ဝင်လာတော့သည်။
ထိုအခိုက် မော့ကျိုးရှောင်က မေးလာသည်။ : “ငါတို့ရဲ့ဆရာကို မှတ်မိသေးလား..?”
ရန်ချန်းသည် စက္ကန့်အနည်းငယ်ခန့် ငေးမှိုင်သွားပြီး သတိလက်လွတ် ဖြစ်နေသည့် မျက်ဝန်းသူငယ်အိမ်က တဖြည်းဖြည်း မှေးကျဉ်းလာသည်။ ထို့နောက် သူက ပြန်ဖြေခဲ့သည်။ : “မှတ်မိတာပေါ့..”
မော့ကျိုးရှောင်က ထပ်မေးသည်။ : “သူ့ပုံစံကိုရော မှတ်မိလား..?”
ရန်ချန်းမှာ အသံတိတ်သွားပြီး ချက်ချင်း ပြန်မဖြေနိုင်ခဲ့ချေ။
ခြူးမုယွင်လည်း ထိုအကြောင်း နားထောင်ရင်း အနည်းငယ် သိချင်လာမိသည်။
ရန်ချန်းက သူ့ကို အတိတ်အကြောင်း တစ်ခွန်းစနှစ်ခွန်းစ ပြောပြခဲ့သော်ငြား သူပြောခဲ့သမျှက ဝေဝေဝါးဝါးဖြင့် တိတိကျကျ မရှိခဲ့ပေ။ အိပ်မက်ပေါင်းများစွာ ဆက်တိုက် မြင်မက်ခဲ့ရပြီးနောက် ခြူးမုယွင်တွင် ထင်မြင်ချက်တချို့ ရှိလာပြီး ကိစ္စတော်တော်များများကို အတည်ပြုချင်လာသည်။ ယခု ဤစကားဝိုင်းက သူ့ကို စိတ်ဝင်စားလာစေပြီး သဲလွန်စတချို့ ရရှိစေခဲ့သည်။
ရန်ချန်းက မျက်မှောင်အသာကြုတ်ရင်း.. : “………. ငါ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး..”
မော့ကျိုးရှောင် : “ငါရောပဲ.. သူ့ရဲ့မျက်နှာကို မမှတ်မိတော့ဘူး.. မှတ်ဉာဏ်ထဲကနေ လုံးဝ ပျောက်ကွယ်သွားသလိုပဲ..”
ရန်ချန်းသည် အမှန်ပြောဆေးကြောင့် အနည်းငယ် စိတ်မတည်မငြိမ်ဖြစ်နေဆဲ။ သို့ဖြစ်ရာ မော့ကျိုးရှောင်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးလာပြီး အတိတ်မှအကြောင်းများကို ဆက်မပြောချင်တော့ပေ။
“အစကတည်းက ဆရာက ငါတို့ဆီကို သိပ်မလာတတ်ဘူး.. ပြီးတော့ ဘာမှသင်ကြားပေးခဲ့တာမဟုတ်ဘူး.. ဒီလောက် နှစ်တွေအများကြီး ကြာနေမှတော့ သဲသဲကွဲကွဲ မမှတ်မိတော့တာ ဘာထူးဆန်းလို့လဲ..”
မော့ကျိုးရှောင်က ရန်ချန်းအား ရုတ်တရက် စိုက်ကြည့်လိုက်ကာ.. : “ဆရာက ငါတို့ကို ဘာမှမသင်ပေးခဲ့ဘူးလို့ မင်း တကယ် ထင်နေတာလား..?”
ရန်ချန်း တောင့်ခဲသွားသည်။
မော့ကျိုးရှောင် : “အဲတာဆို ဘယ်လိုဖြစ်ပြီး ဆရာ့တပည့် ဖြစ်လာလဲဆိုတာ မင်း မှတ်မိသေးလား..?”
ထိုစကားတစ်ခွန်းက ရန်ချန်း၏ စိတ်အာရုံကို လှုပ်ခတ်သွားစေ၏။ ရန်ချန်းမှာ ပြန်ဖြေချင်သော်ငြား လည်ချောင်းထဲ တစ်ဆို့နေသလို ခံစားလိုက်ရသည်။
ဆရာ့ဆီမှာ သင်ယူလေ့ကျင့်ပြီး အောင်မြင်ကျော်ကြားချင်လို့ ဂိုဏ်းထဲဝင်ခဲ့တာလေ။ ဘာများ လွဲမှားနေလို့လဲ..?
မော့ကျိုးရှောင် : “မင်းလည်း ဆရာရဲ့တပည့် ဘာယ်လိုဖြစ်လာမှန်း မသိဘူးမလား၊ ပြီးတော့ ဘယ်ကမှန်းမသိ ပညာရပ်တွေအများကြီး သင်ယူခဲ့တယ်.. အဲ့တာတွေပြီးတော့ ကိုယ်ပိုင်ဂိုဏ်း တည်ထောင်လိုက်တာတောင် မှားယွင်းနေတယ်လို့ မခံစားရဘူးမလား..?”
ထိမိလွန်းသော မေးခွန်းတစ်ခု။ ရန်ချန်း၏ မျက်ဝန်းများ မှေးကျဉ်းသွားပြီး.. : “မင်း… ဘာပြောချင်နေတာလဲ..?”
မော့ကျိုးရှောင်က ရယ်မောလိုက်ကာ.. : “တကယ်တော့ ရှဲ့ချင်းလန်ကို ဘာလို့အရမ်းမုန်းနေမိမှန်း ငါမသိဘူး..”
ရန်ချန်းက ဘာမှပြန်မပြောခဲ့ပေ။
သို့သော် မော့ကျိုးရှောင်က ဆက်ပြောလာသည်။ : “ပြောကြည့်.. ငါနဲ့သူက ဘယ်လိုလုပ် ညီအစ်ကိုအရင်းတွေ ဖြစ်နေတာလဲ..?”
“ရုပ်ချင်းခွဲမရအောင် တူလို့လား..?”
“အဲ့တာဆို ငါတို့မိဘတွေကရော ဘယ်သူတွေလဲ..?”
“အဖေအမေတောင် မရှိဘဲနဲ့ ဘယ်လိုလုပ် ညီအစ်ကိုတွေ ဖြစ်နေရတာလဲ..?”
မော့ကျိုးရှောင်၏ ပုံစံက သူ့ကိုယ်သူ ပြန်ပြောနေသယောင်။ သို့သော် ထိုစကားများကို နားထောင်ရင်း ရန်ချန်း၏ နှလုံးအိမ်ထဲတွင်လည်း သံသယတချို့ ဖြစ်တည်လာခဲ့သည်။
ထိုမေးခွန်းများ… တကယ့်ကို အဓိပ္ပါယ်မဲ့လှသည်။ ရိုးရှင်းပြီး အခြေခံကျသည့် မေးခွန်းများ ဖြစ်နေပါသော်လည်း သူတို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးသလို အမြဲတစေ လျစ်လျူရှုထားမိသည်။
ရန်ချန်းသည် မျက်ဝန်းထောင့်မှတဆင့် အတိတ်မေ့နေသော လင်းရွှမ်ကို မြင်လိုက်ရ၏။ သူ၏ စိတ်ထဲတွင် ရုတ်ချည်း လှုပ်ရှားသွားခဲ့သည်။ “အဲ့တော့ ငါတို့ရဲ့ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို မေ့လျော့နေတယ်လို့ မင်းပြောချင်တာလား..?”
မော့ကျိုးရှောင် : “မဟုတ်လို့လား..?”
ရုတ်တရက်ဆိုသလို ခြူးမုယွင်၏ စိတ်ထဲ မတူညီသော အိပ်မက်များထဲမှ ပုံရိပ်များအကြောင်း သတိရသွားခဲ့သည်။
သေချာတာပေါ့၊ ထိုပုံရိပ်များဟာ အိပ်မက်မဟုတ်၊ ဖြစ်ရပ်မှန်များပင်။ သို့သော် မည်သည့်နေရာဒေသတွင် ဖြစ်ပျက်ခဲ့သနည်း။
ရန်ချန်းက မျက်မှောင်ကြုတ်ကာ မေးလာသည်။ : “မင်း ဘာလို့အဲ့အကြောင်းတွေ တွေးနေတာလဲ..?”
နှစ်ပေါင်းထောင်ချီ တစ်ခါမှ သတိမပြုမိခဲ့သည့် ပြဿနာတစ်ခုကို အဘယ်ကြောင့် ရုတ်တရက်ကြီး တွေးတောနေရသနည်း။
မော့ကျိုးရှောင်က ဟန်ရေးပြမနေဘဲ ဝန်ခံလိုက်သည်။ : “ဟိုတုန်းက ‘အသက်တံခါး’ထဲကနေ အားယွင်ကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားခဲ့သေးတယ်.. ဒါပေမဲ့ ငါပါ ဆွဲသွင်းခံလိုက်ရတယ်.. အဲ့နေရာကနေ ပြန်ထွက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့်လည်း ငါ့မှတ်ဉာဏ်ထဲမှာ မရှိခဲ့ဖူးတဲ့ ပုံရိပ်တွေအများကြီး မြင်လိုက်ရတယ်..”
ရန်ချန်းက မေးသည်။ : “ဘာပုံရိပ်တွေလဲ..?”
မော့ကျိုးရှောင် : “ငါ့ရဲ့ ငယ်ဘဝ..”
ရန်ချန်း အံ့ဩသွားသည်။
မော့ကျိုးရှောင်က တည်ကြည်လေးနက်စွာ ရှင်းပြလာသည်။ : “ငါ ငယ်ငယ်လေးတုန်းက အချိန်ပဲ.. အမ်း… ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်လောက် ဖြစ်မယ်..”
ရန်ချန်းလည်း သူ့တွင် ငယ်ဘဝ၏ မှတ်ဉာဏ်များ လုံးဝမရှိကြောင်း သတိထားမိသွားသည်။ ဤလောကတွင် အသိစိတ် စတင်ဖြစ်တည်လာကတည်းက အရွယ်ရောက်ပြီးသား ဖြစ်နေ၍လားမသိ၊ ထိုကိစ္စက သူ့အတွက် သဘာဝကျနေသည်။
မှားမြင်မိသလား မပြောတတ်သော်လည်း မော့ကျိုးရှောင်က သူ့ကို မျက်ဝန်းထောင့်မှတဆင့် ဖြတ်ခနဲ ကြည့်လိုက်ကြောင်း ခြူးမုယွင် သတိထားမိခဲ့၏။ ထိုအကြည့်က အလွန်ညင်သာပြီး မထူးခြားသော်ငြား ရှင်းပြ၍မရသည့် အဓိပ္ပါယ်များစွာ ပါဝင်နေလေသည်။
သူ၏ ခန့်မှန်းချက်က ပိုမိုသေချာလာသော်ငြား ယုတ္တိမရှိသလို ခံစားလိုက်ရသည်။
မော့ကျိုးရှောင်က ရန်ချန်းကို ပြောပြနေခြင်းမှန်း သိသာပါသည်။ သို့သော် ခြူးမုယွင်မှာ ထိုစကားများကြောင့် အလွန်ဝေးကွာသည့် ရှေးခေတ်ကာလတစ်ခုဆို ဆွဲခေါ်ပိတ်လှောင်ခံလိုက်ရသလိုပင်။
ထိုနေရာတွင် မည်သူမျှမရှိ။
အဖြူရောင်ဟင်းလင်းပြင်ကျယ်ကြီးထဲ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းမရှိ၊ သည်အတိုင်း မတ်တပ်ရပ်နေခဲ့သည်။
ဤကား အလွန်လှပသည့် ကလေးငယ်တစ်ဦး ပေါ်မလာခင်အချိန်အထိ။ ထိုကလေးငယ်သည် မိုးပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး နုနယ်သော မျက်နှာလေးက လရောင်လွှမ်းနေသည့်နှယ်။ မီးခိုးရောင်ဖျော့ဖျော့ မျက်ဝန်းအိမ်သည် အပေါ်ဘက်သို့ မသိမသာ ကွေးညွတ်နေပြီး သူ၏ အပြုံးနုနုလေးက မြင်သမျှလူတိုင်းကို ဤကမ္ဘာပေါ်မှ အကောင်းဆုံးဟူသည့် ပစ္စည်းဥစ္စာများ ပေးအပ်လာစေချင်သည်အထိ စေစားနိုင်စွမ်းသည်။
ထိုကလေးငယ်သည် လူအများ၏ အချစ်ခံရမှုနှင့် ထိုက်တန်ပေသည်။
ခြူးမုယွင်လည်း သူ့ကို သဘောကျသည်။ သို့တည်းမဟုတ် အလွန့်အလွန် သဘောကျသည်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
သန့်ရှင်းစင်ကြယ်သော၊ လှပသော အသက်ဝိဉာဉ်တစ်ခု။
ခြူးမုယွင်က သူ့ကို အရာအားလုံး ပေးအပ်လိုခဲ့သည်။ သူ့မျှော်လင့်ချက်အားလုံး ဖြည့်ဆည်းပေးချင်သည်။ သူဖြစ်ချင်သည့်အတိုင်း အရာအားလုံး လိုက်လျောချင်သည်။ အလုံးစုံ ပုံအပ်ပြီး ကျန်းကျန်းမာမာ ကြီးပြင်းစေချင်ခဲ့သည်။
ထိုအတွေးများနှင့်အတူ ခြူးမုယွင်က စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး အရာအားလုံး လုပ်ဆောင်ပေးခဲ့သည်။
သို့သော် သူလုပ်ပေးနိုင်သည့်ကိစ္စက အလွန်များပြားလွန်းရကား ကလေးငယ်ကို လိုတာထက်ပိုပြီး လုပ်ဆောင်ပေးခဲ့မိ၏။ သာမန်လူသားများပင် စိတ်ကူးမယဉ်နိုင်သည်အထိ အလိုလိုက်ထားခဲ့သည်။
သူ ဘာအမှားလုပ်မိမှန်း ခြူးမုယွင် နားမလည်နိုင်ခဲ့ပေ။ ကလေးငယ်လေးသည် ပျော်ရွှင်ခြင်း၊ အလိုလိုက်ခြင်းများအကြား ချောမောသည့် လူရွယ်လေးအဖြစ်သို့ ကြီးပြင်းလာခဲ့သည်။
ခြူးမုယွင်က ကလေးငယ်လေး၏ ပြီးပြည့်စုံစွာ ကြီးပြင်းလာပုံကိုကြည့်ရင်း အလွန်ကျေနပ်နေခဲ့သည်။
သူက ကလေးငယ်ကို မိသားစုဝင်ကဲ့သို့ သဘောထားခဲ့သော်ငြား အရွယ်ရောက်လာပြီဖြစ်သည့် မော့ကျိုးရှောင်ကတော့ ရိုးသားဖြူစင်မှုများ မရှိတော့ပါချေ။
သူ့ကို စောင့်ရှောက်ပေးနေသော အမျိုးသားသည် သန်မာပြီး ပြီးပြည်စုံ၏။ ရုပ်ရည်သွင်ပြင်ကလည်း ပြောစရာမရှိ၊ စိတ်ကူးနိုင်တာထက်ပင် သာလွန်နေသေးသည်။ ထို့အပြင် သူ့အပေါ် ကြင်နာနွေးထွေးပြီး အရမ်းအလိုလိုက်သည်။
သို့နှင့် လူငယ်လေး၏ နှလုံးအိမ်ထဲတွင် စိတ်မချနိုင်ဖြစ်လာပြီး ရူးသွပ်စွဲလမ်းစိတ်များ ဖြစ်တည်လာခဲ့သည်။ အချစ်၏ အဓိပ္ပါယ်ကို မသိသေးခင်မှာပင် အချစ်နွံထဲ ကျဆင်းသွားတော့သည်။
……………………………………….
TN : Click ပါနော်။
……………………………………….
Zawgyi
ရန္ခ်န္းမွာ ေမာ့က်ိဳးေရွာင္ ေျပာသမွ်ကို နားမဝင္ႏိုင္ေတာ့ဘဲ သူ၏စိတ္ထဲ စကားတစ္ခြန္းသာ စိုးမိုးေနေတာ့သည္။
“သူက ေမာ့က်ိဳးေရွာင္ကို ခ်စ္တာတဲ့..”
အမွန္ေျပာေဆးသည္ ဘယ္ေသာအခါမွ မွားယြင္းမည္မဟုတ္။ ထိုေဆးေသာက္မိလွ်င္ က်ိန္းေသေပါက္ အမွန္တရားကိုသာ ေျပာလိမ့္မည္။
ျခဴးမုယြင္က ေမာ့က်ိဳးေရွာင္ကို ခ်စ္ခဲ့သလား။
ရန္ခ်န္း မယုံပါေခ်။ တစ္စုံတစ္ေယာက္ကို ျခဴးမုယြင္ ခ်စ္မိသြားလိမ့္မည္ဟု သူ လုံးဝ မယုံၾကည္ခဲ့ေပ။
အဘယ္ေၾကာင့္ဆိုေသာ္ ထိုအမ်ိဳးသားသည္ ႏွလုံးသားကင္းမဲ့ၿပီး အခ်စ္ဟူသည့္ ခံစားခ်က္ကို နားမလည္ေသာေၾကာင့္ပင္။ သူဟာ ေသြးေအးရက္စက္ေသာ သားရဲသတၱဝါမ်ားထက္ ပို၍ေသြးေအးရက္စက္ေသာ ျဖစ္တည္မႈတစ္ခု ျဖစ္ေနသည္။
သို႔ေသာ္ ယခုမူ ေမာ့က်ိဳးေရွာင္၏ ႐ိုက္ခ်က္ျပင္းျပင္းေၾကာင့္ ေခါင္းရႈပ္သြားရသည္။
ျခဴးမုယြင္က ေမာ့က်ိဳးေရွာင္ကို တကယ္ခ်စ္မိသြားျခင္းေလာ။
ထိုကိစၥက ျဖစ္ႏိုင္ပါ၏ေလာ။ ျဖစ္ႏိုင္ေျခရွိသည္။
သူႏွင့္ ေမာ့က်ိဳးေရွာင္တို႔၏ လိမ္ညာလွည့္စားမႈမ်ားကို ခံစားခဲ့ရၿပီးေနာက္ ျခဴးမုယြင္သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္းေလးေထာင္သို႔ ျပန္ေရာက္သြားၿပီး အကြက္ခ်ႀကံစည္လာတတ္ျခင္း ျဖစ္ႏိုင္ေပသည္။ ထိုအေျခအေနမ်ိဳးတြင္ မည္သူမဆို အခ်စ္ကို စိတ္ကုန္သြားမည္ပင္။
သို႔ျဖစ္၍ ‘လက္ထပ္ခြင့္ေတာင္းသည့္’ ကိစၥကို စိတ္အားထက္သန္စြာ လုပ္ေဆာင္ရင္း ဟန္ေဆာင္မႈမ်ား၊ ဖုံးကြယ္မႈမ်ားၾကား ေသြးေအးရက္စက္လာသည္။ အၾကင္နာမဲ့စြာ ႀကံစည္ေနတတ္ၿပီး လိုခ်င္သည့္ရလဒ္ မရမခ်င္း အရာအားလုံးကို ခ်ဳပ္ကိုင္ထားေတာ့သည္။
သို႔ေသာ္ ေမာ့က်ိဳးေရွာင္ကား သူ၏ ပထမဦးဆုံးပစ္မွတ္ ျဖစ္ေနခဲ့သည္။
သူ ‘လက္ထပ္ခြင့္’ေတာင္းရမည့္ ပထမဦးဆုံးလူ ျဖစ္ခဲ့သည္။
ထိုစဥ္က ျခဴးမုယြင္၏စိတ္ထဲ တာဝန္တစ္ရပ္အေနျဖင့္ ‘လက္ထပ္ခြင့္’ေတာင္းရန္ စီစဥ္ေနလွ်င္ပင္ စစ္မွန္ေသာ ခံစားခ်က္မ်ားကို မလႊဲေရွာင္ႏိုင္ေလာက္ေပ။ ထို႔ေၾကာင့္ ေမာ့က်ိဳးေရွာင္အေပၚ အမွန္တကယ္ ခ်စ္မိသြားလိမ့္မည္။
သို႔ေသာ္ ထိုျဖစ္ရပ္ၿပီးေနာက္ လိမ္ညာလွည့္စားခံလိုက္ရေသာ ျခဴးမုယြင္ႏွင့္ ေရခဲဝိဉာဥ္သားရဲေလးသည္ ႐ုတ္တရက္ အသိစိတ္ဝင္လာၿပီး အရာအားလုံးကို ရွင္းရွင္းလင္းလင္း နားလည္သြားခဲ့သည္။ သို႔ႏွင့္ ေသြးေအးရက္စက္လာကာ အခ်စ္အေပၚ ခံစားခ်က္မရွိေတာ့တာ ျဖစ္ႏိုင္ေပသည္။
ရန္ခ်န္းမွာ ေငးမႈိင္ေနၿပီး သူ၏ ကိုယ္ပိုင္ကမာၻေလးထဲ နစ္ေမ်ာေနခဲ့၏။
ျခဴးမုယြင္က သူ၏လက္ကို အသာခါယမ္းလိုက္သည္။ သို႔မွသာ ရန္ခ်န္းတစ္ေယာက္ အသိစိတ္ျပန္ဝင္လာေတာ့သည္။
ထိုအခိုက္ ေမာ့က်ိဳးေရွာင္က ေမးလာသည္။ : “ငါတို႔ရဲ႕ဆရာကို မွတ္မိေသးလား..?”
ရန္ခ်န္းသည္ စကၠန႔္အနည္းငယ္ခန႔္ ေငးမႈိင္သြားၿပီး သတိလက္လြတ္ ျဖစ္ေနသည့္ မ်က္ဝန္းသူငယ္အိမ္က တျဖည္းျဖည္း ေမွးက်ဥ္းလာသည္။ ထို႔ေနာက္ သူက ျပန္ေျဖခဲ့သည္။ : “မွတ္မိတာေပါ့..”
ေမာ့က်ိဳးေရွာင္က ထပ္ေမးသည္။ : “သူ႔ပုံစံကိုေရာ မွတ္မိလား..?”
ရန္ခ်န္းမွာ အသံတိတ္သြားၿပီး ခ်က္ခ်င္း ျပန္မေျဖႏိုင္ခဲ့ေခ်။
ျခဴးမုယြင္လည္း ထိုအေၾကာင္း နားေထာင္ရင္း အနည္းငယ္ သိခ်င္လာမိသည္။
ရန္ခ်န္းက သူ႔ကို အတိတ္အေၾကာင္း တစ္ခြန္းစႏွစ္ခြန္းစ ေျပာျပခဲ့ေသာ္ျငား သူေျပာခဲ့သမွ်က ေဝေဝဝါးဝါးျဖင့္ တိတိက်က် မရွိခဲ့ေပ။ အိပ္မက္ေပါင္းမ်ားစြာ ဆက္တိုက္ ျမင္မက္ခဲ့ရၿပီးေနာက္ ျခဴးမုယြင္တြင္ ထင္ျမင္ခ်က္တခ်ိဳ႕ ရွိလာၿပီး ကိစၥေတာ္ေတာ္မ်ားမ်ားကို အတည္ျပဳခ်င္လာသည္။ ယခု ဤစကားဝိုင္းက သူ႔ကို စိတ္ဝင္စားလာေစၿပီး သဲလြန္စတခ်ိဳ႕ ရရွိေစခဲ့သည္။
ရန္ခ်န္းက မ်က္ေမွာင္အသာၾကဳတ္ရင္း.. : “………. ငါ ရွင္းရွင္းလင္းလင္း မမွတ္မိေတာ့ဘူး..”
ေမာ့က်ိဳးေရွာင္ : “ငါေရာပဲ.. သူ႔ရဲ႕မ်က္ႏွာကို မမွတ္မိေတာ့ဘူး.. မွတ္ဉာဏ္ထဲကေန လုံးဝ ေပ်ာက္ကြယ္သြားသလိုပဲ..”
ရန္ခ်န္းသည္ အမွန္ေျပာေဆးေၾကာင့္ အနည္းငယ္ စိတ္မတည္မၿငိမ္ျဖစ္ေနဆဲ။ သို႔ျဖစ္ရာ ေမာ့က်ိဳးေရွာင္ကို ၾကည့္ရင္း စိတ္ရႈပ္ေထြးလာၿပီး အတိတ္မွအေၾကာင္းမ်ားကို ဆက္မေျပာခ်င္ေတာ့ေပ။
“အစကတည္းက ဆရာက ငါတို႔ဆီကို သိပ္မလာတတ္ဘူး.. ၿပီးေတာ့ ဘာမွသင္ၾကားေပးခဲ့တာမဟုတ္ဘူး.. ဒီေလာက္ ႏွစ္ေတြအမ်ားႀကီး ၾကာေနမွေတာ့ သဲသဲကြဲကြဲ မမွတ္မိေတာ့တာ ဘာထူးဆန္းလို႔လဲ..”
ေမာ့က်ိဳးေရွာင္က ရန္ခ်န္းအား ႐ုတ္တရက္ စိုက္ၾကည့္လိုက္ကာ.. : “ဆရာက ငါတို႔ကို ဘာမွမသင္ေပးခဲ့ဘူးလို႔ မင္း တကယ္ ထင္ေနတာလား..?”
ရန္ခ်န္း ေတာင့္ခဲသြားသည္။
ေမာ့က်ိဳးေရွာင္ : “အဲတာဆို ဘယ္လိုျဖစ္ၿပီး ဆရာ့တပည့္ ျဖစ္လာလဲဆိုတာ မင္း မွတ္မိေသးလား..?”
ထိုစကားတစ္ခြန္းက ရန္ခ်န္း၏ စိတ္အာ႐ုံကို လႈပ္ခတ္သြားေစ၏။ ရန္ခ်န္းမွာ ျပန္ေျဖခ်င္ေသာ္ျငား လည္ေခ်ာင္းထဲ တစ္ဆို႔ေနသလို ခံစားလိုက္ရသည္။
ဆရာ့ဆီမွာ သင္ယူေလ့က်င့္ၿပီး ေအာင္ျမင္ေက်ာ္ၾကားခ်င္လို႔ ဂိုဏ္းထဲဝင္ခဲ့တာေလ။ ဘာမ်ား လြဲမွားေနလို႔လဲ..?
ေမာ့က်ိဳးေရွာင္ : “မင္းလည္း ဆရာရဲ႕တပည့္ ဘာယ္လိုျဖစ္လာမွန္း မသိဘူးမလား၊ ၿပီးေတာ့ ဘယ္ကမွန္းမသိ ပညာရပ္ေတြအမ်ားႀကီး သင္ယူခဲ့တယ္.. အဲ့တာေတြၿပီးေတာ့ ကိုယ္ပိုင္ဂိုဏ္း တည္ေထာင္လိုက္တာေတာင္ မွားယြင္းေနတယ္လို႔ မခံစားရဘူးမလား..?”
ထိမိလြန္းေသာ ေမးခြန္းတစ္ခု။ ရန္ခ်န္း၏ မ်က္ဝန္းမ်ား ေမွးက်ဥ္းသြားၿပီး.. : “မင္း… ဘာေျပာခ်င္ေနတာလဲ..?”
ေမာ့က်ိဳးေရွာင္က ရယ္ေမာလိုက္ကာ.. : “တကယ္ေတာ့ ရွဲ႕ခ်င္းလန္ကို ဘာလို႔အရမ္းမုန္းေနမိမွန္း ငါမသိဘူး..”
ရန္ခ်န္းက ဘာမွျပန္မေျပာခဲ့ေပ။
သို႔ေသာ္ ေမာ့က်ိဳးေရွာင္က ဆက္ေျပာလာသည္။ : “ေျပာၾကည့္.. ငါနဲ႔သူက ဘယ္လိုလုပ္ ညီအစ္ကိုအရင္းေတြ ျဖစ္ေနတာလဲ..?”
“႐ုပ္ခ်င္းခြဲမရေအာင္ တူလို႔လား..?”
“အဲ့တာဆို ငါတို႔မိဘေတြကေရာ ဘယ္သူေတြလဲ..?”
“အေဖအေမေတာင္ မရွိဘဲနဲ႔ ဘယ္လိုလုပ္ ညီအစ္ကိုေတြ ျဖစ္ေနရတာလဲ..?”
ေမာ့က်ိဳးေရွာင္၏ ပုံစံက သူ႔ကိုယ္သူ ျပန္ေျပာေနသေယာင္။ သို႔ေသာ္ ထိုစကားမ်ားကို နားေထာင္ရင္း ရန္ခ်န္း၏ ႏွလုံးအိမ္ထဲတြင္လည္း သံသယတခ်ိဳ႕ ျဖစ္တည္လာခဲ့သည္။
ထိုေမးခြန္းမ်ား… တကယ့္ကို အဓိပၸါယ္မဲ့လွသည္။ ႐ိုးရွင္းၿပီး အေျခခံက်သည့္ ေမးခြန္းမ်ား ျဖစ္ေနပါေသာ္လည္း သူတို႔ တစ္ခါမွ မစဥ္းစားခဲ့ဖူးသလို အၿမဲတေစ လ်စ္လ်ဴရႈထားမိသည္။
ရန္ခ်န္းသည္ မ်က္ဝန္းေထာင့္မွတဆင့္ အတိတ္ေမ့ေနေသာ လင္း႐ႊမ္ကို ျမင္လိုက္ရ၏။ သူ၏ စိတ္ထဲတြင္ ႐ုတ္ခ်ည္း လႈပ္ရွားသြားခဲ့သည္။ “အဲ့ေတာ့ ငါတို႔ရဲ႕ မွတ္ဉာဏ္တစ္စိတ္တစ္ပိုင္းကို ေမ့ေလ်ာ့ေနတယ္လို႔ မင္းေျပာခ်င္တာလား..?”
ေမာ့က်ိဳးေရွာင္ : “မဟုတ္လို႔လား..?”
႐ုတ္တရက္ဆိုသလို ျခဴးမုယြင္၏ စိတ္ထဲ မတူညီေသာ အိပ္မက္မ်ားထဲမွ ပုံရိပ္မ်ားအေၾကာင္း သတိရသြားခဲ့သည္။
ေသခ်ာတာေပါ့၊ ထိုပုံရိပ္မ်ားဟာ အိပ္မက္မဟုတ္၊ ျဖစ္ရပ္မွန္မ်ားပင္။ သို႔ေသာ္ မည္သည့္ေနရာေဒသတြင္ ျဖစ္ပ်က္ခဲ့သနည္း။
ရန္ခ်န္းက မ်က္ေမွာင္ၾကဳတ္ကာ ေမးလာသည္။ : “မင္း ဘာလို႔အဲ့အေၾကာင္းေတြ ေတြးေနတာလဲ..?”
ႏွစ္ေပါင္းေထာင္ခ်ီ တစ္ခါမွ သတိမျပဳမိခဲ့သည့္ ျပႆနာတစ္ခုကို အဘယ္ေၾကာင့္ ႐ုတ္တရက္ႀကီး ေတြးေတာေနရသနည္း။
ေမာ့က်ိဳးေရွာင္က ဟန္ေရးျပမေနဘဲ ဝန္ခံလိုက္သည္။ : “ဟိုတုန္းက ‘အသက္တံခါး’ထဲကေန အားယြင္ကို ျပန္ဆြဲထုတ္ဖို႔ ႀကိဳးစားခဲ့ေသးတယ္.. ဒါေပမဲ့ ငါပါ ဆြဲသြင္းခံလိုက္ရတယ္.. အဲ့ေနရာကေန ျပန္ထြက္ႏိုင္ေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့ေပမယ့္လည္း ငါ့မွတ္ဉာဏ္ထဲမွာ မရွိခဲ့ဖူးတဲ့ ပုံရိပ္ေတြအမ်ားႀကီး ျမင္လိုက္ရတယ္..”
ရန္ခ်န္းက ေမးသည္။ : “ဘာပုံရိပ္ေတြလဲ..?”
ေမာ့က်ိဳးေရွာင္ : “ငါ့ရဲ႕ ငယ္ဘဝ..”
ရန္ခ်န္း အံ့ဩသြားသည္။
ေမာ့က်ိဳးေရွာင္က တည္ၾကည္ေလးနက္စြာ ရွင္းျပလာသည္။ : “ငါ ငယ္ငယ္ေလးတုန္းက အခ်ိန္ပဲ.. အမ္း… ခုနစ္ႏွစ္၊ ရွစ္ႏွစ္အ႐ြယ္ေလာက္ ျဖစ္မယ္..”
ရန္ခ်န္းလည္း သူ႔တြင္ ငယ္ဘဝ၏ မွတ္ဉာဏ္မ်ား လုံးဝမရွိေၾကာင္း သတိထားမိသြားသည္။ ဤေလာကတြင္ အသိစိတ္ စတင္ျဖစ္တည္လာကတည္းက အ႐ြယ္ေရာက္ၿပီးသား ျဖစ္ေန၍လားမသိ၊ ထိုကိစၥက သူ႔အတြက္ သဘာဝက်ေနသည္။
မွားျမင္မိသလား မေျပာတတ္ေသာ္လည္း ေမာ့က်ိဳးေရွာင္က သူ႔ကို မ်က္ဝန္းေထာင့္မွတဆင့္ ျဖတ္ခနဲ ၾကည့္လိုက္ေၾကာင္း ျခဴးမုယြင္ သတိထားမိခဲ့၏။ ထိုအၾကည့္က အလြန္ညင္သာၿပီး မထူးျခားေသာ္ျငား ရွင္းျပ၍မရသည့္ အဓိပၸါယ္မ်ားစြာ ပါဝင္ေနေလသည္။
သူ၏ ခန႔္မွန္းခ်က္က ပိုမိုေသခ်ာလာေသာ္ျငား ယုတၱိမရွိသလို ခံစားလိုက္ရသည္။
ေမာ့က်ိဳးေရွာင္က ရန္ခ်န္းကို ေျပာျပေနျခင္းမွန္း သိသာပါသည္။ သို႔ေသာ္ ျခဴးမုယြင္မွာ ထိုစကားမ်ားေၾကာင့္ အလြန္ေဝးကြာသည့္ ေရွးေခတ္ကာလတစ္ခုဆို ဆြဲေခၚပိတ္ေလွာင္ခံလိုက္ရသလိုပင္။
ထိုေနရာတြင္ မည္သူမွ်မရွိ။
အျဖဴေရာင္ဟင္းလင္းျပင္က်ယ္ႀကီးထဲ ေပ်ာ္႐ႊင္ျခင္း ဝမ္းနည္းျခင္းမရွိ၊ သည္အတိုင္း မတ္တပ္ရပ္ေနခဲ့သည္။
ဤကား အလြန္လွပသည့္ ကေလးငယ္တစ္ဦး ေပၚမလာခင္အခ်ိန္အထိ။ ထိုကေလးငယ္သည္ မိုးျပာေရာင္ဝတ္႐ုံရွည္ကို ဝတ္ဆင္ထားၿပီး ႏုနယ္ေသာ မ်က္ႏွာေလးက လေရာင္လႊမ္းေနသည့္ႏွယ္။ မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့ မ်က္ဝန္းအိမ္သည္ အေပၚဘက္သို႔ မသိမသာ ေကြးၫြတ္ေနၿပီး သူ၏ အၿပဳံးႏုႏုေလးက ျမင္သမွ်လူတိုင္းကို ဤကမာၻေပၚမွ အေကာင္းဆုံးဟူသည့္ ပစၥည္းဥစၥာမ်ား ေပးအပ္လာေစခ်င္သည္အထိ ေစစားႏိုင္စြမ္းသည္။
ထိုကေလးငယ္သည္ လူအမ်ား၏ အခ်စ္ခံရမႈႏွင့္ ထိုက္တန္ေပသည္။
ျခဴးမုယြင္လည္း သူ႔ကို သေဘာက်သည္။ သို႔တည္းမဟုတ္ အလြန႔္အလြန္ သေဘာက်သည္ဟု ဆိုလွ်င္ ပိုမွန္ေပလိမ့္မည္။
သန႔္ရွင္းစင္ၾကယ္ေသာ၊ လွပေသာ အသက္ဝိဉာဥ္တစ္ခု။
ျခဴးမုယြင္က သူ႔ကို အရာအားလုံး ေပးအပ္လိုခဲ့သည္။ သူ႔ေမွ်ာ္လင့္ခ်က္အားလုံး ျဖည့္ဆည္းေပးခ်င္သည္။ သူျဖစ္ခ်င္သည့္အတိုင္း အရာအားလုံး လိုက္ေလ်ာခ်င္သည္။ အလုံးစုံ ပုံအပ္ၿပီး က်န္းက်န္းမာမာ ႀကီးျပင္းေစခ်င္ခဲ့သည္။
ထိုအေတြးမ်ားႏွင့္အတူ ျခဴးမုယြင္က စိတ္ေရာကိုယ္ပါ ႏွစ္ျမဳပ္ၿပီး အရာအားလုံး လုပ္ေဆာင္ေပးခဲ့သည္။
သို႔ေသာ္ သူလုပ္ေပးႏိုင္သည့္ကိစၥက အလြန္မ်ားျပားလြန္းရကား ကေလးငယ္ကို လိုတာထက္ပိုၿပီး လုပ္ေဆာင္ေပးခဲ့မိ၏။ သာမန္လူသားမ်ားပင္ စိတ္ကူးမယဥ္ႏိုင္သည္အထိ အလိုလိုက္ထားခဲ့သည္။
သူ ဘာအမွားလုပ္မိမွန္း ျခဴးမုယြင္ နားမလည္ႏိုင္ခဲ့ေပ။ ကေလးငယ္ေလးသည္ ေပ်ာ္႐ႊင္ျခင္း၊ အလိုလိုက္ျခင္းမ်ားအၾကား ေခ်ာေမာသည့္ လူ႐ြယ္ေလးအျဖစ္သို႔ ႀကီးျပင္းလာခဲ့သည္။
ျခဴးမုယြင္က ကေလးငယ္ေလး၏ ၿပီးျပည့္စုံစြာ ႀကီးျပင္းလာပုံကိုၾကည့္ရင္း အလြန္ေက်နပ္ေနခဲ့သည္။
သူက ကေလးငယ္ကို မိသားစုဝင္ကဲ့သို႔ သေဘာထားခဲ့ေသာ္ျငား အ႐ြယ္ေရာက္လာၿပီျဖစ္သည့္ ေမာ့က်ိဳးေရွာင္ကေတာ့ ႐ိုးသားျဖဴစင္မႈမ်ား မရွိေတာ့ပါေခ်။
သူ႔ကို ေစာင့္ေရွာက္ေပးေနေသာ အမ်ိဳးသားသည္ သန္မာၿပီး ၿပီးျပည္စုံ၏။ ႐ုပ္ရည္သြင္ျပင္ကလည္း ေျပာစရာမရွိ၊ စိတ္ကူးႏိုင္တာထက္ပင္ သာလြန္ေနေသးသည္။ ထို႔အျပင္ သူ႔အေပၚ ၾကင္နာေႏြးေထြးၿပီး အရမ္းအလိုလိုက္သည္။
သို႔ႏွင့္ လူငယ္ေလး၏ ႏွလုံးအိမ္ထဲတြင္ စိတ္မခ်ႏိုင္ျဖစ္လာၿပီး ႐ူးသြပ္စြဲလမ္းစိတ္မ်ား ျဖစ္တည္လာခဲ့သည္။ အခ်စ္၏ အဓိပၸါယ္ကို မသိေသးခင္မွာပင္ အခ်စ္ႏြံထဲ က်ဆင္းသြားေတာ့သည္။
……………………………………….
TN : Click ပါေနာ္။
……………………………………….