နေ့လည်စာ စားချိန်မလို့ canteenဘက်မှသာလူရှုတ်ပြီး ကျောင်းပေါက်တွင် လူပြတ်လပ်သည်....
"ဘာလို့လာတာလဲ ခြေထောက်က သက်သာလို့လား!?"
ချစ်ဖို့ကောင်းစွာဖြင့် မျက်မှန်အဝိုင်းကေအာက်နေ မျက်လုံး ဝိုင်းဝိုင်းလေးတွေနဲ့ သူ့အား ဆူပူနေသော ကောင်လေးကို အံ့ကလျာနွယ် အူရားမိသည်.....
"အစကတည်းက သက်သာနေပါပြီလို့ နောင်လေးကို ပြောတယ်လေ"
သူကပြန်ချေပလိုက်တော့ နှုတ်ခမ်းလေးဆူကာ တိုးလျစွာ ပြောလာသည်....
"စိတ်ပူလို့ကို~"
အံ့ကလျာနွယ်က ပြုံးကာ ခေါင်းလေးကိုပွတ်ရင်း ပြုံးသည်....
"ဟုတ်ပါပီ.... ညနေကြ လာကြိုမယ်... အခု ကုမ္ပဏီပြန်ရမှာ...."
"ဟုတ် ဖိုက်တင်းမာမီ....မွ"
အပြုံးလေးဖြင့် ခြေဖျားကလေး ထောက်ကာ မမှီမကမ်းနဲ့ သူ့၏ ပါးပြင်အား လာနမ်းလေသည်....
"ရွှတ်! သွားတော့.... "
မာမီက သူ့အား ပြန်နမ်းကာ သွားစေသည်....
မာမီ၏ အပြုအမူကြောင့် နောင်နောင် ပါးပြင်လေးဟာ ရဲလာခဲ့သည်....
"ဟုတ်" ဟုသာ ပြန်ပြောပြီး ထိုနေရာ ထွက်ခွာလာခဲ့သည်....
အနောက်ကို ပြန်လှည့်ကြည့်မိတော့ မာမီက သူ့အား ပြုံးကာ လက်ပြနေသည်...
ပြုံးပြရင်းဖြင့် အကိုတေဇ ရပ်စောင့်နေသော အပင်အောက်ကို ပြေးသွားလိုက်သည်....
အကိုတေဇ၏ မျက်နှာဟာ စောနကနှင့်မတူဘဲ အနည်းငယ် ဝမ်းနည်းနေရောင်...
"အကိုတေဇ.... "
"သြော် လာပြီလား.... သွားရအောင်...."
"ဟုတ်"
အရှေ့က ထွက်သွားနှင့်သော ကျောပြင်ငယ်လေးကိုကြည့်ကာ ဝမ်းနည်းမှုတွေဟာ ကြီးစိုးလာသည်....
"မပိုင်ဆိုင်ရသေးခင်တောင် စွန့်လွှတ်ရတော့မယ်ထင်တယ် ကလေးရယ်"
တစ်ယောက်တည်း ရေရွတ်ရင်း ကောင်လေးနောက်ကို လိုက်သွားလိုက်သည်....
.......................…
"ယခုပြုလုပ်မယ့် projectမှာ ကျနော်တို့ဘက်ကနေ လိုလေသေးမရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်.....
အကယ်လို့ လူကြီးမင်းတို့လိုချင်တဲ့ ပုံစံမျိုးရှိရင် ကျနော်တို့ကို ပြောလို့ရသလို မေးချင်တာများရှိရင် အခုကတည်းက မေးလို့ရပါတယ်"
Meeting room တစ်ခု၌ စစ်မင်းခ၏ ဖြေရှင်းချက်များကို အားလုံးက အာရုံစူးစိုက်စွာ နားထောင်နေပြီး project အတွက်လိုအပ်သည့်အရာများလည်း မှာကြားရန် မသိပေးနေချင်းဖြစ်သည်......
M- "တစ်ခုလောက်မေးမယ်"
"ဟုတ်ကဲ့ မေးပါဗျာ..."
M- "ဒီprojectမှာ ဉီးဆောင်မဲ့သူကို သိချင်တယ်"
"ဟုတ်ကဲ့ပါ.....
Projectမှာ ကျနော်တို့ရဲ့ CEO အံ့ကလျာနွယ်က ဉီးဆောင်တာဝန်ယူထားပါတယ်"
M- "မိန်းကလေးတစ်ယောက်က ဉီးဆောင်မယ် ဟုတ်လား?!"
ထိုလူကြီး၏ မေးခွန်းကြောင့် အမွှာနှစ်ယောက်ရဲ့ ဒေါသဟာ ထောင်းခနဲ
"ဘာလဲ မှားယွင်းမှာကြောက်နေတာလား?... အဲ့အတွက်က စိတ်ချလိုက် ကျနော် လုပ်သမျှ projectတွေအကုန်လုံးက ဒီမြို့ရဲ့ နေရာအနှံ့အပြားမှာရှိတယ်ဆိုတာ ခများမသိဘူးလား? .... မိန်းမတိုင်း သူ့အရည်အချင်းကိုယ်စီရှိတယ်....
ခများအခုပြောလိုက်တဲ့စကားက အမျိုးသမီးတွေကို စော်ကားရာကြသွားပြီ... ခများက အမျိုးသမီးတွေရဲ့ အစွမ်းအစကို ဘယ်လောက်သိလဲ?....
ထားပါတော့.... မိန်းမတွေဟာ ပျော့ညံ့တဲ့သူ...
ဒါဆို အဂ်လန်ဘုရင်မကြီး Elizabethရော? သူမရဲ့ အစွမ်းအစနဲ့ နိုင်ငံတစ်ခုလုံးကို တိုးတက်အောင် ဆောင်ရွက်နိုင်တယ်လေ...
မိန်းမတွေကို ခများအထင်မသေးနဲ့....သူတို့က ယောက်ျားတွေထက်ကို သန်မာတယ်.... သူတို့ရဲ့ ကြိုးစားမှုတွေဟာလည်း ပိုပြီးတော့ ထိရောက်တယ်ဆိုတာ ခများလည်း အသိဘဲ မဟုတ်လား Mr.?"
အံ့ကလျာနွယ်၏ စကားအဆုံး meeting roomထဲက ရှယ်ရာရှင်အမျိုးသမီးက ဝိုင်းပြီး ချီးကျူးကြသလို သူ့အား ထောက်ခံကြသည်....
ထိုလူမှာတော့ မျက်နှာပျက်ကာ ဘာမှထက်မပြောနိုင်တော့ချေ....
"တစ်ခါတည်းပြောလိုက်ပါမယ်.... ဒီprojectမှာ ကျနော် ဉီးဆောင်လို့ ရှယ်ရာထွက်မယ်ဆိုလည်း မတားဘူး....ထွက်လို့ရတယ်....ထွက်ပြီးမှ ပြန်joinမယ်ဆိုရင်တော့ Golden Lion Company ကနေအပြီးပိုင် Banမယ်...."
ကလျာ၏ သတိပေးသံအဆုံး meeting room ထဲကလူတွေ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်....
တချို့တွေက သဘောမကြပေသော်လည်း မြန်မာနိုင်ငံသာမက တခြားနိုင်ငံအထိ ကျော်ကြားတဲ့ Company မှာ ရှယ်ရာဝင်ဖို့ ခဲယဉ်းသည်ကြောင့် ဘာမှမတက်နိုင်....
တချို့က နှစ်ချိုက်စွာဖြင့် သဘောတူကြသည်.....
W- "ဒါဆို ဒို့ရဲ့ဘက် ဘာတွေပြင်စရာလိုသေးလည်း"
"မလိုအပ်ပါဘူး Designတွေဘာတွေကအစ ကျနော် တာဝန်ယူပြီးလုပ်ပေးမှာပါ"
ကလျာက မျက်နှာတည်တင်းထားသည်ကို လုံးဝမပြက်ဘဲ စကားပြောသည်....
"ဒါဆို ဒီနေ့အတွက်က ဒီလောက်ပါဘဲဗျ...."
ထိုသို့ပြောပြီးသည်နှင့် အားလုံးက meeting roomထဲကနေ ထွက်သွားကြသည်...
"ဟူးးးးးးပင်ပန်းလိုက်တာ"
အံ့ထွဋ်မင်းနွယ်က နက်ခ်တိုင်ကို ဖြေရင်း ညည်းညူစွာပြောသည်....
"ကျနော် Coffeeဖျော်လိုက်ပါ့မယ်"
စစ်မင်းခက ထိုသို့ပြော၍ Roomထဲကနေ ထွက်သွားသည်...
အခန်းထဲ အမွှာနှစ်ယောက်သာကျန်နေခဲ့သည်....
"သက်သာရဲ့လား"
"သက်သာရဲ့လား"
စကားတစ်ခွန်းကို နှစ်ယောက်သား ပြိုင်တူပြောလိုက်သည်....
ပြီးမှ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ
ပြုံလိုက်ကြသည်....
"Tell You First"
"ခြေထောက်က အဆင်ပြေရဲ့လား"
"အစကတည်းက သက်သာနေပြီ ဒါကို ဟိုအကောင်ပေါက်က စိတ်တွေပူနေတာလေ....နင်ရော ခေါင်းက ဘယ်လိုနေလဲ"
"အင်း....အဆင်ပြေပါတယ်...."
ထိုမျှသာ ပြောပြီး အခန်းဟာ တစ်ဖန်တိတ်ဆိတ်သွားပြန်သည်....
"နင်ဟိုကို လိုက်မှာလား?"
ကလျာက ခဏစဉ်းစားဟန်ပြုပြီးမှ ခေါင်းကိုငြိမ့်ပြသည်....
"အမှန်တကယ်ဆို ငါမလိုက်ချင်ဘူး....ဒါပေမယ့် အဲ့လူတစ်ခုခု အကြံစည်ရှိနေတယ်ဆိုတာ ငါသိတယ်.... "
မင်းနွယ်ကပါ ခေါင်းငြိမ့်၍ ထောက်ခံသည်....
"ငါ့မှာ အစီအစဉ်ရှိတယ်..... "
"ဘယ်လိုမျိုးလဲ.... "
"ဒီလို@#%@#$@%%%$%^"
မင်းနွယ်၏ အပြောကိုနားထောင်ပြီး ပြုံးမိသည်...
အလှည့်ကျမနွဲ့စတမ်းပေါ့....
...................
ကလျာတစ်ယောက် ပြည့်စုံစီက စာတွေမေးရင်း နောင်လေးအား လာကြိုချင်းဖြစ်သည်......
"ဒါအကုန်ဘဲလား"
လက်ထဲက စာအုပ်ထူထူကိုကြည့်ပြီး ကလျာစိတ်ရှုမိသည်.....
တစ်ရက်ထဲကို အဲ့လောက်တောင် သင်တယ်ဆိုတာ ယုံချင်လုံးဝမရှိ....
ပြည့်စုံနဲ့ စကားပြောနေတုန်း အတန်းထဲကထွက်လာသည့် အကောင်ပေါက်ကို တွေ့လိုက်ရသည်....
ခဏ....
သူ့ဘေးမှာ Alpha တစ်ယောက်....
သူ့ရဲ့ အကောင်ပေါက်ကလည်း ထိုသူနဲ့ စကားတပြောပြောနှင့် သူ့အားမမြင်သည့်ပုံပင်....
"မာမီ..."
အတန်ကြာမှ သူ့စီကို ပြေးလာကာ နှုတ်ဆက်သည်....
နောင်နောင် မာမီ၏ ပုံစံကို သိပ်တော့ သဘောမကြပေ...
မျက်နှာကို တည်တင်းနေပြီး သူ့အားသိပ်ဂရုမစိုက်သည့်ပုံပင်....
"တက်!"
ကားတံခါးကိုဖွင့်ပေးပြီး အေးဆက်ဆက်အသံဖြင့်သာ သူ့အားပြောသည်.....
.................
ကားအတွင်း၌ တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်....
ကားစတီရာတိုင်ကို ကိုင်ထားသည့် မာမီ၏လက်သွယ်သွယ်တွေဟာ သွေးကြောတွေတောင် ထောင်ထွက်နေသည်....
တစ်ခုခုကို ဒေါသထွက်နေသည်ဆိုရင် ပိုမှန်မည်....
ဒေါသကြောင့် မာမီ၏ မျက်နှာဟာ နဂိုကထက် ပိုမိုတည်နေပြီး နားထင်ကသွေးကြောတွေကိုလည်း အတိုင်းသား မြင်နေရသည်....
နဂိုက အညိုရောင် မျက်ဝန်းတွေဟာ ယခုအချိန်၌ ပို၍အရောင်တောက်နေသည်....
"မာမီ...."
*တောက်စ်!*
သူခေါ်ကာရှိသေး တောက်ပြင်းပြင်းခေါက်ကာ ကား၏အရှိန်ကို ပိုမြင့်ကာ မောင်းလာသည်....
စတီရာတိုင်ကိုကိုင်ထားသည့် လက်တွေဟာလည်း ပိုမိုတင်းကျပ်လာခဲ့သည်.....
"မာ မာမီ.... ဟင့်....နောင် ကြောက်တယ်..... ဖြည်းဖြည်းမောင်းပါ....."
ကလျာနားထဲ ဘာစကားမှ မဝင်ပါ....
ထိုမြင်ကွင်း.....
သူ့ကို ငရဲရောက်အောင်လုပ်နေသော မြင်ကွင်း....
ခေါင်းထဲ၌ ထိုမြင်ကွင်းသာ ပြန်မြင်နေပြီး ကျန်တာ ဘာမှ မတွေးနိုင်တော့ပေ....
မရဘူး.....
မင်းက ငါ့အပိုင်ဘဲ ရှိုင်းရင့်နောင်.....
.................
TBC
A/N: Hight Bossတို့အတွဲလည်း အပ်ပေးထားမယ်ညနေြက😙
#Jeon